← Chapters

မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး၊ ဝါးမျိုခြင်း ဘိုးဘေးအဆောင်

Vol. 13 Ch. 121

မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး၊ ဝါးမျိုခြင်း ဘိုးဘေးအဆောင်

Vol. 13 Ch. 121

အဆောင်ရုပ်သေးဂူကျင်း

“အဆောင်ရုပ်သေးဂူကျင်း”

ဝူယွမ်က မုချန်ချန်၏ စကားကို ကြားလိုက်ရသည့်အခါ သူ၏မျက်လုံးများ လင်းလက်သွားလေသည်။

ဝါးမျိုခြင်း ဘိုးဘွားအဆောင်နှင့် ပတ်သက်သော သတင်းကို အဆောင်ရုပ်သေးဂူကျင်းထဲတွင် တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

မူရင်းဇာတ်လမ်းတွင် ဝါးမျိုခြင်း ဘိုးဘွားအဆောင်ကို အဆောင်ရုပ်သေးဂူကျင်းထဲမှ ယင်ရုပ်သေးကျောင်းတော်က ယူသွားခဲ့ပြီး လင်းတုန်သည်လည်း ဝါးမျိုခြင်း ဘိုးဘွားအဆောင်အား တံဆိပ်ဖြေရန် နည်းလမ်းကို အဆောင်ရုပ်သေးဂူကျင်းထဲမှဘဲ ရခဲ့ခြင်းဖြစ်လေသည်။

ဝင်ရောက်လာစဉ်တုန်းက ဝူယွမ်တစ်ယောက် ဤအဆောင်ရုပ်သေးဂူကျင်းကို မည်သို့ရှာရမည်နည်းဟု တွေးနေမိသေးသည်။

ယခုတော့ မုချန်ချန်တွင် ဤသတင်းနှင့်ပတ်သတ်သည့် အချက်အလက် ရှိနေပြီဖြစ်သည်။

လူသုံးဦးနှင့် ကျားနှစ်ကောင်တို့က အရှိန်အဟုန်ပြင်းစွာ ထပ်မံခရီးဆက်ကြလေသည်။

ပန်းတိုင် ရှိလာသောကြောင့် သူတို့သုံးဦးက မြေပုံထဲက အတိုင်းလိုက်ကာ လူအုပ်စုအချို့ကိုပင် လျစ်လျူရှုလိုက်ကြသည်။

ဆယ့်ငါးမိနစ်ခန့် ခရီးနှင်ပြီးနောက် ပိုင်ယွမ်ကျောပေါ်တွင် မုချန်ချန်ကို ပွေ့ဖက်ထားရင်း ထိုင်နေသော ဝူယွမ်၏ စိတ်ထဲ တဖျက်ဖျကိ ဖြစ်လာလေသည်။ သူ၏အမြင်က ရုတ်တရက် အဝေးက မိုးကုပ်ဆီသို့ ရောက်သွားပြီး အလွန်ကြီးမားခန့်ညားသော ချောက်ကမ်းပါးတစ်ခုကို တွေ့လိုက်ရသည်။

ရှောင်ယန့်ကျောပေါ်တွင် စီးနေသော လင်းတုန်သည်လည်း ထိုခံစားချက်ကို ရလိုက်လေသည်။

သူတို့နှစ်ဦး၏ နီဝမ်နယ်ပယ်ရှိ သဘာဝဝိညာဉ်အဆောင်များကလည်း တုံ့ပြန်မှု အနည်းငယ် ရှိလာသည်။

“အစ်ကိုကြီး” လင်းတုန်က အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

သူခံစားရသည့်အတိုင်းဆို ဝါးမျိုခြင်း ဘိုးဘွားအဆောင် ဒီနေရာတစ်ဝိုက်မှာ သေချာပေါက် ရှိမည်ဖြစ်သည်။

သို့ရာတွင် ဝူယွမ်က အလွန်အမင်း ဝမ်းမသာခဲ့ပေ ဝါးမျိုခြက်း ဘိုးဘွားအဆောင်ကို ယူဆောင်သွားပြီးဖြစ်ကြောင်း သူသိထားသည်။ သူတို့လာရခြင်းမှာ အဆောင်၏ချိတ်ပိတ်ထားတာကို ဖြေတဲ့နည်းကို ရယူရန် သက်သက်သာ ဖြစ်သည်။

နှစ်ဦးစလုံးက ဧရာမတောင်ကြီးဆီသို့ ပျံတက်သွားကြသည်။ ဤတောင်ထွတ်က အမြင့်ပေတစ်ထောင် ရှိပြီး ထူးဆန်းသော ကျောက်ဆောင်များ နေရာတိုင်းတွင် ထိုးထွက်နေကာ သိပ်သည်းသော ကြောက်မက်ဖွယ် ယွမ်စွမ်းအင်များ ဤနေရာတွင် စုဝေးနေပြီး မြူဆိုင်းတော့မည့် ပုံစံဖြစ်နေသည်။

ဤမျှသိပ်သည်းသော ယွမ်စွမ်းအင်က ဝါးမျိုခြင်း ဘိုးဘွားအဆောင်၏ လက္ခဏာနှင့် အလွန်တူညီလှသည်။ တောင်ထွတ်ပေါ်တွင် မြင့်မားသော လေ့ကျင့်ရေး မျှော်စင်များစွာ ရှိနေပြီး ကျောင်းတော်သားများ၏ လေ့ကျင့်ရေးနေရာ ဖြစ်ဟန်ရသည်။

