← Chapters

ယင်ရုပ်သေးမြို့တွင် ဆိုင်းအင်၀င်ခြင်း၊ ကစဉ့်ကလျား သန္ဓေသား

Vol. 13 Ch. 130

ယင်ရုပ်သေးမြို့တွင် ဆိုင်းအင်၀င်ခြင်း၊ ကစဉ့်ကလျား သန္ဓေသား

Vol. 13 Ch. 130

အစ်ကိုကြီး ဝူယွမ်၏ စကားကိုကြားလျှင် ရှောင်တျောင်းနှင့် လင်းတုန်တို့ နှစ်ဦးစလုံး စမ်းသပ်ကြည့်လိုစိတ်များ ပေါက်လာကြသည်။

သို့သော် သွေးနီရောင်ကြီးမားသည့် အခင်းအကျင်းပုံစံကြီး၏ စွမ်းအားက လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးပေ။

“မဟုတ်ဘူး၊ ငါ့ယင်ရုပ်သေးဂိုဏ်းချုပ် တစ်ဂိုဏ်းလုံးရဲ့ စုပေါင်းအင်အားနဲ့ဆို မင်းရဲ့ချိတ်ပိတ်အတားအဆီးကို ဒီနေ့ မချိုးဖျက်နိုင်ဘူးလို့ ငါမယုံဘူး”

တင်ရှား၏ မျက်နှာက ကြမ်းတမ်းနေပြီး လှိုင်းထနေသည့် အမည်းရောင် အလင်းစုလုံးကို အလွန်အမင်း မကျေနပ်ဖြစ်နေသည့်အကြည့်ဖြင့် ကြည့်ရှုနေကာ ဆက်လက်တိုက်ခိုက်လိုက်သည်။

သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်မှ တိုက်ရိုက်အင်အားကြီးမားသည့် ယွမ်စွမ်းအင်လက်ဝါးကြီးနှစ်ခု အဖြစ်သို့ပြောင်းလဲသွားကာ အခင်းအကျင်းပုံစံကြီးထဲသို့ အတင်းအကျပ် ထည့်သွင်းလိုက်သည်။

“ကိုးယင် မှော်ပညာ နက်နဲပုံစံ၊ ကိုးယင် စွမ်းအား၊ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်”

သူက အေးစက်သော အသံဖြင့် အော်ဟစ်လိုက်ပြီး ယွမ်စွမ်းအင်များ လှိုင်းထသွားကာ သွေးရောင် အလင်းပုံစံကြီးက အလွန်အမင်း လှုပ်ခတ်သွားသည်။ ထိုအချိန်တွင် ယင်တောင်ထိပ်တစ်ခုလုံးအတွင်းမှ အမည်းရောင်အေးမြသည့် စွမ်းအားများ အလုံးအရင်းနှင့် အဆက်မပြတ် စီးဆင်းလာပြီး အားလုံး သွေးရောင် ပုံစံအခင်းအကျင်းကြီးထဲသို့ စုပ်ယူခံလိုက်ရသည်။

ရုတ်တရက် သွေးရောင် ပုံစံအခင်းအကျင်းကြီးအတွင်း၊ အဆုံးမရှိသည့် အမည်းရောင် အေးစက်သည့် စွမ်းအားများ စုစည်းမိသွားပြီး ပေတစ်ရာကျော် ဧရာမအမည်းရောင် မိကျောင်းကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။

အမည်းရောင် မိကျောင်းဖြစ်ပေါ်လာပြီးသည်နှင့် တင်ရှား၏ ထိန်းချုပ်မှုအောက်တွင် မိကျောင်း၏ ဧရာမကိုယ်ထည်ကြီးက အမည်းရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရိုက်ချလိုက်ပြီး အောက်ဘက်ရှိ အမည်းရောင် အလင်းစုလုံးကို ထိမှန်စေသည်၊ သူ၏ ဧရာမကိုယ်ထည်ကြီးက တွန့်လိမ်နေသည်။

ဂျုန်း။

ယွမ်စွမ်းအင်များ ရုတ်တရက် လှိုင်းထသွားပြီး မိချောင်း၏ရိုက်ချက်က သန့်စင်ကျယ်ပြန့်လွန်းပြီး ကြောက်စရာကောင်းလှလွန်းသည်။

ပိုအားကောင်းလာသည့် တိုက်ခိုက်မှုက နောက်ဆုံးတွင် အနည်းငယ် သက်ရောက်မှုရှိလာသည်။

တရွှီရွှီ။ တရွှီရွှီ။ တရွှီရွှီ။

အမည်းရောင် အလင်းစုလုံးပေါ်တွင် အမည်းရောင် အလင်းအငွေ့များက ပြင်းထန်သည့် လှိုင်းများ ပေါက်ကွဲထွက်လာပြီး နောက်ဆုံးတွင် ‘ပေါက်’ ဟူသည့် အသံဖြင့် တိုက်ရိုက် ပေါက်ကွဲသွားသည်။

ယင်ရုပ်သေးဂိုဏ်း၏ ကျွမ်းကျင်သူများအားလုံးက အောင်ပွဲခံသည့် အပြုံးများ ဖြစ်ပေါ်လာခဲ့ပြီး ပေါက်ကွဲသံက သူတို့အား မျှော်လင့်ချက် ပေးလိုက်ခဲ့သည်။

“အိုး... ချိတ်ပိတ်အတားအဆီး ချိုးဖျက်ခံလိုက်ရပြီလား”

ဤမြင်ကွင်းကို မြင်လျှင် လင်းတုန်သည်လည်း သူ၏လက်ဝါးကို ဆုပ်ကိုင်လိုက်ပြီး အတားအဆီး ချိုးဖျက်ခံလိုက်ရပြီဟု မသိမသာ ထင်လိုက်မိသည်။

