ဘုရင် ကိုယ်ခန္ဓာနိုးထမှု၊ ဝူယွမ် - မင်းတို့အားလုံးသေရမယ်
Vol. 11 Ch. 106
ကောင်းကင်ပြာ ဧကရာဇ်သွေးရည်၊
ဝူယွမ် တုံ့ဆိုင်းသွားခဲ့သည်။
ဒီတစ်ကြိမ်တော့ ထိုမျှအံ့ဩစရာကောင်းသော အရာတစ်ခုကို ဆိုင်းအင် ၀င်ရင်းမှရရှိခဲ့သည်။
ဤသည်မှာ”ကောင်းကင် ဖုံးလွှမ်းခြင်း” ကမ္ဘာကြီးအတွင်းက ထိပ်တန်းငါးခုအနက် တစ်ခု ဖြစ်သော ကိုယ်ခန္ဓာ ဖြစ်ပေသည်။
အရင်က ဆိုင်းအင်ဆုလာဘ်များက စွမ်းအားမပြင်းလှဟု မဆိုလို၊ သို့သော် ထိုဆုလာဘ်များသည် ၎င်းတို့၏ တန်ခိုးစွမ်းအားများ ပေါ်ထွန်းလာစေရန် သတ်မှတ်ထားသော အချိန်တစ်ခုအထိ ကျင့်ကြံဖို့ လိုအပ်ခဲ့ပေသည်။
သို့ရာတွင်ကောင်းကင်ပြာ ဧကရာဇ်သွေးရည်ကမူ ထိုသို့မလိုအပ်၊ ကျားဖြူသွေးမျိုးဆက်ကဲ့သို့ပင် သူက တိုက်ရိုက် ပိုင်ဆိုင်နိုင်ပေသည်။
ဝူယွမ်ကငရဲနတ်ဘုရားလှံတံကို ထုတ်လွှတ်ပြီးချိန် ခန္ဓာကိုယ်မှာ အားနည်းနေသော အခြေအနေတွင် ရှိနေခဲ့သည်။
“ကောင်းကင်ပြာ ဧကရာဇ်သွေးရည်ကို ထုတ်ယူပါ”
ပြိုင်ဘက်ကင်း အာဏာရှင်ဆန်ဆန်စွမ်းအားတစ်ခုက ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူ၏သွေးများက တဟုန်ထိုးလှုပ်ရှားကာ လုံးဝအသစ်တစ်ဖန် ပြောင်းလဲခြင်းကို ခံစားနေရသည်။
သူကဤစွမ်းအားကို လက်ခံရယူကာ အသားကြရန် အချိန်လိုအပ်နေသည်။
“ညီနှစ်၊ ညီသုံး အစ်ကို ရုတ်တရက် ဉာဏ်အလင်းရတစ်ခု ရသွားတယ်။ ခဏကျင့်ကြံလိုက်အုံးမယ်။ မင်းတို့ နှစ်ယောက် ရှေးဟောင်းနဂါးမျောက်ဝံရဲ့ သွေးအစီအနှစ်ကို အမြန်သွားယူကြ။”
ဝူယွမ်ကချက်ချင်းပင် ယင်ယန်အမြွှာကြာပန်းကို ထုတ်ယူကာ ကြာပန်းပလ္လင်ပေါ် ခြေချင်းချိတ်ထိုင်၍ ကောင်းကင်ပြာ ဧကရာဇ်သွေးရည်က သူ့ခန္ဓာကိုယ်ကို ပြုလုပ်ပေးသော ပြောင်းလဲမှုများကို လက်ခံရယူရန် စတင်ခဲ့သည်။
“အစ်ကိုကြီး စိတ်ချလက်ချနဲ့ လေ့ကျင့်ပါ။ ကျန်တာတွေကို ကျွန်တော်တို့ စီမံလိုက်မယ်။” လင်းတုန်နှင့်ရှောင်တျောင်းတို့က ပြန်လည်ပြောဆိုခဲ့သည်။
ထို့နောက်သူတို့က ရှေးဟောင်းနဂါးမျောက်ဝံအလောင်းထံသို့ သွားရောက်လိုက်ကြပြီး လင်းတုန်က သန့်ရှင်းသော ပုလင်းတစ်လုံးကို ထုတ်ယူလိုက်ကာ ရှောင်တျောင်းကမူ ရှေးဟောင်းနဂါးမျောက်ဝံအလောင်းပေါ်တွင် ထူးဆန်းသော ရူန်းအမှတ်အသားများကို ဆက်တိုက်ရိုက်နှက်ခဲ့သည်။
သူ၏လက်သည်းများကြားတွင် ခရမ်းရောင်အလင်းတောက်ပနေပြီး မကြာမီအတွင်း ရှေးဟောင်းနဂါးမျောက်ဝံအလောင်းမှ ပြည့်ဖြိုးအားကောင်းသော သွေးအစီအနှစ်စီးကြောင်းများ ထွက်လာခဲ့သည်။
မိစ္ဆာမျောက်ဝံပြောင်းလဲခြင်း ကိုကျင့်ကြံဖို့ရာ မျောက်ဝံသွေးအစီအနှစ် တစ်မျိုးတည်းသာ လိုအပ်သည်။ ယခုတော့ ရှောင်တျောင်းက ရှေးဟောင်းနဂါးမျောက်ဝံတစ်ကောင်လုံး၏ သွေးအားလုံးကို ထုတ်ယူခဲ့ပြီး အထူးသဖြင့် ရှေးဟောင်းနဂါးမျောက်ဝံခန္ဓာကိုယ်အတွင်း ပါဝင်သော နဂါးမျိုးဆက်သွေး လက်ကျန်အနည်းငယ်ကို ရှောင်တျောင်းက အပြည့်အဝ သန့်စင်ကာ ရယူခဲ့သည်။
ကျန်ရှိသောမျောက်ဝံဝိညာဉ်နှင့် အသားတို့ကိုတော့ ရှောင်ယန်က ဝါးမျိုလိုက်သည်။
ချီဖန်တီးခြင်းအဆင့် အစောပိုင်း ရှေးဟောင်းနဂါးမျောက်ဝံ၏ သွေးအစီအနှစ်များ ထုတ်ယူခံခဲ့ရသော်လည်း သူ၏ခန္ဓာကိုယ်တွင် အားကောင်းသော စွမ်းအင်များ ရှိနေသေးသည်။ ရှောင်ယန်က ဝါးမျိုပြီးနောက် ချက်ချင်းပင် သန့်စင်ရန် စတင်ခဲ့သည်။
“ချိုင့်ဝှမ်းအတွင်းပိုင်းမှာ ကောင်းတဲ့အရာ ရှိနေတယ်! ဝင်ကြည့်ကြစို့”
ရှောင်တျောင်းက ချိုင့်ဝှမ်းအတွင်းပိုင်းမှ လှိုင်းထနေသော စွမ်းအင်တုန်ခါမှုလှိုင်းများကို အာရုံခံမိပြီး အတွင်းဘက်ကို လက်ညွှန်ပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အိုး၊ သွားကြည့်ကြရအောင်။ ပိုင်ယွမ်၊ မင်းက အစ်ကိုကြီးနဲ့ ရှောင်ယန်ကို ဒီမှာနေပြီး စောင့်ကြပ်ပေးလိုက်ပါ။”
လင်းတုန်သည်စိတ်ဝင်စားသွားကာ ပိုင်ယွမ်ကို အဲဒီမှာ နေခိုင်းခဲ့သည်။
ချိုင့်ဝှမ်းက ကျယ်ပြန့်ကြီးမားခြင်း မရှိသလို သူတို့၏ ဝိညာဉ်စွမ်းအင်က ဤနေရာကို ဖုံးလွှမ်းထားနိုင်သဖြင့် အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပါက အချိန်မီ တုံ့ပြန်နိုင်ပေသည်။
