← Chapters

ဝါးမျိုခြင်းဘိုးဘေးအဆောင် ထွက်ပေါ်လာပီ

Vol. 13 Ch. 129

ဝါးမျိုခြင်းဘိုးဘေးအဆောင် ထွက်ပေါ်လာပီ

Vol. 13 Ch. 129

ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်ကို သူ၏ ကိုယ်ပိုင်ဝိညာဉ်ရတနာလက်နက်အဖြစ် သန့်စင်ရယူလိုက်ပြီဖြစ်ကာ ဤအရာက အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။

မုချန်ချန်နှင့်အခြားနှစ်ဦးသာမက၊ ရှောင်တျောင်းတောင် အံ့အားသင့်သွားခဲ့သည်။ ဤကဲ့သို့ ကိုယ်ပိုင်နေရာပါဝင်သည့် ဝိညာဉ်ရတနာလက်နက်က သာမန်ဂိုဏ်းတစ်ခု ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

ယခုတော့ ထိုဝိညာဉ်ရတနာလက်နက်က ဝူယွမ် လက်ထဲရောက်နေပီဖြစ်သည်။

“အစ်ကိုကြီး၊ အစ်ကိုကြီးက တကယ်ပဲ အံ့ဩစရာကောင်းလွမ်းတယ်။ ဒီမဟာရှေးဟောင်းကျောက်တိုင်နဲ့ဆိုရင် နောင်တစ်ချိန် ကျွန်တော်တို့မိသားစုနဲ့ သိုင်းပညာရပ်ခန်းကို အတွင်းထဲကို ရွှေ့ပြောင်းနိုင်တော့မှာပဲ။”

လင်းတုန်က စိတ်လှုပ်ရှားစွာ အကြံပြုလိုက်သည်။

ဤနည်းဖြင့်သူက မိသားစုနှင့် ခွဲခွာရတော့မည် မဟုတ်ပေ။

အတိတ်ကို ပြန်တွေးကြည့်လျှင်ယခင်က ရှေးဟောင်းဂိုဏ်းသည်လည်း ၎င်းအတွင်း၌ နေထိုင်ခဲ့သည်။

အတွင်းရှိနေရာလွတ်က ယန်မြို့ထက် အဆပေါင်းများစွာ ကြီးမားပြီး ခရိုင်တစ်ခုနှင့် နှိုင်းယှဉ်နိုင်ကာ မိမိ ကိုယ်ပိုင် ဂိုဏ်းတစ်ခု ကိုယ်ပိုင်အာဏာတည်ထောင်ရန်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

“ဟုတ်တယ်၊ ငါလည်း ညီနှစ်နဲ့ အတွေးချင်းအတူတူပါဘဲ။”

ဝူယွမ်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူကမဟာရှေးဟောင်းဧကရာဇ်တံဆိပ်ကို အမွေအနှစ်အဖြစ် ရရှိချိန်တွင် ဤစိတ်ကူးရှိခဲ့သည်။

သို့သော်မဟာရှေးဟောင်းကျောက်တိုင်တွင် အန္တရာယ်ရှိသော လျှို့ဝှက်အန္တာရယ်တစ်ခုဖြစ်သည့် အဆင့်ကိုး နတ်ဆိုးဘုရင် ရှိနေသည်။

ထိုလူက မဟာရှေးဟောင်းကျောက်တိုင်အတွင်း၌ တံဆိပ်ခတ်ခြင်းခံထားရပြီး၊ အကယ်၍ ထွက်ပြေးနိုင်ခဲ့လျှင် ဘေးအန္တရာယ်တစ်ရပ် ဖြစ်လာမည်ဖြစ်သည်။ မိသားစုကိုအတွင်းသို့ မခေါ်ဆောင်ခင် ထိုလူ ချိတ်ပိတ်ထားတာကို မချိုးဖျက်နိုင်စေရန် သေချာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။

ဝူယွမ် ခဏတဖြုတ် စဉ်းစားလိုက်သည်။ မူရင်းဇာတ်လမ်း၊ နောက်ပိုင်းအဆင့်များ၌ နတ်ဆိုးဘုရင်၏ချိတ်ပိတ်အတားအဆီး ပြေလျော့သွားချိန်တွင်၊ သု နတ်ဆိုးစွမ်းအားများကို ဆက်လက်ထုတ်လွှင့်နေခဲ့ပြီး အခြားကမ္ဘာခြားနတ်ဆိုးများ သူ၏တည်နေရာကို သိရှိကာ လာရောက်ကယ်ဆယ်ရန် မျှော်လင့်နေခဲ့သည်။

သို့သော်နောက်ပိုင်းတွင်၊ သူထုတ်လွှင့်ခဲ့သော နတ်ဆိုးစွမ်းအားအားလုံးကို ယခု ကျန်းယင်ယင်ဖြစ်နေသော သေခြင်း-ရှင်ခြင်းသခင်က စင်ကြယ်အောင်ပြုလုပ်ပေးခဲ့သဖြင့်၊ သူက သတင်းစကားကို အောင်မြင်စွာပေးပို့ခဲ့နိုင်ခြင်း မရှိတော့ပေ။

တစ်နည်းအားဖြင့်၊ သူ၏နတ်ဆိုးစွမ်းအားပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သရွေ့၊ နတ်ဆိုးဘုရင်က ထိုနေရာမှထွက်လာနိုင်မည်မဟုတ်ပေ။

ဝူယွမ်ကဤကိစ္စအတွက် ယုံကြည်မှုအပြည့်ရှိသည်။

အတားအဆီးကိုအားဖြည့်ပေးနိုင်သရွေ့၊ နတ်ဆိုးဘုရင်ကို အချိန်တစ်ခုအထိ တည်တည်ငြိမ်ငြိမ်နှင့် ဖိနှိပ်ထားနိုင်မည်ဖြစ်သည်။

