← Chapters

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 15 Ch. 183

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 15 Ch. 183

ကျိယွမ်၏ အမိန့်သံအဆုံးတွင် ဝေ့ထင်း၏ ပုဆိန်ကြီးက ကျန်ရစ်သောမိစ္ဆာနတ်ဘုရားများပေါ်သို့ အညှာအတာမရှိကျရောက်သွား၏။

"အား..."

"အောင်မယ်လေး..."

မိစ္ဆာနတ်ဘုရားများမှာ နာကျင်စွာအော်ဟစ်ရင်း ပြာမှုန့်များဖြစ်ကုန်၏။

"ပြေးကြ..."

"လွတ်မယ်ထင်လို့လား.."

စစ်နတ်ဘုရားဖြစ်နေသော ဝေ့ထင်းသည် ပုဆိန်ကို မနားတမ်းဝေ့ယမ်းကာ အထိန်းအကွပ်မဲ့စွာ သတ်ဖြတ်နေသည်။

"မလုပ်ပါနဲ့တော့"

"အသက်ချမ်းသာပေးပါ"

တစ်ချိန်က မာန်မာနကြီးခဲ့သော နတ်ဘုရားများသည် ယခုအခါ မာနများ ကင်းမဲ့လျှက် သနားစဖွယ်ပင်ကောင်းလှသည်။

သွေးဆောင်တတ်သော မိစ္ဆာနတ်ဘုရားမ တာအန်းသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်နေပြီး ကျိယွမ်အား လျှင်မြန်စွာတောင်းပန်လိုက်သည်။

"အသက်ချမ်းသာပေးပါ။ ဒီကမ္ဘာကြီးက ခေတ်သစ်နတ်ဘုရားတွေ အပိုင်းသိမ်းထားတာ။ ရှင်သာ အခုလိုဆက်ပြီးသတ်ဖြတ်နေမယ်ဆိုရင် စစ်မှန်နတ်ဘုရားရဲ့ ဒေါသကို သေချာပေါက် ခံရပါလိမ့်မယ်"

ယခုအချိန်တွင် မိစ္ဆာနတ်ဘုရားနှစ်ပါးသာ ကျန်တော့သည်။

သူမသည် အသက်ရှင်နိုင်ရန်အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြင့် ကျိယွမ်အား အမြန်ဆုံးနားချနိုင်ရန် ကြိုးစားနေ၏။

"အခုအချိန် လောကကြီးမှာ နတ်ဘုရားအသစ်တွေ အများကြီးရှိနေပါပြီ။ ကျွန်မတို့ ဒီကိုရောက်လာတာဟာ မဟာကပ်ရောဂါသခင်ကို ပင့်ဖိတ်ဖို့ဖြစ်ပြီး ရှင်သာ ကျွန်မတို့ကို သတ်လိုက်မယ်ဆိုရင် မဟာကပ်ရောဂါသခင်ကို လုံးဝစော်ကားသလိုဖြစ်သွားပါလိမ့်မယ်။သူသာ ဆင်းသက်လာခဲ့ရင် ရှင့်ကို လုံးဝအသက်ချမ်းသာပေးမှာ မဟုတ်ပါဘူး"

ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖျားယောင်တတ်သော ပုံပတာအန်းသည် သူမ၏အသက်အတွက် အတတ်နိုင်ဆုံးကြိုးစားနေ၏။

"ဟေ...မင်းတို့ကို သတ်လိုက်ရင် မဟာကပ်ရောဂါသခင်ကို စော်ကားလိုက်သလို ဖြစ်သွားမှာလား"

ကျိယွမ်သည် အံ့သြသလို ရေရွတ်ပြီး ခေတ္တရပ်တန့်သွားသည်။

စစ်မှန်နတ်ဘုရားတစ်ပါး ဆင်းလာမှာတဲ့လား။

ထိုသတင်းကို သူ မသိခဲ့ရပါ။

ကျိယွမ် အတွေးများသွားပုံကို မြင်သောအခါ တာအန်းသည် အခွင့်အရေးရပြီဟု တွေးကာ လျင်မြန်စွာ ဆက်ပြောလိုက်သည်။

"ကျွန်မတို့ဟာ မဟာကပ်ရောဂါသခင်ကို ပင့်ဖိတ်ဖို့အတွက် ဒီမြို့မှာ အထူးစုဝေးခဲ့ကြတာပါ။ရှင်သာ ကျွန်မတို့ကို အကုန်သတ်လိုက်မယ်ဆိုရင် ပင့်ဖိတ်ခြင်းက ရပ်တန့်သွားပြီး ဒါက သူ့ကို စော်ကားလိုက်တာပါပဲ။ အခုလိုလုပ်လိုက်ရုံနဲ့ မဟာကပ်ရောဂါအရှင် ဆင်းသက်မလာနိုင်ဘူးလို့ ရှင်ထင်ရင် မှားသွားပါလိမ့်မယ်။ သူက တစ်နှစ် နှစ်နှစ်လောက်သာ နောက်ကျရုံပဲရှိမှာ ၊ နောကါဆုံးမှာ ရောက်လာပြီး ရှင့်ကို သေချာပေါက် သတ်မှာပဲ"

စစ်မှန်နတ်ဘုရားတစ်ပါး၏ ဒေါသကို မည်သူက မကြောက်ဘဲနေမည်နည်း။

သူမ၏ရှေ့မှ ချင်းရွှေရွာနတ်ဘုရားသည်လည်း ချွင်းချက်မဟုတ်နိုင်ပါ။

တာအန်းက သူမ၏အတွေးနှင့်သူမ ပို၍ယုံကြည်ချက်ရှိလာ၏။

"ဒါဆိုရင် အခုဆက်ပြီးပင့်ဖိတ်နေရင် မဟာကပ်ရောဂါသခင်က ဘယ်တော့ လောက်ဆင်းသက်လာမလဲ"

