လိုက်လာသူများကို သတ်ဖြတ်ခြင်း
Vol. 12 Ch. 113
“ဒင်း! ဆိုင်းအင်ဝင်ရန် နေရာအသစ်သတ်မှတ်ပြီးပါပြီ။ ရှေးဟောင်းတောရိုင်းကျောက်စာတိုင်တွင် ဆိုင်အင်၀င်ပါ”
စနစ်ကြေညာသံက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ထိုအချိန်တွင် ဝူယွမ်နှင့် လင်းတုန်တို့က ပိုင်ယွမ်နှင့် ရှောင်ယန်ပေါ်တွင် စီးနင်းလျက် တာ့ခွိုင် မြို့ပြင်လမ်းပေါ်တွင် ဖြည်းဖြည်းချင်း ခရီးဆက်နေကြသည်။
ယင်ရုပ်သေးဂိုဏ်း လိုက်မမီမှာကို စိုးရိမ်နေကြသောကြောင့် အမြန်မသွားရဲကြပေ။
တစ်ဖက်တွင်မူ ဝူယွမ်တို့အဖွဲ့ မြို့ထဲထွက်သည်နှင့် တစ်ပြိုင်နက် ဟွာကျောင်းက လက်အောက်ငယ်သားထံမှ ဝူယွမ်နှင့် လင်းတုန်တို့ ညအချိန်တွင် ထွက်ပြေးသွားကြောင်း အစီရင်ခံချက်ကို ရရှိခဲ့သည်။
“ဟမ်... ထွက်ပြေးတယ်လား... ဘယ်လောက်ထွက်ပြေးပြေး ငါ့လက်ကလွတ်နိုင်မှာလား”
ဟွာကျောင်းက အေးစက်စက်နှင့် ပြောလိုက်ကာ နှုတ်ခမ်းထောင့်တွင် လူယုတ်မာ အပြုံးတစ်ခု ပေါ်လာသည်။
ဝမ့်လွန်ပြည်နယ်တွင် သူတို့ ယင်ရုပ်သေးဂိုဏ်း လက်တွင်းမှ လွတ်မြောက်သွားသူ ယခုထိ မရှိသေးပေ။
မူလက သူက ထိုနှစ်ဦးကို စွမ်းအားကြီးသူများဟု ထင်မိခဲ့သည်၊ အကြောင်းမှာ ဝူယွမ်၏ အင်အားကို သူ မခန့်မှန်းနိုင်ခြင်းကြောင့် အတိုင်းအတာတစ်ခုအထိ စိုးရိမ်စိတ်ဖြစ်ပေါ်ကာ ချက်ချင်းမလုပ်ရဲခြင်း ဖြစ်သည်။
သို့သော် ယနေ့တွင်မူ သူက လင်းတုန်ကို စမ်းသပ်စစ်ဆေးမှု အနည်းငယ်သာ ပြုလုပ်ခဲ့ရုံမျှဖြင့် သူတို့နှစ်ဦးကို ညအချိန်ထွက်ပြေးစေခဲ့ရသည်။
ထိုနှစ်ဦးသာ မြို့ထဲမှ မထွက်သွားပါက သူသည် ရဲရင့်စွာ လုပ်ဆောင်ရန် မဝံ့မရဲ ဖြစ်နေဦးမည်ဖြစ်သည်။ ယခုအခါ သူတို့နှစ်ဦးက သူတို့ ယင်ရုပ်သေးဂိုဏ်းကို အမှန်တကယ်ကြောက်ရွံ့နေကြောင်း သက်သေပြခဲ့ပြီဖြစ်ရာ သူ၏ စိတ်ထဲတွင် အားလုံးအဆင်ပြေသွားခဲ့သည်။
ဤအကြိမ်တွင် သူက ထိုနှစ်ဦးကို မကြိုက်သောကြောင့် သာမက၊ သူတို့တွင် ရှိသော လျှို့ဝှက်ချက်များကို ပိုစိတ်ဝင်စားသောကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်။
လင်းတုန်၏ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်ဖြစ်သော ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်က ပစ္စည်းကောင်း တစ်ခုဖြစ်သည်။
ထို့အပြင် သူတို့နှစ်ဦးအား သိုင်းမဟာမိတ်က အလွန်အရေးပေးရခြင်း အကြောင်းရင်းသည်လည်း သူတို့၌ ရှိသော အရာတစ်ခုခုကြောင့်ဘဲ ဖြစ်ရမည်။
သူတို့နှစ်ဦးသည် သိုင်းမဟာမိတ်နှင့် အလွန်နီးကပ်စွာ ဆက်ဆံနေခြင်းကတည်းက သူတို့အား ယင်ရုပ်သေးဂိုဏ်း၏ ရန်သူများအဖြစ် ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။
ဝမ့်လွန်ပြည်နယ်တွင် အင်အားကြီး သုံးဖွဲ့က အမြဲတစေ ယှဉ်ပြိုင်နေကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဝါးမြိုလိုစိတ် ရှိနေကြသည်။
ဟွာကျောင်းက သတင်း ရရှိပြီးနောက် ချက်ချင်းပင် သူ၏ဖခင် ဟွာကုထံသို့ သွားရောက်ခဲ့သည်။
လင်းတုန်တစ်ဦးတည်းသာ ဆိုပါက သူကိုယ်တိုင် လူစုခေါ်ကာ လိုက်လံသုတ်သင်ရန် သေချာပေါက် ဆုံးဖြတ်ခဲ့မည်ပင်။
သို့သော် ဝူယွမ်ကိုမူ သူ ဘယ်သောအခါမျှ မြင်အောင် မကြည့်နိုင်ခဲ့ပေ။ သူအရင်က ဤကိစ္စကို သူ၏ဖခင်အား ပြောကြားခဲ့ဖူးသည်။
ယင်ရုပ်သေးဂိုဏ်းဧ။ါ အကြီးအကဲတစ်ဦးဖြစ်သူ ဟွာကုသည် သူ့အား မလုပ်ခင်မကိုင်ခင်မှည ထိုနှစ်ဦး၏ နောက်ခံဇာစ်မြစ်ကို အရင်စုံစမ်းစစ်စေးရန် ပြောခဲ့သည်။
ယခုအခါ ဟွာကျောင်းက သူသည် ပြိုင်ဘက်များရဲ့ စွမ်းအား အစစ်အမှန်ကို စမ်းသပ်စစ်ဆေးပြီးပြီဟုသူ ခံစားနေရသည်။
ထို့ကြောင့် သူက အလျင်အမြန် သူ့ဖခင်ဆီကို သွားရောက်တွေ့ဆုံခဲ့သည်။
အမ်.... အား... အား...
