ပြန်လည်းမွေးဖွားအဆင့် ဆရာကို ရရှိထားသော ချင်းတန်
Vol. 14 Ch. 135
“ဒီကာလအတွင်း မျိုနွယ်စုကြီးလေးခုစီက ဘာလှုပ်ရှားမှုများ ရှိသေးလဲ. ဝမ့်လွန်ပြည်နယ်ကို လူစေလွှတ်တာမျိုး ရှိလား”
ဝူယွမ်သည် ဝူကျောင်းကို ရှာကာ မေးမြန်းလိုက်သည်။
ဝူယွမ် မဟာရှေးဟောင်းကျောက်တိုင်ကို ရရှိပြီးနောက် နှစ်လတိတိ ကုန်လွန်ခဲ့ပြီ. ထုံးစံအရဆို ဟွမ်ဖူမျိုနွယ်စုမှလွဲ၍ ကျန် မျိုနွယ်စုကြီးသုံးခုက ယခုချိန်၌ လက်စားချေရန် ရောက်ရှိလာသင့်ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ယန်၊ ချင်ရှီနှင့် လင်းလန်တျန်းတို့ကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ထိုသူသုံးဦးသည် သက်ဆိုင်ရာ မျိုနွယ်စုကြီးသုံးစု၏ အချစ်မြတ်ဆုံး လူငယ် ပါရမီရှင်များထဲမှ အပါအဝင် ဖြစ်ပြီး သူတို့၏ မျိုနွယ်စုကြီးများတွင်လည်း အရေးပါသော ပုဂ္ဂိုလ်များဘဲဖြစ်သည်. ဤအခြေအနေသည် မည်သည့်နည်းနှင့်မျှ ပြန်လည်သင့်မြတ်၍ မဖြစ်နိုင်တော့သော သွေးကြွေးဘဲဖြစ်သည်။
ဝူယွမ်က မျိုနွယ်စုကြီးသုံးခု၏ တုံ့ပြန် လက်စားချေမှုအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း ဤနှစ်လတာ ကာလအတွင်း လင်းနင်အကျီ အထည်ကြမ်း၀တ် နိဗ္ဗာန်အဆင့်အဖိုးအိုတောင် ရောက်ရှိလာသော်ငြား မဟာယန်မင်းဆက်အတွင်းမှ မျိုနွယ်စုကြီးသုံးစုက လက်စားချေရန် မပေါ်ထွက်လာသေးပေ။
ဝူစစ်- “ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်. မျိုနွယ်စုကြီးသုံးစုရဲ့ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရသေးပါဘူး. အနည်းဆုံးတော့ သဏ္ဍာန်ပြောင်းအဆင့် အထက် ကျွမ်းကျင်သူတွေကို မမြင်တွေ့ရသေးပါဘူး.”
“ဒါဆို သူတို့ ရောက်လာမှာ မဟုတ်တော့ဘူး ထင်တယ်” ဝူယွမ် သက်ပြင်းချလိုက်သည်။
မျိုနွယ်စုကြီးသုံးစု သူ့အား လက်စားမချေကြခြင်းက အချည်းနှီး စောင့်ဆိုင်းနေရသကဲ့သို့ ခံစားစေသည်.
“ဒါမှမဟုတ် သူတို့ မျိုနွယ်စုကြီးသုံးခုက ငါ့ကို တိုင်ချင်းနန်းတော်က မျိုးစေ့ ရွေးချယ်ခြင်း ပြိုင်ပွဲမှာ စောင့်နေတာလည်း ဖြစ်နိုင်တယ်။”
“ထားလိုက်ပါ. အဲဒီအခါကျမှပဲ ကြည့်လုပ်တာပေါ့”
ဝူယွမ် ခဏ တွေးဆလိုက်သော်လည်း စိတ်ထဲမှ ဖယ်ထုတ်လိုက်သည်။ ရှေ့ တစ်နှစ်ကျော်က မျိုနွယ်စုကြီးလေးခုက သူ့အတွက် ကျော်လွှားရခက်သော တောင်ကြီးသဖွယ် ဖြစ်ခဲ့ဖူးသည်။ ယခုမူ သူ၏ ဝှက်ဖဲများနှင့် သိုင်းပညာရပ် နည်းလမ်းများသည် ထိုမိသားစုကြီးလေးခု၏ နည်းလမ်းများထက် မနိမ့်တော့ရာ စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိပေ. မည်သူ ရောက်လာသည်ဖြစ်စေ သေခြင်းတရားကိုသာ ရင်ဆိုင်ရမည်။
“ငါ ခရီးထွက်တော့မယ် ဒီမှာ နိဗ္ဗာန်ဆေးလုံး ငါးသိန်းနဲ့ သန့်စင်ယွမ်ဆေးလုံး သန်းသုံးဆယ်ကို မင်းအတွက် အားလုံး ချန်ထားခဲ့မယ်. အမြန်ဆုံး နိဗ္ဗာန် အဆင့်ကို ထိုးဖောက်နိုင်ဖို့ ကျင့်ကြံပါ.” ဟုဆိုကာ ဝူယွမ်က ဝူကျောင်းအား သိုလှောင်အိတ် သုံးလုံး ပေးအပ်ခဲ့သည်။
ထိုအိတ်များထဲတွင် နိဗ္ဗာန်ဆေးလုံးများ၊ သန့်စင်ယွမ်ဆေးလုံးများ၊ ဖန်တီးခြင်း အဆင့် သိုင်းပညာ ငါးခု၊ ပထမအဆင့်မှ နဝမအဆင့်အထိ သိုင်းပညာရပ် ဒါဇင်ပေါင်းများစွာ၊ အဆင့်မြင့် အဆောင်ရုပ်သေး သုံးခုနှင့် အဆင့်မြင့် ဝိညာဉ်ရတနာလက်နက် သုံးခုတို့ ပါဝင်သည်။ သိုင်းမဟာမိတ်က ဝမ့်လွန်ပြည်နယ်ကို အုပ်ချုပ်သွားရမည် ဖြစ်ရာ၊ အချို့သော ဝှက်ဖဲများနှင့် စွမ်းအားရင်းမြစ်များ လိုအပ်ပေသည်.။
ယခုအခါ သိုင်းမဟာမိတ်သည်လည်း မဟာရှေးဟောင်းဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး မဟာရှေးဟောင်းဂိုဏ်း၏ ပြင်ပရေးရာများကို တာဝန်ယူထားကာ၊ တပည့်များ စုဆောင်းခြင်းနှင့် နယ်မြေကို စီမံခန့်ခွဲခြင်းတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဂိုဏ်းချုပ်ဖြစ်သူ ဝူယွမ်က နောက်မှာ ကျန်ရစ်သော ဝူကျောင်းအတွက် လုံလောက်သော အရင်းအမြစ်များ ချန်ထားပေးရန်မှာ သဘာဝကျပြီး၊ သူ့ကို စိတ်မပျက်စေရန်လည်း အရေးကြီးသည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်၊ ဒီအရင်းအမြစ်တွေက ကျွန်တော့်ရဲ့ သိုင်းပညာ ကျင့်ကြံခြင်းအတွက် အလွန် အထောက်အကူပြုပါလိမ့်မယ်။”
