← Chapters

မုချန်ချန် - ကျွန်မ ရှင့်ရဲ့ ဂျူနီယာ ညီမလေးဖြစ်ချင်တယ်

Vol. 12 Ch. 111

မုချန်ချန် - ကျွန်မ ရှင့်ရဲ့ ဂျူနီယာ ညီမလေးဖြစ်ချင်တယ်

Vol. 12 Ch. 111

အင်းကွက်၊ လက်နက်ပြုလုပ်ရေးနည်းလမ်း။

ပမာဏများပြားလှတဲ့ အသိပညာတွေဟာ ဝူယွမ်ရဲ့ စိတ်ထဲကို တစ်ဖန် ရေလျှံသကဲ့သို့ဝင်ရောက်လာပြန်သည်။

သာမန်ဆို တစ်သက်လုံးလေ့လာရင်တောင် ပြီးမှာမဟုတ်တဲ့ အရာတွေဟာ ရုတ်တရက် ဝူယွမ်ရဲ့ စိတ်ထဲ ပေါ်ပေါက်လာလေသည်။

ဒီအရာတွေကိုသူကောင်းစွာ ချေဖျက်နားလည်ပြီးတာနဲ့ ဝူယွမ်ဟာ အဂိရိတ်ဆရာတစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်သည်။

ဒီလောကမှာအင်းကွက်၊ ရူန်းများ နှင့် လက်နက်ပြုလုပ်ရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်၊ သူတို့အားလုံးက လက်နက်များပေါ်တွင် ရူန်းများနှင့် အင်းကွက်များ ထွင်းထုခြင်းဖြင့် မှော်ဆန်သော အာနိသင်ကို ရရှိစေနိုင်သည်။

အရင်က ဝူယွမ်သည်ရူန်းများကိုသာ နားလည်ခဲ့ပြီး လက်နက်များပေါ်တွင် ရိုးရှင်းတဲ့ ရူန်းရေးဆွဲခြင်းနည်းလမ်းကိုသာ အသုံးပြုကာ အားဖြည့်အာနိသင်ကို ရယူခဲ့သည်။ သူ့နည်းလမ်းများက တကယ်တော့ အလွန်ရိုးရှင်းပြီး၊ မူလရူန်းများ၏ စွမ်းအားကြောင့်သာ လက်နက်များ၏ စွမ်းအားက သိသိသာသာ တိုးပွားလာခြင်း ဖြစ်သည်။

ယခုတော့လက်နက်ပြုလုပ်ရေးအတတ် နှင့် အင်းကွက််ကွက်အတတ်တို့ကို ရရှိပြီးနောက်၊ မူလရူန်းများနှင့် ပေါင်းစပ်လိုက်တဲ့အခါ ဝူယွမ်၏ အဂရိတ် လမ်းစဉ်ပေါ် ရရှိမည့် အသိပညာအရည်အသွေးက ဆန်းကြယ်စွာ ခုန်တက်သွားမည်ဖြစ်သည်။

“ဝူယွမ်သခင်လေး၊ ဒီတစ်လော ဘယ်မှာ တည်းခိုမှာလဲ၊ ကျွန်မ အကြွေးတင်နေတဲ့ ယွမ်ဆေးလုံးတွေကို ရှင့်အိမ်အရောက် ပို့ဆောင်ပေးပါရစေ”

‌ေလလံပွဲပြီးသည်နှင့် မုချန်ချန်က မက်တက်ရပ်ပြီး ပြောလိုက်သည်။

သူမရဲ့ ဖျားယောင်းသွေးဆောင်ဟန်ရတဲ့ ကိုယ်ဟန်အနေအထားက သိမ်မွေ့လှပြီး၊ သူမရဲ့ လှပတဲ့ မျက်လုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်နှင့် ဝူယွမ်ဆီကို ‘မီးပွား’ တစ်ခု လွှတ်လိုက်သလို ဖြစ်နေသည်။ ဒီမိန်းကလေးဟာသူမရဲ့ ဆွဲဆောင်မှုကို အဆက်မပြတ် ပြသနေတတ်သည်။

မွေးရာပါဆွဲဆောင်မှု ကိုယ်ခန္ဓာရှိသူဖြစ်တာမို့၊ တစ်ခါတစ်ရံမှာ သူမဟာ သေချာ‌ဆွဲဆောင်နေတာမဟုတ်ဘဲ မွေးရာပါအလိုလို တုံ့ပြန်မှုသာ ဖြစ်နေသည်။

ဒါဟာရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပြီး၊ သူမအနေနဲ့လည်း ဘာမှမတတ်နိုင်ပေ။

“အိုး၊ နောက်ရက်နှစ်ရက်လောက်တော့ တာခွိုင်မြို့မှာပဲ နေဦးမှာ၊ ဒါပေမယ့် မကြာခင် ထွက်သွားမှာ၊ ဒီတော့ မိန်းကလေး ချန်ချန် ၊ ယွမ်ကျောက်တုံးတွေကို အမြန်ဆုံး စုဆောင်းလိုက်တာ အကောင်းဆုံးပဲ၊ အခုချက်ချင်း မစုဆောင်းနိုင်သေးဘူးဆိုရင်တော့၊ တခြားနည်းနဲ့ ပြန်ဆပ်လို့ရနိုင်ပါတယ်”

ဝူယွမ်က ပြုံးရယ်ရင်းပြောလိုက်သည်။

“ဟီး၊ တကယ်ကို အခုချက်ချင်း မစုဆောင်းနိုင်သေးဘူး၊ ဝူယွမ်သခင်လေး ရှင့်ရဲ့ စိတ်ကူးထဲမှာ ဘယ်လိုမျိုး ပြန်ဆပ်ခိုင်းဖို့ တွေးထားလဲ”

မုချန်ချန်က သူမ၏နုနယ်လှပတဲ့ နှာခေါင်းလေးကို ပွတ်သပ်ရင်း၊ စိတ်ထဲမှာ ‘ဝူယွမ်က ယွမ်ဆေးလုံး နှစ်သိန်းနဲ့ ငါ့ကို အိပ်ခွင့်ပေးမယ်လို့ တွေးနေတာ မဟုတ်လောက်ဘူးမလား’ ဟု တွေးမိလိုက်သည်။

အဲဒါဆိုရင်သူမကို သိပ်ပြီး လျှော့တွက်လွန်းရာ ရောက်သွားမည်။

မုချန်ချန် စိတ်ကူးယဉ်နေတုန်း၊ ဝူယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း၊ ခဏလောက် စဉ်းစားပြီးနောက်၊

“ဟေးဟေး၊ကျွန်တော် တကယ်ကို နည်းလမ်းတစ်ခု တွေးမိတယ်၊ မိန်းကလေး ချန်ချန် ကျွန်တော့်ရဲ့ တပည့်အဖြစ်လက်ခံဖို့ သဘောတူရင်၊ ဒါမှမဟုတ် ကျွန်တော်က ဆရာကြီးကိုယ်စား မင်းကို ဂျူနီယည ညီမလေးအဖြစ် လက်ခံပေးမယ်ဆိုရင်၊ ဒီ ယွမ်ဆေးလုံးတွေကို ဆရာက တပည့်ကို လက်ဆောင်အဖြစ် ပေးလိုက်တာနဲ့တူသွားမှာဘဲ” ဟုပြောလိုက်သည်။

ဒါဟာသူ့ ရုတ်တရက် စိတ်ကူးပေါက်လာခြင်း ဖြစ်သည်။ မုချန်ချန်က သင့်တော်နေရင်တောင်မှ၊ ပျော်ဖွယ်ကျောင်းတော်၏ သင်ကြားရေးနည်းလမ်းကို အလကားပေးလိုက်လို့မရပေ၊ သူအနေနှင့် အကျိုးအမြတ်တစ်ခုခု ရယူကာ၊ သူမကို သူ၏ အကောင်အထည်မပေါ်သေးတဲ့ ဂိုဏ်းအတွင်းသို့ ဆွဲသွင်းရမည်ဖြစ်သည်။