တံခါးဖွင့်လိုက်သည်နှင့် သူ၏ဖခင်က သူ၏အမေနှင့် ဆက်ဆံနေသည်ကို မြင်လိုက်ရသည်။
အဝတ်အထည်မပါသော နှစ်ဦးကို မြင်လိုက်ရသော်လည်း ဟွာကျောင်း၏မျက်လုံးထဲတွင် ဘာမှပြောင်းလဲမှုမရှိဘဲ၊ ဤကဲ့သို့ မြင်ကွင်မျိုးနှင့် ကျင့်သားရနေဟန်ရသည်။ သူက ရောက်ရောက်ခြင်း တိုက်ရိုက်ပြောလိုက်သည်။
“အဖေ... ဝူယွမ်နဲ့ လင်းတုန်တို့ မြို့ထဲကထွက်သွားပြီ။ မဟာနတ်ဆိုးဂိတ်နဲ့ သိုင်းမဟာမိတ်ကလူတွေလည်း လိုက်မလာဘူး။ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းပဲ။ ဒီငနဲနှစ်ကောင် လက်ထဲမှာ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ရတနာလက်နက် တစ်ခုရှိတယ်။”
ဟွာကုက မျက်ခုံးများမြင့်တက်လာကာ နူးညံ့စွာ ဆူပူလိုက်သည်။
“ကျောင်း... မင်းက ခုချိန်မှာ ကာကွယ်သူတစ်ဦးဖြစ်နေပြီ၊ ဒီလိုမလောပါနဲ့၊ အရင်ဆုံး တံခါးပိတ်လိုက်၊ ငါ့ကိုခဏစောင့်ပါ။”
“ဟုတ်ကဲ့ အဖေ”
ဟွာကျောင်းက နာခံစွာဖြင့် တံခါးကိုပိတ်လိုက်သည်။ သူသည် နည်းနည်းစိုးရိမ်နေဆဲဖြစ်သော်လည်း ထုတ်မပြခဲ့ပေ။
မိနစ်ဝက်အကြာတွင် ဟွာကုက အခန်းထဲမှ ထွက်လာခဲ့ပြီး၊ မီးခိုးရောင်ဝတ်ရုံ အဝတ်အစားဝတ်ဆင်ပြီးပီဖြစ်သည်။
သူ၏မျက်နှာက အနည်းငယ်ဖြူဖတ်ဖြူရော်ရှိသော်လည်း မျက်လုံးများမှာ အလွန်ထက်မြက်ပြီး ရှင်းလင်းနေသည်။
သူက ချက်ချင်း ဆုံးဖြတ်ချက်ချကာ အမိန့်ပေးလိုက်သည်။
“အဆင်မပြေမှုတွေရှိမှာစိုးလို့၊ ချီဖန်တီးခြင်းအဆင့်အောက် လက်အောက်ငယ်သားတွေ အားလုံး ခေါ်ပြီး ထွက်ခွာကြရအောင်။”
ဟွာကု၏ လုပ်ရပ်က သူ၏သားဖြစ်သူ ဟွာကျောင်းထက် ပို၍ဝေးဝေးမြင်နိုင်ကာ လူငယ်နှစ်ဦးကို ကိုင်တွယ်ရာတွင်ပင် သူက အင်အားအပြည့်အဝ သုံးမည်ဖြစ်သည်။
လူစုစည်းပြီးနောက် သူတို့က မြို့တွင်းမှ ပြေးထွက်လာကြသည်။
“ယင်ရုတ်သေးဂိုဏ်းက ဝူယွမ်နဲ့ လင်းတုန်တို့ကို ခရီးမှာ ကြားဖြတ် ဝင်ရောက်တိုက်ခိုက်မယ်လို့ဆိုတာ ဟုတ်ပါ့မလား။”
မုချန်ချန်က သူမလက်အောက်ငယ်သား၏စကားကို ကြားပြီးနောက် အံ့အားသင့်သွားသည်။
ထို့နောက် သူမ၏အသံသည် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားကာ ချစ်စဖွယ်ကောင်းသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအနည်းငယ် ပေါ်လာသည်။
“ဒီလိုကောင်းတဲ့အရာ ရှိသေးတယ်လား။”
“ဒါက သူတို့ကိုယ်သူတို့ သေဖို့လမ်းကို သွားနေတာနဲ့ မတူဘူးလား။”
သူမ၏လက်အောက်ငယ်သားများက မုချန်ချန်ကို မျက်လုံးပြူးကာ ကြည့်နေကြပြီး၊ သူမ၏ယုံကြည်မှုက မည်သည့်နေရာမှလာသည်ကို အံ့အားသင့်နေကြသည်။
အသက်ကြီး အကြီးအကဲတစ်ဦးက တွေးတောပြီးနောက် အကြံပြုလိုက်သည်။
“သခင်မလေး... ကျွန်တော်တို့ ဝင်ကြားပြီး ယင်ရုတ်သေးဂိုဏ်းကို တားဆီးပြီး ထိုနှစ်ဦးကို ကယ်တင်သင့်လား။ သိုင်းမဟာမိတ်က အရေးတယူလုပ်ရတဲ့ လူငယ်တွေဟာ သာမန်မဟုတ်ကြဘူး၊ ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို ပြန်ပေးဆွဲသင့်ပါတယ်၊ မဟုတ်ရင်တောင် သူတို့ကို ကျွန်တော်တို့ မဟာနတ်ဆိုးဂိတ်က ကျေးဇူးကြွေးတစ်ခု တင်စေသင့်တယ်။”
သူတို့ကို ပြန်ပေးဆွဲရန်က အဓိကမဟုတ်ပေ။ ယင်ရုတ်သေးဂိုဏ်းကို ဖိနှိပ်ရန်သည် သူတို့ မဟာနတ်ဆိုးဂိတ်၏ အဓိကရည်မှန်းချက် ဖြစ်သည်။
“မလိုအပ်ပါဘူး၊ ဒီတစ်ကြိမ်မှာတော့ ယင်ရုတ်သေးဂိုဏ်းက သံပြားကို သွားကန်မိတာပဲ။”
မုချန်ချန်က ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်သည်။
အခြားသူများက ဝူယွမ်၏စွမ်းအားကို မသိကြသော်လည်း သူမမူကား အလွန်ရှင်းလင်းစွာ သိရှိထားသည်။
ထိုဟွာကုက ချီဖန်တီးခြင်းအဆင့် အထွတ်အထိတ် အဆင့်မှာသာရှိသေးပြီး အစ်ကိုကြီးကို ဝင်ရောက်တိုက်ခိုက်ရန် လုပ်ရဲသေးသည်။ လူအများကြီး ေခါ်သွားသည်ဖြစ်စေ အသုံးမဝင်ပေ။
အစ်ကိုကြီးနှင့် ကျားနှစ်ကောင်တို့က ချီဖန်တီးခြင်းအဆင့် ထက်ပိုသော စွမ်းအားများ ရှိနေကြသည်။
မုချန်ချန်သည် အစ်ကိုကြီးက သူတို့ကို မလိုက်စေခြင်း၏ အကြောင်းရင်းကို အတိုင်းအတာတစ်ခုအထိ နားလည်ထားသည်။ သူက ရည်ရွယ်ချက်ရှိရှိ ငါးမျှားနေခြင်း ဖြစ်ကာ။ အကယ်၍ မဟာနတ်ဆိုးဂိတ်မှ လူများ လိုက်ပါလာပါက ငါးများ အလွယ်တကူ ထွက်ပြေးသွားနိုင်သည်။
“ဟေ့ဟေ့... ကျွန်မတို့လည်း ထွက်ခွာကြရအောင်၊ အခြေအနေ သွားကြည့်ကြမယ်”
...မြို့ပြင်ဘက်။
ယင်ရုတ်သေးဂိုဏ်းမှလူများ နောက်ဆုံးတွင် လိုက်မီလာကြသည်။ သူတို့အားလုံးက အဆောင်သခင်များ ဖြစ်ကြပြီး၊ သူတို့၏ လက်နက်များဖြင့် ပျံသန်းနိုင်ကာ အလွန်မြန်ဆန်စွာ သွားလာနိုင်ကြသည်။
