← Chapters

ဘုရင်တစ်ပါးက မျိုးနွယ်စုကြီးသုံးခုကို နှိမ်နှင်းခြင်း

Vol. 12 Ch. 116

ဘုရင်တစ်ပါးက မျိုးနွယ်စုကြီးသုံးခုကို နှိမ်နှင်းခြင်း

Vol. 12 Ch. 116

လင်းတုန်နှင့် ဝူစီတို့က အပြန်အလှန်ကြည့်လျက် ပြုံးရယ်ကာ တစ်ပြိုင်နက် ယွမ်စွမ်းအင်များ ထုတ်လွှတ်လိုက်ကြသည်။

ငါးအကြေးခွံလှံ…ကောင်းကင်နဂါးလှံ

လင်းတုန်ကို ကောင်းကင်အကြေးခွံလှံတံ ဆက်တိုက်ရမ်းကာ ရွှေရောင်လှံအလင်းတန်းလေးခုကို လင်းလန်တျန်းဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝူစီက သံတုတ်ကို လှည့်ပတ်လိုက်ပြီး ကြီးမားသော အနက်ရောင်တုတ်အရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး လင်းလန်တျန်းကို ဖုံးလွှမ်းသွားသည်။

လှံတန်းများနှင့် တုတ်အရိပ်များက တစ်ပြိုင်နက် လင်းလန်တျန်းဆီသို့ တိုး၀င်လာခဲ့ကာ လင်းလန်တျန်း၏ မျက်လုံးများ ကျဉ်းသွားပြီး၊ လက်ဝှေ့ရမ်းကာ သူ့လက်ထဲရှိ ရွှေရောင်နဂါးမွှေးသလင်းများကို လင်းတုန်တိုါနှစ်ဦးဆီသို့ ပစ်လွှတ်လိုက်သည်။

ထို့နောက် သု လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါးကို သုံးလိုက်ပြီး ကျောက်တိုင်လက်ဝါးနှစ်ခုထွက်ပေါ်လာကာ တိုး၀င်လာသော လှံအလင်းတန်းနှင့် တုတ်အရိပ်ကို ပြန်တွန်းလှန်လိုက်သည်။

“ဝူစီ၊ သတိထား၊ သူ့သလင်းတွေ အရမ်းအန္တရာယ်များတယ်”

လင်းတုန်က သတိပေးလိုက်သည်။

နဂါးချည်မျှင်သလင်း၏ ကြမ်းကြုတ်မှုကို သူကောင်းကောင်း သိရှိထားသည်။

“ဘာမှမဖြစ်ပါဘူး၊ သလင်းလေးတွေပဲ... အား!”

ဝူစီစကားမပြီးသေးမီ အော်ဟစ်လိုက်ရသည်။ နဂါးမွှေးသလင်းတစ်ချောင်းက သူ့လက်မောင်းထဲသို့ ဝင်ရောက်လာပီ အသားကို ဆွဲစုလိုက်ကာ၊ ချက်ချင်းပင် စိတ်ထဲတွင် ဆုတ်ဖြဲခံရသည့် နာကျင်မှုဝေဒနာတစ်ခု ပြည့်လျှံလာသည်။

“မလှုပ်နဲ့၊ ငါ သလင်းကို ထုတ်ပေးမယ်။”

လင်းတုန်က ဝူစီဘေးသို့ ခုန်တက်သွားကာ ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ဝူစီ၏လက်မောင်းမှ နဂါးမွှေးသလင်းကို ဆွဲထုတ်လိုက်သည်။

“အရမ်းကြမ်းတဲ့သလင်းပဲ”

ဝူစီက နဖူးပေါ်တွင် ချွေစေးများ ပျံနေပီဖြစ်သည်။ အမြဲတမ်း သန်မာခဲ့သူဖြစ်သော်လည်း ဤသလင်း၏နာကျင်မှုက သည်းခံရန် ခက်ခဲလွန်းလှသည်။

“လင်းလန်တျန်း၊ သလင်းတွေကကောင်းတယ်၊ ဒါပေမယ့် သေးလွန်းတယ်။ ငါ့ တုတ်ကြီးအရသာကို လာမြည်းပါဦး” (အဟမ်း တုတ်ဆိုတိုင်းဟိုတုတ်မဟုတ်ဘူး - သံတုတ်၊သံတုတ်)

ဝူစီ၏ယွမ်စွမ်းအင်များ ပြင်းထန်စွာ တက်ကြွလာပြီး အနက်ရောင်ယွမ်စွမ်းအင်များ သံတုတ်ပေါ်သို့ စုစည်းလာသည်။

“မဟာမြင့်မိုရ်တောင်တုတ်”

ဝူစီက ဒေါသထွက်သွားကာ ပြင်းထန်သော တုတ်အရိပ်တစ်ခုက မိုးကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားပြီး သူက န၀မအဆင့် သိုင်းပညာရပ်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။ ကြီးမားသော တုတ်အရိပ်ကြီးက အနီးအနားတွင် ရှိနေသော မဟာရှေးဟောင်းကျောက်တိုင် အသေးစားလေးဟုပင် ‌ထင်မှတ်ရသည်။

“မင်းလည်း ငါ့နဂါးချည်မျှင်သလင်းအရသာကို လာမြည်းပါဦး”

လင်းတုန်၏ ဝိညာဉ်စွမ်းအင်များ ပန်းထွက်လာကာ နဂါးမွှေးသလင်း တစ်ဆယ်ချောင်းကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်သည်။ သူသည် ယခုအခါ အဆောင်သခင်တစ်ဦးဖြစ်နေပြီဖြစ်ရာ နဂါးမွှေးသလင်းကို အသုံးပြုနိုင်စွမ်းသည် လင်းလန်တျန်းထက် များစွာသာလွန်သည်။

“သေချင်လို့လား!”

