မုချန်ချန် - ကျွန်မရဲ့ စွမ်းရည်နဲ့ အစ်ကိုကြီးကို ဖမ်းစားမယ်
Vol. 12 Ch. 112
ဝူယွမ်က ခဏတဖြုတ် တွေးတောပြီးနောက် မုချန်ချန်ကို ထပ်မံစူးစမ်းကြည့်လိုက်သည်။
ဤမိန်းကလေးမှာ အမှန်တကယ်ပင် လှပပြီး ဆွဲဆောင်မှုရှိလွန်းသည်။
ချင်တန်နှင့် ယင်ယင်ကဲ့သို့ သွယ်လျလှပသော လိုလီ ကလေးမလေးလိုမျိုး မဟုတ်ဘဲ၊ သူမကဲ့သို့ ရင့်ကျက်သော အမျိုးသမီးက သူ၏တပည့်ဖြစ်ဖို့ အနည်းငယ် မကိုက်ညီဟန်ရှိသည်။
ထိုအစား သူမအား ညီမငယ်လေးဟု ခေါ်ဝေါ်ခြင်းက ပို၍ကိုက်ညီမည်ဖြစ်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ညီမငယ်လေးပဲထားပါတော့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိုဏ်းထဲမှာ ငါတို့နှစ်ယောက်ပဲရှိတာ။” ဝူယွမ်က ပေါ့ပေါ့ဆဆ ပြောလိုက်သည်။
“ဘာ၊ နှစ်ယောက်ပဲလား။” မုချန်ချန်၏ လှပနုပျိုသော မျက်လုံးများ ပြူးကျယ်လာသည်။ အစက သူမစိတ်ကူးထားသော အားကောင်း၊ နက်နဲလွန်းတဲ့ ဂိုဏ်းက ဝူယွမ်တစ်ဦးတည်းသာ ဖြစ်နေသည်။
“ဟုတ်တယ်။ နောက်ထပ်ဘာတွေထင်သေးလို့လဲ။ ငါတို့ ပျော်ဖွယ်ဂိုဏ်းကို ဘယ်သူမဆို ဝင်နိုင်တယ်လို့ ထင်တာလား။”
“သူကရော။” မုချန်ချန်က လင်းတုန်ကို ညွှန်ပြလိုက်သည်။
“သူ့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းက ငါတို့ဂိုဏ်းရဲ့ လမ်းကြောင်းနဲ့ မတူဘူး။ ဒါကြောင့် သူက ငါတို့ဂိုဏ်းဝင်မဟုတ်ဘူး။ လင်းတုန်က ငါ့ရဲ့ ညီအစ်ကိုတစ်ယောက်ပါ။ ဒါပေမယ့် အဲ့တာက သပ်သပ် တစ်ခုဘဲ၊ သူက ငါတို့ဂိုဏ်းရဲ့ ပင်မပညာရပ်တွေကို မသင်ယူထားဘူး။ အီး... အများဆုံးအနေနဲ့သူ့ကို အပြင် တပည့်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။” ဝူယွမ်က လင်းတုန်၏ ကောင်းကင်အကြေးခွံ လှံတံနည်းပညာအား စဉ်းစားမိသည်။ ထိုအရာက ပျော်ဖွယ်ဆရာတော်၏ အမွေအနှစ်လည်း ဖြစ်သဖြင့် သူက ပျော်ဖွယ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားခဲ့သည်။
“အခု ငါက ဆရာ့ကိုယ်စား မင်းကို တပည့်အဖြစ် လက်ခံယူမယ်။ စည်းကမ်းက ရိုးရှင်းတယ်။ မင်းက ငါ့ကို လက်ဖက်ရည်ကမ်းရုံပဲ။ နောက်မှ ငါမင်းကို ဆရာ့အထိမ်းအမှတ်ခန်းမကို ခေါ်သွားပြီး အရိုအသေ ပေးခိုင်းမယ်”
ဤသည်က ဝူယွမ်၏ ပထမဆုံးအကြိမ် သူ့ဆရာအတွက် တပည့်တစ်ဦးကို တရားဝင်လက်ခံယူခြင်းဖြစ်ပြီး အတွေ့အကြုံမရှိသဖြင့် ဤသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မုချန်ချန်က အနည်းငယ် မသက်မသာ ခံစားရသော်လည်း ဝူယွမ်၏ စွမ်းရည်က ငြင်းမရသော အမှန်တရားဖြစ်သည်။
ဤဂိုဏ်းက ယာယီအဖွဲ့တစ်ခုနှင့် တူပြီး စည်းကမ်းအားလုံးလိုလို ကင်းမဲ့နေသည်မှာ အမှန်ပင်ဖြစ်ကာ သူမမျှော်လင့်ထားသည်နှင့် များစွာကွာခြားနေသည်။
သူ့အနာဂတ် ညီမငယ်လေး၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားကာ အနာဂတ်အတွက် မျှော်လင့်ချက်အနည်းငယ် ပေးရန် ရည်ရွယ်ပြီး ဝူယွမ်က ခဏလောက် တွေးပြီးနောက်။
“စိတ်မပူပါနဲ့၊ ပျော်ဖွယ်ဂိုဏ်းထဲ ဝင်တာက မင်းအတွက် ဘာမှ မဆုံးရှုံးပါဘူး။ ငါ့ဆရာက အရင်တုန်းက နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ဂိုဏ်းရဲ့နည်းပညာတွေကို သင်ယူပြီးတဲ့နောက် နိဗ္ဗာန်အဆင့်ကို ဖြတ်ကျော်ဖို့ဆိုတာ လုံးဝမခက်ခဲဘူး။
မင်းမှာ အားကောင်းတဲ့ လက်တွဲဖော်ရဲ့ အကူအညီ ရှိမယ်ဆိုရင် နိဗ္ဗာန်အဆင့်ကိုတောင် ကျော်လွန်နိုင်တယ်။”
“နိဗ္ဗာန်အဆင့်ကို ကျော်လွန်နိုင်တယ်လား။” မုချန်ချန်၏ မျက်လုံးထဲတွင် ပန်းသစ်တော ပွင့်လန်းသွားသကဲ့သို့ ရုတ်တရက် လင်းလက်လာသည်။
ဝမ့်လွန်ပြည်နယ်တွင် ကူးပြောင်းခြင်းအဆင့်က အထွတ်အထိပ်ဖြစ်သည်။
သူမ၏ဖခင်ပင် ကူးပြောင်းခြင်းအဆင့်၏ အစောပိုင်းအဆင့်သာရှိသေးသည်။
နိဗ္ဗာန်အဆင့်ကို သူမအိပ်မက်မက်ရန်ပင် မဝံ့ရဲပေ။
