မဟာရှေးဟောင်းကျောက်တိုင်နှင့် ခရီးထွက်ခြင်း
Vol. 13 Ch. 128
“ ဝူး… ဝေါင်း…”
ရှောင်ယန်က ညည်းညူ ဟိန်းဟောက်လိုက်ပြီး အရိုးစုဆီသို့ သတိထား လျှောက်သွားသည်။
ထိုအရိုးစုက အလွန်ထူးဆန်းလွန်းသည်။ သူက ကျန်ရစ်ခဲ့သော စွဲလန်းမှု တစ်ခုသာ ဖြစ်သော်လည်း သာမန် အတွေးအခေါ်နှင့် စိတ်ခံစားချက်များ ရှိနေဆဲဖြစ်သည်။ ရှေးဟောင်း သွေး လင်းလို့နဂါးသည် မူလက ရှေးဟောင်းကျောက်တိုင်အတွင်း နေထိုင်သော သာမန်သားရဲ တစ်ကောင်သာ ဖြစ်ပြီး အစောင့်အရှောက်သားရဲ မဟုတ်ပေ။ သို့သော် သူက မြေအောက်တွင် နေထိုင်ပြီး အရိုးစုနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။
အချိန်အတော်ကြာ အတူရှိခဲ့သော ရင်းနှီးမှုတစ်မျိုး ဖြစ်လာခဲ့သည်။
ဝူယွမ်က စိတ်ထိခိုက်သွားပြီး မျက်နှာအမူအရာ လေးလေးနက်နက် ရှိနေသည်။ မဟာရှေးဟောင်း၀မ့်လွန်တံဆိပ်နှင့် ကျောက်တိုင်ဝိညာဉ်၏ အသိအမှတ်ပြုမှုကို ရရှိပြီးဖြစ်သည့်အတွက် သူက မဟာရှေးဟောင်းဂိုဏ်း်၏ ဆက်ခံသူ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဖြစ်သဖြင့် ဤနေရာကို သူပြန်လည် တည်ဆောက်ရမည်။
ရှေးဟောင်း သွေးလင်းနို့နဂါး နှင့် အစောင့်အကြပ်အရိုးစုတို့ အားလုံးက သူ့ပိုင်ဆိုင်မှုများဘဲ ဖြစ်သည်။
အထူးသဖြင့် ဤ အစောင့်အကြပ်အရိုးစု၊ သူက နိဗ္ဗာန်အဆင့် အဆင့်လေး စွမ်းအားရှင်ဖြစ်ပြီး ယန်မင်းဆက်၏ ထိပ်တန်း စွမ်းအားရှင်များနှင့်နှိုင်းယှဉ်လို့ရပေသည်။ ဝူယွမ်အနေဖြင့် အောက်ခြေရှိ ရတနာများကို ရယူလိုပါက သူနှင့် အဆင်ပြေအောင် ဆက်ဆံရမည်ဖြစ်သည်။
ထိုအခိုက်တွင်၊ ဝူယွမ်၏ သိုလှောင်အိတ်အတွင်းရှိ မျက်လုံးနက်ပိုင်ရှင် အဖိုးအို ပေးခဲ့သော အမည်းရောင်ရူန်းက တုန်ခါလာပြီး အစောင့်အကြပ်အရိုးစုနှင့် ဆက်သွယ်ချင်နေသည်ဟု ထင်ရသည်။
ဝူယွမ်က ချက်ချင်းပင်ရူန်းကို ထုတ်ယူလိုက်သည်။ အမည်းရောင်ရူန်းကို မြင်တွေ့ရပြီး ၎င်း၏ အသံကို ကြားရသောအခါ၊ အစောင့်အကြပ်အရိုးစု၏ မျက်လုံးအခွက်များထဲတွင် အလင်းတစ်ချက် လက်သွားသည်။
သူက ရုတ်တရက် ဒူးထောက်လိုက်ပြီး အမည်းရောင်ရူန်းအား ရိုသေစွာ ဦးညွှတ်ကန်တော့လိုက်သည်။ ထို့နောက် တစ်ဖြည်းဖြည်း၊ ရှေးခေတ်က ဘာသာစကားဖြစ်ဟန်ရသော မပီမသအသံတစ်ချို့ ထွက်ပေါ်လာပြီး လူအများကို ဝမ်းနည်းမှု ခံစားရစေသည်။
“ဆရာ… ဆရာ”
မျက်လုံးနက်ပိုင်ရှင် အဖိုးအိုကြီးက တကယ်တော့ ဤ အစောင့်အကြပ်အရိုးစု၏ ဆရာဖြစ်နေခဲ့သည်။
လင်းတုန်နှင့် ရှောင်တျောင်း နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့သည်။
“ဆရာ၊ တပည့်က ဂိုဏ်းကို စောင့်ရှောက်ပါ့မယ် ကိုယ်ခန္ဓာနဲ့ ဝိညာဉ် ပျက်စီးသွားရင်တောင် စောင့်ရှောက်ပါ့မယ်။”
အစောင့်အကြပ်အရိုးစု၏ အသံက အလွန်ပင် အားနည်းလာကာ၊ မကြာခဏ ပြတ်တောင်းပြတ်တောင်းဖြစ်နေသော်လည်း သူ၏ စကားလုံးများက အလွန်တိကျခိုင်မာနေကာ။ ကျောင်းတော်အပေါ် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ထိုအစွမ်းအလမ်းကြီးမှုကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ဝူယွမ်နှင့် လင်းတုန် နှစ်ဦးစလုံး စိတ်ထဲမှပင် ရိုသေလေးစားသွားကြသည်။ သေဆုံးပြီးနောက်ပိုင်းမှာတောင် ထိုစွဲလန်းမှုက ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဂိုဏ်းကို စောင့်ရှောက်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရန် တော်ယုံ စွဲလမ်းမှုအားကောင်းယုံနှင့်မရပေ။
“ဒီရှေးဟောင်းကျောင်းတော်ရဲ့ စည်းလုံးညီညွတ်မှုက အံ့ဩစရာဘဲ၊ ဒါပေမဲ့ ကံဆိုးစွာနဲ့ဘဲ ပျက်စီးခြင်း ကံကြမ္မာဆိုးကို မကျော်လွှားနိုင်ခဲ့ဘူး” ဟု ရှောင်တျောင်းက ရေရွတ်လိုက်သည်။
