← Chapters

ကြီးမားသော ရိတ်သိမ်းခြင်း၊ နောက်ထပ် လျှို့ဝှက်လက်နက်

Vol. 11 Ch. 107

ကြီးမားသော ရိတ်သိမ်းခြင်း၊ နောက်ထပ် လျှို့ဝှက်လက်နက်

Vol. 11 Ch. 107

ဝူယွမ်က ဉာဏ်အလင်းရပြီး ကျင့်ကြံနေခြင်းမဟုတ်ပေ။ သူက ကောင်းကင်ပြာဧကရာဇ်သွေးရည် ကို လက်ခံနေခြင်းသာ ဖြစ်သည်။

သူ၏ကိုယ်ခန္ဓာက လှုပ်ရှားမှုမရှိသော်လည်း ဝိညာဉ်စွမ်းအင်ဖြင့် အမြဲတစေ ပတ်ဝန်းကျင်ကို စောင့်ကြည့်လျက် ရှိသည်။

အရာရာတိုင်းကသူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ပိုင်ယွမ်နှင့်အခြားသူများကို သားရဲအုပ်ကြီးကို ရင်ဆိုင်ခိုင်းခြင်းသည် သူတို့ကိုယ်တိုင် မိမိကိုယ်ကို စမ်းသပ်လေ့ကျင့်ခွင့် ပေးခြင်းလည်း ဖြစ်သည်။

တကယ်လို့အန္တရာယ်အမှန်တကယ်ရှိခဲ့လျှင် ဝူယွမ်က ထိုဧကရာဇ်သွေးမျိုးဆက်ကို နားလည်ဆင်ခြင်ချင်းမှ ထွက်လာပြီး သူတို့ကို ကူညီမည် ဖြစ်သည်။

အရင်က ရှေးဟောင်းနဂါးမျောက်ဝံကို သတ်ခဲ့ခြင်းက အမှန်စင်စစ် ဝူယွမ်၏ အင်အားအများအပြားကို ကုန်ဆုံးစေခဲ့သည်။

ထိုသို့အားနည်းနေသည့်အခြေအနေတွင် ပုံမှန်အားဖြင့် သူက မြန်မြန်ထွက်ခွာသင့်သည်။

သို့သော်ထိုအချိန်တွင် သူက ရုတ်တရက် ဆိုင်းအင်၀င်လိုက်ပြီး ကောင်းကင်ပြာဧကရာဇ်‌သွေးရည်ကို ရရှိခဲ့သဖြင့် ထွက်ခွာစရာ မလိုတော့ပါ။

ဘုရင်သွေးရှိတဲ့သူက ပုန်းအောင်းကာ လျှို့ဝှက်သွားလာနေရမည်ဆိုလျှင် “ဘုရင်” ဟူသော စကားလုံး၏ တန်ဖိုးနှင့် မထိုက်တန်တော့ပါ။

ထို့ကြောင့်သူက ဒီနေရာမှာဘဲ ကောင်းကင်ပြာဧကရာဇ်သွေးရည်ကို လက်ခံရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ပြာဧကရာဇ်သွေးရည်က သူ၏ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်ကို သွေးပြောင်းလဲမှု အပြည့်အဝ ဖြစ်စေကာ ပြန်လည်မွေးဖွားစေခဲ့သည်။

သူ၏သာမန်သွေးများကို ခရမ်းရောင် အာဏာရှင်မျိုးဆက်သွေးအဖြစ် ပြောင်းလဲစေခဲ့သည်။

ဘုရင်ကိုယ်ခန္ဓာကအလွန်တရာ အင်အားကြီးမားပြီး။ ကောင်းကင်ပြာဧကရာဇ်သွေးရည်က လူ့လောက၏ ကြီးမြတ်သော ဆေးဝါးတစ်မျိုးနှင့် နှိုင်းယှဉ်နိုင်ကာ အသက်ရှည်စေခြင်း၊ ဒဏ်ရာကုသခြင်းစသည့် နတ်စွမ်းရည်များ ပိုင်ဆိုင်သည်။

အရွယ်တူများကြား ပြိုင်ဘက်မရှိ၊ ပိုမိုမြင့်မားသော အဆင့်များရှိ ပြိုင်ဘက်များနှင့် တိုက်ခိုက်ခြင်းသည်ပင် သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။

သို့သော်ထိုကဲ့သို့စွမ်းအားနှင့်အညီ ဘုရင်ကိုယ်ခန္ဓာကို မွေးမြူရန် လိုအပ်သော အရင်းအမြစ်များကလည်း သာမန် ကိုယ်ခန္ဓာများထက် အဆပေါင်းများစွာ၊ ဆယ်ဆ၊ အဆတစ်ရာမက ပိုများပြားသည်။

ကောင်းကင်ပြာဧကရာဇ်သွေးရည်ကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ဝူယွမ်၏ ကိုယ်ခန္ဓာက အားအင်များ ပြည့်နှက်သွားပြီး သူ့အား လွှင့်စင်သွားမည့်အလား ခံစားရသော အာဏာရှင်ဆန်ဆန် အင်အားတစ်မျိုး ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရှေးဟောင်းဓားဂိုဏ်း၏ ခေါင်းဆောင် သုံးဦးက သိုင်းလောကကျင့်ဝတ်များကို မထီမဲ့မြင်ပြုကာ ရုတ်တရက် လျှို့ဝှက်တိုက်ခိုက်လာကြသည်။

ဘုရင်ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားသော သူအနေဖြင့် ထိုအရာကိုသည်းမခံနိုင်တော့ပေ။

သူကယင်ယန်အမြွှာ ကြာပန်းကို သိမ်းယူပြီး သူရပ်နေရာမှ လှစ်ကနဲ ပြောက်ကွယ်သွားကာ ချိုင့်ဝှမ်းကို တုန်ခါစေပြီး မြေပြင်ပေါ်တွင် ကြီးမားသော ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာသည်။

သူပြန်ပေါ်လာသည့်အခါတွင်သူက ရှေးဟောင်းဓားဂိုးဏ်း၏ အနီ၊ အဖြူနှင့် မီးခိုးရောင် ဝတ်ရုံဝတ်ထားသော ညီအစ်ကို သုံးဦးရှေ့တွင် ရှိနေပြီ ဖြစ်သည်။

“ပေါက်၊ ပေါက်၊ ပေါက်။”

ကြီးမားသောလက်သီးများက ခရမ်းရွှေရောင် အလင်းတန်းများဖြင့် ပြည့်နှက်လျက် တစ်ခုပြီးတစ်ခု ထိုးနှက်ထုတ်လွှတ်လိုက်သည်။

ထိုစွမ်းအင်လက်သီးများက တောင်ကြီးတစ်တောင် ကြလာသကဲ့သို့ ဖြစ်နေပြီး သူတို့သုံးဦးက တိုက်ရိုက်မရင်ဆိုင်ရဲကြပေ။

“အမြန်ဆုတ်ကြ။”

အဖြူရောင်ဆံပင်နှင့်အဘိုးအိုက အလွန်တုန်လှုပ်သွားပြီး သူ၏ အရှိကို မြှင့်တင်ကာ ရူးသွပ်စွာ ဆုတ်ခွာသွားသည်။

သို့သော်ဝူယွမ်၏ လက်သီးများကို ထိုမျှလွယ်ကူစွာ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

အာဏာရှင်ဆန်ဆန် ခရမ်းရောင်လက်သီးတံဆိပ်များက သူ၏နောက်ကို အရိပ်ကဲ့သို့ လိုက်ပါလာပြီး အဖြူရောင်ဆံပင်နှင့် အဘိုးကြီး အဝေးသို့ မပြေးလွှားနိုင်မီ သူ့ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်ခံလိုက်ရကာ သူ့ရင်ဘတ်က တိုက်ရိုက်ချိုင့်ဝင်သွားပြီး ရင်ဘတ်ပေါ်တွင် ရှင်းလင်းသော လက်သီးရာတစ်ခု စွဲကျန်ခဲ့သည်။