သို့သော် ဝူယွမ်၏စကားကို အချို့သောအချက်အလက်များကြောင့် ယုံကြည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အသက်ငယ်ရွယ်စဉ်မှာတွင် သူက သူမ၏ဖခင်နှင့် ယှဉ်နိုင်သော စွမ်းရည်ရှိနေပြီး ဖြစ်သည်။
မဟာယန်မင်းဆက်၏ နောက်မျိုးဆက်များအနက် မည်သူကမျှ သူနှင့်မယှဉ်နိုင်ချေ။
သို့ပေမဲ့ စည်းကမ်းက လိုအပ်နေဆဲဖြစ်သည်။ အကယ်၍ မရှိပါက သူမကိုယ်တိုင် ဖန်တီးရလိမ့်မည်။ မုချန်ချန်က အမြဲတမ်း အရေးကိစ္စများတွင် လေးလေးနက်နက် ဆောင်ရွက်တတ်သည်။
“အစ်ကိုကြီး၊ ကျေးဇူးပြုပြီး အဓိကနေရာကို ယူပါ။” သူမက သူမ၏ကျောက်စိမ်းကဲ့သို့လက်လေးဖြင့် အိမ်ရှေ့ခြံ၀န်းကြီး၏ အလယ် အဓိကနေရာသို့ ညွှန်ပြသည်။
မဟာနတ်ဆိုးဂိတ် တပည့်ခံယူခြင်းတွင် သုံးကြိမ်ဦးချ၊ ကိုးကြိမ်ဒူးထောက်ခြင်း နည်းများ ပါဝင်သည်။
ဝူယွမ်က ခေါင်းညိတ်ကာ မုချန်ချန်ပြောသည့်အတိုင်း ထိုင်လိုက်သည်။
မုချန်ချန်က လက်ဖက်ရည်ကို လောင်းထည့်ပြီး သူ့ထံသို့သွားကာ ဒူးနှစ်ဖက်ထောက်ပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
“ဆရာ၊ ကျေးဇူးပြုပြီး လက်ဖက်ရည်ကို သုံးဆောင်ပါ။” သူမက ဝူယွမ်အား သုံးကြိမ်ဦးချ၊ ကိုးကြိမ်ဒူးထောက် ခြင်းဖြင့် မဟာနတ်ဆိုးဂိတ်၏ တပည့်ခံထုံးတမ်းစဉ်လာ အတိုင်း လက်ဖက်ရည်ကမ်းလိုက်သည်။
ဝူယွမ်က ဆရာအခန်းကဏ္ဍကို သရုပ်ဆောင်ရင်း မုချန်ချန်၏ ကြိုးစားအားထုတ်မှုကို မြင်တွေ့ရသော အခါတွင် ဤကြီးကျယ်ခမ်းနားသော အခမ်းအနားကို တည်ကြည်စွာ လက်ခံယူလိုက်သည်။
စည်းကမ်းများကို သူ အလေးမထားသော်လည်း ဤအရာများက သဘောထား ပြသခြင်းဖြစ်သည်။
မုချန်ချန်၏ လေးနက်မှုက သူ၏ကိုယ်ပိုင်လေးနက်မှုကို ပြန်လည်ရရှိစေသည်။
ဤရှုထောင့်မှ ကြည့်လျှင် မုချန်ချန် ပြုစုပျိုးထောင်ခံလာရသည်မှာ ကောင်းမွန်ပုံရသည်။
“ကောင်းပြီ၊ ထတော့၊ အခုမှစပြီး မင်းက ငါ ဝူယွမ်ရဲ့ ညီမငယ်လေးဘဲ။” လက်ဖက်ရည်သောက်ပြီးနောက် ဝူယွမ်က လေးလေးနက်နက် ပြောလိုက်သည်။
“အစ်ကိုကြီး။” မုချန်ချန်က ချိုမြိန်ပျော့ပျောင်းစွာ၊ ရှက်ရွံ့သောဟန်ဖြင့် “အစ်ကိုကြီး၊ ပျော်ဖွယ်ဂိုဏ်းရဲ့ တပည့်အဖြစ်ခံယူတဲ့အကြောင်းကို အခုခဏ လျှို့ဝှက်ထားလို့ရမလား။”
“အိုး... ဘာကြောင့်လဲ။”
မုချန်ချန်က မြန်မြန်ဆန်ဆန် ရှင်းပြလိုက်သည်၊ “အစ်ကိုကြီး၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့၊ အခြား မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်မက မဟာနတ်ဆိုးဂိတ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေတုန်းပါ။ ဒီဆုံးဖြတ်ချက်က ကျွန်မကိုယ်တိုင်က သီးသန့်ချမှတ်လိုက်တာမလို့။ အဖေက မသိသေးဘူး။
ကျွန်မက အိမ်ကိုပြန်ရောက်ပြီး အဖေကို ပြောပြပြီးမှ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ကြေညာချင်တယ်။ အစ်ကိုကြီး၊ စိတ်ချလက်ချ နေပါ။ အဖေက ကျွန်မရဲ့ တောင်းဆိုချက်ကို ကျိန်းသေသဘောတူလိမ့်မယ်။
ဒါပေမယ့် အစ်ကိုကြီး ကျွန်မနဲ့အတူ အဖေနဲ့တွေ့ဖို့ လိုက်လာပေးရမယ်။
မဟုတ်ရင် အဖေက ကျွန်မအတွက် စိတ်မချဘဲ နေလိမ့်မယ်...” သူမက သူမ၏ဖခင်ကို နားလည်ထားသည်။ သူမအဖေက သူမ၏တောင်းဆိုချက်ကို ကျိန်းသေသဘောတူမည် ဖြစ်သော်လည်း သူမ၏ဖခင်က သူမကို အလွန်ချစ်မြတ်နိုးပြီး သူ့သမီး အနိုင်ကျင့်ခံရမည်ကို အမြဲစိုးရိမ်နေသည်။
“မဟာနတ်ဆိုးဂိတ်က မင်းရဲ့ မိသားစုဂိုဏ်းမလို့ ပျော်ဖွယ်ဂိုဏ်း တပည့်တစ်ယောက်ရဲ့ အဆင့်အတန်းကို ထိခိုက်စေမှာမဟုတ်ဘူး။ လက်ရှိမှာတော့ ဂိုဏ်းထဲမှာ အစ်ကိုကြီးနဲ့ ညီမငယ်လေး နှစ်ယောက်ပဲရှိတယ်၊ ဒါကြောင့် စည်းကမ်းအများကြီး မလိုဘူး။ မင်းက ဂိုဏ်းကို သစ္စာဖောက်တာမဟုတ်ရင် ပြဿနာမရှိဘူး။ ပြီးတော့ နောက်ပိုင်းမှာ ဂိုဏ်းကို လုံးလုံးလျားလျား မင်းလက်ထဲ အပ်နှင်းဖို့ စီစဉ်ထားတယ်။ ဂိုဏ်းက မင်းလက်ထဲမှာ ထွန်းကားလာတဲ့အခါ မင်းကြိုက်တဲ့ စည်းကမ်းတွေ သတ်မှတ်လို့ရတယ်။
