မူလနတ်ဘုရားဆိုတာ ဟာသတစ်ခုပဲ
Vol. 15 Ch. 181
"လုပ်ရဲလို့ သတ်တာပေါ့ကွာ"
ကျိယွမ်က ဓားတစ်ချက်တည်းဖြင့် အရပ်ပုသောသူအား သတ်လိုက်၏။နတ်ကွန်းအတွင်း၌ သတ်ဖြတ်လိုစိတ်ကပြည့်နှက်သွားပြီး လေထုမှာ တင်းမာသွားခဲ့သည်။
ဆံပင်ဖြူအဘိုးအိုကတော့ အလွန်တုန်လှုပ်သွားပြီးနောက် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွား၏။
သူ၏ အဖော်က ချင်းရွှေရွာနတ်ဘုရားအား ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ရဲလောက်အောင် ရဲတင်းလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပါ။ ထို့အတူပင် ထိုနတ်ဘုရားကလည်း သူ၏အဖော်ကို နေရာတွင်ပင် သတ်ပစ်လိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ပါ။
လူမိုက်နှင့်လူရမ်းကားတို့၏ တွေ့ဆုံမှုပင်။
"မင်း....မင်း..."
"ဘာလဲ၊ မင်းလည်း သူ့လိုပဲ နတ်ဘုရားနည်းစနစ်တွေကို လိုချင်တာလား"
ကျိယွမ်က သူ၏ဓားမှသွေးစက်များကို လေနှင့်မှုတ်ထုတ်လိုက်ရင်းမှ အဘိုးအိုအား ကြည့်ကာ ပျော်ရွှင်စွာ မေးလိုက်သည်။
အဘိုးအိုသည် မြေပြင်ပေါ်လဲကျနေသော သူ၏အဖော်၏ ခေါင်းမဲ့ခန္ဓာကိုယ်အား စိုက်ကြည့်ပြီးနောက် ကံကြမ္မာကို လက်ခံလိုက်ဟန်ဖြင့် သက်ပြင်းချ၏။
"သူ မှားခဲ့တာပဲ ၊ သေထိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်လိုက်တာကတော့ မူလနတ်ဘုရား၊ မင်းက ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ အဆက်အသွယ်ဖြတ်လိုက်တာပဲ။ မင်းက ဘယ်တော့မှ ငါတို့နဲ့ ပူးပေါင်းနိုင်တော့မှာ မဟုတ်ဘူး"
ရိုးရိုးသားသားပြောရလျှင် အဘိုးအိုသည် မူလနတ်ဘုရားကဲ့သို့သော သတ္တိရော အစွမ်းအစရောရှိသည့်သူမျိုးအား ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာရန် မျှော်လင့်ခဲ့သည်။ မိစ္ဆာနတ်ဘုရားများက နေရာတိုင်း၌ဝိုင်းရံ ဖိအားပေးနေခြင်းကြောင့် ရှေးဟောင်းနတ်ဘုရားများသည် အင်အားဆုတ်ယုတ်နေခဲ့လေပြီ ။
သို့တိုင် ထိုသို့သောအချိန်မျိုးတွင်ပင် ၎င်းတို့သည် အာဏာအတွက် အချင်းချင်း တိုက်ခိုက်နေကြပြီး စိတ်ရင်းမှန်ဖြင့် ပေါင်းစည်းနိုင်ခြင်း မရှိသေးပေ။
နွားများကလည်း ကွဲချင်သလိုကွဲနေသဖြင့် ကျားများကလည်း ဆွဲချင်သလိုဆွဲနေသည် မဟုတ်ပါလား။
မိစ္ဆာနတ်ဘုရားများကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ဝံ့သော မူလနတ်ဘုရားကဲ့သို့သော ရှေးဟောင်းနတ်ဘုရားများကိုတော့ သူ လေးစားပါသည်။ထို့ကြောင့်လည်း ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့ထဲသို့ ခေါ်ဆောင်လိုခဲ့ခြင်းပင်။
အဖွဲ့လိုက်ကွဲနေသော မဟာမိတ်အဖွဲ့ထဲတွင်လည်း ပြောင်းလဲမှုတစ်ခုကို ပြုလုပ်လိုကြသော နတ်ဘုရားများစွာ ကျန်ရှိနေသေးသည်။
"ကိစ္စမရှိဘူး ၊ ငါမှ ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ စိတ်မဝင်စားတာ"
ကျိယွမ်က ထိုမျှသာပြန်ဖြေပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ယခုလေးတင် မြောက်ဘက်အရပ်တွင် စစ်မှန်နတ်ဘုရားတစ်ပါး ကျဆုံးသွားခဲ့သည်။
