မဟာရှေးဟောင်းကျောက်တိုင်တွင် ဆိုင်းအင်၀င်ခြင်း
Vol. 12 Ch. 118
ကောင်းကင်ထက်ရှိ ပြင်းထန်သော ယွမ်စွမ်းအင်တုန်ခါမှုများ ရုတ်တရက်ရပ်တန့်သွားလေသည်။
လေထဲ၌ ပုံသဏ္ဍာန်နှစ်ခုက ထူးဆန်းသော အနေအထားဖြင့် ရပ်နေကြသည်။
နုနယ်ပျော့ပျောင်းသော အသွင်အပြင်ရှိသည့် လင်းလန်တျန်း၏မျက်နှာက ယခုအခါ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး၊ သူ၏ကိုယ်ခန္ဓာက အောက်သို့ယိုင်နေကာ၊ လင်းတုန်၏ထူပြီး တစ်လက်လက်တောက်ပနေသော ရှေးဟောင်းလှံရှည်ကြီးဖြင့် သူ၏ဝမ်းဗိုက်ကို ထိုးဖောက်ခံရထားလေသည်။
သွေးအနည်းငယ် လေထဲသို့ ပျံ့လွင့်သွားပြီး
“အင့်... ဟာ့~~~”
တိတ်ဆိတ်နေသော မဟာရှေးဟောင်းကျောက်တိုင်ရှေ့တွင်၊ လင်းလန်တျန်း၏ နာကျင်မှုကြောင့်ညည်းညူသံသာ ကြားနေရသည်။ သူ၏ နှုတ်ခမ်းကခြောက်သွေ့နေပြီး၊သွေးများ နှုတ်ခမ်းထောင့်မှစီးကြလာသည်။
ဤမြင်ကွင်းက ကျောက်တိုင်အောက်ရှိ ကျင့်ကြံသူအားလုံးကို အံ့အားသင့်ငေးမောစေခဲ့သည်။
မဟာယန်မင်းဆက်၏ ထူးချွန်ဆုံး၊ လူငယ်မျိုးဆက်၏ အထူးချွန်ဆုံး လင်းလန်တျန်းက ယနေ့ရှုံးနိမ့်ခဲ့ရလေပီ
သူက အပြတ်အသတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
“လင်းလန်တျန်း အစ်ကိုကြီး”
“လန်တျန်း”
... လင်းမိသားစုဝင်များင မယုံနိုင်ဖွယ် အော်လိုက်မိကြသည်။
ဤသည်မှာ သူတို့ မြင်လိုသောမြင်ကွင်း လုံး၀မဟုတ်ပေ။
ယနေ့ လင်းတုန်နှင့် လင်းလန်တျန်းတို့၏ စွမ်းဆောင်မှုကို ကြည့်လျှင်၊ မဟာယန်မင်းဆက်တစ်ခုလုံးအနှံ့တွင် ဝူယွမ်မှလွဲ၍ ဘယ်သူက ယှဉ်နိုင်မည်နည်း။
ထိုအရာက လင်းမိသားစုအတွက် ဂုဏ်ယူစရာ ဖြစ်သင့်သော်လည်း၊ ဤကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
သူတို့၏ စိတ်နှလုံးများ ကွဲအက်ပြီး၊ ကြီးမားသော နောင်တ၊ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
လင်းလန်တျန်းအတွက်သာမကဘဲ၊
လင်းတုန်အတွက်လည်း ထိုနည်းတူပင်။
အကယ်၍ ထိုနှစ်ဦး တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ခဲ့ပါက၊ ဤသည်မှာ လင်းမိသားစုအတွက် အတောက်ပဆုံးခေတ်တောင် ဖြစ်နိုင်ခဲ့ပေသည်။
လင်းလန်တျန်းက အသက်မျှင်မျှင်သာ ကျန်ရှိပြီး၊ သူ၏ မိန်းမဆန်သော မျက်လုံးများထဲတွင် မကျေနပ်ချပ်များဖြင့် ပြည့်နှက်နေသည်။
သူက ပိုအားကောင်းလာရန် အထင်အရှားအမျိုးသားတစ်ဦး၏ ဂုဏ်သိက္ခာကိုပင် စွန့်လွှတ်ကာ ဆရာကြီးမု ပေးသော “ကောင်းကင်ချို့ယွင်းချက် ကျန်ရစ် ယင်အတတ်” ကို လေ့ကျင့်ခဲ့သော်လည်း၊ လင်းတုန်ကို ရှုံးနိမ့်နေဆဲဖြစ်သည်။
“ဆရာမု၊ ဘာလို့လဲ ၊ ဘာလို့လဲ…..”
လင်းလန်တျန်းက အကြီးအကျယ် အော်ဟစ်လိုက်ပြီး၊ သူ၏ဖြူဖပ်ဖြူရော် မျက်နှာက လှုပ်ရှားနေက မျက်နှာအမူအရာ နှစ်မျိြးဖြင့် လူနှစ်ယောက်ကဲ့သို့ လိမ်နေလေသည်။
“အခွင့်အရေးရှိသေးတယ်”
ထိုအချိန် အိုမင်းသော အသံတစ်ခုက လင်းလန်တျန်း၏ ကိုယ်ခန္ဓာအတွင်းမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ဤအချိန်တွင်၊ ဆရာမုလည်း အနည်းငယ် စွမ်းအားမဲ့နေသကဲ့သို့ ခံစားလိုက်ရသည်။
လင်းတုန်၏ ကြီးထွားမှုက သူ့မျှော်လင့်ချက်ထက် သိသိသာသာကျော်လွန်နေပြီး၊ ပိုအားကောင်းသော ဝူယွမ်လည်း ရှိနေသည်။ ဤအရာက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
သူ အသက်ရှင်စဉ်တုန်းက နိဗ္ဗာန်အဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း၊ သူ၏အကူအညီဖြင့်ပင် လင်းလန်တျန်းက လင်းတုန်ကို အနိုင်ယူနိုင်ခြင်းမရှိသေးချေ။
“သူတို့က ဒီအဆင့်ထိ ဘယ်လို ရောက်လာကြတာလဲ”
မေးခွန်းတစ်ခု ဆရာမု၏ အားနည်းသော ဝိညာဉ်ထဲတွင် ပေါ်လာလေသည်။
“ဗုံးဗုံး ဗုံး...”