ကျိယွမ်သည် စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည်။

ထိုအရာသည် သူ့အတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်၏။

စစ်မှန်နတ်ဘုရားတစ်ပါးတွင် မိစ္ဆာနတ်ဘုရားစွမ်းအားအားလုံး ပိုင်ဆိုင်နေမည်ဖြစ်သောကြောင့် ကြောက်မက်ဖွယ်ကောင်းမှာ သေချာသည်။

သို့သော် သူသာ ထိုနတ်ဘုရားကို အကျိုးအမြတ်ထုတ်နိုင်မည်ဆိုပါက… ။

ဟီးဟီး...ငါရလိုက်မဲ့ မိစ္ဆာနတ်စွမ်းအင်တွေဆိုတာ ၊ ရေတွက်လို့တောင်ရမယ် မထင်ဘူး။ အတွေ့အကြုံရမှတ်တွေကလည်း တောင်လိုပုံသွားမှာ။

ထိုအခါ သူသည် ပိုမိုအားကောင်းသော နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်နိုင်သွားမည်ဖြစ်၏။

"တစ်လခွဲလောက်ပဲ ကြာမှာပါ"

တာအန်းသည် အဖြေနှင့်အတူ ဆက်လက်တိုက်တွန်းသည်။

"မူလနတ်ဘုရားအရှင်.. ရှင့်ပါရမီက အလွန်ထူးချွန်ပါတယ်။ ရှေးဟောင်းနတ်ဘုရားတွေနဲ့ပဲ ရှိနေတာက နှမျောစရာပဲ။ ဒီနေ့ လင်းတိုင်းပြည်ထဲက မြို့တော်တွေရဲ့ သုံးပုံနှစ်ပုံဟာ နတ်ဘုရားအသစ်တွေရဲ့ ထိန်းချုပ်မှုအောက်ရောက်နေပါပြီ။ မကြာသေးခင်ကပဲ အိမ်နီးချင်း ကျန်းတိုင်းပြည်မှာလည်း စစ်မှန်မိစ္ဆာနတ်ဘုရားတစ်ပါးက ရှေးဟောင်းနတ်ဘုရားတစ်ပါးကို နှိမ်နင်းလိုက်တာမို့ အခုဆို ကျန်းတိုင်းပြည်ကလည်း ခေတ်သစ်နတ်ဘုရားတွေ ပိုင်သွားပါပြီ။"

"မူလနတ်ဘုရား...ရှင့်ရဲ့အနာဂတ်ကို ဂရုတစိုက် စဥ်းစားစေချင်ပါတယ်။ နတ်ဘုရားအသစ်တွေနဲ့ ပူးပေါင်းတာဟာ ရှေးဟောင်းနတ်ဘုရားတွေနဲ့ နေတာထက် ပိုကောင်းတာ အသေအချာပေါက်ပါပဲ။ ကျွန်မတို့နဲ့ ပူးပေါင်းခဲ့တဲ့ လျူတိုင်းပြည်က ရှေးဟောင်းနတ်ဘုရားလိုပေါ့၊ အခုဆို သူဟာ လူအများ အားကျရတဲ့ဘဝနဲ့ နေနေရပါပြီ။ သူဟာ မဟာအရှင် ကူရွှမ်းရဲ့ မျက်နှာသာပေးတာကိုတောင် ခံခဲ့ရပြီး သမီးတော်နဲ့ လက်ထပ်ပေးခဲ့ပါတယ်"

"ရှင်သာ နတ်ဘုရားအသစ်တွေနဲ့ ပူးပေါင်းမယ်ဆိုရင် နတ်ဘုရားသုတ်သင်ရေး ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်မှာပါ။ စစ်မှန်နတ်ဘုရားရဲ့ သမီးတော်ကိုလည်း လက်ထပ်ရဖို့ အခွင့်အရေးတောင် ရနိုင်ပါတယ်။ အကယ်၍ အဲဒါ မဖြစ်ခဲ့ရင်တောင် ကျွန်မ ကိုယ်တိုင် ရှင့်အတွက် ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်..."

တာအန်းသည် စကားပြောရင်း ဆွဲဆောင်မှုရှိသော အပြုံးကို ပြုံးလိုက်ပြီး သူမ၏ အမူအရာသည် ဆွဲဆောင်မှုအပြည့်ဖြင့် ရှိနေသည်။

ကျိယွမ်က သဘောပေါက်သွားဟန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ဒါဆို မဟာကပ်ရောဂါသခင်ကို မြန်မြန် ပင့်ဖိတ်နိုင်ဖို့ မင်းတို့ကို အသက်ရှင်ခွင့်ပေးရမယ်ပေါ့"

တာအန်း၏ မျက်လုံးများသည် အရောင်တောက်လာပြီး မူလနတ်ဘုရားကို သူမ စည်းရုံးနိုင်ခဲ့ပြီဟု ထင်မြင်သွားသည်။

"မဟာကပ်ရောဂါသခင် ဆင်းသက်လာတဲ့အခါ သူ့ရှေ့မှာ ရှင့်အတွက် ကောင်းကောင်းပြောပေးမှာ အသေအချာပါပဲ။ ပင့်ဖိတ်မှု အောင်မြင်တဲ့အတွက် ရှင့်ကို ဂုဏ်ပြုပေးမှာလည်း သေချာတယ်"

