← Chapters

မဟာရှေးဟောင်းကောင်းကင်ဖမ်းလက်ချောင်း၊ မဟာရှေးဟောင်းဧကရာဇ်ကျမ်းစာ

Vol. 13 Ch. 123

မဟာရှေးဟောင်းကောင်းကင်ဖမ်းလက်ချောင်း၊ မဟာရှေးဟောင်းဧကရာဇ်ကျမ်းစာ

Vol. 13 Ch. 123

လင်းလန်တျန်း ဤနေရာသို့ ရောက်ရှိလာခြင်း၊ ရည်ရွယ်ချက်တစ်ခုမှာ ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်မှ သိုင်းပညာရပ်များ ရယူရန်ဖြစ်သည်။

အခုအခါ ချင်ရှီ၏ ကိုယ်ခန္ဓာကို သိမ်းယူပြီးနောက်၊ သူက ချင်းမိသားစု၏ အင်အားကို အသုံးပြု၍ ဝင်ရောက်နိုင်ပြီး ဝူယွမ် နှင့် အခြားသူများထံမှလည်း ပုန်းကွယ်နိုင်ခဲ့သည်။ ဤအခြေအနေက သိပ်ကောင်းလွန်းလှသည်။

ချင်ရှီတစ်ဦးတည်းသာမက၊ ကျန်ရှိနေသော နေရာသုံးနေရာလုံးက လူတိုင်းအား အတော်အတန် မျှော်လင့်တောင့်တစေသည်။

ခဏတာစောင့်ဆိုင်းပြီး ဝူယွမ် မျက်စိမှိတ် အနားယူနေသည်ကို မြင်ရသောအခါ၊ လူများက စတင်လှုပ်ရှားလာကြသည်။ ပထမဦးစွာ စိမ်းပြာရောင်ဝတ်စုံဝတ် လူအုပ်တစ်အုပ် ထွက်လာခဲ့သည်။

“ကျင့်ကြံသူမိတ်ဆွေတို့အားလုံး ရပ်နေကြတဲ့အတွက်၊ ကျွန်တော်တို့ သစ်သားပြာဂိုဏ်း က အခုရှစ်ခုမြောက်နေရာကို အရင် ယူလိုက်မယ်။ ကန့်ကွက်သူရှိရင် စိတ်တိုင်းကျ စိန်ခေါ်နိုင်ပါတယ်။”

“ သစ်သားပြာဂိုဏ်းဘဲ၊ သူတို့က မဟာချင်မင်းဆက်က အင်အားစုတစ်ခုဘဲ၊ ဒီတစ်ကြိမ် ဝမ့်လွန်ပြည်နယ်ထိလာမယ်လို့ ထင်မထားခဲ့ဘူး။

“သစ်သားပြာဂိုဏ်းက မဟာချင်မင်းဆက်မှာ ထင်ရှားကျော်ကြားတဲ့ ဂိုဏ်းကြီးတစ်ခုဘဲ၊ မျိုးနွယ်စုကြီးလေးခုထက် နည်းနည်းဘဲလျှော့မယ်။ ဒီတစ်ကြိမ် ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦးရှိတယ်ဆိုတော့ ရှစ်ခုမြောက်နေရာအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိတယ်။”

ဝူယွမ်က လှမ်းကြည့်လိုက်ပြီး၊ အနည်းငယ် အံ့အားသင့်သွားသည်။ မဟာချင်းမင်းဆက်ကလည်း မဟာယန်မင်းဆက်ထက် အင်အားပိုကြီးမားသည်။

ဤသစ်သားပြားဂိုဏ်း အဖွဲ့ထဲတွင်၊ အမျိုးသမီးတပည့်သားများ များစွာပါဝင်သည်။

ဤအချိန်တွင်၊ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူသုံးဦး၏ ကာကွယ်မှုအောက်တွင်၊ စွမ်းအားအပြင်းထန်ဆုံးနှင့် အထင်ရှားဆုံးသော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးက ထွက်လာခဲ့သည်။ သူမက ကူးပြောင်းခြင်းအဆင့် အစောပိုင်း စွမ်းအားရှိပြီး၊ သစ်သားပြာဂိုဏ်းမှ လူများက သူမအား ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်အတွင်းသို့ သေချာပေါက်ဝင်ရောက်စေရန် ဆုံးဖြတ်ထားကြဟန်ရသည်။

“ငါတို့ မဟာယန်မင်းဆက်က အရာတစ်ခုကို မင်းတို့ မဟာချင်မင်းဆက် ကို အကျိုးခံစားခွင့်ပေးစရာလား”

ပြိုင်ဆိုင်မှုများက ပြင်းထန်လာပြီး၊ အင်အားစုတစ်ခုက ချက်ချင်းပင် စကားပြောခဲ့သည်။

နောက်ဘက်မှ ပုံရိပ်ဒါဇင်ပေါင်းများစွာ ပျံတက်လာပြီး၊ နောက်ဆုံးတွင် ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် အနီးအနား၌ ဆင်းသက်ကာ၊ သစ်သားပြာဂိုဏ်း ကို ရင်ဆိုင်ရန်ထွက်လာခဲ့သည်။

“၀မ့်လွန်ပြည်နယ်က ခြင်္သေ့လက်သီးဂိတ်ဘဲ။ ဟေ့၊ သူတို့လည်း ရောက်လာပြီ။ ပွဲကောင်းတစ်ခု ကြည့်ရတော့မယ်ထင်တယ်။” နောက်ထက် ဝင်ရောက်လာသူများကို ကြည့်ရင်း၊ ရင်ပြင်တစ်ခုလုံး ချက်ချင်းပင် အော်ဟစ်သံများ ပေါ်ထွက်လာခဲ့သည်။

