လင်းလန်တျန်း သေပီ
Vol. 13 Ch. 122
မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးက ဝူယွမ်အား အလွန်စိတ်၀င်စားနေလေသည်။ အရင်ကြီးကျယ်သော စစ်ပွဲကြီးပြီးနောက် အောင်မြင်စွာ ပြန်မွေးဖွားနိုင်ခဲ့သူ။ ဤကဲ့သို့သောပုဂ္ဂိုလ်မျိုးက ကမ္ဘာကို တုန်လှုပ်စေနိုင်သည့် အစွမ်းအစများ ပိုင်ဆိုင်ရမည်ဖြစ်သည်။
သူတို့၏ ရှေးဟောင်းဂိုဏ်းက တစ္ဆေနတ်ဆိုးကို ယနေ့ထိတိုင် ဖိနှိပ်ထိန်းချုပ်ထားရဆဲပင်ဖြစ်သည်။
တစ္ဆေနတ်ဆိုးကို နှိမ်နင်းသုတ်သင်ပြီး ဂိုဏ်းကို ပြန်လည်ရှင်သန်စေရန် ကံကြမ္မာကြီးကြီးမားမားရှိသူ တစ်ဦးကိုလိုအပ်သည်။
ဝူယွမ်ကို ကြည့်ရင်း မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးက ဝူယွမ်သည် ရှေးဟောင်းဂိုဏ်း ပြန်လည်ထွန်းကားရေးအတွက် မျှော်လင့်ချက်ဖြစ်မည်ဟု ခံစားမိသည်။
ပြန်လည်မွေးဖွားခြင်းအရှင်ကြီးတစ်ပါး မဟာရှေးဟောင်းကျောက်တိုင်ကို ဆက်ခံခြင်းက ဂိုဏ်းအတွက် မျှော်လင့်မထားသော ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်။
သူက မျှော်လင့်ချက်အနည်းငယ်ဖြင့် ပြောလိုက်သည်၊ “၀ါးမျိုခြင်း အဆောင်ရဲ့ တံဆိပ်ဖြေရှင်းနည်းကို ငါ မင်းကို ပေးနိုင်တယ် ဒါပေမဲ့ ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က၊ မင်း ေရှးေဟာင်းဂိုဏ်းရဲ့ အန္တရာယ်ကို ဖြေရှင်းပေးပြီး ကျောင်းတော်ကို ပြန်လည်ရှင်သန်စေနိုင်ဖို့ရာ ကူညီနိုင်မယ်လို့ ငါမျှော်လင့်တယ်။”
ဤသည်က သူ၏ ရှည်လျားသော ဆန္ဒတစ်ခုဖြစ်သည်။ ဂိုဏ်းက တစ္ဆေနတ်ဆိုးတို့လက်ချက်ကြောင့် အပြီးအပိုင် ဖျက်ဆီးခံခဲ့ရပြီး ထိုတစ္ဆေနတ်ဆိုးဗိုလ်ကြီးကို မဟာရှေးဟောင်းကျောက်တိုင်အောက်၌ ဖိနှိပ်ထားနိုင်ရန် သူအတော်လေး အားထုတ်ခဲ့ရသည်။
ထိုတစ္ဆေနတ်ဆိုးက ရှေးဟောင်းဂိုဏ်း၏ အဓိက အန္တရာယ်ကြီးဖြစ်သည်။ ၀မ့်လွန်ကျောင်းတော်တွင် အသက်ရှင်ကျန်ရစ်သူ မရှိတော့သော်လည်း ရှေးဟောင်းဂိုဏ်းတစ်ခုအနေဖြင့် ပျက်စီးချိန်တွင်ပင် ဤမြေကို ကာကွယ်ရန် တာ၀န်ကြီးကို ထမ်းဆောင်ထားခဲ့ကြသည်။
သာမန်ပုဂ္ဂိုလ်တစ်ဦးက ထိုတစ္ဆေနတ်ဆိုးဘုရင်ကို ဖြေရှင်းနိုင်မည်မဟုတ်။ ဝူယွမ်ကဲ့သို့သော ပြန်လည်မွေးဖွားသူတစ်ဦးကသာ မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးအား မျှော်လင့်ချက်ပေးနိုင်သည်။
ဝူယွမ်က မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး ပြောနေသည်ကို နားလည်သော်လည်း ဤအရာကို သူက အနည်းငယ် ၀န်ထုပ်ကြီးသလို ခံစားရသည်။ အဖိုးကြီး၏ ဆိုလိုရင်းမှာ မဟာရှေးဟောင်းကျောက်တိုင်ကို သူ့အား အပ်နှံလိုက်ခြင်း ဖြစ်သည်။
ရှောင်တျောင်းက ပြောလိုက်သည်၊ “အရှင်၊ စိတ်ချလက်ချနေပါ၊ ကျွန်တော်တို့က ၀ါးမျိုခြင်း ဘိုးဘေးအဆောင်ကို လိုချင်တဲ့အတွက် အရှင့်ရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်။”
၀ါးမျိုခြင်း ဘိုးဘေးအဆောင်က အလွန်အရေးကြီးလှသည်။ ယခင်က ၀ါးမျိုခြင်း ဘိုးဘေးအဆောင်ကို မမြင်ရသဖြင့် ရှောင်တျောင်းက အနည်းငယ် စိတ်ပျက်မိခဲ့သည်။
မျှော်လင့်မထားသည်မှာ အခြေအနေများ ပြောင်းလဲသွားခြင်းဖြစ်သည်။ မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးတွင် နောက်ဆုံးကတ်တစ်ချပ် ရှိနေသေးသည်။