ဝူယွမ်က မည်သည့် သိုင်းပညာကိုမျှ အသုံးပြုရန် မလိုအပ်ပါ။

သူ၏ကိုယ်ခန္ဓာ စွမ်းအားကိုသာ အခြေခံပြီး အလွန်တရာ အင်အားကြီးမားသော တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သည်။

အားပြင်းသောတိုက်ခိုက်ရေး ခွန်အားသည် မကြာခဏဆိုသလို ရှုပ်ထွေးသော လှုပ်ရှားမှုများ မလိုအပ်ပါ။

ရိုးရှင်းသောလက်သီးနှင့် ခြေထောက် လှုပ်ရှားမှုများသည်ပင်လျှင် ရှေးဟောင်းဓားဂိုဏ်း၏ ခေါင်းဆောင် သုံးဦးကို သေသည်အထိ ရိုက်နှက်ရန် လုံလောက်သည်။

ဤသည်မှာ ဘုရင်ကိုယ်ခန္ဓာ ဖြစ်သည်။

အာဏာရှင်ဆန်သော “ဘုရင်” ဖြစ်သည်။

ဝူယွမ်သည် သူ၏ ကိုယ်ခန္ဓာ စွမ်းအားကို စမ်းသပ်ကြည့်သည်။

သူယခုကျင့်ကြံနေသော အင်အားကြီးမားသည့် နောက်ဆုံးပညာရပ်အများစုသည် ကိုယ်ခန္ဓာ တိုက်ခိုက်မှု စွမ်းအားကို ပေါင်းစည်းရန် အဓိကထားသည်။

နတ်ဆင်နှိမ်နင်းခြင်း။

ကိုယ်ခန္ဓာကျမ်း“သန့်စင်” စာလုံး။

ကောင်းကင်ပြာဧကရာဇ်သွေးရည်။

သုံးမျိုးစလုံးကတစ်ခုနှင့်တစ်ခု တွန်းကန်ခြင်း မရှိဘဲ လိုက်ဖက်ညီလျက် ရှိသည်။

နတ်ဆင်နှိမ်နင်းခြင်းကို မူလစွမ်းအားနှင့် ကိုယ်ခန္ဓာအမှုန်များကို ပေါင်းစပ်ခြင်းဖြင့် ကျင့်ကြံနိုင်ကာ

“သန့်ရှင”စာလုံးက ပို၍ပင် ကျယ်ပြန့်ပြီး မည်သည့်စွမ်းအားကိုမဆို ကိုယ်ခန္ဓာထဲသို့ ပေါင်းစည်းခွင့်ပြုနိုင်သည်။

ကောင်းကင်ပြာဧကရာဇ်သွေးရည်က အာဏာရှင်ဆန်သော်လည်း သွေးထဲတွင်သာ စီးဆင်းနေပြီး အခြားစွမ်းအားနှစ်ခုနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း မရှိပါ။

ဝူယွမ်ကသူ၏ ကိုယ်ခန္ဓာအခြေခံအုတ်မြစ်သည် အရင်ကထက် ပိုမိုအားကောင်းနေသည်ကို ခံစားရသည်။

သူ၏ကိုယ်ခန္ဓာက အားအင်များ ပြည့်နှက်နေပြီး ပင်ပန်းနွမ်းနယ်ခြင်း မရှိဟု ခံစားရသော အာဏာရှင်ဆန်ဆန် အင်အားတစ်မျိုး ဖြစ်သည်။

ဤအခြေအနေတွင်သူက ယန်မင်းဆက်ကို သွားလျှင်ပင် တကျော့ပြန်လှန်ပြီး တစ်တိုင်းပြည်လုံးကို လှန်ပစ်နိုင်မည်ဟု ခံစားနေရသည်။

ရှေးဟောင်းဓားဂိုးဏ်း၏ ခေါင်းဆောင် သုံးဦး သေဆုံးပြီးနောက် လိုက်ပါလာသော ကျန်တပည့်သားများက ချက်ချင်းပင် ကြောက်ရွံကာ အသက်လုပြေး ထွက်ခွာလိုနေကြသည်။

ဝူယွမ်က ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါးကို ထုတ်လွှတ်လိုက်ကာ အားလုံးကို ဖုံးလွှမ်းပစ်လိုက်ပြီးတောင်ငယ်လေးများကိုပင် ပြိုကျစေကာ ရှေးဟောင်းဓားဂိုးဏ်း၏ တပည့်သားအားလုံးကို အသားဖတ်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ပြန်လှည့်ကြည့်လိုက်သည့်အခါ လင်းတုန်၊ ပိုင်ယွမ်နှင့် ရှောင်တျောင်းတို့ ရင်ဆိုင်နေရသော သားရဲအုပ်ကြီးက စတင်ပျံ့ကွဲသွားပြီဖြစ်ပြီး နတ်ဆိုးသားရဲများစွာက အပြင်ဘက်အစွန်းတွင် လှည့်ပတ်နေရုံမျှသာ ဖြစ်ကာ အသက်နှင့်ရင်ဆိုင်ပြီး တိုက်ခိုက်ခြင်း မပြုကြတော့ပါ။

အခြေအနေမူမမှန်သည်ကို သူတို့ခံစားမိပုံရပြီး ဆုတ်ခွာရန် အသင့်ပြင်ဆင်နေကြသည်။

သို့သော်ဝူယွမ်က သူတို့ကို အခွင့်အရေး မပေးတော့ပေ။

အားလုံးသေရမည်ဆိုသည်မှာ စကားသက်သက်သာ မဟုတ်ပေ။

အားးး၊

စူးရှရှအော်သံတစ်ခုနှင့်အတူကောင်းကင်မှ ဒုက္ခပေးနေသော အမည်းရောင် လင်းယုန်ကြီးက ပျံသန်းထွက်ပြေးရန် ကြိုးစားလေသည်။

သူကောင်းကင်အမြင့်တွင်ရှိနေခြင်းက အရှိန်အဟုန်ပိုင်း သာလွန်ပြီး လာချင်သည့်အခါလာ၊ ထွက်ချင်သည့်အခါထွက်၊ မည်သူမျှ မတားဆီးနိုင်ဟု ထင်မှတ်ကာ အတိုင်းမသိ မာန်မာနထောင်လွှားနေသည်။

ဝူယွမ်ကသူ့ကို စောင့်ကြည့်နေတာ ကြာပီဖြစ်သည်။ သူ၏ဒန်တျန်ထဲတွင် ယွမ်စွမ်းအင်က လှိုင်းထနေပြီး ငွေရောင် ယွမ်စွမ်းအင် ဒန်တျန်အောက်တွင် ကြည်လင်တောက်ပနေသော ခရမ်းငွေရောင် ဓားသေးသေးလေးတစ်ချောင်းက ချက်ချင်းပင် အလင်းတန်းပုံသဏ္ဍာန်သို့ ပြောင်းလဲသွားပြီး ဝူယွမ်၏ လက်ထဲတွင် ပေါ်လာသည်။

လင်းယွမ်၊ ကောင်း‌ကင်ဝိညာဉ်မိုးကြိုးဓား၊

ဓားကဝူယွမ်၏ လက်ထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့အတွက် အသင့်တော်ဆုံး ပုံသဏ္ဍာန်သို့ ချက်ချင်းပြောင်းလဲသွားသည်။

ရွှတ်၊

ဓားကိုကိုင်လျက် ချွန်ထက်သော ငွေရောင်အလင်းတန်းက မိုးကြိုးစွမ်းအားကို သယ်ဆောင်လာကာ လျှပ်တပြက် အလင်းတစ်ခုပေါ်လာပြီး လေဟာနယ်ကို ဖြတ်ကာ အမည်းရောင် လင်းယုန်ကြီးနောက်ကို လိုက်သွားပြီး