"ဖေးဟွမ်မြို့အောက်က မြို့ငါးမြို့လုံးကို မိစ္ဆာဘုရားတွေက အပြည့်အဝ ထိန်းချုပ်ထားတယ်။ အဲဒီ ငါးပါးလုံးက ခရမ်းရောင်စံအိမ်နန်းတော်အလယ် ဒါမှမဟုတ် အထွတ်အထိပ်အဆင့်မှာ ရှိနေကြသူတွေချည်းပဲ၊ မူလနတ်ဘုရား ၊ မင်း ဂရုစိုက်သင့်တယ်"
အဘိုးအိုက သတိပေးလိုက်၏။
ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည်။ အဘိုးအိုက သူ၏အဖော်နှင့်စိတ်ထားချင်းတူပုံမရချေ ။ ထို့ကြောင့် သူကပြဿနာရှာရန် စိတ်ကူးမရှိပါ။
သို့သော် ဤလောက၏ စွမ်းအင်ကအဆင့်မ မြင့်မားပုံပေါ်ပြီး အဆင့်တူချင်းဆိုလျှင် ကန်းလန်နယ်မြေထက် သိသိသာသာကို အားကောင်းကြသဖြင့် ခေတ်သစ်နတ်ဘုရားများ၏ ခွန်အားကိုလျှော့တွက်၍မရပါ။
ယခုအချိန်တွင် ထိုမိစ္ဆာနတ်ဘုရားငါးပါးကို နှိမ်နင်းရန်မှာ အမှန်တကယ်ပင် အလုပ်ရှုပ်စရာ ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
"အထူးသဖြင့် ကွမ်ဖုန်းမြို့က ဝံပုလွေနတ်ဘုရားရဇဲလန်ကို အာရုံစိုက်သင့်ပါတယ်၊ သူက ရိုးရိုးသာမန် ခရမ်းရောင်နန်းတော်အဆင့် အထွတ်အထိပ် တစ်ယောက်သက်သက် မဟုတ်ပါဘူး"
အဘိုးအိုက စေတနာဖြင့် ထပ်လောင်းသတိပေးလိုက်သည်။
"ဆိုလိုတာက သူက ယင်နတ်ဘုရားလား"
ကျိယွမ်က မေးလိုက်သည်။
အဘိုးအိုသည် ကျိယွမ်၏ မေးခွန်းကြောင့် ခေတ္တမျှ စိတ်ရှုပ်ထွေးသွားသော်လည်း သူနားလည်သလို ပြန်ဖြေ၏။
"သူက နတ်ဘုရားပေါက်တစ်ဝက်ကို ပုံဖော်ပြီးသားပါ
ထိုစကားကိုကြားသော် ကျိယွမ်၏ မျက်နှာအမူအရာမှာ တင်းမာသွားခဲ့သည်။ ယင်နတ်ဘုရားနှင့် ခရမ်းရောင်နန်းတော်အဆင့်ကြား အကြီးမားဆုံး ကွာခြားချက်မှာ ယင်နတ်ဘုရားသည် နတ်ဘုရားဝိညာဥ်စွမ်းအင်ကို ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ ဝံပုလွေနတ်ဘုရားသည် နတ်ဘုရားတစ်ဝက်ကို ပုံဖော်ထားပြီးဖြစ်၍ လက်တွေ့အားဖြင့် သူသည် တစ်ဝက်တစ်ပျက် ယင်နတ်ဘုရားဟု ဆိုရမည်။
သူသည် နတ်ဘုရားဝိညာဥ်စွမ်းအင်ကို သုံးနိုင်နေပြီ မဟုတ်ပါလား ။
"သူက အဲဒီလောက်တောင် အားကောင်းတာလား"
ကျိယွမ်က အံ့အားသင့်သွားပြီး အနည်းငယ်ထိတ်လန့်ကာ မလုံခြုံသလို ခံစားရ၏။
သူ၏ ကြယ်တာရာအမြုတေကို မော့ကြည့်လိုက်မှ အနည်းငယ် ပို၍ လုံခြုံသည်ဟု ခံစားမိကာ စိတ်အေးသွားခဲ့သည်။
"မင်းက စစ်မှန်နတ်ဘုရား မဖြစ်မချင်း သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ကျိယွမ်က မငြင်းပါ ။ သူက ငြိမ်သက်သွားခဲ့သည်။ ယခုအချိန်တွင် သူ၏ မူလနတ်စွမ်းအင်ဖြင့် သာမန် ခရမ်းရောင်နန်းတော်အထွတ်အထိပ်များကို အလွယ်တကူ သတ်နိုင်ပါသည်။ သို့သော် နတ်ဘုရားတစ်ဝက်ကို ပုံဖော်ထားသူ တစ်ဦးကို ဆန့်ကျင်တိုက်ခိုက်ရာတွင် သူ၏ မူလနတ်စွမ်းအားသည် အကျိုးသက်ရောက်မှု မရှိလုနီးပါး ဖြစ်သွားနိုင်၏။
အခြား ခေတ်သစ်နတ်ဘုရားများကို အနိုင်ယူခဲ့သကဲ့သို့ ထိုပြိုင်ဘက်ကို သူ အနိုင်မယူနိုင်ပါ။