ထို့ကြောင့် သူတို့က မအီမသာဖြစ်နေရန် မလိုတော့သကဲ့သို့ မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး အခြားသူလက်ထဲ ရောက်သွားမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။
“တစ္ဆေနတ်ဆိုးကို နှိမ်နင်းပြီး တရားမျှတမှုလမ်းစဉ်ကို ကာကွယ်ခြင်း၊ ဤကမ္ဘာကို စောင့်ရှောက်ခြင်းတို့က ကျွန်တော်တို့ ကျင့်ကြံသူတွေ လုပ်သင့်တဲ့ အရာဘဲ၊ အရင်တုန်းက ကျွန်တော် ရှေးဟောင်းကျောင်းတော်နဲ့ တစ္ဆေနတ်ဆိုးတို့ရဲ့ တိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးသားမလို့၊ စိတ်ချလပါ၊ တစ်နေ့ ကျွန်တော့်ရဲ့ စွမ်းအား ထိပ်ဆုံးကို ရောက်တဲ့အခါကြ ရှေးဟောင်းဂိုဏ်းအတွက် အန္တရာယ်ကို မုချသုတ်သင်ပစ်မှာပါ။”
ဝူယွမ်က လေးလေးနက်နက် ပြောဆိုလိုက်သည်။
အခြားကမ္ဘာမှ ရောက်ရှိလာသူတစ်ဦးအနေဖြင့် သူက တစ်ချို့ရာများကို မည်သူထက်မဆို ပိုမြင်နိုင်ပြီး တျန်းယွမ်တိုက်ကြီးကို ကောင်းကောင်း နားလည်ထားသည်။
တစ္ဆေနတ်ဆိုးဆန့်ကျင်ရန်က လိုအပ်သော တာ၀န်ဖြစ်သည်။
ဝူယွမ်၏ ကတိစကားကို ရသည်နှင့် မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာသည်။
ထိုအချိန်တွင် သူထိုင်နေသော ဧရာမကျောက်တိုင်ကြီးက ရုတ်တရက် သေးငယ်သော အက်ကြောင်းများ ပေါ်လာပြီး ပေါက်ကွဲသံနှင့်အတူ မဲနက်သောအလင်းများစွာကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းများက လေထဲတွင် ရစ်ပတ်ကာ လက်ဝါးအရွယ်ရှိ မည်းနက်သည့် ရူန်းတစ်ခုအဖြစ် စုစည်းသွားသည်။
မည်းနက်နေသော ရူန်းပေါ်လာသည်နှင့် ထိုရူန်းက ဝူယွမ်ဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ဝူယွမ်က ဖြည်းဖြည်းချင်း လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ မည်းနက်နေသော ရူန်းကို မတုန်မလှုပ်လက်ခံယူလိုက်သည်။
မည်းနက်သော ရူန်းသည် သူ၏လက်ထဲသို့ ၀င်ရောက်သောအခါ အလွန်အေးစက်သော အထိတွေ့ခံစားမှုရှိသော်လည်း ယင်း၏အပေါ်တွင် မည်းနက်သောအလင်းများ စီးဆင်းနေပြီး သတိရှိသကဲ့သို့ ထူးဆန်းစွာ ပေါ်လွင်နေသည်။
“မင်းသာ ၀ါးမျိုခြင်း ဘိုးဘေးအဆောင်ကို တွေ့ခဲ့ရင် အဲ့တာကို အသုံးပြုပြီး တံဆိပ်ကို ဖျက်စီးနိုင်တယ်” ဟု မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးက ပြောလိုက်သည်။
“မူလ ချိတ်ပိတ်ရူန်း”
ဝူယွမ်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ မျက်လုံးနက်ကြီးရှင် အဘိုးအို ပေးလိုက်သော ရူန်းက အမှန်တကယ်ပင် မူလချိတ်ပိတ်ရူန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရူန်းအပြည့်အစုံ၏ တစ်ဝက်ခန့်ရှိသည်။
“မင်းက အဲ့ရူန်းကို သိတာလား။”
ဝူယွမ်သည် ပြုံးရီလျက် သူ၏ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်ထုတ်လွှတ်ကာ လေထဲတွင် ချိတ်ပိတ်ရူန်းတစ်ခုကို ရေးဆွဲပြလိုက်သည်။
“ဟင်”
မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးက အံ့အားသင့်သွားပြီး ကိုယ့်ကိုကိုယ် လှောင်ပြောင်သည့်သဘောဖြင့် ပြောလိုက်သည်၊ “မင်းရဲ့ အစွမ်းအစကို ငါ လျှော့တွက်မိခဲ့ပြီ။ ငါရဲ့ တံဆိပ်က မင်းအတွက်တော့ ဘာမှမထူးပါဘူး။”
“ချိတ်ပိတ်ရူန်းရဲ့ တစ်ဝက်ကို ကျွမ်းကျင်အောင်မြင် တတ်မြောက်နိုင်တာက အတော်လေးစိတ်၀င်စားဖို့ကောင်းတယ်။ အဲ့လိုတံဆိပ်မျိုးကို ဖျက်စီးနိုင်တဲ့သူ ဒီကမ္ဘာမှာ ရှိပါ့မလား”