အဓိကအကြောင်းရင်းမှာချိုင့်ဝှမ်းအတွင်းပိုင်းရှိ စွမ်းအင်လှိုင်းထမှုများက အတော်လေး ပြင်းထန်နေပြီး ထိုလှိုင်းထမှုများအနက်မှ တစ်ခုက လင်းတုန်အား အနည်းငယ် စိုးရိမ်မကင်းဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။ လက်ရှိတွင် ချိုင့်ဝှမ်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည့်အတွက် သူက ဤပုန်းကွယ်နေသော အန္တရာယ်ကို ဖယ်ရှားလိုစိတ် ရှိခဲ့သည်။
ရှောင်တျောင်းသည်လင်းတုန်နှင့် အလွန်ဝေးဝေးမှာမရှိပါ။ နေထိုင်နိုင်ခြင်း မရှိပါ၊ မဟုတ်ပါက ရှောင်တျောင်းအား တစ်ကိုယ်တည်း သွားခွင့်ပြုခဲ့မည် ဖြစ်သည်။
နည်းနည်း လမ်းလျှောက်လာပြီးနောက် လင်းတုန်က မြေပြင်တစ်ပြင်လုံး အရိုးဖြူများ ပြန့်ကျဲနေသည်ကို မြင်တွေ့လိုက်ရပြီး စူးရှသောအနံ့တစ်မျိုးက နှာခေါင်းထဲကို စူးဝင်လာခဲ့သည်။
အနံ့ဆိုးက မခံမရပ်နိုင်အောင် ပြင်းထန်လှပေသည်။
လင်းတုန်ကအနံ့ဆိုးကို သည်းခံကာ ကျယ်ပြန့်သော ချိုင့်ဝှမ်းအတွင်း သတိထား လျှောက်လှမ်းခဲ့သည်။ ဤချိုင့်ဝှမ်းက တစ်ချိန်က ရှေးဟောင်းနဂါးမျောက်ဝံ၏ သီးသန့်နယ်မြေ ဖြစ်ခဲ့သည်။
ရှေးဟောင်းတောရိုင်း ချောက်ကမ်းပါးအတွင်း လူသားများဖြစ်စေ၊ သားရဲများဖြစ်စေ ဝင်ရောက်ရန် မဝံ့ရဲသော တားမြစ်ဇုန် နီးပါးဖြစ်ခဲ့သဖြင့် ရှားပါးသော ဝိညာဉ်ဆေးပင်များ၊ အလယ်အလတ်မှစ အဆင့်မြင့်အထိ အားလုံးလိုလိုပင် ဤနေရာတွင် ပေါက်ရောက်နေခဲ့သည်။ အရေအတွက်က များပြားလွန်းသည့်အတွက် လင်းတုန်အား ခေါင်းမူးသွားစေခဲ့သည်။
သို့ရာတွင်သူက သိမ်းဖို့ရာ အလျှင်မလိုသေးဘဲ ရှေ့ဆက်လျှောက်လာခဲ့သည်။
လင်းတုန်ကချိုင့်ဝှမ်း၏ အတွင်းပိုင်းသို့ ဝင်ရောက်လာသောအခါ ရေကန်ငယ်တစ်ခု ပေါ်လာခဲ့သည်။ ကန်အတွင်းရှိ ရေသည် သွေး သို့မဟုတ် သွေးခဲကဲ့သို့ အနီရောင်ပြစ်ပြစ်ဖြစ်နေပြီး အလွန်ပင်ထူးဆန်းစရာ ကောင်းလှပေသည်။ လင်းတုန်၏ အကြည့်ကို ဆွဲဆောင်နိုင်ခဲ့သည်မှာ သွေးနီရောင်ရေကန် တစ်ခုတည်းသာမက ကန်၏အလယ်ဗဟိုတွင် မျောနေသော အနီရောင်အသီးကြီးတစ်လုံးနှင့် အသီးငယ်တစ်လုံးလည်းပါသည်။
ထိုအနီရောင်အသီးနှစ်လုံးက အလွန်ထူးဆန်းလှသည်။ သူတို့၏ပုံသဏ္ဍာန်က သားရဲတိရစ္ဆာန်၏ ပုံစံဖြစ်နေပြီး မည်သည့်သားရဲက အမျိုးအစား၏ ပုံစံဖြစ်သည်ကို အတိအကျမပြောနိုင်ပေ။ အနီးကပ်ကြည့်လိုက်သောအခါ သားရဲအကောင်မျိုးစုံ၏ ပုံစံများ ရောထွေးနေသကဲ့သို့ ထင်ရပြီး အနည်းငယ် စိတ်မသက်မသာဖြစ်စရာ ကောင်းလှပေသည်။
အရင်က လင်းတုန်အား စိုးရိမ်မကင်းဖြစ်စေခဲ့သော စွမ်းအင်လှိုင်းထမှု၏ မူလအစက ဤအရာကဖြစ်ကြောင်း လင်းတုန် ရှင်းရှင်းလင်းလင်း သိသွားသည်။
“သားရဲပေါင်းစုံအသီး ”
ရှောင်တျောင်းကတိုက်ရိုက် ပျံသန်းဝင်ရောက်လာကာ သွေးကန်အတွင်းရှိ အနီရောင်အသီးကြီးနှင့် အသီးငယ်ကို ကြည့်ရင်း အံ့အားသင့်ဟန်ဖြင့် ပြုံးရယ်ကာ-
“ဒီရှေးဟောင်းနဂါးမျောက်ဝံက တော်တော်ကြမ်းတမ်းတာဘဲ၊ သားရဲကောင်ပေါင်းစုံအသီးကို မွေးမြူချင်နေတာ”
“အိုး”
လင်းတုန် အံ့အားသင့်သွားခဲ့သည်။ ထို ထူးဆန်းသောအသီးကို သူမသိခဲ့ပေ။
“ဒီသားရဲပေါင်းစုံအသီးက သဘာဝအလျောက် ဖြစ်ပေါ်လာတာမဟုတ်ဘူး၊ လူတွေ အတုလုပ်ထားတာ။ ဒါပေမယ့် နည်းလမ်းက နည်းနည်း ကြမ်းတမ်းတယ်၊ ဒီလိုနည်းလမ်းကို မျိုးရိုးအလိုက် မှတ်ဉာဏ်တွေ ရှိတဲ့ အားကောင်းတဲ့ သားရဲအချို့ကဘဲ သိကြတယ်။ ဒီသားရဲကောင်ပေါင်းစုံအသီးကို မွေးဖို့ သားရဲကောင်မျိုးစုံရဲ့ သွေးအဆီအနှစ် အမြောက်အမြား တစ်နေရာတည်း စုစည်းရမယ်။ ချိုင့်ဝှမ်းအပြင်ဘက်က အရိုးစုတွေအားလုံးက ရှေးဟောင်းနဂါးမျောက်ဝံက သူတို့ရဲ့အနှစ်သွေးတွေ ထုတ်ယူဖို့ဪာ သတ်ဖြတ်ခံခဲ့ရတာဖြစ်နိုင်တယ်။”
“ဒီသားရဲပေါင်းစုံအသီးက မရင့်မှည့်သေးတာ ကံကောင်းတာဘဲ။ ဒီလိုမှမဟုတ်ရင် ရှေးဟောင်းနဂါးမျောက်ဝံက သူ့ရဲ့အဆင့်ကို နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲနိုင်လိမ့်မယ်။ အဲဒါဆိုရင် နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတစ်ယောက်နဲ့ ယှဉ်နိုင်တော့မှာ၊ အဲဒီအချိန်ကျရင် အစ်ကိုကြီးအတွက် ဒီနေ့လို ဒီလောက်အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။”
