← Chapters

ဒေါသထွက်နေသော အပြာရောင်တိမ်တိုက်အရှင်

Vol. 37 Ch. 435

ဒေါသထွက်နေသော အပြာရောင်တိမ်တိုက်အရှင်

Vol. 37 Ch. 435

ထျန်းလီမြို့တော်ရှိ အပြာရောင်တိမ်တိုက်အရှင် နေထိုင်သော ခြံဝန်းငယ်လေးအတွင်း၌...

အပြာရောင်တိမ်တိုက်အရှင်သည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပြီး မြောင်နင် မြောင်ဝူနှင့် တခြားလူများသည် သူ၏နောက်တွင် မတ်တတ်ရပ်ကာ သူတို့၏ရှေ့ရှိ ထိပ်သီးကျင့်ကြံသူခြောက်ဦးကို ကြည့်နေကြသည်။

ရန်ချူးယောင်သည် သူမ၏ ကြွေပန်းကန်လုံးထဲမှ လက်ဖက်ခြောက်များကို ဖယ်ရှားလိုက်ပြီး တစ်ငုံသောက်လိုက်ကာ စာရွက်တစ်ရွက်ကို ထုတ်ယူပြီး သူမ၏လက်ဖြင့် ကိုင်ထားသည်။

"ဒါက လွန်ခဲ့တဲ့ သုံးရက်အတွင်း ထျန်းလီမြို့တော်မှာရှိတဲ့ နတ်ဆိုးအရှိန်အဝါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အကုန်ပဲ... စုစုပေါင်း သုံးဆယ့်တစ်ခု ရှိတယ်.."

"အော် မီ တော ဖော... တကာမလေးရန်ကို ကျေးဇူး အများကြီးတင်ပါတယ်...."

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်ပြပြီး သူ၏နောက်မှ လူများကို လက်ဟန်ပြလိုက်၏။

မြောင်ဝူသည် နားလည်သဘောပေါက်သွားပြီးရှေ့သို့တိုးလာကာ သူ၏လက်များကို လေးလေးစားစား ဆန့်တန်းလိုက်သည်။

ရန်ချူးယောင်က စာရွက်ကို မပေးသေးဘဲ တည်ငြိမ်စွာဖြင့် အပြာရောင်တိမ်တိုက်အရှင်ကို ကြည့်လေသည်။

"ပုံစံငါးမျိုးသူတော်စင်အရှင်တွေကို ပေးခဲ့တဲ့ ကတိကို အရှင်က မေ့နေပြီလား....ဒီလောက်ထိ အချိန်ကြာလာတာတောင် အကြောင်းအကျိုး ဆက်စပ်မှုကို သုံးပြီးတော့ စုံစမ်းစစ်ဆေးမှုတွေကို မလုပ်နိုင်သေးဘူးဆိုတာက ကျွန်မ မယုံနိုင်ဘူး..."

"ငါ တကယ်ကို စုံစမ်းခဲ့တယ်...ဒါပေမဲ့ အဲ့ဒီလူက ပုန်းကွယ်တဲ့နေရာမှာ အရမ်းထူးချွန်တယ် ဒါမှမဟုတ် သူက ထျန်းလီမြို့တော်မှာ မရှိတာတောင် ဖြစ်နိုင်တယ်... သေချာရေရာတဲ့ သဲလွန်စဆိုလို့ ဘာတစ်ခုကိုမှ မတွေ့ရသေးဘူး"

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်သည်။

"တကာမရန်နဲ့ ပုံစံငါးမျိုးသူတော်စင်အရှင်တို့က စိတ်ချထားပါ...ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ငါ့အနေနဲ့ မုသားစကား မပြောပါဘူး... တစ်ခုခု တွေ့တာနဲ့ အမြန်ဆုံး အသိပေးပါ့မယ်"

ရန်ချူးယောင်က စာရွက်ကို ပြန်လည်၍ သိမ်းဆည်းလိုက်၏။

"ဒါဆိုရင် ဒီစာရွက်ကို နောက်မှ ပေးတော့မယ် ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေက ကောက်ကျစ်ပြီးတော့ အမြဲတမ်း ပြောင်းလဲနေတတ်တယ်....ဒီလိပ်စာတွေက မှန်ကန်ပြီး ထျန်းလီအင်ပါယာက တန်ကြေးကြီးကြီးပေးပြီး စုဆောင်းထားတာ ဆိုပေမယ့် မနက်ဖြန်ကျရင် အဲ့ဒီနတ်ဆိုးကို ရှာတွေ့နိုင်မတွေ့နိုင်ဆိုတာက ပြောရခက်တယ်"

