သွေးဝိညာဉ်ရုပ်သေးနှင့် ဓားတန်ဆာ ကျောက်မျက်
Vol. 14 Ch. 131
ဝူယွမ်က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ဦးစွာ သိုလှောင်အိတ်ထဲထည့်ပြီးနောက် ပတ်ဝန်းကျင်ရှိ တိုက်ပွဲအခြေအနေကို စူးစမ်းလိုက်သည်။
ယနေ့ အဆောင်ရုပ်သေးဂိုဏ်းက သဏ္ဍာန်ပြောင်းအဆင့်အထက် ကျင့်ကြံသူအားလုံးကို စုဝေးထားပြီး အရေအတွက်အားဖြင့် ရာနှင့်ချီ၍ရှိသည်။
အဆောင်ရုပ်သေးဂိုဏ်း၏ အဓိကစွမ်းအားစုအကုန် ဤနေရာတွင် စုစည်းထားသည်ဟုပင် ဆိုနိုင်သည်။
ထို့ကြောင့် သူတို့အားလုံးကို သုတ်သင်ဖို့ အချိန်အနည်းငယ် လိုအပ်နေဆဲဖြစ်သည်။
သို့သော် ဤကမ္ဘာတွင် အားကောင်းသူကိုသာ လေးစားကြပြီး အင်အားကွာဟချက်ကို အရေအတွက်ဖြင့် မဖြည့်ဆည်းနိုင်ပေ။
သိုင်းမမဟာမိတ်နှင့် မုလဲ့တို့ကလည်း ကူးပြောင်းခြင်းအဆင့် အစောပိုင်း အကြီးအကဲများကို ခေါ်ဆောင်လာကြသည်။ အဆောင်ရုပ်သေးဂိုဏ်းတွင် အကြီးအကဲနှစ်ဦးနှင့် ဂိုဏ်းချုပ်ကို ဝူယွမ်ထိန်းထားသည်ဖြစ်၍ ကူးပြောင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူ ခြောက်ဦးက အဆောင်ရုပ်သေးဂိုဏ်းဝင်များကို အေးဆေးဖြေရှင်း နိုင်ကြသည်။
လင်းတုန်၏ တိုက်ပွဲကလည်း ချောမွေ့စွာ ဖြစ်ပွားနေခဲ့သည်။ ယခု သူ၏စွမ်းအင်အဆင့်က ကူးပြောင်းခြင်းအဆင့် အစောပိုင်းအထိ မြင့်တက်လာသဖြင့် သူနှင့်အဆင့်တူ လက်ယာအကြီးအကဲကို အေးဆေးတိုက်ခိုက်နေနိုင်သည်။
တိုက်ကွက်ဆယ်ခုမပြည့်မီတွင်ပင် လင်းတုန်က အနိုင်တိုက်လိုက်နိုင်ပီ ဖြစ်သည်။
သို့သော် ရှေးဟောင်းသွေးလင်းနို့နဂါးနှင့် တင်ရှားတို့၏ တိုက်ပွဲကတော့ နှေးကွေးနေသည်။ တင်ရှာက ကူးပြောင်းခြင်းအဆင့်အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး စွမ်းအားကြီးမားကာ အလွန်သတ်ရခက်သည်။
သို့သော် သူက သွေးလင်းနို့နဂါးကြီးထံမှ ဖြေးဖြေးခြင်း ဖိအားပေးခံနေရသည်။
ေနာက်ဆုံးတွင် တင်ရှားက မြေကြီးပေါ်တွင် လုံးဝချည်နှောင်ခံထားရပြီး ပျံတက်ရန် အခွင့်အလမ်းတစ်စုံတရာမျှ မရှိတော့ပေ။ ရှေးဟောင်းသွေးလင်းနို့နဂါးကြီးက ရိုင်းစိုင်းရက်ဆက် အင်အားကြီးမားလွန်းလှကာ အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ဒုက္ခရောက်နေသော တင်ရှာကို ဆက်တိုက်ခိုက်လိုက်သည်။
တင်ရှာက မျက်ခုံးများကျဉ်းလျက် ဝူယွမ်က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ယူသွားသည်ကို မြင်လျှင် သူ၏နှလုံးသား သွေးယိုစိမ့်နေသကဲ့သို့ ခံစားရသည်။
“မဟာရှေးဟောင်း ပင်လယ်အက်ကွဲကြောင်း တံဆိပ်”
တင်ရှာ အော်ဟစ်လိုက်သည်နှင့် ရုတ်တရက် သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအင်က ပြင်းထန်စွာ လှိုင်းထနေကဲ့သို့ လှုပ်ရှားလာပြီး ကြီးမားသော ယွမ်စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ လေဟာနယ်ပင် တားဆီးမရသော အားတစ်ခုက ပေါက်ကွဲထွက်တော့မည်ဟု ထင်ရသည်။
ထို့နောက် တောက်ပသော အလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တစ်ရာတောင် အရွယ်ရှိ ထူးဆန်းသော လက်၀ါးပုံစံတစ်ခုကို တိုက်ရိုက်ပေါင်းစည်းလိုက်သည်။
လက်၀ါးပုံစံဖြစ်ပေါ်လာသောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတစ်ခုက ပတ်ဝန်းကျင်သို့ ရိုင်းစိုင်းစွာ လှိမ့်ဝင်လာပြီး ပြင်းထန်သောလေပြင်းများ ချက်ချင်းပေါ်ပေါက်လာသည်။
အလင်းတံဆိပ်အထက်တွင် ပင်လယ်လှိုင်းများ မှုန်ဝါးဝါးဖြင့် ပေါင်းစည်းလာသည်ဟုပင် ထင်ရသည်။
“ဒါက တင်ရှား နောက်ဆုံးအကြိမ် ရှေးဟောင်းကျောက်တိုင်ထဲ ၀င်တုန်းက ရခဲ့တဲ့ သိုင်းပညာဖြစ်မယ်။ ဒီလိုစွမ်းအားမျိုးနဲ့ဆို ဖန်တီးခြင်းအဆင့် သိုင်းပညာဘဲဖြစ်ရမယ်”
တင်ရှား၏ ကြောက်မက်ဖွယ်လက်၀ါးကြီးကို မြင်တွေ့ရသော ပတ်ဝန်းကျင်ရှိ လူအားလုံး အတော်လေး အံ့အားသင့်သွားကြသည်။
ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးက ဖန်တီးခြင်းအဆင့် သိုင်းပညာကို ထုတ်လွှတ်လိုက်ခြင်း။ ထိုစွမ်းအားက စင်စစ်အားဖြင့် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
“မဟာရှေးဟောင်း ပင်လယ်အက်ကွဲကြောင်း တံဆိပ်လား။ ဒါက ဖန်တီးခြင်းအဆင့်ကို မမှီသေးတဲ့ ကြိုတင်ဖန်တီးခြင်းအဆင့် သိုင်းပညာပဲ၊ ဖန်တီးခြင်းအဆင့် မဟုတ်ဘူး”
