လင်းလန်တျန်း၏အဆုံးသတ်၊ အဆင့်ကိုးနတ်ဆိုးဘုရင် ၀င်ရောက်စွပ်ဖက်ချင်း
Vol. 13 Ch. 127
“အနားမကပ်နဲ့။”
ရှေး ဟောင်းဝိညာဉ်အတွင်း၌ လင်းလန်တျန်း၏မျက်လုံးများက ဝူယွမ် ချဉ်းကပ်လာမှုကို ကြောက်လန့်တကြား ကြည့်နေလေသည်။
ဤအခိုက်တွင် သူအမှန်တစ်ကယ် ကြောက်ရွံ့လာခဲ့ပီဖြစ်သည်။
စိတ်ပျက်အားလျော့မှုများ။
စိတ်ပျက်အားလျော့မှုက သူ၏စိတ်နှလုံးအတွင်းမှ ပေါ်ထွက်လာခဲ့သည်။
ဝူယွမ်က အလွန်ထူးခြားဆန်းကြယ်လှပြီး ထိုကြောက်မက်ဖွယ် အရိုးစုကြီးနှင့်ပင် ဆက်သွယ်နိုင်ခဲ့သည်။
ဝူယွမ် ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း ရှေးဟောင်းဝိညာဉ်က တုန်လှုပ်သွားခဲ့သည်။
“ဘာကြောင့်လဲ”
“ငါ လက်မခံနိုင်ဘူး။”
လင်းနှင့်မု ပေါင်းစပ်ထားသော ဝိညာဉ်က ရုတ်တရက် အော်ဟစ်လိုက်သည်၊ ဝမ်းနည်းဖွယ်ရာ ဒေါသထွက်ဖွယ်ရာ အော်သံတစ်ခုသည် တိတ်ဆိတ်နေသော မြေအောက်နန်းတော်အနှံ့ ပဲ့တင်ထပ်နေခဲ့သည်။
ထိုအသံက ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်၊ မကျေနပ်ခြင်း၊ ဒေါသ၊ မုန်းတီးခြင်း၊ ရူးသွပ်ခြင်း။
ထိုခံစားချက်များက နတ်ဆိုးကိုတောင်ဆွဲဆောင်နိုင်ပေသည။်
ရှေးဟောင်းဝိညာဉ်၏ ပြင်းထန်သောတုံ့ပြန်မှုက မြေအောက်နန်းတော်အတွင်းရှိ ကောင်းကင်မြေကြီး ယွမ်စွမ်းအင်ကို လှုပ်ခါစေခဲ့ကာ တောင်ငယ်များကဲ့သို့ အများအပြား စုပုံနေသော သန့်စင် ယွမ်ဆေးလုံး နှင့် နိဗ္ဗာန်ဆေးလုံးများ၏ စွမ်းအင်များက ရှေးဟောင်းဝိညာဉ်၏ လွှမ်းမိုးမှုအောက်တွင် စီးဆင်းလာခဲ့သည်။
ရုတ်တရက်၊ ခန်းမအလယ်တွင် ထိုင်နေသော အရိုးစုကြီးက ရုတ်တရက် ထလာပြီး သူ အလွန်တုန်လှုပ်သွားခဲ့ကာ သူ၏အာရုံကို နန်းတော်အတွင်းပိုင်းသို့ စိုက်ထားခဲ့သည်။
မြေကြီးအောက်မှ မီးခိုးရောင် အငွေ့တန်းများလည ထွက်ပေါ်လာခဲ့သည်။
အငွေ့က အလွန်ပါးလွှာလွန်းသော်လည်း အငွေ့ပေါ်ပေါက်လာမှုကြောင့် မြေအောက်နေရာတစ်ခုလုံး ထူထပ်သော ဂရုဏာ ကင်းမဲ့မှုလေထုက ပြည့်နှက်လာခဲ့ကာ ထိုစွမ်းအင်က ဝူယွမ်အား အလွန်အမင်း မသက်မသာဖြစ်စေခဲ့သည်။
ထို့အပြင် မီးခိုးရောင်အငွေ့များင ဆေးလုံးများအတွင်းမှလည်း ထွက်ပေါ်လာခဲ့သည်။
“နတ်ဆိုးစွမ်းအင်။”
ဝူယွမ်၏မျက်နှာက ပြင်းထန်လာခဲ့သည်။ ယခင်က သူရရှိခဲ့သော မြင်ကွင်းများထဲတွင်၊ အဆုံးမရှိသော နတ်ဆိုးစွမ်းအင်မျာကို တစ်ခြားကမ္ဘာမှ နတ်ဆိုးဘုရင်က ခေါင်းဆောင်ပြီး သူ၏စစ်တပ်ဖြင့် မဟာရှေးဟောင်းဂိုဏ်းကြီးကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ဟီးဟီးဟီး...”
