← Chapters

အရုဏ်ဦးနတ်ဘုရား၏ ကမ်းလှမ်းမှု

Vol. 15 Ch. 185

အရုဏ်ဦးနတ်ဘုရား၏ ကမ်းလှမ်းမှု

Vol. 15 Ch. 185

အနက်ရောင်ဝတ်စုံနှင့်အမျိုးသားသည် နာကျင်မှုကို အောင့်ခံပြီး လျှင်မြန်စွာ တောင်းပန်သည်။

"ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးက နတ်ဘုရားအသစ်တွေကို အကျိုးပြုနေကြတာဆိုတော့ အချင်းချင်း တိုက်ခိုက်စရာ မလိုပါဘူး"

"အချင်းချင်းလား"

သူစကားကို ကြားသောအခါ ကျိယွမ်၏ မျက်လုံးများက လေးနက်သွားသည်။

ဒီကောင့်ဆီက သတင်းနှိုက်ရမယ်။

သူက ထိုလူရမ်းကားကို ကြည့်ကာ ခေါင်းယမ်းလိုက်၏။

"မင်းလိုအတွေ့အကြုံရမှတ် သေးသေးလေးတွေကိုလည်း ငါတန်ဖိုးထားပါတယ်"

အနက်ရောင်ဝတ်စုံနှင့် လူသည် ရုတ်တရက် ထူးဆန်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ ကျိယွမ်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များမရှိတော့ဘဲ နွေးထွေးမှုရှိနေပြီး တောင့်တမှု အရိပ်အယောင်ပင် ရှိနေသော်လည်း သူခံစားရသည်မှာ ကြောက်မက်ဖွယ်ကောင်းနေသလိုပင်။

"မင်း ငါ့ကို ဘာလို့ လာရှာတာလဲ"

ကျိယွမ်က စိတ်ဝင်စားဟန်ဖြင့် မေး၏။

သူသည် ယခုအချိန်၌ လျှို့ဝှက်အေဂျင့်တစ်ယောက်၏ အခန်းကဏ္ဍကို သရုပ်ဆောင်နေသူဖြစ်သည်။

သူ၏ဇာတ်ရုပ်က်ု ပိုမိုခန့်ညားထည်ဝါပြီး ပိုမိုကောင်းမွန်သော အသွင်အပြင်ကို ထိန်းသိမ်းရန်နှင့် သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် နက်နဲသော စကားအချို့ကို ပြောရန် လိုအပ်၏။

"ကျင်းတိုင်းပြည်က အမျိုးသမီးတစ်ယောက်ဟာ အဖိုးတန်တဲ့ရတနာတစ်ခုကို သယ်ဆောင်ပြီး ဖေးဟွမ်မြို့ကို ထွက်ပြေးသွားခဲ့တယ်"

"ဟေ...ဘယ်သူလဲ ၊ လုံကွေလား"

ကျိယွမ်က အံ့အားသင့်သွား၏။

"မဟုတ်ပါဘူး၊ ဒီအမျိုးသမီးရဲ့ နာမည်က ဝမ်ဝမ်ချီပါ။ သူမဟာ ထျန်းပေါင်နတ်ဘုရားရဲ့ မျိုးဆက်ပါ။ လွန်ခဲ့တဲ့ တစ်လခွဲလောက်က သူမဟာ ကျင်းတိုင်းပြည်ရဲ့ မြို့တော်ကနေ သံသယဖြစ်ဖွယ် အခြေအနေတွေနဲ့ ရုတ်တရက် ထွက်ခွာသွားခဲ့ပြီး တန်ဖိုးအကြီးဆုံး ရတနာတစ်ခုကို သယ်ဆောင်သွားပုံရပါတယ်။ ကျွန်တော့်ကို စစ်မှန်နတ်ဘုရား ဆွေဟန်က သူမကို ဖမ်းဆီးပြီး ရတနာကို ပြန်လည်ရယူဖို့ အမိန့်ပေးထားတာပါ"

အနက်ရောင်ဝတ်စုံနှင့်လူသည် အမှန်နှင့်အတူ အမှားတစ်ချို့ကို ရောနှော၍ ပြောဆိုလိုက်ခြင်းပင်။

သူသည် စစ်မှန်နတ်ဘုရား ဆွေဟန်ထံမှ မည်သည့်အမိန့်မှ မရရှိခဲ့ပါ။ သို့သော်လည်း ကျိယွမ် ကြောက်ရွံ့စေရန်အတွက် တမင်လိမ်ပြောလိုက်ခြင်းဖြစ်၏။

ကျိယွမ်က သစ္စာဖောက်ဝတ်စုံနတ်ကို မျက်မှောင်ကျုံ့ကာကြည့်သည်။

"အဓိက အချက်ကို ပြော"

ကျိယွမ်သည် "မြန်မြန်ပြောစမ်း" ဟု အော်ဟစ်တော့မလို ဖြစ်သော်လည်း သူသည် လျှို့ဝှက်အေဂျင့်၏အခန်းကဏ္ဍကို သရုပ်ဆောင်နေကြောင်း၊ ဂုဏ်သိက္ခာအချို့ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြန်သတိရ၏။ ရိုင်းစိုင်းသော စကားကို ပြောဆိုခြင်းက သူ့ကို အဆင့်အတန်းနိမ့်သော လူဆိုးတစ်ယောက်လို ဖြစ်သွားစေလိမ့်မည်။