ဝူကျောင်းက လက်နှစ်ဖက်ဖြင့် ကမ်းယူလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူက ဟန်ဆောင်ခြင်းပင် မရှိချေ။ သူ၏ ယခင် ဆုံးဖြတ်ချက်အတိုင်း ဝူယွမ်နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ ဤကဲ့သို့သော အခွင့်အရေးများနှင့် စွမ်းအားအရင်းအမြစ်များ အတွက်ပင် ဖြစ်သည်။ သို့သော် ဝူယွမ်က ဤမျှ ရက်ရောလိမ့်မည်ဟု ဝူကျောင်း မမျှော်လင့်ခဲ့သောကြောင့် သူ၏ စိတ်လှုပ်ရှားမှုမှာ အနည်းငယ် လွန်ကဲနေသည်။
“ဒီတစ်ခါ ခွဲခွာခြင်းက နောက်တစ်ကြိမ် ပြန်ဆုံဖို့ နှစ်ပေါင်းများစွာ ကြာမြင့်သွားနိုင်တယ်။ မဟာမိတ်ခေါင်းဆောင် ၀ူ ကျန်းကျန်းမာမာ ဖြစ်အောင်နေပါ.” ဝူယွမ် လက်နှစ်ဖက်ယှက်ကာ အလေးအနက် ပြောကြားလိုက်သည်။
ဝူယွမ်က ဤအရင်းအမြစ်များကို ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့သည်။ ပြည်ထောင်တစ်ရာတိုက်ပွဲတွင် ပါဝင်ပြီး ရှေးဟောင်း စစ်မြေပြင်သို့ ဝင်ရောက်ရသည့်အခါ ပို၍ပင် များပြားသော အရင်းအမြစ်များ ရရှိမည်ဖြစ်ကြောင်း သူ သိထားသည်။ နိဗ္ဗာန်ဆေးလုံးများမှာ အသေးအမွှားသာ ဖြစ်ပြီး၊ စီးဆင်းနေသော ဆေးမြစ်ကသာလျှင် အံ့မခန် ရတနာ ဖြစ်ပေသည်။
“စီအာက သိုင်းပညာရပ်ကိုပဲ စိတ်ထဲထားပြီး အရမ်း ရိုးသားလွန်းတယ်. ဂိုဏ်းချုပ်ကို သူ့ကို အစ်ကိုကြီးတစ်ယောက်လို ဂရုစိုက်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်.” ဝူကျောင်းက သူ၏သားအပေါ် စိုးရိမ်စိတ် အနည်းငယ် ရှိနေသေးသဖြင့် မထွက်ခွာမီ ဤတောင်းဆိုချက်ကို အပ်နှံခဲ့သည်.
ဝူယွမ် ခေါင်းညိတ်ပြီး အလေးအနက် ကတိပေးလိုက်သည်. “ မဟာမိတ်ခေါင်းဆောင် ဝူ စိတ်ချပါ. ကျုပ်က ဝူစီကို ညီအစ်ကိုလို သဘောထားပါတယ်.”
ဝမ့်လွန်ပြည်နယ်ရှိ ကိစ္စများကို ဖြေရှင်းပြီးနောက် ဝူယွမ်သည် မဟာရှေးဟောင်းကျောက်တိုင်ဖြင့် ခရီးဆက်ခဲ့သည်.
အပြန်လမ်း၊ ယန်မြို့။
အိမ်အပြန်လမ်းတွင် စနစ်၏ အချက်ပေးသံက နောက်ဆုံး၌ ပြန်လည် မြည်ဟည်းလာပြီး ဆိုင်းအင်၀င်ခြင်း နောက်ထပ်တစ်နေရာ ကြေညာလိုက်သည်။
“ဒင်. ဆိုင်းအင်၀င်ခြင်း နေရာ အသစ်ပြောင်းလဲပြီးပါပြီ. မြင့်မြတ် ဝိညာဉ်ရေကန်တွင် ဆိုင်းအင်၀င်ခြင်း ပြုလုပ်ပါ။”
...ဆေးလုံးများစွာ ထောက်ပံ့မှုကြောင့် ပိုင်ယွမ်၏ ခွန်အားသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ယခုအခါ ဖန်တီးခြင်း နယ်ပယ် အသေးစား အောင်မြင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်. သူမက ‘ပိုင်ဟူ လေနတ်ဘုရား တောင်ပံများ’ ဟူသော မွေးရာပါ နတ်စွမ်းအင် အသစ်တစ်ခုကိုလည်း နားလည်သဘောပေါက်ခဲ့သည်။ ထိုအရာက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပိုင်ဟူ စွမ်းအားကို လေတောင်ပံနှစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနိုင်သွားသည်။
ပိုင်ယွမ်၏ အရှိန်အပြည့်ဖြင့် ပျံသန်းမှုအောက်တွင် ဝမ့်လွန်ပြည်နယ်မှ ယန်မြို့သို့ ရောက်ရှိရန် ရက်ပေါင်း နှစ်ဆယ်ကျော်သာ ကြာမြင့်ခဲ့သည်။
ရှေးဟောင်း ဂူဗိမာန်။
ရူးသွပ်ဓားသိုင်းခန်းမနှင့် လင်မိသားစုမှ လူများက အတွင်း၌ နေထိုင်ကြသည်။ ဝူယွမ် ချန်ထားခဲ့သော များပြားလှသော ယန်ယွမ်ကျောက်တုံးများ၊ ယန်ယွမ်ဆေးလုံးများ၊ သန့်စင်ယွမ်ဆေးလုံးများနှင့် အခြားသော စွမ်းအားရင်းမြစ်များကြောင့် ဝူယွမ်နှင့် လင်းတုန် မရှိသည့် ကာလအတွင်း သူတို့အားလုံးသည် သီးသန့်ကျင့်ကြံခြင်း ပြုလုပ်နေခဲ့ကြသည်. ရှေးဟောင်း ဂူဗိမာန်၏ ဖွဲ့စည်းပုံကို ထိန်းချုပ်ထားသော ချင်းတန်တစ်ဦးတည်းသာလျှင် တျန်းယန် တောင်တန်းထဲတွင် ကောင်းကင်ကင်းမြီးကောက်ကျားနှင့် အတူ ရံဖန်ရံခါ အပြင်ထွက် ကျင့်ကြံခဲ့သည်။
ယခုအခိုက်အတန့်တွင် ချင်းတန်သည် တောင်များ၏ နက်ရှိုင်းသောနေရာတွင် အစွမ်းထက်သော သိုင်းပညာရပ်တစ်ခုကို ကျင့်ကြံနေခဲ့သည်။ သူမ၏ ကိုယ်ခန္ဓာသည် ရွေ့လျားနေပြီး စကတ်တိုလေးက လွင့်ပျံနေသည်. သူမ၏ လက်များက ထူးခြားသော တံဆိပ်များကို ဖန်တီးနေကာ. ရုတ်တရက် သူမ၏ ခန္ဓာကိုယ်အတွင်းမှ မှေးမှိန်သော အနက်ရောင်၊ အေးခဲနေသော ဒြပ်စင် ယွမ်စွမ်းအင်များ ပျံ့နှံ့ထွက်လာပြီးနောက် သူမ၏ လက်ဖဝါးထဲတွင် ပေအနည်းငယ် အရွယ်အစားရှိသော အနက်ရောင် ရေခဲကြာပန်းအဖြစ် လျင်မြန်စွာ စုစည်းသွားသည်။