အပြာရောင်တိမ်တိုက်အရှင်က မျက်မှောင်ကြုတ်လိုက်သည်။

သူတို့အကြားရှိ ဆက်ဆံချိန်သည် တိုတောင်းသော်လည်း သူ၏ရှေ့ရှိ အမျိုးသမီးကို ပုံစံငါးမျိုးသူတော်စင်အရှင်များကဲ့သို့ လွယ်လင့်တကူ လှည့်စား၍ မရကြောင်း သူ နားလည်သဘောပေါက်သွားသည်။

ဤသည်မှာ ပုံစံငါးမျိုးသူတော်စင်အရှင်များသည် တုံးအ၍မဟုတ်ဘဲ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာလွန်းသောကြောင့် သူတို့၏လုပ်ရပ်များသည် တစ်ခါတစ်ရံ၌ တင်းကြပ်နေခြင်းပင်။

"ကောင်းပြီလေ... "

အချိနိတခဏကြာ စောင့်ကြည့်ပြီးနောက် ရန်ချူးယောင်သည် ထိုစာရွက်ကိုပေးရန် အစီအစဉ် မရှိကြောင်း တွေ့ရသဖြင့် အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်သည်။

"ပုံစံငါးမျိုးသူတော်စင်အရှင်တွေ ပေးခဲ့တဲ့ ပစ္စည်းကို သုံးပြီးတော့ ဆက်ခံသူရဲ့ အကြောင်းအကျိုးကံကြမ္မာကို ငါ ခြေရာခံနိုင်ပါတယ်.... ဒါပေမဲ့... ဖူး"

အပြာရောင်တိမ်တိုက်အရှင်သည် စကားမဆုံးမီမှာပင် ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး သူ၏မျက်နှာ ဖြူဖျော့သွားသည်။

"ဘာဖြစ်တာလဲ"

ရန်ချုးယောင်က ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူမ၏ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများ ပျံ့နှံ့သွားကာ ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ပတ်ဝန်းကျင် တိတ်ဆိတ်နေဆဲ ဖြစ်ပြီး ပုံမှန်မဟုတ်သော လက္ခဏာ မရှိသလို အစွမ်းထက်သော ရန်သူများ ဝင်ရောက်လာခြင်း သို့မဟုတ် ချောင်းမြောင်းတိုက်ခိုက်ခြင်းမျိုးလည်း မရှိချေ။

"ဗုဒ္ဓရဲ့အထွတ်အထိပ်ရတနာပေါ်မှာ ငါ ထားခဲ့တဲ့ စိတ်ဝိညာဉ် အမှတ်အသားကို... တစ်ယောက်ယောက်က အတင်းအဓမ္မ ဖျက်ဆီးလိုက်ပြီ..."

အပြာရောင်တိမ်တိုက်အရှင်သည် ပါးစပ်ထောင့်ကို သုတ်လိုက်ရင်း သူ၏ယခင် တည်ငြိမ်မှုများ ပျောက်ကွယ်သွားကာ လုံးလုံးလျားလျား မယုံကြည်နိုင်သော အမူအယာက အစားထိုးဝင်ရောက်လာသည်။

သံသရာအမွေအနှစ်မျှော်စင်သည် ဗုဒ္ဓအရှင် ကိုယ်တိုင် သူ့ကို ငှားရမ်းထားသော ကောင်းကင်ရတနာ တစ်ခု ဖြစ်သည်။ ထိုအရာတွင် ဗုဒ္ဓအရှင်၏ စိတ်ဝိညာဉ် အမှတ်အသား ပါဝင်နေရုံသာမက သူ၏ ကိုယ်ပိုင်အမှတ်အသား တစ်စိတ်တစ်ပိုင်းကိုလည်း တိတ်တဆိတ် ထည့်သွင်းထားခဲ့သည်။ ထိုသို့မဟုတ်ပါက သူသည် မကြာသေးမီကမှ သိမ်းသွင်းထားသော လက်အောက်ငယ်သားကို ငှားရမ်းဝံ့မည်မဟုတ်ချေ။

ယခုအချိန်၌ သူ၏ ကိုယ်ပိုင်အမှတ်အသားနှင့် ဗုဒ္ဓ၏အမှတ်အသား နှစ်ခုလုံး ချက်ချင်း ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။

တစ်ဖက်လူ၏ စွမ်းအားသည် ဗောဓိသတ္တအဆင့်နှင့် ယှဉ်နိုင်လောက်အောင် အစွမ်းထက်ပြီး သူ့ထက် များစွာ သာလွန်နေပေမည်။

"မဟုတ်ဘူး... ဒါက ကောင်းကင်ကံကြမ္မာရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုစွမ်းအားပဲ..."