ဝူယွမ်ကလည်း ရှောင်တျောင်းစကားကို အနည်းငယ်ခေါင်းညိတ် ထောက်ခံလိုက်သည်။ မဟာရှေးဟောင်းဂိုဏ်းသည် အရင် အရမ်းအားကောင်းသေည အဖွဲ့အစည်းဖြစ်ခဲ့မည်မှာ သေချာသည်။ ဤသို့သော စည်းလုံးညီညွတ်သည့် တပည့်များရှိလျှင် ဂိုဏ်း ဖွံ့ဖြိုးတိုးတက်မှုမရှိမည်ကို စိုးရိမ်စရာမလိုပေ။
“ကျွန်တော့်ရဲ့ မိုက်မဲတဲ့ သားကို ကူညီပေးပါ။”
ထိုအခိုက်၊ ဝူယွမ်၏ နဖူးပေါ်ရှိ မဟာရှေးဟောင်း၀မ့်လွန် ဧကရာဇ်တံဆိပ်က တလက်လက် တောက်ပလျက် အတွေးတစ်ခုက ဝူယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
အသံမရှိ၊ ပုံရိပ်မရှိ၊ အတွေးတစ်ခုသာ ဖြစ်သော်လည်း ဝူယွမ်က ထိုအတွေးကို လက်ခံရရှိခဲ့သည်။
ထိုအတွေးမှာ သေဆုံးသွားဖြစ်သ့်ည မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ ကျန်ရစ်သော အတွေးဖြစ်ပြီး ဝူယွမ်အား မှာကြားခဲါခြင်းဖြစ်သည်။
“သူ့ကို ကူညီဖို့လား”
ဝူယွမ်သည် အရိုးစုကို ငေးငိုင်စွာ ကြည့်လိုက်မိသည်။ သူက ယခုအခါ အလွန်ထူးဆန်းသော အရာတစ်ခု ဖြစ်နေပြီဖြစ်သည်။ ဤစွဲလန်းမှုက ကျော်ဖြတ်ရန် အလွန်ခက်ခဲပြီး သူ့ခန္ဓာကိုယ်အတွင်း၌ နတ်ဆိုးစွမ်းအင်များ အများအပြား ရှိနေဆဲဖြစ်သည်။
ထို နတ်ဆိုးစွမ်းအားများက သူ့ကို မရပ်မနား တိုက်ခိုက်နေပြီး သူက များစွာသော ဝေဒနာကို ခံစားနေရကာ နတ်ဆိုးစွမ်းအား၏ တိုက်စားတဲ့ဒဏ်ကို ဆက်လက်ခံနေရမည်ဖြစ်သည်။ သူ၏ ဇွဲနှင့် စိတ်အားထက်သန်မှုက ချီးကျူးထိုက်ပေသည်။
မျက်လုံးနက်ပိုင်ရှင် အဖိုးအိုက ဝူယွမ်အား သူ့ကိုကူညီရန် တောင်းဆိုခြင်းသည် နတ်ဆိုးစွမ်းအင်၏ သက်ရောက်မှုကို ဖယ်ရှားရန် ကူညီပေးဖို့ ဖြစ်နိုင်သည်။
မဟာရှေးဟောင်း ဧကရာဇ်တံဆိပ်မှ အလင်းတစ်မျှင်က အရိုးစုဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ခဏအကြာတွင်၊ အရိုးစုက ရုတ်တရက် ဝူယွမ်ဘက်သို့ လှည့်လာသည်။
“မဟာရှေးဟောင်းဂိုဏါး… ခုနှစ်ဆယ့်နှစ်ခုမြောက်မျိုးဆက်… တပည့်… ချီရှင်… ဂိုဏ်းချုပ်ကို ကန်တော့ပါတယ်။”
ဂိုဏ်းချုပ်လား
ရှောင်တျောင်းနှင့် လင်းတုန်တို့က သူတို့၏ အစ်ကိုကြီးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
“အစ်ကိုကြီးက ဒီလောက်စွမ်းအားကြီးမားတဲ့သူဖြစ်မယ်လို့ ငါမထင်ထားဘူး။ ဒါဆို အစ်ကိုကြီးရဲ့ အရင်ဘ၀င ဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်ခဲ့တာပေါ့”
အီး… ဝူယွမ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီ နားလည်သွားသည်။ မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ ရာထူးက မဟာရှေးဟောင်းဂိုဏ်း ပျက်စီးမသွားခင်က ဂိုဏ်းခေါင်းဆောင် ဖြစ်နိုင်လောက်သည်။ စောစောက အရိုးစုထဲသို့ ထိုးသွင်းလိုက်သော အလင်းက မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ အသိဖြစ်ပြီး ဝူယွမ်စကားအတိုင်း လိုက်နာရန် ပြောလိုက်ခြင်းဖြစ်နိုင်သည်။
““ဒါဆို မင်းနာမည်က ချီရှင် ပေါ့”
စိတ်ကြည်လင်ပြတ်သားခြင်း ချီရှင် ကိုဆိုလိုတာဘဲ။ လူနဲ့နာမည်နဲ့ တစ်ကယ်လိုက်တယ်”
ဝူယွမ်က ချီရှင်ကို ကြည့်ရင်း မထင်မှတ်ထားသော ရင်းနှီးမှု တစ်ခုကို ခံစားနေရသည်။
“မြန်မြန် ထလိုက်ပါ။”
ဝူယွမ်က အမြန်ဘဲ သူ့ကို ထဖို့ ပြောလိုက်သည်။ ထိုလူမှာ ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယခုလို ဦးညွှတ်မှုကို သူလက်မခံနိုင်ပေ။
ချီရှင် ထလာပြီးနောက်၊ သူက ဝူယွမ်၏ အနောက်ဘက်သို့ သွားကာ တပည့်တစ်ယောက်၏ နေရာကို ချက်ချင်း ယူလိုက်သည်။
“ဆင်းသွားကြည့်ရအောင်။”
ဝူယွမ်က ခုန်ဆင်းသွားပြီး တစ်ဖန် မြေအောက်ခန်းမထံသို့ ရောက်ရှိလာသည်။ ဤနေရာက ဂိုဏ်း၏ ရတနာများ သိုလှောင်ထားရာနေရာဖြစ်သည်။ ယခင်က သူတိုက်ခိုက်နေရသဖြင့် ဒီနေရာတွင် မည်သည့်ရတနာများ ရှိသည်ကို သေချာကြည့်ရှုစစ်ဆေးခြင်း မပြုရသေးချေ။
“ဝိုး!”
