ကျန်းတိုင်းပြည်မှ ဧည့်သည်များ
Vol. 15 Ch. 184
မိုးသည် တရစပ် ပြန်လည် ရွာသွန်းနေသည်။
ဖေးဟွမ်မြို့၏ ကျယ်ပြန့်သော လမ်းမများပေါ်တွင် မိုးကာအင်္ကျီကို ဝတ်ဆင်ထားသော ဝမ်ဝမ်ချီသည် ကျဉ်းမြောင်းသော လမ်းကြားတစ်ခုထဲသို့ ရုတ်တရက် ချိုးကွေ့ဝင်ရောက်လိုက်၏။
လမ်းကြားထဲရောက်သည်နှင့် သူမ၏အရှိန်ကို ရုတ်တရက် မြင့်တင်ကာပြေးလိုက်သဖြင့် သူမနင်းမိသောနေရာမှ ရေများပင် တဖြန်းဖြန်း ပက်စင်သွားသည်။
ထိုအခိုက်မှာပင် သူမ၏ နောက်တွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ပေါ်လာပြီး သူ၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။
"ကျန်းတိုင်းပြည်က မိန်းခလေး၊ ဘယ်ကို ထွက်ပြေးမလို့ စိတ်ကူးနေတာလဲ"
အနက်ရောင်ဝတ်စုံနှင့်အမျိုးသားသည် ဝမ်ဝမ်ချီကို ဖမ်းဆီးရန် ရှေ့သို့ တဟုန်ထိုးခုန်အုပ်လိုက်၏။
ထိုအချိန်တွင် ပညာရှိဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက သူတို့နှစ်ယောက်ကြားသို့ ထမ်မံဝင်ရောက်လာသည်။
လမ်းကြားထဲတွင် တောက်ပသောအလင်းတစ်ခု ပေါ်ထွက်လာပြီးနောက် အနက်ရောင်ဝတ်စုံနှင့်အမျိုးသား၏ တိုက်ခိုက်မှုများ ရပ်တန့်သွားသည်။
အနက်ရောင်ဝတ်စုံနှင့်အမျိုးသားသည် ဆက်လက်မတိုက်ခိုက်တော့ဘဲ ရပ်တန့်သွားပြီး အဘိုအိုကို အံ့သြသလိုကြည့်လ်ုက်သည်။
"ခင်ဗျားက ဝူရှိဂိုဏ်း ကလား"
ပညာရှိဝတ်စုံနှင့်အဘိုးအိုက အနက်ရောင်ဝတ်စုံအမျိုးသားကို ဝမ်းနည်းသောအမူအရာဖြင့် ကြည့်ကာ သက်ပြင်းချသည်။
"မင်းက လင်းတိုင်းပြည် တော်ဝင်မျိုးနွယ်တစ်ဦးပဲ။ ဘာလို့ မိစ္ဆာနတ်ဘုရားတွေကို အစေခံနေရတာလဲ"
"ဉာဏ်ရှိတဲ့ငှက်က အကောင်းဆုံးသစ်ပင်မှာ အသိုက်လုပ်တတ်တယ်လေ။ ကျွန်တော်က ပိုကောင်းတဲ့ရွေးချယ်မှုကိုပဲ လုပ်ခဲ့တာပဲ"
အနက်ရောင်ဝတ်စုံအမျိုးသားက အရေးမကြီးသောအရာတစ်ခုလို ပုခုံးတွန့်ကာ ပြောသည်။
"မိစ္ဆာနတ်ဘုရားတွေနဲ့ ပူးပေါင်းတာဟာ ဘေးဆိုးကို ဖိတ်ခေါ်တာနဲ့ အတူတူပဲ။ မ်စ္ဆာနတ်ဘုရားတွေက မင်းတို့ကို တဖြည်းဖြည်း ဝါးမျိုပစ်ပြီး သူတို့ရဲ့ ရုပ်သေးတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ် ၊ဒါက ဉာဏ်ရှိသူတွေ ရွေးချယ်တဲ့လမ်းမဟုတ်ဘူး"
အဘိုးအိုက ပြတ်ပြတ်သားသား ပြောလိုက်သည်။
မြောက်ပိုင်းဒေသများရှိ တိုင်းပြည်များသည် မိစ္ဆာနတ်ဘုရားများ၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေသည်မှာ ကြာခဲ့လေပြီ။
ထိုတိုင်းပြည်များတွင် နေထိုင်သူ အများစုသည် စစ်မှန်သော လူသားဟူ၍ မရှိတော့ဘဲ မိစ္ဆာနတ်ဘုရားများ၏ ရုပ်သေးများ ဖြစ်သွားကြသည်။
ဝူရှိဂိုဏ်း၏ တပည့်များသည် ထိုမြို့များသို့ တိတ်တဆိတ်သွားရောက်ကာ စစ်ဆေးခဲ့ကြပြီး ကြောက်မက်ဖွယ်မြင်ကွင်းများကို မျက်မြင်တွေ့ခဲ့ကြရသည်။
ရုတ်တရက်ကြည့်လျှငိတော့ မြို့သားများသည် ပုံမှန်အတိုင်းပင် နေ့ဘက်တွင် အလုပ်လုပ်ပြီး ညဘက်တွင် အနားယူကြ၏။