“နှလုံးကြာပန်း တံဆိပ်၊ ဝိညာဉ် ချိုးဖျက်ခြင်း”
ချင်းတန်၏ နှုတ်ခမ်းသေးသေးလေးက အနည်းငယ် ပွင့်သွားပြီး၊ ဂုဏ်ယူဝင့်ကြွားသော လေသံ ထွက်ပေါ်လာသည်။ ထိုအနက်ရောင် ရေခဲကြာပန်း အတွင်းမှ အံ့အားသင့်ဖွယ် အအေးဓာတ် ပေါက်ကွဲထွက်လာပြီး ရှေ့မှ ဧရာမ သစ်ပင်ကြီးဆီသို့ ဝီခနဲ တိုက်ခတ်သွားသည်။ အနက်ရောင် ရေခဲကြာပန်းက ပျံ့နှံ့သွားပြီး ချက်ချင်းပင် ဧရာမသစ်ပင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အနက်ရောင် အအေးဓာတ် အလွှာများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဧရာမသစ်ပင်ကြီးက တစ်လက်မချင်း အေးခဲသွားပြီး အနက်ရောင် ရေခဲတုံးများအဖြစ် ပြောင်းလဲသွားသည်။
ဟူး.
ဧရာမသစ်ပင်က ရေခဲအပိုင်းအစများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားသည်။
“ဟားဟားဟား”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှင်မြူးပြီး နှစ်ထောင်းအားရဖြစ်နေသော ရယ်သံတစ်ခု တောင်တစ်ခုအတွင်း ပျံ့နှံ့သွားသည်။
“တော်လိုက်တဲ့ တပည့်လေး၊ အရမ်းကောင်းတယ်။ မင်း တိုးတက်မှုက အရမ်းမြန်တယ်။ မင်း ဒီ နှလုံးကြာပန်း တံဆိပ်ကို ကျွမ်းကျင်သွားပြီ။ နောက်ထပ်... ဆရာက မင်းကို ပိုပြီး အစွမ်းထက်တဲ့ သိုင်းပညာရပ်တွေ သင်ပေးမယ်”
အနက်ရောင် အရိပ်တစ်ခုက ချင်းတန်၏ ရှေ့တွင် ရုတ်တရက် လင်းလက်လာပြီး တက်ကြွနေဟန်ရကာ အနက်ရောင် ဝတ်စုံဝတ်ထားသည့် အဖိုးအိုကြီးတစ်ဦး လေထဲမှ ထွက်ပေါ်လာသည်။
ဤကာလအတွင်း ချင်းတန်က သူထံမှ သိုင်းပညာရပ်များကို သင်ယူနေခဲ့ခြင်း ဖြစ်သည်။ အနက်ရောင်ဝတ် အဖိုးအိုက ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏ ပုံသဏ္ဌာန်က ပေါ်လာသော်လည်း ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်နှင့်မတူဘဲ အမှောင်ထုအစုအဝေးကဲ့သို့ ဖြစ်နေသည်။
“ဆရာ၊ဆရာ ကျွန်မ အရင်တစ်ခါက လက်ဖဝါးချက်ကို သင်ချင်တယ်” ချင်တန်က ခုန်ဆင်းလာကာ ခြေထောက်ဖြူဖြူ လေးများဖြင့် အနက်ရောင်ဝတ် အဖိုးအိုထံ ပြေးသွားပြီး ကပ်ချွဲလိုက်သည်။
“ရေခဲ အစွန်းရောက် ကောင်းကင် အေးခဲ လက်ဝါးလား။ ကောင်းပြီ”
အနက်ရောင်ဝတ် အဖိုးအိုသည် အလွန်ပျော်ရွှင်နေပြီး ချင်းထန်ကို ချစ်ခင်မှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။ သူက သူ၏ ချစ်လှစွာသော တပည့်၏ တောင်းဆိုချက်များကို ဘယ်တော့မှ ငြင်းပယ်ခြင်း မရှိပေ။ သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး မှောင်မိုက်ပြီး ဝေဝါးလင်းလက်နေသော ဒြပ်စင် ယွမ်စွမ်းအင်များ ထိုမှ ထွက်ပေါ်လာကာ ပျံသန်းနေသော အနက်ရောင် မြွေပွေးကြီးများအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်သွားပြီး လှည့်ပတ်နေစဉ် အံ့အားသင့်ဖွယ် ဒြပ်စင် လှိုင်းများကို ထုတ်လွှတ်ခဲ့သည်။
မှေးမှိန် မှောင်မိုက်ပြီး အေးခဲနေသော အနက်ရောင် ဒြပ်စင် ယွမ်စွမ်းအင်သည် ဝီခနဲ မြည်ဟည်းသွားပြီးနောက် သူက လက်ဝါးချက်တစ်ခု ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် အားကောင်းသော ဒြပ်စင် ယွမ်စွမ်းအင်သည် ရှေ့သို့ တိုးဝင်လာပြီး သူ့ရှေ့တွင် ဆယ်ပေ အရွယ်အစားရှိသော ရေခဲ နဂါးကြီးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။. ထို့နောက် မြေကြီးကို တုန်လှုပ်စေသော နဂါးဟောက်သံနှင့် အရိုးခိုက်စေသော အအေးဓာတ်တို့ ပေါင်းစပ်ထားသော စွမ်းအင်ဖြင့် အနီးနားရှိ တောင်ကုန်းငယ်လေးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရေခဲနဂါးက တောင်စောင်းကို ထိုးဖောက်ဝင်ရောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ တောင်ကုန်းက အတွင်းမှ အပြင်သို့ အေးခဲသွားကာ လျင်မြန်စွာ ရေခဲသွားသည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ သစ်ပင်ပန်းမန်များက ရေခဲပန်းပုများ ဖြစ်လာပြီး ချက်ချင်းပင် အသက်မဲ့သွားသည်။
“ဝိုး. ဆရာက အရမ်း အံ့သြစရာကောင်းတာဘဲ”
ချင်းတန်က သူမ၏ နှုတ်ခမ်းသေးသေးလေးကို ဖုံးအုပ်ကာ ရေခဲတောင်ကုန်းကို အံ့အားသင့်စွာ ကြည့်နေသည်။
“ဟင်၊ တစ်ယောက်ယောက် ရောက်လာတယ်”
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ် အဖိုးအိုက ရုတ်တရက် ပြောလိုက်သည်.