လင်းလန်တျန်းသည် လက်နှစ်ဖက်ကို ဆက်တိုက် မြှောက်လျှက် ပြင်းထန်သော ယွမ်စွမ်းအင် လက်ဝါးပုံရိပ်များကို လွှတ်လိုက်သည်။ သူ၏ ‘ဥ’ ကွဲပြီးနောက် သူ၏တိုက်ခိုက်မှုများက ပိုမိုမြန်ဆန်လာသကဲ့သို့ သူ၏လက်ချောင်းများလည်း ပိုမိုပြေပြစ်လာသည်။

ဖန်တီးမှုနယ်ပယ်၏ အင်အားက နောက်ဆုံးတွင် ပေါ်လွင်လာသည်။ သူ၏လက်ဝါးပုံရိပ်တစ်ခုစီက ဝူစီ၏ အပြည့်အဝအင်အားဖြင့် လွှတ်လိုက်သော တုတ်အရိပ်ကို ချေမှုန်းလိုက်သည်။

သူ့ဆီသို့ ပျံသန်းလာသော နဂါးမွှေးသလင်းများကို ခံစားမိသောအခါ လင်းလန်တျန်း၏ ပါးစပ်က တုန်ခါသွားပြီး သူ၏စိတ်ထဲတွင် အော်ဟစ်လိုက်မိသည်။

“ဆရာကြှးမု၊ ကူညီပါအုံး”

“ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ သလင်းတွေကို တားဆီးပေးပါ”

သူ၏ကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်တစ်ခု ပေါ်ထွက်လာပြီး လင်းတုန်ပစ်လိုက်သော နဂါးမွှေးသလင်းများအားလုံးကို ရစ်ပတ်လိုက်သည်။

သူတို့သုံးဦးက ရှေးဟောင်းကျောက်တိုင်အနီးတစ်ဝိုက် ရွေ့လျားရင်း အပြင်းအထန် တိုက်ခိုက်နေကြသည်။

ဝူစီ အပြင်းအထန် တိုး၀င်တိုက်ခိုက်နေချိန် လင်းတုန်သည်လည်း ဝိညာဉ်စွမ်းအင်ဖြင့် နဂါးချည်မျှင်သလင်းများကို ထိန်းချုပ်ကာ လင်းလန်တျန်းအတွင်းရှိ ဝိညာဉ်နှင့် အားပြိုင်နေသည်။

ကူးပြောင်းခြင်း အစောပိုင်းအဆင့် လင်းလန်တျန်းပင် အခုအချိန်တွင် ရင်ဆိုင်ရ အတော်လေး ခက်ခဲနေသည်။

“လင်းတုန်၊ ရပ်လိုက်။ မင်းက လင်းမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ဦးဘဲ၊ အခုအချိန်မှာ အပြင်လူတွေနဲ့ ပူးပေါင်းပြီး မျိုးနွယ်ကို တိုက်ခိုက်နေတာက မဖြစ်သင့်တဲ့အရာဘဲ”

လင်းမျိုးနွယ်အတွင်းမှ၊ ချီဖန်တီးခြင်းအဆင့် အကြီးအကဲတစ်ဦးက မျက်နှာအမူအရာပျက်လျက် ပြောဆိုလိုက်သည်။

“လင်းတုန်၊ လန်တျန်းက မျိုးနွယ်ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ခေါင်းဆောင်ဘဲ မင်းလုပ်နေတာက သစ္စာဖောက်မှုဘဲ။ မျိုးနွယ်ရဲ့ ရန်သူဖြစ်ချင်တာလား”

“ဟားဟား၊ လင်းအဖိုးကြီး လင်းလန်တျန်း အရင်က လင်းတုန်ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ပြီး သူပြန်လာတုန်းက အပြစ်ပေးမခံခဲ့ရဘူး။

အခုက သူတို့နှစ်ဦးအကြားက ပဋိပက္ခတစ်ခုမလို့ မျိုးနွယ်နဲ့ မဆိုင်ဘူးလို့ ငါတော့ထင်တယ်။ သူတို့ကိုယ်တိုင်ဘဲ ဖြေရှင်းခွင့်ပြုလိုက်ကြရအောင်”

“လင်းတုန်က အခွဲမျိုးနွယ်က ဆိုပေမဲ့ လင်းလန်တျန်းနဲ့ ရင်ပေါင်တန်းတိုက်ခိုက်နိုင်တယ်၊ အရင်ကလည်း လင်းလန်တျန်းကို ထိခိုက်နစ်နာစေခဲ့တာမလို့ သူက လင်းလန်တျန်းလို ပါရမီရှင်တစ်ဦးဘဲ”

“သူတို့နှစ်ဦးစလုံးက လင်းမိသားစုရဲ့ အဖွဲ့၀င်တွေမလို့ ဘက်မလိုက်သင့်ဘူး”

လင်းမျိုးနွယ်ဘက်တွင် အအချို့သူများက လင်းတုန်ကို ထောက်ခံနေကြကာ လင်းလန်တျန်းဘက်သို့ လုံးဝယိမ်းယိုင်သွားသူများ မဟုတ်ပေ။

အရင်က ယန်မြို့တွင် လင်းမျိုးနွယ် အကြီးအကဲများက လင်းလန်တျန်း၏ လုပ်ရပ်များကို သိရှိပြီးနောက်၊ အများအပြားက သူ့အား မကျေနပ်ကြဘဲ သူလွန်လွန်းကြူးကြူးလုပ်လွန်းသည်ဟု ထင်နေကြပြီး၊ လင်းလန်တျန်း၏ ဂုဏ်သတင်းက သိသိသာသာ ကျဆင်းသွားခဲ့သည်။

လင်းတုန်ကိုယ်တိုင်ကမူ ဘာအမှားမှ မလုပ်ခဲ့ပေ။ သူက မိမိကိုယ်ကို ကာကွယ်နေခြင်းသာဖြစ်သည်။