တာအန်းသည် တစ်ဖက်လူက သူမနှင့် ပူးပေါင်းဖို့ တကယ်ပင်ဆန္ဒရှိသည်ဟု ယုံကြည်ပြီး မျှော်လင့်ချက် ရောင်ခြည်များ ဝင်းလက်လာသည်ဟု ခံစားရသည်။

"မဟာကပ်ရောဂါသခင်ကို ပင့်ဖိတ်တာ... ကောင်းတဲ့အကြံလို့ ငါလည်းထင်ပါတယ်"

ကျိယွမ်သည် တာအန်းကို ကြည့်ရင်း လက်ခံလိုက်၏။

အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသော တာအန်းသည် ချီယွမ်ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူမ၏ ဝတ်စုံကို ပခုံးပေါ်မှ ချော်ကျစေကာ ဆွဲဆောင်မှုရှိသော လှပသည့်အသားအရည် ကို ထုတ်ဖော်ပြလိုက်သည်။

"ဒါဟာ ရှင်လုပ်နိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ"

"အင်း.."

ကျိယွမ်က ခေါင်းညိတ်ပြပြီး သူမအား ကြည့်ကာ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့... ငါက နင်နဲ့ ပူးပေါင်းမယ်လို့ ပြောလို့လား"

စကားနှင့်အတူ ကျိယွမ်၏ လက်ထဲရှိ သွေးနီရောင်ဓားရှည်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွား၏။

တာအန်း၏ ဦးခေါင်းသည် သူမ၏ ခန္ဓာကိုယ်မှ ချက်ချင်း ပြတ်သွားပြီး တော်တော်ဝေးဝေးသို့ လွင့်စင်သွားတော့သည်။

တာအန်း၏လှပသောမျက်နှာပေါ်၌ ဆွဲဆောင်နေသောအပြုံးပင် မပျောက်ကွယ်သေးပါ။

သူက အရူးလား။မပြောမဆိုနဲ့ ငါ့ကိုခုတ်တယ်။ဘာလို့လဲ။

တာအန်းကို မပြောမဆိုနှင့် ခုတ်သတ်ပြီးနောက် ကျိယွမ်သည် နောက်ဆုံးကျန်နေသော မိစ္ဆာနတ်ဘုရားထံသို့ လှည့်ကာ ကြင်နာဟန်ဆောင်သော အပြုံးဖြင့် မေးလိုက်သည်။

"ဘယ်လိုလဲ ငါနဲ့ပူးပေါင်းဆောင်ရွက်ချင်လား"

တုန်ယင်နေသော မိစ္ဆာနတ်ဘုရားသည် ဒူးများပင် ပျော့ခွေသွား၏။

သူ၏ ခန္ဓာကိုယ်သည် ပို၍ပင် ပြင်းထန်စွာ တုန်ယင်လာပြီး ခေါင်းကို အသည်းအသန် ငြိမ့်ပြနေမိသည်။

"အင်း..."

ကျိယွမ်က ဆက်ပြောသည်။

"မင်းကို မဟာကပ်ရောဂါသခင်ကို အမြန်ဆုံး ပင့်ဖိတ်စေချင်တယ်"

ထိုမိစ္ဆာနတ်ဘုရားသည် စကားမပြောရဲဘဲ ခေါင်းကိုသာ အခါခါငြိမ့်၍ သဘောတူနေတော့သည်။

ယခုအချိန်တွင် ကျိယွမ်က တစ်စုံတစ်ခုကို စဥ်းစားမိသွားပုံရပြီး ရုတ်တရက် ပြောလိုက်သည်။

"ငါသာ မင်းတို့ ခေတ်သစ်နတ်ဘုရားတွေနဲ့ ခဏတဖြုတ် ပူးပေါင်းရင်၊ သူငယ်ချင်းတွေလို့ သတ်မှတ်လို့ရမလား ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေလို့ သတ်မှတ်ရမလား"

တုန်ယင်နေသော မိစ္ဆာနတ်ဘုရားက သူ့ထက်ဆိုးသော နတ်ဆိုးက ဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း ခေါင်းကိုသာ အတွင်တွင် ဆက်၍ ငြိမ့်ပြနေမိသည်။

"ဟုတ်ပါတယ် ၊ ဟုတ်ပါတယ်"

ကျိယွမ်၏ အကြည့်က ရုပ်ပျက်ဆင်းပျက်သေနေကြသော မိစ္ဆာနတ်ဘုရားများ၏ အလောင်းများပေါ်သို့ ကျရောက်သွားပြီး စိတ်မကောင်းသလို သက်ပြင်းချသည်။

"သနားစရာပဲ ၊ သူတိူ့က မိသားစုတွေနဲ့ အဝေးမှာ သေကြရရှာတယ်။ အိမ်နဲ့ဝေးတဲ့နေရာမှာ သေတာက တကယ်ကို ကြေကွဲစရာပဲ။ သူတို့ရဲ့ မိသားစုတွေလည်းမရှိဘူး ၊ အခုငါတို့က တစ်ဖွဲ့တည်းဖြစ်သွားပြီဆိုတော့ ငါပဲတာဝန်ယူပြီး စျာပနအခမ်းအနားကို လုပ်ပေးသင့်ပါတယ်လေ"

ကျိယွမ်က စိတိမကောင်းဟန်ဖြင့် ပြောလိုက်သည်။

"ဝေ့ထင်း ၊ ဒီသတင်းကို ဖြန့်လိုက်၊ ပွဲတော်ကြီး ပြင်ဆင်ပြီး စစ်မှန်နတ်ဘုရား ဆင်းသက်လာတဲ့အထိ ဆက်လုပ်ခိုင်းထား"

"ဟုတ်ကဲ့ပါ အရှင်.."