အဖေနဲ့တွေ့ဖို့ကျတော့ ငါ ရှေးဟောင်းတောရိုင်းကျောက်စာတိုင် ကြီးဆီ သွားပြီးမှ ပြောကြရအောင်။” ဝူယွမ်က အေးဆေးတည်ငြိမ်စွာ ရှင်းပြပြီး သူမကို အလွန်လွတ်လပ်ခွင့်ပေးထားသည်။
“ဒီအသေးအဖွဲကိစ္စတွေကိုက မင်းအဆင်ပြေသလို ကိုင်တွယ်ဖြေရှင်းလို့ရတယ်။ အခု အစ်ကိုကြီးက မင်းကို ကျင့်စဉ်နည်းလမ်းကို အရင်ဆုံးပေးအပ်မယ်၊ ဒါမှ မင်းရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းကို မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်လိမ့်မယ်။”
“လာ၊ အစ်ကိုကြီးနောက်ကလိုက်ခဲ့၊ အိမ်ထဲဝင်လိုက်။”
“ညီနှစ်၊ ငါ မုချန်ချန်ကို သင်ပေးလိုက်အုံးမယ်။ မင်းက အပြင်မှာ ကျင့်ကြံနေလို့ရတယ်၊ ပြီးတော့ ဒီဝိညာဉ်စွမ်းအင်မွေးမြူရေး ခေါင်းအုံးကို ဘယ်လိုသုံးရမလဲဆိုတာ လေ့လာထားလို့ရတယ်။” ဝူယွမ်က ညွှန်ကြားလိုက်ပြီး မုချန်ချန်ကို အပေါ်ထပ်အခန်းထဲသို့ ခေါ်သွားကာ လင်းတုန်နှင့် ပိုင်ယွမ်တို့ကို အဓိကခန်းမထဲတွင် ထားခဲ့လိုက်သည်။
အခန်းထဲရောက်သွားသောအခါ မုချန်ချန်က အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။ ဤသည်မှာ သူမနှင့်အသက်ရွယ်တူ ယောက်ျားတစ်ယောက်နှင့် အခန်းထဲတွင် နှစ်ယောက်တည်းအတူတူ ရှိနေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူမအစ်ကိုကြီး၏ ချောမောလှပသော မျက်နှာ၊ ခိုင်မာသော၊ကိုယ်ခန္ဓာ ယောက်ျားပီသမှုများဖြင့် ပြည့်ဝနေသည့်ဟန်ပန်ကို ကြည့်ရင်း-
သူမ၏စိတ်က လွင့်မျောနေခဲ့သည်။ အကယ်၍ အခုအချိန်တွင် အစ်ကိုကြီးသာ သူမအား မသင့်လျော်သောအရာတစ်ခုခု ပြုလုပ်မည်ဆိုပါက၊ သူ၏စွမ်းအားဖြင့် သူမက လုံးဝအကူအညီမဲ့နေမည် ဖြစ်သည်။
ငါငြင်းသင့်လား
ကိုယ်ဝန်ရသွားရင်ကော။
ယောက်ျားလေး။ မိန်းကလေး။
ကလေးကိုရော ဘယ်လိုခေါ်ရမလဲ။
...တဒင်္ဂအတွင်း မုချန်ချန်၏ အတွေးများထဲတွင် ကလေးနှစ်ယောက် လောက်ပါရသွားသည်။
“ဘာတွေးနေတာလဲ။ လာထိုင်လိုက်” ဝူယွမ်က မုချန်ချန် စိတ်ဝင်စားမှုကင်းမဲ့နေသည်ကို မြင်တွေ့ရသောအခါ အော်ခေါ်လိုက်သည်။
“အိုး၊ အိုး၊ လာပီ”
“ကျင့်စဉ်မလွဲပြောင်းပေးခင် အစ်ကိုကြီးက မင်းကို သီးသန့်မေးခွန်းတစ်ခု မေးဖို့လိုတယ်။ မင်းက ငါ့ကို အမှန်အတိုင်း ဖြေကြားရမယ်၊ မဖုံးကွယ်ရဘူး၊ ဘာလို့လဲဆိုတော့ ဒါက မင်းရဲ့အနာဂတ် ကျင့်ကြံခြင်းနဲ့ ဆက်စပ်နေလို့ဘဲ။”
“အစ်ကိုကြီး၊ ကျေးဇူးပြုပြီး မေးပါ။ ကျွန်မ အမှန်အတိုင်း ဖြေပါ့မယ်။”
ဝူယွမ်က မေးရန် အနည်းငယ် အားငယ်နေကာ၊ ခဏရပ်နားပြီးနောက်၊ “မင်းက အပျိုစစ်သေးလား”
မုချန်ချန်၏ မျက်နှာလေးက ချက်ချင်းနီမြန်းသွားသည်။ အကယ်၍ အစ်ကိုကြီး၏ လေးနက်သောမျက်နှာအသွင်အပြင်သာ မရှိခဲ့ပါက သူက သူမကို မကောင်းကြံရန် ကြိုးစားနေသည်ဟု သူမထင်မိမှာ သေချာသည်။
“အစ်ကိုကြီး၊ ဒီမေးခွန်းက အရေးကြီးလား။”
“အရမ်းအရေးကြီးတယ်” ဝူယွမ်က ခေါင်းညိတ်ပြလိုက်သည်။
“မဟုတ်... မကျိုးသေးပါဘူး။” မုချန်ချန်၏ နုနယ်သောမျက်နှာလေးက ယခုအခါ အရက်မူးနေသကဲ့သို့ နီမြန်းေနသည်။ သူမရှက်ရွံ့နေစဉ် သူမ၏ဆွဲဆောင်မှုကိုယ်ခန္ဓာ၏ သက်ရောက်မှုကို သူမတောင် မသိလိုက်ဘဲ ပြီးပြည့်စုံစွာ ပြသလိုက်သည်။
လက်ရှိအချိန်တွင် သာမန်အနက်ရောင် ည၀တ်အကျီကို ဝတ်ဆင်ထားသော်လည်း-
ဝူယွမ်၏မျက်လုံးထဲတွင် အဲ့တာက ဖျားယောင်ခြင်း အဝတ်အစားတစ်မျိုးဖြစ်လာသည်ဟု ထင်ရသည်။
မမြင်ရသော ဆွဲဆောင်မှုက အမြဲတမ်း အားအကောင်းဆုံးဖြစ်သည်။
“အဟမ်း၊ မကျိုးတာ ကောင်းတယ်။”
“ဒီကိစ္စက ဒီလိုရှိတယ်၊ ပျော်ဖွယ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်း ယင် နဲ့ ယန် ရဲ့ ဟန်ချက်ညီမှုကို အဓိကထားပြီး နှစ်မွှာ ကျင့်ကြံခြင်းကို အဓိကထားတယ်။
အဲ့တာကြောင့် မွေးရာပါ ယင် စွမ်းအင်ကို ထိန်းသိမ်းတာက အရမ်းအရေးကြီးလွန်း
စစ်မှန်တဲ့ နှစ်မြွှာကျင့်ကြံခြင်းတွေက သာမန်အမျိုးသားနဲ့အမျိုးသမီး ချစ်ခြင်းမေတ္တာတွေလို မရိုးရှင်းဘူး...”