သူ့တွင် အစီအရင်ကျမ်းလိပ်နှင့် များပြားသော ရှေးဦးရူန်းများရှိပြီး၊ အစီအရင်အတွက် ပစ္စည်းကောင်းများ ရှာဖွေရုံသာလိုအပ်ပြှး အတားအဆီး၏စွမ်းအားကို အတော်လေး မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင်၊ဝူယွမ်က သိန်းငှက်သိုင်းခန်းမကိုလည်း မဟာရှေးဟောင်းကျောက်တိုင်အတွင်းသို့ လာရောက်အခြေချရန်နှင့် ရှေးဟောင်းဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာရန် ဖိတ်ကြားနိုင်သည်။

တောနက်ဂိုဏ်း၏အမွေအနှစ်ဖြင့်ဆိုလျှင် သိန်းငှက်သိုင်းခန်းမက ပါဝင်ရန် အလွန်စိတ်အားထက်သန်နေမှာ သေချာသည်။

ထိုသို့ဆိုလျှင် ကျန်ယင်ယင်က မဟာရှေးဟောင်းကျောက်တိုင်ကို စောင့်ရှောက်နိုင်ပြီး၊ သေချာမှုနှစ်ဆကို ပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်။

ကျောက်တိုင်ကို သန့်စင်ရယူပြီးနောက်၊ ဝူယွမ်က မည်သည့်အချိန်တွင်မဆို မဟာရှေးဟောင်းကျောက်တိုင်အတွင်းသို့ ဝင်ရောက်နိုင်လာခဲ့သည်။

သူကတစ်စက္ကန့်အတွင်း ကျောက်တိုင်ဝိညာဉ်နှင့် ဆက်သွယ်နိုင်လာသည်။

ဝူယွမ်နှင့်အခြားသုံးဦးတို့က ကျောက်တိုင်အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်ခဲ့ကြပြီး၊ ထိုနေရာ၌ ဆေးလုံး စားသုံးကာ သူတို့၏စွမ်းအားကို မြှင့်တင်ခဲ့ကြသည်။

“ဒင်း! ဆိုင်းအင်၀င်ရန် နေရာအသစ်ပြောင်းလဲပြီးပါပီ။ ယင်ရုပ်သေးမြို့တွင်ဆိုင်းအင်၀ငါပါ”

ထိုအချိန်တွင်၊ စနစ်က ဆိုင်းအင်၀င်ရန် တာဝန်တစ်ခုကို နောက်တစ်ကြိမ် ထုတ်ပြန်လိုက်သည်။

ယင်ရုပ်သေးမြို့က၊ ယင်ရုပ်သေးဂိုဏ်း ဌာနချုပ် တည်ရှိရာ နေရာဖြစ်ပြီး သူနောက်ထပ်သွားရောက်ရမည့်နေရာလည်း ဖြစ်သည်။

ငါးရက်ကြာပြီးနောက်!

ဝူယွမ်က နိဗ္ဗာန်ဆေးလုံး တစ်ဒါဇင်ခန့် စားသုံးပြီး ကူးပြောင်းခြင်းအဆင့်ကို အောင်အောင်မြင်မြင်ဘဲ တက်ရောက်နိုင်ခဲ့သည်။

နိဗ္ဗာန်ဆေးလုံးများကိုအသုံးပြုခဲ့သော်လည်း၊ ဝူယွမ်၏ အဆင့်တက်မှုက သဘာဝအတိုင်း တိုးတက်လာခြင်းဖြစ်သည်။ သူ၏စွမ်းအားနှင့်အတွေ့အကြုံက အဆင့်တက်ရန် အရင်ကတည်းက အဆင်သင့်ဖြစ်နေပြီဖြစ်ကာ၊ သူ၏အခြေခံအုတ်မြစ်သည်လည်း အလွန်ခိုင်မာလွန်းသည်။

အဆင့်တက်သွားပြီးနောက်၊ဝူယွမ်က ထွက်လာခဲ့သည်။ သူက မဟာရှေးဟောင်းကျောက်တိုင်ကို လည်ဆွဲအဖြစ် ဝတ်ဆင်ထားပြီး၊ လင်းတုန်းနှင့် အခြားနှစ်ဦးတို့ကတော့ အတွင်း၌ ဆက်လက်ကျင့်ကြံနေဆဲဖြစ်သည်။

ဝူယွမ်ကပိုင်ယွမ်ပေါ်တက်ပြီး စီးနင်းကာ၊ ယင်ရုပ်သေးဂိုဏ်းဆီသို့ မြန်မြန်ဆန်ဆန် ခရီးဆက်လာခဲ့သည်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း၊ ရှောင်တျောင်းက ယင်ရုပ်သေးဂိုဏ်းယင်ရုပ်သေးဂိုဏ်းမှ လက်ဝဲအကြီးအကဲကို စစ်ဆေးမေးမြန်းခြင်းမှတစ်ဆင့်၊ သူတို့က ဝါးမျိုခြင်းဘိုးဘေးအဆောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိခဲ့သည်။

နောက်ဆုံးအကြိမ်ရှေးဟောင်းကျောက်တိုင်တည်နေရာ ဖွင့်လှစ်ချိန်တွင်၊ ယင်ရုပ်သေးဂိုဏ်းမှ ဂိုဏ်းချုပ်ဖြစ်သူ တင်ရှားက အတွင်းမှ ထူးဆန်းသောပစ္စည်းတစ်ခုကို တစ်ကယ်ဘဲ ရရှိခဲ့သည်။

ထိုပစ္စည်းကိုရရှိပြီးနောက်၊ တင်ရှားက ဂိုဏ်းကို ပြန်လာခဲ့ပြီး၊ ထိုအချိန်မှစ၍ သီးသန့်နေထိုင်ခဲ့သည်။