တောင်ထွတ်သို့ ရောက်ရှိလာသောအခါ သူတို့င ချက်ချင်းပင် အရပ်ရပ်မှ အကြည့်များကို သတိပြုမိိလိုက်ကြသည်။ ဤသူများက သူတို့ထက်အရင် ရောက်ရှိလာသူများ ဖြစ်ကြသည်။ တောင်ကြီးက အလွန်ကြီးမားခန့်ညားသဖြင့် ကျယ်ပြန့်သော ရှေးဟောင်းအပျက်စီးနေရာတွင်ပင် ထင်ရှားနေလေသည်။ ထို့ကြောင့် လူများစွာက ဤနေရာသို့ ဆွဲဆောင်ခံရပြီး တောင်တစ်ခွင်ရှိ ရတနာမျိုးစုံကို ရှာဖွေနေကြသည်။

သို့ရာတွင် ဤလူများက ဝူယွမ်နှင့် လင်းတုန်တို့ကို မြင်သောအခါ စိုးရိမ်ထိတ်လန့်သွားကြပြီး မည်သူကမျှ ချဉ်းကပ်ဝံ့ကြခြင်းမရှိဘဲ သူတို့ကို ရှောင်ကွင်း၍ အခြားနေရာများကိုသာ ရှာဖွေကြလေသည်။

သူတို့နှစ်ဦးကဲ့သို့ လက်လှုပ်တိုင်း သတ်ဖြတ်ပြီး ဂိုဏ်းအလုံးအရင်းကို မျိုးပြတ်အောင် ပြုလုပ်တတ်သော ရက်စက်တဲ့သူတွေကို မည်သူကမျှ မထိပါးဝံ့ကြပေမထိပါးဝံ့။

အစ်ကို၊ ရှေ့တည့်တည့်မှာပဲ”

မုချန်ချန်က တောင်ကြီး၏ အတွင်းပိုင်းကို ညွှန်ပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒီနေရာနဲ့ပတ်သက်ပြီး ကျွန်မတို့ သိပ်မသိကြသေးဘူး၊ ဒါပေမယ့် ယင်ရုပ်သေးကျောင်းတော်က ဒီနေရာကို မကြာခဏ လာလေ့ရှိတယ်လို့ ကြားဖူးတယ်။ မဟာရှေးဟောင်းကျောက်တိုင်ဖွင့်တိုင်း သူတို့က ဒီနေရာကို အရင်ဆုံး လာရောက်လေ့လာတတ်ကြတယ်”

“ဒါဆို ဒီနေရာက ရတနာတွေကို ယင်ရုပ်သေးကျောင်းတော်က ယူသွားပြီးသား ဖြစ်နိုင်လား”

လင်းတုန်က စိုးရိမ်စွာ ပြောလိုက်သည်။ ဝါးမျိုခြင်း ဘိုးဘွားအဆောင်ကို တစ်စုံတစ်ယောက်က ခိုးယူသွားပြီးသားဖြစ်မှာကို သူစိုးရိမ်နေမိသည်။

သူနှင့် ရှောင်တျောင်းတို့က မကြာခဏ ဆက်သွယ်ပြောဆိုလေ့ရှိသဖြင့် ဘိုးဘွားအဆောင်၏ စွမ်းအားကို သူကောင်းကောင်းသိထားသည်။

“အရင်လေ့လာကြည့်ရအောင်။ မတွေ့ရင်တော့ ယင်ရုပ်သေးကျောင်းတော်ကို သွားလည်ကြတာ‌ေပါ့” ဝူယွမ်က အေးဆေးတည်ငြိမ်စွာဘဲ ပြောလိုက်သည်။

သူတို့က ရှေးဟောင်းကျောက်တိုင်အတွင်းပိုင်းဆီသို့ နောက်ထပ်နာရီဝက်ခန့် ခရီးဆက်လာကြပြီးနောက် မုချန်ချန်၏ ပန်းသီးပုံစံမျက်လုံးလေးများ ဝင်းလက်သွားပြီး သူတို့ရှေ့တွင် ကျောက်တံခါးကြီးတစ်ခု ပေါ်လာသည်။

အနီးကပ်ကြည့်လိုက်သောအခါ ကျောက်တံခါးက ရေညှိများဖြင့် ဖုံးလွှမ်းနေပြီး ရှေးဟောင်း သဘာဝကို ခံစား‌နေရသည်။ ကျောက်တံခါးပေါ်တွင် အရငိက အလွန်ရှုပ်ထွေးသော ရူန်းများ ရှိခဲ့သော်လည်း အချိန်ကုန်လွန်မှုကြောင့် မဟုတ်တောင် အခြားအကြောင်းများကြောင့် ထိုရူန်းများက မမြင်ရလောက်အောင် မှေးမှိန်သွားခဲ့သည်။ သို့ရာတွင် ထိုရူန်းများ၏ ကျန်ရှိနေသော စွမ်းအားကို ဝေဝေဝါးဝါး ခံစားမိနိုင်သေးသည်။

ကျောက်တံခါးက ထိုးဟနေပြီ ဖြစ်ကာ မြေကြီးပေါ်တွင် ခြေရာများ ရှိနေရာ သူတို့ထက် စောပြီး ဝင်ရောက်ခဲ့သူများ ရှိကြောင်း ဖော်ပြနေသည်။

မုချန်ချန်နှင့် လင်းတုန်တို့ နှစ်ဦးစလုံး အနည်းငယ် စိုးရိမ်သော ပုံစံဖြင့် ကြည့်လိုက်ကြသည်။

ရှောင်တျောင်းကတော့ လင်းတုန်၏ ပခုံးပေါ်တွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေလေသည်။

“သွားကြရအောင်”

ဝူယွမ်က မည်သည့်မတွန့်ဆုတ်မှုမျှ မပြုဘဲ တိုက်ရိုက် ကျောက်တံခါးအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။ အတွင်းဘက် အလင်းရောင်က ပိုမို မှောင်မည်းသော်လည်း စွမ်းအားပြင်းနတ်ဆိုးမျက်စိ ပိုင်ဆိုင်ထားသော သူ့အတွက်မူ ဂရုစိုက်စရာမလိုပေ။