ကြောက်မက်ဖွယ်အသံတစ်ခုက မြေကြီးအတွင်းပိုင်းမှ အသံလားရာကိုမှန်းဆမရဘဲ အရပ်ရပ်သို့ ပျံ့နှံ့လာခဲ့သည်။
“ဘယ်လောက်တောင် အရသာရှိတဲ့ ဝိညာဉ်လဲ။ ဒီစွဲလမ်းမှု၊ ဒှရူးသွပ်မှုကို ငါနှစ်သက်တယ်။ လာ၊ ငါရဲ့နတ်ဆိုးကျွန်ဖြစ်လော့၊ ငါ မင်းကို စွမ်းအားတွေပေးမယ်”
ရုတ်တရက် ယ အနက်ရောင် နတ်ဆိုးစွမ်းအင်များက လင်းလန်တျန်း နှင့် အရှင် မု တို့၏ ဝိညာဉ်များဆီသို့ တဟုန်ထိုး ဝင်ရောက်လာခဲ့ပြီး ချက်ချင်းပင် သူတို့၏ ဝိညာဉ်များကို ဝါးမျိုလိုက်ခဲ့သည်။
ချက်ချင်း၊ ဝိညာဉ်နှစ်ခုကို ဗဟိုပြုလျက် နတ်ဆိုးစွမ်းအင်များက လူသားပုံသဏ္ဍာန် အဖြး် စုစည်းလာခဲ့သည်။
“တစ်ခြားကမ္ဘာမှ နတ်ဆိုး၊ ထွက်လာဖို့ မစဉ်းစားနဲ့”
နတ်ဆိုးစွမ်းအင်ကို မြင်သည်နှင့် အရိုးစုကြီးက အလွန်ပြင်းထန်စွာ တုန့်ပြန်ခဲ့သည်။ သူက လက်ဝါးကြီးဖြင့် ခုနကမှ စုစည်းလာသော နတ်ဆိုးလူသားပုံသဏ္ဍာန်ကို ချက်ချင်း ရိုက်ချလိုက်သည်။
“မင်းက သေသွားတာတောင် ငါ့ကို အန္တရာယ်ပြုဖို့ ကြံစည်နေတုန်းလား၊ မင်း ငါ့ကို ထပ်မထိန်းချုပ်နိုင်ေတာ့ဘူး” ကြောက်မက်ဖွယ်အသံက အရိုးစုကြီးအား တုံ့ပြန်လိုက်ပြီး နောက်တဖန် ပဲ့တင်သံထပ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မြေကြီးထဲကနေ အက်ကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့ပြီး အနက်ရောင် နတ်ဆိုးအလောင်းတစ်ခုက အတွင်းမှ တွားထွက်လာခဲ့သည်။
နတ်ဆိုးအလောင်းက ရှေ့သို့ ရွေ့လျားလာပြီး အရိုစုကြီးနှင့် စတင် တိုက်ခိုက်လိုက်တော့သည်။
“အို ဘုရားရေ၊ လင်းတုန်၊ အမြန်ဆုတ်တော့။ အဲ့တာကြီးက အနည်းဆုံး နိဗ္ဗာန်အဆင့် အဆင့်လေးမှာရှိတယ်။” ရှောင်တျောင်းက ကြောက်လန့်တကြား အော်ဟစ်ခဲ့သည်။ ဤအချိန်တွင် အဆင့်မြင့် ကျင့်ကြံသူသူများ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ရပါက၊ ကြောက်မက်ဖွယ် စွမ်းအင်နောက်ခံ လှိုင်းများသည်ပင် သူတို့ကို လွင့်စင်သွားစေနိုင်သည်။
“အစ်ကိုကြီးက ဘယ်မှာလဲ။” လင်းတုန်ု အလျင်အမြန် ဆုတ်ခွာလာခဲ့ပြီး မြေအောက်နန်းတော်အောက်ရှိ ဝူယွမ်ကို စိုးရိမ်စွာ ကြည့်နေခဲ့သည်။
ဤအခိုက်တွင်၊ နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူများ၏ ကြောက်မက်ဖွယ် စွမ်းအင်က အထက်ရှိ လူများ၏ ကျောရိုးများကိုပင် ချမ်းစိမ့်သွားစေခဲ့သည်။ ရုတ်တရက် ပေါ်ပေါက်လာသော အန္တရာယ်က သူတို့၏ ပြင်းထန်သော လောဘစိတ်များကို ချက်ချင်းပင် ငြိမ်းသတ်လိုက်သည်။
သူတို့အနေဖြင့် အလျင်အမြန် ဆုတ်ခွာရန်သာ လိုလားတော့သည်။
ထိုအချိန်တွင် အောက်ခြေရှိ အရိုးစုနှစ်ခုက ကောင်းကင်သို့ ရောက်လာပြီဖြစ်ကာ ကြောက်မက်ဖွယ် ယွမ်စွမ်းအင်နှင့် နိဗ္ဗာန်စွမ်းအင်တို့က လေးဘက်လေးတန်သို့ လှိုင်းထနေပြီး အထက်ရှိ ကျောက်စမ်းရင်ပြင်တစ်ခုလုံးကို ကြေမွသွားစေခဲ့သည်။
အချိန်မီ ထွက်မပြေးနိုင်ခဲ့သူများက အဖျားခတ်စွမ်းအင်လှိုင်းအောက်၌ တိုက်ရိုက် အမှုန့်ပြာကျသွားခဲ့ရသည်။
သူတို့ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ လှိုင်းများကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ရသည်။
ထိုအဖြစ်အပျက်က နိဗ္ဗာန်အဆင့်၏ အင်အားကို အပြည့်အဝ ပြသလိုက်ခြင်းပင်ဖြစ်သည်။
ဤအခိုက်တွင် မြေကြီးအောက်ထဲမှ နတ်ဆိုးစွမ်းအင်များက ဆက်လက် ထွက်ပေါ်နေကာ နတ်ဆိုးစွမ်းအင်က အလွန်တရာ ဒုက္ခပေးနိုင်သည်၊ ဝူယွမ်၏ ကိုယ်ခန္ဓာပေါ်သို့ အနည်းငယ်ထိမိလျှင်ပင် သူ၏ယွမ်စွမ်းအင်ကို အဆက်မပြတ် စားသောက်ပစ်ပြီး သူ၏ သတိနှင့် ဆင်ခြင်နိုင်စွမ်းကိုပင် ထိခိုက်စေနိုင်သည်။