အနက်ရောင်ဝတ်စုံနှင့်လူက လျှင်မြန်စွာဆက်ပြော၏။

"ပြဿနာက ဖေးဟွမ်မြို့မှာ ဝူရှီးဂိုဏ်းက အစွမ်းထက်တဲ့ အဖွဲ့ဝင်အချို့ ရှိနေတာပါပဲ။ ကျွန်တော် တစ်ယောက်တည်း သူတို့ကို ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို မူလနတ်ဘုရားက ကူညီမယ်ဆိုရင် ရတနာကို ၅၀ - ၅၀ စီခွဲယူပါမယ်"

ကျိယွမ်သည် အနက်ရောင်ဝတ်စုံနှင့်လူကို ကြည့်ပြီး "ဒါပဲလား" ဟုမေးလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်လူက ကျိယွမ်၏တုန့်ပြန်မှုက မဆိုးလှသဖြင့် စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။

စစ်မှန်နတ်ဘုရားနဲ့ ရတနာအကျိုးအမြတ်ပေါင်းပြီးစည်းရုံးလ်ုက်တာ အဆင်ပြေသွားပြီ။

ကျိယွမ်က ခေါင်းညိတ်ပြီး မတတ်သာသလို ညည်းညူသည်။

"အရင်က ရွေးချယ်စရာမရှိလ်ု့ ငါကသစ္စာဖောက်လ်ုက်ရတာ ၊ အခုတော့ ငါက လူကောင်းပြန်ဖြစ်ချင်သွားပြီ"

စကားဆုံးသည်နှင့် သူသည် ခလုတ်ဆွဲလိုက်သကဲ့သို့ လှုပ်ရှားလိုက်ရာ အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းသည် ပေါက်ကွဲကာ သေဆုံးသွားတော့သည်။

ကျိယွမ်သည် လူသတ်ပြီးသည်နှင့် ချီချီဘက်သို့ လှည့်ကာ ဂရုစိုက်သော ဖခင်တစ်ဦးကဲ့သို့ ပြောလိုက်သည်။

"နင်သာ အဲဒီလို လူအိုတစ်ယောက်ကို နောက်ထပ် အိမ်ကို ခေါ်လာရင် ချက်ချင်း သတ်ပစ်မယ် ၊ ဒီလောက်ရွယ်တူတွေ အများကြီးကို ၊ တယ်မိုက်တာပဲ"

"အမ်.."

ချီချီသည် ခဏတာ တိတ်ဆိတ်သွားပြီးမှ ကျိယွမ်အား ငြင်းလေသည်။

"အဖေ ၊ သူက သမီးခေါ်လာတဲ့သူ မဟုတ်ပါဘူး"

"ဘာ.. ငါ လူမှားပြီး သတ်မိတာလား"

ကျိယွမ်က အလောင်းကို အနည်းငယ် အားနာသလိုပြန်ကြည့်၏။

"ထားလိုက်တော့ ..ဒီကောင်က သေသင့်လို့ သေသွားတာပဲ"

စားသောက်ပွဲပြီးသည်နှင့် ကျိယွမ်သည် ချင်းရွှေကျေးရွာရှိ သူ၏ ဟောင်းနွမ်းသော နတ်ကွန်းသို့ ပြန်သွားလိုက်သည်။

သူရောက်သွားသောအချိန် ညနေစောင်းနေပြီဖြစ်ကာ ကောင်းကင်သည် သွေးနီရောင်ဖြစ်နေပြီး တစ်ရွာလုံးကို နီမြန်းသော အလင်းရောင်ဖြင့် လွှမ်းခြုံထားသဖြင့်

ထူးဆန်းသလို လှလည်လှပနေ၏။

နတ်ကွန်းထဲတွင် ကျိယွမ်သည် ခေတ္တစဥ်းစားပြီးနောက် ပုံရိပ်ဖော်စကားပြောအဖွဲ့ထဲသို့ ဝင်ရောက်လိုက်၏။

အဖွဲ့သည် ထိုအချိန်တွင် အတော်လေး တိတ်ဆိတ်နေ၏။

ကျိယွမ်က အဖွဲ့ထဲတွင် မေးခွန်းတစ်ခုမေးလ်ုက်သည်။

"ထျန်းပေါင်နတ်ဘုရားရဲ့ နာမည်ရင်းကို သိကြလား"

စကားနည်းသော အရုဏ်ဦးနတ်ဘုရား ပိုင်ရှီးက "ဝမ် ဖြစ်နိုင်တယ်" ဟု ချက်ချင်းအဖြေပေးလေ၏။

"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ"

ကျိယွမ်က ထိုမျှသာပြောကာ ငြိမ်သွားသည်။

"မူလနတ်ဘုရား ၊ လိုင်းပေါ်တတ်လာတာ ၊ နောက်ထပ်ပုံရိပ်ဖော်ဖို့လား"

အရုဏ်ဦးနတ်ဘုရားက သိချင်စိတ်ကို ထိန်းမထားနိုင်တော့ပုံရ၏။

"အရင်တုန်းက ပုံရိပ်ဖော်တောင်က ရွှေရောင်အလင်းတန်းနဲ့ လင်းလက်နေချိန်မှာ မင်း တောင်ပေါ်ကနေ ထွက်ခွာသွားခဲ့တာပဲ။ မင်းက ခမ်းနားကြီးကျယ်တဲ့ နတ်ဘုရားတစ်ပါးကို ပုံဖော်ဖန်တီးခဲ့တာလား"