သူသည် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပေ၏။ ဤသည်မှာ တစ်ဖက်လူ၏ ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်မြင့်မားနေခြင်း မဟုတ်ဘဲ သူ၏ကံကြမ္မာအဆင့်အတန်း အလွန်ကြီးမားလွန်းသဖြင့် ဗုဒ္ဓ၏စိတ်ဆန္ဒပင်လျှင် နှိုင်းယှဉ်ကြည့်ပါက အားနည်းသွားခြင်းပင်။ ထိုသို့မဟုတ်ပါက ဤကဲ့သို့ လုပ်ရပ်မျိုးကို ဤမျှထိ လွယ်ကူစွာ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ထျန်းလီမြို့တော်တွင် ဗုဒ္ဓကံကြမ္မာထက် ပို၍မြင့်မားသော ကံကြမ္မာကို ပိုင်ဆိုင်ထားသူဟူ၍ တစ်ဦးတည်းသာ ရှိသည်... ထိုပုဂ္ဂိုလ်မှလွဲ၍ တခြားသူ မဖြစ်နိုင်ချေ။

သို့ရာတွင် ထိုလူသည် မည်သည်ကြောင့် လှုပ်ရှားခဲ့သနည်း။

သူသည် ဇဝေဇဝါ ဖြစ်သွားကာ သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ပြီး ဘေးချင်းကပ်ခြံဝန်းကို စစ်ဆေးလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ မျက်မှောင်ကြုတ်လိုက်မိသည်။

ခြံဝန်းထဲတွင် လက်အောက်ငယ်သားအမြောက်အများ ရှိသော်လည်း သူ သိမ်းသွင်းထားသော လက်အောက်ငယ်သားမှာမူ ပျောက်ဆုံးနေသည်။

"စိတ်ဝိညာဥ်အမှတ်အသား ဖျက်ဆီးခံလိုက်ရတာလား..."

ရန်ချူးယောင်သည် နားမလည်နိုင် ဖြစ်နေပြီး ခန့်မှန်းလိုက်၏။

"ဒါက အရှင် ရှာဖွေနေတဲ့ နတ်ဆိုးအရှင်နဲ့များ သက်ဆိုင်နေမလား"

"မဖြစ်နိုင်ဘူး..."

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းပြလိုက်စဥ်မှာပင် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားကာ နောက်ထပ်သွေးတစ်လုတ် အန်ထွက်လာသည်။

"ဆရာ..."

မြောင်နင် မြောင်ဝူနှင့် တခြားတပည့်များ စိုးရိမ်ပူပန်တကြီး ပြေးလာကြသည်။

"အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းကြိုးပေါ်က စိတ်ဝိညာဉ် အမှတ်အသား လည်း ဖျက်ဆီးခံလိုက်ရပြီလား...ဒါကို လူတစ်ယောက်တည်းကပဲ ထပ်လုပ်ခဲ့တာ... ဘာ... ဘာတွေ ဖြစ်နေတာလဲ"

အပြာရောင်တိမ်တိုက်အရှင် ကြက်သေသွားသည်။

ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးကို အနှစ်သာရအမြူတေနှင့်အတူ နှင်းနတ်ဆိုးအရှင်က ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကစပြီး သူသည် ခြေရာခံ၍ ရှာဖွေခဲ့သော်လည်း သဲလွန်စတစ်ခုတစ်လေမျှ ရှာမတွေ့ခဲ့ချေ။ ယခုချိန်၌ ထိုအရာပေါ်ရှိ စိတ်ဝိညာဥ်အမှတ်အသားလည်း ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။ ဆိုလိုသည်မှာ သံသရာအမွေအနှစ်မျှော်စင်နှင့် ဤရတနာသည် အတူ ရှိနေခဲ့သလော။

ရတနာတစ်ခုသည် သူ သိမ်းသွင်းထားသော လက်အောက်ငယ်သားထံ၌ ရှိနေပြီး နောက်တစ်ခုကမူ သူ သန့်စင်လိုခဲ့သော နတ်ဆိုး ထံ၌ ရှိနေသည်...