“ဒါပေမဲ့ ဒီအချိန်မှာ အတွင်းရေးတိုက်ပွဲဖြစ်တာက မျိုးနွယ်အတွက် အကျိုးမရှိဘဲ ကျွန်တော်တို့လင်းမျိုးနွယ်ကို လောကကြီးက ဟားတိုက်စရာဖြစ်လိမ့်မယ်၊ မဟာရှေးဟောင်းကျောက်တိုင်က ဖွင့်လှစ်တော့မယ်၊ အခုအချိန်က ပဋိပက္ခဖြစ်ဖို့ အချိန်မဟုတ်ဘူး။”

“အို၊ သူတို့နှစ်ဦးစလုံးက ကျွန်တော်တို့လင်းမျိုးနွယ်ရဲ့ ပါရမီရှင်တွေဘဲမလား၊ ဘာလို့ အတူယှဉ်တွဲမနေထိုင် နိုင်ရတာလဲ ”

စာနာတတ်ဟန် အကြီးအကဲတစ်ဦးက အကြံပြုပြောဆိုလိုက်ကာ နောင်တရနေသည်။

လင်းမျိုးနွယ်အတွင်း ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ပြီး အမျိုးမျိုးသော အယူအဆများရှိနေကာ အချိန်တစ်ခုအထိ သူတို့ကငြင်းခုံနေကြပြီး လင်းလန်တျန်းကို ကူညီရန် မည်သူမျှ မသွားကြပေ။

“အစ်ကိုလင်း ကျွန်တော် ကူညီမယ်”

ချင်းရှီက ဆက်သည်းမခံနိုင်တော့ဘဲ သူ၏ခေါက်ယက်တောင်ကို ခတ်လျက် ယွမ်စွမ်းအင် လေဓားသွားများကို လွှတ်လိုက်ပြီး လေ�သိန်းငှက်ကြီးစီးကာ တိုက်ပွဲထဲသို့ ဝင်ရောက်ဖို့ပြင်လေသည်။

ရှေးဟောင်းဂူသင်္ချိုင်းမှ ပြန်လာပြီးနောက် လင်းလန်တျန်းနှင့် သူ၏ဆက်ဆံရေးက အလွန်ကောင်းမွန်လာခဲ့သည်။ သူက လင်းလန်တျန်းထံမှ ပိုအားကောင်းသော ကျင့်ကြံခြင်း နည်းလမ်းကိုလည်း ရရှိခဲ့ပြီး ယခုအခါ ချီဖန်တီးခြင်းအဆင့် အထွတ်အထိပ်ကို ရောက်လာက ရွယ်တူများကြား ဦးဆောင်နေသည်။

“သူတို့ရဲ့တိုက်ပွဲကို ဘယ်သူမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။”

ဝူယွမ်းက သူ၏ အနီရောင်မီးဓားကို စီးကာ ချင်းရှီရှေ့သို့ ပျံသန်းလာပြီး တိုက်ရိုက်ခြေနှင့် နင်းလိုက်သည်။ ဖိနှိပ်ခြင်း အကျင်းထောင်ဘုရင် ကိုယ်ခန္ဓာ၏ အားဖြည့်မှုအောက်တွင် သူ၏ယွမ်စွမ်းအင် ခြေထောက်ပုံရိပ်ကြီးက ချင်းရှီ၏ခန္ဓာကိုယ်ကို ဖိချလိုက်သည်။

တောင်တစ်ခုလို ဖိအားပေးနေသော ကြီးမားသည့်ဆွဲအားကို ခံစားလိုက်ရသောအခါ ချင်းရှီ၏မျက်နှာအမူအရာက ကြီးကြီးမားမားပြောင်းလဲသွားသည်။ သူက အင်အားအပြည့်အ၀ဖြင့် ခုခံကာ ယွမ်စွမ်းအင်များ ဆက်တိုက်တက်ကြွလာပြီး လက်နှစ်ဖက်ကို မြှောက်ပြီး ခြေထောက်ကြီးကို ခုံခံရန် ကြိုးစားသည်။

ပုန်း၊

ကြီးမားသော ခြေထောက်ပုံရိပ်ကြီးက သူ့ကို တိုက်ရိုက်ဖိနှိပ်ကာ ကျင်းရှီကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။

ခဏကြာ ချင်းရှီက တွင်းထဲမှ ထလာသည်။ သူ၏ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများက ယခုအခါ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပီဖြစ်သည်။

“အစ်ကိုချင်း ကျွန်တော်တို့ဝမ်မျိုးနွယ်က ကူညီမယ်”

ဝမ်ယန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ လက်တစ်ဖက်တွင် မဟာရွှေလှံတံကို ကိုင်ထားပြီး အခြားတစ်ဖက်မှ လက်ဝါးဖြင့်ရိုက်လွှတ်လိုက်သည်။

“ရွှေတောင်ဖိချေနတ်ဆိုးလက်ဝါး”

မျက်စိကိုပင်ပြာစေနိုင်သော ရွှေရောင်အလင်းက လှံတံမှထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် ရွှေရောင်အလင်းများက စုစည်းလာကာ တိုက်ရိုက်အလျားဆယ်ပေခန့်ရှိသော ရွှေရောင်စတုဂံအတုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ပွတ်တိုက်သံတစ်ခုဖြင့် လေထုကို ဖြိုခွင်းကာ ဝူယွမ်ဆီသို့ ပြင်းထန်စွာ တိုး၀င်လာသည်။

“ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင် လက်ဝါး”

ဝူယွမ်သည်လည်း လက်တစ်ဖက်ဖြင့် ၀မ်ယန်ကို ချိန်ရွယ်လိုက်ပြီး ခရမ်းရွှေရောင် ယွမ်စွမ်းအင်များ အမြန်စုစည်းထားသော ကျောက်တိုင်လက်၀ါးကြီးနှစ်ခုက ကောင်းကင်ကို ဆန့်ကျင်ကာ မြင့်တက်လာသည်။

ကျောက်တိုင်များက ရွှေရောင်စတုဂံအတုးကြီးနှင့် ထိပ်တိုက်တိုးသွားသည်။ ထိုအခိုက်အတန့်အတွင်း ရွေရောင်စတုဂံအတုံးက ကွဲအက်သွားကာ။ မကောင်းဆိုးဝါးကျောက်တိုင်လက်၀ါး နှစ်ခုက ရွှေရောင်စတုဂံအတုံးကို ဖြိုခွင်းရင်း ဝမ်ယန်ဆီသို့ တိုး၀င်သွားသည်။

“လှည့်ဖျားတတ်သော လှံတံ!”

