စစ်မှန်နတ်ဘုရားတစ်ပါး ပျက်သုဉ်းခြင်း
Vol. 15 Ch. 180
မိုးသည် ရက်ပေါင်းများစွာ ဆက်တိုက်ရွာသွန်းနေခဲ့သည်။
ဝံပုလွေနတ်ဘုရားရှဲလန်သည် နတ်ကွန်းထဲမှ ထွက်လာ၏။ သူ၏ မျက်နှာအမူအရာမှာ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသည်။
"အရှင်နတ်ဘုရား"
နတ်ကွန်းအစောင့်တပ်မှူးသည် အလွန်လေးစားသောအမူအယာနှင့် ချဉ်းကပ်လာ၏။
"အောက်ကရွာတွေ ဘယ်လိုလဲ"
ဝံပုလွေနတ်ဘုရားက သူသိချင်သောအရာကို တိုက်ရိုက်မေးသည်။
လွန်ခဲ့သော ရက်များက သူသည် ကပ်ရောဂါနှင့်ပတ်သက်သော ကိစ္စများဖြင့် အလုပ်များနေခဲ့သဖြင့် အခြေအနေများကို မမေးအားခဲ့ပေ။
နတ်ကွန်းအစောင့်၏ မျက်နှာထားက သိသိသာသာ တင်းမာသွားသည်။
"ရွာတွေက... ဒီနေ့မတိုင်ခင်ကပဲ ချင်းရွှေရွာ လက်ထဲကို အားလုံးကျရောက်သွားပါပြီ။"
"ဘာ"
ဝံပုလွေနတ်ဘုရားရှဲလန် အံ့အားသင့်သွားခဲ့သည်။ထိုအရာက မဖြစ်သင့်သောကိစ္စပင်။
"မူလနတ်ဘုရားဆိုတဲ့ကောင်ကတော့ တော်တော်သတ္တိကောင်းနေပါလား"
ဝံပုလွေနတ်ဘုရားသည် မူလနတ်ဘုရားက ထိုရွာများကို သိမ်းပိုက်နေသည်ကို တမင်တကာလွှတ်ပေးထားခဲ့ခြင်းပင်။သို့သော်လည်း အခြားရှေးဟောင်းနတ်ဘုရားတစ်ပါးဆိုလျှင် ထိုမျှအထိ ရဲရင့်စွာ လုပ်ဆောင်ရဲမည်မဟုတ်ပေ။
ဥပမာအားဖြင့် ရှီရှားမြို့မှ ရှေးဟောင်းနတ်ဘုရားရူယွီဆိုလျှင် အမြဲတမ်းပုန်းအောင်းနေပြီး ကြက်ပေါက်ကလေးတစ်ကောင်ကဲ့သို့ သတ္တိနည်းကာ နတ်ဘုရားအသစ်များကို မည်သည့်အခါမျှ စိန်ခေါ်ခဲ့ခြင်းမရှိပေ။
"အရှင်နတ်ဘုရား ၊ ကျွန်တော် အစောင့်တချို့ခေါ်ပြီး သူ့ကို သွားဖမ်းရမလား"
နတ်ကွန်းအစောင့်တပ်မှူးက အကြံပေးလိုက်သည်။
ကွမ်ဖုန်းမြို့တွင် ခရမ်းရောင်နန်းတော် အဆင့်ရှိသော နတ်ကွန်းအစောင့် သုံးဆယ်ကျော်ရှိ၏။ထို့ကြောင့် သူသည် မူလနတ်ဘုရားကို ခြိမ်းခြောက်မှုအဖြစ် မမြင်ပါ။
သူတို့၏ အရေအတွက်ကသာလွန်နေသောကြောင့် တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ချင်းရွှေရွာသည် သေချာပေါက် ဖျက်ဆီးခံလိုက်ရမည်မဟုတ်ပါလား။
ဝံပုလွေနတ်ဘုရား၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိုကိစ္စကို သေချာစဥ်းစားနေ၏။
ချင်းရွှေရွာနတ်ဘုရားနောက်မှာ အစွမ်းထက်တဲ့သူ ရှိနေပုံပဲ ၊ ဆင်ကန်းတောတိုးလုပ်လို့ မရဘူး။
သူသည် မကြာသေမီက ခံစားခဲ့ရသော ထိတ်လန့်ဖွယ်ရာ စွမ်းအင်အရှိန်အဝါကို သတိရနေသည် ။ ထိုစွမ်းအင်အရှိန်အဝါကြောင့် သူသည်ထူးဆန်းသောဒဏ်ရာ ရခဲ့သည်ကို သူမမေ့ပါ။
"လောလောဆယ် ချင်းရွှေရွာနဲ့ ရင်ဆိုင်တိုက်ခိုက်တာကို ရှောင်ကြဉ်ပါ။"
သူသည် စစ်မှန်နတ်ဘုရားတစ်ပါး အနီးအနားတွင် ပုန်းအောင်းနေသည်ဟု ခံစားမိနေသည်။ လောလောဆယ် ငြိမ်ငြိမ်နေခြင်းက ပိုကောင်းသည်။ နတ်ဘုရားအသစ် ရောက်ရှိလာသည်အထိ စောင့်ရပေမည်။ ထိုနတ်ဘုရားအသစ်က ပုန်းအောင်းနေသော ရှေးဟောင်းစစ်မှန်နတ်ဘုရားကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။
နတ်ကွန်းအစောင့်တပ်မှူးက ခေါင်းညိတ်ပြီး နောက်ထပ်သတင်းတစ်ခုကို တင်ပြသည်။
"မကြာသေးခင်က ကျင့်ရှီမြို့က လူတွေက အခြေအနေတစ်ခု ဖန်တီးနေကြပါတယ်။ အရှင်နတ်ဘုရားက ချင်းရွှေရွာကို အရေးမယူတဲ့အတွက်ကြောင့် ကျင့်ရှီမြို့က လူတော်တော်များများက ချင်းရွှေရွာဘက်ကို ပြောင်းလဲဖို့ စဉ်းစားနေပုံရပါတယ်။"
လွန်ခဲ့သော အချိန်အနည်းငယ်က နန်းကုန်းဝူကျီသည် ကျင့်ရှီမြို့၏ခေတ်သစ်နတ်ဘုရားကိုတိုက်ခိုက်ပြီး သတ်ပစ်ခဲ့သည်။ ယခုအခါ ကျင့်ရှီမြို့သည် အုပ်ချုပ်သူမဲ့နေသဖြင့် အနီးအနားတွင်ရှိသောရွာမှ ခေတ်သစ်နတ်များက မြို့အား သူယူမည် ငါယူမည်ဟုငြင်းခုန်ကာ အာဏာလုကြ၏။
မြို့အခြေအနေက တိုက်ပွဲများကြောင့် ရှုပ်ထွေးနေပြီး မြို့သား၊ ရွာသားအများအပြားသည် သတင်းကောင်းများထွက်ပေါ်နေသော နတ်ဘုရား၏ ချင်းရွှေရွာသို့ ထွက်ပြေးချင်နေကြသည်။
"အမြင်ကျဉ်းတဲ့ အရူးတွေပဲ"
ဝံပုလွေနတ်ဘုရားက လှောင်ပြောင်လိုက်သည်။ သူ့အတွက်တော့ ထိုသာမန်လူများသည် ရေတွင်းထဲက ဖားများကဲ့သို့ပင်၊ သူတို့သည် ရေတွင်းအဝအထက်မှ ကောင်းကင်နေရာလေးသေးသေးကိုသာ မြင်နိုင်သည်။
