လင်းလန်တျန်းပိတ်မိခြင်း
Vol. 13 Ch. 125
ချင်ရှီက စိတ်ရှုပ်ထွေးလျက် ထွက်ပြေးလာခဲ့ပြီး မဟာရှေးဟောင်းကျောက်တိုင်မှ အမြန်ဆုံးလွတ်မြောက်လိုခဲ့သည်။
သို့ရာတွင် သူ၏ အရှိန်က ဝူယွမ်နှင့် လင်းတုန်တို့ကို မယှဉ်နိုင်ချေ။
တဒင်္ဂအတွင်း သူတို့နှစ်ဦးက ဓားပျံစီးလျက် သူ့ကို လိုက်မှီလာခဲ့သည်။
“ချင်ရှီ… ဒါမှမဟုတ် မင်းကို လင်းလန်တျန်းလို့ခေါ်ရမလား။
သေလိုက်တော့”
လင်းတုန်က အရင်ဆုံး ချဉ်းကပ်လာပြီး ကောင်းကင်အကြေးခွံ ရှေးဟောင်း လှံတံရှည်ဖြင့် လေးဆင့်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
“မဖြစ်နိုင်…” ချင်ရှီ ကြောက်လန့်တကြား အော်ဟစ်ခဲ့သည်။
သို့သော် ငါး၊ မြွေ၊ နဂါး၊ နတ်နဂါး လှံတံအရိပ်လေးသွယ်၏ ထိုးနှက်မှုများက ချင်ရှီစကားမပြီးလိုက်မှီ သူ၏ ကိုယ်ခန္ဓာကို ထိုးဖောက်သွားခဲ့ပြီဖြစ်သည်။
ချင်ရှီတွင် ခုခံစွမ်မရှိတော့ပေ။ သူ၏ အတွင်း၌ ပြန်လည်တက်ကြွလာသော ယွမ်စွမ်းအင်က လင်းတုန်၏ ပထမဆုံးဖြစ်သော ငါးအကြေးခွံလှံရိပ်တစ်ချက်ကိုပင် မကာကွယ်နိုင်ခဲ့ပေ။
ဖုတ်။
သူသည် သွေများပါးစပ်ပြည့် အန်ထုတ်ခဲ့ရပြီး သူ၏ အတွင်းကလီစာများ ကြေမွနေပြီဖြစ်သည်။ သူ၏ မျက်လုံးများကလည်း ကျယ်လောင်စွာပွင့်နေပြီး စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်ကာ မကျေနပ်ဖွယ် မျက်ရည်များဖြင့် သေဆုံးသွားခဲ့ရသည်။
“ဟမ်… ဒီလောက်နဲ့ သေသွားတာလား။”
လင်းတုန်က သူ၏လက်ထဲရှိ ရှေးဟောင်းလှံတံကို ကြည့်ရင်း သူ၏မျက်လုံးများတွင် နက်ရှိုင်းသော စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။
ဤသည်မှာ လင်းလန်တျန်း မဖြစ်နိုင်ချေ။
လင်းလန်တျန်း၏ စွမ်းရည်ဖြင့်ဆိုလျှင် ချင်ရှီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားရသည်ကြောင့် အနည်းငယ်အားနည်းသွားခဲ့ရင်တောင် သူ၏တိုက်ခိုက်မှု တစ်ချက်ကိုမျှ မကာကွယ်နိုင်ခြင်းမှာ မဖြစ်နိုင်ပေ။
“သူက လင်းလန်တျန်း မဟုတ်ဘူး။”
“ ပုရစ် အရေခွံချန်ခြင်း၊ ချင်ရှီဆိုတာက အာရုံပြောင်းရန် လှည့်ကွက်တစ်ခုသာသာဘဎ။”
ဝူယွမ်က မျက်ခုံးကြုတ်လျက်ရှိနေပြီး သူ၏မျက်နှာပေါ်တွင် မကျေမနပ်အနည်းငယ်ဖြစ်နေသည်။
ရှေးဟောင်းအဘိုးအိုတစ်ဦးရှိခြင်းက အမှန်စင်စစ် ဒုက္ခရောက်စေသည်။
လင်းလန်တျန်း၏ ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်းဝိညာဉ်က ပြဿနာရှာလွန်းလှပြီး၊ သူ့ကို အပြည့်အဝ သတ်ဖြတ်ရန် ခက်ခဲသည်။ သူက အမြဲတမ်း ထွက်ပြေးရန် အခွင့်အရေးများကို ရှာဖွေတတ်သည်။
ထိုရှေးဟောင်းဝိညာဉ်က သူတို့ကိုအတော်လေးအနှောက်ယှက်ပေးနိုင်သည်။
“သေစမ်း၊ သူ ထပ်ပြီး လွတ်သွားပြန်ပြီ။” လင်းတုန်က သူ့လက်ထဲရှိ ရှေးဟောင်းလှံတံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျက် အလွန်အမင်းဒေါသထွက်နေသည်။
“လွတ်မြောက်သွားတယ်လား။ ဟမ့်၊ သူ ဒီရှေးဟောင်းကျောက်တိုင်အတွင်း ရှိနေသမျှကာလပတ်လုံး လွတ်စရာအကြောင်းမရှိဘူး”
ဝူယွမ်က အေးစက်စက်ဖြင့်စကားပြောခဲ့လိုက်ပြီး ဓားပျံဖြင့် ေနာက်သို့ အမြန်ပြန်လှည့်လာပြီး ဖန်တီးမှုခြင်းဟောင်းကျောက်တိုင်ရှေ့သို့ ရောက်လာခဲ့သည်။
လင်းတုန်သည်လည်း သူ့အစ်ကိုကြီးနောက်ကို အမြန်လိုက်လာပြီး သူ၏နှလုံးသားထဲတွင်လည်း မျှော်လင့်ချက်အနည်းငယ် ဖြစ်ပေါ်လာသည်။ သူ့အစ်ကိုကြီး၏ မျက်နှာအမူအရာအရ လင်းလန်တျန်းကို ရှာဖွေတွေ့ရှိရန် အခွင့်အရေးရှိသေးဟန်ရသည်။
