← Chapters

သမီးလည်း အရပ်ပုချင်တယ်

Vol. 15 Ch. 178

သမီးလည်း အရပ်ပုချင်တယ်

Vol. 15 Ch. 178

ရွှေမြေသြဇာဆိုတာက ဘာပါလိမ့်။

ချီချီ နားမလည်ခဲ့ပါ။

သို့သော်လည်း မမေးခဲ့ပေ။သူမက ကျိယွမ်၏ တစ်ချို့စကားများကို လျစ်လျူရှုထားခဲ့သည်။ သူမ နားမလည်သော ကိစ္စရပ်များမှာ သူမနှင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးကြားတွင် မျိုးဆက်ကွာဟမှုကြောင့် ဖြစ်နိုင်၏။ထို့ကြောင့် သူပြောသမျှအကုန်လုံးကို နားမလည်ခြင်းသည် ပုံမှန်ဖြစ်သည်ဟု ယူဆထားလိုက်သည်။

"ကျွန်မ ဖေးဟွမ်မြို့ကိုသွားပြီး ဖြေရှင်းနည်းရှာလို့ရမလားဆိုတာ ကြည့်လိုက်မယ်လေ။ အဲဒီမှာ စိုက်ပျိုးရေးပညာမှာ ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိပါတယ်"

ချီချီက အကြံပြုခဲ့သည်။

"စိုက်ပျိုးရေးပညာလား"

ကျိယွမ်၏ မျက်လုံးများက ထိုစကားကြောင့် တောက်ပလာ၏။

"ငါ နားလည်သွားပြီ! ဒါကို ငါ့ကိစ္စပဲ ထားလိုက်တော့"

ကျင့်ကြံသူများက စိုက်ပျိုးရေးတွင် ကျွမ်းကျင်ပါက စိုက်ပျိုးရေးကို အုပ်ချုပ်သည့် နတ်ဘုရားတစ်ပါးကို အဘယ်ကြောင့် ပုံရိပ်ဖော်ရန် မဖြစ်နိုင်မည်နည်း။

ကျိယွမ် မှတ်မိသလောက်ဆိုလျှင် ဟိုကျီနှင့် ရှန်းနုန်တို့သည် စိုက်ပျိုးရေးနတ်ဘုရားများ ဖြစ်ကြ၏။

ရှေးဟောင်းကျမ်းများအရ ဟိုကျီသည် ကျိုးမင်းဆက်၏ ဘိုးဘေး၊ အမြင့်မြတ်ဆုံးသော နတ်ဘုရား၏ သားတော်ဖြစ်ပြီး ယောင်နှင့် ရှုန်တို့၏ နန်းစံချိန်တွင် အမတ်အဖြစ် အမှုထမ်းခဲ့သည်။ နိုင်ငံတော်၏ စပါးကျီများ၌ ကောက်ပဲသီးနှံများကို ပထမဆုံး သိုလှောင်ခဲ့သူဖြစ်ကာ စိုက်ပျိုးရေးနည်းစနစ်များကို ထူထောင်ခဲ့ပြီး သာမန်ပြည်သူများအား မျိုးစေ့များပေးကာ လယ်ယာစိုက်ပျိုးနည်းကို သင်ကြားပေးခဲ့သူလည်းဖြစ်၏။

သူ့ကို ကောက်ပဲသီးနှံနတ်ဘုရားနှင့် စိုက်ပျိုးရေးနတ်ဘုရားအဖြစ် ကိုးကွယ်ကြသည်။

ရှန်းနုန်ကတော့ ပို၍ပင် ကျော်ကြားပြီး ကမ္ဘာပေါ်တွင် ရှန်နုန်၏ဆေးမြစ်ပေါင်း ရာနှင့်ချီ၍ မြည်းစမ်းခဲ့ခြင်းအကြောင်းကို မကြားဖူးသူ မရှိပါ။

သို့သော် ထိုနတ်ဘုရားနှစ်ပါး၏ အဆင့်အတန်းမြင့်မားမှုကို တွေးကြည့်သောအခါ ချီယွမ်သည် သူ၏ လက်ရှိ မိစ္ဆာနတ်ဘုရားစွမ်းအားမှာ သူတို့အား ပုံရိပ်ဖော်ကြည့်ရန် မလုံလောက်သေးဟု ခံစားမိသည်။

သူသည် သူ၏ ပန်းတိုင်ကို အနည်းငယ် လျှော့ချရမည် ဖြစ်သည်။

နတ်ကွန်းသို့ပြန်ရောက်သောအခါ သူသည် ပုံရိပ်ဖော်စကားဝိုင်းထဲသို့ ဝင်ရောက်ခဲ့သည်။

အဖွဲ့ဝင်တော်တော်များများက အွန်လိုင်းပေါ်တွင်ရှိနေပြီး အသက်ဝင်လှုပ်ရှားနေသည်။

"အင်း.... ငါ ခုလေးတင် ရှားပါးအဆင့်နတ်စွမ်းအင်တစ်ခုကို ပုံဖော်ကြည့်ခဲ့တယ်။ တခြားတစ်ယောက်ကတော့ ထပ်ပြီး မအောင်မြင်ပြန်ဘူးနဲ့ တူပါတယ်"

ကြောင်နတ်ဘုရား ရှန်မြောင်က အဖွဲ့ခေါင်းဆောင် သုန်းကျန်းဟဲကို စောင်းကာရိလိုက်သည်။

"ဟွန်း... လူငယ်နတ်ဧကရာဇ်တစ်ယောက်ကို အဖိုးကြီးတွေက ဝိုင်းပြီး အထင်သေးနေကြတာ မဟုတ်ဘူးလား"

