← Chapters

ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်၊ အရိုးစားယင်လေ

Vol. 12 Ch. 119

ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်၊ အရိုးစားယင်လေ

Vol. 12 Ch. 119

“ဆိုင်းအင် အောင်မြင်ပါသည်။ ဆုအဖြစ် - ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ် ”

“ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်က ပြီးပြည့်စုံသော ဤကမ္ဘာရှိ ဓားအတတ်သုံးမျိုးအနက်မှ တစ်မျိုးဖြစ်ပြီး အတွင်းစိတ်ကို အထူးတလည် မွေးမြူရန် ရည်ရွယ်ထားသည်။ အဆင့်တစ်ခုအထိ ရောက်အောင် အားထုတ်မှသာ အတွင်းစိတ်ကို ဓားအတတ်၏ အတွင်းစိတ်ဓားမျိုးစေ့ အဖြစ် ပြောင်းလဲနိုင်ကာ လူကို မမြင်ရဘဲ သတ်နိုင်ပေသည်။ ၎င်းသည် နတ်ဘုရားအဆင့်ထက် သာလွန်သော စိတ်ဝိညာဉ်ဆိုင်ရာ လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်။”

ဓားအတတ်ပညာဆိုင်ရာ အချက်အလက် များစွာက ဝူယွမ်၏ စိတ်ထဲသို့ လှိုင်းတံပိုးကဲ့သို့စီး၀င်လာခဲ့သည်။ သူက ယခုကဲ့သို့ အတွေ့အကြုံမျိုးက ပထမဆုံးအကြိမ် မဟုတ်တာကြောင့် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်နှင့် ပတ်သက်သော အချက်အလက်များကို မြန်မြန်ဆန်ဆန် လက်ခံယူနိုင်ခဲ့သည်။

ဤဓားအတတ်က စိတ်ဝိညာဉ်စွမ်းအင်နှင့် ဓားလမ်းစဉ် တို့ကို အံဝင်ခွင်ကျ ပေါင်းစပ်ထားသော အတတ်တစ်ခု ဖြစ်ပြီး သိပ်ကို အစွမ်းထက်လှသည်။

ပညာရပ်ထဲတွင် ဖော်ပြထားသော အတွင်းစိတ်ဆိုသည်မှာ စိတ်ဝိညာဉ်စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ အားထုတ်ပြီးနောက် ပေါင်းစည်းရယူသော တန်ခိုးအသီး တစ်ခု ဖြစ်သည်။

ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်က အလွန်စွမ်းအားကြီးလှသည်။ သူ၏ ဖျက်ဆီးမှုက အတွင်းစိတ်ကို ရည်ရွယ်ပြီး တိုက်ခိုက်သဖြင့် ရန်သူကို အလစ်ငိုက်တိုက်ခိုက်ရာတွင် အလွန်ကောင်းသည်။

“လက်ရှိအချိန်မှာ ငါစွမ်းအားကြီးမားတဲ့ စိတ်ဝိညာဉ်ဆိုင်ရာ လျှို့ဝှက်ပညာရပ် ကင်းမဲ့နေခဲ့တယ်။ ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်က အချိန်ကိုက် ရောက်လာတာဘဲ။”

ဝူယွမ်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ့တွင် လက်ရှိ ရှိသော အစွမ်းထက်ဆုံး စိတ်ဝိညာဉ်ဆိုင်ရာ လျှို့ဝှက်အတတ်မှာ ချီအဆင့်ရှိသော ဝိညာဉ်စွမ်းအင် လျှို့ဝှက်ပညာရပ် တစ်ခု ဖြစ်သည်။ ထိုပညာရပ်ကို အားနည်းသည်ဟု မဆိုနိုင်သော်လည်း သူ၏ ကိုယ်ခန္ဓာ ကျင့်စဉ်၊ သိုင်းပညာရပ်များနှင့် နှိုင်းယှဉ်လျှင် ဤချီအဆင့် ဝိညာဉ်စွမ်းအင် လျှို့ဝှက်ပညာရပ်က မလုံလောက်တော့ပေ။

“အစ်ကိုကြီး၊ အစ်ကိုကြီး”

မုချန်ချန်က နူးညံ့စွာ နှစ်ကြိမ်လောက် ခေါ်လိုက်သည်။

သူမ၏ စွဲဖက်ဖွယ်ကောင်းသော မျက်လုံးများထဲတွင် နည်းနည်း ရှုပ်ထွေးနေသည်။ ဝူယွမ်၏ ပုံပန်းသဏ္ဌာန်က ယခုအချိန်တွင် နည်းနည်း ထူးဆန်းနေပြီး သူ၏ မျက်လုံးများက ဝေဝါးနေကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု တွဲကျနေသည်။ သူမအနေနှင့် သူ ဘာကြောင့် ဤမျှ ပျော်နေရသည်ကို မစဉ်းစားတတ်ပေ။

“အိုး... ဒီနေရာက ကောင်းကင်နဲ့ မြေကြီး ယွမ်စွမ်းအင်က အပြင်ဘက်ထက် သိပ်သည်းမှု ပိုများနေတာဘဲ”

ဝူယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။

“အင်... အဖေပြောဖူးတယ်။ ဒီလို ဂိုဏ်းတွေရဲ့ နယ်မြေတွေက ကောင်းကင်နဲ့ မြေကြီး ယွမ်စွမ်းအင်ကို အထူးနည်းလမ်းတွေနဲ့ သိပ်သည်းအောင် လုပ်ထားတာ များတယ်တဲ့။ ဒါကြောင့် သဘာဝအလျောက် အပြင်ကမ္ဘာထက် သာလွန်ကြတယ်။ ဒီမှာ တစ်ရက် အားထုတ်တာက အပြင်မှာ ရက်ပေါင်းများစွာ အားထုတ်တာနဲ့ ညီမျှတယ်” မုချန်ချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အိုးးး၊ အဖိုးတန်ရတနာတစ်ခုပဲ။ ဒီမှာသာ အကြာကြီး ကျင့်ကြံနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ရှေးဟောင်းဂိုဏ်းတွေရဲ့ တပည့်တွေက တစ်ကယ်ကို ကံကောင်းတဲ့သူတွေဘဲ” ဝူယွမ်၏ မျက်နှာက အားကျခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤကဲ့သို့သော နေရာတွင် ကျင့်ကြံခြင်းက မိမိ၏ ကျင့်ကြံခြင်းမြန်နှုန်းကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။