သူတို့အထင်ကြီးနေတဲ့ ချင်းရွှေရွာနတ်ဘုရားက သေလမ်းပဲရှိတာကို မသိကြဘူး၊ ထုံးမန်း မန်းခါမှ အနာပိုပြဲဖြစ်မဲ့ကောင်တွေ။
"ကောင်းပြီ၊ သူတို့က ချင်းရွှေရွာကို သိပ်သွားချင်နေတယ်ဆိုရင်တော့"
ဝံပုလွေနတ်ဘုရား၏ မျက်လုံးများတွင် ဉာဏ်ပညာအလင်းတစ်ခု အရောင်တောက်သွားသည်။
"ဒီပုလင်းထဲက အရာတွေကို ချင်းရွှေရွာဘက်ကို ဦးတည်နေတဲ့သူတွေကြားမှာ ဖြန့်ဝေပေးလိုက်"
နတ်ကွန်းအစောင့်တပ်မှူးသည် ပုလင်းကိုယူလိုက်ပြီး သူ၏ မျက်လုံးများတွင်လည်း ပျော်ရွှင်ခြင်းများနှင့်အတူ အားရကျေနပ်ခြင်းများ တလက်လက်တောက်နေသည်။
"အရှင်နတ်ဘုရား အမိန့်အတိုင်းပါပဲ"
ထိုပုလင်းတွင် ကပ်ရောဂါ၏ မူလဇစ်မြစ် ပါရှိ၏။ မကြာသေးမီက မိသားစုကြီးငါးစုသည် ၎င်းကိုရရှိရန် မြို့အသီးသီးမှ နတ်ဘုရားအသစ်များထံ သွားရောက်ခဲ့ကြရလေသည်။
"သူတို့ကို ခဏလောက်တော့ အသက်ရှင်ခွင့်ပေးလိုက်ပါ၊ ဒါပေမဲ့ သိပ်ပြီးတော့ သက်သောင့်သက်သာ နေခွင့်မပေးနဲ့"
ဝံပုလွေနတ်ဘုရားက ရက်စက်စွာပြောလိုက်သည်။
ထိုနောက် သူသည် နတ်ကွန်းထဲသို့ ပြန်ဝင်သွား၏။
နတ်ကွန်းအစောင့်တပ်မှုးက ကပ်ရောဂါပုလင်းအား ကျေနပ်စွာတစ်ချက်ကြည့်ပြီးနောက် သူ၏ခြေလှမ်းများက်ု စတင်လိုက်သည်။
သူ၏ဦးတည်ရာအရပ်က ကျင့်ရှီမြို့ဖြစ်သည်ကို ပြောနေစရာပင် မလိုတော့ပါ။
ကျင့်ရှီမြို့သားတွေနဲ့ ချင်းရွှေရွာ ...မင်းတို့ ပျော်ကြရတော့မှာပါ။
မိုးစက်မိုးပေါက်များက သည်းထန်စွာ ဆက်လက် ရွာသွန်းနေခဲ့သည်။ နေ့ခင်းပိုင်းတွင် အနည်းငယ် သက်သာသွားသော်လည်း၊ ညနေပိုင်းတွင် ပြန်လည်၍ သည်းထန်လာ၏။
ကျိယွမ်နှင့် သူ၏နယ်မြေသားများကတော့ ပွဲတော်များကို ပျော်ရွှင်စွာဖြင့် ဆက်လက်ကျင်းပနေခဲ့သည်။
သို့သော် ကျင့်ရှီမြို့မှ လူများအတွက်မူ ယခုလို နေ့စဥ်ရက်ဆက် အုံမှိုင်းညို့ဆိုင်းကာ မိုးများရွာနေခြင်းသည် သူတို့၏ စိတ်ဓာတ်ကျခြင်းကိုသာ ပိုမိုနက်ရှိုင်းစေသည်။
လက်ရှိတွက် မြို့သူမြို့သားများသည် ကျင့်ရှီမြို့နှင့်ပတ်သက်၍ ဘာလုပ်ရမှန်း မသိဘဲ နှစ်ပိုင်းကွဲနေခဲ့၏။ အချို့က မြို့မှ ထွက်ပြေးရန် ရွေးချယ်ကြပြီး အချို့က မိိမိတို့ ဇာတိမြို့လေးမှာပင် ဆက်နေရန် ဆုံးဖြတ်ကြသည်။
ထွက်ပြေးချင်သူများထဲ၌ လူတော်တော်များများက ချင်းရွှေရွာတွင် ခိုလှုံရန် စီစဥ်နေ၏။
ဝေ့ထင်းသည် သူ၏ညီမလေးကို ခေါ်ဆောင်ပြီး ဆေးခန်းမှ ပြန်လာခဲ့သည်။ သူသည် သိသိသာသာ အရပ်ရှည်ပြီး နှစ်မီတာနီးပါး ရှိကာ ပုံမှန်အားဖြင့် တိတ်ဆိတ်ပြီး ထိန်းထိန်းသိမ်းသိမ်းနေတတ်သူတစ်ယောက် ဖြစ်သည်။
ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး သူနှင့်သူ၏ညီမတို့သည် အမြဲတမ်းလိုလို တစ်ယောက်ကိုတစ်ယောက် အားကိုးခဲ့ကြရ၏။
အိမ်သို့ ပြန်ရောက်သောအခါ ဝေ့ထင်းသည် ပုံမှန်ထက်ပိုတိတ်ဆိတ်နေကာ အိပ်နေသော ညီမလေးကို ကြည့်သည်။ သူမ၏ ရှပ်အင်္ကျီကို ညင်သာစွာ မတင်ပြီး သူမ၏ ကျောပြင်ကို စစ်ဆေးလိုက်သည်။
ထိုနေရာတွင် အမည်းစက်များ စုပုံနေသည်ကို သူမြင်ရပြီး၊ အမည်းစက်တစ်ခုစီတိုင်းတွင် ပြည်ဖုများ ဝန်းရံနေ၏။
ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းပြီး သနားစရာလည်းကောင်းသည်။
သူမ၏ကျောပြင်မှ အထိအတွေ့ကြောင့် ထင်သည် ။နာကျင်နွမ်းနယ်နေသော မိန်းကလေးသည် နိုးလာပြီး အလွန်အားနည်းသော အသံလေးဖြင့် မေးရှာသည်။
"အစ်ကို၊ ညီမလေး သေတော့မှာလားဟင်"
"မသေရဘူး"
"မဟုတ်တာတွေ မပြောနဲ့"
ဝေ့ထင်း၏ အသံသည် ယခင်ကဲ့သို့ ညင်သာမှုမရှိဘဲ တောင့်တောင့်ကြီး ဖြစ်နေသည်။ သူသည် သူ၏လက်ဖျံပေါ်ရှိ အမည်းစက်များကို ဖုံးကွယ်ရန် သူ၏အင်္ကျီီလက်မောင်းစကို လျှင်မြန်စွာ ဆွဲချလိုက်သည်။
"အစ်ကို၊ ညီမလေးကို မညာပါနဲ့။ သမားတော်က ညီမလေးဟာ ကပ်ရောဂါဖြစ်နေတာ၊ ဆေးကုလို့ မရတော့ဘူးလို့ ပြောတယ်"
မိန်းကလေးက နာကျင်နေသည့်ကြားမှ အစ်ကိုဖြစ်သူအား အားတင်းကာ ပြုံးပြသည်။
သူမ၏အစ်ကိုက သူမအားလျှော့မသွားရန် ညာပြောနေမှန်း သူမ သိပါသည်။
သို့သော် ကပ်ရောဂါက ပြင်းထန်လှ၏။