ဝူယွမ်က ခေါင်းညိတ်လျက်သာ ကြည့်နေပြီး ရှေးဟောင်းသွေးလင်းနို့နဂါးကို ကူညီရန် ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။
သူသည်လည်း ဤသိုင်းပညာကို သိထားသည်။ ယင်းကို မဟာရှေးဟောင်း ဧကရာဇ်ထဲကြမ်းတွင် မှတ်တမ်းတင်ထားပြီး မဟာရှေးဟောင်းဧကရာဇ်ကိုယ်တိုင်က ဖန်တီးခဲ့ခြင်းဖြစ်သည်။
တင်ရှာ၏တံဆိပ်က ရှေးဟောင်းသွေးလင်းနို့နဂါးကို နောက်တွန်းထုတ်လိုက်နိုင်ပြီး သူက ချက်ချင်းပင် အခြားထူးဆန်းသော သိုင်းပညာတစ်ခုကို ဆက်လက်ထုတ်လွှတ်လိုက်သည်။
“အေဆာင်ရုပ်သေး နတ်ဆိုးအရိုးစု”
သူက ဟစ်ကြွေးလိုက်ပြီး အသံထဲတွင် နာကျင်နေသည့်ဟန် အနည်းငယ် ပါဝင်လာသည်။ ထို့နောက် အနက်ရောင်အငွေ့များက သူ့ခန္ဓာကိုယ်ထဲမှ အဆုံးမရှိ ပန်းထွက်လာသည်။
အနက်ရောင်အငွေ့များက အလွန်လျင်မြန်စွာ ပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာဘဲ တင်ရှာ၏ဦးခေါင်းပေါ်တွင် ကြီးမားသော အနက်ရောင်အရိုးစုတစ်ခု ပေါင်းစည်းလာသည်။
ဘုန်း
အနက်ရောင်အရိုးစုဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းသွေးလင်းနို့နဂါးဆီသို့ ပြေး၀င်တိုက်ခိုက်တော့သည်။
နောက်ဆုံးတွင် သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်နိုင်လိုက်သည်နှင့် တင်ရှာက ချက်ချင်းပင် လေထဲသို့ ပျံတက်လိုက်သည်။
“အဆောင်ရုပ်သေးဂိုဏ်း ကျွမ်းကျင်သူအားလုံး ငါ့စကားကို နားထောင်ကြ။ ဂိုဏ်းကာကွယ်ရေး အစီအရင်ပုံစံကို အသက်သွင်း”
ဂိုဏ်းက အရေးကြီးသော အခြေအနေထိ ရောက်ရှိလာပြီဖြစ်ရာ သူ တွေဝေမနေတော့ကေ။
အဆောင်ရုပ်သေးဂိုဏ်း၏ အသက်ရှင်ကျန်ရစ်နေသူအားလုံးက သူ့ဟစ်ကြွေးသံကို ကြားသည်နှင့် အဆောင်ရုပ်သေးမြို့ရှိ ေနရာအရပ်ရပ်မှ လှိုင်းလုံးကြီးများသဖွယ် ပေါ်ထွက်လာကြသည်။
ထို့နောက် သူတို့အားလုံးက လက်သီးများဖြင့် မြေကြီးကို ရိုက်နှက်လိုက်ကြသည်။
ဂျိန်းဂျိန်း၊
ကြီးမားသော ယင်တောင်ထိတပ်တစ်ခုလုံး ရုတ်တရက် ပြင်းထန်သော တုန်ခါမှုများ ထုတ်လွှတ်လာပြီး ငလျင်ထက် ပိုမိုထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။ မရေမတွက်နိုင်သော ကျောက်တုံးကြီးများ တောင်ထိပ်မှ လိမ့်ဆင်းလာကာ အဆောင်ရုပ်သေးဂိုဏ်းနှင့်တစ်ခုလုံးနှင့် အဆောင်ရုပ်သေးမြို့တစ်ခုလုံး ရှုပ်ထွေးသွားသည်။
တောင်ထိပ်ပေါ်ရှိ မြေပြင်က တိုက်ရိုက်ပေါက်ကွဲထွက်လာပြီး ကြီးမားသော အလင်းတိုင်များက မြေကြီးကို ထိုးဖောက်ကာ နောက်ဆုံးတွင် အံ့အားသင့်ဖွယ် အလျင်ဖြင့် ယင်တောင်ထိပ်ပေါ်တွင် စုဝေးလာကာ တိုတောင်းသော အချိန်တိုလေး အတွင်းမှာပင် အတိုင်းအဆမဲ့သော ကျယ်ပြန့်သည့် အစီအရင်ပုံစံတစ်ခုက ကောင်းကင်ကို လွှမ်းခြုံလိုက်သည်။
မြို့တွင်းရှိ လူများက ဘာတွေဖြစ်နေမှန်း အတိအကျမသိကြသေးဘဲ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြသည်။ အဆောင်ရုပ်သေးဂိုဏ်းက ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုပင် အသက်သွင်းလိုက်ပီ ဖြစ်ရာ ယင်းက အဆောင်ရုပ်သေးဂိုဏ်း အသက်ဘေးအန္တရာယ် ကြုံတွေ့နေရပီ ဖြစ်ကြောင်း သိသွားကြသည်။
ရန်သူတွေက ဘယ်လောက်တောင်စွမ်းအားကြီးလို့လဲ
ထိုအစီအရင်ပုံစံက အလွန်ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည်။
အင်ပါယာရုပ်သေးဂိုဏ်းက ဝမ့်လွန်ပြည်နယ်ရှိ ထိပ်တန်းအင်အားစုသုံးခုအနက် တစ်ခုဖြစ်သည်။ အကယ်၍ သူတို့တွင် လျှို့ဝှက်လက်နက်တစ်ခုခုသာ မရှိခဲ့ပါက အခုအချိန်ထိ ထိပ်တန်းအင်အားစုသုံးခု နေရာကို သိမ်းပိုက်ထားနိုင်မည် မဟုတ်ပေ။
အစီအရင်ပုံစံ အသက်၀င်လာတာကို မြင်လိုက်သည်နှင့် မုလဲ့နှင့် သိုင်းအဖွဲ့ချုပ်တို့ နှစ်ဦးစလုံး မျက်နှာအရောင်များ ပြောင်းသွားကြသည်။
တင်ရှားက အစီအရင်ပုံစံအောက်သို့ ပျံတက်သွားပြီးဖြစ်ပြီး အားကောင်းသော အစီအရင်ပုံစံစွမ်းအားက ယခုအခါ သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေလေသည်။ အစီအရင်မှ အရောင်စုံအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းသွေးလင်းနို့နဂါးကို ထိမှန်သွားသည်။
“ဝေါင်းး”
ရှေးဟောင်းသွေးလင်းနို့နဂါးက ညည်းညူသံထွက်လျက် အစီအရင် အလင်းတန်းမှ နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။ ေသွးလင်းလို့နဂါးက ယခုအခါ တင်ရှာအနားသို့ အလွယ်တစ်ကူ ချဉ်းကပ်ရန် မဝံ့ရဲတော့ဘဲ။ တင်ရှာအနားတွင်သာ ပတ်ပျံနေလေသည်။
