← Chapters

ဝေ့ထင်း..မင်း နတ်ဘုရားတွေကို သတ်ချင်လား

Vol. 15 Ch. 182

ဝေ့ထင်း..မင်း နတ်ဘုရားတွေကို သတ်ချင်လား

Vol. 15 Ch. 182

"သူ့ရဲ့အရပ်က ကိုးကျန်းအထိ မြင့်မားပြီး ခါးကလည်း ကိုးကျန်းလောက် ကျယ်ဝန်းတယ်"

"ရွှေသရဖူကိုဆောင်းထားပြီး ရွှေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ၊ ရွှမ်းဟွာတိုက်ပွဲပုဆိန်ကို ကိုင်ဆောင်ထားတယ်"

ကျိယွမ် စိတ်ကူးလိုက်သည်နှင့် ကြီးမားထည်ဝါသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ပုံရိပ်သည် အလွန်အမင်း ကြီးမားလှပြီး အရပ်အမြင့်နှင့် ခါးလုံးပတ်သည် တန်းတူ ကြီးမားနေသဖြင့် တောင်ကြီးတစ်လုံးနှင့်ပင် တူနေသေးတော့သည်။

သူ၏ မျက်လုံးများသည် ဒေါသဖြင့် ပြူးကျယ်နေပြီး ဧရာမ ရွှမ်းဟွာပုဆိန်ကြီးကို တင်းတင်းဆုပ်ကိုင်ထားကာ သူ၏ခန္ဓကိုယ်ကြီးမှ တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေ၏။

သူသည်ကား ဧရာမနတ်စစ်သည်ကြီးပင်ဖြစ်တော့သည်။

တစ်ချိန်က စေတီတော်ကို ကိုင်ဆောင်ထားသော လီထျန်ဝမ်က ကျောက်စိမ်းဧကရာဇ် ၏ အမိန့်ဖြင့် ကောင်းကင်စစ်သည် တစ်သိန်းကို ဦးဆောင်၍ ဆွန်းဝူခုန်းကို ဝိုင်းရံတိုက်ခိုက်ခဲ့၏။ ဧရာမနတ်စစ်သည်ကြီးသည် ရှေ့တန်းတပ်မှူးအဖြစ်တာဝန်ယူကာ စွန်းဝူခုန်းကို အရင်ဆုံး ရင်ဆိုင်ခဲ့ရ၏။

သူ၏ လက်နက်ကို ဆွန်ဝူခုန်း၏ ရွှေတုတ်ချောင်း ဖြင့် ချိုးဖျက်ခံလိုက်ရပြီး အရေးနိမ့်ခဲ့သော်လည်း၊ သူသည် ကောင်းကင်ဘုံကို ကာကွယ်သော နတ်ဘုရားတစ်ပါးဖြစ်သည့် ကောင်းကင်ဘုံနယ်မြေ၏ နတ်ဗိုလ်ချုပ်တစ်ဦးပင်။

"မိစ္ဆာနတ်ဘုရားတွေရဲ့ နတ်စွမ်းအားက လုံလောက်ပါ့မလား"

"မလုံလောက်ဘူးဆိုရင်တော့ ငါ့ရဲ့ စွမ်းအားအချို့ကို သုံးရတော့မယ်။"

ကျိယွမ်က နောက်ဆုတ်ရန် စိတ်ကူးမရှိပါ။

သူ၏ အမြုတေသည် တောက်ပလာပြီး ဒုတိယမြောက်စမ်းသပ်မေးခွန်းကလည်း ထွက်ပေါ်လာသည်။

ကျိယွမ်၏ မျက်နှာက တည်ကြည်လေးနက်နေ၏။

ယခုတစ်ကြိမ်တွင် သူဖော်ထုတ်သော ပုံရိပ်မှာ ပထမနှစ်ကြိမ်နှင့် မတူညီပေ။သူစုထားသော မိစ္ဆာနတ်စွမ်းအားများအပြင် သူ၏ကိုယ်ပိုင်ခွန်အားများကိုပါ သုံးစွဲရသည်။

သူသည် မျက်လုံးများကို တည်ငြိမ်စွာမှိတ်ကာ မှိတ်လိုက်ပြီး စွမ်းအားများကို ထုတ်လွှတ်၏။

ရုတ်တရက် ပုံရိပ်ဖော်တောင်ကြီးသည် ရွှေရောင်အလင်းများဖြင့် တောက်ပသွားသည်။

ကျိယွမ်၏ မျက်နှာသည်လည်း လူမမာတစ်ဦးလို ဖြူဖျော့သွားလေ၏။

သို့သော် သူ၏ မျက်လုံးများတွင် ကျေနပ်အားရသော အပြုံးတစ်ခုပေါ်လာ၏။

အောင်မြင်ပြီ။

ထိုအချိန်တွင် စကားပြောအဖွဲ့ အတွင်း၌ အခြေအနေက တင်းမာနေသည်။

သုန်းကျန်းဟဲက တစ်ခုခုကို သတိထားမိကာ ပြောလိုက်သည်။

"ရုတ်တရက်ကြီး ပုံရိပ်ဖော်တောင်က ရွှေရောင်အလင်း တောက်ပလာပြန်ပြီ။ တတစ်ယောက်ယောက်က နောက်ထပ် အဆင့်မြင့်နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်လိုက်တာ ဖြစ်နိုင်မလား"