သို့သော်၊ဝါးမျိုခြင်းဘိုးဘေးအဆောင်တွင် စွမ်းအားပြင်းထန်သော ချိတ်ပိတ်အတားအဆီးတစ်ခုပါရှိပြီး၊ တင်ရှားက သုံးနှစ်ကြာ သုတေသနပြုပြီးနောက်တွင်ပင် အဆောင်ချိတ်ပိတ်ခြင်းကျု ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့်၊သူက ဆယ်ရက်အကြာတွင် ယင်ရုပ်သေးဂိုဏ်းရှိ ကျင့်ကြံသူ‌အားလုံး၏ စွမ်းအားကို စုစည်းကာ အတားအဆီးကို အတင်းအကျပ်ချိုးဖျက်ရန် စီစဉ်ထားသည်။

ယင်ရုပ်သေးမြို့က ၀မ့်လွန်ပြည်နယ်၏ ကျော်ကြားသော ရှေးဟောင်းယင်တောင်တန်းထဲတွင် တည်ရှိသည်။ ဤနေရာရှိ တောင်များက တစ်နှစ်ပတ်လုံး ‌ရေခဲများဖြင့်ဖုံးလွှမ်းနေပြီး အေးစက်သောလေထုက အရိုးချွန်ဓားကဲ့သို့ဖြစ်သည်။ သာမန်လူများက ထိုနေရာ၌ အကြာကြီး မနေရဲကြပေ။ မဟုတ်ပါက အအေးဓာတ်က သူတို့၏ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်ကာ သူတို့စွမ်းအင်လမ်းကြောင်းများကို အေးခဲစေမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုရှေးဟောင်းယင်တောင်တန်း၏ အတွင်းပိုင်း အနက်ထဲတွင်၊ နာမည်ဆိုးဖြင့် အလွန်ကျော်ကြားသော ကမ္ဘာ့ရှေးဟောင်း ယင်ချောက်ကြီး တည်ရှိသောကြောင့်ဖြစ်သည်။ ဤရှေးဟောင်းယင်ချောက်က ဘယ်လောက်နက်လဲ မသိနိုင်ပေ၊ ထိုအတွင်း၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော အေးခဲလေထုနှင့် လေဟာနယ်စွမ်းအင်များ စုစည်းနေသည်။

ထို့အပြင်၊ အေးခဲလေထုနှင့် လေဟာနယ်စွမ်းအင်များက နေရာအနှံ့မှ လာရောက်စုဝေးသောကြောင့်၊ အတွင်း၌ ရေခဲလေဆင်နှာမောင်းများအဖြစ် ပေါင်းစပ်မိသွားသည်။ ထိုလေဆင်နှာမောင်း ဆွဲငင်သွားခံခဲ့ရလျှင်၊ ကူးပြောင်းခြင်းအဆင့် စွမ်းအားရှင်တစ်ဦးတောင်မှ သေချာပေါက် သေဆုံးမည်ဖြစ်သည်။ ထို့ကြောင့်၊ ထိုကမ္ဘာ့ရှေးဟောင်းယင်ချောက်ကြီးက ရှေးဟောင်းယင်တောင်တန်းအတွင်းရှိ တားမြစ်နေရာတစ်ခုဖြစ်သည်။

လက်ဝဲအကြီးအကဲထံမှ ဝူယွမ်ရရှိသော သတင်းစကားအရ၊ တင်ရှားက ထိုအေးခဲလေစွမ်းအင်၏စွမ်းအားကို အသုံးပြု၍ ဝါးမျိုခြင်းဘိုးဘေးအဆောင်ပေါ်ရှိ အတားအဆီးကို တိုက်ခိုက်ရန် စီစဉ်ထားသည်။

သူက ပိုင်ယွမ်ကို စီးနင်းကာ တစ်လမ်းလုံး လျင်မြန်စွာ သွားလာခဲ့ပြီး၊ ဒုတိယနေ့တွင် ယင်ရုပ်သေးဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။

ယင်ရုပ်သေးမြို့ကို ရှေးဟောင်းယင်တောင်တန်း၏ အဓိကထိပ်ဖျားပေါ်တွင် တည်ဆောက်ထားသည်။ တောင်ကို မှီခိုကာ တည်ဆောက်ထားသော မြို့ကြီးတစ်မြို့လုံးက အလွန်တောက်ပကြည်လင်နေပြီး၊ လူအုပ်ကြီးများ ပြားပန်းခက် သွားလာနေကြသည်မှာ မြို့၏လုံးဝကြောက်မက်ဖွယ် ကောင်းလောက်အောင် လူကြိုက်များမှုကို ပြသနေသည်။

ဝူယွမ်က သူတို့ကို တိုက်ရိုက်ရင်ဆိုင်ခြင်း မပြုခဲ့ပေ။ သူ၏စွမ်းအားဖြင့်၊ တိုက်ရိုက်ရင်ဆိုင်ရတာက သဘာဝအားဖြင့် ပြဿနာမရှိသော်လည်း၊ အခြားတစ်ဖက်က သူ၏စွမ်းအားကို သိရှိပါက၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အရင်ဝှက်ထားနိုင်သဖြင့်၊ ပိုရှာဖွေရခက်ခဲစေမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ဝူယွမ်ကဝါးမျိုခြင်းဘိုးဘေးအဆောင်ကို မြင်တွေ့ပြီးမှသာ သူ့ကိုယ်သူ ထုတ်ဖော်ပြသမည်ဖြစ်သည်။

မြို့အတွင်းသို့ဝင်ရောက်လာပြီးနောက်၊ ဝူယွမ်က ပိုင်ယွမ်ကို မဟာရှေးဟောင်းကျောက်တိုင်အတွင်းသို့ ထည့်သွင်းကာ၊ သူတစ်ယောက်တည်း ယင်ရုပ်သေးဂိုဏ်းကို တိတ်တဆိတ် စတင်စုံစမ်းစစ်ဆေးခဲ့သည်။

