← Chapters

မျိုးနွယ်စုကြီးသုံးခု Vs ဝူယွမ်

Vol. 12 Ch. 115

မျိုးနွယ်စုကြီးသုံးခု Vs ဝူယွမ်

Vol. 12 Ch. 115

ကျယ်ပြောလှသော ရှေးဟောင်းလွင်ပြင်ကြီး၏ အနက်ရှိုင်းဆုံးနေရာ၌။

လေတိုက်သံများဖြတ်သန်းသံများ တရွှီရွှီကြားရပြီး ထိုအသံရှိရာသို့ လှည့်ကြည့်ကြရာတွင် မြေပြင်ပေါ်မှ တစ်တောင်ခန့်အကွာအဝေးရှိ လေပေါ်တွင် သက်တံ့ရောင်ခြည်တန်းများက ပျံဝဲလျက် အလျင်အမြန် အတွင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

ဝူယွမ်၏ရင်သပ်ရှုမောဖွယ် ယင်ရုပ်သေးဂိုဏ်းကို ဖိနှိပ်ခြင်း လှုပ်ခတ်မှုကြီး မငြိမ်းသက်သေးမီ တစ်ပြိုင်နက် အင်အားကြီး မျိုးနွယ်စုကြီးများ ရောက်ရှိမှုကြောင့် နောက်ထပ် စိတ်ဝင်စားမှုလှိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လူတိုင်း၏ မျက်လုံးများက သူတို့ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

မိသားစုကြီးလေးခုက ယန်မင်းဆက်၏ အထွဋ်အထိပ် အင်အားစုကြီးလေးခု ဖြစ်သည်။၀မ့်လွန်ပြည်နယ်၏ အင်အားစုကြီးသုံးခုကတောင် သူတို့နှင့် နှိုင်းယှဉ်ပါက အတော်လေး အားနည်းနေဆဲ ဖြစ်သည်။

သက်တံ့ရောင်ခြည်တန်းတစ်ခုက ထိတ်ဆုံးမှ ပျံသန်းလာပြီး နောက် မရေမတွက်နိုင်သော မျက်လုံးများ၏ စိုက်ကြည့်မှုအောက်၊ ကောင်းကင်ယံ အနိမ့်ပိုင်း၌ ဝေ့ဝဲလျက်ရှိကာ။ အရှေ့တွင် အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသော တောက်ပသည့်ချပ်ပြားတစ်ခု ရှိပြီး ထိုချပ်ပြားပေါ်တွင် လူပုံသဏ္ဍာန်များစွာ ရှိနေသည်။ သို့သော် ထိုလူပုံသဏ္ဍာန်များအားလုံးအနက် အရှေ့ဆုံးအစွန်းတွင် ရပ်တည်နေသူတစ်ဦးတည်းကသာ အားလုံး၏ အာရုံစိုက်မှုကို ရရှိထားကြောင်း သိသာထင်ရှားသည်။

ထိုပုဂ္ဂိုလ်က ကိုယ်ဟန်ပေါ့ပါး၊သွယ်လျပြီး အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ရှည်လျားသော ဆံပင်များကို ဖြန့်ကျက်ထားကာ လှပချောမော၊ ဖြူစင်သော မျက်နှာပုံပန်းသဏ္ဍာန်နှင့် ပေါင်းစပ်လိုက်သောအခါ အတော်အသင့် ဆွဲဆောင်မှုရှိသော ဟန်ကို ပိုင်ဆိုင်ထားသည်။

သို့သော်နောက်တစ်စက္ကန့်တွင် သူက သူ၏နားရွက်အနီးရှိ ဆံပင်ဖျားကို တစ်ယုတစ်ယ ကိုင်လိုက်ပြီး လက်ထဲတွင် လှည့်ပတ်ဆော့စကားနေသဖြင့် ချက်ချင်းဆိုသလို သူ၏ဟန်ပန်က မိန်းမဆန်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူ၏ ဖြူဖွေးပြီး မုတ်ဆိတ်မရှိ နူးညံ့သိမ်မွေ့သော မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ သူ့နောက်တွင် ရပ်နေသည့် လင်းခဲအာထက်ပင် ပိုလှပသွားသလို ထင်ရသည်။

သူ၏ အကြည့်များက ဦးစွာ မြေပြင်ပေါ်တွင် စိုက်ထူထားသော ရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးပေါ်သို့ ကျရောက်သွားပြီး ကျောက်တိုင်ကြီးအောက်ရှိ စုရုံးနေကြသူများကို လုံးဝ လှစ်လျူရှုထာသည်။

သူက ဖြူဖွေးစွပ်နေသော လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာ မိနမပျိုလေးများကဲ့သို့ သူ၏နှာခေါင်းအနီးတွင် ‌ပွတ်သက်လေနေသည်။

လူအားလုံး ထိုမြင်ကွင်းက ဆိုးရွှားလွန်းပြီး အော်ဂလီဆန်စရာ အနံ့ဆိုးထွက်နေသည်ဟုပင် ထင်လိုက်မိသည်။

“ဒါ လင်းလန်းတျန်းဘဲ။”

“သူကထူးချွန်၊ရဲရင့်၊ခန့်ညားတဲ့ သူတစ်ယောက်လို့ ပြောကြတယ်မဟုတ်လား။ ဘာလို့ မိန်းမပုံစံနဲ့တူနေရတာလဲ။”

“မသိဘူး၊ပြီးခဲ့တဲ့အကြိမ်တုန်းက ဒီလိုပုံစံမျိုး မဟုတ်ခဲ့ဘူးဆိုတာ ငါမှတ်မိတယ်။”

…

လူတိုင်းတိတ်တဆိတ် တီးတိုး ပြောဆိုနေကြကာ၊ လန်းတျန်း၏ ပြောင်းလဲမှုနှင့်ပတ်သက်၍ အတော်လေး စူးစမ်းချင်နေကြသည်။