ဝမ်ယန်က သူ့လက်ထဲရှိ မဟာအရိုးရွှေလှံကို လှုပ်ခတ်ကာ ရွှေရောင်နဂါးပုံစံ လှံအရိပ်တစ်ခုထွက်လာပြီး နတ်ဆိုးကျောက်တိုင်များကို ထိမှန်သွားသည်။

“အရမ်းအားကောင်းလွန်းတယ်”

သူ၏မျက်လုံးများက အကြောက်တရားများဖြင့် ပြူးကျယ်သွားသည်။ လှံအရိပ်က ဝူယွမ်၏ ကျောက်တိုင်များကို လုံးဝတားဆီးနိုင်ခြင်းမရှိပေ။

“ဒီလောက်တောင်စိတ်ကြီးဝင်နေတာလား”

ဝမ်မျိုးနွယ်မှ ချီဖန်တီးမှု အထွတ်အထိပ်အဆင့် သက်လက်ပိုင်း ယောက်ျားတစ်ဦးက အမြန်ပြေးလာကာ ကြီးမားသော ရွှေရောင်စတုဂံအတုံးကြီးတစ်ခုကို လွှတ်လိုက်ပြီး ဝူယွမ်ကို ဖြိုခွင်းဖိနှိပ်ဖို့ပြင်လိုက်သည်။

ဝူယွမ်းက တိုက်ရိုက်လက်ဆန့်ထုတ်ကာ သိုင်းပညာတစ်ခုခုကို အသုံးမပြုဘဲ ခန္ဓာကိုယ်အားဖြင့် ထိုးချလိုက်သည်။ ကြီးမားသော ရွှေရောင်စတုဂံတုံးကြီးက သူ၏လက်သီးချက်ကြောင့် ကွဲအက်သွားခဲ့သည်။

“ဟေ့ဟေ့၊ ဒါအကုန်ပဲလား”

ဝူယွမ်းက ကဲ့ရဲ့ရှုတ်ချရယ်မောကာ ဝမ်မျိုးနွယ်ဝင်များကို လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤအချိန်တွင် ဝမ်ယန်က ကောင်းကင်ယံတွေ သွေးအန်သည်အထိ ရိုက်နှက်ခံနေရပြီး သူ့လက်ထဲရှိ ရွှေရောင်လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရုံသာ တက်နိုင်သည်။

ဝူယွမ်း၏လက်သီးတစ်ဝိုက်တွင် ခရမ်းရောင်အလင်းများ လည်ပတ်နေပြီး သူ၏မျက်လုံးထဲတွင်လည်း ခရမ်းရောင်အလင်းများ ဖြတ်သန်းစီးဆင်းနေကာ သူ၏တိုက်ခိုက်ရေး စိတ်အားထက်သန်မှုင မြင့်တက်လာပြီး ဘုရင်သွေးက ဖြည်းဖြည်းချင်း နိုးထလာသည်။ သူ၏ကိုယ်ခန္ဓာခွန်အားကလည်း တဖြည်းဖြည်း မြင့်တက်လာပြီး သူ၏စွမ်းအင်လှိုင်းများက တက်ကြွလာသည်။

ဝမ်မျိုးနွယ်မှ သက်လက်ပိုင်းအရွယ် ယောက်ျား၏ မျက်လုံးထဲတွင် အကြောက်တရားများ လျှပ်တစ်ပြက်ထွက်ပေါ်လာကာ အော်ဟစ်လိုက်သည်၊ “အားလုံးအတူပေါင်းတိုက်ပြီး ဒီကောင်စုတ်လေးကို ကိုင်တွယ်ဖြေရှင်းကြပါစို့!”

“ချင်းရှီ၊ မတွန့်ဆုတ်နဲ့တော့ မင်းရဲ့ချင်းမျိုးနွယ်ဝင်တွေကို ခေါ်လိုက်၊ ဘာမှချန်မထားနဲ့၊ ဒီဝူယွမ်ကို ဒီနေ့ သေမှရမယ်” ဝမ်ယန်သည်လည်း အော်ဟစ်လိုက်ကာ သူ၏သတ်ဖြတ်လိုစိတ်က ပို၍ပြင်းထန်လာသည်။

ယခုအခါ ဝူယွမ်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းကောင်း သတိပြုမိပြီဖြစ်ရာ ယနေ့ သူ့ကိုမသတ်ပါက နောင်တစ်ချိန်တွင် သေချာပေါက် ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။

“အဘိုးကြီးချန်၊ သူ့ကိုသတ်ပစ်ပါ” ကျင်းရှီက ကောင်းကင်ယံရှိ ချင်းမျိုးနွယ်ဝင်များကို အော်ခေါ်လိုက်သည်။

ဖုန်မှုန့်များ လုံးဝဖုံးအုပ်နေပြီး ညစ်ပတ်ပေရေနေသည့် ချင်းရှီက ဝူယွမ်ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲပစ်ချင်နေသည်။

အစောပိုင်းက ပေါ့လျှော့နေကြသော ဝမ်မျိုးနွယ်နှင့် ချင်းမျိုးနွယ်ဝင်များက ယခုအခါ သူတို့၏ခေါင်းဆောင်ငယ်များ ဝူယွမ်လက်ချက်ဖြင့် ဒဏ်ရာရသွားခဲ့ကြတော့ကြောင့် ရပ်ကြည့်မနေနိုင်ကြတော့ပေ။