သူ၏ အမြုတေကို ဆင့်ခေါ်မှသာလျှင် သူ့ကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။
သို့သော် ယခု "ဂိမ်း"ထဲတွင် ကျိယွမ်သည် ဆင်ခြင်တုံတရားရှိရှိ နေလိုသည်။ ဂိမ်းကို အပြည့်အဝ နားမလည်သေးဘဲ သူ၏ နေအမြုတေကို ဆင့်ခေါ်ရန် သူစိတ်ကူးမရှိပါ။
"ဒါနဲ့ မိစ္ဆာနတ်ဘုရားတွေထဲမှာ နေနတ်ဘုရား စွမ်းအားရှိသူတွေ ရှိလား"
ကျိယွမ်က ရုတ်တရက်မေးလိုက်သည်။
အဘိုးအိုက အံ့သြသွားပြီး သူ့အားကြည့်သည်။
"နေနဘုရားလား၊ မင်း ဆိုလိုတာက စစ်မှန်နတ်ဘုရားအထက်က အရာတစ်ခုလား"
"ဟုတ်ပါတယ်"
"ဟုန်ထန်ရှေးဟောင်းတိုက်ပွဲမှာ ခေတ်သစ်ဘုရားတွေထဲက မိစ္ဆာနတ်ဘုရားတစ်ပါးက စစ်မှန်နတ်ဘုရားအထက်က စွမ်းအားကို ပိုင်ဆိုင်ခဲ့တယ်"
အဘိုးအိုက သက်ပြင်းချရင်း ပြောလိုက်သည်။
"ဖန်ထုန်နယ်မြေရဲ့ ကပ်ဘေးဆိုးကြီး ကျရှုံးခြင်းကို ဦးတည်စေခဲ့တာက အဲဒီသတ္တဝါရဲ့ ပါဝင်မှုကြောင့်ပါပဲ"
"စစ်မှန်နတ်ဘုရားအထက်က အဲဒီစွမ်းအားက ဘယ်လိုဟာလဲ"
"ငါလည်း မသိပါဘူး"
အဘိုးအိုက ခေါင်းယမ်းပြသည်။
ကျိယွမ်သည် နောက်ထပ်မမေးသေးဘဲ မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။
အချိန်ကြာလာသည်နှင့်အမျှ သူသည် ပုံရိပ်ဖော်အဖွဲ့၏ စကားပြောခန်းများမှတစ်ဆင့် ဟုန်ထန်တိုက်ပွဲအကြောင်းကို သိရှိခဲ့ရသည်။ ထိုတိုက်ပွဲသည် ခေတ်သစ်နတ်ဘုရားများက ဖန်ထုန်နယ်မြေကို ကျူးကျော်ဝင်ရောက်ခဲ့သော တိုက်ပွဲတစ်ခု ဖြစ်၏။
ထိုအခါ နတ်ဘုရားများက ဦးဆောင်ကာ ခရမ်းရောင်နန်းတော်အဆင့်များက ခြေလျင်တပ်သားများအဖြစ် လိုက်ပါခဲ့ကြပြီး တိုက်ပွဲမှာ ကောင်းကင်နှင့် မြေကြီးကိုပင် အကြိမ်ကြိမ် တုန်လှုပ်စေခဲ့သောဟူသည်။
ဖန်ထုန်နယ်မြေ၏ စစ်မှန်နတ်ဘုရားများ၏ ကိုးဆယ်ရာခိုင်နှုန်းနီးပါး သေဆုံးခဲ့ရ၏။ ထို့ကြောင့် ၎င်းသည် ဖန်ထုန်နယ်မြေ၏ အဓိကကျောရိုးမကြီးကို ချိုးဖဲ့ခဲ့သော တိုက်ပွဲတစ်ခုဟုပင် ဆိုရမည်။
ရလဒ်အနေဖြင့် ထိုနောက်တွင် ဤလောကကြီးသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ အထူးရတနာများမရှိလျှင် ခရမ်းရောင်နန်းတော်အထွတ်အထိပ်ကိုရောက်နေသော်လည်း စစ်မှန်နတ်ဘုရားများ မဖြစ်နိုင်တော့ပေ။
"အင်း..."
ကျိယွမ်သည် အတန်ကြာ စဉ်းစားပြီးနောက် သူ၏ အမြုတေ သို့မဟုတ် နင်းထောင်အား မဆင့်ခေါ်ဘဲ ဝံပုလွေနတ်ဘုရားကို ကိုင်တွယ်ဖြေရှင်းခြင်းသည်ကသာ အကောင်းဆုံးချဥ်းကပ်မှု ဖြစ်နိုင်သည်ဟု ယူဆသည်။
ယခုလောကတွင် ဟင်းလင်ပြင်နယ်မြေ မရှိသောကြောင့် ယင်နတ်ဘုရားများကြား တိုက်ပွဲများသည် လူလောကထဲတွင် အများမျက်မြင် တိုက်ခိုက်ကြရသည်။ ထို့ကြောင့် အမြုတေကို ဆင့်ခေါ်ခြင်းသည် အလွန်သိသာထင်ရှားနေပြီး အားလုံးကို ကြေညာသလိုဖြစ်သွားပေလိမ့်မည်။
လက်ရှိတွင် ချင်းရွှေရွာသည် အင်မတန် အားနည်းနေသေးသည်။ သူသည် ရှေးလူကြီးများ၏ ပုံစံအတိုင်း အစားအစာများကို စုဆောင်းကာ အချိန်ကောင်းကို စောင့်ဆိုင်းသင့်၏။