ကျိယွမ်၏ ပျော်ပွဲများအကြောင်းကို မရင်းနှီးသေးသဖြင့် ဝေ့ထင်းက ကြောင်တောင်တောင်နှင့် ခေါင်းညိတ်၏။

တုန်ယင်နေသော မိစ္ဆာနတ်ဘုရားမှာလည်း သူ၏ရှေ့မှကျိယွမ်အား အရူးတစ်ယောက်အလားကြည့်ကာ ပို၍ထိတ်လန့်လာ၏။

သူပဲသတ်ပစ်ပြီး သူပဲပြန်သနားနေတယ်ဆိုပဲ။

သူက အရူးလား။

................

ထိုအချိန်တွင်...

ရှီရှားမြို့တွင်ဖြစ်သည်။

ရူယွီသည် သူ၏မျက်လုံးများကို မှိတ်ထားပြီး အာရုံငါးပါးကို ဖြတ်တောက်ကာ နတ်ကွန်းထဲတွင် တစ်ယောက်တည်း ထိုင်နေ၏။

ဒီနေ့က ကလေးစားတော်ပွဲကျင်းပတဲ့နေ့ပဲ ၊ ဒါပေမဲ့ ငါ့ဘာမှမလုပ်နိုင်တာ ရှက်စရာကောင်းတယ်။

သူ၏လက်ရှိအခြေအနေက မည်သို့မျှ မတတ်နိုင်ပါ၊ ထို့ကြောင့် ထိုစိတ်မချမ်းသာစရာ သတင်းများ၏စိတ်ဒုက္ခကို ရှောင်ရှားရန်အတွက် သူ၏အာရုံများကို ဖြတ်တောက်ပြီး နတ်ကွန်းထဲတွင် တစ်ယောက်တည်း ထိုင်နေခြင်းပင်။

အရေးပေါ်အခြေအနေ မဟုတ်ပါက မည်သူမျှ သူ့ကို ယနေ့ လာနှောင့်ယှက်မည်မဟုတ်ပေ။

ထိုအခိုက် ရုတ်တရက်ဆိုသလို ရုပ်တုပေါ်တွင် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခု ထွန်းလင်းသွားသဖြင့် ရူယွီ၏ မျက်လုံးများပွင့်လာ၏။

ထိုအရာက အမြင့်ဆုံးသော အရေးပေါ်အချက်ပေးမှုဖြစ်သည်။

အဓိကကိစ္စကြီးတစ်ခုခုဖြစ်ပွားမှသာ ထိုအချက်ပေးမှုက်ု သုံးခွင့်ရှိ၏။

ဘာဖြစ်တာလဲ၊ မိစ္ဆာနတ်ဘုရားတွေက ငါ့မြို့ကို လာတိုက်ခိုက်ကြပြီလား။

သူ၏ နှလုံးသားထဲတွင် တင်းကြပ်သွားပြီး ပိတ်ထားသောအာရုံများကို လျင်မြန်စွာ ပြန်လည်ရယူလိုက်သည်။

သူက မေးရန်ပြင်လိုက်စဥ်မှာပင် မြို့အကြီးအကဲတစ်ဦးက အမောတကောပြေးဝင်လာ၏။

"ဘာတွေ ဖြစ်နေတာလဲ"

"အရှင်နတ်ဘုရား၊ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပါတယ် ၊ ခုနက ချင်းရွှေရွာက နတ်ဘုရားနဲ့ ဧရာမလူကြီးတစ်ယောက်က ကွမ်ဖုန်းမြို့ကို တိုက်ခိုက်တာ မြေကြီးတွေတောင် တုန်ခါပြီး တောင်တွေ လည်း လှုပ်ရှားကုန်ပါတယ်"

"ဘာ"

ရူယွီ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

"သူက ဘာလို့ဒီလောက်ရဲရဲတင်းတင်း လုပ်ရဲတာလဲ။ အခုရော ရလဒ်က ဘာလဲ။ သူ သေသွားပြီလား"

ရွာအဆင့်သာရှိသော ရှေးဟောင်းနတ်ဘုရားတစ်ပါးက မြို့အဆင့်မိစ္ဆာနတ်ဘုရားများကို အဘယ့်ကြောင့် ရုတ်တရက် တိုက်ခိုက်ရဲလေသနည်း။

သူ နားမလည်နိုင်ပါ။

သူက သေတွင်းတူးနေတာပဲ။

ယခုအချိန်တွင် မိစ္ဆာနတ်ဘုရားများသည် ကလေးစားပွဲတော်ကို ကျင်းပနေသည်မှာ စက်ဆုပ်ဖွယ်ကောင်းသည်မှာ အမှန်ဖြစ်သော်လည်း မိမိတို့သည် ဘေးတွင် ရပ်ကြည့်နေနိုင်ရုံသာ တတ်နိုင်သည်မဟုတ်ပါလား။

အခုတော့ မူလနတ်ဘုရားက စိတ်လိုက်မာန်ပါ လုပ်လိုက်ပြီ။

ရူယွီ၏ စိတ်ထဲတွင် တိုက်ပွဲသည် ပြီးဆုံးသွားပြီ ဖြစ်ရမည်ဟု ထင်မြင်လိုက်သည်။

ချင်းရွှေရွာ၏ မူလနတ်ဘုရားသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး ဆိုးရွားစွာ အဆုံးသတ်သွားရပြီ။

"သူဒီလိုလုပ်လိုက်တာက မိစ္ဆာနတ်ဘုရားတွေကို ဒေါသထွက်စေပြီး ငါတို့ မြို့ကို ဘေးအန္တရာယ်ရောက်လာနိုင်တယ် ။ သူက ငါတို့ကိုပါ ဆွဲခေါ်သွားမှာ မဟုတ်ဘူးလို့ပဲ မျှော်လင့်ရတော့မှာပဲ"