သူက ရှေးဟောင်းဂူသင်္ချိုင်းတွင် ယခုထိ အားထုတ်နေဆဲဖြစ်သော လင်းမိသားစုနှင့် ရူးသွတ်ဓားသိုင်းခန်းမ တို့ကို စဉ်းစားမိလိုက်သည်။

သူတို့သာ ဤနေရာသို့ လာရောက် အားထုတ်နိုင်ပါက အတော်လေးကောင်းပေမည်။

သို့သော် ထိုအရာက အလွန်ခက်ခဲလွန်းလှပြီး မဟာရှေးဟောင်းကျောက်တိုင်က ရှေးဟောင်းဂူသင်္ချိုင်းနှင့် မတူပေ။ ကျောက်တိုင်ကြီး၏ ဇာစ်မြစ်က အလွန်စွမ်းအားကြီးလွန်းသည်။ ခန့်မှန်းခြေအားဖြင့် သူတို့၏ သာမန် တပည့်တစ်ယောက်စီတိုင်းက နိဗ္ဗာန်အဆင့်တွင် ရှိနေကြမည် ဖြစ်သည်။ ဤကဲ့သို့သော ဂိုဏ်း၏အပျက်အစီး နေရာက ဝူယွမ်အနေဖြင့် လွယ်လင့်တကူ ထိန်းချုပ်နိုင်သည့် အရာ မဟုတ်ပေ။

“မဟာရှေးဟောင်းကျောက်တိုင်ကြီးက ဒီနေရာမှာ ရှိနေတာ ဘယ်လောက်ကြာပီလဲဆိုတာ ဘယ်သူမှမသိကြဘူး၊ သာမာန်ဆို အတားအဆီး အားနည်းသွားတဲ့အခါမှသာ ဝင်ရောက်နိုင်ပြီး စိတ်တိုင်းကျ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဘဲ။ အတားအဆီးပြန် အားကောင်းမလာခင် ဒီကျောက်တိုင်ကနေ ထွက်မှရမယ်၊ မဟုတ်ရင် နိဗ္ဗာန်အဆင့် စွမ်းအားကြီး ကျင့်ကြံသူ ဆို‌ရင်တောင်၊ ဒီနေရာမှည သုံးနှစ်ကြာ နေထိုင်ရမယ်ဆိုရင် သေချာပေါက်သေလိမ့်မ်ယ”

မုချန်ချန်က ဤနေရာသို့ တစ်ကြိမ်ထက်မက ဝင်ရောက်ဖူးပြီး မဟာရှေးဟောင်းကျောက်တိုင်ကို ကောင်းကောင်း နားလည်ထားသည်။

သူမက မြေပုံတစ်ခုကို ထုတ်ယူကြည့်ပြီး နည်းနည်း မျက်ခုံးကျုံ့ကာ ပြောလိုက်သည်၊ “အစ်ကိုကြီး၊ ဗဟိုကို အမြန်သွားကြရအောင်။ ဒီနေရာကနေ ဗဟိုနယ်ပယ်ကို ရောက်ဖို့ အတော်လေး ဝေးသေးတယ်။

ရတနာအားလုံးက ဗဟိုနယ်ပယ်မှာဘဲရှိတာ ကျွန်မတို့ နောက်ကျသွားရင် ရတနာတွေကို တခြားသူတွေက လုယူသွားကြမှာ သေချာတယ်။”

ဝူယွမ်က ခေါင်းညိတ်လိုက်သည်။ ဤရှေးဟောင်းကျောက်တိုင် အတွင်းရှိကမ္ဘာက အလွန်ကျယ်ပြန့်လွန်းသဖြင့် သူ့ကို ခဏတာ စိတ်ရှုပ်သွားစေခဲ့သည်။ ဤနေရာင ရှေးဟောင်းဂူသင်္ချိုင်း မဟုတ်၊ လမ်းအတိုင်း လိုက်ရုံမျှဖြင့် ရတနာရနိုင်သည့် နေရာ မဟုတ်ပေ။ ဤနေရာ၏ ဧရိယာက မယုံနိုင်လောက်အောင် ကျယ်ပြန့်ပြီး အကယ်၍ ဦးတည်ချက်မရှိဘဲ လှည့်လည်သွားလာနေပါက အခုနေရာကို ဖြတ်သန်းရန် ရက်ပေါင်း ဆယ်ရက်ကျော် သို့မဟုတ် တစ်လခန့် ကြာမြင့်နိုင်သည်။

ကံကောင်းစွာပင်၊ မုချန်ချန်တွင် မြေပုံရှိနေခဲ့သည်။

“အဲဘြ်က ဗဟိုနေရာဘဲ။”

မုချန်ချန်က သူမ၏ ကျောက်စိမ်းကဲ့သို့လက်လေးဖြင့် မြောက်ဘက်ကို ညွှန်ပြလိုက်သည်။

“ကောင်းပြီ၊ ငါ့ကို ခဏစောင့်ပါ။”

ရှောင်ယန်၏ အမြီးတွင် ယင်ရုပ်‌သေးဂိုဏ်းမှ တင်လေ့နှင့်အခြားနှစ်ဦးတို့ကို ချိတ်ဆွဲထားဆဲ ဖြစ်သည်။