ရုတ်တရက်၊ မဟာရှေးဟောင်းကျောက်တိုင်၏ အတားအဆီးက တုန်ခါလာပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး အက်ကြောင်းများပေါ်လာသည်။
ရွှီး ရွှီး ရွှီး!
လူအားလုံး၏ အာရုံက ကျောက်တိုင်ဆီသို့ လှည့်သွားကြသည်။
မရေမတွက်နိုင်သော စိတ်လှုပ်ရှားတက်ကြွလာပြီး မျှော်လင့်စောင့်စားနေသော မျက်လုံးများအောက်တွင်၊ မဟာရှေးဟောင်းလွင်ပြင်အနက်ထဲတွင် တည်ရှိနေသော ကြီးမားသည့်ကျောက်တိုင်ကြီးက တဖြည်းဖြည်းချင်း ပြင်းထန်လှသော တုန်ခါမှုစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ဤတုန်ခါမှုအောက်တွင်၊ ကျောက်တိုင်ပေါ်ရှိ မူလက ရှင်းလင်းနေသော ရှေးဟောင်းရူန်းများက တဖြည်းဖြည်း မှေးမှိန်လာကာ စတင်ပျောက်ကွယ်သွားလေသည်။
“မဟာရှေးဟောင်းကျောက်တိုင်ရဲ့ အတားအဆီးက ပျောက်ကွယ်တော့မယ်!
မဟာရှေးဟောင်းကျောက်တိုင်ပေါ်ရှိ ရှေးဟောင်းရူန်းများ မှေးမှိန်လာသည်နှင့်အမျှ၊ ဝူယွမ်သည်လည် မျက်လုံးများကို ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ကြည့်လိုက်သည်။ သူက ကြီးမားသောကျောက်တိုင်ကြီးကို အံ့အားသင့်စွာကြည့်နေရင်း နှလုံးသားထဲတွင် ချီးကျူးဂုဏ်ပြုမှုများဖြင့် ပြည့်နှက်နေသည်။ အချိန်အတော်ကြာပြီးတာတောင် ရှေးဟောင်းကျောက်တိုင်ပေါ်ရှိ စွမ်းအင်တုန်ခါမှုများက အခုလောက်ကြောက်မက်ဖွယ် ကောင်းနေဆဲဖြစ်သည်။ ထိုရှေးဟောင်းဂိုဏ်းက သူ၏ဖွံ့ဖြိုးသောခေတ်ကာလတွင် မည်မျှကျယ်ပြန့်ပြီး ဘယ်လောက်ကြီးကျယ်ခမ်းနားခဲ့မည်ကို သူစိတ်ကူးယဉ်မိသွားသည်။
ရုတ်တရက်၊ ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းတစ်ခုက လင်းတုန်နှင့် လင်းလန်တျန်းတို့၏ ဘေးတွင် ပေါ်လာလေသည်။
အနက်ရောင်တွင်းဝတစ်ခုပုံစံ အက်ကွဲကြောင်းက သူတို့နှစ်ဦးကို ဆွဲငင်နေသည့်အတိုင်းပင်။
သူတို့တိုက်ပွဲမှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများက သူတို့တည်ရှိရာနေရာ၏ လေဟာနယ်စည်းမျဉ်းကို ချိုးဖျက်ပစ်လိုက်မိပြီး၊ ကြီးမားသော လေဟာနယ်ကွဲကြောင်းတစ်ခု ပေါ်လာစေခဲ့သည်။
“အခုက အချိန်ကောင်းဘဲ၊ လန်တျန်း၊ မင်းရဲ့ကိုယ်ခန္ဓာကို ငါ့ပေးလိုက်”
လင်းလန်တျန်း၏ ကိုယ်ခန္ဓာအတွင်းတွင်၊ အိုမင်းသောအသံက တစ်ဖန် ပဲ့တင်ထပ်လာပြီး၊ အသံအရ အနည်းငယ် စိတ်လှုပ်ရှား နေဟန်ရသည်။
ရုတ်တရက်၊ လင်းလန်တျန်း၏ မျက်လုံးများက ပြောင်းလဲသွားပြီး၊ အရင်လိုမိန်းမဆန်မနေတော့ပေ။ သူက လက်နှစ်ဖက်ဖြင့် လင်းတုန်၏လှံထိပ်ကို ထောက်လိုက်ပြီး၊ သူ့ကိုယ်မှကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များ ပန်းထွက်လာကာ၊ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ရှေးဟောင်းလှံရှည်မှ ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
သွေးများအလုံးအရင်း၊ ပန်းထွက်လာပြီး လေထဲသို့ ပြန့်ကျဲသွားသည်။ လင်းလန်တျန်း၏မျက်လုံးများက ဝူယွမ်နှင့် လင်းတုန်ကို လျက်တပြက်ကြည့်ကာ၊ သူက မတွန့်ဆုတ်ဘဲ လေဟာနက်ကွဲကြောင်းထဲသို့ ခုန်ချလိုက်သည်။