သို့သော် လူတိုင်း၏ မျက်နှာအမူအယာများက တူညီသော အမူအယာများချည်းဖြစ်နေသလို ၊ လှုပ်ရှားသွားလာပုံများကလည်း ရုပ်သေးများအလား တောင့်တင်းကာ မျက်လုံးများကလည်း ကြောင်စီလျှက် စကားတစ်ခွန်းမှ ပြောဆိုခြင်း မရှိကြတော့ပါ။
ကလေးများပင်လျှင် တစ်ခါမျှ မငိုကြတော့သလို ခွေးများကလည်း တစ်ခါမျှ မဟောင်ကြသောကြောင့် လေထုက ထူးဆန်းတိတ်ဆိတ်ပြီး ခြောက်ခြားကာကြောက်မက်ဖွယ်ကောင်းနေသည်ဟု ဆိုသည်။
အဘိုးအိုနှင့်အခြားသူများက ခေတ်သစ်နတ်ဘုရားများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် ဤအချက်ကြောင့်ပင်။
ကလေးများကို လစဉ် ပူဇော်ရသည့် ကိစ္စလေးလောက်ကိုတော့ အဆငိ့အတန်းမြင့်မားသည် သြဇာရှိသူအချို့ကတော့ ပြဿနာတစ်ခုအဖြစ် မယူဆကြပေ။ အားလုံးက ဖုတ်ကောင်ရုပ်သေးများဖြစ်သွားသည်နှင့်စာလျှင် ထိုမျှက ပြဿနာကြီးမဟုတ်ပါ။
အနက်ရောင်ဝတ်စုံအမျိုးသားက အဘိုးအို၏စကားက်ု နာကျင်ရမှန်းမသိသလို ဂရုလည်းမစိုက်ပေ။
"နတ်ဘုရားသခင်က သူ့ကို အရင်ဆုံး သစ္စာခံတဲ့ ကျွန်တော်တို့လိုလူတွေကို ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ခွင့် ပေးမယ်လို့ ကတိပေးထားပြီးသားပါ။ ခင်ဗျားသာ သန်မာတယ်ဆိုရင် ဘာလို့ ကျွန်တော်တို့နဲ့ မပူးပေါင်းတာလဲ။ နတ်ဘုရားသခင်က ခင်ဗျားကို လက်ခံပေးမှာပါ"
"မင်း..."
အဘိုးအို အလွန် ဒေါသထွက်သွားသည်။
ဒီကောင်က အသိတရားမရတဲ့အပြင် သူခိုးသေဖော်ညှိနေသေးတယ်။
"မင်းက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ရုံနဲ့ ရမလား၊ တခြားသူတွေကို ဂရုမစိုက်တော့ဘူးပေါ့၊ အကုန်လုံးက ကိုယ်ပိုင်ဘဝနဲ့ရှင်သန်သင့်ကြတာပဲ"
သစ္စာဖောက်အမျိုးသားက ခေါင်းခါ၏။ထိုအရာက သူနှင့်မဆိုင်ပါ။
"တခြားသူတွေက ခွန်အားမရှိဘူးလေ။ သူတို့က နတ်ဘုရားသခင်ကို အစေခံဖို့တောင် အရည်အချင်း မပြည့်မီဘူး။ သူတို့ရဲ့ စိတ်ကို မထိန်းချုပ်နိုင်တာဟာ သူတို့ရဲ့ အားနည်းချက်ကြောင့်လေ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး"
အဘိုးအို၏ မျက်နှာက မည်းမှောင်သွားလေ၏။
"တော်လိုက်တော့ ၊ ဒါက လူယုတ်မာတွေကို အားပေးကူညီနေတာသပ်သပ်ပဲ ၊ ဘာမှဆင်ခြေပေးမနေနဲ့တော့ ၊ ဇကောလောက်မှ ဇောက်မနက်တဲ့ကောင် "
အဘိုးအိုက သစ္စာဖောက်ကို ဒေါသတကြီးတိုက်ခိုက်ရန် လှုပ်ရှားလိုက်၏။
"ခင်ဗျားကို ကြောက်နေရမှာလား"
သစ္စာဖောက်အမျိုးသားက ပြန်လည်တိုက်ခိုက်ရန်ပြင်ပြီးမှ တစ်စုံတစ်ခုကို
ခံစားမိလိုက်သလို သူ၏မျက်နှာက တင်းမာသွားသည်။
"ခင်ဗျားမှာ အကူအညီတွေ ရှိနေတာကိုး။ ခဏတော့ ခင်ဗျားကို လွှတ်ပေးလိုက်မယ်"
သူက ခံရခက်ဟန်ဖြင့်ကြုံးဝါးပြီးနောက် ချက်ချင်းပျောက်ကွယ်သွားသည်။
ခဏအကြာတွင် ထိုနေရာသို့ လူ ခြောက်ဦး၊ ခုနစ်ဦးခန့် ရောက်လာကြ၏။
ဦးဆောင်လာသူမှာ ဟွမ်မန်ယင်နှင့် နန်းကုန်းဝူကျိ တို့ဖြစ်သည်။
