မျိုးနွယ်စု လေးခုမှ လူများနှင့်ထပ်မံ တွေ့ဆုံခြင်း
Vol. 12 Ch. 114
၀မ့်လွန်ပြည်နယ် ကြီးမားသော လွင်ပြင်ကြီးတစ်ခုတွင်...
ရှေးဟောင်းကျောက်တိုင်ကြီးတစ်ခုက တိတ်ဆိတ်စွာ အလယ်ဗဟိုတွင် တည်ရှိနေသည်။
ထိုရှေးဟောင်းကျောက်တိုင်ကို ဝန်းရံထားသော တန်ခိုးပြင်းထန်သော အတားအဆီးအင်အားများ ရှိနေသော်လည်း ယခုအချိန်တွင် ထိုအင်အားများသည် တဖြည်းဖြည်း အားပျော့လာနေသည်။
ရှေးဟောင်းကျောက်စာတိုင် အတားအဆီး အားအနည်းဆုံး ဖြစ်လာရန် ရက်ပေါင်း တစ်ဆယ်ကျော်သာ လိုတော့သည်။
ထိုအခိုက်အတန့်တွင် လူအများအပြားက ဤနေရာသို့ စုရုံးနေပြီ ဖြစ်သည်။
လူအုပ်ကြီးက ကျောက်စာတိုင်ရှိရာဘက်သို့ ဦးတည် ပြေးလာနေကြသည်။
ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း မဟာနတ်ဆိုးဂိတ်၏ အင်အားစုများနှင့်အတူ အပြင်းအထန် လာလျှက်ရှိသည်။
လမ်းတစ်လျှောက်တွင် အဖွဲ့အများအပြားနှင့် ဆုံခဲ့သော်လည်း မဟာနတ်ဆိုးဂိတ်၏ အင်အားစုကို မြင်သည့်အခါ အားလုံး ပြေးခွာရှောင်တိမ်းသွားကြသည်။
ဖြန်း~
ရုတ်တရက် လင်းယုန်အော်သံ တစ်ကြိမ် ကြားလိုက်ရပြီး၊ အမဲရောင်၀တ်ရုံ၀တ်ဆင်ထားသော လူငယ်တစ်ဦးက ဧရာမလင်းယုန်ကြီးစီးကာ မိုးပေါ်မှတစ်ဆင့် ဝူယွမ်တို့အဖွဲ့ထံသို့ ပျံသန်းလာသည်။
သူ၏ ပခုံးပေါ်တွင် ထူထဲသော သံချောင်းအနက်ရောင်ကြီးတစ်ချောင်းကို ထမ်းထားကာ၊ ထိုသံမှ မိုးမြေကို ဆန့်ကျင်တိုက်ခိုက်လိုသော ပြင်းထန်သည့် စိတ်ဓာတ်စွမ်းအား တစ်စတစ်စ ထွက်ပေါ်နေသည်။
ထိုရိုင်းပြသည့် စွမ်းအင်အဟုန်က သူတို့၏ အာရုံကို ဆွဲဆောင်လိုက်သည်။
ဝူယွမ်သည် လင်းယုန်စီးပြီး ပခုံးတွင် သံချောင်းထမ်းထားသည့် အမည်းရောင်ဝတ်ရုံဖြင့် လူငယ်ကို ကြည့်ကာ မျက်လုံးထဲတွင် အံ့အားသင့်မှု တစ်စ ဖြတ်ပြေးသွားသည်။ ၀မ့်လွန်ပြည်နယ်၏ လူငယ်များထဲတွင် ဤကဲ့သို့ ထူးခြားသည့် လူမျိုးရှိမည်ဟု မမျှော်လင့်မိခဲ့ပေသည်။
“အစ်ကိုကြီး၀ူယွမ်နဲ့ လင်းတုန်ညီလေးလား... ကျွန်တော်က ဝူစီပါ၊ ညီအကိုနှစ်ယောက်နဲ့ နည်းနည်း ထိတွေ့ဆက်ဆံကြည့်ချင်ပါတယ်”
ဝူစီက မိုးပေါ်မှ ဆင်းလာရင်း သူကတစ်ချိန်လုံး ဝူယွမ်နှင့် လင်းတုန်ကိုသာ ကြည့်နေသည်။
အရင်ရက်ပိုင်းက ခရီးစဉ်အတွင်း ဝူယွမ်နှင့် လင်းတုန်တို့သည် အဆောင်သခင် အဆင့်ကို တည်ငြိမ်စေရုံသာမက ချီဖန်တီးခြင်းအဆင့်သို့ သဘာဝအတိုင်း ရောက်ရှိသွားကြသည်။
ယခုအခါ သူတို့၏ စွမ်းအင်အဟုန်များက မယုံနိုင်လောက်အောင် ပြင်းထန်နေပြီး၊ သူတို့က ကိုယ့်ကိုကိုယ် ချုပ်တည်းထားသည့်တိုင် ကိုယ်ခန္ဓာအတွင်းရှိ စွမ်းအားက ကြောက်ရွံ့စရာကောင်းနေဆဲပင်။
“ဝူစီလား...”