ဝူယွမ်က ရှေးဟောင်းကျင့်ကြံသူတို့၏ အံ့ဖွယ်စွမ်းအားကို စိတ်ထဲမှ ချီးကျူးမိလိုက်သည်။ သူသာ မူလရူန်း လျှို့ဝှက်ချက်ကို မရရှိခဲ့ပါက ဤမျှအားကောင်းပြီး ရှုပ်ထွေးသော ရူန်းများကို မည်သို့ ထိတွေ့နိုင်မည်နည်း။
ရှေးအခါက လူများက ကောင်းကင်ဘုံ၊ မြေကြီး၊ တောင်များနှင့် မြစ်ချောင်းများမှ ရူန်းများကို နားလည်သဘောပေါက်ကြသဖြင့် မူလရူန်း အပြည့်အစုံကို ရရှိရန် ခက်ခဲသည်။ ကောင်းကင်ဘုံနှင့် မြေကြီးမှ မွေးဖွားလာသော အဆောင်ရှစ်ခုသာလျှင် ရူန်းများကို အပြည့်အ၀ လက်ဆင့်ကမ်းနိုင်လေသည်။
“ငါ့ ဆန္ဒ ပြည့်စုံပြီ။ ဒီကျန်တဲ့ အတွေးတွေက ကျောင်းတော်ရဲ့ ၀မ့်လွန်ဧကရာဇ် တံဆိပ်အဖြစ် ပြောင်းလဲသွားကာ မင်းနောက်ကို လိုက်ပြီး မဟာရှေးဟောင်းကျောက်တိုင်ရဲ့ အသိအမှတ်ပြုမှုကို ရရှိအောင် ကူညီပေးလိမ့်မယ်။” မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးက နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပြောလိုက်သည်။ ပြောပြီးနောက် သူ၏ကိုယ်ခန္ဓာက ဖြည်းဖြည်းချင်း မှေးမှိန်သွားကာ ဝူယွမ်ဆီသို့ ပျံသန်းသွားရင်း ကြယ်စင်များအဖြစ် ပြောင်းလဲသွားသည်။
အလင်းမှုန်များအားလုံးက ဝူယွမ်၏ နဖူးအလယ်ဗဟိုသို့ ပေါင်းစည်းကာ လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားတစ်ခုဖြစ်လာသည်။
မည်းနက်သော ပူဇော်ခုံပေါ်တွင် အလင်းနှင့် အရိပ်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ။ ဝူယွမ်၊ လင်းတုန်နှင့် ရှောင်တျောင်းတို့က ကျောက်တိုင်မှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာကြသည်။ သူတို့ ထွက်လာသည်နှင့် လှည့်ပတ်နေသည့် မဲနက်သော လွင်ပြီးကြီးက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ယခင်က အေးစက်မာကျောသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ အတွင်းရှိ အထူးလှိုင်းများကလည်း ဤအချိန်တွင် လုံးဝပျောက်ကွယ်သွားသည်။
ဝူယွမ်နှင့် လင်းတုန်တို့က တိုက်ရိုက်ဘဲထွက်လာပြီး အပေါ်သို့ ပြန်တက်လာကြသည်။
“အစ်ကိုကြီး နောက်ဆုံးတော့ ထွက်လာပြီပေါ့ ဘာတွေ ဘယ်လောက် ရခဲ့လဲ” လင်းတုန်တို့ကိုမြင်သည်နှင့်မုချန်ချန်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ဤနေရာက ဆန်းပြားလွန်းလှသဖြင့် သူမက ရလဒ်ကောင်းလိမ့်မယ်လို့ ထင်နေမိသည်။
ဝူယွမ် - “ပစ္စည်းကောင်းတွေကို ယင်ရုပ်သေးဂိုဏ်းက ယူပြီးသွားပြီ။ ငါတို့ ဒီကနေထွက်ရင် ယင်ရုပ်သေးကျောင်းတော်ကို အလည်သွားရမယ်။ မင်းရဲ့ မဟာနတ်ဆိုးဂိတ်အတွက် ယင်ရုပ်သေးဂိုဏ်းကို သိမ်းပိုက်ဖို့ အခွင့်အရေးတစ်ခုလို့ထင်တယ်။”
“ယင်ရုပ်သေးဂိုဏ်းက ဒီနေရာကို အချိန်ကြာကြီးလေ့လာခဲ့တယ်။ ပြီးတော့ သူတို့ဂိုဏ်းချုပ်ကလည်း ပေါ်မလာတာကြာပီ၊ တိတ်တိတ်လေး နေနေတော့ ဒီကနေ တစ်ခုခု ကောင်းတာရသွားတာ သေချတယ်” ဟု မုချန်ချန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ဒီနေရာကို စူးစမ်းပြီးသွားပြီဆိုတော့ ဗဟိုချက်ကို အမြန်သွားကြရအောင်။ နောက်ကျရင် ဖန်းတီးခြင်းရှေးဟောင်းကျောက်တိုင်ထဲ မဝင်နိုင်ဘဲနေမယ်။”
“ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ကလား”
လင်းတုန်က ထိုနာမည်ကိုကြားပြီး ရုတ်တရက် ရှုပ်ထွေးသွားသည်။
“ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်အကြောင်း မင်းမသိဘူးလား” ဟု မုချန်ချန်က မေးခွန်းထုတ်သည့် အမူအရာဖြင့် လင်းတုန်နှင့် ဝူယွမ်ကို ကြည့်လိုက်သည်။