လင်းလန်တျန်းက သူ့ထံမှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ခြင်းကြောင့် ဝူယွမ်သည်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ဤလူ အသက်ရှင်နေသမျှကာလပတ်လုံး သူက အမြဲတမ်း မမြင်ရသော ဘေးအန္တရာယ်တစ်ခုဖြစ်နေလိမ့်မည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ဝူယွမ်က သူ့ကို ဤမဟာရှေးဟောင်းကျောက်တိုင်အတွင်း အသေသတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ဖန်တီးမှုခြင်းဟောင်းကျောက်တိုင်သို့ အမြန်ပြန်ရောက်လာသောအခါ မုချန်ချန်း၊ ဟွမ်ပူကျင်းနှင့် အခြားခြောက်ဦးတို့လည်း နိုးထနေပြီဖြစ်ကာ ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်မှ အလင်းများက ဆက်တိုက်ထွက်ပေါ်နေသည်။
ဤလူများအားလုံးက နဝမအဆင့် သိုင်းပညာရပ်များကို ရရှိခဲ့ကြသည်။
ဝူယွမ်နှင့် လင်းတုန်တို့ အလျင်အမြန်ပြန်လာသည်ကို မြင်သောအခါ ဟွမ်ပူကျင်း၊ မုချန်ချန်း၊ လင်းခဲ့အာတို့ အားလုံးက ကျောက်တိုင်ရှေ့မှ ထလာကြသည်။
ဝူယွမ်က တိုက်ရိုက်ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ဆီသို့ လမ်းလျှောက်သွားပြီး သူ၏လက်ဖဝါးကို ကျောက်တိုင်ပေါ်တွင် တင်ထားလိုက်သည်။ သူ၏နဖူးပေါ်ရှိ မဟာရှေးဟောင်း ဧကရာဇ်တံဆိပ်က အလင်းတစ်ချက် လက်သွားကာ ကျောက်တိုင်၏ဝိညာဉ်နှင့် ချိတ်ဆက်လိုက်သည်။
“ရှေးဟောင်းတောရိုင်းကျောက်တိုင်တစ်ခုလုံး ပိတ်ထားလိုက်ပါ၊ ဘယ်သူကိုမှ ထွက်ခွင့်မပေးနဲ့။”
ဝူယွမ်က ကျောက်တိုင်၏ဝိညာဉ်အား ညွှန်ကြားလိုက်သည်။
ကျောက်တိုင်ဝိညာဉ်လေးကလည်း အလွန်နာခံသည်။ ချက်ချင်းပင် ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ပေါ်တွင် အလင်းများစွာ ပေါ်ထွက်လာသည်။ ယခင်ကအလင်းနှင့် အရိပ်များနှင့် မတူဘဲ ဤအလင်းများသည် တိုင်ထိပ်မှ တိုက်ရိုက်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။
ထိုနည်းတူ အပြင်ဘက်တွင်လည်း မဟာရှေးဟောင်းကျောက်တိုင်က တုန်ခါလာခဲ့ကာ။ ယင်းပေါ်တွင်ရှိသော အလွန်ရှုပ်ထွေးသည့် ရူန်းသင်္ကေတများက စတင်လည်ပတ်လာခဲ့ပြီး မူလကအားနည်းနေသော အတားအဆီးက ယခုအချိန်တွင် ရုတ်တရက် ပိုမိုအားကောင်းလာခဲ့သည်။
အပြင်ဘက်မှ ဝင်ရောက်ရန် ကြိုးစားနေသူများအားလုံးလည်း ပယ်ချခံလိြက်ရသည်။
“ဘာဖြစ်နေတာလဲ။ မဟာရှေးဟောင်းကျောက်တိုင်ရဲ့ အတားအဆီးက စောပြီး အားကောင်းလာတာလာလည်း”
“အနည်းဆုံး ခုနှစ်ရက်လောက် ကြာရအုံးမှာမလား။”
“အတွင်းထဲရှိတဲ့လူတွေရော…။ သူတို့ထွက်လို့မရတော့ဘူး။”
...အပြင်ဘက်ရှိလူများက စိတ်ရှုပ်ထွေးမှုနှင့် ထိတ်လန့်မှုတို့ဖြင့် ရှိနေကြသည်။ ဤရုတ်တရက် ပြောင်းလဲမှုက သူတို့အား အတော်လေး ထိတ်လန့်သွားစေခဲ့သည်။
ထိုနည်းတူစွာ ရှေးဟောင်းကျောက်တိုင်အတွင်း ရှိနေသော လူများကလည်း အတားအဆီးမှ ဖိအားကို ခံစားခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ မူလအားနည်းနေသော အက်ကြောင်းများက ဖြည်းဖြည်းချင်း ပိတ်သွားပြီး တည်ငြိမ်လာကုန်သည်။
နေရာတစ်ခုလုံး ချိတ်ပိတ်ခြင်း ခံနေရသည်။
ကျောက်တိုင်ဝိညာဉ်က ရှေးဟောင်းကျောက်တိုင်ပေါ်ရှိ ချိတ်ပိတ်ခထားသော အစီအရင်ကို လက်ခံဆောင်ရွက်နိုင်သည်။ ချိတ်ပိတ်အစီအရင်က ပျက်စီးနေပြီး အပိုင်းများစွာ ပျောက်ဆုံးနေသော်လည်း ကျောက်တိုင်ဝိညာဉ်က ဖွင့်လှစ်ထားသမျှ ယာယီအနေဖြင့် နေရာကို ချိတ်ပိတ်ထားနိုင်သည်။