ခြင်္သေ့လက်သီးဂိတ်၏ အင်အားက သစ်သားပြာဂိုဏ်း နှင့် ယှဉ်နိုင်ပြီး ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦး ရှိသည်။ နှစ်ဖက်စလုံးက ချက်ချင်းပင် တိုက်ခိုက်မှုစတင်ခဲ့ကြသည်။

အဆုံးတွင်၊သစ်သားပြာဂိုဏ်း က အနည်းငယ် သာသွားပြီး နေရာတစ်နေရာ ရရှိခဲ့သည်။

“သခင်လေး သွားပါ။ ကျွန်တော်တို့ သခင်လေးကို အသက်ပေး ကာကွယ်ပေးပါ့မယ်” ချင်မိသားစု မှ လူတစ်‌ယောက်ကချင်ရှီ အား ပြောလိုက်သည်။

ချင်ရှီက ခေါင်းညိတ်ပြီး၊ ဘာမျှမပြောတော့ဘဲ တည့်တည့်မတ်မတ် နေရာတစ်နေရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ချမ်းမိသားစု တွင်

ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦး ကျန်ရှိနေပြီး၊ အားလုံးက အထွတ်အထိပ်အဆင့်မှာ ရှိနေသဖြင့် အတော်လေး ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

သူတို့က အခြားပြိုင်ဘက်များကို မကြောက်ရွံ့ကြပေ။ သူတို့စိုးရိမ်သည့် တစ်ခုတည်းသောအရာမှာ ဝူယွမ် ၏ သဘောထားဘဲဖြစ်သည်။

ဤနေရာတွင်၊ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း ရှိ မရှိက ဝူယွမ် ၏ စကားအပေါ်တွင် လုံးဝမူတည်နေသည်။

ကျန်တဲ့သူများက ဘာမျှမပြောကြဘဲ၊ ဝူယွမ် နှင့် လင်းတုန် ကို စူးစမ်းကြည့်လျက် သူတို့၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြသည်။ လက်တစ်လောကမှ ရန်သူဖြစ်ခဲ့တဲ့သူကို ဝူယွမ်၀င်ခွင့်ပေးမလား သူတို့သိချင်နေကြသည်။

“အစ်ကိုကြီး၊ ဒီတစ်ယောက်က အရင်က လင်းလန်တျန်း ကို ပထမဆုံး ကူညီခဲ့တဲ့သူဘဲ။ ကျွန်တော်တို့ သူ့ကို ဝင်ခွင့်ပေးလိုက်မှာလား။”

လင်းတုန် က အသံလွှင့်ကာ၊ အနည်းငယ် မကျေမနပ်ဖြစ်နေဟန်ရသည်။

“ငါ သူ့ကို နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ခံစားမိတယ် ဒါပေမယ့် ဘာကြောင့်လဲဆိုတာ အတိအကျမပြောနိုင်ဘူး။ သူ့ကို ဝင်ခွင့်ပေးလိုက်ပါ။ ငါတို့ရဲ့ သတိထားစောင့်ကြည့်မှုအောက်မှာဆိုရင်၊ သူဘာပြဿနာမှ ဖန်တီးနိုင်မယ်လို့ မထင်ပါဘူး။” ဝူယွမ် က အေးဆေးဘဲ အသံလွှင့်ပြန်ဖြေလိုက်သည်။

သူက ချင်ရှီ အပေါ် အနည်းငယ် စူးစမ်းလိုစိတ်ရှိခဲ့သည်။ ကျန်ရှိနေသော ဝမ်မိသားစု လူများ အားလုံးက ပြေးသွားကြပြီဖြစ်သော်လည်း၊ ချင်ရှီ သည် ဆက်လက်၍ ဝင်ရောက်လာရန် ရဲရင့်နေခဲ့သည်။

အထူးသဖြင့်၊ သူက လင်းလန်တျန်း ၏ အလောင်းကို မြင်တွေ့ခဲ့ရသည်။

လင်းလန်တျန်း ၏ ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော အရှင်သခင် မု လည်း ရှိနေဆဲဖြစ်လေသည်။

ဒီအရာက အခွင့်အရေးတစ်ခုများဖြစ်နေနိုင်သလား

ဝူယွမ်က သူ့အား ပိုသတိထားစောင့်ကြည့်နေခဲ့သည်။

ဝူယွမ်နှင့် လင်းတုန် တို့က ချင်ရှီ အား မောင်းထုတ်မည်မဟုတ်သည်ကို မြင်ရသောအခါ၊ ကျန်တဲ့သူများက ဘာမျှထပ်မံမပြောဝံ့ကြတော့ပေ။

ကျောက်ခုံပေါ်တွင်၊ နောက်ဆုံးနေရာတစ်နေရာသာ ကျန်ရှိတော့ပြီး၊ ဤနေရာတစ်ခုတည်းအတွက်၊ ရင်ပြင်ပေါ်တွင် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခု ထပ်မံပေါ်ပေါက်ခဲ့သည်။ စိန်ခေါ်မှုများစွာနှင့် အလှည့်ကျပြောင်းလဲမှုများ ပြီးနောက်၊

နောက်ဆုံးတွင် ဝူယွမ် အရက်က အဆောင်ရုပ်သေးကျင်းမှာ အတူတွေ့ဆုံခဲ့ဖူးသော ပျော်ရွှင်ခြင်းချိုင့်ဝှမ်း ဟုခေါ်သည့် အင်အားစု အနိုင်ရကာ ဆယ်ခုမြောက် နေရာကို သိမ်းပိုက်ခဲ့သည်။