"ဟုတ်တယ်၊ အဲဒါ ကျွန်တော်ပါပဲ"

ကျိယွမ်က အမှန်အတိုင်း ဝန်ခံ၏။

သူ၏အဖြေဆုံးသည်နှင့် တပြိုင်နက် အဖွဲ့သည် ဆူညံသွားတော့သည်။

"ဂန္ဓဝင်အဆင့် နှစ်ခုလား"

"သူ့ရဲ့ အရည်အချင်းက အရုဏ်ဦးနတ်ဘုရားနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်"

"သုန်းကျန်းဟဲရေ ... ၊ လူငယ် နတ်ဘုရားဧကရာဇ်လို့ ကြွားဝါတာကို ရပ်လိုက်တော့။ မူလနတ်ဘုရားကသာ စစ်မှန်တဲ့ ကောင်းကင်ဘုံဧကရာဇ်ဖြစ်တယ်ဆိုတာ ရှင်းနေပြီ"

ကြောင်နတ်ဘုရားက အခွင့်အရေးရရသည်နှင့် သုန်းကျန်းဟဲအား မမေ့မလျော့ နှိပ်ကွပ်လိုက်သည်။

နဂါးနတ်ဘုရားက ရိုသေစွာနှုတ်ဆက်၏။

"ကျွန်တော် အကြီးအကဲကို ဦးညွှတ်ပါတယ်"

ဂန္ဓဝင်အဆင့်နှစ်ပါးကို ပုံရိပ်ဖော်ဖန်တီးနိုင်ခြင်းသည် အဖွဲ့ထဲတွင် တုနှိုင်းမဲ့ ဖြစ်နေလေပြီ။

အရုဏ်ဦးနတ်ဘုရားပင်လျှင် မူလနတ်ဘုရား၏ အရိပ်အောက်တွင် အနည်းငယ် ဖုံးလွှမ်းသွားခဲ့ပြီဟု သူထင်၏။

"အင်း.... ဒါက ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကျွန်တော်က လူပုလေးတွေကိုပဲ ပုံဖော်ဖန်တီးနေရသေးတာပါ။ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ဘူးလို့ ခံစားရတယ်။ ကျွန်တော့်မှာ မိစ္ဆာနတ်ဘုရားစွမ်းအားက အရမ်းနည်းနေလို့ ခုလိုအနိမ့်စားလေးတွေထုတ်နေရတာ ။ မဟုတ်ရင် ပိုပြီး အစွမ်းထက်တဲ့ တစ်ခုခုကို ပုံရိပ်ဖော်နိုင်မှာပဲ"

ကျိယွမ်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

ယခုအချိန်ထိ သူဖန်တီးခဲ့သောအရာများက အားရစရာမရှိပါ။

ကောင်းကင်ဟိန်းဟောက်ခွေး၊ မြေနတ်ဘုရား၊ ဧရာမနတ်စစ်သူကြီး။

ထိုနတ်ဘုရားများသည် ထင်ရှားကျော်ကြားသော်လည်း ၎င်းတို့၏ စွမ်းအားသည် အနည်းငယ် အားနည်းနေသေးသည်မဟုတ်ပါလား။

သို့သော် ကျိယွမ်သည် ဆန္ဒမစောပါ။

သူသည် နောက်တစ်ခါ၌ ပိုမိုအစွမ်းထက်သော တစ်ခုခုကို ပုံရိပ်ဖော်ဖန်တီးရန် စီစဉ်ထား၏။

သို့သော်လည်း သူ၏ ရိုးသားသော စကားများသည် အဖွဲ့ထဲရှိ အခြားနတ်ဘုရားများအတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကိုတော့ သူမသိပါ။

"ကောင်လေး၊ မင်းက ငါ့ထက်တောင် ပိုပြီး ကြွားလုံးထုတ်တာပဲ"

နဂိုကတည်းကအူပွနေသော သုန်းကျန်းဟဲက ဒေါသတကြီးမှတ်ချက်ချ၏။

သို့သော် မူလနတ်ဘုရားက ဂန္ဓဝင်အဆင့် နတ်ဘုရားနှစ်ပါးကို ပုံရိပ်ဖော်ဖန်တီးခဲ့သည်ကို စဉ်းစားလိုက်သောအခါ သူ့တွင် ခေါင်းကိုက်ချင်သွားသည်။

သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် အစွမ်းထက်သော နတ်ဘုရားတစ်ပါးကို ပုံဖော်ဖန်တီးရပေတော့မည်။

ဒါပေမဲ့ ငါကဘယ်သူ့ကိုဖန်တီးရမှာလဲ ၊ ဂန္ဓဝင်အဆင့်မပြောနဲ့ ထူးခြားအဆင့်တောင် မတွေ့သေးဘူး။

သုန်းကျန်းဟဲက ခေါင်းကိုက်ရုံသာမက ဖျားပင်ဖျားချင်လာ၏။

ဒီကောင့်ပါရမီက လွန်လွန်းတယ် ။

အဖွဲ့ထဲရှိ အခြား ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်ကို ဝိုင်းဝန်းမြှောက်ပင့်နေကြ၏။