ဝူယွမ်နှင့် လင်းတုန်တို့ စဉ်းစားနေစဉ်တွင် မုချန်ချန်က သူတို့ကို တိုးတိုးလေး ရှင်းပြလိုက်သည်။
“သူက သိုင်းမဟာမိတ်က လူငယ်တွေထဲမှာ အားအကောင်းဆုံးဘဲ၊ သူကို‘သိုင်းအရူး’ လို့ ခေါ်ကြတယ်၊ သူက တိုက်ခိုက်ရတာကို နှစ်သက်တယ်၊ ကျွန်မတို့ကို သာမန်အားဖြင့် ၀မ့်လွန်ပြည်နယ်ရဲ့ လူငယ်ခေါင်းဆောင်သုံးဦးလို့ ရည်ညွှန်းပေမဲ့ ယင်ရုပ်သေးဂိုဏ်းက တင်လေ့နှင့် ကျွန်မက သူ့ထက် ပိုအားနည်းကြတယ်”
ဝူယွမ်က ခေါင်းညိတ်ပြလိုက်သည်၊ ဝူစီ၏ စွမ်းအင်အဟုန်က မုချန်ချန်ထက် အမှန်တကယ် ပိုမိုပြင်းထန်ပြီး ချီဖန်တီးခြင်း အထွတ်အထိပ်နှင့် မဝေးလှပေ။
“ဒါက ညီလေး ဝူစီ ပါလား၊ ညီလေးက ကျွန်တော်တို့ကို အထူးတလည် လိုက်ရှာနေတာလား၊ ဘာကိစ္စရှိလို့လဲ။”
ဝူယွမ်က ပြုံးရင်းပြောလိုက်သည်။
သူသည် သိုင်းမဟာမိတ်၏ လူများအပေါ် ဖော်ဖော်ရွေရွေ ဆက်ဆံနေဆဲဖြစ်သည်။
“ဟားဟား၊ ဒါက ဝူယွမ်အစ်ကိုကြီးဘဲ ဖြစ်ရမယ်။”
ဝူစီက ရယ်မောလိုက်ပြီး၊ သူ၏အသံထဲတွင် ဝူယွမ်အတွက် ချီးကျူးမှုတစ်ချို့ကို ပြသနေသည်၊ မာန်ထောင်လွှားသော်လည်း မသင့်တော်သော အပြုအမူမျိုး မဟုတ်ပေ။
သူက ဝူယွမ်နှင့် လင်းတုန်တို့၏ အောင်မြင်မှုများကို မန်နေဂျာ ဝူရွှမ်ထံမှ သိပြီးသားဖြစ်သဖြင့် သူတို့နှစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန် ခရီးတစ်လျှောက် လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။
“အိုး၊ ကျွန်တော်က ဒီလောက် နာမည်ကြီးပြီလား။” ဝူယွမ် အံ့အားသင့်သွားသည်။
“အခုဆို အစ်ကိုတို့နှစ်ယောက်ရဲ့ နာမည်က ၀မ့်လွန်ပြည်နယ်တစ်ဝှမ်း ပျံ့နှံ့နေပြီ၊ မသိသူ မရှိသလောက်ဘဲ”
“ယင်ရုပ်သေးဂိုဏ်းရဲ့ အကြီးအကဲတွေက အစ်ကိုတို့ နှစ်ယောက်ကို လိုက်ဖမ်းဖို့ ထွက်လာပြီလို့ ကြားခဲ့လို့၊ ကျွန်တော် လာကြည့်လာပါ၊ ဘာလို့ဆို အကိုတို့နှစ်ယောက်က ကျွန်တော်တို့ သိုင်းမဟာမိတ်ရဲ့ မိတ်ဆွေတွေ ဖြစ်နေလို့လေ၊ ရှေးဟောင်းဓားဂိုဏ်းကတောင် အစ်ကိုတို့လက်ချက်နဲ့ ပျက်စီးခဲ့တယ်ဆိုတော့ အဲ့ဟွာကုလို လူလောက်ကို ကိုင်တွယ်ဖို့က အရမ်းလွယ်ကူတဲ့ အလုပ်တစ်ခုဘဲ ”
ဝူစီက လက်ထဲတွင် ထူထဲသော အနက်ရောင်သံချောင်းကို ထမ်းထားရင်း၊ ဝူယွမ်နှင့် လင်းတုန်အပေါ် စိတ်ဝင်စားမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ဝူယွမ်အစ်ကိုကြီး၊ ကျွန်တော်က အစ်ကိုကြီးရဲ့ ပြိုင်ဘက်မဟုတ်တာကို သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် တိုက်ကြည့်ချင်စိတ် ပြင်းပြနေတယ်၊ အက်ုတို့နှစ်ယောက် ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်မလား”
သူက ၀ူယွမ်တို့နှစ်ဦးကို ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် ကြည့်နေကာ၊ သူ၏ တိုက်ခိုက်လိုသည့် ဆန္ဒပြင်းပြမှုက ဖုံးကွယ်ထားရန်ပင် မဖြစ်နိုင်ပေ။
ဝူယွမ်က ဝူစီကို အနည်းငယ် သဘောကြသွားသည်။ သူက ဤကဲ့သို့ ‘သိုင်းအရူး’ စရိုက်လက္ခဏာကို နှစ်သက်သည်။
သို့သော် ဝူစီက မလုံလောက်သေးပါ၊ ဝူယွမ်သာ လှုပ်ရှားပါက၊ ဝူစီအတွက် ကောင်းမွန်သော တိုက်ပွဲအတွေ့အကြုံ ဖြစ်လာမည် မဟုတ်ပေ။
“ဒုတိယညီလေး၊ သူနဲ့ တိုက်လိုက်။”
ဝူယွမ်က လင်းတုန်အား ပြောသည်။
ထိုအခိုက်အတန့်တွင် လင်းတုန်သည်လည်း ဝူစီကို လောင်ကျွမ်းနေသော မျက်လုံးများဖြင့် ကြည့်နေသည်။