လင်းတုန်က မြေအောက်ခန်းမထဲ ရောက်သည်နှင့် အံအားသင့်သွားပြီး စိတ်မထိန်းနိုင်ဘဲ အသံထွက်လိုက်မိသည်။ မြေအောက်ခန်းမထဲရှိ ရတနာများက အလွန်အံ့ဩဖွယ် ကောင်းလွန်းလှသည်။
သူတို့က သန်းပေါင်းများစွာသော သန့်စင် ယွမ်ဆေးလုံးများ စုဆောင်းထားနိုင်ပြီး အလွန်ချမ်းသာနေပီဟု ထင်ခဲ့ကြသော်လည်း ယခုအခါ၊ ဤနေရာနှင့် နှိုင်းယှဉ်လျှင် ပင်လယ်ထဲက ရေတစ်စက်သာ ဖြစ်နေသေးသည်။
ထို့အပြင် တန်ဖိုးအနည်းဆုံးများမှာ သန့်စင် ယွမ်ဆေးလုံးများဖြစ်ပြီး များလွန်းသဖြင့် တောင်ကဲ့သို့ပုံထားရကာ တစ်ဆယ့်နှစ်တောင်ထက် မနည်းရှိသည်။
သန့်စင် ယွမ်ဆေးလုံးများအပြင်၊ နိဗ္ဗာန်ဆေးလုံးများလည်း ရှိပြီး ၎င်းတို့သည်လည်း တစ်ဆယ့်နှစ်တောင်ကျော် ရှိပြီး စင်ကြယ်သော ယွမ်ဆေးလုံးများထက် မနည်းပေ။ ပိုများကောင်းများနိုင်သေးသည်။
“ ဝေါင်း… ဝေါင်း”
ရှောင်ယန်နှင့် ပိုင်ယွမ်တို့က မြင်ကွင်းကိုကြည့်ရင်း သွားရည်ယိုနေကြသည်။
“ရှောင်ယန်ကို ကြည့်ထား၊ သူ့ကို မဆင်မခြင် မစားခိုင်းနဲ့။ ဒီဆေးလုံးတွေထဲမှာ နတ်ဆိုးအငွေ့အသတ်တွေ ပါနေတယ်။”
ဝူယွမ်က လင်းတုန်ကိုလှည့် ပြောလိုက်သည်။
ယခင်တိုက်ပွဲအတွင်းက၊ ဆေးလုံးတောင်များမှ မည်းနက်သော နတ်ဆိုးစွမ်းအား အမြောက်အမြား ထွက်ပေါ်လာခဲ့သည်ကို သူမြင်တွေ့ခဲ့ရသည်။
ထိုဆေးလုံးများက ညစ်ညမ်းနေကာ သန့်စင်ရန်လိုသေးသည်။
ဝူယွမ်က အတွင်းထဲသို့ ဝင်သွားပြီး ကျပန်း နိဗ္ဗာန်ဆေးလုံး တစ်ဆုပ်စာကို ကောက်ယူလိုက်သည်။ လုံးဝန်းပြီး မီးခိုးရောင်သန်းနေသော အနီရောင်ဆေးလုံးများက လေထဲတွင် ပေါ်လာကာ ခိုင်မာပြီး အတိုင်းအဆမရှိသော စွမ်းအင်ကို ဖြာထွက်စေသည်။ ထိုဆေးလုံးများကို သေချာကြည့်လျှင် ဆေးလုံးကို ဖုံးအုပ်ထားသော ထူးဆန်းသည့် မီးလျှံငယ်များရှိသည်။
ဤမီးလျှံများ တက်ကြွလာသည့်အခါ၊ ၎င်းတို့က ငှက်အသေးလေးများနှင့် ဒဏ္ဍာရီလာ ငှက်ပုံစံ အမျိုးမျိုးအဖြစ် ပေါင်းစည်းသွားကာ နတ်သားရဲ ဖီးနစ်တစ်ကောင် နိဗ္ဗာန်ပြည်ကို ကူးပြောင်းနေသည်ဟု ထင်ရလောက်အောင် အလွန်အံ့သြဖွယ်ကောင်းလွန်းလှသည်။
ထိုစွမ်းအင်က လင်းတုန်၊ အရှင်သခင်တျောင်းနှင့် ရှေးဟောင်း သွေးလင်းနို့နဂါးတို့ အားလုံးကို တပ်မက် မက်မောခြင်း ဖြစ်စေခဲ့သည်။
ရှောင်တျောင်း - “နိဗ္ဗာန်အဆင့်ကိုတကီု့ နိဗ္ဗာန်စွမ်းအင် လုံလုံလောက်လောက် စုပ်ယူရတယ် နိဗ္ဗာန်စွမ်းအင်ကို ရယူနိုင်တဲ့ နည်းလမ်းက နှစ်ခုရှိတယ် - တစ်ခုက ကမ္ဘာထဲကနေ ကိုယ်တိုင် ဆွဲယူလို့ရတယ်၊ နိဗ္ဗာန်ဆေးလုံးတွေ မလိုအပ်ဘူး၊ နောက်တစ်ခုကတော့ ပြင်ပပစ္စည်းတွေကို အားကိုးဆာဘဲ၊ နိဗ္ဗာန်စွမ်းအင် ပါဝင်တဲ့အရာေတွကို သန့်စင်ရတယ်။ အဲ့နည်းလမ်းအတွက် အစားထိုးလို့အကောင်းဆုံးက နိဗ္ဗာန်ဆေးလုံးေတွဘဲ”