“ရွှတ်”

အမည်းရောင်လင်းယုန်ကြီးကို တိုက်ရိုက်နှစ်ပိုင်းပိုင်းလိုက်သည်။ သွေးများ ဖျာထွက်သွားပြီး သားရဲ ခန္ဓာကိုယ် နှစ်ပိုင်းက ကောင်းကင်ယံမှ ပြုတ်ကျလာသည်။

“လင်းယွမ်၊သွေးသောက်ဖို့ အချိန်ရောက်ပြီ။”

ဝူယွမ်ကဓားကို ပွတ်သပ်လိုက်သည်။ တစ်ကြိမ်ထုတ်လွှတ်ရန်မလွယ်ကူတာကြောင့် သွေးအချို့ကို မြင်ရန် လိုအပ်သည်။

ဓားသည်မူလကတည်းက သတ်ဖြတ်ရေးလက်နက် ဖြစ်လေသည်။

ဝူယွမ်က သားရဲအုပ်ကြီးထဲသို့ ခုန်ဆင်းသွားပြီး တစ္ဆေအရိပ်လှည့်စားခြင်း ပညာရပ် အသုံးပြုကာ နဂါးကိုးကွက်ပျံသန်းခြင်း သိုင်းပညာရပ် တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

နတ်ဆိုးသားရဲအားလုံးကိုသူ၏ ဓားဖြင့် ခုတ်ချလိုက်ပြီး တစ်ကောင်မှ ခုခံနိုင်ခြင်း မရှိပေ။

အင်အားကြီးမားသော ကိုယ်ခန္ဓာအောက်တွင် လက်သီးတစ်ချက်ကပင် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို သတ်နိုင်သည်။ ဓားကို အသုံးပြု ထားသည့်အချိန်တွင်တော့ မြေပြင်က အလောင်းများစွာဖြင့် ဖုံးလွှမ်းနေပီဖြစ်သည်။ နတ်ဆိုးသားရဲ တစ်ရာနီးပါးလောက် ချိုင့်ဝှမ်းထဲတွင် အပုံလိုက် ရှိနေသည်။

ရှောင်တျောင်း၏ကြွက်နှင့်တူသော မျက်လုံးများက တောက်ပသော အရောင်များဖြင့် ပြည့်နှက်နေကာ

“အစ်ကိုကြီး၊ နောက်တစ်ကြိမ် ပိုအားကောင်းလာပြီဘဲ။ အခုဆို သာမန်တိုက်ခိုက်မှုတွေက အရင်က အစ်ကိုကြီးအသုံးပြုတဲ့ အင်အားကြီးပြီး ထူးဆန်းတဲ့ လှံတံလောက် စွမ်းအားရှိတယ်။”

“ဟုတ်တယ်၊ အစ်ကိုကြီးရဲ့ သာမန်တိုက်ခိုက်မှုလေးတစ်ခုက ငါ့ရဲ့ အစွမ်းဆုံး သိုင်းပညာထက် ပိုအားကောင်းတယ်လို့ ခံစားနေရတယ်။ ဒါပေမယ့် အစ်ကိုကြီးရဲ့ ယွမ်စွမ်းအင် လှိုင်းထမှုတွေအရ အလယ်အလတ်မှာဘဲ ရှိသေးတယ်ဆိုတာ ရှင်းနေတယ်။”

လင်းတုန်‌က ပြောရင်းတွေးလိုက်မိသည် သာမန်တိုက်ခိုက်မှုတစ်ခုသည်ပင် သူ၏ အစွမ်းကုန် လှုပ်ရှားမှုများထက် ပိုအားကောင်းနေသည်။ ထိုသို့သော အတွေးအခေါ်မျိုးသည် မည်သည့်အရာနည်း။

လင်းတုန်ကအစ်ကိုကြီး၏ အဆင့်ကို မည်သို့ဆက်လက်တိုင်းတာရမည်ကို မသိတော့ပေ။

“အခုအစ်ကိုကြီးရဲ့ စွမ်းအားကို ပုံမှန်အဆင့်တွေနဲ့ တိုင်းတာလို့ မရတော့ဘူး။”ရှောင်တျောင်းက ခေါင်းရမ်းလိုက်မိသည်။

ကောင်းကင်မြွေပါမျိုးရိုးမှ ဆင်းသက်လာသော သူ့ကိုယ်သူ ဤကမ္ဘာတွင် အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးဟု ယူဆသော်လည်း၊ အစ်ကိုကြီး၏ မူလအစကို အနည်းငယ်တောင် မသိမြင်နိုင်သေးပေ။

အစ်ကိုကြီးသိထားသော အရာများက ဤကမ္ဘာတွင် သူမကြုံစဖူးဟု ထင်ရပြီး သူ၏ သိမြင်နားလည်နိုင်မှုကို ကျော်လွန်ကာ သူ့အား ခဏခဏ သိပ်နက်ရှိုင်းလွန်းသည်ဟု ခံစားရစေသည်။ ကောင်းကင်နှင့် မြေကြီးထက်ပင် သာလွန်နေသည်ဟု ခံစားရစေသည်။

သူကိုယ်တိုင်မွေးမြူထားသော “ယင်” စာလုံးကို ဥပမာထားပါ။

ဤစာလုံးအတွင်းပါရှိသော နက်နဲမှုက သူတို့ ကောင်းကင်မြွေပါ မျိုးနွယ်၏ ကောင်းကင်နတ်ဆိုး လျှို့ဝှက်ပညာထက် သာလွန်နေသည်။

သူ၏နတ်ဆိုးဝိညာဉ်အခြေအနေက “ယင်” စာလုံးကို မွေးမြူရာတွင် အခြေခံကိုသာ တီးမိခတ်မိသေးသော်လည်း တိုက်ခိုက်မှု ပျက်စီးဆုံးရှုံးမှုကို အတိုင်းအတာတစ်ခုထိ ခုခံလာနိုင်သည်။

သူ၏နတ်ဆိုးဝိညာဉ်က မှိန်းဝါရာမှ ကြည်လင်လာကာ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာကို ဦးတည်သော တိုက်ခိုက်မှုများက သူ၏ နတ်ဆိုးဝိညာဉ်ကို ထိခိုက်စေရန် ခက်ခဲလာသည်။

ထိုသို့သော ပညာရပ်မျိုးပ မည်သည့်အရာနည်း။ သူတို့ ကောင်းကင်မြွေပါ မျိုးနွယ်၏ စွမ်းအားသည် ဤကမ္ဘာတွင် လူသားများအပါအဝင် ထိပ်တန်းတစ်ဆယ်အတွင်း ဖြစ်မှာ သေချာသည်။

ကောင်းကင်မြွေပါကဲ့သို့သော အင်အားကြီးမားသည့် မျိုးနွယ်တစ်ခုသည်ပင် အစ်ကိုကြီးရုတ်တရက် ထုတ်ယူလိုက်သော စာလုံးတစ်လုံးနှင့် နှိုင်းယှဉ်၍ မရပေ။

ဤစာလုံးကအစ်ကိုကြီး၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်သည့် ရေခဲတောင်ထိပ်သာ ဖြစ်နိုင်သည်။

အစ်ကိုကြီး၏မူလအစက ကြောက်စရာကောင်းမည်မှာ သေချာပြီး ရှောင်တျောင်းကို ပြန်လည်၀င်စားသူကဲ့သို့ ရိုးရှင်းမှုမရှိဟု သံသယဝင်စေသည်။

ပြန်လည်၀င်စားသူတစ်ဦးထက် ကျော်လွန်သွားသည့်အဆင့်က ဘာအဆင့်လဲ။

ရှောင်တျောင်း၏ ဦးနှောက်သေးသေးလေးဖြင့် စိတ်ကူးကြည့်၍ပင် မရနိုင်တော့ပေ။

“တိုက်ပွဲမြေပြင်ကို ရှင်းလင်းကြရအောင်။”