ဝူယွမ်က ပျော်ဖွယ်ဂိုဏ်း၏ နှစ်မြွှာ ကျင့်ကြံခြငါး ဒသနနှင့် ယင်၊ယန် လမ်းကြောင်းကို စတင်ရှင်းပြလိုက်သည်။
သူက မုချန်ချန်အား မေးခွန်းမေးရန် အခွင့်အရေးမပေးခဲ့ပေ။ သူက အားလုံးကို တစ်ခါတည်း ရှင်းပြလိုနေသည်။
အဘယ်ကြောင့်ဆိုသော် လောကကြီးက လူများ၏ မျက်လုံးများထဲတွင် ဤကျင့်ကြံခြင်းနည်းလမ်းကို ရွံရှာဖွယ်နည်းလမ်းအဖြစ် အမြဲယူဆကြသောကြောင့် ဖြစ်သည်။
ဥပမာ လင်းချင်းကျူလိုသူတစ်ယောက်က၊ ဤကျင့်ကြံခြင်းနည်းလမ်းကို အလွန်အထင်သေးခဲ့သည်။
ဟုတ်ပေသည်။ ဒါက ဆိုးယုတ်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်သည်၊ စွမ်းအင် ကျင့်ကြံရာမှာ ထိုကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုပြီး ဇွတ်အတင်း လုယက်ကာ များစွာသောအသက်များကို ထိခိုက်စေခဲ့သည်။
ဤအရာက ကျင့်ကြံမှုအတွက် ဆိုးရွားတဲ့ ဂုဏ်သတင်းကို ယူဆောင်လာခဲ့သည်။
သို့သော် ပျော်ဖွယ်ဆရာကြီး ကျင့်ကြံခဲ့သည်မှာ ရိုးရှင်းသည့် နှစ်မြွှာကျင့်ကြံနည်းဖြစ်သည်။
ဝူယွမ်သည် ဂိုဏ်း၏ ကျင့်ကြံခြင်း ဒဿနကို ရှင်းပြပြီးနောက် မုချန်ချန်၏ မွေးရာပါဆွဲဆောင်မှု ကိုယ်ခန္ဓာအကြောင်း ဆက်လက်ရှင်းပြခဲ့သည်။ ထိုကဲ့သို့သော ကိုယ်ခန္ဓာဖြင့် ယင်၊ယန် နှစ်မြွဇာ လမ်းကြောင်းကို ကျင့်ကြံခြင်း၏ အားသာချက်များကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့သည်။
ထို့နောက်မှသာ မုချန်ချန်က တဖြည်းဖြည်း လက်ခံလာခဲ့သည်။
သို့သော် နားထောင်ပြီးနောက် သူမသည် ဝူယွမ်ကို သံသယဖြင့် ကြည့်လိုက်ကာ။
“အစ်ကိုကြီး၊ ရှင်ပြောသည်အတိုင်းဆိုလျှင် ကျွန်မရဲ့ခန္ဓာကိုယ်က လူသားဆေးအိုးအဖြစ် ကျင့်ကြံဖို့ အလွန်သင့်လျော်တယ်မလား။”
အခြားသူများ၏ အကူအညီမပါဘဲ နောက်ဆုံးထိ မအောင်မြင်နိုင်ပေ။ လူသားဆေးအိုးတစ်လုံးက အခြားသူများအတွက် အကျိုးကျေးဇူးဖြစ်စေရန် ဖြစ်သည်။
“ဟမ်၊ မှန်တယ်၊ ဒါပေမယ့် လူသားဆေးအိုးရဲ့ ဦးတည်ချက်အတိုင်း ဖွံ့ဖြိုးအောင် ငါလုပ်ဖို့ အကြံမပေးဘူး၊ မင်းက တကယ်ပဲ တစ်စုံတစ်ယောက်ကို ဖြည့်ဆည်းပေးချင်တာမျိုး မဟုတ်ရင်ပေါ့။”
ဝူယွမ်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ဟုတ်ပေသည်၊ ဤအရာအားလုံးကို သူသိထားပြီး မုချန်ချန်ထံ ပွင့်ပွင့်လင်းလင်းပြောပြရခြင်း၏ အကြောင်းအရင်းမှာ သူမအား လူသားဆေးအိုးအဖြစ် အသုံးပြုရန် သူစဉ်းစားခဲ့ခြင်းမရှိသောကြောင့် ဖြစ်သည်။
မုချန်ချန်က မျက်လုံးလှိမ့်လိုက်သည်။ လူသားအိုးအဖြစ် အရူးတစ်ယောက်ကသာ ရွေးချယ်လိမ့်မည်ဖြစ်သည်။
သူမစဉ်းစားနေသည်မှာ ဝူယွမ်တွင် သူမအား အမြတ်ထုတ်ရန် ရည်ရွယ်ချက်ရှိမရှိဘဲဖြစ်သည်။
“ညီမငယ်လေး၊ မင်းဘာကို စိုးရိမ်နေလဲဆိုတာ ငါသိပါတယ်။ အစ်ကိုကြီးက ယောက်ျားကောင်းတစ်ယောက် မဟုတ်ပေမယ့် အရှက်မဲ့တဲ့သူလို့ မဆိုလိုဘူး။ မင်းမှာ ဆွဲဆောင်မှုအနည်းငယ် ရှိတယ်ဆိုတာကို ငါအသိအမှတ်ပြုတယ်၊ ဒါပေမယ့် ငါမင်းကို ကြံစည်ဖို့ လုံလောက်တဲ့အထိ မဟုတ်ဘူး။” ဝူယွမ်က အေးဆေးတည်ငြိမ်စွာ ရှင်းပြလိုက်သည်။ သူယာယီ မသမာသောနည်းလမ်းများဖြင့် ရယူရန် ထိုက်တန်သူတစ်ဦးမှာ လင်းချင်းကျူဘဲဖြစ်သည်။
ဝူယွမ်က ဆက်ပြောလိုက်သည်-
“တကယ်တော့ ဒီနည်းပညာတွေကို ငါ မသင်ယူခဲ့ဘူး။ မင်းကို ရှာဖွေဖို့ ငါကြိုးစားရတဲ့ အကြောင်းရင်းက ရိုးရိုးရှင်းရှင်းပါပဲ- ငါက ပျော်ဖွယ်ဆရာရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းချင်တယ်၊ မင်းက ဒါနဲ့သင့်လျော်တယ်။
ဒီနည်းပညာတွေကို သိတဲ့သူက ငါ့အပြင် မင်းတစ်ယောက်ပဲရှိမယ်။ မင်းသင်ယူတာဖြစ်ဖြစ်၊ မသင်ယူတာဖြစ်ဖြစ်၊ စိတ်ကြိုက်ဆုံးဖြတ်လို့ရတယ်၊ ဘာသင်ယူရမလဲဆိုတဲ့ ရွေးချယ်မှုရဲ့ လုပ်ပိုင်ခွင့်က လုံးဝမင်းလက်ထဲမှာရှိတယ်၊ ဒါကြောင့် စိုးရိမ်စရာမလိုဘူး။
မင်းစိုးရိမ်ရမှာက နောက်ပိုင်းမှာ ကျင့်ကြံခြင်း အောင်မြင်ပြီးတဲ့နောက် လက်တွဲဖော်ရှာဖွေခြင်းဘဲ။
“နှစ်မြွှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်လာရင် လက်တွဲဖော်က အရေးကြီးတယ်။”