ယန်မြို့မှ ထွက်ခွာပြီးကတည်းက၊ သူက ရွယ်တူများနှင့် ကောင်းကောင်းတိုက်ခိုက်ရန် အခွင့်အရေး ရှားပါးခဲ့သည်။
ဤဝူစီက သူ၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
“ဟက်ဟက်၊ အစ်ကိုကြီး၊ ကျွန်တော်လည်း ဒီလိုပဲ တွေးနေမိတယ်။”
ရှည်လျားထူထဲသော ကောင်းကင်အကြေးခွံ လှံတံက လင်းတုန်၏လက်ထဲတွင် ပေါ်လာခဲ့ပြီး၊ ဝူစီလက်ထဲရှိ အနက်ရောင်သံချောင်းကဲ့သို့ အတော်လေး လိုက်ဖက်နေသည်။
နှစ်ဦးစလုံး၏ ဟန်နှင့် စရိုက်လက္ခဏာများကလည်း အတော်လေး ဆင်တူနေသည်။
သူတို့က တစ်ဦးကိုတစ်ဦး ကြည့်နေကြကာ သူတို့၏မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ပွဲ၀င်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း ထိုအရာကို ခံစားမိပြီး မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေကြသည်။
စကားများစွာ မလိုအပ်၊ အရာရာက စကားမပြောဘဲနှင့် နားလည်နေသည်။
“လာပါ။”
နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည်။
ထို့နောက် သူတို့က ယွမ်စွမ်းအင်ကို အရူးအမူး လှုံ့ဆော်ကာ သူတို့၏လက်နက်များနှင့် ပစ်လိုက်ကြသည်။
တစ်မုဟုတ်ချင်း၊ လက်နက်အလင်းရောင်များနှင့် လှံအရိပ်များသည် လေထဲတွင် ထိတ်တိုက်တွေ့သွားကြသည်။
ချက်ချင်းပင်၊ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာကာ အချိန်ကြာလေ တိုက်ပွဲက ပိုပူနွေးလာပြီး၊ ပိုစိတ်လှုပ်ရှားဖွယ်ကောင်းလာသည်။
ထိတ်လန့်ဖွယ် စွမ်းအင်အဟုန်များ။
၀မ့်လွန်ပြည်နယ် လွင်ပြင်ပေါ်တွင်၊ ယွမ်စွမ်းအင်မုန်တိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း နိုးထလာခဲ့သည်။
သူတို့က နေရာအနှံ့ လှည့်ပတ်တိုက်ခိုက်နေကြကာ သံချောင်းနက်နှင့် ရှေးဟောင်းလှံတို့ မကြာခဏ လေထဲတွင် ထိတ်တိုက်တွေ့နေကြသည်။
လင်းတုန်က ချီဖန်တီးခြင်းအဆင့် ရောက်ခါစဖြစ်သော်လည်း၊ သူ၏ကိုယ်ခန္ဓာက အားကောင်းပြီး၊ အဆောင်သခင် လည်းဖြစ်သည်။ သူ၏ရွှေခေါင်းလောင်းကိုယ်ခန္ဓာကို အသုံးမပြုဘဲနှင့်ပင် ဝူစီနှင့် လက်ရည်တူ တိုက်ခိုက်နိုင်လေသည်။
ဝူစီ၏ အစစ်မှန် တိုက်ခိုက်မှုစွမ်းအားက ကူးပြောင်းခြင်းတစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်နိုင်သည်။
လင်းတုန်တို့တိုက်ပွဲက မိနစ်သုံးဆယ်ခန့် ကြာခဲ့ပြီး တိုက်ကွက်တစ်ရာကျော် ဖလှယ်ခဲ့ကြသည်။
တိုက်ပွဲက စိတ်လှုပ်ရှားဖွယ်ရာနှင့် စိတ်အားထက်သန်စရာ ကောင်းလွန်းခဲ့သည်။
စောင့်ကြည့်နေကြသော ဝူယွမ်၊ မုချန်ချန်နှင့် အခြားသူများပင် အတော်လေးကျေနပ်နေကြသည်။
သူတို့၏ ယွမ်စွမ်းအင်က တဖြည်းဖြည်း ကုန်ခမ်းသွားပြီး၊ နောက်ဆုံးတွင် သူတို့နှစ်ဦးက သူတို့၏လက်နက်များကို သိမ်းကာ လက်သီးလက်မောင်းများနှင့် ကိုယ်ခန္ဓာခွန်အားခြင်း ယှဉ်တဲ့အဆင့်ကို ရောက်လာသည်။
ကိုယ်ခန္ဓာ ခွန်အားတွင်တော့၊ လင်းတုန်က သေချာပေါက် ပိုအားကောင်းသည်။
မသေဆုံးနိုင်သော ကင်းကောင် ကိုယ်ခန္ဓာကို ကျင့်ကြံခဲ့သည့် အတွက် လင်းတုန်၏ တိုက်ခိုက်မှုစွမ်းအားနှင့် ခုခံကာကွယ်နိုင်စွမ်းများက အလွန်အမင်း တိုးတက်လာခဲ့သည်။
သူက ဝူစီကို မကြာခဏ နောက်ဆုတ်သွားစေရန် ဖိအားပေးနိုင်ခဲ့သည်။