“နိဗ္ဗာန်ဆေးလုံးတွေက သန့်စင် ယွမ်ဆေးလုံးတွေထက် အများကြီး တန်ဖိုးပိုရှိတယ်။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေအတွက်တောင် ဆေးလုံးတွေကို ဖန်တီးဖို့ရာ အလွန်ခက်ခဲတယ်။ အဲ့တာကြောင့် နိဗ္ဗာန်အဆင့်ကို ချိုးဖောက်ဝင်ရောက်လိုတဲ့ ကျင့်ကြံသူအတော်များများက သူတို့ရဲ့ ချိုးဖောက်မှုအတွက် နိဗ္ဗာန်ဆေးလုံးတွေ အမြောက်အမြားကို နည်းအမျိုးမျိုးနဲ့ စုဆောင်းကြသည်။
ဒီနေရာမှာ ရှိတဲ့ နိဗ္ဗာန်ဆေးလုံး ပမာဏက ဒီမှာရှိတဲ့သူအားလုံး နိဗ္ဗာန်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ လုံလောက်တာထပ်ပိုတယ်။
ခန့်မှန်းခြေအရဆို ယန်မင်းဆက်ရဲ့ နိဗ္ဗာန်ဆေးလုံးအာလုံး စုစုပေါင်းပမာဏတောင် ဒီနေရာမှာရှိတဲ့ ပမာဏထက် ဘယ်လိုမှ များစရာ အကြောင်းမရှိဘူး။”
ရှောင်တျောင်းက မနှိုင်းယှဉ်နိုင်အောင် ဝမ်းနည်းလာမိသည်။ ကောင်းကင်မြွေပါ မျိုးနွယ်ထဲတွင် မွေးဖွားလာသော သူပင်လျှင် ဤရတနာများကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။
စစ်ပွဲတစ်ခုအပြီးတွင် အတော်လေးပျက်စီးသွားသော ဂိုဏ်းတစ်ခုက ဤမျှလောက်များပြားသော ရတနာများ ကျန်ရှိနေသေးသည့်အတွက် ဂိုဏ်း၏ အကောင်းဆုံး အချိန်က မည်မျှ ခိုင်မာအားကောင်းခဲ့သည်ကို မြင်ယောင်ကြည့်ဖို့ရာ လုံလောက်သည်။
“အစ်ကိုကြီး၊ ဒီဆေးလုံးတွေက စားလို့ရသေးရဲ့လား။”
လင်းတုန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
ဆေးလုံးများစွာကို အလဟဿ ဖြုန်းတီးမိလျှင် အတော်လေး ကြေကွဲဖွယ်ကောင်းမည့်အရာဖြစ်သည်။
“ကြိုးစားကြည့်ရအောင်။”
ဝူယွမ်လည်း ယခုအခါ အနည်းငယ် ခေါင်းကြီးနေသည်။ ရုတ်တရက် မဟာရှေးဟောင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာသည့်အတွက် သူလုပ်ရမည့်အရာ တော်တော်များများ တိုးလာပီဖြစ်သည်။
“အရင်ဆူံ ကျောက်လက်ဖွဲ့နဲ့ စမ်းကြည့်လိုက်”
ဝူယွမ်က နိဗ္ဗာန်ဆေးလုံး အနည်းငယ်ကို ကောက်ယူပြီး လင်းတုန်ထံ ပေးလိုက်သည်။
ကျောက်လက်ဖွဲ့၏ စွမ်းအားဖြင့်၊ ဆေးလုံး အတွင်းရှိ နတ်ဆိုးစွမ်းအင်ကို ဖယ်ရှားနိုင်မလားဟု သူသိချင်နေသည်။
လင်းတုန်က ဆေးလုံးများကို လက်ဖဝါးထဲတွင် ကိုင်ထားပြီး သူ၏ လက်ဖဝါးထဲရှိ ကျောက်လက်ဖွဲ့က တောက်ပသော အဖြူရောင် အလင်းကို ထုတ်လွှတ်လိုက်သည်။ အလင်းက နိဗ္ဗာန်ဆေးလုံးများကို ဖုံးအုပ်လိုက်ပြီး မကြာမီ၊ နိဗ္ဗာန်ဆေးလုံးများမှ မည်းနက်သော စွမ်းအင်အငွေ့များ ထွက်လာသည်။
“အလုပ်ဖြစ်တယ်”
နှစ်ဦးစလုံး၏ မျက်နှာများက ဝမ်းသာသွားပြီး လင်းလက်လာသည်။
သို့သော်၊ ကျောက်လက်ဖွဲ့က နိဗ္ဗာန်ဆေးလုံး တစ်လုံးကို လုံးဝ သန့်စင်ရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
ထိုထိရောက်မှုက အလွန်နှေးကွေးလွန်းနေသည်။