“မင်းကို ငါ့စိတ်ထဲကအတိုင်း အကုန်ပြောပြပြီးပီ၊ ငါ့ရည်ရွယ်ချက်က ကွယ်လွန်သူဆရာရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့နဲ့ အမွေဆက်ခံသူတစ်ယောက်ကို ရှာဖွေဖို့ဘဲ။”
ဝူယွမ်စကားပြောပြီး ထရပ်လိုက်ကာ မုချန်ချန်ကို ကုတင်ပေါ်သို့ ကောက်တင်လိုက်သည်။
“ကောင်းပြီ၊ ဒီလောက် မတွန့်ဆုတ်နေနဲ့တော့။ မင်းကို ငါဒုက္ခပေးချင်ရင် ခုချက်ချင်း အဝတ်တွေ ချွတ်ပစ်လိုက်လို့ရတယ်၊ ပြီးရင် မင်းဘယ်ကိုမှ မပြေးနိုင်ဘူး။”
“စိတ်ကို ဖြေလျှော့ထား၊ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ဝင်ခွင့်ပေးလိုက်။ အခု ငါက ကျင့်စဉ်နဲ့ လျှို့ဝှက်နည်းစနစ်တွေကို မင်းဆီ လွှဲပြောင်းပေးမယ်။”
မုချန်ချန်က နှာမှုတ်လိုက်ပြီး အနည်းငယ် မတရားသလို ခံစားနေရသည်။ သူမက အလွန်အမင်း စိတ်လှုပ်ရှားမိပြီး အများကြီး တွေးတောမိနေသော်လည်း သူမအစ်ကိုကြီး၏ မျက်လုံးထဲတွင် သူမက ဂိုဏ်း၏အမွေအနှစ်အတွက် ကိရိယာတစ်ခုသာ ဖြစ်နေသည်။
မတတ်သာဘဲ သူမ၏စိတ်ကို ဖြေလျှော့ပြီး သူမ၏အစ်ကိုကြီး၏ ဝိညာဉ်စွမ်းအင်ကို ဝင်ခွင့်ပြုခဲ့သည်။
ချက်ချင်းပင် ဝူယွမ်၏ နက်နဲသိမ်မွေ့သော ဝိညာဉ်စွမ်းအင်က သူမ၏ အသိစိတ်ပင်လယ်ထဲသို့ ၀င်ရောက်လာသည်။ မုရောက်လာသက သူမ၏ခေါင်းထဲတွင် ခေါင်းကိုက်ခြင်းကို ခံစားရပြီး သတင်းအချက်အလက် အမြောက်အမြားက သူမ၏စိတ်ထဲတွင် ပေါ်လာသည်။
သူ၏ဝိညာဉ်စွမ်းအင်ဖြင့် အချက်အလက်များကို ထည့်သွင်းပေးလိုက်ပြီးနောက် ဝူယွမ်က မတွန့်ဆုတ်ဘဲ သူမ အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်လာသည်။
သူ၏နည်းလမ်းက အလွန်ရုတ်တရက် ဆန်လွန်းကာ၊ မုချန်ချန်အား အတော်လေး မသက်မသာဖြစ်စေသည်။
ဤသည်မှာ သူမ အစ်ကိုကြီး၏ စရိုက်လက္ခဏာကို သံသယဖြစ်ခြင်း၏ နောက်ဆက်တွဲဖြစ်သည်။
ကျင့်ကြံခြင်းနည်းလမ်းဆိုင်ရာ အချက်အလက်များ အမြောက်အမြားက မုချန်ချန်၏ စိတ်ထဲကို တိုး၀င်လာကာ သူမတွင် အခြားမည်သည့်အရာကိုမျှ ထည့်သွင်းစဉ်းစားရန် အချိန်မရှိတော့ဘဲ ကျင့်ကြံခြင်း နည်းလမ်းများကို လက်ခံရရှိရန်သာ စတင်အာရုံစိုက် နေခဲ့ရသည်။
သတင်းအချက်အလက်များကို စစ်ဆေးပြီးနောက် ပျော်ဖွယ်ဂိုဏ်းက မည်မျှထူးခြားကြောင်း သူမနောက်ဆုံးတွင် သိသွားခဲ့သည်။
ရှေးဟောင်းဂိုဏ်းတစ်ခု၏ အမွေအနှစ်၊ ကျင့်စဉ်နည်းလမ်းများသည် အလွန်အားကောင်းပြီး နက်နဲလွန်းကာ သူတို့၏မဟာနတ်ဆိုးဂိတ်နှင့် နှိုင်းယှဉ်၍မရပေ။
ဤသည်မှာ အမှန်ပင်ကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်သည်။
အစ်ကိုကြီးက သူမကို မလိမ်ခဲ့ပေ။
ဝူယွမ်က အခန်ထဲမှထွက်လာပြီး တံခါးပိတ်ကာ မုချန်ချန် အေးအေးဆေးဆေး ကျင့်ကြံနိုင်ရန် ခွင့်ပြုလိုက်သည်။
ဝူယွမ်ထွက်လာသည့် အချိန်တွင် နံနက်မိုးလင်းလုနီးပါး ရှိပြီဖြစ်သည်။
အဓိကခန်းမသို့ရောက်သောအခါ လင်းတုန်က ဝိညာဉ်မွေးမြူရေးခေါင်းအုံးကို လေ့လာနေဆဲဖြစ်ပြီး သူက ဝိညာဉ်မွေးမြူရေးခေါင်းအုံးထဲသို့ စွမ်းအားနှစ်မျိုး ဆက်တိုက်ထည့်သွင်းကာ ဟန်ချက်ညီအောင် ကြိုးစားနေခြင်းဖြစ်ပြီး အလွန်ခက်ခဲလှသည်။
ဝူယွမ်သည်လည်း အကြိမ်တစ်ရာကျော် ကြိုးစားပြီးမှသာ အောင်မြင်ခဲ့ခြင်းဖြစ်က လင်းတုန်က အကြိမ် တစ်ထောင်ကျော်ပီဖြစ်သည်။
ဝူယွမ်ကြည့်နေရင်း လင်းတုန်က ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ငါအောင်မြင်ပြီ။ ငါအောင်မြင်ပြီ။”
ဝိညာဉ်မွေးမြူရေးခေါင်းအုံး ပေါ်တွင် ရောထွေးနေသော စွမ်းအင်တစ်ခု ပေါ်လာလေသည်။
“အစ်ကိုကြီး၊ ကြည့်ပါဦး။”
လင်းတုန်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် စွမ်းအင်အလုံးကို သူ၏လက်ထဲသို့ ဆွဲယူကာ ချီးမွမ်းမှုတောင်းဆိုသကဲ့သို့ ပြသသည်။
“ဟမ်၊ မဆိုးဘူး။”
“အစ်ကိုကြီး၊ ဒီစွမ်းအားက လုံးဝအသစ်ဖြစ်တဲ့ စွမ်းအင်တစ်ခု ဘဲ။ ဒါကို အမည်တစ်ခုပေးသင့်တယ်။”
“ယွမ်စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအင်ရဲ့ ပေါင်းစပ်မှုကနေ ဖွဲ့စည်းထားတဲ့ စွမ်းအင်ဆိုတော့ အနှစ်သာရစွမ်းအင်လို့ ခေါ်ကြရအောင်။”
“ဟမ်၊ အနှစ်သာရစွမ်းအင်။”