ဤအချိန်တွင် ကျောက်တိုင်ဝိညာဉ်က အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဝူယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့ကာ၊ ထူးဆန်းသော ရုပ်ပုံများက ဝူယွမ်၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
လင်းလန်တျန်း၊ ချင်ရှီနှင့် အရှင်မုတို့၏ ရောစပ်ထားသော ဝိညာဉ်စွမ်းအင်က ကြယ်တာရာကောင်းကင်တွင် နှစ်ပိုင်းကွဲသွားသည်ကို သူမြင်ခဲ့ရသည်။ ထို့ေနာက် သူတို့ထဲမှ တစ်ခုက စိမ်းပြာရောင်သစ်သားဂိုဏ်းမှ အမျိုးသမီးတပည့်၏ ဝိညာဉ်ကိုယ်ကို လွှမ်းခြုံထားခဲ့သည်။
အပြင်ဘက်ရှိ အလင်းတန်းတစ်ခုထဲမှ ဝိညာဉ်တစ်ခုက ချင်ရှီ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပြေးလာပြီး လန်ပီလော်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
နောက်ဆုံးတွင် သူတို့နိုးထပြီး ချင်ရှီကို လိုက်ဖမ်းသောအခါ လန်ပီလော်က စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများကို ဦးဆောင်ကာ အခြားလမ်းကြောင်းတစ်ခုသို့ ထွက်ပြေးသွားခဲ့သည်။
မြင်ကွင်းများဆက်လက်ဖြစ်ပွားခဲ့ပြီး ဝူယွမ်ကို အံအားသင့်စေသည်မှာ သူတို့ အမြန်ထွက်ပြေးလာပြီးနောက် အပြင်ဘက်စောင့်ဆိုင်းနေသော ကျားနှစ်ကောင်ထဲတွင် ရှောင်ယန်က သူတို့နောက်လိုက်ရန် ပြင်ဆင်နေခဲ့သော်လည်း ပိုင်ယွမ်က စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများကို ဆန့်ကျင်ဘက်လမ်းကြောင်းသို့ ထွက်ပြေးသည်ကို မြင်သောအခါ သူမက ချက်ချင်းရှောင်ယန်အား ခေါ်ယူခဲ့ပြီး သူတို့က စိမ်းပြာရောင်သစ်သားဂိုဏ်းချုပ်မှ လူများကို လိုက်လံဖမ်းဆီးခဲ့သည်။
မည်သူမျှ အရှင်မု၏ ရှေးဟောင်းဝိညာဉ်ကို မမြင်ဖူးကြသော်လည်း ပိုင်ယွမ်က ပြိုင်ဘက်ကို မှတ်မိပုံရသည်၊ သို့သော် ထိုအချိန်က သူမက မည်သူမည်ဝါဖြစ်သည်ကို မခွဲခြားနိုင်သကဲ့သို့ ဝေခွဲရခက်နေပုံရသည်။
ထို့ကြောင့် ဝူယွမ်က ချင်ရှီကို လိုက်ဖမ်းပြီးနောက် သူမ၏ ဉာဏ်ရည်ထက်မြက်မှုဖြင့် စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများကို လိုက်လံဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်။
ထို့ေနာက်မြင်ကွင်းသည် အဆုံးသတ်သွားခဲ့သည်။
ကျောက်တိုင်ဝိညာက ဝူယွမ်ထံသို့ လင်းလန်တျန်းနှင့် အရှင်မုတို့၏ ပုရစ် အရေခွံလွှာခြင်းနှင့် နောက်ပိုင်းဖြစ်ရပ်များ ဖြစ်စဉ်ကို ထပ်မံတင်ပြခဲ့သည်။
ကျောက်တိုင်ဝိညာဉ်က အလွန်အားနည်းနေဆဲဖြစ်ပြီး အလယ်ဗဟိုဖြစ်သည့် ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်မှ ခွဲခွာခြင်းမပြုနိုင်သောကြောင့် ကျောက်တိုင်ပတ်ဝန်းကျင်ရှိ အခြေအနေကိုသာ မှတ်တမ်းတင်နိုင်သည်။
“တစ်ကယ်မထင်ထားတဲ့အရာဘဲ၊ဒါမှ ငါ့ကျားကွ”
ဝူယွမ်က ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်မှ သူ၏လက်ကို ရုပ်သိမ်းလိုက်ပြီး သူ့နှလုံးသားထဲတွင် ေနွးထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
ကျားကလေးက ကြီးပြင်းလာခဲ့ပီဖြစ်သည်။
ဤအချိန်တွင် လင်းတုန်သည်လည်း တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ ပိုင်ယွမ်နှင့် ရှောင်ယန်တို့က ဖန်တီးမှုရှေးဟောင်းကျောက်တိုင်ရှေ့တွင် ရှိနေသင့်သည်။