ဝူယွမ်သည် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်ကို ရရှိခဲ့ပြီးဖြစ်ကာ ဤစွမ်းအားကြီးမားသော ဓားအတတ်ကို အသုံးပြုရန် စိတ်ဝိညာဉ်စွမ်းအင် ပမာဏ များစွာ လိုအပ်သည်။ ဝူယွမ်၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအင်က ဝိညာဉ်သခင် အစောပိုင်းအဆင့်သာရှိသေးတာကြောင့် မလုံလောက်သေးပေ။

ဝူယွမ်က ထိုသုံးဦးကို အသက်ရှင်လျှက် ထားခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို ၀ါမျိုပြီး အသုံးချရန် ဖြစ်သည်။

မူလကတော့ ဝိညာဉ်အဆောင်သခင် အဆင့်တက်ပြီးကာစတွင် ဝူယွမ်က ထိုသုံးဦး၏ ဝိညာဉ်စွမ်းအင်ကို မြန်မြန်ဆန်ဆန် စုပ်ယူရန် မရည်ရွယ်ခဲ့ပေ။ ဝိညာဉ်စွမ်းအင် များလွန်းပါက သူ၏ ရောထွေးနေသော ဝိညာဉ်စွမ်းအင်ကို သန့်စင်အောင် မလုပ်နိုင်မှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူ့တွင် ရှေးဦးကမ္ဘာသစ်နတ်ဘုရား စိတ်စွမ်းအင် ကြိတ်ဆုံ ကဲ့သို့သော စွမ်းအားကြီးမားသည့် နည်းစနစ် ရှိသော်လည်း သန့်စင်ရန် အချိန်ယူရဦးမည် ဖြစ်သည်။

ယခု ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ် ရသွားပီဖြစ်သဖြင့် စိုးရိမ်စရာ မလိုတော့ပေ။

ဝါးမျိုစုပ်ယူပြီးနောက် သူက ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်ကို ကျင့်ကြံပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဓားအတတ်၏ နည်းစနစ်ဖြင့် မြှင့်တင်နိုင်သည်။

ဝူယွမ်က ချက်ချင်းပင် သူ၏ နီ၀မ်နယ်ပယ်ကို ဖွင့်ကာ သူ၏ သဘာ၀ဝိညာဉ်အဆောင်ကို ထုတ်လွှတ်လိုက်သည်။ လက်ရှိတွင် သူ၏ သဘာ၀ဝိညာဉ်အဆောင်ပေါ်ရှိ ဝါးမျိုရူန်း နှင့် ၀ိညာဥ်စုစည်းခြင်းရူန်းတို့၏ ဆယ်ပုံတစ်ပုံကို ပြည့်စုံအောင် ဖန်တီးထားပြီး ဖြစ်သည်။ စုပ်ယူခြင်းနှင့် ၀ါးမျိုခြင်း၏ သက်ရောက်မှုများက အလွန်စွမ်းအား ကြီးမားနေပြီ ဖြစ်သည်။

သဘာ၀ဝိညာဉ်အဆောင်တစ်ခုက တင်လေ့၏ ဦးခေါင်းပေါ်တွင် ထားလိုက်ပြီး ဝူယွမ်က တင်လေ့ကို လက်ဖြင့် ရိုက်ကာ နိုးစေလိုက်သည်။ ချက်ချင်းပင်၊ သဘာ၀ဝိညာဉ်အဆောင် ပေါ်ရှိ ရူန်းများက အနက်ရောင် ဝဲကတော့ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

ထို့‌ေနာက်ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ရှည်လျားသည့် အပ်တစ်ချောင်းက တင်လေ့၏ နီ၀မ်နယ်ပယ်ထဲသို့ အားဖြင့် ထိုးဖောက်ဝင်ရောက်သွားသည်။

“ဝူယွမ်၊ ဘာလုပ်နေတာလဲ။”

တင်လေ့က ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခု အကြား စူးရှသော နာကျင်မှုကို ခံစားရသည်မှလွဲ၍ အခြား ဘာမျှ မသိရပေ။

သူက အစွမ်းကုန်ထုတ်သုံးခုခံလိုက်သည်။ သူ၏ နီ၀မ်နယ်ပယ်မှ ဖွင့်ထုတ်လိုက်သော စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားနှင့် သူ၏ သဘာ၀အဆောင်များကလည်း ဝူယွမ်၏ စိတ်ဝိညာဉ်စွမ်းအင်ကို မောင်းထုတ်ရန် ပေါ်ထွက်လာခဲ့သည်။

သို့သော် သူ၏ သဘာ၀အဆောင်က ဝူယွမ်၏ သဘာ၀ဝိညာဉ်အဆောင်၏ စွမ်းအားနှင့် မယှဉ်နိုင်ပေ။

ဝူယွမ်၏ သဘာ၀ဝိညာဉ်အဆောင်ပေါ်ရှိ နက်ရှိုင်းပြီး အမည်းရောင် အပေါက်ကဲ့သို့ လည်ပတ်နေသော ဝဲကတော့မှ ကြီးမားသည့် စုပ်ယူအား ဖြစ်ပေါ်လာကာ တင်လေ့၏ ဝိညာဉ်စွမ်းအင်အားလုံးကို သူ့ထံသို့ ဆွဲယူလိုက်သည်။

“အာ့... အာ့... အာ့...”