ဤနှစ်များအတွင်း လင်းလန်းတျန်း၏အမည်က ၀မ့်လွန်ပြည်နယ်အတွင်းမှာပင် အလေးအနက်ရှိ အရေးပါဆဲဖြစ်သည်။ ယန်မင်းဆက် လူငယ်မျိုးဆက်သစ်တစ်ရပ်လုံးတွင် ဤပုဂ္ဂိုလ်က ထိပ်တန်း ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရကြောင်း လူတိုင်းသိကြသည်။

သို့သော်ယခုပေါ်ထွက်လာသော လင်းလန်းတျန်းမှာ သူတို့ကြားခဲ့ရသော ပုံရိပ်နှင့် ကွာခြားလှသဖြင့် လူတိုင်းက သူတို့၏ထင်မြင်ချက်များကို တိတ်တဆိတ် ဖော်ပြနေကြသည်။

“သူ့ရဲ့စွမ်းအင်လွှမ်းမိုးမှုက အတော်ပြင်းထန်လာတာဘဲ၊ ခြေလှမ်း၀က် ကူး ပြောင်းခြင်းအဆင့် မဟုတ်သေးဘူး ကူးပြောင်းခြင်းအဆင့်ကို ရောက်ပြီးသားတောင် ဖြစ်နေနိုင်တယ်။ ဒါပေမယ့် ဘာလို့ ယောက်ျားပုံမပေါက်တာလဲ” ဝူစီက သူ၏ သံချောင်းလှံတံကို ထမ်းပိုးထားပြီးနောက် လင်းလန်တျန်းကို ဘေးတိုက်ကြည့်ကာ တိုးတိုးပြောလိုက်သည်။

ရှောင်တျောင်း - “ဒီလူက အခြား လျှို့ဝှက် ကျင့်ကြံခြင်း နည်းလမ်း တစ်ခုခုကို သုံးထားတယ်ထင်တယ်၊ ဒီလောက်မြန်မြန် ကူးပြောင်းခြင်းအဆင့်ကို ရောက်အောင် တက်လှမ်းနိုင်ခဲ့တယ်။”

“သူက တကယ်ဘဲ အားကောင်းလာတယ်။ ကူးပြောင်းခြင်းအဆင့်ကို ရောက်နေပီ” လင်းတုန်က သူ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာသည်ကို ခံစားနေရသည်။

သူ၏လက်ရှိ စွမ်းအားဖြင့်ဆို ကူးပြောင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးနှင့်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေပီဖြစ်သည်။

ဝူယွမ် - “ဒါက လင်း... ဖန်း... တုန်ဖန်းပု... လင်းဖန်... လန်းတျန်လား။”

ဝူယွမ်က လင်းလန်တျန်းတစ်ယောက် ဤမျှ ပြောင်းလဲသွားမည်သု လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူ၏ နဂါးချည်မျှင်သလင်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် တိုက်ရိုက်ပင် မိန်းမဆန်သွားခဲ့သည်။

လူအုပ်ကြီးအတွင်း၌ လန်တျန်းက ဝူယွမ်နှင့် လင်းတုန်ကို ချက်ချင်း သတိမထားမိခဲ့ပေ။

“ရွှတ်...ရွှတ်...”

သူက သူ၏ နူးညံ့သိမ်မွေ့သော လက်ဖြင့် လှုပ်ခတ်လိုက်ပြီး နဂါးချည်မျှင်သလင်း နှစ်ချောင်းကို ပစ်လွှတ်လိုက်ကာ ချက်ချင်းဆိုသလို လူအုပ်ကြီးအတွင်းရှိ လူနှစ်ဦး၏ အသက်ကို သုတ်သင်လိုက်သည်။

“လင်းလန်းတျန်းလူသတ်လိုက်တယ်” တစ်စုံတစ်ယောက်က အံ့အားသင့်စွာအော်ဟစ်လိုက်သည်။

လူတိုင်းနောက်သို့ ဆုတ်သွားကြပြီး ရုပ်အလောင်းနှစ်ခုနှင့် ဘေးကင်းသော အကွာအဝေးကို ထိန်းသိမ်းထားလိုက်ကြသည်။

“ငါလင်းလန်းတျန်းက မင်းတို့ ဆွေးနွေးစရာ လူမဟုတ်ဘူး။ နောက်ထပ် ငါ့ကို မခန့်မလေးစားလုပ်ရင် ဒါက မင်းတို့ရဲ့အဆုံးသတ်ဖြစ်လိမ့်မယ်။” လန်းတိမ်က အေးစက်စွာပြောလိုက်သည်။

သူ၏အသံက ယောက်ျားလိုလို မိန်းမလိုလိုနှင့် တစ်မျိုးဖြစ်နေပြီး သူ၏လက်ချောင်းများက နဂါးချည်မျှင်သလင်း သုံးချောင်းကို ကိုင်ထားသည်။

ဝူယွမ် သူ့ခန္ဓာကိုယ်အတွင်းသို့ပစ်လွှတ်ခဲ့သော နဂါးချည်မျှင်သလင်းများက ယခုအခါတွင် သူ၏လက်နက်များ ဖြစ်လာခဲ့သည်။

ဝူယွမ် နဖူးတွန့်သွားလေသည် ဤအမူအရာတွင် တုန်ဖန်းပုပိုက်၏ အရိပ်အယောင် အနည်းငယ်ပါဝင်နေသည်။

ထိုအချိန်တွင် ကြီးမားသော လေ��သိန်းငှက်ကြီးတစ်ကောင် ရောက်ရှိလာပြီး သူ၏ကြီးမားသော အတောင်ပံများကို ခတ်လိုက်ကာ ပြင်းထန်သော လေပြင်းများကို သယ်ဆောင်လာခဲ့သည်။

