← Chapters

မင်းကိုသတ်ဖို့ ငါလာပြီ

Vol. 13 Ch. 126

မင်းကိုသတ်ဖို့ ငါလာပြီ

Vol. 13 Ch. 126

အရင်က သူတို့ ဝူယွမ်၏ စွမ်းအားနှင့် နည်းလမ်းများကို လျှော့တွက်ခဲ့ကြသည်။

ဝူယွမ်၏ စွမ်းအားနှင့် နည်းလမ်းများကို သူတို့ လုံးဝနားမလည်ခဲ့ကြ လို့ပြောရင် ပိုမှန်လောက်တယ်

ဆရာမုတစ်ယောက် ဝူယွမ်၏ လက်ထဲမှ အလွယ် လွတ်မြောက်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။

ထိုကြောင့် သူကလင်းလန်တျန်း၏အတွေးအတိုင်း ဆက်နေခဲ့ခြင်းဖြစ်သည်။

သို့သော် သူမသိခဲ့သည်မှာ ဝူယွမ်က ကျောက်တိုင်ဝိညာဉ်နှင့် ဆက်သွယ်နေနိုင်ရုံသာမက ၎င်း၏ အရှင်သခင်ပါဖြစ်လာခဲ့ပြီဖြစ်သည်။

သူက မဟာရှေးဟောင်းကျောက်တိုင်၏ အမွေအနှစ်ကို ရရှိပြီးသားဖြစ်သည်။

ထိုအချိန်တွင် လူအုပ်ကြီး၏ ထူးဆန်းသော အကြည့်များနှင့် ရင်ဆိုင်နေရသည့် လန်ပိလော်၏ မျက်လုံးများထဲတွင် ရန်ငြိုး၊ မကျေမနပ်ဖြစ်မှု၊ အရှက်ကွဲမှု... ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။

ရုတ်ရတက်သူမ၏ ဆံပင်များ ရုတ်တရက် လေထဲပျံဝဲလာပြီး မျက်လုံးများထဲတွင် သွေးကြောမျှင်များ ပြည့်လျှံလာကာ မကောင်းဆိုးဝါး စွဲကပ်သကဲ့သို့ ဖြစ်လာသည်။

“လန်ပိလော် ရူးသွပ်သွားပြီ။”

“ငါ့ကိုသတ်ချင်တယ်ဆိုရင် အားလုံးအတူတူ သေကြတာပေါ့။”

ရုတ်တရက် သူမ စိတ်မထိန်းနိုင်တော့ဘဲ ကြွေးကြော်လိုက်ကာ လှပသော မျက်နှာပေါ်တွင် ရက်စက်တော့မည့် အရိပ်အမြွက်များပေါ်လာသည်။

“မဟာကောင်းကင်ဖီးနစ်တံဆိိပ်”

သူမက နူးညံ့သောလက်လေးနှစ်ဖက်ဖြင့် တံဆိပ်ဖွဲ့စည်းလိုက်ပြီး ယွမ်စွမ်းအင်များ ရူးသွပ်စွာ ထွက်ပေါ်လာကာ ကောင်းကင်ထဲတွင် ဖီးနစ် ပုံရိပ်ကြီးတစ်ခုကို တိုက်ရိုက် သိပ်သည်းစေလိုက်သည်။

သူမက မတွန့်ဆုတ်ဘဲ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

လန်ပိလော် ထုတ်လွှတ်လိုက်သော မဟာကောင်းကင်ဖီးနစ် တံဆိပ်ကို မြင်မှ လူတိုင်းက သူမ တစ်ကယ် လင်းလန်တျန်း ဖြစ်ကြောင်း နားလည်သွားကြသည်။

ကြီးမားသော ဖီးနစ်ပုံရိပ်ကြီးက ဝူယွမ်နှင့် အခြားသူများကို တိုက်ရိုက် လွှမ်းခြုံလိုက်သည်။

“လင်းလန်တျန်း၊ အခုဆို မင်းက မိန်းမဖြစ်နေပြီ၊ မင်းရဲ့ဖီးနစ်ကလည်း အားနည်းသွားပြီ”

လူတိုင်း တုန်လှုပ်နေစဉ် လင်းတုန်က တိုက်ရိုက်ရင်ဆိုင်လိုက်ကာ သူ့ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းများ ပန်းထွက်လာပြီး သူ့ကို လွှမ်းခြုံထားသော ရွှေရောင်ရှေးဟောင်းခေါင်းလောင်းတစ်လုံး ဖြစ်ပေါ်လာသည်။

အစွမ်းထက်သော ရွှေလောင်းကိုယ်ခန္ဓာ ထွက်လာသည်နှင့် လင်းတုန်၏ ကာကွယ်မှုစွမ်းအားက ချက်ချင်းဆိုသလို အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး လင်းလန်တျန်း၏ မဟာကောင်းကင်ဖီးနစ်တံဆိပ်ကို မကြောက်မရွံ့ တဲ့တိုးရင်ဆိုင်လိုက်သည်။

ဘုံး... ဘမ်း...