ဆယ်ခုမြောက် နေရာ သိမ်းပိုက်ခံရပြီး၊ နောက်ထပ် ဆယ်မိနစ်ခန့် ကြာသောအခါ၊ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်က နောက်ဆုံးတွင် ထပ်မံလှုပ်ရှားမှုပြသခဲ့သည်။ ထူးဆန်းသော အလင်းကွင်းတစ်ခုက ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်မှ ဖြေးညှင်းစွာ ပြန့်နှံ့လာပြီး၊ ကျောက်ခုံကို ဝန်းရံကာ၊ လူပုံစံဆယ်ခုလုံးကို အတွင်းသို့ ဖုံးလွှမ်းသွားခဲ့သည်။

ထိုအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွားသော အခိုက်အတန့်တွင်၊ ဝူယွမ်က ရေခဲသကဲ့သို့ အေးစက်သောခံစားမှုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်၊ မှတ်တမ်းတင်သည့်ပုံစံဖြင့် သူ့ခန္ဓာကိုယ်ကို စစ်ဆေးနေသကဲ့သို့ ဖြစ်နေကာ ချက်ချင်းပင်၊ သူ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူ၏ စိတ်က ဝေဝါးသွားခဲ့သည်။ အလင်းများဖြာထွက်နေသော ဝဲပြွန်တစ်ခုက ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ပေါ်တွင် ဖြေးညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

ထိုအလင်းက အလွန်ထူးဆန်းသော ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်သည်။ ထိုအလင်းဖြာထွက်နေသော ဝဲပြွန် အောက်တွင်၊ စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာခဲ့ကာ ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင် အမှုန်တစ်မှုန်သည် သူ၏ ခန္ဓာကိုယ်မှ ထိန်းချုပ်မရလိုက်ဘဲ မျောပါထွက်သွားပြီး၊ နောက်ဆုံးတွင် ထိုအလင်းဖြာထွက်နေသော ဝဲပြွန် အတွင်းသို့ ဝင်ရောက်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူတို့၏ ဝိညာဉ်များက ခန္ဓာကိုယ်ထဲမှ ခွာသွားသောအခါ၊ ပုံစံဆယ်ခုက ရုပ်တုများကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေကြလေသည်။

ဟမ်း....!

ထိုအချိန်တွင်၊ ရှေးဟောင်းခေါင်းလောင်းသံကဲ့သို့ ထူးဆန်းသော အသံတစ်ခုက ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်မှ ပဲ့တင်သံကျယ်ကျယ်ဖြင့် လောကတစ်ခွင်တွင်လုံးကို ပျံ့နှံ့လာကာ၊ လူတို့ စိတ်နှလုံးများအတွက် ငြိမ်းချမ်းမှုယူဆောင်လာပေးဟန်ရသည်။

“ဒီတစ်ကြိမှာ ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ်တွေ ပေါ်ထွက်လာမယ်လို့ ငါထင်တယ်၊ ဝူယွမ်နဲ့လင်းတုန်လို ပါရမီရှင်တွေက လင်းလန်တျန်း ကိုတောင် နှိမ်နင်းနိုင်သူကြတာမလို့ ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ်တွေကို သေချာပေါက်ရကြမှာဘဲ”

“ငါ အရမ်းအားကျလိုက်တာ။”

“ငါသာ အပေါ်ကိုတက်နိုင်ရင်၊ အဆင့်ခုနှစ် သိုင်းပညာရပ်တစ်ခုရရင်တောင် ကျေနပ်ပါပြီ”

“မင်းမျှော်လင့်ချက်ကကြီးလွန်းတယ်။ ဒါက ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ဘဲ။ အဆင့်ကိုး သိုင်းပညာရပ်ကို မရရင်၊ ဒီမှာရှိဖူးတယ်လို့ ပြောဖို့ရာတောင် ရှက်စရာပဲဖြစ်လိမ့်မယ်။”

… ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် ရှေ့တွင်၊ လူများက အမျိုးမျိုးသော မျှော်လင့်ချက်များ၊ စူးစမ်းလိုစိတ်များဖြင့် ဆွေးနွေးနေကြသည်။

ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်မှ ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ် တစ်ခုခုကို ရရှိသူတစ်ဦးပေါ်ထွက်လာခြင်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ရရှိသော သိုင်းပညာရပ်၏ အဆင့်အတန်းက ယေဘုယျအားဖြင့် သူတို့ကိုယ်ပိုင်ကံကြမ္မာနှင့် သိုင်းပညာ ပါရမီအပေါ် မူတည်နေသည်။

ဤနှစ်တွင်၊ ဝူယွမ် နှင့် လင်းတုန် တို့၏ ပေါ်ထွက်လာမှုကြောင့် လူတိုင်းက၊ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။

ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် အတွင်း၊ ဝူယွမါ၏ ဝိညာဉ်စွမ်းအင်က ဝဲပြွန် အတွင်းသို့ စုပ်ယူခံရပြီးနောက်၊ ဝူယွမ်က ခဏတာ စိတ်ဝေဝါးမှုကို ခံစားရလိုက်ကာ၊ သူ့ရှေ့မှ ကြယ်များက ရွေ့လျားသွားပြီး ပတ်ဝန်းကျင် မြင်ကွင်းကလည်း စတင်ပြောင်းလဲသွားခဲ့သည်။

အာကာသ နေရာတစ်ခုလုံး ကြယ်များဖြင့်ပြည့်နှက်နေပြီး မကုန်ဆုံးနိုင်သော ကြယ်ရောင်စုံညကဲ့သို့ပင်။