“အင်... ကျွန်တော်နဲ့ အစ်ကိုကြီးက လေ့ကျင့်ရေးအတွက် ၀မ့်လွန်ပြည်နယ်ကို ရောက်လာတာ၊ မဟာရှေးဟောင်းကျောက်တိုင်ထဲကို ပထမဆုံးအကြိမ် ဝင်ဖူးတာဆိုတော့ အတွင်းက အရာတွေနဲ့ မရင်းနှီးဘူး” ဟု လင်းတုန်က ပေါ့ပေါ့တန်တန် ပြုံးရီလျက် ပြောလိုက်သည်။
မုချန်ချန်က သူမ၏ မက်မွန်ပန်းပုံစံမျက်လုံးများကို လှိမ့်လိုက်သည်။ သူတို့နှစ်ယောက်က အစွမ်းထက်လွန်းလှသဖြင့် ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ်ဖြစ်သည်ကို သူမ မေ့လျော့နေခဲ့သည်။
“အခြေခံအားဖြင့် မဟာရှေးဟောင်းကျောက်တိုင်ဖွင့်တိုင်း မျိုးနွယ်စုကြီးလေးခုတွေလို အင်အားကြီးအဖွဲ့တွေအားလုံးက ဖန်တီးခြင်ူရှေးဟောင်းကျောက်တိုင် အတွက်ဘဲလာကြတာ။ အဲဒါက ဒီမှာ အကြီးမားဆုံးအခွင့်အလမ်းလို့ ပြောနိုင်တယ်။
အဲဒါက ရှေးဟောင်းကျောင်းတော်က သူ့တပည့်တွေကို ကိုယ်ခံပညာသင်ပေးခဲ့တဲ့ နေရာဖြစ်လောက်တယ်၊ လူတစ်ယောက်က ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ရှေ့မှာ ထိုင်ပြီး အားထုတ်နိုင်ရင် သိုင်းပညာရပ်တစ်ခုရနိုင်တယ်။ ဒီသိုင်းပညာတွေရဲ့ အရည်အသွေးက ကွဲပြားတယ်၊ အဓိကအားဖြင့် လူတစ်ဦးရဲ့ ကျင့်ကြံခြင်းပါရမီနဲ့ ကံအပေါ် အပေါ်မူတည်တယ်။ အရင်က မဟာရှေးဟောင်းကျောက်တိုင်ဖွင့်တဲ့အခါ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်ကို ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ကနေ ရခဲ့တဲ့ လူတွေရှိတယ်။”
“ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်လား”
လင်းတုန်သည် ယခင်က လင်းလန်တျန်း သုံးခဲ့သော မဟာကောင်းကင်ဖိီးနစ်တံဆိပ်ကို သတိရမိသည်။ ထိုကဲ့သို့ စွမ်းအားမျိးက သူ၏ ဝှက်ဖဲအားလုံးကို အသုံးပြုရန် ဖိအားပေးနိုင်ခဲ့ပြီး သူက အတော်လေး ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။
သူသာ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်ကို ရရှိပါက ကူးပြောင်းခြင်းအဆင့်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းသွားနိုင်သည်။
“ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင် ဖွင့်တိုင်း နေရာဆယ်နေရာပဲ ရှိတယ်။ ဆိုလိုတာက ဖန်တီးရှေးဟောင်းကျောက်တိုင်ရှေ့မှာ ထိုင်ပြီး အားထုတ်ဖို့ လူဆယ်ယောက်စာဘဲ ရှိတယ်။
အရင်တုန်းက မျိုးနွယ်စုကြီးလေးခုနဲ့ ကျွန်မတို့ ၀မ့်လွန်ပြည်နယ်ရဲ့ အဓိကအင်အားစုသုံးခုက နေရာခုနစ်နေရာယူထားပြီး ကျန်သုံးနေရာအတွက် အပြင်းအထန် ပြိုင်ဆိုင်ကြလေ့ရှိတယ်၊ တစ်နှစ်နဲ့တစ်နှစ် အဲ့သုံးနေရာက လူတွေမတူကြဘူး။
ဒါပေမယ့် အခုတော့ ယင်ရုပ်သေးဂိုဏ်းနဲ့ မျိုးနွယ်စုကြီးသုံးခုက အစ်ကိုတို့နှစ်ယောက်လက်ချက်နဲ့ အင်အားချိနဲ့သွားတော့ တခြားအင်အားစုတွေက အခွင့်အရေးရသွားပြီပေါ့။”
မုချန်ချန်က ပြုံးရီလျက် ပြောလိုက်သည်။ ယခုနှစ်တွင် ဝူယွမ်နှင့် လင်းတုန်တို့က အလွန်အာဏာရှင်ဆန်လွန်းပြီး အင်အားစုအားလုံးကို နှိမ်နင်းနိုင်သကဲ့သို့ အနည်းငယ်သော သဘောထားကွဲလွဲမှုတစ်ခုတည်းဖြင့် အုပ်စုလိုက် အပြီးအပိုင် ဖျက်ဆီးနိုင်သည်။
“သွားကြရအောင်။”
လူသုံးဦးနှင့် ကျားနှစ်ကောင်က ထပ်မံထွက်ခွာလာကြသည်။