ယွမ်စွမ်းအင်လှိုင်းများ၏ ပြင်းထန်စွာ ထိတ်တိုက်တွေ့သွားပြီး ပတ်ဝန်းကျင် အာကာသကို တုန်ခါစေကာ ယွမ်စွမ်းအင်များ ပြန့်နှံ့သွားကာ ဘေးပြန့်သွားသောလှိုင်း၏အားကပင် သာမန် ကူးပြောင်းခြင်း အစောပိုင်းကျင့်ကြံသူများကို ရှုံးနိမ့်စေလောက်အောင် ပြင်းထန်လှသည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များက ပန်းထွက်လာပြီး ဝိညာဉ်စွမ်းအင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာကာ ယွမ်စွမ်းအင် တုန်ခါမှုလှိုင်းများကို တားဆီးလိုက်သည်။

သို့သော် လန်ပိလော်က တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပဲ မဟာကောင်းကင်ဖီးနစ်အဆောင် ထုတ်လွှတ်ပြီးနောက် လှည့်ပြေးသွားပြီး ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်ဆီသို့ ဦးတည်ပြေးသွားသည်။

“ဒီတစ်ကြိမ် မင်းပြေးလို့ရဦးမယ်လို့ ထင်သေးတာလား”

လင်းတုန်က ရယ်မောကာ လျင်မြန်စွာ လိုက်ဖမ်းလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ နဂါးမုတ်ဆိတ်မျှင်လို သေးငယ်သော နဂါးချည်မျှင်သလင်းများစွာ ပျံထွက်လာသည်။

ဝိညာဉ်အဆောင်သခင် တစ်ဦးဖြစ်လာတာကြောင့် လင်းတုန်၏ ဝိညာဉ်စွမ်းအင်ဖြင့် ရတနာလက်နက်များကို ထိန်းချုပ်နိုင်သည့် နည်းစနစ်က အစပေါင်းများစွား ပိုအားကောင်းလာပြီး သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိမှ စူးရှသော အကြည့်များနှင့် ပေါင်းစပ်လိုက်သည့်အခါ လန်ပိလော် ပျံသန်းသွားရာလမ်းကြောင်းကို ကောင်းကောင်းချိန်ရွယ်ထားနိုင်ခဲ့သည်။

ဝိညာဉ်မီးများက နဂါးချည်မျှင်သလင်းများနှင့် ကပ်ပါလာပြီး သလင်းတစ်ချောင်းစီတိုင်းက အလင်းစုငယ်လေးတစ်ခုလို ဖြစ်နေကာ တစ်ဟပ်ဟပ်သံများနှင့် လေကိုခွင်းပြီး လန့်ပိလော်ကို လိုက်မိလာသည်။

“ယုတ်မာတဲ့ နည်းလမ်းဘဲ၊ သောက်ချီး သလင်းတွေ”

လန်ပိလော်၏ မျက်နှာကဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ဝိညာဉ်စွမ်းအင် အမြောက်အမြားက သူမ၏ကိုယ်ခန္ဓာအတွင်းမှ ရူးသွပ်စွာ လှိုင်းထလာကာ ဝင်လာမည့် နဂါးချည်မျှင်သလင်းများကို တားဆီးရန် ကြိုးစားနေသည်။

နဂါးချည်မျှင်သလင်းများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုက သူမ၏ကိုယ်ခန္ဓာအတွင်းရှိ လင်းလန်တျန်း ဆွဲဆွဲမြဲမြဲ မှတ်မိနေသည့်အရာ ဖြစ်သည်။

ဝိညာဉ်စွမ်းအင်များစွာက နဂါးချည်မျှင်သလင်းများကို တားဆီးနိုင်သော်လည်း သူတို့နောက်မှပါလာသော ဝိညာဉ်မီးလျှံများကိုမူ တားဆီးနိုင်ခြင်းမရှိချေ။

လင်းတုန်၏ ဝိညာဉ်မီးလျှံများက ချက်ချင်းဘဲ လန်ပိလော်၏ ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းသွားသည်။

လန်ပိလော်ရော လင်းလန်တျန်းပါ အဆောင်သခင် မဟုတ်ကြသလို ဆရာမု၏ ရှေးမူလဝိညာဉ်ကလည်း အတော်လေး အားနည်းလာပြီးဖြစ်ရာ ဝိညာဉ်မီးလျှံများကို ခုခံရန် ရုန်းကန်နေရပြီဖြစ်သည်။

“အား... အား...”

လန်ပိလော်က နာနာကျင်ကျင်အော်လိုက်ပြီး ဝိညာဉ်မီးလျှံများက တိုက်ရိုက် သူမ၏ အသိစိတ်နယ်ပယ်ကို လောင်ကျွမ်းသွားကာ ထိုနာကျင်မှုက သူမ၏ ဝိညာဉ်ထဲထိပ်င ဖောက်ထွင်းဝင်ရောက်လာသည်။

တစ်လွှာပျက်သွားသည်နှင့် အလွှာအားလုံးပျက်စီးရတော့မည်။

လန်ပိလော်က နာနာကျင်ကျင်အော်ပြီး အကာအကွယ် အားပျော့လာသည်ကို မြင်သည့်အခါ လင်းတုန်က မတွ့န်ဆုပ်ဘဲ နဂါးချည်မျှင်သလင်းများကို အားထပ်ဖြည့်ကာ ထပ်မံတိုက်ခိုက်သည်။

နဂါးချည်မျှင်သလင်း ရာချီ၊ ထောင်ချီက တစ်ချိန်တည်းမှာပဲ လန်ပိုင့်လင့်၏ ကိုယ်ခန္ဓာအတွင်းသို့ စုပြုံတိုးဝင်လာသည်။

ထို့နောက် နဂါးချည်မျှင်သလင်းများက ဝိညာဉ်စွမ်းအင်ထောက်ပံ့မှု ဆုံးရှုံးသွားကာ အလိုအလျောက် ကွေးညွှတ်သွားပြီး အသားများကို အသားလုံးငယ်လေးများအဖြစ် ဆွဲငင်စုစည်းလိုက်သည်။

နဂါးချည်မျှင်သလင်းအားလုံး အတူတကွ ဆွဲငင်လိုက်သည့်အခါ လန်ပိလော်၏ အရေပြားက တစ်လက်မချင်းစီ ကွဲအက်လာပြီး ကိုယ်ခန္ဓာတစ်ခုလုံး ပုံပျက်လာလေသည်။