တင်လေ့က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူက လုံးဝ ခုခံနိုင်ခြင်း မရှိဘဲ နာကျင်မှုကို သည်းခံရုံမျှသာ တက်နိုင်သည်။

သူ၏ဝိညာဉ်စွမ်းအင် မျိုချခံရခြင်းက ဝိညာဉ်ကွဲအက်သွားသကဲ့သို့ နာကျင်လွန်းလှသည်။

သို့သော် ကံကောင်းသည်မှာ ဝူယွမ်၏ စုပ်ယူနှုန်းက အလွန်မြန်ဆန်ပြီး ဤနာကျင်မှုကို အချိန်ကြာမြင့်စွာ မခံစားလိုက်ရပေ။

စက္ကန့်အနည်းငယ်အတွင်းမှာပင် တင်လေ့၏ ဝိညာဉ်စွမ်းအင်အားလုံးကို ဝူယွမ်က မျိုချလိုက်သည်။ သူ၏ သဘာ၀အဆောင်သည်လည်း လုံးဝ မှိန်းမှိန်းလာပြီး ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကမ္ဘာမြေကို စွန့်ခွာသွားခဲ့ရလေတော့သည်။

တင်လေ့၏ ဝိညာဉ်စွမ်းအင်က အလွန်အားကောင်းကာ ဝိညာဉ်အဆောင်သခင် အလယ်အလတ်အဆင့်နှင့် နီးစပ်နေပီ ဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို မျိုချပြီးနောက် ဝူယွမ်က ချက်ချင်းပင် ခြေချထ်ျ ထိုင်ကာ ကမ္ဘာသစ်နတ်ဘုရား စိတ်စွမ်းအင် ကြိတ်ဆုံကို အားထုတ်ရန် စတင်ခဲ့သည်။

ယခုတွင် သူကညတစ်ချိန်တည်းနဲ့ လုပ်ဆောင်ချက် များစွာကို လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။ နတ်ဘုရား ကြိတ်ဆုံကို လည်ပတ်နေစဉ် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်ကို နားလည်သဘောပေါက်ရန် ဓားလမ်းစဉ်နှင့် ပတ်သက်သည့် သူ၏ နားလည်မှုကို စိတ်ဝိညာဉ်စွမ်းအင်ဖြင့် စတင်ကာ တုပဖန်တီးခဲ့သည်။

တင်လေ့၏ စးဝိညာဉ်စွမ်းအင်ကို နတ်ဘုရားကြိတ်ဆုံနည်းဖြင့် တစ်ကြိမ် ကြိတ် ယချေပြီးနောက် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်မှ ဖန်တီးထားသော ဝိညာဉ်ဓားအရိပ်ကို အသုံးပြုကာ ဝိညာဉ်စွမ်းအင်အားလုံးကို ထပ်မံ ချေမွှပြီး ပြန်လည် ဖွဲ့စည်းခဲ့သည်။

ဤသို့ နှစ်ကြိမ် ပြုလုပ်ပြီးနောက် ဝိညာဉ်စွမ်းအင်က ပိုသန့်စင်လာခဲ့သည်။

ထို့နောက် ဝူယွမ်က တင်လေ့အတိုင်း ပြန်လည်ပြုလုပ်ကာ အခြား ဝိညာဉ်အဆောင်သခင် နှစ်ဦးကိုလည်း စုပ်ယူလိုက်သည်။

တစ်ခဏအတွင်းမှာပင် သူက ဝိညာဉ်အဆောင်သခင် သုံးဦး၏ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူခဲ့သည်။ နတ်ဘုရားကြိတ်ဆုံနည်းနှင့် ဓားအရိပ်တို့ဖြင့် ကြိတ်ချေ သန့်စင်ပြီးနောက် ပိုသန့်စင်လာသော်လည်း စွမ်းအင်များပ အလွန်ကြွယ်ဝနေဆဲ ဖြစ်သည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က ချက်ချင်းပင် မြင့်တက်လာကာ ဝိညာဉ်အဆောင်သခင် အလယ်အလတ်အဆင့်သို့ ကျော်လွန်သွားခဲ့သည်။

မုချန်ချန်က နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။ ဝူယွမ်က ဟွာကု၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ဝိညာဉ်အဆောင်သခင်ဖြစ်လာကြောင်း သူမ ရှင်းရှင်းလင်းလင်း သိထားသည်။ သို့သော် ရက်အနည်းငယ် အတွင်းမှာပင် သူက တင်လေ့နှင့် အခြား နှစ်ဦးတို့ကို စုပ်ယူကာ ဝိညာဉ်အဆောင်သခင် အလယ်အလတ်အဆင့်သို့ တိုးမြှင့်လိုက်ပြန်သည်။

ဝူယွမ်၏ ကျင့်ကြံခြင်း အမြန်နှုန်းက နတ်ဆိုးကျင့်စဉ် အားထုတ်သူတစ်ဦး၏ နှုန်းနှင့်ပင် တူညီနေသည်။

ယင်းက ယင်ရုပ်သေးဂိုဏ်း ၏ ကျင့်ကြံနည်းနှင့် အတော်လေး တူညီနေပြီး ဝူယွမ်၏ စုပ်ယူမှု အမြန်နှုန်းက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

“အစ်ကိုကြီး၊ အစ်ကိုကြီးက ယင်ရုပ်သေးဂိုဏ်းရဲ့ ကျင့်ကြံနည်းကို ဘယ်လိုလုပ် သိတးတာလဲ။”

မုချန်ချန်၏ လှပသော မျက်လုံးများက တဖျက်ဖျက် လက်နေပြီး နည်းနည်း ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။

“ဟေ့ဟေ့... ငါ့နည်းလမ်းက ယင်ရုပ်သေးဂိုဏ်းရဲ့ ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ မတူဘူး။”

ဝူယွမ်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ပြောလိုက်သည်။ ယင်ရုပ်သေးဂိုဏ်း၏ ဝိညာဉ်လျှို့ဝှက်အတတ်၊ ဝိညာဉ် စားဦးခေါင်းခွံက အခြားသူများ၏ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက် သူ၏ ဝါးမျိုရူန်း နတ်ဘုရားကြိတ်ဆုံနည်း စသည့် နည်းလမ်းများကဲ့သို့ လုံးဝ သန့်စင်အောင် မလုပ်နိုင်ပေ။