ဝမ်ဝမ်ချီ သည် ဟွမ်မန်ယင်နှင့် အခြားသူများကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်ကာ အရိုအသေပြုလိုက်၏။
"အစ်မမန်ယင် ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်"
ဟွမ်မန်ယင်သည် ဝမ်ဝမ်ချီ ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်၏။
"ခဏလောက်တော့ အပြင်မထွက်ဘဲနေတာ ပိုကောင်းလိမ့်မယ်"
ဝမ်ဝမ်ချီ သည် ခေါင်းကို ငုံ့ချလိုက်ပြီး နားကျည်းစွာဖြင့် သွားများကို ကျိတ်လိုက်သည်။
"ဒီနေရာအထိ မိစ္ဆာတွေရဲ့ လက်ပါးစေတွေ လိုက်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားမိခဲ့ဘူး"
အခြားသူများကလည်း သူမ၏စကားကို ကြားသောအခါ ရင်လေးစွာခေါင်းညိတ်ကြသည်။
ဝမ်ဝမ်ချီအားကယ်တင်ခဲ့သော အဘိုးအို၏ သတင်းပေးမှုအရ ဝတ်စုံနက်သည် တိုင်းပြည်တစ်ခု၏ တော်ဝင်မင်းသားဆိုသည်ကို သူတို့သိထားပြီးသားပင်။
"ကျန်းတိုင်းပြည်ရဲ့ ရှုံးနိမ့်မှုကြောင့် မြို့တော် လည်း ပျက်စီးသွားပြီး လူတော်တော်များများကို ကြောက်လန့်တုန်လှုပ်စေခဲ့တယ်"
ဟွမ်မန်ယင်၏ အသံက အကူအညီမဲ့မှုများ ပြည့်နေ၏။
ကောင်းကင်သို့ ခြေသုံးလှမ်းအဆင့်ရှိသော စစ်မှန်မိစ္ဆာနတ်ဘုရားတစ်ပါးသည် ကျန်းတိုင်းပြည်၏ မြို့တော်သို့ ဆင်းသက်လာခဲ့သည်။
ကျန်းတိုင်းပြည်ကို စောင့်ရှောက်သော ရှေးဟောင်းနတ်ဘုရားသည် ထိုမိစ္ဆာကို အသက်နှင့်လဲ၍ ခုခံခဲ့၏။
ထို့ကြောင့်ပင် မိစ္ဆာနတ်ဘုရားက ပို၍ အမျက်ဒေါသ ထွက်ပြီး ကျန်းတိုင်းပြည်၏ ရှေးဟောင်းနတ်ဘုရားကို သတ်ပြီးနောက် မြို့တော်တစ်ခုလုံးကို မြေပြင်တွင် ပြားပြားမှောက်သည်အထိ ဖျက်ဆီးပစ်ခဲ့သောဟူသည်။
ရလဒ်အနေဖြင့် မြို့တော်ရှိ လူခြောက်သန်းလုံးမှာ အစအနမကျန် သေဆုံးခဲ့ကြရသည်။
ထိုသတင်းက လူအများအပြားကို ထိတ်လန့်စေခဲ့၏။
ထိုအရာများကို ပြန်တွေးမိသောအခါ ဝမ်ဝမ်ချီ ၏ မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲလာပြီး စီးကျလာခဲ့သည်။
ဟွမ်မန်ယင်က လျင်မြန်စွာ တောင်းပန်လိုက်သည်။
"ညီမလေးဝမ်ချီ ၊ စိတ်မကောင်းစရာ ကိစ္စတွေကို ပြောမိတဲ့အတွက် တောင်းပန်ပါတယ်"
ဝမ်ဝမ်ချီ သည် ကျန်းတိုင်းပြည်မှ ဖြစ်သည်။
သူမ၏ မိဘများနှင့် ဆွေမျိုးများမှာ မြို့တော်တွင် နေထိုင်ကြပြီး ထိုမိစ္ဆာ၏လက်ချက်ဖြင့် သေဆုံးခဲ့ကြသည်ကို ဟွမ်မန်ယင်း သိထားပြီးလေပြီ။
ကံကောင်းသည်မှာ ဝမ်ဝမ်ချီသည် ကိစ္စတစ်ခုကြောင့် ဖေးဟွမ်မြို့သို့ ခရီးထွက်လာသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သောကြောင့် ထိုဘေးဆိုးကြီးမှ လွန်မြောက်ခဲ့ရသည်။
"ရပါတယ် ၊ ဒါပေမဲ့ ကျွန်မသိချင်တာက မူလနတ်ဘုရားဟာ တကယ်ပဲ မိစ္ဆာနတ်ဘုရားတွေဘက်ကို ပါသွားတာလား"
သူမ၏ အသံကသိသိသာသာဒေါသထွက်နေမှန်း သိသာသည်။
ဟွမ်မန်ယင်သည် သူမ၏စကားကို ကြားသောအခါ ပွဲတော်တွင် တွေ့ခဲ့ရသည့် လူငယ်ကို ပြန်တွေးမိ၏။