ရှေးဟောင်းကျောက်တိုင် အာကာသက ကျယ်ပြန့်လွန်းလှပြီး အရှိန်ကုန်မြှင့်ပြီး ခရီးသွားလျှင်ပင် အချိန်အနည်းငယ် လိုအပ်သည်။
ကျားနှစ်ကောင်ြ မြန်မြန်ဆန်ဆန် ပျံသန်းနေကြပြီး မုချန်ချန်၏ လမ်းညွှန်မှုအောက်တွင် ကျယ်ပြန့်သော ရှေးဟောင်းရင်ပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။
ဤရင်ပြင်က ပေထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး အပြာရောင်ကျောက်ပြားများ ခင်းထားကာ ရှေးဟောင်းဆမ်ပြီး ရာသီဥတုဒဏ်ခံထားရဟန်ရသော လေထုကို ထုတ်လွှတ်နေသည်။ အခုအချိန် ရင်ပြင်နှင့် ပတ်ဝန်းကျင်တွင် များပြားလှသော ပုံရိပ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
ဝူယွမ်၏ အကြည့်က ထိုပုံရိပ်များကို စစ်ဆေးကြည့်ပြီး နောက်ဆုံးတွင် ရင်ပြင်အလယ်ဗဟိုသို့ အာရုံစိုက်လိုက်သည်။ ထိုနေရာတွင် ကျောက်ခုံကြီးတစ်ခု တည်ရှိနေပြီး ယင်းအပေါ်၌ ရှေးဟောင်းကျောက်တိုင်တစ်ခုက တိတ်ဆိတ်စွာ တည်ရှိနေရင်း ကျောက်တိုင်မှ ထူးဆန်းသော၊ ထာဝရလေထုတစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ ကောင်းကင်ဘုံနှင့် မြေကြီးကြားရှိ အာကာသကို နေရာယူထားပြီး လူတိုင်း၏ လေးစားမှုကို လှုံ့ဆော်ပေးသည်။
ဝူယွမ်က အရင်ဆုံး သူ့ပေါ်မှ မုချန်ချန်ကို ချပေးလိုက်ပြီးနောက် သုံးဦးစလုံးအတူတကွ လျှောက်သွားကြသည်။
ထိုနည်းတူစွာ ဝူယွမ်နှင့် လင်းတုန်တို့ ချဉ်းကပ်လာသည်ကို တွေ့ရသောအခါ လူအားလုံးက လမ်းကြောင်းတစ်ခုကို ရှင်းလင်းပေးလိုက်ကြပြီး၊ သူတို့၏မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
“လင်းလန်တျန်း မရှိဘူး။”
လင်းတုန်က ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ပတ်လည်တွင် စုဝေးနေသူများကို စစ်ဆေးကြည့်သော်လည်း လင်းလန်တျန်း၏ ပုံရိပ်ကို မတွေ့ရသဖြင့် အနည်းငယ် နောင်တရမိသည်။
သူတို့ ပိုနီးကပ်လာသည်နှင့် ရှေးဟောင်းကျောက်တိုင်ကြီးက သူတို့ရှေ့တွင် အပြည့်အစုံ ပေါ်လာသည်။ ယင်းကျောက်တိုင်က ဧရာမဗြောင်ကျောက်တိုင်ကြီးတစ်ခုဖြစ်ပြီး ရင်ပြင်အလယ်ဗဟိုနေရာတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ ကျောက်တိုင်၏ ရှေးဟောင်းဆန်ပြီး ရာသီဥတုဒဏ်ခံထားရဟန်ရသော လေထုက လူအများကို ရိုသေလေးစားမှုဖြင့် ပြည့်နှက်စေသည်။ ဤကျောက်တိုင်ကြီးက သက်မဲ့အရာဝတ္ထုတစ်ခုမဟုတ်ဘဲ မိမိကိုယ်ပိုင် ဉာဏ်ပညာရှိသည့်အလားပင် ထင်ရသည်။
“ဒီဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ကို ကောင်းကင်ဘုံအဆင့် ဝိညာဉ်ရတနာလက်နက်အဖြစ် သတ်မှတ်သင့်တယ်။ ကျောက်တိုင်ကဝိညာဉ်တောင်ဖြစ်လာနိုင်တယ်” ရှောင်တျောင်းက စိတ်ဝင်စားစွာ လေ့လာကြည့်ရင်း ပြောလိုက်သည်။
ကောင်းကင်ဘုံအဆင့် ဝိညာဉ်ရတနာလက်နက်များက သူတို့၏ ကောင်းကင်မြွေပါမျိုးနွယ်အတွက်ပင် တန်ဖိုးကြီးလွန်းလှသည်။
“ကျောက်တိုင်ဝိညာဉ်လား” ဟု ဘာမှမသိထားသော လင်းတုန်က ထပ်မံမေးခွန်းထုတ်လိုက်သည်။
ရှောင်တျောင်းက ထပ်မံ ရှင်းပြလိုက်ရပြန်သည်။ “မြေကြီးအဆင့်ရောက်တဲ့ ဘယ်လို ဝိညာဉ်ရတနာလက်နက်မဆို တဖြည်းဖြည်း အသိစိတ်တစ်ချို့ ဖွံ့ဖြိုးလာလိမ့်မည်၊ အချို့က ကိုယ့်ဘာသာ အားထုတ်နိုင်တာမလို့၊ ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ စွမ်းအင်နဲ့ နှစ်ပေါင်းထောင်ချီထိတွေ့ခဲ့တဲ့ ဒီဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်အတွက် ကျောက်တိုင်ဝိညာဉ်ဖွံ့ဖြိုးလာတာက ပုံမှန်ပါဘဲ”