ဝူယွမ်၏ စကားကို ကြားလိုက်ရတဲ့ အခါ၊ မုချန်ချန်က အလွန်အံ့အားသင့်သွားပြီး နည်းနည်းရယ်စရာလည်း ကောင်းနေသည်၊ ဝူယွမ်က သူမ၏ အသက်ထက်ပင် ငယ်နေသေးသည်ကို သူက သူမကို တပည့်အဖြစ် လက်ခံချင်နေသည်။

တဒင်္ဂလောက်ကြာတဲ့အခါ၊ မုချန်ချန်၏ အတွေးများက ရောထွေးသွားသည်၊ သူမနှင့် ဝူယွမ်တို့သည် တူညီတဲ့ လှိုင်းအလျားပေါ်မှာ ဆက်သွယ်နေခြင်း မဟုတ်ပေ။

ဝူယွမ်က သူမကိုအမြတ်ထုတ်ချင်နေကြောင်း သူမသိသည်၊ ဒါပေမယ့် သူမကတော့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို တွေးနေမိချိန်၊ ဝူယွမ်က သူမကို ဂိုဏ်း၀င်အဖြစ် ဆွဲထည့်ရန်လုပ်နေကြောင်း သူမမသိပေ။

“ဘာကိစ္စလဲ၊သူက အဘိုးကြီးတစ်ယောက်လား”

မုချန်ချန်က အလွန်အံ့အားသင့်သွားသည်၊ သူမစကားမပြောမီ၊ သူမနှင့်အတူရှိသူများက မထီမဲ့မြင်ပြုပြီး ပြောလိုက်ကြသည်။

“အရမ်းရယ်စရာကောင်းတာပဲ၊ ကောင်းလေး မင်းက မင်းနေရာကိုမင်း မသိတဲ့သူဘဲ၊ ကျွန်တော်တို့ အစ်မကြီး တပည့်ခံခိုင်းတယ်ဆိုတော့၊ မင်းကိုယ်တိုင်က ကျွန်တော်တို့ အစ်မကြီးရဲ့ ပြိုင်ဘက်တောင် ဖြစ်နိုင်လို့လား၊ ပြီးတော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်၊ ၀မ့်လွန်ပြည်နယ်ထဲမှာ၊ ကျွန်တော်တို့ မဟာနတ်ဆိုးဂိတ်ရဲ့ ဂိတ်ခေါင်းဆောင်ထက် ကျွန်တော်တို့ အစ်မကြီးကို ပိုပြီး သင့်တော်အောင် သင်ကြားပေးနိုင်မယ့်သူ ဘယ်သူရှိလို့လဲ”

“ဟုတ်တယ်၊သူက သူ့ကိုယ်သူ ဘယ်လောက်တောင် အထင်ကြီးနေတဲ့သူမှန်း မသိဘူး”

“အစ်မကြီး၊ သူ့ကို လစ်လျူရှုလိုက်ပါ” မုချန်ချန်နှင့်အတူ ပါလာသူများဟာ စိတ်လှုပ်ရှားနေကြပြီး၊ ဝူယွမ်ကို အထင်သေးစိတ်နှင့် ကြည့်နေကြသည်။

မုချန်ချန်၏ရာထူးက ၀မ့်လွန်ပြည်နယ်တွင် အတော်လေးမြင့်များလွန်းလှကာ၊ ယန်မင်းဆက်ရှိ မင်းသမီးတောင် သူမနှင့် ယှဉ်လို့မရပေ။

“ဒီဝူယွမ်ဆိုတဲ့လူကဦးနှောက်ထဲ ရေဝင်နေမှာပဲ၊ သူမကိုတပည့်ခံခိုင်းရဲလိမ့်မယ်။”

“ဝူယွမ် သခင်လေးရှင်က ဟာသတွေ ပြောတတ်တာဘဲ။ ဒါပေမယ့် ရှင့်ဟာသက ရယ်စရာကောင်းဘူးလေ”

မုချန်ချန်က မျက်ခုံးပင့်ပြီးပြောလိုက်သည်။

“ဟေ့၊ ကျွန်တော် လေးလေးနက်နက် ပြောနေတာ၊ မင်းရဲ့ ကိုယ်ခန္ဓာက တစ်သောင်းမှာ တစ်ယောက်၊ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်လောက်ပဲ ပေါ်ပေါက်တတ်တဲ့ ခန္ဓာမျိုး၊ မင်းရဲ့ မဟာနတ်ဆိုးဂိတ်က ကြံ့ခိုင်တဲ့ အမျိုးသားတွေ လေ့ကျင့်တဲ့ နည်းလမ်းတွေကို လေ့ကျင့်တာဟာ မင်းအတွက် အားနည်းချက်ကိုပဲ ဆောင်ကျဉ်းပေးလိမ့်မယ်၊ မင်းက အားသာချက်ကို ရှောင်ပြေးနေတာ ဖြစ်ပြီး၊ အဲ့တာ မှန်ကန်တဲ့လမ်းစဉ် မဟုတ်ဘူး၊ ကျွန်တော်ခန့်မှန်း ကြည့်ရသလောက် မင်းကိုယ်တိုင်လည်း လေ့ကျင့်ရတာ မသက်မသာဖြစ်နေမှာပဲ”

ဝူယွမ်က သက်ပြင်းချလိုက်မိသည်။ မဟာနတ်ဆိုးဂိတ်ရဲ့ ကိုယ်ခန္ဓာကျင့်ကြံခြင်း လေ့ကျင့်ရေးနည်းအများစုဟာ မိစ္ဆာမျောက်ဝံ ပြောင်းလဲမှုလိုမျိုးဖြစ်ပြီး၊ ကိုယ်ခန္ဓာကို ကြီးမားကာ ကြွက်သားထွားလာအောင် လုပ်ရသည်။ မိန်းကလေးတွေအတွက် လေ့ကျင့်ဖို့ လုံးဝမသင့်တော်ပေ။ အထူးသဖြင့်မုချန်ချန်လို၊ မွေးရာပါဆွဲဆောင်မှု ကိုယ်ခန္ဓာရှိသူအတွက်၊ သာမန်ကိုယ်ခန္ဓာတွေနဲ့ လုံးဝမတူပေ။

သာမန် ကိုယ်ခန္ဓာကျင့်ကြံခြင်းနည်းလမ်းတွေ၊ ဥပမာ- လင်းတုန်လို လူမျိုးကတော့ မာကျောမှု၊ ကြမ်းတမ်းမှု၊ ခိုင်ခံ့မှု၊ သန်မာမှု အစရှိတဲ့ အချက်တွေကို အဓိကထားလေ့ကျင့်သည်။

ဒါပေမယ့်မုချန်ချန်ရဲ့ အဓိကထားရမဲ့လက္ခဏာရပ်များက ပျော့ပျောင်းမှု၊ ဖျားယောင်းမှု၊ နူးညံ့မှု၊ ယင်ဓာတ် အစရှိတဲ့ လက္ခဏာရပ်တွေပဲ ဖြစ်သည်။ သူမ လိုအပ်တာက ရန်သူတွေကို ဖျားယောင်း သွေးဆောင်ပြီး၊ တိုက်ခိုက်စရာမလိုဘဲ အနိုင်ယူတာဘဲ ဖြစ်သည်။

လင်းတုန်လိုရှေ့မှ ရင်ဆိုင်တိုက်ခိုက်ရမယ့် ပုံစံမျိုး မဟုတ်ပေ။

“ကျွန်တော် ဟာသမလုပ်ပါဘူး၊ ကျွန်တော်တို့ ပျော်ဖွယ်ကျောင်းတော်ကို ဝင်ရောက်ရခြင်းက မင်းရဲ့ ကံကြမ္မာပါ၊ ကျွန်တော် မင်းကို မတောင်းပန်နိုင်ဘူး၊ ဘာပဲဖြစ်ဖြစ်၊ မင်းမဝင်ရင်၊ လက်လွတ်ဆုံးရှုံးမှာက မင်းကိုယ်တိုင်ဘဲ၊ သေချာစဉ်းစားကြည့်ပါ၊ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်၊ ဒီည ကျွန်တော့်အခန်းကို လာပြီး ပြောလို့ရတယ်”