ထိုရှေးဟောင်းနတ်ဘုရားသည် ချောမောပြီး ပေါ့ပေါ့ပါးပါး အသွင်အပြင် ရှိကာ မိစ္ဆာနတ်ဘုရားများကို လုံးဝ ဂရုမစိုက်ပုံရှိခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည်
ကွမ်ဖုန်းမြို့ကို ရုတ်တရက်တိုက်ခိုက်ပြီး ရှဲလန်နှင့်တကွ မိစ္ဆာအားလုံးကိုသတ်ဖြတ်ပစ်၏။
အားလုံးမှ သူ၏စွမ်းအားကို ထိတ်လန့်ကာ အံသြသွားကြသည်။
နန်းကုန်းဝူကျီပင်မနိုင်ခဲ့သော နတ်ဘုရားတစ်ပိုင်းရှဲလန်ကိုတောင် သတ်ပစ်နိုင်သည်ကို မအံ့သြလျှင် မည်သည့်အရာကို အံ့သြရမည်နည်း။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် ကိစ္စက ပို၍ပင် အံ့အားသင့်စရာ ကောင်းလှ၏။
ထိုမျှအင်အားကြီးသော မူလနတ်ဘုရားသည် ခေတ်သစ်နတ်ဘုရားများနှင့်ပေါင်းကာ စစ်မှန်မိစ္ဆာနတ်ဘုရားတစ်ပါးကို ပင့်ဖိတ်ရန် ဆောင်ရွက်နေခြင်းပင်။
သူတို့ နားမလည်နိုင်ခဲ့ကြပေ။
"ငါလည်း ဒီကိစ္စကို သိပ်ပြီး မသေချာဘူး"
ဟွမ်မန်ယင်က တွေးတွေးဆဆ ပြန်ဖြေသည်။
"မနေ့က ချင်းရွှေရွာကို ငါတို့ရဲ့လူတစ်ယောက် လွှတ်လိုက်တယ်။ မူလနတ်ဘုရား က...၊ သူက တကယ်ပဲ ဘုရားအသစ်တွေနဲ့ ပူးပေါင်းနေတယ်လို့ ပြောတယ်။ သူဟာ ချင်းရွှေရွာ ကို စစ်မှန်နတ်ဘုရားတစ်ပါးကို ပင့်ဖိတ်ဖို့ စီစဉ်နေတယ်လို့ ဆိုတယ်"
ဟွမ်မန်ယင်စကားကို ကြားသောအခါ ဝမ်ဝမ်ချီ ၏ မျက်လုံးများ ဒေါသဖြင့် နီရဲလာသည်။
"ကျွန်မရဲ့ အဘိုးက သူ့ကို အဲဒီလောက် ယုံကြည်ခဲ့တာကိုး"
အမှန်တွင် ဝမ်ဝမ်ချီသည် ရတနာနတ်ဘုရား ထျန်းပေါင်၏ မျိုးဆက် ဖြစ်သည်။
လွန်ခဲ့သောဆယ်ရက်အကြာက သူမ၏ အဘိုးက လင်းနိုင်ငံရှိ ဖေးဟွမ်မြိုသို့သွားကာ မူလနတ်ဘုရား ဟု ခေါ်သော တစ်စုံတစ်ယောက်ကို ရှာဖွေပြီး ပစ္စည်းအချို့ ပေးအပ်ရန် တာဝန်ပေးအပ်ခဲ့သည်။
ထိုပစ္စည်းများသည် ခရမ်းရောင်နန်းတော်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော နတ်ဘုရားတစ်ပါးကို စစ်မှန်နတ်ဘုရားအဆင့်သို့ ရောက်အောင် ကူညီနိုင်သည့် အဖိုးတန်ရတနာများ ဖြစ်လေ၏။
သူမ၏ အဘိုးသည် မူလနတ်ဘုရား ကို အလွန်လေးစားသောကြောင့် ရတနာများကို ပေးပို့ရန် သူမကို စေလွှတ်ခဲ့သည်။
သို့သော် သူမ၏အဘိုးမှာ မိစ္ဆာနတ်ဘုရားများကြောင့် သေဆုံးခဲ့ရပြီး မူလနတ်ဘုရားကလည်း ထိုမိစ္ဆာနတ်ဘုရားများနှင့် ပူးပေါင်းသွား၏။
ဝမ်ဝမ်ချီ မည်သို့ ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။
နန်ကုန်းဝူကျီ သည် ဝမ်ဝမ်ချီ၏ ခံစားချက်ကို နားလည်သလို သက်ပြင်းချကာ
"လူတစ်ယောက်ကို ဘယ်တော့မှ အပြည့်အဝ မသိနိုင်ဘူး။ သူ့ရည်ရွယ်ချက်တွေက ဘာလဲဆိုတာ ငါတို့ မသိဘူး။ ဒါပေမဲ့ သူက စစ်မှန်နတ်ဘုရားတစ်ပါးကို ပင့်ဖိတ်ဖို့ ရည်ရွယ်နေတာတော့ သေချာတယ် ၊ ငါတို့လည်း လုပ်စရာရှိတာလုပ်ထားရမယ် ၊ မဟုတ်ရင် မျှော်လင့်ချက်မရှိနိုင်ဘူး"
သူ၏စကားကို အားလုံးက သဘောတူသလို ခေါင်းညိတ်ကြသည်။