သူကရှေးဟောင်းယင်တောင်တန်းအတိုင်း လိုက်ပြီး တောင်ထိပ်ဖျားအထိ တစ်လမ်းတည်းတက်လာခဲ့သည်။ တောင်ထိပ်နေရာက အလွန်ကျယ်ပြန့်ပြီး၊ ကြည်လင်တောက်ပသော အဆောက်အအုံအမျိုးမျိုး မြင့်မားစွာတည်ရှိနေပြီး၊ အလယ်ဗဟိုတွင်၊ ယူဇနာတစ်ထောင်နီးပါးကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခု တည်ရှိသည်။

ရင်ပြင်ကိုကျောက်နက်ဖြင့် သွန်းလုပ်ထားပြီး၊ အောက်ခြေမှ အေးခဲစွမ်းအင်များ စိမ့်ထွက်လာကာ၊ အေးစက်သောမြူများအဖြစ် စုစည်းသွားပြီး ကောင်းကင်ထက်၌ လွင့်မျောနေသည်။

လက်ဝဲအကြီးအကဲထံမှရသော အချက်အလက်များအရ၊ တင်ရှားက ဤနေရာတွင် ယနေ့ည၌ အတားအဆီးကို ချိုးဖျက်ရန် ရွေးချယ်မည်ဖြစ်သည်။

ဝူယွမ်ကတောင်ထိပ်ပေါ်ရှိ သစ်တောအတွင်း၌ ပုန်းအောင်းနေရင်း၊ သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိ၏ အမြင်အာရုံကို ချဲ့ထွင်လိုက်သည်။ အတော်ဝေးဝေးမှာရှိသည့် ကြီးမားသည့်ရင်ပြင်ကြီးကို သေချာစစ်ဆေးကြည့်လိုက်ရာ၊ ရင်ပြင်အတွင်း၌ ရူန်းများနှင့် အစီအရင် ဖွဲ့စည်းပုံ အခြေခံ ပစ္စည်းများ များစွာရှိသည်ကို ချက်ချင်းသတိပြုမိခဲ့သည်၊ သေချာပေါက် တင်ရှားက အစီအရင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာချိန်တွင်၊ ယင်ရုပ်သေးဂိုဏ်းဌာနချုပ်မှ လူအုပ်စုကြီးတစ်စုက တောင်ထိပ်ရင်ပြင်သို့ ရောက်ရှိလာကြသည်။

ဤလူများအားလုံးက သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး တံဆိပ်ခတ်ခြင်းကို ချိုးဖျက်ရန်အတွက် တင်ရှားက ဌာနခွဲအသီးသီးမှ အရေးပေါ်ခေါ်ယူထားသူများ ဖြစ်ကြသည်။

ရင်ပြင်သို့ရောက်ရှိလာပြီးနောက်၊ ထိုလူများက အစီအရင်ပုံစံ အမှတ်အသားများအလိုက် သူတို့၏ကိုယ်ပိုင်နေရာများကို ရှာဖွေကာ တင်ပလ္လင်ခွေထိုင်လိုက်ကြသည်။

သိပ်မကြာမီ၊ မှုန်ဝါးဝါးတောက်ပသော နေနှင့် တောက်ပသော လပြည့်ဝန်းက တဖြည်းဖြည်းနှင့် ကောင်းကင်၌ တစ်ပြိုင်နက်တည်း ပေါ်ထွန်းလာခဲ့သည်။

နေနှင့်လ အပြောင်းအလဲဖြစ်သောကာလအတွင်းမှာ၊ ရှေးဟောင်းယင်တောင်တန်း၏ အေးခဲစွမ်းအင်က ချက်ချင်းပင် မြင့်တက်လာခဲ့ကာ မကောင်းဆိုးဝါးများကဲ့သို့ မရေမတွက်နိုင်သော ညည်းညူသံများကို ထုတ်လွှင့်လာခဲ့သည်၊ ထိုအသံများက ကြားရသူ၏ဆံပင်ကို ထောင်မတ်စေနိုင်သည်။

တင်ရှား ဒီနေ့ကို အဓိကခားရွေးချယ်ထားရခြင်းမှာ ယနေ့ည၌ အေးခဲစွမ်းအင်က တစ်နှစ်တာလုံးအတွက် အများပြားဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။

လူအားလုံး နေရာယူပြီးနောက်၊ ပုံရိပ်နှစ်ခုက ပျံသန်းလာပြီး ရင်ပြင်၏အလယ်ဗဟိုမှာ တိုက်ရိုက်ဆင်းသက်လိုက်ကြသည်။

ဆင်းလာသည့်သူ နှစ်ဦးစလုံးက ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

တစ်ဦးမှာ မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ဆံပင်ဖြူ အဖိုးကြီးဖြစ်ကာ၊ ယခင်က လက်ဝဲအကြီးအကဲနှင့် ဆင်တူပုံစံ ဝတ်ဆင်ထားပြီး၊ ယင်ရုပ်သေးဂိုဏ်း၏ လက်ယာအကြီးအကဲဖြစ်မည်ဟု ယူဆရသည်။

အခြားတစ်ဦးမှာ အနက်ရောင်ဝတ်ရုံနီကို ဝတ်ဆင်ထားပြီး၊ ဆံပင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်မှောင်နေသည်။ လေပြေလေးတစ်ခု တိုက်ခတ်လာသောအခါ၊ သူ၏ဆံပင်က လှိုင်းထနေသကဲ့သို့ဖြစ်သွားပြီး၊ တွန့်လိမ်နေသော အနက်ရောင်အပေါက်ကြီးတစ်ခုနှင့် တူသွားကာ စုပ်ယူမှုအားတစ်ခုကို ထုတ်လွှင့်နေသည်။

ထိုလူက သေချာပေါက် ဂိုဏ်းချုပ် တင်ရှားဘဲ ဖြစ်ပေလိမ့်မည်။ သူ၏ကိုယ်ခန္ဓာပေါ်တွင်၊ ဝူယွမ်က အလွန်တရာ စွမ်းအားပြင်းထန်သော ရူန်းစွမ်းအင် တစ်ခုကို ခံစားမိခဲ့သည်။