သူတို့အားလုံးက ဝူယွမ်ကို တိုက်ခိုက်လိုက်ကြသည်၊ တစ်ဦးပြီးတစ်ဦး၊ ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများက အဆင့်မြင့် သိုင်းပညာရပ်များ ထုတ်လွှတ်လိုက်ကာ သူတို့၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ ဝူယွမ်ကို ၀န်းရံ တိုက်ခိုက်နေကြသည်။

လင်းမျိုးနွယ်အတွင်း၊ လင်းလန်တျန်းကို ထောက်ခံသူများသည်လည်း တိုက်ပွဲထဲပါဝင်လာကြသည်။

တူညီသောမျိုးနွယ်မှဖြစ်သည့် လင်းတုန်ကို တိုက်ခိုက်ရန် ခက်ခဲသော်လည်း ဝူယွမ်အပေါ်တွင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုများ မရှိပေ။

မျိုးနွယ်စုကြီးသုံးခုက တစ်ပြိုင်နက် လှုပ်ရှားလာကာ ဝူယွမ်ကို ဖိနှိပ်လိုက်ကြသည်။

“ကောင်စုတ်လေး ဝူယွမ်၊ မင်းကအရင်တုန်းက မျိုးနွယ်စုကြီးလေးခုကို လှည့်စားခဲ့ပြီး ရှေးဟောင်းဂူသင်္ချိုင်းရဲ့ အခွင့်အလမ်းတွေကို တစ်ဦးတည်း သိမ်းပိုက်ခဲ့တယ်။ ဒီနေ့က မင်းလုပ်ခဲ့တာရဲ့အကျိုးဆက်ဘဲ။”

“မျိုးနွယ်စုကြီးသုံးခုက အတူတကွ တိုက်ခိုက်နေကြပီ၊ ဘယ်လိုကာကွယ်မယ်ဆိုတာ ကြည့်ရအောင်”

“သေလိုက်တော့၊ နောက်ဘ၀ကြရင် မျက်စိကျယ်ကျယ်ဖွင့်ထား၊ အချို့ အင်အားစုတွေက မင်းစိန်ခေါ်နိုင်တဲ့ အရာ မဟုတ်ဘူး”

...မဟာရှေးဟောင်းကျောက်တိုင်အောက်တွင် လူများက နောက်ဆုတ်နေကြ‌သောကြောင့် နေရာလွှတ်တစ်ခု ဖြစ်ပေါ်လာသည်။ ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများ ၀ိုင်းရံတိုက်ခိုက်နေသော ယွမ်စွမ်းအင်နောက်ဆက်တွဲ ကြောက်မက်ဖွယ်ရာလှိုင်းများက သူတို့ ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။

သူတို့က စိတ်လှုပ်ရှားဖွယ် ကြည့်ရတာကို နှစ်သက်သော်လည်း ယွမ်စွမ်းအင်မုန်တိုင်းအလယ်တွင် ရပ်မနေရဲကြပေ။

မျိုးနွယ်စုကြီးသုံးခုက ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်က တစ်ပြိုင်နက် တိုက်ခိုက်နေကြသဖြင့် သူတို့၏အင်အားကို စိတ်ကူးကြာ့်နိုင်သည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကို ‌ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်များပင် တိုက်ခိုက်မခုခံရဲကြပေ။

သူတို့က ဝူယွမ်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် တိုက်ခိုက်ချင်နေကြသည်။

ကောင်းကင်ယံတွင်၊ အမျိုးမျိုးသော ယွမ်စွမ်းအင်အလင်းများ ထွန်းလင်းနေပြီး ကြောက်မက်ဖွယ်ရာ ယွမ်စွမ်းအင် လှိုင်းများက ပတ်ဝန်းကျင် လေဟာနယ်ကို ဆက်တိုက် တိုက်ခတ်နေသည်။ အတားအဆီးချမှတ်ထားသော မဟာရှေးဟောင်းကျောက်တိုင်ကြီးပင် ဤလူများ၏ တိုက်ခိုက်မှုများအောက်တွင် တုန်ခါမှုအချို့ ပြသလာသည်။

မဟာရှေးဟောင်းကျောက်တိုင်၏ အတားအဆီးက ယခုအခါ သူ၏အားအနည်းဆုံးကာလသို့ ချဉ်းကပ်နေသော်လည်း ရှေးဟောင်းကျောက်တိုင်၏အတားအဆီးကိုပင် တုန်ခါစေနိုင်သော စွမ်းအင်က ဤလူများ၏တိုက်ခိုက်မှုများ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။

သူတို့က ဝူယွမ်ကို အမှုန့်မှုန့်ညက်ညက် ချေပစ်ချင်နေကြသည်။

“ဘုရားရေ၊ ဒီဝူယွမ် ကာကွယ်နိုင်ပါ့မလား”

“အရမ်းလွန်လွန်းနေပြီ၊ မျိုးနွယ်စုကြီးသုံးခုက လူတစ်ယောက်တည်းကို ဝိုင်းတိုက်နေကြတယ်”

“ဒီဝူယွမ် ဒီနေ့မသေဘူးဆိုရင် မဟာယန်မင်းဆက်တစ်ခုလုံးမှာ နာမည်ကြီးလာမှာ သေချာတယ်။”

“အရမ်းခက်တယ်။ ဒါက မျိုးနွယ်စုကြီးသုံးခုပဲ။ ဒီနေ့ သူထွက်ပြေးနိုင်တယ်ဆိုရင်တောင် မျိုးနွယ်စုကြီးသုံးခုရဲ့လူတွေက လိုက်လံသတ်ဖြတ်တာ ခံရလိမ့်မယ်။”

“ဟွန်ပူမျိုးနွယ်က မလှုပ်ရှားဘူး ထင်တယ်”

...ဆွေးနွေးနေကြသည့်လူတိုင်း အံအားသင့်သွားသည်။ ဝူယွမ်က ထွက်ပြေးရန် ရည်ရွယ်ချက်မရှိပေ။