လင်းတုန်ကအသိပညာ တိုးပွားလာခဲ့သည်။
“သားရဲကောင်တွေက ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးနိုင်တယ်ဆိုတာ အံ့အားသင့်စရာပဲ၊ ဒါပေမယ့် ဒီနည်းလမ်းက အတော်လေး ရက်စက်လွန်းတယ်။”
“ညီနှစ်၊ မင်းရဲ့အသိဉာဏ်လေးနဲ့ သားရဲမျိုးနွယ်ကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မသုံးနဲ့။ အားကောင်းတဲ့သွေးမျိုးဆက်ရှိတဲ့ သားရဲတွေမှာ သွေးမျိုးဆက်အတွင်းက မျိုးရိုးအလိုက် မှတ်ဉာဏ်တွေ ရှိကြတယ်။ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးကလည်း လူသားတွေထက် မနိမ့်ဘူး။
ပြီးတော့အရှင်သခင်တျောင်း ကိုယ်တိုင်လည်း သားရဲကောင်တစ်ကောင်ပဲ၊ မင်းထက် ပိုပြီးတော်တယ်မဟုတ်လား!”
ရှောင်တျောင်းက ခေါင်းမော့ကာ မာန်အပြည့်ဖြင့် ပြောလိုက်သည်။
လူသားများကအမြဲတမ်း သားရဲကောင်များကို အထင်သေးသော အကြည့်ဖြင့် ကြည့်တတ်ကြပြီး အားကောင်းသော သားရဲများ ရှေ့မှောက်တွင်တော့ လူသားများက ပုရွက်ဆိတ်မျှသာ ဖြစ်ကြောင်း မသိကြပေ။
“အီး...”
လင်းတုန်သည်တစ်ဖန် ရှောင်တျောင်း၏ ဆန့်ကျင်ပြောဆိုမှုကြောင့် စကားမပြောနိုင် ဖြစ်သွားခဲ့ရပြန်သည်။
သူက ခေါင်းစဉ်ကိုပြောင်းလိုက်ရသည်။ “သားရဲပေါင်းစုံအသီးက လူသားတွေအတွက် သင့်တော်တယ်လို့ မထင်ဘူး။”
“မဟုတ်ဘူး။ဒီအရာက လူသားတွေအတွက် ခန္ဓာကိုယ်ကို မာကျောစေနိုင်တဲ့ အံ့ဩစရာ အာနိသင်လည်း ရှိတယ်။ လူတစ်ယောက်က နိဗ္ဗာန်အဆင့်ကို ကျော်လွှားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကိုယ်ခန္ဓာ ကျင့်ကြသူတွေအတွက်တော့ အတော်အသုံးဝင်တယ်” ရှောင်တျောင်းက ပြုံးရယ်ရင်း ပြောလိုက်သည်။
“မရင့်မှည့်သေးတာက နှမျှောစရာဘဲ”
…
ချိုင့်ဝှမ်းတစ်ခုလုံး အေးဆေးငြိမ်သက်သွားခဲ့သည်။
သို့ရာတွင် တောရိုင်းချောက်ကမ်းပါး တစ်ခုလုံးကတော့ အုံအုံကြွက်ကြွက် ဖြစ်သွားခဲ့သည်။ချိုင့်ဝှမ်းမှ ရုတ်တရက် ပေါ်ထွက်လာသော ပြင်းထန်သည့် ယွမ်စွမ်းအင် လှိုင်းထမှုများကို ချောက်ကမ်းပါးအတွင်းရှိ လူသားများနှင့် သားရဲအားလုံးက ခံစားမိခဲ့ကြသည်။
စွမ်းအင်လှိုင်းက လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ခတ်လာခြင်းသည် ချောက်ကမ်းပါးအတွင်းရှိ သားရဲကောင်များနှင့် ရှေးဟောင်းဓားဂိုဏ်း တပည့်များအား အလွန်ပင် စိုးရိမ်မကင်းဖြစ်စေခဲ့သည်။
အားကောင်းသောသားရဲ များစွာကတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ဆိုရသော် ထိုလှိုင်းထမှုက ချောက်ကမ်းပါးကို လွှမ်းမိုးထားသူ ရှေးဟောင်းနဂါးမျောက်ဝံ၏ နယ်မြေဖြစ်သော ချိုင့်ဝှမ်းမှ စတင်ခဲ့သောကြောင့် ဖြစ်သည်။
ဤအချက်က ထိုနေရာတွင်အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေကာ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ရှေးဟောင်းနဂါးမျောက်ဝံ အခြေအနေဆိုးနေမှာ သေချာပေသည်။
ဤသားရဲများအနက် အများစုက သူတို့၏ခန္ဓာကိုယ်အတွင်း၌ ရှေးဟောင်း သတ္တဝါသွေးမျိုးဆက် လက္ခဏာရပ် တစ်ခုရှိပြီး ရှေးဟောင်းနဂါးမျောက်ဝံလက်အောက်သို့ မနာခံလိုကြပေ။
ထို့အပြင် ရှေးဟောင်းနဂါးမျောက်ဝံက ချောက်ကမ်းပါးအတွင်းရှိ သားရဲများအကြား လူကြိုက်များခြင်း မရှိပေ။ သားရဲပေါင်းစုံအသီးကို စိုက်ပျိုးရန် သူက သားရဲကောင်များစွာကို သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့်ချောက်ကမ်းပါးအတွင်းရှိ သားရဲများက အချိန်အတော်ကြာ ရှေးဟောင်းနဂါးမျောက်ဝံလက်ထဲမှာ ဒုက္ခရောက်ခဲ့ကြရသည်။
ဟုတ်ပေသည်၊ရှေးဟောင်းနဂါးမျောက်ဝံအား သစ္စာရှိသော သားရဲကောင်အချို့လည်း ရှိပြီး သူတို့၏ခေါင်းဆောင်ကို ကာကွယ်လိုစိတ်များ ချက်ချင်းပေါ်ပေါက်လာခဲ့ပြီး သဏ္ဍာန်ပြောင်းအဆင့်နှင့် အထက်ရှိသားရဲများက ချိုင့်ဝှမ်းဆီသို့ စုဝေးလာခဲ့ကြသည်။