ထိုသို့သော နည်းဖြင့် ရရှိသည့် စိတ်ဝိညာဉ်စွမ်းအင်င ရောနှောပြီး သန့်ရှင်းမှု မရှိပေ။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က လှိုင်းတံပိုးထနေကာ ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်ကို လည်ပတ်လိုက်ပြီး။ တစ်ခဏအတွင်းမှာပင် အနက်ရောင် ဝိညာဉ်ဓားအရိပ် အဖြစ်သို့ ပြောင်းလဲသွားသည်။

သူက မြေပြင်ပေါ်ရှိ အနီးအနားက ရှေးဟောင်း ကြီးမားသော ပိုးကောင်တစ်ကောင်ကို ကြည့်လိုက်ပြီး စိတ်ထဲက တွေးလိုက်သည်နှင့် ဤ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော ဝိညာဉ်ဓားအရိပ်က ချက်ချင်းပင် ဖြတ်သန်းသွားသည်။

အနက်ရောင် ဝိညာဉ်ဓားအရိပ်က ကြီးမားသော ပိုးကောင်၏ ဦးခေါင်းခွံကို လျှပ်တပြက် ဖြတ်သန်းသွားကာ၊ ခြေလှမ်းတစ်၀က် ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော ကြီးမားသည့် ‌ေရှးဟောင်းပိုးကောင်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားပြီး ပါးစပ်ထဲမှ အဖြူရောင် အရည်များ ထွက်ကြလာသည်။

“ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုပါလဲ။”

ထိုမြင်ကွင်းကို မြင်လိုက်ရသောမုချန်ချန်၏ မျက်လုံးများက ကျယ်လာခဲ့သည်။ သူမက ဤကဲ့သို့သော မှော်ဆန်သည့် တိုက်ခိုက်မှု နည်းလမ်းကို မည်သည့်အခါကမျှ မမြင်ဖူးခဲ့ပေ။ ထိုအရာက ဓားအရိပ် ဖြစ်သော်လည်း ယွမ်စွမ်းအင် မှ ထုတ်လွှတ်ခြင်း မဟုတ်ပေ။ ထုထည်မရှိ မရှိ၊ ပုံသဏ္ဌာန် သို့မဟုတ် အရွယ်အစား မရှိဘဲ ဝိညာဉ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခြင်း ဖြစ်သည်။

ဝူယွမ်မူကား ကျေနပ်သလိုခံစားလိုက်ရပြီး ခေါင်းညိတ်လိုက်သည်။ ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်၏ စွမ်းအားက သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီး ဤသည်မှာ သူ့ကနဦး အသုံးပြုမှုသာ ဖြစ်ကာ ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း မရှိသေးပေ။

ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်က အတွင်းစိတ်ကို မွေးမြူတွင် အထူးပြုသည်။

အတွင်းစိတ် ပိုအားကောင်းလာလေလေ၊ သူ၏ တိုက်ခိုက်မှု စွမ်းအားက ပိုများလေလေ ဖြစ်သည်။

ဝူယွမ်၏ လက်ရှိ ဝိညာဉ်စွမ်းအင်က အတွင်းစိတ် ဓားအရိပ်ကိုသာ ဖန်တီးနိုင်သည်။ ထိုအထက်၌ အတွင်းစိတ် ဓားအတတ် ရည်ရွယ်ချက်၊ အတွင်းစိတ် ဓားဝိညာဉ် ဓားအတတ် အရင်းအမြစ်၊ ဓားအတတ် အရှိန်အဝါ၊ ဓားအတတ် ဆေးကြောခြင်းနှင့် ပြင်းထန်ဓားအတတ် အရိပ်တို့လည်း ရှိသေးသည်။

“ဟိး”

ဝူယွမ်သည် ဝိညာဉ်မီးလျှံ ထုတ်လွှတ်ကာ တင်လေ့နှင့် အခြားနှစ်ဦးတို့၏ ခန္ဓာကိုယ်များကို မီးရှို့ဖျက်ဆီးလိုက်သည်။

“သွားကြရအောင်”

ဝူယွမ်က ပိုင်ယွမ်၏ကိုယ်ပေါ် တက်စီးလိုက်သည်။ ဤနေရာသို့ ဝင်ရောက်လာပြီးနောက် ပိုင်ယွမ်က ရှေးဟောင်းဆန်ဆန် သိပ်သည်းသော ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင် လှိုင်းများကိုကို နှစ်သက်ပြီး သာမန် ပုံစံသို့ ပြန်လည် ပြောင်းလဲထားခဲ့သည်။

“ဂရုး”

မုချန်ချန်က ရှောင်ယန်၏ ကိုယ်ပေါ်တွင် တက်စီးလိုသော်လည်း ရှောင်ယန်က ဒေါသဖြင့် ဟိန်းဟောက်ကာ ရှောင်တိမ်းသွားလိုက်သည်။

“အစ်ကိုကြီး၊ သူ့ကိုကြည့်၊ သူ့ကိုကြည့်။ သူက တကယ်ဘဲ ကျွန်မကို မကြိုက်ဘူးထင်တယ်။”

မုချန်ချန်က ဒေါသထွက်နေဟန်ဖြင့် နှုတ်ခမ်းစူပြီး ရှောင်ယန်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ရှောင်ယန်၊ သူမကို တက်ခိုင်းလိုက်ပါကွာ” ဝူယွမ်က ကြင်နာစွာ နားချကြည့်လိုက်သည်။

ပြောရလျှင် ဤကျားမောင်နှမများအနက် ပိုင်ယွမ်က ဝူယွမ်မှလွဲ၍ မည်သူ့ကိုမျှ၊ လင်းတုန်ကိုပင် တက်စီးခွင့် ပေးလေ့မရှိပေ။