သူ၌ ပုံရိပ်ဖော်စရာ နတ်ဘုရားများစွာ ရှိနေသေးသောကြောင့် ဖြေရှင်းနည်းကို ရလာမည်ဟု သူယုံကြည်နေသည်။
"ခင်ဗျား သွားလို့ရပါပြီ"
ကျိယွမ်က အဘိုးအိုကို သတ်ရန်စိတ်ကူးမရှိပါ ။ သူသည် မှန်ကန်သူ ဖြစ်သောကြောင့် ထိုက်တန်သလို ဆုချခြင်း သို့မဟုတ် အပြစ်ပေးခြင်းကိုသာ ကျင့်သုံး၏။
အဘိုးအိုက သူ့ကို အမှားမလုပ်ခဲ့သဖြင့် သတ်ပစ်ရန် အကြောင်းမရှိပေ။ ကျိယွမ်သည် တစ်ယောက်ကို မကျေနပ်ချက်ကြောင့် မဆိုင်သည့် မိသားစုတစ်ခုလုံးကိုပါ သတ်ပစ်မည့် အရူးလိုလူမျိုးမဟုတ်ပါ။
အဘိုးအို ထွက်ခွာသွားပြီးနောက် နောက်ရက်အနည်းငယ်ကြာသည့်အထိ ချင်းရွှေရွာသည် အရင်ကထက် ပို၍ အလုပ်များနေခဲ့သည်။
ကပ်ရောဂါခံစားနေရသော ကျင့်ရှီမြို့မှလာသူများက ပိုမိုများပြားလာခဲ့သောကြောင့်ပင်။
ရှောင်ရွှယ်၏ ဦးဆောင်မှုအောက်တွင် မြေဘုရားများက မမောမပန်း အလုပ်လုပ်ခဲ့ကြသဖြင့် ကပ်ရောဂါသည် တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
နောက်ထပ်သုံးရက်အကြာတွင် ကျိယွမ်သည် နတ်ကွန်းထဲ၌ ကျိယွမ်ကျမ်းကို ဆက်လက်ရေးသားနေစဥ် ရုတ်တရက် မိန်းကလေးတစ်ဦး၏ ရှိုက်သံကို ကြားလိုက်ရသည်။ သူသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ရှောင်းရွှယ်အား မျက်ရည်များဖြင့် တွေ့လိုက်ရသည်။
သူမသည်ငိုကြွေးထားသဖြင့် မျက်လုံးများပင် နီရဲနေ၏။
ကျိယွမ် မျက်မှောင်ကုပ်သွားသည်။
သူက ချက်ချင်းမေးလိုက်သည်။
"ဘာဖြစ်တာလဲ၊ တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်တာလား"
ရှောင်ရွှယ်၏ မျက်လုံးများမှာ ငိုထား၍ ဖူးယောင်နေလေပြီ။
သူမက ကျိယွမ်အား မြင်လိုက်သောအခါ ကပြာကယာဖြင့် မျက်ရည်များကို သုတ်သည်။
"မဟုတ်ပါဘူး၊ ဆုံးပါးသွားတဲ့ ကျွန်မရဲ့ မိဘတွေကို သတိရမိလို့ပါ"
"ဪ၊ ဒီလိုလား"
ကျိယွမ်၏ မျက်နှာက ပြေလျော့သွားခဲ့သည်။
ထိုအခိုက် ချီချီရောက်လာပြီး ရှောင်ရွှယ်၏ ပုခုံးအားဖက်ကာ ကျိယွမ်အားကြည့်လိုက်သည်။
"အဖေ . စိတ်မပူပါနဲ့။ သမီး ရှောင်ရွှယ်နဲ့ အတူရှိနေပေးပါ့မယ်"
ချီချီက ပြောပြီး ရှောင်ူရွှယ်အား ဖတ်ကာနတ်ကွန်းထဲမှ ခေါ်ထုတ်သွားခဲ့သည်။
သူတို့သည် နတ်ကွန်းနှင့် ဝေးရာသို့ ရောက်သွားသောအခါ ရှောက်ရွှယ်က ရှိုက်သံတစ်ဝက်ဖြငိ့ တောင်းပန်သည်။
"သခင်မလေး၊ တောင်းပန်ပါတယ်၊ ကျွန်မ မထိန်းနိုင်ခဲ့ပါဘူး။ ကျင့်ရှီမြို့က လူတွေ... သူတိူ့ဘဝက အလွန်ကြေကွဲစရာ ကောင်းလွန်းလို့ပါ"
ကျင့်ရှီမြို့၏ ကြောက်မက်ဖွယ်ရာများကို ပြန်စဉ်းစားမိသောအခါ ရှောင်ရွှယ်၏ မျက်လုံးများမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လာပြန်သည်။
ကပ်ရောဂါ၏ အရင်းအမြစ်ကို စုံစမ်းရန် သူမသည် ကျင့်ရှီမြို့သို့ တိတ်တဆိတ် သွားရောက်ခဲ့ပြီးနောက် အလွန်အမင်း ထိတ်လန့်ပြီး ရင်နာစရာဖွယ် မြင်ကွင်းများကို မျက်မြင်တွေ့ခဲ့ရသည်မဟုတ်ပါလား။
ယခင်က သူမသည် ချင်းရွှေရွာသို့ လာရာလမ်းတွင် ကျင့်ရှီမြို့ကို ဖြတ်သန်းလာခဲ့ဖူးပါသည်။ ထိုစဥ်က ၎င်းသည် အတော်အတန် ငြိမ်းချမ်းပြီး တည်ငြိမ်သော မြို့တစ်မြို့ ဖြစ်ခဲ့သည်။