လေသိန်းငှက်ကြီး၏ ကျောပေါ်တွင် ကျင့်မိသားစု၏ ပါရမီရှင်တစ်ဦး ဖြစ်သည့် ချင်းရှီရှိပြီး သူ၏မျက်နှာမှာ လှပသောပန်းတစ်ပွင့်ထက်ပင် ပိုနူးညံ့သိမ်မွေ့နေသည်။

ပြီးခဲ့သောအကြိမ် ရှေးဟောင်းဂူသင်္ချိုင်းသို့သွားရောက်စဉ်က သူစီးနင်းခဲ့သော သားရဲမှာ လေဖန်းငှက်မင်း ဖြစ်သော်လည်း ထိုလေဖန်းငှက်မင်းမှာ မီးလျှံပင်လယ်ထဲတွင် အကင်ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင်မူ သူက လေသိန်းငှက်ကြီးကို ပြောင်းလဲစီးခဲ့ရသည်။

ချင်းရှီက လန်းတျန်း၏ဘေးသို့ ပျံသန်းသွားပြီး သူ၏မျက်နှာက ဖြူစင်ကာ အလွန်အမင်း မိန်းမဆန်နေသည်။ သူက ခေါက်ယက်တောင်တစ်ခုကို ကိုင်ထားပြီး လန်းတျန်းကို ယှက်ခတ်ပေးနေသည်။

နှစ်ဦးစလုံးက အမျိုးသမီးဟန်များ ပေါက်နေကြသည်။

လူအုပ်ကြီးအတွင်းရှိ လင်းတုန်နှင့် ဝူစီတို့က မအီမသာဖြစ်မှု လှိုင်းတစ်ခုကို ခံစားခဲ့ရသည်။ ဝူစီက သူ၏ သံချောင်းကို မြေကြီးထဲသို့ ထိုးသွင်းကာ တုန်ရီလျက် ပြောလိုက်သည်။ “အဲ့ဒါတော့ ရွံစရာကြီးပဲကွာ။”

ဝူယွမ်လည်း တုန်လှုပ်သွားခဲ့သည်။ သူ၏ ‘ဥ’ များ ကျိုးပဲ့သွားပြီးနောက်တွင် လင်းလန်းတျန်းက တကယ်ပင် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်ရသည်။

စိတ်ဓာတ်မကျဘဲ သူ၏လေ့ကျင့်ရေးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ မူလဝတ္ထုတွင် သူ၏ လက်ရှိကာလနှင့် နှိုင်းယှဉ်ပါက ယခုသူ၏စွမ်းအားမှာ ကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ဟွမ်ပူမိသားစု ရောက်လာပြီ။”

ဓားပြားကြီးတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားပြီး ပေါ်ထွက်လာခြင်းနှင့်အတူ ဝူယွမ်၏ အကြည့်က ချက်ချင်းပင် ထိုဓားပြတ်ကြီးပေါ်သို့ ရောက်သွားခဲ့သည်။

ဟွမ်ပူ မိသားစုရောက်လာသညါကို ကြားလိုက်ရသည်နှင့် သူက အနည်းငယ် မျှော်လင့်လိုက်မိသည်။ ပြီးခဲ့သော အကြိမ်က ရှေးဟောင်းဂူသင်္ချိုင်းခရီးစဉ်တွင် လင်းချင်းကျူက ဟွမ်ပူ မိသားစုကိုယ်စား ပါဝင်ခဲ့သည်။

သူကြည့်လိုက်သောအခါ တကယ်ပင် ကိုယ်ဟန်သွယ်လျှ ကျော့ရှင်းသော ပုံသဏ္ဍာန်တစ်ခုကို တွေ့မြင်ခဲ့ရသည်။

ဓားပြတ်ကြီးက တဖြည်းဖြည်း ကောင်းကင်၌ အနိမ့်ပိုင်း ဝေ့ဝဲလာချိန်တွင်တော့ ဝူယွမ်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိသည်။ ထိုကိုယ်ဟန်သွယ်လျ ကျော့ရှင်းသော ပုံသဏ္ဍာန်လေးက လင်းချင်းကျူ မဟုတ်ဘဲ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ငွေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦးသာ ဖြစ်နေခဲ့သည်။ ထိုအမျိုးသမီးက အရပ်မြင့်မားကာ အလွန်လှပနေသည်။

မုချန်ချန်၏ မွေရားပါ ဆွဲဆောင်မှုနှင့်ပင် သိပ်မကွာလှချေ။

သို့သော်ကံမကောင်းစွာပင် သူမက လင်းချင်းကျူ မဟုတ်သလို လင်းချင်းကျူနှင့်လည်း ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

“အဲ့ဒါ ဟွမ်ပူကျင်းဘဲ။ ဟွမ်ပူမိသားစုရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာ နာမည်ကြီးတဲ့သူတစ်ယောက်ပေါ့။ သူမရဲ့စွမ်းအားကလည်း ကူးပြောင်းခြင်း‌အစောပိုင်း အဆင့်မှာ ရှိတယ်။ ယန်မင်းဆက်ရဲ့ အကျော်ကြားဆုံး အလှမယ်တွေထဲက တစ်ယောက်ပေါ့။”

မုချန်ချန်က ဝူယွမ်နားကပ်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။

“သူမက သာမန်ပါပဲ၊ ကလေးမ ချန်ချန်လောက် မလှပါဘူး” ဝူယွမ်က အေးဆေးတည်ငြိမ်စွာဘဲ ပြောလိုက်သည်။

လင်းချင်းကျူ ဤနေရာတွင် မပေါ်လာမည်ကို သူသိထားသော်လည်း သူမအကြောင်းကို တွေးမိသည့်အခါတိုင်း သူ့စိတ်ထဲတွင် အနည်းငယ် ဟာတာဖြစ်နေသည့် ခံစားချက်ကို ခံစားနေရကာ သူကလင်းချင်းကျူ၏ အနံ့ကို လွမ်းဆွတ်နေမိသည်။