လမ်းကြောင်းက ရှည်လျားလွန်းပြီး အနည်းငယ် စောင်းနေကာ သူတို့သုံးဦးမြေအောက်သို့ တိုက်ရိုက် ဆင်းသက်သွားသည်။

ပိုမိုနက်ရှိုင်းစွာ ဆင်းလာသည်နှင့်အမျှ မြေအောက်နယ်ပယ်က ပိုကျယ်ပြန့်လာပြီး ကျောက်လမ်းကြောင်းများစွာကို တွေ့လိုက်ရသည်။ လမ်းကြောင်းများက အလွန်ရှုပ်ထွေးကာ ဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

ကျောက်လမ်းကြောင်း ဒါဇင်နှင့်ချီ၊ ရာနှင့်ချီ ရှိသော အခြေအနေကို ရင်ဆိုင်ရသောအခါ ဝူယွမ်က ဝိညာဉ်စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်ပြီး လေထဲတွင် မူလ ဝါးမျိုခြင်းရူန်းကို ရေးဆွဲပြီး အဆောင်စာရွက် တစ်ခုပေါ်သို့ ရိုက်နှိပ်လိုက်သည်။

အလွန်ရှုပ်ထွေးသော ၀ါးမျိုခြင်းရူန်းကို ကြည့်ရင်း ရှောင်တျောင်းက အသက်ရှုမှားလုနီးပါး ဖြစ်သွားလေသည်။

၀ါးမျိုခြင်းရူန်း ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် တုန်ခါမှုများ ပေါ်ပေါက်လာပြီး ဝူယွမ်အတွက် လမ်းကြောင်းတစ်ခုကို ညွှန်ပြနေသည်။ သူတို့က မတွန့်ဆုတ်နေဘဲချက်ချင်း ထိုကျောက်လမ်းကြောင်းအတိုင်း ပြေးသွားကြသည်။

သိပ်မကြာမီ သူတို့က ကြီးမားသော အနက်ရောင် အပေါက်ကြီး တစ်ခု ရှေ့သို့ ရောက်ရှိလာကြကာ ဤအနက်ရောင် အပေါက်ကြီးက မြေကြီးအတွင်းပိုင်းထိ နက်ရှိုင်းစွာသို့ တိုး၀င်နေဟန်ရှိပြီး အပေါက်ကြီးပတ်လည်တွင် မရေမတွက်နိုင်လောက်အောင် သိပ်သည်းသော အပေါက်ငယ်များ ရှိနေကာ အပေါက်ငယ်‌ေလးများအတွင်း၌ ဖြတ်တောက်ခံထားရသော ခြေလက်အင်္ဂါများ များစွာ ရှိနေခဲ့သည်။

“အဆောင်ရုပ်သေးဂူကျင်းဆိုတာ ရှေးဟောင်းကျောင်းတော်တွေက အဆောင်ရုပ်သေးတွေ သွန်းလုပ်ခဲ့တဲ့နေရာဘဲ။ ဒါတွေကတော့ အဆောင်ရုပ်သေးတွေရဲ့ အကြွင်းအကျန်တွေ ဖြစ်မယ်” ရှောင်တျောင်းက ပြောသည်။

ထိုအချိန်တွင် အချို့သော အပေါက်များမှ ယွမ်စွမ်းအင်တုန်ခါမှုများ ထွက်ပေါ်လာသည်။

ထို့နောက် ပုံရိပ်အနည်းငယ်က ၎င်းတို့ထဲမှ ထွက်ပြေးလာကြသည်။

‌ပုံရိပ်များနောက်တွင် အနက်ရောင် အဆောင်ရုပ်သေးများ ရှိနေပြီး ထွက်လာလာခြင်း လှိုင်းလုံးများဖြင့် သူတို့ကို တိုက်ခိုက်လိုက်ကြသည်။

“သတိထား”

ထိုလူအနည်းငယ်က အဆောင်သခင်များ ဖြစ်ကြပြီး တစ်ဦးမှာ ဝိညာဉ်အဆောင်သခင် ဖြစ်သည်။ သူတို့က ဓားများပေါ် ပျံတက်၍ အဆောင်ရုပ်သေးများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားကာ ဂူမှ ထွက်လာကြသည်။

ဝူယွမ်တို့ကို မြင်သောအခါ သူတို့က ကြောက်လန့်တကြားဖြင့် ဟိုဘက်တွင် ရပ်နေကြပြီး မျက်လုံးထဲတွင် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည်။

“သူတို့က ပျော်ရွှင်ခြင်းမြစ်၀ှမ်းက လာတာပါ” မုချန်ချန်က ဘေးမှ မိတ်ဆက်ပေးလိုက်သည်။

ပျော်ရွှင်ခြင်းမြစ်၀ှမ်းက ၀မ့်လွန်ပြည်နယ်ရှိ အတော်လေး အားကောင်းသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရှေးဟောင်းဓားကျောင်းတော်ထက် မနိမ့်ပေ။

ပျော်ရွှင်ခြင်းမြစ်၀ှမ်းအပေါ် သူမအတော် စိတ်ဝင်စားနေသည်။ ပြောရလျှင် ပျော်ရွှင်ခြင်းမြစ်၀ှမ်း၏ ကျင့်ကြံခြင်း လမ်းကြောင်းသည် သူတို့၏ ပျော်ဖွယ်ဂိုဏ်း လမ်းကြောင်းနှင့် အနည်းငယ် ဆင်တူသည်။

“ဝူယွမ်မိတ်ဆွေ၊ သတိထားပါ၊ ဒီနေရာက အဆောင်ရုပ်သေးတွေက အရမ်းဒုက္ခပေးနိုင်တယ်”