"မူလနတ်ဘုရား၊ နောင်လာမယ့် အနာဂတ်မှာ ကျွန်တော်တို့ကို မေ့မထားပါနဲ့"

"အကြီးအကဲကတော့ အကြီးအကဲပါပဲ၊ ဂန္ဓဝင်အဆင့်တွေကိုတောင် မကျေနပ်နိုင်ဘူး"

"ဧကန္တ ဒဏ္ဍာရီအဆင့်ကိုများ ဖန်တီးပြမလို့လား"

သူတို့ထဲမှအများစုသည် ကျိယွမ်၏ စကားများကို အလေးအနက် မထားခဲ့ကြပေ။

သူတို့၏ဗဟုသုတရ နှစ်ပေါင်းများစွာ ကြာပြီးနောက် စစ်မှန်နတ်ဘုရားအနည်းငယ်သာ ပုံရိပ်ဖော်ရန် ကျန်ရှိတော့သည်။

မရှာဖွေရသေးသော ဂန္ဓဝင်အဆင့်အချို့ ကျန်ရှိနေနိုင်သေး၏။ထို့ကြောင့်လည်း မူလနတ်ဘုရားက ဂန္ဓဝင်အဆင့်နှစ်ပါးကို ကံကောင်းစွာ တွေ့ရှိပြီး ဖန်တီးနိုင်ခဲ့ခြင်းပင်။

သို့သော် ဒဏ္ဍာရီအဆင့်များကတော့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများဖြစ်ပြီး၊ အားလုံးနီးပါးကိုလည်း အစွမ်းထက်သူများက ပုံရိပ်ဖော်ဖန်တီးပြီးသားဖြစ်၏။

ကျန်ရှိနေသေးလျှင်ပင် အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး တစ်ကြိမ် ပုံရိပ်ဖော်ဖန်တီးတိုင်း တစ်ပါး လျော့နည်းသွားလိမ့်မည်။

ဒဏ္ဍာရီအဆင့် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ရှာဖွေတွေ့ရှိလိုက်သည်နှင့် ထိုပုံရိပ်ကို ဖန်တီးသူသည် ချက်ချင်းဆိုသလို ခရမ်းရောင်နန်းတော်အထွတ်အထိပ် အဆင့်သို့ရောက်ရှိကာ သင့်လျော်သော ရတနာသာရှိပါက စစ်မှန်နတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်နိုင်ပြီး စစ်မှန်နတ်ဘုရားတစ်ပါးအစွ ဖြစ်လာနိုင်ကြောင်းကိုတော့ အားလုံးသိလေသည်။

"ကံမကောင်းတာက ကျွန်တော့်မှာ မိစ္ဆာနတ်ဘုရားစွမ်းအား အလုံအလောက် မရှိသေးပါဘူး။ ဒီတစ်ခါတော့ အရင်ကထက် နည်းနည်းပိုအစွမ်းထက်တဲ့ နတ်ဘုရားရဲ့ နောက်လိုက်ဇာတ်ကောင်ကိုပဲ ပုံရိပ်ဖော်နိုင်တော့မယ်"

ကျိယွမ်က စိတ်ညသ်နေသလို ညည်းညူ၏။

"နောက်လိုက်ဇာတ်ကောင် ၊ ဂန္ဓဝင်အဆင့်ပဲလား၊ မူလနတ်ဘုရားက နောက်ပြောင်နေတာပဲ ဖြစ်ရမယ်၊ ဂန္ဓဝင်အဆင့်တွေက အဲဒီလောက်ပေါများနေတာမှ မဟုတ်တာ"

နဂါးနတ်ဘုရားက မနေနိင်စွာ မှတ်ချက်ချသည်။

အဖွဲ့ထဲရှိ လူတိုင်းက ကျိယွမ်နောက်ပြောင်နေသည်ဟု ထင်ကြသည်။

ထိုအချိန်တွင် ကျိယွမ်သည် ဝေဖန်မှုများကို လျစ်လျူရှုကာ ပုံရိပ်ဖော်တောင်သို့ ဝင်ရောက်လိုက်၏။

"အခုတစ်ခါ ငါဘယ်သူ့ကို ပုံရိပ်ဖော်ရင်ကောင်းမလဲ"

သူသည် ကောင်းကင်ဘုံနတ်မင်းလေးပါးကို ဖန်တီးချင်နေခဲ့သည်။

သို့သော် ကမ္ဘာပေါ်တွင် ကောင်းကင်ဘုံနတ်မင်းလေးပါး၏ ပုံစံများစွာ ရှိနေသဖြင့် သူရွေးရခက်နေသည်။

ထို့ပြင် ထိုနတ်မင်းလေးပါးတွင် "အဆင့်မြင့် စစ်ဆေးသူများ" ဟူသော နာမည်ပြောင်တစ်ခုလည်း ရှိနေ၏။

သူတို့အား အနိုင်ယူနိုင်သူတိုင်းသည် အမှန်တကယ် အစွမ်းထက်သော နတ်အဖြစ် သတ်မှတ်ခံရသည်။

ဥပမာအားဖြင့်၊ A Chinese Odyssey ရုပ်ရှင်ထဲတွင် ကောင်းကင်ဘုံနတ်မင်းလေးပါးကို လှည့်ပတ်ကစားခဲ့သည့် ကျိရှာနတ်သမီး။

