ကျန်းယွဲ့ - ဝေးတော့ဘာဖြစ်လဲ... ပြန်လာရင်ပြီးရော
Vol. 11 Ch. 104
အခန်းခဲထဲမှာ အစ်ကိုကြီး ဝူယွမ် ကိုယ်လက်လုပ်ရှားနေချိန်၊ ဒုတိယညီလင်းတုန်ကတော့ သူ့အခန်းထဲမှာတစ်ယောက်တည်း လုံကျိုးသိုလှောင်အိတ်ကို စူးစမ်းနေလေသည်။
‘ကိရိယာလူသား’ နှင့် ‘သံမဏိလူသား’ အဖြစ် သတ်မှတ်ခံထားရသည့် လင်းတုန်ဟာ တိုက်ပွဲမှရလာတဲ့ ပစ္စည်းတွေကို မျက်နှာမှာ အပြုံးနှင့် စစ်ဆေးနေချိန်ဖြစ်သည်။
သိုင်းခန်းမတစ်ခု၏ ခေါင်းဆောင်ဖြစ်သည့် လုံကျိုး၏ သိုလှောင်အိပ်ဟာ ရတနာပစ္စည်းများ အတော်လေး များလှပေသည်။
ခရမ်းနုရောင်သမ်းနေတဲ့ အဆင့်မြင့် သိုလှောင်အိပ်ကို ကြည့်ရင်း လင်းတုန်က နှုတ်ခမ်းရွဲ့ ပြုံးလိုက်မိသည်။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်နဲ့ စစ်ဆေးလိုက်တာနဲ့ သန့်စင် ယွမ်ဆေးလုံး သောင်းချီ တစ်လက်လက်တောက်ပနေတာကို တန်းမြင်လိုက်ရသည်။
ဒါပေမယ့် လင်းတုန်၏ အာရုံကို တကယ်ဆွဲဆောင်ခဲ့တာက ထူးဆန်းတဲ့ အရိုးတစ်ခုပဲဖြစ်သည်။
အလင်းတစ်ချက် လက်တစ်ပြက် လက်သွားပြီး၊ အရိုးစကလေးက လင်းတုန်၏ လက်ထဲမှာ ပေါ်လာသည်။ အရိုးပေါ်မှ စာလုံးပုံစံ အမှတ်အသားများ ရှိပြီး လင်းတုန်၏ မျက်လုံးတွေက အဲ့အပေါ်ကို အာရုံစိုက်ကြည့်လိုက်သည့်အခါ၊ သူ့နှုတ်ခမ်းထောင့်က တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
“မစ္ဆာမျောက်ဝံ ပုံပြောင်းနည်း”
အလင်းထဲမှာ လင်းတုန်က အနည်းဟန် ရန်လိုဟန်ရသည့် စာလုံးသုံးလုံးကို မြင်လိုက်သည်။ ဒါက လုံကျိုး အရင်က သုံးခဲ့ဖူးတဲ့၊ ခန္ဓာကိုယ်ပုံစံပြောင်းနိုင်တဲ့ ထူးခြားသည့် သိုင်းပညာတစ်ခုပဲဖြစ်သည်။ ဒီပညာက လုံကျိုး၏ စွမ်းအားကို ချီဖန်တီးချင်းအဆင့်နှင့် ယှဉ်နိုင်တဲ့အဆင့်ထိ တက်စေခဲ့တယ်။
လင်းတုန်ဟာ နဝမအဆင့်ရှိ သိုင်းပညာ “ေကာင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုက်လက်၀ါး” ကိုသုံးပြီး ဖိနှိပ်သတ်ဖြတ်ခဲ့ရသည်။
အဆင့်မြင့်သိုင်းပညာတွေက ရှားပါးလွန်းပြီး။ လက်ရှိ လင်းတုန်မှာတောင် နှစ်ခုပဲ ပိုင်ဆိုင်ထားကာ - “ ကောင်းကင်အကြေးခွံလှံပညာ” နှင့် “ေကာင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါး” တို့ဘဲဖြစ်သည်။
ဒီ “မိစ္ဆာမျောက်ဝံ ပုံပြောင်းနည်း” က “ကောင်းကင်အကြေးခွံ လှံပညာ” ထက် မညံ့မှန်း ထင်ရှားသည်။
ရှောင်တျောင်းကလည်း သူ့ဝိညာဉ်ထွက်လာပြီး အရိုးစကို စိတ်ဝင်တစားကြည့်ရှုနေလေသည်။
“ဒါက သားရဲတွေရဲ့ စွမ်းအားလှည့်ပတ်ပုံကို အတုခိုးထားတဲ့ သိုင်းပညာတစ်ခုဘဲ။ ခဏတာအတွင်း သားရဲတွေလို အစွမ်းသတ္တိတချို့ ပေးနိုင်တယ်။ တစ်နည်းအားဖြင့် “မဟာနေ မိုးကြိုးခန္ဓာ” နဲ့ အနည်းငယ်ဆင်တယ်၊ ဒါပေမယ့် ဒီသိုင်းပညာက ပိုရှုပ်ထွေးပြီး အန္တရာယ်များတယ်”