ဝူယွမ်က အေးဆေးတည်ငြိမ်စွာနှင့်ပြောလိုက်ပြီး၊ လှည့်ထွက်သွားလိုက်သည်။

သူအဓိကလိုချင်တာက ပျော်ဖွယ်ဆရာကြီးအတွက် သူ၏ အတတ်ပညာကို ဆက်ခံမယ့်သူ ရှာဖွေချင်ခြင်းဖြစ်သည်၊ ဒီလိုမဟုတ်ရင် သူဒီလောက်အထိ ၀င်မပါချင်ပေ။

မုချန်ချန်က အလွန်ဆွဲဆောင်မှုရှိပေမယ့်၊ လင်းချင်းကျူလို နတ်သမီးတစ်ပါးနှင့် အတွေ့အကြုံရှိပြီးသူဖြစ်တာမို့၊ ဝူယွမ်ရဲ့ လှပသောအမျိုးသမီးများအပေါ် ခုခံအားဟာ အလွန်တိုးတက်လာပြီဖြစ်ကာ၊ သူမကို မက်မောပြီး ရယူရန် အရမ်းအားထုတ်မည် မဟုတ်ပေ။

မုချန်ချန်က မျက်မှောင်ကြုတ်သွားသည်။ ဝူယွမ်၏ စကားတွေက တကယ်ကို ဟာသလုပ်နေတာမျိုး မဟုတ်ဘူးလို့ သူထင်မိပေမဲ့ သူမ အသက်အရွယ်လောက်ရှိတဲ့လူက ဒီလိုစကားမျိုးပြောတာကို မုချန်ချန် ခဏတာ လက်ခံနိုင်ဖို့ ခက်ခဲနေသည်။

“ဟီးဟီး၊ကျွန်တော့် အစ်ကိုကြီးက ဘယ်တော့မှ မလိမ်ဘူး၊ မင်းတို့ မဟာနတ်ဆိုးဂိတ်ဆိုတာ ကျွန်တော့်အစ်ကိုကြီးရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး၊ မိန်းကလေး မု၊ ကျွန်တော်တို့ မင်းကို သေချာစဉ်းစားကြည့်ဖို့ အကြံပေးချင်တယ်၊ ကျွန်တော့်အစ်ကိုကြီးက ပုံမှန်ဆို ကိုယ်တိုင်သင်ကြားပေးဖို့ ပြောလေ့မရှိဘူး၊ မင်းမှာ စွမ်းအားတစ်ချို့ရှိလို့ ကျွန်တော့်အစ်ကိုကြီးရဲ့ မျက်လုံးထဲဝင်တာ၊ မင်းဒီအခွင့်အရေးကို တန်ဖိုးထားသင့်တယ်”

လင်းတုန်က မဟာနတ်ဆိုးဂိတ်သားတွေကိုအပြည့်အဝ မောက်မာစွာနှင့် ကြည့်လျုက်ပြီး၊ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်၊ “ကျွန်တော့်အစ်ကိုကြီးက မင်းကို တန်ဖိုးထားလို့ မင်းကံကောင်းတာ” ဆိုသည့် ဟန်ပန်ဖြင့်လှည့်ထွက်သွားသည်။

မဟာနတ်ဆိုးဂိတ်သားတွေအားလုံး အံ့အားသင့်သွားကြသည်။

ဝူယွမ်၏ပုံပန်းသဏ္ဍာန်ဟာ အလွန်ချောမောလွန်းတာမို့၊ သူ၏စကားများဟာ နည်းနည်းပေါ့ပေါ့ပါးပါး ဖြစ်နေသလို ထင်ရစေပြီး၊ သူဟာ မုချန်ချန်ကို ကြိုက်သဖြင့် ပြောနေတယ်လို့ လူတွေ တွေးမိစေသည်။

ဒါပေမယ့်လင်းတုန်ကတော့ မတူဘဲ၊ ကြံ့ခိုင်တဲ့ ယောက်ျားလေးတစ်ယောက်က ဒီလိုတိုက်ရိုက်ပြောတာမို့၊ လူတွေက သူ့စကားတွေဟာ ယုံကြည်စရာကောင်းတယ်လို့ ထင်ရပြီး မသိမသာ ယုံကြည်မိစေသည်။

လင်းတုန်က စကားပြောပြီးသည်နှငိ့ သူ၏အစ်ကိုကြီး နောက်ကို လိုက်သွားလိုက်သည်။

မဟာနတ်ဆိုးဂိတ်သားတွေအနေနှင့် သူတို့ကို ထပ်ပြီး မထီမဲ့မြင်ပြုခွင့်တောင် မရလိုက်ကြတော့ပေ။

မုချန်ချန်ကလည်းသူမ၏လူများနှင့်အတူ ထွက်ခွာသွားလိုက်သည်။

ဒါပေမယ့်သူမဟာ စိတ်ရှုပ်ထွေးနေပြီး၊ ဝူယွမ်နှင့် သူ့ညီတို့၏စကားကြောင့် သူမအစပိုင်းတွေးထားတာကို သေချာပြန်ပြောင်း စဉ်းစားရတော့မည်ဖြစ်သည်။

သူမက သူတို့၏စကားကို အရမ်းလေးလေးနက်နက် ယူဆရခြင်းအကြောင်းက သူမ၏ ပုံမှန်အားဖြင့် မကျရှုံးတတ်တဲ့ ဆွဲဆောင်မှုက ဝူယွမ်နှင့် သူ့ညီအပေါ် ဘာအာနိသင်မှ မရှိခြင်းကြောင့်ဖြစ်သည်။

မွေးဖွားလာကတည်းက ယခုအချိန်ထိ၊သူမ၏ အသက်အရွယ်နှင့် အမျိုးသားတစ်ယောက်မှ သူမရှေ့မှာ ဒီလောက် အေးဆေးတည်ငြိမ်ပြီး၊ သူမနှင့် စကားပြောရာမှာ လုံးဝ ဦးဆောင်နိုင်စွမ်းရှိသူ မပေါ်လာခဲ့ပေ။

ထို့အပြင်၊ဝူယွမ်ဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနှင့် ပြည့်နှက်နေပြီး သူမ သူ၏စွမ်းအင်အဆင့်ကို လုံးဝမမြင်နိုင်ပေ၊ ပြီးတော့ ညီအစ်ကိုနှစ်ယောက်အပေါ် သိုင်းမဟာမိတ်ရဲ့ သဘောထားကြောင့်လည်း၊ မုချန်ချန်ဟာ သူတို့၏စကားကို လေးလေးနက်နက် မစဉ်းစားဘဲ နေလို့မရတော့ချေ။

သူမ ကျင့်ကြံခြင်း ပြဿနာတွေကို သူမကိုယ်သူမ သုံးသပ်ကြည့်လိုက်သည်။

အပေါ်ယံမှာလူတိုင်းက သူမဟာ ထူးချွန်တဲ့အရည်အချင်းရှိကြောင်း ပြောနေကြပေမယ့်၊ သူမရဲ့ လက်ရှိအောင်မြင်မှုကို ရယူနိုင်ဖို့ သူမ ဘယ်လောက်ကြိုးစားအားထုတ်ခဲ့ရကြောင်း ဘယ်သူမှ မသိကြပေ။

မဟာနတ်ဆိုးဂိတ်ကလည်း သူမ၏ကိုယ်ခန္ဓာ ထူးခြားမှုကို သဘောပေါက်သည်၊ သူမ၏ဖခင်က မဟာနတ်ဆိုးဂိတ်၏ ဂိတ်ခေါင်းဆောင်ဘဲ ဖြစ်သည်။

သူမဖခင်က မဟာနတ်ဆိုးဂိတ်၏ ကျင့်စဉ်နည်းလမ်းများဟာ သူမကိုယ်ခန္ဓာရဲ့ အားသာချက်တွေကို အပြည့်အဝ ထုတ်သုံးနိုင်မှာမဟုတ်ကြောင်း သူမရဲ့လေ့ကျင့်မှုဟာ သာမန်တပည့်တွေထက် ပိုပြီးအကျိုးမရှိကြောင်း ပြောဖူးသည်။

သင့်တော်သည့်လေ့ကျင့် ရေးနည်းလမ်းမရှိရင်၊ သူမ၏ကိုယ်ခန္ဓာဟာ နောက်ဆုံးမှေးမှိန်သွားယုံသာ ရှိသည်။