ဤနေရာတွင် ဆေးလုံးများ မရေမတွက်နိုင်အောင်ရှိပြီး အနည်းဆုံး သန်းပေါင်းများစွာရှိသည်။
လင်းတုန်စာ ကျောက်လက်ဖွဲ့ဖြင့် သန့်စင်ရန် ကြိုးစားပါက၊ သူက ဤမြေအောက်ခန်းမထံတွင် တစ်သက်လုံး အလုပ်လုပ်နေရဖို့ရာ များသည်။
ရှောင်တျောင်းက ၀မ်းနည်းစွာပြောလိုက်က “ကျောက်လက်ဖွဲ့က အပြင်းအထန် ဒဏ်ရာရခဲ့လို့။ သူရဲ့ ကျောက်တိုင်ဝိညာဉ်က မနိုးလာသေးဘူး၊ ပြီးတော့ လက်ဖွဲ့က သူ့အကောင်းဆုံး အခြေအနေနဲ့ ဝေးနေတုန်းဘဲ၊ ဒီဆေးလုံးတွေကို သန့်စင်ဖို့ ကျောက်လက်ဖွဲ့ကို အသုံးပြုတာက ကောင်းတဲ့ရွေးချယ်မှုတော့ မဟုတ်ဘူး”
ထိုအချိန်တွင် တိတ်ဆိတ်နေသော ချင်ရှီက နိဗ္ဗာန်ဆေးလုံး လက်တစ်ဆုပ်စာကို ကောက်ယူလိုက်ပြီး ၎င်းတို့ကို သူ့ပတ်ဝန်းကျင်တွင် မျောနေစေသည်။ ထို့နောက်၊ သူ၏ အရိုးလက်ကို လှုပ်ခတ်လိုက်ပြီး နိဗ္ဗာန်ဆေးလုံးများက ရုတ်တရက် အမြန်နှုန်းဖြင့် လည်ပတ်လာကာ ထူးဆန်းသော မည်းနက်သည့် စွမ်းအင်အငွေ့မှာက နိဗ္ဗာန်ဆေးလုံးများမှ ဖြည်းဖြည်းချင်း စိမ့်ထွက်လာပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
လုပ်ငန်းပြီးသွားသောအခါ သူက ဆေးလုံးများကို ဝူယွမ်ရှေ့တွင် ထားကာ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။
သိသာထင်ရှားစွာပင်၊ သူက ဝူယွမ်အား ဤဆေးလုံးများကို သန့်စင်ဖို့ရာ ကူညီလိုနေသည်။
“ဒါ မဖြစ်နိုင်ဘူး။ မင်းခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစွမ်းအင် အများကြီး ရှိနေပြီ။ နတ်ဆိုးစွမ်းအား ပိုထည့်သွင်းလိုက်ရင် မင်း ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။”
ဝူယွမ်က မြန်မြန်ဆန်ဆန်ဘဲ သူ့ကို တားမြစ်လိုက်သည်။ ဤသို့သာဆက်သွားပါက၊ ချီရှင်၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအားက အတိုင်းအတာတစ်ခုအထိ စုဆောင်းမိသွားပြီး သူက နတ်ဆိုးစွမ်းအားဖြင့် ထိန်းချုပ်ခြင်းခံရကာ လုံးဝ နတ်ဆိုးအလောင်း ဖြစ်သွားမည်ဖြစ်သည်။
“ငါ တစ်ခုခု ကြံကြည့်မယ်။ ရူန်းတွေနဲ့ မဖြေရှင်းနိုင်တဲ့ အရာ ဘာမှမရှိဘူး။”
သူ့မှာ မူလရူန်း လျှို့ဝှက်ချက် ရှိပြီး ၎င်းထဲတွင် ရူန်း ရာပေါင်းများစွာ ပါဝင်လေသည်။ ရူန်းတစ်ခုစီတွင် ထိုရူန်းကွဲပြားသော သက်ရောက်မှုရှိပြီးသဖြင့် နတ်ဆိုးစွမ်းအားကို ဆန့်ကျင်နိုင်သည့် ရူန်းကို ရှာတွေ့သင့်သည်။
“မင်း၊ ပိုင်ယွမ်နဲ့ ရှောင်ယန်နဲ့အတူ၊ ရှေးဟောင်းကျောက်တိုင်းထဲ ပတ်ကြည့်ပြီး ကျန်သေးတဲ့ လူတိုင်းကို မောင်းထုတ်လိုက်။”
ဝူယွမ်က လင်းတုန်ကို ညွှန်ကြားလိုက်သည်။ သူလိုအပ်သည်မှာ တိတ်တဆိတ် စမ်းသပ်ရန်နဖြစ်သည်။
“ဟုတ်ကဲ့ အစ်ကိုကြီး။”
လင်းတုန် ထွက်ခွာပြီးနောက်၊ ဝူယွမ်က ရူန်းများနှင့် ရှေးအစီအရင်ဖွဲ့စည်းပုံများကို လေ့လာရန် စတင်ခဲ့သည်… သုံးရက်အကြာ!