ဝေ့ထင်းသည် လွန်ခဲ့သောညဦးကပင် သူ၏ ညီမလေးခန္ဓာကိုယ်၌ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိခဲ့သည်။ အစပိုင်းတွင် သူသည် သူမကို သမားရိုးကျ ဆေးဖက်ဝင်အပင်များသာ ပေးခဲ့သော်လည်း၊ သန်းခေါင်ယံအချိန်ထိမသက်သာလာခဲ့ပေ။ ရောဂါက ပိုဆိုးလာပြီး သေချာစစ်ဆေးကြည့်မှ သူမ၏ ဝိညာဉ်စွမ်းအင်များကို တစ်ခုခုက စားသုံးနေကြောင်း သဘောပေါက်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း အမည်းစက်များ ဖုံးလွှမ်းလာပြီး သူမ၏ စွမ်းအင်များ ပြင်းထန်စွာ အားနည်းလာခဲ့သည်။ သူသည် သူမကို မြို့ထဲရှိ ဆေးခန်းသို့ အလျင်အမြန် ခေါ်သွားခဲ့၏။ထိုနေရာသို့ရောက်သောအခါ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသည်။
ဆေးခန်းအပြင်ဘက်တွင် သူ၏ညီမလေးကဲ့သို့ ရောဂါလက္ခဏာများ ခံစားနေရသူများစွာ ရှိပြီး အလောင်းများလည်း ရှိနေ၏။ ထိုအထဲတွင် သူတို့၏ အိမ်နီးချင်းအချို့ အလောင်းများလည်း ပါဝင်သည်။
ထိုအိမ်နီးချင်းသည် ချင်းရွှေရွာသို့ မသွားရန် ရွေးချယ်ခဲ့သော်လည်း ဝေ့ထင်းကို ကျင့်ကြံခြင်းအတွက် ဝိညာဉ်ဆိုင်ရာပစ္စည်းအချို့ ကူညီပေးခဲ့ဖူးသည်။ သို့သော် ယခုအခါ သူသည် ထိုအိမ်နီးချင်း၏ အလောင်းကို ဆေးခန်းတွင် တွေ့လိုက်ရသည်။
ထို့နောက် သမားတော်က သူ့ညီမလေးသည် ကပ်ရောဂါ ကူးစက်ခံရပြီး ကယ်တင်ရန် မတတ်နိုင်တော့ကြောင်း ဝေ့ထင်းအားအသိပေးခဲ့လေ၏။
သမားတော်က ဝေထင်းအား သူမကို အိမ်ပြန်ခေါ်သွားပြီး မြှုပ်နှံရန် နေရာရှာကာ၊ မြှုပ်နှံခြင်းမပြုမီ ခန္ဓာကိုယ်ကို သန့်စင်ပစ်ရန်ကိုလည်း အကြံပေးခဲ့သည်။
"သိပ်ပြင်းထန်တာ မဟုတ်ပါဘူး၊ သာမန်ဖျားနာတာလေးပါ ၊ ကောင်းလာလိမ့်မယ်"
ဝေ့ထင်းက သူ၏ညီမလေးအား မကြည့်ဘဲပြောလိုက်သည်။ သူသည် လိမ်ပြောရာတွင် မကျွမ်းကျင်သဖြင့် သူ၏ ခံစားချက်များကို မထုတ်ဖော်မိစေရန် ရုန်းကန်နေရ၏။ သူတို့၏ မိဘများ ဆုံးပါးသွားချိန်တွင်ပင် သူသည် တိတ်ဆိတ်စွာနေခဲ့ပြီး၊ မျက်ရည်တစ်စက်ပင် မကျဘဲ မြှုပ်နှံခဲ့သည်။
"အစ်ကို၊ ကျွန်မတို့ ချင်းရွှေရွာကို သွားကြရအောင်။ ဒီလို မကောင်းတဲ့ နတ်ဘုရားတွေ အုပ်ချုပ်တဲ့ နေရာမှာ သေချင်ဘူး"
မိန်းကလေးက ဝေ့ထင်း၏လက်ကို ဆုပ်ကိုင်ရင်း ပြောသည်။
သူမသည် ဝေထင်းထံ ကပ်ရောဂါ မကူးစက်စေရန် သူမ၏ လက်ပေါ်တွင် စွမ်းရည်တစ်မျိုးကို အသုံးပြုထား၏။
"ကောင်းပြီ"
ဝေ့ထင်းက ချက်ချင်းသဘောတူလိုက်ပြီး ညီမဖြစ်သူ၏ အဝတ်များကိုသေချာပြန်ပြင်ပေးကာ ညင်သာစွာပွေ့ချီလျှက် မိုးရေစက်များထဲတွင်ပင် ချင်းရွှေရွာသို့ ဦးတည်လိုက်သည်။ ကျင့်ကြံသူများအတွက် မိုးစက်များသည် အရေးတယူလုပ်စရာတော့ မဟုတ်ပေ။
ကျင့်ရှီမြို့မှ ချင်းရွှေရွာသို့ သွားသောလမ်းသည် အန္တရာယ်များပြီး မိစ္ဆာနတ်ဘုရားများ ထိန်းချုပ်ထားသည့် ရွာများစွာကို ဖြတ်သန်းရသည်။ ထို့ကြောင့် ဝေ့ထင်းသည် ပွင့်ပွင့်လင်းလင်း ပျံသန်းရဲခြင်းမရှိဘဲ သတိကြီးစွာဖြင့် သွားလာနေရသည်။
သည်းထန်သောမိုးရေထဲတွင်ပင် သူသည် ကျင့်ရှီမြို့မှ အခြားမြို့သူမြို့သားများစွာ ချင်းရွှေရွာဘက်သို့ တိတ်တဆိတ် သွားနေသည်ကို မြင်လိုက်ရပြီး၊ သူတို့ထဲမှ အများအပြားသည် အားနည်းနေကာ ကပ်ရောဂါ၏ လက္ခဏာများ ပြသနေပါသည်။
ရုတ်တရက် ဝေ့ထင်းသည် သူ၏ ခြေထောက်တွင် ထုံကျဉ်လာသည်ကို ခံစားလိုက်ရပြီး၊ သူ၏အသိစိတ်ကရုတ်တရက် ပျံ့လွင့်သွားကာ သူ၏ ကျောရိုးများ ပေါက်ကွဲထွက်သကဲ့သို့ ခံစားလိုက်ရ၏။
"အစ်ကို၊ ဘာဖြစ်တာလဲ"
ဝေ့ဟဲက သူမ၏ အစ်ကို နာကျင်နေသည့်မျက်နာကို ခံစားမိသွားသည်။
"ဘာမှမဖြစ်ဘူး"
ဝေ့ထင်းက အရေးမကြီးသလို ပြန်ဖြေလိုက်သော်လည်း သူ၏ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ရန် ပိုမိုခက်ခဲလာပြီး သူ၏ အသိစိတ်ကလည်း ဝေဝါးလာနေသည်။
သို့သော် သူသည် အံသွားများကို တင်းတင်းကြိတ်ပြီး ချင်းရွှေရွာဘက်သို့ သူ၏ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့်လား ဝေဒနာကြောင့်လားမသိပါ ။ သူ၏ အမြင်အာရုံသည် ပို၍ဝေဝါးလာ၏ ။ သို့သော် သူ၏ ကြီးမားကျယ်ပြန့်သော ရင်ဘတ်ဖြင့် ဝေ့ဟဲကို မိုးရေမှ ကာကွယ်ပေးကာ ရှေ့သို့ သာဆက်၍ သွားနေသည်။