ကံကောင်းတာတစ်ခုက ဝူယွမ်၏ ကိုယ်ခန္ဓာအတွင်းတွင် ကောင်းကင်ပြာ ဧကရာဇ် သွေးရည်များ ရှိနေသည်။
နတ်ဆိုးစွမ်းအင်က သူ၏ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် သူ့အတွင်းရှိ အာဏာရှင်ဆန်သော သွေးရည်များက သဘာဝအလျောက် ပေါက်ကွဲထွက်လာပြီး နတ်ဆိုးစွမ်းအင်အငွေ့များကို လောင်ကျွမ်းသွားစေသည်။
ဝူယွမ်၏သွေးစွမ်းအင်က နတ်ဆိုးစွမ်းအင်ထက်ပင် ပို၍ လွမ်းမိုးတိုက်စားနိုင်စွမ်းရှိသည်။
“ အဆင့်ကိုး နတ်ဆိုးဘုရင်က အစောကြီးထွက်လာတော့မှာလား ”
ဝူယွမ်က စိတ်ထဲလေးလံနေခဲ့သည်။ သူက မူရင်းဇာတ်လမ်းကိုသိထားပြီး ဤမြေကြီးအောက်ထဲတွင် မျက်လုံးနက်ပိုင်ရှင် အဖိုးအို ဖိနှိပ်ထားသော အရာက တစ်ခြားကမ္ဘာမှ နတ်ဆိုးဘုရင်ကြီး ဆယ်ပါးအနက် တစ်ပါးဖြစ်သည့် အဆင့်ကိုးမှာရှိသည့် နတ်ဆိုးဘုရင်ဖြစ်ကာ ဒုတိယအဆင့် ပြန်လည်မွေးဖွားသူတစ်ဦးဘဲဖြစ်သည်။
ဤအဆင့်ရှိ စွမ်းအားရှင်တစ်ဦးက လက်ညှိုးလေးလှုပ်ရုံနှင့်ပင် သူ့ကို သတ်နိုင်လောက်သည်။
သူသာ လွတ်မြောက်သွားပါက မဟာ၀မ့်လွန်ပြည်နယ် သို့မဟုတ် မဟာယန်မင်းဆက်အတွက်သာမက အရှေ့ပိုင်းဒေသကုန်လုံးအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။
ဝူယွမ်က ထိုနတ်ဆိုးဘုရင် နတ်ဆိုးစွမ်းအင်များကို အပြည့်အဝ ပြန်ရရှိရန် အနည်းဆုံး နှစ်အနည်းငယ် လိုသေးသည်ကိုသူ မှတ်မိသည်။
“ပိတ်ဆို့ထားတဲ့ စွမ်းအားတွေက အလွန်အားကောင်းနေတုန်းဘဲ၊ မြေအောက်ကအက်ကြောင်းကလည်း ဖြည်းဖြည်းချင်း ပြန်ပြုပြင်လာ နေပီ”
ဝူယွမ်က သေချာ စစ်ဆေးကြည့်ပြီးနောက် စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် ခုနက ပွင့်ထွက်လာသော အက်ကြောင်းက ယခုအခါ မမြင်ရသော စွမ်းအားတစ်ခု၏ တွန်းအားဖြင့် တဖြည်းဖြည်း ပိတ်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
ဤနေရာရှိ ချိတ်ပိတ် ဖွဲ့စည်းပုံ အစီအရင်၏ စွမ်းအားက နတ်ဆိုးဘုရင်၏ စွမ်းအားများ စိမ့်လာထွက်ခြင်းမှ တားဆီးနေသည်။
လင်းလန်တျန်း၏ ဝိညာဉ်က ရူးသွပ်နေသော နတ်ဆိုးအသွင်ပြောင်းလဲသွားပြီး မြေကြီးအောက်ထဲတွင် ဖိနှိပ်ထားသော နတ်ဆိုးဘုရင်၏ အာရုံကို ဆွဲဆောင်လိုက်မိသည် ထင်သည်။ သူက ရှေးဟောင်းဝိညာဉ်ကို နတ်ဆိုးကျွန်အဖြစ် ယူလိုသည့်အတွက် ပိတ်ဆို့ထားသော စွမ်းအားကို ထိုးဖောက်ကာ ဆရာမုတို့နှစ်ဦး၏ ပေါင်းစပ်ထားသော ဝိညာဉ်ကို လက်ခံရန် ကြိုးစားခြင်းဖြစ်သည်။
ဝူယွမ်က အခြေအနေ၏ အဓိကအချက်ကို ချက်ချင်း နားလည်သွားခဲ့သည်။
ဧကန်အမှန်ပင်၊ ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်အားလုံးက ယခုအခါ လင်းနှင့်မု တို့ပေါင်းစပ်ထားသော ဝိညာဉ်ဆီသို့ စုစည်းလာနေကြသည်။
နတ်ဆိုး လူသားပုံသဏ္ဍာန်ကလည်း ပို၍ မာကျောလာပြီး ရှေးဟောင်းဝိညာဉ်၏စွမ်းအင်က တည်ငြိမ်စွာ မြင့်တက်လာနေကာ ခဏအတွင်းမှာပင် ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်ထိ ရောက်ရှိသွားခဲ့သည်။
သူက ခြေတစ်လှမ်းခြင်း လှမ်းလာပြီး မြေအောက်အက်ကြောင်းဆီသို့ လျှောက်လာကာ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်နေသည်။
ဝူယွမ်၏မျက်နှာက မှောင်မဲသွားသည်။ နတ်ဆိုးဘုရင်က ကူညီခဲ့လျှင်တောင် လင်းလန်တျန်းဆိုသည့် ဤပုန်းအောင်းနေသော အန္တရာယ်ကို သူက နတ်ဆိုးကျွန်တစ်ဦး ဖြစ်လာခဲ့သည့်တိုင် ဆက်လက်တည်ရှိခွင့် မပေးလိုပင်။