ရှောင်ယန်က နည်းနည်းပိုကောင်းသော်လည်း အများအားဖြင့် ဝူယွမ်၊ လင်းတုန်နှင့် ချင်းတန်တို့သာ သူ့ကို တက်စီးခွင့် ရှိသည်။

ခုနကတော့ ဝူယွမ် ရှိနေသောကြောင့် သူက မုချန်ချန်ကို မလိုလားအပ်စွာ လက်ခံခဲ့ရသော်လည်း ယခုအခါ အပြင်သူများကို တက်စီးခွင့် မပေးလိုတော့ပေ။

“ဝူး ဝူး”

ရှောင်ယန်က နှစ်ကြိမ် ညည်းညူလိုက်ပြီး ရှေ့သို့ ပြေးသွားသည်။ သူက လင်းတုန်ကို ရှာဖွေကာ အပြင်သူများကို တက်စီးခွင့် မပေးလိုပေ။

“လာပါ၊ ငါ့ဆီမှာ လာထိုင်လိုက်။”

ဝူယွမ်က မတတ်နိုင်တဲ့အတုံး မုချန်ချန်အား သူ့ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

“ဟီး ဟီး၊ ကောင်းပြီ”

“ရှေ့မှာ ထိုင်။ ပိုင်ယွမ်ကို မထိနဲ့။ ပိုင်ယွမ်ကလည်း အခြားသူတွေ ထိတာကို မနှစ်သက်ဘူး။”

ဝူယွမ်က သူ၏ ပေါင်ကို ပုတ်ကာ ပြောလိုက်သည်။

“အစ်ကိုကြီးက အဲ့လိုပြောမှတော့၊ ကောင်းပီ ငါ့ကို အပြစ်မတင်နဲ့။”

မုချန်ချန်က နှုတ်ခမ်းစူလိုက်ပြီး အသက်ပျင်းပျင်းတစ်ချက် ရှူကာ ထိုင်လိုက်သည်။

ယခင်က နမ်းရှုံ့ဖူးခြင်းကြောင့် နှစ်ဦးအကြား ဤအဆင့်အထိ ထိတွေ့မှုက ရုတ်တရက် ဖြစ်သည်ဟု မထင်ရတော့ပေ။

နှစ်ဦးစလုံးက ပိုင်ယွမ်၏ ကိုယ်ပေါ်တွင် ရှိနေသော်လည်း မုချန်ချန်က ပိုင်ယွမ်ကို လုံးဝ မထိထားသဖြင့် ကိုယ်ဟန်အနေအထားက နည်းနည်း ထူးဆန်းနေသည်။

“၀ှီး”

ပိုင်ယွမ်က အဖြူရောင် အရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ရှေ့သို့ ပြေးထွက်သွားသည်။

ပိုင်ယွမ်က ခုန်ပေါက်ပြေးလွှားနေသဖြင့် သူ့ကျောပေါ်ရှိ လူနှစ်ဦးသည်လည်း ခုန်ပေါက်နေသည်။

သူ့ရင်ခွင်ထဲတွင် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် တစ်ခု ရှိနေခြင်းကြောင့် ဝူယွမ်က သူ၏ စိတ်ကို မထိန်းနိုင်တော့ဘဲ ဖြစ်သွားသည်။

သို့သော် သူက သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။

ရှေးဟောင်းကျောက်တိုင်ထဲရှိ လေဟာနယ်က အထူးသဖြင့် ကျယ်ပြန့်လှသည်။ ပိုင်ယွမ်ကို စီးနင်းကာ ပြေးနေသော်လည်း တစ်နာရီခန့် ပြင်းထန်စွာ ခုန်ပေါက်ပြေးလွှားပြီးတာတောင် ဝူယွမ်က လမ်းအဆုံးကို မမြင်ရသေးပေ။ လူသူကင်းမဲ့ခြင်းနှင့် အထီးကျန်ခြင်း ခံစားချက်က သူ၏ စိတ်ထဲတွင် ကျန်ရစ်နေကာ သူ့ကို စိတ်လေးစေပြီး ရင်ခွင်ထဲရှိ မွှေးပျံ့လှပသော အလှမယ် ရှိနေသော်လည်း သူက စိတ်ထဲက သက်ပြင်းချမိပြန်သည်။

ဤကဲ့သို့ အရှိန်နှုန်းဖြင့် ခရီးသွားနေစဉ် မိုးကောင်းကင်က အလျင်အမြန် မှောင်ကျလာခဲ့သည်။ အရိုးကိုပင် အေးစေသော အေးမြသည့် လေထုတစ်ခုက ဝေဝေဝါးဝါး ဖြစ်ပေါ်လာခဲါသည်။

“၀ူးး ဝူးး ဝူးး”

ရှောင်ယန်၏ ရုတ်တရက် စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

သူက အေးမြသော လေထွက်လာသည့် နေရာဘက်သို့ ပြေးသွားခဲ့သည်။

“ရှောင်ယန်၊ သတိထားပါ”

ဝူယွမ်က နောက်မှမှီလယပြီး အော်ဟစ်လိုက်သည်။

မှောင်မိုက်လာနေသော မိုးကောင်းကင်ကို ကြည့်ရင်း သူက မျက်ခုံးကျုံ့လိုက်မိသည်။ သူ၏ ကိုယ်ခန္ဓာက ခုခံနိုင်စွမ်း အားကောင်းသော်လည်း ထိုထူးဆန်းသော အေးမြသည့် လေထုက သူ့အား စူးရှသော နာကျင်မှု ခံစားရစေသည်။

ဤအချိန်တွင်၊ ရှေ့ရှိ အနက်ရောင် တောင်ခြေရင်း၌...