“အဲဒါက မလွယ်ကူဘူးလေ” ရှောင်တျောင်းက သူ၏ မြွေပါ ပါးစပ်အသေးလေးကို စူးရှစွာ ပြောလိုက်သည်။

“အတားအဆီး ချိုးဖျက်ခံရတာ မဟုတ်ဘူး၊ အတားအဆီးပ နောက်ဆုံးမှ ထွက်လာတာပါ။”

ဝူယွမ်က ရယ်မောပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

အမည်းရောင် အလင်းစုအတွင်း၊ များပြားလှသည့် အမည်းရောင် သွေးကြောများက ထိုအချိန်တွင် တွန့်လိမ်လာပြီး ချက်ချင်းပင် ပစ်ထုတ်လိုက်ကာ အလင်းစုအပေါ်တွင် စုစည်းမိသွားသည်။ မျက်လုံးတစ်မှိတ်အတွင်း၌ပင် လူတစ်ဦး၏ဦးခေါင်းအရွယ် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုအရာက အတိအကျဆိုလျှင် မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး၏ ပုံရိပ်ဘဲ ဖြစ်သည်။

ထို ပုံရိပ် ပေါ်လာသည်နှင့် အေးစက်သည့်ယင် စွမ်းအားဖြင့် စုစည်းထားသည့် အမည်းရောင် မိကျောင်းကို လက်ချောင်း နှင့်ညွှန်လိုက်သည်နှင့် ကြွယ်ဝသည့် ယွမ်စွမ်းအင်များနှင့်ပေါင်းစပ်ထားသော အမည်းရောင်မိကျောင်းက ချက်ချင်းပင် ပျက်စီးသွားပြီး သွေးအငွေ့များအဖြစ်သို့ အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤကြောက်မက်ဖွယ်ရာ စွမ်းအားက တောင်ထိပ်တစ်ဝိုက်ရှိ ယွမ်စွမ်းအင်စီးဆင်းမှုကိုပင် ပျောက်ကွယ်စေနိုင်သည်။

“သေခြင်း စွမ်းအား၊ သေခြင်းရဲ့စွမ်းအား” ရှောင်တျောင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“သေခြင်းရဲ့စွမ်းအားကဘာကြီးလဲ” လင်းတုန်က သူ့ဘက်သို့လှည့်ကာ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

ရှောင်တျောင်း - “ဒါက ဆန်းကြယ်သေခြင်းအဆင့်ရဲ့ အထက်က ကျင့်ကြံသူတွေမှသာ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားတစ်မျိုးဘဲ၊ လက်ဖြင့် လှန်လှော်လိုက်ယုံနဲ့ အသက်နဲ့သေခြင်းကို ထိန်းချုပ်နိုင်တယ်။”

“ပုံရိပ်တစ်ခုအတွင်းမှာတောင် သေခြင်းရဲ့စွမ်းအားကို ထိန်းသိမ်းထားနိုင်တယ်ဆိုတော့ မျက်လုံးနက်ပိုင်ရှင် အဖိုးကြီးက အနည်းဆုံး ပြန်လည်မွေးဖွားခြင်းသံသရာအဆင့်နဲ့ အထက်မှာဘဲ ရှိလိမ့်မယ်။”

“ဆန်းကြယ်သေခြင်းအဆင့်၊ ပြန်လည်မွေးဖွားခြင်းသံသရာ အဆင့်၊ အသက်နဲ့သေခြင်းကို ထိန်းချုပ်ခြင်း၊ ဇီဝအသက်စွမ်းအားကို နုတ်ယူခြင်း၊ အဲဒီလောက် ကြီးကျယ်တဲ့ စွမ်းအားလား” လင်းတုန်က အလွန်အမင်း အံ့အားသင့်နေခဲ့သည်၊ ဤအရာက သူ၏စိတ်ကူးထက် ကျော်လွန်နေပြီဖြစ်သည်။

“ဒါတွေအားလုံးက နိဗ္ဗာန်အဆင့် အထက်က အဆင့်တွေပဲ၊ ကမ္ဘာကြီးမှာရှိတဲ့ ထိပ်တန်း ကျင့်ကြံသူတွေလို့ ပြောလို့ရတယ်။ မင်းကတော့ အဲဒီအဆင့်နဲ့ အတော်ဝေး‌သေးတယ်”

တင်ရှားက လက်မလျှော့လိုသေးပေ။ သူက ဘိုးဘေးအဆောင်ကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။ သူက မျက်နှာအရောင်မှိန်သွားပြီး ရုတ်တရက် သူ၏လက်မောင်းကို လှုပ်ခတ်လိုက်ကာ သိုလှောင်အိတ်တစ်လုံး ထွက်လာသည်။

အရေအတွက်များပြားလှသည့် တောက်ပသော နိဗ္ဗာန်ဆေးလုံးများ ထွက်လာပြီး စုစုပေါင်း တစ်သန်းလောက်ရှိသည်။ များပြားလှသည့် နိဗ္ဗာန်ဆေးလုံးများက ယွမ်စွမ်းအင်အဖြစ် အရည်ပျော်သွားပြီး သိပ်သည်းသည့် ယွမ်စွမ်းအင် မြူခိုးများအဖြစ် ပြောင်းလဲကာ မျောပါလာပြီး သွေးရောင် အခင်းအကျင်းပုံစံကြီးနှင့် ပေါင်းစပ်သွားသည်။