“ဒီဝိညာဉ်မွေးမြူရေးခေါင်းအုံး တစ်ခုပဲရှိတာ စိတ်မကောင်းစရာဘဲ။”
လင်းတုန်က ညည်းတွားသည်၊ ညီအစ်ကိုနှစ်ယောက်၊ တစ်ယောက်တစ်ခုစီသာ ရှိပါက မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
“ဒါက ပြဿနာမရှိဘူး။ ဒီဖွဲ့စည်းပုံရဲ့ လျှို့ဝှက်ချက်ကို အကြမ်းဖျင်းသိပြီးပြီ၊ မကြာခင်မှာ စွမ်းအားပေါင်းစပ်ခြင်းရဲ့ လှည့်ကွက်ကိုငါ ကျွမ်းကျင်သွားလိမ့်မယ်။ အဲ့အချိန်ကြရင် ဒီဝိညာဉ်မွေးမြူရေးခေါင်းအုံးကို မလိုတော့ဘူး။”
ဝူယွမ်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ ရူန်းများ၊ ဖွဲ့စည်းပုံများနှင့် လက်နက်ပြုပြင်ခြင်းတို့ကို ကျွမ်းကျင်သူဖြစ်သည့် သူအတွက် စကြ၀ဠာရှေးဟောင်းဖွဲ့စည်းပုံကို ရှင်းထုတ်ရန်မှာ ခက်ခဲခြင်းမရှိပေ။ ထိုကိစ္စအတွက် အချိန်အနည်းငယ်သာလိုအပ်ပြီး၊ ဖွဲ့စည်းပုံ အနေအထားကို သူနားလည်ပြီးသားဖြစ်သည်။
“အစ်ကိုကြီးက တကယ့်အစ်ကိုကြီးပါဘဲ၊ အရမ်းအံ့သြစရာကောင်းတယ်။ ငါတို့အားလုံး ဒီနည်းလမ်းကို ကျွမ်းကျင်သွားရင် ငါတို့က နယ်ပယ်တူတွေကြားမှာ ပြိုင်ဘက်မရှိတော့ဘူး၊ အဆင့်ကျော်တိုက်ခိုက်ပြီး ပြိုင်ဘက်တွေကို ဖယ်ရှားနိုင်လိမ့်မယ်” ရှောင်တျောင်းက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ဤသည်မှာ သူ၏ အားအကောင်းဆုံးကာလမှာပင် သူမစွမ်းဆောင်နိုင်ခဲ့သော အရာတစ်ခုဖြစ်သည်။
“ငါဒါကို လေ့လာလိုက်အုံးမယ်၊ စွမ်းအားပေါင်းစပ်ခြင်း နည်းလမ်းကို အမြန်ဆုံး ကျွမ်းကျင်အောင် ကြိုးစားရမယ်။ ညီနှစ်က မြို့ထဲသွားပြီး အဂရိတ်ဆရာကို အရင်ရှာလိုက်၊ ပြီးရင် ဒြပ်ပစ္စည်းအားလုံးကို ပေါင်းစပ်ပြဌး မင်းရဲ့ ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံတံကို အဆင့်မြင့်ဝိညာဉ်ရတနာ တစ်ခုအဖြစ် အပြည့်အဝ အဆင့်မြှင့်လိုက်။ မင်းပြန်လာတဲ့အခါကြ မင်းအတွက် ရူန်းတွေကို ပြန်ထွင်းပေးမယ်။”
ဝိညာဉ်ရတနာတစ်ခုအတွက် ပစ္စည်းကိရိယာများကို ပြုပြင်ရန်အတွက် အဂရိတ်ဆရာ၏ ဝိညာဉ်မီးလျှံ လိုအပ်သည်။
ဤကာလအတွင်း သူတို့၏အဓိကစွမ်းအင်က ကိုယ်ခန္ဓာ ကျင့်ကြံခြင်းအပေါ်ဘဲ အာရုံစိုက်ခဲ့သောကြောင့် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းတွင် နောက်ကျကျန်ရစ်ခဲ့ပြီး အဆောင်သခင်အဆင့် ခုနှစ်ကို မတိုးတက်သေးသဖြင့် ဝိညာဉ်မီးလျှံကို ထုတ်လုပ်နိုင်ခြင်းမရှိပေ။
“ကောင်းပီ ကျွန်တော်သွားလိုက်မယ်။”
လင်းတုန်က ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းထွက်ခွာသွားကာ၊ အခန်းထဲတွက်တော့ ပန်းရောင်အလင်းတစ်ခုက မုချန်ချန်ပတ်လည်တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။
သူမသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူမ၏ ပန်းသစ်တောပန်းပွင့်ကဲ့သို့သော မျက်၀န်းများထဲတွင် ကြယ်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုတို့က သူမမျက်နှာမှာ ပြည့်နှက်နေလေသည်။။
“ဒီ ‘ကျောက်စိမ်း မိန်းမပျို လူ့လောကနှင့်ကောင်းကင်ဘုံ ကျမ်း’က ငါ့ရဲ့ ဆွဲဆောင်မှု ကိုယ်ခန္ဓာအတွက် အထူးပြုလုပ်ထားတဲ့ ကျင့်စဉ်နည်းတစ်ခုဘဲ။ ဒါက ငါကျင့်ကြံဖို့ တကယ်ဘဲ သင့်တော်လွန်းတယ်။ ကံကောင်းတာက ငါ အပျိုရည်မပျက်သေးဘူး မဟုတ်ရင် ကျင့်ကြံခြင်းမှာ ဒီလောက်ချောမွေ့မှာ မဟုတ်ဘူး။”
“ကျင့်ကြံခြင်းကို လုံးလုံးလျားလျား ပြောင်းလဲလိုက်ရင် ငါ ချီဖန်တီးခြင်း အလယ်အလတ်ကိုဖြတ်ကျော်နိုင် လောက်တယ်။”
မုချန်ချန်က စိတ်လှုပ်ရှားစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ပြောနေသည်။ ဤအချိန်တွင် သူမအစ်ကိုကြီး၏ ကြိုးစား အားထုတ်မှုများကို နောက်ဆုံးတွင် သူမနားလည်ခဲ့သည်။
သူမက သူမ၏အစ်ကိုကြီးကို သတိထား ဆက်ဆံခဲ့သော်လည်း သူက အမှန်တကယ်ပင် သူမအား ကြီးမားသော အခွင့်အလမ်းကြီးတစ်ခု ပေးနေခြင်းဖြစ်သည်။
မုချန်ချန်က အနည်းငယ် စိတ်ထိခိုက်သွားသည်။
အစ်ကိုကြီးက တကယ်ပဲ သူမကို စောင့်ကြည့်ပြီး သူမ၏ ရည်မှန်းချက်များကို အောင်မြင်စေရန် ကူညီပေးနေခြင်းဖြစ်ကာ သူမ၏ကိုယ်ခန္ဓာကို တောင့်တနေခြင်းမဟုတ်ပေ။
