အတင်းအကြပ်ကြီးထွားအောင်လုပ်တာလား ...ဒါက အသုံးမဝင်ဘူး
Vol. 15 Ch. 179
ချီချီ၏ လှပသောမျက်ခုံးလေးများက အတွေးနက်နေသလို တွန့်ချိုးနေခဲ့သည်။
သူမအသည်းအသန်စဥ်းစားနေသော်လည်း အဖြေကိုကား ရမလာပါ။
ဖန်ထုန်နယ်မြေအတွင်းရှိသူတိုင်းက ယိုလုံနတ်ဘုရားက စိူက်ပျိုးရေးကို အုပ်ချုပ်သည်ကို သိကြပါသည်။
သို့သော် ယခုအခါ မြေစောင့်နတ်တစ်ပါးလည်း ရှိနေသည်ဟု ဆို၏။
အသို့နည်း။
ကျိယွမ်က ပြုံးကာ သူ၏သမီးအား ပညာပေးလိုက်သည်။
"ဒါက နင်ဘယ်လောက် အသိပညာနည်းသေးလဲဆိုတာ ပြတာပဲ"
ကျိယွမ်၏ ယခင်ကမ္ဘာဖြစ်သော ကမ္ဘာဂြိုဟ်ပေါ်တွင် မြေစောင့်နတ်အား ကိုးကွယ်သူများစွာရှိပါသည်။
ချီချီက ကျိယွမ်အား နားမလည်သလိုကြည့်နေဆဲပင်ရှိ၏။
အကြောင်းမှာ နတ်ဘုရားဆိုင်ရာ တာဝန်ဝတ္တရားများရှိသော နတ်ဘုရားများသည် ရှားပါးပြီး မြင့်မြတ်သူများချည်းသာဖြစ်ကြသည်။
ချီချီသည် စိုက်ပျိုးရေးနတ်ဘုရားယိုလုံ၏ နတ်ဘုရားနည်စနစ်ကို ကိုးကွယ်သူအများအပြားက ကျင့်ကြံခဲ့ကြသည်ကို သိပြီးသားပင်။
သူမသည် မွေးစားဖခင်၏နယ်မြေမှ သီးနှံအထွက်နှုန်းပြဿနာကိုဖြေရှင်းရန် ကြံစည်ရာ၌ စိုက်ပျိုးရေးနတ်ဘုရား ယိုလုံ၏ နတ်ဘုရားစွမ်းအင်ကို အသုံးပြုရန် တွေးတောခဲ့သော်လည်း နောက်ဆုံးတွင် မလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
လူပေါင်းများစွာက ပုံရိပ်ဖော်ထားပြီးသားဖြစ်နေသဖြင့် ထိရောက်မှု မရှိသလောက် ဖြစ်နေသောကြောင့်ပင်။
" ရှောင်ရွှယ်ကို လယ်ကွင်းတွေဆီ ခေါ်သွားပြီး စမ်းသပ်ကြည့်သင့်တယ်"
ကျိယွမ်က ထပ်မံရှင်းပြခြင်းမပြုဘဲ အကြံပြုလိုက်သည်။ သူသည် ကျိယွမ်ကျမ်းကို ရေးသားနေရသလို မည်သည့်ရွာကို သွားရောက်ပွဲခံရမည်ကို စီစဉ်နေသဖြင့် အလုပ်များနေသဖြင့် အသေးစိတ်ရှင်းပြရန်အချိန်မရှိပါ။
ချီချီသည် ရှောင်းရွှယ်ကို ခေါ်ဆောင်သွားရင်းမှ မကြာသေးခင်က ခွေးနက်ကြီးသည် သူ၏သခင်ဖြစ်သူကျူးရှိကျုံး ကို ဖိချထားခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရနေမိ၏။
"ရှောင်းရွှယ်၊ အခု နင် ခရမ်းရောင်စံနန်းတော်အဆင့်ကို ရောက်သွားပြီဆိုတော့ ငါ့ကို အနိုင်ယူမှာတော့ မဟုတ်ဘူးနော်"
"သခင်မလေး၊ ကျွန်မ ဘယ်တော့မှ မလုပ်ပါဘူး"
ရှောင်းရွှယ်က စိုးရိမ်တကြီး လက်ကာပြကာ လျင်မြန်စွာ ပြန်ဖြေသည်။သူမက သခင်မလေး၏ ကျေးဇူးကို မည်သောအခါမှ မမေ့ပါ။ထို့အပြင် ယခုအခြေအနေသို့ရောက်လာခြင်းကလည်း သခင်မလေး၏ မိက်နှာကြောင့်သာ နတ်ဘုရားက သူမကိုယုံကြည်ခဲ့ခြင်းဖြစ်သည်။
ထိုအခါမှသာ ချီချီက စိတ်သက်သာသလို ပြုံးနိုင်သွားခဲ့သည်။
"နင် အခုဘယ်လို ခံစားရလဲ"
ရှောင်းရွှယ်က တွေဝေသွားပြီး အတန်ကြာမှ ခေါင်းရမ်းပြ၏။
"ကျွန်မလည်းမပြောတတ်ဘူး ၊ ပျော်တာပဲ သိတယ် "
ချီချီကခေါင်းညိတ်၏။
သူမတို့နှစ်ယောက်သည် စကားများပြောရင်မှ လယ်ကွင်းများဆီသို့ ရောက်ရှိလာကြသည်။
ယခုအချိန်၌ ချင်းရွှေရွာတွင် ရေရရှိနေပြီးဖြစ်သောကြောင့် ဂျုံနှင့်တူသောအပင်များ၊ ဆန်နှင့် ကန်စွန်းဥများ အပါအဝင် သီးနှံအမျိုးမျိုးကို စိုက်ပျိုးထားသည်။ ၎င်းတို့သည် ဘလူးစတားမှ သီးနှံများနှင့် ဆင်တူသော်လည်း အတိအကျတူညီခြင်းတော့မရှိပါ။ ဤသီးနှံများတွင် စိတ်ဝိညာဉ်စွမ်းအင် အချို့ ပါဝင်နေပြီး ကျင့်ကြံခြင်းကမ္ဘာ ဖြစ်သောကြောင့် ရာသီဥတုမရွေးစိုက်နိုင်၏။
"သခင်မလေး"
ရွာလူကြီးယွီလီက လေးစားစွာဖြင့် ချီချီကို နှုတ်ဆက်သည်။ နတ်ဘုရား၏ မွေးစားသမီးဖြစ်သည့် သူမသည် ချင်းရွှေရွာအတွက် ရတနာတစ်ပါးဟု အားလုံးကလက်ခံထားကြသည်။
ချီချီသည် ရွာသူကြီးဘေးတွင် ရိုးရှင်းသောအဝတ်အစားများဖြင့် ရပ်နေသော အမျိုးသားတစ်ဦးကို သတိပြုမိသွားကာ မေးလိုက်သည်။
"သူက ဘယ်သူလဲ"
"သခင်မလေးက စိုက်ပျိုးရေးကိစ္စတွေမှာ ကြိုးစားတာမို့ ကျွန်တော် ရှီရှားမြို့က သခင် ဆုယူဖိန်ကို ဖိတ်ခေါ်ခဲ့တာပါ။ သူက မြို့ခုနစ်မြို့ထဲမှာ စိုက်ပျိုးရေးအကျွမ်းကျင်ဆုံးဖြစ်ပြီး နတ်ဘုရားယိုလုံကို ပုံရိပ်ဖော်ရင်း အမြင်တချို့ ရရှိထားသူပါ"
ရွာသူကြီး ယွီလီက ရိုသေစွာ မိတ်ဆက်ပေး
၏။
ရှီရှားမြို့သည် ဖေးဟွမ်မြို့လက်အောက်ခံ မြို့ခုနစ်မြို့ထဲတွင် ရှေးဟောင်းနတ်ဘုရားကို ဆက်လက်ကိုးကွယ်နေဆဲဖြစ်သော တစ်ခုတည်းသောမြို့ ဖြစ်သည်။