ဝူယွမ်သည် လင်းယွမ်ကို သိမ်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏လက်ရှိစွမ်းအားသည် နိဗ္ဗာန်အဆင့်နှင့် ယှဉ်ပြိုင်နိုင်မနိုင်ကို သူမသိသော်လည်း ဖန်တီးခြင်းသုံးဆင့်အတွင်း ပြိုင်ဘက်နည်းလိမ့်မည်ဟု သူထင်သည်။

ကမ္ဘာပေါင်းများစွာမှ ပညာရပ်များကို ကျင့်ကြံထားဝာာကြောငိ့ ဝူယွမ်သည် သူ၏ ကျင့်ကြံချင်းအဆင့်ဖြင့် သူ၏စွမ်းအားကို ရိုးရှင်းစွာ တိုင်းတာ၍ မရတော့ပေ။

နတ်ဆင်နှိမ်နင်းခြင်း ပညာရပ်၏ ကိုယ်ခန္ဓာအမှုန်များထဲသို့ ထည့်သွင်းသော စွမ်းအားကို မူလစွမ်းအားဖြင့် တိုင်းတာလျှင် သဏ္ဍာန်ပြောင်းအဆင့်အတွက် လိုအပ်သော စွမ်းအားထက် အများကြီး ကျော်လွန်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ဤသည်မှာထိုကဲ့သို့သော ကြောက်မက်ဖွယ် နည်းပညာတစ်ခုဘဲ ဖြစ်သည်။

“နတ်ဆိုးသားရဲအလောင်းတွေ အများကြီးဘဲ၊ အားလုံးက သဏ္ဍာန်ပြောင်းနဲ့အဆင့်အထက်တွေ။ ငါတို့ရဲ့ သိုလှောင်အိတ်တွေက အကုန် မထည့်နိုင်ဘူး။ စွန့်ပစ်လိုက်ရင်လည်း အရမ်းအလေအလွန့်ဖြစ်လိမ့်မယ်...”

လင်းတုန်သည်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော သားရဲအလောင်းများကို ကြည့်ရင်း သက်ပျင်းချလိုက်သည်။

ဤနတ်ဆိုးသားရဲအများစုက ရှေးဟောင်းသွေးမျိုးဆက်များ ရှိကြပြီး သူတို့၏ သားရဲအမြုအတေများအပြင် အသားနှင့် သွေးများသည်လည်း ရတနာများဖြစ်သည်။

“ဟက်ဟက်၊ ဒီနတ်ဆိုးသားရဲတွေက အချိန်မှန် ရောက်လာခဲ့တာဘဲ။ အစ်ကိုနှစ် မင်း ရှေးဟောင်းဓားဂိုးဏ်းရဲ့ အလောင်းတွေကို ရှာဖွေသိမ်းပိုက်။ ငါ ဒီနတ်ဆိုးသားရဲအလောင်းတွေကို ကိုင်တွယ်လိုက်မယ်။”

ရှောင်တျောင်းကတော့နတ်ဆိုးသားရဲအလောင်းတွေကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင်ရှောင်ယန်လည်း နိုးလာပီဖြစ်သည်။

ရှေးဟောင်းနဂါးမျောက်ဝံကိုမျိုချပြီးနောက် သူက သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ်သို့ တိုးတက်လာခဲ့သည်။

ထို့နောက် နိုးလာသည်နှင့်တစ်ပြိုင်နက် ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းနေသော နတ်ဆိုးသားရဲအလောင်းများကို မြင်ရလိုက်သည့်အခါ သူ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။

စားပြီးထပ်အိပ်နိုင်သေးသည်ဟု တွေးလိုက်မိသညါ။

“မင်းက တကယ့်ကံကောင်းတာပဲ၊ သားရဲအမြုအတေ အားလုံးကို မြန်မြန်စား၊ ပြီးရင် ချိုင့်ဝှမ်းရဲ့ အတွင်းပိုင်းကို အလောင်းတွေ သယ်ဆောင်ဖို့မှာ အရှင်သခင်တျောင်းကို ကူညီရမယ်။”

ရှောင်တျောင်းက ရှောင်ယန်ကိုညွှန်ကြားလိုက်သည်။

ဤတစ်ကြိမ်တွင်ရှောင်ယန်က အကြီးမားဆုံး အကျိုးအမြတ်ခံစားရသူ ဖြစ်လိမ့်မည်ဖြစ်သည်။

ရှေးဟောင်းတောရိုင်းချောက်ကမ်းပါးရှိ နတ်ဆိုးသားရဲအားလုံးသည် သူ၏ နေ့လည်စာ ဖြစ်လာခဲ့သည်။

ရှောင်ယန်သည်ဤကဲ့သို့သော အလောင်းရှာဖွေရေး အလုပ်ကို နှစ်သက်သည်။

နတ်ဆိုးသားရဲတစ်ကောင်စီမှ သားရဲအမြုအတေကို ထုတ်ယူ မျိုချပြီးနောက် သူသည် ရှောင်တျောင်း၏ စီစဉ်မှုအတိုင်း သားရဲအလောင်းတစ်ခုချင်းစီကို ချိုင့်ဝှမ်း၏ အတွင်းပိုင်းသို့ သယ်ဆောင်သွားသည်။

“အစ်ကိုကြီး၊ငါနဲ့အတူလိုက်ခဲ့ပါလား။”

“အစ်ကိုကြီးကို ရတနာတစ်ခု ပြမယ်။”

ရှောင်တျောင်းက အပြုံးတစ်ခုဖြင့် ဝူယွမ်ဆီသို့ ပျံသန်းသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဝူယွမ်ကပိုင်ယွမ်ကို ခေါ်ဆောင်ကာ ချိုင့်ဝှမ်း၏ အတွင်းပိုင်းဆီသို့ လိုက်သွားသည်။

သိပ်မဝေးလှသော အတွင်းပိုင်း လမ်းကြောင်းတစ်လျှောက် ဝိညာဉ်ဆေးပင် စီစီရီရီ ပေါက်နေသည်ကို သူမြင်တွေ့ရပြီး အများစုမှာ အဆင့်ခြောက်အထက် ဖြစ်သည်။

ဝူယွမ်က စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသည်။

ချောက်ကမ်းပါး၏လွှမ်းမိုးသူ ဖြစ်သည့် ရှေးဟောင်းနဂါးမျောက်ဝံရဲ့ စုဆောင်းမှုက အမှန်စင်စစ် ကြွယ်ဝလွန်းလှသည်။

ဤဝိညာဉ်ဆေးပင်များက သူမြင်ဖူးသမျှထဲတွင် အများဆုံး ဖြစ်ပြီး ယင်ယန်အမြွှာကြာပန်းကိုဖယ်ထားလျှင် ရှေးဟောင်းဂူသင်္ချိုင်းရှိ ဆေးကန်ထက် ပိုကြွယ်ဝသည်။

“အစ်ကိုကြီး၊ အဖိုးတန်ဆုံးအရာက အတွင်းပိုင်းမှာပဲ။”

ရှောင်တျောင်းကဝူယွမ်ကို အတွင်းပိုင်းရှိ သွေးကန်ဆီသို့ ခေါ်ဆောင်သွားသည်။

သွေးကန်၏အလယ်ဗဟိုတွင်

“ဟက်ဟက်၊ဒါတွေက ရှေးဟောင်းနဂါးမျောက်ဝံ မွေးမြူထားတဲ့ သားရဲပေါင်းစုံအသီးဘဲ။

သားရဲသွေးအများကြီး လိုအပ်တယ်။ အသီးတွေက မရင့်မှည့်သေးဘူး။အပြည့်အဝ ရင့်မှည့်ဖို့သွေးအစုတစ်ခု လိုသေးတယ်။