ခေါင်းဆောင်ဖြစ်ဟန်ရသော ဝိညာဉ်အဆောင်သခင် က အောက်ဘက်ရှိ အနက်ရောင်အပေါက်များကို ညွှန်ပြကာ သတိပေးလိုက်သည်။

ပြောပြီးသည်နှင့် သူတို့က ချက်ချင်း ထွက်ခွာရန် ပြင်လိုက်ကြသည်။

သူတို့အတွက် ဝူယွမ်နှင့် တွေ့ဆုံရခြင်က ဤအဆောင်ရုပ်သေးများနှင့် တွေ့ဆုံရခြင်းထက် ပို ကြောက်ဖို့ကောင်းသည်။

“ရပ်လိုက်” ရုတ်တရက်လင်းတုန်က အော်တားလိုက်သည်။

“အဲဒါတွေက အလယ်အလတ်အဆင့် အဆောင်ရုပ်သေးတွေပဲ၊ မင်းတို့ သတိပေးစရာ မလိုပါဘူး”

“သိုလှောင်အိတ်တွေ ဖွင့်ပြီး ငါတို့လိုချင်တာ ရှိမရှိ ကြည့်ခွင့်ပေး”

လင်းတုန်က သူ၏လက်တွင် ကောင်းကင်အကြေးခွံရှေးဟောင်း လှံတံရှည်ကို ကိုင်ထားပြီး သူ၏စွမ်းအားဖြင့် ထိုလူအနည်းငယ်ကို ဖုံးလွှမ်းထားလိုက်သည်။

ဝူယွမ်က ဘာမှ၀င်မပြောခဲ့ပေ။ ထိုလူအနည်းငယ်က ဝါးမျိုခြင်း ဘိုးဘွားအဆောင်ကို ရရှိမည်မဟုတ်ကြောင်း သိထားသော်လည်း လင်းတုန်၏ လက်ရှိစိတ်အခြေအနေကို သူနားလည်သည်။

လင်းတုန်က သက်သေမရှိတာကြောငိ့ တစ်ယောက်ယောက်ကို လွှတ်ပေးဖို့ထက် လူမှားသတ်မိတာက ပိုကောင်းသည်ဟုသာ ထင်ပေသည်။

စွမ်းအားကြီးသူရှေ့ ရပ်နေရသောအခါ ဦးညွှတ်ရမည်သာ ဖြစ်သည်။ အဖွဲ့ခေါင်းဆောင် ဝိညာဉ်အဆောင်သခင်က အလွန်လက်တွေ့ဆန်ပြီး ရှည်ရှည်ဝေးဝေး မပြောဘဲ သူ၏သိုလှောင်အိတ်ကို ဖွင့်ပုလိုက်သည်။

ခုခံခြင်းက သေခြင်းကိုသာ ဖြစ်စေနိုင်သည်။

အပြင်ဘက်ရှိ ရှေးဟောင်းကျောက်တိုင်အနီးတွင် လင်းတုန်က ယင်ရုပ်သေးကျောင်းတော်၏ သိုလှောင်အိတ်အားလုံးကို မည်သို့ယူဆောင်သွားခဲ့သည်ကို ပြန်သတိရသောအခါ သူတို့က သူတို့၏ကိုယ်ပိုင်သိုလှောင်အိတ်များအတွက် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်နေသည်။

သို့ရာတွင် လင်းတုန်က သူတို့ကို တစ်ယောက်ချင်းစီ စစ်ဆေးပြီးနောက် ဘိုးဘွားအဆောင် မတွေ့ရှိသဖြင့် သူတို့ကို ဒုက္ခမပေးဘဲ လွှတ်ပေးလိုက်သည်။

ဤအရာက ပျော်ရွှင်ခြင်းမြစ်၀ှမ်းမှ လူများကို အလွန်ကံကောင်းသည်ဟု ခံစားရစေသည်။

“အောက်ဘက်မှာဘဲ”

ဝူယွမ်က အောက်ခြေထိ ဦးတည်နေသော လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး ခုန်ချလိုက်သည်။

လမ်းတစ်လျှောက် ပတ်ဝန်းကျင်ရှိ အပေါက်များမှ အဆောင်ရုပ်သေးများက သူတို့ကို တိုက်ခိုက် တိုက်ခိုက်နေကြသည်။

သို့ရာတွင် ဤအလယ်အလတ်အဆင့် အဆောင်ရုပ်သေးများ၏ အမြင့်ဆုံးအဆင့်မှာ ချီဖန်တီးခြင်းအဆင့်သာ ရှိပြီး အရေအတွက်များပြားသော်လည်း သူတို့ကို လုံးဝထိခိုက်စေနိုင်ခြင်း မရှိပေ။

အချိန်အနည်းငယ်ကြာ ဆင်းသက်လာပြီးနောက် အဆောင်ရုပ်သေး အရေအတွက်များက လျော့နည်းလာပြီး ပိုမှောင်မည်းလာသည်။

ဂူတစ်ခုကို ဖြတ်သန်းသွားသောအခါ ရှောင်တျောင်းက စိတ်လှုပ်ရှားစွာ ထပြောလိုက်သည်။

“အဆောင်ရုပ်သေးနောက်တစ်ခု ရှိသေးတယ်၊ အဆင့်မြင့် အဆောင်ရုပ်သေးဘဲ၊ ပြီးတော့ သေချာ ထိန်းသိမ်းထားတာကြောင့် အရမ်းကောင်းနေတုန်းပဲ”

အဆင့်မြင့် အဆောင်ရုပ်သေးဆိုသည်မှာ ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင် ယှဥ်လို့ရသည်။