“ဝူယွမ်၊ မင်းက ရတနာကို ယူပြီးသွားပြီ။ အခု နောက်မဆုပ်သေးဘူးလား။ မဟုတ်ရင် ငါတို့နှစ်ဦးစလုံး အဆုံးအရှုံးများလိမ့်မယ်၊ အဲ့တာ ဘယ်သူ့အတွက်မှ မကောင်းဘူး”
တင်ရှားက ဝူယွမ်ကို အော်ဟစ်လိုက်သည်။ သူက ယခုအခါ လမ်းဆုံးသို့ရောက်နေပီဖြစ်ကာ ဒဏ်ရာ အပြင်းအထန်ရနေပြီး ထို့ထက်ပိုမိုအားကောင်းသော ဝူယွမ်ကို မဆိုထားနှင့် ရှေးဟောင်းသွေးလင်းနို့နဂါးကို ရင်ဆိုင်ရန်ပင်ခက်ခဲနေသည်။ ထို့ကြောင့် သူက အစီအရင်၏စွမ်းအားကို အသုံးပြုကာ ဝူယွမ်အား ဆုတ်ခွာသွားအောင် ဖိအားပေးခြင်နေသည်။
ထိုစကားကို ကြားသည်နှင့် မုလဲ့နှင့် သိုင်းမဟာမိတ်တို့၏ မျက်နှာအရောင်များပြောင်းသွားပြီး ဝူယွမ်သည် တင်ရှာ၏အခြေအနေကို သဘောတူမည်ကို စိုးရိမ်ကြောင့်ကြစွာဖြင့် ဝူယွမ်ကို ကြည့်နေကြသည်။
ယခုအခါ သူတို့က အဆောင်ရုပ်သေးဂိုဏ်းကို တိုက်ခိုက်ပြီးဖြစ်ရာ အကယ်၍ ဝူယွမ်သာ ယနေ့ အဆောင်ရုပ်သေးဂိုဏ်းကို အမြစ်ဖြတ်ရန် မကူညီဘဲ တင်ရှားကို လွှတ်ပေးလိုက်ပါက ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် တင်ရှား၏စွမ်းအားဖြင့် သူက ဝမ့်လွန်ပြည်နယ်တွင် လက်ဝါးကြီးအုပ်မည်မှာ သေချာပြီး သူတို့အတွက် အခက်အခဲဖြစ်စေမည်။
လူတိုင်းက ဝူယွမ်၏ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။
သို့သော် ဝူယွမ်က ပြက်ရယ်ပြုလျက် မထီမဲ့မြင်ပြုသည့်အသံဖြင့် ပြောလိုက်သည်၊
“နှစ်ဦးစလုံး ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးမယ်လား။ မင်းမှာ အဲ့လိုလုပ်နိုင်လောက်အောင် ထိုက်တန်တဲ့အရည်အချင်း ရှိရဲ့လား”
ယခုအချိန်ထိ တင်ရှားက ဝူယွမ်ကို လှည့်စားရန် ကြိုးစားနေဆဲဖြစ်သည်။ သူက သူ့သားကို သတ်ပြီးဖြစ်ရာ မည်သို့လွှတ်ပေးနိုင်မည်နည်း။
ယနေ့ အဆောင်ရုပ်သေးဂိုဏ်းကို သုတ်သင်ပစ်မှရမည်ဖြစ်သည်။
“ဂိုဏ်းကာကွယ်ရေး အစီရင်လေးဘဲ မဟုတ်လား။ ငါ ဓားတစ်ချက်နဲ့ ချိုးဖျက်ပြမယ်၊ သေချာ ကြည့်နေစမ်း”
ဝူယွမ်က ပြောပြီးသည်နှင့် သူ့ဝမ်းဗိုက်အတွင်းရှိ ယွမ်ဒန်အောက်မှ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားက တုန်ခါနေပြီး သူ့ပိုင်ရှင်၏ ခေါ်သံကို တုန့်ပြန်ရန် စိတ်အားထက်သန်နေကာ သူ၏ခန္ဓာကိုယ်မှ ပျံသန်းထွက်လာသည်။
ယခုအခါ အဆောင်ရုပ်သေးဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်က အဓိကအားဖြင့် ကာကွယ်ရေးအတွက်ဖြစ်ပြီး လက်ယာအကြီးအကဲနှင့် လက်ဝဲအကြီးအကဲတို့မရှိတော့ဘဲ ကျင့်ကြံသူများစွာက ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ တန်ပြန်တိုက်ခိုက်ခံရကြောင့် သေဆုံးသွားပြီဖြစ်ရာ အစီအရင်၏စွမ်းအားသည် ယခင်က သွေးအခင်းအကျင်း ပုံစံကြီးလောက် အားမပျင်းတော့ပ။
ဓားကိုထဲလက်တွင် ကိုင်ထားရင်း ဝူယွမ်က ချက်ချင်းပင် ယွမ်စွမ်းအင်ကို မိုးကြိုးဝိညာဉ် ကောင်းကင်ဓားပေါ်သို့ စုစည်းလိုက်သည်။
မြေကြီးအဆင့် ဝိညာဉ်ရတနာလက်နက်နှင့် နှိုင်းယှဉ်နိုင်သော ကောင်းကင်ဓားက ဖျက်ဆီးခြင်း စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီး မိုးကြိုးရူန်း၏ စွမ်းအင် သက်ရောက်မှုကို ကောင်းကင်ဓား အပေါ်တွင် အသုံးချလိုက်သည်။
“ ကောင်းကင်ဓား ခုတ်လဲချလိုက်”
ဝူယွမ်က ဟစ်ကြွေးလိုက်ပြီး မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ခုတ်ချလိုက်သည်။ ဓားအရိပ်က အဆုံးမရှိ ရှည်လျားသွားကာ ကောင်းကင်ကို တိုက်ရိုက်ခုတ်လှဲလိုက်သကဲ့သို့ အစီအရင်ပုံစံကြီးက ချက်ချင်းပင် ကြီးမားသော အက်ကြောင်းတစ်ခုဖြင့် ခွဲထုတ်ခံလိုက်ရသည်။
ချက်ချင်းပင်။
ဂျလွတ်ဂျလွတ်ဂျွတ် ဂျိန်း။
မိုးကြိုးသံများ မြည်လာကာဓားပေါ်ရှိ မိုးကြိုးရူန်းက ကောင်းကင်အမြင့်မှ ကောင်းကင်မိုးကြိုးကို ဆွဲချလိုက်ခြင်းက ဝူယွမ်ကိုပါ အံအားသင့်စေခဲ့သည်။
ထူထဲသော ခရမ်းရောင်မိုးကြိုးတစ်ချောင်းက ကောင်းကင်မြင့်မှ ကျရောက်လာသည်။
ယင်းသည် ဝူယွမ်နှင့် တင်ရှားတို့ဆီ တိုက်ရိုက် တိုး၀င်လာခဲ့သည်။
“မဖြစ်ရ”
တင်ရှားအလွန်အမင်း ထိတ်လန့်သွားသည်။ သူ့ကျင့်စဉ်နည်းစနစ်က မူလအားဖြင့် အဆောင်နှင့်ယင်ဓာတ် ဖြစ်ပြီး အလောင်ကောင်ကဲ့သို့ အငွေ့အသတ် ရှိသည့်အတွက် မိုးကြိုးကို အကြောက်ဆုံးဖြစ်သည်။