အစက နောက်ထပ်စောင့်ရမယ်လို့ ထင်ခဲ့တာ ဒါပေမယ့်အခု အစ်ကိုကြီးက ဒီချောက်ကမ်းပါးထဲက အင်အားကြီးတဲ့ နတ်ဆိုးသားရဲအားလုံးကို သတ်လိုက်တော့ သူတို့ရဲ့ သွေးတွေကို အသုံးပြုပြီး ဒီသားရဲအသီးနှစ်လုံးကို မွေးမြူရုံပဲ။”

ရှောင်တျောင်းကရှောင်ယန် သယ်ဆောင်လာသော သားရဲအလောင်းများကို သွေးကန်ဘေးတွင် ထားရှိပြီး သူ၏ လက်သည်းများဖြင့် သားရဲအလောင်းများပေါ်သို့ ကုတ်ခြစ်ကာ ထူးဆန်းသော ခရမ်းရောင်ရူန်း အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး မကြာမီ ဤသားရဲအလောင်းများထဲမှ သွေးအားလုံးကို ထုတ်လွှတ်ကာ သွေးကန်ထဲသို့ စီးဝင်သွားစေသည်။

ရှေးဟောင်း မြင့်မြတ်ကောင်းကင်မြွေပါတစ်ကောင်အနေဖြင့် ရှောင်တျောင်းက သားရဲအသီး၏ မွေးမြူနည်းကို သဘာဝအတိုင်း နားလည်ထားသည်။

ဝူယွမ်သည်ရှောင်တျောင်း အချိန်အတန်ကြာ အလုပ်များနေသည်ကို ကြည့်ပြီး သူလုပ်နေသည်က နတ်ဆိုးသားရဲသွေးကို သန့်စင်ရန် ယာယီနည်းလမ်းတစ်ခု ဖြစ်ပြီး သားရဲများ၏ ရိုင်းစိုင်းမှုကို ဖယ်ရှားကာ စုပ်ယူရန် ပိုလွယ်ကူစေသည်ဟု ခန့်မှန်းမိသည်။

သားရဲအလောင်းများအားလုံး သွေးများခမ်းခြောက်သွားသည့်အခါ သွေးကန်က ပြည့်လာပြီဖြစ်ပြီး ရှောင်ယန်ကို သွားရည်ယိုစေခဲ့သည်။

ပိုင်ယွမ်ပင်လျှာကို လျက်ကာ အလယ်ဗဟိုရှိ သားရဲပုံသဏ္ဍာန် အသီးနှစ်လုံးကို ကြည့်နေသည်။

ထိုသည်မှာနတ်ဆိုးသားရဲများအတွက် အံ့အားသင့်ဖွယ် ဖြားယောင်းမှုတစ်ခု ဖြစ်သည်။

သားရဲ ပေင်းစုံအသီးနှစ်လုံးက သွေးကန်မှ သွေးစွမ်းအင်ကို စုပ်ယူနေပြီး ဖြည်းဖြည်းချင်း ကြီးထွားလာကာ သူတို့၏ ပုံသဏ္ဍာန်များ ပိုမိုရှင်းလင်းလာသည်။

ရှောင်တျောင်း- “ဆယ့်ငါးရက်အတွင်း၊ ဒီသားရဲပေါင်းစုံ အသီးနှစ်လုံးက သွေးကန်ထဲက စွမ်းအင်အားလုံးကို စုပ်ယူပြီး အပြည့်အဝ ရင့်မှည့်လာလိမ့်မယ်။”

“ဆယ့်ငါးရက်က ကြာလွန်းတယ်။သူတို့ကို အရှိန်မြှင့်တင်ရာမှာ ငါကူညီမယ်။”ဝူယွမ်ကခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

ထိုအချိန်ထိစောင့်ဆိုင်းရန် သူ့တွင် သည်းခံနိုင်စွမ်း မရှိပေ။

မူလရူန်းကဖြေရှင်းနိုင်စွမ်းမရှိသော အရာ မရှိပါ။ သူကသားရဲအသီး ဖွဲ့စည်းပုံ၏ အခြေခံသဘောတရားကို သိရှိပြီးဖြစ်ကာ ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ရူန်းများ ရွေးဆွဲရန် စတင်ခဲ့သည်။

ပြီးသည်နှင့် ရူန်းများကိုထုတ်လွှတ်လိုက်ကာ။ အချို့က သွေးကန်ထဲသို့ ပေါင်းစည်းသွားပြီး အချို့က သားရဲအသီးပေါ်တွင် စုစည်းသွားကြသည်။

ခဏအကြာတွင်သွေးကန်က ဆူပွက်လာပြီး သွေးများက လောင်ကျွမ်းနေသည့်အလား၊ သေးငယ်သော သွေးအငွေ့များအဖြစ် ပြောင်းလဲသွားကာ သားရဲပေါင်းစုံအသီးများက မြန်မြန်ဆန်ဆန် စုပ်ယူလိုက်ကြသည်။

အသီးနှစ်လုံးကလှည့်ပတ်လာပြီး ခဏအကြာတွင် ထူထဲသော သွေးအိပ်ကြီးအဖြစ် ပျစ်ခဲသွားသည်။

“ဒီတစ်ကြိမ်တော့ဆယ့်ငါးမိနစ်လောက်အတွင်း ရင့်မှည့်လာလိမ့်မယ်။”

ဤအရာအားလုံးပြင်ဆင်ပြီးနောက် ဝူယွမ်သည် လက်ခုပ်တီးကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ရှောင်တျောင်းက တံတွေးမျိုချလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ဆရာကြီး”

ဤလူလုပ်သန့်စင်နည်းက သူတို့၏ သားရဲနည်းလမ်းများထက် ပိုတိုက်ရိုက်ဆန်ကာ၊ အဆင်ပြေ၊ ထိရောက်မှုရှိပြီး ပြီးပြည့်စုံသည်ဟု ခံစားရသည်။

လင်းတုန်ကပြင်ပရှိ ရှေးဟောင်းဓားဂိုးဏ်း အဖွဲ့ဝင်များနှင့် အခြားသူများထံမှ သိုလှောင်အိတ်အားလုံးကို လုယက်ပြီးနောက် ချိုင့်ဝှမ်းရှိ ဝိညာဉ်ဆေးပင်အားလုံးကို ရိတ်သိမ်းလိုက်ပြီ ဖြစ်သည်။

ထိုဝိညာဉ်ဆေးပင်အားလုံးကို သန့်စင်ပြီး သုံးမည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းအတွက် အချိန်တစ်ခုအထိ လုံလောက်မည်ဖြစ်သည်။

ဤကာလအတွင်းသူတို့က ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို ကျင့်ကြံနေပြီး သူတို့၏ ယွမ်စွမ်းအင်ကိုလည်း ကျင့်ကြံ မြှင့်တင်သင့်သေးသည်။

ထိုဝိညာဉ်ဆေးပင် အစုလိုက်ကြီးဖြင့်ဆိုလျှင်သူတို့က ချီဖန်တီးခြင်းအဆင့်ထိ ချိုးဖောက်ဝင်ရောက် နိုင်မည်ဖြစ်သည်။

ဤခရီးစဉ်ကကြီးမားသော ရိတ်သိမ်းမှုတစ်ခု ဖြစ်ခဲ့သည်။

“ဝေါင်း”

“‌ေ၀ါင်း”

ဆယ့်ငါးမိနစ်အကြာတွင်သွေးကန်ကို စောင့်ရှောက်နေသော ပိုင်ယွမ်နှင့် ရှောင်ယန်တို့က စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြသည်။ ခြောက်သွေ့သွားပြီဖြစ်သော သွေးကန်အပေါ်တွင် သွေးအိပ်များဖြင့် ပတ်ထားသော သားရဲပေါင်းစုံအသီး နှစ်လုံးမှ သွေးအိပ်များ ကွဲထွက်သွားပြီး သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