“လက်ဝဲအကြီးအကဲက မပြန်လာသေးဘူးလား။ ချီ ဖန်တီးခြင်းအဆင့် ကလေးတစ်ယောက်ကို သတ်ဖို့ ဒီလောက်များများစားစား ရက်တွေကုန်ဆုံးနေတော့မှာလား။ သူက ဒီကိစ္စရဲ့ အရေးပါမှုကို မသိဘူးလား။” တင်ရှား မျက်ခုံးအနည်းငယ်ကျုံ့ပြီး ပြောလိုက်သည်။

“ဂိုဏ်းချုပ်၊ လက်ဝဲအကြီးအကဲက အမြဲတမ်း တည်ငြိမ်ပြီး အဓိကကိစ္စရပ်တွေရဲ့ လေးနက်မှုကို သိနားလည်ပါတယ်။ အခု သူမပြန်ရသေးတာက တစ်ခုခုနဲ့တွေ့ပြီး ထွက်မရသေးလို့နေမှာပါ။ သူ့ရဲ့ သဘာဝဝိညာဉ်အဆောင်က မငြိမ်းသတ်သေးတော့ အန္တရာယ်ကင်းတယ်လို့ ယူ‌ဆလို့ရတယ်၊ ဒါပေမယ့် ဘာလို့ သူမပြန်လာသေးတာလဲ ဆိုတာကို ကျွန်တော်မသိဘူး။ စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တဲ့ လူတွေက မနက်ဖြန်မှပြန်ရောက် အစီရင်ခံနိုင်မှာပါ။”

လက်ယာအကြီးအကဲက သူ၏အဖော်ဟောင်းအတွက် စိုးရိမ်ပူပန်စွာဖြင့် ‌ကာပြောပေးလိုက်သည်။

“သူက မဟာရှေးဟောင်းကျောက်တိုင်ထဲမှာပိတ်မိနေတာလား။”

တင်ရှားက ဝူယွမ်ကို လုံး၀မတွေးမိပေ။

၀မ့်လွန်ပြည်နယ်အတွင်း၊လက်ဝဲအကြီးအကဲကို မပြန်နိုင်အောင် တားဆီးနိုင်မည့်သူကို သူစဉ်းစားနိုင်သည်မှာ မဟာရှေးဟောင်းကျောက်တိုင်သာလျှင် ဖြစ်သည်။

“အဲဒါဆိုရင်တော့ လက်ဝဲအကြီးအကဲ သူ့ဟာသူထွက်လာနိုင်ဖို့ သုံးနှစ်စောင့်ရတော့မှာဘဲ”

လက်ယာအကြီးအကဲက ရှေးဟောင်းယင်တောင်တန်းကို လှည့်ပတ်ကြည့်ရှုပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်၊ “ဂိုဏ်းချုပ်၊ လက်ဝဲအကြီးအကဲ မရှိဘဲနဲ့ ဂိုဏ်းတစ်ခုလုံးရဲ့ စွမ်းအားကို စုစည်းပြီး ဒီပစ္စည်းရဲ့ အတားအဆီးကို ချိုးဖျက်ဖို့ ဆက်လုပ်မှာလား။

ဒီလိုလူအင်အားစုစည်းထားက ကြီးမားတဲ့အရှုပ်အထွေးကို ဖန်တီးလိုက်မိတယ်၊ ဒါက အခြားသူတွေရဲ့ မျက်လုံးအောက်ကနေ လွတ်မှာ မဟုတ်ဘူး။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ယင်ရုပ်သေးမြို့ကို စောင့်ကြည့်နေတဲ့ လူတွေ အများကြီးရှိတယ်၊ ကျွန်တော်ထင်တာက မဟာနတ်ဆိုးဂိတ်နဲ့ သိုင်းပညာမဟာမိတ်အဖွဲ့က လူအနည်းစုတောင် ဒီအနီးအနားမှာ ပုန်းအောင်းနေနိုင်တယ်။”

ဘာဘဲဖြစ်ဖြစ် ငါတို့ ဆက်လုပ်ရမှာဘဲ၊ ဒီနေ့ ယင်တောင်တန်းရဲ့ အေးခဲစွမ်းအင် စုစည်းမှုက အထွတ်အထိပ်က်ုရောက်ပြီး အပြင်းထန်ဆုံးဖြစ်လိမ့်မယ်။ ဒီနေ့လွှတ်သွားရင် ငါတို့ နောက်ထပ်တစ်နှစ် ထပ်စောင့်နေရလိမ့်မယ်”

“ငါသညအဆောင်ထဲက အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ရင် နိဗ္ဗာန်အဆင့်ကို ချက်ချင်းတက်သွားလိမ့်မယ် အဲဒီအချိန်ကျရင်၊ ဒီ၀မ့်လွန်ပြည်နယ်တင်မကဘူး၊ မဟာယန်အင်ပါယာတစ်ခုလုံးကို ကြည့်ရင်တောင် ငါ့ကိုယှဉ်ပြိုင်နိုင်တဲ့ လူတစ်ယောက်ရှာတွေ့ဖို့ ခက်ခဲသွားလိမ့်မယ်။”

ထိုထူးဆန်းသောအဆောင်ကို သုံးနှစ်ကြာ လေ့လာပြီးနောက်၊ နောက်ဆုံးတွင် အောင်မြင်မှုအချို့ရရှိပြီဖြစ်သဖြင့်၊ တင်ရှားက ဆက်စောင့်ဆိုင်းရန် စိတ်ကူးမရှိတော့ပေ။ သူ့လက်ရှိ ကူးပြောင်းခြင်းအဆင့် စွမ်းအားဖြင့်ဆို၊ ၀မ့်လွန်ပြည်နယ်တွင် သူနှင့်ယှဉ်နိုင်သူမရှိဟု သူယုံကြည်ထားသည်။