ဆုယူဖိန်သည် ရှီရှားမြို့တွင် အလွန်လေးစားခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စိုက်ပျိုးရေးကိစ္စများကို တာဝန်ယူရသည်။ နတ်ဘုရားယိုလုံကို ပုံရိပ်ဖော်ရာတွင် သူ၏အောင်မြင်မှုများမှာ ထင်ရှားလှသည်။ ယို့လုံက်ု လူအများအပြားက စိတ်ကူးပုံဖော်ကြသော်လည်း အချို့ကသာ အဆင့်မြင့်မြင့်အောင်မြင်ခဲ့ကြပြီး သူသည် ထိုသူအနည်းငယ်ထဲမှ တစ်ဦးဖြစ်လေသည်။
ဆုယူဖိန်သည် ချင်းရွှေရွာ၏ လယ်ကွင်းများကို ကြည့်ကာ သက်ပြင်းချ၏။
"မြေကြီးက အရမ်းညံ့ဖျင်းနေတယ်။ ကျွန်တော် အစွမ်းကုန် ကြိုးစားရင်တောင် အထွက်နှုန်းကို တစ်ဝက်လောက်ပဲ တိုးပေးနိုင်မှာပါ"
ယွီလီသည် သူ၏မှတ်ချက်ကြောင့် အံ့သြခြင်းမရှိပါ။
"ဒါဆိုရင်တောင် အတော်လေး ကောင်းမွန်နေပါပြီ"
သူတို့ဘေးတွင် ရပ်နေသော ချီချီသည် ရှောင်းရွှယ်ကို ကြည့်ကာ မေးဆက်ပြသည်။
"မွေးစားအဖေက နင့်ရဲ့ မူလနတ်ဘုရားစွမ်းအားဟာ စိုက်ပျိုးရေးနဲ့ ဆက်စပ်နေတယ်လို့ မပြောဘူးလား ၊ နင် စမ်းကြည့်ချင်လား"
ထိုအခါမှ ယွီလီသည် ရှောင်းရွှယ်ကို သတိထားမိသွားပြီး သူ၏မျက်လုံးများက မယုံနိုင်ခြင်းများဖြင့်ပြည့်နှက်သွားခဲ့သည်။
သူတို့ မနေ့ကမှ ပွဲတော်အတူတူ စားခဲ့ကြပြီး ရှောင်ရွှယ်သည် အမြုတေအဆင့်သာ ရှိခဲ့သည်မဟုတ်ပါလား။
ယခုတော့ ခရမ်းရောင်နန်းတော်အဆင့် ဖြစ်နေ၏။
ရုတ်တရက်ကြီး ဘယ်လို ရောက်သွားတာလဲ။
နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်အသစ်လား။
ယွီလီသည် သူတိူ့၏နတ်ဘုရားကို အလွန်အံ့သြသွားခဲ့သည်။
ဆုယူဖိန်သည်လည်း ရှောင်ရွှယ်ကို လှမ်းကြည့်ကာ လေးစားစွာဖြင့် နှုတ်ဆက်၏။
"ဒီလိုနေရာလေးမှာ ကျင့်ကြံခြင်းတူတဲ့သူတစ်ယောက်ကို တွေ့ရမယ်လို့ မထင်ထားဘူး"
ရှီရှားမြို့တွင် ခရမ်းရောင်နန်းတော်အဆင့်ရှိသူများစွာရှိသဖြင့် ဆုယူဖိန်သည် ထိုအဆင့်ရှိသူတစ်ဦးအပေါ် အလွန်အကျွံ အထင်ကြီးခြင်းတော့မရှိပါ။
သူသည် ရှောင်းရွှယ်သည်လည် နတ်ဘုရားယိုလုံကို ပုံရိပ်ဖော်ထားပြီး စိုက်ပျိုးရေးအကြောင်း တစ်ခုခု သိသည်ဟု ယူဆမိလိုက်၏။
"ကံမကောင်းတာက နတ်ဘုရားယိုလုံကို ပုံရိပ်ဖော်သူတွေက အရမ်းများနေတယ်။ ကိုယ်တိုင် စစ်မှန်နတ်ဘုရား ဖြစ်လာရင်တောင် သီးနှံအထွက်နှုန်းကို ခြောက်ဆယ်ကနေ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ တိုးမြှင့်ပေးနိုင်တယ်"
ဆုယူဖိန်က စိတ်ပျက်စွာညည်းညူသည်။
ရှောင်ရွှယ်ကတော့ စိတ်မပျက်ပါ။သူမက စမ်းသပ်လိုစိတ်ပြင်းပြနေ၏။
"ကျွန်မ စမ်းကြည့်ပါရစေ"
ဆုယူဖိန်က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မူလနတ်ဘုရားစွမ်းအင်ကို ထုတ်လွှတ်ရန် ပြင်ဆင်နေသည်ကို စိတ်ဝင်တစား ကြည့်နေသည်။
သို့သော် ရှောင်းရွှယ်က ရုတ်တရက် ချီချီအားကြည့်ကာ အားနာသလိုသလို တောင်းဆိုလိုက်သည်။
"သခင်မလေး၊ ကျွန်မရဲ့ မူလနတ်ဘုရားစွမ်းအင်က...။ သခင်မလေးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်"
မျှော်လင့်ခြင်းကြီးစွာ ကြည့်နေသော ယွီလီသည် တုန်လှုပ်သွားသည်။ ဆုယူဖိန်သည်လည်း အံ့အားသင့်သွား၏။
ပူးပေါင်းဆောင်ရွက်မှု လိုအပ်တဲ့ နတ်ဘုရားစွမ်းအင်လား။
သူတို့ တစ်ခါမှ မကြားဖူးကြပါ။
"ငါ ဘယ်လို ကူညီရမလဲ"
ချီချီကလည်း အလွန်စိတ်ဝင်စားလာပြီး တက်ကြွစွာ မေးသည်။
"သခင်မလေး မွေးစားအဖေရဲ့မြေပေါ်မှာ သီးနှံကောင်းကောင်း ရိတ်သိမ်းရဖို့ ဆုတောင်းပေးပါ"
ရှောင်းရွှယ်က ပြန်ဖြေသည်။
"ဒါပဲလား"
ချီချီက စိတ်ရှုပ်ထွေးသော်လည်း ရှောင်းရွှယ်၏ ညွှန်ကြားချက်ကို လိုက်နာပြီး ဆုတောင်းလိုက်သည်။
"မွေးစားအဖေရဲ့ မြေပေါ်ရှိ သီးနှံအားလုံး သန်စွမ်းပါစေ၊ ရိတ်သိမ်းမှုများစွာ ရရှိပါစေ၊ အထွက်နှုန်း သိသိသာသာ တိုးလာပါစေ"
ရှောင်းရွှယ်သည် သူမ၏မျက်လုံးများကို မှိတ်လိုက်ပြီး ထူးခြားသော အရှိန်အဝါတစ်ခုသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
သူမ၏ နတ်ဘုရားစွမ်းအင်သည် အမှန်တကယ်ပင် ထူးခြားလေသည်။
ထိုစွမ်းအင်ထဲမှ တစ်ခုသည် မြေကြီးကို ကောင်းကင်နှင့် ချိတ်ဆက်ကာ လူများ၏ ဆုတောင်းချက်များကို ကောင်းကင်သို့ ပို့ဆောင်ပေးခြင်း ဖြစ်၏။
ရှောင်းရွှယ်ကိုယ်တိုင်ပင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။
ဒီလောက်နဲ့ အလုပ်ဖြစ်ပါ့မလား။
ထိုအချိန်မှာပင် ကောင်းကင်က တုံ့ပြန်တစ်ခုဖြစ်ပေါ်လာသည်ကို သူမခံစားမိ၏။
ချီချီသည် ရှောင်ရွှယ်ကို ကြည့်ကာ သိချင်စိတ်ပြင်းစွာ မေးသည်။
"ဘယ်လိုလဲ"
ဆုယူဖိန်ကလည်း မနေနိုင်စွာ မှတ်ချက်ချမိလိုက်သည်။
"ဒီလိုမျိုးကို ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ..."