“အား~~~~”

ရုတ်ရတက်ဖြစ်ပေါ်လာသော နာကျင်မှုကြောင့် လန်ပိလော်၏ အော်သံများ မဟာရှေးဟောင်းကျောက်တိုင် အာကာသတစ်ခုလုံး ပြန့်နှံသွားသည်ာ

အော်သံများြ အလွန်ပြင်းထန်လွန်းပြီး စူးရှလွန်းသဖြင့် ပတ်ဝန်းကျင်ရှိလူများပါ တုန်လှုပ်သွားကြသည်။

နဂါးချည်မျှင်သလင်းများက အလွန်သေးငယ်လွန်းသဖြင့် တစ်ချို့လူများက ဘာဖြစ်သွားမှန်း နားမလည်လိုက်ကြ‌ေပ။

လူအများအပြား အံ့အားသင့်သွားပြီး မေးခွန်းထုတ်လိုက်ကြသည်-

“လင်းတုန်က သူမကို ဘာလုပ်လိုက်တာလဲ၊ ဒီလောက်အော်အောင်လုပ်နိုင်တာ။”

လန်ပိလော်က ပြင်းထန်သောနာကျင်မှုကို သည်းခံကာ ဆက်ပြေးနေပြီး လင်းတုန်ကလည်း နောက်မှဆက်တိုက်လိုက်သည်။

လင်းတုန်နောက်မှလိုက်နေရင်းမှ လန်ပိလော်၏ အမြန်နှုန်းြ ရုတ်တရက်စတင်ကျဆင်းလာပြီး သူမက အားပြန်စုကာ လက်နှစ်ဖက်ကို အဆက်မပြတ် လုပ်ရှားနေပြီး နောက်ထပ် မဟာကောင်းကင်ဖီးနစ်တံဆိပ်ကို ထပ်ထုတ်လိုဟန်ရှိသည်။

လင်းတုန်၏ အရှိန်ကလည်း ‌‌တဖြည်းဖြည်းခြင်း တိုးမြှင့်လာပြီး သူက ပြိုင်ဘက်၏ အင်အားစုစည်းမှုကိုတောင် လုံးဝအလေးမထားတော့ဘဲ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှ ရွှေရောင် မဟာနေ ယွမ်စွမ်းအင် အားလုံးကို သူ့လက်ထဲရှိ ကောင်းကင်အကြေးခွံရှေးဟောင်း လှံတံထဲသို့ ထည့်သွင်းလိုက်သည်နှင့် ရှေးဟောင်းလှံတံပေါ်ရှိ ရွှေရောင် နဂါးအမှတ်အသားများမှ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရှေးဟောင်းဆန်သော နဂါးဟိန်းသံတစ်ချက် ပေါ်လာခဲ့သည်။

“မိန်းမကိုယ်ခန္ဓာနဲ့ လင်းလန်တျန်း၊ ငါ့ရဲ့ မဟာနဂါးလှံတံအစွမ်းကို ထပ်မြည်းစမ်းကြည့်ပါဦး”

လင်းတုန်က အော်ဟစ်လိုက်ပြီး ရွှေရောင်နဂါးအမှတ်အသားများ စီမံတပ်ဆင်ထားသော ထူပြီးရှည်လျားသည့် ကောင်းကင်အကြေးခွံရှေးဟောင်း လှံတံကို လျင်မြန်၊ ပြင်းထန်စွာ ထိုးသွင်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် နဂါးပုံသဏ္ဍာန် လှံတံအလင်းတန်းတစ်ခုက မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့သည်။

ရှူးရှဲ...

နဂါးပုံစံလှံတံအလင်းတန်းအထူကြီးက မြန်မြန်ဆန်ဆန် ထွက်ပေါ်လာသည်။

သို့သော် လန်ပိလော် ဖွဲ့စည်းထားသော အားကောင်းသည့် ဖီးနစ်တံဆိပ်က လင်းတုန်ကို ပစ်မှတ်ထားတာမဟုတ်ဘဲ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ရှေ့ရှိ ကြီးမားသော စိမ်းပြာရောင်ကျောက်ခင်းရင်ပြင်ဆီသို့ ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ သူမက သူမ၏ ကိုယ်ခန္ဓာဖြင့် လင်းတုန်၏ တိုက်ခိုက်မှုကို အတင်းအကြပ် ခံယူဖို့ဪာ ရည်ရွယ်ထားဟန်ရှိသည်။

ထိုအချိန်တွင် လင်းတုန်၏ နဂါးလှံတံက ရောက်ရှိလာပြီဖြစ်ကာ လှံတံအလင်းက လန်ပိလော်၏ နူးညံ့သော ခါး လေးထက်ပင် ထူနေသည်။ ဤအားကောင်းသော လှံတံအလင်းက မရပ်တန့်ဘဲ ပင်လယ်ပြင်မှ နဂါးထွက်လာသည့် ဟန်အတိုင်း လန်ပိလော်၏ ပျက်စီးလွယ်ပြီး သွယ်လျသော ကိုယ်ခန္ဓာလေးကို တိုက်ရိုက်ထိုးဖောက်လိုက်သည်။

“ပေါက်”

အလွန်ကျယ်လောင်သော အသံဖြင့် နဂါးပုံစံလှံတံအလင်းက လန်ပိလော်၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာ ပေါက်ကွဲစေပြီး သူမ၏ကိုယ်ခန္ဓာအတွင်းမှ အဖြူရောင် အလင်းပုံရိပ် ရှေးမူလဝိညာဉ်ကို ထွက်ပေါ်လာစေခဲ့သည်။