The Lotus Lantern ရုပ်ရှင်ထဲတွင် ကောင်းကင်ဘုံနတ်မင်းလေးပါးနှင့် တိုက်ခိုက်ခဲ့သည့် ချန်ရှန်။

Journey to the West တွင်ပင် စွန်းဝူခုန်းသည် ကောင်းကင်ဘုံနတ်မင်းလေးပါးနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

ထိိုနတ်မင်းလေးပါးသည် မကြာခဏ ရှုံးနိမ့်ပြီး နောက်ခံဇာတ်ကောင်များအဖြစ်သို့ လျှောကျသွားလေ့ရှိသော်လည်း သံသယဖြစ်ဖွယ်မရှိ အစွမ်းထက်ကြသူများပင်။

သူတို့ထဲက တစ်ပါးကိုဖန်တီးမယ်၊ ငါ့မှာရှိတဲ့ မိစ္ဆာနတ်စွမ်းအားက တစ်ပါးစာတော့ ရမှာပါ။

"ကိုယ်ခန္ဓာက အဖြူရောင်၊ ခရမ်းရောင် ဆံပင်ရှိပြီး ဒေါသထွက်နေသော အမူအရာ"

"ကောင်းကင်ဘုံ ဝတ်ရုံ၊ အနီရောင် သံချပ်ကာနှင့် ဦးထုပ်ကို ဝတ်ဆင်ထားပြီး စောင်းကို ကိုင်ဆောင်ထားတယ်"

ကျိယွမ်သည် သူ၏မှတ်ဉာဏ်ထဲတွင်ရှိသော ကောင်းကင်ဘုံနတ်မင်းကြီးလေးပါးထဲမှ အရှေ့အရပ်ကိုစောင့်ရှောက်သော ချီကော်ထျန်းဝမ်ကို ပုံရိပ်ဖော်ရန်စတင်လိုက်သည်။

ကျိယွမ်၏ စိတ်ထဲတွင် စောင်းတစ်ခုကို ကိုင်ဆောင်ထားသည့် ကြောက်မက်ဖွယ်ကောင်းပြီး ခန့်ညားထည်ဝါသော နတ်ဘုရားတစ်ပါး ပေါ်လာတော့သည်။

သူကဂီတသံများ တီးခတ်လိုက်ရုံနှင့်

မိစ္ဆာများကို နှင်ထုတ်နိုင်ပြီး စည်းမျဥ်းများ၏စွမ်းအားကို ထိန်းသိမ်းထားသကဲ့သို့ ရှိသည်။

ကျိယွမ်က ထိုနတ်ဘုရားကိုမြင်သော သူ၏ဆိုနာအဖွဲ့တွင် ထည့်သွင်းရန်ပင် တွေးမိလေ၏။

ထို့နောက် သူသည် ပုံရိပ်ဖော်တောင်၏စစ်ဆေးမှုများကို အမြုတေအစွမ်းဖြင့် တစ်ပတ်ရိုက်ကာ လိမ်လည်ကျော်ဖြတ်လိုက်သည်။

အားလုံးပြီးဆုံးသွားသည်နှင့် တပြိုင်နက်

ပုံရိပ်ဖော်တောင်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်လာ၏။

ဤတစ်ကြိမ်တွင် ရွှေရောင်အလင်းတန်းများသာမက ရာနှင့်ချီသော ငှက်များ၏ သီချင်းသံလည်း ပါဝင်နေခဲ့သည်။

ထို့နောက် ရွှေရောင်တောက်ပနေသောနတ်ဘုရားပုံရိပ်ဖော်နည်းစနစ်တစ်ခုသည် ကျိယွမ်၏ လက်ထဲသို့ ကျရောက်လာတော့သည်။

ဤအချိန်တွင် စကားဝိုင်းအဖွဲ့သည်လည်း ဆူညံပွက်လောရိုက်သွား၏။

"ငှက်ရာပေါင်းများစွာရဲ့အသံလား၊ တစ်စုံတစ်ယောက်က ဒဏ္ဍာရီအဆင့်တစ်ပါးကို ပုံဖော်ဖန်တီးလိုက်ပြီ"

"ဒဏ္ဍာရီအဆင့်တွေက ဘယ်လိုလုပ် ကျန်ရှိနေသေးတာလဲ"

"ဒဏ္ဍာရီအဆင့်နတ်ဘုရားတစ်ပါးဆိုတော့ ဟုန်ထန်တိုက်ပွဲကြီးအတွင်းမှာ အစွမ်းထက်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့မှာ သေချာတယ်"

သူတော်စင်အဆင့်များကတော့ မူလကတည်းက တစ်ဒါဇင်ခန့်သာ ရှိ၏။

ဒဏ္ဍာရီအဆင့်များက ပိုများသော်လည်း ဒါဇင်ပေါင်းများစွာ သို့မဟုတ် အများဆုံး တစ်ရာသာ ရှိလိမ့်မည်။

ရရှိသမျှနိုင်သော ဒဏ္ဍာရီအဆင့်နတ်ဘုရားများကို ကြာမြင့်စွာကတည်းက ပုံဖော်ဖန်တီးပြီးသား ဖြစ်သည်။