ထိုအချိန်တွင် ဥက္ကာခဲမုန်တိုင်းတစ်ခုက ရုတ်တရက် သူ့ဆီသို့ ဦးတည်လာခဲ့ပြီး၊ အလင်းရောင်မျိုးစုံများက သူ့ရှေ့မှ ဖြတ်သန်းသွားခဲ့ပြီး၊ ထိုအလင်းရောင်များ အတွင်း၌၊ သူက အားအင်အဆင့်အတန်း ကွဲပြားခြားနားသော စွမ်းအင်လှိုင်းများကို ဝေဝေ‌ဝါးဝါး ခံစားလိုက်ရသည်။

“ဒါတွေအကုန်လုံးက သိုင်းပညာရပ်တွေဘဲ”

ဝူယွမ်က အံအားသင့်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်အတွင်း သိုင်းပညာရပ်များ အလွန်များပြားစွာ သိုလှောင်ထားခဲ့သည်။

သိုင်းပညာရပ် အရေအတွက်မှာအတော်လေး များပြားလွန်းလှပြီး၊ ဤမျှလောက်များပြားလှသော ရိုးရာအမွေအနှစ်က၊ ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်ဖို့ ထိုက်တန်လှပေသည်။

ဝူယွမ်က အနီးရှိ အလင်းရောင်တစ်ခုကို ကောက်ယူလိုက်ပြီး သူ၏ လက်ဝါးကို ဖွင့်လိုက်သောအခါ၊ ကြယ်အလင်းရောင်က ပြန့်ကားသွားပြီး၊ ရှေးဟောင်းပုံစံရှိသော စာအုပ်ကလေးတစ်အုပ်အဖြစ် စုစည်းသွားခဲ့သည်။ စာအုပ်ကလေးပေါ်တွင်၊ ရှေးဟောင်းအက္ခရာများ ပေါ်လာခဲ့သည်။

“အဆင့်ခုနှစ် သိုင်းပညာရပ်၊ မိုးကြိုးဘေးဒဏ် လက်ချောင်း။”

သူ၏လက်ထဲရှိ အလင်းရောင်က များပြားလှသော ဥက္ကာခဲများထဲတွင် သာမန်အဆင့်သာရှိသဖြင့် ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် အတွင်းရှိ သိုင်းပညာရပ်များ၏ ကျယ်ပြန့်မှုနှင့် အင်အားကြီးမားမှုကို ခန့်မှန်းနိုင်သည်။ ဤသိုင်းပညာရပ်များထဲမှ မည်သည့်တစ်ခုကိုမဆို၊ ရန်မြို့ ကဲ့သို့သော နေရာတစ်ခုတွင် ထားပါက၊ သေချာပေါက် အဖိုးတန်ရတနာတစ်ခုအဖြစ် သက်မှတ်ခံရမည်ဖြစ်သည်။

ဤကိုယ်ခံပညာရပ်များသည် အားနည်းသည်မဟုတ်သော်လည်း၊ ဝူယွမ် သည် ရှင်းလင်းစွာ ၎င်းတို့ကို မျက်စိကျနေခြင်းမရှိပါ။

သူက ဤနေရာရှိ အပြင်းထန်ဆုံး သိုင်းပညာရပ်များကို လိုချင်သည်။

ဝူယွမ်က ချက်ချင်းပင် အရှိန်မြှင့်လိုက်ပြီး၊ အထက်ဘက်သို့ ရွေ့လျားကာ၊ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် ၏ အတွင်းပိုင်းအကျဆုံးနေရာဆီသို့ ဦးတည်သွားခဲ့သည်။

သူက ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် ၏ ကျောက်တိုင်ဝိညာဉ် နှင့် ဆက်သွယ်ပြောဆိုဖို့လိုသည်။

သူ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်၊ သူ၏ အရှိန်က ပိုမိုနှေးကွေးလာခဲ့ပြီး၊ ကြယ်အာကာသ၏ အနက်ရှိုင်းဆုံးအပိုင်းမှ မမြင်ရသော အားတစ်ခု ထွက်ပေါ်လာခဲ့ကာ သူ့အား ပြန်တွန်းထုတ်ရန်နှင့် သူ့အား ရှေ့ဆက်တက်မလာနိုင်ရန် ကြိုးစားနေခဲ့သည်။

ဝူယွမ်က မျက်ခုံးကျုံ့လိုက်မိသည်။ ထိုအားက ခုခံလို့မရဘဲ သူ၏ ရှေ့ဆက်နှုန်းကို နှေးကွေးစေရန် အတင်းအကြပ် လုပ်ဆောင်နေသည်။ ဤနှုန်းဖြင့်ဆိုလျှင်၊ သူက ကြယ်အာကာသ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။

ဝူယွမ်က ခက်ခဲသောအခြေအနေတွင် ရှိနေစဉ်၊ သူ၏ နဖူးပေါ်ရှိ မဟာဝမ့်လွန်ဧကရာဇ် တံဆိပ်က ရုတ်တရက် မှုန်ဝါးသော အလင်းရောင်ကို ထုတ်လွှင့်ခဲ့သည်။ အလင်းရောင်ပေါ်လာပြီးနောက်၊ ဝူယွမ်က နောက်ထပ် မည်သည့် ခုခံတွန်းလှန်မှုကိုမျှ မခံစားရတော့ပေ။

ထို့အပြင်၊ ယခင်က ရေစုန်သွားနေရာမှ ရေတိုက်စားမှုကို ခံစားရသကဲ့သို့ ဖြစ်လာကာ၊ သက်တောင့်သက်သာရှိသော ခံစားမှုတစ်ခု ဖြစ်လာခဲ့သည်။