ဤတစ်ကြိမ်တွင် သူမ အော်ဟစ်ဖို့အချိန်တောင် မရှိခဲ့ပေ။ ကိုယ်ခန္ဓာက အစအနများအဖြစ် အပိုင်းပိုင်းကွဲထွက်သွားပြီး သွေးမိုးများ ကောင်းကင်တစ်ခွင်သို့ ပြန့်ကျဲသွားကာ နူးညံ့လှပသော အမျိုးသမီး‌လေး အမွေးတစ်ချောင်းမှ မကျန်အောင် ပေါက်ကွဲသွားခြင်းမြင်ကွင်းက အလွန် ထိတ်လန့်ဖွယ်ကောင်းလွန်း နေသည်။

လင်းတုန်၏ ရက်စက်သော နည်းလမ်းများက သူ့နောက်က လူများ၏ ကျောရိုးများကိုပင် ထောင်မတ်သွားစေသည်။

လူအားလုံးအတွင်းစိတ်ထဲမှ “ဘုရားရေ” ဟု အော်ဟစ်မိလိုက်ကြသည်။

“ဒီလင်းတုန်က ရက်စက်ပါတယ်ဆိုတဲ့သူတွေထက်တောင် ပိုရက်စက်သေးတယ်”

“ဟုတ်တယ်၊ နည်းနည်းလေးမဟုတ်ဘူး သုံးလေးဆလောက် ပိုရက်စက်တာ”

“သတ်ဖြတ်တဲ့နေရာမှာ ဆုံးဖြတ်ချက်ပြတ်သားချက်က ငါတို့မျိုးဆက်အတွက် စံနမူနာဘဲ”

“ရက်စက်သောလက်ဖြင့် ပန်းတစ်ပွင့်ကို ဖျက်စီးခြင်း၊ လင်းတုန်ကို ဒီ‌ကဗျာတစ်ပုဒ်ဖွဲ့ပြီး ငါဂုဏ်ပြုပေးရမယ်။

...လူအများစုက လင်းတုန်၏ နည်းလမ်းများကို မရွံရှာကြချေ။ ဤနေရာရှိလူများအားက အသက်‌ေဘးအစွန်အဖျားတွင် လမ်းလျှောက်နေရသော စိတိဓာတ်ခိုင်မာသည့် ကျင့်ကြံသူများဖြစ်ပြီး မြင်ကွင်းအားလုံးကို မြင်ဖူးကြသည်။ တစ်ချို့ဆိုလျှင် လင်းတုန်၏ ရက်စက်သော ဗျူဟာများကို ချီးကျူးနှစ်သက် နေကြသည်။

သို့သော် လင်းခဲ့အာ၊ ဟွမ်ပူကျင်းတို့ကဲ့သို့ မျိုးနွယ်စုကြီးလေးခုမှ အမျိုးသမီးများကတော့ မျက်ခုံးများ အနည်းငယ်တွန့်ကာ အနည်းငယ် မသက်မသာဖြစ်နေကြသည်။

လင်းတုန်က အလွန်ကြမ်းတမ်းပြီး ပြင်းထန်သည်ဟု သူတို့စိတ်ထဲ ထင်မြင်နေကြသည်။

ရက်စက်သောလက်ဖြင့် ပန်းတစ်ပွင့်ကို ဖျက်ဆီးခြင်းက အမျိုးသမီးများအတွက် လက်ခံရန် အနည်းငယ်ခက်ခဲသည်။

“ဘုံး”

လန်ပိလော်၏ ကိုယ်ခန္ဓာ ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ရှေ့ရှိ စိမ်းပြာရောင်ကျောက်ခင်းရင်ပြင်သည်လည်း သူမထုတ်လွှတ်လိုက်သော မဟာကောင်းကင်ဖီးနစ်တံဆိပ်ကြောင့် ဟုန်းဟုန်းတောက်ပေါက်ကွဲသွားသည်။

သူမနောက်ဆုံးသုံးလိုက်သော မဟာကောင်းကင်ဖီးနစ်တံဆိပ်က စိမ်းပြာရောင်ကျောက်ခင်းရင်ပြင်ကို အောင်မြင်စွာ ပေါက်ကွဲသွားစေနိုင်ခဲ့ကာ ရင်ပြင်အောက်ရှိ ကမ္ဘာကို ဖော်ပြလိုက်သည်။

ထိုရင်ပြင်အောက်တွင် အလွန်ကျယ်ပြန့်သော မြေအောက်နန်းတော်တစ်ခုရှိပြီး ထိုအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အားကောင်းသည့် ယွမ်စွမ်းအင်များ ပြန့်နှံ့လျက်ရှိကာ နန်းတော်၏ ကြမ်းပြင်ပေါ်တွင် မရေမတွက်နိုင်သော စုံလင်နေသည့် သန့်စင် ယွမ်ဆေးလုံးများသည် တောင်ကုန်းများကဲ့သို့ အပုံလိုက်အပုံလိုက် ရှိနေခဲ့သည်။

ဤသည်မှာ အကုန်မဟုတ်သေးပေ။ နန်းတော်လေထုထဲတွင် မီးခိုးရောင်ဆေးလုံးပေါင်း သောင်းနဲ့ချီက လွင့်မျောနေကာ ဆေးလုံးတစ်လုံးစီတိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေပြီး ဝူယွမ်အရင်က ကျောက်ဂူထဲတွင် ရရှိခဲ့သည့် ဆေးလုံးများလိုပင် အဆင့်မြင့် နိဗ္ဗာန်ဆေးလုံးများဖြစ်သည်။