သူ၏လွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက်က မဟာရှေးဟောင်းကျောက်တိုင်အတွင်း၌ ပုန်းအောင်းနေရန် ဖြစ်သည်။
လင်းတုန်က လင်းလန်တျန်း ရုတ်တရက် ကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ ပြုမူလာမည်ဟု မမျှော်လင့်ခဲ့ပေ၊ လင်းလန်တျန်းက ဒဏ်ရာအပြင်းအထန် ရထားသည်ကို လျစ်လျူရှုကာ၊ သူ၏အသက်ရှူသံက ချက်ချင်းဆိုသလို ပိုအားကောင်းလာလေသည်။
“ဟမ့်၊ ထွက်ပြေးဖို့ကြိုးစားနေတာလား”
လင်းတုန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မတွန့်ဆုတ်ဘဲ သူ့နောက်ကို လိုက်လေသည်။
သူ၏ပုံရိပ်ကလည်း မှောင်မိုက်နေသော လေဟာနယ်ကွဲကြောင်းထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားလေသည်။
“ညီနှစ်၊ သတိထား”
ဝူယွမ်က စိတ်မသက်သာဖြစ်သွားပြီး အော်ခေါ်လိုက်သည်။
လင်းတုန်၏ လင်းလန်တျန်းအပေါ် အမုန်းများကများလွန်းလှသည်၊ ဤအခြေအနေတွင်ပင်၊ သူက လင်းလန်တျန်း ကိုလွှတ်ပေးရန် ဆန္ဒမရှိဘဲ သူ့နောက်ကို အတင်းပြေးလိုက်သွားလေသည်။
ဤအချိန်တွင်၊ ကျောက်တိုင်ပေါ်ရှိ ရူန်းများကလည်း ပိုမှေးမှိန်လာပြီး၊ နောက်ဆုံးရှေးဟောင်းရူန်းများက အပြီးတိုင် လုံးဝပျောက်ကွယ်သွားလေသည်။
နောက်ဆုံး ရှေးဟောင်းရူန်းများ ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက်၊ ကြီးမားသောကျောက်တိုင်ကြီးက ရုတ်တရက် အပြင်းအထန် တုန်ခါသွားသည်။ အတိုင်းမသိစွမ်းအားတစ်ခုက ကျောက်တိုင်အတွင်းမှ တိမ်တိုက်များကဲ့သို့ ပြန့်နှံ့လာကာ၊ နောက်ဆုံး ကျောက်တိုင်မျက်နှာပြင်ပေါ်တွင် ဝေ့ဝဲနေလေသည်။ ထိုစွမ်းအားက ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်း ပေရာနှင့်ချီ အရွယ်အစားရှိသည့် ကြီးမားသော စွမ်းအင်ဝဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဝဲကြီးကလှည့်ပတ်နေရင်း ဤကမ္ဘာ၏ယွမ်စွမ်းအင်ကို အပြင်းအထန် စုပ်ယူနေသည်။ ဝဲ၏အဆုံးတွင်၊ မှောင်မှိုက်မှု အေးစက်မှုတို့ဖြင့် ပြည့်နှက်နေပြီး၊ လူများအား အလွန်လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းလေသည်။
“ ဝေါင်း ”
လေ�သိန်းငှက်ကို စားသောက်ပြီးသွားသော ရှောင်ယန်က ပါးစပ်ထဲမှ ငှက်မွေးများဖြင့် ဟိန်းဟောက်လိုက်ကာ၊ သူလည်း လင်းတုန်အတွက် စိုးရိမ်နေပုံရသည်။
“သွားကြရအောင်!”
ဝူယွမ်က ရှောင်ယန်၏ကျောပေါ်သို့တက်ကာ၊ ပိုင်ယွမ်ကို သူ့လက်နှစ်ဖက်ဖြင့်ပွေ့ပြီး၊ မုချန်ချန်နှင့် ဝူစီအား ပြောလိုက်သည်။
ထို့နောက် သူတို့သည်လည်း ကြီးမားသော လေဟာနယ်ကွဲကြောင်းထဲသို့ ခုန်ချလိုက်ကြသည်။
“အစ်ကို၊ ကျွန်မကိုစောင့်ပါအုံး”
မုချန်ချန်ကလည်း ချိုမြိန်စွာအော်ခေါ်လိုက်ပြီး၊ ဝူယွမ်၏နောက်သို့ ပြေးလိုက်ရင်း၊ တိုက်ရိုက် ရှောင်ယန်ပေါ်တွင်ထိုင်လိုက်ကာ၊ သူမ၏လက်နှစ်ဖက်ဖြင့် ဝူယွမ်၏ခါးကို ဖက်ထားလေသည်။
ဗုံး ဗုံး၊
ဤအချိန်တွင်၊ ပတ်ဝန်းကျင်မှ ကြီးမားသောဖိအားများ ရောက်ရှိလာပြီး၊ အင်အားတစ်ခုက သူ့ကို ဝင်ရောက်ခြင်းမှ တွန်းထုတ်နေသည်ဟု ထင်ရသည်။ သို့သော် ဤအင်အားက ဝူယွမ်ကို မထိခိုက်နိုင်ချေ။ မုချန်ချန်ကတော့ ဝူယွမ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရလေသည်။