လင်းတုန်- “ဟင်၊ အစ်ကိုကြီး၊ ပိုင်ယွမ်နဲ့ ရှောင်ယန်တို့ ဘယ်ရောက်သွားတာလဲ။”
ဝူယွမ်က ဖခင်ကဲ့သို့သော အပြုံးကို ထုတ်ဖော်ပြသလိုက်ကာ၊ “ဘယ်ရောက်သွားတာလဲဆိုတော့၊ သူတို့တွေက လင်းလန်တျန်းကို လိုက်ဖမ်းဖို့ သွားကြတယ်။”
“အာ။”
လင်းတုန်သည်လည်း အံ့အားသင့်ခဲ့ရပြီး သူ၏ကျားပေါက်စက အရေးပါသော အလုပ်တစ်ခုကိုပင် လုပ်ဆောင်ခဲ့မည်ဟု မမျှော်လင့်မိခဲ့ပေ။
“အမြန်သွားကြရအောင်။ လင်းလန်တျန်းက ကိုင်တွယ်ဖို့ မလွယဘူး၊ သူတို့တွေ ဒဏ်ရာရသွားနိုင်တာ်”
ဝူယွမ်က အနီရောင်မီးဓားကို နင်းကာ ထပ်မံပျံသန်းထွက်ခွာ သွားတော့သည်။
ပတ်ဝန်းကျင်ရှိ လူများက ဝူယွမ်နှင့် လင်းတုန်တို့ကို မဲမှောင်နေသော မျက်နှာများဖြင့် ကြည့်ရှုနေကြပြီး သူတို့ဘာလုပ်ခြင်နေမှန်း မသိကြချေ။
မုချန်ချန်း- “အစ်ကိုကြီး၊ ဘာလုပ်နေတာလဲ။”
လင်းခဲ့အာ- “လင်းတုန်၊ အစ်ကိုကြီး လင်းလန်တျန်း မသေသွားဘူးလား။”
ဟွမ်ပူကျင်း- “ဘာဖြစ်လို့ ချင်ရှီကို ထပ်သတ်ချင်တာလဲ။”
“အစ်ကိုဝူယွမ်၊ အာကာသအက်ကြောင်းတွေကို ပိတ်လိုက်တာလား။”
... အမျိုးသမီးသုံးဦးသာမက သူတို့ လာလိုက်သွားလိုက်လုပ်သည်ကို မြင်ခဲ့ကြရသော ပတ်ဝန်းကျင်ရှိလူအားလုံးသည်လည်း သံသယများဖြင့် ပြည့်နှက်နေကြသည်။
ယခုလက်ရှိ အာကာသအက်ကြောင်းများက စောစောစီးစီးပိတ်သွားခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့က ဝူယွမ်သည် ကျောက်တိုင်ဝိညာဉ်နှင့် ဆက်သွယ်ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြသည်။ ဆိုလိုသည်မှာ ဝူယွမ်က ထွက်ပေါက်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
လူတွေအားလုံးက သူဘာကြောင့် ဒါကိုလုပ်ခဲ့တာလဲဆိုတာ မသိနိုင်ပေမယ့် အခုဒီနေရာပိတ်လိုက်သဖြင့် လူတိုင်းရဲ့ အသက်ဟာ ဝူယွမ်၏ လက်ထဲမှာ ရှိနေခဲ့သည်။
အရှင်မု၏ နည်းလမ်းများက ဤလူများအတွက် မြင်နိုင်ရန် မြင့်မားလွန်းသည်။
ဤလှိုင်းတွင် အရှင်မုက တတိယအလွှာတွင် ရှိနေသည်၊ ဝူယွမ်နှင့် လင်းတုန်တို့သည် ဒုတိယအလွှာတွင် ရှိနေသည်၊ ပရိသတ်သည် ပထမအလွှာတွင် ရှိနေလေသည်။
ဉာဏ်ရည်ထက်မြက်ပြီး ချစ်စရာကောင်းသော ပိုင်ယွမ်သာလျှင် အမြင့်ဆုံးမှာ ရှိနေလေသည်။
“ဝူယွမ်၊ လင်းတုန်၊ ငါတို့ရဲ့ သခင်လေးကို ဘာလို့ ထပ်သတ်ချင်တာလဲ။” ချင်ရှီ၏ ခန္ဓာကိုယ်ကို ယူဆောင်လာသော ချင်မိသားစုမှ လူအနည်းငယ်က သူတို့၏ လူငယ်ခေါင်းဆောင် ဤမျှလောက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတာတောငိ မည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကို နားမလည်နိုင်ခဲ့ပေ။
“ သိချင်ရင် ငါ့နောက်ကို လိုက်ခဲ့ကြ။”
ဝူယွမ်က ထပ်မံရှင်းပြရန် အလွန်ပျင်းရိနေသည်။ ကျောက်တိုင်ဝိညာဉ်၏ အသိအမှတ်ပြုမှုကို ရရှိထားသောကြောင့် သူက မဟာရှေးဟောင်းကျောက်တိုင်၏ အရှင်သခင်ဖြစ်လာပီဖြစ်သည်။
စကားပြောပြီးနောက် သူကပိုင်ယွမ် လိုက်လံဖမ်းဆီးခဲ့သော လမ်းကြောင်းအတိုင်း ဓားပျံဖြင့် တိုက်ရိုက်ပျံသန်းထွက်ခွာသွားခဲ့သည်။
လင်းတုန်ကလည်း ချက်ချင်း လိုက်လာခဲ့ပြီး မြန်မြန်ဆန်ဆန် လိုက်ဖမ်းရန် အတော်လေး စိတ်လှုပ်ရှားနေသည်။ ဤတစ်ကြိမ်တွင် ကျားပေါက်စ၏ စွမ်းဆောင်ရည်က သူ့အား အလွန်ကျေနပ်စေခဲ့သည်။