မုချန်ချန်ကိုယ်တိုင်လည်း သူမလေ့ကျင့်တဲ့နည်းလမ်းဟာ အရမ်းကြမ်းတမ်းပြီး၊ သူမ၏ကိုယ်ခန္ဓာနှင့် နည်းနည်းမကိုက်ညီဘဲ၊ သူမ ဓမ္မတာလာချိန် မမှန်တာမျိုး ဖြစ်တတ်ကြောင်း ခံစားမိသည်။

ဒါပေမယ့်၊နှစ်ပေါင်းများစွာ နေရာတိုင်းရှာဖွေခဲ့သော်လည်း၊ သူမအတွက် သင့်တော်တဲ့ လေ့ကျင့်ရေးနည်းလမ်းကို ရှာမတွေ့သေးပေ။

မုချန်ချန်ဟာ အလွန်စိတ်မပြတ်မသားဖြစ်နေသည်၊ ဝူယွမ်ဟာ လေးစားဖွယ်ကောင်းတဲ့ လူကြီးတစ်ယောက်ဆိုရင်တော့ သူမက တကယ်ကို ချက်ချင်းယုံကြည်မိမှာ ဖြစ်သည်။ ဒါပေမယ့်ဝူယွမ်က အရမ်းငယ်ရွယ်ပြီး ချောမောလွန်းတာမို့၊ သူက လေးလေးနက်နက်ရှိသူလို့ မထင်ရပေ။

“သွားပြီး ဝူယွမ်နဲ့ လင်းတုန်တို့ရဲ့ မူလဇာစ်မြစ်ကို စုံစမ်းကြည့်ပါ၊ သိုင်းမဟာမိတ်က တစ်ခုခုသိမှာပဲ၊ ငါတို့ရဲ့ သိုင်းမဟာမိတ်အတွင်းက ကိုယ်စားလှယ်တွေဆီ သွားပြီး၊ သူတို့နှစ်ယောက်အကြောင်း အရာအားလုံးကို အပြည့်အစုံ စုံစမ်းပါ”

ပွဲခန်းမကြီးကနေထွက်ခွာပြီးနောက်၊ မုချန်ချန်က တင်းတင်းကြပ်ကြပ်ဖြင့် သူမလက်အောက်ငယ်သားတွေကို ညွှန်ကြားလိုက်သည်...

မန်နေဂျာဝူရွှမ် အလွန်တဲ့တိုးပြောဆိုတတ်သူဖြစ်ပြီး၊ ယွမ်ဆေးလုံးအားလုံးကို ဝူယွမ်အား တန်းရှင်းပေးလိုက်သည်။

ဟွာကျောင်း၏နောက်ပိုင်း လေလံပွဲက ယွမ်ဆေးလုံး လေးသိန်းတောင် မရောက်သေးပေမယ့်၊ သူတို့က ကြိုပေးလိုက်ကြသည်၊ အကြွေးကောက်ခံရေးကိစ္စကိုတော့ သူတို့ သိုင်းမဟာမိတ်ကဘဲ ဆောင်ရွက်မည် ဖြစ်သည်။

အခန်းထဲကို ပြန်ရောက်တာနဲ့၊ ဝူယွမ်နှင့် သူ့ညီတို့ဟာ ဝယ်ယူထားတဲ့ ဝိညာဉ်စွမ်းအင်ပြုစုပျိုးထောင်နိုင်တဲ့ ခေါင်းအုံးကို လေ့လာဖို့ ချက်ချင်းစတင်လိုက်ကြသည်။

“အစ်ကိုကြီး၊ ဒီအရာကို ယွမ်ကျောက်တုံး တစ်သိန်းပေးဝယ်ခဲ့ရတယ်၊ အဲ့ပမာဏက ဝိညာဉ်ရတနာလက်နက် အဆင့်မြင့်တစ်ခု ဝယ်နိုင်တဲ့ ပမာဏလောက်ရှိတယ်၊ အဲ့ဒါ ဘာအတွက် အသုံး၀င်တာလဲ”

လင်းတုန်က ခေါင်းအုံးကိုထုတ်ယူပြီး၊ သူ့လက်ထဲမှာ နှစ်ခါလောက် လှန်လှောကြည့်ရင်း စိတ်၀င်စားနေသည်။

“ဟီးဟီး၊ အစ်ကိုနှစ် မင်းသိနိုင်မယ်ဆိုရင်၊ လူတိုင်းသိနိုင်မှာပေါ့၊ ဒါဆိုရင် ငါတို့က ယွမ်ဆေးလုံး တစ်သိန်းနဲ့ ဈေးပေါပေါရခဲ့မှာ မဟုတ်တော့ဘူးလေ”

ရှောင်တျောင်းက ပေါ်လာပြီးသူ၏ ပါးစပ်ပေါက်သေးသေးလေးနှင့် လင်းတုန်အား ပက်ပက်စပ်စပ် ပြောလိုက်သည်။

“အစ်ကိုကြီး၊ ဘာများတွေ့ပြီလဲ”

“တစ်ချို့တော့တွေ့ပြီ၊ ဒါပေမယ့် ပိုသိဖို့ ဆက်လေ့လာဖို့လိုသေးတယ်”

“လာကြ၊အတူတူ ကြည့်ကြမယ်”

ခေါင်းအုံးကို စားပွဲပေါ်တင်လိုက်ပြီး၊ ညီအစ်ကိုနှစ်ယောက်နဲ့ ရှောင်တျောင်းတို့ ထိုင်ပြီး လေ့လာကြည့်ကြသည်။

ဝူယွမ်ကတော့ စကြာ၀ဠာရှေးဟောင်းဖွဲ့စည်းပုံ အပြားကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ပြန်သတိရအောင် ကြိုးစားနေသည်။

စွမ်းအားပေါင်းစည်းမှုနှင့် ပတ်သက်နေသည်။

အင်းကွက်အသိပညာကြီးကြီးမားမား ရရှိခါစဖြစ်တာမို့၊ ဒါက ဝူယွမ်အတွက် စကြာ၀ဠာရှေးဟောင်းဖွဲ့စည်းပုံ ကို စိစစ်ခွဲခြမ်းရာမှာ နည်းနည်း ပိုလွယ်ကူစေသည်။

လင်းတုန်က ခဏလောက် ကြည့်ပြီးတဲ့နောက်၊ စာမနိုင်တဲ့ ကျောင်းသားတစ်ယောက်လိုမျိုး သူ၏ဦးခေါင်းကို ပွတ်သပ်ရင်း၊ “အိုး၊ ဒါကိုကြည့်ရတာ ခေါင်းကိုက်လာပြီ၊ ငါ ကျင့်ကြံဖို့ သွားတော့မယ်၊ အစ်ကိုကြီးတို့ ဖြည်းဖြည်းချင်း လေ့လာကြ” ဟုပြောလိုက်သည်။

“ငါလည်းအဲဒီလို ခံစားချက်မျိုးရတယ်၊ ဒါပေမယ့် သော့ခတ်ထားတဲ့ ရတနာသေတ္တာတစ်လုံးလိုမျိုးပဲ၊ အတွင်းမှာ ရတနာရှိတယ်ဆိုတာ သိတယ်၊ ဒါပေမယ့် သော့ကိုဖွင့်လို့မရဘူး”

ရှောင်တျောင်းက သူ၏သားရဲဝိညာဉ်စွမ်းအင်နှင့် အတန်ကြာ စူးစမ်းပြီးနောက် မကူညီနိုင်ဖြစ်ရင်း ပြောလိုက်သည်။

အစ်ကိုကြီးရှိနေတော့၊သူထပ်ပြီးအလုပ်မလုပ် ချင်တော့ပေ။

ဒီလိုဦးနှောက်စာရတဲ့ အရာတွေကို သူအစ်ကိုကြီးဆီပေးလိုက်ပြီး၊ စားပွဲပေါ်မှာ လှဲလျောင်းနေလိုက်သည်။