“ကျစ်စ်၊ ငါမထင်ထားခဲ့ဘူး။ ဒီ ရှေးဟောင်းကျောက်တိုင်ရဲ့ အာကာသထဲမှာ အရိုးစားယင်လေ ရှိနေမယ်လို့။”

ရှောင်တျောင်းက လင်းတုန်၏ ပခုံးပေါ်တွင် ထိုင်နေရင်း မိုးကောင်းကင်ထက်ရှိ အေးမြသော လေထုကို ကြည့်ကာ ရုတ်တရက် အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။

“ဂရုး”

ထိုအချိန် ကျားဟစ်သံတစ်ခုက လင်းတုန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

“ရှောင်ယန်ပဲ”

“အစ်ကိုကြီးလည်း ပါတယ်”

လင်းတုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မီးခိုးရောင် အရိပ်တစ်ခုက ရုတ်တရက် ဖြတ်သန်းလာပြီး တိုက်ရိုက် လင်းတုန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ သူ့ကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့သည်။

“ညီလေး”

ဝူယွမ်ကလည်း ရှောင်ယန် နောက်မှလိုက်လာရင်း လင်းတုန်ကို မြင်တွေ့လိုက်ပြီးနောက် သူက မုချန်ချန်ကို ချလိုက်ကာ အတော်လေး စိတ်လှုပ်ရှားနေဟန်ဖြင့် အော်ခေါ်လိုက်သည်။

နှစ်ယောက်စလုံးက ရှေးဟောင်းကျောက်တိုင် အာကာသထဲတွင် ကွဲကွာသွားပြီး မကြာမီ ပြန်လည်ဆုံတွေ့သွားသောကြောင့် သူတို့နှစ်ဦးစလုံးအတွက် စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့သည်။

“လင်းလန်တျန်းက ဘယ်မှာလဲ။ မင်းကဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ။” ဝူယွမ်က မေးလိုက်သည်။

“အင်း... သူ့နောက်ကို ကျွန်တော်လိုက်သွားပေမဲ့ ဒီထူးဆန်းတဲ့ ရှေးဟောင်းကျောက်တိုင် အာကာသကထဲရောက်သွားတော့ သူဘယ်ကိုပြေးသွားမှန်းမသိတော့ဘဲ ကျပန်းနေရာတွေကြသွားတယ်။ ရှောင်တျောင်းက လမ်းပြပေးလို့ ဒီကိုရောက်လာတာ။”

လင်းတုန်က သက်ပြင်းချလိုက်သည်။ ဤအကြိမ် လင်းလန်တျန်းကို မသတ်နိုင်လိုက်ခြင်းက သူ့အတွက် ကြီးမားသော နောင်တတစ်ခု ဖြစ်သည်။

“နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါ သတ်လိုက်မယ်။”

“အစ်ကိုကြီး၊ ဒီမှာ အရိုးစားယင်လေ ရှိတယ်။”

ရှောင်တျောင်းက စိတ်လှုပ်ရှားစွာပြောရင်း အနက်ရောင် တောင်ထိပ်ကို ညွှန်ပြလိုက်သည်။

ဤအရိုးစားလေများက အထက်မှ တိုက်ခတ်လာနေခြင်း ဖြစ်သည်။

လင်းတုန် - “ဒီလေရဲ့ တိုက်ခိုက်မှု စွမ်းအားက အရမ်းအားကောင်းတယ်။ ဘာအတွက် သုံးရတာလဲ။”

“အရိုးစားယင်လေက ကြမ်းတမ်းသော်လည်း ကိုယ်ခန္ဓာကို သိသိသာသာ မြင့်တင်ပေးနိုင်တယ်။ မင်း ကျောက်စိမ်းမိုးကြိုးကိုယ်က အောင်မြင်အောင် ကျင့်ကြံ နိုင်ခြင်းမရှိသေးဘူးလေ။ တစ်ကယ်လို့ မင်းသည အရိုးစားယင်လေရဲ့ စွမ်းအားကို အသုံးပြုမယ်ဆိုရင် မင်း ကျောက်စိမ်းမိုးကြိုးကိုယ်ကို ပြီးပြည့်စုံသော အဆင့်ထိ အားထုတ်နိုင်လိမ့်မယ်။ မင်းရဲ့ စွမ်းအားက ပိုတိုးပွားလာလိမ့်မယ်။” ရှောင်တျောင်းက ပြုံးရွှင်ကာပြောလိုက်သည်။

“တက်ပြီး ကြည့်ကြရအောင်။ ဒီမှာမဟာဖွဲ့စည်းပုံ တစ်ခု ရှိပုံရတယ်။”

ဝူယွမ်သည်လည်း ဤအရိုးစားယင်လေကို အနည်းငယ် စိတ်ဝင်စားလာခဲ့သည်။

အခြေခံ “ကိုယ်ခန္ဓာထဲသို့ မိုးကြိုးဆွဲသွင်းခြင်း” နှင့် “မီးလျှံဖွဲ့စည်းပုံ” ကဲ့သို့သော ကိုယ်ခန္ဓာ ကျင့်ကြံနည်းများနှင့် တူညီသည်။ ဤယင်-လေသည်လည်း အလွန်ကောင်းမွန်သော ကိုယ်ခန္ဓာ ကျင့်ကြံခြင်းအရင်းအမြစ် တစ်ခု ဖြစ်နိုင်သည်။

လေ၊ မိုးကြိုး၊ ရေ နှင့် မီး၊ ဤအင်အားလေးမျိုးက ကိုယ်ခန္ဓာကို အားကောင်းစေရန် အလွန်အကျိုးပြုသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုအင်အားများ၏ စွမ်းအားကို ကိုယ်ခန္ဓာထဲသို့ ဆွဲသွင်းနိုင်သောကြောင့် ဖြစ်သည်။