"ဘယ်သူက အောင်မြင်သွားတာလဲ"

"ဒီလိုဆိုရင် မင်းရဲ့ လူငယ်နတ်ဘုရားဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ ပြုတ်စော်နံနေပြီပဲ"

"တော်စမ်း"

ကျိယွမ်က စကားပြောအဖွဲ့ထဲတွင်မနေတော့ဘဲ ချက်ချင်းထွက်သွားခဲ့လေသည်။စကားပြောအဖွဲ့ကတော့ ထင်ကြေးအမျိုးမျိုးဖြင့် ဆက်လက်ငြင်းခုန်ကာကျန်ခဲ့၏။

ချင်းရွှေရွာ၏ ညသည် မဲမှောင်နေသည်။

ဝေ့ထင်းသည် အခန်းထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ညီမလေးကို ကြည့်ရင်း တရားထိုင်ကာ ကျင့်ကြံနေ၏။

သူ၏ ခွန်အားသည် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ၏

မြို့နယ်အတွင်း၌ဆိုလျှင် သူသည် အစွမ်းထက်သူတစ်ဦးဟု သတ်မှတ်နိုင်သည် ။

သို့သော် ပူဇော်သက္ကာအဆောင်များပိုင်ဆိုင်ထားသော နတ်ဘုရားအသစ်များနှင့် နှိုင်းယှဥ်လျှင်တော့ သူသည် အလွန်နိမ့်ကျနေဆဲပင်။

ထို့ကြောင့် ကပ်ရောဂါမှ အနည်းငယ် သက်သာလာသည်နှင့် သူသည် ကြိုးစားလေ့ကျင့်တော့သည် ။

သူ၏ရန်သူသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအသစ်တစ်ပါး ဖြစ်ပြီး ချင်းရွှေရွာ၏ အစွမ်းထက်သော မူလနတ်ဘုရားပင်လျှင် ထိုနတ်ဘုရားအသစ်ကို

တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် ၊ အားမလျှော့တမ်းကျင့်ရမယ်။

ထိုအခိုက်မှာပင် အနက်ရောင်လူရိပ်တစ်ခု က ရုတ်တရက် ပေါ်လာ၏။

ဘယ်သူလဲ။

ဝေ့ထင်းက လျှင်မြန်စွာ ထရပ်ကာသူ၏ညီမလေးကို ကာကွယ်ရန် ပြင်လိုက်သည်။

အေးစက်သော ကြယ်များ၏အလင်းရောင်အောက်မှာ မတ်တပ်ရပ်နေသော ချင်းရွှေရွာ နတ်ဘုရားကို မြင်လိုက်ရ၏။

နတ်ဘုရားထံမှ အေးစက်သော အသံထွက်ပေါ်လာခဲ့သည်။

"ဝေ့ထင်း၊ မင်း နတ်ဘုရားတွေကို သတ်ချင်

လား"

"ဗျာ.."

ဝေ့ထင်း၏ ရင်ခုန်သံသည် ရုတ်တရက်လျင်မြန်သွားပြီး နတ်ဘုရားအားမယုံနိုင်သလိုကြည့်လိုက်သည်။

နတ်ဘုရားက သူ၏အဖြေကို စောင့်နေပုံရသည်။

ငါနားကြား မမှားဘူးပေါ့။

သူက ခိုင်မာစွာ ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့ သတ်ချင်ပါတယ်အရှင်"

သူသည် မှန်ကန်သောသူကို ရွေးချယ်မိခဲ့ပြီဟု ခံစားလိုက်ရသည်။

ယခုတစ်ကြိမ် သေရမည်ဆိုလျှင်ပင် သူ ဂရုမစိုက်ပါ။

နတ်ဘုရား၏ လက်ထဲတွက်ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူ့ဆီသို့ရောကိရှိလာ၏။

"မင်းနဲ့ သင့်တော်မှာပါ"

ထိုမျှသာပြောကာ နတ်ဘုရားက ပျောက်ကွယ်သွားတော့သည်။

နောက်တစ်နေ့တွင် ချင်းရွှေရွာ၏ နံနက်ခင်းသည် အနီရောင်အလင်းဖြင့် အသက်ဝင်လာခဲ့၏။

ထိုအလင်းတန်းသည် ကျိယွမ်အဆင့်တက်သောအခါဖြစ်ပေါ်လာသည့်အရာဆိုတာကိုတော့ မည်သူမျှမသိကြပါ။

တစ်ချိန်တည်းမှာပင် ကွမ်ဖုန်းမြို့၌ မိစ္ဆာ

နတ်ဘုရားများ စုဝေးနေကြသည်။

ယနေ့တွင် ဝံပုလွေနတ်ဘုရားရှဲလန်က အခြားနတ်ဘုရားအားလုံးကို ဖိတ်ခေါ်၍ ကလေးစားပွဲတော်ကျင်းပနေခြင်းပင်။