“ရှောင်တျောင်း၊ အဲ့ထူးဆန်းတဲ့ ရှေးဟောင်းဝိညာဉ်က အရမ်းအားကောင်းပြီး အခြားသူတွေကိုပါ အဆက်မပြတ် သိမ်းပိုက်နိုင်လောက်လား။ သူ့ကို လိုက်ဖမ်းရင် ပုရစ် အရေခွံလွှာခြင်း လှည့်ကွက်ကို ထပ်အသုံး မပြုလောက်ဘူးလာူ။”
လင်းတုန်က ကြောက်ရွံ့စိတ်အနည်းငယ်ဖြင့် ရှောင်တျောင်းနှင့် ဆက်သွယ်လိုက်သည်။
“ထပ်မဖြစ်သင့်ဘူး၊ ရှေးဟောင်းဝိညာဉ်တစ်ခုက ကျွန်တော်ရဲ့ နတ်ဆိုးဝိညာဉ်နှင့် တူညီတယ်။ အရင် ဘဝမှာ ဘယ်လောက်ဘဲ အားကောင်းခဲ့ပါစေ ရုပ်ခန္ဓာမရှိတဲ့ ရှေးဟောင်းဝိညာဉ်က စွမ်းအင်စားသုံးမှုကို ခံနိုင်ရည်မရှိဘူး
အဲ့ထူးဆန်တဲ့ ရှေးဟောင်းဝိညာဉ်က လက်ရှိကျွန်တော့ထက် သိသိသာသာ ပိုအားကောင်းနေတာမဟုတ်ဘူး၊ သုံးကြိမ်သိမ်းပိုက်နိုင်တာက သူရဲါ ကန့်သတ်ချက်ဖြစ်နိုင်တယ်။ သူက လင်းလန်တျန်းရဲ့ဝိညာဉ်နဲ့ ပေါင်းစပ်ခဲ့တယ်လို့ ကျွန်နော်သံသယ၀င်နေတယ်။ အဲ့လိုသာမဟုတ်ရင် သူ့မှာ သုံးကြိမ်သိမ်းပိုက်ဖို့ လုံလောက်တဲ့စွမ်းအင်ရှိမှာမဟုတ်ဘူး
လင်းတုန်က ဤစကားကိုကြားပြီးနောက် အနည်းငယ်သက်သာရာရခဲ့သည်၊ သို့မဟုတ်ပါက ဤလင်းလန်တျန်းကိုသတ်ရန် အကုန်လုံးကိုသတ်ပစ်မှ ရနိုင်ပေမည်။...
တစ်ဖက်တွင်လန်ပီလော်က စိမ်းပြားရောင်သစ်သားဂိုဏ်းမှ လူများကို ဦးဆောင်ကာ ထွက်ခွာလာခဲ့သည်။ သူမက အစက အာကာသအတွင်း ပုန်းအောင်းနေပြီး ဤနေရာရှိ ရတနာများကို ထပ်မံစူးစမ်းရန် အခွင့်အရေးကို ရှာဖွေရန် ကြံစည်ခဲ့နေသည်။
ဤတစ်ကြိမ်တွင် မိသားစုကြီးလေးခုမှ လူများ မဟာရှေးဟောင်းကျောက်တိုင်သို့ အတူတကွရောက်ရှိလာခဲ့ခြင်းမှာ သူတို့က ရှေးဟောင်းဂိုဏ်းတစ်ခု၏ ရတနာများကို ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်အောက်ရှိ စိမ်းလန်း ကျောက်ပြားရှိရာနေရာတွင် တွေ့ရှိခဲ့ကြသောကြောင့် ဖြစ်သည်။
သို့သော် ထိုနေရာတွင် အားကောင်းသော အစောင့်အရှောာက် နတ်ဆိုးသားရဲတစ်ကောင် ရှိသည်။ ဤတစ်ကြိမ်တွင် သူတို့ မျိုးနွယ်စုကြီးလေးခုက ထိုနတ်ဆိုးသားရဲကို ကိုင်တွယ်ဖြေရှင်းရန် အားကောင်းသော စနစ်တစ်ခုကိုပင် ပြင်ဆင်ထားခဲ့သည်။
ကံဆိုးစွာပင် သူတို့က ဝူယွမ်နှင့် လင်းတုန်တို့ကို ကြုံတွေ့ခဲ့ရပြီး သူတို့၏အစီအစဉ်က မစရသေးခင်မှာအင် မျိုးနွယ်စုလေးခုအနက် သုံးခုက ဝူယွမ်ကြောင့် အင်အားလျှော့သွားခဲ့ရသည်။
မြေအောက်ရင်ပြင်ပွင့်လာမည်ကိုစောင့်ေနေရင်း သူကပတ်ဝန်းကျင်ရှိ လေဟာနယ်က အဆင့်ဆင့်ချိတ်ပိတ်ခြင်း ခံနေရသည်ကို တွေ့ရှိလိုက်ရသည်။
ထွက်ပေါက်သို့ ဦးတည်နေသော အာကာသအက်ကြောင်းများက ဖြည်းဖြည်းချင်းပိတ်လာနေသည်။
“မဟာရှေးဟောင်းကျောက်တိုင်ရဲ့ အတားအဆီး ရုတ်တရက် ပြန်လည်ကောင်းမွန်လာတာလား”
သူမက အံ့အားသင့်သွားသော်ခည်ူ ဝူယွမ်နှင့် အခြားသူများက ချင်ရှီကို သတ်ပြီး၊ သူမဟုတ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ကျောက်တိုင်ဝိညာဉ်နှင့် ချိတ်ဆက်၍ သူမအား လွတ်မြောက်ခွင့်မပြုရန် တားဆီးခဲ့သည်။
ချက်ချင်းပင် သူမက မြေအောက်ကို စူးစမ်းလိုသည့် အတွေးကို စွန့်လွှတ်ခဲ့သည်။ သူမက လက်ဖဝါးတစ်ချက်ကို ထုတ်လွှတ်ကာ ပိတ်လုနီးပါးဖြစ်နေသော အက်ကြောင်းကို ထိုးဖောက်ရန် ရိုက်နှက်ခဲ့သည်။
“ဒီဝူယွမ်က အတော်လေး အံဩဖို့ကောင်းတာဘဲ၊ ဘယ်လိုကံကောင်းခြင်းတွေရလာခဲ့လို့ ကျောက်တိုင်ဝိညာဉ်အသိအမှတ် ပြုတာကိုခံခဲ့ရတာလဲ”