သူ၏ အရှိန်က ရုတ်တရက် မြင့်တက်လာခဲ့သည်။

မဟာဝမ့်လွန်ဧကရာဇ်တံဆိပ်က ရုတ်တရက် အားတစ်ခု တက်ကြွလာပြီး၊ ဝူယွမ် အား ရှေ့သို့ တွန်းပို့လိုက်သည်။ ဝူယွမ်က ဦးတည်ရာကို ခွဲခြားရန် မလိုအပ်တော့ဘဲ၊ တံဆိပ် ဝူယွမ်အား တိုက်ရိုက် သူ၏ ဦးတည်ရာသို့ ခေါ်ဆောင်သွားနေခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်၊ မဝေးလှသော အရှေ့ဘက် ကြယ်အာကာသထဲမှ ရုတ်တရက် တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့သည်။ အာကာသတစ်ခုလုံး လှိုင်းထသွားပြီး၊ အလွန်ကြီးမားသော အလင်းလုံးတစ်ခုက ဝူယွမ် ၏ မြင်ကွင်းအတွင်း ဖြေးညှင်းစွာ ပေါ်လာခဲ့သည်။

ထိုအလင်းလုံးက ကြီးမားလွန်းပြီး။ ထိုအလင်းလုံးအတွင်း၌ ကြီးမားသော ကျောက်တိုင်အရိပ်တစ်ခုကို မှုန်ဝါးဝါး မြင်တွေ့နိုင်ပြီး၊ ထိုမှတစ်ဆင့် ရှေးဟောင်းဆန်ပြီး အချိန်တိုက်စားချင်းကို အတော်ကြာ ခံစားခဉ့ရသော စွမ်းအင်တစ်ခုက ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင်၊ လင်းတုန် သည်လည်း ဤနေရာသို့ ရောက်ရှိလာပြီး၊ ဝူယွမ် ကို မြင်ရသောအခါ၊ စိတ်လှုပ်ရှားစွာဖြင့် “အစ်ကိုကြီး” ဟု အော်ခေါ်ခဲ့သည်။

ဝူယွမ် သည် လင်းတုန် ဤမြန်ဆန်စွာ ရောက်ရှိလာခြင်းကို အနည်းငယ် အံ့အားသင့်ခဲ့သော်လည်း၊ လင်းတုန် ၏ လက်ဖဝါးမှ ထွက်ပေါ်နေသော နို့နှစ်ရောင်အလင်းက လင်းတုန် အား ဝိုင်းရံလျက် လှည့်ပတ်နေသည်ကို မြင်ရသောအခါ၊ သူက ထူးဆန်းသည်ဟု မခံစားရတော့ပေ။

ထိုစွမ်းအင်က ကျောက်လက်ဖွဲ့ မှ စွမ်းအားဖြစ်ပြီး၊ လင်းတုန် အား ဤနေရာရှိ တွန်းကန်အားကို ခုခံရန် ကူညီပေးနေခြင်းဖြစ်သည်။

“အင်း” ဝူယွမ်က လင်းတုန် အား ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်သူက ထူးဆန်းသော ကျောက်တိုင်အရိပ် အလင်းလုံးကို စူးစမ်းနေခဲ့သည်။

“ဒီအရာက ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ရဲ့ ကျောက်တိုင်ဝိညာဉ်လား၊ ဒီနေရာမှာ ပုန်းကွယ်နေခဲ့တာ ဖြစ်နိုင်လား”

နှစ်ဦးစလုံးသည် ကြီးမားသော အလင်းလုံးကို စူးစမ်းနေခဲ့ကြပြီး သူတို့က အလင်းလုံးအတွင်းမှ လှုပ်ရှားမှုကို ခံစားရတာ၊ အသိစိတ်တစ်ခု ရှိနေသည်ကို ခံစားနေကြရသည်။

လင်းတုန်က စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် သူ၏လက်ထဲရှိ ကျောက်လက်ဖွဲ့ မှ ထွက်ပေါ်နေသော နို့နှစ်ရောင်အလင်းက ကျောက်တိုင်အရိပ် အလင်းလုံးပတ်လည်တွင် ငါးများကဲ့သို့ ကူးခတ်နေခဲ့သည်။

ကျောက်တိုင်အရိပ် အလင်းစုနှင့် နှိုင်းယှဉ်လျှင်၊ ကျောက်လက်ဖွဲ့ အလင်းစုက ပိုမိုသေးငယ်သော်လည်း၊ လင်းတုန် နီးကပ်လာသောအခါ၊ ကျောက်တိုင်အရိပ် အလင်းစုက အလျင်အမြန် ရှောင်ဖယ်သွားပြီး၊ အလွန်တရာ ကြောက်ရွံ့နေဟန်ကို ပြသခဲ့သည်။

“ဒီဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ဘဲ ရှိသေးတယ်၊ ကျောက်လက်ဖွဲ့ ရှေ့မှာတော့ မွေးကင်းစကလေးတစ်ဦးသာသာဘဲ” ရှောင်တျောင်းက လင်းတုန်မမေးခင် ချက်ချင်း ရှင်းပြခဲ့သည်။

ကျောက်လက်ဖွဲ့က နတ်ဘုရားကဲ့သို့ပစ္စည်းမျိုးဖြစ်ပြီး ၎င်း၏အဆင့်အတန်းက ကောင်းကင်အဆင့် အထက်တွင်ရှိမှာ သေချာသလောက်ရှိသည်။