နောက်ထပ်ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးရောက်ရှိလာသူမှာ ဝမ်မိသားစု ဖြစ်ပြီး ဦးဆောင်သူမှာ ပြီးခဲ့သည့်အကြိမ်က ရှေးဟောင်းဂူသင်္ချိုင်းတွင် ပေါ်ထွက်ခဲ့သည့် ဝမ်ယန်ဘဲဖြစ်သည်။

သူသည် ရွှေရောင်လှံတံကြီးပေါ်တွင် နင်းပြီး မာန်မာနထောင်လွှားသော ဟန်ကို ပြကာ ပျံသန်းလာခဲ့သည်။

“ဒီတစ်ကြိမ်တော့ လူတွေ အတော်များများလာကြတာဘဲ၊ ‌မျိုးနွယ်စုကြီးလေးခုအပြင် အခြားမင်းဆက်တွေက လူတွေလည်း ရှိသေးတယ်။ အစ်ကိုကြီးဝူယွမ်၊ ကျွန်မတို့ မဟာနတ်ဆိုးဂိတ်က လူတွေက အစ်ကိုကြီးနောက်ကို လိုက်ချင်တယ်။” မုချန်ချန်က သူမပတ်ဝန်းကျင်ရှိလူများကို ကြည့်ရှုလျက် သူမ၏မျက်လုံးများတွင် အနည်းငယ် စိုးရိမ်ပူပန်မှုရှိနေသည်။

“ဟေ့၊အစ်ကိုကြီးဝူယွမ်၊ ငါလည်းဘဲ…. မှားလို့ ငါတို့ သိုင်းမဟာမျတ်အဖွဲ့ကလည်း ဒီတစ်ကြိမ် အစ်ကိုကြီးနောက်ကို လိုက်မယ်။ အစ်ကိုကြီးပြောတဲ့နေရာ ဘယ်နေရာကို တိုက်ခိုင်းတိုက်ခိုင်း၊ ကျွန်တော် တိုက်မယ်။” ဝူစီကလည်း ရိုးရှင်းသော အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

ဝူယွမ်သည် ကောင်းကင်ယံတွင် ရပ်နေကြသော လင်းလန်တျန်းနှင့် အခြားသူများကို ကြည့်လိုက်ပြီးနောက် ဝူစီကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။ “ငါက လန်းတျန်းကို လုံးဝ မကြိုက်ဘူး၊ ပြီးခဲ့တဲ့အကြိမ်ကလည်း သူ လွတ်သွားခဲ့တယ်။”

“ဝူစီ၊သူ့ကို တိုက်ဖို့ သတ္တိရှိလား။”

ဝူစီက လန်းတျန်းကို ကြည့်လိုက်ကာ၊ သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ တကယ်တော့ ဝူယွမ်က တစ်ခုခု မပြောခဲ့ရင်တောင် သူက လင်းလန်တျန်ူကို စိန်ခေါ်လိုခဲ့သည်။ အခု ဝူယွမ်က ပြောလာသဖြင့် သူ၏ တိုက်ခိုက်လိုစိတ်မှာ ပိုအားကောင်းလာခဲ့သည်။

သို့သော်ပြိုင်ဘက်က အရင်ကတည်းက နာမည်ကြီးနေခဲ့ပြီး ဝူစီက သတိထားဖို့ လိုအပ်နေခဲ့သည်။ သတိမမူဘဲ စိန်ခေါ်မိပါက ရှုံးနိမ့်ယုံတင်မဟုတ်ဘဲ ပြိုင်ဘက်က တိုက်ရိုက် သတ်ပစ်နိုင်သလို လင်းမိသားစုကိုလည်း စိတ်ဆိုးစေနိုင်သည်။

သူသည်ခါးသက်သော အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “ဟေ့၊ အစ်ကိုကြီးဝူယွမ်၊ ကျွန်တော် သူ့ကို မနိုင်နိုင်ဘူးထင်တယ်။ သူ့နောက်က လင်းမိသားစုက လူတွေထဲမှာ ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီးရှိတယ်။ ငါတို့ သိုင်းမဟာမိတ်အဖွဲ့က သူတို့ကို မနှောင့်ယှက်နိုင်ဘူး။”

“မင်းကိုလင်းလန်တျန်းက မသတ်နိုင်ဖို့ရာ ငါအာမခံနိုင်တယ်။ လင်းမိသားစုကလည်း သိုင်းမဟာမိတ်အဖွဲ့ကို ခြိမ်းခြောက်မှာမဟုတ်ဘူးဆိုတာကိုလည်း ငါအာမခံနိုင်တယ်။ သွားဖို့ သတ္တိရှိလား။”

ဝူယွမ်က ဝူစီကိုကြည့်ရှုလျက် သူ၏မျက်လုံးများထဲတွင် ပြုံးရိပ်များပေါ်နေသည်။

သူကဝူစီကို အနည်းငယ် စိတ်ဝင်စားမိပြီး ဤအခွင့်အရေးကို အသုံးပြုကာ သူ့ကို စမ်းသပ်ကြည့်ခြင်နေသည်။

“ဘာမှ ကြောက်စရာ မရှိပါဘူး။” ထိုစကားကို ကြားပြီးနောက် ဝူစီ၏မျက်လုံးများက တောက်ပလာခဲ့သည်။

သူကချက်ချင်းပင် အားပါးတရ ပျံတက်လာပြီး သူ၏သံချောင်းဖြင့် လန်းတိမ်ကို ချိန်လိုက်ကာ-