ဂျိန်းဂျိန်း၊
မိုးကြိုးကျရောက်လာခဲ့ပြီး တင်ရှာ၏ခန္ဓာကိုယ်ကို တိုက်ရိုက် လောင်ကျွမ်းသွားသည်။
ကူးပြောင်းခြင်းအဆင့် အထွတ်အထိတ်တွင် ရှိသော်လည်း သူက ဤကောင်းကင်မိုးကြိုး စွမ်းအားကို ခံနိုင်ရည်မရှိပေ။ မိုးကြိုးအောက်တွင် သူ၏ယွမ်စွမ်းအင်က အကောင်းဆုံးလောင်စာဖြစ်သွားပြီး ခဏအတွင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး မီးဆွဲသွားကာ မည်းမှောင်သွားသည်။
ယင်းနှင့်ဆန့်ကျင်ဘက် မိုးကြိုးထိမှန်ခံရသည့် ဝူယွမ်ကတော့ ထိခိုက်ဒဏ်ရာတစ်ခုတောင်မရဘဲ မိုးကြိုး၏စွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။
သူ၏ကိုယ်ခန္ဓာက အလွန်ခိုင်မာသောကြောင့် ကိုယ်ခန္ဓာမာကျောရေးကို အထူးပြုသော မုလဲ့နှင့် အခြားမဟာနတ်ဆိုးဂိတ်မှလူများပင် ပုံမှန်မဟုတ်ကြောင်း အော်ဟစ် ပြောဆိုမိသွား ကြသည်။
အား... အား... မိုးကြိုးဒဏ်အောက်တွင် တင်းရှားက ညည်းညူရင်း နာကျင်စွာသေဆုံးသွားရသည်။
အခုလေးတင် အသက်သွင်းလိုက်သော ဂိုဏ်းကာကွယ်ရေး အစီအရင်ပုံစံလည်း အတင်းအဓမ္မ ချိုးဖျက်ခံလိုက်ရသည်။
“ဂိုဏ်းချုပ်ကြီး”
ထိုင်မြင်ကွင်းကိုကြည့်ရင်း အဆောင်ရုပ်သေးဂိုဏ်းဝင်များက အော်ဟစ်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။ တစ်ဦးချင်းစီက သူတို့၏ကျောရိုး ဆုံးရှုံးသွားသကဲ့သို့ ခံစားနေကြရသည်။
“ဒီနေ့ကစပြီး အဆောင်ရုပ်သေးဂိုဏ်း ရှိတော့မှာမဟုတ်ဘူး။ ဂိုဏ်းချုပ်ကြီးမု၊ အဖွဲ့ချုပ်ကြီးဝူ၊ ကျန်တာတွေကို ဒီနှစ်ဦးကို လွှဲအပ်တယ်”
ဝူယွမ်က ကောင်းကင်မှ သူတို့ကို ပြောလိုက်သည်။
“ညီလေးယွမ်၊ စိတ်ချထားလိုက်ပါ။ ဒီလို သေးငယ်တဲ့ ရှင်းလင်းရေးအလုပ်မျိုးအတွက် မင်းကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး”
“သတ်ပစ်လိုက်”
မုလဲ့နှင့် သိုင်းမဟာမိတ်အဖွဲ့က ဝူကျောင်းတို့က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။ လူခြောက်ဦးက ယင်ရုပ်သေးမြို့ နယ်မြေတွင် ယင်ရုပ်သေးဂိုဏ်း ၀င်များကြားထဲ ၀င်ရောက်သွားပြီး သွေးချောင်းစီး သတ်ဖြတ်မှု စတင်လေသည်။
မုချန်ချန်နှင့် ဝူစီတို့က သူတို့၏ဖခင်များနောက်သို့ လိုက်ပါသွားကြသည်။ တိုက်ပွဲတွင် ပါဝင်နေရင်း ဝူယွမ်နှင့် ဆက်ဆံရေးကောင်းမွန်စွာ ထိန်းသိမ်းရန် မည်သို့ဆောင်ရွက်ရမည်ကို သူတို့၏ဖခင်များနှင့် ဆွေးနွေးနေကြသည်။
ယခုအခါ ဝမ့်လွန်ပြည်နယ်တွင် အင်အားစုကြီးသုံးခုထက် ဝူယွမ်က အစစ်အမှန် သခင်ဖြစ်လာပီဖြစ်သည်။
“အစ်ကိုကြီး”
“အစ်ကိုကြီး”
လင်းတုန်နှင့် ရှောင်တျောင်းတို့ ဝူယွမ်ထံရောက်ရှိလာကြသည်။ ဝါးမျိုခြင်းဘိုးဘေးအဆောင်ရရှိပြီးနောက် သူတို့နှစ်ဦးစလုံး အလွန်ဝမ်းသာ နေကြသည်။
ဝူယွမ်က သူတို့အား ခေါင်းညိတ်ပြလျက် ရှေးဟောင်းကျောက်တိုင်ထဲ၀င်လို့ရသည့် လေဟာနယ်တံခါးပေါက်တစ်ခု ထွက်ပေါ်လာသည်။
“ဝင်လိုက်ပါ၊ သွေးလင်းနို့နဂါး”
ရှေးဟောင်းသွေးလင်းနို့နဂါးက သူ၏အတောင်ပံများကို ခက်လျက် အတွင်းပိုင်းသို့ ပျံသန်းဝင်ရောက်သွားသည်။
“သွားကြရအောင်၊ ဒီတောင်ထဲကို ဝင်ကြည့်ရအောင်။ ခုနကတည်းက အတွင်းပိုင်းမှာ တစ်ခုခုရှိပုံရတယ်”
ဝူယွမ်က ကောင်းကင်ပေါ်မှ ဆင်းလာသည်။ အဆောင်ရုပ်သေးဂိုဏ်း ဤနေရာတွင် ရတနာများ ဝှက်ထားသေးသည်ကို သူသိထားသည်။
ခုနက ကောင်းကင်မိုးကြိုးကျရောက်ချိန်တွင် ယင်တောင်ထိပ်ကို အက်ကြောင်းတစ်ခု ဖြစ်သွားစေခဲ့သည်။
ဝူယွမ်က ဓားဖြင့် လမ်းကြောင်းရှင်းလင်းပြီး အက်ကြောင်းမှတစ်ဆင့် တောင်အတွင်းသို့ ဝင်ရောက်ကာ မကြာမီ လျှို့ဝှက်တွင်းတစ်ခုကို တွေ့ရှိခဲ့သည်။
ထို့နောက် ယောက်ျားနှစ်ဦးနှင့် မြွေပါတစ်ကောင်က အနက်ရောင်တွင်းအတိုင်း လိုက်လာကြသည်။
ယခုအခါ အဆောင်ရုပ်သေးဂိုဏ်းဝင်များက ရှုပ်ထွေးနေကြပြီး ဤနေရာကို စောင့်ကြပ်မည့်သူ မည်သူမျှမရှိတော့ပေ။
တွင်းက လိုဏ်ဂူတစ်ခုနှင့် ဆက်သွယ်ထားကာ အေးစက်သောလေများ လိုဏ်ဂူအတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာသော်လည်း ဤအေးစက်သောလေက သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်မဝင်ရောက်နိုင်ဘဲ သူတို့က ကြီးမားသောတောင်အတွင်းသို့ ဆက်လက်တိုးဝင် လာနေကြသည်။
တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် သူတို့၏မြင်ကွင်းက ရုတ်တရက် ကျယ်ပြန့်လာပြီး ကျဉ်းမြောင်းသော လိုဏ်ဂူကပျောက်ကွယ်သွားပြီး အလွန်ကြီးမားသော ကျောက်လိုဏ်ဂူကြီးတစ်ခုက အစားထိုးပေါ်လာသည်။
သူတို့က အခြားကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်လာသကဲ့သို့ဖြစ်သည်။ ဤနေရာက အလွန်ထွန်းလင်း တောက်ပြောင်နေကာ မရေမတွက်နိုင်သော မီးပုလဲလုံးများကို ကျောက်လိုဏ်ဂူပတ်လည်တွင် ထည့်သွင်းထားပြီး နူးညံ့သောအလင်းက လှိုင်ဂူတစ်ခုလုံးကို လွှမ်းခြုံထားသည်။
အပြင်ဘက် ကျောက်ရင်ပြင်နှင့် ယှဥ်လျှင်တောင် ဤကျောက်လိုဏ်ဂူက တောင်ထိပ်ပေါ်ရှိ ရင်ပြင်ထက် အဆပေါင်းများစွာ ကျယ်ဝန်းပုံရသည်။
“အဆောင်ရုပ်သေးဂိုဏ်းမှာ ဒီလိုနေရာမျိုး ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်မိဘူး”
“ဒီနေရာရဲ့အခြေအနေကို ကြည့်ရရင် ဟိုအရင်ကတည်းက ရှိနေတာဖြစ်နိုင်တယ်။ အဆောင်ရုပ်သေးဂိုဏ်းကိုယ်တိုင် တူးဖော်ထုတ်ယူထားတဲ့ တွင်းလိုမျိုး မဟုတ်ဘူး”
“ရှေးဟောင်းဓားကျောင်းတော်လိုပဲ ရှေးဟောင်းဓားအစီရင်ပုံစံကို တွေ့ပြီးနောက် သူတို့ရဲ့ဂိုဏ်းကို တိုက်ရိုက်ထူထောင်ခဲ့တာဖြစ်နိုင်တယ်။ ဒီနေရာက အဆောင်ရုပ်သေးဂိုဏ်း တိုးတက်လာရတဲ့ အဓိက လျှို့ဝှက်ချက်ဖြစ်သင့်တယ်”
...သူတို့၏ အကြည့်များက ဗဟိုနေရာသို့ မြန်မြန်ဆန်ဆန် စုစည်းသွားပြီး ထိုနေရာတွင် ကြီးမားသော အနက်ရောင်အပေါက်တစ်ခု ရှိနေသည်။
အားကောင်းသော အေးစက်သည့်စွမ်းအင်များက ရေပူစမ်းကဲ့သို့ အနက်ရောင်အပေါက်ထဲမှ ပန်းထွက်လာသည်။ အဆောင်သေးဂိုဏ်းတစ်ခုလုံးရှိ အေးစက်သော စွမ်းအင်အားလုံး၏ အရင်းအမြစ်က ဤနေရာမှဖြစ်ကြောင်း ရှင်းလင်းနေသည်။
ရှောင်တျောင်း - “အစ်ကိုကြီး၊ အနက်ရောင်အပေါက်ထဲမှာ တစ်ခုခုရှိပုံရတယ်”
သူက ရုတ်တရက် အာရုံတစ်ခု ခံစားလိုက်ရပြီး ထိုခံစားချက်က အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေသည်။
ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက်ခုန်ချကာ အနက်ရောင်အပေါက်၏အစွန်းသို့ ဆင်းသက်လိုက်သည်။
လိုဏ်ဂူက လုံးဝမှောင်မည်းနေသော်လည်း သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိ အောက်တွင် အရာအားလုံးက ရှင်းလင်းနေခဲ့သည်။
အတွင်းပိုင်းတွင် သူ့တစ်ကိုယ်ထက်ပင် ပိုမိုထူထဲသော ကြီးမားသည့် သံကြိုးကြီးများရှိပြီး လိုဏ်ဂူနံရံများနှင့် ဆက်သွယ်ထားသည်။
အံ့အားသင့်စရာအကောင်းဆုံးမှာ ထိုသံကြိုးများပေါ်တွင် ထူးဆန်းသော ရူန်းများရှိနေခြင်းဖြစ်သည်။ ဤရူန်းများကြောင့် သံကြိုးများက ချက်ချင်းပင် ထူးဆန်းလာပြီး သိမ်မွေ့သော အလင်းမျှင်များက သူတို့ပေါ်တွင် ရှေ့နောက် ရွေ့လျားနေကာ အသိဉာဏ်ရှိသကဲ့သို့ ထင်ရသည်။
အဆောင်အစီအရင်ပုံစံ။
ဆက်လက်လည်ပတ်နေဆဲဖြစ်သော အဆောင်အစီအရင်ပုံစံ။
ယခင်က အဆောင်ရုပ်သေးဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ပုံစံထက်ပင် ပိုမိုအားကောင်းပြီး ရှုပ်ထွေးသည်။
“အစ်ကိုကြီး၊ ဒါလူလား”
လင်းတုန်က ဤသံကြိုးများ ဖြတ်သန်းဆက်သွယ်ထားသော ဗဟိုနေရာကို ကြောက်ရွံ့သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ထိုနေရာတွင် သွေးရောင်ပုံရိပ်တစ်ခုက လေထဲတွင် ခြေချိတ်ကာ ထိုင်နေသည်။
သူ၏လက်ချောင်းများမှ လည်ပင်းအထိ သံကြိုးများဖြင့် ချည်နှောင်ထားခံရပြီး သံကြိုးပေါ်ရှိ အလင်းက သွေးရောင်ပုံရိပ်ပေါ်သို့ စီးဆင်းတိုင်း သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။
သေနေပုံရသော်လည်း လုံးဝမသေသေးပေ။
သွေးရောင်ပုံရိပ်က မရေမတွက်နိုင်သော လတ်ဆတ်သည့်သွေးများ စွန်းထင်းနေသကဲ့သို့ထင်ရသည်။ ခြောက်သွေ့ကာ ကျွတ်တက်နေခြင်းမျိုးမဟုတ်ဘဲ စီးဆင်းနေသော သွေးများကဲ့သို့ဖြစ်နေသည်။
သူ၏ခန္ဓာကိုယ်က အံ့အားသင့်စဖွယ် ရိုင်းစိုင်းပြီး ဆိုးယုတ်သော အငွေ့အသက်များကို ဆက်လက်ထုတ်လွှတ်နေသည်။
“သွေးအနံ့က အတော်ပြင်းတာဘဲ ဆိုးယုတ်တဲ့ အငွေ့အသက်တွေ အားကောင်းလွန်းတယ်။ သူ့စွမ်းအားက တင်ရှားထက် အတော်လေး သာတယ်။ သူက နိဗ္ဗာန်အဆင့် မဟုတ်ေတာင် ခြေလှမ်း၀က်နိဗ္ဗာန် အဆင့်မှာ ရှိလောက်တယ်”