ကြီးမားသော နတ်ကွန်း၏အပြင်ဘက်တွင် ရယ်မောသံများနှင့်အတူ ပျော်ရွှင်နေသောအသံများက နေရာအနှံ့ထွက်ပေါ်လျှက်ရှိသည်။

ထိုအချိန်မှာပင် ရထားလှည်းတန်းများသည် ကွမ်းဖုန်းမြို့ထဲသို့ မောင်းနှင်လာနေ၏ ။ ရထားလှည်းများပေါ်ရှိ လှောင်အိမ်များထဲမှာတော့ အဝတ်မပါသော ကလေးငယ်များကို ဖမ်းဆီးထားသည်။

ကလေးငယ်အများစုသည် ခံစားချက်မရှိသော မျက်နှာများဖြင့် ရှိနေကြပြီး အချို့ကအံ့အားသင့်နေသော အကြည့်များဖြင့် ပတ်ဝန်းကျင်အားကြည့်နေ၏။ အချို့မှာမူ အပြစ်ကင်းစင်စွာဖြင့် အပြင်ဘက်မှ လူများကိုပင် ရယ်မောပြနေကြသည်။

သူတို့၏ ဘဝလေးများက မကြာခင်ရက်စက်စွာအသတ်ခံရတော့မည်ကို မသိရှာကြပေ။

ရွှေချပ်ဝတ်တန်ဆာဝတ်ထားသော နတ်ကွန်း အစောင့်များသည် ကလေးငယ်များကို အစောင့်အရှောက်ပြုကာ နတ်ကွန်းသို့ ဖြည်းညှင်းစွာ ရွေ့လျားနေကြသည်။

ပွဲတက်လာသော နတ်ဘုရားများသည် အဖိုးတန်ဝတ်ရုံများ ဝတ်ဆင်ထားကြ၏။

အချို့မှာ ကြိုးကြာဖြူကဲ့သို့ ဆံပင်ဖြူများရှိကြပြီး ၊ အချို့မှာမူ နှိုင်းယှဥ်စရာမရှိအောင် လှပကြသည်၊

သူတို့သည် အကောင်းစားသေရည်များကို သောက်သုံးကာ ဝိညာဥ်သစ်သီးများကို စားသုံးလျက် ပျော်ရွှင်စွာ စကားပြောလျှက်ရှိ၏။

"ဒီလို ကလေးစားပွဲတော်ကို နောက်ဆုံး ကျင်းပခဲ့တာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းကပဲ၊ ကြာပြီနော်"

ကြိုးကြာဖြူကဲ့သို့ ဆံပင်ဖြူရှိသော အကြီးအကဲတစ်ဦးက သတိရစွာ ပြောလိုက်သည်။

"အဲဒီတုန်းက ဖေးဟွမ်းမြို့တော်မှာ မြို့နယ်ခုနစ်ခုထဲက ငါတို့ သုံးဦးပဲ ကျန်ခဲ့တာ"

အဝါရောင်ဝတ်ရုံဝတ် အကြီးအကဲကလည်း အမှတ်ရစွာ ပြောလိုက်သည်။

"အဲဒီတုန်းက ကလေးစားပွဲတော်ကို သဘောမတူတဲ့ ရှေးဟောင်းနတ်ဘုရားနှစ်ပါး လာပြီး တားဆီးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဝံပုလွေနတ်ဘုရားက လက်ချောင်းတစ်ချောင်းတည်းနဲ့ပဲ သူတို့ကို နှိမ်နင်းပြီး အရှင်လတ်လတ် ပေါင်းချောင်ထဲမှာပြုတ်သတ်ပစ်ခဲ့တာ ။"

"အရှင်လတ်လတ် ပေါင်းချောင်နဲ့ပြုတ်သတ်တာလညး၊ ဝံပုလွေနတ်ဘုရားက တကယ်ကို ဖန်တီးဥာဏ်ရှိသူပဲ။"

"ဟားဟားဟား၊ ဒီတစ်ခါတော့ ငါတို့ရဲ့ ကလေးစားပွဲတော်ကို ဝင်ရောက်နှောင့်ယှက်ဖို့ ဘယ်အရူးမှ သတ္တိရှိမှာ မဟုတ်ဘူး မဟုတ်လား"

"အားနည်းတဲ့ ရူယွီတစ်ယောက်ပဲ ကျန်တော့တာ။ သူသာ လာရဲရင် ဟင်းလျာအဖြစ် သူကိုယ်သူလာပူဇော်တာပဲ ဖြစ်မယ်"

"အရှင်လတ်လတ် ပေါင်းပြီး စားပစ်ရုံပေါ့"

"ငါက ခေါင်းနော်"

"ဟားဟား ဟားဟား "

ခွက်ချင်းတိုက်သံများကြားတွင် ရယ်မောသံနှင့် ပျော်ရွှင်မှုများက ပျံ့လွင့်သွားခဲ့သည်။