ယခုမူ အလောင်းများမှာ လမ်းများပေါ်တွင် စုပုံနေပြီး သင်္ဂြုလ်ပေးမည့်သူပင် မရှိပါ။ယင်တလောင်းလောင်း လောက်တဖွားဖွားနှင့် အပုပ်နံ့ကို မြေကြီးထဲကပင် ရနိုင်၏။
အိမ်များတံခါးများမှာလည်း အခိုင်အမာပိတ်ထားကြပြီး လူတိုင်းက သေဆုံးရန် စောင့်ဆိုင်းနေသကဲ့သို့ပင်။ မြို့သည် အသက်ရှင်လျက် ငရဲဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"အဖေက အခုမှ အာဏာတည်ထောင်စ အဆင့်မှာပဲ ရှိသေးတယ်။ ကျင့်ရှီမြို့ကို ကူညီဖို့ ငါတို့မှာ လူအင်အား မလုံလောက်သေးဘူး"
ချီချီက ရှောင်ရွှယ်အားရှင်းပြလိုက်ရင်း သူမ၏ မျက်လုံးများမှာ စိုးရိမ်မှုများဖြင့် ပြည့်နေသည်။ ကျင့်ရှီမြို့တွင် ပျံ့နှံ့နေသော လူသတ်ကပ်ရောဂါသည် သဘာဝမဟုတ်ဘဲ တမင်ဖန်တီးထားမှန်း ရှင်းနေသည်မဟုတိပါလား။
သို့သော် မည်သူက ထိုသို့လူမဆန်သော အောက်တန်းကျသည့် လုပ်ရပ်ကို ပြုလုပ်နိုင်သနည်း။
သေချာပေါက် မိစ္ဆာနတ်ဘုရားများပင် ဖြစ်သည်။
ချင်းရွှေရွာသည် အခြားရွာများထက်အားကောင်းသော်လည်း ကျန်ရှိနေသော မြို့ငါးမြို့ကို ရင်ဆိုင်ရန်တော့ အဆင်သင့် မဖြစ်သေးပါ။ ချီချီသည် ရှောင်ရွှယ်က ကျင့်ရှီမြို့တွင် မြင်ခဲ့ရသည်များကို သူမ၏အဖေကို ပြောပြလိုက်ပါက ဖခင်အပေါ် ဝန်ထုပ်ဝန်ပိုးများသာ ပို၍ တိုးစေမည်ကို စိုးရိမ်ခဲ့သည်။
လက်ရှိတွင် ချင်းရွှေရွာအတွက် စစ်ပွဲစတင်ရန် အချိန်မဟုတ်သေးဘဲ ပိုမိုအားကောင်းလာရန် ဦးစားပေးရန်လိုအပ်နေသည်။
"သခင်မလေး၊ ကျွန်မ သိပါတယ်။ ကျွန်မ နတ်ဘုရားအရှင်ကို ဒီအကြောင်း ပြောပြမှာ မဟုတ်ပါဘူး"
ချီချီက ခေါင်းညိတ်ပြကာ နတ်ကွန်းဘက်သို့ ကျိယွမ်ကြားသွားမလားဟု စိုးရိမ်ကာ လှည့်ကြည့်၏။
တစ်ချိန်တည်းမှာပင် နတ်ကွန်းထဲတွင် ငြိမ်သက်စွာထိုင်နေသော ကျိယွမ်က မျက်လုံးများကို ညင်သာစွာဖွင့်လိုက်သည်။
"ငါ့မှာ အခုမိစ္ဆာနတ်ဘုရားစွမ်းအား ဘယ်လောက်ရှိပြီလဲ"
သူ၏မေးရိုးများက တင်းမာနေပြီး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်ပုံရ၏။
...............
ကျင့်ရှီမြို့၌ဖြစ်သည်။
ခေတ်သစ်မိစ္ဆာနတ်ဘုရားငါးပါး စုဝေးနေကြ၏။ ဝံပုလွေနတ်ဘုရားသည် သူ၏ရှေ့မှ ဆိုးရွားသော မြင်ကွင်းကို ကြည့်ပြီး ကျေနပ်အားရစွာပြုံးနေခဲ့သည်။
"ဝံပုလွေနတ်ဘုရား၊ ခင်ဗျားရဲ့ နည်းလမ်းတွေက အထင်ကြီးစရာပဲ။ ကပ်ရောဂါသခင် ရောက်လာတဲ့အခါ ခင်ဗျားကို ကြီးကြီးမားမားဆုချမှာ သေချာတယ်။ ဘယ်သူသိနိုင်မလဲ၊ ခင်ဗျားလည်း စစ်မှန်နတ်ဘုရား ဖြစ်လာနိုင်တာပေါ့"
အဝါရောင်ဝတ်စုံနှင့် နတ်ဘုရားအသစ်တစ်ပါးက ချီးကျူးလိုက်သည်။
သွယ်လျသော အမျိုးသမီးတစ်ဦးကလည်း ဝင်ရောက်ပြောဆိုလာသည်။
"ချင်းရွှေရွာမှာ ကပ်ရောဂါပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ကျွန်မ ကြားတယ်၊ ဝံပုလွေနတ်ဘုရား၊ ရှင်ဘယ်လိုလုပ်ဖို့ စီစဥ်ထားလဲ။ ဘယ်တော့ တိုက်ခိုက်မှာလဲ"