ထိုအချိန်တွင် အားကောင်းပြီး ရှေးဟောင်းဆန်သော အသံတစ်ခုက ဤမြေအောက်နန်းတော်မှ ထွက်ပေါ်လာသည်။

လူတိုင်းလည်း စုဝေးလာကြပြီး ရှေးဟောင်း အသံတစ်ခုကို ကောင်းကောင်းကြားလိုက်ရကြသည်။

လူတိုင်း ငေးငိုင်စွာဖြင့် မြေအောက်နန်းတော်ကို ကြည့်ပြီးလိုက်နောက် ရုတ်တရက် မျက်လုံးများ တောက်ပလာကြသည်။ ထိုအခိုက်အတန့်တွင် လူတိုင်း ဤမြေအောက်နန်းတော်ကမှ ရှေးဟောင်းဂိုဏ်း၏ အစစ်အမှန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နားလည်သွားကြသည်။

ထိုနေရာက သူတို့၏ အဓိက ရတနာတိုက်တည်ရာဖြစ်သည်။

“ဘုရားရေ၊ ဒါတွေအားလုံးက နိဗ္ဗာန်ဆေးလုံးတွေဘဲ”

“ဆေးလုံးတွေက တောင်ကုန်းလိုတောင် အပုံလိုက်ဖြစ်နေတယ်၊ ငါအမြင်မှားနေတာလား”

“ဟီး”

တစ်ချို့လူများက အံအားသင့်ကာ အသက်ပျင်းပျင်းရှုလိုက်ကြရပြီး တစ်ချို့က ‌ေလာဘတကြီး လျှာသပ်လိုက်မိကြသည်။

သို့သော် ဟွမ်ဖူကျင်း၊ လင်းကားအားနှင့် အခြားမျိုးနွယ်စုကြီးလေးခုမှလူများက အံ့အားသင့်ဟန်မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ဤနေရာ၏လျှို့ဝှက်ချက်ကို အရင်ကတည်းက သိရှိထားပြီးဖြစ်သည်။

ဝူယွမ်နှင့် လင်းတုန်၏ နှောင့်ယှက်မှုသာမရှိပါက သူတို့မျိုးနွယ်စုကြီးလေးခုက ဤနေရာရှိ ရတနာများကို ရှာဖွေပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။

လူတိုင်း ဆေးလုံးတောင်များကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေစဉ် နန်းတော်၏ ဗဟိုခန်းမ အလယ်ဗဟိုတွင် ခွေခွေလေး အိပ်ပျော်နေသည့် အလွန်ကြီးမားပြင်းထန်သော သားရဲတစ်ကောင်က ဖြေးညှင်းစွာ မျက်လုံးဖွင့်လာကာ သားရဲ၏ကိုယ်ခန္ဓာမှ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာသည်။

“ ဝေါင်းးး”

မြေကြီးကို တုန်လှုပ်စေသော ဟိန်းသံတစ်ခုက ရုတ်တရက် ပျက်စီးသွားသော ရင်ပြင်အောက်မှ ပေါက်ကွဲထွက်လာပြီးနောက် လက်ရှိ လူတိုင်း၏ မျက်နှာအရောင်ကိုပြောင်းသွားစေကာ ရက်စက်သောရှေးဟောင်းဆန်သည့် လေသံတစ်ခုက ရင်ပြင်အောက်မှ ကောင်းကင်ဆီထိ လှိုင်းထသွားသည်။

ဆရာမုနှင့် လင်းလန်တျန်း ပေါင်းစပ်ထားသော ရှေးမူလဝိညာဉ်ကတော့ မြေအောက်ထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်။

ဆရာမုက ရှေးမူလဝိညာဉ်၏ ထူးခြားသော တည်ရှိမှုကို အသုံးပြုကာ လူအုပ်နှင့် ဧရာမသားရဲကြားထဲတွင် ပုန်းခိုရင်း ယခုနေရာရှိ အစောင့်သားရဲကို အသုံးပြုပြီး ရှုပ်ထွေးမှုတစ်ခုဖန်တီးကာ အခွင့်အရေးရှာဖွေရန် ရည်ရွယ်ထားခဲ့သည်။

ရှေးဟောင်းဟိန်းသံတစ်ခုက ရုတ်တရက် ပျက်စီးသွားသော ရင်ပြင်အောက်ခြေမှ ထွက်ပေါ်လာပြီးနောက် သွေးနီရောင် အလင်းတိုင်တစ်ခု ၎င်းအတွင်းမှ ပြင်းထန်စွာ ပစ်ထုတ်လိုက်သည်။

“ဂျစ် ဂျစ်”

သွေးရောင်အလင်းများက ကောင်းကင်ကို ဖြတ်သန်းသွားပြီး သွေးရောင်အလင်းထိတွေ့မိသော မည်သည့်ကျွမ်းကျင်သူမဆို ချက်ချင်းပင် ကိုယ်ခန္ဓာ စုတ်ပြဲသွားသည်။ လျှပ်တစ်ပြက် သွေးများ ကောင်းကင်မှ ရွှဲရွှဲစိုကျဆင်းလာပြီး ကြောက်လန့်တကြား အော်ဟစ်သံများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။

“အမြန်ဆုတ်ကြ”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သွေးရောင်အလင်း စွမ်းအားက ဤမျှကြောက်မက်ဖွယ်ကောင်းသည်ကို မြင်ရသည့်အခါ လောဘတက်နေသည့် ကျင့်ကြံသူများလည်း မျက်နှာအရောင်ပြောင်းသွားကာ အလျင်အမြန် ဆုတ်ခွာလိုက်ကြသည်။ နန်းတော် အစောင့်အကြပ်သားရဲက သိသိသာသာပင် အလွန်အားကောင်းသော တည်ရှိမှုဖြစ်သည်။