“ငါဝူစီဘဲ၊ လက်တွေ ယားနေလို့ ခင်ဗျား လင်းလန်းတျန်းကို စိန်ခေါ်တိုက်ခိုက်ချင်တယ်။ တိုက်ရဲလား။”

လင်းတုန်ကလည်း ထိုမြင်ကွင်းကို ကြည့်နေရင်း သူ၏စိတ်ထဲတွင် ယားယံလာသည်။ သူက အချိန်အတော်ကြာကတည်းက လန်းတျန်းကို ရင်ဆိုင်တိုက်ခိုက်လိုခဲ့ခြင်းဖြစ်။ “အစ်ကိုကြီး၊ ကျွန်တော်လည်း သွားချင်တယ်။”

“အင်၊သွားလိုက်ပါ။” ဝူယွမ်က ခေါင်းညိတ်လိုက်သည်။

ဝူစီ ဤမျှရိုးသားစွာ သူ့ကို ယုံကြည်ပြီး လန်းတျန်းကို တိုက်ရိုက်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်ကို မြင်သောအခါ သူ၏ ရည်မှန်းချက် ပြည့်သွားခဲ့ပြီဖြစ်သည်။

“ငါလည်းပါမယ်၊ လင်းလန်တျန်း လာပြီး အသေခံလိုက်။”

လင်းတုန်သည်လည်း ခုန်တက်လာပြီး သူ၏အနက်ရောင် နဂါးကြီးလှံတံကို လန်းတျန်းဆီသို့ ချိန်ရွယ်လိုက်သည်။

လူတိုင်း၏ အာရုံစိုက်မှုက သူတို့အပေါ် ကြရောက်လာကြသည်။

“ထပ်ပြီး သူတို့တွေဘဲလား၊ သူတို့တွေက ယင်ရုပ်သေးဂိုဏ်းကို ရန်စပြီးတာတောင် လင်းမိသားစုကို ထပ်စိန်ခေါ်ဖို့ သတ္တိရှိကြသေးတယ်လား။”

“အံ့သြစရာကြီးပဲ၊ ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရတော့မယ်”

“လင်းလန်းတျန်း လက်ခံမခံလကည်း စိတ်ဝင်စားစရာပဲ။”

…ဤနှစ်များအတွင်းလင်းလန်းတျန်းသည် ယန်မင်းဆက်၏ အထူးချွန်ဆုံးသူဖြစ်နိုင်သည့် အလားအလာကောင်းများ ပြသခဲ့သည်။ ယခု သူစိန်ခေါ်ခံရသည်က လူတို့၏ စိတ်ဝင်စားမှုကို သဘာဝအတိုင်း လှုံ့ဆော်ပေးနိုင်ခဲ့သည်။

မျိုးနွယ်စုကြီးလေးခုမှ လူများကလည်း သူတို့ကို သတိပြုမိသွားသည်။ လင်းမိသားစုမှလွဲ၍ အခြားမိသားစုသုံးခုက လင်းတုန်နှင့် ဝူစီကို အံ့အားသင့်စွာ ကြည့်နေကြသည်။

လင်းလန်တျန်း၏ ဖြူစင်သိမ်မွေ့သော မျက်နှာလေးက ချက်ချင်းဆိုသလို တောင့်တင်းသွားကာသည်။ သူ၏အကြည့်က လင်းတုန်မှတစ်ဆင့် ချက်ချင်းပင် အောက်ဘက်ရှိ ဝူယွမ်ဆီသို့ ပြောင်းသွားခဲ့သည်။

ဝူယွမ်သည်လည်းသူ့ကို ပြန်ကြည့်ကာ လူယုတ်မာဆန်ဆန် ပြုံးပြလိုက်သည်။

လန်းတိမ်၏နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက တုန်ရီလာခဲ့ပြီး သူ၏အာရုံကြောများက ချက်ချင်းဆိုသလို တင်းမာသွားကာ နဂါးချည်မျှင်သလင်းများဖြင့် ထိုးဖောက်ခံရချိန်တုန်းက ပြင်းထန်တဲ့ နာကျင်မှုကို ပြန်သတိရသွားသည်။

“ဝူယွမ်၊လင်းတုန်၊ ဒီတစ်ကြိမ်တော့ မင်းတို့နှစ်ယောက်လုံး သေကြရလိမ့်မယ်။” လင်လန်တျန်းက သွားကြိတ်ကာ ပြောလိုက်သည်။

နဂါးချည်မျှင်သလင်းများကြောင့် ဒဏ်ရာရပြီးနောက်တွင် သူက လူသစ်တစ်ယောက် ဖြစ်လုနီးပါး ဖြစ်သွားပြီး ပိုကြောက်မက်ဖွယ်ကောင်းစွာ လေ့ကျင့်ခဲ့ရသည်။ ဆရာကြီး မူ၏ အကူအညီဖြင့် သူက သူ၏ ယောက်ျားဆန်သော ဟန်ပန် သူ၏ဂုဏ်သိက္ခာကိုပင် စွန့်လွှတ်ကာ မိမိ၏ အဖိုးတန် တန်ဆာကို ဖြတ်တောက်ရန် လိုအပ်သော ပိုမိုအားကောင်းသည့် နည်းလမ်းတစ်ခုကို ကျင့်ကြံခဲ့သည်။

သူကဝူယွမ်နှင့် လင်းတုန်တို့ကို အမြဲတမ်း လက်စားချေချင်နေခဲ့သည်။

ယခုအခါတွင်သူ၏ ကျင့်ကြံခြင်းက ပြီးပြည့်စုံခဲ့ပြီး ချီဖန်တီးခြင်းအဆင့်သို့ ကျော်လွှားတက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့်သူတို့နှစ်ဦးကို ထပ်မံရင်ဆိုင်သောအခါ သူက လက်စားချေလိုစိတ်များ နိုးကြားလာခဲ့သည်။