နိဗ္ဗာန်ဆေးလုံး တစ်သန်းထဲမှ ယွမ်စွမ်းအင်နှင့် ပေါင်းစပ်မိပြီးနောက် သွေးရောင် အခင်းအကျင်းပုံစံကြီးက ပို၍လှိုင်းထလာကာ အခင်းအကျင်း၏ဗဟိုတွင် ဧရာမသွေးရောင် မျက်လုံးတစ်လုံး စုစည်းလာသည်။

သွေးရောင် မျက်လုံးဖြစ်ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးရှိ ယွမ်စွမ်းအင်များ လေထဲမှပေါက်ကွဲထွက်လာကာ လှိုင်းတွန့်များအဖြစ် ပြောင်းလဲသွားပြီး ပြန့်နှံ့သွားသည်။

“ကိုးယင် မှော်ပညာ နက်နဲအခင်းအကျင်းပုံစံ၊ ကိုးယင် သွေးရောင် မျက်လုံး”

သွေးရောင် မျက်လုံး ဆင်းသက်လာသည်နှင့် အလင်းစုအတွင်းရှိ မျက်လုံးနက်ပိုင်ရှင် အဖိုးအို သည်လည်း ခေါင်းမော့လာသည်။

သူ၏ အမည်းရောင် သူငယ်အိမ်တစ်စုံက သေဆုံးခြင်းကဲ့သို့ ငြိမ်သက်နေပြီး တုန်လှုပ်ခြင်း လုံးဝမရှိပေ။

သူက ဖြည်းညှင်းစွာ စကားပြောလိုက်ပြီး သူ၏ ရှေးဟောင်းအသံက ကောင်းကင်တစ်ခွန်လုံး ပျံ့နှံ့သွားသည်။

“အသိအမှတ်အပြုမခံရသူများက အဆောင်ကို ရဖို့မထိုက်တတ်ဘူး”

စကားပြောပြီးနောက် သူက တစ်ဖန် လက်ချောင်းကိုဆန့်ထုတ်ကာ သွေးရောင် မျက်လုံးကို ဖြည်းညှင်းစွာ ထိလိုက်သည်။

လက်ချောင်းနှင့် ထောက်လိုက်သည်နှင့် ကောင်းကင် တစ်ခုလုံးက ချက်ချင်းပင် မီးခိုးရရောင် သန်းလာသကဲ့သို့ ဖြစ်သွားပြီး ပို၍မှေးမှိန်သွားသည်။

သေခြင်း၏ဆိတ်ငြိမ်မှုကဲ့သို့သော စွမ်းအားတစ်ခု ပျံ့နှံ့သွားကာ တောင်ထိပ်ပေါ်ရှိ စိမ်းလန်းသည့် အချို့ အပင်များက ထိုအချိန်တွင် လျင်မြန်စွာ ညှိုးနွမ်းသွားသည်။ သူတို့၏ပုံသဏ္ဍာန်မှာ ဇီဝအသက်စွမ်းအားများ လုံးဝစုပ်ယူခံလိုက်ရသည့် ပုံစံဖြစ်နေသည်။

ထိုအခါ ကြောက်မက်ဖွယ်ရာ သွေးရောင် မျက်လုံးက ဖြည်းညှင်းစွာ မှေးမှိန်လာပြီး ထို့နောက် ကွဲအက်သံတစ်သံ ကြားလိုက်ရသည်။ မျက်လုံးက သွေးရောင်မှ မီးခိုးရောင်အဖြစ် ပြောင်းသွားပြီးဖြစ်ကာ အက်ကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ဖျက်

မီးခိုးဖြူရောင် မျက်လုံးက ကွဲအက်သွားပြီး အပိုင်းပိုင်း အစစ ကွဲထွက်သွားသည်။

ဖျတ်။ ဖျတ်။ ဖျတ်။

ရင်ပြင်ပေါ်မှ ယင်ရုပ်သေးဂိုဏ်း၏ ကျင့်ကြံသူအားလုံး တပြိုင်နက် သွေးအန်လိုက်ကြရပြီး သူတို့၏ စွမ်းအားလျှပ်စီးကြောင်းများ အားနည်းသွားသည်။ အလယ်ဗဟိုနေရာရှိ အချို့လူများက သူတို့၏ အမည်းရောင် ဆံပင်များ ချက်ချင်းပင် အဖြူရောင်သို့ ပြောင်းသွားကာ အသက်များ နုတ်ယူခံလိုက်ရပြီး အတော်လေး အသက်ကြီးရင့်သွားသည်။

အခင်းအကျင်းပုံစံကြီး ချိုးဖျက်ခံလိုက်ရပြီး ယင်ရုပ်သေးဂိုဏ်း တစ်ဂိုဏ်းလုံး ဆံဖြူများဖြင့်ဖြစ်သွားကြသည်။

ရင်ပြင်အထက်တွင် ဝေ့ဝဲလျက်ရှိသည့် သွေးနီရောင် အခင်းအကျင်းကြီးကလည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး ဝူယွမ်သည်လည်း စိတ်သက်သာရာ ရသွားသည်။

အခင်းအကျင်းပုံစံကြီး၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်ကို မျက်ဝါးထင်ထင် မြင်ပြီးနောက် ရှေးဟောင်း မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ စွမ်းအားကို ပိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာသည်။ ကံကောင်းသည်မှာ ထိုအချိန်က သူ့ထံမှ ချိတ်ပိတ်ခြင်း ဖြေလျှော့ဖို့ရူန်းကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူ ချိတ်ပိတ်ရူန်းကို နက်နက်ရှိုင်းရှိုင်း နားလည်နေစေကာမူ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ဖြေလျှော့ရန် မဖြစ်နိုင်ပေ။