ဝေဒနာက ပို၍ပြင်းထန်လာ၏ ။ သူကလုံးဝမရပ်နားဘဲ ဆက်သွားရာ အချိန်မည်မျှကြာသွားသည်ကို မသိနိုင်တော့ပါ။ နောက်ဆုံးမှာတော့ ဝေ့ထင်းသည် လူအုပ်တစ်စုကို ရှေ့တွင် မြင်လိုက်ရသောအခါမှ သူကယဲ့ယဲ့ကလေးပြုံးကာ အားလျှော့လိုက်သည်။ သူအားလျှော့လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် နွမ်းနယ်သွားပြီး ရွှံ့ထဲသို့ လဲကျကာ သတိလစ်သွားတော့သည်။
သူ၏မျက်စိများကို မမှိတ်ခင် နောက်ဆုံးမြင်လိုက်ရသည်က လူများသူ့ဆီသို့ အလျင်အမြန် ပြေးလာနေခြင်းပင်။
ထို့နောက် သူ၏သတိတရားက လုံးဝမှောင်မိုက်သွားခဲ့သည်။
ညီမလေး...။
အချိန်မည်မျှကြာသွားခဲ့သည် မသိပါ။
ဝေ့ထင်းသည် ဖြည်းညှင်းစွာ သတိပြန်ရလာ၏ ။သူ၏ နားထဲ၌ ပတ်ဝန်းကျင်မှ ညင်သာသော အသံများကို ဦးစွာကြားနေရသည်။
"သူတို့ ဘယ်လိုလဲ"
"အဖေ ၊ ဒီကျင့်ရှီမြို့ကလာတဲ့လူအားလုံး ကပ်ရောဂါ ဖြစ်နေကြပါတယ်။ သူတို့ရဲ့ အခြေအနေက စိုးရိမ်ရတယ်။"
"အရှင်နတ်ဘုရား၊ ဒီကပ်ရောဂါက ကြောက်စရာကောင်းပါတယ်။ ဝိညာဉ်စွမ်းအင်ကို တိုက်စားပစ်ပါတယ်။ သူတို့ကို… မောင်းထုတ်သင့်သလား"
ထိုစကားကိုကြားတော့ ဝေ့ထင်း၏ နှလုံးသားသည် တင်းကျပ်သွားသည်။
ညီမလေး ...။
သူက စိုးရိမ်ကြီးစွာဖြင့် ကုန်းထချင်သော်လည်း ထရန်မဆိုထားနှင့် မျက်ခွံကိုပင် မပင့်နိုင်လောက်အောင် အားနည်းနေ၏။
"သူတို့ ချင်းရွှေရွာကို ရောက်လာပြီဆိုတော့၊ အခု သူတို့ဟာ ငါ့ရဲ့ လူတွေ ဖြစ်သွားပါပြီ။ ဖျားနာတယ်ဆိုရင် ကုသပေးရပါမယ်"
အသံပိုင်ရှင်က ကျိယွမ်ပင် ဖြစ်သည်။
ကျိယွမ်အတွက် လူများများရှိခြင်းသည် အလုပ်သမားများများ ရရှိခြင်းကို ဆိုလို၏။ ကျင့်ရှီမြို့တွင် အရည်အချင်းရှိသော ပုဂ္ဂိုလ်များစွာ ရှိနေသည်။ အနာဂတ်တွင် သူသည် ကောင်းကင်ဘုံမှသက်ရှိများစွာကို ပုံဖော်ရန် လိုအပ်၏။ ထို့သို့ပုံဖော်ရာ၌ တွေ့ရာလူများနှင့်အဆင်မပြေပါ ။ သင့်တော်သော အရည်အချင်းရှိသူများ လိုအပ်သည်။ ထို့ကြောင့် ချင်းရွှေရွာ၏လက်ရှိ လူဦးရေတစ်ခုတည်းဖြင့် မလုံလောက်နိုင်တော့ပေ။
"အရှင်နတ်ဘုရား၊ သူတို့ရဲ့ ကပ်ရောဂါက ပြင်းထန်ပြီး... ကုသလို့ မရပါဘူး"
ရှီကျားရွာမှ သမားတော်က စိုးရွံ့စွာလျှောက်တင်၏။
သူ့အပြင် ပတ်ဝန်းကျင်ရွာများမှ သမားတော်များသည် ကပ်ရောဂါကို ကုသရန် စုဝေးခဲ့ကြသော်လည်း အဖြေရှာမရခဲ့ပါ။
ကျိယွမ်က မျက်ခုံးပင့်လိုက်သည်။အခြားနည်းလမ်းတစ်ခုကို လိုအပ်လာခဲ့လေပြီ။
"ရှောင်းရွှယ်နဲ့ တခြားမြေနတ်ဘုရားတွေကို ခေါ်လိုက်။"
မြေနတ်ဘုရားပုံရိပ်ကို ကျင့်ကြံခဲ့သော လယ်သမားကြီးများကို ကျိယွမ်က
မြေနတ်ဘုရားဘွဲ့ကို ပေးသနားခဲ့သည်။
ချီချီသည် ကျိယွမ်အား နားမလည်သလိုကြည့်သည်။
ကပ်ရောဂါနှင့် မြေနတ်ဘုရားများက မည်သို့သက်ဆိုင်သနည်း။
သို့သော် သူမကစောဒကမတတ်ဘဲ ရှောင်းရွှယ်အားခေါ်ရန် ချက်ချင်းထွက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ကျိယွမ်သည် ဝေ့ထင်းကိုသတိထားမိသွားပြီး စိတ်ဝင်တစား ကြည့်နေသည်။
"တော်တော် သန်မာတဲ့လူပဲ၊ ခန္ဓာကိုယ်က ကြီးကြီးမားမားနဲ့။"
ထိုအမျိုးသား ရောက်လာစဥ် သူ၏ညီမဟုယူဆရသောမိန်းကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ သူသတိမေ့သွားချိန်တွင် အခြားသူများက သူ၏လက်များကို ဖြည်ရန် ကြိုးစားသော်လည်း သူ၏ ဆုပ်ကိုင်ထားမှုကို လျှော့ချ၍ မရခဲ့ပေ။
မကြာမီမှာပင် ရှောင်းရွှယ်နှင့် မြေနတ်ဘုရားအချို့ ရောက်လာကြသည်။
"အရှင်နတ်ဘုရား၊ ကျွန်မကို ခေါ်လိုက်တာလား"
ရှောင်းရွှယ်က သိချင်စိတ်ဖြင့် မေးသည်။
"ဟုတ်တယ်၊ နင့်ရဲ့ မူလနတ်စွမ်းအင်ကို အသုံးပြုပြီး ဒီလူတွေဆီက ကပ်ရောဂါကို ဖယ်ရှားနိုင်မလား ကြည့်လိုက်ပါ"
ကျိယွမ်က ညွှန်ကြားလိုက်သည်။
မြေနတ်ဘုရားတစ်ပါးအနေဖြင့် သူတို့၏ စွမ်းရည်များထဲမှ တစ်ခုမှာ ကပ်ရောဂါများကို ဖယ်ရှားခြင်း ပါဝင်နေသည်က်ု သူမှတ်မိ၏။
"ဟင်"
ရှောင်းရွှယ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူမသည် သူ၏ မူလနတ်စွမ်းအင်ကို အသုံးပြုခဲပါသည်။ ယနေ့အထိ နှစ်ကြိမ်သာ အသုံးပြုခဲ့ပြီး ထိုနှစ်ကြိမ်စလုံးကလည်း စိုက်ပျိုးရေးအတွက်သာ ဖြစ်သည်။