အရှင်မုက သူ၏နှလုံးသားထဲတွင် အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်၊ ဝူယွမ်နှင့် လင်းတုန်တို့က သူနှင့် လင်းလန်တျန်း ပေါင်းစပ်ထားသည်ထက်ပင် ပိုသန်မာအောင် မည်သို့ကြိုးစားအားထုတ်ခဲ့ရသည်ကို အမှန်တကယ် မသိခဲ့ပေ။
သို့သော် အခုအခြေနေထိ ရောက်လာသဖြင့်၊ သူ အများကြီးတွေးမနေနိုင် တော့ပေ။ …လန်ပီလော်က နူးညံ့သိမ်မွေ့စွာ အော်ဟစ်ခဲ့ပြီး စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများကို ဦးဆောင်ကာ ပိတ်လုနီးပါးဖြစ်နေသော အာကာသအက်ကြောင်းများကို ဆက်တိုက်ထိုးဖောက်ရန် ကြိုးစားခဲ့သည်။
စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများက မည်သို့ဖြစ်နေသည်ကို မသိရှိသေးပါ။ ဤကဲ့သို့သော အပြောင်းအလဲကို မြင်သောအခါ သူတို့သည်လညါး ရှေးဟောင်းကျောက်တိုင်အတွင်း မပိတ်မိလိုကြသဖြင့် အပြင်သို့ အမြန်ဆုံးထွက်ရန် ကြိုးစားနေကြသည်။
သူတို့ တစ်စိတ်တစ်ဝမ်းတည်း ထွက်ပြေးရန် ကြိုးစားနေစဉ်။
“ဟောက်။ ဟောက်။”
ကျားနှစ်ကောင်က သူတို့ကို ၀င်ရောက်နှောင့်ယှက်ခဲ့သည်။
ပိုင်ယွမ်က တိုက်ရိုက် ကျားဖြူချေမှုန်း ရွှေဟိန်းသံကို အသုံးပြုလိုက်ပြီး စိမ်းပြာရောင်သစ်သားဂိုဏ်းကို အပေါ်မှစီးပြီး တိုက်ခိုက်လိုက်သည်။
“ဒါက ဝူယွမ်နဲ့ လင်းတုန်ရဲ့ နတ်ဆိုးသားရဲ ကျားနှစ်ကောင်ဘဲ။ ဘာဖြစ်နေတာလဲ။ ဘာကြောင့် ကျွန်တော်တို့ကို တိုက်ခိုက်တာလဲ။ ကျွန်တော်တို့ သူတို့ကို မနှောင့်ယှက်ခဲ့ပါဘူး။”
စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများက အလွန်ရှုပ်ထွေးနေကြသည်။
“ဒါကို ဂရုမစိုက်နဲ့၊ ဒီနတ်ဆိုးသားရဲနှစ်ကောင်ကို အမြန်သတ်ပြီး ထွက်ပြေးကြမယ်။” လန်ပီလော်က တွန်းအားပေးခဲ့သည်။
သူမသည် လုံးဝရှင်းပြခြင်း မရှိခဲ့ပေ။
ကျားနှစ်ကောင် ပေါ်ထွက်လာခြင်းက သူမအတွက် မကောင်းသော ရှေ့ပြေးနိမိတ်ကို ခံစားရစေခဲ့သည်။
ဝူယွမ့်ကျားနှစ်ကောင်တို့၏ စွမ်းဆောင်ရည်ကို သူမအရင်က လျှော့တွက်မိထားခဲ့သည်။
သူတို့က သူမကိုအလွန်မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိခဲ့ပြီး အလွန်မြန်မြန်ဆန်ဆန် လိုက်မိသွားခဲ့မည်ဟုမထင်ထားခဲ့ပေ။
ထိုအချိန်တွင် ရှောင်ယန်က သူ၏ မိုးကြိုးအတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်သို့ ပျံတက်ပြီး သူတို့၏ထွက်ပြေးရန် ကြိုးပမ်းမှုများကို တားဆီးခဲ့သည်။
ပိုင်ယွမ်က အောက်ဆင်းလာကာ လန်ပီလော်ကို ခြိမ်းခြောက်သော အကြည့်မျိုးဖြင့် ကြည့်ရှုနေခဲ့သည်။ သူမ၏ မျက်လုံးများက ထူးဆန်းသော ရွှေရောင်အလင်းများ လင်းလက်လျက်ရှိနေပြီး သူမ၏မျက်ဆန်များ လှုပ်ရှားသွာူနှင့်အမျှ သူမ၏ပုံစံက ရက်စက်တော့မည့် အရိပ်အယောင် ဖြစ်သွားခဲ့သည်။
သားရဲဘုရင်၏ အားကောင်းသော စွမ်းအားသည်လည်း စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများကို ရဲရဲရင့်ရင့် လုပ်ဆောင်ရန် မဝံ့မရဲဖြစ်စေခဲ့သည်။
ကျားနှစ်ကောင်က စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူဆယ်ကျော်ကို ဝိုင်းရံထားခဲ့သည်။
လန်ပီလော်က သူမ၏အင်အားကို ထပ်မံဝှက်မထား ရဲတော့ပေ။ သူမက တိုက်ရိုက်ဘဲ အားကောင်းသော ယွမ်စွမ်းအင်ကို ထုတ်လွှတ်ကာ ထူးဆန်းသော စွမ်းအင်များကို စုစည်းပြီး ရှောင်ယန်ထံသို့ ရိုက်နှက်ခဲ့သည်။