သုန်းကျန်းဟဲကလည်း မခံပါ။ချက်ချင်း ပြန်ခွပ်၏။

"မင်းက လူငယ်နတ်ဧကရာဇ်လား။အသစ်ရောက်လာတဲ့ မူလနတ်ဘုရားကမှ အဲဒီဘွဲ့နဲ့ ပိုထိုက်တန်ပုံရသေးတယ်"

နဂါးနတ်ဘုရားကလည်း အခွင့်အရေးရခိုက် ဝင်ဖဲ့၏။

ထိုအခိုက် သုန်းကျန်းဟဲသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး မေးလ်ုက်သည်။

"မူလနတ်ဘုရား၊ မင်း ထပ်ပြီး ပုံရိပ်ဖော်ကြည့်ဖို့ ပြင်ဆင်နေတာလား

"ဟုတ်ပါတယ်"

"ဒီတစ်ခါ ဘယ်လိုစစ်မှန်နတ်ဘုရားကို ပုံရိပ်ဖော်ကြည့်ဖို့ စီစဉ်နေတာလဲ"

မေးသာမေးရသည် သုန်းကျန်းဟဲ က အနည်းငယ်စိုးရိမ်နေခဲ့သည် ။ ယခုအတိုင်းသာ ဆက်သွားပါက အဖွဲ့ဝင်များ ပိုများလာပြီး သူ့ကို ကျော်တက်သွားကာ အမိန့်ပေးပိုင်ခွင့်ကို ဆုံးရှုံးသွားနိုင်သည်။

"ဒီတစ်ခါလား ..အစကတော့ အစွမ်းထက်တဲ့ တစ်ပါးကို ပုံဖော်ကြည့်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ကျွန်တော့်ရဲ့ မိစ္ဆာနတ်ဘုရား စွမ်းအားက အရမ်းကို အကန့်အသတ်ရှိနေတယ်။ ဒါကြောင့်...တော်တော် အားနည်းတဲ့ တစ်ပါးကို ပုံဖော်ကြည့်ဖို့ စီစဉ်ထားတယ်"

ကျိယွမ်က အမှန်အတိုင်း ဖြေကြားခဲ့သည်။

သူ နားလည်ထားမှုအရ ယခုပုံဖော်မည့်နတ်ဘုရားသည် အမှန်တကယ်ပင် အတော်လေး အားနည်းသည်ဟုသာ သူထင်သည်။

သုန်းကျန်းဟဲသည် ချက်ချင်းပင် ပြုံးရွှင်သွားသည်။

တော်သေးတာပေါ့ ၊ အစွမ်းထက်တဲ့နတ်ဘုရား မဟုတ်လို့ ။

သူ၏ လူငယ်နတ်ဧကရာဇ်ဘွဲ့သည် လုံခြုံသွားပြီ ဖြစ်သည်။

"အားမငယ်ပါနဲ့ ကြယ်တစ်ပွင့် သာမန်အဆင့် နတ်ဘုရားကို ပုံရိပ်ဖော်ကြည့်တာကလည်း ကောင်းပါသေးတယ်"

သုန်းကျန်းဟဲက ဆက်ပြောသည်။

"နောက်ဆုံးတော့၊ လူတိုင်းက ပိုင်ရှီးလိုတော့ မဖြစ်နိုင်ဘူးမှတ်လား၊ ဂန္ဓဝင်အဆင့် တစ်ခုနဲ့ ထူးခြားအဆင့် သုံးခုကို ရထားတာလေ။ ဒါပေမဲ့ ငါကတော့ ပိုင်ရှီးကို ကျော်တက်ဖို့ ကံပါလာသူပဲ"

အခြားအဖွဲ့ဝင်များသည် ချက်ချင်းပင် သုန်းကျန်းဟဲကို စနောက်ကြတော့သည်။

"အိုး လူငယ်နတ်ဧကရာဇ်၊ နောက်ထပ် ရှားပါးအဆင့် တစ်ခုကို ဘယ်တော့ ပုံဖော်ကြည့်မှာလဲ ပြောပါဦး"

"မင်းက တစ်သက်လုံး ဒီတစ်ခုတည်းပဲ ဖန်တီးနိုင်တာလား"

ကျိယွမ်ကတော့ သူတို့စကားများကို စိတ်မဝင်စားပါ ။ အဖွဲ့ကို နှုတ်ဆက်ပြီးနောက် ပုံ

ရိပ်ဖော်တောင်ရှိသောအခန်းသို့ ထပ်မံ ဝင်ရောက်ခဲ့သည်။

မိုးထိမလိုမြင့်မားလှသော ပုံရိပ်ဖော်တောင်ကြီးကို သူ့ရှေ့၌မြင်လိုက်ရ၏။

ယခုအခါမှာတော့ သူက ပုံဖော်ကြည့်လိုသော နတ်ဘုရား၏ပုံသဏ္ဌာန်ကို စိတ်ထဲတွင် ချက်ချင်း မြင်ယောင်လိုက်သည်။

"ပညာရှိ ပုံပန်းသဏ္ဌာန်နဲ့ လှံကို ကိုင်ထားတဲ့ အဖိုးကြီးတစ်ယောက်။ မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနဲ့ ကြင်နာတဲ့ အပြုံးတစ်ခုရှိတယ်

"

ချက်ချင်းလိုလိုပင် မုတ်ဆိတ်ဖြူ အဖိုးအိုတစ်ဦး၏ ပုံရိပ်သည် သေးငယ်သော ဘုရားကျောင်းတစ်ခုတွင် ပေါ်လာခဲ့သည်။

တစ်ခါတစ်ရံ ကြမ်းတမ်းသောမျောက်တစ်ကောင်က မြေပြင်ကို သူ၏ရွှေတုတ်နှင့်ရိုက်လိုက်လျှင်လည်း ထိုအဖိုးအိုသည် မြေကြီးထဲမှ အလျင်အမြန် ထွက်ပေါ်လာတတ်သည်။