စကြာ၀ဠာရှေးဟောင်းဖွဲ့စည်းပုံကို သင်္ကေတဘိုးဘေးက ဖန်တီးခဲ့ပြီး၊ ရှေးဟောင်းနတ်လက်နက်များ စာရင်းမှာ အဆင့်ငါးရှိသည်၊ ဒါဟာ အင်းကွက် နှင့် အင်းပြား ဆိုပြီး နှစ်ပိုင်းပါဝင်သည်။

ရှေ့ဖက်ကအသုံးပြုရင် စွမ်းအားများစွာကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ပြီး၊ နောက်ဖက်ကအသုံးပြုရင် စွမ်းအားတွေကို ပြန်ခွဲထုတ်နိုင်သည်။

ဝူယွမ်လက်ထဲမှာရှိတာက အင်းကွက်အပိုင်းဖြစ်သည်။

ဒီအင်းကွက်ကိုခေါင်းအုံးထဲမှာ ဝှက်ထားသည်။ ဒါဟာညီမျှတဲ့ စွမ်းအင်ထည့်သွင်းမှုကို လိုအပ်ပြီး၊ ပေါင်းစည်းရမည်ဖြစ်သည်။

ဒီအသေးစိတ်အချက်အလက် တွေကို ပြန်သတိရပြီးတဲ့နောက်၊ ဝူယွမ်က စမ်းသပ်မှုတွေ စတင်လုပ်လိုက်သည်။ တစ်ချိန်တည်း သူ၏ ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်တို့ကို ခေါင်းအုံးထဲကို ထည့်သွင်းလိုက်သည်။

ခေါင်းအုံးက အလင်းရောင်ထွက်လာသည်၊ ဒါပေမယ့် မကြာခင်မှာ စွမ်းအားစုနှစ်ခုက ပြန်ပျံ့ကြဲသွားသည်။ စွမ်းအားနှစ်ခုဝင်ရောက်သည့်အချိန် ညီမျှမှုကို ထိန်းသိမ်းရတာက အနည်းငယ် ခက်ခဲသည်။

ဝူယွမ်က ဆက်လက်စမ်းသပ်နေပြီး၊ ခေါင်းအုံးကနေ ထွက်တဲ့အလင်းရောင်ဟာ ဆက်တိုက် လင်းလိုက် မှိတ်လိုက် ဖြစ်နေသည်။

နောက်ဆုံးကြိုးစားမှု အကြိမ်ရာကျော်ပြီးနောက်၊ ခေါင်းအုံးပေါ်က အလင်းရောင်ဟာ ရုတ်တရက် မျက်စိပြာစေလောက်တဲ့အထိ ထွန်းလင်းလာပြီး၊ ဝူယွမ်၏ ဦးရေပြားကို ထုံကျင်စေတဲ့ ထူးဆန်းတဲ့ လှိုင်းတစ်ခုက အလင်းရောင်ထဲကနေ ဖြည်းဖြည်းချင်း စိမ့်ထွက်လာသည်။

ရှောင်တျောင်းနှင့်လင်းတုန်တို့ ချက်ချင်းရောက်လာပြီး၊ အိပ်ပျော်နေတဲ့ ရှောင်ယန်နဲ့ ပိုင်ယွမ်တို့တောင် အိပ်နေရာ နိုးလာကြသည်။

သူတို့အားလုံးက ခေါင်းအုံးကိုစိုက်ကြည့်နေကြသည်။

ထိုအချိန်မှာ၊ ခေါင်းအုံးက အလင်းရောင်များ လင်းလက်နေကာ၊ ထူးဆန်းပြီး နှလုံးသားကိုပင် တုန်လှုပ်စေနိုင်တဲ့ လှိုင်းတစ်ခုဟာ ခေါင်းအုံးထဲကနေ ထွက်လာသည်၊ ပြီးတော့ ခေါင်းအုံးအလယ်ဗဟိုမှာ ထူးဆန်းတဲ့ စွမ်းအင်စုတစ်ခုက လက်သီးတစ်ဆုပ်စာခန့် အရွယ်ရှိပြီး အရောင်က အနည်းငယ်ရောထွေးနေကာ၊ ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။

သူတို့တွေက အံ့အားသင့်သွားကြပြီး ခေါင်းအုံးအလယ်ဗဟိုရှိ ရောထွေးနေတဲ့ စွမ်းအင်ကို စိုက်ကြည့်နေကြသည်။

ရှောင်တျောင်း၏မျက်လုံးတွေ လင်းလက်လာပြီး၊ နောက်ပိုင်း သတိရသွားပြီး “ဒါပဲ၊ ဒါပဲ” ဟု အော်ဟစ်လိုက်သည်။

“ဒါက ဝိညာဉ်စွမ်းအင်နဲ့ ယွမ်စွမ်းအင် ပေါင်းစပ်ထားတဲ့ စွမ်းအင်ပဲ” ရှောင်တျောင်းက ခေါင်းအုံးပေါ်က ထူးဆန်းတဲ့ စွမ်းအင်ကို စူးစိုက်ကြည့်ရင်း၊ အလွန်စိတ်လှုပ်ရှားစွာနှင့် “ဒီခေါင်းအုံးက တကယ်ကို အံ့မခန်းပဲ၊ ယွမ်စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအင်ကို အတူတကွ ပေါင်းစည်းနိုင်တယ်၊ ငါ စွမ်းအင် ထိပ်ဆုံးရောက်နေတဲ့ အချိန်တောင်မှ ဒီလိုမျိုး လုပ်နိုင်ခဲ့တယ်ဆိုတာ မရှိဘူး၊ ဒီခေါင်းအုံးကို ဖန်တီးတဲ့သူက ဒီလိုအရာကို လုပ်နိုင်တယ်ဆိုတော့”

“လုံးဝ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ”

ရှောင်တျောင်း စိတ်လှုပ်ရှားနေသည့် ဟန်အမူအရာကို မြင်တော့၊ လင်းတုန်က သူ၏ဦးခေါင်းကို ပွတ်သပ်ရင်း၊ “အဲဒါက အဲ့လောက်ခက်ခဲတာလား” ဟု မေးလိုက်သည်။

ရှောင်တျောင်းက အလေးအနက်ထားပြီး ခေါင်းညိတ်ကာ၊ “ခက်ခဲတယ်၊ အရမ်းခက်ခဲတယ်၊ မတူညီတဲ့ စွမ်းအားနှစ်ခုကို အပြည့်အဝ ပေါင်းစည်းနိုင်ဖို့ဆိုတာ သာမန်လူတစ်ယောက် လုပ်နိုင်တာမျိုး မဟုတ်ဘူး၊ ဒါကို လုပ်နိုင်သူတိုင်းက သူတို့ရဲ့ မျိုးဆက်မှာ အဆင့်မြင့် စွမ်းအားရှင်တစ်ယောက် ဖြစ်ကိုဖြစ်လိမ့်မယ်”

“မင်းသာဒီစွမ်းအားကို ကျွမ်းကျင်သွားရင်၊ လင်းလန်တျန်လိုမျိုးတွေကို ကိုင်တွယ်ရတာ အလွန်လွယ်ကူ သွားလိမ့်မယ်”

လင်းတုန်က နောက်ဆုံးတော့ စိတ်လှုပ်ရှားသွားသည်၊ လင်းလန်းတျန်ကို ဖျက်ဆီးနိုင်မယ်ဆိုတာ လုံးဝကောင်းမွန်တဲ့အရာဘဲ ဖြစ်သည်။

ရှောင်တျောင်းက ဝူယွမ်ကိုအားပါးတရန ကြည့်ရင်း၊ စိတ်ထဲမှာ “အစ်ကိုကြီးဟာ တကယ်ကို အံ့မခန်းပဲ၊ ဒီလို နက်နဲတဲ့လျှို့ဝှက်ချက်ကို သဘောပေါက်နိုင်တယ်၊ သူဟာ အမြဲတမ်း ငါ့ရဲ့နတ်ဘုရားဘဲ” ဟုတွေးရင်း သက်ပြင်းချလိုက်သည်။

ဝူယွမ်က လက်ဟန်ပြကာ၊ ရောထွေးနေရောင်စုံ စွမ်းအင်ကို သူ့လက်ထဲသို့ ဆွဲယူလိုက်သည်၊ ဒါဟာ သူ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်တို့ ပေါင်းစပ်ထားတာဖြစ်တာမလို့၊ စွမ်းအင်က သူ့ထိန်းချုပ်မှုကို ခုခံခြင်းမရှိပေ။