ဘယ်လိုတောင်၊ စိတ်ခြောက်ခြားစရာ ကဝေမလေးလဲ၊
ဝူယွမ်ပါးစပ် ခြေက်သလိုခံစားလိုက်ကာ သူ၏ညီမငယ်က ဖျားယောင်းရာတွင် အလွန်ကျွမ်းကျင်ဟန်ရသည်။
မွေးရာပါ ဆွဲဆောင်မှုကိုယ်ခန္ဓာ၊ အဲ့တာနဲ့လိုက်ဖက်တဲ့ ကျင့်စဉ်၊ကျင့်ကြံချင်းနည်းလမ်း၊ ကျင့်ကြံခြင်းပါရမီ၊ လေးခုပေါင်းစပ်လိုက်သောအခါ ကြောက်မက်ဖွယ်ရာပင်။
ဝူယွမ်ဝင်ပြီးနောက်၊ ကျောက်တိုင်ရှေ့ရှိ လူများက အက်ကွဲကြောင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြပြီး၊ ရဲရဲရင့်ရင့် ခုန်၀င်လိုက်ကြသည်။
ကျောက်တိုင်၀န်းကျင် အခြေအနေတစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။ သိပ်သည်းသောလူအုပ်ကြီး ထွက်ပေါ်လာပြီး၊ ကျိုင်းကောင်များကဲ့သို့သော အရိပ်များက ကောင်းကင်နှင့် နေကိုပင် မှောင်မိုက်စေကာ၊ စွမ်းအင်ဝဲကြီးဆီသို့ ရူးသွပ်စွာ ပြေးဝင်နေကြလေသည်။
သို့သော် မဟာရှေးဟောင်းကျောက်တိုင်အတွင်းသို့ ဝင်ရောက်ရန်မှာ ဤမျှလွယ်ကူသည်မဟုတ်ပေယ တွန်းကန်အင်အားကြောင့် သဏ္ဍာန်ပြောင်းအဆင်ါ စွမ်းအားမရှိဘဲ ဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့်၊ မရေမတွက်နိုင်သော ပုံရိပ်များက စွမ်းအင်ဝဲကြီးထဲသို့ ပြေးဝင်ပြီးနောက်၊ မကြာမီအတွင်း ပုံရိပ်များက ပြန်ပစ်ထုတ်ခံခဲ့ရသည်၊ စွမ်းအင်ဝဲကြီးမှ ထွေးထုတ်လိုက်သကဲ့သို့ လူအေတာ်များများ မြေပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပြုတ်ကျသွားကြသည်။
သို့သော်၊ လူအများစုကတောါ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်... ချီး ချီး!
ကျယ်ပြန့်သော လွင်ပြင်ကြီးပေါ်တွင်၊ တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးနေလေသည်။ တိုင်အတွင်းရှိ လွင်ပြင်တစ်ခုလုံး တိတ်ဆိတ်မှုကသာကြီးစိုးနေလေသည်။
ယနေ့၊ ဤကြီးစိုးမှုကို လူတစ်ဦးက ဖျက်သိမ်းတော့လေမည်။ ရုတ်တရက်၊ ကောင်းကင်ယံရှိ လေဟာနယ်က လှုပ်ရှားလာပြီး၊ လေဟာနယ်ထဲတွင် မရေမတွက်နိုင်သော အက်ကြောင်းများပေါ်လာကာ၊ ပုံရိပ်အချို့က နည်းနည်း ကိုးလိုးကန့်လန့်ဖြင့် ကောင်းကင်မှကျလာကြပြီး၊ ယွမ်စွမ်းအင်ကို အမြန်အသုံးပြု၍ သူတို့၏ဆင်းသက်မှုကို နှေးကွေးစေကာ မြေကြီးပေါ်တွင် တည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့သည်။
ဝူယွမ်နှင့် မုချန်ချန်တို့သည်လည်း ကျားပေါ်တွင် စီးနင်းလျက် ကောင်းကင်မှ ဆင်းသက်လာကြသည်။
အတိုင်းအဆမရှိသော လွင်ပြင်ကြီးကို ကြည့်ရင်း၊ ဝူယွမ်၏မျက်လုံးများထဉတွင်လည်း အံ့အားသင့်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ကျောက်တိုင်အတွင်း၌ ကမ္ဘာတစ်ခု တည်ဆောက်ခြင်း၊ ဤနတ်ဘုရားနည်းလမ်းက လူတစ်ဦးအား မယုံနိုင်စရာကောင်းလောက်အောင် အံအားသင့်မှုက ခံစားရစေသည်။
မုန်လာစေ့တစ်စေ့ထဲ မြင့်မိုရ်တောင်ကို ထည့်သွင်းထားပြိး၊ မြင့်မိုရ်တောင်က ကမ္ဘာသုံးထောင်ကို ထည့်သွင်းထားနိုင်သည်!