ရူယွီ၏လက်အောက်ခံများဖြစ်သော ရွာအဆင့် ရှေးဟောင်းနတ်ဘုရားများရှိသေးသော်လည်း ၎င်းတို့သည် စကားပင် ထည့်သွင်းပြောဆိုရန် မလိုအောင် အားနည်း၏။

သူတို့ကို နတ်ဘုရားလို့တောင် ခေါ်ဖို့မသင့်တော့ဘူး။

ထိုအချိန်တွင် ဝံပုလွေနတ်ဘုရားရှဲလန် သည် ခရမ်းရောင်ပိုးထည်ကို ဝတ်ဆင်ကာ အလွန်ဂုဏ်ကျတ်သရေအရှိဆုံးပုံစံဖြင့် ထွက်ပေါ်လာခဲ့သည်။

နတ်ဘုရားအသစ်အားလုံးက ထိုင်နေရာနှ အလျင်အမြန် ထရပ်ကာ သေရည်ခွက်များ မြှောက်၍ ဂုဏ်ပြုလိုက်ကြ၏။

ဆံပင်ဖြူအဘ်ုးအိုက စကားပြောရန်ပါးစပ်ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် မြေပြင်သည် ရုတ်တရက်ကြီး ပြင်းထန်စွာ တုန်ခါလာသည်။

တုန်ခါမှုကြောင့် စားပွဲများပေါ်ရှိ သေရည်အိုးများနှင့်ခွက်များပင် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲကြေသွားကြသည်။

ဘာဖြစ်တာလဲ။

နတ်ဘုရားအသစ်အားလုံး အံ့အားသင့်သွားကြပြီး ပတ်ဝန်းကျင်ကို အမြန်ဆုံး စစ်ဆေးလိုက်၏။

သူတို့မျက်လုံးများက စိတ်ရှုပ်ထွေးခြင်းနှင့်အတူ နားမလည်ခြင်း ဒေါသထွက်ခြင်းများ ပြည့်နှက်လျှက်ရှိသည်။

သူတို့အံ့အားသင့်နေစဥ်မှာပင် တုန်ခါမှုက ပို၍ပြင်းထန်လာပြီး ကြီးမားသောတစ်ခုခုက တစ်လှမ်းချင်းလာနေပုံရသည်။

ဟိုမှာကြီး။

အားလုံးက အဝေးသို့ ကြည့်လိုက်သောအခါ၊ တောင်တန်းနှစ်ခုကြားမှနေ၍ ကြီးမားထည်ဝါသော ဧရာမစစ်သည်ကြီးတစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဧရာမစစ်သည်ကြီးသည် မြင့်မားလွန်း၍ သူ၏ ခေါင်းက ကောင်းကင်ကို ထိနေသကဲ့သို့ ဖြစ်နေ၏။

စစ်သူကြီးသည် ရွှေသရဖူက်ု ဝင့်ကြွားစွာဆောင်းထားပြီး၊ ရွှေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ အရပ်မြင့်မားရုံသားမက ခန္ဓာကိုယ်ကြီးကလည်း တောင်တစ်လုံးပမာ ထည်ဝါကြီးကျယ်နေသည်။

သူ၏ လက်ထဲရှိ ရွှမ်းဟွာပုဆိန်ကြီးသည် အောက်သို့ စိုက်ကျနေပြီး တောင်တန်းနှစ်ခု၏ ထိပ်များပေါ်တွင် တင်ကာ တလက်လက်တောက်ပ၏ ။

ဘာ..ဘာကြီးလဲ။

ထို ကြောက်မက်ဖွယ် ဧရာမစစ်သည်ကြီးသည် သူ၏ခေါင်းကို နှိမ့်ချကာ ကွမ်းဖုန်းမြို့ထဲမှ မိစ္ဆာနတ်ဘုရားများကို ပူရွတ်ဆိတ်များလို ငုံ့ကြည့်လာသည်။

မိုးခြိမ်းသံကဲ့သို့သော အသံတစ်ခုက သူ၏ထံမှ ပဲ့တင်ထပ်လာပြီး အသံကလေပြင်းတိုက်ခတ်သလို မြို့ထဲရှိ အိမ်များကို ပြိုကျလုနီးပါး တုန်ခါသွားစေ၏။

"ငါက မူလနတ်ဘုရားရဲ့ လက်အောက်ခံ ရှေ့တန်းတပ်မှူး ဝေ့ထင်းပဲ"

"မိစ္ဆာနတ်ဘုရားတွေ ၊ နတ်ဘုရားအတုအယောင်တွေ ရှေ့ထွက်လာပြီး မင်းတို့ရဲ့ ကံကြမ္မာကို ရင်ဆိုင်ကြ"

စစ်သူကြီး၏ မိုးခြိမ်းသံလို အသံကြီးက ကွမ်းဖုန်မြို့ကြီးတစ်လုံးကို ပဲတင့်ထပ်၏။

မြို့သူမြို့သားများသည် ဘာဖြစ်နေမှန်းမသိသော်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်နေကြလေပြီ။