လင်းတုန်က အနီးဆုံးဖြစ်သော်လည်း သူလုံးဝမထိခိုက်ခဲ့ပေ။ သူက ရွှေခေါင်းလောင်းကိုယ်ခန္ဓာနှင့် ‌ကျောက်စိမ်းမိုးကြိုးခန္ဓာ ပြီးပြည့်စုံသောအောင်မြင်မှု အဆင့်ထိ ရောက်ရှိထားသောကြောင့် စောနကတိုက်ခိုက်မှုကို ရင်ဆိုင်ရခြင်းက သူ့အတွက် ပြဿနာမရှိချေ။

သားရဲကြီး၏ အင်အားက ယခင် ရှေးဟောင်းတောရိုင်းတောင်ကြားရှိ ရှေးဟောင်းနဂါးမျောက်ဝံထက် အနည်းငယ်သာ ပိုအားကောင်းပြီး ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်၌သာ ရှိသည်။ (ရှေ့အပိုင်းတွေတုန်းက နဂါးမျောက်ဝံကို ချီဖန်တီးခြင်းအဆင့်လို့ ရေးခဲ့မိတယ်၊တစ်ကယ်တော့မဟုတ်ပါဘူးနော်၊ကူးပြောင်းခြင်းအစောပိုင်းအဆင့်ပါဗျ)

ထို့အပြင် လင်းတုန်က ကူးပြောင်းခြင်းအဆင့်အတွင်းရှိ မည်သည့်တိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်သည်။

ချက်ချင်းပင် မြေကြီးတုန်လှုပ်လာပြီး အက်ကြောင်းကြီးများ လျင်မြန်စွာ ပြန့်နှံ့သွားကာ ကျောက်တုံးများစွာ မြေကြီးထဲမှ ပေါက်ကွဲထွက်လာပြီး လေးဘက်လေးနှံ ပြန့်ကျဲထွက်သွားသည်။

ကျောက်တုံးများ ကွဲထဲလာသည့်အချိန်တွင် မြေကြီးအတွင်းပိုင်းမှ အလွန်ကြီးမားသော အရိပ်တစ်ခုသည်လည်း ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ၎င်းက သွေးရောင်အတောင်ပံများ ခတ်လိုက်သည်နှင့် ချက်ချင်း ပြင်းထန်သောလေများ ကောင်းကင်နှင့်မြေကြီး တစ်ခွင်လုံးတွင် ဖြစ်ပေါ်ပြီး သဲနှင့်ကျောက်တုံးများ ပျံဝဲသွားသည်။

“ဘုရားရေ၊ ဒါက ဘယ်လို နတ်ဆိုးသားရဲမျိုးလဲ”

ကျင့်ကြံသူများအားလုံး မြေကြီးအတွင်းမှ ပေါ်ထွက်လာသော ကြီးမားသည့် သတ္တဝါကို ကြည့်ရင် ကိုယ်များ ရုတ်တရက် ကျုံ့ဝင်သွားကာ အားလုံး ဆုတ်ခွာသွားကြသည်။

ကောင်းကင်တွင် မရေမတွက်နိုင်သော အကြည့်များ၏ အဓိကနေရာတွင် နတ်ဆိုးသားရဲတစ်ကောင်က ပျံနေ‌လေသည်။ ဤနတ်ဆိုးသားရဲက လုံးဝသွေးနီရောင်ရှိပြီး ကြီးမားသော သွေးရောင်အကြေးခွံများဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးလွှမ်းထားကာ နေရောင်အောက်တွင် အေးမြပြီး မာကျောသော တောက်ပမှုတစ်ခု ရောင်ပြန်ဟပ်နေသည်။

၎င်း၏ ရှည်လျားသောကိုယ်ခန္ဓာက နဂါးကြီးတစ်ကောင်လို ရစ်ခွေနေပြီး ကျောပေါ်တွင် အတောင်ပံကြီးနှစ်ခုရှိကာ အတောင်ပံများ ခတ်သည့်အခါတိုင်း ကောင်းကင်နှင့်မြေကြီး၏ ယွမ်စွမ်းအင်များက လှိုင်းထလာပုံရသည်။

“ဟောင်”

ထိုသွေးရောင် နတ်ဆိုးသားရဲက ပေါ်လာသည်နှင့် ကောင်းကင်ဆီသို့ မောပြီး အော်ဟစ်လိုက်သည်။ ရုတ်ရတက် ရက်စက်သော အသံလှိုင်းတစ်ခု ပြန့်နှံ့သွားကာ အလွန်နီးကပ်နေသော ကံမကောင်းသူ အချို့ကတော့ ချက်ချင်းပင် နားစည်များ ပေါက်ကွဲသွားပြီး သွေးများ မရပ်မနား စီးကြလာခဲ့သည်။

ကူးပြောင်းခြင်းအဆင့် အထွိတ်အထိပ်စွမ်းအားက ကူးပြောင်းခြင်းအဆင့်သို့ မရောက်ရှိသေးသည့် မြေပြင်ပေါ်ရှိလူများကို ခြိမ်းခြောက်ရန် လုံလောက်သည်။

သွေးရောင် နတ်ဆိုးသားရဲ၏ အကြည့်များြက လေထဲရှိ လင်းတုန်အပေါ်သာ ရှိနေလေသည်။ လင်းတုန်က လုံးဝမထိခိုက်သောကြောင့် သူက သတိထား စောင့်ကြည့်နေလေူည်။