“ဒီလူက အစ်မကြီးချင်းကျူ အရင်က ပြောခဲ့ဖူးတဲ့ ဝူယွမ်လား။”

ဟွမ်ပူမိသားစုအတွင်းရှိ ဟွမ်ပူကျင်း၏ အေးစက်၊ လှပချောမောသော မျက်နှာလေးက ယခုအချိန်တွင် အနည်းငယ် လှုပ်ရှားသွားလေသည်။ သူမက နဖူးတွန့်ကာ ဝူယွမ်ကို ကြည့်လိုက်ပြီး အလွန်မရေရာသော ဖော်ပြချက်တစ်ခုကို သူမ၏လှပသောမျက်လုံးများထဲတွင် ဖြတ်ပြေးနေသည်။

“လင်းလန်တျန်းကိုဒီလို ဖြစ်သွားအောင် လုပ်နိုင်တဲ့သူဆိုတော့၊ လန်တျန်းရဲ့ ပြီးခဲ့တဲ့အကြိမ်က ရှေးဟောင်းဂူသင်္ချိုင်းမှာ ရှုံးနိမ့်မှုက သူတို့တွေရဲ့ လုပ်ရပ်ကြောင့်ပဲဆိုတာ သေချာသလောက်ရှိတယ်။”

ချင်းရှီနှင့် ၀မ်ယနန်တို့ နှစ်ယောက်လည်း ဝူယွမ်တို့၏ အမည်များကို ကြားပြီးနောက် ချက်ချင်းဆိုသလို တင်းမာသွားခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က ရှေးဟောင်းဂူသင်္ချိုင်းမှပြန်လာပြီးနောက် သူတို့က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်မသက်မသာ ဖြစ်လာခဲ့သဖြင့် ရှေးဟောင်းဂူသင်္ချိုင်း၏ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးရန် လူများကို စေလွှတ်ခဲ့ပြီး နောက်ပိုင်း လင်လန်တျန်း၏ လင်းမိသားစုအတွင်း ရှုံးနိမ့်မှုနှင့် ပေါင်းစပ်သောအခါ ရှေးဟောင်းဂူသင်္ချိုင်းအတွင်းရှိ အရာရာတိုင်းက ဝူယွမ်နှင့် လင်းတုန်တို့၏ ပရိယာယ်များ ဖြစ်ကြောင်း သူတို့ သဘောပေါက်လာခဲ့ကြသည်။

ဝူယွမ်နှင့်လင်းတုန်တို့၏ ပရိယာယ်ကြောင့် သူတို့အားလုံး လှည့်စားခံခဲ့ရသည်။

အင်အားကြီး မျိုးနွယ်စုကြီးလေးစုမှ လူများဖြစ်သည့်သူတို့က ဤသရော်မှုကို မည်သို့မှ ကျေကျေနပ်နပ် လက်မခံနိုင်ပေ။

နောက်ပိုင်းတွင်သူတို့က ယန်မြို့သို့ လူများ စေလွှတ်ကာ ထိုနှစ်ဦးကို ရှာဖွေစေခဲ့ပြီး လက်စားချေလိုခဲ့သည်။ သို့သော် ကံမကောင်းစွာပင် မိသားစုနှစ်ခုစလုံး ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။

ယနေ့တွင်ဝူယွမ်နှင့် လင်းတုန်တို့ကို ဤနေရာတွင် တွေ့ဆုံသောအခါ သူတို့က သဘာဝအတိုင်း သူတို့၏ ရန်ငြိုးဟောင်းများကို ရှင်းလင်းလိုကြသည်။

ချင်ရှိ - “ငါတို့ ဒီမှာ မင်းတို့ကို တွေ့လိမ့်မယ်လို့ မထင်ထားဘူး၊ ပြီးခဲ့တဲ့အကြိမ်က ပြဿနာကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။”

ဝမ်ယန်- “ငါတို့ ဝမ်မိသားစုကို ကြံစည်ရဲတယ်လား။ ဒီနေ့က မင်းတို့ရဲ့သေနေ့ဘဲ”

နှစ်ဦးစလုံးကအလွန်အမင်း စိတ်ဆိုးနေဟန်ရပြီး၊ သူတို့၏မျက်လုံးများတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေလျက် ဝူယွမ်နှင့် လင်းတုန်ကို စိုက်ကြည့်နေကြသည်။

ပတ်၀င်းကျင်ရှိ လေထုက ချက်ချင်းဆိုသလို တင်းမာလာခဲ့သည်။ မျိုးနွယ်စုကြီးလေးခုအနက် သုံးခုက လုပ်ရှားဖို့ပြင်နေလေပီ၊ ဟွမ်ပူမိသားစုက တိတ်ဆိတ်နေပေမယ့်၊ သူတို့သည်လည်း အနည်းငယ် ရန်လိုနေသော ပုံရသည်။

အချိန်တိုလေးအတွင်း စစ်ပွဲကြီးတစ်ခုဖြစ်ပွားတော့မည့် အငွေ့အသတ်များ လွင်ပြင်တစ်ခုလုံး ပြန့်နှံ့သွားခဲ့သည်။

လှံတံကိုကိုင်လျက် ကောင်းကင်ထဲ၌ ရပ်တည်နေသော ဝူစီက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူက ဝူယွမ်ကို ကြည့်လိုက်ပြီးနောက် လင်းတုန်ကို ကြည့်ကာ သူ၏မျက်နှာမှာ အနည်းငယ် ခါးသက်နေသည်။

သူက လင်းလန်တျန်းနှင့် တိုက်ခိုက်လိုခဲ့သော်လည်း သူ့ကိုယ်သူ ရန်ငြိုးကြီးတစ်ခုအတွင်း မတော်တဆ ပါဝင်သွားခဲ့သည်ကို အခုမှသိရှိလိုက်ရသည်။