မည်သည်ကြောင့် သူတို့သည် ထျန်းလီအင်ပါယာ၏ အဆင့်မြင့် တော်ဝင်မိသားစုဝင်တစ်ယောက်နှင့် တွေ့ဆုံပြီး ဤကဲ့သို့ ပဋိပက္ခမျိုး ဖြစ်ပွားကာ ပြင်းထန်သောတိုက်ခိုက်မှုကို ခံယူခဲ့ရသနည်း။

"မဟုတ်ဘူး....ငါ မြန်မြန်သွားကြည့်မှ ဖြစ်မယ်"

သူ၏မျက်လုံးအကြည့်များ စူးရှတောက်ပသွားသည်။

ဗုဒ္ဓရတနာများ၏ကြီးမားသော တန်ဖိုးကို ခဏ ဘေးဖယ်ထားလျှင်ပင် နှင်းနတ်ဆိုးအရှင် ထွက်ပေါ်လာခြင်း တစ်ခုတည်းဖြင့် သူ့ကို စိတ်မတည်မငြိမ် ဖြစ်သွားစေရန် လုံလောက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ ဉာဏ်အလင်းပွင့်ခြင်း ဗောဓိသတ္တအဆင့်သို့ တက်လှမ်းနိုင်ရန် အကြီးမားဆုံး အခွင့်အရေးပင်။ ထိုအရာကို သူ လက်လွတ်လိုက်ရလျှင် ဤကဲ့သို့ အခွင့်အရေးမျိုး ပြန်လည်ရရှိနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

သူသည် မတ်တတ်ထရပ်လိုက်ပြီးနောက် သူ၏အရှိန်အဝါ ပြောင်းလဲသွားသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကံကြမ္မာမြစ် ထွက်ပေါ်လာပြီး နောက်ထပ်အချိန်တခဏတွင် ကံကြမ္မာစွမ်းအင်လှိုင်းလုံးများ အဝေးသို့ စီးဆင်းသွားသည်။

နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေကို ရှာဖွေခြင်းသည် သူ၏လက်ရှိစွမ်းရည်ထက် ကျော်လွန်နေသော်လည်း သူ သိမ်းသွင်းထားသော "လက်အောက်ငယ်သား" ၏ တည်နေရာကို ခြေရာခံခြင်းက ပို၍လွယ်ကူသည်။

အမှန်တကယ်ကိုပင် အချိန်တခဏအတွင်း၌ အကြောင်းအကျိုးကံကြမ္မာကြိုးမျှင်များသည် တည်နေရာ တစ်ခုသို့ ဆန့်တန်းသွားသည်။ သူ၏ရှေ့ရှိ လေဟာနယ်တွင် ကြေးမုံပြင် တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ကျန်းရွှမ်နှင့်မင်းသားယွမ်ချင်းတို့၏ ပုံရိပ်များကို ဖော်ပြနေသည်။

"သေစမ်း...."

မင်းသားယွမ်ချင်း၏ နံဘေးပတ်လည်တွင် မိုးကြိုးများ ဝန်းရံနေသည်။ သူသည် လက်သီး တစ်ချက် ထိုးနှက်လိုက်တိုင်း မိုးကြိုးနတ်ဘုရား ဆင်းသက်လာသည့်အလားပင်။ ကြီးမားသော မိုးကြိုးလျှပ်စီးလှိုင်းများသည် မိုးကောင်းကင်ကို ထွင်းဖောက်ပြီး အနက်ရောင် အက်ကွဲကြောင်းကြီးများကို ဖြစ်ပေါ်စေသည်။

သူ၏မျက်နှာချင်းဆိုင်ရှိ ကျန်းရွှမ်ထံတွင် နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ လက္ခဏာများ မရှိတော့ချေ။ ထိုအစား သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဗုဒ္ဓအလင်းရောင်များကို ထုတ်လွှတ်နေပေ၏။ သူသည် မရပ်မနားကျရောက်နေသော မိုးကြိုးလှိုင်းများကို တောင့်မခံနိုင်သဖြင့်အသည်းအသန် ရှောင်တိမ်းနေရသည်။

ဘုန်း...

အကြောင်းအကျိုးကံကြမ္မာလှိုင်း ပြတ်တောက်သွားပြီး ပုံရိပ် ပျောက်ကွယ်သွားသည်။

ကျန်းရွှမ်ချင်းနှင့်သူ၏ အားကောင်းသော ကံကြမ္မာဆက်နွယ်မှုကြောင့် အပြာရောင်တိမ်တိုက်အရှင်သည် ထိုပုံရိပ်များကို မြင်တွေ့ခွင့်ရခဲ့ခြင်းပင်။ ဤသည်မှာ အချိန်တခဏတာ သာ ဖြစ်သည့်တိုင် အဆင်ပြေနေလေပြီ။ ထိုထက်ပို၍ ကြာကြာမြင်တွေ့လိုလျှင် ဗုဒ္ဓအရှင် ကိုယ်တိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