“ဝူယွမ်... မင်းတို့ သိပ်မြန်မြန် မပြေးကြဘူးနော်။ ဒီလောက်ကြာတာကို ဒီနေရာပဲရောက်သေးတယ်။”
ဟွာကျောင်းက ပျံသန်းရာမှဆင်းလာပြီး ဝူယွမ်တို့ နှစ်ဦးရှေ့တွင် ရပ်လိုက်ကာ သူတို့ကို မထီမဲ့မြင်ပြုလျက် ကြည့်နေသည်။
အခြားအဖွဲ့၀င်များကလည်း ဝန်းရံထားကြပြီး၊ လူဦးရေ တစ်ဒါဇင်ကျော်ရှိပြီး၊ အားလုံးက သဏ္ဍာန်ပြောင်း အထွတ်အထိပ်အဆင့် စွမ်းအားရှိကြသည်။
ဝူယွမ်နှင့် လင်းတုန်တို့က အပြန်အလှန်ကြည့်လိုက်ပြီး ပြုံးရယ်လိုက်ကြသည်။
ထိုအချိန်တွင် လင်းတုန်က သူ၏အစ်ကိုကြီး ယခင်က ပြောခဲ့သည့်အရာကို နောက်ဆုံးတော့ နားလည်သွားသည်။ ထိုဟွာကျောင်းက အမှန်တကယ်ပင် အဖိုးတန်ပစ္စည်းများ ပို့ဆောင်ပေးသော အတွေ့အကြုံထုတ်ကြီး ဖြစ်သည်။
“ကျောင်းအာ... အပိုပြောနေတာရပ်လိုက်ပြီး၊ သူတို့ကို သတ်လိုက်။”
ဟွာကုသည် အရိုးဖြူရောင်လှံရှည်ပေါ်တွင် ခြေနင်း၍ စိတ်မရှည်တော့ဘဲ သတိပေးလိုက်သည်။
သူ၏သားက အမြဲတန်းလိုလိုစိတ်ကြီးပြီး၊ လူကိုသတ်ခါနီးတိုင်း စကားအများကြီး ပြောတတ်သည်။ ဤသို့ဖြင့် အခြားသူများက အခွင့်အရေးရကာ ပြန်လည်တိုက်ခိုက်ပြီး သူ့ကိုသတ်ဖြတ်နိုင်သည့် အခွင့်အရေးကို ရရှိနိုင်စေသည်။
“ဝိညာဉ်ပျက်သုဉ်းအရိုးလှံ။”
ဟွာကုက ရက်စက်သောလူတစ်ဦးဖြစ်သည်။ စတင်တိုက်ခိုက်သည်နှင့် ချက်ချင်း ပြင်းထန်သော ယွမ်စွမ်းအင်များ ပန်းထွက်လာကာ။ သူ့လက်ထဲရှိသော အရိုးလှံက ချက်ချင်း အလွန်ဆိုးယုတ်သော မီးခိုးရောင်အလင်းရောင်များ ပေါ်ထွက်လာပြီး၊ ထို့နောက် ပျစ်ခဲသွားကာ ယွမ်စွမ်းအင်အဆင့်ပြည့်မီမှုရှိသူကို တဒင်္ဂအတွင်း သတ်နိုင်သော တိုက်ခိုက်မှုတစ်ခုကို ယူဆောင်လာပြီး ဝူယွမ်ထံသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။
“ဒုတိယညီ...လူအိုကြီးကို ငါ့လက်ထဲထားခဲ့၊ ဟိုကောင့်ကို မင်းရှင်းလိုက်”
“ပိုင်ယွမ်... ရှောင်ယန်... ကျန်တာတွေက မင်းတို့အတွက်ဘဲ၊ တစ်ယောက်မှ မကျန်ရစ်စေနဲ့။”
ဝူယွမ်ကပြောပြီးနောက် ပိုင်ယွမ်ကျောပေါ်မှ ချက်ချင်းပျံတက်သွားသည်။
“ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါး။”
ဝူယွမ်၏ ခရမ်းရွှေရောင် ယွမ်စွမ်းအင်က ရူးသွပ်စွာ ပန်းထွက်လာကာ၊ နတ်ဆိုးကျောက်တိုင်ကြီးနှစ်ခု ဖြစ်ပေါ်လာသည်။ ထိုကျောက်တိုင်များတွင် ထက်မြက်ပြီး အားပြင်းသော လက်၀ါးရည်ရွယ်ချက်များ ထည့်သွင်းထားကာ ဟွာကု၏ ဝိညာဉ်ပျက်သုဉ်း အရိုးလှံနှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
ဗုံး။
ဖြူဖတ်ဖြူရော်အရိုးလှံက ကြီးမားသော ကျောက်တိုင်လက်ဝါးကြီး နှစ်ခုကြားတွင် ညှပ်မိပြီး တစ်လက်မပြီးတစ်လက်မ ကွဲအက်သွားသည်။
အလယ်အလတ်အဆင့် ဝိညာဉ်ရတနာလက်နက်တစ်ခုပင် ဝူယွမ်၏ လက်ဝါးအင်အားကို မခံနိုင်ပေ။
“ဘာ။”
ဟွယ်ကု၏မျက်လုံးများက အံ့အားသင့်မှုဖြင့် ပြည့်လျှံနေသည်။ သို့သော် ထိုအချိန်တွင် ဝူယွမ်က သူ့ထံသို့ အနီရောင်ဓားရှည်တစ်ချောင်းကို ပစ်လွှတ်လိုက်ပြီ ဖြစ်သည်။
ဓားရှည်ကို မီးလျှံကဲ့သို့သော အလင်းရောင်များ ဖုံးအုပ်ထားပြီး၊ ထင်ရှားသောဓားစွမ်းအင်များ မရပ်မနား ပေါက်ကွဲနေကာ ဟွာကုထံသို့ တိုး၀င်လာသည်။
“မီးနီဓားရှည်။”
ဟွာကု၏မျက်လုံးများ ကျဉ်းသွားပြီး၊ ထိုဓားက ရှေးဟောင်းဓားဂိုဏ်း၏ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်ဖြစ်ကြောင်း ချက်ချင်းသတိရလာသည်။
“အိုး... ဒါကို မီးနီဓားရှည်လို့ခေါ်တယ်လား၊ အမည်ကောင်းပဲ။” ဝူယွမ်က နှစ်သက်စွာပြုံးလိုက်ပြီးနောက် ဟွာကုကို တိုက်ခိုက်ဖို့ မီးနီဓားရှည်ကို ထိန်းကျောင်းရန် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုနေသည်။
တစ်ဖက်တွင်မူ လင်းတုန်နှင့် ကျားနှစ်ကောင်တို့ကလည်း ပြန့်ကားထွက်သွားကာ၊ ဝူယွမ် ယခင်က တာ၀န်ခွဲခြမ်း ပေးထားသည့်အတိုင်း သူ့တာဝန်သူတာဝန် လုပ်ဆောင်နေကြသည်။
ဟွာကျောင်းနှင့် အခြားသူများက သိုလှောင်အိတ်များကို ပစ်ထုတ်ကာ၊ သူတို့စုဆောင်းထားသော အဆောင်ရုပ်သေးများကို ဆင့်ခေါ်လိုက်ကြပြီး၊ ချက်ချင်းပင် လူအရေအတွက်ကို နှစ်ဆတိုးလိုက်သည်။
အားလုံးက အလယ်အလတ်အဆင့် အဆောင်ရုပ်သေးများ ဖြစ်ကြသည်။