“နောက်ဆုံးတော့ အောင်မြင်သွားပြီ။”
ဝူယွမ်၏ အံ့အားသင့်စရာကောင်းသော အသံက မြေအောက်ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။
သူ၏ရှေ့၊ ကျယ်ပြန့်သောနေရာ၌၊ ရှုပ်ထွေးပြီးနက်နဲသော ရှေးအစီအရင်တစ်ခု လည်ပတ်နေသည်။ သူက ဆေးလုံးများကို ရှေးအစီအရင်ထဲသို့ အပုံလိုက် ထည့်လိုက်ပြီး မျက်စိပသာဒဖြစ်သော မီးလျှံများနှင့် ပူလောင်သောအလင်းများ ဖြတ်သန်းကာ ဆေးလုံးတစ်လုံးစီတိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့် မည်းနက်သော စွမ်းအင်အငွေ့များက ဆေးလုံးများထဲမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ရူန်းများက တလက်လက် တောက်ပလာသည်။ မူလမီးရူန်း၊ မူလအလင်းရူန်း၊ မူလမိုးကြိုးရူန်း၊ မူလဖျက်ဆီးရူန်း၊ နှင့် အခြားရူန်းအနည်းငယ်တို့က အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပြီး နတ်ဆိုးစွမ်းအား အားလုံးကို သန့်စင်ချေဖျက်ပစ်သည်။
ထိုအစီအရင်က ဝူယွမ် တစ်နေ့၊တစ်ည ကြိုးစတွေးခေါ်ကာ ရူန်းများနှင့် ရှေးအစီအရင်ဖွဲ့စည်းပုံများကို ပေါင်းစပ်ထားသော နတ်ဆိုးရှင်းလင်းရေး ရှေးအစီအရင် ဖြစ်သည်။ ထိုအစီအရင်က နတ်ဆိုးစွမ်းအားကို ရည်ရွယ်ချက်ထားပြီး အရာဝတ္ထုများမှ နတ်ဆိုးစွမ်းအားကို ထုတ်ယူကာ ဖျက်ဆီးနိုင်စွမ်းရှိသည်။
“ချီရှင်၊ မင်းလည်း ဝင်ကြိုးစားကြည့်လိုက်။”
ဝူယွမ်က ချီရှင်ကို ရှေးအစီအရင်ထဲသို့ တွန်းပို့လိုက်သည်။ ချက်ချင်းပင်၊ ရှေးအစီအရင်မှ ထွက်ပေါ်လာသော တောက်ပသည့်အလင်းက ချင်ရှီအပေါ်သို့ ကျရောက်လာပြီး သူ၏ မည်းနက်သော အရိုးစုများမှ အသံများမြည်လာသည်။
ချီရှင်ကဘခဏတာ ရပ်တန့်သွားပြှး၊ ခဏအကြာမှ သူက ရှေးအစီအရင်အတွင်း၌ သူ၏ အရိုးလက်ကို မြှောက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင်များ ထုတ်ပစ်ခံရခြင်း ခံစားမှုကို နှစ်သက်နေဟန်ရှိပြီး ဖိအားများ တဖြည်းဖြည်း လျော့နည်းသွားသည်ကို ခံစားနေရသည်။
အလင်းရူန်း၏ စွမ်းအားက နတ်ဆိုးစွမ်းအားကို သူ့ခန္ဓာကိုယ်မှ မောင်းထုတ်နေသည်။
ထိုစွမ်းအင်က သူ၏ အရိုးစုကို တဖြည်းဖြည်း မည်းနက်နေရာမှ သန့်စင်ပေးနေသည်။
သို့သော်၊ ဆေးလုံးများကို သန့်စင်ခြင်း၊ ထိရောက်မှုနှင့် နှိုင်းယှဉ်ပါက အရှိန်က အနည်းငယ် နှေးကွေးသည်။
ချီရှင်က နိဗ္ဗာန်အဆင့် အဆင့်လေး ကျင်ြကြံသူဖြစ်ပြီး သူ၏ အရိုးစုထဲရှိ နတ်ဆိုးစွမ်းအားက အလွန်သိပ်သည်းကာ မည်းနက်နေသဖြင့်၊ အချိန်တိုအတွင်း လုံးဝဖယ်ရှားပစ်ရန် မဖြစ်နိုင်ပေ။
“အကျိုးသက်ရောက်မှုက ကောင်းတုန်းပဲ၊ ဒါပေမယ့် ရှေးအစီအရင်အတွက် ပစ္စည်းကုန်ကြမ်းတွေ လိုအပ်နေတယ်။ အခုက ငါ့ရဲ့ ဝိညာဉ်စွမ်းအင်နဲ့ ပြုလုပ်ထားတဲ့ ရူန်းတွေကို အားကိုးနေရတာ။ ငါ့ဝိညာဉ်စွမ်းအင်နဲ့ ရေးဆွဲထားတဲ့ ရူန်းတွေက အချိန်အကြာကြီး မခံနိုင်ဘူး၊ သူတို့ရဲ့ အကျိုးသက်ရောက်မှုက သာမန်ပဲ။”
သူသည် လက်ရှိတွင် အလယ်အလတ် ဝိညာဉ်အဆောင်သခင် တစ်ဦးသာဖြစ်သေးသည်။ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ရေးဆွဲထားသော ရူန်းများက ကြာရှည်ခံနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ အကျိုးသက်ရောက်မှုက သာမန်မျှသာ ဖြစ်သည်။
ရှေးအစီအရင်ကို ပြင်ဆင်ရန် ရူန်းများ၏ အကျိုးသက်ရောက်မှုကို ပိုမိုကောင်းမွန်စေနိုင်သော ကောင်းမွန်သည့် ပစ္စည်းကုန်ကြမ်းများ လိုအပ်နေသည်။ ထိုအခါမှသာ ရှေးအစီအရင်၏ စွမ်းအားကို အတိုင်းအတာမရှိ ချဲ့ထွင်နိုင်မည်ဖြစ်သည်။