ရှေးဟောင်းနဂါးမျောက်ဝံက ပြင်းထန်စွာ ဒဏ်ရာရနေခြင်း ဒါမှမဟုတ် သေဆုံးနေခြင်း ဖြစ်စေ၊ ဤသည်မှာ သားရဲပေါင်းစုံအသီးအတွက် ယှဉ်ပြိုင်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်နေခဲ့သည်။
သားရဲပေါင်းစုံအသီးကိုရရှိနိုင်ပါက နိဗ္ဗာန်အဆင့်သို့ တိုးမြှင့်နိုင်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
သားရဲများစုပြုံလာခြင်းအပြင် ရှေးဟောင်းဓားဂိုဏ်းမှ လူများလည်း ရှိနေသေးသည်။
ရှေးဟောင်းနဂါးမျောက်ဝံကအမြဲတမ်း သူတို့ အကွာအဝေးတစ်ခုတွင် ထားရှိခဲ့သော သားရဲတစ်ကောင် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် အရင်က လှိုင်းထမှုများက ချိုင့်ဝှမ်းအတွင်း ဖြစ်ရပ်သစ်များ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်။
ရှေးဟောင်းဓားဂိုဏ်း၏ စွမ်းအာကြီး ကျင့်ကြံသူ သုံးဦးက ချက်ချင်းပင် ချိုင့်ဝှမ်းဆီသို့ လူများခေါ်ဆောင်ကာ စုံစမ်းစစ်ဆေးရန် ထွက်ခွာလာခဲ့ကြသည်။
တစ်ချိန်တည်းမှာဘဲ အင်အားစုများစွာက ချိုင့်ဝှမ်းဆီသို့ လှိုင်းလုံးများသဖွယ် စီးဆင်းလာခဲ့ကြသည်။
“မကောင်းတော့ဘူး၊ စွမ်းအင်လှိုင်းတွေ အများကြီး ချိုင့်ဝှမ်းဆီကို ဦးတည်လာနေကြတယ်”
ရှောင်တျောင်းက ချက်ချင်းအာရုံခံမိလိုက်သည်။
“သွားမယ်၊အပြင်ထွက်ပြီး အစ်ကိုကြီးကို အရင်ကာကွယ်ကြမယ်”
လင်းတုန်က ချက်ချင်းပင်ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်ကို ထုတ်ယူပြီး ချိုင့်ဝှမ်းအပြင်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
သူ့အစ်ကိုကြီးမှာတိုက်ပွဲအပြီး အားနည်းနေသော အခြေအနေတွင် ရှိနေကာ၊ သူ့ကို စောင့်ရှောက်ရန် လိုအပ်သည်။
လင်းတုန်ကဓားပေါ်တွင် လျင်မြန်စွာ ပျံသန်းနေပြီး ချိုင့်ဝှမ်းအတွင်းပိုင်းမှ ထွက်လာခဲ့သည်။
ထိုအချိန်တွင်သူက မြေပြင်တုန်ခါမှု၊ ထောင်ပေါင်းများစွာသော သားရဲများ ဖြတ်သန်းသွားလာနေသည်နှင့် အားကောင်းသော စွမ်းအင်လှိုင်းများ ချိုင့်ဝှမ်းဆီသို့ ချဉ်းကပ်လာသည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ပိုင်ယွမ်ကလည်း သွားစွယ်များထုတ်ကာ ဝူယွမ်ကို အပြင်းအထန် ကာကွယ်စောင့်ရှောက်နေခဲ့သည်။
ညည်း...
ပထမဆုံးရောက်ရှိလာသည်က ကျားနက်ကြီး တစ်ကောင်ဖြစ်ပြီး သူသည် အလျင်အမြန် ပျံသန်းလာကာ သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် အားကောင်းသော စွမ်းအင်လှိုင်းက သူ့ကို ချောက်ကမ်းပါး၏ လွှမ်းမိုးသူတစ်ဦး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ထိုကျားသည် လေထဲတွင် ဝိုင်းပတ်ပျံသန်းကာ ရှောင်ယန် ကိုက်ဖဲ့ထားသော ရှေးဟောင်းနဂါးမျောက်ဝံ၏ အလောင်းအကြွင်းအကျန်များကို မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိခဲ့သည်။
နောက်ထပ်ကျယ်လောင်စွာ ညည်းညူသံပြုလိုက်ပြီး ဤအရေးကြီးသော အချက်အလက်ကို များပြားလှသော သားရဲများအား သတင်းလိုက်ပို့သည့်ပုံ ရှိသည်။
ချိုင့်ဝှမ်းဆီသို့ဦးတည်နေသော သားရဲကောင်များက ရတနာတစ်ခုနှင့် လှုံ့ဆော်ခံလိုက်ရသလို ချိုင့်ဝှမ်းဆီသို့ အလျင်အမြန် ပြေး၀င်လာခဲ့သည်။
သို့ရာတွင်ထိုကျားနက်ကြီးက ဝူယွမ်နှင့် အခြားသူများကို ချက်ချင်း ထိုးဆင်းပြီး တိုက်ခိုက်ခြင်း မပြုခဲ့ဘဲ ဆက်လက်ပျံသန်းနေဆဲ ဖြစ်ကာ စိုးရွံ့ထိတ်လန့်နေ ပုံရသည်။
သိပ်မကြာမီအတွင်းသားရဲကောင်များက ချိုင့်ဝှမ်းကို ဝိုင်းရံလာပြီး ဝိုင်းထားလိုက်ကြသည်။
သဏ္ဍာန်ပြောင်းအဆင့်အထက်သားရဲကောင်များ အနည်းဆုံး တစ်ရာခန့် ရှိသည်။
ထိုအနက်မှတစ်ဆယ့်ကျော်က ချီဖန်တီးခြင်းအဆင့်သို့ ရောက်ရှိနေကြကာ အင်အားတောင့်တင်းသော အုပ်စုတစ်စု ဖြစ်သည်။
သို့ရာတွင်သူတို့က စည်းလုံးညီညွတ်ခြင်း မရှိကြပေ။ တစ်ကောင်နှင့်တစ်ကောင် သတိထားနေကြပြီး တစ်ကောင်နှင့်တစ်ကောင် အကြား အကွာအဝေးတစ်ခု ရှိနေသည်။ သားရဲအားလုံးက ပိုင်ယွမ်ကို စောင့်ကြည့်နေကြပြီး သူတို့၏ ခိုးကြောင်ခိုးဝှက် အကြည့်များကတော့ ချိုင့်ဝှမ်းအတွင်းပိုင်းဆီသို့ ဦးတည်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနဂါးမျောက်ဝံ၏ ရတနာအားလုံးက ချိုင့်ဝှမ်းအတွင်း၌ ရှိနေပြီး အထူးသဖြင့် သားရဲပေါင်းစုံအသီး ဖြစ်သောကြောင့် ဖြစ်သည်။