ဤချိတ်ပိတ်အတားအဆီးက ရိုးရှင်းသည့် ချိတ်ပိတ်ရူန်းသက်သက်မျှသာ မဟုတ်ပေ။ ဝါးမျိုခြင်းဘိုးဘေးအဆောင်နှင့် မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး၏ စွမ်းအားများပါ ပါဝင်သည်။

ဝါးမျိုခြင်းဘိုးဘေးအဆောင်ကဲ့သို့သော ရတနာများတွင် အဆောင်ဝိညာဉ်ရှိသည်။ သူကသာ လက်မခံပါက အတင်းအကျပ် ရယူ၍မရနိုင်ပေ။

ထို့ကြောင့် မျက်လုံးနက်ပိုင်ရှင် အဖိုးအို ပြောသည့်အတိုင်း သူ့ထံမှ “သော့” မရဘဲ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ရယူရန် မဖြစ်နိုင်ပေ။

တင်ရှားက လေထဲတွင် မျက်လုံးနက်ပိုင်ရှင် အဖိုးအိုကို ရင်ဆိုင်နေရပြီး နှစ်ဦးစလုံး စကားမပြောကြတော့ပေ။

ထိုအချိန်တွင် သူက အလွန်အမင်း စိတ်ပျက်မိနေပြီး အားလျော့နေသည်။

လက်ယာအကြီးအကဲက သက်ပြင်းချလိုက်ပြီး တင်ရှားဆီသို့ ပျံတက်လာကာ အမည်းရောင် အလင်းစုလုံးပေါ်တွင် ထိုင်နေသည့် မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ ပုံရိပ်ကိုကြည့်ရင်း တင်ရှားကို အကြံပေးလိုက်သညါ။

“ဂိုဏ်းချုပ်ကြီး၊ ဒီကိစ္စက နည်းနည်းထပ်စဉ်းစားဖို့ လိုတယ်ထင်တယ်။ ဒီနေ့ ကျွန်တော်တို့မှာ ရတနာကြီးတစ်ခု ရှိတယ်ဆိုတာ ထုတ်ဖော်ပြမိတာနဲ့ တပြိုင်နက် မကောင်းတဲ့အကြည့်တွေကို ဆွဲဆောင်မိလိမ့်မယ်။”

“အခု ငါတို့ထွက်ချိန်ရောက်ပြီ!”

ဝူယွမ်က တိုက်ရိုက် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ အနီရောင် မီးဓား ထွက်လာကာ သူ့ခြေထောက်အောက်တွင် ပေါ်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်းသွားသည်။

သွေးရောင် အခင်းအကျင်းပုံစံကြီး မရှိတော့သည့်အတွက် ဝူယွမ်က ထပ်မံ စောင့်ဆိုင်းစရာ မလိုတော့ပေ။

“အစ်ကိုကြီး၊ ကျွန်တော်ကိုလည်း စောင့်ပါဦး”

လင်းတုန်က ချက်ချင်းပင် စိတ်လှုပ်ရှားစွာ လိုက်ပါလာသည်။

“ကောင်းကင်နဲ့မြေကြီး ရတနာတွေကို ထိုက်တန်သူများသာ ရရှိနိုင်တယ်။ မင်းတို့ ယင်ရုပ်သေးဂိုဏ်းက ထိုက်တန်တဲ့သူတွေ မဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ”

ဝူယွမ်က အမည်းရောင် အလင်းစုအောက်သို့ ပျံသွားပြီးဖြစ်ကာ တင်ရှားနှင့် အခြားသူများကို မျက်နှာခြင်း ဆိုင်ရင်း ပေါ့ပေါ့ပါးပါး စကားပြောလိုက်သည်။

“အဲဒါတွေ သူတို့ပဲ၊ ဝူယွမ်၊ လင်းတုန်”

ချက်ချင်းပင် ယင်ရုပ်သေးဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက မှတ်မိသွားပြီး သူတို့ရဲ့ နာမည်များကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ရှေးဟောင်းကျောက်တိုင် အဖြစ်အပျက်က ရက်ပေါင်းများစွာကြာပြီးနောက် တစ်စုံတစ်ဦးက ဝူယွမ်နှင့် လင်းတုန်၏ ပုံတူများကို ယင်ရုပ်သေးဂိုဏ်းထံ ပို့ဆောင်ပြီးပီဖြစ်သည်။

ယင်ရုပ်သေးဂိုဏ်းရှိ လူများအားလုံးက ထလိုက်ကြပြီး ဝူယွမ်နှင့် လင်းတုန်ကို ရန်သူတော်ကြီးများနှင့် ရင်ဆိုင်နေရသည့်ပုံစံဖြင့် ကြည့်ရှုနေကြပြီး မည်သည့်အချိန်မဆို တိုက်ခိုက်နိုင်ရန် အသင့်ရှိနေကြသည်။

“ဒီနှစ်ယောက်ဘဲ ဖြစ်ရမယ်”

“သူတို့က တင်လေ့ကို သတ်ပစ်ထားတယ်၊ အဲ့တာတောင် ယင်ရုပ်သေးဂိုဏ်း ဌာနချုပ်မှာ ဒီလိုပွင့်ပွင့်လင်းလင်း ပေါ်လာရဲကြတယ်ပေါ့။”

“တင်ရှားကို သူတို့ မကြောက်ဘူးလား”

လူအတော်များများက ဝူယွမ်နှင့် လင်းတုန် ပေါ်လာသည်ကို မြင်ရသည်နှင့် အလွန်အမင်း အံ့အားသင့်သွားကြသည်။

“မင်းတို့တွေ လက်ဝဲအကြီးအကဲ လက်က လွတ်မြောက်နေသေးတယ် ပေါ့။ လက်ဝဲ အကြီးအကဲရော ဘယ်မှာလဲ” လက်ယာ အကြီးအကဲက ၀ူယွမ်တို့ကို ကြည့်ရင်း မေးလိုက်သည်။

“သူက ဒီမှာ”

ဦးလေး ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်နှင့် ဆက်သွယ်လိုက်ပြီး သူ၏ရင်ဘတ်ရှိ ကျောက်တိုင်ပုံစံ လည်ဆွဲလေးမှ ရုတ်တရက် အလင်းတန်းတစ်ခု ထွက်လာကာ ချက်ချင်းပင် လက်ဝဲ အကြီးအကဲက ဦးလေး ဝူယွမ်၏လက်ထဲတွင် ပေါ်လာသည်။

ဟင်?