"စမ်းကြည့်ပါ"
ကျိယွမ်က မယုံသလိုဖြစ်နေသော ရှောင်းရွှယ်ကို အားပေးသည်။
ချီချီ၏ မျက်လုံးများလည်း ပြူးကျယ်သွားသည်၊
"အဖေ.. မြေနတ်ဘုရားက ရောဂါတွေကိုလည်း ကုသနိုင်တာလား"
သူမသည် မြေနတ်ဘုရားကို ပို၍ပင် နားမလည်နိုင် ဖြစ်လာသည်။ စိုက်ပျိုးရေးအပိုင်းတွင် ယိုလုံနတိဘုရားထက် အားကောင်းနေခြင်းကပင် အံ့ဩစရာ ဖြစ်နေလေပြီ။ ယခု မြေနတ်ဘုရားသည် လူမမာများကိုပင် ကုသပေးနိုင်သည်မှာကတော့ လုံးဝ မယုံနိုင်စရာဖြစ်သွားလေပြီ။
"ဟုတ်တယ်"
ကျိယွမ်သည် ၂၁ရာစု ကမ္ဘာမြေမှ နတ်ဘုရားများ မည်မျှ အသုံးဝင်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာသည်။
ရှောင်းရွှယ်သည် ကျိယွမ်၏ ညွှန်ကြားချက်များကို ချက်ချင်း လိုက်နာပြီး သူမ၏ မူလနတ်စွမ်းအင်ကို စတင်အသုံးပြုလိုက်၏။
ထို့နောက် သူမက ချီချီအား မေးဆတ်ပြသည်။
ချီချီက သဘောပေါက်သွားပြီး ပူးပေါင်းပေးလေသည်။
"ကောင်းကင်ဘုံက ကပ်ရောဂါကို ဖယ်ရှားပြီး ကျွန်မ ဖခင်နတ်ဘုရားရဲ့နယ်မြေက လူတွေကို ကာကွယ်ပေးပါစေလို့ ကျွန်မ ဆုတောင်းပါတယ်"
ရှောင်းရွှယ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး အခြား မြေနတ်ဘုရားများလည်း ထိုနည်းအတိုင်း လိုက်လုပ်ကြ၏။
ခဏအကြာတွင် ရှောင်ရွှယ်သည် သူမ၏ မျက်လုံးများကို ဖွင့်သည်။
သူမ၏ လက်ထဲတွင် မည်သည့်နေရာမှလာမှန်းမသိသော ရေတစ်စက်ရှိနေ၏။ရေက ကြည်လင်ပြီး သန့်စင်နေကာ ရောဂါဝေဒနာအားလုံးကို ကုသပေးနိုင်ပုံရှိသည်။
သူမ၏ လက်ဖျားကို တစ်ချက်ခါလိုက်သည်နှင့် ရေစက်သည် အမှုန်အမွှားလေးများအဖြစ် ကွဲထွက်သွားပြီး ထိုနေရာတွင် ရှိသူတိုင်း၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားခဲ့သည်။
ကျိယွမ်၏ မျက်လုံးများက ဝေ့ထင်းအပေါ် အာရုံစိုက်နေစဉ် အခြား သမားတော်များသည် ကျင့်ရှီမြို့မှ ကပ်ရောဂါဖြစ်နေသူများကို စောင့်ကြည့်နေခဲ့လေ၏။
"အမည်းစက်တွေ… ပျောက်ကွယ်သွားပြီ"
"သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပြန်ကောင်းလာနေတာပဲ"
"သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေလည်း ပြန်ရလာပုံပဲ"
သမားတော်များသည် အံ့ဩတုန်လှုပ်သွားကြပြီး စိတ်လှုပ်ရှားစွာ စစ်ဆေးကြည့်နေကြသည်။
သို့သော် ကျိယွမ်က စိတ်ပျက်သလိုသက်ပြင်းချလိုက်သည်။
"မြေနတ်ဘုရားတွေက ကပ်ရောဂါအတွက် အထူးပြုထားတာ မဟုတ်တဲ့အတွက် ကုသတဲ့အကျိုးသက်ရောက်မှုက တော်တော်လေး အကန့်အသတ်ရှိနေတာပဲ၊ သူတို့ အပြည့်အဝ ပျောက်ကင်းဖို့ နောက်ထပ်တစ်ကြိမ် ကုသမှု လိုအပ်ပါလိမ့်မယ် ၊ အားမရစရာပဲ"
သမားတော်များမှာ စကားမဲ့သွားကြသည်။
ချီချီလည်း စကားမပြောနိုင်ဖြစ်သွား၏။
ဒါကို သိပ်ပြီးအကျိုးမသက်ရောက်ဘူးတဲ့လား။
သမားတော်တွေသာကြားရင် ကိုယ့်ကိုယ်ကိုယ်သက်သေသွားကြဦးမယ်။
သူတို့လုံးဝမကုနိုင်သောရောဂါကို ရေတစ်စက်ဖြင့် အကောင်းနီးပါးဖြစ်သွားစေသည်မဟုတ်ပါလား။
ထို့နောက် သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူမ၏မျက်နှာက ရုတ်တရက် ဝင်းပသွားသည်။
"အဖေ.. ရှောင်ရွှယ်ရဲ့ နတ်စွမ်းအင်က အမြဲတမ်း ကောင်းကင်ဘုံကို ဆုတောင်းတာနဲ့ ပတ်သက်နေတာကို ကျွန်မ သတိပြုမိတယ်။ ဒါဆိုရင်... ကျွန်မလည်း ကောင်းကင်ဘုံကို ဆုတောင်းပြီး နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မလား"
ကျိယွမ်က ချီချီအား အလန့်တကြားကြည့်လိုက်၏။
" နင်ကလျှို့ဝှက်ချက်ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား"
မြေနတ်ဘုရား၏ နတ်စွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးသည်၊ သို့သော် ၎င်းသည် ဆန္ဒပြည့်ဝစေသည့် စက်တစ်ခု မဟုတ်ပေ။
ငါ့သမီးရဲ့အတွေးတော်ကလည်း ဘေးချည်းချော်နေတော့တာကိုး။
ထိုအချိန်တွင် ဝေ့ထင်းသည် သူ၏ ခွန်အားအချို့ကို ပြန်လည်ရရှိလာပြီး မျက်လုံးများကို ဖွင့်နိုင်သွားသည်။ သူက သတိရသည်နှင့် ညီမဖြစ်သူကိုအရေးတကြီးရှာမိ၏။
ညီမလေး..။