သူတို့က ရှောင်တျောင်းစကားကြောင့် ချက်ချင်း ရပ်လိုက်ကြသည်။ ဝူယွမ်နှင့် လင်းတုန်တို့က သိပ်ပြဿနာမရှိ၊ သူတို့တွင် ကူးပြောင်းခြင်းအဆင့်ထက်ကျော်လွန်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိပြီးသား ဖြစ်သည်။

မုချန်ချန်မှာမူ ဂူအနားရှိ အဆောင်ရုပ်သေးကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ဤအဆောင်ရုပ်သေးက လုံးဝအနက်ရောင်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်တွင် ရွှေရောင် အလင်းများ အနည်းငယ် ရှိနေသည်။ အနီးကပ် စစ်ဆေးကြည့်ပါက ဤရွှေရောင် အလင်းများက ဝေဝါးနေသော်လည်း အလွန်ရှုပ်ထွေးသော ရူန်းတစ်ခုနှင့် အနည်းငယ်တူညီကြောင်း တွေ့လိုက်ရသည်။

အဆောင်ရုပ်သေးက စွမ်းအင်ကုန်ခမ်းသွားသောကြောင့် အရောင်မှိန်သွားခြင်းမှလွဲ၍ အခြားမည်သည့်ပျက်စီးမှုမျှ မရှိပေ။

“အဆင့်မြင့် အဆောင်ရုပ်သေးတွေက ယင်ရုပ်သေးကျောင်းတော်မှာတောင် နှစ်ခုဘဲရှိတာ် မဟာယန်မင်းဆက် တစ်ခုလုံးမှာတောင် ရှာတွေ့နိုင်ဖို့ မလွယ်ဘူး သူ့ရဲ့တန်ဖိုးက အနည်းဆုံး ယွမ်ဆေးလုံး သန်းပေါင်းများစွာ ရှိတယ်”

“ညီလေး၊ မင်းအရင်သိမ်းထားလိုက်ပါ”

ဝူယွမ်က ဖျက်က်စီးခြင်းရူန်းကို ထုတ်လွှတ်ကာ ဤအဆင့်မြင့် အဆောင်ရုပ်သေးအတွင်းရှိ ကျန်ရှိနေသော အမှတ်အသားကို ဖျက်ဆီးလိုက်သည်။

ထို့နောက် လင်းတုန်က သူ၏ ဝိညာဉ်စွမ်းအင်အမှတ်အသားကို ထည့်လိုက်ပြီး ရုပ်သေးကို ထိန်းချုပ်လိုက်သည်။

အဆောင်ရုပ်သေးကို အဆင်ပြေပြေ သိမ်းဆည်းပြီးနောက် သူတို့သည် အောက်ဘက်သို့ ဆက်လက်ဆင်းသက်ရန် ပြင်လိုက်ကြသည်။

ဝူယွမ် ယခင်က မြင်တွေ့ခဲ့ရသော မြင်ကွင်းများထဲတွင် ဝါးမျိုခြင်း ဘိုးဘွားအဆောင်က ဤမြေအောက်နေရာမှ ပျံတက်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

“ဒီအဆောင်ရုပ်သေးဂူကျင်းမှာ သိုလှောင်ထားတဲ့ အဆောင်ရုပ်သေးတွေက အောက်ကို ပိုဆင်းသွားလေလေ ပိုမြင့်လာလေလေ ဖြစ်နိုင်တယ်”

“ အောက်ခြေထိ မရောက်သေးခင် အဆင့်မြင့် အဆောင်ရုပ်သေးတွေ တွေ့နေပီ၊ ဒါဆို အောက်မှာ ပိုပြီးအားကောင်းတဲ့ အဆောင်ရုပ်သေးတွေ ရှိအုံးမယ်ဆိုတာ သေချာတယ်”

ရှောင်တျောင်းက မျှော်လင့်ချက်ဖြင့် ပြောသည်။

“အဆင့်မြင့် အဆောင်ရုပ်သေးထက် ပိုမြင့်တဲ့ အဆောင်ရုပ်သေးက ဘယ်လိုလဲ” လင်းတုန်က မျက်လုံးထဲတွင် ရှုပ်ထွေးမှုများအပြည့်ဖြင့် မေးမြန်းလိုက်သည်။

ရှောင်တျောင်း - “အဆင့်နိမ့်၊ အလယ်အလတ်နဲ့ အဆင့်မြင့် ဆိုတာ အဆောင်ရုပ်သေးတွေရဲ့ အဆင့်သုံးဆင့်ဘဲ၊ ဒါပေမယ့် ဒါတွေက အဆောင်ရုပ်သေးတွေကြားက ကနဉီး ခွဲခြားမှုဘဲ။ အဆင့်မြင့် အဆောင်ရုပ်သေးတွေအထက်မှာ ဝိညာဉ်အဆင့် အဆောင်ရုပ်သေးလို့ ခေါ်တဲ့ အဆောင်ရုပ်သေးတွေ ရှိသေးတယ်။ ဝိညာဉ်အဆင့် အထက်မှာ ပိုမြင့်တဲ့ ကောင်းကင်အဆောင်ရုပ်သေးတွေ၊ ပြီးတော့ ဒဏ္ဍာရီလာ နတ်အဆောင်ရုပ်သေးတွေတောင် ရှိသေးတယ်”

သူတို့ အောက်ဘက်သို့ဆက်လက် ဆင်းသက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အပေါက်များက ပိုမိုကြီးမားလာသော်လည်း အားလုံး ဗလာဖြစ်နေသည်။ ရှေးခေတ်က ဤဂူများအားလုံး အဆောင်ရုပ်သေးများဖြင့် ပြည့်နှက်နေခဲ့သော ကြီးကျယ်ခန်းနားသည့် မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်နိုင်သည်။

“အစ်ကိုတော်၊ ကျွန်မ ဆက်မသွားနိုင်တော့ဘူး၊ အရမ်းချမ်းလိုက်တာ”