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ရှောင်းရွှယ်၏ အရပ်သည် ကျုံ့သွားပြီး ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ ဖြစ်သွားသည်။ သူမ၏ လက်ထဲတွင် ထူးခြားသော စွမ်းအင်အမှုန်တစ်ခု ပေါ်လာခဲ့သည်။
သူမသည် မျက်လုံးများကို ဖွင့်လိုက်ကာ အခွင့်အာဏာဖြင့် ပြည့်နှက်နေသော်လည်း ကြင်နာမှုလည်းရှိသော အသံဖြင့် ဖြေးညင်းစွာ ပြောလိုက်၏။
"ကောင်းကင်ဘုံ၏ အမိန့်တော်အရ ဤနေရာတွင် ရာသီဥတု ကောင်းမွန်၍ သီးနှံများ ပေါများစေ"
ထူးခြားသော စွမ်းအင်အမှုန်များသည် သူမ၏ လက်ထဲမှ ပျံထွက်သွားပြီး လယ်ကွင်းများပေါ်သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုမှတစ်ဆင့် ချင်းရွှေရွာ၏ လယ်ကွင်းများသာမက ရှီးကျားရွာ ၊ ချန်ရှီးရွာနှင့် အခြားရွာများ၏ လယ်ကွင်းများပေါ်သို့ပါ လျှင်မြန်စွာ ပျံ့နှံ့သွားလေ၏။
"ဒါက ဘာလဲ..."
ဆုယူဖိန်သည် ပျံ့နှံ့နေသော စွမ်းအင်များကို ကြည့်ရင်း စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်သည်။
"စိုက်ပျိုးရေးဆိုတာ မိုးရွာစေတာ၊ မြေဩဇာကျွေးတာ၊ မြေဆွပေးတာ၊ ပေါင်းသင်တာနဲ့ ပိုးမွှားနှိမ်နင်းတာတွေ မဟုတ်ဘူးလား၊ ဒီကောင်မလေး ဘာလုပ်နေတာလဲ"
သူက ထိုအရာက အဓိပ္ပါယ်မဲ့သည်ဟု ထင်သွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြူးကျယ်ကုန်သည်။
စွမ်းအင်သည် လယ်ကွင်းများပေါ်သို့ ကျရောက်သွားပြီးနောက် အံ့ဩဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသောကြောင့်ပင်။
အပင်ပေါက်စလေးများသာ ရှိသေးသော သီးနှံများသည် မြင်သာသောနှုန်းဖြင့် ကြီးထွားလာကြသည်။ ပင်စည်များသည် ထူထဲလာပြီး အကိုင်းအခက်များ ဆက်လက်ထွက်ပေါ်လာသည်။ တစ်ချိန်က ညံ့ဖျင်းခဲ့သော လယ်ကွင်းများသည် စိမ်းလန်းစိုပြေလာ၏။ ပျိုးပင်များသည် နှစ်ပေါင်းများစွာက စ်ုက်ပျိုးထားသလို အရွယ်ရောက်ကုန်၏။
"ဒါက... စွမ်းအင်သုံးပြီး အတင်းအကျပ် ကြီးထွားစေတာလား"
ဆုယူဖိန်က အာမေဋိတ်ပြုလိုက်ပြီးမှ မှတ်ချက်ချ၏။
"ဒါပေမယ့် ဒီနည်းစနစ်က သီးနှံတွေကို မြန်မြန်ဆန်ဆန် ကြီးထွားစေရုံပဲ၊ အသီးအနှံ တွေကြတော့ တကယ်မသီးဘူး"
ဆုယူဖိန်သည် သူမြင်နေရသောအရာများက "အတင်းအကျပ် ကြီးထွားစေခြင်း" ကြောင့်သာဖြစ်နိုင်သည်ဟု တွေးမိခဲ့သည်။
အပင်တွေမြန်မြန်ကြီးဖို့ စွမ်းအင်သုံးပြီး ဖန်တီးတာပဲ ။ အသုံးမဝင်ပါဘူး။
ချီချီသည်လည်း မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားသည်။ သူမကလည်း ထုံအသူမဟုတ်ပါ ။ အတင်းအကြပ်ကြီးထွားခြင်းနည်းသည် အသီးအနှံများကို အကျိုးမပြုပါ။
ဒါကိုများ ငါ့ကိုဆုတောင်းခိုင်းနေရသေးတယ်။
သို့သော် ချကိချင်းလိုလိုပင် သူမ၏ သံသယအားလုံး ပျောက်ကွယ်သွားရ၏။
"အတင်းအကျပ်" ကြီးထွားလာသည်ဟု ထင်ရသော သီးနှံပင်များသည် အသီးများ သီးလာကြသည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ဂျုံ၊ ဆန်နှင့် အခြားသီးနှံများသည် လယ်ကွင်းများကို ပြည့်နှက်သွားကြပြီး ၎င်းတို့၏ ရွှေရောင်အဆင်းသည် ရွှေလှိုင်းလုံးများကဲ့သို့ တောက်ပနေသည်။
အပင်တိုင်း၏ အကိုင်းအခက်များသည် အသီးအနှံများဖြင့် လေးလံစွာ ပြည့်နှက်နေ၏။
မြင်ရုံဖြင့်ပင် လယ်မြေများ၏ အထွက်နှုန်းသည် သာမန်ကြီးထွားမှုထက် များစွာ သာလွန်သည်ကို မည်သူမှမငြင်းနိုင်ပါ။
"ဒါက အတင်းအကျပ် ကြီးထွားစေခိုင်းမဟုတ်ဘူးပဲ ၊ ဒါ ..ဒါက ဘာဖြစ်နေတာလဲ"
ဆုယူဖိန်သည် နားမလည်န်ုင်စွာ စပါးတစ်ဆုပ်ကို ဆွဲယူပြီး စူးစမ်းကြည့်ရှုမိသည်။
ကောင်းတယ် ၊ အရည်အသွေးကောင်းရုံတင်မဟုတ်ဘူး ၊ ပိုပြီးတောင် ကောင်းလာတာ။
ဆုယူဖိန်အလွန်စိတ်လှုပိရှားနေတော့သည်။