လင်းတုန်က အနည်းငယ်တုန်ရီနေကာ ပြောလိုက်သည်။ အကယ်၍ တင်ရှာသာ ဤအရာကို အစောပိုင်းက လွှတ်ပေးရန် အခွင့်အလမ်းရှိခဲ့ပါက သူတို့ အတော်လေး အခက်တွေ့သွားကြမည် ဖြစ်သည်။
ဝူယွမ် - “သူက အရင်က လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခု မဟုတ်တော့ဘူး”
ရှောင်တျောင်း - “ဒါက အဆောင်ရုပ်သေး၊ အသက်ရှင်နေသူတစ်ဦးကိုမှ သန့်စင်ထားတဲ့ အဆောင်ရုပ်သေးဘဲ။ ဒါက အဆောင်ရုပ်သေးတွေ ပြုလုပ်တဲ့နည်းတွေထဲမှာမှ အလွန်ရက်စက်တဲ့ နည်းလမ်းတစ်ခုဘဲ။ ဒီအဆောင်ရုပ်သေးက ဝိညာဉ်ရုပ်သေးအဆင့်ကို ရောက်သွားပြီ”
“အသက်ရှင်နေသူတစ်ဦးကို သန့်စင်ထားတာလား” လင်းတုန်၏မျက်လုံးများ ကျယ်လာသည်။
ရှောင်တျောင်း - “အဆောင်ရုပ်သေး ပြုလုပ်နည်းလမ်းအများကြီးရှိတယ်။ အဲ့ထဲက အဆိုးဆုံးနဲ့ အရက်စက်ဆုံးနည်းလမ်းတစ်ခုက အသက်ရှင်နေသူတစ်ဦးကို တိုက်ရိုက်သန့်စင်ပြုလုပ်ခြင်းဘဲ။ နည်းလမ်းက ရက်စက်ကြမ်းကြုတ်ပေမဲ့ အဲ့နည်းလမ်းနဲ့ သန့်စင်ထားတဲ့ အဆောင်ရုပ်သေးတွေက သူတို့ရဲ့ ဆိုးယုတ်တဲ့ အငွေ့အသက်တွေက အများအားဖြင့် အားကောင်းပြီး သူတို့ရဲ့ပိုင်ရှင်တောင် တန်ပြန်ထိမှန်နိုင်တယ်။ ဒါပေမဲ့ ပုံမှန်ရုပ်သေးတွေထက် ပိုအားကောင်းပြီး သွေးဝိညာဉ်ရုပ်သေးလို့ ခေါ်ကြတယ်။
ဒီဝိညာဉ်ရုပ်သေးရဲ့ ခန္ဓာကိုယ်ပေါ်က သွေးရောင်ကို ကြည့်လိုက်။ အားလုံးက ခဲနေတဲ့သွေးတွေပဲ။ ဒီအဆင့်ကိုရောက်ဖို့ ဒီဝိညာဉ်ရုပ်သေးဟာ အနည်းဆုံး လူပေါင်းတစ်သောင်းကို သတ်ပြီးမှရမယ်”
“ဝိညာဉ်ရုပ်သေးတွေက အနည်းဆုံး ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်နဲ့ ယှဉ်န်ုင်တယ်။ ဒီသွေးဝိညာဉ်ရုပ်သေးက အစီအရင်ပုံစံနဲ့ ဖိနှိပ်ခံထားရပေမဲ့ နိဗ္ဗာန်နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်တဲ့ လှိုင်းတွေကို ဆက်လက်ထုတ်လွှတ် နိုင်သေးတယ်ဆိုတော့ သူ့ရဲ့စွမ်းအားအစစ်အမှန်က နိဗ္ဗာန်အဆင့် တစ် မှာ ရှိသင့်တယ်
“သွေး၀ိညာဥ်အဆောင်ရုပ်သေးတွေက သူတို့ရဲ့လွန်လွန်ကြူးကြူး ဆိုးယုတ်တဲ့ အငွေ့သက်ရောက်မှုကြောင့် အသက်ရှင်နေသူတွေနဲ့ တွေ့သွားရင် သတ်ဖြတ်ခြင်းစက်ဝန်းတစ်ခု သေချာပေါက် ဖြစ်ပေါ်စေလိမ့်မယ်။ ဒါ့အပြင် သူတို့သတ်ဖြတ်တဲ့သူများလေ သူတို့ရဲ့သွေးစွမ်းအားပိုမိုကောင်းမွန်လာလေဖြစ်ပြီး သူတို့ရဲါစွမ်းအား တိုးတက်လာလေဘဲ။ အဲ့တာကြောင့် သေချာမထိန်းချုပ်နိုင်ရင် ဘေးအန္တရာယ်ကြီးတစ်ခုဘဲ။”
ရှောင်တျောင်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းတုန်နှင့် ဝူယွမ်တို့နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
ပိုမိုအားကောင်းလာရန် လူသားများက စင်စစ်အားဖြင့် ဘာမဆိုလုပ်ဆောင်ကြသည်။
ဤအရာင တင်ရှား ဤလူကို ဘာလို့ မလွှတ်ပေးရဲတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြနေသည်။ သွေးဝိညာဉ်ရုပ်သေးက ထွက်ပေါ်လာသည်နှင့် ပထမဆုံးထိခိုက်မည့်သူမှာ သူတို့၏အဆောင်ရုပ်သေးဂိုဏ်းဖြစ်ပြီး တင်ရှာကိုယ်တိုင်ပင် သွေးဝိညာဉ်ရုပ်သေး၏လက်ချက်ဖြင့် သေဆုံးရလိမ့်မည်။
လင်းတုန်က နောင်တရသည့်အသံဖြင့် ပြောလိုက်သည်၊ “ဒါဆိုရင် ဘာလုပ်ရမလဲ။ ဒီသွေးဝိညာဉ်ရုပ်သေးကို ဆက်ပြီး ဖိနှိပ်လို့ရဦးမလား”
“သေချာပေါက် ရတယ်။ ဒီလိုကောင်းတဲ့ လူသတ်သမားကို ဆုံးရှုံးရရင် မတန်ဘူး။ အရင်ဆုံး ရှေးဟောင်းကျောက်တိုင် အာကာသထဲကို ခေါ်သွင်းကြရအောင်”
ဝူယွမ်၏နှုတ်ခမ်းများက မထိန်းနိုင်သော ပြုံးရိပ်များဖြင့် ကွေးညွှတ်သွားသည်။ သူက ဤရတနာကို သေချာပေါက်စွန့်လွှတ်မည် မဟုတ်ပေ။
၎င်းက နိဗ္ဗာန်အဆင့် အဆင့်တစ် ဝိညာဉ်ရုပ်သေးတစ်ခုသာဖြစ်သည်။ ထိုရုပ်သေး လွတ်လာလျှင်တောင် သူနှိမ်နင်းနိုင်သေးသည်။ သူမတတ်နိုင်လျှင်လည်း ရုပ်သေးကို မဟာရှေးဟောင်းကျောက်တိုင် ထဲသို့ စုပ်ယူပြီး ချီရှင်အား ဤသွေးဝိညာဉ်ရုပ်သေးကို အတင်းအဓမ္မ နှိမ်နှင်းစေကာ သူက ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်လိမ့်မည်ဖြစ
ဆိုရသော်ာ် သူ့တွင် ထိုရုပ်သေးကိုခေါ်ဆောင်သွားရန် နည်းလမ်းများစွာ ရှိနေပြီဖြစ်သည်။
ဝူယွမ်က ဤနေရာရှိ ချိတ်ပိတ် အစီအရင်ပုံစံကို စူးစမ်းကြည့်ရန် စတင်ခဲ့သည်။
မည်သည့်တံဆိပ်ပုံစံမဆို လည်ပတ်ရန် စွမ်းအင်လိုအပ်ပြီး ဤတစ်ခုက တောင်အောက်မှ အေးစက်သောစွမ်းအင်ကို အသုံးပြု၍ အစီအရင်ပုံစံတစ်ခုလုံးကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