သူမ မသေဆုံးခဲ့ပါ ။ သူမ၏ မျက်နှာသည် ယခုအခါ ပန်းရောင်သမ်းနေပြီး ကျန်းမာလာသည့် လက္ခဏာပင်။
ဝေ့ထင်းသည် နေရာမှ ကြိုးစားထ၏ ။ ကျိယွမ်ဘက်သို့ လှည့်ကာ မတ်တပ်ရပ်ပြီး လက်သီးများကို ဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
"အသက်ကို ကယ်တင်ပေးတဲ့ မူလနတ်ဘုရားအရှင်ကို ကျေးဇူးတင်ပါတယ်။ အခုကစပြီး ဝေ့ထင်းရဲ့ အသက်ကို အရှင်ပိုင်ပါပြီ"
ဝေ့ထင်းကဲ့သို့ တိတ်ဆိတ်နေတတ်သောသူတစ်ဦးအတွက် စကားများစွာကို တစ်ပြိုင်နက် ပြောဆိုခြင်းသည် ရှားပါးလှသည်။
"အဲလောက်ကြီး မလိုပါဘူး"
ကျိယွမ်က ပေါ့ပေါ့ပါးပါး လက်ကာပြ၏။
အခြားရောဂါခံစားနေရသူများလည်း နိုးထလာကြပြီး ကျိယွမ်ကို ကျေးဇူးတင်ကြောင်း အသီးသီးပြောဆိုကြသည်။
"ဒါနဲ့ ဒီကပ်ရောဂါ ဘယ်လိုကူးစက်တာလဲ"
ကျိယွမ်က ကျင့်ကြံခြင်းကမ္ဘာတွင် ထိုမျှ ပြင်းထန်သောကပ်ရောဂါတစ်ခုက မည်သို့ပျံ့နှံ့နိုင်ကြောင်း သိချင်စိတ်ဖြင့် မေးမိသည်။
ကျင့်ကြံသူများသည် ရောဂါဘယများကို မှန်းဆမရအောင်ခံနိုင်ရည်ရှိကြပြီး နှာစေးခေါင်းကိုက်ပင်မရှိတတ်ပါ။ ယခုတော့ အတုံးအရုံး လဲခံနေကြရ၏ ။
"မသိပါဘူး။"
"မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မနက်မိုးလင်းတော့ အိပ်ယာနိုးလာချိန်မှာ ကျွန်တော်တို့ လက်တွေမှာ ရုတ်တရက် အမည်းစက်တွေ ဖြစ်နေတာကို တွေ့ရတာပါပံ။"
"ညတွင်းချင်း မြို့ထဲက လူတော်တော်များများလည်း ဖျားနာပြီး သေဆုံးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ လုံးဝမသိပါဘူး"
ကျင့်ရှီမြို့သားများသည် ရှုပ်ထွေးသောအမူအရာဖြင့် အချင်းချင်းကြည့်နေကြပြီး အချို့က ချစ်ရသူများ ဆုံးရှုံးသွားခြင်းကြောင့် အလွန်ဝမ်းနည်းနေကြသည်။
"မင်းတို့ မသိဘူးလား"
ကျိယွမ်က တိုးတိုးလေး ရေရွတ်သည်။
သူ့ဘေးတွင်ရှိသော ဝေ့ထင်းသည် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ့အပေါ်ကောင်းခဲ့သော အိမ်နီးချင်း၏ အလောင်းကို သတိရနေသည်။
သူတို့အား ကပ်ရောဂါက မည်သို့ကူးစက်ခံရမှန်း သူ မသိသော်လည်း၊ ၎င်းသည် သူ၏ညီမလေးကို သေလုနီးပါး ဖြစ်စေခဲ့သည်။ သူ ဒါကို ခွင့်မလွှတ်နိုင်ပေ။ ဘယ်သူ့လက်ချက်လဲဆိုတာ သူ သိသွားရင် သူတို့ကို ဘယ်တော့မှ လွှတ်ပေးမည်မဟုတ်ပါ။
"လောလောဆယ် လူနာတွေကို ကုသတာကို အာရုံစိုက်ကြစို့။ ကျန်တဲ့ကိစ္စတွေကို နောက်မှ ရှင်းကြရတာပေါ့။"
ထိုအချိန်တွင် ကျင့်ရှီမြို့ကတော့ အသက်ရှင်လျက် ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နေ့တိုင်းလိုလို သေဆုံးမှာများစွာဖြစ်ပေါ်နေပြီး မြှုပ်နှံသူမဲ့သော အလောင်းများကလည်း မြို့အနှံ့နေရာတိုင်းတွင် ပိုမိုတွေ့ရှိလာရသည်။
တစ်အိမ်လုံးသေဆုံးကြသူများလည်း ရှိသလို၊ မျိုးနွယ်တစ်ခုလုံးတွင် တစ်ဦးတည်းသာကျန်ရစ်ခဲ့သူများကလည်း မနည်းမနောပင်။နေရာတိုင်း ရပ်ကွက်တိူင်း မိသားစုတိုင်း၌ သေဆုံးနေကြပြီး မြို့သည် အလောင်းများဖြင့် သုဿန်တစပြင်အလား ပြောင်းလဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် ချင်းရွှေရွာသည် ကပ်ရောဂါကို ကုသနိုင်သည်ဟူသော သတင်းသည်လည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကျင့်ရှီမြို့မှ မသေသေးသောလူများမှာ ချင်းရွှေရွာသို့ မရမက ချီတက်ကြကုန်၏။
ထိုအချိန်တွင် ဝေးလံသောနေရာတစ်ခုမှ ခရမ်းရောင်နန်းတော်အဆင့် နှစ်ဦးလည်း ချင်းရွှေရွာသို့ ရောက်လာခဲ့သည်။
ထိုနှစ်ဦးသည် ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်၏။
ရှေ့မှလာနေသူမှာ ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူရှိသော အဖိုးအိုတစ်ဦးဖြစ်ပြီး သူနှင့်အတူအရပ်ပုသော အမျိုးသားတစ်ဦး လိုက်ပါလာသည်။ သူတို့သည် သာမန်ပုံစံသာ ရှိကြပြီး လူအုပ်ထဲတွင် အလွယ်တကူ ရောထွေးနေနိုင်ကြသည်။
"အင်း... ဖေးဟွမ်မြို့တော့ ပျက်သုဉ်းတော့မှာပဲ"
ခေါင်းဆောင်အဖိုးအိုက စိတ်မသက်သာစွာညည်းညူလိုက်ပြီး သူ၏ လေသံတွင် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်။
"သုံးနှစ်တောင် ခံမှာမဟုတ်ဘူး"