“အစ်ကိုကြီးဝူယွမ်၊ နောက်ဆုံးတော့ ရောက်လာပြီနော်” ဝူစီက စိတ်လှုပ်ရှားစွာဖြင့် လူအုပ်ထဲမှ ထွက်လာပြီး သူတို့ဘေးသို့ လာရောက်သည်။
“လင်းလန်တျန်းကို မြင်ခဲ့လား။”
လင်းတုန်းက ဝူစီကိုတွေ့သည်နှင့် ချက်ချင်းမေးလိုက်သည်။ သိုင်းမဟာမိတ်အဖွဲ့က လူများပို၀င်ရောက်လာပြီဖြစ်သဖြင့် အခြားအင်အားစုများထက် ကျယ်ပြန့်သော အချက်အလက်များ ရှိသင့်သည်။
“မမြင်ခဲ့ဘူး” ဝူစီက နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။
အခုတွက် ဝူစီက လင်းတုန်နှင့် လင်းလန်တျန်းကြားတွင် နက်ရှိုင်းသော ပဋိပက္ခရှိကြောင်း နားလည်သွားပြီးဖြစ်သည်။
ဝူယွမ်က ဟွမ်ပူကျင်းနှင့် လင်းခဲ့အာတို့ကို ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ မေးမြန်းလိုက်ပြန်သည်၊ “လင်းလန်တျန်းကို မြင်ခဲ့လား။”
သူသည် လင်းလန်တျန်းကို အပြီးအပိုင်သတ်ပစ်လိုပြီး ဤအန္တရာယ်ကို ဖယ်ရှားလိုနေသည်။
“မမြင်ခဲ့ဘူး”
“မတွေ့ခဲ့ဘူး”
ဝူယွမ် လှည့်ပတ်ကြည့်နေရင်းမှ လူအုပ်ထဲတွင် ချင်ရှီကို မြင်လိုက်ရသည်။ သူ့ပတ်ဝန်းကျင်တွင် ချင်မျိုးနွယ်စုမှ လူအနည်းငယ်သာ ရှိပြီး။ ကျင်းရှီက ဤနေရာသို့ လာရန် သတ္တိရှိမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
သူသည် ခေါင်းငုံ့ထားပြီး ဝူယွမ်နှင့် အခြားသူများကို ဒဲ့မကြည့်ရဲပေ။
ဝူယွမ်က သူ့ကိုမြင်သည်နှင့် တိုက်ရိုက်လာရောက်ပြီး “မင်းရော၊ လင်းလန်တျန်းကို မြင်ခဲ့လား။”
“ကျွန်တော်မြင်ခဲ့တယ်၊ ဒါပေမယ့် သူသေသွားပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က မြောက်ဘက်က အမြင့်ဆုံးတောင်ပေါ်မှာ။”
ကျင်းရှီက တံတွေးမျိုချလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
လူအုပ်ကြီး ရုပ်တရက် လှိုင်းထသွားသည်။
“သေသွားပြီလား”
“သေသွားပြီ”
ဝူယွမ်၊ လင်းတုန်၊ လင်းခဲ့အာနှင့် အခြားသူများအားလုံးက ကျင်းရှီကို အာရုံစိုက်ကြည့်နေကြသည်။
“မဖြစ်နိုင်ဘူး” လင်းမျိုးနွယ်စုမှ တစ်ဦးက ယုံကြည်ခြင်းမရှိဘဲ ဤအချက်ကို လက်မခံလိုလေ။
ဝူယွမ်နှင့် လင်းတုန်တို့၏ မျက်လုံးများပင် သံသယဖြင့် ပြည့်နှက်နေသည်။
လင်းလန်တျန်းက ထိုသို့သေဆုံးသွားမည်ဟု သူတို့မယုံကြည်ကြပေ။
လင်းလန်တျန်း၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားကြီးမားသော မူလဝိညာဉ်တစ်ခု ရှိကြောင်း ဝူယွမ်တို့အားလုံး သိထားကြသည်။
လင်းတုန်၏ လှံက စွမ်းအားကြီးမားပြီး လင်းလန်တျန်းကို ပြင်းထန်စွာ ဒဏ်ရာရစေသော်လည်း အသက်ကိုယူရန်တော့ မလုံလောက်ပေ။
“သေတယ်ဆိုတာ သေချာလား။”
ဝူယွမ်သည် ကျင်းရှီကို စိုက်ကြည့်ရင်း စွမ်းအားကြီးမားသော ဖိအားတစ်ခုဖြင့် သူ့ကိုဖုံးလွှမ်းလိုက်သည်။
“ဟုတ်ပါတယ်၊ ဒါကသူ့ရဲ့ သိုလှောင်အိပ်ပါ”
ကျင်းရှီက ခရမ်းရင့်ရောင် အဆင့်မြင့် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုသိုလှောင်အိတ်က လင်းလန်တျန်း ယခင်က ၀တ်ဆင်ထားသည့် အိတ်ဘဲဖြစ်သည်။
လင်းတုန်းက ယူလိုက်ပြီး အိတ်ကို သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်သည်။ အမှန်စင်စစ် ယင်းက လင်းလန်တျန်း၏ စွမ်းအင်အငွေ့အသက် ရှိနေခဲ့သည်။
“အစ်ကိုလင်းလန်တျန်းကို ရှင်သတ်ခဲ့တာလား။”
လင်းခဲ့အာက မေးခွန်းထုတ်လိုက်သည်။