"ပန်းပွင့်၊ နင်က တိုက်ခိုက်ဖို့ကိုပဲ စဥ်းစားနေတာပဲ။ ဝံပုလွေနတ်ဘုရားက အချိန်ကို စောင့်ဆိုင်းနေတာပါ။ အဲဒီရွာက အခြားနတ်ဘုရားအသစ်တွေကို သူများလက်နဲ့ ရှင်းလင်းပြီးတဲ့အထိ စောင့်နေတာလေ"
အဘိုးအိုတစ်ဦးက ရယ်မောကာ ထောက်ပြသည်။
ဝံပုလွေနတ်ဘုရားသည် အခြားခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်များနှင့် မတူဘဲ သူသည် နတ်ဘုရားပေါက်တစ်ဝက်ကို ပုံဖော်ထားပြီးသူပင်။ ယခုနတ်ဘုရားအသစ် အဖွဲ့အစည်းတွင် ဝံပုလွေနတ်ဘုရားသည် နောက်လိုက်များစွာကို ရရှိထား၏။
သို့သော် ထိုရွာများ၌ ပိုင်ရှင်နတ်ဘုရားအသစ်များ ရှိနေဆဲဖြစ်သောကြောင့် အာဏာဖြန့်ရန် သူ၏နောက်လိုက်များကို ထိုနေရာသို့ မစေလွှတ်နိုင်အောင် တားဆီးထားသလိုဖြစ်နေခဲ့သည်။
ထို့ကြောင့် သူသည် ချင်းရွှေရွာနတ်ဘုရားအား တမင်လွှတ်ထားခဲ့ခြင်းသာ ။ ထို့အတူ ယခုရောက်နေသော အခြားနတ်ဘုရားအသစ်များသည်လည်း ဝံပုလွေနတ်ဘုရား၏ ရည်ရွယ်ချက်များကို နားလည်ထားသောကြောင့် ကျိယွမ်အား အရေးမယူဘဲ ဝံပုလွေနတ်ဘုရားအား မျက်နှာပေးထားခြင်းပင် ဖြစ်သည်။
"သူ့ကို ခဏလောက် မောက်မာခွင့် ပေးလိုက်ပါ။ ဝံပုလွေနတ်ဘုရား လှုပ်ရှားတဲ့အခါ ချင်းရွှေရွာက ချက်ချင်း ဖျက်ဆီးခံရမှာပဲကို"
"ငိုချင်းသည်တွေ ၊ဆိုနာတို့ နှဲတို့မှုတ်တဲ့အဖွဲ့တွေ ပြီးတော့ အိုးခွက်ပန်းကန်နဲ့တပည့်တွေ ၊ ကြားရတာကတော့ တကယ့်ကို ဟာသ ပွဲတစ်ခုပါပဲ"
"ပြောမရဘူး သူ့ရဲ့ မောက်မာမှုကြောင့် သူက ငါတို့ကိုတောင် တိုက်ခိုက်ဖို့ ရဲရဲဝံ့ဝံ့ လုပ်ချင် လုပ်ဦးမှာ"
"ရယ်စရာပဲ။ ငါတို့က မလှုပ်ရှားသေးဘူးဆိုတော့ သူက ကိုယ့်ကိုယ်ကို နတ်ဘုရားတစ်ပါးလို ထင်နေတာလား"
ထိုနေရာမှနတ်ဘုရားသစ်များအားလုံးက ပြောင်လှောင်ပြောဆိုကြလိုက်သည်။
ဝံပုလွေနတ်ဘုရားသည် သူတို့ပြောသမျှကို ပြုံး၍ နားထောင်နေသော်လည်း တိတ်ဆိတ်နေကာ ပြန်မပြောခဲ့ပေ။
အတနိကြာမှ သူက အားလုံးကို သတိပေးသည်။
"မနက်ဖြန် ညနေခင်းမှာလုပ်မဲ့ ကလေးစားပွဲတော်ကို လက်လွတ်မခံကြပါနဲ့"
"ဝံပုလွေနတ်ဘုရားက ဖိတ်ခေါ်တာကို ကျွန်တော်တို့က ဘယ်လိုများ လွဲချော်နိုင်ပါ့မလဲ"
"လာကို လာရမှာပါ၊ သေချာပေါက်ပါပဲ"
"ဒီလို အရသာရှိတဲ့ ဟင်းလျာမျိုးကို မစားရတာ အတော်ကြာနေပြီ"
.............
ချင်ရွှေရွာရှိ နတ်ကွန်းထဲတွင် ကျိယွမ်က ဆုယူဖိန်အား လေးစားစွာပြောလိုက်သည်။
"အရှင်ရုယွီရဲ့ ကြင်နာမှုကို ကျေးဇူးတင်ကြောင်းနဲ့ သူ့ရဲ့ အကြံဉာဏ်ကို သေချာစွာ မှတ်သားထားကြောင်း ပြောလိုက်ပါ"
ကျိယွမ်၏စကားကို ကြားသောအခါ ဆုယူဖိန် သက်ပြင်းချပြီး စိတ်သက်သာရာရသွားခဲ့၏။ သူသည် ရူယွီ၏ အမိန့်ဖြင့် မူလနတ်ဘုရားအား လက်တလောတွင် ခေတ္တမျှ ငြိမ်သက်နေရန်နှင့် ဖြစ်နိုင်ပါက ချင်းရွှေရွာမှ ထွက်ခွာသွားရန် အကြံပေးဖို့အတွက် ရောက်လာခြင်းပင်။
