← Chapters

ကောင်းကင်အဆောင်သခင်အဆင့်သို့ တိုးမြှင့်ခြင်း၊ ကိုးကောင်းကင်တိုင်ချင်းနန်းတော်မှ အထည်ကြမ်း၀တ်ဆင်ထားသည့် အဖိုးအို

Vol. 14 Ch. 133

ကောင်းကင်အဆောင်သခင်အဆင့်သို့ တိုးမြှင့်ခြင်း၊ ကိုးကောင်းကင်တိုင်ချင်းနန်းတော်မှ အထည်ကြမ်း၀တ်ဆင်ထားသည့် အဖိုးအို

Vol. 14 Ch. 133

သိုင်းမဟာမိတ် မြို့၊ သိုင်းမဟာမိတ် ဌာနချုပ်

ဤကာလအတွင်း သိုင်းမဟာမိတ်က မဟာရှေးဟောင်းပြည်နယ် ထဲတွင် အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။

နေ့စဉ် လူအုပ်စုကြီးများနှင့် အရင်းအမြစ်များစွာကို သိုင်းမဟာမိတ်မြို့သို့ သယ်ဆောင်လာခဲ့သည်။

သိုင်းမဟာမိတ် ဌာနချုပ်ရှိရာ ကျယ်ပြန့်သော သိုင်းကွင်းပြင်အလယ်ဗဟို၌ ရှေးဟောင်းကျောက်တိုင်ကြီး တစ်ခု စိုက်ထူထားသည်။

ကျောက်တိုင်ပေါ်တွင် အလင်းများ စီးဆင်းနေပြီး အာကာသတံခါးပေါက် ရှစ်ခုအဖြစ် ကွဲထွက်ကာ မတူညီသော ဦးတည်ရာအသီးသီးအတွက် နေရာများ ဖွင့်လှစ်ထားသည်။

သိုင်းမဟာမိတ် တပည့်များစွာက ပစ္စည်းမတင်ထားသော လှည်းများကို ထိုကျောက်တိုင်အတွင်းသို့ သယ်ဆောင်ရင်း ဝင်ရောက်နေကြသည်။

ဤမြင်ကွင်းက တစ်လကျော်ကြာအောင် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး လက်ရှိ လွင်ပြင်ကြီးဖြစ်နေသော မဟာရှေးဟောင်းဂိုဏ်းကြီးကို ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များက အတော်လေး များပြာခဲ့သည်။

သို့သော် ယခုအခါ ဝူယွမ်က မဟာရှေးဟောင်းပြည်နယ် တစ်ခုလုံး၏ အင်အားကို အသုံးပြုပြီး မဟာရှေးဟောင်းဂိုဏ်းကြီးကို ပြန်လည်တည်ဆောက်နေသဖြင့် လူအားနှင့် ငွေအား ပြီးပြည့်စုံသည့်အတွက် အရာရာ အဆင်ပြေနေသည်။

အသေးစိတ် ကိစ္စရပ်များကို မုလဲ့ နှင့် သိုင်းမဟာမိတ် အား လွှဲအပ်ထားခဲ့သည်။

ဝူယွမ်မှာမူ ကျောက်တိုင် အတွင်းနေရာတွင် ကျင့်ကြံဖို့ရာ စတင်လိုက်သည်။

သူက ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားနှင့် ပေါင်းစည်းရန် ပြင်ဆင်နေသည်။

“စနစ်၊ ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားကို ထုတ်ယူပါ” ဝူယွမ်က အတွေးထဲမှ ခေါ်လိုက်သည်။

သူ၏ နီဝမ်နယ်ပယ် အတွင်းတွင် မယှဉ်နိုင်လောက်အောင် အင်အားကြီးမားပြီး မှုန်ဝါးနေသော စွမ်းအင်တစ်ခု ပေါ်ထွက်လာသည်။ ထိုစွမ်းအင်က သူ၏ နီဝမ်နယ်ပယ်ကို ပြည့်နှက်သွားစေကာ သူ၏ ဝိညာဉ်စွမ်းအင်ကို ဆေးကြောနေပြီး အလွန်ထူးဆန်းလှပေသည်။