“ကျောက်တိုင်ဝိညာဉ်ရဲ့ အသိစိတ်က သိပ်မခိုင်မာသေးဘူး၊ သူက မွေးကင်းစအခြေအနေမှာရှိနေပြီး၊ ဆက်သွယ်ပြောဆို အယုံသွင်းဖို့ အသင့်တော်ဆုံးဘဲ။ အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ မြန်မြန်လုပ်ကြ ” ရှောင်တျောင်း က အလျှင်စလိုပြောလိုက်သည်။

သို့သော် ရှောင်တျောင်း ပြောမပြီးသေးခင်တွင် ကျောက်တိုင်အရိပ် အလင်းစုက ဝူယွမ် ဆီသို့ ဦးတည်ပြေး၀င်သွားခဲ့သည်။

၎င်းက လင်းတုန် ကို ကြောက်ရွံ့သော်လည်း၊ ဝူယွမ် အပေါ်တွင်တော့ အလွန်ရင်းနှီးမှုကို ပြသခဲ့သည်။

ဤအချိန်တွင်၊ ဝူယွမ်၏ နဖူးပေါ်ရှိ မဟာဝမ့်လွန်ဧကရာဇ် တံဆိပ်က တစ်ဖန် တောက်ပသော အလင်းရောင်ကို ထုတ်လွှင့်လိုက်ပြီး၊ ထိုအလင်းရောင်က တိုက်ရိုက် ကျောက်တိုင်ဝိညာဉ် ၏ အလင်းစုနှင်ါ ဆက်သွယ်သွားခဲ့သည်။

“အရှင်…အရှင်လား။”

ဝူယွမ်က ကျောက်တိုင်ဝိညာဉ် ၏ အသိစိတ်ကို ခံစားမိလိုက်သည်။ သူက ဝူယွမ် အား အသိအမှတ်ပြုမှု သတင်းစကားတစ်ခု ပို့လွှတ်နေသကဲ့သို့ ဖြစ်နေပြီး၊ မဟာဝမ့်လွန်ဧကရာဇ်တံဆိပ် နှင့် အလွန်ရင်းနှီးနေသကဲ့သို့ ဖြစ်နေသည်။

“အား…”

ရှောင်တျောင်း နှင့် လင်းတုန် တို့နှစ်ယောက်စလူံ အံ့အားသင့်သွားခဲ့ကြသည်။ သူတို့က ကျောက်တိုင်ဝိညာဉ် ကို ကလေးတစ်ဦးကဲ့သို့ လှည့်စားရန် စီစဉ်ထားခဲ့ကြသည်။

သို့ပေမဲ့ သူတို့ဘာမှမလုပ်ရဘဲ ကျောက်တိုင်ဝိညာဉ်က ကလေးတစ်ဦးကဲ့သို့၊ အစ်ကိုကြီးနားကပ်ရန် ကြိုးစားနေမည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။

ဝူယွမ်က သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး၊ နူးညံ့စွာဖြင့် ကျောက်တိုင်ဝိညာဉ်ကို ပွတ်သပ်ပေးလိုက်ပြီး မဟာဝမ့်လွန်ဧကရာဇ် တံဆိပ် မှ အလင်းရောင်ကလည်း သူ၏လက်အတိုင်း လိုက်ပါသွားကာ၊ ကျောက်တိုင်ဝိညာဉ် ပေါ်တွင် နားခိုလိုက်သည်။ ထိုအလင်းရောင်က ကျောက်တိုင်ဝိညာဉ် နှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်ထားသကဲ့သို့ ဖြစ်နေသည်။

ကျောက်တိုင်ဝိညာဉ်က သူ့အား မည်သည့် ခုခံမှုကိုမျှ မပြသဘဲ၊ သူ၏ ဝိညာဉ်စွမ်းအင်အား ဝင်ရောက်ခွင့်ပြုခဲ့သည်၊ သူ၏ ဝိညာဉ်စွမ်းအင် နှင့် ပေါင်းစပ်ရန် သူ့အလိုအလျောက်ပင် ပြုလုပ်ခဲ့သည်။

ရုတ်တရက်၊ ဝူယွမ်က ကျောက်တိုင်ဝိညာဉ် ၏ အသိစိတ်ကို ခံစားလိုက်ရသည်။

သူက ဝိညာဉ်နဲ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်ထားသကဲ့သို့ ဖြစ်နေသည်။

“ကျောက်လက်ဖွဲ့ ကို သိမ်းထားလိုက်၊ သူကို မခြောက်လှန့်နဲ့တော့။”

ဝူယွမ်က လင်းတုန်အား အသံလွှင့်ပြောကြားခဲ့သည်။ အကြောင်းမှာ ဤကျောက်တိုင်ဝိညာဉ် ငယ်လေးက ကျောက်လက်ဖွဲ့ ကို အလွန်ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။

လင်းတုန်က ခေါင်းညိတ်ပြီး၊ လက်ကို ပိတ်ကာ ကျောက်လက်ဖွဲ့ ၏ အလင်းရောင်ကို ရုပ်သိမ်းလိုက်သည်။

ထို့နောက်၊ ဝူယွမ်၏ အသိစိတ်က မဟာဝမ့်လွန်ဧကရာဇ် တံဆိပ် ၏ အလင်းရောင်ကို လင်းတုန် နှင့် ရှောင်တျောင်း တို့အား ဝန်းရံကာ ဤနေရာ၏ တွန်းလှန်အားမှ သူတို့ကို ကာကွယ်ပေးခဲ့သည်။