သူက အေးစက်သောစွမ်းအင်ဝင်ရောက်မှုကို တားဆီးရန်သာ လိုအပ်သည်။ စွမ်းအင်မရှိလျှင် အစီအရင်ပုံစံက အရင်းအမြစ်ကင်းမဲ့သွားလိမ့်မည်။
“ညီနှစ်၊ အဲဒီလိုဏ်ဂူဝင်ပေါက်ကို ပိတ်ပြီး အေးစက်တဲ့စွမ်းအင်တွေဝင်ရောက်မှုကို မဖြစ်အောင် တားဆီးလိုက်”
ဝူယွမ်က ညွှန်ကြားလိုက်သည်။
ထို့နောက် သူက သူ၏လည်ပင်းမှ ရှေးဟောင်းကျောက်တိုင် ပုံစံငယ်လေးကို ထုတ်ယူကာ ကျောက်တိုင်ဝိညာဉ်နှင့် ဆက်သွယ်ပြီး သွေးအဆောင်ရုပ်သေးကို လွှမ်းခြုံထားသော အလင်းတံခါးတစ်ခု ထုတ်လွှတ်လိုက်ခဲ့သည်။
လင်းတုန်ကလည်း လိုဏ်ဂူဝင်ပေါက်ကို ပိတ်ပြီးပီဖြစ်ကာ အေးစက်သောစွမ်းအင်ဝင်ရောက်မှုကို ရပ်တန့်လိုက်သည်။
ကြီးမားသော သံကြိုးကြီးများပေါ်ရှိ ရူန်းများက မှိန်ဖျော့လာပြီး သံကြိုးများအတွင်းရှိ အလင်းက တဖြည်းဖြည်း အားနည်းလာသည်။ ကြီးမားသော သံကြိုးကြီးများပေါ်တွင် သေးငယ်သော အက်ကြောင်းငယ်များ တဖြည်းဖြည်း ပေါ်လာပြီး သွေးဝိညာဉ်ရုပ်သေးက လှုပ်ရှားလာသည်။
သူ၏သွေးရောင်မျက်လုံးများက ရုတ်တရက် ကျဉ်းမြှောင်းသွားပြီး ရုပ်တုကဲ့သို့ဖြစ်နေသော သွေးရောင်အရိပ်က တုန်ခါလာသည်။
ဖိနှိပ်အားပျောက်ကွယ်သွားသောအခါ နောက်ဆုံးတွင် သူ၏ရိုင်းစိုင်းမှုကို ထုတ်ဖော်ပြသလိုက်သည်။ အဆုံးမရှိ ဆိုးယုတ်သော လှိုင်းများကဲ့သို့ ခံစားချက်တစ်ခုက သွေးရောင်အရိပ်အတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
“ကလန့်ကလန့်၊ ကလန့်ကလန့်”
သံကြိုးများကို ဆက်တိုက်ဆွဲငင်သံများ မြည်လာပြီး သွေးဝိညာဉ်ရုပ်သေး၏ လက်ချောင်းများကလည်း လှုပ်ရှားလာသည်။
သူ၏ဦးခေါင်းက ရုတ်တရက် မြှင့်တင်လာပြီး သွေးရောင်မျက်လုံးနှစ်လုံးက ပွင့်လာသည်။ မျက်လုံးများထဲတွင် ခံစားချက်မရှိဘဲ အဆုံးမရှိသော သွေး၊ ရူးသွပ်မှုနှင့် သတ်ဖြတ်မှုများသာရှိပြီး သားရဲတိရစ္ဆာန် တစ်ကောင်ကဲ့သို့ဖြစ်နေသည်။
”ဂီးဂီး”
သွေးဝိညာဉ်ရုပ်သေးက အမျက်ဒေါသထွက်လျက် သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသံများ ထွက်လာသည်။
သွေးရောင်မျက်လုံးများကလည်း ပိုပြင်းထန်လာပြီး ရုပ်သေး၏ခန္ဓာကိုယ်မှ အားကောင်းသောအား စွမ်းက တစ်ခုပေါ်ထွက်လာသည်။ အစွန်းအထိ ဝန်းရံထားသော သံကြိုးများက တစ်စစီ ပဲ့ထွက်သွားသည်။
သူ၏ခန္ဓာကိုယ်က သံကြိုးများမှ လုံးဝလွတ်မြောက်သွားပြီး ကမ္ဘာ့အဆိုးဆုံး ရက်စက်သောအလောင်းကောင် အတိုင်းဖြစ်သည်။ သူ၏သွေးရောင်မျက်လုံးများက ဝူယွမ်နှင့် လင်းတုန်တို့ကို စူးစိုက်ကြည့်နေခဲ့သည်။
“သွေး... ငါသွေးလိုချင်တယ်...”
ပြောဆိုနေစဉ်တွင် ယင်းက သူနှင့်အနီးဆုံးရှိ ဝူယွမ်ဆီသို့ သူ၏လက်များကို ဆန့်ထုတ်လိုက်သည်။
အသက်ရှင်နေသူများ၏ အနံ့ရလိုက်သောအခါ သွေးဝိညာဉ်ရုပ်သေးက ချက်ချင်းပင် သတ်ဖြတ်ခြင်း ခံစားချက်ထဲသို့ ဝင်ရောက်သွားသည်။
သူ၏သွေးစွန်းထင်းနေသော လက်က ရှေ့သို့ထိုးထွက်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အားကောင်းသည့် စွမ်းအင်ကို သယ်ဆောင်လာသည်။
“ရွှီရွှီ”
သို့သော် သွေးဝိညာဉ်ရုပ်သေးက ဝူယွမ်အနားသို့ မချဉ်းကပ်နိုင်မီတွင် သူ့ပတ်ဝန်းကျင်ရှိ အာကာသတံခါးက လင်းလက်လာပြီး သူ့ခန္ဓာကိုယ်က မဟာရှေးဟောင်းကျောက်တိုင်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
“သွားပါ”
ဝူယွမ်က လင်းတုန်ကို ခေါ်လိုက်ပြီး နှစ်ဦးစလုံး အာကာသတံခါးမှတစ်ဆင့် ဝင်ရောက်သွားကြသည်။
ဤအကြောင်းပြချက်မရှိ၊ သွေးရူးသွပ်သော သွေးဝိညာဉ်ရုပ်သေးအား ရှေးဟောင်းကျောက်တိုင် အာကာသအတွင်း တစ်ကိုယ်တည်း လှည့်လည်သွားလာခွင့် သူမပေးရဲချေ။
ရှောင်ယန်နှင့် ပိုင်ယွမ်တို့လည်း အတွင်းပိုင်းတွင် ရှိနေဆဲဖြစ်သည်။
ရှေးဟောင်းကျောက်တိုင် အတွင်းသို့ ဝင်ရောက်လာသောအခါ သူတို့အားလုံးက ဝူယွမ်သတ်မှတ်ပေးထားသော နေရာ ဖန်တီးမှုရှေးဟောင်း ကျောက်တိုင်ရှေ့တွင်သာ ဆင်းသက်လာကြသည်။
သွေးဝိညာဉ်ရုပ်သေးက ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် သူက ဖျတ်လတ်သောအလောင်းကောင်ကဲ့သို့ဖြစ်နေပြီး လက်များကို ရင်ဘတ်ရှေ့တွင် ထားကာ လက်ချောင်းများကို အပြင်ဘက်သို့ ဖြန့်ထားပြှး ၎င်း၏နှာခေါင်းက လေထဲတွင် အသက်ရှင်နေသူများနှင့် လတ်ဆတ်သောသွေးများကို ရှူရှိုက်နေဟန်ရသည်။