အင်အားကြီးမားသောယွမ်စွမ်းအင် လှိုင်းထမှုတစ်ခုကို သူတို့က လှုံ့ဆော်နေကြကာ သွေးစွမ်းအင်နှင့် ပြည့်နှက်နေပြီး မွှေးကြိုင်သောအနံ့တစ်မျိုး ပျံ့နှံ့သွားသည်။

ဝူယွမ်ကလက်တစ်ချက်ရမ်းလိုက်သည်နှင့် သားရဲပေါင်းစုံအသီး နှစ်လုံးက သူတို့၏ သွေးအိပ်များမှ လုံးဝလွတ်မြောက်သွားပြီး သူ့ လက်ထဲသို့ ပျံသန်းဝင်ရောက်လာသည်။

သားရဲပေါင်းစုံအသီးများကလူသားများအတွက်ပါ အလွန်အကူအညီဖြစ်စေသော်လည်း သက်ရောက်မှုက နတ်ဆိုးသားရဲများအပေါ်တွင် ပိုအားကောင်းသည်။

ရှောင်တျောင်း- “အစ်ကိုကြီး၊ ဒီသားရဲပေါင်းစုံအသီး နှစ်လုံးကို ပိုင်ယွမ်နဲ့ ရှောင်ယန်ကို ပေးလိုက်ရအောင်။ ဒါတွေကို စုပ်ယူပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်စလုံး ဆင့်ကဲပြောင်းလဲလာပြီး သူတို့ရဲ့ စွမ်းအားက အဆင့်သစ်တစ်ခုကို ရောက်ရှိလာလိမ့်မယ်။ ကူးပြောင်းအဆင့်ကို ၀င်ရောက်ဖို့ဆိုတာ ပြဿနာမရှ်ဘူး၊

နောက်ပိုင်းမှာနိဗ္ဗာန်အဆင့်ကို ချိုးဖောက်ဝင်ရောက်တာတောင် လွယ်ကူလာလိမ့်မယ်။”

သူကိုယ်တိုင်လည်းသားရဲ ပေါင်းစုံအသီးကို စိတ်ဝင်စားသော်လည်း ကံဆိုးစွာပင် သူက လက်ရှိတွင် နတ်ဆိုးဝိညာဉ် အခြေအနေတွင်သာ ရှိနေပြီး သူသုံး၍မရပေ။

“အဲ့တာကောင်းတယ်”

ဝူယွမ်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ဤသားရဲပေါင်းစုံအသီးများသည်နတ်ဆိုးသားရဲများအတွက် သဘာဝအလျောက် အားကောင်းသော ဆေးဝါးများ ဖြစ်ကြပြီး ကျောက်လက်ဖွဲ့ဖြင့် သန့်စင်ရန် မလိုအပ်ပေ။

“စား။”

ဝူယွမ်ကအသီးနှစ်လုံးကို ပိုင်ယွမ်နှင့် ရှောင်ယန်ဆီ ခွဲဝေပေးလိုက်သည်။

ကျားနှစ်ကောင်သည်စိတ်လှုပ်ရှားစွာ ပါးစပ်ဟလိုက်ကြပြီး ရှောင်ယန်ကတော့ သူ့အကျင့်အတိုင်း တိုက်ရိုက်မျိုချလိုက်သည်။

ပိုင်ယွမ်ကတော့ အနည်းငယ်ပိုပြီး ကြည့်ကောင်းသည်။ အကြိမ်အနည်းငယ် ဝါးပြီးနောက် သွေးနီရည်များက သူမ၏ သန့်ရှင်းသော သွားစွယ်များကို ညစ်ပတ်စေခဲ့သည်။

အသီးများစားပြီးနောက် ကျားနှစ်ကောင်၏ ခန္ဓာကိုယ်များက အလျင်အမြန် ဖောင်းကားလာပြီး ဆေးစွမ်းအားကို သန့်စင်ရန် ကြိုးစားလိုက်ကြသည်။

ခဏအကြာတွင်သူတို့၏ စွမ်းအားအဆင့်က တိုက်ရိုက် မြင့်တက်သွားပြီး ကြီးမားသော စွမ်းအားက သူတို့ကို စနစ်တကြ တိုးတက်စေကာ ချီဖန်တီးခြင်းအဆင့်ထိ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ကာ သူတို့၏ကျင့်ကြံခြင်းသည် သူတို့ပိုင်ရှင်၏ ကျင့်ကြံခြင်းထက် ချက်ချင်းပင် ကျော်လွန်သွားပီဖြစ်သည်။

“ရှောင်ယန်က တကယ် ထူးဆန်းတာဘံ။ သူ့ရဲ့ သန္ဓေပြောင်းသွေးမျိုးရိုးရဲ့ ဖြစ်နိုင်ခြေစွမ်းအားက တကယ်ကို ဒီလောက်ကြီးမားနေတယ်။ စွမ်းအင်အများကြီးကို တောက်လျှောက်စုပ်ယူပြီးတဲ့ နောက်မှာတောင်၊ သဏ္ဍာန်ပြောင်းအဆင့်နှင့် အထက်ရှိ နတ်ဆိုးသားရဲ တစ်ရာနီးပါးရဲ့ နတ်ဆိုးအူတိုင်တွေ၊ ပြီးတော့ ဒီသားရဲအသီးကို ထပ်ထည့်လိုက်တာတောင် အားလုံးကို ထိန်းထားနိုင်သေးတယ်။

ဒီစွမ်းအင်အားလုံးကို သန့်စင်ပြီးတဲ့အချိန်ကြရင် ချီဖန်တီးခြင်းအဆင့် အလတ်အလယ်ကိုတောင် နောက်တစ်ကြိမ် ချိုးဖောက်ဝင်ရောက်နိုင်လိမ့်မယ် အထွတ်အထိပ် ရောက်ရှိဖို့တောင် ပြဿနာ မရှိဘူး။”

သူကအနည်းငယ် မနာလိုဝန်တိုဖြစ်နေမိသည်။

အမှန်စင်စစ်အစ်ကိုကြီး ပြောသည့်အတိုင်း ရှောင်ယန်၏ ဖြစ်နိုင်ခြေနှင့်စွမ်းအားက အကန့်အသတ်မရှိ ဖြစ်သည်။

ရှောင်ယန်မှလွဲ၍ပိုင်ယွမ်လည်း ရှိသေးသည်။ ပိုင်ယွမ်နှင့်ပတ်သတ်၍တော့ ရှောင်တျောင်းက ပို၍ပင် မနာလိုဝန်တိုဖြစ်ရသည်။

ပိုင်ယွမ်စုပ်ယူထားသော စွမ်းအင်းက ပိုစင်ကြယ်ပြီး ရှောင်ယန်ကဲ့သို့ ရောထွေးခြင်းမရှိသလို သူမ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပင်ကိုယ်စွမ်းရည်နှစ်မျိုးစလုံးက အလွန်တရာ အားကောင်းသည်။

သူမသည်ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူမ၏ စွမ်းအားက တည်ငြိမ်စွာ တိုးတက်လာနေသည်။

ထို့အပြင်သူမသည် မကြာခဏ အင်အားကြီးမားသော သွေးမျိုးဆက် ပညာရပ် နားလည်သဘောပေါက် သေးသည်။ သူတို့ ကောင်းကင်မြွေပါ မျိုးနွယ်၏ ပညာရပ်ထက်ပင် ပို‌အားကောင်းသေးသည်။

ရှောင်ယန်က အသီးကိုစားသုံးပြီးနောက် သေးငယ်သော အခြေအနေသို့ ပြောင်းလဲသွားပြီး နက်ရှိုင်းစွာ အိပ်ပျော်သွားကာ လင်းတုန်က လက်ထဲတွင် ကိုင်ထားသည်။ ပိုင်ယွမ်မှာမူအိပ်နေခြင်း မဟုတ်ဘဲ သူ၏ အရွယ်အစား ကျုံ့သွားပြီး ဝူယွမ်၏ ရင်ဘက်ထဲတွင် ၀င်နေသည်။