ပုံရိပ်ဖော်တောင်က ထုံးစံအတိုင်း ကျိယွမ်၏ဝိညာဥ်ကို ခြိမ်းခြောက်ပြီး အမှန်တရားမေးခွန်းနှစ်ခုမေး၏။

ကျိယွမ်ကလည်း ထုံးစံအတိုင်း သူ၏အမြုတေကိုသုံးကာ တစ်ပတ်ရိုက်ပြီး မေးသမျှကို ဟုတ်သည် မှန်သည် ဟုသာ ဖြေသည်။

အသက်ရှူချိန် အနည်းငယ်အကြာတွင် ပုံရိပ်ဖော်တောင်ကြီးသည် ရုတ်တရက် အလင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့အတူ နတ်စွမ်းအင်တစ်ခုသည်လည်း ကျိယွမ်၏ လက်ထဲသို့ ရောက်ရှိလာလေသည်။

သို့သော် သူသိမ်းဆည်းထားသော မိစ္ဆာနတ်ဘုရားစွမ်းအားသုံးခုလုံးကုန်ဆုံးသွားပြီး အမြင့်ဆုံးအဆင့်ပင်ပါဝင်သွား၏။

ကျိယွမ်၏ မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုများ လင်းလက်သွားပြီး တီးတိုးရေရွတ်မိသည်။

"ကောင်းကင်ဟိန်းဟောက်နတ်ခွေးထက်တောင် ပိုအစွမ်းထက်တာလား"

သို့သော် ယခုနတ်ဘုရား ရရှိခဲ့သော နံ့သာပေါင်း ပူဇော်မှုများကို တွေးကြည့်လိုက်ရာ ဟိန်းဟောက်နတ်ခွေးထက် ပိုအစွမ်းထက်သည်မှာ သဘာဝကျသည်ဟု သူ တွေးမိလိုက်သည်။

နတ်စွမ်းအင်ကို ရရှိပြီးနောက် ကျိယွမ်သည် ပုံရိပ်ဖော်တောင်မှ ထွက်ခွာခဲ့သည်။

တစ်ချိန်တည်းမှာပင် စကားပြောအဖွဲ့ထံတွင်လည်း လှုပိလှုပ်ရှားရှားဖြစ်နေ၏။

"အခုလေးတင်၊ ပုံရိပ်ဖော်တောင်က ရွှေရောင်အလင်းတန်း လင်းလက်သွားတယ်။ တစ်ယောက်ယောက်က ဂန္ဓဝင်အဆင့်ကို ပုံရိပ်ဖော်နိုင်သွားတာလား၊ဘယ်သူလဲ "

"မသိဘူး ၊ မူလနတ်ဘုရားကတော့ အခုလေးတင်ဝင်သွားတာပဲ ၊ သူများဖြစ်နေမလား"

ကြောင်နတ်ဘုရားရှန်မြောင်က မေးလိုက်သည်။

သုန်းကျန်းဟဲက ချက်ချင်း ပြန်ဖြေ၏။

"သူ ပုံဖော်ကြည့်နေတာက သာမန်အဆင့်လေးလို့ ပြောသွားတယ်လေ။ ဘယ်လိုလုပ် ဂန္ဓဝင်အဆင့် ဖြစ်နိုင်မှာလဲ။ ဒါ့အပြင်

မူလနတ်ဘုရားက ခြေလှမ်းသုံးခုလောက်ထိပဲ အလားအလာရှိတာ၊ နတ်စွမ်းအင်တွေ ဒီလောက် အများကြီး သိတဲ့သူ မဟုတ်ပါဘူး"

"လူငယ်နတ်ဧကရာဇ်၊ အဲလောက်ကြီး အပိုင်တွက်မနေနဲ့"

"စောင့်ကြည့်ကြတာပေါ့"

"ဟေး... မူလနတ်ဘုရားပြန်လာပြီလား ။ ပြောပြပါဦး၊ ဒီတစ်ခါ ဘာကို ပုံဖော်ကြည့်ခဲ့တာလဲ"

ကျိယွမ်သည် အဖွဲ့သားများ၏ မက်ဆေ့ချ်များကို ကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

"ဒီတစ်ခါတော့ ကံကောင်းသွားတာပါ၊ ကြယ်တစ်ပွင့်ရှိတဲ့ ဂန္ဓဝင်အဆင့်နည်းစနစ်ကို ပုံရိပ်ဖော်နိုင်ခဲ့တယ်"

"ဘာ....မူလနတ်ဘုရား ၊ ဒါက နောက်ပြောင်စရာကိစ္စမဟုတ်ဘူးနော်"

တုန်းကျန်း၏လေသံက အလန့်တကြားထအော်လ်ုက်သလိုပင်။

"ကျွန်တော် မညာပါဘူး။ တကယ်ကို ကြယ်တစ်ပွင့် ဂန္ဓဝင်အဆင့်ပါ။ ဒီတစ်ခါ ကျွန်တော် ပုံရိပ်ဖော်ကြည့်လိုက်တာက မြေနတ်ဘုရားပါ"

မြေနတ်ဘုရားသည်လည်း စိုက်ပျိုးရေးကို တစ်စိတ်တစ်ပိုင်း စီမံခန့်ခွဲသူဟု ဆိုနိုင်သည်။

ရှေးဟောင်းကျမ်းစာအချို့အရ မြေနတ်ဘုရားကို ဟိုကျီနှင့် ဆက်စပ်နေသည်ဟု ဆိုကြ၏။

သို့သော် ကျိယွမ် ပုံဖော်ကြည့်ခဲ့သော မြေနတ်ဘုရားကတော့ သူ၏ မှတ်ဉာဏ်ထဲရှိ မြေနတ်ဘုရားကို အခြေခံထားခြင်းဖြစ်သည်။