“အရင် လူတစ်ယောက်က လေ့ကျင့်ရင်းလမ်းကြောင်း လုံးဝမှားယွင်းသွားတယ်၊ ဒါကြောင့် အဲဒီအခြေအနေရောက်ရတာ။ တကယ်လို့ ဒီသိုင်းပညာကို တကယ့်အောင်မြင်မှုအဆင့်ထိ လေ့ကျင့်နိုင်ခဲ့ရင်၊ အဲဒီစွမ်းအားကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပြီး မင်းရဲ့ “ေကာင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါး” နဲ့ ယှဉ်နိုင်တယ်”
“အစ်ကိုနှစ် မင်း လေ့လာကြည့်လို့ရတယ်။ ဒီသိုင်းပညာက မင်းနဲ့ အတော်လေး ကိုက်ညီတယ်။ မင်းရဲ့ “မဟာနေ မိုးကြိုးခန္ဓာ” ရဲ့စွမ်းအားကို ပိုမိုကောင်းမွန်စွာ ပေါင်းစပ်အသုံးချနိုင်ပြီး အဆင့်မြင့်သူတွေနဲ့ ရင်ဆိုင်ရတာ ပိုမိုလွယ်ကူေစလိမ့်မယ်”
“အင်း”
လင်းတုန်က ခေါင်းညိတ်ပြလိုက်သည်။ ရွှေရောင်ယွမ်စွမ်းအင်တစ်ခုက အရိုးစထဲကို စီးဝင်လာပြီး မူလက မှိန်နေတဲ့ အရိုးစဟာ ချက်ချင်းပဲ အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာကာ၊ သူ့ရှေ့မှာ လင်းလက်နေသည့် အက္ခရာစာလုံးသေးသေးလေးများ ပေါ်လာသည်။
“သားရဲသွေး ခန္ဓာကိုယ်ထဲသို့ဝင်၊ ပုံစံအတုခိုး၊ သားရဲ၏စွမ်းအားကိုရယူ၊ သားရဲ၏ဝိညာဉ်ကိုထိန်းချုပ်”
သိပ်မကြာခင်မှာပဲ လင်းတုန်က လေ့ကျင့်ရေးနည်းလမ်းကို ဖတ်ပြီးသွားပီဖြစ်ကာ၊ သူ့မျက်ခုံးများ တဖြည်းဖြည်းကျုံ့လာသည်။ “တကယ်ပဲ နည်းနည်းရှုပ်တယ်။ ဒီ “မိစ္ဆာမျောက်ဝံ ပုံပြောင်းနည်း” ကို လေ့ကျင့်ဖို့ မျောက်ဝံသားရဲရဲ့ သွေးအစီအနှစ် လိုအပ်တယ်လား”
ရှောင်တျောင်းလည်း သိုင်းပညာအကြောင်းအရာကို ကြည့်ရင်း သူ့ခေါင်းအသေးလေးကို ညိတ်လိုက်သည်။ “အင်း၊ ပြီးတော့ အဲ့ဒီသွေးအစီအနှစ်ကို ခန္ဓာကိုယ်ထဲသွင်းပြီး သန့်စင်ဖို့လည်း လိုသေးတယ်။ အဲဒီအချိန်မှာ “မိစ္ဆာမျောက်ဝံ ပုံပြောင်းနည်း” ကို လှည့်ပတလိုက်တာနဲ့၊ မင်းရဲ့ခန္ဓာကိုယ်က အဲဒီသွေးမအစီအနှစ်ရဲ့ လှုံ့ဆော်မှုကြောင့် ယာယီပြောင်းလဲသွားပြီး၊ ပုံပြောင်းထားတဲ့ သားရဲရဲ့စွမ်းအားကို ရရှိသွားမယ်”
လင်းတုန် - “ဒါပေမယ့် ဒီလေ့ကျင့်ရေးနည်းလမ်းမှာ အန္တရာယ်တချို့ ပါလာတယ်”
ရှောင်တျောင်း မျက်လုံးပူးလိုက်တယ်။ “အဲ့တာဘာထူးဆန်းလဲ၊ ဘယ်သိုင်းပညာလေ့ကျင့်မှုမှာ အန္တရာယ်မပါလာလို့လဲ။ တကယ်လို့ သားရဲသွေးက ခန္ဓာကိုယ်ထဲရောက်ပြီး လုံးဝသန့်စင်မသွားရင်၊ မင်းဟာ ဒီနေ့သုံးတဲ့ လူတစ်ယောက်လို ဖြစ်သွားနိုင်တယ်။ ကံမကောင်းတဲ့သူတွေကျတော့ လူမဟုတ် တိရစ္ဆာန်မဟုတ်တဲ့ သားရဲတစ်မျိုးလို ဖြစ်သွားနိုင်တယ်”
“ဒါပေမယ့် မင်းဘာကိုကြောက်နေတာလဲ။ “မဟာနေ မိုးကြိုးခန္ဓာ” လေ့ကျင့်တုန်းက ကောင်းကင်မိုးကြိုးတောင်မကြောက်ခဲ့ပါဘူး”
လင်းတုန် စိတ်လှုပ်ရှားပြီးပြောလိုက်သည် - “မတူဘူးလေ ဒါမှားသွားရင် သားရဲဖြစ်သွားမယ်။ ဒါဆို မိဘတွေကို ဘယ်လိုမျက်နှာပြရမလဲ။ နောက်ပြီး နောင်တစ်ချိန် လက်ထပ်ပြီး သားသမီးရချင်သေးတယ်။ သားရဲဖြစ်သွားရင် သားရဲတစ်ကောင်နဲ့ လက်ထပ်လို့မရဘူး၊ ဒါက လူမှမဟုတ်တာ”
သူပြောလိုက်သည်နှင့် ရှောင်တျောင်းက မကျေမနပ်ဖြစ်သွားသည်။