ဤသည်မှာ နက်ရှိုင်းသော သေးငယ်သည့်ကမ္ဘာလေးတစ်ခုဖြစ်သည်။
အပြင်ဘက်ရှိ ကျောက်တိုင်ပေါ်တွင်၊ ဝူယွမ်က ရူန်းများစွာအနက်၊ မူလ လေဟာနယ်ရူန်းများ ပါဝင်သည်ကို တွေ့မြင်နိုင်ခဲ့သည်။
သို့သော်၊ လေဟာနယ်ရူန်းများက ကျောက်တိုင်၏အသေးစားအစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး၊ ကျောက်တိုင်တစ်ခုလုံး၏ ရူန်းဖွဲ့စည်းပုံ အပြည့်အစုံကို သူချက်ချင်းမြင်နိုင်ခြင်းမရှိခဲ့ပေ။
ထိုအရာက အလွန်ရှုပ်ထွေးလွန်းလှသည်။
ဒီနေရာရှိ ရှေးဟောင်းဂိုဏ်းက အတိတ်ကာလတွင် အလွန်အားကောင်းခဲ့ရမည်၊ သို့မဟုတ်ပါက မူလရူန်းများစွာကို နားလည်နိုင်မည်မဟုတ်ပေ။
မဟာရှေးဟောင်းကျောက်တိုင် ကိုယ်တိုင်က အားကောင်းသော လေဟာနယ်ရတနာတစ်ပါးဘဲဖြစ်သည်။ ဤနေရာတွင် အဖိုးတန်ဆုံးအရာမှာက ကျောက်တိုင်ကြီးကိုယ်တိုင်ဖြစ်သည်။
ဝူယွမ်က ကျား၏ကျောပေါ်မှ အဝေးသို့ ကြည့်သည်။ ဤအချိန်တွင်၊ ပြန်ါကျဲနေသော ပုံရိပ်များက သူတို့ပတ်ဝန်းကျင်တွင် ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။
ဝင်ပြီးနောက်၊ ဤလူများအားလုံးက သံသယအနည်းငယ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေကြသည်။
“အစ်ကို၊ ရှေးဟောင်းကျောက်တိုင်လေဟာနယ်က အရမ်းထူးဆန်းတာဘဲ ဝင်လာတဲ့သူတိုင်းက ကျပန်းနေရာချထားခံရတယ်။ တစ်ကယ်လြိါ ကျွန်မက ခုနက အစ်ကိုကို တင်းတင်းကျပ်ကျပ်မဖက်ထားခဲ့ရင်၊ အစ်ကိုနဲ့ ကျွန်မ နေရာကွဲသွားဖို့များတယ်”
သူမက ဝူယွမ်ကို ရစ်ပတ်ထားသော လက်မောင်းများကို ဖြေလျှော့ပေးရင်း နူးညံ့စွာပြောလိုက်သည်။ သူမ၏ ကျောက်စိမ်းလက်များ မဖယ်မီ၊ ဝူယွမ်၏ခါးကို ညင်သာစွာ ညှစ်လိုက်လေသည်။
“ဒါကြောင့်လား။ ဒါဆို ညီနှစ်က လင်းလန်တျန်းကို ဖမ်းနိုင်မှာ မဟုတ်တော့ဘူး”
ဝူယွမ်က မျက်ခုံးကျုံ့လိုက်မိသည်။
“ဟုတ်ကဲ့၊ ဝင်ပြီးတဲ့နောက်၊ လူတိုင်း နေရာအနှံ့ပြန့်ကျဲသွားကြတယ်။ ပြီးတော့ ဒီရှေးဟောင်းကျောက်တိုင်အာကာသက အရမ်းကျယ်ပြန့်လို့၊ တစ်ယောက်ပြီး တစ်ယောက်ဝင်လာရင်တောင်၊ အဝေးဆုံးထောင့်နှစ်ခုမှာ ရောက်သွားနိုင်တယ်” မုချန်ချန်က နာခံစွာ ခေါင်းညိတ်လိုက်ပြီး ခွဲခြမ်းစိတ်ဖြာပြောပြနေသည်။
“အရင်ဆုံးကိုယ့်ဘာသာကိုယ် စူးစမ်းလေ့လာကြည့်ကြရအောင်” ဝူယွမ်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
သူက လင်းတုန်အတွက် သိပ်မစိုးရိမ်ချေ။ ရှောင်တျောင်းလည်း ပါသွားသည့်အတွက်၊ လင်းလန်တျန်းတွင် ဆရာမု ရှိနေသော်လည်း သူမကြောက်ပေ။
ထို့အပြင်၊ လင်းလန်တျန်းက အပြင်းအထန်ဒဏ်ရာရပြီးဖြစ်ကာ၊ ဤအခြေအနေတွင်၊ သူက မသေရန်ပြေးနေရုံသာဖြစ်သည်။ လင်းတုန်နှင့်တွေ့ဆုံလိုက်ခြင်းက၊ သူ၏သေမင်းကို တွေ့ဆုံလိုက်ခြင်းသာဖြစ်သည်။
“မိစ္ဆာတစ်ကောင် နှစ်တစ်ထောင်အသက်ရှင်တယ်”
ဝူယွမ်က ခပ်ပြတ်ပြတ် ပြောရခြင်းမှာ၊ ဤတစ်ကြိမ် လင်းလန်တျန်းကို မသတ်နိုင်ခဲ့ပါက သူ့အား နောက်ထပ်နှစ်အနည်းငယ်ကြာလျှင် ဒုက္ခပေးရန်ထွက်လာအုံးမည်ဖြစ်သောကြောင့် ဖြစ်သည်။
“အင်း~”