မုချန်ချန်က ရုတ်တရက် ရပ်တန့်လိုက်သည်။

ဤအချိန်မှ အောက်ဘက်တွင် အလွန်အေးချမ်းသော လေစီးကြောင်းတစ်ခု ရှိနေပြီး ဖြည်းဖြည်းချင်း အပေါ်ဘက်သို့ တိုးဝင်လာကာ အေးစက်သော လေစီးကြောင်း မြူများအဖြစ် အလွှာလိုက် စုဝေးလျက် ဤအဆောင်ရုပ်သေးဂူကျင်းအတွင်း မျောပါနေသည်ကို သိလိုက်ကြသည်။

သူတို့၏ ခန္ဓာကိုယ်များက သန်မာသောကြောင့် ထိုအဆင့်ရှိ အေးစက် လေစီးကြောင်းက သူတို့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

သို့ရာတွင် မုချန်ချန်ကတော့ မတူပေ။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက ခံနိုင်ရည် မရှိချေ။

“မင်းတို့နှစ်ယောက် ဒီမှာစောင့်နေလိုက်ပါ။ လင်းတုန်နဲ့ ငါဘဲအောက်ကို သွားကြည့်မယ်”

ဝူယွမ်က မုချန်ချန်နှင့် ကျားနှစ်ကောင်ကို အနီးရှိဂူတွင်ထားခဲ့သည်။ ဝူယွမ်က မုချန်ချန်အား ဝါးမျိုခြင်း ဘိုးဘွားအဆောင်အကြောင်း မသိစေချင်လိုပေ။

ညီအစ်ကိုနှစ်ယောက်က အောက်တည့်တည့်သို့ ပျံသန်းသွားကြသည်။

ပိုနက်ရှိုင်းစွာ ဆင်းလာသည်နှင့်အမျှ အေးစက်သော လေထုက ပိုမိုလေးလံလာပြီး သူတို့၏ သန်မာသော ခန္ဓာကိုယ်များကပင် အရိုးကျိုးမတက် နာကျင်မှုကို ခံစားရကာ ဝိညာဉ်စွမ်းအင်ပင် အေးလွန်းသောကြောင့် ထိခိုက်လာသည်။

“ဒါက အနတ္တယင် လေထုဘဲ။ ဒီနေရာက မြေအောက်နဲ့ ဆက်သွယ်နေတယ်ဆိုတာ သေချာတယ်။ ဒီလို အေးစက်တဲ့ လေထုမျိုး ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာရင် ဝိညာဉ်စွမ်းအင်ကိုတောင် ခဲသွားစေနိုင်တယ်” ရှောင်တျောင်းက နောက်မှလိုက်လာရင်း သတိပေးလိုက်သည်။

“ပြဿနာမရှိပါဘူး၊ ဒီအဆင့်လောက်လေး အေးတဲ့ လေထုက ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး”

လင်းတုန်က ပြုံးရယ်ကာ သူ၏ခန္ဓာကိုယ်မှ စိမ်းပြာရာင် အရောင်တစ်မျိုးကို ထုတ်လွှတ်လိုက်သည်။

ကူးပြောင်းခြင်းအဆင့် အထွတ်အထိက် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်သော အရိုးစားယင်လေပင် အရင်က သူ့ကို သတ်နိုင်ခြင်းမရှိခဲ့သဖြင့် သာမန် ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများကိုသာ ခြိမ်းခြောက်နိုင်သော အနတ္တ လေထု လောက်ကတော့ ထည့်ပြောစရာ မလိုပေ။

သူတို့၏ သန်မာသော ခန္ဓာကိုယ်များက အေးစက်သော လေထုကို အလျင်အမြန် ဖြတ်သန်းသွားပြီး အောက်ခြေအထိ ရောက်ရှိသွားကြသည်။

အောက်ဘက်တွင် အလွန်ကျယ်ပြန့်သော အနက်ရောင် ပူဇော်ခုံ

တစ်ခု ရှိလေသည်။ ဤပူဇော်ခုံက အနက်ရောင်သံဖြင့် သွန်းလုပ်ထားဟန်ရပြီး အလွန်အေးစက်သော အနက်ရောင်သံဖြစ်သည်။ ပူဇော်ခုံပေါ်တွင် ကျောက်တိုင်များစွာ ရှိနေသဖြင့် ထူးဆန်းသည်ဟု ထင်ရသည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ဖြင့် ရေးဆွဲထားသော မူလ ဝါးမျိုခြင်းရူန်းက ဝိညာဉ်စွမ်းအင်ဖြင့် အသက်သွန်းရန်ပင် မလိုအပ်ဘဲ လင်းလက်တောက်ပနေပြီး ရူန်းများက မိမိဘာသာ လည်ပတ်နေကာ ဤမြေအောက်ပူဇော်ခုံနှင့်ပတ်သက်သည့် အလွန်အားကောင်းသော တုံ့ပြန်မှုကို ပြနေသည်။

သူတို့၏ အကြည့်များကချက်ချင်းပင် ပူဇော်ခုံ၏ အလယ်ဗဟိုသို့ အာရုံစိုက်သွားကြသည်။

ထိုနေရာတွင် သာမန်ထက် ကြီးမားသော အနက်ရောင် တိုင်ကြီးတစ်ခု ထီးထီးကြီးတည်ရှိနေကာ၊ တိုင်၏ထိပ်ပိုင်းတွင် ရှေးဟောင်းသင်္ကေတပုံစံတစ်ခု ရှိသည်။ ထိုသင်္ကေတပုံစံက ပြန့်ကားထွက်နေပြီး ပူဇော်ခုံတစ်ခုလုံး၏ ကျောက်တိုင်အားလုံးပါးကို ဆက်သွယ်ထားသကဲ့သို့ ဖြစ်နေရာ ဗဟိုချက် အချက်အချာနေရာဖြစ်နိုင်သည်။