အခြားတစ်နေရာတွင် ဝမ်ဝမ်ချီကို လ်ုက်လံသတ်ဖြတ်နေသည့် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ပျက်စီးနေသော ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက်သွားပြီး သူ၏ မျက်နှာကို ဝတ်စုံဖြင့် ဖုံးအုပ်ထားလိုက်သည်။
သူ၏ ရှေ့တွင် ရုပ်ဆိုးသောအမျိုးသားတစ်ဦး ပေါ်လာ၏။
"သခင်"
ရုပ်ဆိုးသောအမျိုးသားက ရိုသေစွာနှုတ်ဆက်လိုက်သည်။
သူ၏ အမူအယာက မြောင်းထဲက ကြွက်တစ်ကောင်နှင့်ပင် တူနေပြီး ပြည့်တန်ဆာရုံမှ ပြန်လာသဖြင့် အရက်နံ့နှင့်အတူ စျေးပေါသော ရေမွှေးနံ့များကလည်း သူ့ထံမှ တထောင်းထောင်းထွက်နေ၏။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် မသတီစွာ သူ၏ နှာခေါင်းကို တွန့်လိုက်သည်။
"ဖေးဟွမ်မြို့ က ဘုရားအသစ်တွေရဲ့ အခြေအနေက ဘယ်လိုလဲ"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ဝမ်ဝမ်ချီ ကို ဖမ်းဆီးရန် အမိန့်ပေးခံထားရသော်လည်း ဝူရှိဂိုဏ်း မှ အဖွဲ့ဝင်များနှင့် ကြုံတွေ့ခဲ့ရသဖြင့် မအောင်မြင်ခဲ့ပေ။
ထို့ကြောင့် သူသည် အကူအညီတစ်ခုခုရှာရန် လ်ုအပ်လာ၏။
ရုပ်ဆိုးသောအမျိုးသား၏ အမူအရာက ရှုပ်ထွေးသွားသည်။
"ဒီအနီးအနားက နတ်ဘုရားအသစ်တွေ အားလုံး အသတ်ခံရတယ်လို့ ကျွန်တော် ကြားခဲ့ရပါတယ်"
"ဘာကွ ၊ ဘယ်သူက သတ်တာလဲ"
မထင်ထားသည့်အဖြေကြောင့် အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာက တင်းမာသွားသည်။
ဝူရှိဂိုဏ်း ကများလား။
"ကောလဟာလတွေ အမျိုးမျိုးဖြစ်နေပါတယ်။တချို့က မိသားစုကြီးငါးစု ကလို့ ပြောတယ်၊ တချို့က ရှေးဟောင်းနတ်ဘုရား မဟာမိတ်ကလို့ ပြောတယ်၊ တချို့ကတော့ မူလနတ်ဘုရားသတ်တာလို့ ပြောတယ်"
ရုပ်ဆိုးသောအမျိုးသားက သူ ပြည့်တန်ဆာရုံများတွင် ကြားခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် မကျေမနပ်ဖြစ်ကာ မျက်ခုံးပင့်လိုက်၏။
"အဲဒီ မူလနတ်ဘုရားဆိုတာက ဘယ်သူလဲ"
"သူက ရှေးဟောင်းနတ်ဘုရားတစ်ပါး... အဲ..မဟုတ်ဘူး၊ နတ်ဘုရားအသစ်တစ်ပါးပါ"
ရုပ်ဆိုးသောအမျိုးသား၏ အဖြေကြောင့် ဝတ်စုံနက်ခေါင်းရှုပ်သွားသည်။
"ရှင်းရှင်းလင်းလင်း ပြောစမ်း"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် သူ၏ ဒေါသကို ထိန်းချုပ်ကာ ထပ်မေးလိုက်၏။
"ဒီလိုပါ သူက ဘုရားအသစ်တွေဘက်ကို သစ္စာဖောက်သွားတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးပါ။ ထင်ရှားတာက ကပ်ရောဂါသခင်ကို ပင့်ဖိတ်ဖို့ တာဝန်ယူရတဲ့သူပါပဲ"
"မင်း သေချာလား"
"သေချာပါတယ်"
ရုပ်ဆိုးသောအမျိုးသားက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"သူက နတ်ဘုရားအသစ်တွေဘက်ကို တကယ်ပဲ သစ္စာဖောက်သွားတာပါ"
"အင်း"
အနက်ရောင်ဝတ်စုံအမျိုးသားသည် နှာမှုတ်လိုက်ပြီး ရုပ်ဆိုးသောအမျိုးသား၏ ဦးခေါင်းခွံကို ထိုးဖောက်ကာ သတ်ပစ်လိုက်သည်။
"အသုံးမကျတဲ့ လူမိုက်"
ရုပ်ဆိုးသောအမျိုးသားကို သတ်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ အမူအရာက လန်းဆန်းလာ၏။