ချီဖန်တီးခြင်း အစောပိုင်း စွမ်းအားဖြင့်၊ လင်းတုန်က ကူးပြောင်းခြင်းတစ်၀က် ကျင့်ကြံသူတစ်ဦးကို ပင် နှိပ်ကွပ်နိုင်ခဲ့သည်။
သူသာ ရွှေခေါင်းလောင်းကိုယ်ခန္ဓာကို အသုံးပြုမည်ဆိုလျှင် သာမန် ကူးပြောင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးနှင့်ပင် အချိန်အတန်ကြာ ယှဉ်ပြိုင်နိုင်လောက်သည်။
နောက်ဆုံးတွင်၊ ဝူစီက အညိုအမည်းစွဲပြီး စိတ်ရှုပ်ထွေးကာ ရှုံးနိမ့်ခြင်းကို ဝန်ခံလိုက်ရသည်။
“ဟားဟား၊ ကျွန်တော် ဒီလို ကျေနပ်ဖွယ်ရာ တိုက်ပွဲကို မခံစားခဲ့ရတာ အတော်ကြာပီ၊ လင်းတုန်မလား၊ ကျွန်တော် လေးစားမိပါတယ်၊ တကယ် လေးစားမိပါတယ်။”
ဝူစီ စိတ်ရှုပ်ထွေးနေသော်လည်း၊ သူက ပျော်ရွှင်စွာဖြင့် လက်ချင်းချိတ် နှုတ်ဆက်လိုက်သည်။
ဤတိုက်ပွဲတွင်၊ သူက သူ၏စိတ်နှလုံး ကျေနပ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ပြီး၊ အတွေ့အကြုံ များစွာ ရရှိခဲ့သည်။
“ဝူစီညီလေး၊ ညီလေးလည်း အရမ်းအားကောင်းပါတယ်။”
လင်းတုန်သည်လည်း အမြန်ပြန်နှုတ်လိုက်ပြီး၊ နှစ်ဦးသလုံး တစ်ဦးကိုတစ်ဦး နှစ်သက်အားရမှုကို ခံစားလိုက်ရသည်။
ဝူယွမ် - “ကောင်းပြီ၊ အခု တိုက်ပွဲပြီးဆုံးပြီ၊ဆိုတော့ ခရီးဆက်ကြရအောင် ”
“ဝူယွမ်အစ်ကိုကြီး၊ အစ်ကိုကြီး ခဏလေးပါ ကျွန်တော် အစ်ကိုကြီးတို့နဲ့ အတူ လိုက်ချင်လို့ပါ၊ အသောက တိုက်ပွဲမှာ ကျွန်တော် ပညာတွေ အများကြီး ရခဲ့တာ်၊ ကျွန်တော့်မှာ သိုင်းပညာနဲ့ ပတ်သက်တဲ့ မေးခွန်း လေးတွေ အများကြီး ရှိတယ်၊ ဝူယွမ်အစ်ကိုကြီးနဲ့ ညီအကိုလင်းတုန်ကို မေးမြန်းချင်လို့။”
ဝူစီသည် သူတို့အဖွဲ့ထဲသို့ ဝင်ရောက်လိုသဖြင့် စိတ်ရင်းမှန်ဖြင့် တောင်းဆိုလိုက်သည်။
သူသည် ဝူယွမ်ကို ရွယ်တူအဖြစ် ဆက်ဆံရန် မရဲ၀ံ့ပေ၊ ပိုအားကောင်းသူအတွက် လေးစားမှုကို ဆက်လက်ထိန်းသိမ်းထားရသည်။
“အိုး၊ မိန်းကလေး မုချန်ချန်က ဒီမှာ တာဝန်ရှိသူပါ၊ ဝင်ချင်ရင် သူမကို မေးလိုက်ပါ။”
ဝူယွမ်က သူ့ဘေးက မုချန်ချန်ကို ညွှန်ပြလိုက်သည်။
ထိုအခါမှသာ ဝူစီက အဖွဲ့ထဲရှိ အလှပဆုံးအမျိုးသမီးကို သတိပြုမိခဲ့သည်။
‘သိုင်းအရူး’ က အမျိုးသမီးများကို စိတ်ဝင်စားမှု နည်းပါးသည်၊ သူတို့က မကြာခဏ လက်သီးတစ်ချက်တည်းဖြင့် အချိန်အကြာကြီးအော်ဟစ် ငိုကြွေးတတ်ကြပြီး၊ လင်းတုန်ကဲ့သို့ ရိုးရှင်းကာ မာကျောသည့်ယောက်ျားများနှင့် မတူပေ။
“မုချန်ချန်၊ ညီမလေးမှာ ကန့်ကွက်စရာ တစ်ခုခု ရှိလား။”
ဝူယွမ်ကို သူမ ချဉ်းကပ်မှုနှင့် မတူဘဲ၊ ဝူစီက မုချန်ချန်အတွက် ပိုမိုရိုးရှင်းသည်။
အဘယ့်ကြောင့်ဆိုသော် မုချန်ချန်က သူ့ကို မနိုင်နိုင်သောကြောင့်ဖြစ်သည်။
မုချန်ချန်က သူ့မျက်လုံးကို လှည့်လိုက်သည်၊ သူက ဤသိုင်းအရူး ဝါသနာရှင်နှင့် နောက်ထပ်စကားလုံးတစ်လုံး ပြောလိုခြင်း မရှိပေ။
“ရှင် လာခိုင်းချင်ရင် လာခိုင်းလို့ရတယ်။ ကျွန်မကို မမေးနဲ့။”
စကားပြောပြီးနောက်၊ မုချန်ချန်က လှည့်ပြီး သူမ၏ လှည်းထဲသို့ ၀င်သွားသည်။
“ဟက်ဟက်၊ ဝူယွမ်အစ်ကိုကြီး။”
ဝူစီက ရိုးရှင်းသော အပြုံးဖြင့် ဝူယွမ်ကို စိုက်ကြည့်နေသည်။
“သွားကြရအောင်။”
လင်းတုန်က ဝူစီကို သူတို့၏လှည်းထဲသို့ ဖိတ်ခေါ်ခဲ့သည်၊ သူတို့နှစ်ဦးတွင် ဆွေးနွေးရန် ခေါင်းစဉ်များစွာ ရှိနေခဲ့သည်...
ငါးရက်အကြာတွင်...