ဝူယွမ်က သူ၏ခြေထောက်အောက်ရှိ မြေကြီး ရုတ်တရက် တုန်ခါသွားသည်ကို ခံစားမိလိုက်ပြီး၊ အဝေး မြေပြင်ပေါ်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဆယ်ပေ အရွယ်အစားရှိ ဧရာမအရောင်နှစ်မျိုး တွဲစပ်ထားသည့် ကျောက်ပိုးကောင်ကြီးတစ်ကောင်က မြေအောက်မှ ထွက်ပေါ်လာပြီး၊ သွားရည်ကျနေသော ကြီးမား၊ ကြမ်းတမ်းသော ပါးစပ်ကြီးဖြင့်၊ သူ့အနားရှိ လူသုံးယောက်ကို မျိုချလိုက်ကာ၊ သူတို့၏ စူးရှသောအော်ဟစ်သံများ ကောင်းကင်ယ့တွင် ချက်ချင်းပဲ့တင်ထပ်သွားလေသည်။
“ဝိုး၊ အစ်ကို၊ ဒီပိုးကောင်က အရမ်းရွံစရာကောင်းတာပဲ”
မုချန်ချန်က ဝူယွမ်၏လက်မောင်းကို ဆုပ်ကိုင်ကာ၊ ရွံရှာစွာဖြင့် ပြောလိုက်သည်။
ကံမကောင်းသူ သုံးဦးကို မျိုချပြီးနောက်၊ ရုပ်ဆိုးသော သဲကျောက်ပိုးကောင်က အဝေးရှိ ဝူယွမ်ဆီသို့ အန္တရာယ် ပေးမည့်ဟန်ဖြင့် စိုက်ကြည့်လိုက်သော်လည်း၊ သူက ပြေးမ၀င်လာခဲ့ပေ။ ထိုအကောင် ဝူယွမ် စီးနင်းထားသော ရှောင်ယန်ကို ကြောက်ရွံ့သောအကြည့်ဖြင့် ကြည့်နေပြီး၊ ဤအချိန်တွင် ရှောင်ယန်က ပိုးကောင်ကိုကြည့်နေရင်း သွားရည်များကျနေသဖြင့်၊ သဲကျောက်ပိုးကောင်ကို အမြန်ဆုံး မြေအောက်ထဲသို့ ပြန်ဝင်သွားစေခဲ့သည်။
“ညီမငယ်၊ ဂရုစိုက်နေပါ၊ မဟုတ်ရင် အစ်ကိုက မင်းရဲ့ အပျိုရည်ကို အခုချက်ချင်းဖြတ်တောက်ပစ်ရလိမ့်မယ်”
ဝူယွမ်သည် မုချန်ချန်၏လက်ကို သူ၏လက်မောင်းမှ ဖယ်ရှားပစ်ရင်း၊ သူ၏မျက်လုံးများက ပြင်းထန်သော လိုအင်ဆန္ဒ အကြည့်ဖြင့် သူမ၏ကိုယ်ခန္ဓာတစ်ခုလုံး ဖြတ်သန်းကြည့်လိုက်ကာ၊ သူမကို ခြိမ်းခြောက်လေသည်။
မုချန်ချန်က ‘ကျောက်စိမ်းမိန်းမပျို လူ့လောကနှင့် ကောင်းကင်ဘုံကျမ်း’ ကို လေ့ကျင့်သည့်အချိန်မှစ၍၊ လူကို စိတ်ကိုလှုပ်ရှားစေသော စွဲမက်ဖွယ်ကောင်းမှုက သူမ၏အရိုးများမှ ထွက်ပေါ်လာသည်ဟုပင် ထင်ရသည်။ စွဲမက်ဖွယ်ကောင်းသည့် ကိုယ်ခန္ဓာ၏ မွေးရာပါအနံ့အသက်နှင့်အတူ၊ သူသည် မွေးရာပါ ရမက်ဆန်သောအကျိုးသက်ရောက်မှုရှိပြီး၊ လူများကို မသိစိတ်ကနေ သူမကို စွဲလန်းလာစေရန် လုပ်ဆောင်လာနိုင်သည်။
ယခုအခါ၊ မုချန်ချန်၏လုပ်ရပ်များက ဤမျှအပြုသဘောဆောင်ပြီး ရဲရင့်နေခြင်းကြောင့်၊ ဝူယွမ်က မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အားကောင်းသော်လည်း၊ သူက ယန်ဓာတ်ပြင်းထန်သူ ဖြစ်သောကြောင့်၊ ထိုသို့သော စိန်ခေါ်မှုများက အန္တရာယ်ရှိလွန်းသည်။
“အစ်ကို၊ ကျွန်မ လေ့ကျင့်ရေးနည်းလမ်းက လုံးဝအောင်မြင်အောင် မလေ့ကျင့်ရသေးတော့၊ အစ်ကို့ကို နည်းနည်းလေ့ကျင့်ဖို့ သုံးနေတာထ ကျွန်မရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်မလို့ကို အစ်ကိုက ဘာလို့ ဒီလောက်စိတ်မရှည်ဖြစ်နေတာလဲ။ ပျော်ဖွယ်ဂိုဏ်းမှာ အစ်ကိုနဲ့ ညီမငယ်နှစ်ယောက်ပဲရှိတယ်။ မကြာခင်မှာ ညီမငယ်က အစ်ကိုရဲ့ ….. ဖြစ်လာမှာပါ။”
မုချန်ချန်က ရဲရဲရင့်ရင့်ဖြင့် တဲ့တိုးပြောဆိုလိုက်ပြီး သူမ၏မျက်လုံးများတက ဖုံးကွယ်၍ပင်မရသော စွဲမက်ဖွယ်ကောင်းမှု တစ်ခုရှိနေသည်။