ပြိုင်ဘက်၏ အစွမ်းကို တွေ့မြင်ကာ လင်းလန်တျန်း၏ လက်ဝါးရိုက်မှ စွမ်းအင်ကို မှတ်မိသွားပြီး ပိုင်ယွမ်နှင့် ရှောင်ယန်တို့က ထပ်မံမနှောင့်နှေးဘဲ သူနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည်။
ကျားနှစ်ကောင်က ကျင့်ကြံခြင်း အဆင့်အရ ချီဖန်တီးခြင်းအဆင့်မှာသာ ရှိသေးသော်လည်း၊ ကိုယ်ခန္ဓာကျမ်းကို လေ့ကျင့်ထားပြီး မိုးကြိုးပြစ်ဒဏ်အရည်၊ ယန်အာရုံအရည်၊ သားရဲပေါင်းစုံသစ်သီး စသည်တို့ဖြင့် ခန္ဓာကိုယ်ကို မျိုးစုံအဆင့်မြှင့်ထားသောကြောင့် သူတို့၏သွေးသားစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားတို့ကပင်လျှင် ကူးပြောင်းအဆင့်ကို ဖြတ်ကျော်တိုက်ခိုက်ရန် လုံလောက်သည်။
အထူးသဖြင့် ပိုင်ယွမ်က ဒဏ္ဍာရီလာကျားဖြူဖြစ်ကာ သွေးမျိုးဆက် စွမ်းရည်များစွာကိုလည်း နားလည်သဘောပေါက်ထားပြီး သူမ၏စွမ်းအားက ကူးပြောင်းခြင်းအဆင့် အလယ်အလတ်နှင့် နှိုင်းယှဉ်နိုင်သည်။
လန်ပီလော်က လင်းလန်တျန်းနှင့် အရှင်မုတို့ အစောကမှ ပေါင်းစပ်သိမ်းပိုက်ထားရသည့်အတွက် ကူးပြောင်းခြင်းအဆင့် အစောပိုင်သာရှိသေးကာ၊ သူမ၏ စွမ်းအားက လင်းလန်တျန်း၏ ယခင်စွမ်းအားထက် အလွန်နိမ့်ကျနေသည်။
သို့သော် စိမ်းပြာရောင်သစ်သားဂိုဏ်းလှ လူများထဲတွင် ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူ သုံးဦးလည်း ရှိသေးသည်။
တစ်ချိန်တည်းမှာပင် ကျားနှစ်ကောင်သည်လည်း အတော်လေး ကျိုးစားအားထုတ်ကာ ထိန်းနေခဲ့ရသည်။
နှစ်ဖက်စလုံးက ရှုပ်ထွေးနေပြီး တိုတောင်းသောအချိန်အတွင်း အနိုင်ရရန် ခက်ခဲပုံရသည်။ သိပ်မကြာခင် နေရာတစ်ခုလုံး အပြည့်အဝချိတ်ပိတ်ခံခဲ့ရပြီး ကျားနှစ်ကောင်က လန်ပီလင်းးအား ရှေးဟောင်းကျောက်တိုင်အာကာသထဲမှ လွတ်မြောက်ခွင့်ကို အောင်မြင်စွာ ပိတ်ပင်တားဆီးနိုင်ခဲ့သည်။
နာရီဝက်အကြာတွင် ဝူယွမ်နှင့် လင်းတုန်တို့က လိုက်မှီလာခဲ့သည်။
သူတို့ရောက်ရှိလာသည်နှင့် ကျားနှစ်ကောင်က တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ကြသည်။ စိမ်းပြယရောင်သစ်သားဂိုဏ်းမှ လူများသည်လည်း အထူအတန်းဖွဲ့ကာ ဝူယွမ်နှင့် လင်းတုန်တို့ကို သတိထားမိသွားပြီး ကြောက်ရွံ့စွာဖြင့် ကြည့်ရှုနေကြသည်။
“အရှင်တို့၊ ကျွန်တော်တို့ စိမ်းပြာရောင်သစ်သားဂိုဏ်းက အရှင်တိုါနှစ်ပါးတို့အား ဘယ်လို စော်ကားမိခဲ့လို့ပါလဲ” စိမ်းပြာရောင်သစ်သားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ရိုရိုသေသေ မေးမြန်းလိုက်သည်။
“မင်းတို့နဲ့မဆိုင်ဘူး ငါလိုချင်တာသူမဘဲ”
ဝူယွမ်က တိုက်ရိုက်လန်ပီလော်ကိူ ညွှန်ပြခဲ့သည်။
“ပိလော်က အရှင်တို့နှစ်ပါးကို ဘယ်လိုများစော်ကားခဲ့မိ လို့ပါလဲ” စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများက လန်ပီလော်ကို ရှုပ်ထွေးသောအမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။
“သူမက မူလကတပည့်မဟုတ်တော့ဘူး။ သူက… လင်းလန်တျန်းဖြစ်သွားပီ။”
ဝူယွမ်၏ စွမ်းအားက ရုပ်တရက်မြင့်တက်လာကာ စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများကို လွှမ်းခြုံထားလိုက်သည်။
“ဟဲဟဲ၊ လင်းလန်တျန်း၊ မင်းက တစ်ကယ်ကို ပစ်မှတ်ရွေးချယ်တတ်တယ်၊ မင်းကအခု အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီဘဲ။”