လင်းတုန်က ရှေ့တက်သွားကာ သူ၏လှံရှည်သည် လေထုကို ခွဲဖြတ်လျက် ဟွာကျောင်းထံသို့ တိုက်ရိုက်ထိုးသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အရေပြားပေါ်တွင် ကျောက်စိမ်းရောင်အလင်းများ လက်လက်တောက်ပနေပြီး၊ ကျောက်စိမ်းမိုးကြိုးခန္ဓာ၏ ထက်မြက်သော စွမ်းအားက ပေါက်ကွဲထွက်လာကာ၊ ညာလက်ဖြင့် ထူးဆန်းသော တံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး အဆောင်ရုပ်သေးတစ်ခုကို လွင့်ထွက်သွားစေသည်။
“ဝေါင်း”
“ဝေါင်း”
ကျားနှစ်ကောင်က တစ်ပြိုင်နက် ဟောက်လိုက်ကြပြီး၊ ချီဖန်တီးခြင်းအဆင့် သားရဲဘုရင်၏ စွမ်းအားကို ထုတ်ဖော်ပြသကာ၊ ယင်ရုတ်သေးဂိုဏ်းအဖွဲ့ဝင်များကို တိုက်ရိုက်ဝန်းရံလိုက်ကြသည်။
“ငါသိတယ်... မင်းတို့... ရှေးဟောင်းဓားဂိုဏ်း... ဒီပစ္စည်းတွေ... ရှေးဟောင်းဓားဂိုဏ်းကို မင်းတို့ဖျက်ဆီးခဲ့တာဘဲ”
ရုတ်တရက်၊ သူတို့လေးယောက်စလုံးက သဏ္ဍာန်ပြောင်းခြင်းအဆင့်ထက် မြင့်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကိုကြည့်ရင်း ဟွာကျောင်းက လန့်ဖျပ်သွားပြီး၊ စကားမပီမသဖြင့် ပြောလိုက်သည်။
သူက နောက်ဆုံးတွင် အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော်... ယခုအခါတွင် သိပ်နောက်ကျသွားဟန်ရသည်။
ရှေးဟောင်းဓားဂိုဏ်း သဏ္ဍာန်းပြောင်းခြင်းအဆင့် ဆယ်နဲ့ချီ စွမ်းအားရှိသော ဂိုဏ်းတစ်ခုပင် ဖြစ်သည်။
ထိုဂိုဏ်းကို ဤနှစ်ဦးက လုယက်ခဲ့ပြီး၊ ယခုအခါတွင် သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် အကြီးအကဲတစ်ဦးသာ ကျန်ရှိခဲ့သည်။ ထိုနှစ်ဦးနှင့် ကျားနှစ်ကောင်ကို သူတို့က ဘယ်လိုမှ မနိုင်နိုင်ပေ။
“အိုး... အခုမှ သိတာလား၊ နောက်ကျသွားပြီ။ မင်းက လောဘကြီးလွန်းတာကြောင့် လုယက်ရမယ့်သူတွေအများကြီး ထဲကမှ ငါ့အစ်ကိုကြီးကို လုယက်ဖို့ကြိုးစားတာက မင်းအပြစ်ပဲ။”
လင်းတုန်က ရယ်မောလိုက်ပြီး၊ သူ၏ ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်ဖြင့် လေးကြိမ်ဆက် တိုက်ခိုက်လိုက်ကာ၊ ဟွာကျောင်းအား ထပ်တလဲလဲ နောက်ကိုဆုတ်ခွာစေပြီး၊ အဝတ်အစားများ စုတ်ပြဲသွားကာ၊ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်ဖြစ်သော နက်နဲ မြေကြီး၀ါသံချပ်၀တ်ကို ပေါ်လွာစေသည်။
ဘယ်လောက်ညံ့တဲ့ သားလဲ။
ဟွာကု၏စိတ်ထဲတွင်လည်း မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်လာနေသည်။ သူက စိတ်တည်ငြိမ်ခြင်း မရှိတော့ဘဲ၊ သူတို့ ဝူယွမ်၏ထောင်ချောက်ထဲသို့ ကျရောက်သွားကြောင်း သိရှိလာသည်။
သူ၏မိုက်မဲသောသားက ဤမျှအရေးကြီးသော အကြောင်းအရာကို သေချာ စုံစမ်းစစ်ဆေးခြင်း မပြုခဲ့ပေ။
“ထွက်ပြေး။”
ဟွာကုက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး၊ တာ့ခွိုင်မြို့ဆီသို့ အလျှင်အမြန် ပျံသန်းထွက်ပြေးသွားသည်။
သူက သူ၏သားကိုပင် ဂရုမစိုက်တော့ပေ။
ယင်ရုတ်သေးဂိုဏ်း အဖွဲ့ဝင်များ၏ မျက်နှာများလည်း ရုတ်တရက် ပြောင်းလဲသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့ထဲမှထက်ဝက်ခန့်က သေဆုံးသွားပြီးဖြစ်သည်။
ဤကျားနှစ်ကောင်၏ စွမ်းအားက အားကောင်းလွန်းလှသည်။
“မင်းတို့ ရရောက်လာပြီးမှတော့ အားလုံးဒီမှာပဲ နေခဲ့ကြလိုက်တော့။”
သူတို့သည် နောက်ထပ် မထိန်းသိမ်းတော့ပေ။ ဤလိုက်လံသတ်ဖြတ်တဲ့အဖွဲ့က လိုက်လာဖို့ ဆုံးဖြတ်လိုက်ကတည်းက သေဆုံးရန် ဆုံးဖြတ်လိုက်ခြင်းနှင့် အတူဘဲဖြစ်သည်။
ဟွာကုကို ကိုင်တွယ်ရာတွင် ဝူယွမ်ကသူ၏ လျှို့ဝှက်လက်နက်ကို အသုံးပြုရန်ပင် မလိုအပ်ပေ။ မီးနီဓားရှည်ပေါ်တွင် ခြေနင်းလျက် ဟွာကုနောက် မြန်မြန်ဆန်ဆန် ပျံသန်းလိုက်သွားပြီး ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါးကိုဘဲ ထပ်မံအသုံးပြုပြီး ဟွာကုထံသို့ ရိုက်နှက်လိုက်သည်။
“အရိုးပေါင်းစုံ နတ်ဆိုးသံချပ်၀တ်”
များပြားလှစွာသော မီးခိုးရောင် ယွမ်စွမ်းအင်များ ပန်းထွက်လာကာ၊ မြန်မြန်ဆန်ဆန် ပျစ်ခဲသွားပြီး၊ စက္ကန့်ပိုင်းအတွင်းမှာပင် ကြီးမားသော အဖြူရောင်အရိုးသံချပ်စတ် အဖြစ်သို့ ပြောင်းလဲသွားကာ ဟွာကု၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝဖုံးအုပ်သွားစေသည်။
“ချိုးဖျက်ပါ။”
ဝူယွမ်က အသံနှိမ့် အော်ဟစ်လိုက်ပြီး၊ မကောင်းဆိုး၀ါး ကျောက်တိုင်လက်ဝါး၏ အောက်တွင် အဖြူရောင်အရိုးသံချပ်၀တ်က လုံးဝအစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။
သို့သော် ထိုဟွာကုက အဲ့လောက်လွယ်လွယ်မသေပေ။ အဘိုးကြီးက ချီဖန်တီးခြင်းအဆင့်ကို ရောက်ရှိထားရုံသာမက၊ ဝိညာဉ်စွမ်းအင်အဆင့်တွင်လည်း အတိုင်းအတာတစ်ခုအထိ တတ်မြောက်မှုရှိထားကြောင်း ထင်ရှားသည်။