နတ်ဘုရားအသစ်များထဲမှ အချို့မှာလည်း ကြောက်လန့်တကြားဖြစ်ကာ တုန်ယင်နေ၏။

သို့သော် အချို့ကမူ လှောင်သလို ပြုံးကာ အချင်းချင်းရယ်မောကြသည်။

"ဘယ် အောက်တန်းစား သတ္တဝါက ဒီကို လာပြီး အသေခံရဲတာလဲ"

ဟွမ်ရှာမြို့မှ မိစ္ဆာနတ်ဘုရားက စိတ်မရှည်တတ်ပုံရ၏ ။ သူက ရုတ်တရက်ဆိုသလို ထိုဧရာမစစ်သူကြီးဆီသို့ တဟုန်ထိုးပျံသန်းသွားသည်။

သူတို့အတွက်အရွယ်အစားက ပြဿနာမဟုတ်ပါ။ ကျင့်ကြံခြင်းကသာ ပဓာနဖြစ်၏။

"သေစမ်း"

ယခုအချိန်တွင် ဧရာမနတ်စစ်သည်ကြီးအဖြစ် ပြောင်းလဲထားသော ဝေ့ထင်းသည် အလွန်အစွမ်းထက်ပြီး ဖန်ကူးကို ဘတ်ဂျက်လျှော့ထားသောပုံစံတူတစ်ခုကဲ့သို့ ဖြစ်နေသည်။

ရန်သူတစ်ယောက်ပျံသန်းလာသည်ကို မြင်သောအခါ ဝေ့ထင်း၏မျက်လုံးများ၌ လှောင်ပြောင်လိုသောအရိပ်အယောင်များပေါ်လာ၏။

အရင်တုန်းက ဝေ့ထင်းမဟုတ်ဘူးကွ။

ကြီးမားသော ရွှမ်းဟွာပုဆိန်ကို တစ်ချက်မ' ကာ ကောင်းကင်သို့ ဝှေ့ယမ်းလိုက်သည်။

သူ၏ အစွမ်းထက်သော ပုဆိန်ခုတ်ချက်သည် ကောင်းကင်ကြီးကိုပင် ဆုတ်ဖြဲနိုင်သည့်အလားပင်။

တောင်ကြီးတစ်လုံးစာမျှ ကြီးမားသော ရွှမ်းဟွာပုဆိန်သည် မြို့ပေါ်သာကျရောက်လာပါက သေချာပေါက် မြို့ကနှစ်ပိုင်းပြတ်သွားပေလိမ့်မည်။

မထီလေးစားဖြင့်ကောင်းကင်သို့ ပျံသန်းသွားသော ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့် မိစ္ဆာနတ်ဘုရားသည် ပုဆိန်ဖြင့် ချက်ချင်း နှစ်ပိုင်းပိုင်းခံလိုက်ရပြီး ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။

ဧရာမစစ်သူကြီးသည် ရန်သူကိုတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သော်လည်း ကျေနပ်ခြင်းမရှိသလို သူ၏ မျက်လုံးများက ဒေါသဖြင့် ပြူးကျယ်လာ၏။

သူ၏ ကြီးမားသောလက်ဖဝါးကြီးတစ်ဖက်က နတ်ကွန်းပေါ်သို့ တည့်တည့်ကျဆင်းသွားသည်။

ထိုအရာကို မြင်သောအခါ နတ်ကွန်းထဲတွင် ရှိနေသော မိစ္ဆနတ်ဘုရားတစ်ရာကျော်သည်သူတို့၏ ပူဇော်သက္ကာအဆောင်လက်နက်များကို အသည်းအသန် ခေါ်ထုတ်ကာ ဧရာမလက်ဖဝါးဆီသို့ အဆုံးမဲ့ နတ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြ၏။

ဧရာမစစ်သူကြီးသည် အထင်အမြင်သေးသောအမူအရာဖြင့် နှာမှုတ်လိုက်ရာ နှာခေါင်းပေါက်များမှထွက်လာသော အဖြူရောင်ဓာတ်ငွေ့များက တိမ်များအလား ပင်။

"မင်းတို့လို မလောက်လေးမလောက်စား နတ်ဘုရားအတုအယောင်တွေက အာခံရဲသေးတာလား"

နတ်စစ်သည်ကြီးဝေ့ထင်း၏ လက်ဝါကြီးသည် ခွန်အားကြီးမားသလို ရွှေရောင်လက်အိတ်များကိုပါ ဝတ်ဆင်ထားပြီး တလတ်လတ်တောင်ပလျှက် မဖျက်ဆီးနိုင်ဟုပင် ထင်ရသည်။

ထိုအရာ ကောင်းကင်ဘုံလက်နက်များဖြင့် ဖွဲ့စည်းထားသော ပုံရိပ်များ ဖြစ်သောကြောင့် မိစ္ဆာနတ်ဘုရားများ၏ သာမန်နတ်စွမ်းအားများဖြင့် မည်သို့ ချိုးဖျက်နိုင်မည်နည်း။

လက်ဖဝါးကြီး နတ်ကွန်းထဲမှ ထွက်ပေါ်လာသော နတ်စွမ်းအားအားလုံးကို ကြိတ်ချေပစ်လိုက်ပြီး အတင်းအကြပ် ဆုပ်ကိုင်လိုက်သည်။