"ဒီတော့၊ မူလနတ်ဘုရားကလည်း ငါတို့ဘက်က တစ်ယောက်ပေါ့"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည်လည်း နတ်ဘုရားအသစ်များဘက်သို့ သစ္စာဖောက်သွားသူ ဖြစ်သောကြောင့် ထိုသို့ ပြုလုပ်သည့် ရှေးဟောင်းနတ်ဘုရားများ၏ စိတ်နေသဘောထားကို ကောင်းကောင်းနားလည်၏။
ထိုသို့သောသူများသည် စာရိတ္တမရှိကြဘဲ ပိုမြင့်သောအဆင့်သို့ တက်လှမ်းရန် မည်သည့်အရာကိုမဆို ပြုလုပ်ကြသူများပင်။
"မူလနတ်ဘုရားကို ဆက်သွယ်ပြီး ၊ ဟိုကောင်မကို ဖမ်းရမယ်"
အကယ်၍ ဝမ်ဝမ်ချီ ကို ဖမ်းဆီးရန်တာဝန်ကို သူမအောင်မြင်ဘဲ အခြားတစ်ဦးဦးက အောင်မြင်သွားပါက ကြီးမားသော အရှက်ရစရာ ဖြစ်ပြီး စစ်မှန်နတ် ဘုရားများရှေ့တွင် လည်း ခေါင်းမဖော်နိုင်ဖြစ်ကာ အခြားသူများ၏ အရိပ်အောက်တွင် ကျရောက်သွားပေလိမ့်မည်။
ထိုအချိန်တွင် ကွမ်းဖုန် မြို့၌
ကျိယွမ် သည် ပွဲတော်ကို စိတ်အေးလက်အေး ခံစားနေ၏။
"အဖေ... မဟာကပ်ရောဂါသခင်ကို အဖေ ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ရဲ့လား"
ချီချီ က စိုးရိမ်တကြီး မေးလိုက်သည်။
သူမသည် ကပ်ဆရာဂါသခင်ဆင်းသက်လာမည်ကို အလွန် စိုးရိမ်နေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် စစ်မှန်နတ်ဘုရားတစ်ပါး ဖြစ်နေသည်မဟုတ်ပါလား။
"ယင်ရှင်းကျောက် ရပြီလား"
ကျိယွမ်က ဆိုးသည် ကောင်းသည်မဖြေဘဲ ပြန်မေးလိုက်သည်။
ချီချီ သည် ဖြူဖျော့သော ကျောက်တုံးတစ်တုံးကို သူမ၏ နူးညံ့သောလက်ဖြင့် ထုတ်ယူကာ ပြုံးလိုက်သည်။
"သမီး ခုလေးတင် အပြီးသတ်လိုက်တာပါ"
ချီယွမ် သည် ယင်ရှင်းကျောက် ကို ယူပြီး စစ်ဆေးကြည့်၏။
[ယင်ရှင်းကျောက်၊ နက်နဲဆန်းကြယ်သော မူလအစရှိပြီး သက်ရှိများကို စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ကူညီနိုင်သည်။]
ကျိ ယွမ်က ချီချီအား ပြုံးကြည့်ကာ
"ဒီလို အဖိုးတန်ရတနာကို ငါ့ကို ပေးဖို့ ဆန္ဒရှိတာလား"
"အဖေသာ စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မယ်ဆိုရင်၊ ဘာလို့ မပေးရမှာလဲ"
ချီချီ က ဂရုမစိုက်သလို ဖြေ၏။
သူမ၏ ဖခင်နတ်ဘုရား အောင်မြင်အောင် ကူညီရခြင်း၏ ကျေနပ်မှုသည် တခြားမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
"အဖေက ယင်ရှင်းကျောက် ကို အသုံးပြုပြီး စစ်မှန်နတ်ဘုရားဖြစ်၊ ပြီးတော့ ကပ်ရောဂါအရှင်ကို ရင်ဆိုင်ဖို့ စီစဉ်နေတာလား။ ဒါပေမဲ့ သူ့မှာ မှာ နတ်ဘုရားပေါက် သုံးခု ရှိတယ်လို့ သမီး ကြားတယ်၊ ဒါကြောင့် သတိထားရမယ်"
ချီချီက စိုးရိမ်သလို ထပ်ပေါင်းပြောလိုက်သည်။
သူမ၏ စိတ်ထဲတွင် သူမ၏ ဖခင်သည် ကပ်ရောဂါသခင်ကို ပင့်ဖိတ်ပြီး သတ်ဖြတ်ရန် စီစဉ်နေသည်ဟု သေချာပေါက် ထင်နေ၏။
သို့သော် မွေးစားအဖေသည် ယင်ရှင်းကျောက်ကြောင့် စစ်မှန်နတ်ဘုရားဖြစ်လျှင်တောင် နတ်ဘုရားပေါက်တစ်ပေါက်သာရှိဦးမည်ဖြစ်ပြီး ကပ်ရောဂါသခင်ကို ယှဥ်နိုင်ဦးမည်မဟုတ်ပါ။