သူမက ဒီကျေးဇူးကို ပြန်ပေးစပ်ဖို့လိုအပ်သည်။
“ငါ့ရဲ့ သဘာ၀ဆွဲဆောင်မှု ကိုယ်ခန္ဓာက ကြီးမားတဲ့ အောင်မြင်မှု အဆင့်ရောက်ရင် ကမ္မာမီးက ငါရဲ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး ကိုယ်ရည်ကိုယ်သွေး ခုနစ်မျိုး ကွဲထွက်သွားလိမ့်မယ်။ ထိုအချိန်တွင် ငါ ကံကြမ္မာကို ကျော်လွှားဖို့နဲ့ အဆင့်တိုးတက်ဖို့အတွက် နှစ်မြွှာ ကျင့်ကြံဖို့ လူတစ်ဦးကို ရှာရလိမ့်ယ်။
နှစ်မြွှာကျင့်ကြံဖော် ရွေးချယ်တာက အရမ်းအရေးကြီးတယ်၊ အဲ့တာကငါ့ရဲ့အနာဂတ် အောင်မြင်မှုတွေနဲ့အများကြီး သက်ဆိုင်နေတယ်။ အဖော်က အားကောင်းလေ၊ ငါရမယ့် အကျိုးကျေးဇူးက များလေဘဲ၊ အထူးသဖြင့် ကိုယ်ခန္ဓာကျင့်ကြံခြင်း ရှုထောင့်ကကြည့်မယ်ဆို ယောက်ျားပီသ၊ ပြည့်ဝပြီး အံ့အားသင့်ဖွယ် ခွန်အားပြင်းထန်တဲ့ ကိုယ်ခန္ဓာစွမ်းအား ပိုင်ဆိုင်သူဖြစ်ရင်တော့ အကောင်းဆုံးဘဲ”
မုချန်ချန်က မသိစိတ်အရ သူမ၏အနာဂတ်ကို စဉ်းစားနေခဲ့သည်။ သူမ၏ နှစ်မြွှာကျင့်ကြံခြင်း လက်တွဲဖော်အကြောင်း တွေးမိသောအခါ ဝူယွမ်၏ပုံရိပ်က ချက်ချင်းပင် သူမ၏စိတ်ထဲတွင် ပေါ်လာသည်။
ဝူယွမ်က သူမ၏အခြေအနေများနှင့် လုံးဝကိုက်ညီသူ ဖြစ်သည်။
သို့သော် ဝူယွမ်၏ အေးဆေးတည်ငြိမ်သော ပုံစံကို တွေးမိသောအခါ မုချန်ချန်သည် အနည်းငယ် စိတ်ပျက်မိသည်။ အစ်ကိုကြီးက သူမ၏ဆွဲဆောင်မှုကြောင့် ဖမ်းစားခံရသော အခြားယောက်ျားများနှင့် မတူပေ။
သူ့ကို သိမ်းသွင်းရန် အနည်းငယ် ခက်ခဲလိမ့်မည်ဟု ခံစားနေရသည်။
“မဟုတ်သေးဘူး၊ အရင်တုန်းက ငါက သဘာ၀ ဆွဲဆောင်မှုကိုယ်ခန္ဓာနဲ့ ကိုက်ညီတဲ့ကျင့်စဥ်ကို မသင်ယူခဲ့လို့ဘဲ။ အခုက မတူတော့ဘူး ငါ့ရဲ့ ဆွဲဆောင်မှုကိုယ်ခန္ဓာက ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကို ရောက်သွားရင် ငါ အစ်ကိုကြီးကို ဆွဲဆောင်နိုင်မယ်ဆိုတာ သေချာတယ်။ ကျင့်စဥ်နည်းလမ်းထဲမှာပြောထားတာက ဘယ်ယောက်ျားမဆို ပြီးပြည့်စုံတဲ့ သဘာ၀ဆွဲဆောင်မှုကိုယ်ခန္ဓာရဲ့ ဖျားယောင်းမှုကို မလွတ်မြောက်နိုင်ဘူးတဲ့။ အစ်ကိုကြီးက ငါ့ရဲ့ဆွဲဆောင်မှုကို လျစ်လျူရှုနိုင်မယ်လို့ မယုံဘူး၊ သူကလည်း တစ်ခါတစ်လေဆို လေးလေးနက်နက် မရှိသလိုဘဲ။”
မုချန်ချန်က သူမရဲ့လက်သီးတွေကို ဆုတ်လိုက်ပြီး။ ကျင့်စဉ်နည်းလမ်းက သူမကို ယုံကြည်မှုအပြည့် ပေးခဲ့သည်။
မွေးရာပါ ဆွဲဆောင်မှုကိုယ်ခန္ဓာက အမျိုးသမီးများကြားတွင် အစွမ်းထက်ဆုံး ကိုယ်ခန္ဓာများထဲမှ တစ်ခုဖြစ်သည်။
အစ်ကိုကြီးကို ဆွဲဆောင်ခြင်းက ယခုအခါ သူမ၏ ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်လာသည်။
အစ်ကိုကြီးကို အသုံးပြုရန် မပြုရန်က နောက်ပိုင်းတွင် စဉ်းစားနိုင်သည်။ ယခုေတာ့သူ့ကို အရင်ဆွဲဆောင်ရန် လိုအပ်သည်။
မုချန်ချန်က ပန်းရောင် အနားတိုစကပ်ကို လဲလှယ်ဝတ်ဆင်ကာ အရင်က ဟန်ပန်ကို စွန့်လွှတ်လိုက်ပြီး ပိုဆွဲဆောင်မှုရှိလာကာ ဖျားယောင်းမှုအားကောင်း လာသည်။
ဖျားယောင်းနိုင်သည့် အဝတ်အစားများနှင့် အပြုအမူများသည် သူမ၏ဆွဲဆောင်မှု ကိုယ်ခန္ဓာအတွက် ကျင့်ကြံခြင်း ပုံစံတစ်မျိုးလည်း ဖြစ်သည်။
သူမက အခန်းမှထွက်လာသောအခါ ခန်းမထဲတွင် ဝူယွမ်က ဝိညာဉ်မွေးမြူရေးခေါင်းအုံးကို လေ့လာနေသည်ကို တွေ့လိုက်ရသည်။
ရုတ်တရက် အနံ့သင်းသော လေပြေတစ်ခုက သူ့နှာခေါင်းထဲ တိုး၀င်လာကာ သူလှည့်ကြည့်လိုက်သည်နှင့် မုချန်ချန်က သူ့ဆီကို ကျက်သရေရှိကာ လှလှပပ လျှောက်လာနေတာကို တွေ့ရလိုက်သည်။ သူမ၏ ပန်းရောင်အနားတို စကပ်အောက်မှ ခြေထောက်နှစ်ချောင်းက ရှည်လျားကာ ဖြူဖွေးစွပ်နေသည်။ သူမ၏ ပန်းသစ်တောပွင့်လန်းေနသကဲ့သို့ မျက်လုံးများက နက်ရှိုင်းပြီး နူးညံ့သိမ်မွေ့ကာ အတွင်းတွင် ပန်းရောင်အလင်းတစ်ခု မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ဝူယွမ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
“အိုး၊ မင်းတိုးတက်နှုန်းက အရမ်းမြန်တယ်။ တစ်ညတည်းနဲ့ ကနဦးအဆင့်ကို ရောက်သွားပြီ။ မွေးရာပါ ဆွဲဆောင်မှု ကိုယ်ခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းဘဲ”