လူတိုင်းက တဒင်္ဂလောက် အံ့အားသင့်သွားကြပြီး လူရှင်တစ်ဦးကို ထုတ်လိုက်သည့် ဝူယွမ်၏ လှည့်ကွက်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

သိုလှောင်အိတ်ဖြင့်ပင် လူရှင်များကို မသိုလှောင်နိုင်ပေ။ ဦးလေး ဝူယွမ်၏ လက်ဝဲအကြီးအကဲကို ထုတ်ပေးသည့် နည်းလမ်းက လူအများကို အံအားသင့်စေခဲ့သည်။

“ဂိုဏ်းချုပ်ကြီး၊ တောင်းပန်ပါတယ်၊ ကျွန်တော်က သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ခဲ့ဘူး။”

လက်၀ဒ အကြီးအကဲ ထွက်လာသည်နှင့် တပြိုင်နက် သူက တင်ရှာနှင့် မြန်မြန်ဆန်ဆန် စကားပြောလိုက်သည်။

ထို့နောက် သူက တိုက်ရိုက် အညံ့ခံရန် တိုက်တွန်းလိုက်သည်။

“ဂိုဏ်းချုပ်ကြီး၊ အမြန်ဆုံး အညံ့ခံလိုက်ပါ၊ မင်းတို့လည်း သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး”

“လက်ဝဲ အကြီးအကဲ၊ ဘာတွေပြောနေတာလဲ” လက်ယာ အကြီးအကဲက မယုံကြည်နိုင်ဖွယ် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်၊ လက်ဝဲ အကြီးအကဲကို ချက်ချင်း လွှတ်ပေးလိုက်၊ မဟုတ်ရင် ငါတို့ မင်းတို့ကို အကောင်းအတိုင်း ချန်မထားဘူး”

တင်ရှာ - “မင်းတို့က ကိုယ်တိုင်လာပြီး အသေခံနေတာဘဲ၊ မင်းတို့က အသက်မရှင်‌ချင်တော့ဘူးထင်တယ်။ ငါ့သား တင်လေ့အတွက် လက်စားချေဖို့ အကောင်းဆုံးဘဲ။”

“ဟားဟား၊ ဝူယွမ် ညီလေးရေ၊ ဒီတင်ရှားကို လျစ်လျူရှုထားလိုက်ပါ။ ငါတို့ သိုင်းမဟာမိတ်က ဒီမှာရှိနေတာနဲ့ သူက မင်းကို တစ်ခုခု လုပ်ရဲမှာမဟုတ်ဘူး။”

ပျော်ရွှင်နေဟန်ရသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် နောက်ထပ် ပုံရိပ်သုံးခု ပျံထွက်လာသည်၊ အားလုံးက ကူးပြောင်းခြင်းအဆင့်မှာ ရှိသည်။

“သိုင်းမဟာမိတ်အဖွဲ့ချုပ် ဝူကျောင်း!” တင်ရှား၏ မျက်နှာင ပို၍မဲမှောင်လာသာါ။

“ဟီဟီ၊ ပြီးတော့ ငါတို့ မဟာနတ်ဆိုးဂိတ်ကလည်း ရှိနေသေးတယ်။ ဝူယွမ် ညီလေး၊ အခု ငါ့ချန်ချန်လေးရော ဘယ်မှာရောက်နေတာလဲ”

နောက်ထပ် ပုံရိပ်သုံးခု ထွက်ပေါ်လာကာ၊ အားလုံး အမည်းရောင် ဝတ်စုံဝတ်ဆင်ထားသည်။ သူတို့အနက် ဦးဆောင်သည့် သက်လက်ပိုင်း အမျိုးသားတစ်ဦးက ကျယ်ပြန့်သည့် ကျောပြင်နှင့် အားကောင်းသည့် ခန္ဓာကိုယ် တည်ဆောက်ပုံရှိပြီး တစ်ဖက်လူကိုပင် ထိုးဖောက်နိုင်သည့် မျက်လုံးများရှိကာ မသိမသာ ထက်မြက်သည့် အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်နေသည်။ သူက ဝူယွမ်ကို လေးစားတန်ဖိုးထားသည့်ဟန်ဖြင့် ကြည့်ရှုနေခဲ့သည်။

“မဟာနတ်ဆိုးဂိတ်၊ မုလဲ့”

သူတို့နှင့် ဝူကျောင်း ဘက်မှလူများက ဝူယွမ်၏ ဘယ်ဘက်နှင့် ညာဘက်တွင် ရပ်လျက် ယင်ရုပ်သေးဂိုဏ်းနှင့် ထိတ်တိုက် ရင်ဆိုင်လိုက်ကြသည်။

ဝူကျောင်း - “အိုး... ဟုတ်သားဘဲ ဝူယွမ် ညီလေးရေ၊ ပြီးတော့ ငါ့သား ဝူစီရော၊ သူက မဟာရှေးဟောင်းကျောက်တိုင်မှာ မင်းကို စောင့်နေတယ်။ သူ မင်းနဲ့အတူ ပါလာလား ငါမသိဘူး။”