“ဒါက တကယ် ရှေးဟောင်းသွေး လင်းနို့နဂါးတစ်ကောင်ဘဲ” ရှောင်တျောင်းက ရုတ်တရက် လင်းတုန်၏ ပခုံးပေါ်တွင် ပေါ်လာပြီး သူက ကြီးမားသော သတ္တဝါကြီးကို စိုက်ကြည့်ရင်း ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ ဖြတ်သန်းနေသည်။

ရှင်းလင်းစွာပင် ရှောင်တျောင်းသည် သားရဲ၏ နတ်ဆိုးဝိညာဉ်ကို လိုချင်နေခြင်းဖြစ်သည်။

“နဂါးလား”

လင်းတုန်က ထိုစကားလုံးကို ကြားရသည့်အခါ မျက်နှာအမူအရာ လေးနက်လာသည်။

နဂါးနှင့် ဆက်စပ်သော မည်သည့်နတ်ဆိုးသားရဲမဆို အလွန်အားကောင်းလွန်းသည်။

“ဒီရှေးဟောင်းသွေး လင်းနို့နဂါးက အရင်က ရှေးဟောင်းနဂါးမျောက်ဝံနဲ့ ဆင်တူတယ်၊ ဒါက စစ်မှန်တဲ့ နဂါးမဟုတ်ဘူး၊ သူ့မှာ နဂါးသွေးနည်းနည်းပဲရှိတာ။ ဒါပေမယ့် ဒီကောင်ရဲ့ နဂါးသွေးက ပိုပြီးစင်ကြယ်တယ်”

ရှောင်တျောင်းက ပြုံးရင်း ရှေးဟောင်းသွေး လင်းနို့နဂါးကို တောက်လောင်နေသည့် မျက်လုံးများဖြင့် ကြည့်ကာ “အစ်ကို၊ ငါဒီကောင်ရဲ့ နတ်ဆိုးဝိညာဉ်ကို မျိုချနိုင်ရင် ငါ့အင်အားက ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်အထိ ပြန်ရောက်နိုင်လိမ့်မယ်”

ထိုသို့သော ရှေးဟောင်းနတ်ဆိုးသားရဲတစ်ကောင်က သူ့အတွက်တော့ ကြီးမားသော အာဟာရတစ်ခုဖြစ်သည်။

လင်းတုန်၏ မျက်လုံးများက ခရမ်းရောင်ပြောင်းသွားပြီး သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိအောက်တွင် လင်းလန်တျန်းနှင့် ဆရာမု၏ ရှေးမူလဝိညာဉ်ကို ရှာတွေ့သွားခဲ့သည်။ ထောင့်တစ်ထောင့်တွင် ပုန်းအောင်းနေသော ရှေးမူလဝိညာဉ်နှင့် သူ့အပေါ် စိုက်ကြည့်နေသော ရှေးဟောင်းသွေး လင်းနို့နဂါးကို ကြည့်ရှုပြီး လင်းတုန်က မည်သူနှင့် အရင် ရင်ဆိုင်ရမည်ကို ခဏတာ ဆုံးဖြတ်မရဖြစ်သွားသည်။

ထိုအချိန်တွင် ဝူယွမ်က ဓားပျံစီးကာ လင်းတုန်အနားသို့ ရောက်ရှိလာပြီး

“ညီနှစ် မင်းဒီနတ်ဆိုးသားရဲကို အရင်ဖိနှိပ်ထား၊ မသတ်နဲ့။ ငါ လင်းလန်တျန်းကို စောင့်ကြည့်ထားပေးမယ်၊ သူ ထွက်ပြေးမရတာ သေချာအောင်လုပ်မယ်။ မင်းဒီနတ်ဆိုးသားရဲကို ဖိနှိပ်ပြီးရင် သူ့ကိုဆက်ရင်ဆိုင်လိုက်ပေါ့”

ဝူယွမ် က‌ရှေ့တက်လာရင်းအော်ပြောလိုက်သည်။

သူက လင်းတုန်ကို သတ်ခိုင်းမည့်အစား ဖိနှိပ်ခိုင်းရသည့် အကြောင်းရင်းမှာ ဝူယွမ်က ဒီရှေးဟောင်းသွေး လင်းနို့နဂါးက အစောင့်အကြပ်သားရဲဖြစ်သဖြင့် မဟာရှေးဟောင်းဂိုဏ်းနှင့် သက်ဆိုင်သည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။

သူက မဟာရှေးဟောင်းဂိုဏ်း၏ အမွေကို ရရှိပြီးဖြစ်ရာ ဤစောင့်ကြပ်သားရဲသည်လည်း သဘာ၀အတိုင်း သူ့၏ ကိုယ်ပိုင်နတ်ဆိုးသားရဲ ဖြစ်လာမည်ဖြစ်သည်။

ဝူယွမ်၏ အကြည့်များက မြေအောက်နန်းတော်၏ အတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာရင်း စွန့်စားရန် မဝံ့မရဲဖြစ်နေသည်။ လင်းလန်တျန်း၏ ရှေးမူလဝိညာဉ်က အတင်းအကြပ် ဖိအားပေးခံရလျှင် မြေအောက်နန်းတော်အတွင်းသို့ ဝင်ရောက်သွားမည်ကို သူစိုးရိမ်နေမိသည်။

ထိုအတွင်း၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေသည်။

သူက မဟာရှေးဟောင်းကျောက်တိုင်ကို ရရှိထားသော်လည်း အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုက သူ့ကို တိုက်ခိုက်မည်လားမသေချာပေ။

ထိုလုပ်ရပ်အတွက် မဝံ့မရဲဖြစ်နေသဖြင့် လင်းလန်တျန်း၏ ရှေးမူလဝိညာဉ် မပြေးလွတ်စေရန် ဦးစွာစောင့်ကြည့်ရန်သာဆုံးဖြတ်လိုက်သည်။