သို့သော် ထိုအနက်ရောင် တိုင်ပေါ်တွင် ဘာမျှမရှိပေ။

သူတို့နှစ်ဦးက သင်္ကေတပုံစံပေါ်သို့ ချက်ချင်းခုန်၀င်လိုက်ကြသည်။ လင်းတုန်င ဒူးထောက်ထိုင်ကာ ပုံစံကို ပွတ်သပ်နေရင်း သူတို့၏ သဘာဝဝိညာဉ်အဆောင်များ နောက်တစ်ကြိမ် အနည်းငယ် တုန်ခါသွားသည်။ ဤနေရာတွင် အလွန်ရိုသေလေးစားစဖွယ် အာဏာရှင်ဆန်ဆန် အမိန့်ပေးနိုင်သော စွမ်းအင်တစ်ခု အရင်က ရှိခဲ့ဟန်ရသည်။

“ဝါးမျိုခြင်း ဘိုးဘွားအဆောင်ကို ယူသွားကြပြီ” လင်းတုန်က ဖြည်းဖြည်းချင်း သူ၏လက်သီးကို ဆုပ်လိုက်မိသည်။ အကြာကြီးခရီးဆက်ပြီးမှ အချည်းအနှီးဖြစ်သွားမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဤအချိန်တွင် ဝူယွမ် ရေးဆွဲခဲ့သော မူလ ၀ါးမျိုခြင်းရူန်းပါသည့် အဆောင်စာရွက်က တိုက်ရိုက် အနက်ရောင် တိုင်ကြီးပေါ်သို့ ပျံသန်းသွားလေသည်။

ပြင်းထန်သော အားတစ်ခုက အဆောင်ကိုချက်ချင်းပင် ဖျက်ဆီးလိုက်ကာ အဆောင်စာရွက်ပေါ်ရှိ ဝိညာဉ်စွမ်းအင်ရူန်းများကိုသာ ကျန်ရစ်စေသည်။ ထိုရှုပ်ထွေးသော ၀ါးမျိုခြင်းရူန်းများက အနက်ရောင် တိုင်ကြီးကို ပတ်နေပြီး ခလုတ်တစ်ခုကဲ့သို့ အနက်ရောင် တိုင်ကြီးပေါ်ရှိ ရူန်းအားလုံးကို အသက်ဝင်စေကာ ထူးဆန်းသောအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် ကျောက်တိုင်က တုန်ခါလာကာ အလင်းလှိုင်း အတက်အကျများက သူတို့၏ အမြင်များအတွင်း အံအားသင့်ဖွယ် အလျင်အမြန် ပြန့်နှံ့သွားပြီး နောက်ဆုံးတွင် ကျောက်တိုင်တစ်ခုလုံးကို သက်ရောက်မှု ရှိသွားလေသည်။

အလင်းလှိုင်း အတက်အကျများက ပိုသိပ်သည်းလာကာ နောက်ဆုံးတွင် လှုပ်ရှားသွားပြီး အနက်ရောင် ဝင်ရိုးစွန်းတစ်ခုကို ဖွဲ့စည်းလိုက်ကာ၊ ဝင်ရိုးစွန်းအတွင်းမှ အားနည်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။

လင်းတုန်နှင့် ရှောင်တျောင်းတို့က ဝူယွမ်၏ လုပ်ဆောင်ချက်များကို မျှော်လင့်ချက်ဖြင့် ကြည့်နေကြသည်။

ဤခရီးတစ်လျှောက်လုံးတွင် အစ်ကိုကြီးက စကားအလွန်နည်းခဲ့ပြီး စိတ်ဆိုးနေသော ပုံစံပင် ရှိနေခဲ့သည်။ အစ်ကိုကြီးက ဝါးမျိုခြင်း ဘိုးဘွားအဆောင်ကို ဦးစွာ လုယူသွားခံရမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားဟန်ရှိသည်။

မြေအောက်သို့ ရောက်သည်နှင့် တပြိုင်နက် သူက အနက်ရောင် ကျောက်တိုင်၏ ခလုတ်ကို ကျွမ်းကျင်စွာဘဲ ရှာဖွေတွေ့ရှိခဲ့သည်။

ဤအရာက အရင်က သူတို့၏ ခန့်မှန်းချက်များကို ထပ်မံအတည်ပြုပေးခဲ့သည် - ဝါးမျိုခြင်း ဘိုးဘေးအဆောင်ကို ဝူယွမ်က သူ၏ ပြန်လည်မွေးဖွားခြင်းမတိုင်မီက ထိုနေရာတွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ပေါ်လာသော အနက်ရောင် ဝင်ရိုးစွန်းကို စိုက်ကြည့်ရင်း ဝူယွမ်က မည်သည့်မတွန့်ဆုတ်မှုမျှ မပြဘဲ အထဲသို့ တိုက်ရိုက် ခြေချလိုက်သည်။

လင်းတုန်နှင့် ရှောင်တျောင်းတို့က ထိုမြင်ကွင်းကို မြင်ရသောအခါ သူ့နောက်ကို ချက်ခြင်းလိုက်လာကြလေသည်။ သူတို့က စကားများများ မပြောကြဘဲ အစ်ကိုကြီး၏ စိတ်အခြေအနေ ကောင်းမည်မဟုတ်ကြောင်း နားလည်ထားကြသည်။

ဝင်ရိုးစွန်းအတွင်း၌ မှောင်မည်းနေသော်လည်း မှောင်မည်းမှုက ခဏတာသာ ကြာပြီး သူတို့၏အမြင်က ရှင်းလင်း ကျယ်ပြန့်သွားလေသည်။ သူတို့ရှေ့တွင် ပေါ်လာသည်က ကျယ်ပြန့်သောလွင်ပြင်ကြီးဖြစ်ပြီး အလွန်ရှေးဟောင်းဆန်သော သဘာဝကို ခံစားနေရသည်။