“ဂိုဏ်းချုပ်ကြီး နှစ်ဦးပါလား”

ဝူယွမ်ကလည်း တစ်လေးတစ်စား နှုတ်ဆက်လိုက်သည်။ ယင်ရုပ်သေးဂိုဏ်း၏ ကြီးမားလှသည့် ဆူညံမှုက သူတို့ကို ဆွဲဆောင်လာဟန်ရသည်။

“ဝူစီနဲ့ မုချန်ချန်တို့က ကျွန်‌ေတာ်နဲ့ ရှိပါတယ်၊ အခု သူတို့ကို ထုတ်ပေးလိုက်မယ်”

မဟာရှေးဟောင်းကျောက်တိုင်ထဲမှ အလင်းတန်းနှစ်ခု ထွက်လာပြီး ချက်ချင်းပင် ဝူစီနှင့် မုချန်ချန်၏ ပုံရိပ်များသည် ဝူယွမ်ဘေးတွင် ပေါ်လာသည်။

“စီကလေး”

“ချန်ချန်”

ဝူကျောင်းနှင့် မုလဲ့တို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ သူတို့ပေါ်လာပုံမှာ ဦးလေး ဝူယွမ်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသည့်ပုံစံနှင့် အလွန်တူသည်။

သူတို့ကဝူယွမ်နှင့် နီးနီးကပ်ကပ်ရှိနေကြသဖြင့် အလင်းတန်းများ မည်သည့်နေရာမှ ထွက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပြီး ဝူယွမ်ရှေ့တွင် ရှိသည့် ကျောက်တိုင်ပုံစံငယ်လေးကို သတိပြုမိသွားကြသည်။

“ အဖေ ”

မုချန်ချန်နှင့် ဝူစီတို့က ထွက်လာသည်နှင့် တပြိုင်နက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်၊ ထွက်ထွက်ခြင်း သူတို့၏ ဖခင်များကို ချက်ချင်း မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

လောလောဆယ်တော့ လေထုအခြေအနေက မှန်ကန်နေခြင်း မရှိပေ။

ထိုအချိန်ဝူယွမ်က ပြောလိုက်သည် - “ဒီနေ့က ယင် ရုပ်သေးဂိုဏ်း ပျက်သုဉ်းရမယ့်နေ့ဘဲ။ အကျိုးအမြတ် တစ်ချို့ရချင်ရင် မင်းတို့ရဲ့ဖခင်တွေကို ယင်ရုပ်သေးမြို့ကိုဘဲ ထိန်းချုပ်ဖို့ပြောလိုက်ပါ၊ တင်ရှားနဲ့ အဲဒီ အကြီးအကဲကိုတော့ လင်းတုန်နဲ့ ငါ့ကို လွှဲပေးထားလိုက်”

ဤစကားကို ကြားကြားခြင်း မုချန်ချန်နှင့် ဝူစီတို့၏ မျက်နှာများတွင် ပျော်ရွှင်မှု အလင်းရောင်များ လင်းလက်လာသည်။ သူက ဝူယွမ်၏ စွမ်းအားကို သိရှိပြီးဖြစ်ကာ သူ၏စကားကို တစ်ရာရာခိုင်နှုန်း လိုက်နာကြသည်။

“ဟုတ်ကဲ့၊ အစ်ကိုကြီး”

“ဟုတ်ကဲ့၊ အစ်ကိုကြီး”

သူတို့နှစ်ဦးစလုံးသည် သူတို့၏ ဖခင်များထံသို့ ပြန်သွားကာ မုလဲ့တို့ကို နားချရန် စတင်လုပ်ဆောင်ကြ‌တော့သည်။

ဝူယွမ်ပြောသည်ကို မုလဲ့တို့ကလည်းကြားလိုက်ကြရသည်။

“အဖေ၊ ကျွန်တော်ကို ယုံပါ၊ အစ်ကိုကြီး စကားကို အရင်နားထောင်လိုက်ပါ။ ဒီမှာ အဖေတို့ အကူအညီကို မလိုအပ်ဘူး”

“ဒါပေမယ့်၊ အဲဒီ ရတနာကရော”

“ရတနာကလည်း အစ်ကိုကြီးရဲ့ဟာဘဲ၊ ဒါကြောင့် စဉ်းတောင် မစဉ်းစားနေပါနဲ့”

မုလဲက သူ၏သမီး သူ့ထက် အပြင်လူကို ပို၍ဘက်လိုက်နေသည်ဟု ခံစားရပြီး တစ်ခုခုပြောမည့် အချိန်တွင် မုချန်ချန်က လျှို့ဝှက်စွာ အသံလွှင့်လိုက်သည်။ “အဖေ ဒီမှာရှိတဲ့ လူတွေအားလုံးပေါင်းလိုက်ရင်တောင် အစ်ကိုကြီးရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ မဟာရှေးဟောင်းကျောက်တိုင်ကို အစ်ကိုကြီးက သန့်စင်ပြီးပီ ဒါကြောင့် သူ့စကားကို နားထောင်လိုက်ပါ။”

“ဟင်”

ထိုအံ့အားသင့်ဖွယ် သတင်းသည် မုလဲ့ ချက်ချင်းပင် မုချန်ချန် နားထောင်လာစေကာ ပါးစပ်ပိတ်သွားစေသည်။

အလားတူ၊ အခြားတစ်ဘက်တွင်လည်း ဝူကျောင်းက ဝူစီဆီမှ သတင်းကို ကြားပြီးနောက် အံအားသင့် ဟင် သံထွက်လာသညါာ