သူက ခြံ၀န်းထဲကိုထွက်လာပြီး ဒီစွမ်းအင်ကို ကျောက်စားပွဲဆီ ဦးတည်လိုက်သည်။

ဗုံး။

အသံတစ်ခုမြည်လာပြီး၊ ကျောက်စားပွဲက ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းသွားသည်။

ဖျက်ဆီးနိုင်တဲ့စွမ်းအားက သန့်ရှင်းတဲ့ ဝိညာဉ်စွမ်းအင် သို့မဟုတ် ယွမ်စွမ်းအင်ထက် ပိုများနေသည်၊ တစ်ခုနှင့်တစ်ခု ပေါင်းစပ်ခြင်းရဲ့ အာနိသင်က နှစ်ဆထက်ပိုပြီး များပြားလာသည်။

“ကျစ်၊ဘယ်လောက် အားကောင်းတဲ့ စွမ်းအားပါလိမ့်”

လင်းတုန်က သက်ပြင်းချပြီး၊ ‌ဖုံမှုန့်ဖြစ်သွားတဲ့ နေရာဆီသွားကာ ထိကြည့်လိုက်သည်၊ သာမန်ယွမ်စွမ်းအင်နဲ့သာဆိုရင် ဒါမျိုးမဖြစ်နိုင်ပေ။

“ထွက်လာပါ၊မင်းက ခွေးလဲမဟုတ်ဘဲ၊ အမှောင်ထဲက ဘာလို့ချောင်းကြည့် နေတာလဲ”

ဝူယွမ်က ရုတ်တရက်ကျယ်လောင်စွာ ပြောလိုက်သည်။

အခုအချိန်ကညဉ့်နက်ပြီ၊ ခြံဝန်းအနီးတဝိုက်ဟာ မှောင်မိုက်နေသည်။

“ဘယ်သူကချောင်းကြည့်နေလို့လဲ၊ ကျွန်မခုမှ ရောက်လာတာ” မုချန်ချန်က သူမ၏ကွေ့ကောက်တဲ့ ကိုယ်ဟန်အနေအထားကို ထင်ဟပ်စေတဲ့ အနက်ရောင်ညအိပ်အင်္ကျီကိုဝတ်ဆင်ထားပြီး၊ လေထဲကနေ လျင်မြန်စွာ ခြံဝန်းနံရံပေါ်ကနေ ခုန်ဆင်းလာသည်။

သူမက တကယ်ကိုခုမှရောက်လာတာဖြစ်ပြီး၊ ဝူယွမ် ရောထွေးနေတဲ့အရောင်ရှိတဲ့ အလင်းတစ်ခုကို ထုတ်လွှတ်ပြီး ကျောက်စားပွဲကို ဖုန်မှုန့်ဖြစ်အောင် လုပ်လိုက်တာကိုဘဲ မြင်တွေ့ခဲ့ရသည်။

ဒီ အားကြီးမားလွန်းလှတဲ့ စွမ်းအင်ဟာ သူမ၏နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

ဝူယွမ်က ထူးခြားတဲ့ အစွမ်းအစတွေ ပိုင်ဆိုင်ထားကြောင်း သူမပိုပို ယုံကြည်လာခဲ့ပြီဖြစ်သည်။ ထို့အပြင်၊ သူမစုံစမ်းထားတဲ့ ရလဒ်တွေအရက၊ နေ့ခင်းက ရှေးဟောင်းဓားဂိုဏ်းရဲ့ လေလံပစ္စည်းတွေဟာ ဝူယွမ်ကယူလာတာဖြစ်ပြီး၊ ရှေးဟောင်းဓားကျောင်းတော်ကို ဝူယွမ်နှင့် သူ့ညီတို့က ဖျက်ဆီးခဲ့ဖို့များကြောင်း သူမရှာဖွေတွေ့ရှိခဲ့သည်။

ရှေးဟောင်းဓားကျောင်းတော်ကိုဖျက်ဆီးဖို့ဆိုရင် အနည်းဆုံး ကူးပြောင်းခြင်း အဆင့် စွမ်းအား လိုအပ်မည်ဖြစ်သည်။

ဒီလောက်ငယ်ရွယ်ပြီး ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာ သူမ ယုံကြည်လို့ပင်မရချေ။

ဒီလိုအံ့မခန်း လူငယ်တစ်ယောက်က သူမကို တပည့်ခံခိုင်းဖို့ အခွင့်အရေးရှိသည်။

“မိန်းက‌လေးချန်ချန်၊ အခုလာလည်တာက၊ ဆုံးဖြတ်ချက်ချပြီးပြီလား”

ဝူယွမ်က အနည်းငယ်ပြုံးရယ်ရင်း ပြောလိုက်သည်။

မုချန်ချန်သူ့ဆီကို လာရှာတယ်ဆိုတာ သူ့အတွက် တကယ်ကို အနည်းငယ် အံ့အားသင့်စရာဖြစ်သည်။

မုချန်ချန်၏ရာထူးဟာ ၀မ့်လွန်ပြည်နယ်မှာ အလွန်မြင့်မားလှသောကြောင့် ဖြစ်သည်။

“အင်း၊ ဒီကောင်မလေး ဒီတစ်ခါလာတာက ရှင်ပြောတဲ့ဟာ အမှန်လား၊ အမှားလားဆိုတာ စစ်ဆေးဖို့ပါ”

မုချန်ချန်က ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်ပြီး၊ ဒီနေရာကိုရောက်မှ ဒီစကားပြောရတာက အနည်းငယ် ခက်ခဲနေသည်။

အခုအချိန်မှာ၊ ပိုင်ယွမ်နှင့် ရှောင်ယန်တို့လည်း အခန်းထဲကနေ ထွက်လာကြပြီး၊ အရမ်းမွှေးကြိုင်နေတဲ့ မိန်းကလေးကို စူးစမ်းကြည့်နေကြသည်။

“ချီဖန်တီးခြင်းအဆင့် သားရဲတစ်ကောင်”

မုချန်ချန်နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။

“အိုး၊ဘယ်လိုစစ်ဆေးချင်လဲ”

“အနည်းဆုံးတော့ငါ့ကို အနိုင်ရနိုင်တဲ့ စွမ်းအား ရှိရမယ်”

မုချန်ချန်က တံတွေးမျိုချလိုက်ပြီး၊အခုပြောတဲ့စကားကို ယုံကြည်မှုမရှိတော့ပေ၊ ဝူယွမ်ရဲ့ စွမ်းအားဟာ သူမထက် သာလွန်ဖို့များသည်၊ ဒါပေမယ့် သူမက ချချင်း လက်မခံချင်ပဲ၊ သူ့ရဲ့ အတိမ်အနက်ကို ကိုယ်တိုင်စမ်းကြည့်ချင်သေးသည်။

“ဒါက ရိုးရှင်းပါတယ်၊စမ်းကြည့်တာနဲ့ သိသွားမှာပဲ၊ ဒီလိုလုပ်ပါ၊ ငါက ဒီမှာ အလှုပ်ရှားဘဲ ရပ်နေမယ်၊ မင်းက ငါ့ဆီကို လမ်းလျှောက်လာပြီး ငါ့ကိုထိလို့ရရင်၊ ဒါမှမဟုတ် မင်းရဲ့တိုက်ခိုက်မှုက ငါ့ကို အနည်းငယ် လှုပ်ရှားစေနိုင်ရင်၊ မင်းနိုင်တယ်”

ဝူယွမ်က အေးဆေးတည်ငြိမ်စွာနှင့်ပြောလိုက်သည်။

“ဘာပြောတာ”

မုချန်ချန်က သူမနားမလည်သလိုခံစားနေရသည်၊ “ဒါလောက် ရိုးရှင်းတာလား”

“မင်းငါ့ကို လှည့်စားနေတာလား”

သူမဟာ ချီဖန်တီးခြင်းအဆင့် အစောပိုင်း ရှိသူဖြစ်သည်၊ ချီဖန်တီးခြင်းအဆင့် အထွတ်အထိတ်လူတစ်ယောက်တောင် သူမကို ဒီလိုမာနတကြီးစကား ပြောရဲမည် မဟုတ်ပေ။