"မြေနတ်ဘုရားလား ၊ အဲဒါ ဘယ်လို နတ်ဘုရားမျိုးလဲ။ တစ်ခါမှ မကြားဖူးပါဘူး"

"တကယ်ပဲ အဲဒီလို ကြီးကျယ်တဲ့ နတ်ဘုရားဟာ ရှေးခေတ်က ရှိခဲ့တာလား"

"လူငယ်နတ်ဧကရာဇ်၊ ငါ အခုပဲ ပုံရိပ်ဖော်ကြည့်တော့မလို့ ၊ ကန့်ကွက်တဲ့စကားလေး တစ်ခွန်းလောက် ပြောပေးပါဦး"

"သွားစမ်းပါ"

"လူငယ်နတ်ဧကရာဇ်သုန်းဆိုတာ မရှိတော့ဘူး၊ သူခေတ်က ကုန်သွားပြီ ၊ အခုဆိုရင် မူလနတ်ဘုရားကသာ ခေါင်းဆောင် အစစ်အမှန်ပဲ"

အဖွဲ့သည် မက်ဆေ့ချ်များဖြင့် ဆူညံနေပြီး လူတိုင်းက ချီယွမ်ကို ချီးမွမ်းနေကြသည်။

အရုဏ်ဦးနတ်ဘုရားပိုင်ရှီးပင်လျှင် ချီးမွမ်းပြောဆိုရန် ပေါ်လာပြီး ကျိယွမ်အား ကျဆုံးနယ်မြေမှ ထွက်ခွာရန် အကြံပေးထပ်ပေးခဲ့သည်။

"မူလနတ်ဘုရားက ကြယ်တစ်ပွင့်ရှိတဲ့ ဂန္ဓဝင်အဆင့်ကို ပုံရိပ်ဖော်နိုင်ခဲ့တာလား၊ မင်းရဲ့အနာဂတ်က တောက်ပနေမှာသေချာတယ်"

ရတနာနတ်ဘုရားထျန်းပေါက အဖွဲ့ထဲတွင် မှတ်ချက်ပြုရင်းမှ ထပ်မေးသည်။

"ငါ့မှာ စစ်မှန်နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ဖို့ အထောက်အကူဖြစ်စေမယ့် ရတနာအချို့ ရှိတယ်။ ငါ့အနေအထားနဲ့ မလိုအပ်တော့ဘူး ထင်တာပဲ။မင်းယူမလား ၊ ငါပေးမယ်"

ကျိယွမ်သည် ယခုအဖွဲ့ထဲတွင်လည်း ရှင်းဟွာအဖွဲ့ကဲ့သို့ လူကောင်းများစွာ ရှိနေသေးသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

"မလိုပါဘူး၊ မလိုပါဘူး၊ ရတနာနတ်ဘုရား ခင်ဗျားအတွက်ပဲ ထားလိုက်ပါ။ သိပ်မကြာခင်မှာ ကျွန်တော် ခင်ဗျားကို ဧည့်ခံကျွေးမွေးဖို့ ဖိတ်ခေါ်ပါရစေ"

"ကောင်းပြီလေ..."

"သူမလိုချင်ရင် နေပါစေ၊ ရတနာနတ်ဘုရား ရေ..ကျွန်တော် လိုချင်ပါတယ်"

"အရှင်ထျန်းပေါ၊ ကျွန်တော့်ကို မွေးစားပါဦး"

ကျိယွမ်သည် နောက်ထပ်စကားထပ်မပြောတော့ဘဲ ၊ စကားဝိုင်းအဖွဲ့မှ ထွက်ခဲ့သည်။

သူ၏ လက်ထဲတွင် မြေနတ်ဘုရားထံမှ နတ်စွမ်းအင်တစ်ခုကို ကိုင်ထားပြီး စဥ်းစားရခက်နေ၏။

"ဒီနတ်စွမ်းအင်ကို ဘယ်သူ့ကို ပေးသင့်သလဲ"

ကျိယွမ်သည် ချီချီကို တွေးလိုက်မိသည်။

သို့သော် ချီချီသည် မိန်းကလေးဖြစ်သလို သူ၏သမီးလည်းဖြစ်နေသဖြင့် သခင်မလေးတစ်ယောက်ကို မြေနတ်ဘုရားအဖြစ် ပုံဖော်ရန် မသင့်တော်ပေ။

"ရှောင်ရွှယ်သာဆိုရင် အလွန်သင့်တော်လိမ့်မယ်"

ကျိယွမ်သည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး သူမတို့အား ရှာဖွေလိုက်သည်။

"သခင်မလေး၊ ကျွန်မ ဗိုက်ဆာတယ်။ ဝက်သားလိုချင်တယ်"

ထိုအချိန်တွင် အစေခံမလေး ရှောင်းရွှယ်သည် သူမ၏ ဘောင်းဘီတိုကို လိပ်တင်ရင်း လယ်ကွင်းများတွင် ကြိုးစားပမ်းစား အလုပ်လုပ်နေသည်။

"ပျင်းရိမနေနဲ့။ အလုပ်ပြီးရင် ဝက်တွေကို သွားကျွေးဦး၊ စားဖို့ ဝက်သားတွေ အများကြီး ရှိလာလိမ့်မယ်"

ချီချီသည်လည်း သူမ၏ သခင်မလေးတစ်ဦး၏ နုညံ့သိမ်မွေ့သောအမူအရာကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး လယ်ကွင်းများတွင် အလုပ်လုပ်နေရသည်။

"နတ်ဘုရားအရှင်ပြောတဲ့ ဖြေရှင်းနည်းက ဘာဖြစ်မယ်လို့ သခင်မလေး ထင်လဲ"

ရှောင်းရွှယ်က ပေါင်းပင်ကိုနှုတ်ရင်းမှ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ချီချီက ခေါင်းယမ်း၏။