သူတို့က နောက်ဆုံးတွင် ၀မ့်လွန်ရှေးဟောင်းကျောက်တိုင်၏ အနားသို့ ရောက်ရှိလာခဲ့ပီဖြစ်သည်၊ ကျယ်ပြန့်သော လွင်ပြင်ပေါ်တွင်၊ မရေတွက်နိုင်သော ပုံရိပ်များက ပုရွက်ဆိတ်များကဲ့သို့၊ ဦးတည်ရာတစ်ခုဆီသို့ ဆက်လက်သွားလာနေကြသည်။
ပတ်ဝန်းကျင် ကောင်းကင်ယံတွင်၊ ပုံရိပ်များ မကြာခဏ ဖြတ်သန်းသွားကြသည်၊ ပျံသန်းနိုင်သည့် သားရဲများနှင့် ဝိညာဉ်ရတနာလက်နက်များကို စီးနင်းကာ၊ သူတို့ပျံသန်း သွားသည့်လမ်းတစ်လျှောက် အရောင်စုံများ ကျန်ရစ်ခဲ့ပြီး၊ ၀မ့်လွန်နယ်ပြေကို သေးငယ်သော အရောင်စုံများဖြင့် ဆေးချယ်နေသကဲ့သို့ ဖြစ်နေသည်။
ဝူယွမ်က ဤကဲ့သို့ ကြောက်မက်ဖွယ် လူအုပ်ကြီးကိုမြင်ပြီး မချီးကျူးဘဲမနေနိုင်တော့ချေ။ ရှေးဟောင်း တောရိုင်းကျောက်တိုင်၏ ဆွဲဆောင်မှုက အရင်က ရှေးဟောင်းဂူသင်္ချိုင်း၏ ဆွဲဆောင်မှုထက် သိသိသာသာ ပိုကြီးမားသည်။
သူက ၀မ့်လွန်ရှေးဟောင်းလွင်ပြင်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ကြည့်လိုက်သောအခါ၊ ထိုနေရာတွင်၊ အလွန်ရှုပ်ထွေးပြီး ကြောက်မက်ဖွယ် ဖော်ပြမရနိုင်သော အတားအဆီးတစ်ခုကို သူမြင်တွေ့လိုက်ရသည်။
ထိုအတားအဆီး အကာအရံကြီးအောက်တွင်၊ လူတိုင်းက သေးငယ်နေသည်ဟု ထင်ရကာ ထိုနေရာက ရှေးဟောင်းတောရိုင်းကျောက်စာတိုင် တည်ရှိရာနေရာဘဲ ဖြစ်သည်။
ကျောက်တိုင်ကြီးနှင့် ပိုနီးကပ်လာသည်နှင့်အမျှ၊ အတားအဆီးမှ တုန်ခါမှုလှိုင်းက ပိုအားကောင်းလာပြီး၊ ပတ်ဝန်းကျင်ရှိ လူများအပေါ်တွင် အတော်လေး ဖိအားပေးနေခဲ့သည်။
ဝူယွမ်နှင့် သူ၏အဖွဲ့က အနက်ရှိုင်းဆုံးအပိုင်းထိ တိုက်ရိုက် ဝင်ရောက်သွားကြပြီး၊ သူတို့ကို မြင်သည့်နှင်ါ၊ လူများက ချက်ချင်း လမ်းကြောင်း ရှင်းလင်းပေးလိုက်ကြသည်။
မုချန်ချန်နှင့် ဝူစီိတို့နှစ်ဦးစလုံးက ၀မ့်လွန်ပြည်နယ်တွင် အလွန်ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး၊ သာမန်လူများက သူတို့ကို နှောင့်ယှက်ရန် မရဲကြပေ။
လူအုပ်ထဲတွင်၊ ယင်ရုပ်သေးဂိုဏ်းမှ လူများလည်း ရှိပြီူ၊ သူတို့ကို မြင်သည်နှင့် တိတ်တဆိတ် ပုန်းကွယ်နေကြသည်။
ဝူစီ - “ဝူယွမ်အစ်ကိုကြီး၊ အစ်ကိုကြီးက ဟွာကုနှင့် အခြားသူတွေကို သတ်ခဲ့တယ်၊ ယင်ရုပ်သေးဂိုဏ်းက ဒါကို လက်ခံမှာမဟုတ်ဘူး၊ ဒါပေမယ့်၊ ကျွန်တော်သိရသလောက်ကတော့၊ ဒီတစ်ခါ ယင်ရုပ်သေးဂိုဏ်းမှာ တင်လေ့က အဖွဲ့ကို ဦးဆောင်နေတာပဲ၊ သူက ကျွန်တော်ကိုတောင် ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက်ပဲ၊ ဒါကြောင့် စိုးရိမ်စရာ မလိုပါဘူး။”
လင်းတုန်က ဝူစီ၏ ပခုံးကို ပုတ်ကာ အာဏာရှင်ဆန်ဆန် ပြောလိုက်သည်၊ “အစ်ကိုကြီးက ဘယ်တော့မှ စိုးရိမ်တယ်ဆိုတာ မရှိဘူး၊ နောက်ပိုင်းမှာ အဲ့ကောင်တင်လေ့ကို တွေ့လို့၊ သူက အကောင်းအဆိုး မခွဲခြား တတ်ရင် ကျွန်တော်တို့က သူ့ကို ရှေးဟောင်းကျောက်တိုင် ထဲကို ဝင်လို့မရအောင် လုပ်ပေးလိုက်မယ်။”
နောက်ဆုံးတွင်၊ သူတို့ အတားအဆီးအနီးကို ရောက်ရှိလာခဲ့ကြသည်။
ပေပေါင်း တစ်ထောင်နီးပါး အမြင့်ရှိသော ရှေးဟောင်းကျောက်တိုင်တစ်ခုက လွင်ပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် တိတ်တဆိတ် ရပ်တည်နေသည်၊ ကျယ်ပြန့်သော ရှေးဟောင်း စွမ်းအင်များကလည်း ကျောက်တိုင်ကြီးဆီမှ ထွက်ပေါ်လာနေကာ၊ လူများအား ထိုအချိန်က ရှေးဟောင်းဂိုဏ်းကြီး၏ စွမ်းအားကို ခံစားရစေသည်။