ဤအချိန်တွင်သားရဲပေါင်းစုံအသီးက အားကောင်းသော ယွမ်စွမ်းအင်လှိုင်းထမှုများကို ဆက်လက်ထုတ်လွှတ် နေဆဲဖြစ်ပြီး သားရဲများက အသီးဆီမှစွမ်းအင်လှိုင်းထမှုကို ထက်မြက်စွာ အာရုံခံမိလိုင်ကြကာ ဤအသီးအတွက် ယှဉ်ပြိုင်လိုကြသည်။
ဟောက်၊ဟောက်၊ ဟောက်၊
သားရဲဟောက်သံ အမြောက်အမြား ဖြစ်ပေါ်လာကာ ပိုင်ယွမ်သည် သားရဲများကို ရင်ဆိုင်ရန် သူ၏အားကောင်းသော သွေးမျိုးဆက်ဖိအားကို ထုတ်လွှတ်ခဲ့သော်လည်း သူ၏လက်ရှိ ကျင့်ကြံချင်းအဆင့်မှာ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ် ဘဲရှိသေးသည်။
သူ့တွင်ကျားဖြူသွေးမျိုးဆက်မှ အားဖြည့်မှု ရှိသော်လည်း ဤသားရဲအုပ်စုကို ဟန့်တားရန် မလုံလောက်ပေ၊ အထူးသဖြင့် ချီဖန်တီးခြင်းအဆင့် သားရဲကောင်များကြောင့် ဖြစ်သည်။
သို့ရာတွင်သူတို့အားလုံးက သတိထားနေပုံရပြီး ချက်ချင်း တိုက်ခိုက်ခြင်း မပြုကြပေ။
ချီဖန်တီးခြင်းအဆင့် ရှေးဟောင်းနဂါးမျောက်ဝံ၏ သေဆုံးမှုက သူတို့အပေါ်တွင်လည်း သက်ရောက်မှု သိသာသည်။
ထိုသားရဲများကမဆင်မခြင် မလုပ်ကြပေ။ သူတို့က အဓိကအားဖြင့် ထိုင်နေသော ဝူယွမ်ကို စောင့်ကြည့်နေကြသည်။ တွေးတောစရာ မလိုဘဲ ရှေးဟောင်းနဂါးမျောက်ဝံကို သတ်ခဲ့သူမှာ ဝူယွမ်ဘဲဖြစ်ရမည်ဟု သူတို့သိထားကြသည်။ ဆိုရသော် ပိုင်ယွမ်နှင့် ရှောင်ယန်တို့၏ စွမ်းအင်လှိုင်းအရ နှစ်ကောင်စလုံးက သဏ္ဍာန်ပြောင်းအဆင့်မှာဘဲ ရှိနေသည်။ ထို စွမ်းအားဖြင့် ရှေးဟောင်းနဂါးမျောက်ဝံကို သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
ထို့အပြင်လင်းတုန်ထံမှ စွမ်းအင်လှိုင်း အာရုံခံနိုင်ခြင်း မရှိပေ။
ဝူယွမ်က ရှေးဟောင်းနဂါးမျောက်ဝံထံမှ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အခု ပြန်လည်ကုစားနေခြင်းဘဲ ဖြစ်ရမည်ဟု
အခွင့်အရေးကိုအသုံးချကြသည် သားရဲများက ခန့်မှန်းခဲ့လိုက်ကြသည်
သားရဲများသည်မကြာခဏ ဒဏ်ရာရသူများကို သားကောင်လုပ်လေ့ရှိသည်။
သူတို့ကဝူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ အားကောင်းသော စွမ်းအင်ကို အာရုံခံနိုင်ကြသည်။ ဤလူသားကိုသာ စားသုံးပါက သူတို့၏အင်အားကို သိသိသာသာ တိုးပွားစေမည်မှာ သေချာပေသည်။
ထိုသို့ဖြင့် ဝူယွမ်ကအတားအဆီးတစ်ခုလို ဖြစ်လာခဲ့သည်။ ရှေးဟောင်းနဂါးမျောက်ဝံ၏ သစ္စာရှိ လက်အောက်ခံများဖြစ်သည့် ရက်စက်ကြမ်းကြုတ်သော သားရဲကောင်အချို့က သူ့အား အလွယ်တကူ လက်စားချေလိုပြီး ချက်ချင်းပင် တိုက်ခိုက်မှုစတင်ခဲ့ကြသည်။
ပိုင်ယွမ်ကဟိန်းဟောက်လိုက်ကာ အားကောင်းသော ယွမ်စွမ်းအင်ကို စုစည်းပြီး ချီတက်လာသော သားရဲများအပေါ် ဒေါသတကြီး တိုက်ခိုက်မှုများကို မိုးကြိုးမုန်တိုင်းသဖွယ် ထုတ်လွှတ်ခဲ့သည်။
ကျားဖြူချေမှုန်းရွှေဟိန်းသံ။
ကျားဖြူမီးလျှံအလင်းလှိုင်း။
ကျားဖြူလခြမ်းဓား။
ပိုင်ယွမ်က အားကောင်းသောမွေးရာပါ ပညာရပ်တွေတစ်ခုပြီးတစ်ခု ထုတ်လွှတ်ခဲ့သည်။
သူ၏သိုင်းပညာရပ်များဖြင့်ထိမှန်ခံရသော မည်သည့် သားရဲမဆို သေဆုံးခြင်း သို့မဟုတ် မစွမ်းမသန်ဖြစ်ခြင်းများ ဖြစ်ခဲ့ကြသည်။
ချီဖန်တီးခြင်းအဆင့် သားရဲများပင် သူ၏တိုက်ခိုက်မှုများကို တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့မရဲ ဖြစ်ခဲ့ကြသည်။
ကျားဖြူသွေးမျိုးဆက်က ဤသားရဲကောင်များကို နိမ့်ကြသည့်အကြည့်မျိုးဖြင့် ကြည့်နိုင်စွမ်း ပေးခဲ့သည်။
သို့ရာတွင် သားရဲအရေအတွက်မှာ အလွန်များပြားလွန်းပြီး ပိုင်ယွမ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပေ။
ကံကောင်းစွာပင်လင်းတုန် ရောက်ရှိလာပြီ ဖြစ်သည်။
သူကချက်ချင်းဘဲ ကောင်းကင်ကြေးခွံ ရှေးဟောင်းလှံရှည်ဖြင့် လေးကြိမ်တွဲ ထုတ်လွှတ်ကာ ချီတက်လာသော သားရဲကောင်များ၏ လှိုင်းတစ်ခုကို တွန်းလှန်ခဲ့သည်။
“သားရဲအများကြီးပါလား”
လင်းတုန်ကအံ့အားသင့်သွားကာ မျက်နှာအသွင် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင် ကြီးမားသော ဖိအားကို ခံစားလာရသည်။