သူက အလယ်အလတ်အဆင့် ဝိညာဉ်အဆောင်သခင်အဆင့်နှင့် နီးကပ်နေပီဖြစ်သည်။
ဟွာကု၏ဝိညာဉ်စွမ်းအင်က ရူးသွပ်စွာ ပန်းထွက်လာပြီး၊ အဆုံးမရှိသော ဝိညာဉ်မီးလျှံများ ဖွဲ့စည်းလိုက်သည်။
“ဟေ့ဟေ့... ဝိညာဉ်အဆောင်သခင် ဖြစ်တယ်ဆိုတော့ ဘာလဲ၊ သေမှာပဲ။”
ဝူယွမ်က ဟွယ်ကုထံ နှစ်သက်စွာ ပြုံးပြလိုက်ပြီး၊ သဘာဝဝိညာဉ်အဆောင်ငါးခုကို နီဝမ်နယ်ပယ်မှ ထုတ်လွှတ်လိုက်ကာ သဘာဝဝိညာဉ်အဆောင်များမှ အနက်ရောင်ရေဝဲငါးခု ဖြစ်ပေါ်လာပြီး၊ ဝိညာဉ်မီးလျှံများ အားလုံးကို အရူးအမူး စုပ်ယူလိုက်သည်။
သူ၏သဘာဝဝိညာဉ်အဆောင်များက မူလဝိညာဉ်စုဆောင်းရူန်း နှင့် ဝါးမျိုရူန်း၏ ဆယ်ရာခိုင်နှုန်းခန့်ကို ပြီးမြောက်အောင်မြင်ပြီးပီဖြစ်ရာ၊ သဘာ၀ ဝိညာဉ်အဆောင် များထက် အများကြီးပိုအားကောင်းသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းက ဝိညာဉ်အဆောင်သခင် မဖြစ်သေးဘူးလေ ”
ဟွယ်ကုက အံ့အားသင့်နေသည်။ ဝိညာဉ်မီးလျှံများကို ဤသို့၀ါးမျိုနိုင်သူကို သူမည်သည့်အခါကမှ မမြင်ဖူးခဲ့ပေ။
“ဝိညာဉ်ဝါးမျို ဦးခေါင်းခွံ။”
ဟွာကုက အကြီးအကျယ် အော်ဟစ်လိုက်ပြီး သူက နီဝမ်နယ်ပယ်ကို ဖွင့်လိုက်ကာ၊ သူ၏ဝိညာဉ်စွမ်းအင်များ ပန်းထွက်လာပြီး၊ စုပ်ယူနိုင်သော အင်အားတစ်ခုကို ဖြန့်ကျက်လိုက်ပြီး၊ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုရန် ကြိုးပမ်းလေသည်။
ဤဝါးမျိုစွမ်းအားရှိသော ဦးခေါင်းခွံက ယင်ရုတ်သေးဂိုဏ်း၏ အဓိကဝိညာဉ်လျှို့ဝှက် နည်းပညာရပ်တစ်ခုဖြစ်ပြီး၊ အခြားသူများ၏ ဝိညာဉ်စွမ်းအင်ကို ဝါးမျို သန့်စင်ပြီး မိမိကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ကို မြှင့်တင်နိုင်သည်။
ဤနည်းလမ်းက ဝူယွမ်၏ သဘာဝဝိညာဉ်အဆောင်နှင့် အနည်းငယ်ဆင်တူသည်။
သို့သော်၊ ထိရောက်မှုက အလွန်နည်းပါးကာ၊ ဝါးမျိုနိုင်စွမ်းကလည်း တူညီသောအဆင့်တွင် မရှိပေ။
“သွားသေလိုက်၊ အဘိုးကြီး”
ဝူယွမ်က နောက်ထပ်မဆိုင်းတော့ပေ။ မြေဆွဲအား ဆက်ကွင်းက ချက်ချင်း ဟွာကုကို ဖိနှိပ်လိုက်ပြီး၊ သူ့လက်ဖဝါးနှင့် ဟွာကု၏ခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။ စုပ်ယူနိုင်သော အင်အား ပန်းထွက်လာသည်နှင့် တစ်ပြိုင်နက်၊ သူက နီဝမ်နယ်ပယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို အတင်းအဓမ္မ ဝါးမျိုလိုက်သည်။
ဤသည်မှာ ဝူယွမ်၏ရည်မှန်းချက်ပင်ဖြစ်သည်။
သူ၏ဝိညာဉ်စွမ်းအင်အဆင့်က အတော်ကြာ ရပ်တန့်နေပြီး၊ ကိုယ်တိုင်နှေးကွေးစွာ တရားထိုင်နေခြင်းထက် အခြားသူများကို ၀ါးမျိုခြင်းသည် အဆပေါင်းများစွာ ပိုမြန်သည်။
မူလက ဝူယွမ်က ဟွာကျောင်းတစ်ဦးတည်းကသာ လိုက်လာမည်ဟု ထင်ခဲ့သော်လည်း၊ သူ့ဖခင်ကို ခေါ်ဆောင်လာမည်ကိုတော့ မျှော်လင့်မထားခဲ့ပေ။
ရေဝဲငါးခုဖြင့် ဟွာကု၏ ဝိညာဉ်စွမ်းအင်အားလုံးကို ဝူယွမ်က စုပ်ယူလိုက်ပြီး၊ သူ၏နီဝမ်နယ်ပယ်အတွင်းတွင် ဖိနှိပ်ထားလိုက်သည်။
ဟွာကု၏ ဝိညာဉ်က အားနည်းနေသော်လည်း၊ သူ၏အသက်ကို ချိန်းခြောက်လိုက်သည် “ဝူယွမ်... ငါ့ကို မသတ်ပါနဲ့၊ မဟုတ်ရင် ငါတို့ ယင်ရုတ်သေးဂိုဏ်းက မင်းကို အလွှတ်ပေးမှာမဟုတ်ဘူး။”
ဝူယွမ်က လှောင်ပြောင်လိုက်သည်။ “ဟားဟား... စိတ်မပူပါနဲ့၊ ယင်ရုတ်သေးဂိုဏ်းက လာရဲမင်း မင်းတို့နဲ့ တွေ့ဆုံပေးဖို့ သူတို့ကို ငါပို့ပေးနိုင်တယ်။”
သူသည် ခြေဖြင့် နင်းလိုက်ကာ၊ ဟွာကုအား အသားပြားအဖြစ် တိုက်ရိုက်ကြိတ်ချေလိုက်သည်။ သူ့တွင် အဆောင်ရုပ်သေးကို ဆင့်ခေါ်ရန် အခွင့်အလမ်းပင် မရှိလိုက်ချေ။
ဝူယွမ်က တိုက်ပွဲမြေပြင်သို့ လှည့်ကြည့်လိုက်ရာ၊ လင်းတုန်သည်လည်း သူ့ကဲ့သို့ပင် ဟွာကျောင်း၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနေသည်ကို မြင်လိုက်ရသည်။
ဟွာကျောင်းက သူ၏ဖခင် ဟွာကုလောက် စွမ်းအားမကြီးသော်လည်း၊ သူသည်လည်း ဝိညာဉ်အဆောင်သခင် အဆင့်သို့ ရောက်ရှိနေပီဖြစ်ကာ၊ သူ၏ဝိညာဉ်စွမ်းအင်က အားနည်းလှသည်တော့မဟုတ်ပေ။
ကမ္ဘာမြေတစ်ခုလုံး ဖရိုဖရဲဖြစ်နေကာ၊ လူသားများအချင်းချင်း တိုက်ခိုက်မှုများနှင့် ယှဉ်ပါက လူသားနှင့် နတ်ဆိုးသတ္တဝါများအကြား တိုက်ခိုက်မှုများက ပို၍ရက်စက် ကြမ်းကြုတ်လှသည်။
အထူးသဖြင့် ရှောင်ယန်၊ သူက ရိုးရှင်းကာ ရက်စက်သော ဖျက်ဆီးသူတစ်ဦးဖြစ်ပြီး၊ ထိုအလယ်အလတ်အဆင့် အဆောင်ရုပ်သေးများကို ကစားစရာအရုပ်များကဲ့သို့ ဆုတ်ဖြဲနေသည်။
“ဒါက ကစားစရာမဟုတ်ဘူး”