အရပ်ပုသော အမျိုးသားက ခန့်မှန်းသည်၊
"ရှေးဟောင်းနတ်ဘုရားယွမ် နိုးမလာတာကတော့ ဝမ်းနည်းစရာပါပဲ။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှာ ပါဝင်မယ်ဆိုရင်တောင် သူတို့မှာ တိုက်ခိုက်ဖို့ အခွင့်အရေးရှိနိုင်ပါသေးတယ်။"
"ဟွမ်မိသားစုကပြောတာတော့ ဒီနေရာက ရှေးဟောင်းနတ်ဘုရားတစ်ပါးမှာ အလားအလာရှိတယ်တဲ့ ။ ဒီကနေ ဖြတ်သွားတာဆိုတော့ သူ့ကို ကျွန်တော်တို့ ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရင် မကောင်းဘူးလား"
သူတို့သည် စကားပြောနေရင်းမှ ချင်းရွှေရွာသို့ ဦးတည်လာကြသည်။
မလာခင်ကတည်းကပင် သူတို့သည် မူလနတ်ဘုရား၏ နောက်ခံကို စုံစမ်းခဲ့ပါသည်။ သူသည် အဆင့်မြင့် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်နှစ်ခု ပိုင်ဆိုင်ကြောင်း သိရှိရသောအခါမှာတော့ ထိုလူနှစ်ဦးစလုံးက ကျိယွမ်ကို ထိုက်တန်သော ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်လိုက်ကြသည်။
"ရှင်တို့ က ဘယ်သူတွေလဲ"
ထိုအချိန်တွင် သူတို့ရှေ့မှ မြေပြင်သည် ရွေ့လျားသွားပြီး၊ ကိုယ်လုံးကိုယ်ထည်သေးငယ်သော မိန်းကလေးတစ်ဦး ပေါ်လာကာ သူတို့ကို သတိထားသောအနေအထားဖြင့် စစ်ဆေးလိုက်၏။
အဖိုးအိုက ကြင်နာစွာ ပြုံးပြီး ရှင်းပြသည်။
၊"ငါတို့ က မူလနတ်ဘုရားကို တွေ့ချင်လို့ အလွန်ဝေးလံတဲ့နေရာက လာတာပါ။ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။"
"တကယ်လား။ ဒါဆို ကျွန်မ သူ့ကို သွားပြောလိုက်ပါမယ်"
ရှောင်ရွှယ်သည် ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ဤသို့ဖြင့် အသက်ရှူချိန် တစ်ရာခန့်ကြာပြီးနောက် နတ်ကွန်းအတွင်း၌ ကျိယွမ်နှင့် ထိုနှစ်ယောက်တို့တွေ့ဆုံဖြစ်ကြသည်။
ကျိယွမ်သည် ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦးကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြော၏။
"မင်းတို့ရဲ့ ကမ်းလှမ်းချက်ကို ငါ တန်ဖိုးထားပေမယ့်... ငါက ချင်းရွှေရွာကနေ ထွက်သွားမှာမဟုတ်ဘူး။"
ကျိယွမ်၏ ခိုင်မာသောရပ်တည်ချက်ကြောင့် ကိုယ်စားလှယ်နှစ်ဦး အံ့အားသင့်သွားကြသည်။
အဖိုးအိုက ထပ်မံ ကြိုးစားကြည့်သည်။
"ပြန်မစဥ်းစားတော့ဘူးလား "
"မလိုပါဘူး။"
ကျိယွမ်က အပြတ်ငြင်းလိုက်၏။
သူကမည်သည့်နည်းနှင့်မျှ ချင်းရွှေရွာက ခွာမည်မဟုတ်ပါ။
အရပ်ပုသော အမျိုးသား၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝင်ရောက်ပြောဆိုလာသည်။
"ခင်ဗျားက အဆင့်မြင့် နတ်ဘုရားပုံရိပ်နှစ်ခုကို ပုံဖော်ထားတယ်လို့ ကျွန်တော်တို့ ကြားတယ်။ အဲဒါတွေကို ကျွန်တော်တို့ ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့ကို ရောင်းချဖို့ ဆန္ဒရှိပါသလား"
"မရောင်းပါဘူး။ ဒါက ငါနယ်မြေအတွက်ထိန်းသိမ်းထားတာပါ"
ကျိယွမ်က မဆိုင်းမတွ ပြန်ဖြေသည်။
ထိုစကားကိုကြားတော့ အရပ်ပုသော အမျိုးသား၏ မျက်နှာအမူအရာက သနားသလိုလို နှမြောသလိုလိုနှင့် နားချ၏။
"ဖေးဟွမ်မြို့ ပျက်သုဉ်းတော့မှာပါ။ ဒီနတ်ဘုရားနည်းစနစ်တွေဟာ... ကမ္ဘာလောကကြီးကနေ ပျောက်ကွယ်သွားနိုင်တယ်။ ကျေးဇူးပြုပြီး လူအများရဲ့ ကောင်းကျိုးအတွက် နတ်ဘုရားနည်းစနစ်တွေကို ငါတို့ ထိန်းသိမ်းထားနိုင်ဖို့ မိတ္တူကူးပေးပါ"
အရပ်ပုသော အမျိုးသား၏ အတွေးက ရိုးရှင်းပါသည်။ ချင်းရွှေရွာမှ ဤနတ်ဘုရားက ထွက်ခွာရန် ငြင်းဆိုကာ ခေါင်းမာနေမည်ဆိုလျှင် တစ်နေ့တွင်သေဆုံးကာ အဆင့်မြင့် နတ်ဘုရားနည်းစနစ်နှစ်ခုသည် ဆုံးရှုံးသွားပေမည်။ ၎င်းသည် အလဟသ ဖြစ်ခြင်းပင်။
၎င်းတို့ကို ယူဆောင်သွားခြင်းကသာ ပိုသင့်တော်လေသည်။
ကျိယွမ်၏ မျက်နှာအမူအရာက မည်းမှောင်သွားသည်။
"မင်းက တော်တော်လေးကို မလေးမစား ပြုမူနေတာပဲ။"
အဖိုးအိုက အရပ်ပုသော အမျိုးသားကို လျင်မြန်စွာ ဆွဲကိုင်လိုက်ပြီး တစ်ခုခု ပြောရန် ကြိုးစားသည်။
သို့သော် အရပ်ပုသော အမျိုးသားသည် ကျိယွမ်၏ မကျေမနပ်ဖြစ်ခြင်းကို သတိမထားဘဲ ကျယ်လောင်စွာ ဆက်ပြော၏။
"ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့—"