“ငါ မင်းကို ပြောခဲ့တယ်၊ ဒီနေ့ မင်းရဲ့ဝိညာဉ် ပျောက်ကွယ်သွားအောင် ငါသေချာပေါက် လုပ်မယ်။”
ဝူယွမ်က တိုက်ရိုက် ကိုယ်ခန္ဓာ စွမ်းအားကို နိုးစွလိုက်ကာ၊ ခရမ်းရွှေရောင် အလင်းတန်းများ သူ၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာခဲ့ပြီး အာဏာရှင်ဆန်သော သွေးရည်များကလည်း ဆူပွက်နေကာ ဝူယွမ် ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်အားလုံးကို တိုက်ရိုက် ပျောက်ကွယ်သွားစေခဲ့သည်၊ နတ်ဆိုးအငွေ့များက ဝူယွမ်၏ ကိုယ်ခန္ဓာအနားသို့ ချဉ်းကပ်ရန် မဝံ့မရဲဖြစ်သွားသည်။
“ပေါက်။”
ဝူယွမ်က လက်တစ်ဖက်ဖြင့် ပုံဖော်ကာ တိုက်ရိုက် ထိုးနှက်လိုက်ကာ ခရမ်းရောင်-ရွှေရောင် လက်သီးတစ်ခုက နတ်ဆိုးလူသားပုံသဏ္ဍာန်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
သို့သော် ဝူယွမ် အံ့အားသင့်သွားခဲ့ရသည်မှာ သူ၏လက်သီးက နတ်ဆိုးကျွန်ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ခြင်းဖြစ်သည်။
“ဟေ့ဟေ့၊ ဝူယွမ်၊ ဒါက ဝိညာဉ်က ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်းဘဲ၊ မင်းရဲါယွမ်စွမ်းအင် တိုက်ခိုက်မှုတွေက ထိရောက်မှုမရှိဘူူ”
နတ်ဆိုး လူသားပုံသဏ္ဍာန် အတွင်းမှ လင်းလန်တျန်း၏ အောင်ပွဲခံသော အသံက ထွက်ပေါ်လာခဲ့ပြန်သည်။
“ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက ထိရောက်မှုမရှိဘူးလား...” ဝူယွမ် မျက်ခုံးကြုံ့သွားခဲ့သည်။
ဤအခိုက်တွင် လင်းလန်တျန်းက စင်စစ် မိစ္ဆာကောင် တစ်ကောင်ဖြစ်နေပြီဖြစ်သည်ာ
နတ်ဆိုးဘုရင်က ထိန်းချုပ်ထားသော မိစ္ဆာကောင်တစ်ကောင်။
“ဘယ်လိုတောင် ပြင်းထန်လွန်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံနည်းမျိုးလဲ၊ နတ်ဆိုးကျွန်၊ သူ့ကို ငါ့ဆီအရောက် ခေါ်ဆောင်လာခဲ့။”
အောက်ခြေမှ အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ဝူယွမ်က သူ၏စွမ်းအားပြင်းသော ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံကို ပြသလိုက်သည်က နတ်ဆိုးဘုရင်၏ အာရုံကို ဆွဲဆောင်မိခဲ့သည်။ နတ်ဆိုးဘုရင်က သူ၏ခန္ဓာကိုယ်ကို လိုချင်နေခဲ့သည်။
“ဟုတ်ကဲ့၊ အရှင်သခင်။”
လင်းလန်တျန်း၏အသံက နောက်တဖန် မြည်ဟီးလာခဲ့ပြီး သူ၏အသံထဲတွင် အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားနေသည့်ဟန်များ ပေါ်လွင်နေသည်။
နတ်ဆိုးစွမ်းအင်ဖြင့် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲခြင်းနှင့် နတ်ဆိုးစွမ်းအင် တိုးမြှင့်မှုတို့ဖြင့် သူ၏လက်ရှိ စွမ်းရည်က နိဗ္ဗာန်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဤစွမ်းအားဖြင့် ဝူယွမ်နှင့် ထပ်မံ ရင်ဆိုင်လျှင် လွယ်ကူလာမည်ဟု သူခံစားနေရသည်။
နောက်ဆုံးတွင် ဝူယွမ်သည်လည်း သူ့ကဲ့သို့ပင် အခြေအနေဆိုးတစ်ခုကို ခံစားရလိမ့်မည်ဖြစ်သည်ယ
“မဟာကောင်းကင်ဖီးနစ်တံဆိပ်။”
လင်းလန်တျန်းက ဖီးနစ်တံဆိပ်တစ်ခုကို ဖန်တီးခဲ့လိုြ်လည်း ဤအကြိမ်တွင် ဖိီးနစ်တံဆိပ်သည် ကွဲပြားခြားနားနေကာ နတ်ဆိုးစွမ်းအင်ဖြင့် အပြည့်အဝ စုစည်းထားခြင်းဖြစ်သည်။
ကြောက်မက်ဖွယ် ဖီးနစ်တံဆိပ်က ဖျက်ဆီးခြင်းစွမ်းအင်ဖြင့် ပြည့်နှက်နေပြီး ယခင်က သူထုတ်လွှတ်ခဲ့သည့်ဖီးနစ်မျာူထက် အများကြီး ပိုအားကောင်းသည်။
ကြီးမားသော ဖီးနစ်တံဆိပ်က ဟိန်းဟောက်လိုက်ကာ ဝူယွမ်အား ဖိအားပေးလာသည်။
“ငရဲနတ််ဘုရားလှံတံ”
ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သန်းပေါင်းများစွာသော အမှုန်များက တုန်ခါလာခဲ့ပြီး နတ်ဆင်နှိမ်နှင်းခြင်း စွမ်းအားက လှည့်ပတ်လာခဲ့ကာ ခရမ်းရွှေရောင် စွမ်းအင်အစုတစ်ခုက သူ၏ခန္ဓာကိုယ်ထဲမှ ဖြစ်ပေါ်လာကာ ခရမ်းရွှေရောင် လှံရှည်တစ်ချောင်းသည် စွမ်းအင်အစုထဲမှ ဆန့်ထွက်လာခဲ့သည်။
ငရဲနတ်ဘုရား လှံတံသည် ယွမ်စွမ်းအင် တိုက်ခိုက်မှုများသာမက အားကောင်းသော ဝိညာဉ်တိုက်ခိုက်မှုကိုပါ ပိုင်ဆိုင်ထားပြီး ငရဲမှ စွမ်းအင်များလည်း ပိုင်ဆိုင်ထားသည်။
“ပေါက်။”
ချက်ချင်းဘဲ၊ နက်သိုမ်ဘုရား လှံတံဖြင့် ဆင်းသက်လာနေသော မဟာကောင်းကင်ဖီးနစ်တံဆိပ်ဆီသို့ ချိန်ရွယ်လိုက်ကာ ခရမ်းရွှေရောင် အလင်းတန်းက တိုက်ရိုက် ဖီးနစ်တံဆိပ်ကို ဖောက်ထွင်းသွားပြီး လင်းလန်တျန်းဆီသို့ ပစ်လွှတ်လိုက်သည်။
ခရမ်းရွှေရောင် အလင်းတန်းက သူ၏ နတ်ဆိုးခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ နတ်ဆိုးစွမ်းအင်များက ခရမ်းရွှေရောင် အလင်းတန်းကြောင့် ဖျော့တော့သွားခဲ့ပြီး လင်းလန်တျန်း၏ခန္ဓာကိုယ်က တဖန် ဝေဝါးလာခဲ့သည်။
“အသုံးမကျလိုက်တာ၊ ဖန်တီးခြင်းအဆင့် အလယ်အလတ် ကျင့်ကြံသူလေး နှစ်ဦးကိုတောင် မဖြေရှင်းနိုင်ဘူး။”
နတ်ဆိုးဘုရင်၏ ဒေါသထွက်နေသော အသံက အောက်ခြေမှ ထွက်ပေါ်လာခဲ့သည်။
မြေကြီးပေါ်ရှိ အက်ကြောင်းကလည်း လုံးဝနီးပါး ပိတ်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် နတ်ဆိုးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ချောင်းက အက်ကြောင်းကို ဖြတ်သန်းပြီး ဝူယွမ်ကို ဖမ်းရန် ကြိုးစားလာခဲ့သည်။
ဤအခိုက်တွင် ဝူယွမ်၏ နဖူးပေါ်ရှိ မဟာဝမ့်လွန် ဧကရာဇ်၏တံဆိပ်သည် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ရောထွေးနေသော စွမ်းအင်တစ်ခုက ဝူယွမ်ကို ကာကွယ်ပေးလိုက်သည်။
နတ်ဆိုးလက်ကြီးက ဤရောထွေးနေသော အလင်းတန်းကြောင့် တကယ်ပင် ကြေမွသွားခဲ့သည်။
ဤအရာက ဝူယွမ်အား အတိုင်းအတာတစ်ခုအထိ အံ့အားသင့်စေခဲ့သည်။သူက မဟာဝမ့်လွန် ဧကရာဇ်၏တံဆိပ်အတွင်း၌ မျက်လုံးနက်ပိုင် အဖိုးအို၏ ကျန်ရှိနေသော စိတ်ဆန္ဒတစ်ခု ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ချေ။
သို့သော် မဟာဝမ့်လွန်ဧကရာဇ်၏တံဆိပ်၏ အကူအညီမပါလျှင်တောင် ဝူယွမ်က သိပ်မစိုးရိမ်ပေ။ နတ်ဆိုးစွမ်းအင်များ တဟုန်ထိုး စတင် ပေါ်ထွက်လာစဉ်က သူက သူ၏ ခရမ်းရောင် စွမ်းအားပြင်း နတ်ဆိုးမျက်စိကို အသုံးပြု၍ ဤနေရာရှိ ချိတ်ပိတ်အတားအဆီး ဖွဲ့စည်းပုံကို ဂရုတစိုက် စစ်ဆေးကြည့်ခဲ့ပြီးသားသည်။
စစ်ဆေးပြီးနောက် နတ်ဆိုးဘုရင်က လက်တစ်လော ထွက်မလာနိုင်သေးကြောင်း သူတွေ့ရှိခဲ့သည်၊ ထို့ကြောင့် သူက လင်းလန်တျန်းကို ရင်ဆိုင်ဖြေရှင်းရန် ရဲရဲဝံ့ဝံ့ နေခဲ့ခြင်းဖြစ်ပြီး သူ၏ကိုယ်ခန္ဓာအတွင်းရှိ အာဏာရှင်ဆန်သော သွေးရည်များက ပြိုင်ဘက်၏ နတ်ဆိုးစွမ်းအင်ကို နှိမ်နှင်းနိုင်လေသည်။
“လူအိုကြီး၊ မင်းရဲ့မြေအောက် အကျဉ်းခန်းထဲမှာဘဲ မင်းနေသင့်တယ်။”
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များက အပြင်ဘက်သို့ တဟုန်ထိုး တိုးထွက်လာပြီး ခဏအတွင်းမှာပင် လေထဲတွင် မူလရူန်းများ ဖြစ်ပေါ်လာခဲ့သည်၊ ထိုရူန်းများထဲတွင် ဝိညာဉ်စုစည်းရေးရူန်းများ၊ ဝါးမျိုရူန်းများ၊ ချိတ်ပိတ်ရူန်းများ၊ ပါဝင်လေသည်။