ရှေးဟောင်း ဧရာမရူန်းကြီးများက ရှေးဟောင်းကျောက်တိုင်တစ်လျှောက် ဖြတ်သန်းနေပြီး၊ ပေါ်လိုက်ပျောက်လိုက်နှင့် မိုးမြေကို ဆုတ်ဖြဲနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုက စုစည်းနေသည်၊ ထိုစွမ်းအင်က လုံး၀ ကြောက်မက်၊တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။
ရှေးဟောင်းကျောက်တိုင်က လွင်ပြင်ပေါ်တွင် ထီးထီးကြီး ရပ်တည်နေကာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးသည့် လှေကားထစ်တစ်ခုကဲ့သို့၊ ခမ်းနားထည်ဝါပြီး ကြီးကျယ်လွန်းလှကာ ရှေးကြလွန်းပြီး ရာသီဥတုဒဏ်ခံထားရသည်။
“အတွင်းပိုင်းမှာကိုယ်ပိုင် လေဟာနယ် ပိုင်ဆိုင်ထားတဲ့ ရတနာတစ်ခုက မျှော်လင့်ထားတဲ့အတိုင်းဘဲ။”
ခမ်းနားထည်ဝါပြီး ကြီးကျယ်သော ရှေးဟောင်းကျောက်တိုင်ကြီးကို ကြည့်ရင်း၊ ဝူယွမ်က မနေနိုင်တော့ဘဲ စိတ်ထဲမှ ရေရွတ်လိုက်မိကာ၊ သူ၏မျက်လုံးထဲတွကင်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်၊ ဤကဲ့သို့သော ခမ်းနားထည်ဝါမှုမျိုးကို သူ၏ဘဝနှစ်ခုလုံးတွင် ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
“ဒါက မုချန်ချန်ပဲ၊ ပြီးတော့ ဝူစီ။”
“အလယ်က လူငယ်နှစ်ယောက်က ဝူယွမ်နဲ့ လင်းတုန် ဖြစ်ရမယ်။”
“သူတို့က ယင်ရုပ်သေးဂိုဏ်းကို စော်ကားမိသွားပြီ၊ ဒါတောင် သူတို့ ဒီကို ပွင့်ပွင့်လင်းလင်း ဝင်လာရဲသေးတယ်လား။”
“ယင်ရုပ်သေးဂိုဏ်းက ရှေးဟောင်းဓားဂိုဏ်းနဲ့ ယှဉ်လို့မရဘူး၊ ယင်ရုပ်သေးဂိုဏ်းမှာ ကူးပြောင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူ တစ်ဦးထက်မက ရှိတယ်လို့ ပြောကြတယ်။”
“မဟာနတ်ဆိုးဂိတ်နဲ့ သိုင်းမဟာမိတ်က သူတို့နှစ်ယောက်ကို ဆက်ပြီး ကူညီဦးမှာလား။”
...လူများက မုချန်ချန်နှင့် ဝူစီကို ထည့်တွက်ပြီး ဝူယွမ်နှင့် လင်းတုန်၏ အချက်အလက်များကို ကောက်ချက်ချနေကြသည်။
သူတို့က သူတို့၏လမ်းကြောင်းများကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသဖြင့်၊ လူများက အရင်က သူတို့ကို မမြင်ဖူးသော်လည်း၊ မြင်လိုက်သည်နှင့် သူတို့မှန်း ဆုံးဖြတ်နိုင်ဆဲဖြစ်သည်။
ရှေးဟောင်းဓားဂိုဏ်းကို ဖျက်ဆီးခြင်းနှင့် ယင်ရုပ်သေးဂိုဏ်းမှ ဟွာဂုနှင့် သူ၏သားကို သတ်ခြင်း - ဤဖြစ်ရပ်များက လွန်ခဲ့သော ဆယ်ရက်အတွင်း ၀မ့်လွန်ပြည်နယ်တစ်ဝှမ်း ပျံ့နှံ့သွားခဲ့ပြီး၊ ဝူယွမ်နှင့် လင်းတုန်၊ ဤလူငယ်နှစ်ဦးက လူတိုင်း၏ ဆွေးနွေးမှု ခေါင်းစဉ်ဖြစ်နေဆဲဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ဝူယွမ်နှင့် သူ၏အဖွဲ့ဝန်းကျင်တွင် နေရာလွတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ယင်ရုပ်သေးဂိုဏ်းရဲ့ အင်အားစုတွေ လာနေပြီ။”
တစ်စုံတစ်ဦးက အော်ဟစ်လိုက်ကာ လူတိုင်း မြင်ကွင်းကောင်းတစ်ခု တွေ့ရဖို့ စိတ်၀င်စားနေကြသည်။
လူများက မြန်ဆန်စွာ လမ်းဖွင့်ပေးလိုက်ကြပြီး၊ ဝူယွမ်က ယင်ရုပ်သေးဂိုဏ်း၏ အင်အားစုများကို မြင်လိုက်ရသည်၊ အလယ်တွင် သွေးနီရောင်၀တ်စုံ ဝတ်ဆင်ထားသော လူတစ်ဦးရှိပြီး၊ မျက်နှာက အရိုးခြောက်ကဲ့သို့ ဖြစ်နေသည်။
ထိုသူက မုချန်ချန်နှင့် ဝူစီတို့၏ ပြိုင်ဘက် သွေးစွန်းလက် တင်လေ့ ဘဲဖြစ်သည်။
“ဝူယွမ်၊ လင်းတုန်။”
တင်လေ့က ချင်းကပ်လာရင်း ဝူယွမ်တို့နှစ်ဦးကို စိုက်ကြည့်ကာ သူတို့၏အမည်များကို ခေါ်လိုက်သည်။
“ဘာလဲ ဘိုဘို။”
ဝူယွမ်က ပြန်ပြောလိုက်သည်။
“ဟားဟား...”