"နင့်ရဲ့ နတ်ဘုရားစွမ်းအင်က အတိအကျ ဘာလဲ၊ နင် ဘယ်နတ်ဘုရားကို ပုံရိပ်ဖော်ခဲ့တာလဲ"
တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်ညံ့ဖျင်းနေသော သီးနှံပျိုးပင်များသည် အပြည့်အဝ ရင့်မှည့်သွားကြသည်။ ထို့အပြင် အထွက်နှုန်းသည်လည်း နှစ်ဆ တိုးလာ၏။
ဤဖြစ်စဉ်နှစ်ခုထဲမှ တစ်ခုခုသည်ပင်လျှင် ကမ္ဘာကြီးကို အံ့အားသင့်စေနိုင်သည်။
ယခုနှစ်ခုလုံးတပြိုင်နက်တည်း ဖြစ်လိုက်သောအခါ အသ်ဉာဏ်က လိုက်မမှီသဖြင့် ရူးသွားနိုင်၏။
"ဒီ နတ်ဘုရားစွမ်းအင်ကို ကောင်းကင်နဲ့မြေကြီးကို ချိတ်ဆက်ခြင်း လို့ ခေါ်ပါတယ်။ ကျွန်မ ပုံရိပ်ဖော်ခဲ့တဲ့ နတ်ဘုရားကို မြေစောင့်နတ် လို့ ခေါ်ပါတယ်"
ရှောင်းရွှယ်က အရာအားလုံးကို ဖုံးကွယ်ထားရန် မလိုဟု ယူဆသောကြောင့် အမှန်အတိုင်း ရှင်းပြလိုက်သည်။
"မြေစောင့်နတ်လား"
ဆုယူဖိန်သည် ထိုအမည်ကို ရေရွတ်ကြည့်ပြီး တော်တော်လေးရှုပ်ထွေးနေ၏။
"ဒီလို နတ်ဘုရားမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ ၊ငါ တစ်ခါမှ မကြားဖူးပါဘူး"
သူသည် ရှီရှားမြို့တွင် စိုက်ပျိုးရေးကို တာဝန်ယူသူများထဲတွင် တတိယနေရာ၌ ရှိသည်။ စိုက်ပျိုးရေးနတ်ဘုရားများအကြောင်းကို တော်တော်များများ ဗဟုသုတကြွယ်ဝသော်လည်း မြေစောင့်နတ်ဆိုသောအမည်သည် သူ့အတွက် လုံးဝစိမ်းသက်နေသည်။
ထိုမြေစောင့်နတ်သည် စိုက်ပျိုးရေးအပေါ် သြဇာအာဏာ အနည်းငယ်သာရှိပါက သူက ခုလောက်ကြီး ထိတ်လန့်အံ့သြနေမည်မဟုတ်ပါ။
သို့သော် မြေစောင့်နတ်၏ အခွင့်အာဏာသည် နတိဘုရားယိုလုံနှင့် အတူတူနီးပါး ရှိနေပုံရသည်။ ပြဿနာက သူက ထိုအမည်ကို လုံးဝ မကြားဖူးခြင်းပင်။
ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပါးအကြောင်းကို ငါဘာလို့ တစ်ခါမှ မကြားဖူးတာလဲ။
ဆုယူဖိန်သည် နားမလည်ခြင်းများနှင့် မေး၏။
"ဒီ မူလနတ်ဘုရားစွမ်းအင်က တစ်ကြိမ်ပဲ အသုံးပြုနိုင်တဲ့ စွမ်းအားလား"
သူသည် အားနည်းသွားပုံရသော ရှောင်းရွှယ်ကို သတိထားမိသည်။
"ဟုတ်ပါတယ်... ကျွန်မအရမ်းပင်ပန်းနွမ်းနယ်နေပါပြီ"
ရှောင်းရွှယ်က ဝန်ခံ၏။
ဆုယူဖိန်မှာ စိတ်သက်သာရာ ရသလို သက်ပြင်းချမိသည်။
ထင်တဲ့အတိုင်းပဲ ၊ဒီလောက်ကြီးမားတဲ့စွမ်းရည်က တစ်ခါသုံးမို့လို့ တော်သေးတာပေါ့။
ရှောင်းရွှယ်က သူမ၏ဗိုက်ကို ပွတ်ကာ ဆက်ပြောလိုက်သည်။
"ပင်ပန်းလိုက်တာ ၊ ပြန်လည်နာလန်ထူပြီး နောက်ထပ်အသုံးပြုနိုင်ဖို့အတွက်ဆိုရင် ဝက်တစ်ကောင်လုံး စားဖို့ လိုအပ်ပါတယ်"
"ဘာ.."
ဆုယူဖိန်မှာ လန့်ပြီးလယ်ကွင်းထဲသို့ ခုန်ချမိမတတ်ဖြစ်သွား၏။
ပြန်သုံးလို့ရတာကြီးလား။
ချီချီကတော့ ရှောင်းရွှယ်အားကြည့်ကာ ခေါင်းခါ၏ ။
သူ့နတ်ဘုရားကလည်း ဝက်သားကိုပဲ ကြိုက်တာလား။
ထိုအချိန်တွင် ချင်းရွှေရွာ၏ နတ်ကွန်းထဲတွင် ကျိယွမ်၏ မျက်လုံးများသည် သိလိုစိတ်ဖြင့် တောက်ပနေသည်။ သူ၏ လက်ထဲရှိ မြေနတ်ဘုရားနည်းစနစ်သည် ရွှေရောင်အလင်းဖြင့် တောက်ပနေဆဲဖြစ်၏။
"ဒီ နည်းစနစ်ကို တခြားသူတွေလည်း အသုံးပြုနိုင်တယ်၊ ရှောင်းရွှယ်ရဲ့စွမ်းရည်လောက်တော့ ထိရောက်မှု မရှိနိုင်ပေမယ့်၊ တော်တော်လေးတော့ ကောင်းနေဦးမှာပဲ"
ကျိယွမ်သည် ရွာတိုင်းအတွက် မြေစောင့်နတ်တစ်ပါး သတ်မှတ်ပေးရန် အချိန်တန်ပြီဟု တွေးလိုက်သည်။
မြေစောင့်နတ်သည် စိုက်ပျိုးရေးကို ကြီးကြပ်ရုံသာမက နယ်မြေအတွင်း၌ ငြိမ်းချမ်းရေးကိုလည်း ထိန်းသိမ်းပေးသည်။
ထို့အပြင် သူသည် ထက်မြတ်သော နားများရှိပုံရပြီး မည်သည့် အနှောင့်အယှက်ကိုမဆို အမြဲ သတိပြုမိတတ်သည်။
အနောက်သို့ ခရီးသွားခြင်းတွင် စွန်းဝူခုန်း သည် ပြဿနာတစ်ခုခု ရှိလာတိုင်း သတင်းအချက်အလက်အတွက် မြေစောင့်နတ်ကို မကြာခဏ ရှာဖွေလေ့ရှိသည်မဟုတ်ပါလား။
ကျိယွမ်က ခေါင်းညိတ်လိုက်သည်။
ဒီအတိုင်းပဲ လုပ်မယ်။
.............