ရူယွီက အားလုံးကိုခြုံငုံပြီးနောက် ထိုသိူ့တွေးကာ စိတ်တင်းကျပ်သွားခဲ့လေ၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဘုရနတ်ကွန်းသို့ ဝရုန်းသုန်းကားပြေးဝင်လာပြန်သည်။

ကြမ်းတမ်းသော လျှော်တေအဝတ်ကို ဝတ်ဆင်ထားသော ဆုယူဖိန်သည် အပူတပြင်း ပြေးဝင်လာသလို သူ၏ ထိန်းသိမ်းနိုင်မှုအားလုံး ပျောက်ဆုံးနေပုံပင်။

"အရှင်နတ်ဘုရား...အရှင်နတ်ဘုရား..."

သူ၏ရုပ်ပျက်ဆင်းပျက်အမူအရာကြောင့် ရူယွီ၏ နှလုံးခုန်သံများ ကျယ်လောင်သွားသည်။

ငါထင်သလို ဖြစ်ပြီ။

"သူတို့ ငါတို့ကို သတ်ဖို့ လာနေကြတာလား"

သူကအတတ်နိုင်ဆုံး ထိန်းသိမ်းကာမေးလိုက်၏။

"သူတို့ အကုန်သေပြီ၊ သူတို့အားလုံး သေပြီ..."

ဆုယူဖိန်၏ မျက်နှာသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေပြီး စကားကိုပင် အပြည့်မပြောနိုင်သေးပေ။

ရူယွီမှာ ထိုစကားက ဘာကိုဆိုလိုသည်ကို နားမလည်ဘဲ ရှုပ်ထွေးသွား၏။

"မူလနတ်ဘုရားမက အဲဒီ ဧရာမလူကြီးကို ခေါ်လာပြီး ကလေးစားပွဲတော်က မိစ္ဆာနတ်ဘုရားတွေအားလုံးကို သတ်လိုက်ပြီ"

"ဘာကွ..."

ရူယွီမျက်လုံးများပြူးကျယ်သွားပြီး ထခုန်မတတ်ဖြစ်သွားလေသည်။ ဂုဏ်သိက္ခာကြီးမားသော ရှေးဟောင်းနတ်ဘုရား၏ ဟန်ပင်အမူအယာအားလုံး ပျောက်ကွယ်သွားကာ ဆုယူဖိန်၏ ပခုံးများကို တင်းကြပ်စွာ ဖမ်းဆုပ်လိုက်၏။

"မင်း ဘာပြောလိုက်တာလဲ"

"ခုနက ချင်းရွှေရွာကနေ ကြီးမားတဲ့ ဧရာမလူကြီးတစ်ယောက် ထွက်လာပါတယ်"

"ပြီးတော့..."

ဆုယူဖိန်သည် သူမြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို ရူယွီအား ပြောပြလိုက်တော့သည်။

တော်တော်များများထိ နားထောင်ပြီးသောအခါ ရူယွီက မနေနိုင်စွာဖြတ်မေး၏။

"ဝံပုလွေနတ်ဘုရား ရှဲလန်ရော ၊ ဘယ်ရောက်နေလဲ ၊ သူက နတ်ဘုရားတစ်ဝက်ပဲ ၊

ငါတို့ဘက်မှာ စစ်မှန်နတ်ဘုရားမရှိလို့ သူ့ကိုရင်ဆိုင်ဖို့ ခက်ခဲနေတာ"

စစ်မှန် နတ်ဘုရားမှလွဲ၍ မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော် ဖေးဟွမ်မြို့အနီးတွင် စစ်မှန်နတ်ဘုရားများ မရှိပေ။

"ချင်ရွှေရွာရဲ့ မူလနတ်ဘုရားက သူ့ကို ဓားတစ်ချက်နဲ့ ကိုယ်တိုင် နှိမ်နင်းလိုက်တာပါ"

ထိုသို့ပြောပြနေရင်းမှ ဆုယူဖိန်သည် ထိုရင်သပ်ရှုမောဖွယ် ဓားချက်ကို အမှတ်ရပြီး ကြောက်ရွံ့စိတ်များ ပြန်လည်ဖြစ်ပေါ်လာ၏။

မူလနတ်ဘုရားရဲ့ ဓားချက်က ကြောက်စရာကောင်းလွန်းတယ်။

ရူယွီမှာ လုံးဝတိတ်ဆိတ်သွားခဲ့သည်။

နားရှိလို့သာ ကြားရ၏။

ယခုလာပြောနေသူမှာ ဆုယူဖိန်မို့သာ သူယုံရသည်။ အခြားသူဆိုလျှင် သူက ယုံမည်မဟုတ်ပါ။

သူသည် စိတ်အလွန်လှုပ်ရှားနေပြီး နတ်ကွန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်သွားလျှက် နက်နက်နဲနဲ စဥ်းစားနေသည်။

နောက်ဆုံးတွင် သူသည် အံသွားများကို တင်းတင်းကြိတ်ပြီး ထုတ်ပြောလိုက်၏။

"ငါတို့ ကွမ်ဖုန်းမြို့ကို သွားပြီး ကိုယ်တိုင်ကြည့်ရမယ်"

ဆုယူဖိန်သည် တုံ့ဆိုင်းသွားပြီး တုန်ယင်စွာဖြင့် တားမြစ်သည်။

"မဖြစ်..မဖြစ်ပါဘူး"

"ဘာလို့မဖြစ်တာလဲ"