ဝူယွမ်၏တုံ့ပြန်မှုကြောင့် ဝူစီနှင့် လင်းတုန်နှစ်ဦးစလုံး ရယ်မောမိသွားကြသလို ပတ်ဝန်းကျင်ရှိ လူများလည်း ပြုံးလိုက်ကြသည်။
သူတို့က ယင်ရုပ်သေးဂိုဏ်းအတွက် အမြင်ကောင်းမရှိသဖြင့် ပြဿနာကို အေးဆေး စောင့်ကြည့်ရန်သာ နှစ်သက်ကြသည်။
တင်လေ့နှင့် သူ့အဖွဲ့၀င်များ၏ မျက်နှာများ အလွန်အမင်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားကာ ချက်ချင်းပင်၊ ပြင်းထန်သော လေထုတစ်ခုဖြစ်လာသည်။
ယင်ရုပ်သေးဂိုဏ်း အင်အားစုများထဲတွင်၊ တင်လေ့အပြင်၊ ချီဖန်တီးခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးလည်း ရှိသည်။
သို့သော် ဝူယွမ်ဘက်မှာလည်း အားလည်းလှသည်မဟုတ်ပေ။
မုချန်ချန်နှင့် ဝူစီတို့က သူ့ကို ကူညီမညီ ထည့်တွက်ဖို့တောင်မလိုပေ။
သူတို့လုပ်ဆောင်ခဲ့သော သတင်းအချက်များနှင့်ပင် အခု ယင်ရုပ်သေးဂိုဏ်းမှ တင်လေ့နှင့် အခြားသူများကို လျစ်လျူရှုနိုင်သည်။
“ဟေ့ဟေ့၊ ယခု မင်းစိတ်ကြိုက်ကြွားထားပါ၊ ငါတို့ ယင်ရုပ်သေးဂိုဏ်းကို စော်ကားတဲ့အတွက် ဘယ်တော့မှ အဆုံးသတ်မှာ ကောင်းမှာမဟုတ်ဘူး၊ ရှေးဟောင်း တောရိုင်းကျောက်တိုင်ထဲက ထွက်လာတာနဲ့ မင်းတို့ရဲ့ သေနေ့ ဖြစ်လိမ့်မယ်။”
တင်လေ့က အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။ သူဒေါသထွက်နေသော်လည်း၊ သူက ချက်ချင်း မလှုပ်ရှားရဲပေ
ဟွာကုက ဝူယွမ်နှင့် လင်းတုန်တို့လက်ချက်ဖြင့် သေဆုံးခဲ့သည်ကို သိပြီးနောက်၊ သူက ယင်ရုပ်သေးမြို့ ဌာနချုပ်သို့ ချက်ချင်း သတင်းပို့ခဲ့သဖြင့်၊ အခုအချိန်တွင်၊ ကူးပြောင်းခြင်းအဆင့် အစောပိုင်း အကြီးအကဲတစ်ဦး အခုထွက်လာနေလောက်ပီဖြစ်သည်။
“မင်း တကယ် ထွက်လာရဲတာဘဲ၊ မင်းက ဒီလောက် အခြေအနေကို မခွဲခြားတတ်ဘူးဆိုမှတော့၊ ငါက မင်းကို အရင်ဆုံး ဆုံးမပေးမယ်”
ဝူယွမ်က ခေါင်းရမ်းပြီး ပြောလိုက်သည်။
တင်လေ့က လူအုပ်ထဲတွင် နှိမ့်ချစွာ ပုန်းကွယ်နေခဲ့လျှင်၊ သူသည် သူ့ကို ရှာဖွေရန် အနှောင့်အယှက် အဖြစ်မခံချင်ပေ။ သို့သော် သူက ထွက်လာရဲေသးသည်၊ သူတို့က သူ့ကို မသတ်ရဲဟု ထင်နေသည်လားမသိချေ။
“ဝူယွမ်၊ မင်း ငါတို့ကို သတ်ချင်ရင်၊ မင်း တန်ကြေးတစ်ခု ပြန်ပေးရမယ်၊ ကျောက်စာတိုင်က ဖွင့်တော့မယ်၊ မင်း လုပ်ရင် တခြားသူတွေက အကျိုးအမြတ်ရသွားလိမ့်မယ်။”
တင်လေ့၏ မျက်နှာက နီရဲနေပြီး၊ ခေါင်းမာစွာ ပြောလိုက်သည်။ ဝူယွမ် လှုပ်ရှားမည်ကို သူ အမှန်တကယ် ကြောက်ရွံ့နေမိသည်။ သူ၏ စွမ်းအားက ဟွာကုထက် အားကောင်းပြီး၊ ဝူယွမ်က သူ့ကို သေချာပေါက် သတ်နိုင်မည်ဟု သူမတွေးထားသော်လည်း၊ သူ့ကို ခက်ခဲစေမည်မှာ သေချာသည်။
“ဟေ့ဟေ့၊ မင်း ဘယ်ကနေ ယုံကြည်မှုတွေ ရလာတာလဲ၊ မင်းကို သတ်ဖို့ကို၊ ငါက တန်ကြေးတစ်ခုပေးရမယ်တဲ့လား”
ဝူယွမ်က ခြေဖဝါးကို မြေကြီးပေါ် နင်းချလိုက်ပြီး၊ သူ၏ကိုယ်ခန္ဓာမှ ရုတ်တရက် ကြီးမားသော အလေးချိန်ကို ထုတ်လွှတ်ကာ၊ ယင်ရုပ်သေးဂိုဏ်းမှ လူတိုင်းကို အဓိကထားလိုက်သည်။
ဤကြီးမားသော ဖိအားအောက်တွင်၊ တင်လေ့ အပါအဝင် ယင်ရုပ်သေးဂိုဏ်းမှ လူတိုင်း အပြည့်အဝ ဖိနှိပ်ခံထားရပြီး လှုပ်ရှားနိုင်ခြင်း မရှိကြပေ။
ထို့နောက် ဝူယွမ်က လက်သင်္ကေတများ ဖွဲ့စည်းလိုက်ပြီး ခရမ်းရွှေရောင် ယွမ်စွမ်းအင် ဆက်လက် ထွက်ပေါ်လာကာ
ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါးကျောက်တိုင် လက်ဝါး။
ကျောက်တိုင်လက်ဝါးကြီး နှစ်ခုက တင်လေ့နှင့် သူ၏အဖွဲ့ပေါ်သို့ ဖိကျလာသည်။
ဗုံး။
အလွန်ကျယ်လောင်သော အသံတစ်ခုထွက်လာပြီး၊ တင်လေ့နှင့် အခြားချီဖန်တီးခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှလွဲ၍ ယင်ရုပ်သေးဂိုဏ်းမှ လူဒါဇင်နှင့်ချီက သူတို့၏ အဆောင်ရုပ်သေးများကို ခေါ်ရန် အခွင့်အရေးပင် မရခဲ့ဘဲ တိုက်ရိုက် အသားပြားများ အဖြစ် ကြေညက်သွားခဲ့သည်။
တင်လေ့နှင့် အခြားနှစ်ဦးသည်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး၊ သွေးများအန်ကာ၊ အသက်မျှင်မျှင်ဘဲကျန်တော့သည်။
ဟစ်။
ထိုမြင်ကွင်းကိုကြည့်ရင်း ပတ်ဝန်းကျင်ရှိ လူများ လေးအေးများ ရှူရှိုက်မိလိုက်ကြသည်။
ဝူစီက အာမေဠိတ်သံထွက်သွားပြီး “ဒါက အစ်ကိုကြီးရဲ့ စွမ်းအားလား တစ်ကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်”
အားလုံးက တစ်စက္ကန့်အတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
လူများအစုက ပြင်းထန်သော တိုက်ပွဲတစ်ခုကို မျှော်လင့်နေဆဲဖြစ်သော်လည်း၊ မည်သူက ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု ထင်ထားမည်နည်း
“အဟွတ်အဟွတ်၊ ဒါ ဘယ်လိုဖြစ်နိုင်မလဲ၊ မင်း...”