လင်းတုန်က ရှောင်ယန်၏ခေါင်းကို ရိုက်နှက်လိုက်သည်။
“ဒါတွေအားလုံးက အဖိုးတန်ပစ္စည်းတွေပဲ၊ အကုန်လုံးကို မင်းကပျက်စီးစေတယ်၊ မင်းက ဖြုန်းတီးတတ်တဲ့ ကောင်လေးဘဲ”
သူက ဒေါသထွက်ပြီး ပြောလိုက်သည်၊ ရှေးဟောင်းဂူသင်္ချိုင်းတွင် အလယ်အလတ်အဆင့် အဆောင်ရုပ်သေးတစ်ခု ရရှိခဲ့တုန်းက သူ မည်မျှပျော်ရွှင်ခဲ့သည်ကို ပြန်သတိရလိုက်သည်။
အလယ်အလတ်အဆင့် အဆောင်ရုပ်သေးတစ်ခုက အနည်းဆုံး သန့်စင် ယွမ်ဆေးလုံး ငါးသောင်းတန်သည်။
“ကောင်းပြီ၊ တိုက်ပွဲမြေပြင်ကို မြန်မြန်ရှင်းလင်းကြရအောင်၊ ခုနက ရလိုက်တဲ့ ဝိညာဉ်စွမ်းအင်ကို သန့်စင်ဖို့လည်း လိုသေးတယ်။”
ဝူယွမ်က အေးအေးဆေးဆေးဘဲ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် သိုလှောင်အိတ်များကို စုဆောင်းပြီး၊ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်လက်နက်အားလုံးကို ယူလိုက်ကြသည်။
“ဟားဟား... ဒီပစ္စည်းတွေက၊ ခဏခရီးထွက်ပြီး ငါတို့လက်ထဲကို ပြန်ရောက်လာတယဘဲ။”
လင်းတုန်သည် ဟွာကျောင်း၏ သိုလှောင်အိတ်ကို ဖွင့်ကြည့်ပြီး မရပ်မတန့်နိုက် ရယ်မောလိုက်သည်။ ဟွာကျောင်း၏ သိုလှောင်အိတ်အတွင်းတွင် သူတို့အရင်က လေလံတင်ခဲ့သော ပစ္စည်းများ ရှိနေသည်။
ယင်ရုတ်သေးဂိုဏ်းက အဓိကလေလံဆွဲသူဖြစ်ပြီး၊ ရှေးဟောင်းဓားဂိုဏ်းမှ ပစ္စည်းအတော်များများကို ဝယ်ယူခဲ့သည်။
သူတို့က ပစ္စည်းများရောင်းပြီး ပြန်လိုက်သတ်သည်နှင့်ပင် တူနေသေးသည်။
ဝူယွမ်မျက်နှာပေါ်တွင်လဲ ရက်စက်သော အမူအရာတစ်ခု ပေါ်လာသည်။
ဤသည်မှာ သူတို့၏ရည်ရွယ်ချက် မဟုတ်ဘဲ၊ ဟွာကျောင်းက သူကိုယ်တိုင် ရွေးချယ်ခဲ့သည့်အရာဘဲ ဖြစ်သည်။
“အိုး... ဒါဆိုရင် အချိန်ရတဲ့အခါကြ ပြန်ရောင်းလိုက်မယ်။”
တိုက်မြေပြင်ကို ရှင်းလင်းပြီးနောက်၊ ရိတ်သိမ်းမှုက အနည်းဆုံး သန့်စင် ယွမ်ဆေးလုံးတစ်သန်း ရှိသည်။
“ဒီမှာပဲ သန့်စင်လိုက်ကြရအောင်၊ သူတို့သားအဖ နှစ်ဦးရဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူထားတော့ အစောပိုင်းက စုဆောင်းထားတဲ့ ဝိညာဉ်စွမ်းအင်ဆေးပင်တွေနဲ့ ပေါင်းစပ်လိုက်ရင် ဝိညာဉ်အဆောင်သခင်အဆင့်ကို တက်နိုင်လောက်တယ်”
ဝူယွမ်က လင်းတုန်ထံ ပြောလိုက်သည်။
ဟွာကု၏ ဝိညာဉ်စွမ်းအင်က သူ၏နီဝမ်နယ်ပယ်အတွင်း ရှိနေပြီး၊ သန့်စင်ခြင်းမပြုရသေးမချင်း သူက သက်တောင့်သက်သာ နေနိုင်မည်မဟုတ်ပေ။
“အင်း။”
ဝူယွမ်တိုါနှစ်ဦးစလုံး ချက်ချင်းဘဲ ချေချိတ်ထိုင်လိုက်ကြသည်။
နီဝမ်နယ်ပယ်အတွင်း၊ သဘာဝဝိညာဉ်အဆောင်ငါးခုက မျောနေပြီး၊ အောက်ခြေတွင် မီးခိုးရောင် ဝိညာဉ်စွမ်းအင် တစ်ခုရှိနေသည်။
ဝိညာဉ်အဆောင်ပေါ်ရှိ ရူန်းများ လည်ပတ်နေသည်နှင့်အမျှ၊ ပျော့ပျောင်းသော အဖြူရောင်အလင်းက နီဝမ်နယ်ပယ်တစ်ခုလုံးကို လင်းလက်သွားစေသည်။
မီးခိုးရောင် ဝိညာဉ်စွမ်းအင်က အလင်းရောင်ပျံ့နှံ့လာသည်နှင့် တစ်ပြိုင်နက်၊ ချက်ချင်းပင် ဆူညံသံများ ထွက်ပေါ်လာသည်။ မီးခိုးရောင် အညစ်အကြေးများက ဝိညာဉ်စွမ်းအင်မှ ဖြည်းဖြည်းချင်း စိမ့်ထွက်လာပြီး၊ နောက်ဆုံး သဘာဝဝိညာဉ်အဆောင်၏ အလင်းရောင်အောက်တွင် လုံးဝပျောက်ကွယ်သွားကြသည်။
အချိန်ကုန်လာသည်နှင့်အမျှ၊ မီးခိုးရောင်အငွေ့များက ဝိညာဉ်စွမ်းအင်မှ မရပ်မနား စိမ့်ထွက်လာကာ၊ ကျယ်ပြန့်သော ဝိညာဉ်စွမ်းအင်သည် တဖြည်းဖြည်း အရောင်ပြောင်းလာသည်။ မီးခိုးရောင်အငွေ့များက တဖြည်းဖြည်း မှေးမှိန်သွားပြီး၊ စင်ကြယ်၊ အေးချမ်းသော အရောင်များ အစားထိုးသွားသည်။
ဝူယွမ်က ထက်မြက်သော သဘာဝဝိညာဉ်အဆောင်များ ပိုင်ဆိုင်ထားသဖြင့် ဝိညာဉ်စွမ်းအင်အတွင်းရှိ ညစ်ညမ်းမှုများကို သန့်စင်ရာတွင် ကောင်းမွန်သော သက်ရောက်မှုရှိသည်။ ထို့ကြောင့် နှစ်နာရီခန့်အတွင်းမှာပင် သူ၏နီဝမ်နယ်ပယ်အတွင်း ဖြန့်ကျက်နေသော ဝိညာဉ်စွမ်းအင် ညစ်ညမ်းမှုများ လုံးဝသန့်စင်သွားခဲ့သည်။
သန့်စင်ပြီးနောက် စုပ်ယူမှုကို စတင်ခဲ့သည်။
ဝမ့်လွန်ပြည်နယ်တွင် ညအချိန်၌ နတ်ဆိုးသားရဲများ မကြာခဏ ပေါ်ထွက်လေ့ရှိသော်လည်း၊ ပိုင်ယွမ်နှင့် ရှောင်ယန်ရှိနေခြင်းကြောင့် ဘယ်သူမျှ သူတို့၏ကျင့်ကြံခြင်းကို နှောင့်ယှက်နိုင်မည်မဟုတ်ပေ။
မကြာမီ၊ ကောင်းကင်သည် ဖြည်းဖြည်းချင်း လင်းလာခဲ့သကာလူတစ်စုက ဤနေရာသို့ ဦးတည် သွားလာနေကြသည်။