“ဟက်ဟက်၊ အစ်ကိုနှစ် မင်းပြောနေတဲ့ဟာက ဘာကိုဆိုလိုတာလဲ။ သားရဲတွေက မင်းတို့စိတ်ကြိုက် လက်ထပ်လို့ရတဲ့ဟာလို့ မင်းထင်နေတာလား”
“မဟုတ်ဘူး ငါတို့သားရဲမျိုးနွယ်တွေက မင်းတို့လူသားမျိုးနွယ်ထက် မညံ့ဘူး။ မင်းကတော့ တကယမ မသိဘူး။ အစစ်မှန် သားရဲတွေက တိုင်းပြည်ကြီးထဲက မင်းမြင်နေရတဲ့ တောရိုင်းတိရစ္ဆာန်တွေထက် အများကြီးသာလွန်တယ်။ နိဗ္ဗာန်အဆင့်ရောက်ပြီးတဲ့နောက်၊ သားရဲတွေက လူသားပုံစံကိုလည်း ပြောင်းလဲနိုင်တယ်”
““ကိုးမြီးမြေခွေးမျိုးနွယ်”၊ “ကိုးဘဝကြောင်မျိုးနွယ်”၊ “လင်းငှက်မျိုးနွယ်” စတဲ့ အလှတရားမှာ ကျော်ကြားတဲ့သူတွေကို ဘာမှမပြောတော့ဘူး၊ ငါတို့ ကောင်းကင်မြွေပါမျိုးနွယ်ကိုဘဲ ကြည့်”
“ငါ့မျိုးနွယ်ထဲက အမတစ်ယောက်၊ လူသားပုံစံနဲ့ဆိုရင် မင်းတို့လူသားမျိုးနွယ်ထဲက သန့်ရှင်းတဲ့အပျိုတော်တွေ၊ မင်းသမီးတွေထက်တောင် ပိုချောတယ်”
“မင်းက အချောအလှတွေ ဘယ်နှစ်ယောက်မြင်ဖူးလဲ။ ဒီသိန်းငှက်သိုင်းခန်းမက ကျန်းယွဲ့ ကချောတယ်မလား။ ဒါပေမယ့် သူမက သားရဲနယ်ပယ်မှာရောက်သွားရင် အဆင့် တစ်ရာ ထဲတောင် မဝင်နိုင်ဘူး”
ရှောင်တျောင်းက ဒေါသထွက်ပြီး စကားအများကြီး ပြောလိုက်သည်၊ သားရဲမျိုးနွယ်ထဲက အမျိုးသမီးတွေအတွက် ကာကွယ်ပြောပေးလိုက်သည်။ လင်းတုန်၏ အမြင်တွေက မှားယွင်းနေပြီး သားရဲအမတွေက သူ့စိတ်ကြိုက်လက်ထပ်လို့ရတဲ့ သူတွေ မဟုတ်ဘူးလို့ ပြောလိုက်သည်။
ဒီခေါင်းစဉ်နဲ့ပတ်သက်လာရင် ရှောင်တျောင်းက သူ့ရဲ့ပထမဆုံးအချစ်၊ မြွေပါတစ်ကောင်ကို သတိရမိသွားသည်။
သူ့စိတ်ထဲဝမ်းနည်းမှုများဖြင့် နစ်မြုပ်သွားသည်။
လင်းတုန်ကတော့ ရှောင်တျောင်းဒီလောက်စိတ်လှုပ်ရှားလိမ့်မယ်လို့ မမျှော်လင့်ထားပေမယ့်၊ ရှောင်တျောင်း၏စကားကိုတော့ သဘောတူဖို့မဖြစ်နိုင်ပေ။
အဆုံးစွန်အားဖြင့် လူနှင့်တိရစ္ဆာန်ဟာ ကွဲပြားပြီး ရှောင်တျောင်းပြောတာများဟာ ယုံကြည်ချု်စရာရှိပေမယ့်၊ လူသားတွေနှင့် ကောင်းကင်မြွေပါတွေရဲ့ အလှအပအမြင်က လုံးဝမတူနိုင်ပေ။
“ညီသုံးရဲ့ စိတ်ထဲမှာတော့၊ ချစ်စရာကောင်းပြီး အမွေးထူတဲ့ အမည်းရောင်ကြွက်မတစ်ကောင်က တကယ့်အလှတရားဖြစ်နေမှာပဲ” လို့ လင်းတုန်ဟာ စိတ်ထဲမှ မပြတ်မသား တွေးလိုက်မိသည်။
ရှောင်တျောင်းကတော့ သူ့ရဲ့အသိပညာမဲ့တဲ့ အစ်ကိုနှစ်နှင့် ဒီခေါင်းစဉ်ကို ထပ်ဆွေးနွေးချင်စိတ်မရှိတော့ပေ။ သူဆက်ပြောတယ် - “ပြီးတော့ ဒီသိုင်းပညာလေ့ကျင့်ခြင်းကြောင့် အားတိုးပွားစေတဲ့ စွမ်းအားဟာ မင်းရရှိတဲ့ တိရစ္ဆာန်ရဲ့အသက်သွေးကြီး ဘယ်လောက်အားကောင်းသလဲဆိုတာပေါ် မူတည်တယ်။ ဒီနေ့ လူဝ်ကျီးသုံးတုန်းက အားတိုးပွားမှုကနေ ကြည့်ရင်၊ သူကတော့ ချီဖန်တီးခြင်းအဆင့် ရောက်ခါနီး သာမန် မျောက်ဝံရဲ့ သွေးကိုသုံးထားတာ”
“အိုး၊ ဒါဆိုရင် ပိုအားကောင်းတဲ့ သားရဲရဲ့ သွေးအစစ်နဲ့ဆို စွမ်းအားက ပိုမြင့်နိုင်တယ်ပေါ့”