တင်လေ့က ဝူယွမ်ကို မယုံကြည်နိုင်ဖွယ် စိုက်ကြည့်နေသည်။ သူ၏ စွမ်းအားက ချီဖန်တီးခြင်းအဆင့် အစောပိုင်းသာ ရှိသေးမှန်း ရှင်းနေသော်လည်း၊ သူ အရမ်း အားကောင်းနေပြီး၊ ခုခံရန်အချိန်ပင်မရလိုက်ချေ။
သူက ဝူယွမ်၏ စွမ်းအားကို နည်းနည်း လျှော့တွက်၊ မဟုတ်သေး….အလွန်အမင်း လျှော့တွက်ခဲ့မိခြင်းဖြစ်သည်။
“ငါ့ကို မသတ်နဲ့၊ ငါ့အဖေက တင်ရှားဘဲ၊ မင်း ငါ့ကို သတ်ရင် သူက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။”
တင်လေ့က သူ၏ဖခင်နာမည်ဖြင့် ချိန်းခြောက်နေသော်လည်း ဝူယွမ်က တိုက်ရိုက် နဂါးချည်မျှင်သလင်း ဒါဇင်နှင့်ချီကို ပစ်လွှတ်ကာ၊ တင်လေ့နှင့် အခြားနှစ်ဦး၏ ခြေလက်များနှင့် ပါးစပ်များကို ပိတ်ဆို့လိုက်သည်။
“အဆောင်သခင် သုံးယောက်၊ မဆိုးဘူးဘဲ၊ ငါ မင်းတို့ရဲ့ အသက်တွေကို ခဏလွှတ်ပေးထားခဲ့မယ်။”
ဝူယွမ်က လူယုတ်မှာအပြုံးနှင့် ပြောလိုက်သည်။ သူက ဤသုံးဦးကို ချက်ချင်း မသတ်ရခြင်းမှာ အဓိကအားဖြင့် သူတို့၏ အဆောင်သခင် ကျင့်ကြံခြင်းအဆင့်က ကောင်းမွန်သောကြောင့်ဖြစ်ပြီး၊ နောက်ပိုင်းတွင် သူတို့၏ ဝိညာဉ်စွမ်းအင်ကို စားသုံးရန် ထားထားခြင်းဖြစ်သည်။
အခုအချိန်က ထပ်ပြီးဝါးမျိုဖို့ရာ အချိန်ကောင်းမဟုတ်ပေ။ ၀ိညာဥ် အဆောင်သခင်အဖြစ် ရုတ်တရက် အောင်မြင်ပြီးနောက်၊ သူက ဆက်တိုက် စားသုံးနိုင်ခြင်း မရှိပေ။ ထို့အပြင် ရှေးဟောင်းတောရိုင်းကျောက်စာတိုင်၏ အခွင့်အလမ်းများအတွက် ယှဉ်ပြိုင်ရန် လိုအပ်နေသေးသည်။
“ဒုတိယညီလေး၊ သူတို့ရဲ့ သိုလှောင်အိပ်တွေကို ယူပြီး၊ ကြိုးတုတ် သယ်လာခဲ့လိုက်။”
“ဟုတ်ပီ။”
လင်းတုန်က အခုလို တိုက်ပွဲမြေပြင်များကို ရှင်းလင်းရသည်ကို အနှစ်သက်ဆုံးဖြစ်သည်။ အချိန်တိုလေးအတွင်၊ သူက သိုလှောင်အိပ်အားလုံးကို စုဆောင်းပြီး၊ တစ်ဖန် ကြွယ်ဝလာခဲ့ပြန်ပီ။
ထို့နောက် သူက တင်းလေ့တို့သုံးဦးကို ချည်နှောင်ကာ ရှောင်ယန်၏ အမြီးနောက်တွင် ချည်နှောင်ပြီးဆွဲယူလာသည်။
“ဒါက အရမ်းရက်စက်လွန်းတယ်၊ ယင်ရုပ်သေးဂိုဏ်းက လူတိုင်းကို ချက်ချင်း သုတ်သင်ပစ်တယ်။”
“တစ်ကယ်ကို စွမ်းအားကြီးတာဘဲ။”
“ယင်ရုပ်သေးဂိုဏ်းက ဒီတစ်ခါ တကယ်ပဲ သံပြားကို ကန်လိုက်တယ်၊ သူတို့ ခံရသင့်တယ်၊ ဟားဟား၊ အရင်တုန်းက အမြဲတန်း မာနကြီးနေခဲ့ကြတာ”
...လူတိုင်း အံ့အားသင့်နေစဉ်တွင်။
“၀ှစ်”
လူအုပ်နောက်မှ လေပြင်းတိုက်သံ တစ်ခု ကြားလိုက်ရပြီး၊ အလင်းနှင့်အရိပ် ကျယ်ပြန့်သော အစုအဝေးတစ်ခု ကောင်းကင်ယံ အနိမ့်ပိုင်းမှ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကာ လူတိုင်း အံအားတကြီး အော်ဟစ်လိုက်ကြသည်။
“ဒါက အင်အားကြီး မျိုးနွယ်စု လေးခုက လူတွေဘဲ”
ထပ်မံတွေ့ဆုံခြင်း။
ဝူယွမ်နှင့် လင်းတုန်တို့က ကောင်းကင်ပေါ်သို့ ကြည့်လိုက်ကြသည်။
လင်းတုန်၏ မျက်လုံးများက အေးစက်သွားသော်လည်း၊ မျှော်လင့်ချက်အနည်းငယ် ရှိနေသည်။
အခုအချိန်တွင် သူက လင်းလန်းတျန်းကို အနိုင်ယူနိုင်ပီဖြစ်သည်။