ထို့နောက် နှစ်ဦးစလုံးက ဝူယွမ်၏ ညွှန်ကြားချက်များအတိုင်း ယင်ရုပ်သေးမြို့ကို ထိန်းချုပ်ရန်သာ လုပ်လိုက်ကြသည်။

“ငါ့ယင်ရုပ်သေးဂိုဏ်းကို ပျက်သုဉ်းစေချင်တယ်ဆိုရင် မင်းတို့မှာ စွမ်းရည်ရှိမရှိ ကြည့်ကြရအောင်”

တင်ရှာ၏ မျက်နှာက ဆိုးရွားလာသည်။ သူက ဤအဖိုးကြီးနှစ်ဦး လူငယ်တစ်ဦး၏စကားကို ဤမျှလောက် နားထောင်မည်ဟု မမျှော်လင့်ထားပေ၊ သို့သော် ဝူယွမ်တွင် သူနှင့် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားရှိလိမ့်မည်ဟု သူ မယုံကြည်သေးပေ။

သူက ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်ပြီး သူ၏စွမ်းအားက ကူးပြောင်းခြင်းအဆင့် အစောပိုင်းဘဲရှိသေးသည့် ဝူယွမ်ထက် များစွာ သာလွန်နေသည်။ သူက ဟိန်းဟောက်လိုက်ပြီး သူ၏အသံက ယင်ရုပ်သေးမြို့တစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည် -

“ယင်ရုပ်သေးဂိုဏ်း တပည့်သားအားလုံး၊ ငါ့စကားကို နားထောင်ကြ၊ ငါ့ယင်ရုပ်သေးဂိုဏ်း၏ ပစ္စည်းတစ်ခုခုကို ထိမိသူမှန်သမျှ သနားကြင်နာခြင်း မရှိဘဲ သတ်ပစ်ရမယ်။”

“ညီလေး အဲဒီ လက်ယာအကြီးအကဲကို မင်းနဲ့ ထားလိုက်မယ်၊ ပြဿနာ မရှိဘူးမလား”

ဝူယွမ်က လင်းတုန်အား လှည့်ပြောလိုက်သည်။

“သေချာတာပေါ့၊ ပြဿနာ မရှိဘူး၊ အစ်ကိုကြီး၊ ငါ့ကို ကြည့်ထား။”

လင်းတုန်က သူ၏ရှည်လျားသည့် လှံတံဖြင့် တိုက်ရိုက်တိုက်ခိုက်ကာ လက်ယာအကြီးအကဲဆီသို့ ထိုးစစ်ဆင်လိုက်သည်။

“ဒီနေ့ ငါ့သား လေ့အတွက် လက်စားချေမယ်”

တိုက်ပွဲဖြစ်ပွားတော့မည်ကို မြင်လျှင် လက်ဝဲ အကြီးအကဲက စိုးရိမ်စွာ ပြောလိုက်သည် - “ဂိုဏ်းချုပ်ကြီး၊ အမြန်ဆုံး အညံ့ခံလိုက်ပါ! ဝူယွမ် သခင်လေး ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော် မင်းနောက်ကိုလိုက်ပါ့မယ်”

“မလိုဘူး၊ မင်းက အခု မသန်စွမ်းဘဲ ဖြစ်နေပီ”

ဝူယွမ်က မထီမဲ့မြင်ပြုသည့်ဟန် ပြောလိုက်သည်။ သူက တင်လေ့ကို သတ်ပြီး ယင်ရုပ်သေးဂိုဏ်းမှ လူအများအပြားကိုလည်း သတ်ပြီးပီဖြစ်သည်၊ ဤရန်ငြိုးကို အေးဆေး ဖြေရှင်း၍မရနိုင်ပေ။ ယင်ရုပ်သေးဂိုဏ်းမှလူများ သူ့ထံ အညံ့ခံလာစေကာမူ သူက ၎င်းတို့ကို မယုံကြည်ပေ။

ဝူယွမ်က တိုက်ရိုက် လက်ဝဲ အကြီးအကဲကို တင်ရှားဘက်သို့ ပစ်လွှတ်လိုက်သော်လည်း တင်ရှားက ဂရုမစိုက်ဘဲ လက်၀ဒ အကြီးအကဲကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။

သူ၏သတ်ဖြတ်လိုစိတ်က ယခုအခါ ပြင်းထန်နေပြီဖြစ်ပြီး သူ၏လက်များက အမည်းရောင် ယွမ်စွမ်းအင်များ လှိုင်းထလျှက်ရှိကာ ကြောက်မက်ဖွယ်ရာ သိုင်းပညာရပ်များကို ထုတ်လွှတ်ပြီး ဝူယွမ်ကို တိုက်ခိုက်နေသည်။

“နတ်ဆိုး အရိုးစားတံဆိပ်”

အမည်းရောင် တံဆိပ်တစ်ခုက ကောင်ကင်နှင့်မြေကြီးကို လွှမ်းခြုံလိုက်ပြီး တင်ရှားက ရုတ်တရက် လက်ဝါးတစ်ချက်ဖြင့် ရိုက်ခတ်လိုက်ကာ ထိုအမည်းရောင် တံဆိပ်က ညအမှောင်ကို ဖြတ်ကျော်ပြီး ဝူယွမ်ဆီသို့ ကောင်းကင်‌ကိုတောင် တုန်ခါစေကာ တားဆီမရသည့် ဟန်ဖြင့် တိုး၀င်လာသည်။

တင်ရှာက ချက်ချင်း အစွမ်းကုန်ထုတ်သုံးလိုက်ပြီး ဝူယွမ်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ပစ်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။ လက်ရှိအခြေအနေက သူ့က ဝူယွမ်ကို အမြန်ဆုံးသတ်ပစ်ပြီး ရတနာကို ပြန်လည်ရယူရန် လိုအပ်သည်။ အချိန်ဆွဲနေပါက အခြေအနေများ ပြောင်းလဲသွားနိုင်သည်။