ကျောက်လက်ဖွဲ့ ၏ အလင်းရောင် မရှိတော့တဲ့အခါ ကျောက်တိုင်ဝိညာဉ် ငယ်လေးက ပျော်ရွှင်လာပြီး၊ သုံးဦးလုံးကို အပြည့်အဝ ဝန်းရံကာ၊ သူတို့အား သူ့လောက၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ခခေါ်ဆောင်သွားလိုက်သည်။

ဤအခိုက်အတန့်တွင်၊ ကြယ်အာကာသကြီးက ပျောက်ကွယ်သွားခဲ့ပြီး၊ မှိတ်တုတ်မှိတ်တုတ် ဥက္ကာခဲများလည်း မရှိတော့ပေ။ ထိုဗလာနယ်ပယ်တွင်၊ ၎င်းတို့က ကြီးမားသော အလင်းတိုင်များ ထိုးထိုးထောင်ထောင် ရှိနေသည်ကို တွေ့ခဲ့ရပြီး၊ ရှေးဟောင်းဆန်သော စွမ်းအင်တစ်ခုက၊ ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သကဲ့သို့၊ ဤအလင်းတိုင်များမှ ထွက်ပေါ်လာခဲ့သည်။

သူတို့က ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားနိုင်ခဲ့ကြပြီဖြစ်သည်။

လူနှစ်ဦးနှင့် မြွေပါတစ်ကောင်၏ မျက်လုံးများက ဗလာနယ်ပယ်ထဲတွင် ထိုးထိုးထောင်ထောင်တည်ရှိနေသော အလင်းတိုင်များကို အံ့အားသင့်စွာ ငေးကြည့်နေခဲ့ကြသည်။ ဤအလင်းတိုင်များ ပတ်လည်တွင်၊ သိုင်းပညာရပ် ပုံရိပ်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့ပြီး၊ လူသားများ၊ သားရဲများ၊ ဓားများနှင့် လက်နက်များ နှင့် တူနေကာ အလွန်ထူးဆန်းလှသည်။

“ဒါတွေ… ဒါတွေအားလုံးက ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ်‌ေတွဘဲ”

ကြီးမားသော အလင်းတိုင်များကို ငေးကြည့်ရင်း၊ လင်းတုန် ကအံအားသင့်သွားခဲ့သည်။

ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ်များသာလျှင် ဤမျှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ပိုင်ဆိုင်နိုင်ပြီး၊ အခုနေရာနှင့် နှိုင်းယှဉ်လျှင်၊ သူတို့ ယခင်က အပြင်ဘက်တွင် မြင်တွေ့ခဲ့ရသော ဥက္ကာခဲ သိုင်းပညာရပ်များက စကားထဲထည့်ပြောရလောက်အောင် မထိုက်တန်ပါ၊ လုံးဝ နှိုင်းယှဉ်၍မရချေ။

ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ်များကို၊ အပြင်ဘက်မှာဆို ထိုပညာရပ်အတွက် အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်ကြရပြီး အလွန်ရှားပါးသော အရာများဖြစ်သည်။ သို့သော် ဤနေရာတွင် မရေမတွက်နိုင်အောင် ရှိနေခဲ့သည်။

ဝူယွမ် ၏ နှလုံးသားခုန်နှုန်းကလည်း အနည်းငယ် မြန်ဆန်လာခဲ့သည်။ ဤအရာက ရှေးဟောင်းဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ဘဲဖြစ်သည်။

သူ လတ်တလော မြင်တွေ့ခဲ့ရသော သိုင်းပညာရပ်များကိုတောင် အလွန်အံ့အားသင့်ခဲ့ရပြီး၊ အခု ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ်များ၏ အရေအတွက်က မရေမတွက်နိုင်အောင် ရှိနေခဲ့သည်မှာ မယုံနိုင်စရာပင်။

ကျောက်တိုင်ဝိညာဉ် ငယ်လေးက အခုအခါ ကျောက်တိုင်အသေးစားပုံစံဖြင့် တစ်ခါတစ်ရံ ဝူယွမ် ၏ လက်ထဲတွင် နားနေပြီး၊ တစ်ခါတစ်ရံ သူ့ပတ်လည်တွင် ပျံသန်းကာ၊ အလင်းတိုင်များကြား၌ ခုန်ပေါက်နေခဲ့သည်၊ သူက ဝူယွမ် အား သူ၏လောကကို ပြသရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။ တွေ့လား ဒီလောကမှာ ဒီလိုများပြားတဲ့ ရတနာတွေပိုင်ဆိုင်ထားတယ် ဆိုသည့်ဟန်ပေါက်နေသည်။

“ဒီအရာအားလုံးက အရှင်ရဲ့ပိုင်ဆိုင်မှုတွေပါ။”

ကျောက်တိုင်ဝိညာဉ် ငယ်လေးက တစ်ဖန် သူ၏အတွေးကို ဖော်ပြလိုက်ပြန်သည်။

သူက သိုင်းပညာရပ်အားလုံးက ဝူယွမ် နှင့် သက်ဆိုင်ကြောင်းပြောပြလိုက်သည်။

ဝိညာဉ်လေးက ရှေးဟောင်းကျောက်တိုင် နယ်ပယ်အတွင်း အချိန်အတော်ကြာ တစ်ကိုယ်တည်း ဖြစ်နေခဲ့ပြီး၊ ရုတ်တရက် ဝူယွမ် ကိုယ်ပေါ်ရှိ ရင်းနှီးသောစွမ်းအားကို ခံစားမိသဖြင့်၊ ဝူယွမ် နှင့် ဆော့ကစားရန် သူ့ကို ဆွဲဆောင်ထားရန် အကြောင်းအမျိုးမျိုးဖြင့် ကြိုးစားနေခြင်း ဖြစ်နိုင်သည်။