နတ်ကွန်းထဲမှ နတ်ဘုရားအသစ်များသည် ခြံထဲမှ ကြက်ပေါက်ကလေးများကို ဆင်ကြီးတစ်ကောင်ကနင်းခံရသလို အရှင်လတ်လတ် ကြိတ်ချေခံလိုက်ရကုန်သည်။

ချက်ချင်းဆိုသလိုပင် မိစ္ဆာနတ်ဘုရား ဒါဇင်များစွာ သေဆုံးကုန်၏။

ဝေ့ထင်း၏ ကြီးမားသော မျက်လုံးများသည် ကျန်ရှိနေသေးသော နတ်ဘုရားအသစ်များဆီသို့ လှည့်သွားသည်။

"သေကြ"

ယခုတစ်ကြိမ်မှာတော့ ရွှမ်းဟွာပုဆိန်သည် ကွမ်ဖုန်းမြို့ထဲသို့ ပျံသန်းသွားသည်။

"ဘယ်ကို ထွက်ပြေးဖို့ ကြိုးစားနေတာလဲ"

ပုဆိန်တစ်ချက်အဝေ့တွင် မိစ္ဆာနတ်ဘုရားများစွာ ပိုင်းပြတ်ကုန်၏။

ပုဆိန်ကြီးကျဆင်းရာ နေရာတိုင်း၌ ကြီးမားသောပျက်စီးမှုကြီးများ ဖြစ်ပေါ်သည်။

မိစ္ဆာနတ်ဘုရားများသာမက နတ်ကွန်းအစောင့်များကလည်း မထူးဇာတ်ခင်းကာ နတ်စစ်သူကြီးထံသို့ အသက်စွန့်ကာ ပြေးဝင်ကြသည်။

"မင်းတို့လည်း သေရမယ်"

မြို့သူမြို့သားများက ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများဟု သတ်မှတ်ထားသည့် နတ်ကွန်းအစောင့်များသည် ဝေ့ထင်းအတွက် ယင်ကောင်များထက် မပိုပါ။

သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် ဒါဇင်ပေါင်းများစွာ အသက်ဆုံးရှုံးသွားသည်။

"သေ"

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူက မိစ္ဆာနတ်ဘုရား ဒါဇင်အနည်းငယ်ကို ထပ်မံ သတ်ဖြတ်လိုက်သည်။

မသေသေးဘဲ ကျန်နေခဲ့သော မိစ္ဆာနတ်ဘုရားများသည် ထိတ်လန့်တုန်လှုပ်နေကြပြီး လုံးဝ ရှုံးနိမ့်နေကြသည်။

ဤမျှ အစွမ်းထက်သော နတ်ဘုရားတစ်ပါးကို သူတို့ တစ်ခါမျှ မကြုံဖူးပါ။

ထို့ပြင် သူသည် ခရမ်းရောင်နန်းတော်အဆင့်နှောင်းတွင်သာ ရှိသေးပြီး အထွတ်အထိပ်သို့ပင် မရောက်သေးသကဲ့သို့ရှိ၏။

သို့သော် ထိုတစ်ဦးတည်းကပင် သူတို့ကို ထွက်ပြေးစေခဲ့သည်။

ဝေ့ထင်းသည် သူ၏ ပုဆိန်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး မိစ္ဆာနတ်ဘုရားအနည်းငယ်ကို ထပ်မံ သတ်ပစ်လိုက်သည်။

အစွမ်းထက်သော မိစ္ဆာနတ်ဘုရားများသည် သူ၏ ပုဆိန်ခုတ်ချက်တစ်ခုကိုပင် မခံနိုင်ကြပါ။

သူသည် ပုဆိန်ကိုဆက်လက်ခုတိပိုင်းပြီး

အသက်များကို ဆက်လက် ရိတ်သိမ်းနေသည်။

ဝံပုလွေနတ်ဘုရားရှဲလန်သည် မိစ္ဆာနတ်ဘုရားများ၏ နောက်တွင် ရပ်နေပြီး သူ၏ မျက်နှာသည် အလွန်တင်းမာလျှက်ရှိ၏။

"မင်းလိုသတ္တဝါလေးက ငါ့ကို အတင်းအကြပ် ဖိအားပေးနေတာပဲ"

သူသည် နောက်ဆုံးအချိန်ထိ ထိန်းထိန်းသိမ်းသိမ်းနေရန် ကြိုးစားခဲ့သော်လည်း မတတ်နိုင်တော့ပါ။

သူသည် နတ်ဘုရားပေါက်တစ်ဝက်ကို ဖွင့်ထားနိုင်သော်လည်း သူ၏ နတ်စွမ်းအားကို ပေါ့ပေါ့တန်တန် အသုံးမပြုချင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ထိုနတ်စွမ်းအားသည် အလွန်ခက်ခဲစွာ ရရှိခဲ့ခြင်းဖြစ်၏။