“ဘယ်သူက ဒီကို လာတာလဲ” ချင်းတန် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
အနက်ရောင်ဝတ် အဖိုးအိုက အမှောင်ထုအစုအဝေး အဖြစ်သို့ ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ခဏအကြာ။
အဖြူရောင် အရိပ်တစ်ခုက ကောင်းကင်ကို ဝှီးခနဲ ဖြတ်ကျော်သွားပြီး ချင်းတန်၏ အပေါ်မှ ဖြတ်သွားသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။
“ချင်းတန်ပဲ။”
ဝူယွမ် ချက်ချင်း ခံစားမိပြီး အံ့သြစွာဖြင့် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။
“ဝူယွမ်အစ်ကို၊ ပြန်လာပြီ။”
ချင်းတန်က အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်း ခုန်တက်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အပြေးအလွှား သွားခဲ့ပြီး လေထဲတွင် ဖက်တွယ်လိုက်ကြသည်။
“အစ်ကိုဝူယွမ်၊ ချင်းတန် အစ်ကို့ကို အရမ်း လွမ်းနေခဲ့တာ.”
ချင်းတန်သည် ဝူယွမ်ကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ ခေါင်းလေးကို နောက်သို့ စောင်းကာ ဝူယွမ်ကို နက်ရှိုင်းသော ချစ်ခင်မှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။
“အစ်ကိုလည်း ချင်းတန်ကို လွမ်းပါတယ်”
အချိန်ကြာမှ ပြန်လည်ရရှိသော ရင်းနှီးသည့် ရနံ့ကို ရှူရှိုက်ရင်း ဝူယွမ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ။ နှစ်ဦးသား လေထဲတွင် တင်းကျပ်စွာ ဖက်ထားကြသည်။
အရိပ်ထဲတွင် အမှောင်ထုအစုအဝေးက လှုပ်ရှားနေသည်။ ပိုရွှမ်က ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ သူ၏ နှလုံးသားထဲတွင် ကျောက်တုံးတစ်ခုကဲ့သို့ မသက်မသာ ခံစားလိုက်ရသည်။ သူ၏ ချစ်လှစွာသော တပည့်ကို အချစ်သိုင်းသမားက ပြန်ပေးဆွဲသွားခဲ့ခြင်း ဖြစ်သည်။
“ဝူယွမ်အစ်ကို, အစ်ကိုက အရမ်းကြာကြာ ပျောက်ကွယ်နေခဲ့တာ. ချင်းတန်နဲ့ ဘယ်သူမှ မရှိခဲ့ဘူး.” ချင်းတန်က သူမ၏ နှုတ်ခမ်းသေးသေးလေးကို စူပုတ်ကာ စိတ်မကောင်းဖြစ်နေသော လေသံဖြင့် ပြောလိုက်ပြီး ဝူယွမ် သူမကို စွန့်စားခန်းများသို့ ခေါ်ဆောင်မသွားခဲ့သည့်အတွက် နာကျည်းမှုကို မဖယ်ရှားနိုင်သေးပေ။
ငါက ပိုလျှံနေတဲ့သူလား။ ချင်းတန် တစ်ယောက်တည်း ဆော့နေရသည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ သက်ပြင်းချသံတစ်ခု မလှမ်းမကမ်းရှိ အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။ “နောက်ဆုံးမှာတော့ ငါ တစ်ယောက်တည်း အားလုံးကို ထမ်းပိုးခဲ့ရတာဘဲ။ ဒီ ကျေးဇူးမသိတတ်တဲ့ တပည့်မလေး၊ ငါ မင်းနဲ့အတူ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာက အချည်းအနှီး ဖြစ်သွားတာလား။”
“ဪ. လင်းတုန်အစ်ကိုရော ဘယ်မှာလဲ”
ချင်းတန်က ရုတ်တရက် သူမတွင် အစ်ကိုကြီးတစ်ဦး ရှိသေးသည်ကို သတိရသွားသည်။
အရမ်းတော်တဲ့ ညီမငယ်လေး တစ်ယောက်ဘဲဖြစ်ပေသည်။
“ဪ. လင်းတုန်က ကျောက်တိုင်ထဲမှာဘဲ ရှိသေးတယ်။ မင်း သူ့ကို မကြာခင် တွေ့ရတော့မှာပါ။”
“ကျောက်တိုင်ထဲမှာလား”
ချင်းတန်သည် ထိုစကားများကို ကြားရသောအခါ ရှုပ်ထွေးနေသော ပုံစံဖြင့် ဝူယွမ်ကို ကြည့်လိုက်မိသည်။
သို့သော် ဤအခိုက်အတန့်တွင် ဝူယွမ်ကတော့ လုပ်ငန်းစတင်ကာ သူမကို စတင် ထိကိုင်နေပြီ ဖြစ်သည်။
“မင်းရဲ့ ခန္ဓာကိုယ်ကို အရင် စစ်ဆေးကြည့်ရအောင်။ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လို တိုးတက်နေလဲဆိုတာကို ကြည့်ချင်လို့.”