တောင်ပေါ်သစ်တောအတွင်း၊ ဝူယွမ်သည်လည်း မျှော်လင့်ချက်တစ်ခုကို ခံစားလိုက်ရသည်။ သိပ်မကြာမီတွင် သူက ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို မြင်တွေ့ရလိမ့်မည်။

ဤကမ္ဘာ၏စွမ်းအားအပြင်းထန်ဆုံး ရတနာများအနက်မှ တစ်ခု။

ထိုအရာကိုတွေးကြည့်ရုံမျှဖြင့်ပင် အလွမ်စိတ်လှုပ်ရှားစရာဖြစ်သည်။

သူကပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးရန် သူ၏ဝိညာဉ်စွမ်းအင်ကို လျှို့ဝှက် ထုတ်လွှတ်လိုက်သည်။

ဝူယွမ်က ဝိညာဉ်စွမ်းအင်ထုတ်လိုက်ပြီး နေရာတစ်ဝိုက် စစ်ဆေးကြည့်လိုက်သည်။ သူမျှော်လင့်ထားသင့်အအတိုင်းပင် အခြား ကျင့်ကြံသူများလည်းစောင့်ဆိုင်းနေကြပြီး၊ သူတို့အားလုံးထဲမှာ အဆင့်အနိမ့်ဆုံးကပင် ကူးပြောင်းခြင်းတစ်၀က် အဆင့်မှာရှိသည်။

သေချာပေါက်ဤလူများအားလုံးက မဟာနတ်ဆိုးဂိတ်နှင့် သိုင်းပညာမဟာမိတ်အဖွဲ့မှဖြစ်ကြသည်။

ရင်ပြင်ပေါ်တွင်!

“ တစ်ကယ့်အခ်ျန်ကု ရောက်လာတော့မယ်”

တင်ရှားက မှောင်မိုက်လာသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး၊ ရုတ်တရက် လက်မောင်းကို တဖြည်းဖြည်း ဆန့်ထုတ်ကာ သူ၏တည်ငြိမ်သောအသံက ယင်ရုပ်သေးဂိုဏ်း ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။- “ကိုးယင် မှော်ရှေးဟောင်း အစီအရင်ကို ဖွဲ့စည်းပါ။”

တင်ရှား၏အသံ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက်၊ ရင်ပြင်ပေါ်ရှိ ယင်ရုပ်သေးဂိုဏ်းကျင့်ကြံသူ များစွာက ချက်ချင်းပင် ဟစ်ကြွေးသံများထွကလာသည်။ သူတို့အားလုံး တစ်ပြိုင်နက်တည်းပင် ဆုတ်ခွာသွားကြပြီး၊ လျှာကိုကိုက်၍ သွေးအစီအနှစ်တစ်စက် ထုတ်လိုက်ကာ စွမ်းအားပြင်းထန်သော ယွမ်စွမ်းအင်နှင့် ရောနှော ပစ်ခတ်လိုက်ကြသည်။

ဝူယွမ်၏မျက်လုံးများက ချက်ချင်းပင် ထက်မြလာခဲ့ပြီး၊ အနည်းငယ်ပိုမိုလေးနက်လာခဲ့သော်လည်း၊ စိုးရိမ်ခြင်းမရှိဘဲ သူတို့ အစီအရင် စတင် ခင်းကျင်းပုံစံ စိတ်ဝင်စားစွာဖြင့် ကြည့်ရှုနေခဲ့သည်။

ထိုအစီအရင်က အရည်အသွေးနည်းနည်းတော့ ကောင်းလေသည်။

သွေးအစီအနှစ်အားလုံးသည်လေထဲသို့ ပျံသန်းသွားကာ၊ အတူတကွစုစည်းမိကာ၊ တိုက်ရိုက်ပြန့်ကားသွားပြီး၊ လေထဲတွင် ယူဇနာတစ်ရာခန့်ကျယ်ဝန်းသော ဧရာမသွေးမြူအခင်းအကျင်းပုံစံကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

အခင်းအကျင်းပုံစံ ကနဦးဖွဲ့စည်းချိန်တွင်၊ တောင်ထိပ်ပေါ်ရှိ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအင်များက စတင်သောင်းကျန်းလာခဲ့သည်။

ဤအရှုပ်အထွေးကြီးကို၊ကြီးမားသော ယင်ရုပ်သေးမြို့တစ်မြို့လုံက ခံစားလိုက်ရသည်။ မြို့တွင်းရှိ လူတိုင်းက တောင်ထိပ်ဘက်သို့ လှည့်ကြည့်နေကြပြီး ယင်ရုပ်သေးဂိုဏ်း၏ ကြာမြင့်စွာပြင်ဆင်ထားသော အဓိကလုပ်ဆောင်ချက်က စတင်ပီဖြစ်ကြောင်း သိသွားကြသည်။

“မြေနတ်ဆိုးအေးခဲလေကို ထုတ်ယူပါ။”

တင်ရှား၏မျက်လုံးများထဲတွင်၊ ဖုံးကွယ်မရသော စိတ်လှုပ်ရှားမှုတစ်ခု ရှိနေပြီး သူက နောက်တစ်ကြိမ် အော်ဟစ် အမိန့်ပေးလိုက်ပြန်သည်။

သူ၏အမိန့်ကိုကြားရသည်နှင့်၊ ရင်ပြင်ပေါ်ရှိ ယင်ရုပ်သေးဂိုဏ်းကျင့်ကြံသူများ ယွမ်စွမ်းအင်ကို အရူးအမူး ထုတ်လွှတ်လိုက်ကာ၊ ထိုစွမ်းအင်များကို သူတို့၏ ကိုယ်တွင်စုစည်းနေပြီး တစ်ပြိုင်နက်တည်း လက်ဖဝါးတစ်ဖက်ကို ကျောက်နက်ရင်ပြင်ပေါ်သို့ အားဖြင့်ရိုက်ချလိုက်ကြသည်။

‌

ဗုန်းး!