ကျိယွမ်က ခေါင်းခါလိုက်သည်။
"ငါက ခရမ်းရောင်နန်းတော်အဆင့် အလယ်အလတ်မှာပဲ ရှိသေးတယ်။ အထွတ်အထိပ်အဆင့်နဲ့တောင် မနီးစပ်သေးဘူးလေ။ ယင်ရှင်းကျောက်နဲ့တောင် စစ်မှန်နတ်ဘုရားအဆင့်ကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး"
ယင်ရှင်းကျောက် သည် အဖိုးတန်ရတနာဖြစ်သော်လည်း ကန့်သတ်ချက်များတော့ ရှိသေးသည် မဟုတ်ပါလား။
"ဘာလို့လဲ"
ချီချီ အံ့အားသင့်သွားပြီး
"အဖေ ခရမ်းရောင်နန်းတော်အဆင့် အထွတ်အထိပ်မှာ မဟုတ်ဘူးလား"
ဟု မေးလိုက်သည်။
သူမက နားမလည်နိုင်ဖြစ်နေ၏။
ငါ့အဖေက ဘယ်လိုလုပ်ပြီး ဝံပုလွေနတ်ဘုရားရှဲလန်ကိုသတ်နိုင်ခဲ့ပါလိမ့်။
အထွတ်အထိပ်အဆင့်သို့ မရောက်သေးလျှင် ယင်ရှင်းကျောက်ကိုသုံးလျှင်ပင်သူမ၏မွေးစားအဖေသည် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
ဝေ့ထင်းသည်လည်း ခရမ်းရောင်နန်းတော်အဆင့်နှောင်းပိုင်းတွင် ရှိသောကြောင့် အစွမ်းထက်သော်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် ဆယ့်ငါးရက်ခန့် အချိန်ယူရဦးမည်။
အဖေက ဘာလုပ်ဖို့ကြံနေတာလဲ။
"ဒါပေမဲ့ ရုတ်တရက် ငါက အထွတ်အထိပ်အဆင့်ကို ရောက်ချင်လည်း ရောက်သွားနိုင်တယ်၊ ဘာမှပြောလို့ မရသေးပါဘူး"
ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ဝက်ခေါင်းသားတစ်ဖတ်ကို ကောက်စားလိုက်သည်။
လူများမသိသေးသော်လည်း ကပ်ရောဂါသခင်သည် သူ၏မျှော်လင့်ခြင်းလမင်းဖြစ်သည်။
ထိုသူသည် သူ၏ မျှော်လင့်ခြင်းလမင်းဖြစ်ရန် သတ်မှတ်ချက်များနှင့် အပြည့်အဝ ကိုက်ညီ၏။
ပထမဦးစွာ သူသည် အသက်ကြီးပြီး သေချာပေါက် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သည်။
ဒုတိယအချက်မှာ သူ့တွင် ရတနာများစွာ ပြည့်နှက်နေ၏။
တတိယအချက်အနေဖြင့် သူ့ကို သတ်ခြင်းဖြင့် ကျိယွမ်သည် ကြီးမားသော အတွေ့အကြုံရမှတ်ကို ရရှိနိုင်သည့်အပြင် များပြားသော မိစ္ဆာနတ်ဘုရားစွမ်းအားများကိုလည်း ရလိမ့်မည်။
ဒီလောက်ကောင်းတဲ့ အခွင့်အရေး ဘယ်သွားရှာမှာလဲ။
သူ့ဆီကရတဲ့စွမ်းအားနဲ့ဆို အဆင့်မြင့်နတ်ဘုရားက်ု ပုံရိပ်ဖော်နိုင်ပြီ။ ဒါဆို ငါကအိပ်နေရုံပဲ။
"ပွဲတော် ပြီးပြီဆို ငါလည်း ပြန်တော့မယ်"
ကျိယွမ်သည် နောက်ဆုံးဝက်သားတစ်တုံးက်ု လက်စသတ်ကာ ချင်းရွှေရွာသို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ရိုသေသော အသံတစ်ခုက ထွက်ပေါ်လာသည်။
"အရှင်နတ်ဘုရား၊ ဧည့်သည်တစ်ဦး တွေ့ခွင့်လာတောင်းပါတယ်"
"ဘယ်က ဧည့်သည်လဲ"
ကျိယွမ် အံ့အားသင့်သွားပြီး
လှမ်းကြည့်လိုက်သောအခါ ဝေ့ထင်း၏နောက်မှပါလာသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးကို တွေ့ရသည်။
အနက်ရောင်ဝတ်စုံနှင့်အမျိုးသားသည် ကျိယွမ်ဆီသို့လာသော်လည်း သူ၏ အမူအရာက မောက်မာနေ၏။
"ဒါဆို မင်းက ဒီမြို့ရဲ့ နတ်ဘုရားလား"