ကြီးမားရှုပ်ထွေးသော မူလရူန်းများက ပြန့်ကျဲလာပြီး မြေအောက်နန်းတော်၏ နေရာအသီးသီးတွင် နစ်မြုပ်သွားခဲ့သည်။ ဝူယွမ် သုံးလိုက်သည် မူလရူန်းများ၏ အရှိန်မြှင့်တင်မှုဖြင့် မူလ ဖွဲ့စည်းပုံကြီးက သူ၏စွမ်းအား အစစ်အမှန်ကို ပြသလာခဲ့ပြီး မဟာရှေးဟောင်းကျောက်တိုင်တစ်ခုလုံး တုန်သွားခါခဲ့သည်။ အပြင်ဘက်တွင် မဟာရှေးဟောင်းကျောက်တိုင်ကို ဝန်းရံနေသော ဧရာမ ဝဲကြီးများ ဖြစ်ပေါ်လာကာ ပြင်ပမှစွမ်းအင်များကို ဆွဲယူပြီး မဟာရှေးဟောင်းကျောက်တိုင်တစ်ခုလုံးကို ပြန်လည်ဖြည့်တင်းပေးခဲ့သည်။
ယခုနေရာရှိ ဖွဲ့စည်းပုံ၏ အဓိက အစိတ်အပိုင်းက အထက်ရှိ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ဖြစ်ပြီး မြေကြီးအောက်ထဲရှိ တစ်ခြားကမ္ဘာမှ နတ်ဆိုးဘုရင်ကို ဖိနှိပ်ရန် ရှေးဟောင်းကျောက်တိုင်တစ်ခုလုံး၏ စွမ်းအားကို စုစည်းထားသည်။
ရှေးဟောင်းကျောက်တိုင်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်၏ စွမ်းအားကိုသာ ပြသနိုင်ရခြင်း၏ အကြောင်းရင်းမှာ ၎င်း၏စွမ်းအား ၉၀ ရာခိုင်နှုန်းကို တစ်ခြားကမ္ဘာမှ နတ်ဆိုးဘုရင်ကို ဖိနှိပ်ရန် အသုံးပြုထားရသောကြောင့်ဖြစ်သည်။
“မင်းကဘယ်သူလဲ။ ဘာလို့ မူလဘိုးဘေးရူန်းတွေ ဒီလောက် ပိုင်ထားရတာလဲ”
“ပေါက်။”
တစ်ခြားကမ္ဘာမှ နတ်ဆိုးဘုရင်၏ အံ့အားသင့်သော စကားလုံးများ လုံးလုံးလျားလျား ပြီးဆုံးမသွားမီတွင် မြေအောက်အက်ကြောင်း လုံးဝ ပိတ်သွားခဲ့သည်။
သူ့အတွက် ကျန်ရစ်ခဲ့သည်မှာ ချောက်ချားခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများသာဖြစ်သည်။
ပိတ်ဆို့ထားသော စွမ်းအားက ယခင်ထက်ပင် ပို၍အားကောင်းလာခဲ့ကာ နတ်ဆိုးစွမ်းအင်အငွေ့တစ်စတောင် ယိုစိမ့်မထွက်နိုင်တော့ပေ။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင် ရူန်းများအားလုံးက ပြည့်စုံသော မူလရူန်းများဖြစ်ပြီး ဖွဲ့စည်းပုံကြီးအပေါ် အဆပေါင်းများစွာ ပိုကောင်းမွန်သော တိုးမြှင့်နိုင်စွမ်း အကျိုးသက်ရောက်မှုရှိသည်။
သို့သော် ၎င်းတို့သည် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့်သာ စုစည်းထားသောကြောင့် အချိန်အကြာကြီး မခံနိုင်ပေ။ ထို့ကြောင့် ဤတိုးမြှင့်မှု အကျိုးသက်ရောက်မှုက ဝိညာဉ်စွမ်းအင်ပျောက်ကွယ်သွားသည်နှင့်အမျှ ပျောက်ကွယ်သွားမည်ဖြစ်သည်။
သို့သော် အချိန်အနည်းက လုံလောက်တာထက်ပိုပေသည်။
နတ်ဆိုးဘုရင် ၀င်ရောက်စွက်ဖက်မှုမပြုလုပ်နိုင်သရွေ့ ဝူယွမ်က အပြင်ဘက်ရှိ ပြဿနာကို အမြန်ဆုံး ဖြေရှင်းသွားလို့ရသည်။
“ဘေးဒုက္ခက နှစ်တစ်ထောင်ကြာတည်မြဲတယ်။
မင်းကိုသတ်ရတာက လှည့်ကွက်တွေများလွန်းပြီး အတော်လေးပင်ပန်းခဲ့တယ်”
“အခုတော့ မင်စိတ်ချလက်ချ အနားယူနိုင်ပါပြီ။”
ဝူယွမ်က လေကိုနက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး နတ်ဆိုးစွမ်းအင်ပျောက်ကွယ်သွားသော ဝိညာဉ်ကို ကြည့်ကာ ပြောလိုက်သည်။
လင်းလန်တျန်းကို ကံကောင်းသူအဖြစ် ယူဆနိုင်ပြီး ကံကြမ္မာသားတော်တစ်ဦးဖြစ်သောကြောင့် သတ်ရန် သိပ်မလွယ်ကူခဲ့ပေ။ မူရင်းဇာတ်လမ်းတွင်ပင် လင်းတုန်က သူ့ကိုသတ်ရန် များစွာ ရုန်းကန်ခဲ့ရသည်။
“ငါသေသွားရင်တောင် မင်းရဲ့ စိတ်ဝိညာဉ်ကိုရှုပ်ထွေးအောင်လုပ်မယ်။”
နတ်ဆိုးစွမ်းအင်များက ရူးသွပ်ခြင်းပုံရိပ်ကို ပြသလာခဲ့ပြီး အမှန်တကယ်ပင် မြားရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဝူယွမ်၏ စိတ်ထဲသို့ ဦးတည်ပြေးသွားခဲ့သည်။
သူက ဝူယွမ်၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး မိမိကိုယ်ကို ပေါက်ကွဲစေခြင်းဖြင့် ဝူယွမ်အား ပြင်းထန်စွာ ထိခိုက်စေကာ ဝူယွမ်ကိုပါ အပါခေါ်ချင်နေသည်။
“ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်၊ မူလဝိညာဉ်ဓား”
ဝူယွမ်က ခပ်တိုးတိုး ပြောဆိုလိုက်ပြီး၊ သူ၏မျက်နှာအမူရာမှာ အေးဆေးတည်ငြိမ်နေကာ ပူပန်မှုမရှိခဲ့ပေ။
အစောပိုင်းက ဆိုင်းအင်၀င်ရာမှ ရရှိခဲ့သော ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်က သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်ကို ထုတ်သုံးလိုက်သဖြင့် သူ၏ ဝိညာဉ်စွမ်းအင်က စုစည်းလာကာ အနက်ရောင် ဝိညာဉ်စွမ်းအင်အငွေ့များအဖြစ် ပြောင်းလဲသွားပြီး နောက်ပိုင်းတွင် အနက်ရောင် သံဓားများအဖြစ် ပြောင်းလဲသွားကာ သူ့ဆီသို့ တိုး၀င်လာတော့ ဝိညာဉ်မြားရိပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
စွမ်းအားနှစ်ခုင တစ်ခုနှင့်တစ်ခု တစ်လက်မစီ တဖြည်းဖြည်း ကြိတ်ချေနေခဲ့ကြသည်။
နောက်ဆုံးတွင် သံဓားများက မြှားအရိပ်ကို ဖြတ်သန်းသွားပြီး မြားရိပ်က တိတ်ဆိတ်နေသော ခန်းမထဲတွင် အလင်းမှုန်များအဖြစ် ပျံ့လွင့်သွားခဲ့သည်။
ဝိညာဉ်စွမ်းအင်လှိုင်း တစ်စုံတစ်ရာပင် မကျန်ခြံချေ။
“ဟူး~”
ဝူယွမ်သည် ရှည်လျားစွာ လေမှုတ်ထုတ်လိုက်သည်။
သူက နောက်ဆုံးတော့ ပုန်းအောင်းနေသော အဓိက အန္တရာယ်ကို အပြည့်အဝ သုတ်သင်ပစ်နိုင်ခဲ့ပြီဖြစ်သည်။
“ဗုန်း ဗုန်း ဗုန်း...”
ဝူယွမ် နောက်ဆုံးတွင် စိတ်လွတ်လက်သွားသည်နှင့် တပြိုင်နက် အပြင်ကောင်းကင်ယံမှ ယွမ်စွမ်းအင်လှိုင်းသံများ ပြန့်နှံ့လာခဲ့ပြီး အရိုးစုနှစ်ခုက လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
မြေကြီးထဲမှ ပေါ်ထွက်လာသော နတ်ဆိုးအလောင်းက အလွန်စွမ်းအားပြင်းပြီး အမှန်တကယ်ပင် အရိုးစုအစောင့်အကြပ်နှင့် ရင်ပေါင်တန်းတိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် မြေကြီးအောက်ရှိ အက်ကြောင်းကို ဝူယွမ်က ပိတ်လိုက်ပြီး နတ်ဆိုးဘုရင်ဆီမှ နတ်ဆိုးစွမ်းအင် အထောက်အပံ့မရှိသဖြင့် ဤနတ်ဆိုးအလောင်းက ကြာကြာမခံနိုင်တော့ဘဲ၊ သူ၏စွမ်းအားသည်လည်း ကျဆင်းလာနေပြီဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် အရိုးစုအစောင့်အကြပ်ကတော့ တိုက်ပွဲနှင့်အတူ ပိုအားကောင်းလာခဲ့သည်။ ဤလောကထဲတွင် ကွယ်လွန်သွားကြသော မဟာရှေးဟောင်းဂိုဏ်းကြီး၏ များပြားလှသော သူရဲကောင်းဝိညာဉ်များ ရှိနေသေးပြီး ၎င်းတို့အားလုံးက မဟာရှေးဟောင်းကျောက်တိုင်လေထုထဲ၌ ကောင်းကင်နှု့်မြေကြီး၏ စိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
သူရဲကောင်းဝိညာဉ်များ ထာဝရတည်ရှိရင်၊ စိတ်ဆန္ဒ ထာဝရတည်ရှိသည်။
ဤထာဝရမသေနိုင်သော စိတ်ဆန္ဒများက အရိုးစုအစောင့်အကြပ်ထဲသို့ စွမ်းအင်များဖြည့်သွင်း အားဖြည့်ပေးနေကြသည်။
“အစ်ကိုကြီး။”
လင်းတုန်သည် ဝေးဝေး မဆုတ်ခွာခဲ့ဘဲ အရိပ်များထဲတွင် ပုန်းအောင်းနေခဲ့ပြီး ဝူယွမ် ပျံထွက်လာသည်ကို မြင်ရသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
“ဝေါင်း”
ရှောင်ယန်သည်လည်း ပျော်ရွှင်သော အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
နိဗ္ဗာန်အဆင့် စွမ်းအားရှင်နှစ်ဦး၏ တိုက်ပွဲက ရှေးဟောင်းကျောက်တိုင်အာကာသအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။ သူတို့တိုက်ပွဲ၏ နောက်ဆက်တွဲလှိုင်းများကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ရပြီး လူတိုင်းက ယခုအခါ အသက်ဘေးမှလွှတ်မြောက်ရန် ဝေးဝေးသို့ ထွက်ပြေးနေကြသည်။