လင်းတုန် အနည်းငယ်လှုပ်ရှားသွားသည်။ လုံကျိုးက သာမန် ချီဖန်တီးခြင်းအဆင့်နှင့် နီးကပ်နေတဲ့ မျောက်ဝံ သွေးအစီအအနှစ်ကိုဘဲ သုံးခဲ့ခြင်းဖြစ်သည်။ တကယ်လို့ ပိုအားကောင်းတဲ့ မျောက်ဝံ သွေးအဆီအနှစ်ရလျှင်၊ စွမ်းအားက အတော်လေး ကြောက်စရာကောင်းနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်သည်။
“ဟက်ဟက်၊ ရတဲ့အကျိုးများလေ၊ ရှိတဲ့အန္တရာယ်ကလည်းများလေပဲ။ သားရဲသွေးအစီအနှစ် အားကောင်းလေလေ၊ သန့်စင်ရခက်လေလေဖြစ်ပြီး၊ သဘာဝအတိုင်း ပြန်လည်တိုက်ခိုက်ခံရနိုင်သလို သားရဲဖြစ်သွားနိုင်ခြေလည်း မြင့်တက်လေလေပဲ” ရှောင်တျောင်းက အေးအေးဆေးဆေးဘဲ ရှင်းပြလိုက်သည်။
“မင်းလက်ရှိအဆင့်နဲ့ဆိုရင်၊ နိဗ္ဗာန်အဆင့်ရှိ မျောက်ဝံရဲ့ သွေးအဆီအနှစ် ငါပေးရင်၊ မင်းသန့်စင်ဝံ့မှာလား”
လင်းတုန်က နှုတ်ခမ်းရှုံ့သွားပြီး နားလည်သဘောပေါက်သွားကာ လက်တွေ့ဆန်ဆန် ပြန်ပြောလိုက်သည်။ “နိဗ္ဗာန်အဆင့်ရှိ မိစ္ဆာမျောက်ဝံသွေးအစီအနှစ်ကို ငါမခံနိုင်ဘူး၊ ဒါပေမယ့် ချီဖန်တီးခြင်းအဆင့် ဒါမှမဟုတ် သဏ္ဍာန်ပြောင်းအဆင့်ကြားက သွေးအစီအနှစ်ကို ကျိန်းသေခံနိုင်တယ်” လို့ လင်းတုန်က ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။
ချီဖန်တီးခြင်းအဆင့် ခြေလှမ်း၀က်ကူးပြောင်းခြင်း လိန့်ယွမ်ပုံဆောင်သားရဲရဲ့ မိုးကြိုးအရင်းအမြစ်ကိုတောင် ခံနိုင်ရည်ရှိခဲ့တာမလို့ လင်းတုန်ယုံကြည်ချက်ရှိနေသည်။
“မင်းရဲ့လက်ရှိခန္ဓာကိုယ်အခြေအနေနဲ့ဆိုရင် ပြဿနာမရှိပါဘူး။ မင်းသာ ချီဖန်တီးခြင်းအဆင့် အထွတ်အထိပ်ရှိတဲ့ မိစ္ဆာမျောက်ဝံသွေးအစီအနှစ်ရခဲ့ရင်၊ ခုချိန်မှာ လင်းလန်တျန်းကို ပြန်တွေ့ရင် သူနဲ့ယှဉ်နိုင်လိမ့်မယ်” ရှောင်တျောင်းကလည်း သဘောတူလိုက်သည်။။
သူပေးထားသည့် “မဟာနေ မိုးကြိုးခန္ဓာ” က ဒုတိယနေရာကဖြစ်ပြီး။ တကယ်တန်းအရေးကြီးဆုံးဖြစ်သည်က ဝူယွမ်ပေးခဲ့တဲ့ ကိုယ်ခန္ဓာသန့်စင်နည်းပညာရပ်ဘဲဖြစ်သည်။ ထိုပညာရပ်ကြောင့် လင်းတုန်က “ရွှေခေါင်းလောင်းခန္ဓာ” ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီး၊ လက်ရှိလင်းတုန်ရဲ့ အခြေခံအုတ်မြစ်က မယုံနိုင်စရာကောင်းလောက်အောင် ခိုင်မာနေခဲ့သည်။
“ခန္ဓာကိုယ်ကျမ်း” ရဲ့ ခန္ဓာကိုယ်သန့်စင်မှုင့် ရှောင်တျောင်းပေးသည့် “မဟာနေ မိုးကြိုးခန္ဓာ” က မတူညီကြပေ။
“မေသဆုံးနိုင်သော ကင်းကောင်ကိုယ်ခန္ဓာ” က လင်းတုန်၏ ခန္ဓာကိုယ်ပုံစံကို အခြေခံကနေ တိုက်ရိုက်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
“ဒါပေမယ့် ဒီ ဝမ့်လွန်ပြည်နယ်ထဲမှာ မင်းစိတ်တိုင်းကျ မိစ္ဆာမျောက်ဝံရှိမရှိ ငါမသိဘူး”
“ဒေသကြီးက ကျယ်ပြန့်လွန်းတယ်၊ သူ့ရဲ့နက်ရှိုင်းတဲ့တောင်တွေ၊ ရှေးဟောင်းတောအုပ်တွေထဲမှာ ဘယ်လိုအားကောင်းတဲ့ တိရစ္ဆာန်တွေ ပုန်းခိုနေမလဲမသိဘူး။ ချီဖန်တီးခြင်းအဆင့် မိစ္ဆာမျောက်ဝံတွေလည်း အများကြီးဘဲ။ ဒါပေမယ့် လက်ရှိငါ့စွမ်းအားက ချီဖန်တီးခြင်းအဆင့်နဲ့ မယှဉ်နိုင်သေးဘူး။ အစ်ကိုကြီးကို အကူအညီတောင်းရမယ်။ အစ်ကိုကြီး ဆီသွားမယ်”