"ငါလည်းသေသေချာချာ မသိဘူး"

သူမ၏ မွေးစားအဖေနှင့် အချိန်ကြာကြာ နေရလေလေ၊ သူ မည်မျှ နက်နဲဆန်းကြယ်သည်ကို သူမ ခံစားရလေ ဖြစ်သည်။

ထိုအချိန်တွင် ရှောင်းရွှယ်က လယ်ကွင်းတစ်နေရာသို့ကြည့်ကာ အသိပေးသည်။

"သခင်မလေး၊ အဲဒီ အရူးအဘွားကြီး ထပ်ရောက်လာပြန်ပြီ"

ရှောင်းရွှယ်က လယ်ကွင်းစပ်မှာ မတ်တပ်ရပ်နေသော အဘွားအိုတစ်ဦးကို လက်ညှိုးထိုးပြ၏။

ချီချီသည် ထိုအဘွားအိုကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

အဘွားအိုက သူမအားကြည့်ကာ တီးတိုးရေရွတ်သည်။

"နင်က မြင့်မြတ်တဲ့ မျိုးရိုးက မွေးဖွားလာတာ၊ ဘာလို့ ဒီလို အောက်တန်းကျတဲ့ အလုပ်တွေ လုပ်နေရတာလဲ။ သခင်မလေး၊ ကျွန်မနဲ့အတူ လိုက်ခဲ့ပါ။ဒီ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာကနေ ထွက်သွားပါ"

ချီချီသည် အလိုမကျသလို မျက်မှောင်ကို ပို၍ ကြုတ်ကာ ငြင်းလိုက်လေ၏။

"ပထမ၊ လယ်ယာစိုက်ပျိုးခြင်းက ကမ္ဘာပေါ်က လူတွေကို ကျွေးမွေးဖို့ပဲ ၊ အောက်တန်းမကျပါဘူး။ "

"ဒုတိယ၊ ကျွန်မက ရှင့်ရဲ့သခင်မလေး မဟုတ်ပါဘူး၊ ပြီးတော့ ရှင်နဲ့လည်း မလိုက်နိုင်ဘူး။ ရှင် အခုလိုဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေမယ်ဆိုရင် ခွေးနက်ကြီးကို လိုက်ခိုင်းရလိမ့်မယ်"

ထိုစကားများကြောင့် အရူးအဘွားအိုသည် လက်လျှော့ကာ သက်ပြင်းချ၏။

"အေးလေ ၊ ဘယ်တတ်န်ုင်မလဲ "

ထိုမျှသာပြောပြီး ပြေးထွက်သွားရာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

"အဲဒီ အရူးအဘွားအိုကို ဂရုစိုက်မနေနဲ့"

ချီချီက အမိန့်ပေးလိုက်ပြီး အလုပ်ဆက်လုပ်နေလ်ုက်သည်။

ရှောင်းရွှယ်က ရပ်နေရင်းရင် ထိပ်မေး၏။

"ဒါပေမဲ့ သူ ပြောတာတွေက အမှန်ဆိုရင်ရော။ သခင်မလေးက မြင့်မြတ်တဲ့ မျိုးရိုးနဲ့ အစွမ်းထက်တဲ့သွေးမျိုးဆက်တွေ ရှိနေရင်ရော"

"အဲဒါတွေက ဘာအသုံးဝင်မှာလဲ"

ချီချီက ထိုကိစ္စကို စဉ်းပင်မစားဘဲ ချကိချင်းပြန်ဖြေလိုက်သည်။

ယခုအချိန်တွင် သူမက မွေးစားအဖေကိုပြုစုပျိုးထောင်ရသည်ကို ပျော်ရွှင်နေပြီဖြစ်သည်။

"ငါ့မှာ မြင့်မြတ်တဲ့သွေးမျိုးဆက် ရှိနေရင်တောင်မှ ကိုယ့်ဘာသာကိုယ် ကျင့်ကြံပြီး ကြိုးစားရဦးမှာပဲ မဟုတ်လား။ အဲဒါက ခက်ခဲတဲ့ အလုပ်ပဲ၊ မွေးစားအဖေကို ပြုစုပျိုးထောင်တာက ပိုကောင်းပါတယ်။ သူက ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ငါထင်တယ်"

ချီချီ၏ ဆုံးဖြတ်ချက်ကိုကြားသောအခါ

ရှောင်းရွှယ်က သူမ၏ သခင်မလေး ပြောသည်မှာ အလွန် အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် အသံပို့လွှတ်မှုတစ်ခုက သူမ၏ နားထဲသို့ ရောက်လာသည်။

ရှောင်းရွှယ်၏ မျက်လုံးများတွင် ထူးဆန်းသော အမူအရာ ပေါ်လာပြီး ချီချီအား အသိပေး၏။

"သခင်မလေး၊ အရှင်က ကျွန်မကို ခေါ်နေပါတယ်"

"အတူတူ သွားရအောင်"

ချီချီကပါ လိုက်ရန်ဆုံးဖြတ်လိုက်ပြီး သူမ၏ မွေးစားအဖေသည် ရှောင်းရွှယ်ကို အဘယ်ကြောင့် ခေါ်လိုက်သည်ကို သိချင်နေ ခဲ့သည်။

ဒီ ရှောင်းရွှယ်က ရှပ်ပြာရှပ်ပြာနဲ့ ၊ ဝက်မွေးမြူရေးမှာ တစ်ခုခု မှားယွင်းသွားတာများလား။

သူတို့နှစ်ဦးသည် ဘုရားကျောင်းသို့ ရောက်ရှိသောအခါ ကျောက်ခုံပေါ်တွင်အေးအေးလူလူ ထိုင်နေသော ကျိယွမ်ကို ချတွေ့လိုက်ရသည်။