သူမ၏စကားလုံးများကအစ စွဲမက်ဖွယ်ကောင်းနေဆဲဖြစ်ပြီး၊ ဝူယွမ်လည်း အတည်ပြောတာလား ဆွဲဆောင်နေခြင်းလား ခွဲခြားသိမြင်နိုင်စွမ်း မရှိတော့ပေ။
မွေးရာပါ ဆွဲဆောင်မှု ကိုယ်ခန္ဓာကို ကျင့်ကြံရာတွင် ကိုယ်ခန္ဓာ၏စွဲမက်ဖွယ်ကောင်းမှုကို အပြည့်အဝထုတ်လွှင့်ရန်၊ စိတ်တိုင်းကျထိန်းချုပ်နိုင်ဖို့ လိုအပ်သည်။
ရှင်းရှင်းလင်းလင်းပြောရလျှင်၊ မုချန်ချန်က ယင်းကို မလုပ်နိုင်သေးပေ၊ ထို့ကြောင့် သူမက ဝူယွမ်အပေါ် သူမ၏စွဲမက်ဖွယ်ကောင်းသည့် ညို့ငင်နိုင်စွမ်းကို မကြာခဏအသုံးပြုခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းက အမှန်တကယ်တွင် အလွန်အန္တရာယ်ရှိမှန်းသိသော်လည်း၊ ဦးတည်ချက်မှာ ဝူယွမ်ဖြစ်သောကြောင့်၊ မုချန်ချန်က ထိုသို့လုပ်ဆောင်ရသည်ကို မစိုးရိမ်သည့်အပြင်ဘဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။
ဝူယွမ်က မုချန်ချန်ကို သူ၏လက်နှစ်ဖက်ဖြင့် ဆွဲယူပြီး သူမ၏လက်များကို ကိုင်ကာ သူမ၏နူးညံ့ပြီး နီမြန်းနေသော နှုတ်ခမ်းများကို ဖိကပ်ထားလိုက်သည်။
သူက မုချန်ချန်ကို ကြမ်းကြမ်းတမ်းတမ်း နမ်းလိုက်သည်။
“ငါ့ကို ထပ်မစိန်ခေါ်နဲ့တော့။ လေ့ကျင့်ချင်ရင် အခြားအချိန်နဲ့နေရာ တစ်ခုခုရွေးပြီး လေ့ကျင့်၊ မဟုတ်ရင် ဒီမှာ မင်းအစ်ကိုက သူ့ကိုယ်သူ ထိန်းချုပ်လို့မရတော့ဘူး။”
နမ်းပြီးသည်နှင့်၊ ဝူယွမ်က မုချန်ချန်ကို တွန်းထုတ်လိုက်သည်။
မုချန်ချန်က နေရာတွင်ရပ်နေရင်း ခဲသွားသည်။ သူမ၏ပထမဆုံးအနမ်းက အခုလို ပျောက်ကွယ်သွားခဲ့သည်။
“အိုး၊ အစ်ကို၊ ဘာဖြစ်လို့ ဒီလိုလုပ်နိုင်ရတာလဲ”
မုချန်ချန်သက လေထဲတွင် သူမ၏လက်မောင်းများကို ရူးသွပ်စွာလွှဲရမ်းရင် သူမ၏ကိုယ်ခန္ဓာက အနည်းငယ် နေရာမကျသလို ခံစားနေရသည်။
သူမ၏နှလုံးသားကလည်း တဒိန်းဒိန်းခုန်နေပြီး၊ သူမ၏မျက်နှာက နီမြန်းကာ နားရွက်များ ပူလောင်နေသည်။
စကားလုံးများဖြင့် ဆော့ကစားခြင်းက ကောင်းသော်လည်း၊ အမှန်တကယ်လက်တွေ့ကျသော အရာ ရောက်လာသည့်အခါ၊ သူမ ကြောက်ရွံ့သွားခဲ့သည်။
ဝူယွမ် သူ၏နှုတ်ခမ်းများကို လျှာဖြင့်လျက်လိုက်ပြီး၊ အရသာကို မြည်းစမ်းရကည့်လိုက်သည်။ မွေးရာပါ ဆွဲဆောင်မှု ကိုယ်ခန္ဓာက တကယ်ဘဲ ကွဲပြားခြားနားနေသည်။ အချို့အရာများကို စကားလုံးများဖြင့် ဖော်ပြ၍ပင်မရနိုင်ပေ။ သူတစ်ဦးတည်းသာ ခံစားနိုင်သည်။ အတိုချုပ်အားဖြင့်၊ ယင်းက အလွန်ချိုမြိန်လွန်းသည်။
“ညီမငယ်၊ ငါမင်းကို ရှင်းရှင်းလင်းလင်း ပြောပြမှရမယ်၊ ငါမင်းရဲ့ စွဲမက်ဖွယ်ကောင်းမှုကို အလွယ်တကူ ခံနိုင်ရည်ရှိတဲ့အကြောင်းက ငါမျက်လုံးနည်းလမ်းတွေကို လေ့ကျင့်ပြီး ဝိညာဉ်စွမ်းအင်အားကောင်းလို့ပါ၊ ငါ့မှာ ခိုင်မာတဲ့စိတ်ခွန်အား ရှိလို့မဟုတ်ဘူး၊ ငါက တရားမျှတပြီး ဂုဏ်သတင်းကောင်းတဲ့လူ၊ ဒါမှမဟုတ် အလှကို လျစ်လျူရှုတဲ့လူလည်း မဟုတ်ဘူး။
ဆန့်ကျင်ဘက်အနေနဲ့၊ မင်းအစ်ကိုက ရမက်ထက်သန်တဲ့လူ၊ ကြမ်းတမ်းပြီး သည်းမခံတတ်တဲ့လူပါ။ မင်းကျွေးတဲ့ အသားကို မစားဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အထူးသဖြင့် ဒီလောက်အရသာရှိတဲ့ အသားကိုပေါ့။”