ယခုအခါ ဒဏ္ဍာရီအဆင့်နတ်ဘုရားအသစ်တစ်ပါး ရုတ်တရက် ပေါ်လာသဖြင့် အဖွဲ့သားအားလုံးသည် အံ့အားသင့်တုန်လှုပ်သွားတော့သည်

"မူလနတ်ဘုရားက ဒဏ္ဍာရီအဆင့်တစ်ပါးကို ပုံဖော်လိုက်ပြီထင်တယ် "

အရုဏ်ဦးနတ်ဘုရားက မှတ်ချက်ချလိုက်သည်။

"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး"

သုန်းကျန်းဟဲမှာ လက်ခံနိုင်စွမ်း မရှိတော့ပါ။

ဒါက အရမ်းလွန်သွားပြီ ၊လူမှ မဟုတ်တော့တာ ။

ထိုအချိန်တွင် ကျိယွမ်သည် အဖွဲ့ထဲသို့ ပြန်လည်ဝင်ရောက်လာ၏။

အရုဏ်ဦးနတ်ဘုရား ပိုင်ရှီးက ချက်ချင်းမေးသည်။

"မူလနတ်ဘုရား ...ခုနက ဒဏ္ဍာရီအဆင့်နတ်ဘုရားက မင်းဖန်တီးလိုက်တာလား "

အခြားနတ်ဘုရားများသည် သူ၏ အဖြေကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြ၏။

"ဟုတ်ပါတယ်၊ ကျွန်တော် ကံကောင်းပြီး ပုံဖော်ဖန်တီးနိုင်သွားတာ"

အဖွဲ့ထဲရှိ ရှေးဟောင်းနတ်ဘုရားများသည် အသက်ကို ခက်ခက်ခဲခဲ မျိုချလိုက်ကြ၏။

"မင်းဘယ်သူ့ကို ပုံရိပ်ဖော်ဖန်တီးခဲ့တာလဲ"

နဂါးနတ်ဘုရားက တုန်လှုပ်စွာ မေးမိသည်။

ဒီလိုအဆင့်မြင့်တဲ့ နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ်ပြီး ကျန်နေသေးတာလဲ။

သူလုံးဝတွေးမရခဲ့ပါ။

"ကျွန်တော် အရှေ့ဘက်ကောင်းကင်ဘုံနတ်မင်း ချီကောထျန်းဝမ်ကို ပုံရိပ်ဖော်ခဲ့တာပါ"

ကျိယွမ်က ရိုးရိုးသားသားပင် ဖြေပေးလိုက်သည်။ သူက လိမ်နေစရာလည်း မလိုပါ။

အဖွဲ့ဝင်များမှာ ခေတ္တမျှတိတ်ဆိတ်ကာ ရှုပ်ထွေးသွားကြ၏။

"ဒီစစ်မှန်နတ်ဘုရားအကြောင်း ငါဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"

"ငါလည်း မကြားဖူးဘူး"

"မင်းတို့ရော ကြားဖူးလား "

အဖွဲ့သားများမှာ ဘယ်လိုပင်တွေးတွေး ပေါ်မလာသဖြင့် အလွန်စဥ်းစားရခက်နေကုန်သည်။

ထိုအခိုက် ကျိယွမ်က သက်ပြင်းချ၏။

"ကံမကောင်းတာက ကျွန်တော့်မှာ မိစ္ဆာနတ်ဘုရားစွမ်းအား အလုံအလောက် မရှိဘူး။ ဒါမှမဟုတ်ရင် သူ့ရဲ့ ကျန်တဲ့ ညီအစ်ကို သုံးယောက်ကိုလည်း ပုံရိပ်ဖော်နိုင်ခဲ့မှာ"

"သူ့မှာ ညီအစ်ကို သုံးယောက် ရှိသေးတာလား"

"သူတို့ရဲ့ နတ်စွမ်းအားတွေက ဘာတွေလဲ၊ပြိးတော့ သူတို့ နာမည်တွေကရော ဘာတွေလဲ"

ပိုင်ရှီက လျင်မြန်စွာ မေး၏။

သူသည် အရှေ့ဘက်ကောင်းကင်ဘုံနတ်မင်းဆိုသူသည် မည်သူဖြစ်သည်ကို သိချင်နေသည်။

ထိုနတ်ဘုရားအကြောင်းကို သူ၏ ညီအစ်ကိုများ၏ နာမည်များမှတဆင့် ရှာဖွေနိုင်မည်ဟု သူထင်မိလေသည်။

"ကျင်းကျန့်ထျန်းဝမ်၊ကွမ်မုထျန်းဝမ်၊ ထော်ဝင်ထျန်းဝမ် လို့ခေါ်ပါတယ် ၊သူတို့က ကောင်းကင်ဘုံနတ်မင်းလေးပါးလို့ လူသိများပြီး ခွန်အားကတော့ အဆင့်တူရှိကြပေမဲ့ အတော်အသင့်ပဲအစွမ်းထက်ကြတာပါ"