ဝူယွမ်နှင့်လင်းတုန်တို့က လူတစ်ဦးတည်းကို ရန်စထားခြင်း မဟုတ်ဘဲ မျိုးနွယ်စုများကို ရန်စထားခြင်း ဖြစ်သည်။

ဤနေရာတွင်လင်းမိသားစု၊ ဝမ်မိသားစုနှင့် ချင်းမိသားစုတို့မှ လူပေါင်းရာနှင့်ချီရှိကာ သူတို့အားလုံးက သဏ္ဍာန်ပြောင်းအဆင့်နှင့်အထက် ရှိကြပြီး ချီဖန်တီးခြင်း အထွတ်အထိပ်နှင့် ခြေလှမ်း၀က် ကူးပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ချို့လည်း ရှိကြသည်။

ဤအင်အားစုက သူတို့ သိုင်းမဟာမိတ်က နိုင်သည့်အကန့်အသတ်ကို ကျော်လွန်နေပီဖြစ်သည်။

“စိုးရိမ်စရာ မလိုပါဘူး၊ မင်းတို့နှစ်ယောက်က လင်းလန်တျန်းကို ကိုင်တွယ်ဖြေရှင်းဖို့ပဲ အာရုံစိုက်ပါ။”

ဝူယွမ်က အေးဆေးတည်ငြိမ်စွာ ရှိနေဆဲဖြစ်ပြီး လူအုပ်ကြီးကို ‌တည်တည်ငြိမ်ငြိမ်ဘဲ စစ်ဆေးကြည့်လိုက်ပြီးနောက် ကောင်းကင်ထဲသို့ မြင့်တက်သွားကာ သူ၏အသံမှာ တည်ငြိမ်ပြီး အေးစက်နေခဲ့သည်။

“ကျန်တဲ့သူတွေအားလုံး စိုးရိမ်စရာ မလိုပါဘူး။ သူတို့က မင်းတို့ရဲ့ အဖွဲ့အစည်းတွေကို မထိခိုက်စေဖို့ရာ ကျွန်တော် အာမခံတယ်။”

မုချန်ချန်၏ လှပသောမျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမက အနည်းငယ် စဉ်းစားရကျပ် နေဟန်ရှိနေသည်။ သူမက ဝူယွမ်နှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင်ဝူစီက ဝူယွမ်နှင့် ရပ်တည်နေပြီးဖြစ်ပြီး သူမက ညီမငယ်တစ်ယောက်အနေဖြင့် အရေးကြီးသော အခိုက်အတန့်တွင် သူမ၏ကိုယ်ပိုင် လုံခြုံရေးကိုသာ မစဉ်းစားနေသင့်ပေ။

ဟုတ်ပေသည်၊ မုချန်ချန်သည်လည်း ဝူယွမ်အပေါ် ယုံကြည်မှု ရှိလေသည်။

“မင်းတို့အားလုံးနောက်ဆုတ်လိုက်ပါ” သူမက သူမ၏မဟာနတ်ဆိုးဂိတ်မှ ညီအစ်ကိုများအား ပြောလိုက်သည်။

“ကောင်မလေး၊ဒါက မျိုးနွယ်စုကြီးလေးခုနဲ့ ရန်သူဖြစ်မဲ့ ကိစ္စဘဲ၊ ငါတို့ ၀င်မစွပ်ဖက်သင့်ဘူး”

အကြီးအကဲတစ်ဦးက အကြံပေးလိုက်သည်။

“မဟာနတ်ဆိုးဂိတ်က ဘေးဖယ်နေလို့ရတယ် ကျွန်မကတော့ ၀င်ကူရမယ်”

ထိုသို့ပြောပြီးနောက်မုချန်ချန်သည်လည်း ကောင်းကင်ယံသို့ မြင့်တက်သွားပြီး ဝူယွမ်၏ဘေးတွင် ရပ်တည်လိုက်သည်။

“အစ်ကိုကြီး၊ကျွန်မကလည်း အစ်ကိုကြီးနဲ့ အတူတူတိုက်မယ်”

သူမက တက်တက်ကြွကြွ အစ်ကိုကြီးဟု ခေါ်ဆိုလိုက်ပြီး သူတို့၏ မောင်နှမဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်လိုက်သည်။

“ဟာသဘဲ မင်းလို၊ ချီဖန်တီးခြင်းအဆင့် ကောင်လေးတစ်ယောက်နဲ့ ငါတို့ ဝမ်မိသားစုကို စိန်ခေါ်ရဲတယ်လား။”

ဝမ်မိသားစုမှ သက်လက်ပိုင်း ယောက်ျားတစ်ဦးက လှောင်ပြောင်ဟန်ဖြင့် ပြောဆိုလိုက်သည်။

သူ၏စွမ်းအားကအဖွဲ့ထဲတွင် အပြင်းထန်ဆုံးဖြစ်ပြီး ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိသည်။

“ဝူယွမ်၊ဒီမှာ အထင်အမြင်လွဲမှားမှု တစ်စုံတစ်ရာ ရှိနေတာလား။”လူအုပ်ထဲမှအခြားတစ်ဦး ပျံထွက်လာပြီး မေးလိုက်သည်။ ထိုလူက အရင်က ယန်မြို့သို့သွားခဲ့ဖူးသော ကောင်းကင်ဓားကျောင်းတော်မှ အကြီးအကဲကျန်း ဖြစ်သည်။

သူ၏စွမ်းအားက ချီဖန်တီးခြင်းအဆင့် အစောပိုင်းတွင်သာ ရှိသေးပြီး ဤပဋိပက္ခအတွင်း မည်သည့်အခန်းကဏ္ဍမှ မပါဝင်နိုင်ပေ။