ဝူယွမ်က ဂရုတစိုက် ပြောဆိုခဲ့သည်။
ယခင်ဘဝနှင့် ယခုဘဝနှစ်ခုစလုံးတွင် ရမက် စွဲလမ်းသူတစ်ဦးဖြစ်ခဲ့သော သူက အမြဲတမ်း လာရောက်သူအားလုံးကို ကြိုဆိုခဲ့သည်။
ဟုတ်ပေသည်။ ဝူယွမ်က လူယုတ်မာတစ်ဦးတော့မဟုတ်ပေ။ မုချန်ချန်လက်ရှိလေ့ကျင့်နေသော နည်းလမ်းက ရိတ်သိမ်းရန် အချိန်မဟုတ်သေးကြောင်း ရှင်းနေသည်။
နောက်ပိုင်းမှ အကျိုးကျေးဇူးများက ပိုကြီးမားလာလိမ့်မည်။
မုချန်ချန်က ထပ်မစ မရဲတော့ချေ။ သူမ၏စွဲမက်ဖွယ်ကောင်းသော အပြုအမူများကို ရုပ်သိမ်းလိုက်သည်။
သို့သော်၊ သူမ၏နှလုံးသားထဲတွင်တော့ ပျော်ရွှင်နေဆဲဖြစ်သည်။ ဤသည်မှာ ဝူယွမ်က သူမအား ထိုမျှလေးနက်စွာ ပြောဆိုခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ အနည်းငယ် ကြမ်းတမ်းသော်လည်း၊ အခုကိစ္စ သူမအစ်ကို၏နှလုံးသားထဲတွင် သူမအတွက် နေရာရှိပြီး၊ သူမအပေါ် စိတ်ဝင်စားမှုမရှိတာ မဟုတ်ကြောင်း သက်သေပြနေသည်။
တကယ်တော့၊ မုချန်ချန်၏ အပြုသဘောဆောင်သော အပြုအမူပ လေ့ကျင့်ရေးအတွက် လုံးဝမဟုတ်ချေ။ အဓိကအကြောင်းပြချက်မှာ ဝူယွမ်၏ကိုယ်ခန္ဓာမှ သူမအပေါ် ဆွဲဆောင်မှုကြောင့်ဖြစ်သည်။
သူမက ပျော်ဖွယ်ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်သောကြောင့်၊ အားကောင်းသောကိုယ်ခန္ဓာများနှင့် ပတ်သက်လာလှင် အလွန်အထိခိုက်မခံပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က သူမလိုအပ်သည့် ကြီးမားသော အားဖြည့်ဆေးများဖြစ်သောကြောင့်ဖြစ်သည်။
သူမတွေ့ဆုံခဲ့ဖူးသော အမျိုးသားအားလုံးအနက်၊ ဝူယွမ်နှင့် လင်းတုန်တို့သာလျှင် အားကောင်းဆုံးသော ကိုယ်ခန္ဓာများ ရှိကြပြီး၊ ဝူယွမ်၏ကိုယ်ခန္ဓာက လင်းတုန်၏ကိုယ်ခန္ဓာထက် ပိအားကောင်းလှသည်။
အတိုင်းအတာတစ်ခုအထိ၊ ဝူယွမ်ကလည်း သူမအတွက် ဆွဲဆောင်မှုလေရှိသည်။
“နားလည်ပါပီ၊ အစ်ကို။”
မုချန်ချန်သည် နှုတ်ခမ်း ဆူလိုက်ပြီး၊ နောက်ဆုံးတွင် အလိုက်အထိုက်ပြောလိုက်ရသည်။
“အစ်ကို၊ ဒီရှေးဟောင်းကျောက်တိုင်အတွင်းမှာရှိတဲ့ သားရဲအများစုက ရှေးဟောင်းခေတ်က တိုက်ရိုက်အမွေဆက်ခံထားတာတွေဘဲ။ တစ်ကောင်ချင်းစီက မယုံနိုင်လောက်စရာကောင်းအောင် ပြင်းထန်လွန်းတယ်၊ အမှားတစ်ခုလေးက လူတစ်ယောက်ကို သူတို့ရဲ့အစားအစာ သွားဖြစ်စေနိုင်တယ်။
ကျွန်မတောင်မှ ဂရုမစိုက်ဘဲ လျှောက်ပတ်မသွားရဲဘူး၊
နိဗ္ဗာန်အဆင့် သားရဲတွေတောင် ရှိတယ်လို့ ပြောကြတယ်၊ အစ်ကိုလည်း သတိထားရမယ်နော်”
“အမ်း”
ဝူယွမ်က ခေါင်းညိတ်လိုက်သည်။
အတွင်း၌ ရှိသော အန္တရာယ်များက သေးငယ်သည်မဟုတ်ကြောင်း၊ သူပင် သတိထားရမည်ဖြစ်ကြောင်း သူသေချာသိထားသည်။
【ဒင်း။ မဟာရှေးဟောင်းကျောက်တိုင်သို့ ရောက်ရှိပါပြီ။ ဆိုင်းအင်ဝင်ရောက်လိုပါသလား။】
ဤအချိန်တွင်၊ စနစ်၏အသံက နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေပီ။
ဝူယွမ်၏ နှုတ်ခမ်းထောင့်က ပြုံးသွားကာ၊ မတွန့်ဆုပ်နေဘဲ ချက်ချင်းပြောလိုက်သည်။
“ဆိုင်းအင်ဝင်ရောက်မယ်”