အဖွဲ့ဝင်များသည် ဒုတိယမ္ပိ တိတ်ဆိတ်ကုန်ကြသည်။

သူတို့သည် ထိုလေးပါးလုံးကို မည်သူမည်ဝါဖြစ်မှန်း လုံးဝ မသိကြပါ။

ထို့အပြင် မူလနတ်ဘုရားက အတော်အသင့်သာ ခွန်အားရှိကြသည်ဟု ဆိုနေပြန်သည်။

ဒဏ္ဍာရီအဆင့်က အတော်အသင့်လား။

အဲဒါဆို ထူးခြားအဆင့်တွေ ဂန္ဓဝင်အဆင့်တွေက စားပွဲထိုးတွေလုပ်စားရတော့မှာပေါ့။

"ဒါဆို မင်းမှာ ပုံရိပ်ဖော်ဖို့ နောက်ထပ်ဒဏ္ဍာရီအဆင့်နတ်ဘုရားသုံးပါး ကျန်သေးတယ်ပေါ့ ၊ ဟုတ်လား"

ပိုင်ရှီးက အံ့သြတကြီးမေးလိုက်သည်။

"ဟုတ်ပါတယ်"

"သေပြီပေါ့.."

အဖွဲ့ဝင်များသည် တတိယမ္ပိ တိတ်ဆိတ်သွားကြကုန်၏။

သုန်းကျန်းဟဲမှာ အလွန်တုန်လှုပ်သွားခဲ့သည်။

သေချာတယ် ဒီကောင်က လူမဟုတ်တော့ဘူး။

ပိုင်ရှီက အနည်းငယ်တွေးပြီးနောက်

"မူလနတ်ဘုရား ၊ လင်းတိုင်းပြည်ကနေ

ထွက်ခွာပြီး တခြားနေရာကို ဘာလို့ မသွားတာလဲ၊ မင်းရဲ့ အရည်အချင်းက အဲဒီနေရာမှာ အချည်းနှီးဖြစ်ဖို့ အရမ်းကို နှမြောစရာကောင်းပါတယ်။ ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့ကို ဘာလို့ မလာတာလဲ ၊ အဲဒီမှာ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကမင်းကို ဝင်ရောက်ဖို့ အကြံပြုပေးနိုင်ပါတယ်"

ပိုင်ရှီးသည် သူ့ကို စုဆောင်းရန် ကြိုးစားနေခြင်းပင်။

ဒဏ္ဍာရီအဆင့် နတ်ဘုရားလေးပါးကို ပုံဖော်ဖန်တီးနိုင်သည့် အလားအလာရှိသောသူသည် လူသားကမ္ဘာတစ်ခုလုံးတွင် အလွန်ရှားပါးလှသည် မဟုတ်ပါလား။

ဒဏ္ဍာရီအဆင့်လေးပါးကို ဖန်တီးနိုင်ခြင်းသည် မဟာအုပ်စိုးရှင်လေးပါးကို ဖန်တီးနိုင်ခြင်းပင်ဖြစ်၏။

မည်သူက တန်ဖိုးမထားဘဲ နေတော့မည်နည်း။

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အခု အလုပ်များနေပြီး တခြားဘယ်နေရာကိုမှ မသွားချင်သေးပါဘူး"

ကျိယွမ်က အနည်းငယ်ပြုံးကာ တိုက်ရိုက် ငြင်းပယ်လိုက်သည်။

ထို့မျှမက သူက စကားဝိုင်းထဲမှ ချက်ချင်းထွက်ခွာလိုက်သည်။

ဒီနည်းစနစ်နဲ့ သင့်တော်တဲ့သူကို ရှာရဦးမယ်။

တစ်ချိန်တည်းမှာပင် အရှေ့ဘက် ဝေးလံသော ဟူတိုင်းပြည်တွင် ဖြစ်သည်။

ပိုင်ရှီသည်လည်း စကားဝိုင်းထဲမှ ထွက်လိုက်သည်။

သူ၏ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေ၏။

"ဒါက အစစ်အမှန် ပါရမီရှင်ပဲ"

ထိုသို့သော ပါရမီရှင်တစ်ဦးကို သူ၏ လက်ချောင်းများကြားမှ မည်သို့လွတ်မြောက်ခွင့် ပေးနိုင်ပါမည်နည်း။

သူသည် ခဏတာ စဉ်းစားပြီးနောက် သူ၏ အခန်းထဲတွင် အမွှေးတိုင်တစ်တိုင်ကို မီးညှိလိုက်တော့သည်။

ရုတ်တရက် ဆံပင်ဖြူအဘိုးအိုတစ်ဦး ပေါ်လာပြီး သူကကြင်နာသောအကြည့်ဖြင့် ပိုင်ရှီအား ကြည့်လေသည်။

"ပိုင်ရှီ .. မင်း ဘာလိုအပ်လို့လဲ"

ဆံပင်ဖြူအဘိုးအို မဟာအုပ်စိုးရှင်အဆင့်ရှိသည့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။

သူ၏ ပုံရိပ်ယောင်သက်သက်ကပင် နန်းတော်ကို အသက်ရှုကြပ်စေသော ဖိအားဖြင့် ပြည့်သွားစေသည်။

"ဆရာ၊ ကျွန်တော် တုနှိုင်းမဲ့ ပါရမီရှင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရပါတယ်"