သူကမနိုးထလာသေးသော အစ်ကိုကြီးကို လှည့်ကြည့်လိုက်သည်။
“ညီနှစ် မင်းရဲ့ယွမ်စွမ်းအင်ကို ကျောက်လက်ဖွဲ့ထဲကို မြန်မြန်ထိုးသွင်းလိုက်။ အစ်ကိုကြီးကို ကျွန်တော် သားရဲကောင်တွေရန်က ကာကွယ်ပေးမယ်။”
ရှောင်တျောင်း၏မျက်နှာအမူအရာသည်လည်း လေးနက်လာကာ။ သူ၏လက်ရှိ ဝိညာဉ် စွမ်းအင်သည် ချီဖန်တီးခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော်လည်း သူက ကြာရှည်စွာ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စက သူ၏မူလစွမ်းအင်ကို ကုန်ဆုံးစေပြီး လင်းတုန်၏ ယွမ်စွမ်းအင်ထောက်ပံ့မှုကို လိုအပ်သောကြောင့် ဖြစ်သည်။
လူသားတစ်ဦး၊ကျားတစ်ကောင်၊ မြွေပါတစ်ကောင်တို့သည်။ ၀ူယွမ်ကို သုံးဖက်သုံးတန်မှ ကာကွယ်ပေးခဲ့ကြကာ။ သားရဲကောင်များစွာကို တားဆီးခဲ့ကြသည်။
ပိုငါယွမ်နှင့်အရှင်သခင်တျောင်းတို့က အလွန်ပြင်းထန်ကြပြီး သူတို့၏အင်အားသည် သာမန် ချီဖန်တီးခြင်းအဆင့် သားရဲများထက် သာလွန်နေသဖြင့် ယာယီအားဖြင့် သားရဲများကို ခေတ္တခဏ ထိန်းချုပ်ထားနိုင်ခဲ့သည်။
လင်းတုန်တွင် ရွှေခေါင်းလောင်းခန္ဓာ ရှိပြီး အကောင်းဆုံးကာကွယ်နိုင်စွမ်း ရှိသည်။ သူ၏ပေါက်ကွဲမှုစွမ်းအားက သဏ္ဍာန်ပြောင်းအဆင့် တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်ရုံသာမက သာမန်ချီဖန်တီးခြင်းမဆင့် တိုက်ခိုက်မှုများကိုပင် အကြိမ်ရာချီ ခံနိုင်ရည်ရှိသည်။
ချိုင့်ဝှမ်းအတွင်းရှိရောထွေးတိုက်ခိုက်မှုအကြားတွင် ချီဖန်တီးခြင်းအဆင့် အစောပိုင်း ကျားနက်ကြီးက သားရဲကောင်များ အကြားတွင် ဂုဏ်သတင်းအနည်းငယ် ရှိပုံရသည်။ သူသည် အထက်မှ သားရဲကောင်များစွာကို ကွပ်ကဲကာ လင်းတုန်နှင့် အခြားနှစ်ဦး ဖွဲ့စည်းထားသော ကာကွယ်ရေးမျဉ်းများကို ချိုးဖျက်ရန် ကြိုးစားနေသည်။
အရှင်သခင်တျောင်းက မကြာခဏ ကျားနက်ကြီးကို တားဆီးခဲ့ပြီး သူအား ချိုင့်ဝှမ်းအတွင်းသို့ မဝင်ရောက်နိုင်စေရန် လုပ်ဆောင်နေသည်။
တစ်ချိန်တည်းမှာ ရှေးဟောင်းဓားဂိုဏ်းမှ လူများလည်း ရောက်ရှိလာခဲ့သည်။
ဦးဆောင်လာသော လူကြီးသုံးဦးက ရှေးဟောင်းဓားဂိုဏ်း၏ ကျင့်ကြံသူသုံးဦး ဖြစ်ကြကာ နှစ်ဦးက သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ် တွင်ရှိကာ တစ်ဦးက ချီဖန်တီးခြင်းအဆင့်ဖြစ်ပြီး အထင်ရှားဆုံး ခရမ်းရောင် ဓားဝတ်ရုံများ ဝတ်ဆင်ထားကြသည်။
ဤသုံးဦး၏လက္ခဏာရပ်များမှာ ရှင်းရှင်းလင်းလင်း ဖြစ်ပြီး သူတို့၏ခေါင်းကိုကြည့်ပြီး ခွဲခြားနိုင်သည်။
သူတို့မှာဆံဖြူလူကြီး၊ ဆံနီလူကြီးနှင့် မီးခိုးဆံပင်လူကြီးတို့ ဖြစ်ကြသည်။
“ဟင်... ဒီလူငယ်လေးက ဘယ်သူလဲ၊ ဒီသားရဲကောင်တွေကို တားဆီးနိုင်တယ်လား”
“အဓိကအချက်က ဒါမဟုတ်ဘူး၊ရှေးဟောင်းနဂါးမျောက်ဝံ သေသွားပြီ”
“အလယ်က ထိုင်နေတဲ့လူငယ်လေးက သတ်ခဲ့တာပဲ ဖြစ်ရမယ်။ သူက ရှေးဟောင်းနဂါးမျောက်ဝံဆီက အပြင်းအထန် ဒဏ်ရာရခဲ့တာဘဲ နေမှာ။”
ကျင့်ကြံသူသုံးဉီးက အမှောင်အတွင်း ပုန်းအောင်းနေရင်း တိုက်ပွဲအခြေအနေကို ကြည့်နေကြသည်။
“အစ်ကိုကြီး ဘာလုပ်သင့်လဲ၊ ဒီနှစ်ယောက်ကို ကူညီသင့်လား၊”
ဆံနီလူကြီးက ပြောလိုက်သည်။
ဆံဖြူလူကြီးက ပြန်ပြောလိုက်သည်”ကူညီမယ်လား ဘယ်လိုကူညီရမှာလဲ၊ ဒီချောက်ကမ်းပါးထဲက သဏ္ဍာန်ပြောင်းအဆင့်နဲ့ အထက်ရှိတဲ့ သားရဲအားလုံး ဒီမှာရှိနေတယ်၊ သားရဲ အနည်းဆုံးတစ်ရာနီးပါး ရှိတယ်၊ ဆိုလိုတာက သဏ္ဍာန်ပြောင်းအဆင့် သားရဲ အနည်းဆုံး တစ်ရာနီးပါး ရှိတယ်။ ငါတို့ရဲ့အင်အားက မလုံလောက်ဘူး။”
“ပြီးတော့ဒီနှစ်ယောက်က ငါတို့နဲ့မသိကြဘူး၊ ငါတို့ရဲ့ ရှေးဟောင်းဓားဂိုဏ်း ပိတ်ဆို့ထားတဲ့နေရာကို လျှို့ဝှက်ဖြတ်သန်းဝင်ရောက်လာကြတာ၊ ဒါဆိုရင် ငါတို့ရဲ့ ရှေးဟောင်းဓားဂိုဏ်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိရမယ်။”
“ဟုတ်တယ်၊ ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီးပြောတာ မှန်တယ်။” မီးခိုး ရောင်ဆံပင်နှင့် လူကြီးက ပြင်းပြင်းထန်ထန် သဘောတူညီပြီး စိတ်ဆိုးရွံ့ရှာစွာ ဆက်လက်ပြောကြားသည်။