“ရှေးဟောင်းဓားဂိုးဏ်ရဲ့ ခေါင်းဆောင်ကြီး သုံးဦးကို သတ်ပြီးသွားပြီဆိုတော့ သူတို့ရဲ့ ဂိုဏ်း ဘဏ္ဍာတိုက်ကို သွားပြီး တိုက်ခိုက်ရှာဖွေကြမယ်၊ ရှေးဟောင်းဓားဂိုဏ်းက

ရှေးဟောင်းတောရိုင်းချောက်ကမ်းပါးကို အတော်ကြာ သိမ်းပိုက်ထားပြီး ရတနာအများအပြားကို တူးဖော်ရှာဖွေခဲ့နိုင်ခဲ့လိမ့်မယ်။”ဝူယွမ်က မျှော်လင့်ချက်အနည်းငယ်ဖြင့် ပြောလိုက်သည်။

တကယ်တော့သူက လူသတ်ရခြင်းကို သဘောမကြပေ။ အစပိုင်းတွင်သူတို့က ရှေးဟောင်းဓားဂိုဏ်းကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။ ကျောင်းတော်တစ်ခုလုံးကို မတော်တဆ သုတ်သင်ပစ်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော်သူတို့ ကိုယ့်သေလမ်းကိုရှာဖို့ ဉာဏ်မဲ့စွာ ပြုမူလိမ့်မည်ကို မည်သူက သိမည်နည်း။

လူသတ်ပြီးသူ၏ အလောင်းကို လုယက်ပါ။

သတ်လိုက်သောလူက အင်အားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ထိုလူ၏ အလောင်းကို လုယက်ရမည်။

ဤသည်မှာအမြဲတန်း ဝူယွမ်၏ သံမဏိစည်းမျဉ်းဘဲ ဖြစ်သည်။ ထိုစဉ်က သေးငယ်သောလေပြင်းမုန်တိုင်း ခံတပ်လေးမှ ဝူယွမ်က နဂါးချည်မျှငိ်သလင်းကို ရှာတွေ့ခဲ့သည်။

လင်းတုန်ကလှံတံတစ်ချောင်းဖြင့် အဖြူရောင်၊ အနီရောင်နှင့် မီးခိုးရောင် ဆံပင်ရှိ အဘိုးကြီးများ၏ အလောင်းများကို ကောက်ယူပြီး ဝူယွမ်နောက်သို့ သူ၏ ဓားဖြင့် ပျံသန်းထွက်ခွာ လိုက်သွားသည်။

သူတို့ကတိုက်ရိုက် ရှေးဟောင်းဓားဂိုဏ်း၏ တောင်ကုန်းတံခါးဝသို့ ရောက်သွားကြသည်။

သဏ္ဍာန်ပြောင်းအဆင့်နှင့် အထက်ရှိရှေးဟောင်းဓားဂိုဏ်း၏ ကျင့်ကြံသူအားလုံးနီးပါးသည် ချိုင့်ဝှမ်းထဲတွင် ရှိနေပြီး ဝူယွမ်၏ ရူးသွပ်စရာ လက်သီးများဖြင့် သေသည်အထိ ထိုးနှက်ခံခဲ့ရသည်။

ယခုအခါဂိုဏ်းထဲတွင် သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူ တစ်ဦးသာ ရှိနေပြီး ဂိုဏ်းအတွင်းရှိ တပည့်သားများစွာကို စောင့်ရှောက်နေသည်။

ဝူယွမ်နှင့်လင်းတုန် ပျံသန်းလာသည်ကို မြင်လိုက်ရသော သူများနှင့် တောင်ကုန်းချောက်ကမ်းပါးရှိ လှုပ်ရှားမှုများကို သတိထားနေသော သူများသည် စိတ်ပူပန်ကာ သူတို့ကို သတိထားပြီး ကြည့်လိုက်ကြသည်။

လင်းတုန်ကလှံတံကို တိုက်ရိုက် ခါထုတ်လိုက်ပြီး လှံအထက်တွင် ကြိုးနှင့်ချည်ထားသော အဘိုးကြီး သုံးဦး၏ အလောင်းများကို ပစ်ချလိုက်သည်။

ရှေးဟောင်းဓားဂိုဏ်းအဖွဲ့ဝင်များက ရုတ်တရက် ထုံထိုင်းသွားပြီးနောက် သူတို့က ထိုအလောင်းများမှာ သူတို့၏ ခေါင်းဆောင်နှင့် အကြီးအကဲနှစ်ဦး၏ အလောင်းများ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီး လူတိုင်းက နေရာတွင် ရပ်တန့်နေကာ ဝူယွမ်နှင့် လင်းတုန်ကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြသည်။

ဝူယွမ်ကအသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ “ဒီနေ့ကစပြီး ရှေးဟောင်းဓားဂိုဏ်းကို ဖျက်သိမ်းလိုက်ပြီ၊

သိုလှောင်အိတ်တွေကိုချန်ထားခဲ့ပြီး ကျောင်းတော် ဘဏ္ဍာတိုက်ကို ဖွင့်လှစ်ပေးရင် အသက်ရှင်ခွင့်ရမယ်။”

သူ၏အသံက ကြီးမားသော ဖိအားပေးမှုဖြင့် ပြည့်နှက်နေပြီး ရှေးဟောင်းဓားကျောင်းတော် အဖွဲ့ဝင်အားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

သဏ္ဍာန်ပြောင်းအဆင့် ဒီကန်၏ လက်က တုန်ယင်နေသော်လည်း သူ၏ ခါးပတ်မှ သိုလှောင်အိတ်ကို မြန်မြန် ထုတ်ချထားလိုက်သည်။

သူကမည်သည့်ညှိနှိုင်းမှုကိုမျှ လုံးဝမပြုလုပ်ဝံ့ပေ။

သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ် ခေါင်းဆောင်ကြီး နှစ်ဦးနှင့် ချီဖန်တီးခြင်းအဆင့် ခေါင်ဆောင်ကြ သေဆုံးခြင်းနှင့် ချောက်ကမ်းပါးရှိ ကြီးမားသော ရှုတ်ထွေးမှုက လူငယ်နှစ်ဦးကြောင့် ဖြစ်ရပေမည်။

ခေါင်းဆောင်နှင့်အခြားသူများက ချိုင့်ဝှမ်းကို သွားရောက် စုံစမ်းစစ်ဆေးစဉ် ဤလူများနှင့် ပဋိပက္ခ ဖြစ်ခဲ့ကြောင်း၊ သေဆုံးမှုကို ဖြစ်စေခဲ့ကြောင်း မှန်းဆရန် ခက်ခဲမည် မဟုတ်ပေ။

ပြိုင်ဘက်များက အလွန်အင်အားကြီးမားလွန်းသည်။ သူတို့က လူများကို မသတ်ကြသည်မှာ ၀ူယွမ်တို့က သူတို့ကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း ဖော်ပြနေသည်။

ငြင်းဆိုရဲပါကသူတို့၏ ဦးခေါင်းများ မြေပေါ် လှိမ့်ကျလိမ့်မည်မှာ သေချာသည်။

လူတိုင်းက အလွန်သိမြင်နားလည်မှုရှိသည်။

သူတို့ကကျိုးနွံစွာဖြင့် သိုလှောင်အိတ်များကို ချထားလိုက်ပြီး ဘဏ္ဍာတိုက်ကိုဖွင့်ရန် ဦးဆောင်လမ်းပြကာ တက်ကြွစွာ လုပ်ဆောင်နေကြသည်။ ဝူယွမ်က သနားမနေဘဲ လင်းတုန်ကို အကုန်လုံး စုဆောင်းရန် ပြောလိုက်သည်။