သို့သော်၊ ဤအရာအားလုံးကို နောက်ပိုင်းတွင် ကိုင်တွယ်နိုင်သည်။ ဝူယွမ်က ယခုအခါ ဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိပြီဖြစ်သည်။
အခုအစီအရင်ဖြင့် ဆေးလုံးများကို သန့်စင်သည့် အရှိန်က ကျောက်လက်ဖွဲ့ထက် အဆပေါင်းများစွာ ပိုမြန်ဆန်သည်။
ဆယ့်ငါးမိနစ်အတွင်းမှာပင်၊ ဆေးလုံးပေါင်း တစ်သောင်းကို သန့်စင်ပြီးစီးပီဖြစ်သည်။
ဝူယွမ်က ရှေးအစီအရင် အနည်းငယ် ထပ်မံတည်ဆောက်ရန် လိုအပ်ပြီး လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ရန်သာ လိုအပ်သည်။ ခန့်မှန်းချေအရ လအနည်းငယ်အတွင်း၊ ဤနေရာရှိ ဆေးလုံးအားလုံးကို သန့်စင်ပြီးစီးသင့်သည်။
သုံးရက်ကျော်လွန်သွားပြီးနောက် မဟာရှေးဟောင်းကျောက်တိုင်၏ အတားအဆီးက ပြန်လည်ကောင်းမွန်လာပြီး အပြင်ဘက်အတားအဆီးများက ပိုမိုခိုင်မာလာကာ အခြားသူများ ဝင်ရောက်၍ မရတော့ပေ။
“အစ်ကိုကြီး။”
လင်းတုန်က ရှောင်ယန်နှင့်အတူ တစ်ဖန် မြေအောက်ခန်းမထဲသို့ ပြန်လာခဲ့သည်။ ဝူယွမ်ကို အံ့အားသင့်စေသည်မှာ၊ သူနှင့်အတူ နောက်ထပ်လူတစ်ယောက် ရှိနေခြင်းဖြစ်သည်။
မုချန်ချန်။
“မင်း ဘာလို့ ရှေးဟောင်းကျောက်တိုင်အတွင်းကနေ မထွက်သွားသေးတာလဲ။”
ဝူယွမ်က သူ့ကိုတွေ့တာနဲ့ ချက်ချင်း မေးလိုက်သည်။
ထိုအချိန်က၊ ချီရှင်နှင့် နတ်ဆိုးအလောင်းတို့ ကြီးမားသော တိုက်ပွဲ တိုက်ခိုက်နေချိန်ဖြစ်ပြီး ဖျက်ဆီးနိုင်စွမ်းအားကောင်းသော ယွမ်စွမ်းအင်လှိုင်းများက အလွန်ပြင်းထန်သဖြင့်၊ အသက်ချမ်းသာလိုသူများ အားလုံး ရှေးဟောင်းကျောက်တိုင်အတွင်းမှ အမြန်ဆုံး ထွက်ခွာသွားကြပီဖြစ်သည်။
“ကျွန်မ… ကျွန်မ ဒီတိုက်ပွဲကြီးကို ကြည့်ချင်လို့ပါ။”
မုချန်ချန်၏ မက်မွန်ပန်းပွင့်ပုံ မျက်လုံးများက တလက်လက်တောက်ပလျက် ရှင်းလင်းသောအသံဖြင့် ပြောလိုက်သည်။
တစ်ကယ်ေတာ့သူမ နေခဲ့ရခြင်းမှာ သူမက ဝူယွမ်အတွက် စိုးရိမ်သောကြောင့်ဖြစ်သည်။ အကြောင်းမှာ ဤအစ်ကိုကြီးက သူမ ကြိုတင်ဆုံးဖြတ်ပြီးသော နှစ်မြွှာကျင့်ကြံခြင်း လက်တွဲဖော် ဖြစ်နေသောကြောင့်ဖြစ်သည်။
“မိန်းမပျို မုချန်ချန်က အပြင်ဘက်မှာတစ်ချိန်လုံးဆောင့်နေတာပါ။ ကျွန်တော်နဲ့ တွေ့တာနဲ့ သူမက အစ်ကိုကြီးရဲ့ သတင်းကို တန်းမေးခဲ့တယ် အစ်ကိုကြီး အန္တရာယ်ကင်းတာသိသွားမှ ကျွန်တော်နဲ့အတူ ရှေးဟောင်းကျောက်တိုင်အတွင်း လှည့်ပတ်စစ်ဆေးခဲ့ကြသည်။”
လင်းတုန်က အကြောင်းစုံကိုပြောပြလိုက်သည်။
“ကျွန်တော် တို့သေချာ လှည့်ပတ်စစ်ဆေးခဲ့ပြီးပီ၊ ရှောင်းတျောင်းကလည်း ဒီရှေးဟောင်းကျောက်တိုင် အတွင်းမှာ တစ်ယောက်မှမကျန်တော့ကြောင်း အတည်ပြုခဲ့တယ်အစ်ကိုကြီး”
ထိုအချိန်တွင် ရှောင်တျောင်းက အံ့အားသင့်စွာဖြင့် ဝူယွမ် တည်ဆောက်ထားသော နတ်ဆိုးရှင်းလင်းရေး အစီအရင်ကို ငေးကြည့်နေခဲ့သည်။
“အစ်ကိုကြီး၊ ဒီရှေးအစီအရင်က အစ်ကိုကြီး တည်ဆောက်ခဲ့တာလား။”
“အင်း။”
ဝူယွမ် ခေါင်းညိတ်လိုက်သည်။
“ဒီအရှိန်က အရမ်းမြန်တယ်။ ဒီရူန်းအစီအရင်နဲ့ဆို ဒီဆေးလုံးတွေကို အရမ်းမြန်မြန် သန့်စင်နိုင်တယ်။”
“နိဗ္ဗာန်ဆေးလုံး အများကြီး၊ အစ်ကိုကြီး၊ မင်း ချမ်းသာသွားပြီနော်။”
“ဒါပေမယ့် အခု ငါတို့က ရှေးဟောင်းကျောက်တိုင်အတွင်းမှာ ပိတ်မိနေတယ်၊ အစ်ကိုကြီး၊ ထွက်ဖို့ နည်းလမ်း ရှိလား။ မဟုတ်ရင် ငါတို့ သုံးနှစ်ကြာတဲ့အထိ စောင့်နေရမှာပဲ။”
မုချန်ချန်က ဆေးလုံးများကို ကြည့်ရင်း၊ သူမ၏မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် တောက်ပလျက်ရှိသော်လည်း ထွက်ပေါက်ပြဿနာကို စိုးရိမ်နေသည်။