“အား၊ ဝူယွမ်အစ်ကို ဒါက မသင့်တော်ဘူး မဟုတ်လား. ဆရာက ဒီ…” ချင်းတန်က ဝူယွမ်၏ လက်ကြီးကို မသင့်လျှော်သော နေရာမှ အလျင်အမြန် တွန်းဖယ်လိုက်သည်။ သူမ၏ ဆရာသခင်က အရိပ်ထဲမှ စောင့်ကြည့်နေသေးသဖြင့် သူမကို ထူးဆန်းသလို ခံစားရခြင်းဖြစ်သည်။ အမှန်မှာ သူမသည်လည်း ဝူယွမ်အစ်ကို၏ ဟိုထိဒီထိ လုပ်ငန်းစဉ်ကို မသိစိတ်မှ နေသားတကျ ဖြစ်နေခဲ့ခြင်းပင်။
“ဘာဖြစ်လဲ”
ဝူယွမ် ချက်ချင်း ပတ်ပတ်လည်ကို ဝိညာဉ်စွမ်းအင်ဖြင့် စစ်ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။ ပိုင်ယွမ်နှင့် ကောင်းကင် ကင်းမြီးကောက် ကျားတို့သာ ဆူညံသံကို ကြား၍ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
“ဝူယွမ်အစ်ကို, ပြိုင်ပွဲလေး လုပ်ကြည့်ရအောင်. အစ်ကို ကျွန်မကိုတောင် မနိုင်တော့တာ ဖြစ်နိုင်တယ်။”
ချင်းတန်က နောက်ပြန်ပစ်လှန်ကာ ဝူယွမ်နှင့် ဝေးရာသို့ ခွာသွားသည်။ ထို့နောက် လေထဲမှ ဝူယွမ်ဆီသို့ လက်ဝါးချက်တစ်ခု ထုတ်လွှတ်လိုက်ပြီး ဝူယွမ်၏ နှလုံးသားကို တိုက်ရိုက် ဦးတည် ဆုပ်ကိုင်လိုက်သည်.
“နှလုံးကြာပန်း တံဆိပ်၊ နှလုံးသား ဆွတ်ခူး လက်”
“ဟဲဟဲ ကောင်မလေး၊ မင်းမှာ တစ်ခုခုတော့ ရှိတာဘဲ မင်းက ကူးေပြာင်းခြင်းတစ်၀က် အဆင့်ကို ရောက်နေပြီ။”
ဝူယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ ချင်းတန်၏ တိုးတက်မှုက သူ့ကို အမှန်တကယ်ပင် အံ့ဩစေခဲ့သည်။ သူမက သူတို့ထက် အများကြီး အားနည်းခြင်း မရှိတော့ပေ. သူမတွင် မူလ တိုင်ယင် ရူန်းကို ပိုင်ဆိုင်ထားလျှင်တောင် ဤမျှ လျင်မြန်သော ကြီးထွားမှုမျိုး ဖြစ်ပေါ်လာစေရန် မဖြစ်နိုင်ပေ။
“ဒုန်း”
ဝူယွမ် ကခုခံကာကွယ်ခြင်း မပြုဘဲ နှလုံးသား ဆွတ်ခူး လက်ကို သူ၏ ရင်ဘတ်ကို ထိမှန် ခွင့်ပြုလိုက်သည်။ သို့သော် သူ၏ ရင်ဘတ်ပေါ်တွင် ခရမ်းရွှေရောင် အလင်းမှိန်မှိန်လေး လင်းလက်သွားသည်။
“အား”
ဝူယွမ်က သူ၏ ရင်ဘတ်ကို ဖမ်းဆုပ်ကာ ပြင်းထန်သော နာကျင်မှုကို ဟန်ဆောင်ရင်း အော်ဟစ်လိုက်သည်။
“ဝူယွမ်အစ်ကို, ဘာလို့ မရှောင်တာလဲ။ ဘာလို့ မခုခံတာလဲ” ချင်းတန်သည် ထိတ်လန့်သွားပြီး ချက်ချင်း ပြေးလာကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ဝူယွမ်ကို ထူမပေးလိုက်သည်။
“ဝူယွမ်အစ်ကို, အဆင်ပြေရဲ့လား” ချင်းထန်က ဝူယွမ်၏ ရင်ဘတ်ကို ထိကိုင်ရင်း ဂရုတစိုက် စစ်ဆေးနေပြီး၊ ဒဏ်ရာရမရ သေချာရှာဖွေနေသည်။
ဝူယွမ်က သူမ၏ လက်သေးသေးလေးကို ကိုင်လိုက်ပြီး ပြန်ပြောလိုက်သည်။ “ငါ အဆင်ပြေပါတယ်။ ဒါပေမဲ့ ချင်းတန်၊ မင်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တာလဲ”
“ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တာ” ချင်းထန်က ရှုပ်ထွေးသွားသည်။
“မင်းတိုက်ကွက်က ငါ့နှလုံးကို ထိမှန်သွားတာ။ ဒါ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တာ မဟုတ်ဘူးလား. ငါ့နှလုံးကို မင်းက ပိုင်ဆိုင်တာလေ”
ဝူယွမ် ရုတ်တရက် အလေးအနက် ပြောလိုက်သည်။
“ဝူယွမ်အစ်ကို, အစ်ကိုက အရမ်းစိတ်ဆိုးဖို့ ကောင်းတာဘဲ”
ချင်းထန်က ဝူယွမ်၏ ရင်ဘတ်ကို သူမ၏ လက်သီးသေးသေးလေးများဖြင့် ထုနှက် ဆော့ကစားရင်း သူမ၏ မျက်နှာသည်လည်း ရှက်ရွံ့မှုကြောင့် နီရဲလာပြီး သူမ၏ လုပ်ရပ်များက အလွန် ချွဲနွဲ့နေခဲ့သည်။
“တောက်၊ ဒီကောင်က ဘယ်ကနေ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သင်ယူလာတာလဲ. ငါ့ရဲ့ ချစ်လှစွာသော တပည့်ကို လှည့်စားဖို့ ဒါကို အသုံးပြုရဲတယ်. စက်ဆုပ်စရာဘဲ.”
အရိပ်ထဲတွင် ပုန်းအောင်းနေသော ပိုရွှမ်သာ် အရာအားလုံးကို မျက်မြင်တွေ့လိုက်ရသောအခါ သူ၏ လက်သီးများကို အားပြု ဆုပ်ထားသည်။ ဝူယွမ်၏ စကားများက သူ့ကို ရှုံ့တွသွားစေခဲ့သည်။
“တစ်ကယ်လို့ အဲ့အချိန်က ငါ့သာ ဒီလို အရေထူခဲ့ရင် အခုချိန်ထိ လူပျိုကြီး ဖြစ်နေမှာ မဟုတ်ဘူး…” ပိုရွှမ် သက်ပြင်းချလိုက်ပြီး ဝူယွမ်ကို စက်ဆုပ်မိသော်လည်း မိန်းကလေးများကို ဆွဲဆောင်သည့် သူ၏ နည်းလမ်းများကို အလွန် အထင်ကြီးမိသွားသည်။
“စိတ်ဆိုးဖို့ ကောင်းတယ်၊ ဝူယွမ်အစ်ကို, ဒီတစ်ခါတော့ ကျွန်မ အတည် တိုက်ခိုက်တော့မယ်။”
ချင်းတန်က နောက်တစ်ကြိမ် ဝေးရာသို့ ခွာသွားသည် သူမ၏ မာစတာက အနီးအနားတွင် ရှိနေသည်ကို သိသောကြောင့် ဝူးရှုးဝါးရှား မလုပ်ရဲဘဲ ထိန်းထားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝူယွမ်အစ်ကိုက အလွန် အစွမ်းထက်လာသည်ဟု သူမ ခံစားနေရသည်။ သူက သူမ၏ ပထမဆုံး နှလုံးကြာပန်း တံဆိပ်ကို မည်သည့် အားထုတ်မှုမှမရှိဘဲ တားဆီးနိုင်ခဲ့သည်။
“နှလုံးကြာပန်း တံဆိပ်၊ ဝိညာဉ် ချိုးဖျက်ခြင်း!”