“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း”

ဝူယွမ်ထံမှ ယွမ်စွမ်းအင်များ အရူးအမူး လှိုင်းထလာပြီး သူက တိုက်ရိုက်ဘဲ ဖန်တီးခြင်းအဆင့်ထဲမှာတောင် အထွတ်အထိပ် အဆင့်ရှိ သိုင်းပညာရပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူက ကူးပြောင်းခြင်းအဆင့်ကို ကျော်ဖြတ်ပြီးပီ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားက ဤသိုင်းပညာရပ်ကို အပြည့်အ၀အသုံးချရန် လုံလောက်ပီဖြစ်သည်။

သူ၏လက်များကဘအလွန်ရှုပ်ထွေး နက်နဲသည့် တံဆိပ်လက်ဟန်များအဖြစ် ပြောင်းလဲသွားကာ လက်ဟန် ဖွဲ့စည်းပြီးသည်နှင့် ကောင်းကင်တွင် အမည်းရောင် မိုးတိမ်အလွှာများ ချက်ချင်းပေါ်လာကာ ကောင်းကင်နှင့်မြေကြီးမှ ယွမ်စွမ်းအင်များလည်း ပြင်းထန်စွာ လှုပ်ခတ်လာပြီး အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ဝူယွမ်အပေါ်တွင် စုဝေးလာသည်။

တံဆိပ်ပုံသဏ္ဍာန်များက နဂါးနှင့်မြွေကဲ့သို့ ရွေ့လျားနေပြီး အလွန်ထူးဆန်းနေကာ သန့်ရှင်းမြင့်မြတ်မှုကို သယ်ဆောင်သည့် အေးစက်သော အော်ဟစ်သံတစ်ခုမှာ မြည်လာကာ ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားသည်။

“လက်တစ်ချောင်း ကောင်းကင်နဲ့မြေကြီးကို ဖမ်းမယ်”

တောင်ထိပ်ပေါ်ရှိ အမည်းရောင် မိုးတိမ်များအတွင်း၊ ပြိုင်ဘက်မရှိ ကြီးမားသည့် ခရမ်းရွှေရောင် ဧရာမလက်ချောင်းကြီးတစ်ချောင်း ဖြည်းဖြည်းချင်း စုစည်းသွားပြီး ပေါ်လာခဒ့သည်။

ထိုဖိအားက အောက်ဘက်ရှိ လူများကိုပင် အသက်ရှူမဝသည့် ခံစားချက်ကို ဖြစ်စေသည်။

ရွှီးး၊

ဝူယွမ်၏ ခရမ်းရွှေရောင် ဧရာမလက်ချောင်းကြီးက ကျဆင်းလာပြီး တင်ရှာ၏ လက်ဝါးကို တိုက်ရိုက်ချိုးဖျက်ကာ တင်ရှားကို ဖိအားပေးလိုက်သည်။

လက်ချောင်းကြီးက တင်ရှားကို ကောင်းကင်မြင့်မှ မြေပြင်သို့ အတင်းအကျပ် ဖိချလိုက်သည်။

ဖန်တီးခြင်းအတင့် သိုင်းပညာရပ်၏ စွမ်းအားက ကြောက်မက်ဖွယ်ရာဘဲ ဖြစ်သည်။

၎င်းကို မြင်တွေ့သူ လူတိုင်းက ဝူယွမ်ကို ကြောက်ရွံ့သည့်ဟန် ကြည့်နေကြသည်။ ဤလူငယ်က သာမန်မဟုတ်ပေ။

အထူးသဖြင့် မုလဲ့နှင့် ဝူကျောင်းတို့ ဖြစ်သည်။

တန်ရှားက ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်‌သို့ ကျော်ဖြတ်နိုင်ခဲ့သည်ကို အံ့အားသင့်ခဲ့ရသော်လည်း မျက်စိတစ်မှိတ်အတွင်း ဝူယွမ်က တင်ရှာကို လက်ညှိုးတစ်ချောင်းဖြင့် ဖိနှိပ်လိုက်သည်။ ဤစွမ်းအားအဆင့်က သူတို့၏ သားနှင့်သမီးတို့က သူတို့ကို မလိမ်ညာခဲ့ကြောင်း သက်သေပြနေသည်။

နှစ်ဦးစလုံးက ဝူယွမ်နှင့် ရန်သူဖြစ်ရန် မရွေးချယ်မိသည်မှာ အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။

တစ်ချက်တည်းဖြင့် တင်ရှားကို ဒဏ်ရာရစေပြီးနောက် ဝူယွမ်က ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ မဟာရှေးဟောင်းကျောက်တိုင်အတွင်းမှ ရှေးဟောင်းသွေးလင်းနို့နဂါးကို ဆင့်ခေါ်လိုက်သည်။

နဂါးအိုကြီးက ကျောက်တိုင်နယ်ပယ်အတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ချင်ရှီကို အမြဲစောင့်ရှောက်ခဲ့သည်။ အသိဉာဏ်အနည်းငယ် ရရှိလာခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ထိုနဂါးကို မဟာဝမ့်လွန်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဟု ယူဆနိုင်သည်။ ဤကာလအတွင်း သူက နိဗ္ဗာန်ဆေးလုံး အမြောက်အမြားကို သုံးစွဲခဲ့ပြီး ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်သို့ တိုးတက်ရန် အလားအလာကိုပြသခဲ့သည်၊ တိုက်ပွဲအချို့က သူ၏တိုးတက်မှုကို ကူညီ ပေးရန် လိုအ

All Chapters