“ပြီးတော့ လျုယွမ်တျန် အကြီးအကဲရဲ့ အဖွဲ့ဝင် လေးယောက်ကို တောအုပ်ထဲမှာ သတ်ခဲ့တယ်။ သူတို့ရဲ့အလောင်းတွေကို ငါစစ်ဆေးကြည့်တော့၊ သူတို့အပေါ်က ဒဏ်ရာတွေဟာ အဲဒီလူငယ်လေးရဲ့ လက်ထဲက လှံရှည်နဲ့ အတော်လေး ဆင်တူတယ်။”
“ငါတို့လူတွေကိုသတ်ခဲ့တာ သူတို့ပဲ ဖြစ်ရမယ်။”
ဆံနီလူကြီးက မျက်ခုံးကျုံ့ကာ”ဒီလို အဖြစ်အပျက်တွေ ရှိခဲ့တယ်လား”
“ဒီလိုဆိုရင်ဒီလူငယ်နှစ်ယောက်ဖြစ်စေ၊ ဒီသားရဲကောင်တွေဖြစ်စေ၊ အားလုံးက ငါတို့ရဲ့ ရန်သူတွေပဲ။”
“သူတို့တွေတိုက်ခိုက်ကြတာကို ကြည့်နေရုံဘဲ၊ ကမ်းနားငါးနဲ့ ကဏန်းတိုက်ခိုက်တဲ့အခါ ငါးဖမ်းသမားက အကျိုးခံစားရသလိုပေါ့။”
“တစ်ဖက်နဲ့တစ်ဖက်ဒီချိုင့်ဝှမ်းထဲမှာ ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်အောင်လုပ်နိုင်ရင်၊ ဒီတောရိုင်းချောက်ကမ်းပါးက နောင်တစ်ချိန် လုံးဝ ငါတို့ရဲ့ ရှေးဟောင်းဓားဂိုဏ်း နယ်မြေဖြစ်သွားလိမ့်မယ်။”
မီးခိုးရောင်ဆံပင်နှင့်လူကြီးက စိတ်လှုပ်ရှားစွာပြောလိုက်သည်။ အရင်ကသူတို့၏ ရှေးဟောင်းဓားဂိုဏ်းက ထိုသားရဲကောင်အုပ်စုကို မထိခိုက်ရန် ရှောင်ကြဉ်းခဲ့သည်။
ရှေးဟောင်းနဂါးမျောက်ဝံနှင့် ဤရက်စက်သော သားရဲကောင်အုပ်စုကြောင့် သူတို့က ဤချောက်ကမ်းပါးကို အပြည့်အဝ စူးစမ်းလေ့လာနိုင်ခြင်း မရှိခဲ့ပေ။
ယခုအဖြစ်က ချိုင့်ဝှမ်းအတွင်းရှိ အုပ်စုနှစ်စုကို ကြီးမားသော ဆုံးရှုံးမှုဖြစ်စေနိုင်ပြီး ထို့နောက် သူတို့က ဝင်ရောက်စွက်ဖက်ကာ အကြွင်းအကျန်များကို ရှင်းလင်းနိုင်ပါက တောရိုင်းချောက်ကမ်းပါးသည် လုံးဝ ရှေးဟောင်းဓားဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်သွားမည်ဖြစ်သည်။
“နှစ်ဖက်စလုံးက လက်ရှိမှာတော်တော်လေး ညီနေပုံရတယ်။ သားရဲတွေဘက်က နည်းနည်းလေး သာနေသေးပေမယ့်၊ လူတစ်ယောက်နဲ့ သားရဲကောင်တစ်ကောင်က တိုက်ပွဲဝင်မလာသေးဘူး။”
“အဲဒီလူနဲ့သားရဲကောင်သာ ပါဝင်လာရင် ချိန်ခွင်လျှာက ကျိုးပျက်ကွဲအက်သွားမှာပဲ၊ သားရဲတွေဘက်က ရှုံးမှာ သေချာတယ်။”
သုံးဦးလုံးခဏစဉ်းစားကြည့်ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ မီးခိုးရောင်ဆံပင်လူကြီးက ပထမဆုံး စကားစပြောကာ အကြံပြုခဲ့သည်။
“ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီး ဒီအခွင့်အရေးကို အသုံးချပြီး လက်ရှိပြန်ကုသနေတဲ့ လူနဲ့ သားရဲကို သတ်လိုက်ရင် ဘယ်လိုလဲ၊ သူတို့ရဲ့အင်အားကို ချိန်ခွင်လျှာညီအောင် ကူညီပေးရာရောက်သွားမယ်၊ ဟေ့ဟေ့။”
မီးခိုးရောင်ဆံပင်လူကြီးက ကြောက်စရာကောင်းသောအပြုံးနှင့် ရယ်မောလိုက်ကာ ဆံနီလူကြီး၏မျက်လုံးများသည်လည်း ရက်စက်မှုများ လင်းလက်သွားပြီး ကြောက်စရာကောင်းသော အပြုံးကို ပြုံးပြခဲ့သည်၊ “ဟမ့်၊ ဒီအကြံဉာဏ်ကို အကောင်အထည်ဖော်နိုင်တယ်လို့ ထင်တယ်။”
နှစ်ဦးစလုံးက ဂိုဏ်းခေါင်းဆောင်အား ကြည့်နေကာ သူဆုံးဖြတ်ချက်ချတာကို စောင့်မျှော်နေကြသည်။
သူတို့၏ ရှေးဟောင်းဓားဂိုဏ်းက တောရိုင်းချောက်ကမ်းပါးကို အားကိုးပြီး အင်အားကြီးထွားလာခဲ့သော အင်အားစုဖြစ်သဖြင့် သဘာဝအားဖြင့် နောက်ဆုတ်နိုင်မည် မဟုတ်ပေ။
ဤမျှကောင်းမွန်သောအခွင့်အရေးကို ဖမ်းယူရန် လိုအပ်သည်။
ညီငယ်နှစ်ဦးစလုံးယုံကြည်မှု အပြည့်ရှိသည်ကို မြင်တွေ့ရသောအခါ။
ဆံဖြူလူကြီးက ထပ်မံသံသယမရှိတော့ဘဲ တိုက်ရိုက် သူ၏ သိုလှောင်အိတ် ထဲမှ အနီရောင်ဓားကလေးသုံးချောင်းကို ထုတ်ယူခဲ့သည်။
“အနီရောင်သားရဲက သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်း လက္ခဏာတွေ ပြသနေပေမယ့်၊ သူအဆင့်တက်တာက သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ်ဘဲဖြစ်လိမ့်မယ်၊
အလွန်ဆုံးမှ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ်ဘဲ လိမ့်ဖြစ်မယ်၊ ကြောက်စရာ မလိုဘူး။”
“ငါတို့ရဲ့အာရုံစိုက်ရမယ့်အရာက ဒီလူငယ်လေးဘဲ။ ဒီလူက စွမ်းအင်လှိုင်းထမှုကို ထိန်းချုပ်ထားတယ်၊ ငါတောင် သူ့ရဲ့အင်အားကို မသိနိုင်ဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ သူက အခြေအနေမကောင်းဘူးလို့ ထင်ရတယ်။ သူ့ခန္ဓာအတွင်းမှာ အားကြီးတဲ့စွမ်းအင်တစ်ခု ပြင်းထန်စွာ လှုပ်ရှားနေတာကို ငါတို့ အာရုံခံမိတယ်၊ ဒါဟာ ရှေးဟောင်းနဂါးမျောက်ဝံရဲ့ ပြင်းထန်တဲ့ဒဏ်ရာ ကျန်ခဲ့တာပဲ ဖြစ်ရမယ်။”