လင်းတုန် စိတ်လှုပ်ရှားပြီး အခန်းထဲကထွက်လာပြီး ဝူယွမ်၏တံခါးရှေ့ကိုရောက်သည်နှင့် တံခါးက တင်းတင်းကျပ်ကျပ်ပိတ်ထားတာကိုတွေ့လိုက်ရသည်။
“အီး၊ ဘာဖြစ်တာလဲ။ အစ်ကိုကြီးရဲ့အခန်းမှာ အဆောင်တောင်ရှိနေတယ်”
လင်းတုန်က အံ့အားသင့်သွားပြီး ညည်းလိုက်သည်။ အစ်ကိုကြီး အခန်းထဲရှိမရှိ ဝိညာဉ်စွမ်းအင်နဲ့ စမ်းသပ်ကြည့်ဖို့ကြိုးစားပေမဲ့၊ တစ်ခုခုရဲ့ တားဆီးမှုကိုခံလိုက်ရခဲ့သည်။
“အစ်ကိုကြီး တစ်ကိုယ်တော်ကျင့်ကြံနေတာနေမယ် မနှောင့်ယှက်ချင်ဘဘူး။ နည်းနည်းလောက်စောင့်ကြည့်ရမယ်”
ရှောင်တျောင်းကလည်း ဝိညာဉ်စွမ်းအင်နှင့် စမ်းသပ်ကြည့်ပေမဲ့၊ အလားတူ အဆောင်၏တားဆီးမှုကိုခံခဲ့ရသည်။
“ဒီအဆောင်ကို အင်အားသုံးပြီး ချိုးဖျက်နိုင်ပေမယ့်၊ ဒီလိုလုပ်စရာမလိုဘူး။ အစ်ကိုကြီးကို နှောင့်ယှက်မိသွားရင် မကောင်းဘူး။”
ဒါပေမယ့် အခန်းထဲမှာတော့ ဝူယွမ်က အလုပ်ကြိုးစားနေချင်းဖြစ်သည်။သူတို့ထင်ထားသလို ကြိုးစားခြင်းတော့မဟုတ် ကျန်းယွဲ့နဲ့ကြိုးစာနေခြင်းဖြစ်သည်။
အရင်က ကျန်းယင်ယင်က ဝိညာဉ်စွမ်းအင်နှင့် မသိမသာစမ်းသပ်ခဲ့တဲ့အဖြစ်အပျက်ကနေ သင်ခန်းစာရခဲ့သဖြင့်၊ ဝူယွမ်က သူနဲ့ကျန်းယွဲ့ မအိပ်ခင်မှာ၊ သာမန် ဝိညာဉ်စွမ်းအင် အတားအဆီး အဆောင်တစ်ခုကို တံခါးမှာကပ်လိုက်ခြင်းဖြစ်သည်။ အဆောင် အခန်းတစ်ခုလုံးကို ပိတ်ထားလိုက်ပြီး၊ အပြင်ကလူတွေအနေနှင့် သူ့၏ ယွမ်စွမ်းအင်လှိုင်းတစ်ခုတောင်မှ မသိနိုင်တော့ပေ။
ထို့အပြင် တစ်ယောက်ယောက်က အဆောင်ကိုထိလိုက်သည်နှင့်၊ ဝူယွမ်က ချက်ချင်းသိသွားလိမ့်မည်ဖြစ်သည်။
လက်ရှိမှာ ဝူယွမ်က အဆောင်ကို ထိတာအာရုံခံမိလိုက်ပြီး ဝိညာဉ်စွမ်းအင်နှင့် ချက်ချင်းစမ်းသပ်ကြည့်လိုက်သည်။ ရှောင်တျောင်းနှင့် လင်းတုန်ဖြစ်နေတာကိုသိလိုက်ရပြီး နောက်ထပ်အာရုံမစိုက်တော့ပေ။
စိတ်ထက်သန်စွာ ကြိုးစားပြီးနောက်က
ဝူယွမ်မှာ အဝတ်အစားဝတ်ပြီး၊ ကျန်းယွဲ့ကို စကားနည်းနည်း နှစ်သိမ့်ပေးလိုက်ကာ၊ အခန်းထဲမှထွက်လာခဲ့သည်။
သူ့ညီတွေဖြစ်သည့် လင်းတုန်နှင့် ရှောင်တျောင်းကို သွားတွေ့လိုက်သည်။
“ညီနှစ်၊ညီသုံး ငါ့ကိုဘာလို့လာရှာတာလဲ”
“အိုး၊ အစ်ကိုကြီးထွက်လာပြီ။ အစ်ကိုကြီးရဲ့ အခန်းကို ဘာလို့ပိတ်ထားတာလဲ။ တစ်ခုခုရှိရင် ငါ့ကိုတံခါးစောင့်ခိုင်းလို့ရတယ်၊ ဒါဆိုပိုစိတ်ချရတာေပါ့” လင်းတုန်က ပေါ့ပေါ့ဆဆပြောလိုက်သည်။
“အခုမှဉာဏ်အလင်းရသွားတာပါ။ ဒီလောက်ကြီးမဟုတ်ဘူး။ သေးသေးမွှားမွှားကိစ္စမလို့ ညီနှစ်ကို အနှောက်အယှက်မပေးချင်လို့ပါ”
ဝူယွမ်က လက်ဝှေ့ရမ်းပြီးပြောလိုက်သည်။
ယန်မြို့ကထွက်လာကတည်းက ဝူယွမ်တို့အဖွဲ့ ဒီလိုတံခါးစောင့်တဲ့အလေ့အထ ရှိလာကြခြင်းဖြစ်သည်။
အရင်လင်းမိသားစုမှတုန်းက ချင်းတန်နှင့် လင်းတုန်က တစ်လှည့်စီ တံခါးစောင့်ပေးကြခဲ့သည်။