မုချန်ချန်ဦးဆောင်သော မဟာနတ်ဆိုးဂိတ်မှ လူများက နောက်ဆုံးတွင် တိုက်ပွဲမြေပြင်နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ဖရိုဖရဲဖြစ်နေသော တိုက်ပွဲမြေပြင်တွင်၊ ကျားနှစ်ကောင်က သူတို့ပိုင်ရှင်များ၏ဘေးတွင် ပျင်းရိစွာ လဲလျောင်းနေကြပြီး၊ ပိုင်ရှင်များမှာတော့ ယခုအချိန်တွင် ခြေချိတ်ထိုင်ကာ ကျင့်ကြံနေကြသည်။
“ဒါ... အားလုံးသေသွားကြပြီ။”
မဟာနတ်ဆိုးဂိတ်မှလူများက ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်နေကြသည်။ ဟွာကုက ယင်ရုတ်သေးဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး၊ ချီဖန်တီးခြင်းအဆင့် အထွတ်အထိပ်မှာရှိပြီး ကျော်ကြားသူတစ်ဦးဖြစ်သည်။
ဟွာကျောင်းနှင့် ယင်ရုတ်သေးဂိုဏ်း၏ ကျွမ်းကျင်သူအားလုံး သေနေကြပီဖြစ်သည်။
“အသံတွေနှိမ့်ထား၊ သူတို့ ကျင့်ကြံနေတာကို မနှောင့်ယှက်မိစေနဲ့”
မုချန်ချန်က မကျေမနပ်ဖြင့် ဆူပူလိုက်သည်။
ထို့နောက် သူမက သူမစုံစမ်းရှာဖွေခဲ့သော အမှန်တရားကို လူအားလုံးထံ ပြောပြလိုက်သည်။
“ဘာတွေအံ့အားသင့်နေကြတာလဲ၊ ရှေးဟောင်းဓားဂိုဏ်းကတောင် သူတို့နှစ်ယောက် လုယက်တာခံခဲ့ရတယ်၊ ရှေးဟောင်းဓားကျောင်းတော်ရဲ့ ခေါင်းဆောင်သုံးယောက်လဲ သူတို့လက်ထဲမှာ သေဆုံးသွားတယ်။ ဒါကြောင့် ဟွာကုလိုလူမျိုးတွေက ဘာမှမဟုတ်ဘူး။”
အချိန်ကို တွက်ကြည့်ပါက ဤသတင်း တာခွိုင်မြို့သို့ ရောက်ရှိသင့်ပြီဖြစ်သည်။
မဟာနတ်ဆိုးဂိတ်မှ လူအားလုံး နောက်တစ်ကြိမ် စကားမပြောရဲတော့ပေ၊ သူတို့၏မျက်လုံးများထဲတွင်လည်း အံ့အားသင့်များမှုဖြင့် ပြည့်နှက်နေကြသည်။
အခုလောက်ဆိုဝူယွမ်နှင့် လင်းတုန်တို့ကသတင်းက ဝမ့်လွန်ပြည်နယ် တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီဖြစ်နိုင်သည်။
ထိုအချိန်တွင်၊ ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့သွားပြီး၊ လူအားလုံး ဆုတ်ခွာလိုက်ကြရသည်။
“အတော် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်ပါလား။” မုချန်ချန်က သူမ၏ ပါးစပ်ကို လက်လေးဖြင့်အုပ်လိုက်မိသည်။
လူအားလုံးက ဝိညာဉ်စွမ်းအင်လှိုင်း၏ ဦးတည်ရာကို ကြည့်လိုက်ကြရာ၊ ဝူယွမ်ရှေ့တွင် မီးလျှံတစ်ခု မျောနေသည်ကို တွေ့လိုက်ရသည်။
ဝိညာဉ်မီးလျှံ။
ဝိညာဉ်စွမ်းအင်က အဆင်ပတစ်ခုအထိ ပျစ်ခဲလာသောအခါ မွေးဖွားလာနိုင်သော ဝိညာဉ်မီးလျှံတစ်ခုဖြစ်သည်။
ဝိညာဉ်အဆောင်သခင်။
သူက ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။
ထို့နောက် ဒုတိယ ဝိညာဉ်စွမ်းအင်လှိုင်း ရောက်ရှိလာခဲ့သည်။
လင်းတုန်သည်လည်း ကျော်ဖြတ်နိုင်ခဲ့သည်။
ဝိညာဉ်အဆောင်သခင် နှစ်ဦး မွေးဖွားလာခဲ့လေပြီ။
“ယွမ်စွမ်းအင် နဲ့ ခန္ဓာကိုယ်သာမက ဝိညာဉ်စွမ်းအင်ကိုပါ လေ့ကျင့်တယ်လား”
မုချန်ချန်သည်လည်း မယုံနိုင်လောက်အောင် အံ့အားသင့်နေသည်။
ဤနှစ်ဦးက ပါရမီရှင် ထူးချွန်သူများထက် သာလွန်သော အကုန်တက်မြောက်ထားသူများ ဖြစ်သည်။
အရာအားလုံးတွင် တော်သည်။
သူမ၏ ဖြူဖွေးစွပ်နေသောအပေါ်သွားလေးဖြင့် သူမ၏နီရဲသော အောက်နှုတ်ခမ်းကို နူးညံ့စွာ ကိုက်လိုက်မိသည်။ သူမ၏အစ်ကိုကြီးက အလွန်ထူးချွန်လွန်းသဖြင့် သူမအား ဖိအားခံစားရစေသည်။
“မင်းတို့ အားလုံး ဘာလို့လိုက်လာကြတာလဲ။”
ဝူယွမ်သည် မျက်လုံးဖွင့်လိုက်ပြီး မဟာနတ်ဆိုးဂိတ်မှလူများကို အေးစက်စွာ လှမ်းကြည့်လိုက်ကာ၊ နောက်ဆုံး မုချန်ချန်အပေါ်တွင် သူ၏အကြည့်ကို ရပ်တန့်လိုက်သည်။
ယနေ့ မုချန်ချန်က အမည်းရောင်စကတ်အတိုတစ်ခုကို ပြောင်းလဲဝတ်ဆင်ထားပြီး၊ သူမ�ခြေသလုံးများတွင် အမည်းရောင်ခြေအိတ်မျာ ၀င်ဆင်ထကာ သူမလမ်းတစ်လျှောက်လိုက်တိုင်း တင်ပါးလေးက လှုပ်လီလှုပ်လီ ဖြစ်သွားကွာ သွေးဆောင်ဖျားယောင်းမှု အပြည့်ဖြင့်ဖြစ်နေသည်။
“ကဝေမ”
ဝူယွမ် စိတ်ထဲမှ ရေရွတ်လိုက်မိသည်... သူ၏ညီမငယ်လေးက အမှန်တကယ်ပင် ကဝေမလေး တစ်ယောက်ဖြစ်သည်။
“အင်း... ရှေးဟောင်းတောရိုင်းကျောက်စာတိုင်ကို သွားတဲ့လမ်းက ရှည်လျားတယ်၊ ကျွန်မ သခင်ေလးတို့နှစ်ယောက်နဲ့အတူ ခရီးသွားချင်တယ်။”
သူမ၏ကိုယ်ခန္ဓာပုံသဏ္ဍာန်က ဆွဲဆောင်မှုရှိပြီး၊ သူမက ဝူယွမ်ထံ သူမ၏သေးငယ်သော မျက်လုံးလေးများကို မှိတ်တုတ်မှိတ်တုတ်လုပ်လျက် ကြည့်နေသည်။
အခြားသူများ ရှိနေချိန်တွင်၊ သူမက ‘အစ်ကိုကြီး’ ဟုခေါ်မည့်အစား ‘သခင်လေး’ ဟုခေါ်လိုက်သည်။
“အိုး... ခရီးအရှည်ကြီးမလို့၊ လှပတဲ့မိန်းမပျိုလေးနဲ့ အတူလိုက်ပါခွင့်ရတာလည်း ပျော်ဖို့ကောင်းတာဘဲ၊ သွားကြရအောင်လား။”
ဝူယွမ်က မီးရူန်းတစ်ခုကို ပစ်လွှတ်လိုက်ကာ၊ တိုက်ပါဲမြေပြင်ကို ပြာဖြစ်စေပြီး၊ ရုပ်အလောင်းအားလုံးကို မီးရှို့လိုက်သည်။