လွင်ပြင်ပေါ်တွင် ကြီးမားသော အနက်ရောင် ကျောက်တိုင်ကြီးတစ်ခုက ထီးထီးကြီးတည်ရှိနေပြီး လူနှစ်ဦးနှင့် မြွေပါတစ်ကောင် ချဉ်းကပ်လာအခါ တိုင်၏ထိပ်ပိုင်းတွင် ထိုင်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရကြကာ အံ့အားသင့်သွားကြသည်။

“ဒီလူက ဘယ်သူလဲ”

လင်းတုန်က ကျောက်တိုင်၏ထိပ်ပိုင်းတွင် ထိုင်နေသော ပုံရိပ်ကို စိုးရိမ်သော ပုံစံဖြင့် စိုက်ကြည့်နေသည်။

ထိုပုံရိပ်က အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဆံဖြူအဖိုးကြီး တစ်ဦးဖြစ်သည်။ သူ၏အနက်ရောင်ဝတ်ရုံနှင့် ဆံဖြူများက လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ်ကို ဖော်ပြနေသည်။

“အဲဒါက ဝါးမျိုခြင်း ဘိုးဘွားအဆောင်ရဲ့ အရင်က ထိန်းသိမ်းသူဖြစ်မယ်” ရှောင်တျောင်းက သူ့အမြင်ကို ပြောပြလိုက်သည်။

ဝူယွမ်က စကားမပြောသေးဘဲ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ လေထဲတွင် နောက်တစ်ကြိမ် ပြည့်စုံသော မူလ ဝါးမျိုခြင်းရူန်းကို ရေးဆွဲလိုက်ပြန်သည်။

ဝူယွမ်က ရှေးဟောင်းပုံရိပ်နှင့် ဆက်သွယ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဝါးမျိုခြင်းရူန်းသာ ဖြစ်ကြောင်းသိထားပြီး ဤရူန်းက သူတို့ကြားက အကွာအဝေးကို လျှော့ချပေးနိုင်မည်ဟု သူမျှော်လင့်နေမိသည်။

ဝါးမျိုခြင်းရူန်း ပေါ်လာသည်နှင့်တပြိုင်နက် လွင်ပြင်တစ်ဝိုက်ရှိ ယွမ်စွမ်းအင်က ဝူယွမ်ဆီသို့ ရူးသွပ်စွာ စီးဝင်လာလေသည်။

လွင်ပြင်ပေါ်တွင် လေညှင်းတစ်ခု တိုက်ခတ်လာကြကာ လျှို့ဝှက်ဆန်းကြယ်သော အဖိုးကြီး၏ ဆံဖြူများကို လှုပ်ခတ်လိုက်သည်။ ချက်ချင်းပင် သူ၏ကျပ်တည်းစွာ ပိတ်ထားသော မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

အဖိုးကြီး၏ မျက်လုံးများကို ဖွင့်လိုက်သောအချိန်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ အဖိုးကြီး၏ မျက်လုံးများထဲတွင် ဘာမှ မပါဝင်ဘဲ ၎င်းတို့သည် အနက်ရောင် အပေါက်ကဲ့သို့ လုံး၀အမှောင်ထုဖြစ်နေသည်။ အနက်ရောင် မျက်ဆန်တစ်စုံက ကောင်းကင်ဘုံနှင့် မြေကြီးကြားရှိ အလင်းကိုပင် အတင်းအကျပ်စုပ်ယူနေဟန် ရသည်။

ဝူယွမ်နှင့် လင်းတုန်တို့က ထိုအနက်ရောင် မျက်ဆန်များကို ကြည့်ရင်း ပြင်းထန်သော စုပ်ယူအားတစ်ခုကို ခံစားလိုက်ကြရသည်၊ မိမိတို့၏ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များက ခန္ဓာကိုယ်မှ ထွက်ခွာပြီး မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး ဆီထွက်သွားတော့မလို ခံစားနေရသည်။

ထို ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်သော ခံစားချက်က နှစ်ဦးစလုံးကို ခြေတစ်လှမ်းနောက်ဆုတ်စေကာ ဤလျှို့ဝှက်ဆန်းကြယ်သော မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

ဤအချိန်တွင် ဝူယွမ် စုစည်းထားသော ဝါးမျိုခြင်းရူန်းက မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးရှေ့သို့ အလိုလို မျောပါသွားလေသည်။

သူ၏အနက်ရောင် မျက်ဆန်များက ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဝါးမျိုခြင်းရူန်းကို ကြည့်လိုက်ပြီး စိတ်ခံစားမှုတစ်ခု ပေါ်လာသည်။

“ဝါးမျိုခြင်းရူန်း တစ်ခုလုံးကို ရေးဆွဲနိုင်သေးတဲ့သူ ရှိသေးတယ်လား”

အဖိုးကြီး၏ အနက်ရောင် မျက်ဆန်များက ဝူယွမ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ရှေးဟောင်းဆနမသော အသံတစ်ခုက လွင်ပြင်ကို ဖြတ်သန်းကာ တဖြည်းဖြည်း ပဲ့တင်ထပ်သွားပြီး သူ၏‌လေသံထဲတွင် အံ့အားသင့်မှုများ ပါဝင်နေသည်။

“ကျွန်တော် ဝူယွမ်နဲ့၊ ကျွန်‌တော်လင်းတုန်က အရိုအသေပေးပါတယ်၊ အရှင်”

သူတို့နှစ်ဦးစလုံး ရိုသေစွာ ဦးညွှတ်အရိုအသေပေးလိုက်ကြပြီး မျက်လုံးနက

All Chapters