“ဟက်ဟက်၊ အစ်ကိုကြီး အကူအညီလိုတဲ့အရာရှိတယ်။ အစ်ကိုကြီးအခု ချီဖန်တီးခြင်းအဆင့် သားရဲတစ်ကောင်ကို ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”
“ပြဿနာမရှိဘူး”
ဝူယွမ်က ခဏလောက်စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။
လက်ရှိသူ့၏စွမ်းအင်အဆင့်အတိအကျကို သူမသိပေမယ့်၊ အရင်က လင်းချင်းကျူနဲ့တွေ့တုန်းကနှင့်ယှဉ်လျှက်၊ လက်ရှိစွမ်းအားနှင့်နည်းလမ်းတွေကြောင့် ချီဖန်တီးခြင်းအဆင့်ကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မယ်လို့ သူယုံကြည်သည်။
အစ်ကိုကြီး၏ အဖြေကိုကြားသည်နှင့် လင်းတုန် ဝမ်းသာသွားကာ၊ သူက အရိုးစကိုထုတ်လိုက်ပြီး၊ သူ၏အကြံဉာဏ်ကို ဝူယွမ်ကိုရှင်းပြလိုက်သည်။
ပြီးသည်နှင့် လင်းတုန်က သူ့သိုလှောင်အိတ်ကို လှန်လျှော် ရှာဖွေနေပြီး သာမန်နွားသားရေချ�ပ်တစ်ချပ်ကို ဝိညာဉ်စွမ်းအင်နှင့် ထုတ်ယူလိုက်ပြီး လင်းတုန်၏လက်ထဲမှာ ခဲ့ပေါ်လာသည်။
ဂရုတစိုက်ဖွင့်လိုက်ကြည့်တဲ့အခါ၊ ထိုအရာက မြေပုံတစ်ခုဖြစ်နေပြီး။ မြေပုံပေါ်မှာ အနီရောင်အစက်ပေါင်း ဆယ်ခုလောက်ရှိကာ၊ အားလုံးက တောင်တန်းတွေထဲမှာ ရှိနေခြင်းဖြစ်သည်။
လင်းတုန်ကမြေပုံကိုမြင်သည်နှင့် မျက်လုံးများလင်းလက်သွားပြီး
“အစ်ကိုကြီး၊ အစ်ကိုကြီး မြန်မြန်ကြည့်”
သူက နွားသားရေချ�ပ်ကိုဖွင့်ပြီး လက်ဖက်ရည်စားပွဲပေါ်မှာ ခင်းလိုက်သည်။
ညီအစ်ကိုသုံးယောက်၏ မျက်လုံးများက ချက်ချင်းပဲ အဲဒီအပေါ်ကိုစုပြုံလာကြသည်။ အနီစက်တစ်ခုချင်းစီ၏ဘေးမှာ စာကြောင်းသေးသေးလေးတွေရေးထားသည်။
“နွားတောင်တန်း၊ စွမ်းအားပြင်းမိစ္ဆာမျောက်ဝံ ချီဖန်တီးခြင်းအဆင့်”
“သားရဲမိုးတိမ်ထိပ်တောင်၊ တောင်ကိုရွှေ့နိုင်တဲ့ ရွှေမိစ္ဆာမျောက်ဝံ၊ ကူးပြောင်းခြင်းအဆင့် အစောပိုင်း”
...“ကောင်းကင်လှုပ်ခတ်တောင်၊ ကောင်းကင်လှုပ်ခတ် မိစ္ဆာမျောက်ဝံ ချီဖန်တီးခြင်းအဆင့် အစောပိုင်း”
“ရှေးဟောင်းတောရိုင်းချောက်ကမ်းပါး၊ ရှေးဟောင်းနဂါး မိစ္ဆာမျောက်ဝံ ချီဖန်တီးခြင်းအဆင့် အစောပိုင်း”
အနီရောင်အရှင်းဆုံးအမှတ်အသားနှစ်ခုက သွေးများကဲ့သို့ဖြစ်နေကာ၊ ချီဖန်တီးခြင်းအဆင့်ရှိ မိစ္ဆာမျောက်ဝံတွေကို ဖော်ပြထားသည်။
အရင်ကတော့ လင်းတုန်တို့က မိစ္ဆာမျောက်ဝံ ရှာမရမှာ စိုးရိမ်နေခဲ့ကြပေမဲ့၊
အခုတစ်ခါတည်းနှင့် အားလုံးကိုရှာတွေ့သွားခဲ့သည်။
ဝူယွမ်၏မျက်လုံးတွေက စာလုံးလေးလုံး “ရှေးဟောင်းတောရိုင်းချောက်ကမ်းပါး” အပေါ်မှာဘဲ အာရုံစိုက်နေခဲ့သည်။
ထိုနေရာက သူ၏နောက်ထက် ဆိုင်းအင်၀င်ဖို့ရာ နေရာဘဲဖြစ်သည်။
“ချီဖန်တီးခြင်းအဆင့် မိစ္ဆာမျောက်ဝံနှစ်ကောင်၊ အစ်ကိုကြီး ဘယ်တစ်ကောင်ကိုယူမလဲ”
“လုပ်မယ်ဆိုရင် အားအကောင်းဆုံးကိုယူရမယ်။ ဒီမိစ္ဆာမျောက်ဝံနှစ်ကောင်စလုံးဟာ ချီဖန်တီးခြင်းအဆင့် အစောပိုင်းဖြစ်ပေမယ့်၊ ရှေးဟောင်းနဂါးမိစ္ဆာမျောက်ဝံက ပိုအားကောင်းမှာသေချာတယ်၊ ဟုတ်တယ်မလား ရှောင်တျောင်း”
ဝူယွမ်က ရှောင်တျောင်းကိုလှည့်ကြည့်လိုက်သည်။