ကျင်းရှီက တိတ်ဆိတ်နေသော်လည်း သူ၏လက်ထဲတွင် နဂါးချည်မျှင်သလင်းကို လက်တစ်ဆုပ်ကိုင်ထားသည်။
“ငါ သူ့ရဲ့အလောင်းကို ကြည့်ချင်တယ်” လင်းတုန်းက လင်းလန်တျန်း၏အလောင်းကို ကိုယ်တိုင်မမြင်ရမချင်း စိတ်မချပေ။
ထိုအချိန်တွင် ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်က လူများပိုစုဝေးလာပြီး ရုတ်တရက် နေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ဘုံမှ လှိမ့်ဆင်းလာကာ အောက်ဘက်ရှိ ဧရာမ ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ကို အလင်းပေးလိုက်သည်။
“ဗွီးးး”
အလင်တန်း ကျရောက်လာပြီး ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်နှင့် ကောင်းကင်ဘုံကို ဆက်သွယ်လိုက်သည်။ ထို့နောက် ခေါင်းလောင်းများ မြည်သကဲ့သို့ အသံများက ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်မှ သာယာနာပျော်ဖွယ် ထွက်ပေါ်လာကာ ကောင်းကင်ဘုံနှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေပြီး လူတို့အား လန်းဆန်းစေကာ ဝိညာဉ်များပင် သန့်ရှင်းသွားသကဲ့သို့ ခံစားရစေပြီး ထူးခြားစွာ စိတ်ကြည်လင်သွားစေသည်။
ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်၏ လှုပ်ရှားမှုကို မြင်ရလိုက်သည်နှင့် ရင်ပြင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ကို စိတ်အားထက်သန်မှု၊ လိုချင်မက်မောမှုများဖြင့် ပြည့်နှက်နေသော မျက်လုံးတစ်စုံစီတိုင်းက စူးစိုက်ကြည့်နေကြသည်။
“ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင် ဖွင့်တော့မယ်။ နောက်မှ သွားကြည့်ကြရအောင်” ဝူယွမ်က လင်းတုန်ကို ခေါ်လိုက်သည်။
သူသည် ချင်ရှီကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး၊ သူက ချင်ရှိအနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရသဖြင်ါ သူ့စကားကို လွယ်လွယ်ကူကူ ယုံကြည်၍မရပေ။
ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်၏ လှုပ်ရှားမှုက ပို၍ပို၍ ကျယ်လောင်လာကာ မရေမတွက်နိုင်သော လူအများ၏ အကြည့်အောက်တွင် အလင်းတန်းဆယ်ခုက ရုတ်တရက် ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ထဲမှ ထွက်ပေါ်လာပြီး ရှေ့ရှိ ကျောက်ခုံပေါ်သို့ ကျရောက်ကာ ရှေးဟောင်းပုံစံ နေရာထိုင်ခုံများအဖြစ် စုစည်းမိသွားသည်။ မထင်မရှား မွှေးကြိုင်သောအနံ့တစ်ခု ယင်းတို့မှ ထွက်ပေါ်လာပြီး ထိုအနံကရှူရှိုက်မိသူများ၏ စိတ်ကို ငြိမ်သက်စေသည်။
နေရာထိုင်ခုံများ ပေါ်လာသည်နှင့် ရင်ပြင်က ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေသည်။ မည်သည့် အင်အားစုသို့မဟုတ် အင်အားကြီးမားသော တစ်ဦးတစ်ယောက်မျှ မလှုပ်ရှားကြပေ။ အဘယ့်ကြောင့်ဆိုသော် လူတိုင်းသိသည်မှာ လုံလောက်သော အင်အားမရှိပါက ထိုနေရာထိုင်ခုံများက ဘေးအန္တရာယ်သို့ ဦးတည်သော လမ်းကြောင်းဖြစ်လာမည်ကိုပင်။
လူတိုင်း၏ အကြည့်က တိုင်ပင်စရာမလိုဘဲ ဝူယွမ်ဆီသို့ လှည့်သွားကြသည်။
သူက ပထမဆုံး မထိုင်မခြင်း မည်သူမျှ ထိုခြေလှမ်းကို မလှမ်းဝံ့ကြပေ။
ဝူယွမ်က ဤနေရာတွင် အစွမ်းထက်ဆုံးဖြစ်သည်။
သူက တက်သွားပြီး အရင်ဆုံး ထိုင်လိုက်ကာ
“လာပါ၊ ပိုင်ယွမ်၊ ရှောင်ယန်”
ထို့နောက် ကျားနှစ်ကောင်ကို လက်ရမ်းရင်းခေါ်လိုက်သည်။