ဝူယွမ်က တစ်စက္ကန့်လောက် ရပ်ကြည့်နေပြီးနောက် သူမအား ချီးကျူးလျုက်သည်။
မူလက မုချန်ချန်က အလွန်ဆွဲဆောင်မှုရှိပြီးသဖြစ်သည်။ ယခု သူမ၏အလှအပကို ပြသရန် သက်တောင့်သက်သာရှိသော အဝတ်အစားများနှင့်အတူ၊ သူမက ဆွဲဆောင်မှုရှိပြီး ဖျားယောင်းတတ်သော ကဝေမလေး တစ်ယောက်ဖြစ်လာသည်။
“ဒါပေမယ့် ကျွန်မ အစ်ကိုကြီးကို မဆွဲဆောင်နိုင် သေးဘူးမလား။”
မုချန်ချန်က နူးနူးညံညံပြောလိုက်သည်။ သူမတစ်ချက် အသက်ရှုလိုက်တိုင်း အသံရှုသံက သံလွင်ခတ်နေသကဲ့သို့ပင်။
သူမက သူမ၏ မွေးရာပါ ဆွဲဆောင်မှု ကိုယ်ခန္ဓာကို ရည်ရွယ်ချက်ရှိရှိ နိုးဆွပြီး သူမ၏ဆွဲဆောင်မှုကို ထုတ်လွှတ်ခဲ့သော်လည်း ဝူယွမ်ကို သူမဖမ်းစားနိုင်ခြင်း မရှိသေးပေ။
“မင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ခန္ဓာက အခုမှစတင်တာကို၊ စိတ်ဓာတ်မကျပါနဲ့။ နောင်တစ်ချိန်မှာ မင်းငါ့ကို ဆွဲဆောင်နိုင်မှာပါ။ ငါ့စိတ်ဓာတ်ခွန်အားက တကယ့်ကို အားနည်းတယ်။”
“တကယ်တော့ ငါ့ကို ဖမ်းဖို့ မခက်ခဲပါဘူး။ ဒါက ညီမငယ်လေးရဲ့ စကားလုံးတစ်လုံးဘဲ။ အစ်ကိုကြီးက တခြားသူတွေကို ကူညီရတာကို အရမ်းသဘောကျတယ်။”
“ဟမ့်၊ အစ်ကိုကြီး စကားတွေက လေးလေးနက်နက် မရှိဘူး။ ကျွန်မက ကိုယ့်အစွမ်းအစကို အားကိုးမယ်။”
မုချန်ချန်က နှာမှုတ်လိုက်ကည သူမ၏ကိုယ်ပိုင်စွမ်းအားကို အားကိုးရန် သူမဆုံးဖြတ်ချက်ချခဲ့သည်။
“အစ်ကိုကြီး၊ အတော်လေးနောက်ကြနေပီ ကျွန်မ အရင်ပြန်လိုက်အုံးမယ်။ အိုးးး၊ ဟုတ်သားဘဲ၊ ရှေးဟောင်းတောရိုင်းကျောက်စာတိုင် အတားအဆီးက အားနည်းစပြုလာပြီ။ ရှေးဟောင်းတောရိုင်း ကျောက်စာတိုင်ကို ဘယ်တော့သွားမလဲ။ ကျွန်မနဲ့အတူ လိုက်ချင်လား။”
“မလိုဘူး။ မင်းက မင်းရဲ့ မဟာနတ်ဆိုးဂိတ်လူတွေနဲ့ သွားနိုင်တယ်။”
“ကောင်းပီ၊ ဒါဆို ရှေးဟောင်းတောရိုင်းကျောက်စာတိုင်မှာ ပြန်တွေ့ကြတာပေါ့။”
မုချန်ချန် ထွက်ခွာသွားပြီးနောက် ဝူယွမ်က စကြ၀ဠာရှေးဟောင်းဖွဲ့စည်းပုံကို ဆက်လက်လေ့လာခဲ့သည်။
သုံးရက်အကြာပြီးနောက် လင်းတုန်က နောက်ဆုံးတော့ ပြန်ရောက်လာခဲ့သည်။
တွေ့တွေ့ချင်း လင်းတုန်က သူ့အစ်ကိုကြီးကို အကြောင်းစုံပြောပြလိုက်သည် “အစ်ကိုကြီး၊ ဒီတစ်ခါ ရွှေတစ်သောင်းရှေးဟောင်းအသင်းမှာ ဟွာကျောင်းနဲ့ ပြန်တွေ့ခဲ့တယ်။ သူက ငါ့ရဲ့ အသစ်ပြန်လည်ပြုပြင်ထားတဲ့ ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံတံကို တွေ့သွားပြီး၊ ငါ့လှံတံကို မက်မက် မောမောကြည့်ေနတယ်၊ ပြီးတော့ သူကလှံတံကို ယွမ်ဆေးလုံး တစ်သိန်းခွဲ နဲ့ ရောင်းဖို့ကမ်းလှမ်းတာ ငါငြင်းဆန်လိုက်ေတာ့၊ သူက ငါ့ကို ခြိမ်းခြောက်တယ်၊ ဟွာကျောင်းက သူမျက်စိကြတဲ့အရာကို မရ ရအောင်ယူတတ်လို့ ပြောလိုက်တယ်”
ဝူယွမ် - “မင်းသူ့ကို ပညာမပြခဲ့ဘူးလား”
“ရွှေတစ်သောင်းရှေးဟောင်းအသင်းမှာ တိုက်ခိုက်ခွင့်မရှိဘူး၊ မြို့ထဲမှာ လူသတ်ရင် မကောင်းဘူးလို့ ထင်တယ်၊ ဒါကြောင့် ကျွန်တော်အရင်ပြန်လာလိုက်တာ။” လင်းတုန်က သူမတတ်နိုင်ကြောင်း ပြောပြလိုက်သည်။
“သူတို့ရဲ့ သဘောထားအရ သူတို့က ကျွန်တော်တို့ကို လုပ်ကြံဖို့ ရည်ရွယ်နေတယ်။ ကျွန်တော်ပြန်လာတဲ့အချိန် ကျွန်တော့်နောက်ကို ယင်ရုပ်သေးဂိုဏ်းက လိုက်နေတယ်။”
“ဒါကြောင့် ကျွန်တော်တွေးမိတာက ဒီညမှာဘဲ မြို့ထဲကထွက်ပြီး ဟွာကျောင်းက ကျွန်တော်တို့ ကြောက်နေတယ်လို့ ထင်ရအောင် လုပ်ကြည့်မယ်၊ ပြီးရင် မြို့ပြင်ကိုမြှားပြီး မြို့ပြင်မှာ သူ့ကို စောင့်ပြီး လက်ဆောင် ပေးရမယ်။”
လင်းတုန်က သားရဲတစ်ကောင်ကဲ့သို့ လည်ချောင်းသံနဲ့ ပြောလိုက်ပြီး လှည့်စားတတ်တဲ့ မြေခွေးအိုကြီးဟန်ဖြင့် ပြုံးလိုက်သည်။
ဝူယွမ်ကလည်း လင်းတုန်ပြောတာကို ခေါင်းညိတ်ထောက်ခံ လိုက်သည်။
“ဟမ့်၊ မင်းမှန်တယ်။ မြို့ထဲမှာ လူသတ်တာ တကယ် မကောင်းဘူး၊ ဒီအကြောင်းပြလေးချက်က သူတို့ကို သတ်ဖို့ မလုံလောက်ဘူး။ မဟုတ်ရင် လူတွေက ငါတို့ညီအစ်ကိုတွေကို မဆင်မခြင်လုပ်လွန်းတဲ့၊ သွေးစာနေတဲ့သူတွေလို့ ပြောကြလိမ့်မယ်။ မြို့ပြင်ကို သွားကြစို့ သူတို့တကယ်လိုက်လာရင် ဘာကိုမှ ဂရုမစိုက်ဘဲ သတ်လို့ရတယ်။”