ဤနေရာရှိ အရိုးစားယင်လေကို လူသားတို့က စီစဉ်ထားခြင်း ဖြစ်သည်။ ဝူယွမ်က ဤဖွဲ့စည်းပုံ၏ အခြေခံ ဖွဲ့စည်းပုံကို မြင်နိုင်ပြီး ထိုအရာ၏ အဓိက ဗဟိုချက်မှာ မူလလေရူန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့သော် ဤဖွဲ့စည်းပုံအတွင်းရှိ ရူန်းများက အနည်းငယ် မှေးမှိန်နေပြီး ၎င်းတို့၏ အပြင်းထန်ဆုံး သက်ရောက်မှုကို မထွှတ်လွှတ်နိုင်တော့ပေ။

“အစ်ကိုကြီး၊ ဒီယင်လေက အရိုးထဲထိပါ အေးတယ်။ ကိုယ်ခန္ဓာကို နာကျင်စေတယ်။ ငါတက်မသွားတော့ဘူး။ ဒီအောက်မှာ အစ်ကိုကြီးတို့ကို စောင့်မယ်။”

မုချန်ချန်က နှုတ်ခမ်းစူပြီး ပြောလိုက်သည်။

သူမ၏ ကိုယ်ခန္ဓာက နူးညံ့သိမ်မွေ့လွန်းသည်။ ဝူယွမ်ကဲ့သို့ မဟုတ်ပေ။ ဤယင်လေ၏ အင်အားက သူမအတွက် အလွန်နာကျင်စေမည် ဖြစ်သည်။

“ကောင်းပြီ၊ မင်းဒီမှာဲ စောင့်ပါ။”

လူနှစ်ယောက်နှင့် ကျားနှစ်ကောင်က တောင်ပေါ်သို့ တက်သွားကြသည်။

ရှောင်ယန်နှင့် ပိုင်ယွမ်က ကိုယ်ခန္ဓာကျမ်းကို ကျင့်ကြံသောကြောင့် ယင်လေက သူတို့အတွက်လည်း အကျိုးကျေးဇူးများ ရှိသည်။

“ရှေးခေတ်က အရိုးစားယင်လေကို ဂိုဏ်းတွေက သူတို့ရဲ့ တပည့်တွေရဲ့ကိုယ်ခန္ဓာကို‌ သွေးပေးဖို့ သုံးခဲ့ကြတယ်။ ဒါက မဟာယန်မင်းဆက်မှာ ခံစားလို့မရနိုင်တဲ့ ဆေးတစ်ခုဘဲ၊ မင်းသည်းခံနိုင်ရင် မင်းအတွက် အတော်လေး အကျိုးဖြစ်လိမ့်မယ်”

ကျောက်တုံးတောင် ပေါက်ကွဲသွားသည်အထိ အေးခဲသော လေကို ခံစားရင်း ရှောင်တျောင်း၏ ဝိညာဉ်ကိုယ်ထည်က တုန်လှုပ်ချောက်ချားသွားပြီး ကျောက်လက်ဖွဲ့ ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ သူ၏ ပြုံးရယ်နေသော အသံက ထွက်ပေါ်လာသည်။

“ဝူး ဝူး”

တောင်ထိပ်သို့ ရောက်ရှိလာသောအခါ ရှောင်ယန်နှင့် ပိုင်ယွမ်တို့သည် နည်းနည်း တုန်လှုပ်သွားကြပြီး တောင်အောက်သို့ ဆင်းသွားချင်ပြီး ဒီတောင်ပေါ်မတက်လိုကြတော့ပေယ

“နည်းနည်းလေး သည်းခံပါ။ ဒီလို အရိုးစားယင်လေကို နေရာတိုင်းမှာ မတွေ့နိုင်ဘူး။ ဒီတစါကြိမ် လက်လွတ်ဆုံးရှုံးသွားရင် နောက်တစ်ကြိမ် ဘယ်အချိန်မှ ပြန်တွေ့မယ်ဆိုတာ ဘယ်သူမှ သေချာမသိဘူး၊ ငါတို့ ဒီနေရာမှာ တစ်ညနေခင်းလောက် နေထိုင်ရင်း ကိုယ်ခန္ဓာကို သွေးကြမယ်။”

ဝူယွမ်က ထွက်ပြေးလိုသော ပိုင်ယွမ်ကို တားမြစ်လိုက်သည်။ သူက ဤယင်လေ၏ စွမ်းအားကို ခံစားမိပြီးဖြစ်ကာ ၎င်းသည် ကိုယ်ခန္ဓာကို သွေးပေးနိုင်ပြီး ယင်လေဧာ် သက်ရောက်မှုက ကိုယ်ခန္ဓာထဲသို့ မိုးကြိုးဆွဲသွင်းခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင် သူက တောင်ထိပ်ရှိ ဖွဲ့စည်းပုံကို တစ်ကြိမ်ကြည့်ရှုပြီးဖြစ်ကာ “ ကျမ်းလိပ်ပစ္စည်းစာအုပ် ” မှ သူ၏ အသိပညာနှင့် ပေါင်းစပ်ကာ ဤဖွဲ့စည်းပုံဧယ် လည်ပတ်မှု နိယာမကို စဉ်းစားတွက်ချက်ပြီးဖြစ်သည်။

ဖွဲ့စည်းပုံကို ညှိခြင်းဖြင့် အရိုးစားယင်လေ၏ အင်အားကို ထိန်းချုပ်နိုင်သည်။

ဤနည်းအားဖြင့် ကိုယ်ခန္ဓာကို မိုးကြိုးဖြင့် ကျင့်ကြံခြင်းထက် ပို၍ကောင်းမွန်သည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်မိုးကြိုးင ထိန်းချုပ်ရန် အလွန်ခက်ခဲသောကြောင့် ပြင်းထန်သည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ ကိုယ်က သည်းခံရမည် ဖြစ်သည်။

ဝူယွမ်က တောင်ထိပ်ပတ်ပတ်လ

All Chapters