လင်းတုန်၏စရိုက်လက္ခဏာအရ သူက ယွမ်ကျောက်တုံးတစ်တုံးကိုပင် မချန်ထားခဲ့ပေ။

ဝူယွမ်သည်ရှေးဟောင်းဓားဂိုဏ်းအပေါ်တွင် ရပ်ကာ တစ်ကျောင်းတော်လုံးကို စစ်ဆေးကြည့်လိုက်ည်။

“အိုး။”

ဝူယွမ် အံဩသွားပြီး အာ‌ေမဠိတ် အသံထွက်လိုက်မိသည်။

ဂိုဏ်း၏အလယ်ဗဟိုတွင် ဆယ်လံ အမြင့်ရှိသော ကျောက်ဓားကြီးတစ်ချောင်းက ဝူယွမ်၏ အာရုံကို ဆွဲဆောင်လိုက်သည်။

မူရင်းဇာတ်လမ်းတွင် ရှေးဟောင်းဓားကျောင်းတော်က ဧရာမကျောက်ဓားကြီးကို အသုံးပြုခဲ့ပြီး တစ်ကျောင်းတော်လုံး ပူးပေါင်းပြီး ယွမ်စွမ်းအားကို ထုတ်လွှတ်ကာ ရှေးဟောင်းနဂါးမျောက်ဝံကို တွန်းလှန်ခဲ့သည်ကို သူအမှတ်ရလိုက်သည်။

ထိုအချိန်က ရှေးဟောင်းနဂါးမျောက်ဝံက ချီဖန်တီးချင်းအဆင့် အလယ်အလတ် မှာရှိပြီး၊ ရှေးဟောင်းဓားဂိုဏ်းမှာ ချီဖန်တီးဆင့်အဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးသာရှိသည်။

ဤသို့သောစွမ်းအားဖြင့် ရှေးဟောင်းနဂါးမျောက်ဝံကို လှုပ်ခါစေရန် အလှမ်းဝေးလှသည်။

ဤဧရာမကျောက်ဓားကြီးကတိုက်ခိုက်ရာတွင် စွမ်းအင် ကွာဟမှုကို ဖြည့်ဆည်းပေးနိုင်သည့် ပုံမှန်မဟုတ်သော အထူးအရည်အသွေးများ ရှိရမည်။

ဝူယွမ်ကပျံသန်းသွားပြီး သူ၏ စွမ်းအားပြင်း နတ်ဆိုးမျက်စိနှင့် ကျောက်ဓားကို စစ်‌ေဆးကြည့်သည်။

သူကလက်ရှိ မျက်စိစွမ်းအားကိုသုံးထားသလို ပျော်ဖွယ် ဆရာကြီး၏ မှတ်ဉာဏ်များကို ဆက်ခံထားပြီး ရူန်းများတွင်လည်း နက်နဲသော အောင်မြင်မှုများရှိသောကြောင့် သူက အတွင်းရှိ လျှို့ဝှက်ချက်များကို အလွယ်တကူ ထိုးထွင်းသိမြင်နိုင်သည်။

သူကယွမ်စွမ်းအင် အားလှိုင်းတစ်ခုကို ကျောက်ဓားထဲသို့ ပို့လွှတ်လိုက်သည်။

ကျောက်ဓားမှ အလင်းတန်းတစ်ခုထွက်လာပြီး တစ်ဆယ်လံ ခန့်ရှိသော ဧရာမကျောက်ဓားကြီးက ချက်ချင်းပင် တုန်ခါလာသည်။ အလွန်ချွန်ထက်သော ဓားသွားစွမ်းအင် တစ်ခုက ဓားကိုယ်ထည်ပေါ်တွင် စုစည်းလာပြီး နောက်ဆုံးတွင် ကောင်းကင်ယံကို ပစ်ခတ်လိုက်သည်။

ဓားအလင်းတန်း၏စွမ်းအားက ချီဖန်တီးခြင်းအဆင့် အလယ်အလတ် တိုက်ခိုက်မှုတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

ကျောက်ဓားကြီးက ယွမ်စွမ်းအင်ကို အင်အားကြီးမားသော ဓားအလင်းတန်းတိုက်ခိုက်မှုအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ထိုအရာသည် ဝူယွမ်အသုံးပြုသော ယွမ်စွမ်းအင် အစိတ်အပိုင်းတစ်ခု၏ သက်ရောက်မှုသာ ဖြစ်သည်။

ထို့အပြင်ကျောက်ဓားကြီးသည် လူအများ၏ စွမ်းအားကို ပေါင်းစပ်ကာ အတူတကွ ဓားအခင်းအကျင်းကို ဖွင့်လှစ်နိုင်သည်။

ယွမ်စွမ်းအင်အမြောက်အမြားဖြင့် ဖွင့်လှစ်ပါက စွမ်းအားကို အကန့်အသတ်မရှိ တိုးမြှင့်နိုင်သည်။

ဤဓားအစီအရင်သည် တစ်ဆင့်တက် တိုက်ခိုက်နိုင်သည့် လက်နက်တစ်ခုသဖွယ် ဖြစ်သည်။

“အံ့ဩဖွယ်အစီအရင်တစ်ခုဘဲ။”

နားလည်သွားပြီးနောက် ဝူယွမ် မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ဤဓားအစီအရင်သည် သူမြင်ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံးနှင့် အင်အားအကြီးမားဆုံး အစီအရင်ဖြစ်ပြီး ယခင်က ရှေးဟောင်းဂူသင်္ချိုင်းရှိ အစီအရင်များထက် ပိုနှစ်သက်ဖွယ်ကောင်းသည်။

ဤသည်မှာ ရှေးဟောင်းဓားကဂိုဏ်း၏ အခြေခံအုတ်မြစ်ကြီး ဖြစ်နိုင်သည်။

ဝူယွမ်ကကျောက်ဓား၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားသည်ကို မြင်ပြီး ကျန်ရှိနေသော ဒီကန်တစ်ဦးသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

ရှေးဟောင်းဓားဂိုဏ်းက ဤရှေးဟောင်းဓားအစီအရင်ကို အားကိုးကာ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ဂိုဏ်းကို ကျောက်ဓားကို ဂိုဏ်း၏ ဗဟိုအဖြစ် ထားကာ တိုက်ရိုက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဓားရှိနေသရွေ့ရှေးဟောင်းဓားဂိုဏ်း မပျက်စီးနိုင်ဟုပင် ဆိုနိုင်သည်။

သူငရှေးဟောင်းဓားဂိုဏ်း အခြားတစ်ခုကိုပင် တည်ထောင်နိုင်သေးသည်။

သို့သော်ယခု ထိုသို့တွေ့ရှိပြီးနောက် အခြားတစ်ဖက်က ဤရှေးဟောင်းဓားအစီအရင်ကို ယူရန် ကြိုးစားလိမ့်မည်ဖြစ်သည်။

ဝူယွမ်က ကျောက်ဓားကို လှည့်ပတ်လေ့လာနေသည်။

ဤအစီအရင်သည် အလွန်ကြီးမားပြီး အတွင်းနှင့် အပြင် နှစ်ပိုင်းခွဲထားသည်။

အခြေခံအစီအရင်က ကျောက်ဓားအတွင်း၌ ရှိသည်။

သူကသူ၏ ဝိညာဉ်စွမ်းအင်ကို ကျောက်ဓားထဲသို့ ဆက်လက်ပို့လွှတ်ကာ အတွင်းရှိ အစီအရင်ရူန်းတစ်ခုစီကို နက်နက်ရှိုင်းရှိုင်း လေ့လာနေသည်။

နောက်ဆုံးတွင်သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့တက်လာပြီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။

သူ နောက်ထပ် လျှို့ဝှက်လက်နက် တစ်ခုရရှိခဲ့ပီ ဖြစ်သည်။

All Chapters