"ထိုင်ကြဦး ...၊ ရှောင်းရွှယ် ငါ့မှာ နတ်ဘုရားပုံရိပ်တစ်ခု ရှိတယ်။ နင် ဒါကို ကျင့်ကြံချင်လား"

ကျိယွမ်က သွယ်ဝိုက်မနေဘဲ တိုက်ရိုက်မေးလိုက်သည်။

ချီချီသည် မျက်မှောင်ကုပ်ကာ ကျိယွမ်အားကြည့်လ်ုက်သည်။

သူမ၏မွေးစားအဖေသည် နတ်ဘုရားပုံရိပ် နောက်တစ်ခုကို ယခုလောက် လျင်မြန်စွာ ထုတ်ဖော်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါ။

ပြီးတော့ ထိုအရာက သမီးဖြစ်သော သူမအတွက် မဟုတ်ဘဲ ရှောင်းရွှယ်အတွက် ဖြစ်နေသည်။

အင်း..ခွေးနက်ကြီးကိုပေးတဲ့နည်းစနစ်ထက် အဆင့်နိမ့်နေလို့ ငါ့ကိုမပေးသေးတာထင်တယ်။ ငါ့အတွက် ပိုကောင်းတာကို ချန်ထားတာပဲနေမယ် ။

မည်သို့ပင်ဆိုစေ ရှောင်းရွှယ်ကို ပေးခြင်းသည် ချီချီ၏မျက်နှာကြောင့်လည်းပါသလို သူမအပေါ် ယုံကြည်မှု၏ လက္ခဏာလည်းဖြစ်သည်။

"ဟုတ်ကဲ့ ယူပါမယ်အရှင်၊ ယူပါမယ် ၊ အခု ချက်ချင်းကို ယူပါ့မယ်"

ရှောင်းရွှယ်က ဂျမ်းသာ လင်လိုချင် ၊ ရေအိုးမချအမူအယာဖြင့် ပြာပြာသလဲ ခါးညွှတ်ကာ တောင်းဆို၏။

ထိုမျှ ကြီးမားသော အခွင့်အရေးက သူမလိုအစေအပါးတစ်ယောက်ထံ ရောက်လာလိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။

ကျိယွမ်က အလွန်တက်ကြွနေသော ရှောင်းရွှယ်အားကြည့်ကာ ပြုံးသည်။

"ဒါပေမဲ့ ဒီပုံရိပ်ဖော်ထားတဲ့နည်းစနစ်ကို ကျင့်ကြံခြင်းက သေးငယ်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိတယ်နော်"

"ဘယ်လို ဘေးထွက်ဆိုးကျိုးမျိုးလဲ"

ရှောင်းရွှယ်က ဂရုမစိုက်ပါ ။ သူမက ကျင့်ကြံဖို့ကိုသာ အလွန်တက်ကြွနေ၏။

"နင့်ကို ပိုပြီး အရပ်ပုသွားစေနိုင်တယ်"

ထိုအရာက ကျိယွမ်၏ ထင်မြင်ချက်ဖြစ်သည်။တထစ်ချဖြစ်လာမည်ဟု မသေချာသော်လည်း ကြို၍ပြောပြခြင်းက အကောင်းဆုံးဟု ထင်သည်။ မဟုတ်ပါက ရှောင်းရွှယ်သည် သူမ၏အရပ်ပုသွားပါက မကျေမနပ် ဖြစ်လာနိင်၏။

"အဲဒီ ဘေးထွက်ဆိုးကျိုးက ဘာမှ မဟုတ်ပါဘူး။ ရှောင်းရွှယ်၊ နင် ကိုယ့်ကိုယ်ကို ပိုပြီး အရပ်ရှည်လာအောင် စွမ်းရည်ကို သုံးလို့ရသေးတာပဲ"

ချီချီက သဘောထားကြီးစွာ ဝင်ပြောလိုက်သည်။

သာမန်အဆင့်နည်းစနစ်ကရတဲ့ နတ်စွမ်းအင်လေးတစ်ခုကို စွန့်လွှတ်ရတာက ဘာပြဿနာမှမရှိပါဘူး။

ရှောင်းရွှယ်သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။

"ကျွန်မ လိုချင်ပါတယ်"

"ကောင်းပြီ၊ ဒီမှာ နတ်စွမ်းအင်။ ကြည့်လိုက်ပါ"

ကျိယွမ်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး တောက်ပနေသော ရွှေရောင် နတ်စွမ်းအင်ကို ရှောင်းရွှယ်အား ပေးလိုက်သည်။

သဘောထားကြီးစွာ ပြုံးနေသော ချီချီ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ရွှေရောင် အလင်းတန်း... ဒါ ဒါက ကြယ်တစ်ပွင့်ရှိတဲ့ ဂန္ဓဝင်အဆင့်လား"

သူမ စိတ်အလွန်လှုပ်ရှားသွားသည်။

ယခင်လို တည်ငြိမ်စွာ မနေနိုင်တော့ပါ။

ငါက သာမန်အဆင့်လေးလို့ထင်ခဲ့တာလေ။ အခုက ဂန္ဓဝင်အဆင့်ကြီးလား။

၎င်းသည် ခွေးအနက်ကြီးကို ပေးခဲ့သော နတ်စွမ်းအင်ထက်ပင် ပို၍ တန်ဖိုးရှိနေသည် မဟုတ်ပါလား။

"အဖေ ..အဲဒီလိုမဖြုန်းတီးပါနဲ့ ၊ တကယ်တော့ ကျွန်မလည်း အရပ်ပုချင်ပါတယ်၊ ဒါမှ အဖေ့ရဲ့ ရင်ခွင်ထဲကို ပြန်တိုးဝင်လို့ရမှာလို့"