သူ၏မျက်လုံးများက မျိုးနွယ်စုကြီးသုံးခုမှလူများ၏ မျက်နှာများကိုတစ်ခုပြီးတစ်ခု စစ်ဆေးကြည့်နေရင်း ခရမ်းရောင်အလင်းများက သူ၏ခန္ဓာကိုယ်အနှံ့ စီးဆင်းနေပြီဖြစ်သည်။

ဤသည်က သူ၏ ဘုရင်မျိုးဆက်စွမ်းအင်လှိုင်းဘဲဖြစ်သည်။

“ဟေ့ဟေ့၊ မင်းတို့အားလုံး လှုပ်ရှားခဲ့ကြပြီဆိုတော့ သေလို့ရပီ”

ဝူယွမ်းက ကဲ့ရဲ့ရှုတ်ချရင်း ရယ်မောကာ ထိုမျိုးနွယ်ဝင်များ အားလုံးကို စူးစူးရဲရဲ ကြည့်လိုက်သည်။

လူအများဖြင့် တစ်ဦးကို အနိုင်ကျင့်ခြင်း၊ အင်အားဖြင့် အခြားသူများကို ဖိနှိပ်ခြင်းက သူတို့၏ပုံစံဘဲဖြစ်သည်။

သို့သော် အရေအတွက်က သူတို့ကြားကွာဟချက်ကို မဖြည့်ဆည်းပေးနိုင်ချေ။

အာဏာရှင်ဆန်သောဘုရင် သွေးကို ပိုင်ဆိုင်ထားသူအနေဖြင့် ရန်သူများ၏ အရေအတွက်ကို သူဂရုမစိုက်နိုင်ပေ။

သူ့မျက်စိထဲတွင် အားလုံးက အမှိုက်သရိုက်များသာဖြစ်သည်။

“ပွက်”

“ပွက်”

...ဝူယွမ်က အနီရောင်မီးဓားကို နင်းကာ ဘုရင်သွေး စွမ်းအားကို လှုပ်ရှားစေလိုက်ပြီး ခရမ်းရောင် လက်သီးပုံရိပ်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။ သူက လက်သီးများကို ရိုးရှင်းစွာဘဲ ထိုးနှက်လိုက်ခြင်းဖြစ်ကာ ရှုပ်ထွေးသော သိုင်းပညာရပ်၊နည်းစနစ်၊ ရူန်းများ မပါ၀င်ပေ။

ခရမ်းရောင် စွမ်းအားပြင်းနတ်ဆိုးမျက်စိ၊

ကောင်းကင်ပြာဘုရင် သွေးရည်၊

ဖိနှိပ်ခြင်း အကျင်းထောင်ဘုရင် ကိုယ်ခန္ဓာ၊

ဧရာမဆင်အမှုန့်များ၊ဆ

သူက ကိုယ်ခန္ဓာ ကျင့်စဉ်စွမ်းအားများကိုသာ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ မျိုးနွယ်ကြီးသုံးခုမှ စတင်လိုက်သော တိုက်ခိုက်မှုအချို့က သူ့ကိုယ်ခန္ဓာအနီးသို့ ချဉ်းကပ်လာသောအခါ ဝူယွမ်း၏ ဖြန့်ကျက်ထားသော ဖိနှိပ်ခြင်း အကျင်းထောင်ဘုရင် ကိုယ်ခန္ဓာမှ ပြင်းထန်သည့်ဆွဲအားနယ်ပယ်ပေါ်လာကာ ခုခံတွန်းလှန်လိုက်သည်။

သူ၏လက်သီးပုံရိပ်များက အသာစီးယူထားသည်။ ဘုရင်သွေးထဲ၌ အာဏာရှင်လက်သီး မှတ်ဉာဏ်များရှိပြီး လက်သီးတစ်ချက်စီက ဘုရင်သွေး၏ အထွဋ်အမြတ်စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

တိုက်ခိုက်မှုအားလုံးကို သူ၏လက်သီးများဖြင့် ချေမှုန်းလိုက်သည်။

ဝူယွမ်က ချီဖန်တီးမှုအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ ဘုရင်သွေး‌ေကြာင့်လက်သီးတစ်ချက်စီက ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။

“အခွင့်အလမ်းတွေနဲ့ ရတနာတွေက ယူနိုင်စွမ်းရှိတဲ့သူတွေအတွက်ဘဲ။ ရှေးဟောင်းဂူသင်္ချိုင်းနှင့်ပတ်သက်ပြီး မင်းတို့ရဲ့ ကျွမ်းကျင်မှုအရမ်း နည်းပါးတာကို၊ အခု မင်းတို့က လူအင်အားနဲ့ အနိုင်ကျင့်ခြင်တာလား။ ဟမ့်၊ မင်းတို့ လူရွေးမှားသွားသည်။”

ဝူယွမ်က လူပေါင်းများစွာ၏ တိုက်ခိုက်မှုများကို တားဆီးလိုက်ပြီးနောက် သူကတန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။ အနီရောင်မီးဓားက ကခုန်ကာ ဝူယွမ်းက အရင်ဆုံး ချင်းရှီမျိုးနွယ် လူအုပ်ထဲသို့ စီးဝင်လာပြီး လက်သီးများဖြင့် ထိုးနှက်လိုက်သည်။

သူ၏ ကိုယ်ခန္ဓာအားကိုသာ အားကိုးကာ သေနတ်ပစ်သကဲ့သို့ တရက်ဆက် တိုးဝင်လာသည်။

ကူးပြောင်းခြင်းအဆင့်၊ ချီဖန်တီးခြင်းအဆင့်၊ သို့မဟုတ် ခြေလှမ်း၀က် ကူးပြောင်းခြင်းအဆင့် ဖြစ်ကြပါစေ။ ဝူယွမ့်မျက်လုံးထဲတွင် အားလုံးကအတူတူဘဲဖြစ်သည်။