ချင်းတန်က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြီး အနက်ရောင် ရေခဲကြာပန်းကို စုစည်းလိုက်သည်။ ထိုမှ အံ့အားသင့်ဖွယ် အအေးလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး ဝူယွမ်ဆီသို့ ဝီခနဲ တိုက်ခတ်သွားသည်။
“စိတ်ဝင်စားစရာပဲ ဒီလို အံ့သြဖွယ် လက်ဝါးချက်က လင်းချင်းကျူရဲ့ မိုးပြာကြာပန်းနဲ့ ဘယ်လိုလုပ် ဆင်တူနေပါလိမ့်”
ဝူယွမ် တိတ်တိတ်လေး နှိုင်းယှဉ်ကာ ရေရွတ်လိုက်သည်။
“မဟာရှေးဟောင်း ပင်လယ်ခွဲ တံဆိပ်”
ချက်ချင်းပင် သူသည်လည်း လှိုင်းလုံးကဲ့သို့ ပြန်လည် တိုက်ခတ်လာသော အရှိန်အဟုန် ပြင်းပြင်းဖြင့် လက်ဝါးချက် တစ်ခုကို စုစည်းလိုက်သည်။ သူက ချင်းထန်၏ အနက်ရောင် ကြာပန်းကို ချက်ချင်း ချိုးဖျက်လိုက်သည်။ သို့သော် ချင်းထန်၏ အနက်ရောင် ကြာပန်းသည် အစွမ်းထက်သော ရေခဲယင်စွမ်းအားကို သယ်ဆောင်လာပြီး ဝူယွမ်၏ လက်ဝါးချက် အစိတ်အပိုင်းတစ်ခုကိုပင် အေးခဲသွားစေကာ ဝူယွမ်အား အအေးဓာတ်များ စိမ့်၀င်လာ သကဲ့သို့ ခံစားရစေသည်။
ဤ အေးခဲသော စွမ်းအား၏ မြှင့်တင်မှုအောက်တွင် ချင်းထန်၏ တိုက်ခိုက်ရေးစွမ်းအားက ကူးေပြာင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးထက် မနိမ့်ကျတော့ပေ။ သို့သော် ထိုအရာက မပြီးဆုံးသေးပေ။ ချင်းထန်၏ နဖူးပေါ်တွင် ထူးခြားသော ရူန်း အမှတ်အသားတစ်ခု ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာကာ ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် ဝိညာဉ်မီးလျှံတစ်ခုအဖြစ် စုစည်းသွားသည်။ ထိုအရာက ဝိညာဉ် မီးတောက်ဖြစ်သည်မှာ ထင်ရှားသော်လည်း သာမန် အဆောင်သခင်များ၏ မီးတောက်နှင့် အလွန် ကွာခြားနေကာ မီးတောက်အတွင်းရှိ အအေးဓာတ်က ပို၍ပင် ပြင်းထန်သည်။
ကြောက်မက်ဖွယ် အဖြူရောင် ဝိညာဉ်မီးလျှံက ဝူယွမ်ကို ချက်ချင်း ဖုံးအုပ်လိုက်သည်။
“အလယ်အလတ်အဆင့် အဆောင်သခင်လည်း ဖြစ်နေသေးတယ်၊ ချင်းတန်၊ မင်းက အစ်ကို့ကို တကယ် အံ့သြစေတာပဲ။”
ဝူယွမ် အံ့အားသင့်သွားပြန်သည်။ သို့သော် သူသည်လည်း များပြားသော ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ကာ ပြင်းထန်ေသာ လေပြင်းတစ်ခုကို ဖန်တီးလိုက်ပြီး ချင်းတန်၏ ဝိညာဉ် ရေခဲမီးကို ပြန့်ကျဲသွားစေသည်။
“သိုင်းပညာမှာက ဖန်တီးခြင်းအဆင့်, ဝိညာဉ်အဆင့်က ကောင်းကင် အဆောင်သခင်, ဒီကလေးရဲ့ ပါရမီက မဆိုးဘူးဘဲ။” အရိပ်ထဲတွင် ပိုရွှမ်က ဝူယွမ်ကို စောင့်ကြည့်ရင်း အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ဝိုးး၊ ဝူယွမ်အစ်ကို, အစ်ကိုက အရမ်း အံ့သြစရာကောင်းတယ်။ ကျွန်မ အစ်ကို့ကို လုံးဝ မယှဉ်နိုင်ဘူး.” ချင်းတန် စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။
သူမက သူမ၏ ဆရာနှင့် အတူ သိုင်းပညာရပ်များကို လုံ့လဝီရိယရှိစွာ ကျင့်ကြံခဲ့သော်လည်း ဝူယွမ်အစ်ကိုနှင့် သူမကြားတွင် ကွာဟချက် သိသိသာသာ ရှိနေသေးသည်။
“လုံးဝ မဟုတ်ဘူး။ တစ်နေရာမှာ မင်းက အစ်ကို့ထက်တောင် ပိုကောင်းသေးတယ်” ဝူယွမ်က သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်ပြီး ပြောလိုက်သည်။
“ဝူယွမ်အစ်ကို, အစ်ကို ဘာတွေ ပြောနေတာလဲ. ကျွန်မ နားမလည်ဘူး”
ချင်းတန်၏ မျက်နှာသေးသေးလေးက ရဲတက်လာပြီး အနည်းငယ် ရှက်ရွံ့နေသည်။ သူမသည် သူမ၏ ဆရာ အမှောင်ရိပ်ထဲတွင် စောင့်ကြည့်နေဆဲဖြစ်သဖြင့် အလွန် ရှက်ရွံ့နေခဲ့သည်။
ဝူယွမ်၏ မျက်လုံးများက ရွေ့လျားသွားပြီး ချင်းထန်က အနည်းငယ် ထူးဆန်းနေသည်ဟု သူ တွေ့ကတည်းက ခံစားနေရသည်။ အချိန်ကကာ ခွဲခွာနေခဲ့ရသောကြောင့်လား, သူ မသေချာပေ။
ယခင်က မည်သူမှ မရှိသည့်အခါ ချင်းထန်က သူထက် ပို၍ ရဲတင်းကာ သူမကိုယ်တိုင် စတင်လေ့ရှိပြီး သူ့ကို အတင်းအကျပ် တွယ်ကပ်နေခဲ့ကာ အမြဲအတူတကွ ကပ်နေချင်ခဲ့သည်။
“ကောင်းပြီ. အရင်ဆုံး ပြန်သွားပြီး မွေးစားအဖေတို့နဲ့ တခြားသူတွေကို ငါတို့ ဘေးကင်းကြောင်း သတင်းပို့ကြရအောင်.”