“ဒီအခွင့်အရေးကိုအသုံးချပြီး သုံးယောက်စလုံး အတူ တိုက်ခိုက်မယ်၊ ဓားသုံးချောင်းကို သူကိုယ်တွင်းထိအောင် တိုက်ခိုက်နိုင်မယ်ဆိုရင် သူ့အသက်ကို သေချာပေါက် ယူနိုင်လိမ့်မယ်။”
ဆံဖြူလူကြီးက အနီရောင်ဓားကလေးတစ်ချောင်းစီကို အခြားသူနှစ်ဦးထံ ပေးအပ်ခလိုက်သည်။
သုံးဦးစလုံးတစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆုံကြည့်ပြီးနောက် တစ်ချိန်တည်းမှာပင် ဓားကလေးများထဲသို့ ယွမ်စွမ်းအင်ပမာဏများစွာ သွန်းလောင်းလိုက်ကြသည်။
အနီရောင်ဓားကလေးသုံးချောင်းသည်လေထဲတွင် ပေါ်လာပြီး ဓားများပေါ်ရှိ ရှုပ်ထွေးသော ရူန်းအမှတ်အသားများအားလုံး လင်းလက်လာကာ ကြောက်မက်ဖွယ် စွမ်းအင်များ ဓားများပေါ်တွင် စုစည်းလာခဲ့သည်။
ဤဓားကလေးသုံးချောင်းက အရေအတွက်နည်းပါးသော်လည်း အလယ်အဘတ် ဝိညာဉ်ရတနာလက်နက်များ ဖြစ်ကြသည်။
ဤအချိန်တွင်လင်းတုန်၊ အရှင်သခင်တျောင်းနှင့် ပိုင်ယွမ်တို့က သားရဲအုပ်စုကို ကိုင်တွယ်ဖြေရှင်းရာတွင် အပြည့်အဝ အာရုံစိုက်နေကြပြီး အာရုံစူးစိုက်ရန် အချိန်မရှိကြပေ။
တိုက်ပွဲအတွင်း ယွမ်စွမ်းအင်လှိုင်းထမှုများက ရောထွေးနေခဲ့သည်။
လက်ရှိအချိန်တွင်အရှင်သခင်တျောင်းပင် အမှောင်အတွင်း ပုန်းကွယ်နေသော အားကောင်းသည့် လှိုင်းထမှုများကို သတိမထားမိလိုက်ပေ။
ရှေးဟောင်းဓားဂိုဏ်းက သူသုံးဦးက နောက်ဆုံးတွင် စွမ်းအားဖြည့်သွင်းခြင်း ပြီးစီးခဲ့သည်။ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူ နှစ်ဦးနှင့် ချီဖန်တီးခြင်းအဆင့် အစောပိုင်းကျင့်ကြံသူ တစ်ဦးက သူတို့၏ အလယ်အလတ် ဝိညာဉ်ရတနာလက်နက်များကို အပြည့်အဝ အားဖြည့်ထားလျှင် ချီဖန်တီးခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်သည့် အခါတွင်ပင် အန္တရာယ်တစ်ခုခု ဖြစ်စေနိုင်သော စွမ်းအားရှိသည်။
“သွားစမ်း”
သုံးဦးစလုံးက တစ်ချိန်တည်း စကားပြောလိုက်ကြပြီး သူတို့ရှေ့ရှိ အနီရောင်ဓားကလေးများကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြသည်။
ဓားသုံးချောင်းက ပျံထွက်သွားပြီး အနီရောင်အလင်းသုံးခုအဖြစ် ပြောင်းလဲကာ ယင်ယန်အမြွှာကြာပန်း ပေါ်တွင် ခြေချင်းချိတ်ထိုင်နေသော ဝူယွမ်ဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်ကြသည်။
“အစ်ကိုကြီး”
အရှင်သခင်တျောင်းက ပထမဆုံး သတိထားမိခဲ့ကာ အော်ဟစ်လိုက်သည်၊။
သို့ရာတွင်သူတို့ ထုတ်လွှတ်လိုက်သော ဓားကလေးများက အလွန်မြန်ဆန်လွန်းလှသည်။
ရှေးဟောင်းဓားဂိုဏ်းမှ အဘိုးကြီးသုံးယောက်က ဓားအပေါ်ကို အာရုံစိုက် ကြည့်နေကြပြီး သူတို့၏မျက်နှာများတွင် အောင်ပွဲရအပြုံးများ ပြည့်နှက်နေခဲ့ကြကာ သူတို့က ဤအားကောင်းသော တိုက်ခိုက်မှုဖြင့် လူငယ်၏အသက်ကို သေချာပေါက် ယူနိုင်မည်ဟု ယုံကြည်နေကြသည်။
သို့ရာတွင်နောက်တစ်စက္ကန့်အတွင်း။
သူတို့ရှေ့မှောက်တွင်အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည် - ခြေချင်းချိတ်ထိုင်နေသော လူငယ်၏ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်း တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ဆံပင်သည်ပင် တဖြည်းဖြည်း ပြောင်လက်နေသော ခရမ်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။
အနီရောင်ဓားကလေးသုံးချောင်းက သူ့ရှေ့တွင် ရပ်တန့်သွားပြီး တွန့်လိမ့်ကာ အပိုင်းပိုင်းကွဲထွက် ပျက်စီးသွားခဲ့သည်။
ဝူယွမ်က မျက်လုံးများ ဖြည်းဖြည်းချင်း ဖွင့်ကာ သူ၏ပုလဲကဲ့သို့သွားများကို ဖြီးပြလိုက်ပြီး၊ သူ၏ခရမ်းရောင်၊ မှော်ဆန်သော မျက်လုံးများက သားရဲများစွာနှင့် အမှောင်အတွင်း ပုန်းကွယ်နေသော ရှေးဟောင်းဓားဂိုဏ်းမှ လူများကို စစ်ဆေးလိုက်ကာ ဆိုးယုတ်သော အပြုံးတစ်ခုနှင့်အတူ သူက အေးစက်စွာ ပြောလိုက်သည်။
“ဟက်ဟက်၊မင်းတို့အားလုံး သေကြရမယ်”