ခဏအတွင်းမှာပင်၊ ရင်ပြင်ပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းများက လျင်မြန်စွာ ပြန့်ကားသွားပြီး၊ ကွန်ယက်ကြီးတစ်ခုကဲ့သို့ ရင်ပြင်တစ်ခုလုံးကို ဖုံးအုပ်လိုက်ကာ၊ အက်ကြောင်းများအောက်မှ၊ အနက်ရောင်အေးခဲလေများ အဆုံးအစမရှိ ပေါ်ထွက်လာခဲ့သည်။

အေးစက်သောအနက်ရောင်လေများ ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်ရှိ ဧရာမသွေးမြူအခင်းအကျင်းကြီးက အနီရောင်အလင်းရောင်များ ထွက်ပေါ်လာကာ၊ စုပ်ယူနိုင်တဲ့ဝဲတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီး၊ အနက်ရောင်အေးခဲယင်လေအားလုံးကို ပြင်းထန်စွာ စုပ်ယူလိုက်သည်။

အေးခဲယင်လေနှင့်ပေါင်းစပ်လိုက်ခြင်းက ဧရာမသွေးမြူအခင်းအကျင်းပုံစံကို နောက်ထပ်အဆပေါင်းများစွာ ချဲ့ထွင်စေနိုင်ခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ရှေးဟောင်းယင်တောင်တန်း၏ ကောင်းကင်တစ်ခုလုံးကို လုံးဝဖုံးလွှမ်းသွားခဲ့သည်။

ဗုံး ဂျိနါး!

ကောင်းကင်အထက်၌၊ မြည်ဟိန်းသံများ အမှန်တကယ် ပေါက်ကွဲထွက်လာခဲ့သည်။

ဝူယွမ်ကလည်း ကြည့်နေရင်း ခေါင်းညိတ်လိုက်မိသည်။ အစီအရင်ဆရာတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော သူ၏အမြင်တွင်၊ ယခုအစီအရင်က အလွန်စွမ်းအားကြီးကြောင်း သူပြောနိုင်သည်။

အစီအရင်က အေးခဲလေကို သူ့ကိုယ်ပိုင်စွမ်းအင်ဖြင့် ပေါင်းစပ် အသုံးချနိုင်သည်။

ထိုအစီအရင်က ရှေးဟောင်းဂူဗိမာန်ရှိ အစီအရင်ထက် သိပ်မညံ့တော့ပေ။

စုစည်းထားသောစွမ်းအင်အခင်းအကျင်းမှ၊ သူ၏လက်ရှိအခြေအနေနဲ့ပင်၊ အန္တရာယ်အနည်းငယ်ကို ခံစားလိုက်ရသည်။

“ဒီလိုဂိုဏ်းလေးတွေက သူတို့ရဲ့ဂိုဏ်းကို ကာကွယ်ဖိုါ လျှို့ဝှက်နည်းလမ်းအချို့ အမြဲတမ်းရှိတတ်တယ်” ဝူယွမ်က သူ့ကိုယ်သူ သတိပေးလိုက်သည်။

အစီအရင်၏လက်ရှိ စွမ်းအားက နိဗ္ဗာန်အဆင့်ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်ပြီဖြစ်သည်။

တင်ရှားက ထိုအစီအရင်ဖွဲ့စည်းပုံကို အသုံးပြု၍ တံဆိပ်ခတ်ခြင်းကို ချိုးဖျက်ရန် ကြိုးစားခြင်းက အံဩစရာမရှိတော့ပေ။

ကံမကောင်းစွာဘဲ၊ သူက နုနယ်နေဆဲဖြစ်သည်။ မျက်လုံးနက်ပိုင်ရှင် အဖိုးအိုက သံသရာအဆင့် အဆင့်မြင့် စွမ်းအားရှင်ကြီးဖြစ်ပြီး၊ သူချထားသော ချိတ်ပိတ်အတားအဆီးကို ယင်ရုပ် သေးဂိုဏ်းမှလူအနည်းငယ်ဖြင့် မည်သို့ချိုးဖျက်နိုင်မည်နည်း။

ဝူယွမ်ခန့်မှန်းမိသည်မှာ၊ အတင်းအကျပ်ချိုးဖျက်ဖို့ဆို အနည်းဆုံး သံသရာအဆင့် ရောက်ဖို့လိုအပ်မည်ဖြစ်သည်။

ယခုအခါအစီအရင်ပုံစံကြီး ပြီးဆုံးသွားပြီဖြစ်သဖြင့်၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ပြန်လည်ရယူရန် အချိန်တန်ပြီ။ ဝူယွမ်၏မျက်လုံးများက ချက်ချင်းပင် အနီရောင်အလင်းရောင်များ လင်းလက်နေပြီး၊ ရင်ပြင်ဗဟိုရှိ တင်ရှားကို မျှော်လင့်ချက်များဖြင့် ကြည့်နေခဲ့သည်။

ဝူယွမ်၏စွမ်းအားပြင်းနတ်ဆိုးမျက်စိဖြင့် ကြည့်ရှုနေချိန်တွင်၊ တင်ရှားက လှုပ်ရှားလာခဲ့သည်။ သူ၏ကိုယ်ခန္ဓာမှ အလွန်စွမ်းအားကြီးသော ယွမ်စွမ်းအင်က သူ့လက်ဖဝါးပေါ်တွင် လှိုင်းထနေခဲ့သည်။ သူကရုတ်တရက်ထလာကာ၊ လက်ဖဝါးကို အောက်ဘက်သို့ မျက်နှာမူပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင်အလင်းရောင်က ချက်ချင်းပင် တောက်ပလာကာ၊ ကျောက်နက်ရင်ပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘုံး!