“ဟေးဟေး၊ မိန်းကလေးမု မင်းကိုယ်မင်း တန်ဖိုးထားပါ၊ မင်းသာ အစ်ကိုကြီးနဲ့ တိုက်ခိုက်ရင်၊ ရပ်ပြီး စကားပြောနိုင်ရင်ကို ကောင်းနေပြီ၊ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ငါ့ကိုတောင် မနိုင်ဘူး၊ အစ်ကိုကြီးနဲ့ ယှဉ်ပြိုင်ချင်သေးတယ်ဆိုပဲ”

လင်းတုန်က ပြက်ရယ်ပြုလိုက်သည်။ ဒီမိန်းကလေးက ရုပ်အတော်လေးလှတယ်၊ ဒါပေမယ့် ဦးနှောက်သိပ်မရှိဘူး။

“ဟမ့်၊ ရှင်ပြောသလိုဘဲပေါ့၊ ငါလာပြီ”

မုချန်ချန်က အလွန်ဒေါသထွက်နေသည်၊ သူမက ၀မ့်လွန်ပြည်နယ်ရှိ အစွမ်းအထက်ဆုံး လူငယ်သုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး၊ သူမနှင့် ရွယ်တူတွေထဲမှာ၊ သူမကို ဒီလောက်အထိ မထီမဲ့မြင်ပြုသူ ဘယ်သူမှ မပေါ်ခဲ့ပေ။

မုချန်ချန်က သူမ၏ ခြေထောက်လေးကို သွယ်လှစွာ ပုတ်ခတ်လိုက်ပြီး၊ သူမ၏ နုနယ်လှပတဲ့ ကိုယ်ခန္ဓာက လိပ်ပြာတစ်ကောင်လိုမျိုး ဝူယွမ်ဆီကို ခုန်၀င်သွားသည်။

သူမကဝူယွမ်နှင့် ခြေလှမ်းဆယ်ခန့်သာ ကွာဝေးပြီး တစ်ချက်ခုန်ရုံနှင့် ရောက်နိုင်သည်။

ဝူယွမ်ရဲ့နှုတ်ခမ်းက ပြုံးရိပ်သန်းသွားပြီး၊ သူ့ကိုယ်ခန္ဓာမှ ရုတ်တရက် ကြီးမားတဲ့ ဆွဲငင်အားစွမ်းအင် တစ်ခုကို ထုတ်လွှတ်လိုက်သည်။

လင်းတုန်နဲ့အရှင်တျောင်းတို့က မြန်မြန်ဆန်ဆန် ဝူယွမ်နှင့်ဝေးရာကို ရွေ့သွားကြပြီး၊ ဘေးဖက်သို့ ဆုတ်သွားကာ နောက်ထပ်ဖြစ်လာမည်များကို စောင့်ကြည့်နေကြသည်။

ကောင်းကင်ပြာ ဧကရာဇ်သွေးရည်န့်ှု ပေါင်းစည်းထားတဲ့ ဖိနှိပ်ခြင်း အကျင်းထောင်ဘုရင် ကိုယ်ခန္ဓာ မွေးရာပါအဆင့်၊ ဖိအားကို ထုတ်လွှတ်လိုက်တဲ့အခါ၊ တော်ရုံလူ ခံနိုင်ရည်မရှိပေ။

မုချန်ချန်က ခြေလှမ်းတစ်လှမ်းသာ လှမ်းလိုက်ရပြီး၊ ကြီးမားတဲ့ အလေးချိန်တစ်ခုက ရုတ်တရက် သူမအပေါ် ဖိအားပေးလာသည်၊ သူမရဲ့ မြှောက်ထားတဲ့ ခြေထောက်လေးဟာလည်း ချက်ချင်း မြေကြီးပေါ် ပြန်ကျသွားရလေသည်။

သူမ၏ကိုယ်ပေါ်မှာ ပေါင်ချိန်သောင်းနဲ့ချီပြီး တင်ထားရသလို ခံစားရကာ၊ ရပ်ဖို့တောင် ခက်ခဲနေသည်။ အလွန်ကြီးမားတဲ့ ဖိအားအောက်မှာ သူမ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ကိုင်းညွှတ်သွားသည်။

“ဒါက...”

မုချန်ချန်ထိတ်လန့်သွားကာ၊ ယွမ်စွမ်းအင်တွေ အရူးအမူး ထွက်လာပြီး ဖိအားကို ခုခံလိုက်သည်၊ သူမကခေါင်းမော့လိုက်ပြ္း သူမ၏ မက်မောဖွယ်ကောင်းတဲ့ မျက်လုံးတွေက လက်ကိုနောက်ပစ်ပြီး မတ်တတ်ရပ်နေတဲ့ ဝူယွမ်ကို စိုက်ကြည့်လိုက်သည့်အခါ ၀ူယွမ်က ယွမ်စွမ်းအင်တောင် အသုံးမပြုဘဲ၊ အေးဆေးတည်ငြိမ်စွာ ရှိနေသည်။

သူဟာစစ်မှန်တဲ့ ဆရာကြီးတစ်ယောက်ရဲ့ ဟန်ပန်ကို အပြည့်အဝ ပြသနေသည်။

သူမက ခြေထောက်တွေကိုရွေ့ဖို့၊ ရှေ့သို့ခြေလှမ်းလှမ်းဖို့ ကြိုးစားကြည့်သည်။ ဒါပေမယ့် သူမ၏ကိုယ်ခန္ဓာဟာ တောင်ငယ်တစ်ခုကို သယ်ဆောင်နေရသလိုဖြစ်ပြီး၊ ရွှံ့နွံထဲမှာ ညှပ်မိသလို ဖြစ်နေကာ လှုပ်ရှားရန်အလွန်ခက်ခဲနေသည်။

“မဖြစ်နိုင်ဘူး”

မုချန်ချန်က မယုံနိုင်ဖြစ်နေကာ၊သူမ၏ယွမ်ဒန် ကို လှည့်ပတ်လိုက်ပြီး ယွမ်စွမ်းအင်တွေက ရူးသွပ်စွာ ထွက်လာသည်၊ သူမ၏နုနယ်လှပတဲ့ ကိုယ်ခန္ဓာအနီးတဝိုက်မှာ အမည်းရောင်အလင်းတစ်ခု လျှပ်သွားလာပြီး၊ ပါးလျှပတဲ့ အမည်းရောင် စွမ်းအင်သံချပ်ကာ အဖြစ် စုစည်းလာသည်။

သံချပ်ကာက ကြီးမားတဲ့ပုံစံမျိုး မပေါက်ဘဲ၊ မုချန်ချန်၏ အကွေ့အကောက်တွေကို အပြည့်အစုံ ဖော်ပြလိုက်သည်။ သူမ၏ရင်ဘတ်က ပိုဖောင်းကြွသွားပြီး၊ ကျောရိုးက ကွေးညွှတ်သွားသည်။ အမျိုးသားများ၏ သွေးတွေ ဆူပွက်လာလောက်တဲ့အထိ လှုံ့ဆော်မှုများနှင့် ပြည့်နှက်နေသည်။

တိုက်ခိုက်နေတဲ့အချိန်မှာတောင်၊သူမ၏ ဆွဲဆောင်မှု ကိုယ်ခန္ဓာဟာ ဆွဲဆောင်မှုတွေ အပြည့်ရှိနေဆဲဖြစ်သည်။

ဒါကမဟာနတ်ဆိုးဂိတ်ရဲ့ မဟာနတ်ဆိုးသံချပ်ဝတ် ပညာရပ်ဖြစ်ပြီး၊ သူမ၏ကာကွယ်မှုကို အများကြီး တိုးစေနိုင်သည်၊ အခုအချိန်မှာ သူမ ဖိအား အများကြီး သက်သာသွားသည်။