ပိုင်ရှီးက ဆရာဖြစ်သူက်ု ရိုသေစွာဖြင့် မူလနတ်ဘုရားအကြောင်းကို ပြောပြလေသည်။

အလွန်တည်ငြိမ်နေသော ဆံပင်ဖြူအဘိုးအို၏ မျက်လုံးများသည် သိလိုစိတ်ဖြင့် တောက်ပလာ၏။

"ဒီလို အရည်အချင်းနဲ့… သူသာ ကြီးထွားလာရင် ကျွန်တော်တို့ စစ်မှန်နတ်ဘုရားအနည်းဆုံး ငါးဦး ပိုရနိုင်မယ်"

"ဆရာ၊ သူက လက်ရှိမှာ ကျရှုံးနေတဲ့ လင်းတိုင်းပြည်မှာ ရှိနေပါတယ်။ ကျေးဇူးပြုပြီး သူ့ကို လွတ်မြောက်အောင် ကူညီပေးပါ၊ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ရဲ့ ဘေးကင်းမှုကို ဂရုစိုက်ပေးပါ"

ပိုင်ရှီက ဆရာဖြစ်သူကို လေးစားစွာတိုကါတွန်းနေသည်။

ဆံပင်ဖြူအဘိုးအိုက သူ၏တပည့်အား ကြင်နာစွာကြည့်သည်။

"သူက တကယ်ပဲ အရည်အချင်းရှိပေမယ့်… ကံကြမ္မာ သားတော်နဲ့တော့ အလှမ်းဝေးနေတုန်းပဲ။ အခုချိန်မှာ ငါတို့အားလုံး ကံကြမ္မာသားတော်ကို ပြုစုပျိုးထောင်ဖို့ အာရုံစိုက်နေကြတာမို့ အခြားအားထုတ်မှုကို မပေးနိုင်သေးဘူး"

အဘိုးအိုက လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်၏။

မူလနတ်ဘုရား၏ အရည်အချင်းက ထူးခြားသဖြင့် သူ့ကို စိတ်ဝင်စားစေသည်မှာ အမှန်ပင်။

သို့သော် သူတော်စင်အဆင့်နတ်ဘုရားတစ်ပါးကို ပုံဖော်ဖန်တီးနိုင်သည့် ကံကြမ္မာသားတော်နှင့် နှိုင်းယှဉ်ပါက ထိုသူသည် လိုအပ်နေဆဲပင်။

"ဒါပေမယ့်…"

ပိုင်ရှီးသည် ထိုရလဒ်ကို မမျှော်လင့်ခဲ့သော်လည်း ဆရာဖြစ်သူ၏ ဦးစားပေးမှုကို နားလည်ခဲ့သည်။

"ဒါပေမယ့် ဆရာ၊ သူ့ရဲ့ အရည်အချင်းနဲ့ အလားအလာက တကယ်ကို ထူးခြားပါတယ်၊ ကျွန်တော့်ထက် အများကြီး သာပါတယ်"

သူက လက်မလျှော့ချင်သေးသဖြင့် သူကိုယ်တိုင်နှင်ပင် နှိုင်းယှဥ်ကာ တိုက်တွနိးမိသည်။

"ကံကြမ္မာသားတော်ကို မအောင်မြင်စေလို့ မရဘူး။ ပြီးတော့ သူက ကျရှုံးနေတဲ့ နယ်မြေမှာ ရှိနေတာမို့ ငါ အဲဒီကို သွားလို့ မရဘူး"

အဘိုးအိုက ဆက်ရှင်းပြသည်။

"ဒဏ္ဍာရီအဆင့်လေးပါးက အတော်လေး အထင်ကြီးစရာ ကောင်းပေမယ့်…ဒဏ္ဍာရီအဆင့်ဆယ်ပါးပေါင်းရင်တောင် သူတော်စင်အဆင့်တစ်ပါးနဲ့ မနှိုင်းယှဉ်နိုင်ဘူး"

(နတ်ဒေဝါအဆင့်ကို သူတော်စင်အဆင့်ဟု ပြောင်းလဲသုံးစွဲထားပါသည်)

"ဆရာ..."

ပိုင်ရှီးက ထပ်မံတိုက်တွန်းလိုသော်လည်း

အဘိုးက ဖြတ်ပြောလိုက်၏။

"မင်းက အရည်အချင်းရှိတဲ့သူတစ်ဦး ဆုံးရှုံးသွားတာကို မလိုချင်ဘူးဆိုတာ ငါသိပါတယ်။"

"မဟာအုပ်စိုးရှင်ရှန်လဲ့မှာ တပည့်မရှိဖြစ်နေတယ် ၊ ပြီးတော့ သူက ငါတို့လို ကံကြမ္မာ သားတော်ကိုလည်း ပြုစုပျိုးထောင်လို့ မရဘူး။ ဒီအကြောင်းကို သူ့ကို ငါ အကြောင်းကြားလိုက်မယ်"

အဘိုးအိုက သူတပည့်က်ု ဖြေသိပ်ပေးလိုက်သည်။

ထိုအခါမှ ပိုင်ရှီးသည် သက်ပြင်းချကာ စိတ်သက်သာရာရသွား၏။

"ကျေးဇူးတင်ပါတယ် ဆရာ။"

မဟာအုပ်စိုးရှင်ရှန်လဲ့သည် ဒဏ်ရာရထားပြီး သူ၏ဆရာလောက်ခွန်အားမကောင်းတော့သော်လည်း မဟာအုပ်စိုးရှင်တော့ ဖြစ်နေသေးသည် မဟုတ်ပါလား။

-----------------

All Chapters