ရှေးဟောင်းယင်တောင်တန်းတစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။ ထိုစွမ်းအားကြီးသော လက်ဝါးရိုက်ချက်ကို သူ အလွန်ကျွမ်းကျင်စွာ ထိန်းချုပ်ထားပြီး၊ သူ့ခြေထောက်အောက်ရှိ အနက်ရောင်အပေါက်တစ်ခုကိုသာ ပေါက်ကွဲစေခဲ့သည်။

“ဂျီးး၊ဂျီးး”

ဝူယွမ်၏ သဘာဝဝိညာဉ်အဆောင်က ရုတ်တရက် လှုပ်ရှားလာကာ ပြင်းထန်စွာ တုန်ခါနေခဲ့ပြီး၊ သိုလှောင်အိတ်အတွင်းရှိ မျက်လုံးနက်ပိုင်ရှင် အဖိုးအို ပေးအပ်ထားသော ရူန်းသည်ပင် နွေးထွေးသောစွမ်းအားကို ထုတ်လွှင့်နေခဲ့သည်။

တင်ရှား ရိုက်ခတ်လိုက်သောအနက်ရောင် အပေါက်အတွင်းမှ၊ အလွန်ရှေးကျပြီး ကျယ်ပြန့်သော လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်ရုပ်သေးဂိုဏ်း၏ ကျင့်ကြံသူအားလုံးကလည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။ ဤကာလအတွင်း၊ အနက်ရောင်အလင်းတန်းများက ထိုအနက်ရောင် အပေါက်အတွင်းမှ မကြာခ‌ဏ ထွက်ပေါ်လာခဲ့သည်။

အလင်းရောင်က တဖြည်းဖြည်းမြင့်တက်လာပြီး၊ နောက်ဆုံး၊ ဧရာမသွေးမြူအခင်းအကျင်းပုံစံအောက်တွင် မျောလွင့်နေကာ၊ အနက်ရောင်အလင်းအစုအဝေးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ဝူယွမ် စွမ်းအားပြင်းနတ်ဆိုးမျက်စိဖြင့် စစ်ဆေးကြည့်ရာတွင်၊ အနက်ရောင်အလင်းအစုအဝေးက ကြီးမားလွန်မဟုတ်၊ ယူဇနာတစ်ဆယ်ခန့် ဧရိယာတစ်ခုကို ဖုံးလွှမ်းထားပြီး၊ အနက်ရောင်အလင်းများဖြင့် ဝန်းရံထားသည်။ သူ၏အမြင်အာရုံက ထိုအလင်းများကို ထိုးဖောက်သွားခဲ့သည်။

အလယ်ဗဟိုတွင်၊ လူခေါင်းတစ်လုံးအရွယ်အစားရှိသော ရှေးဟောင်းအဆောင်တစ်ခုက တိတ်ဆိတ်စွာ မျောလွင့်နေသည်။

ရှေးကျသော၊ရောထွေးသော၊ မူလအစ။

ဤအဆောင် ထာဝရအသက်စွမ်းအား အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ရှေးဟောင်းအနက်ရောင်အဆောင်က၊ အလင်းအစုအဝေး၏ အနက်ဆုံးအပိုင်းတွင် ငုပ်လျှိုးနေသကဲ့သို့ရှိပြီး

အဆောင်မှလှိုင်းများ ဖြစ်ပေါ်လာသောအခါ၊ အနက်ရောင်အပေါက်ပုံစံ အမျိုးမျိုး ပြောင်းလဲသွားကာ၊ အရာအားလုံးကို ဝါးမျိုနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းတစ်ခုက တိတ်ဆိတ်စွာ စိမ့်ဝင်လာပြီး၊ ကောင်းကင်နှင့်မြေကြီးကိုပင် အရောင်ပြောင်းစေခဲ့သည်။

“ဝါးမျိုခြင်းဘိုးဘေးအဆောင်။”

ဝူယွမ်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ဤဘိုးဘေးအဆောင်ကို အချိန်အတော်ကြာ တောင့်တနေခဲ့ခြင်းဖြစ်သည်။

ဆိုင်းအင်၀င်ခြင်း များပြားလှသော စွမ်းအားကြီး ဆုလာဘ်များရှိသော်လည်း၊ ဝူယွမ်က ဘိုးဘေးအဆောင်ကို ဆက်လက်တောင့်တနေဆဲဖြစ်သည်။

ဘိုးဘေးအဆောင်က ဤကမ္ဘာတွင် မွေးဖွားလာသော ရတနာတစ်ပါးဖြစ်ပြီး၊ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူသာရရှိပါက ဝူယွမ်အား ဤကမ္ဘာ၏ တိုက်ပွဲစင်မြင့်ပေါ်သို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေမည်ဖြစ်သည်။

“ဒုတိယနဲ့ တတိယညီလေးတို့ကိုလည်း ထွက်လာကြည့်ခိုင်းရမယ်။”

ဝူယွမ်နှင့် နှိုင်းယှဉ်လျှင်၊ လင်းတုန်းနှင့် ရှောင်တျောင်းတို့က ဘိုးဘေးအဆောင်အတွက် ပိုမြင့်မားသော မျှော်လင့်ချက်များရှိပြီး၊ သူတို့က အဆောင်အတွက် ပိုစိတ်အားထက်သန်နေကြသည်။

ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်ကို လက်ဖဝါးဖြင့် ပွတ်သပ်လိုက်ပြီး ချက်ချင်းပင်၊ အလင်းတန်းများ တဖွားဖွား လင်းလက်လာကာ၊ လင်းတုန်းက သူ့ဘေးတွင် ပေါ်လာခဲ့သည်။

ရှောင်တျောင်း၏နတ်ဆိုးဝိညာဉ်သည်လည်း ကျောက်လက်ဖွဲ့အတွင်းမှ ချက်ချင်းထွက်ပေါ်လာကာ၊ ဝူယွမ်တို့နှစ်ဦး၏အလယ်၌ မျောနေခဲ့သည်။

All Chapters