ဟုတ်ပေသည်။ ဝူယွမ် ယခင်က စိမ်းပြာရောင်သစ်သားဂိုဏ်းမှ အမျိုးသမီးကို ကြည့်သောအခါ သူမက သာမန်ဟုသာ ထင်ခဲ့သည်။ သို့သော် ယခုအခါ သူမက လင်းလန်တျန်း ရုတ်တရက် သိမ်းပိုက်ထားသောကြောင့် သူမ၏စိတ်သဘောထားက တစ်ဆင့်တိုးတက်လာပြီး သူမ၏ဆွဲဆောင်မှုတွင် သူရဲကောင်းဆန်မှု အနည်းငယ်ထည့်သွင်းထားသဖြင့် သူမကို ကြည့်ရတာ အတော်လေးထူးခြားနေပေသည်။
ဝူယွမ်၏ စကားကိုကြားသည်နှင့် စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများအားလုံး ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီး သူတို့ကိုယ်နှင့် လန်ပီလင်းးကြားအကွာအဝေးကို ကျယ်ပြန့်စေခဲ့သည်။
သေချာစစ်ဆေးကြည့်သောအခါ လန်ပီလော်၏မျက်လုံးများက ယခုအခါ အလွန်စိမ်းလန်းနေပြီး သူမ၏တစ်ကိုယ်လုံးက အေးစက်သောစွမ်းအားများ ဖြန့်ကျက်နေသည်ကို မြင်တွေ့လိုက်ရကာ သူတို့အလွန် ထိတ်လန့်သွားခဲ့ကြသည်။
ရှောင်တျောင်း- “ဘုရားရေ၊ သူက ကိုယ်ခန္ဓာသိမ်းပိုက်ဖို့ရာ မိန်းကလေးတစ်ယောက်ကို ပစ်မှတ်ထားခဲ့တယ်၊ သူတစ်ကယ်ဘဲ အရင်က မိန်းကလေးဖြစ်ချင်နေခဲ့တာဘဲ၊
“လင်းမိသားစုရဲ့ ဂုဏ်သိက္ခာရှိတဲ့ ပါရမီရှင်က အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်း အသက်ဘေးက လွှတ်ဖို့ပုန်းနေခဲ့တယ်၊ အဲ့တာက တစ်ကယ်ကို လင်းမိသားစုအတွက် ဂုဏ်ယူစရာဘဲ”
လင်းတုန်က လန်ပီလော်ကို ကြည့်ရင်း သူ၏မျက်နှာ အမူအရာမှာလည်း အနည်းငယ်ထူးဆန်းနေခဲ့သည်။ သူ၏နှလုံးသားထဲတွင် တစ်ချိန်က အလေးထားခဲ့ရသော မကျော်လွှားနိုင်သည့် တောင်ကြှးက ယခုအခါ ချစ်စရာကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပြီး ထိုအရာက သူ့အား ချက်ချင်းလက်ခံနိုင်ရန် ခက်ခဲစေခဲ့သည်။
ဤပုံရိပ်ပေါ်တွင် လင်းတုန်က လင်းလန်တျန်းကို မူလကကဲ့သို့ မုန်းတီးစိတ်များ မဖြစ်ပေါ်တော့ပေ။
သူက အမျိုးသမီးတစ်ဦးအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူရန် မဖြစ်နိုင်ပေ။
“ဟမ်း၊ မင်းက အခု လှပတဲ့အမျိုးသမီးလေးဖြစ်သွားပီ၊ ငါ့လို နှလုံးသားကြီးမားသူအတွက် ရက်ရက်စက်စက် သတ်ဖြတ်ဖို့ဆိုတာ ခက်ခဲတဲ့အရာဘဲ၊
ဝူယွမ်က မျက်မှောင်ကြုတ်လျက် ခေါင်းခါခဲ့ရသည်။ သူက အများအားဖြင့် အမျိုးသမီးများကို သတ်ဖြတ်ခြင်းမပြုလုပ်ဘဲ သူတို့ကို ဖိနှိပ်ခြင်းသာ ပြုလုပ်လေ့ရှိသည်။
“ညီနှစ် မင်းသွားလိုက်၊ မင်းက အမျိုးသမီးတွေကို သတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။”
“အစ်ကိုကြီး၊ ဒါက ဘယ်လိုစကားမျိုးလဲ။ တစ်ကယ်တော့ ကျွန်တော်က အမျိုးသမီးတွေနဲ့ ရှုပ်ထွေးရတာကို အရမ်းကြိုက်တာ။” လင်းတုန်သည်လည်း ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။
ဤအချိန်တွင် မုချန်ချန်၊ လင်းခဲ့အာ နှင့် အခြားသူများလည်း ရောက်နေပီဖြစ်သည်။ အလယ်ဗဟိုတွင် ဝိုင်းရံခံထားရသော လန်ပီလော်ကိူ ကြည့်ရှုရင်း ဤအမျိုးသမီးက လင်းမိသားစုမှ ဂုဏ်ယူစရာကောင်းသော လူငယ်ခေါင်းဆောင် လင်းလန်တျန်း ဖြစ်နေသည်ကို ခဏတာ မယုံကြည်နိုင်ခဲ့ကြပေ။
သူသည် အဘယ်ကြောင့် အခြားသူ၏ အမျိုးသမီးခန္ဓာကိုယ်အတွင်းသို့ ပုန်းအောင်းနေရသနည်း။
“ဝူယွမ်၊ လင်းတုန်၊ မင်းတို့နှစ်ဦးလုံးက ငါ့နောက်ကိုကပ်လိုက်နေတဲ့ တစ္ဆေတွေလို စိတ်ရှုပ်ဖို့ကောင်းတာဘဲ၊
ထိုအချိန်တွင် လန်ပီလော်၏အသံက အနည်းငယ်ဝေဝါးလာပြီး ကျား၊မ ရောနှောထားသကဲ့သို့ဖြစ်လာသည်။ လင်းလန်တျန်းနှင့် အရှင်မုတို့က ထပ်မံဖုံးကွယ်၍ မရတော့ပေ။
လင်းခဲ့အား- “အစ်ကိုကြီး လင်းလန်တျန်း၊ မင်းက…။”