ရှီရှားမြို့သို့ ဆုယူဖိန်သည် လေးလံသော နှလုံးသားဖြင့် ပြန်ရောက်လာသည်။
သူက မြို့ထဲရောက်သည်နှင့် အိမ်မပြန်ဘဲ နတ်ကွန်းသို့ တန်းသွားခဲ့သည်။
"နတ်ဘုရားကို ဂါရဝပြုပါတယ်"
ရှီရှားမြို့၏ နတ်ဘုရားဖြစ်သော ရူယွီ သည် ခရမ်းရောင်နန်းတော် အထွတ်အထိပ်တွင်ရှိသည်။
အဖြူရောင် ဝတ်စုံဝတ်ထားသော ရူယွီသည် မျက်လုံးများချိုင့်ဝင်နေပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရ၏။
"မင်း ချင်းရွှေရွာက ရှေးဟောင်းနတ်ဘုရားနဲ့ တွေ့ခဲ့လား"
ရူယွီက မေးသည်။
ရှီရှားမြို့မှလွဲ၍ အခြားမြို့များနှင့် ရွာအများစုသည် နတ်ဘုရားအသစ်များကို ကိုးကွယ်နေကြလေပြီ။ ချင်းရွှေရွာ၏ မူလနတ်ဘုရားကတော့ နတ်ဘုရားအသစ်များစွာကို သတ်ပစ်ခဲ့သောကြောင့် အာရုံစိုက်စရာဖြစ်လာ၏။
များစွာသောနတ်ဘုရားများသည် ယခုအခါ သူ့ကို သတိပြုမိနေကြသည်ဟု ဆိုနိုင်ပါသည်။
သို့သော် ချင်းရွှေရွာသည် ကွမ်ဖုန်းမြို့နှင့် သက်ဆိုင်သောကြောင့် အခြား အစွမ်းထက်သော နတ်ဘုရားအသစ်များသည် မူလနတ်ဘုရားကို မတိုက်ခိုက်ကြသေးပါ။
"မတွေ့ခဲ့ရပါဘူး၊ ဒါပေမယ့်... ဒီနေ့ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်"
ဆုယူဖိန်သည် သီးနှံများဖြစ်ရပ်ကို အနည်းငယ် တင်ပြလိုက်၏။
"တကယ်လား သေချာပြောစမ်း"
ရူယွီသည် စိတ်ဝင်စားမှု အနည်းငယ် ပြသလာသည်။
ဆုယူဖိန်သည် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ရူယွီအား အသေးစိတ် ပြောပြလိုက်သည်။
အားလုံးကို နားထောင်ပြီးသောအခါ ရူယွီ၏ မျက်လုံးများ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"နတ်ဘုရားယိုလုံထက်တောင် အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပါး၊ စိုက်ပျိုးရေးကို အုပ်ချုပ်သူလား၊ ထူးဆန်းလိုက်တာ၊ ဒီလိုနတ်ဘုရားမျိုးအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး"
ရှုယီသည် ငြိမ်သက်သွားကာ အတိတ်ဘဝမှတ်ဉာဏ်များကို စုစည်းလိုက်သည်။ သူ မသေဆုံးမီက အမှတ်တရများက ပြန်လည်အသက်ဝင်လာ၏။
အတန်ကြာရှာဖွေပြီးနောက် သူက ခေါင်းခါယမ်းခဲ့သည်။
"မရှိဘူး"
မြေနတ်ဘုရားအကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပါ။
"ဒီနတ်ဘုရားသာ ကျွန်တော်တို့ ရှီရှားမြို့ကို လာမယ်ဆိုရင် နှစ်စဉ် သီးနှံအထွက်နှုန်း အဆပေါင်းများစွာ တိုးလာပြီး ဘယ်သူမှ ဆာလောင်မှုအတွက် စိုးရိမ်စရာ မလိုတော့ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်"
ဆုယူဖိန်က စိတ်လှုပ်ရှားစွာ ပြောပြီး အလွန်တက်ကြွနေသည်။
ရူယွီက သဘောတူသလို ခေါင်းညိတ်ပြသည်။
"အင်း"
သူက သဘောတူသော်လည်း အထူးတလည် စိတ်လှုပ်ရှားနေပုံတော့ မပေါ်ပါ။
စိုက်ပျိုးရေးအထွက်နှုန်း ဘယ်လောက်ပဲ ကောင်းကောင်း၊ ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ တိုးလာရင်တောင် လက်ရှိအခြေအနေကိုတော့ ပြောင်းလဲနိုင်မည် မဟုတ်ပါ။
ယခုအချိန်တွင် အခြားမြို့ခြောက်မြို့ထံမှ ခြိမ်းခြောက်မှုသည် သူတို့အပေါ် အမြဲကျရောက်နေသည်။
ရှေးဟောင်းနတ်ဘုရား ယွမ်ကလည်း ပေါ်မလာတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။
ဖေးဟွမ်မြို့ကြီးတစ်ခုလုံးပင် လျှို့ဝှက်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး နေရာတိုင်း၌ ရန်သူ၏လက်အောက်ခံများက ပုန်းကွယ်နေ၏။
စစ်ရေးအင်အားကသာ လက်ရှိ အကျပ်အတည်းကို ချိုးဖျက်နိုင်ပါလိမ့်မည်။
ချင်းရွှေရွာတွင် အလွန်ကောင်းမွန်သော ရိတ်သိမ်းမှုများ၊ စားနပ်ရိက္ခာများစွာ ရှိနေသည့်တိုင် ကွမ်ဖုန်းမြို့၏ မိစ္ဆာနတ်ဘုရားဖြစ်သော ဝံပုလွေနတ်ဘုရားရှဲလန်ကသာ ဆန္ဒရှိပါက ထိုအရင်းအမြစ်များအားလုံး သူ့လက်ထဲသို့ ကျရောက်သွားမည် မဟုတ်ပါလား။
"မူလနတိဘုရားကိုရော မင်း ဘယ်လိုထင်လဲ"
ရူယွီ၏ အမေးစကားကို ဆုယူဖိန်က အနည်းငယ်စဥ်းစားပြီး ပြန်ဖြေသည်။
"ဒီ ရှေးဟောင်းနတ်ဘုရားဟာ ရှေးခေတ်ကာလမှာ အဆင့်အတန်းမြင့်မားခဲ့ရမယ်။ အခု သူက နတ်ဘုရားပုံရိပ်နှစ်ခုကို ဖန်တီးထားသလို နှစ်ခုစလုံးက ရှားပါးပြီး တန်ဖိုးရှိတယ်။ ဆယ်စုနှစ်အနည်းငယ်လောက် ပေးလိုက်ပြီး စစ်မှန်နတ်ဘုရားဖြစ်စေမဲ့ ရတနာတွေနဲ့ဆိုရင် သူဟာ ရှေးဟောင်းနတ်ဘုရား ယွမ်လိုပဲ အနာဂတ်မှာ စစ်မှန်နတ်ဘုရား ဖြစ်လာနိုင်ပါတယ်"
"အင်း..."
လက်ရှိအချိန်တွင် ရူယွီအတွက် စိုးရိမ်မှုကို ပိုတိုးစေသောကိစ္စများရှိနေ၏။
မကြာသေးမီက မိသားစုကြီးငါးစုသည် အခြားမြို့ခြောက်မြို့မှ မိစ္ဆာနတ်ဘုရားများနှင့် လျှို့ဝှက်စွာ ဆက်သွယ်နေကြပြီး ကြီးမားသော အစီအစဉ်တစ်ခုကို ကြံစည်နေပုံရသည်။
ရူယွီသည် အန္တရာယ်ကို အာရုံနေရလေပြီ။
ကြီးမားသော အရာတစ်ခု ဖြစ်တော့မည်ဟု သူ ခံစားနေရ၏။
သူတို့အတွက် အချိန်က နည်းပါးလာပြီဖြစ်သည်။
"ချင်းရွှေရွာက ရှေးဟောင်းနတ်ဘုရားကို ဖေးဟွမ်မြို့မှာ ကြီးမားတဲ့ အရာတစ်ခု ဖြစ်နိုင်ကြောင်း ပြောပြလိုက်ပါ။ သူ ပြင်ဆင်ထားသင့်ပြီး အခြေအနေက သူ့ထိန်းချုပ်မှုထက် ကျော်လွန်သွားရင် သူ့ကိုယ်သူ ကာကွယ်ဖို့ အာရုံစိုက်သင့်တယ်"
ရူယွီက အသံတွင် မည်သည့် ခံစားချက်မျှ မပါဘဲ အကြံပေးလိုက်သည်။
ဆုယူဖိန်၏ ပျော်ရွှင်မှုများသည် ရေအေးလောင်းချလိုက်သကဲ့သို့ ရပ်တန့်သွား၏။
"အရှင်နတ်ဘုရား ၊ အခြေအနေက အဲဒီလောက်တောင် ဆိုးရွားနေတာလား"
ဆုယူဖိန်ထိတ်လန့်စွာ မေးလိုက်သည်။
သူကထိုမျှဆိုးရွားနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ရူယွီက စိတိပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ပြသည်။
" မင်းထင်ထားတာထက်တောင် ဆိုးဦးမယ်"
ချင်းရွှေရွာမှာတော့ ကျူးရှိကျုံးသည် အသက်ကြီးသူတစ်ဦး၏နောက်က လိုက်ပါလာရင်း မေးလိုက်သည်။
"ရွာလူကြီး ...အရှင်က ဒီစိုက်ပျိုးရေးကျွမ်းကျင်သူတွေကို ဘာလို့ ဆင့်ခေါ်တာလဲ"
ပတ်ဝန်းကျင်ရွာများမှ ခေါင်းဆောင်များသည် ၎င်းတို့၏ စိုက်ပျိုးရေးအကျွမ်းကျင်ဆုံး သက်ကြီးရွယ်အိုများကို ခေါ်ဆောင်လာကြသည်ကို သူမြင်နေရ၏။
"ဒီနေ့ လယ်ကွင်းတွေမှာ ဖြစ်သွားတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်နေတာလား"
ချန်ရှီးဖန်ကလည်း တစ်လမ်းလုံးစဉ်းစားလာခဲ့သည်။
လယ်ကွင်းအားလုံးရှိ သီးနှံများသည် ရုတ်တရက် အလျင်အမြန် ကြီးထွားလာပြီး ကြောက်ခမန်းလိလိသီးပွင့်ကာ ချက်ချင်း ရင့်မှည့်သွားကြသည်။ထိုအံ့ဖွယ်ရာအဖြစ်အပျက်ကြောင့် သက်ဆိုင်ရာရွာသားအားလုံးမှာ လယ်ကွင်းများဆီသို့ ပြေးလွှားကာ ကြည့်ရှုခဲ့ကြပြီး အလွန်တုန်လှုပ်နေကြရ၏။
"အရှင်က နတ်ဘုရားပုံရိပ်အသစ်ကို ဖန်တီးထားတယ်၊ အဲဒါကို စိုက်ပျိုးရေးကျွမ်းကျင်သူတွေကို ပေးသနားချင်တာပါ"
ယွီလီသည် သူ၏ဆေးတံအိုကြီးအား ဖွာရှိုက်ရင်းမှ အနည်းငယ်ပြတ်တောင်းစွာ ရှင်းပြသည် ။ သူ၏ လေသံတွင် မကျေနပ်မှုအချို့ ပါဝင်နေသည်ကို အားလုံးရိပ်မိ၏။
ဝမ်ကျုံးရှန်နှင့် ချန်ရှီးဖန်တို့က အချင်းချင်းကြည့်လိုကိမိပြီး စိတ်လှုပ်ရှားလာကြသည်။
"နတ်ဘုရားပုံရိပ်နည်းစနစ်အသစ်လား"
"စိုက်ပျိုးရေးကျွမ်းကျင်သူတွေကို ပေးသနားမှာပေါ့"
"အခုမှ စိုက်ပျိုးရေး စသင်ဖို့ဆို သူတို့က အိုနေပြီ ၊ နောက်ကျနေပြီလေ"
ရွာများမှ ခေါင်းဆောင်များသည်လည်း မိမိတို့ရွာမှ လယ်သမားအဘိုးအိုများကို အနည်းငယ် မနာလိုစိတ်နှင့် အပြစ်ရှာလာကြသည်။
နတ်ဘုရားတစ်ပါးရဲ့နတ်စွမ်းအင်တွေရမဲ့ နည်းစနစ်လေ။
ငါတို့လည်း လိုချင်တာပေါ့လို့။
အခုတော့ လယ်လုပ်သားအဘိုးကြီးတွေတဲ့လား။
ကျူရှီကျုံး၏ ခွေးပိန်လေးပင်လျှင် နတ်ဘုရားပုံရိပ်နည်းကို သင်ယူပြီးသောအခါ သူ၏ အဆင့်အတန်းသည် အလွန်မြင့်မားသွားပြီး ပွဲတော်တွင်ပင် နေရာရရှိခဲ့သည်။
ထိုအချိန်ကတည်းက သူတို့သည် အားလည်းကျသလို မနာလိုလည်း ဖြစ်ခဲ့ရ၏။
အခုတော့ အဘိုးကြီးတွေတဲ့။
သူတို့က နောက်တွင်ကုပ်ချောင်းချောင်းနှင့်ပါလာသော လယ်သမားအိုကြီးများကို မကြည်သလိုကြည့်မိကြသည်။
လယ်သမားအဘိုးအိုကြီးများမှာ ထိုသတင်းကို ကြားသောအခါ မယုံနိုင်သလိုခံစားရကာ အလွန်ဝမ်းမြောက်သွား၏။
"ဒါဆို ငါလည်း နတ်ဘုရားစွမ်းအင်တစ်ခုကို သင်ယူဖို့ အခွင့်အရေး ရမယ်လို့ ဆိုလိုတာလား"
"ငါတို့ရဲ့အရှင်က တကယ်ကို စစ်မှန်တဲ့နတ်ဘုရားပဲ"
လယ်သမားအိုကြီးများသည် ပျော်ရွှင်လွန်း၍ ပွဲခံနေသည်မှာ ကောင်းကင်ဘုံသို့ ရောက်နေသကဲ့သို့ပင်။
ယွီလီနှင့်တစ်ကွ အခြားသူများကတော့ အဘိုးကြီးများကို မျက်စိနောက်သလို ကြည့်နေကြ၏။
မကြီးမငယ်တွေနဲ့ အရှက်ကိုမရှိဘူး။
ထို့နောက် ယွီလီ၏ ဦးဆောင်မှုဖြင့် သူတို့သည် နတ်ကွန်းသို့ရောက်လာ၏။
"ဖြည်းဖြည်းဝင်ပါ "
" တန်းစီမယ်"
"ဆူညံတာတွေကို အရှင်ကသဘောမကျဘူး"
နဂိုကမှ စိတ်မကြည်သော ရွာလူကြီးများက အမိန့်တွေစွတ်ပေးနေသော နတ်ကွန်းတာဝန်ခံရှန်ထူကို နားရင်းအုပ်ချင်သွားကြသည်။
ဒီကောင် သူ့ဂွင်ထဲရောက်တာနဲ့ အစွမ်းတွေပြလာပြီ။
နေနှင့်ဦးပေါ့ကွာ။
သူတို့ နတ်ကွန်းအတွင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာပြီး ပထမဦးစွာ ဂါရဝပြုပြီးနောက် အတွင်းသို့ ဆက်လက် ဝင်ရောက်ကြသည်။
အတွင်းသို့ရောက်သောအခါ နည်းစနစ်အသစ်တစ်ခုကို ဖန်တီးနေသော ကျိယွမ်ကို တွေ့လိုက်ရ၏။
"ရောက်လာကြပြီလား"
ကျိယွမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး လူဆယ်ဦးခန့်ကိုကြည့်ကာ လိုရင်းကို တိုက်ရိုက်ပြောသည်။
"ဒါတွေက စိုက်ပျိုးရေးကျွမ်းကျင်သူတွေလား"
"ဟုတ်ပါတယ် အရှင်"
"ဒီနားမှာတော့ ကျွန်တော်တို့က အကျွမ်းကျင်ဆုံးပါပဲ"
လယ်သမားကြီးများသည် သူတို့၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ဘဲ လျင်မြန်စွာ ပြန်ဖြေကြ၏။
"ဒီ နတ်ဘုရားပုံရိပ်နည်းစနစ်ကို ကျင့်ကြံဖို့အတွက် ခင်ဗျားတို့ကို ပေးမယ်"
ကျိယွမ်သည် တောက်ပနေသော ရွှေရောင် အလင်းတန်းကို လေထဲသို့ ပစ်တင်လိုက်သည်။
အဘိုးကြီးများက ထိုအလင်းတန်းကို သူတို့၏အသက်လောက်တန်ဖိုးထားကာ ခံယူကြ၏။
ယွီလီ၊ ကျူးရှီကျုံး ၊ ဝမ်ကျုံးရှန်နှင့် ချန်ရှီးဖန်တို့၏ မျက်လုံးများသည် ထိုမြင်ကွင်းကို မြင်သောအခါ မနာလိုစိတ်ဖြင့် နီရဲလာသည်။
ဒီလိုရွှေရောင်အလင်းတန်းရှိတဲ့ နည်းစနစ်။
သေချာပေါက် စစ်မှန်နတ်ဘုရားဖြစ်လာနိုင်မဲ့ အခွင့်အရေးကြီး။
ငါတို့က ဘာလို့မရကြတာလဲ။
သူတို့သည် မနာလိုရာမှ အားကျမှုကပိုလာပြီး ချန်ရှီးဖန်ဆိုလျှင် သွားရည်များပင်ကျနေသည်။
လယ်သမားအိုကြီးများသည် လျင်မြန်စွာ ဒူးထောက်ကာ ကျေးဇူးတင်လိုက်ကြပြီး နတ်ဘုရားပုံရိပ်နည်းစနစ်ကို စတင် စိတ်ကူးပုံဖော်ကြတော့သည်။
ထိုအချိန်တွင် ဘေးမှ ရပ်ကြည့်နေသော သာဖိုမှုးချန်ရှီးဖန်သည် ကျိယွမ်အား အသနားခံသလိုကြည့်ကာ မေးလ်ုက်သည်။
"နတ်ဘုရားအရှင်.. ကျွန်တော်လည်း ခွေးနက်ကြီးရဲ့ နတ်ဘုရားနည်းစနစ်ကို စိတ်ကူးပုံဖော်လို့ မရဘူးလား၊ ကျွန်တော့်အိမ်မှာ ရွာထဲက ခွေးတွေကို ခေါ်ထားပြီး သူတို့ဆီကသင်ယူနေပါတယ် အခုဆို ခွေးအကျင့်တွေ တော်တော်တတ်နေပါပြီ "
"ဘာကွ...."