လက်သီးတစ်ချက်စီက လူတစ်ယောက်ကို လွင့်ထွက်သွားစေသည်။

သူ့တိုက်ခိုက်မှုကို မည်သူမျှ ခံနိုင်ရည်မရှိပေ။

လေထဲလွင့်နေသူများက မျိုးနွယ်ကြီးလေးခုမှ လှုပ်ရှားခဲ့သူများဖြစ်ကြသည်။

ချင်းရှီမျိုးနွယ်နှင့် ဝမ်မျိုးနွယ်မှ သုံးဆယ်ကျော်၊ လင်းမျိုးနွယ်မှ ဆယ်ကျော်ခန့် ရှိသည်။

မိုးကြိုးကဲ့သို့ ဝူယွမ်လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

လင်းခဲအာ၏ လှပသောမျက်လုံးထဲတွက် အံအားသင့်မှုများ တဖျပ်ဖျပ်လက်နေသည်။ သူမက အစောကတည်းက လင်းမျိုးနွယ်ဝင် အစိတ်အပိုင်းတစ်ခုကို ဦးဆောင်ကာ ကြိုတင်ပြောင်းရွှေ့ ဘေးဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ဤအချိန်တွင် အာဏာရှင်တစ်ပါးကဲ့သို့ ဝူယွမ်ကို ရင်ဆိုင်ရသည့်အခါ စိတ်သဘောထားကောင်းသော လင်းခဲအာပင်လျှင် အနည်းငယ်တုန်လှုပ်ချောက်ချား နေမိသည်။ အစ်ကိုကြီးဝူယွမ်း၏ လက်သီးများများ အားကောင်းလွန်းလှသည်။ လက်သီးတစ်ချက်သာထိမိပါက သူမ၏ သေးငယ်သောခန္ဓာလေးကိုယ်က ခံနိုင်မည်မဟုတ်ပေ။ မသေလျှင်ပင် အတော်ကြာ ငိုကြွေးနေရမည်ဖြစ်သည်။

“အစ်ကိုကြီးဝူယွမ်၊ ကျွန်မတို့ အစ်ကိုကြီးကို မထိခိုက်စေလိုပါဘူး။ ကျွန်မတို့ အစောကလုံး၀ မလှုပ်ရှားခဲ့ဘူး။”

သူမစကားပြောမပြီးခင် ဝူယွမ်က လင်းခဲအာနောက်သို့ လိုက်သူများကို အေးစက်စက် ကျော်ကြည့်လိုက်သည်။

ဤလူအများစုသက လင်းတုန်ဘက်မှဖြစ်ပြီး လင်းလန်တျန်း၏လုပ်ရပ်များကို အလွန်မကျေနပ်ကြသဖြင့် ဘေးထွက်နေရန် ရွေးချယ်ခဲ့ကြသည်။

လင်းခဲအာနောက်တွင် ပုန်းအောင်းနေသူများက တုန်လှုပ်သွားကာ ဝူယွမ်းကို ကြည့်ရာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ယခုအခါ ကောင်းကင်ယံရှိ ဟွန်ပူမျိုးနွယ်နှင့် လင်းခဲအာအုပ်စုသာလျှင် ဘေးကင်းလုံခြုံစွာ ရှိနေကြသည်။

ဟွန်ပူမျိုးနွယ်ဝင်များက မာနကြီးလွန်းသဖြင့် အဝေးကို ဆုတ်ခွာကာ အခြားမျိုးနွယ်ကြီးသုံးခုနှင့် အကွာအဝေးအချို့ ထားရှိခဲ့ခြင်းဖြစ်သည်။

အခုမြင်ကွင်းကြောင့် ဟွန်ပူကျင်း၏မျက်နှာအမူအရာက လုံး၀ ရှုပ်ထွေးသွားပြီး၊ သူမက ဝူယွမ်အပေါ် အလွန်အမင်း သိချင်နေသည်။ ချင်းကျူအစ်မကဲ့သို့ မိန်းမတစ်ဦးပင် ဖော်ပြရသော ယောက်ျားက ဘယ်လိုယောက်ျားမျိုး ဖြစ်နိုင်သနည်း။

အစက သူမက ဝူယွမ်တွင် ကောင်းမွန်သော အသွင်အပြင်ရှိယုံသာ သူမထင်မှတ်ခဲ့သည်။

သို့သော် ဝူယွမ် စလှုပ်ရှားလိုက်သည်နှင့်

နှိုင်းယှဉ်မရသော အာဏာရှင်ဆန်ဆန်စွမ်းအား၊

ပြိုင်ဘက်မရှိသည့်ဟန်ပန်အမူရာ၊

စစ်တပ်တစ်ခုလုံးပင် ရှင်းလင်းပစ်နိုင်သည့်အင်အား။

ဝူယွမ်ကို ပိုမိုနားလည်သဘောပေါက်စေခဲ့သည်။

ဟုတ်ပေသည်၊ ချင်းကျူအစ်မ တွေးတောမိသော ယောက်ျားက ပါရမီရှင် များထဲက ပါရမီရှင်သာ ဖြစ်ရပေမည်။

ဤအဆင့်အတန်း ဤအင်အားက မဟာယန်းမင်းဆက်နှင့်ပင် နှိုင်းယှဉ်မရပေ။

ဟွန်ပူကျင်းက ဝူယွမ်သည် သူမ၏အစ်မချင်းကျူထက် အနည်းငယ်ပင် မညံ့ဟု တွက်လိုက်မိသည်။

သူမ၏စိတ်ထဲတွင် အစ်မချင်းကျူသည် ကောင်းကင်ဘုံကိုးထပ်မှ နတ်သမီးတစ်ပါးကဲ့သို့ တည်ရှိမှုမျိုးဖြစ်သည်။

“မင်းတို့ကရော ငါ့ရန်သူ ဖြစ်ချင်ကြတာလား”

ဝူယွမ်း၏မျက်လုံးများ ရုတ်တရက်ကျဉ်းသွားကာ ဟွန်ပူမျိုးနွယ်ရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။