သူသည် ကောလာဟလများအတိုင်း မူလနတ်ဘုရားက ခေါင်းမာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယနေ့တွင် ကျိယွမ်သည် အံ့အားသင့်စရာကောင်းလောက်အောင် သဘောတူခဲ့ပြီး လုံးဝ ကန့်ကွက်ခြင်းမရှိခဲ့ပေ။
"ဒါနဲ့ ကျင့်ရှီမြို့က ကပ်ရောဂါရဲ့ အရင်းအမြစ်ကို ခင်ဗျား သိလား"
ကျိယွမ်က မထင်ထားသောအရာကို မေးလိုက်သည်။
ဆုယူဖိန်သည် ကျိယွမ်ကို ခေတ္တမျှ ချီတုံချတုံဖြစ်ဟန် ကြည့်ပြီးနောက် မတတ်သာသလိုရှင်းပြ၏။
"ဒါဟာ သူတို့ဆင့်ခေါ်နေတဲ့ နတ်ဘုရားသစ်နဲ့ ဆက်စပ်နေနိုင်တယ်။ အဲဒီနတ်ဘုရားကို ကပ်ရောဂါသခင်လို့ ခေါ်တယ်။ သူ ဆင်းသက်တဲ့ နယ်မြေမှာ ကပ်ရောဂါ ပိုဆိုးလေ၊ သူ့ရဲ့ နတ်စွမ်းအားက ပိုပြီးမြန်မြန်ပြန်လည်ကောင်းမွန်လေပဲ။ ဒါကြောင့် ကပ်ရောဂါကို မြို့ငါးမြို့က မိစ္ဆာနတ်ဘုရားတွေက ဖြန့်ခဲ့တာ ဖြစ်ဖို့များတယ်။မူလနတ်ဘုရား... ဒီအကြောင်းကို မသိသယောင် ဟန်ဆောင်နေတာ အကောင်းဆုံးပါပဲ"
"ကောင်းပါပြီ"
ကျိယွမ်က ထိုမျှသာပြောကာ တိတ်ဆိတ်သွားလေသည်။
ဆူယူဖိန်လည်း လာရင်းကိစ္စများပြီးပြီမို့ ကျိယွမ်အားနှုတိဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
တိတ်ဆိတ်နေသော နတ်ကွန်းထဲ၌ ကျိယွမ်တစ်ယောက်တည်းကျန်နေခဲ့ပြီး ငြိမ်သက်စွာစဥ်းစားနေသည်။
အတန်ကြာသည်အထိ သူကကျောက်ရုပ်တစ်ခုအလားရပ်နေခဲ့ပြီး ကောင်းကင်မှ တစိမ့်စိမ့်ရွာနေသော မိုးသည်လည်း တဖြည်းဖြည်းဆဲကာ ရပ်တန့်သွား၏။
သို့သော် ကပ်ရောဂါကတော့ ဆက်လက် ပြန့်ပွားနေဆဲပင်။
တစ်ခုခု လုပ်ရမယ်။
ကျိယွမ်၏ အသိစိတ်သည် ပုံရိပ်ဖော်စကားပြောအဖွဲ့ထဲသို့ တစ်ဖန် ဝင်ရောက်သွားခဲ့သည်။
ကပ်ရောဂါသည် ပိုမိုဆိုးရွားလာနေပြီး မြေနတ်ဘုရားများချည်းသပ်သပ်ဖြင့် အပြည့်အဝ ကုသနိုင်ခြင်း မရှိသေးပေ။
သူသည် အခြားနတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်ရန် စဥ်းစားခဲ့သည်။သူတွက်ရှိနေသော မိစ္ဆာနတ်ဘုရား စွမ်းအားများဖြင့် လုံလောက်မည်ဟု ထင်၏။
စကားပြောအဖွဲ့မှာ အမြဲအသက်ဝင်နေပုံရသည်။
"လူငယ်နတ်ဘုရားဧကရာဇ်ဆိုတာ ဘာကို ဆိုလိုတာလဲ မင်းတို့ သိရော သိရဲ့လား"
အဖွဲ့ခေါင်းဆောင် သုန်းကျန်းဟဲသည် ထုံးစံအတိုင်း ကျွန်တော်နှင့်ကျွန်တော့်အကြောင်း ဇာတ်လမ်းတွဲကို တင်ဆက်နေပုံရသည်။
"ငါ ခုလေးတင် ကြယ်သုံးပွင့် ရှားပါးအဆင့်နတ်ဘုရားတစ်ပါးကို ထပ်ပြီး ပုံရိပ်ဖော်လိုက်တယ်။ ရိုးရိုးသားသားပြောရရင် ငါ့ရဲ့ ပါရမီ အကန့်အသတ်ကို ငါကိုယ်တိုင်တောင် မသိနိုင်ဘူး။ ငါ့မှတ်ဉာဏ် အပြည့်အဝ ပြန်ကောင်းလာရင် ငါ ကိုယ်ငါတောင် ကြောက်သွားနိုင်တယ်"
"ပုံပြင်တွေ မပြောနဲ့တော့၊ မင်းက မူလနတ်ဘုရားနဲ့ ဘာမှမဆိုင်ဘူး"
ကြောင်နတ်ဘုရားရှန်မြောင်ကလည်း သုန်းကျန်းဟဲဆိုလျှင် အမြဲကန့်ကွက်ပြီးသားပင်။
"မူလနတ်ဘုရားက အခု ဒီမှာ ရှိနေတယ်။ မင်း ဒီတစ်ခါလည်း နတ်ဘုရားတစ်ပါးကို ထပ်ပြီး ပုံဖော်ဖို့ စီစဥ်နေတာလား"
ထိုအခိုက် သုန်းတုံကျန်းဟဲက သတိထားပြီး ကျိဟွမ်အား မေးလိုက်သည်။
"ငါ့ရဲ့ နယ်မြေမှာ ကပ်ရောဂါက ပြင်းထန်နေတယ်..."