ထိုအချိန် အခြားလူအိုကြီးတစ်ဦးကလည်း အကြီးအကဲကျမ်း၏ဘေးသို့ ပျံသန်းလာခဲ့သည်။ သူ၏စွမ်းအားမှာ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိသည်။

သူက ဝူယွမ်ကို သေချာစူးစိုက် စစ်ဆေးကြည့်လိုက်သည်။ ဝူယွမ်၏ စွမ်းအင်လွှမ်းမိုးမှုမှာ တည်ငြိမ်လွန်းလှပြီး လုံးမပူပန်မှုမရှိသောကြောင့် သူက ခေါင်းညိတ်ကာ “သူက ဝူယွမ်မလား၊ ကောင်းတယ် အရမ်းကောင်းတယ်”

“ဟုတ်ကဲ့အကြီးအကဲဟွမ်း” အကြီးအကဲကျမ်းက ရိုသေစွာ ပြောလိုက်သည်။

တစ်နှစ်ကျော်အတွင်း ယွမ်ဒန်အဆင့် ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်မှ ချီဖန်တီးခြင်းအဆင့် အစောပိုင်းသို့ ရောက်ရှိလာပြီး လင်းလန်းတျန်ကို ရှုံးနိမ့်စေနိုင်ခဲ့သည်၊ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို သူတို့၏ ကောင်းကင်ဓားကျောင်းတော်က သေချာပေါက် ကာကွယ်ပေးရမည်။

“ဝူယွမ်ကကျွန်တော်တို့ ကောင်းကင်ဓားကျောင်းတော်ရဲ့ အတွင်းစည်း တပည့်တစ်ယောက်ပါ။ လူတိုင်းက၊ ဒီမှာ အထင်အမြင်လွဲမှားမှု တစ်စုံတစ်ရာ ရှိနေနိုင်တယ်။ ငါတို့ အားလုံး ထိုင်ပြီး ဆွေးနွေးကြမယ်ဆိုရင် ဘယ်လိုလဲ။”

အကြီးအကဲဟွမ်းက ရှေ့တက်လာပြီး ပြောလိုက်သည်။

မျိုးနွယ်စုကြီးသုံးခုကိုရင်ဆိုင်ရသောအခါ လူတိုင်းက ဖိအားတစ်ခု ခံစားရသော်လည်း သူက ဝူယွမ်ကို ကာကွယ်ရန် ရွေးချယ်ခဲ့သည်။

အခြေအနေက ပိုပြီး ရှုပ်ထွေးလာခဲ့သည်။ ကောင်းကင်ဓားကျောင်းတော်က မျိုးနွယ်စုကြီး လေးခုလောက် အင်အားမကြီးမားသော်လည်း ယန်မင်းဆက်တွင် အဓိကကျောင်းတော်ကြီးများထဲမှ တစ်ခုဖြစ်ပြီး ၀မ့်လွန်ပြည်နယ် အင်အားစုကြီးသုံးခုထက် ပိုအားကောင်းကား ၎င်းတွင်လွှမ်းမိုးမှု တစ်ခုရှိသည်။

“အကြီးအကဲဟွမ်း၊ အထင်လွှဲတာမဟုတ်ဘူး ဒီဝူယွမ်က ပြီးခဲ့တဲ့အကြိမ်က ရှေးဟောင်းဂူသင်္ချိုင်းမှာ ကျွန်တော်တို့ မိသားစုသုံးခုကို လှည့်စားခဲ့တယ်။ ဒီနေတော့ ကျွန်တော်တို့က သူ့ဆီက ရှင်းလင်းချက်တောင်းမှရမယ်။ ခင်ဗျားတို့ ကောင်းကင်ဓားကျောင်းတော်က တကယ်ပဲ ဝင်ရောက်နှောင့်ယှက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရန်သူဖြစ်သွားလိမ့်မယ်။” ဝမ်ယန်က မာန်မာနထောင်လွှားစွာဖြင့် ပြောလိုက်သည်။

ဒီ‌ေနရာတွင် မျိုးနွယ်စု သုံးခုလုံးရှိ‌ေနတာကြောင့် သူတို့ဝမ်မိသားစုက ကောင်းကင်ဓားကျောင်းတော်ကို မျက်စိထဲတောင် မထည့်ပေ။

အကြီးအကဲဟွမ်း၏မျက်နှာအသွင်အပြင်က အနည်းငယ် နက်နဲသွားခဲ့သည်။ ကောင်းကင်ဓားကျောင်းတော်မှ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦးတည်းသာ ဤနေရာတွင် ရှိသည်။ အခုအခြေအနေအောက်တွင် မျိုးနွယ်စုကြီး သုံးခုကို ရင်ဆိုင်ရမည်ဆိုပါက သူက စိတ်ဆန္ဒရှိသော်လည်း မစွမ်းဆောင်နိုင်ပေ။

ဝူယွမ်က ကောင်းကင်ဓားကျောင်းတော်လူများအား လက်ချိတ်လိုက်ကာ “အကြီးအကဲဟွမ်၊ အကြီးအကဲကျန်း၊ ထွက်လာပေးတဲ့ စေတနာကိုက လုံလောက်ပါပြီ။ ကျွန်တော်က ကျောင်းတော်ရဲ့ ကျေးဇူးကို မှတ်ထားပါ့မယ်။ ဒါပေမယ့် ဒါက နောက်ဆုံးမှာ ကျွန်တော့်ကိုယ်ပိုင် အရေးကိစ္စမလို့ ကျောင်းတော်ကို မထိခိုက်စေချင်ဘူး။”

“နှစ်ယောက်စလုံးဘေးမှာ စိတ်ချလက်ချ ကြည့်နေကြပါ။ ဒီနေ့မှာ မျိုးနွယ်စုကြီးလေးခုက သူတွေဟာ ဘာမှမဟုတ်ကြောင်း ကျွန်တော် သူတ

All Chapters