စိမ်းပြာရောင် ကျောက်ရင်ပြင်တွင် အိပ်စက်နေသော ပိုင်ယွင်၊ ရှောင်ယန်နှင့် ရှေးဟောင်းသွေးလင်းနို့နဂါးတို့က ရုတ်တရက် ကမ္ဘာ့အဆိုးဆုံး ရက်စက်သည့် အလောင်းကောင် ဝင်ရောက်လာသည်ကို မြင်ရသောအခါ ချက်ချင်းထလာပြီး သူတို့၏အမွေးများက ထောင်မတ်သွားကြသည်။
“ဗုန်း”
အရိုးစုတစ်ခု ရုတ်တရက် မြေအောက်နန်းတော်မှ ပျံတက်လာခဲ့သည်။ ထိုအရိုးစုက သွေးဝိညာဉ်ရုပ်သေးကို အာရုံခံမိသော ချီရှင် ဖြစ်သည်။
“သွေး... သွေးဝိညာဉ်ရုပ်သေး”
ချီရှင်က ဤအရာကို မှတ်မိသွားပြီး အနည်းငယ် အံ့အားသင့်ခဲ့သည်။
ထိုအချိန်တွင် ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း ဝင်ရောက်လာကြသည်။
“ချိရှင်၊ ငါ့အတွက် သူ့ကိုဖိနှိပ် ထားပေးပါ၊ သူ့ကို မပျက်စီးစေနဲ့”
ဝူယွမ်က ချိရှင်ကို အလျင်အမြန်ပြောလိုက်သည်။ ချိရှင်သာ ကြမ်းကြမ်းလလှုပ်ရှားမိပါက နိဗ္ဗာန်အဆင့်တစ်ကို ပြန်မရောက်သေးသည့် သွေးဝိညာဉ်ရုပ်သေးကို မတော်တဆဖျက်ဆီးမိမည်ကို သူစိုးရိမ်နေသမိည်။
ရုတ်တရက် သွေးဝိညာဉ်ရုပ်သေးက ဝူယွမ်နှင့် လင်းတုန်တို့ကို ထပ်မံတိုက်ခိုက်လာခဲါသည်။ သူ၏လက်ဝါးကြီးက သွေးရောင်တံဆိပ်တစ်ခုကို သယ်ဆောင်လျက် ဝူယွမ်ဆီသို့ ရိုက်နှက်လိုက်သည်။
မဟာရှေးဟောင်း ပင်လယ်ကွဲကြောင်း တံဆိပ်
ဝူယွမ်သည် ရုပ်သေး တိုက်ခိုက်လိုက်သောယွမ်စွမ်းအင်ကို အလျှင်အမြန် လမ်းကြောင်းပြောင်းလိုက်ပြီး အသာလေး ပြန်တိုက်လိုက်သည်။
ဘုန်း။
တိုက်ကွက်အပြီး သွေးဝိညာဉ်ရုပ်သေးက ခြေလှမ်းအနည်းငယ် နောက်ပြန်တွန်းထုတ်ခံလိုက်ရသည်။
ဝူယွမ်က ယခုအခါ ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး သူ၏ ရိုင်းစိုင်း ခိုင်မာသည့်ကိုယ်ခန္ဓာစွမ်းအားက သွေးဝိညာဉ်ရုပ်သေးနှင့် ယှဉ်ပြိုင်ဖို့ရာ လုံလောက်နေပီဖြစ်သည်။
သို့သော် သွေးဝိညာဉ်ရုပ်သေးက နာကျင်မှုကို မခံစားရပေ။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်မှုနှင့် သွေးများသာပါဝင်သည်။ ယင်းက ထပ်မံတိုက်ခိုက်လာပြီး ဝူယွမ်ကို အပြင်းအထန် ထိုးနက်လာသည်။ နာကျင်မှုကို သိရှိသော လင်းတုန်နှင့် ရှောင်ယန်တို့နှင့် နှိုင်းယှဉ်ပါက ရုပ်သေးက တစ်ဗန်းပိုသာနေသည်။
သို့သော် သူ၏တိုက်ခိုက်မှု နည်းစနစ်များက အလွန်ရိုးရှင်းလွန်းသည်။ သူအသုံးပြုသော သိုင်းပညာများက အများအားဖြင့် အဆင့်နိမ့်မှ အလယ်အလတ် အဆင့်အတွင်းသာ ရှိပြီး တိုက်ကွက်များမှာလည်း အဆက်အစပ်မရှိပေ။
ထိုသိုင်းပညာရပ်များက သူတို့အသက်ရှိစဉ် ဘ၀တုန်းက သိရှိထားသော သိုင်းပညာများဖြစ်ကာ ကြွက်သားမှတ်ဉာဏ်အဖြစ် သူတို့၏ခန္ဓာကိုယ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခြင်းဖြစ်သည်။
ချိရှင်ကလည်း လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။ သူ၏ကြီးမားသော အရိုးလက်ဝါးကြီးက သွေးဝိညာဉ်ရုပ်သေးကို ဆွဲယူပြီး သူ၏ခန္ဓာကိုယ်ကို အားဖြင့် တင်းတင်းကျပ်ကျပ် ညှပ်ထားလိုက်သည်။
ချိရှင်က နိဗ္ဗာန်အဆင့် ငါးနီးပါးအဆင့်တွင် ရှိနေသဖြင့် ဤသွေးဝိညာဉ်ရုပ်သေးကို ထိန်းချုပ်ရန်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်။
လူကြီးတစ်ယောက်က သုံးနှစ်အရွယ်ကလေးတစ်ယောက်ကို ကိုင်ထားသကဲ့သို့ဖြစ်သည်။
ရုပ်သေးက ဆက်တိုက်ရုန်းကန်နေသော်လည်း ထိုလက်ကြီးမှ လွတ်မြောက်အောင် မရုန်းနိုင်ပေ။
“ဝိညာဉ်တံဆိပ်ထည့်လိုက်ရုံပဲ၊ သူ နားထောင်သွားလိမ့်မယ်”
ဝူယွမ်က ဝိညာဉ်ရုပ်သေးကို ကြည့်ရှုကာ စိတ်လှုပ်ရှားစွာ ပြောသည်။
ဤရုပ်သေးက အဆင့်မြှင့်တင်နိုင်သော ဝိညာဉ်ရုပ်သေးတစ်ခုဖြစ်သည်။
အဆောင်ရုပ်သေး၏ တိုက်ခိုက်မှုစွမ်းအား တိုးမြှင့်ရန် နည်းလမ်းတစ်ခုကို သူစဉ်းစားမိသွားသည်။
ရှေးဟောင်းဓားကျောင်းတော်မှ သူရရှိခဲ့သော အဓိကဖွဲ့စည်းပုံ ဓားတန်ဆာ ကျောက်မြတ်ထဲတွင် အလွန်အားကောင်းသော ဓားအစီအရင်ပုံစံတစ်ခု ပါဝင်သည်။
ရှေးဟောင်းဓားကြီး၏အစီအရင်ပုံစံက ထည့်သွင်းလိုက်သော စွမ်းအားနှင့် ကိုက်ညီသော အားကောင်းသည့် ဓားအလင်းတန်း တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သည်။
ထိုပစ္စည်းက သွေးဝိညာဉ်ရုပ်သေးအတွက် လက်နက်တစ်ခုအဖြစ် အသုံးဝင်နိုင်သည်။
လုံး၀ ပြီးပြည့်စုံတယ်။