ရူယွီက သူ၏တပည့်အားကြည့်လိုက်၏။

"မူလနတ်ဘုရားက မိစ္ဆာနတိဘုရားတွေ အားလုံးကို သတ်ပစ်လိုက်ပေမဲ့ တစ်ယောက်ကိုတော့ မသတ်ဘဲချန်ထားခဲ့ပါတယ် ၊ သူ့နဲ့ ပူးပေါင်းပြီး စစ်မှန်နတ်ဘုရားကို ပင့်ဖိတ်ဖို့ သဘောတူခဲ့တယ် "

"ဘာ"

ရူယွီ လုံးဝ အံ့အားသင့်သွားတော့သည်။

သူက အကုန်လုံးကို သတ်ပစ်လိုက်တယ်၊ ဒါပေမဲ့ တစ်ယောက်ကိုတော့ အသက်ရှင်လျက် ထားခဲ့ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လုပ်တယ်တဲ့လား။

ဒါ ဘယ်လိုယုတ္တိမျိုးလဲ။

ရူယွီမှာ နားမလည်နိုင်ခြင်းများစွာဖြင့် စိတ်ရှုပ်ထွေးနေရသည်။

သူသည် ကွမ်ဖုန်းမြို့သို့ ချက်ချင်း မသွားတော့ဘဲ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

"အခြေအနေကို စောင့်ကြည့်ကြတာပေါ့"

ထိုအချိန်တွင် ကျိယွမ်သည် ဝေ့ထင်းနှင့်အတူ ကွမ်ဖုန်းမြို့တွင်စုဝေးနေသော မိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်လိုက်ခြင်းသည် လူအများအပြားကို တုန်လှုပ်စေခဲ့သည်။

ချင်းရွှေရွာမှ လူများသည် ကွမ်ဖုန်းမြို့သို့ ဆိုနာတီးခတ်ရန် ထွက်ခွာကြ၏။

ချန်းရှီးရွာမှ လူများကလည်း စားဖိုမှူးများကို စုဝေးပြီး ကွမ်ဖုန်းမြို့သို့ ဦးတည်သွားကြသည်။

ဤသို့ဖြင့် ကွမ်ဖုန်းမြို့၌ ကြီးမားသော ပွဲတော်ကြီး ဖြစ်ပေါ်လာ၏။

ပွဲတော်သည် အရှိန်မြင့်လာပြီး အသားနံ့များက နေရာအနှံ့ လေထဲ၌သင်းပျံ့နေခဲ့သည်။

ရွာလူကြီး ယွီလီ၏ မျက်လုံးများတွင်တော့ ယခုအချိန်ထိ တုန်လှုပ်မှုများက အပြည့်အဝ မပျောက်သေးပါချေ။

နတ်ဘုရား၏ အမိန့်ဟုဆို၍သာ လိုက်လာရသည် သူကလုံးဝမယုံကြည်ရဲခဲ့ပါ။

သို့သော် ထိုသတင်းက အမှန်ဖြစ်နေပြီး ဝံပုလွေနတ်ဘုရားရှဲလန်ပင် သေဆုံးသွားခဲ့လေပြီ။

ရှန်ထူသည်လည်း သူ၏ဘေးတွင် ထိုင်လျက်ရှိပြီး အလားတူပင် စိုးရိမ်ပူပန်နေသည်။

ကျူးရှိကျိုးကတော့ ဝေ့ထင်းကို မကြာခဏ ခိုးကြည့်နေပြီး သူ၏မျက်လုံးများတွင် မနာလိုစိတ်များ ပြည့်နေ၏။

"အား.. ငါက သူ့ထက် အများကြီးဝတာကို။ ဘာလို့ ငါ့ကို မရွေးရတာလဲ"

သူ့ဘဝကို တော်လေးမကျေမနပ်ဖြစ်နေသည်။

ပထမတွင် သူ၏ခွေးက နတ်ခွေးဖြစ်သွားခဲ့သည်။

ယခုလည်း သူ့လိုပင် ဝသော အခြားမြို့သားတစ်ဦးက နတ်ဘုရားစစ်သည်ဖြစ်သွားပြန်လေပြီ။

ငါ့အခွင့်အရေးတွေကို လုနေကြတာပဲ။

သို့သော် သူဘာတတ်နိုင်မည်နည်း။ ကံမကောင်းစွာဖြင့် နတ်ဘုရားသည် ဝေ့ထင်းကို ရွေးချယ်ခဲ့သည်။

ယခုတော့ သူ့ဘဝက မနာလိုစိတ်ဖြင့် သွားရည်ကျရုံသာ တတ်နိုင်၏။

သူ့ဘေးတွင်ရှိသော ချန်ရှီးဖန်သည် မည်သည့်စကားမှမပြောခဲ့ပါ။

သို့သော် သူ၏စိတ်နှလုံး အနက်ရှိုင်းဆုံးတွင် ဝေ့ထင်းကို သူလည်း မနာလိုဖြစ်နေမိသည်။

ရုတ်တရက် သူစိမ်းတစ်ဦးသည် နတ်ဘုရား၏ မျက်နှာသာပေးမှုကိုရရှိကာ တစ်ညတွင်း အာဏာရလာခဲ့သည်။

ထိုအပြင် ဝေ့ထင်းရရှိသွားသော နတ်ဘုရားနည်းစနစ်သည် ခရမ်းရောင်နန်းတော်နှောင်းပိုင်းသ်ု့ တိုက်ရိုက် ရောက်ရှိစေခဲ့၏။

အချိန်ပေးလိုက်ပါက ဝေ့ထင်းသည် ခရမ်းရောင်နန်းတော်အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီး ရတနာတစ်ခုသာ ရရှိလိုက်ပါက စစ်မှန်နတ်ဘုရားပင် ဖြစ်လာနိုင်လေသည်။