ထိုစွမ်းအားကို တစ်ကြိမ် အသုံးပြုလိုက်လျှင် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ဆယ်စုနှစ်များ၊ ရာစုနှစ်များ၊ သို့မဟုတ် ထောင်စုနှစ်များပင် နောက်ကျသွားမည် ဖြစ်သည်။

သို့သော် သူ၏ရှေ့မှ ကြီးမားသော ဧရာမစစ်သည်ကြီးက သူ့ကို ပြင်းထန်သော ခြိမ်းခြောက်မှုများအား ခံစားစေခဲ့သည်။

နတ်ဘုရားပေါက်တစ်ဝက်၏စွမ်းအားကိုသာ မသုံးစွဲပါက ထိုစစ်သည်ကြီး၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟူသော ခံစားချက်မျိုးပင် သူ ရရှိနေ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် မြို့တော်တွင် မည်သို့ ပေါ်လာသည်ကို သူ နားမလည်နိုင်ပါ။

ထိုသတ္တဝါကြီးသည် မူလနတ်ဘုရား၏ လက်အောက်ခံ ရှေ့တန်းတပ်မှူးဟု ပြောခဲ့သည်။

ထို့ကြောင့် အဖြေမှာတစ်ခုသာ ရှိနိုင်သည်။ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ပင် ။

ယခုရင်ဆိုင်နေရသော ကြောက်မက်ဖွယ် ဧရာမကြီးသည် အသက်ရှင်စဥ်က မတွေးဆနိုင်လောက်အောင် အစွမ်းထက်သော ကောင်းကင်ဘုံးသားတစ်ဦး ဖြစ်ရမည်။

သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော တစ်ဦးလည်း ဖြစ်သည်။

ဝံပုလွေနတိဘုရား၏ ကြိမ်းဝါးသံက်ုကြားမှ

ကျန်နေသော မိစ္ဆာနတိဘုရားများမှာ အနည်းငယ်စိတ်သက်သာရာ ရနိုင်ကြ၏။

ငါတို့မှာ ဝံပုလွေနတ်ဘုရားရှိသေးတယ် ။

သူတိူ့က အမြန်ဆုံးတောင်းဆိုကြလေသည်။

"ဝံပုလွေနတ်ဘုရား ..ဒီသတ္တဝါဆိုးကြီးကို အမြန်ဆုံး နှိမ်နင်းပေးပါ"

"ဒီ အရာကြီးက တကယ်ကို ကြောက်စရာကောင်းတယ်။ သူသာ ပိုအားကောင်းလာရင်မြို့တော်တစ်ခုလုံး ပျက်စီးသွားတော့မှာ"

ကျနေသူများက သူတို့၏ မျှော်လင့်ချက်အားလုံးကို ဝံပုလွေိတ်ဘုရားအပေါ်တွင် အပ်နှံထားရုံသာရှိတော့သည်။

ဝံပုလွေနတ်ဘုရားသည် နတ်ဘုရားတစ်ဝက်အဆင့်ဖြစ်၏။ထို ဧရာမစစ်သည်ကြီးသည် မည်မျှပင် အစွမ်းထက်ပါစေ၊ သူသည် ခရမ်းရောင်နန်းတော်အဆင့်နှောင်းပိုင်းတွင်သာ ရှိသေးသည်။

"မင်းက ငါ့ကို အတင်းအကြပ် လုပ်ခိုင်းလိုက်တာပဲ"

ဝံပုလွေနတ်ဘုရားက ရွေးချယ်စရာမရှိတော့သဖြင့် အော်ဟစ်လိုက်ပြီး စစ်မှန်နတ်ဘုရား တစ်ပါး၏ နတ်စွမ်းအား အရှိန်အဝါများ စတင် ထွက်ပေါ်လာသည်။

ကမ္ဘာ၏ လေထုသည်ပင် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းလာ၏။

ရှိလန်အား ယုံကြည်ကိုးကွယ်ကြသော ကွမ်ဖုန်းမြို့ထဲမှ သူများအားလုံး၏ ခန္ဓာကိုယ်များက ချက်ချင်း ညှိုးနွမ်းလာပြီး အက်ကွဲလာကြသည်။

ကျန်ရှိသော နတ်ဘုရားအသစ် တစ်ဒါဇင်ကျော်၏ မျက်နှာများသည်ပင် ဖြူဖျော့သွားရလေသည်။

"နတ်ဘုရားတစ်ဝက်ရဲ့ စွမ်းအား ၊ ဘယ်သူခံနိုင်လဲ "

ဝံပုလွေနတ်ဘုရား၏ ယုံကြည်မှုကလည်း အမြင့်ဆုံးအထိ မြင့်တက်သွားပြီး သူ၏ရှေ့တွင်ရှိသော နတ်စစ်သည်တော်ကြီးကို အထင်သေးစွာကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"ငါ့ကို သတ်မယ်ဆိုတဲ့သူ ဘယ်သူရှိသေးလဲ ၊ ဘယ်ကောင် ပြောရဲလဲကွ"

ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် ပေါ်လာခဲ့သည်။

သူ၏ အဖြူရောင်ဝတ်စုံသည် နှင်းကဲ့သို့ သန့်ရှင်းစင်ကြယ်ပြီး ဓားသူရဲကောင်းတစ်ဦးနှင့်တူသည်။