"ဘာတွေ ဖြစ်နေတာလဲ"

ဤမြင်ကွင်းကို အချိန်တခဏသာ မြင်တွေ့လိုက်ရသော်လည်း အပြာရောင်တိမ်တိုက်အရှင်ကို လုံးလုံးလျားလျား ဆွံ့အသွားစေသည်။

သူ လွယ်လင့်တကူ သိမ်းသွင်းခဲ့သော အရေးမပါသောလူငယ်သည် အိမ်ရှေ့စံမင်းသားနှင့် ပဋိပက္ခဖြစ်ပွားပြီး အံ့သြစရာ ကောင်းလောက်အောင် သူတို့နှစ်ယောက်သည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေကြ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ၏နားလည်သဘောပေါက်နိုင်မှုကို ပြောင်းပြန်ဖြစ်သွားစေသည်။

"အရှင် ကယ်ပါအုံး... မင်းသားယွမ်ချင်း က သံသရာအမွေအနှစ်မျှော်စင်ကို လိုချင်တပ်မက်ပြီးတော့ လုယူဖို့ ကြိုးစားနေတယ်..."

သူ ဇဝေဇဝါ ဖြစ်နေစဉ် ပြတ်တောက်သွားသော အကြောင်းအကျိုးကံကြမ္မာလှိုင်းမှ ဖျော့တော့တော့ အကူအညီတောင်းသံတစ်သံ ထွက်ပေါ်လာသည်။

"သံသရာအမွေအနှစ်မျှော်စင် အတွက်လား..."

အပြာရောင်တိမ်တိုက်အရှင်၏မျက်နှာ သုန်မှုန်သွားသည်။

အကယ်၍ တစ်ယောက်ယောက်မှနေ၍ အိမ်ရှေ့စံမင်းသားသည် ဗုဒ္ဓအထွတ်အထိပ်ရတနာတစ်ခုကို ပြောင်ပြောင်တင်းတင်း လုယူရဲလောက်အောင် အတင့်ရဲလိမ့်မည်ဟု သူ့ကို ယခင်က ပြောဆိုခဲ့လျှင် ထိုလူ ရူးနေသည်ဟု သူ သတ်မှတ်မိပေလိမ့်မည်။ သို့ရာတွင် ယခုအချိန်၌ ရတနာမျှော်စင်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။ ထို့ပြင် သူ သိမ်းသွင်းထားသော လက်အောက်ငယ်သားသည် လိမ်ညာမည် မဟုတ်ကြောင်း သူ သိရှိထားသဖြင့် ဤစွပ်စွဲချက်သည် ငြင်းပယ်၍မရနိုင်အောင် ဖြစ်နေသည်။

ဆိုလိုသည်မှာ အိမ်ရှေ့စံမင်းသား သည် ရတနာကို လိုချင်တပ်မက်ရုံသာမက အတင်းအဓမ္မ သန့်စင်ရန် ကြိုးစားပြီး ပိုင်ရှင်ကို နှုတ်ပိတ်ရန် ရည်ရွယ်နေခြင်းပင်။

ယုတ်မာလိုက်တာ...

ကံကောင်းထောက်မစွာဖြင့် သူသည် အကြောင်းအကျိုးကံကြမ္မာကို ခြေရာခံပြီး အခင်းဖြစ်ပွားရာနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့မဟုတ်ပါက အချိန်နှောင်းသွားသည်အထိ သူသည် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။

"အော် မီ တော ဖော... မင်းသားယွမ်ချင်း... ကျန်းရွှမ်ချင်းက ငါတို့ဗုဒ္ဓဂိုဏ်း ရဲ့ သစ္စာရှိ နောက်လိုက်တစ်ယောက်ပါ... ဘာလို့ သူ့ကို ဒီလောက်ထိ ရက်ရက်စက်စက် ဖိအားပေးနေရတာလဲ"

အခြေအနေကို နားလည်သဘောပေါက်လိုက်သည်နှင့် သူသည် ထိုင်ကြည့်မနေနိုင်တော့ချေ။ အကြောင်းအကျိုးကံကြမ္မာမှတဆင့် သူသည် ဆက်သွယ်မှုကို ပြန်လည်၍တည်ဆောက်လိုက်ပြီး သူ၏အသံက ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ၏ပုံရိပ် ဝေဝါးသွားကာ ကံကြမ္မာလှိုင်းများမှတဆင့် တခြားတစ်ဖက်သို့ ရောက်ရှိသွားတော့သည်။

All Chapters