ချီချီသည် ရွှေရောင်အလင်းတန်းကို ကြည့်ကာ ဆွေ့ဆွေ့ခုန်နေသည်။

ကြယ်တစ်ပွင့် ဓန္ဓဝင်အဆင့်နည်းစနစ်မှရသော နတ်စွမ်းအင်သည် သင့်လျော်သော အဆင့်တက် ရတနာများ ရှိနေသရွေ့ စစ်မှန်နတ်ဘုရားတစ်ပါးကို ဖန်တီးနိုင်၏။

မည်သူက မလိုချင်ဘဲ ရှိမည်နည်း။

ချီချီ ပြောနေရင်းပင် ကလေးပုံစံသို့ ပြောင်းလဲသွားပြီး သူမ၏ အရပ်သည် ကျိယွမ်၏ ခါးအထိသာ ရောက်ရှိကာ စူပုပ်နေသော မျက်နှာလေးနှင့် အလွန် ချစ်စရာကောင်းနေသည်။

"ဟားဟား ဟားဟား "

ကျိယွမ်က သဘောကျစွာ ရယ်မောလိုက်ပြီး

ချီချီ၏ ခေါင်းကိုပွတ်ပေးလိုက်သည်။

"သမီးအတွက် နောက်ပိုင်းမှာ တစ်ခု ရှိလာမှာပါ။ ဒါပေမဲ့ ဒါက ရှောင်းရွှယ်နဲ့ အသင့်တော်ဆုံးပဲ"

ချီချီ၏ မျက်နှာသည် ပျက်ယွင်းသွားပြီး ကျိယွမ်အား သနားစဖွယ်ခေါ်၏။

"အဖေ .."

ကြယ်တစ်ပွင့်ရှိသော ဂန္ဓဝင်အဆင့်နတ်စွမ်းအင်သည် အလွန် ရှားပါးသည်။

သူမ၏ ကိုယ်ပိုင်နတ်စွမ်းအင်ကို အခြားတစ်ယောက်အား ပေးလိုက်သလိုမျိုး ခံစားရပြီး ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပေ။

ငါက မွေးစားအဖေရဲ့သမီးဖြစ်သလို သူ့ကိုတိုးတက်အောင်လည်း ကူညီနေတာကို၊ အဖေ့ရဲ့ပိုင်ဆိုင်မှုတွေက ငါလည်းပိုင်တာပဲ။

ဒါက ငါ့ဟာ။

ရှောင်းရွှယ်သည် သူမ၏ အစေခံဖြစ်သော်လည်း ဝက်မွေးမြူနေရသည့်အလုပ်သာရှိသည်။ထို့ကြောင့် ကြယ်တစ်ပွင့်ရှိသော ဂန္ဓှင်အဆင့် နတ်စွမ်းအင်နှင့် ထိုက်တန်ပုံ မရပေ။

"သမီးအတွက် လာပါလိမ့်မယ်"

ကျိယွမ်က ရယ်မောလိုက်ပြီး ရှောင်းရွှယ်ကို ခေါင်းညိတ်ပြလိုက်သည်။

"ရှောင်းရွှယ်၊ စမ်းကြည့်လိုက်"

ရှောင်းရွှယ်သည် သူမ၏ သခင်မလေးကို တစ်လှည့် ၊ ရွှေရောင်အလင်းတန်းကို တစ်လှည့်ကြည့်နေပြီး တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ဆွဲဆောင်မှုကို မခံနိုင်တော့ဘဲ နတ်စွမ်းအင်ကို လက်ခံလိုက်သည်။

ခွင့်လွှတ်ပါ သခင်မလေး။

သူမသည် ချက်ချင်း တရားထိုင်ပြီးကျင့်ကြံသည့် အခြေအနေသို့ ဝင်ရောက်သွားသည်။

"အဖေက သန့်စင်ထားတဲ့ဂျုံမှုန့်ကို ဝက်ကျွေးပစ်တာပဲ"

ချီချီက အကူအညီမဲ့စွာ ပြောလိုက်သည်။

မည်သို့ပင်ဆိုစေ ထိုအရာက မွေးစားအဖေ၏ပိုင်ဆိုင်မှုဖြစ်၏ ။မည်သူ့ကို ပေးရမည်ဆိုတာကို သူ့စိတ်ကြိုက် ရွေးချယ်နိုင်ပြီး သူမတွင် ကန့်ကွက်ပိုင်ခွင့် မရှိပါ။ သို့သော် သူမသည် စိတ်ထဲတွင် မသက်မသာ ဖြစ်နေဆဲပင်။

"စိတ်မပူပါနဲ့။ မိစ္ဆာနတ်ဘုရားတွေကို ပိုသတ်လိုက်၊ ဒါဆိုရင် နတ်စွမ်းအင်တွေ ပိုရလာမှာပဲ"

ကျိယွမ်က သူမ၏ခေါင်းကိုပွတ်ကာ ဖြေသိမ့်ပေးသည်။

"အဖေ ၊ ကျွန်မ စိုးရိမ်တာက ပုံရိပ်ဖော်စရာနတ်ဘုရားတွေကုန်သွားမှာကိုပါ"

ချီချီက ပြောလိုက်သည်။

ရှေးခေတ်က နံ့သာပေါင်း ပူဇော်မှုများ ရရှိခဲ့သော နတ်ဘုရားများသည် အကန့်အသတ်ရှိ၏။

ထို့အပြင့် အစွမ်းထက်ဆုံးသူများကိုလည်း အခြားသူများက ပုံဖော်ကြည့်ပြီးသား ဖြစ်နေသည်။