ကျူးရှိကျုံးသည် ချန်ရှီးဖန်၏ မျက်နှာပြောင်တိုက်မှုကို မြင်သောအခါ အလွန်ဒေါသထွက်သွားသည်။
ခွေးနက်ကြီးရဲ့ မူရင်းပိုင်ရှင်က ငါကွ။ဒီကောင်က ဘာသဘောလဲ။ ခွေးကျင့် ခွေးကြံကြံနေတာလား။
သူကလည်း လျင်မြန်စွာ ထရပ်လိုက်ပြီး တောင်းဆိုလိုက်သည်။
"နတ်ဘုရားအရှင် ..ကျွန်တော်က မကြာသေးခင်ကပဲ နတ်ဘုရားခွေးနဲ့ သစ္စာဆိုပြီး အခုဆို ခွေးညီအစ်ကိုတွေဖြစ်နေကြပါပြီ။
သင်စရာရှိရင် သူရဲ့ညီဖြစ်တဲ့ကျွန်တော်ကသာ ပိုပြီးသင့်တော်ပါတယ်၊ ခွေးလိုဟောင်တတ်ရုံနဲ့တော့ နည်းစနစ်ကို ခွဲဝေပေးဖို့ မသင့်တော်ပါဘူး"
ကျူးရှိကျုံးအား ရှန်ရှီးဖန်အား မျက်ထောင့်နီကြီးနှင့်လှမ်းကြည့်၏။
ကျူးရှိကျုံးကလည်း ဘာတတ်နိုင်သေးလဲဟူသော အကြည့်ဖြင့် ပြန်ကြည့်လေသည်။
ကျိယွမ်က ကလေးများမုန့်လုသလိုလုပ်နေသော ထိုနှစ်ယောက်ကိုကြည့်ကာ ရယ်ချင်သွားခဲ့သည်။
ဒီကောင်က မုန့်ဆီကြော်ကဘယ်နေမှန်းမသိသေးဘူး နှုတ်ခမ်းအနာနဲ့တည့်ပါ့မလား လုပ်နေကြတာပဲ။ ငါက သင်ခွင့်ပြုမယ်တောင် မပြောရသေးဘူးလေ။
"အဲဒီ နတ်ဘုရားစွမ်းအင်က အကန့်အသတ်ရှိတယ်၊၊စစ်မှန်နတ်ဘုရားတစ်ပါးကိုပဲ ဖန်တီးနိုင်တာကြောင့် မင်းတို့ကို ကျင့်ခွင့်မပြုနိုင်ဘူး"
ခရမ်းရောင်နန်းတော်ကျင့်ကြံသူဆယ်ဦး ဖန်တီးခြင်းသည် စစ်မှန်သောနတ်ဘုရားတစ်ပါး ဖန်တီးခြင်းလောက် တန်ဖိုးမရှိပါ။ထို့ကြောင့် သူကဖြုန်းတီးရန် စိတ်ကူးမရှိပေ။
ရန်စောင်နေသော ရွာသားနှစ်ဦးစလုံး ဘာဆက်ပြောရမှန်းမသိဖြစ်သွားကြသည်။
စစ်မှန်နတ်ဘုရားဖြစ်ဖို့တဲ့လား။
သူတို့သည် ထိုအချက်ကို လုံးဝ မစဉ်းစားခဲ့ကြပါ။
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများ ဖြစ်လာရုံဖြင့်ပင် အံ့ဩစရာကောင်းနေပြီ မဟုတ်ပါလား။
ယခုတော့ သူတို့၏နတ်ဘုရားက စစ်မှန်နတ်ဘုရား ဖြစ်လာဖို့ကို တွေးနေပြီး ၎င်းသည် သူတို့ လက်လှမ်းမမီသော အရာတစ်ခုပင်။
စစ်မှန်နတ်ဘုရားတစ်ပါးသည် သူတို့၏ ရွာသိမ်ရွာငယ်လေးမှ တကယ် ထွက်ပေါ်လာနိုင်ပါ့မလား။
ထိုအရာက လမင်းကိုဒူးနဲ့တိုက်ပြမည်ဟု ပြောနေသလိုပင်။
"ဒီနေ့ မိစ္ဆာနတ်ဘုရားတွေကို ထပ်သတ်ပြီးပွဲတော် ကျင်းပမယ်။ မိစ္ဆာနတ်ဘုရားစွမ်းအားများများ စုဆောင်းလေလေ၊ နတ်ဘုရားပုံရိပ်တွေ ပိုများများ ရလေပဲ။ စိတ်မပူပါနဲ့ ၊ ငါက မင်းတို့ကို ချန်ထားခဲ့မှာ မဟုတ်ဘူး"
ကျိယွမ်၏ နှစ်သိမ့်စကားကိုကြားသောအခါ စိတ်ပျက်အားငယ်သွားသော နှစ်ယောက်ကဝမ်းသာအားရ ခေါင်းညိတ်၏။
"ပြင်ဆင်ထားကြ၊ ငါတို့ မကြာခင် ထွက်တော့မယ်"
"နားလည်ပါပြီ အရှင် "
သူတို့သာမက ရွာလူကြီးယွီလီကပါ ဝမ်းသာအားရဖြစ်သွားသည်။
ဒါဆို ငါလည်းမျှော်လင့်လ်ု့ရတာပေါ့။
နတ်ဘုရားကတော့ ငါတို့ကို မလိမ်လောက်ပါဘူး။
အားလုံးက ဝမ်းသာအားရနှင့် စစ်ချီရန်ပြင်လိုက်ကြသည်။
ဆိုနာများကို ထုတ်သူကထုတ်သလို ၊ ယောက်မကြီးများကို ဆွဲသူကဆွဲ၏။
"စစ်ချီဖို့ပြင်..မဟုတ်ဘူး ၊ ပွဲခံဖို့ပြင်ကြဟေ့ "
.....................