ချင်းတန်က ထိုအရာကို မလိုချင်တော့သည်ကို မြင်သောအခါ ဝူယွမ်က စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။
“အင်း.”
ချင်းထန် ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင် ကင်းမြီးကောက် ကျားပေါ်သို့ စီးနင်းလိုက်သည်။ သူမက အနက်ရောင် အစက်အပြောက်ဆီသို့ တိတ်တဆိတ် လှည့်ကြည့်ကာ “ဆရာမ ကျွန်မ အခု သွားတော့မယ်” ဟု ပါးစပ်မှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဟဲဟဲ. ဆရာ ဟုတ်လား၊ ဘယ်လို ဆရာလဲ. မင်း ဒီတစ်နှစ်အတွင်းမှာ တစ်ယောက်တည်းပဲ ရှိခဲ့တာဆို၊ မင်း ဆရာက ဘယ်မှာလဲ” ဝူရွှမ်ကတော့ သူ့တပည့်မလေးကို ကြည့်ရင်း အူတိုဒေါပွနေလေသည်။
ဝူယွမ်က ပိုင်ယွမ်ပေါ်သို့ တက်စီးလိုက်ကာ “သွားရအောင်”
ချင်းတန်၏ မျက်နှာက မည်းမှောင်သွားပြီး သူမ၏ ဆရာကို ရင်ဆိုင်ရန် အလွန် ရှက်ရွံ့နေသဖြင့် လျင်မြန်စွာ ရှေ့သို့ ပြေးထွက်သွားသည်။
ဝူယွမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူတို့ ခဏကြာ ရှေ့ဆက် သွားခဲ့ပြီးနောက် ရေခဲများ ဖုံးလွှမ်းနေသော တောင်ကုန်းငယ်လေးကို သူ မြင်လိုက်ရသည်။ တောင်ကုန်ပေါ်တွင် တိုးဝင်နေူည့် မှောင်မိုက်သော ယွမ်စွမ်းအင်သည် ပျောက်ကွယ်မသွားသေးဘဲ အလွန် အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းလာကာ ထိုစွမ်းအား အရှိန်အဝါက ချင်းထန် ထုတ်လွှတ်နိုင်သော အရာ မဟုတ်မှန်ူ ထင်ရှားသည်။
“ဟစ်!”
ဝူယွမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ဒီနေရာပတ်လည်မှာ နောက်ထပ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိနေတာပဲ။
အေစာက ချင်းထန် ဘာကြောင့် အဲဒီလို ပြုမူခဲ့သလဲဆိုတာ ဝူယွမ် နားလည်သွားခဲ့သည်။
“ပိုရွှမ်”
ဝူယွမ်က သူ၏ စိတ်ထဲတွင် အော်ဟစ်လိုက်မိပြီး ပိုရွှမ် ရှိနေကြောင်း ချက်ချင်း ခန့်မှန်းမိသွားသည်။
မဟုတ်လျှင် ချင်းတန်၏ လျင်မြန်သော ကြီးထွားမှုနှုန်းအတွက် ယုတ္တိတန်သော ရှင်းပြချက် မရှိပေ။
ဘာကြောင့် သူ ခုနက ထူးဆန်းတယ်လို့ ခံစားခဲ့ရလဲ၊ ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်စွမ်းအင် စစ်ဆေးမှုမှာ ဘာမှ မတွေ့ခဲ့ရတာလဲ၊ ထိုအရာအားလုံးက ဒီ ခမ်းနားတဲ့ ပုဂ္ဂိုလ်ကြီးက လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့လို့ ဖြစ်သည်။
အမှောင်ထု ခန်းမ၏ ခန်းမမှူး, ပြန်လည်မွေးဖွားခြင်း အဆင့် စွမ်းအားရှင်ကြီး
သူ ချင်းတန်ကို သင်ကြားပေးနေသည်ဆိုတော့ အရာ အားလုံး အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။
“ချင်းတန်က ရှေးဟောင်း ဂူဗိမာန်ကို ပြောင်းလာခဲ့ပေမဲ့ သူ ပိုရွှမ် ဆက်တွေ့နိုင်အုံးမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ချင်းတန်ရဲ့ မဟာကံကြမ္မာကြီးက ရှောင်လွှဲလို့မရဘူး ထင်တယ်.”
ဝူယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။
သို့သော် ဝူယွမ်က ပိုရွှမ် အပေါ်အဆိုး မမြင်ပေ။ သူက ချင်းတန်အပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ခံသည်။ မူရင်းဇာတ်လမ်းတွင် သူက ချင်းတန်ကို သူ၏ တပည့်အဖြစ် ခေါ်ယူခဲ့ပြီး သူမကို ရတနာတစ်ခုကဲ့သို့ ဆက်ဆံခဲ့ကာ ဆူငေါက်ရန်ပင် မဝံ့မရဲ ဖြစ်ခဲ့သည်။
ပိုရွှမ်က သူ့ကိုယ်သူ မဖော်ထုတ်ခဲ့သလို ဝူယွမ်ကလည်း သူ့ကို ဖော်ထုတ်ခြင်း မပြုခဲ့ပေ။ သူက မှောင်ရိပ်ထဲတွင် နေလိုသဖြင့် သူ့ကို အနှောင့်အယှက် မပေးတော့ပေ။ ဘာပဲ ဖြစ်ဖြစ်၊ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကို သူ ယခုချိန်တွင် မစော်ကားနိုင်သေးပေ။
နှစ်ဦးသား ရှေးဟောင်း ဂူဗိမာန်သို့ ပျော်ရွှင်စွာ ပြန်သွားကြသည်။
ရှေးဟောင်း ဂူဗိမာန်က ယခုအခါ လုံးဝ အသက်ဝင်လာပြီဖြစ်ကာ လူတွေ နေထိုင်ခြင်းကြောင့် အရင်နှင့် ကွဲပြားခြားနားနေသည်။ တစ်နှစ်ကျော် ကြာပြီးနောက် ယင်စွမ်းအင် သေဆုံးခြင်း အငွေ့အသက်များ မရှိတော့ပေ။
ရှေးဟောင်း ဂူဗိမာန် တစ်ခုလုံးကို ဖုံးအုပ်ထားသော အကာအကွယ်အတားအဆီးကို ကြည့်လိုက်ပြီး ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် ထုတ်လွှတ်လိုက်ကာ လေထဲတွင် မူလ ဖျက်စီးခြင်း ရူန်းကို ပုံကြမ်းဆွဲ၍ အတားအဆီး လုံးဝ ချိုးဖျက်လိုက်သည်။
“ဝူယွမ်အစ်ကို, ဘာလို့ အကာအကွယ်ကို ဖယ်လိုက်တာလဲ”
ချင်းထန်က အံအားသင့်သွားပြီး မေးလိုက်သည်။ ထိုအချိန်က ဝူယွမ်သည် ဤ အကာအကွယ် အစီအရင်ကို တည်ဆောက်ရန်အတွက် ရှေးဟောင်း ဂူဗိမာန်တွင် သုတေသနပြု၊ အားထုတ်မှုများစွာ လုပ်ခဲ့ရသည်။
“ငါတို့ ရှေးဟောင်း ဂူဗိမာန်မှာ ပုန်းအောင်းနေစရာ မလိုတော့ဘူး. အကာအကွယ်က မလိုအပ်တော့ဘူး”
ဝူယွမ်က အလေးအနက် ပြောလိုက်သည်။
ဤ အကာအကွယ်သည် အတွင်းမှ လူများကို ကာကွယ်ပေးသော်လည်း သူတို့ကို ပိတ်လှောင်ထားပြီး လောကနှင့် အဆက်ဖြတ်ထားသည်။ ကြောက်မက်ဖွယ် အခြေအနေများ မရှိခဲ့လျှင် ဝူယွမ်င ထိုအချိန်က ထိုသို့ ပြုလုပ်လိုသည် မဟုတ်ပေ။
ယခုမူ မဟာရှေးဟောင်းကျောက်တိုင်ဖြင့် သူက သူ၏ မိသားစုကို ပိုမိုကောင်းမွန်သော ဘဝတစ်ခု ပေးနိုင်ပြီ ဖြစ်သည်။
“ယွမ်အာ”
“ယွမ်လေး”
အကာအကွယ် ပြိုကွဲသွားသည်ကို ရှေးဟောင်း ဂူဗိမာန် လူများ ချက်ချင်း သတိပြုမိသွားကြကာ လုံချန်း၊ လုံထန် လင်ကျန့်တျန်နှင့် အခြားသူများအားလူံ ဝူယွမ်ကို မြင်တွေ့ရသဖြင့် စိတ်လှုပ်ရှားစွာ အပြေးအလွှား ပြေးထွက်လာခဲ့ကြသည်။
ဝူယွမ်က သူတို့ တစ်ဦးစီကို ကြည့်လိုက်သည်။ ထိုလူများအားလုံးက ဤကမ္ဘာပေါ်တွင် သူ့အတွက် အရင်းနှီးဆုံး လူများ ဖြစ်ကြသည်။
တစ်နှစ်ကျော် ကာလအကြာတွင် သူတို့၏ ကျင့်ကြံမှုသည်လည်း အလွန် တိုးတက်လာခဲ့သည်။ လုံချန်း လင်ကျန့်တျန်တို့က ဖန်တီးခြင်း အဆင့်သို့ ထိုးဖောက် ဝင်ရောက်ခဲ့ကြပြီ. အလယ်အလတ် မျိုးဆက်များထဲတွင် လုံထန်နှင့် လင်ရှောင်းတို့သည်လည်း ကြီးစွာသော တိုးတက်မှုများ ရရှိခဲ့ပြီး နှစ်ဦးစလုံး ကူးပြောင်းခြင်း အဆင့် အစောပိုင်း ရောက်ရှိနေပြီ ဖြစ်သည်။ လူငယ် မျိုးဆက်သည်လည်း ကောင်းမွန်နေပြီး လင်ရှ၊ လင်ဟုန်နှင့် အခြားသူများက သဏ္ဍာန်ပြောင်းတစ်၀က် အဆင့်တွင် ရှိနေကြသည်။ သို့သော် သူတို့၏ နယ်ပယ်များင မတည်မငြိမ် ဖြစ်နေပြီး အတွေ့အကြုံ နည်းပါးမှုကြောင့် လုံလောက်သော အုတ်မြစ် မရှိပေ။
“ဝူယွမ် တူလေး, တုန်အာက ဘယ်မှာလဲ”
လင်ကျန့်တျန်နှင့် လင်ရှောင်တို့က သူ့နောက်တွင် မည်သူကိုမှ မမြင်ရသဖြင့် အမြန်ဘဲ မေးလိုက်ကြသည်။
“ဪ. သူက ခုထိ သီးသန့်ကျင့်ကြံနေတုန်းပဲ၊ စိတ်မပူပါနဲ့. သူ အဆင်ပြေပါတယ်. ဒီမှာပဲ ရှိတယ်”
ဝူယွမ်က အလျင်အမြန် ရှင်းပြလိုက်သည်။ လင်းတုန်က မြေအောက်နန်းတော်ထဲတွင် ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ဆက်လက် သန့်စင်နေဆဲဖြစ်ပြီး ထွက်ခွာ၍ မရနိုင်သေးပေ။ သူသည် ချက်ချင်း မဟာရှေးဟောင်းကျောက်တိုင်ကို ထုတ်ယူပြီး ၎င်းကို မူလပုံစံသို့ ပြန်လည် ပြောင်းလဲစေကာ ရှေးဟောင်း ဂူဗိမာန်ရှေ့ရှိ တောင်ကြားထဲတွင် မားမားမတ်မတ် ရပ်တည်နေစေခဲ့သည်.
ထို့နောက် ဝင်ပေါက် နေရာတစ်ခုက ရှေးဟောင်း ဂူဗိမာန် ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ဤ မှော်ဆန်သော မြင်ကွင်းက လောကကြီးအကြောင်းကို သေချာ မသိသေးသော လုံချန်းနှင့် အခြားသူများကို အံ့အားသင့်စေခဲ့သည်။
“ယွမ်အာ. ဒါ… ဘယ်လို နတ်စွမ်းအင် နည်းလမ်းမျိုးလဲ”
သူ အံ့ဩလွန်း၍ စကားပင် ဖြောင့်ဖြောင့် မပြောနိုင်ဖြစ်နေခဲ့သည်။
“ဒါက အကုန်လုံးအတွက် အစ်ကို ပြင်ဆင်ထားတဲ့ နေအိမ် ရွှေ့ပြောင်းခြင်းပဲ. အခုကစပြီး ကျွန်မတို့ ခွဲခွာနေစရာ မလိုတော့ဘူး.”
“လာ. ကျွန်တော်နောက်ကို လိုက်ခဲ့. အထဲကို ဝင်ကြည့်ရင် အားလုံးမြင်ရလိမ့်မယ်”