“သေချာပေါက် ထွက်နိုင်တယ်၊ ပြီးတော့ အမြန်ဆုံးတောင် ထွက်ရမယ်။” ဝူယွမ်က ပြောလိုက်သည်။
ဝါးမျိုခြင်းဘိုးဘေးအဆောင်က ယင်ရုပ်သေးကြောင်းတော်တွင် ရှိနေဆဲဖြစ်ပြီး သူက ၎င်းကို အမြန်ဆုံး ရယူရန် လိုအပ်သည်။
“ဒါပေမယ့် မထွက်သွားခင်မှာ ငါ ဒီမဟာရှေးဟောင်းကျောက်တိုင်ကို ယူသွားဖို့ လိုတယ်။”
ဝူယွမ်၏ စကားလုံးများက အံ့အားသင့်စရာကောင်းသည်။
လင်းတုန် - “ဘာ၊ အစ်ကိုကြီးက မဟာရှေးဟောင်းကျောက်တိုင်ကို ယူသွားချင်တာလား။”
မုချန်ချန် - “မဟာရှေးဟောင်းကျောက်တိုင်က ၀မ့်လွန်ပြည်နယ်လွင်ပြင်ပေါ်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရပ်တည်နေခဲ့ပြီး၊ ဘယ်သူမှ အဲ့တာကို မရွေ့နိုင်ခဲ့ဘူး၊ အစ်ကိုကြီးက တစ်ကယ် ယူသွားနိုင်မယ်လို့ ယုံကြည်နေတာလား။”
ရှောင်တျောင်း - “မဖြစ်နိုင်ဘူး၊ အစ်ကိုကြီး၊ မင်း ယူသွားနိုင်မှာမဟုတ်ဘူး”
လူနှစ်ယောက်နှင့် ကောင်းကင်မြွေပါတစ်ကောင်က ဝူယွမ်ကို လုံး၀မယုံကြည်ကြပေ။
သို့သော်၊ ဝူယွမ်က စကားအများကြီးပြောမနေဘဲ သူ့နောက်က လိုက်လာဖို့သာခေါ်လိုက်သည်။
“သွားကြရအောင်၊ ငါနောက် လိုက်လာကြ။”
ဝူယွမ်က ထိပ်ကို ပျံသန်းသွားပြီး ဖန်တီးခြင်းကျောက်တိုင်၏ အတွေးတစ်ခုက ကောင်းကင်ယံထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းပင်၊ ကောင်းကင်မှ အလင်းတန်းတစ်ခု ကျရောက်လာပြီး သူတို့အား ဖုံးလွှမ်းသွားသည်။ ထို့နောက် သူတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ၊ သူတို့က အပြင်ဘက်ရှိ ၀မ့်လွန်ပြည်နယ်လွင်ပြင်ပေါ်တွင် ရှိနေပြီဖြစ်သည်။
မဟာရှေးဟောင်းကျောက်တိုင်ရှေ့တွင်၊ လူအတော်များများ ကျန်ရှိနေဆဲဖြစ်ကာ ထိုလူများထဲတွင် ကောင်းကင်ဓားကျောင်းတော် နှင့် ဝူစီတို့လည်းပါ၀င်သည်။ ဝူယွမ်ကို မြင်တွေ့ရသောအခါ၊ နောက်ဆုံးတွင် သူတို့က စိတ်သက်သာရာ ရခဲ့သည်။
သို့သော်၊ ထူးဆန်းသော အနံ့ကတစ်ခုက အနောက်အယှက်ပေးနေသည်။
မဝေးလှသောနေရာတွင်၊ လက်ကို အင်္ကျီလက်ထဲထည့်ထားကာ ရပ်နေသော ဆံပင်ဖြူအို တစ်ယောက်ရှိလေသည်။ သူ၏မျက်နှာက ပိန်လှီနေပြီး မျက်လုံးများက အနည်းငယ်မှေးနေကာ အိပ်ငိုက်နေဟန် ရှိသည်။ သို့သော် သူ့ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အနံ့က အခြားသူများအား ထိုလူက သာမန်မဟုတ်ကြောင်း သတိပေးနေသည်။
ဝူယွမ် ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ သူက ချက်ချင်း သတိထားမိသွားပြီး သူ၏ မျက်လုံးများသည် ဝူယွမ်ဘက်သို့ လှည့်ကြည့်လာသည်။
“ဝူယွမ် ကောင်လေး၊ ငါ့ရဲ့ လူငယ်ခေါင်းတောင် ဘယ်မှာလဲ။”
သူ၏အကြည့်များက လူသေကို ကြည့်နေသကဲ့သို့ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှ သန်မာသော အနံ့ကို ထုတ်လွှတ်ကာ ဝူယွမ်ကို ဖုံးအုပ်လိုက်သည်။
“အစ်ကိုကြီး ဝူယွမ်၊ သူက ယင်ပုပ်ကျောင်းတော်ရဲ့ အကြီးအကဲ ဇိုဘဲ၊ သူက ကူးပြောင်းခြင်းအဆင့် အလယ်အလတ်မှာရှိတယ်၊ မဟာဝမ့်လွန်ပြည်နယ်မှာ သူရဲ့စွမ်းရည်က ကျွန်တော့်အဖေ၊ မုချန်ချန်အဖေနဲ့ တင်လေ့အဖေပြီးရင် ဒုတိယနေရာမှည ရှိတယ်။”
ဝူစီက ခပ်တိုးတိုးရှင်းပြလိုက်သည်။
“တင်လေ့လား၊ သူ သေသွာူပြီ။”
ဝူယွမ် အေးဆေးတည်တည်ငြိမ်ငြိမ်ဘဲ ပြောလိုက်သည်။
“ကောင်လေး၊ မင်းက ဟွာကုနဲ့ သူ့သားကို သတ်ခဲ့တယ်၊ အခုလဲ လူငယ်သခင်လေး တင်လေ့ကို သတ်ပြီးပြီ။ မင်း မဟာရှေးဟောင်းကျောက်တိုင်မှာ