“ယွမ်သံချပ်ကာကို စုစည်းနိုင်တယ်၊ ဒီမိန်းကလေးက တော်တော်ကြမ်းတာဘဲ၊ ကိုယ်ခန္ဓာကျင့်ကြံခြင်းကို ဒီအဆင့်ထိ လေ့ကျင့်နိုင်တယ်” မုချန်ချန်၏နုနယ်လှပတဲ့ ကိုယ်ခန္ဓာကို ဖုံးအုပ်ထားတဲ့ အမည်းရောင်သံချပ်ကာကို ကြည့်ရင်း ရှောင်တျောင်းက အံ့အားသင့်စွာ ပြောလိုက်သည်။

ဘေးနားမှာရပ်နေတဲ့ လင်းတုန်ကလည်း ခေါင်းညိတ်လိုက်သည်။ မုချန်ချန် လေ့ကျင့်တဲ့ ကိုယ်ခန္ဓာကျင့်ကြံခြင်း နည်းလမ်းက သူ့ရဲ့ မဟာနေ မိုးကြိုးကိုယ်ခန္ဓာထက် သိပ်မနိမ့်ပေ။ သူ့ရဲ့ကာကွယ်နိုင်စွမ်းက အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်တွေထက် မနိမ့်ပေ။

ဒါပေမယ့်ကံမကောင်းစွာပဲ၊ သူမရင်ဆိုင်ရတဲ့သူက သူ့ အစ်ကိုကြီးဖြစ်နေသဖြင့်၊ ဒီလိုကာကွယ်နိုင်စွမ်းက အသုံးမဝင်ပေ။

မုချန်ချန်က နောက်ထပ် ခြေလှမ်းတစ်လှမ်း ရှေ့သို့တိုးနိုင်ခဲ့ပြီး၊ သူမတစ်ကိုယ်လုံး ချွေးတွေနဲ့ပြည်နေပြီ ဖြစ်သည်။

“နတ်ဆိုးအကျည်းတန်လက်သီး”

သူမက နူးညံ့စွာအော်ဟစ်လိုက်ကာ

ယွမ်စွမ်းအင်တွေဆူပွက်လာပြီး၊ အမြန်ဆုံး စုစည်းကာ ဝူယွမ်ဆီကို ထိုးလိုက်ကာ အမည်းရောင် အလင်းလက်သီးကြီးတစ်ခု ဝူယွမ်ဆီကိုတိုး၀င်သွားသည်။

သူ့ဆီ၀င်လာသည့် အမည်းရောင် အလင်းလက်သီးကို ရင်ဆိုင်ရသည့်အခါ၊ ဝူယွမ်က မျက်နှာအမူအရာ မပြောင်းလဲဘဲ၊ သူ့ကိုယ်ခန္ဓာကို ထိုးခွင့်ပြုလိုက်သည်။

လက်သီးက ဝူယွမ်၏ရင်ဘတ်ကို ထိလိုက်သည်နှင့်၊ သူ့ခန္ဓာကိုယ်က ခရမ်းရောင်အလင်းများ ထုတ်လွှတ်လိုက်သည်၊ ခရမ်းရောင်အလင်းဟာ အင်မတန် ကြမ်းတမ်းကာ၊ အမည်းရောင် ကြီးမားတဲ့လက်သီးကြီးဟာ ခရမ်းရောင်အလင်းထဲမှာ တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။

မုချန်ချန်နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်၊ သူမ၏ဖခင်ကို ရင်ဆိုင်ရတဲ့အခါမှာတောင်၊ ဒီလောက်ကြီးမားတဲ့ ဖိအားကို သူမခံစားရဖူးခဲ့ပေ။

“ဝူယွမ်ဟာအရမ်းကြောက်စရာ ကောင်းလွန်းနေသည်။”

တစ်မိနစ်လောက် ကြာအောင်ရပ်နေပြီးနောက်။

မုချန်ချန် နောက်ဆုံးတော့ယွမ်စွမအင် ကုန်ခမ်းသွားလေသည်။

“ငါရှုံးသွားပြီ”

သူမ၏ကိုယ်ခန္ဓာအားပြတ်သွားပြီး၊ ဝူယွမ်နှင့် ခြေလှမ်းဆယ်လှမ်း ကွာဝေးနေဆဲ ဖြစ်သည်။

ဝူယွမ်က သူ၏ကြီးမားတဲ့ ဖိအားကို ရုပ်သိမ်းလိုက်သည်။

“ဘယ်လိုလဲ၊အခု လက်ခံပြီလား၊ အရင်က ငါ့အစ်ကိုကြီးက မင်းကို အရမ်းနူးညံ့စွာ ဆက်ဆံပေးခဲ့တာဆိုတာ”

လင်းတုန်က ပါးစပ်ကိုဖောင်းကားပြီး ပြောလိုက်သည်။

အစ်ကိုကြီး ရှေးဟောင်းဓားဂိုဏ်းက အဖိုးအိုသုံးဦးကို သူ၏လက်သီးနှင့် ထိုးနှက်ခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်ရင်း၊ “အဲဒါကတကယ်ကို ကြမ်းတမ်းခဲ့သည်။”

အခု မုချန်ချန်က ကျေနပ်သင့်သည်။

သူသာဆိုရင် မုချန်ချန်နဲ့ ဒီလောက်အချိန်ဖြုန်းမှာ မဟုတ်ပေ၊ သူက သူ့ရဲ့လှံကို ထုတ်ပြီး၊ သူမကို တစ်ချက် နှစ်ခက်ေ ထိုးပေးလိုက်ရင်၊ သူမ လက်ခံသွားလိမ့်မည်ဖြစ်သည်။

မုချန်ချန်၏ မျက်လုံးတွေက မှုန်ဝါးနေပြီး၊ နက်ရှိုင်းစွာ စိတ်ညစ်နေဟန်ရသည်။

“ဒီလိုရှုံးနိမ့်တဲ့ပုံစံမျိုးနဲ့ မကြည့်ပါနဲ့၊ မင်းတစ်ယောက်တည်း မပြောနဲ့၊ မင်းရဲ့အဖေတောင် ငါ့ဖိအားကို မခံနိုင်ဘူး၊ လူငယ်အများစုနဲ့ယှဉ်ရင်၊ မင်းက အခု အလွန်အားကောင်းနေပြီ”

ဝူယွမ်က အေးဆေးတည်ငြိမ်စွာနှင့်ပြောလိုက်ပြီး၊ မုချန်ချန်ကို ထူပေးရန် သွားလိုက်သည်။

“ရှင်ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်းလာတာလဲ”

မုချန်ချန်က လက်ဖက်ရည်တစ်ငုံသောက်ပြီး၊ စိတ်ကို အေးဆေးတည်ငြိမ်စေပြီးနောက်၊ သူမ၏ စိတ်ထဲက မေးခွန်းကို မေးလိုက်သည်။

“အများကြီးလေ့ကျင့်ရုံပဲ”

“အဓိက အကြောင်းအရာကို ပြောကြရအောင်၊ ငါ့တပည့် ဖြစ်ချင်လား”

“ကျွန်မ...ရှင်၊ ရှင်က ရှင့်ရဲ့ဆရာကိုယ်စား တပည့်ခံနိုင်တယ်လို့ မပြောခဲ့ဘူးလား၊ ကျွန်မ ရှင့်ရဲ့တပည့် မဖြစ်ချင်ဘူး၊ ရှင့်ရဲ့ဂျူနီယာ ညီမလေး ဖြစ်ချင်တယ်” မုချန်ချန်က ဆုံးဖြတ်လိုက်သည်။

ဝူယွမ်က အရမ်းငယ်လွန်းနေသေးသည်၊ သူတို့အတူလျှောက်သွားရင်၊ ဆရာနဲ့တပည့်ထက် ချစ်သူနှစ်ယောက်လိုမျိုး ပိုပုံပေါ်မည်။

ဒီလောက်ငယ်တဲ့ ဆရာရှိလျှင်၊သူမအတွက် တခြားသူတွေကို ရင်ဆိုင်ရတာက အတော်လေးခက်ခဲလောက်သည်။ ပြီးတော့တခြားသူတွေကလည်း ယုံကြည်ကြမှာမ‌ဟုတ်ပေ။

ထို့အပြင်၊ သူမမှာ အခြား မသန့်ရှင်းသော အတွေးများ ပေါ်လာလေသည်။

All Chapters