၎င်းသည် ချင်းရွှေရွာသည် စစ်မှန်နတ်ဘုရားတစ်ပါးကို ရရှိတော့မည်ကို ဆိုလိုသည်မဟုတ်ပါလား။

မယုံနိုင်စရာကောင်းလောက်အောင် ဂုဏ်ယူစရာ ကိစ္စကြီးပင်။

သူတို့၏ ပျက်စီးနေသော ရွာငယ်လေးမှ စစ်မှန်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာတော့မည်တဲ့။

၎င်းသည် မနာလိုစရာ ကိစ္စလည်း ဖြစ်သည်၊ အကြောင်းမှာ စစ်မှန်နတ်ဘုရားသည် သူတို့ထဲမှ တစ်ဦးဦး ဖြစ်သင့်သော်လည်း သူတို့သည် အခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့သောကြောင့်ပင်။

ထိုအချိန်တွင် စားပွဲတစ်လုံးတွင်ထိုင်နေသော ချီချီက ရှောင်ရွှယ်ကို ရှင်းပြလိုက်သည်။

"ညည်း .. တွေ့လား၊ နတ်ဘုရားအဖေတစ်ယောက်ကို ပြုစုပျိုးထောင်ပြီး သူ့ကို ကြိုးကြိုးစားစား အလုပ်လုပ်ခိုင်းတာက ကိုယ်တိုင် ရုန်းကန်ရတာထက် အများကြီး ပိုကောင်းတယ်"

ရှောင်းရွှယ်သည် ချီချီအားပြန်မကြည့်အားပါ။ သူမကကြီးမားသော ဝက်သားတုံးကြီးကို ဆယ်ယူကာကိုက်လိုက်ရင်း ဝမ်းသာအားရ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"သခင်မလေးက .အရမ်းအရသာရှိတယ်၊ အဲ မဟုတ်ဘူး အရမ်းတော်တယ်လို့ "

မနေ့ကဆိုလျှင် သူမသည် ကပ်ရောဂါကြောင့်ဝမ်းနည်းလွန်း၍ ငိုခဲ့ရ၏။ထိုကပ်ရောဂါကို ဖန်တီးသူများကိုလည်း အလွန်မုန်းတီးကာ သတ်ပစ်ချင်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။

ယနေ့မှာတော့ ထိုသူများအားလုံးအသတ်ခံရသည့်အပြင် သူမကြိုက်သော ဝက်သားကိုလည်း စိတ်ကြိုက်စားရလေပြီ။

မည်မျှကောင်းလေသနည်း။

ရှောင်ရွှယ်သည် ဝက်သားကိုအရသာခံကာ ဝါးနေရင်း အဝေးရှိ ကျိယွမ်ကို ခိုးကြည့်ပြီးနောက် ချီချီကို တီးတိုးပြောလိုက်သည်။

"သခင်မလေး၊ ကျွန်မလည်း နတ်ဘုရားကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုလို့ ရမလား"

ချီချီ၏ မျက်ခုံးလှလှလေးများက ပင့်တက်သွားသည်။

"နင်က ငါ့အဖေကို ခိုးယူဖို့ ကြိုးစားနေတာလား"

ရှောင်ရွှယ်က ချီချီ၏မျက်နှာထားကြောင့် တစ်ဆင့်လျှော့လိုက်၏။

"အဖေမရရင်တောင် ..အဘိုးလောက်ဆိုရင် လည်း ရပါတယ်လို့"

သူမက ချီချီအား ချစ်စဖွယ်ကြည့်လိုက်သည်။

"ငါ့မှာ နင့်လို သမီးမရှိဘူး"

ချီချီက အပြတ်ငြင်းလေ၏။

ရှောင်ရွှယ်က သူမအားစပ်ဖြဲဖြဲရယ်ပြလိုက်ကာ နောက်ထပ်ဝက်သားတစ်တုံးကို ဆယ်လိုက်သည်။

တစ်ဖက်စားပွဲတွင်ထိုင်နေသော ရွာအကြီးအကဲ ယွီလီသည် အသံတိုးတိုးဖြင့် ရှန်ထူအား မေးနေသည်။

"ငါတို့နတ်ဘုရားကို မင်း ဘယ်လိုထင်လဲ"

"ဘာလို့.."

ရှန်တူးသည် အဆုံးထိဆက်မပြောဘဲ တစ်စုံတစ်ခုကို စဥ်းစားမိသွားသလို သူ၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။

သူက ယွီလီကို အံ့သြသလိုကြည့်ကာ အသံတိုးတိုးဖြင့် တုန့်ပြန်၏။

"ခင်ဗျား စဥ်းစားနေတာက..."

ရွာလူကြီး ယွီလီသည် တိတ်ဆိတ်နေပြီး အဖြေပြန်မပေးပါ။

သူက အဝေးမှကျိယွမ်ကိုသာ ငေးကြည့်ကာ အတွေးနက်နေပုံရသည်။

ရှန်ထူကလည်း မျက်မှောင်ကြုတ်ပြီး စဥ်းစားနေမိသည်။

"ခင်ဗျားသိလား..အရှင်နတ်ဘုရားဟာ သူ့ခေတ်တုန်းက အလွန်အားကောင်းတဲ့ နတ်ဘုရားတစ်ပါး ဖြစ်ရမယ်၊ ကောင်းကင်ကို သုံးလှမ်းတက်နိုင်ခဲ့တဲ့ တစ်ပါးတောင် ဖြစ်နိုင်တယ်"