ကျိယွမ်က ပြန်ဖြေ၏။
ဒါမျိုးအတွက်လား။
ထိုကိစ္စလောက်ကို ဖြေရှင်းရန်ဆို ပုံဖော်မည့်နတ်ထိုဘုရားက အဆင့် မမြင့်မားလောက်ပေ။
သုန်းကျန်းဟဲ စိတ်သက်သာရာရသွား၏ ။သူက ကြွားဝါးလို့ပင် မဝသေးပါ။
ဒီပုံဆို လောလောဆယ်တော့ ငါ့ရဲ့ဖန်တီးမှုက အမြင့်ဆုံးဆက်ဖြစ်နေမှာပဲ။
ထိုအခိုက်အတန့်တွင် အများအားဖြင့် သီးသန့်နေလေ့ရှိသော ဟေးလုံနတ်ဘုရားက
ဝင်ရောက်ပြောဆိုလာခဲ့သည်။
"ငါတို့ နတ်ဘုရားထျန်းပေါင်ကို မတွေ့ရတာ အတော်ကြာပြီ"
"မင်း ပြောမှပဲ သတိထားမိတာ ၊ အတော်ကြာနေပြီပဲ။ နောက်ဆုံးအကြိမ်တုန်းက သူက စစ်မှန်နတ်ဘုရားအဆင့်ကို တိုးမြှင့်နိုင်စေမယ့် ရတနာကို မူလနတ်ဘုရားကို ပေးချင်တယ်လို့ ပြောခဲ့တာ ငါသတိရနေသေးတယ်"
"ငါဆို သူ့ကို အဖေလို့ တောင် ခေါ်ချင်ခဲ့တာပါဆို"
ရှန်းမြောင်က ရုတ်တရက် အခြားကိစ္စတစ်ခုကို မေး၏။
"မူလနတ်ဘုရား ၊ မင်း မကြာသေးခင်က မြောက်ဘက်မှာဖြစ်သွားတဲ့ စစ်မှန်နတ်ဘုရားတွေကြား တိုက်ပွဲကို ခံစားမိလား"
ကျိယွမ်သည် ချက်ချင်းပင် ထိုနေ့က ကောင်းကင်ကို ထိုးဖောက်ခဲ့သော အလင်းတိုင်ကြီးကို သတိရသွားခဲ့သည်။
"ဟုတ်တယ်"
သူက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
အဖွဲ့ထဲမှ လူများလည်ူ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်မှ ဟေးလုံနတ်ဘုရားက စကားပြန်စသည်။
"မူလနတ်ဘုရား ၊ မင်း မြင်ခဲ့တဲ့ တိုက်ပွဲက နတ်ဘုရားထျန်းပေါင်က မိစ္ဆာနတ်ဘုရားတွေကို ဆန့်ကျင်တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်။ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ..."
"ဟင်း..."
အဖွဲ့သားအားလုံး တဖန်တိတ်ဆိတ်သွားပြီး စိတ်ခံစားမှုမှာလည်း မှိုင်းမှိုင်းမှုံမှုံ ဖြစ်လာခဲ့ကြသည်။
"နတ်ဘုရားထျန်းပေါင် တာဝန်ကျေပါတယ်"
"ထျန်းပေါင်ကျန့်ကျွမ်း ကောင်းစွာ အနားယူပါစေ"
"မူလနတ်ဘုရား ...မြောက်ဘက်က ကျဆုံးနယ်မြေဖြစ်နေပါပြီ ။ မဖြစ်မနေ ထွက်ခွာရမယ်ဆိုရင် ထွက်သွားပါ။ ပြီးခဲ့တဲ့အကြိမ်က နတ်ဘုရားထျန်းပေါင်က ခင်ဗျားကို အဲဒီရတနာကို ပေးချင်ခဲ့တာက သူ ပိတ်မိနေမှန်းသူ့ကိုယ်သူ သိပြီး ရတနာကို အလဟသ မဖြစ်စေချင်လို့ ဖြစ်နိုင်တယ်"
"နတ်ဘုရားထျန်းပေါင်က မိစ္ဆာနတ်ဘုရားအသစ်တွေ သူ့ကို လိုက်နေမှန်း သိပါတယ်။ သူ့ရဲ့ စွမ်းအားနဲ့တိုရင် ကိုယ်လွတ်ရုန်းပြီး.. သူ ထွက်သွားလို့ရတာ "
အဖွဲ့ဝင်တစ်ဦးကလည်း မှတ်ချက်ပေးလိုက်သည်။
သို့သော် ထျန်းပေါင်က သူ၏လူများကို စွန့်ပစ်၍ မရနိုင်သောကြောင့် မထွက်ခွာခဲ့ကြောင်းကိုလည်း လူတိုင်း နားလည်ခဲ့ကြသည်။
ကျိယွမ်က စာများကိုဖတ်နေရင်းမှ ဝင်မေးမိသည်။
"ငါ မှားတာ မဟုတ်ဘူးဆိုရင် နတ်ဘုရားထျန်းပေါင်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်က သစ္စဖောက်ပြီး နတ်ဘုရားအသစ်တွေဘက် ကူးပြောင်းသွားတာ ၊ အခု လုတိုင်းပြည်မှာ ရှိနေတယ်မဟုတ်လား။ သူ ထျန်းပေါင်နဲ့ တွေ့ခဲ့မှာ သေချာတယ်"
"ဟုတ်ပါတယ်။ ဘာလို့လဲ၊ မူလနတ်ဘုရား "
"အကြောင်းမရှိပါဘူး၊ သိချင်ရုံသက်သက်ပါ"
ထိုမျှသာပြောပြီး ကျိယွမ်သည် ပုံရိပ်ဖော်တောင်ရှိသောအခန်းသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
မြင့်မားသောပုံရိပ်ဖော်တောင်ကြီးက ထီးထီးမားမားတည်ရှိနေ၏။ကျီယွမ်သည် တောင်ရှေ့တွင် တည်ငြိမ်စွာရပ်တန့်လ်ုက်ပြီး သူ့တွင်ရှိသော မိစ္ဆာနတ်စွမ်းအားများက်ု စစ်ဆေးလိုက်သည်။
တော်တော်လေး လုံလုံလောက်ရှိနေခဲ့သည်။
"ကပ်ရောဂါကို ကုသဖို့လား"
"မှားတယ်"
"ကပ်ရောဂါကို ဖြန့်တဲ့သူတွေကို သတ်ပစ်တာကမှ အဖြေအမှန်ပဲ"
သူသည် အခြားနတ်ဘုရားတစ်ပါးကို ပုံရိပိဖော်ရန် ဆုံးဖြတ်လိုက်သည်။
ခွေးလိုကျင့်လို့မရဘူး၊ ခြေင်္သ့လိုကျင့်ရမယ် ။ ခဲလုံးနဲ့အပေါက်ခံရရင် ခဲလုံးကို မဟောင်နဲ့ ၊ ပေါက်တဲ့သူကို သတ်။
-------------------