"ငါ သတ်ရဲတယ်ကွာ"

ကြယ်များသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားစဥ် သွေးနီရောင် ဓားအလင်းတန်းသည် ဥက္ကာခဲကဲ့သို့ လေထဲတွင် လျှပ်တစ်ပြက် လင်းလက်သွား၏။

နတ်ဘုရားအသစ်များ အပါအဝင် လူတိုင်းသည် သူတို့၏ မျက်လုံးများရှေ့တွင် အနီရောင်ကိုသာ ဖျက်ခနဲ မြင်လိုက်ရသည်။

ထို့နောက် သူတို့၏ မြင်ကွင်းတစ်ခုလုံးသည် အနီရောင်များဖြင့် ပြည့်နှက်သွားလေ၏။

ဘာလဲ။

ဘာဖြစ်သွားလဲ။

အားလုံးအံ့သြနေကြစဥ်မှာပင် အနီရောင် အလင်းက ပြန်၍မှေးမှိန်သွားပြီး

အားလုံးကို ရှင်းလင်းစွာ ပြန်မြင်ကြရသည်။

အဖြူရောင်ဝတ်စုံဝတ်ထားသော ချောမောသည့်လူငယ်တစ်ယောက်သည် သူ၏ သွေးနီရောင် ဓားရှည်ပေါ်မှ သွေးစက်များကို အေးဆေးစွာ မှုတ်ထုတ်နေသည်ကို တွေ့လိုက်ရ၏။

သူက ခေါင်းပြတ်နေသော အလောင်းကို အရေးမပါသလို လှမ်းကြည့်ပြီး သူ၏ မျက်လုံးများတွင် လှောင်ပြောင်သလို ပြုံးသည်။

"ငါဆိုတဲ့ကောင်ကို ... အဆင့်တူတွေထဲမှာ မည်သူကမှ မနိုင်ဘူးဆိုတာ မင်းမသ်ဘူးလား"

"မင်းက ယင်နတ်ဘုရားတောင် မဟုတ်ဘဲနဲ့ ဒီလောက် မောက်မာရဲသေးတယ်"

ဝေ့ထင်းသည် ဧရာမနတ်စစ်သည်ကြီးကို ပုံရိပ်ဖော်နိုင်သွားသောအခါ ကျိယွမ်သည်လည်း အဆင့်တက်ခဲ့သည်။

ယနေ့တွင် ဝေ့ထင်းက မိစ္ဆာနတ်ဘုရား တစ်ရာနီးပါးကို အစုလိုက်အပြုံလိုက်

သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့် ကျိယွမ်သည် အတွေ့အကြုံရမှတ်များစွာ ရရှိပြီး အဆင့်များကလည်း ဆက်တိုက်လိုလို တက်လာ၏။

ထို့အပြင် ဝေ့ထင်းက ကွမ်ဖုန်းမြို့ရှိ မိစ္ဆာ

နတ်ဘုရားများကို သတ်ဖြတ်နေစဥ်၊ ကျိယွမ်သည်လည်း အားလပ်မနေခဲ့ပါ။ သူက အခြားမျိုးများနှင့် ရွာများတွင်ရှိနေသော နတ်ဘုရားသားပေါက် နတ်ကွန်းအစောင့်များကို လိုက်လံသတ်ဖြတ်နေခဲ့သည်။

ယခုအခါ သူသည် နတ်ဘုရားအဆင့် (၇၂) သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျင့်ကြံမှုနှင့်ပြောရလျှင် ခရမ်းရောင်နန်းတော်အလယ်အလတ် အဆင့်တွင် ရှိနေလေပြီ။

အဆင့်တူဆိုလျှင် သူသည် မည်သူ့ကိုမျှ မကြောက်ဖူးပါ။

ဝံပုလွေနတ်ဘုရားသည် နတ်ဘုရားတစ်ဝက်ဖြစ်ကောင်း ဖြစ်နိုင်သည်၊

သို့သော်လည်း ကျိယွမ်က ဂရုမစိုက်ပါ။

စစ်မှန်နတ်ဘုရား မဟုတ်ပါက သူသည် ခရမ်းရောင်နန်းတော်အဆင့်သာဖြစ်၏။ကျိယွမ်နှင့် အဆင့်တူ ဖြစ်သည်။

ထို့ကြောင့် အနည်းငယ်မျှ သတိလက်လွတ်ဖြစ်သွားချိန်တွင် ကျိယွမ်က ဓားချက်တစ်ချက်တည်းဖြင့် သူ့ကို အလွယ်တကူ ခုတ်ချနိုင်ခဲ့၏။

ကျိယွမ်၏ အကြည့်က ဝံပုလွေနတ်ဘုရား၏အလောင်းမှတဆင့် ကျန်နေသော မိစ္ဆာနတ်ဘုရားများအပေါ်သို့ ကျရောက်သွားသည်။

သူက အေးစက်စွာ အမိန့်ပေး၏။

"သတ်"

----------------

All Chapters