ဝူယွမ် ရုပ်အလောင်းများ ဖျက်ဆီးပြီး ခြေရာလက်ရာ ဖျောက်နည်းကို ကျွမ်းကျင်စွာ အသုံးပြုနေခြင်းက မဟာနတ်ဆိုးဂိတ်မှလူများအားကို အံ့အားသင့်သွားစေသည်။
သူတို့အားလုံးသည် ဝူယွမ်နှင့် လင်းတုန်တို့ကို သတိထားနေကြသော်လည်း သူတို့၏အမကြီး ကတော့ ဝူယွမ်ကို ရဲရဲရင့်ရင့်နှင့် ဆွဲဆောင်မှုရှိစွာ ဆက်ဆံနေသည်။
ဤသည်မှာ မဟာနတ်ဆိုးဂိတ်မှလူများအား သူတို့၏အမကြီးကို အမြင်သစ်များဖြင့် ပြန်လည်ကြည့်လိုက်ကြရကာ အတော်လေး အံ့အားသင့်နေကြသည်။
ဘာဖြစ်သွားသည်ကို မသိကြသော်လည်း၊ လေလံပွဲပြီးနောက် အမကြီးက ယခင်ပုံစံကို လုံးဝပြောင်းလဲလိုက်သလို၊ ပိုဆွဲဆောင်မှုရှိပြီး သွေးဆောင်တတ်လာကာ၊ သူတို့အားလုံး မိန်းကလေးများ အပါအ၀င် စီနီယာအမကြီး ကို တိုက်ရိုက်ကြည့်ရန် မဝံ့မရဲဖြစ်နေကြပြီး၊ အမကြီး ၏ဆွဲဆောင်မှုကို သူတို့ကြောက်ရွံ့လာကြသည်။
တစ်နေ့တွင် ခံနိုင်ရည်မရှိဘဲ အမှားတစ်ခုလုပ်မိပြီး သေခြင်းတရား အနက်ရောင်တွင်းနက်ထဲသို့ ကျရောက်သွားမည်ကို သူတို့အလွန်စိုးရိမ်နေကြသည်။
ဤသည်မှာ ပျော်ရွှင်ဖွယ်ကောင်းသော ညှင်းပန်းနှိပ်စက်မှုတစ်ခုနှင့် တူသည်။
ယခုအခါ၊ သူတို့၏အမကြီးက ဝူယွမ်နှင့် တရင်းတနှီး ဆက်ဆံနေသည်ကို မြင်ရသောအခါ၊ သူတို့က အားကျသွားကြသလို၊ တပြိုင်တည်း သူတို့အမကြီး၏ ကြောက်မက်ဖွယ်ဆွဲဆောင်မှုကို ရင်ဆိုင်ရတော့မည် မဟုတ်တာကြောင့် သက်သာရာရသွားကြသည်။
လမ်းတစ်လျှောက်တွင်၊ ပိုင်ယွမ်က ချစ်စရာကောင်းသော အခြေအနေသို့ ပြန်ပြောင်းလဲသွားပြီး၊ မုချန်ချန်က သူ့ကို ပွေ့ဖက်ခွင့်တောင်းလိုက်သည်။
ဝူယွမ်က မုချန်ချန်ကိုမော့ ကြည့်လိုက်ပြီး၊ သူမက စိတ်ကူးယဉ်ဆန်သည်ဟု ခံစားနေရကာ ပိုင်ယွမ်ကို ချက်ချင်း ပစ်ပေးလိုက်သည်။
ပိုင်ယွမ်ကတော့ နောက်တစ်ကြိမ် အသက်ရှုကျပ်ရပြန်ပီ ဖြစ်သည်။
နှစ်ဦးစလုံးက ရှေ့ဆုံးမှလမ်းလျှောက်နေကြပြီး၊ မုချန်ချန်က တိုးတိုးတိတ်တိတ် တီးတိုးပြောဆိုကာ၊ ရယ်မောနေသည်။
“အစ်ကိုကြီး... ဟွာကုနဲ့ သူ့သားကို သတ်လိုက်တာကို ယင်ရုတ်သေးဂိုဏ်းက ခွင့်လွှတ်မှာ မဟုတ်ဘူးထင်တယ်။ ဒါကြောင့်... ယင်ရုတ်သေးဂိုဏ်းကို ပါဖျက်ဆီးဖို့ စိတ်ဝင်စားလား။ ညီမလေးတို့ မဟာနတ်ဆိုးဂိတ်က စစ်မြေပြင်ရှင်းလင်းဖို့ ကူညီပေးနိုင်တယ်။”
ယင်ရုတ်သေးဂိုဏ်းကို ဖျက်ဆီးခြင်းက သူတို့ မဟာနတ်ဆိုးဂိတ်အတွက် အကျိုးကျေးဇူး ကြီးကြီးမားမား ရလိမ့်မည်ဖြစ်သည်။
အစ်ကိုကြီး၏စွမ်းအားဖြင့်ဆိုလျှင်၊ ထိုအရာက ခက်ခဲမည်မဟုတ်ပေ။
“တိုက်ခိုက်သတ်ဖြတ်ခြင်းက မကောင်းဘူး လူတွေရဲ့ အဖွဲ့အစည်းတွေကို မကြာခဏ ဖျက်ဆီးတာမျိုးက မလုပ်သင့်ပါဘူး”
ဝူယွမ်က ချက်ချင်း တည်ကြည်စွာပြောလိုက်သည်။
မုချန်ချန်က ချက်ချင်း နှုတ်ခမ်းရွဲ့သွားပြီး စိတ်ထဲမှာတော့ “အစ်ကိုကြီးရဲ့ စကားတွေကို ဘယ်သူမှယုံမှာမဟုတ်ဘူး”
“တကယ်တော့ ယင်ရုတ်သေးဂိုဏ်းနဲ့ ညီမတို့ မဟာနတ်ဆိုးဂိတ်က အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ယင်ရုတ်သေးဂိုဏ်းကို ဖျက်ဆီးနိုင်ရင် ညီမတို့ မဟာနတ်ဆိုးဂိတ်အတွက် အလွန်ကောင်းမွန်တဲ့အရာ ဖြစ်လာလိမ့်မယ်။”
မုချန်ချန်၏မျက်လုံးများက အနည်းငယ်ဘေးသို့ လွှဲသွားပြီး၊ သူမက ရှက်ရွံ့ခြင်းနှင့် စိတ်ပိုင်းဖြတ်ခြင်းများဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီးသည ကူညီမယ်ဆိုရင် ညီမက ကျေးဇူးတင်မှာပါ၊ နောင်တချိန်မှာ ညီမက သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်။”
“အား... ဒီကျေးဇူးပြန်ဆပ်ခြင်းက တစ်ကယ်ပြောတာလား”
ဝူယွမ်က ခေါင်းငုံ့လိုက်သည်နှင့်၊ မုချန်ချန်၏ သွယ်လျသော ခြေသလုံးများပေါ်ရှိ အမည်းရောင်ခြေအိတ်များကို မြင်လိုက်ရသည်။
ထို့နောက် သူ့ကိုယ်ထဲမှ စွမ်းအင်တစ်ခုက ပန်းထွက်လာ သကဲ့သို့က၊ သူက တရားမျှတစွာပြောဆိုကာ၊ ရည်ရွယ်ချက်ရှိရှိနှင့် စိတ်ရင်းမှန်ဖြင့် ရဲရင့်တဲ့ သူရဲကောင်း တစ်ယောက်ဟန်ပန်နှင့် ပြောဆိုလိုက်သည်။
“မင်းက ကျေးဇူးပြန်ဆပ်မဆပ်က မဆိုင်တော့ဘူး၊ ငါက ယင်ရုတ်သေးဂိုဏ်းရဲ့ ထပ်ကာထပ်ကာ စိန်ခေါ်မှုတွေကို သည်းမခံနိုင်တော့ဘူး၊ ရှေးဟောင်းတောရိုင်းကျောက်တိုင်က ပြန်ရောက်တာနဲ့ ငါဖျက်ဆီးပစ်လိုက်မယ်။”
မုချန်ချန် ပါးစပ်ကြီးဟလျှက် ဆွံအငေးမောမိသွားသည်။ တစ်စုံတစ်ဦး၏ စိတ်သဘောထားက ဤမျှမြန်ဆန် ချောမွေ့စွာ ပြောင်းလဲနိုင်သည်လား။
“အစ်ကိုကြီးက တစ်ကယ်ဘဲ စည်းကမ်းမရှိပေ။”