သို့သော် သူ၏ စကားများ ရုတ်တရက် ရပ်တန့်သွားပြီး သူသည် နောက်ပြန်လှည့်ပြီး မြောက်ဘက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကျိယွမ်သည်လည်း ထိုဦးတည်ရာသို့ ကြည့်လိုက်မိ၏။
တော်တော်ဝေးလံသော မြောက်ဘက်ကောင်းကင်တွင် တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ကောင်းကင်မှ ကြယ်ကြွေသလို မြေပြင်တစ်နေရာသို့ ထိုးဆင်းသွားသည်။
အလင်းတန်းသည် ချင်းရွှေရွာမှ မိုင်ပေါင်း ထောင်ချီ ဝေးကွာနေသော်လည်း အံ့မခန်း တောက်ပနေသဖြင့် ထင်ရှားစွာမြင်နေရသည်။
အလင်းတန်းနှင့်အတူ ဖျက်ဆီးလိုစိတ် ပြင်းပြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကလည်း အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားသကဲ့သို့ တဟုန်ထိုး ပျံ့နှံ့သွားသည်။
အဖိုးအို၏ မျက်နှာက ချက်ချင်း တင်းမာသွားတော့သည်။
"စစ်မှန်နတ်ဘုရားတွေရဲ့ တိုက်ပွဲပဲ"
၎င်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် နတ်ဘုရားအသစ်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုပင်။
သူတို့ကြည့်နေစဥ်မှာပင် မြေပြင်မှလည်း ရပ်တန့်၍မရသော အရှိန်အဟုန်အပြည့်ဖြင့် အလင်းတန်းတစ်ခုကို ကောင်းကင်သို့ပစ်လွှတ်လိုက်သည်။
သို့သော် ကောင်းကင်မှ အလင်းတန်းနှင့် နှိုင်းယှဉ်ပါက ထိုအလင်းတန်းက သိသိသာသာ အားနည်းနေခဲ့သည်။ သို့တိုင် နောက်မဆုတ်ဘဲ ခုခံရန်အတွက် ရှေ့သို့ ဆက်လက်တိုးဝင်နေသည်။
မြေပြင်မှနတ်ဘုရားသည် ရွေးချယ်စရာရှိပုံမရပေ။
ကျိယွမ်သည် အလင်းတန်းနှစ်ခု ထိပ်တိုက်တွေ့ဆုံသည့်နေရာကို မျက်စိမှေးကာ ကြည့်သည်။
ဘုန်း...
အလင်းတန်းများ ထိတွေ့မိသည့် အခိုက်အတန့်တွင် အားလုံမှာ မြေကြီးကပင် တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
ကောင်းကင်မှ အလင်းတန်းသည် သိသိသာသာ ပိုမိုအားကောင်းနေသဖြင့် မြေပြင်မှ အလင်းတန်းကို တိုက်ရိုက် ချေမှုန်းပစ်ပြီး မြေပြင်သို့ တိုက်မိသွားဟန်တူသည်။
ကျိယွမ်သည် ဘာဖြစ်မည်ကို မမြင်နိုင်သော်လည်း ထိုနေရာတွင်ရှိသောမြို့သည် ပျောက်ကွယ်သွားဖွယ်ရှိကြောင်းကိုတော့ သူ ခန့်မှန်းနိုင်ပါသည်။
ဤကမ္ဘာတွင် မြင့်မားသော စွမ်းအားအဆင့်ရှိပြီး ကောင်းကင်တာအိုကလည်း ကန်းလန်နယ်မြေထက် များစွာ အားကောင်း၏။
"ရှေးဟောင်းနတ်ဘုရားတစ်ပါး ကျဆုံးသွားပြီ"
အဖိုးအိုက ညည်းတွားလိုက်ရင်းမှ သူ၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။
ဆုံးရှုံးမှုက ကြီးမားလှ၏။
အလင်းတန်းများသည် စစ်မှန်သောနတ်ဘုရားနှင့် ရှေးဟောင်းနတ်ဘုရားတို့အကြား တိုက်ပွဲကို အချက်ပြနေသည်။ ရှေးဟောင်းနတ်ဘုရား ကျဆုံးသွားပြီး သူကာကွယ်ထားသော မြို့သည်လည်း ပြာပုံဘဝသို့ ရောက်သွားခဲ့လေပြီ။
ထိုအချိန်တွင် အရပ်ပုသော အမျိုးသားသည် ကျိယွမ်ကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးများက လောဘစိတ်များ မပျက်ပြယ်သေးပါ။
"မင်း မြင်လိုက်လား ၊ ဒါက ပျက်စီး နယ်မြေမှာနေရင် ဖြစ်လာမယ့် အရာပဲ၊ ဘယ်အချိန်မဆို သေဆုံးနိုင်တယ် ၊ မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးကတော့ ငါတို့နဲ့အတူ ထွက်ခွာပြီး ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ပဲ၊ မင်းကသာ ငါ့ကို အဲဒီ နတ်ဘုရားနည်းစနစ်နှစ်ခု ပေးရင် ငါ မင်းကို ပါဝင်ခွင့်ရဖို့ ထောက်ခံပေးမယ်"
အရပ်ပုသော အမျိုးသားသည် ရူးသွပ်နေပုံရသည်၊ သို့မဟုတ် သူသည် အခြေအနေကို အခွင့်ကောင်းယူရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်။
အဖိုးအို၏ မျက်နှာသည် ပြောင်းလဲသွားပြီး သူ၏ အဖော်ကို တားဆီးရန် ကြိုးစားသည်။
သို့သော် ကျိယွမ်၏ မျက်နှာအမူအရာသည် များစွာ အေးစက်သွားပြီး သူ၏ လက်ထဲတွင် ဘယ်ကမှန်းမသိသော သွေးနီရောင် ဓားတစ်လက် ပေါ်လာခဲ့သည်။
" ငါ့ကို ခြိမ်းခြောက်ရဲတဲ့သူမှန်သမျှ ဘယ်သူမှအသက်ရှင်ကျန်ရစ်ခဲ့တာ မရှိသေးဘူး"
စကားဆုံးသည်နှင့် ဓားချက်သည် အရပ်ပုသောအမျိုးသားပေါ်သို့ ကျဆင်းသွားတော့သည်။
"မင်း...လုပ်ရဲတယ်လား..."
--------------