“ဟုတ်တယ် အစ်ကိုကြီး ရှေးဟောင်းနဂါးမိစ္ဆာမျောက်ဝံက ရှေးဟောင်းသွေးအစီအနှစ်ရှိတဲ့ သားရဲတစ်မျိုးဘဲ၊ သူတို့ခန္ဓာကိုယ်ထဲမှာ နဂါးသွေးအနည်းငယ်ပါတယ်၊ ဒါကြောင့် သားရဲလောကထဲမှာတောင် အတော်အားကောင်းကြတယ်။ အရွယ်ရောက်ပြီးသား ရှေးဟောင်းနဂါးမိစ္ဆာမျောက်ဝံ တစ်ကောင်ဟာ နိဗ္ဗာန်အဆင့်ရှိ စွမ်းအားရှင်တစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ ဒီရှေးဟောင်းနဂါးမိစ္ဆာမျောက်ဝံက ချီဖန်တီးခြင်းအဆင့် အစောပိုင်းဘဲရှိသေးတယ် ဆိုတော့ သူက ကလေးဘဝမှာပဲရှိသေးတယ်လို့ပြောလို့ရတယ်။ အစ်ကိုကြီးက ကူအညီပေးရင် ဖြေရှင်းဖို့လွယ်သွားလိမ့်မယ်”
ရှောင်တျောင်းက ဖြည့်စွက်ပြောကြားလိုက်သည်။
ကောင်းကင်မြွေပါသားရဲတစ်ကောင်အနေနှင့်၊ သူက သားရဲတွေကို အသိဆုံးဘဲဖြစ်သည်။
“အင်း၊ ဒါဆိုရင် ရှေးဟောင်းနဂါးမိစ္ဆာမျောက်ဝံကိုယူမယ်”
လင်းတုန်က ချက်ချင်းသဘောတူလိုက်သည်။ သူကတော့ ပိုအားကောင်းလေလေ ပိုကြိုက်လေလေဘဲဖြစ်သည်။
“ဒါဆိုရင် ဆုံးဖြတ်ပြီးပြီ။ ငါတို့ ရွှေသိန်းငှက်မြို့မှာ နှစ်ရက်နေမယ်၊ ပြီးတာ ရှေးဟောင်းတောရိုင်းချောက်ကမ်းပါးကို ခရီးထွက်မယ်”
“အစ်ကိုကြီး ဘာလို့နှစ်ရက်စောင့်ရတာလဲ”
လင်းတုန်က မိစ္ဆာမျောက်ဝံကိုဖမ်းဖို့ စိတ်အားထက်သန်နေသည်မလို့ မသိမသာမေးလိုက်သည်။
“နှစ်ရက်ဘဲ၊ မကြာပါဘူး”
ဝူယွမ်က အေးအေးဆေးဆေးဘဲပြောလိုက်သည်။ သူက သူ့ညီတွေကို အခု အလှပဂေးလေးတစ်ယောက်ရဲ့စိတ်ကို ဖမ်းစားမိပြီး မြန်မြန်မထွက်နိုင်ဖြစ်နေတယ်ဆိုတာ မပြောပြနိုင်ေပ။ နောက်ထက်ရက်အနည်းငယ်လောက်တော့ ခံစားသင့်သေးတယ်လို့ သူထင်နေသည်။
သူက ရိပ်မိမည်ဆိုးပြီး လေးလေးနက်နက်ရှင်းပြလိုက်သည်။ “ရှေးဟောင်းတောရိုင်းချောက်ကမ်းပါးအကြောင်း သတင်းအချက်အလက်တွေ မင်းမစုရသေးဘူးမလား။ ငါက ချီဖန်တီးခြင်းအဆင့်ကို ရင်ဆိုင်နိုင်ပေမယ့်၊ သတိမမူ မဖြစ်စေနဲ့။ အရာရာတိုင်းကို ပြည့်ပြည့်စုံစုံပြင်ဆင်ထားရမယ်”
“အင်း၊ အဲ့တော့ အခုသွားပြီး သတင်းအချက်အလက်စုလိုက်။ ပြီးရင်း တိနဲ့လျူမိသားစုတွေဆီကရတဲ့ သိုလှောင်အိတ်ထဲက မသုံးတဲ့ပစ္စည်းတွေအားလုံးကို သန့်စင် ယွမ်ဆေးလုံးတွေနဲ့ လဲလာခဲ့လိုက်”
“ဒီနှစ်ရက်အတွင်းမှာ၊ ငါက မိန်းကလေးကျန်းယွဲ့ရဲ့ ကျင့်ကြံခြင်း ပြဿနာတွေကို ပိုပြီးလမ်းညွှန်ပေးဖို့လိုတယ်”
လင်းတုန်က သံသယလုံး၀မ၀င်ဘဲ၊ သူ့အစ်ကိုကြီး မထွက်ခွာသေးသည့် အကြောင်းကို ချက်ချင်းဘဲ နားလည်သွားဟန်ရသည်။
“အိုး၊ အစ်ကိုကြီးက အမြဲတမ်း စေ့စေ့စပ်စပ် စဉ်းစားတတ်တယ်။ အခုသွားလုပ်လိုက်မယ်”
သူက သိုလှောင်အိပ်တွေကိုသိမ်းလိုက်ပြီး၊ အလုပ်များစတင်ရန် အပြင်ကိုထွက်သွားတော့သည်။
ဝူယွမ်ကတော့ သူ ၏အခန်းထဲကိုပြန်ဝင်ပြီး၊ ကျန်းယွဲ့ကို ခန္ဓာကိုယ် အသေးစိတ်တွေ ဆက်လက်သင်ပေးလေသည်။
“ယွဲ့၊ ကိုယ်ရွှေသိန်းငှက်မြို့ကနေ နှစ်ရက်အတွင်းထွက်ခွာရမယ်”
“ဒါကြောင့် ဒီနှစ်ရက်မှာ...”