“ကောင်းပီ”

လင်းတုန်က ဝူယွမ်၏အကြံကို သဘောတူလိုက်သည်။

ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ရှေးဟောင်းနတ်ဆိုးသားရဲတစ်ကောင်ကို တစ်ကောင်တည်း တိုက်ခိုက်ခြင်းက သူ့ဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များထဲ အားအကြီးဆုံးပြိုင်ဘက်ဖြစ်သည်ဟု ဆိုနိုင်သည်။ လင်းတုန်က တိုက်ခိုက်ရေးစိတ်ဓာတ်များ ပြည့်နှက်နေပြီး မျက်နှာလေးနက်လာသည်။

သူက ရှေ့သို့တက်လာပြီး သူ့လက်ထဲက ကောင်းကင်အ‌ေကြးခွံရှေးဟောင်း လှံတံသည်ခည်း အလင်းများ ဆက်တိုက်ဖြာထွက်လာကာ တိုက်ရိုက် လေးချက်ဆင့် တိုက်ခိုက်လိုက်သည်။

လှံတံအလင်းလေးချက်က ကောင်းကင်အကြေးခွံရှေးဟောင်း လှံတံအတွင်းရှိ နဂါးဝိညာဉ်၏ စွမ်းအားကို သယ်ဆောင်လာကာ ရှေးဟောင်းသွေး လင်းနို့နဂါးဆီသို့ ဟိန်းသံများနှင့် တိုး၀င်သွားသည်။

လင်းတုန်၏ အားကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ သွေးလင်းနို့နဂါးက အတောင်ပံများခတ်ကာ အနက်ရောင်အလင်းများ တက်ကြွလာပြီး လှံတံအလင်းများကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် သူက လှံတံအလင်းလေးချက်အနက် သုံးချက်ကိုသာ တားဆီးနိုင်းခဲ့ပြီး စတုတ္ထမြောက် ကောင်းကင်နဂါးလှံတံမှာ သူ၏ကိုယ်ခန္ဓာကို ထိမှန်သွားကာ ရှေးဟောင်းသွေး လင်းနို့နဂါး ပြင်းထန်စွာ အော်ဟစ်လိုက်ရသည်။ သူ့ကိုယ်ခန္ဓာရှိ အကြေးခွံများစွာက အမှန်တကယ် ကွဲအက်သွားပြီး ခရမ်းရောင် ဖျော့ ဖျော့သွေးများက အကြေးခွံများတစ်လျှောက် အမြန်စီးဆင်းလာကာ မြေကြီးပေါ်တွင် အဖြူရောင် အငွေ့များ ပက်ဖြန်းသွားသည်။

ဟောင်...

ရှေးဟောင်းသွေး လင်းနို့နဂါးက ဒဏ်ရာရသွားသဖြင့် ဒေါသထွက်လာကာ သူ၏အတောင်ပံများကို ခတ်လိုက်သည်နှင့် ပြင်းထန်သောလေများ ကောင်းကင်နှင့်မြေကြီး တစ်ခွင်လုံးတွင် ဖြစ်ပေါ်လာပြီး လေဆင်နှာမောင်းများအဖြစ် ပြောင်းလဲသွားကာ လင်းတုန်ဆီသို့ ရိုင်းစိုင်းစွာ တိုး၀င်လာသည်။

လင်းတုန်၏ကိုယ်ခန္ဓာက မိုးကြိုးများဖြင့် ဖုံးအုပ်ထားပြီး အရေပြားက ကျောက်စိမ်းရောင် ရောင်ပြန်ဟပ်နေသည်။ သူက လေမုန်တိုင်းများကို လုံးဝဂရုမစိုက်ပေ။ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်ကိုတောင် ဖျက်စီးနိုင်သည့် အရိုးစားယင်လေ၏ စွမ်းအားကိုတောင် ခံနိုင်ရည်ရှိသောကြောင့် ရှေးဟောင်းသွေး လင်းနို့နဂါး ဖန်တီးထားသော မုန်တိုင်းလောက်က ဂရုစိုက်စရာမလိုတော့ဘူး

လင်းတုန်က လေမုန်တိုင်းများကို တစ်ချက်လေးတောင်ဂရုမစိုက်ဘဲ လေဆင်နှာမောင်းများကြားမှ လမ်းလျှောက်လာပြီး ရှေးဟောင်းသွေး လင်းနို့နဂါးရှေ့သို့ တိုက်ရိုက်ရောက်ရှိလာကာ သူနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။

လက်သီးများက ကျောက်စိမ်းအလင်းရောင်များ တလက်လက်တောက်ပနေပြီး သွေးလင်းနို့နဂါးကို ထိမှန်ကာ မကြာခဏ အော်ဟစ်စေသည်။

ရှေးဟောင်းသွေး လင်းနို့နဂါးက ပြန်လည်တုံ့ပြန်သော်လည်း သူ၏ လက်သည်းများနှင့် ဓားကဲ့သို့အတောင်ပံများက လင်းတုန်၏ အရေပြားကိုပင် ခြစ်ရာမထင်စေခဲ့ပေ။

အချိန်အတော်ကြာ ထုထောင်း ‌ရိုက်နှက်ခံရပြီးနောက်၊ သွေးလင်းနို့ နဂါးကနောက်ထက် တိုက်ခိုက်ရန်မဝံ့ရဲတော့ပေ။

ထို့နောက် လင်းတုန်က ရှောင်ယန်နှင့် ပိုင်ယွန်တို့ကို ရှေးဟောင်းသွေးလင်းနို့ နဂါးကို စောင့်ကြည့်စေခဲ့သည်

All Chapters