ဖေးဟွမ်မြို့တွင် ဟွမ်မန်ယင်သည် ပြတင်းပေါက်ဘေးတွက်ရပ်ကာ တစိမ့်စိမ့်ရွာနေသော မိုးရေစက်များကို ကြည့်နေ၏။ သူမ၏မေးစေ့သွယ်သွယ်လေးကို လက်ပေါ်တင်ထားပြီး မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက် အခန်းထဲတွင် စစ်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦး ဝင်လာသောအခါ ဟွမ်မန်ယင်း၏ အမူအရာသည် ချက်ချင်း အေးစက်သွားလေ၏။
"အခြေအနေ ဘယ်လိုလဲ"
အမျိုးသားသည် ခေါင်းငုံ့ထားပြီး သူ၏ အမူအရာမှာလည်း ခက်ထန်နေသည်။ သူက တော်တော်လေး ဒေါသထွက်လာဟန်ရှိသည်။
"မကြာသေးခင်က မိသားစုကြီးငါးစုဟာ မြို့အသီးသီးက မိစ္ဆာနတ်ဘုရားတွေနဲ့ ဆက်သွယ်နေကြပြီး ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ကြံစည်နေပုံရတယ်"
"သူတို့ နတ်ဘုရားအသစ်ကို ဆင့်ခေါ်ဖို့ ပြင်ဆင်နေကြတာလား"
ဟွမ်မန်ယင်၏ နှလုံးသားထဲတွင် ကြီးမားစွာလေးလံသွားခဲ့သည်။
မိသားစုကြီးငါးစုသည် နောက်ဆုံးတွင် သူတို့၏ ရည်ရွယ်ချက်များကို သိုဝှက်မထားတော့ဘဲ သိသိသာသာဆောင်ရွက်လာကြလေပြီ။
"ဖြစ်နိုင်ပါတယ်သခင်မလေး"
အမျိုးသား၏ အဖြေကိုကြားသောအခါ ဟွမ်မန်ယင်က သက်ပြင်းချ၏။
"ဆေးဖက်ဝင်အပင်တွေကို ပိုပြီးပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်ပါ။ ပြီးတော့ အနီးနားမြို့ကို သွားပြီး ဆေးပင်တွေရသလောက်ဝယ်ပါ။ စျေးပေးရရင်ပေးရပါစေ ၊ ရသလောက်လိုအပ်တယ် ၊ သမားတော်တချို့ကိုလည်း ခေါ်လာခဲ့ပါ"
ဟွမ်မန်ယင်က ညွှန်ကြားလိုက်သည်။
မိသားစုကြီးငါးစုသည် ကပ်ရောဂါများနှင့် ဆက်စပ်သော မည်သည့်နတ်ဘုရားအသစ်ကို ဆင့်ခေါ်ရန် ရည်ရွယ်နေသည်ကို သူမ ကောင်းစွာ သိပါသည်။
လာမည့်ရက်များတွင် မိသားစုကြီးငါးစုနှင့် နတ်ဘုရားအသစ်များသည် ဆိုးရွားသောရောဂါများကို ဖြန့်ကျက်မည်မှာ သေချာ၏။
မိစ္ဆာနတ်ဘုရားများကိုလည်း မသတ်နိုင်၊ ကပ်ရောဂါ ပျံ့နှံ့မှုကိုလည်း မတားဆီးနိုင်သည့်အတွက် သူတို့ လုပ်နိုင်သည်မှာ ပျက်စီးဆုံးရှုံးမှုကို လျော့ပါးစေရန်နှင့် သေဆုံးမှု အရေအတွက်ကို လျှော့ချရန်သာရှိလေ၏။
"ဟုတ်ကဲ့၊ သခင်မလေး"
အမျိုးသားက အားလုံးကိုသေချာမှတ်သားသည်။
ထိုအချိန်တွင် ဟွမ်မန်ယင်သည် အခြားတစ်ခုကို တွေးမိသွားကာ မေးသည်။
"ချင်းရွှေရွာက ရှေးဟောင်းနတ်ဘုရားကော ဘယ်လိုလဲ"
သူမသည် နန်းကုန်းဝူကျိနှင့်အတူ ထိုရှေးဟောင်းနတ်ဘုရားကို ခဏတာ တွေ့ဆုံခဲ့သည်ကို မမေ့ပါ။ ထိုနတ်ဘုရားအပေါ် အထင်အမြင်ကောင်းတစ်ချို့ ရှိနေမိသည်။
"သတင်းတွေအရတော့ သူက မိစ္ဆာနတ်ဘုရားတွေရဲ့ ရွာတော်တော်များများကို ထပ်ပြီး သိမ်းပိုက်ထားပါတယ်"
ဟွမ်မန်ယင်းက ခေါင်းညိတ်ကာ သက်ပြင်းချသည်။
"သူဟာ တကယ်ကို ဖြောင့်မတ်တဲ့ ရဲရင့်တဲ့ရှေးဟောင်းနတ်ဘုရားပဲ၊ ဒါပေမယ့် ကံမကောင်းတာက သူ့ရဲ့ စွမ်းအားက အားနည်းလွန်းပြီး သူ့အတွက် ကျန်ရှိတဲ့အချိန်က... ကုန်သလောက်ရှိနေပြီ"
ယခုလိုရှုပ်ထွေးသောကာလတွင် ရှေးဟောင်းနတ်ဘုရားများကို ကိုးကွယ်သူများသည် ရှင်သန်ရန် နည်းလမ်းမရှိကြပါ။
နတ်ဘုရားအသစ်များကို ကိုးကွယ်ခြင်းက ယာယီငြိမ်းချမ်းမှုကို ယူဆောင်လာနိုင်သော်လည်း ရေရှည်တွင် လွှမ်းမိုးခံရသည်နှင့် မိမိကိုယ်ကို ဆုံးရှုံးသွားပြီး ဖုတ်ကောင်များ ဖြစ်ပေါ်စေမည်ဖြစ်ကာ ဘဝဆုံးကုန်၏။
ဟွမ်မန်ယင်သည် သူမ၏ မွေးရပ်မြေကို လမ်းလျှောက်နေသော အလောင်းကောင်များက သိမ်းပိုက်ထားသည်ကို မမြင်လိုပါ။
"ဒါနဲ့ ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့ နဲ့ ငါတို့ရဲ့ ဆက်သွယ်မှုက ဘယ်လိုလဲ"
အမျိုးသား၏ မျက်နှာသည် မှောင်မိုက်သွား၏။
"ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှာ ဖေးဟွမ်မြို့ကို ကူညီဖို့ အချိန်ပေးနိုင်တဲ့သူ မရှိပါဘူး။ သူတို့ရဲ့ ဆက်သွယ်ရေးသံတမန်ကတော့ ဖေးဟွမ်မြို့ကနေ ထွက်ခွာမယ်ဆိုရင် အကူအညီ ပေးနိုင်ကြောင်း ပြောပါတယ်"
"ထွက်ခွာဖို့လား.. အဲဒါ မဖြစ်နိုင်ဘူး"
ဟွမ်မန်ယင်၏ အသံက ခိုင်မာနေ၏။
ငါ့ရဲ့မွေးရပ်မြေကို ဘယ်လိုလုပ်ပြီးစွန့်ခွာနိုင်မှာလဲ၊ပြီးတော့ ငါ့ရဲ့လူတွေက
လမ်းလျှောက်နေတဲ့ အလောင်းကောင်းတွေဖြစ်သွားမှာကို ဘေးကနေ ဘယ်လို ရပ်ကြည့်နေနိုင်မလဲ။
"အချိန်တန်ရင် ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ သတင်းစကားကို ချင်းရွှေရွာက ရှေးဟောင်းနတ်ဘုရားဆီ ပေးပို့လိုက်ပါ။ သူက အလားအလာကောင်းတယ်။ သူသာ ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဝင်ရောက်ရင် အနာဂတ်မှာ စစ်မှန်နတ်ဘုရား ဖြစ်လာနိုင်ပါတယ်"
--------------------