“ရှေးဟောင်းကျောက်တိုင်ရဲ့ အတားအဆီးကို ပိတ်လိုက် ”
ဝူယွမ်က ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ထဲသို့ သူ၏ ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းကာ ကျောက်တိုင်ဝိညာဉ်နှင့် ဆက်သွယ်လိုက်သည်။
ကျောက်တိုင်ဝိညာဉ်က အမိန့်ကို လက်ခံရရှိသည်နှင့် ချက်ချင်းပင် လိုက်နာဆောင်ရွက်လိုက်သည်။
သိပ်မကြာမီ၊ ပျောက်ကွယ်သွားခဲ့သော အာကာသအက်ကြောင်းများ နောက်တဖန် ပေါ်လာခဲ့သည်။ ထွက်ပြေးနေသူများအားလုံး အက်ကြောင်းကို မြင်ရသောအခါ အားလုံး စိတ်လှုပ်ရှားကာ အမြန် ထွက်ပြေး လွတ်မြောက်သွားကြသည်။
နိဗ္ဗာန်အဆင့် စွမ်းအားရှင်များ၏ တိုက်ပွဲက သူတို့ ကြည့်နိုင်သော အရာတစ်ခု မဟုတ်ပါ။
ဝူယွမ် ထိုလူများကို လွှတ်ပေးခြင်း၏ ပထမအကြောင်းရင်းမှာ အပြစ်မဲ့ သေဆုံးမှုများ အလွန်အကျွံ မဖြစ်စေရန်နှင့် ဒုတိယအကြောင်းရင်းမှာ ဝူယွမ်က ဤနေရာရှိ ရတနာများကို ထိုလူများနှင့် မျှဝေလိုခြင်း မရှိသောကြောင့် ဖြစ်သည်။
“အစ်ကိုကြီး၊ အခု ကျွန်တော်တို့ဘာလုပ်ကြမလဲ”
“သူ့ကိုကူညီပြီး ဒီနတ်ဆိုးအလောင်းကို အရင်ရင်ဆိုင်ကြရအောင်။”
ဝူယွမ်က ကောင်းကင်ကို ကြည့်ကာ ပြောလိုက်သည်။
“အ၊အစ်ကိုကြီး၊ ဒါက နိဗ္ဗာန်အဆင့် အဆင့်လေးနဲ့ နှိုင်းယှဉ်နိုင်တဲ့ စွမ်းအားရှင် တစ်ဦးဘဲ။ အစ်ကိုကြီးက အခု တကယ်ဘဲ သူနဲ့ ရင်ဆိုင်နိုင်နေပြီလား။” ရှောင်တျောင်းက ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။
သို့ဆိုလျှင် အစ်ကိုကြီးမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ဤကဲ့သို့ ကြီးထွားမှုနှုန်းမျိုး၊ ဝူယွမ်က ပြန်လည်မွေးဖွားသူတစ်ဦဖြစ်မှန်း သိထားသော်လည်း မယုံနိုင်လောက်အောင် ဖြစ်နေဆဲဖြစ်သည်။
“အဲဒါက အံ့အားသင့်စရာ မဟုတ်ပါဘူး၊ ငါမှာ သူ့ကို တိုက်ခိုက်ဖို့ နည်းလမ်းရှိတယ်။”
ဝူယွမ်ြ ပြောနေရင်း ကောင်းကင်သို့ မြင့်မြင့်ပျံတက်သွားခဲ့သည်။ ရှောင်တျောင်းနှင့် လင်းတုန်တို့က အစ်ကိုကြီး သူ၏စွမ်းအားများ ပြသမည်ကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေကြသည်။
ဤကာလအတွင်း သူတို့က အစ်ကိုကြီး တစ်စထက်တစ်စ ပိုမိုအားကောင်းလာသည်ဟု ခံစားရသော်လည်း သူ၏ စစ်မှန်သော စွမ်းအား ပမာဏကို ဘယ်တုန်းကမှ မသိခဲ့ကြပေ။
ဝူယွမ်က သူ၏လက်နှစ်ဖက်ကို အတူတကွ စုပေါင်းလိုက်သည်နှင့် သူ၏ ယွမ်ဒန် အောက်ခြေရှိ ခရမ်းငွေရောင် ဓားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ကိုယ်ခန္ဓာမှ ထွက်လာကာ ဝူယွမ်၏လက်ထဲတွင် ပေါ်လာခဲ့သည်။
ဝူယွမ်၏ ခမ်းနာသောတောင်ကိုယ်ခန္ဓာနှင့် အာဏာရှင်ဆန်သော သွေးရည်များဖြင့် အချိန်အတော်ကြာ အားဖြည့်ထားခဲ့ပြီးနောက် မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက အများကြီး ပိုအားကောင်းလာခဲ့သည်။ သူ၏လက်ရှ် စွမ်းရည်က မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်တစ်ခု၏ အဆင့်ကိုရောက်သွားပီဖြစ်ကာ။
ဤကြီးထွားမှုနှုန်းက လူသားတစ်ဦး၏ ကြီးထွားမှုနှုန်းထက်ပင် ပိုမြန်ဆန်သည်။
မိုးကြိုးဝိညာဉ် ကောင်းကင်ဓားက ဝူယွမ်အတွက် သင့်တော်သော ပုံသဏ္ဍာန်၊အရွယ်အစားသို့ ပြောင်းလဲသွားပြီဖြစ်ကာ သူ၏လက်ထဲတွင် အနည်းငယ် တုန်ခါနေသည်။ သူက အပြင် ထွက်မလာရတာ အတော်ကြာခဲ့ပြီဖြစ်ရာ အတော်လေး စိတ်လှုပ်ရှားပြီး ဂနာမငြိမ်ဖြစ်နေခဲ့သည်။
ဝူယွမ်က သူ၏လက်ညှိုးနှင့် လက်ခလယ်ကို ကိုက်လိ