နတ်ဘုရားအသစ်များဘက်သို့ သစ္စာဖောက်သွားသူချင်းအတူတူ သူကဝါရင့်ဖြစ်သောကြောင့် စီနီယာဖြစ်သည်ဟု ထိုအမျိုးသားက မှတ်ယူပြီး မောက်မာနေခြင်းပင်။
အနက်ရောင်ဝတ်စုံနအမျိုးသားသည် အထက်စီးက ပြောလိုက်ပြီး ကျိယွမ်၏ ဘေးရှိ ထိုင်ခုံလွတ်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်ကာ သူ့ကိုယ်သူ လုံးဝ ယုံကြည်မှုရှိနေပုံရသည်။
ကျိယွမ်က သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။
"မင်းကို ငါ့ဘေးမှာ ထိုင်ဖို့ ဖိတ်ခေါ်ခဲ့လို့လား"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ကျိယွမ်၏ စကားကို မကြားလိုက်သည့်အလား လုပ်ကာ ချီချီ ကို လက်ညှိုးထိုးလိုက်သည်။
"ဒီမိန်းမက ချောတယ်။ မင်းရဲ့ ကစားဖော်လား။ ငါ့ကို ခဏ ငှားလိုက် ၊ ဘယ်လိုလဲ "
ကျိယွမ်၏ မျက်နှာသည် ဒေါသဖြင့် မဲမှောင်သွားသည်။
သူ၏အဖြေက ပြင်းထန်သော လက်သီးတစ်ချက်ပင်။
အနက်ရောင်ဝတ်စုံအမျိုးသားသည် ထိုင်ခုံပေါ်မှ ပြုတ်ကျသွားလေ၏။
"မင်းက ဘာကောင်မို့လို့ ငါ့သမီးကို လိုချင်ရတာလဲ"
သူ၏လက်သီးချက်သည် အလွန် ပြင်းထန်ပြီး ကျိယွမ် ၏ နတ်စွမ်းအားများဖြင့် ပြည့်နှက်နေသောကြောင့် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် မြေပြင်ပေါ်မှ ချက်ချင်းပြန်မထနိုင်ဖြစ်နေသည်။
ကျိယွမ်၏ မျက်နှာက သုန်မှုန်နေပြီး အလွန်ဒေါသထွက်နေမှန်းသိသာ၏။
မပြောမဆိုနှင့်ရောက်လာပြီး ရန်စသလို သူ့ဘေးတွင်ဝင်ထိုင်၏ ။ ထိုမျှနှင့် အားမရဘဲ သူ၏သမီးဖြစ်သူကိုပါ ပါးစပ်နှင့် စော်ကားပြန်သည်။
ဒီကောင်က ငါ့ပိုင်နက်ထဲလာပြီး ငါ့သတင်းကို မကြားဖူးတာလား၊ ဒါမှမဟုတ် တမင် ရန်လာစနေတာလား။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ကျိယွမ်၏ ကြောက်မက်ဖွယ်ခွန်အားကို တုန်လှုပ်သွားသည်။
ငါတော့ လူမှားပြီးပြဿနာရှာမိပြီလား။
ထိုခွန်အားက သူရင်ဆိုင်နိုင်သောအရာ မဟုတ်ပါ။
ထိုအပြင် ကျိယွမ် သည် ထိုမျှ ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ပုံမှန်အားဖြင့် ဘုရားအသစ်များဘက်သို့ သစ္စာဖောက်သွားသူများသည် အလွန်သတိကြီးတတ်ကြပြီး မသေချာဘဲ ရန်သူမရှာတတ်ကြပေ။
"မူလနတ်ဘုရား၊ ငါက လင်းတိုင်းပြည် ဘုရင့်အစောင့်တပ်ဖွဲ့ဝင်၊ ဆွေးဟန်စစ်မှန်နတ်ဘုရားရဲ့ နောက်လိုက်ပါ"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် သူ့ကိုယ်သူ ကယ်တင်နိုင်ရန် မျှော်လင့်ချက်ဖြင့် သူ၏ ကိုယ်ပိုင်လက္ခဏာကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
ကျိယွမ်က မျက်မှောင်ကျုံ့သွား၏။
"မင်းဘာသာ ဘုရင့်အစောင့်မကလို့ ဧကရာဇ်အစောင့်ဖြစ်ဖြစ် ၊ ငါ့သမီးကို စော်ကားလို့မရဘူး ၊ ပြီးတော့ အဲဒီဆွေးဟန်ဆိုတဲ့ ကောင်ကရော ဘာလဲ"
သူ၏ ဘေးတွင်ရှိနေသော ချီချီကတော့ အံ့အားသင့်နေသည်။
အရာအားလုံးက အလွန် ရုတ်တရက် ဖြစ်ပျက်သွားသောကြောင့် သူမ တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ပါ။
----------------