“အနားမယူဘူး။ လုပ်ကြရအောင်”
...နှစ်ရက်အကြာ။
ကျန်းမိသားစု အဖေနှင့်သမီးနှစ်ယောက်၏ စိတ်မပါတဲ့အကြည့်များအောက်မှ၊ ဝူယွမ်နှင့် လင်းတုန်တို့ဟာ ပိုင်ယွမ်တို့နှင့်အတူ ထွက်ခွာသွားကြသည်။။
“အစ်ကိုကြီး၊ ငါစုံစမ်းထားပြီးပြီ။ ရှေးဟောင်းတောရိုင်းချောက်ကမ်းပါးက ရှေးဟောင်းကျောက်စာတိုင်ကြီးနဲ့ ဆင်တယ်။ ရှေးဟောင်းအပျက်အစီးတွေရှိပြီး၊ လူတွေကအမြဲ ပစ္စည်းရှာဖွေကြနေကြတယ်၊ ဒါကြောင့် ချောက်ကမ်းပါးပတ်လည်မှာ အင်အားစုတွေအများကြီးဖွဲ့ထားပြီး၊ ရွှေသိန်းငှက်မြို့ထက်တောင် ပိုကျော်ကြားသေးတယ်၊
ဒီအထဲမှာ အားအကောင်းဆုံးက “ရှေးဟောင်းဓားဂိုဏ်း” လို့ခေါ်တဲ့ အင်အားစုတစ်ခုဘဲ။ ၀မ့်လွန်ပြည်နယ်ထဲမှာတောင် ရှေးဟောင်းဓားဂိုဏ်းရဲ့ဂုဏ်သတင်းက အတော်လေး ကြီးမားတယ်၊ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှစ်ယောက်နဲ့ ချီဖန်တီးခြင်း အစောပိုင်း ကျင့်ကြံသူ တစ်ယောက်ရှိတယ်။
ဒါ့အပြင် ရှေးဟောင်းတောရိုင်းချောက်ကမ်းပါးထဲမှာ ရက်စက်တဲ့ သားရဲတွေအများကြီးရှိတယ်၊ ရှေးဟောင်းနဂါးမိစ္ဆာေမျာက်၀ံ လိုမျိုး အတော်များများက ရှေးဟောင်းသွေးမျိုးဆက် ဆက်ခံမှုအနည်းငယ်ရှိကြတယ်၊ ဒါကြောင့် သူတို့က အတော်လေးအားကောင်းကြတယ်။ ရှေးဟောင်းဓားဂိုဏ်းတောင် အတင်းတိုး မဝင်ရဲဘူး။ ဒါပေမယ့် ရှေးဟောင်းနဂါးမိစ္ဆာမျောက်ဝံကတော့ အဲဒီမှာရဲ့ဘုရင်ဖြစ်တုန်းပဲ”
“အင်း၊ ကောင်းတယ်။ သတင်းအချက်အလက်စုတာက အရမ်းစုံလင်တယ်။ ဒါဆိုရင် တိုက်ရိုက်သွားကြမယ်”
...သိန်းငှက်သိုင်းခန်းမ အရှေ့မှာ၊ ကျန်းလဲက ထွက်ခွာသွားတဲ့ လူနှစ်ယောက်၏ ပုံရိပ်တွေကိုကြည့်ရင်း၊ နက်ရှိုင်းစွာ သက်ပြင်းချလိုက်မိသည်။
“ဝူယွမ်နဲ့ လင်းတုန်၊ ဒီညီအစ်ကိုနှစ်ယောက်က သာမန်လူတွေမဟုတ်ကြဘူး။ နောင်တစ်ချိန်မှာ ကောင်းကင်ကိုဖြတ်သန်းဖို့ ကံကြမ္မာချီးမြှင့်ခံထားရတယ်။
ရွှေသိန်းငှက်မြို့နဲ့ ၀မ့်လွန်ပြည်နယ်ကြီးက သူတို့အတွက် ယာယီရပ်နားရာနေရာတစ်ခုဘဲ၊ ဒီ မဟာယန်မင်းဆက် တိုင်းပြည်ကြီးကတောင် သူတို့ကိုမချုပ်ချယ်နိုင်ဘူး”
သူကပြောရင်း ဘေးနားရှိသူ့သမီးကြီးကိုလှည့်ကြည့်လိုက် သောအခါ၊ သူ့သမီး၏မျက်လုံးမဖားထဲမှာ ချစ်ခြင်းမေတ္တာနှင့် စိတ်ဓာတ်ခိုင်မာမှုများပြည့်နေတာကိုမြင်ပြီး၊ စိတ်ထဲမှာ သက်ပြင်းချမိလိုက်ပြန်သည်။
“အိမ်းးး၊ ဒီလိုလူမျိုးကို လိုက်ဖမ်းရတာ အရမ်းပင်ပန်းလိမ့်မယ်”
ကျန်းလဲ့ ဘာဖြစ်သွားလို့ဖြစ်သွားမှန်း တိတိကျကျ မသိထားပေမယ့်၊ အတွေ့အကြုံရင့်တဲ့လူတစ်ယောက်အနေနှင့်၊ သူ့သမီး၏ အနေအထားကို သူမြင်နိုင်လေသည်။
ကျန်းယွဲ့က ဝူယွမ်ပြောခဲ့သည့် စွန် နှင့် ကြိုးအကြောင်းကိုတွေးမိသွားပြီး၊ ချက်ချင်းပဲ သူ့လက်သီးလက်ဖြူဖြူလေးများကိုဆုတ်လိုက်ပြီး၊ ယုံကြည်ချက်အပြည့်နှင့် “ဝေးတော့ဘာဖြစ်လဲ... ပြန်လာရင်ပြီးရော”