သူက ပိုင်ယွမ်နှင့် ရှောင်ယန်တို့ကိုလည်း နေရာတစ်နေရာစီ ပေးချင်နေက
ပတ်ဝန်းကျင်ရှိ လူများသည် ဤသို့မြင်ရသောအခါ နှုတ်ခမ်းကို စိစိပိတ်ထားလိုက်ကြသည်။ ကျားနှစ်ကောင်ကို နေရာပေးသောကြောင့် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ဘယ်သူမျှ ထွက်ပြောဝံ့ခြင်းမရှိပေ။
ဝူယွမ်၏ အစွမ်းကြောင့် ခြိမ်းခြောက်ခံရသဖြင့် စိတ်ဆိုးနေသော်လည်း စကားသံမထွက်ဝံ့ကြပေ။
သို့ရာတွင် ပိုင်ယွမ်နှင့် ရှောင်ယန်တို့ နေရာထိုင်ခုံများဆီသို့ ချဉ်းကပ်လာသောအခါ ရုတ်တရက် အင်အားတစ်ခုက သူတို့ကို ပြန်ကန်ထုတ်လိုက်သည်။
“ ဝေါင်း ဝေါင်း ဝေါင်း”
ကျားနှစ်ကောင်က ဝူယွမ်ကို သနားစဖွယ် ညည်းညူပြလိုက်ကြသည်။
“သားရဲတွေကို ခွင့်မပြုဘူးလား။ ကောင်းပြီ၊ မင်းတို့နှစ်ကောင် ဒီမှာပဲ စောင့်နေကြ”
ဝူယွမ်လည်း မတတ်နိုင်တော့ပေ ဤဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်တွင် အသိဉာဏ်ရှိပြီး သားရဲများကပ်လာပါက ပြန်ကန်ထုတ်မည်ဖြစ်သည်။
အခြားသူများက ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး စိတ်သက်သာရာရသွားကြသည်။ သူတို့အတွက် နေရာနှစ်နေရာပိုရလာပီဖြစ်သည်။
ထို့နောက် လင်းတုန်၊ မုချန်ချန်နှင့် ဝူစီတို့သည်လည်း အစဉ်လိုက် ထိုင်လိုက်ကြပြီး။
နေရာခြောက်နေရာ ကျန်ရှိနေသေးသည်။
ဟွမ်ပူကျင်းက ဝူယွမ်အား နှုတ်ဆက်လိုက်ပြီး သူမလည်း ထိုင်လိုက်သည်။
ဤအရာကို အခြားသူများက မကျေမနပ်မဖြစ်ကြပေ။
ဟွမ်ပူမျိုးနွယ်စုက မည်သူနှင့်မျှ ရန်သူမဖြစ်ထားပေ။
ထို့နောက် လင်းခဲ့အာ အလှည့်ဘဲဖြစ်ကာ။ သူမက ဝူယွမ်အား တောင်းဆိုလိုက်သည်၊ “ဝူယွမ်အစ်ကိုကြီး၊ လင်းတုန်၊ ကျွန်မ ထိုင်လို့ရမလား။”
ဝူယွမ်က ခေါင်းညိတ်လိုက်သည်။ သူ့တွင် လင်းခဲ့အာအပေါ် ကန့်ကွက်ချက်မရှိပေ။
“အကြီးအကဲတို့လည်း လာကြ”
ဝူယွမ်က ကောင်းကင်ဓားကျောင်းတော်မှ လူများကို ကြည့်လိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ”
ဝူယွမ်သူတို့ကို ခေါ်သည်ကိုမြင်ပြီး အကြီးအကဲကျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူတို့၏ ကောင်းကင်ဓားကျောင်းတော်မှ လူများက ဤနေရာတွင် ရာထူးအဆင့်အတန်း မြင့်မားသူများ မဟုတ်ကြဘဲ နေရာတစ်နေရာ ရရှိနိုင်ခြင်းမှာ ဝူယွမ်၏ ကျေးဇူးကြောင့်သာဖြစ်သည်။
ထို့ေနာက် ကောင်းကင်ဓားကျောင်းတော်မှ လူငယ်တပည့်တစ်ဦးက တက်လာသည်။ သူ့တွင် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ်မှာသာရှိသည်။
“ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး”
သူက ဝူယွမ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်ရင်း နှုတ်ဆက်အရိုအသေပေးလိုက်သည်။
နောက်ဆုံးတွင် နေရာသုံးနေရာသာ ကျန်ရှိတော့သည်။
ဝူယွမ်ကလည်း ထပ်မံစွက်ဖက်ရန် မလိုလားတော့ပေ။ သူက အလွန်အမင်း အာဏာရှင်ဆန်လွန်း၍မရပေ။
ဤနေရာတွင် လူပေါင်း ထောင်နှင့်ချီရှိပြီး သူသာ အလွန်အမင်း လုပ်ပါက လူအများ၏အမျက်ဒေါသကို ဆွပေးသလို ဖြစ်စေလိမ့်မည်။
ဤလူများကို သူမကြောက်သော်လည်း သူက သိုင်းပညာရပ်များကို နားလည်သဘောပေါက်ရန် ကျောက်တိုင်ထဲသို့ ၀င်ရောက်တော့မည်ဖြစ်ပြီး ကျင့်ကြံသူအားလုံးကို စိတ်ဆိုးစေခြင်းက ကောင်းသည့်အရာ မဟုတ်ပေယ
ချင်းရှီက စိတ်သက်သာရာရသွားသည်။ နေရာသုံးနေရာ ကျန်သေးသောကြောင့် သူ့တွင် အခွင့်အရေးရှိနေသေးသည်။