“ကျွန်မ... မဟုတ်ဘူး... မှားနေပီ... ကျွန်မက လင်းချင်းကျူရဲ့ ဝမ်းကွဲညီမပါ။ အစ်မချင်းကျူက ရှင့်အကြောင်း ကျွန်မကို ပြောဖူးတယ်၊ ကျွန်မတို့ မိတ်ဆွေတွေဖြစ်သင့်တယ်”

ဟွန်ပူကျင်းက မြန်မြန်ရှင်းပြလိုက်သည်။

ဝူယွမ်းက သူမကို လက်သီးနှင့်ထိုးလိုက်မည်ကို သူမတကယ်ကြောက်နေသဖြင့် သူမကိုယ်သူမကယ်တင်ရန် လင်းချင်းကျူကို မြန်မြန်ဆန်ဆန် ထုတ်ဖော်လိုက်သည်။

မြေပြင်ပေါ်တွင် ဝူယွမ်လက်ချက်ဖြင့် လဲကျနေသော မျိုးနွယ်စုကြီးသုံးခု၏ လူများက အသေအပျောက် သို့မဟုတ် ဒဏ်ရာများရရှိခဲ့ကြသည်။ ဤရလဒ်က ဟွန်ပူမျိုးနွယ် လိုလားသောအရာမဟုတ်သလို သူတို့ခံနိုင်ရည်ရှိသည့် အရာလည်း မဟုတ်ပေ။

“အို၊ ချင်းကျူ”

လင်းချင်းကျူ၏နာမည်က နောက်ဆုံးတွင် ဝူယွမ်၏ ဆူပွက်ပြီးတက်ကြွနေသော ဘုရင်သွေးကို ရပ်တန့်စေခဲ့သည်။ သူ၏တိုက်ခိုက်ရန် စိတ်အားထက်သန်မှုက မတက်ကြွတော့ဘဲ ပြန်လည်အေးဆေးတည်ငြိမ်သွားခဲ့သည်။

သူက လေထဲတွင် ရပ်ကာ မဟာရှေးဟောင်း ကျောက်တိုင်အောက်ရှိ အတားအဆီးကို ငေးကြည့်နေမိသည်။

ဤအချိန်တွင် လူပင်လယ်တစ်ခုရှိနေသော်လည်း တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိနေသည်။

လူတိုင်းက ဝူယွမ်ကို ကြည့်ရင်း နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများဖြင့် ရှိနေကြသည်။

မျိုးနွယ်စုကြီးလေးခုက ပေါ်ထွက်လာစဉ်က ခမ်းနားထည်ဝါခဲ့ပေမဲ့ ယခုအခါ ရှက်ဖွယ်ရာအဖြစ်သို့ ရောက်ရှိလာခဲ့ကြသည်။

လှုပ်ရှားမှုမတိုင်မီ သူတို့သည် လှပသော ခြိမ်းခြောက်စကားများ ပြောဆိုခဲ့ကြသော်လည်း တစ်ဦးမျှ တိုက်ခိုက်နိုင်ခြင်း မရှိပေ။

တိုင်ပွဲက အရမ်းမြန်လွန်းတယ်။

ခဏအတွင်း ညည်းညူသံများ ပြည့်နှက်လာခဲ့သည်။

သူတို့က အားနည်းလွန်းသည်မဟုတ်ဘဲ ဝူယွမ်က အလွန်အားကောင်းနေသောကြောင့် ဖြစ်သည်။

လူတစ်ဦးတည်းဖြင့် မျိုးနွယ်စုကြီးသုံးခုကို နှိမ်နှင်းခြင်းက အံအားသင့်စရာ အကောင်းဆုံး အဖြစ်အပျက်ကြီး တစ်ခုဖြစ်သည်။

ဝူယွမ်က လုံးဝဒဏ်ရာမရရှိဘဲ မျိုးနွယ်စုကြီးသုံးခုမှ လူများကို အမှောက်သိပ်လိုက်ခြင်းက မယုံနိုင်ဖွယ်ရာပငါ။

လက်ရှိတွင် ရှိနေသူအားလုံး အတူတကွ တိုက်ခိုက်ကြလျှင်ပင် သူ့ကို နိုင်ဖို့ရာ မဖြစ်နိုင်သလောက်ဘဲ။

ကောင်းကင်ဓားကျောင်းတော်မှ လူဆယ်ယောက်ကျော်လောက်က လူအုပ်ထဲတွင် သီးသန့်ခွဲထားခံသည်။

အရင်က ဝူယွမ်အတွက် စကားပြောဆိုခဲ့ကြသောကြောင့် ဘယ်သူမှ သူတို့နှင့် ကပ်ပြီးမရပ်ရဲကြပေ။

အကြီးအကဲဟွမ်က သူ၏မျက်လုံးများကို ပွတ်သပ်ကာ သူမြင်နေရသည်များကို မယုံကြည်နိုင်ခဲ့ပေ။

ဤအဆင့်အတန်း ဤအင်အားက ကျောင်းအုပ်၏ စွမ်းအားနှင့်ပင် နီးစပ်နေပြီဖြစ်သည်။

“အကြီးအကဲကျန်း၊ ဝူယွမ်က ဒီလောက်ကြောက်ဖို့ကောင်းတာကို မင်းဒီအခြေအနေကို ကျောင်းအုပ်ကို တိုက်ရိုက် ရှင်းပြလိုက်သည်။ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးက ငါတို့ ကောင်းကင်ဓားကျောင်းတော် ပေါ်ထွင်းလာဖို့ မျှော်လင့်ချက်ဘဲ”

“ကျွန်တော် သူ့ကို နောက်ဆုံးတွေ့တုန်းက သူဒီလိုမျိုး မဟုတ်ပါဘူး။ သူ ဒီလောက်မြန်မြန် ကြီးထွားလာမယ်ဆိုတာ ကျွန်တော် ဘယ်လိုသိနိုင်မှာလဲ။

All Chapters