လင်းတုန်က ပတ်ဝန်းကျင်ရှိ ဖန်ဆင်းခြင်းအဆင့် သိုင်းပညာရပ်များထဲတွင် နှစ်မြုပ်နေပြီး၊ မည်သည့်တစ်ခုကို ရွေးချယ်ရမည်ကို စဉ်းစားရခက်နေခဲ့သည်။

“ဗဟိုဘက်ကို သွားကြည့်လိုက်ပါ၊ အားအပြင်းဆုံး သိုင်းပညာရပ်တွေက အဲ့မှာရှိနေနိုင်သည်။ ရှောင်တျောင်း က အော်ဟစ်ခဲ့သည်။ သဘာဝအားဖြင့်၊ အကောင်းဆုံးပညာရပ်တစ်ခုရှိနေသင့်သည်။

ဤသိုင်းပညာရပ် အလင်းတိုင်များ အလယ်ဗဟိုတွင်၊ မှုန်ဝါးသော လေဟာနယ် အတားအဆီးတစ်ခု ရှိနေသည်။

“အစ်ကိုကြီး၊ ဒီအတွင်းမှာ ဘာရှိလဲ။”

လင်းတုန် သည် ဗဟိုဘက်ကို ညွှန်ပြပြီး၊ အပြင်းထန်ဆုံး သိုင်းပညာရပ်များက ထိုအတွင်း၌ ရှိနေသင့်သည်။

“ဒီဟာကို ဖွင့်လိုက်ပါ။”

ဝူယွမ် က ကျောက်တိုင်ဝိညာဉ် ငယ်လေးအား ပြောလိုက်သည်။

ကျောက်တိုင်ဝိညာဉ် ငယ်လေးက မျောပါလာပြီး၊ အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာသောအခါ၊ မှုန်ဝါးသော အတားအဆီးက ချက်ချင်းပင် ပြန့်ကားသွားခဲ့သည်။

ထိုနေရာတွင်၊ အလွန်ကြီးမားသော အမည်းရောင် လက်ချောင်းတစ်ချောင်း ရှိနေခဲ့သည်။ ထိုလက်ချောင်းက တိတ်ဆိတ်စွာ တည်ရှိနေပြီး၊ လူတစ်ဦး၏ ဦးရေပြားကို ထုံကျင်စေသော လှိုင်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ လေဟာနယ်ထဲရှိ သူ့နေရာပတ်လည်တံင် လှိုင်းများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ကြီးမားသော အမည်းရောင် လက်ချောင်းကြှးက၊ နတ်ဆိုးဘုရင်တစ်ပါး၏ လက်ချောင်းကဲ့သို့၊ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေပြီး၊ အဆုံးမဲ့ သတ်ဖြတ်မှုဆန္ဒနှင့် ထက်မြက်မှုတို့ကို ဖြန့်ကျက်နေခဲ့သည်။

ဝိုးး...!

လင်းတုန် ၏ မျက်လုံးများ လင်းလက်လာပြီး၊ သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တက်ကြွလာခဲ့သည်။

ဤသိုင်းပညာရပ်၏ စွမ်းအင်က ပတ်ဝန်းကျင်ရှိ ဖန်ဆင်းခြင်း အဆင့် သိုင်းပညာရပ်များ၏ စွမ်းအင်ထက် များစွာ သာလွန်နေခဲ့သည်။

ဗဟုသုတရှိပြီး အင်အားကြီးမားသော ကိုယ်ခံပညာရပ်များစွာကို မြင်တွေ့ဖူးသော ရှောင်တျောင်း သည်ပင်၊ ဤအချိန်တွင် အံ့အားသင့်သွားခဲ့သည်၊ သူ၏ မျက်လုံး အသေးလေးများမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

ကြီးမားသော အမည်းရောင်လက်ချောင်း ၏ အလယ်ဗဟိုတွင်၊ ရှေးဟောင်းအက္ခရာများ အနည်းငယ်ရှိပြီး၊ အမှောင်ထဲတွင် ထူးဆန်းသော အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေခဲ့သည်။

“မဟာရှေးဟောင်း ကောင်းကင်ဖမ်းခြင်းလက်ချောင်း။”

ဝူယွမ် က တိုးတိုးလေးပြောလိုက်သည်။

ဤအရာက မူရင်းဇာတ်လမ်းထဲတွင် လင်းတုန် ၏ အထင်ရှားဆုံး ကိုယ်ခံပညာရပ်ဖြစ်ပြီး၊ ဝူယွမ် လိုခြင်ဆုံး စွဲမက်ဖွယ် ကိုယ်ခံပညာရပ်လည်း ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ လင်းတုန်က ကြီးမားသော လက်ချောင်းဆီသို့ စူးစမ်းလိုစိတ်ဖြင့် လျှောက်လှမ်းသွားခဲ့သည်၊ သူ၏မျက်လုံးများက ပူလောင်နေပြီး လက်ချောင်းကို စိုက်ကြည့်နေခဲ့သည်။ သူက ထိုသိုင်းပညာရပ်၏ ကျင့်ကြံနည်းကို ရယူရန် သူ၏ ဝိညာဉ်စွမ်းအင် အမှုန်တစ်မှုန် ထုတ်လိုက်တော့မည့်အချိန်တွင် ရှောင်တျောင်း က သူ၏ လက်ကို လှုပ်ခတ်ကာ သူ့ကို ဖြတ်တောက်လိုက်သည်။

ထို့နောက်ရှောင်တျောင်း က ဆူပူကြိမ်းမောင်းခဲ့သည်၊ “အစ်ကိုနှစ် သေချင်နေပြ

All Chapters