ယွီလီက ခေါင်းညိတ်၏။

"ကောင်းကင်ကို သုံးလှမ်းတက်နိုင်တာက... ဘိုးဘွားမြေထဲကို ဝင်ဖို့အတွက် နည်းနည်းလေးပဲ အရည်အချင်း ပြည့်မီနိုင်လောက်တယ်"

ချင်ရွှေရွာသားများသည် ရှေးဟောင်းမျိုးနွယ်၏ အဆက်အနွယ်များဖြစ်ကြသည်။

ရှေးဟောင်းမျိုးနွယ်တွင် ဘိုးဘွားနယ်မြေ ရှိပြီး ၎င်းသည် အလွန်အန္တရာယ်များလေ၏။

စစ်မှန်နတ်ဘုရားများဝင်ရောက်လျှင်ပင် ထိုနေရာတွင် ပျက်စီးနိုင်ခြေ မြင့်မားသည်။

မဟာအုပ်စိုးရှင်တစ်ပါး ဝင်ရောက်ခဲ့လျှင်ပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

သို့သော် ဘိုးဘွားနယ်မြေထဲတွင် ရေတွက်မရနိုင်သော ရတနာများ ရှိပြီး အချို့မှာ ကောင်းကင်၏ ကန့်သတ်ချက်များကို ကျော်လွန်ပြီး စစ်မှန် နတ်ဘုရားဖြစ်လာစေရန် ကူညီပေးနိုင်ရုံသာမကဘဲ အချို့မှာ ကြီးမားသော စွမ်းအားရှိသော မူလရတနာများ ဖြစ်ကြသည်။

ရှေးဟောင်းမျိုးနွယ်၏ အဆက်အနွယ်များအနေဖြင့် သူတို့သည် သူတို့ရွာ၏ အစောင့်အရှောက်နတ်ဘုရားကို ဘိုးဘွားနယ်မြေထဲသို့ ဝင်ရောက်ရန် အကြံပြုပိုင်ခွင့် ရှိနေသည်။

"ဒါပေမဲ့ ငါတို့နတ်ဘုရားကို ဘိုးဘွားနယ်မြေထဲသို့ ဝင်ရောက်ဖို့ အကြံပြုချင်ရင်တောင် သူက အနည်းဆုံး စစ်မှန် နတ်ဘုရားအဆင့် ရှိနေမှ ရမှာ ။ အရည်အချင်းပြည့်မီဖို့အတွက်ဆိုရင် သူကကောင်းကင်ကို သုံးလှမ်းတက်နိုင်တဲ့အထိ လိုအပ်လောက်တယ်"

" ဘိုးဘွားနယ်မြေထဲမှာဆိုရင် အဓိကအောင်မြင်မှုတွေရရှိပြီးရင်တောင် အန္တရာယ်ကင်းကင်းနဲ့ ထွက်ပြေးနိုင်ဖို့ဆို မဟာအုပ်စိုးရှင်တစ်ပါး ဖြစ်မှကို ရမှာ၊ ကျွန်တော်တို့ နတ်ဘုရားက အဲဒီအဆင့်ကနေ အလှမ်းဝေးနေသေးတယ်။ အခုချိန်မှာ အဲဒီလို ဝေးကွာတဲ့ ကိစ္စတွေကို အများကြီး စဥ်းစားမနေဘဲ မိစ္ဆာနတ်ဘုရားတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ဘယ်လို ရှင်သန်အောင် လုပ်မလဲဆိုတဲ့အပေါ် အာရုံစိုက်သင့်တယ်"

ရှန်ထူး၏ စကားကိုကြားသောအခါ ယွီလိီက သက်ပြင်းချလိုက်သည်။

ရှန်တူး၏ စကားသည် အမှန်ပင် ကျိုးကြောင်းဆီလျော်သည်ကို သူလက်ခံရပေမည်။

သူတို့၏နတ်ဘုရားသည် မြို့ခြောက်မြို့ကို ရှင်းလင်းခဲ့သည်မှာ အထင်ကြီးစရာ ကောင်းသော်လည်း ထိုလုပ်ရပ်သည် အားကောင်းသော မိစ္ဆာနတ်ဘုရားအချို့၏ အာရုံကို ဆွဲဆောင်မည်မှာ သေချာသည်။

နောက်မကြာမီတွင် သိသိသာသာအားကောင်းသော မိစ္ဆာနတ်ဆိုးတစ်ပါးပါးက လက်စားချေရန် လာရောက်ပေလိမ့်မည်။

ထို့ပြင် သူတို့၏နတ်ဘုရားသည် တစ်စုံတစ်ခု အကြီးအကျယ် ကြံစည်နေပုံရသည်၊ ကျားနှင့် အတူတွဲ၍ ကျားသားရေကို ခွာရန် လုပ်ဆောင်နေခြင်းမျိုးပင် ။

ထို့အပြင် မဟာကပ်ရောဂါအရှင်သည်လည်း မကြာမီ ဤကမ္ဘာသို့ ဆင်းလာနိုင်တော့မည်။

သူတို့၏နတ်ဘုရားသည် ထိုစစ်မှန်နတ်ဘုရားကို မည်သို့ တုံ့ပြန်မည်ကို သူတို့ စဥ်းစား၍ မရနိုင်ပါချေ။

"သူက စစ်မှန်နတ်ဘုရားကိုရင်ဆိုင်နိုင်တဲ့ ရှေးဟောင်းနတ်တစိပါးကို ပုံရိပ်ဖော်မှာများလား"

"ဒါပေမဲ့ အဲဒီလောက်အားကောင်းတဲ့ နတ်ဘုရားတွေက မကျန်တော့ဘူးလေ"

------------

All Chapters