ထို့ကြောင့် ဂန္ဓဝင်အဆင့်ရှိသော နတ်ဘုရားများက အနည်းငယ်သာကျန် ရှိတော့သည်။

ဒဏ္ဍာရီအဆင့်တွင်ဆိုလျှင် ပို၍ပင် ရှားပါးလှ၏။

သူတော်စင်အဆင့်များဆိုလျှင် ၎င်းတို့သည် ရာစုနှစ်များစွာအတွင်း ပေါ်ကို ပေါ်မလာခဲ့ဖူးပါ။

(နတ်ဒေဝါအဆင့်ကို သူတော်စင်အဆင့်ဟု ပြောင်းလဲသုံးစွဲသွားပါမည်)

ညသည် တိတ်ဆိတ်စွာရောက်လာပြီး တိတ်ဆိတ်စွာပင် တဖြည်းဖြည်းကုန်ဆုံးနေခဲ့သည်။ ချီချီသည် ရှောင်းရွှယ်ကို ရောထွေးသော ခံစားချက်များဖြင့် ကြည့်နေ၏။

ကျိယွမ်ကမူ သူမတို့အားချန်ထားခဲ့ကာ သတို့သမီးလေးနှင့်အတူ တွင်းထဲတွင် အိပ်စက်နေလိုက်သည်။

နောက်တစ်နေ့တွင် သွေးနီရောင် အလင်းတန်းသည် နတ်ကွန်းမှထွက်ပေါ်လာပြီး ကျိယွမ်သည် လန်းဆန်းမှုကို ထပ်မံခံစားရသည်။

ငါအဆင့်တက်သွားပြန်ပြီ။

သူသည် နတ်ကွန်းထဲသို့ရောက်ရှိသွားပြီး ရှောင်းရွှယ်ကို စစ်ဆေးလိုက်၏။

"ကောင်းတယ်၊ နင်လည်း ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်သွားပြီ"

သူဖန်တီးထားသော နတ်စွမ်းအင်များသည် အဆင့်တက်ရန်အတွက် အမှန်တကယ် လျင်မြန်လှသည်။

ကျိယွမ်၏ နယ်မြေငယ်လေးတွင် ယခုအခါ ခရမ်းရောင်နန်းတော်အဆင့်ရှိသူ နှစ်ဦး ရှိလာခဲ့လေပြီ။

ရှောင်းရွှယ်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အလွန်ဝမ်းသာနေ၏။

"ကျေးဇူးတင်ပါတယ် အရှင် ၊ ကျေးဇူးတင်ပါတယ် သခင်မလေး"

ချီချီကတော့ ဝမ်းနည်းအားငယ်နေဆဲဖြစ်ပြီး မတတ်သာသလို သက်ပြင်းချသည်။

"ရှောင်းရွှယ်...နင် တခြားရွာတွေမှာ စစ်တိုက်ဖို့ ထွက်သွားရတော့မယ့်ပုံပဲ၊ ငါကတော့ နောက်ကနေသာ ကြည့်နေနိုင်တော့မှာပါ"

ရှောင်းရွှယ်သည် ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်ရှိသွားပြီဖြစ်သောကြောင့်အင်အားကြီးမားသော စစ်သည်တစ်ဦး ဖြစ်နေလေပြီ။

ကျိယွမ်က ချီချီ၏ စိတ်ပျက်အားငယ်မှုကို နားလည်သွာပြုံး၏။

"ရှောင်းရွှယ် နိုးထလာတဲ့ မူလနတ်စွမ်းအင်က တခြားသူတွေနဲ့ မတူဘူး။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန်ပဲ၊ သူက မြေယာစောင့်ရှောက်ခြင်းနဲ့ စိုက်ပျိုးရေးမှာ ပဲ ထူးချွန်တာ"

မြေနတ်ဘုရားသည် တိုက်ခိုက်ရေး နတ်ဘုရား မဟုတ်ပါ။

ထို့အပြင် ရှောင်းရွှယ် နိုးထလာသောမူလနတ်စွမ်းအင်ကလည်း စိုက်ပျိုးရေးနဲ့ သက်ဆိုင်နေသည်ကို သူသတိပြုမိသည်။

"ဘာ"

ချီချီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရှောင်းရွှယ်အား မယုံသလိုကြည့်သည်။

"ရှောင်းရွှယ်က စိူက်ပျိုးရေးနဲ့သက်ဆိုင်တဲ့ နတ်ဘုရားတစ်ပါးကို ပုံဖော်ကြည့်ခဲ့တာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ စိုက်ပျိုးရေးက နတ်ဘုရားယိုလုံရဲ့ နယ်ပယ် မဟုတ်ဘူးလား"

နတ်ဘုရားယိုလုံကို လူပေါင်းများစွာက အကြိမ်ရေ မရေမတွက်နိုင်အောင် ပုံဖော်ကြည့်ခဲ့ပြီးသားဖြစ်သည် ။ သို့သော် မည်သူကမှ သူ့ကိုအသုံးပြုပြီး ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်ရှိခြင်း သို့မဟုတ် စိုက်ပျိုးရေးနှင့် သက်ဆိုင်သော မူလ နတ်စွမ်းအင်ကို နိုးထခြင်း မလုပ်နိုင်ခဲ့ပါ။

ဒါပေမဲ့ ရှောင်းရွှယ်ကတော့ နိုးထလာတယ်လေ။ဘာလို့လဲ။

ချီချီသည် ရှုပ်ထွေးနေသည်။

ယခုအခါ မွေးစားအဖေက စိုက်ပျိုးရေးကို အုပ်ချုပ်သော အခြားနတ်ဘုရားတစ်ပါး ရှိသည်ဟု သူမကို ပြောနေသည်။

စိုက်ပျိုးရေးနတ်ဘုရားက ယိုလုံတစ်ပါးတည်းသာရှိသည် မဟုတ်ပါလား။

ဒီနတ်ဘုရားက ဘယ်ကနေ ပေါ်လာတာလဲ။

-------------------------

All Chapters