ဝူယွမ်က အတွင်းသို့ လျင်မြန်စွာ ကြည့်လိုက်ရာ သူ့ နီဝမ်နယ်ပယ်အတွင်း တစ်မူထူးခြားသော ကမ္ဘာဦးသန္ဓေတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သန္ဓေသားတစ်ခုလုံးက လက်သီးဆုပ်အရွယ်ခန့်သာရှိပြီး ထိုင်နေသော ကမ္ဘာဦးဝိညာဉ်ကလေးငယ်တစ်ခုနှင့် တူသည်။ အရောင်က ကစဉ့်ကလျှားဖြစ်နေကာ မျက်နှာပြင်ပေါ်တွင်တော့ စင်ကြယ်သော အဖြူရောင်အလင်းများ တွန့်ခေါက်လျက် ကြည့်ရသည်မှာ အလွန်စင်ကြယ်ပုံရသည်။

ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားက ရုတ်တရက် အလင်းများထုတ်လွှတ်လာပြီး နီဝမ်နယ်ပယ်အတွင်းရှိ သဘာဝဝိညာဉ်အဆောင် ငါးခုကို ဆွဲဆောင်လိုက်သည်။ ထိုအချိန်တွင် သဘာဝဝိညာဉ်အဆောင်များက အလျင်အမြန်လည်ပတ်လာပြီး နောက်ဆုံးတွင် အားလုံးက ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားပေါ်သို့ တိုက်ရိုက် ကပ်တွယ်သွားကြသည်။ ဝိညာဉ်စွမ်းအင် စီးကြောင်းများကလည်း သန္ဓေသားထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။

ဤအဆင့်တွင် ဝူယွမ်က ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားနှင့် ဆက်သွယ်မှုတစ်ခု ထူထောင်လိုက်နိုင်သည်။ ဝိညာဉ်စွမ်းအင် ပေါင်းစပ်ခြင်းဖြင့် ဝူယွမ်က ယခုအခါ ကမ္ဘာဦး ကစဉ့်ကလျှား သန္ဓေသားကို ပိုင်ဆိုင်သွားပီဖြစ်သည်။

တဖြည်းဖြည်းနှင့် ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားက နီဝမ်နယ်ပယ်အတွင်း လုံးဝနေရာယူလိုက်ပြီး သူ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

ဂျိမ်း ...!

နီဝမ်နယ်ပယ်အတွင်းမှ မိုးကြိုးသံကဲ့သို့သော အသံတစ်ခု ပေါက်ကွဲထွက်လာပြီး ကျယ်ပြန့်များပြားလှသော ဝိညာဉ်စွမ်းအင်များ ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားထဲမှ ပေါ်ထွက်လာသည်။

ထိုကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားကိုယ်တိုင်လည်း ကမ္ဘာဦးဝိညာဉ်သန္ဓေတစ်ခုဖြစ်ပြီး အင်အားကြီးမားသော ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ယခု ဝူယွမ်နှင့် ပေါင်းစပ်ပြီးနောက် ထိုဝိညာဉ်စွမ်းအင်က ဝူယွမ်၏ အစိတ်အပိုင်းတစ်ခု လုံးဝဖြစ်သွားကာ နီဝမ်နယ်ပယ်ကို ကြွယ်ဝစေခဲ့သည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကလည်း ဝိညာဉ်စွမ်းအင်ကလည်း အပြင်းအထန် မြင့်တက်လာကာ တိုက်ရိုက် အဆင့်မြင့် ဝိညာဉ်အဆောင်သခင် အဆင့်သို့ ရောက်ရှိသွားသည်။

အဆင့်မြင့်နှင့်တင် မပြီးသေးဘဲ ဝိညာဉ်စွမ်းအင်က ဆက်လက် တိုးတက်နေသည်။ ထိုအချိန်တွင် နီဝမ်နယ်ပယ်အတွင်း၌ ကစဉ့်ကလျှားအရောင်က အလျင်အမြန်ပြေးထွက်သွားပြီး ကောင်းကင်နှင့် မြေကြီး ခွဲခြားကာ သန့်ရှင်းသောအရာက အပေါ်သို့တက်ပြီး ညစ်ထေးသောအရာများ အောက်သို့ဆင်းသွားသည်။ အတွင်း၌ မိုးကြိုးသံများ ဆက်တိုက် မြည်ဟီးနေခဲ့ပြီး လုံးဝ ကမ္ဘာငယ်တစ်ခု အဖြစ်သို့ ပြောင်းလဲတော့မည့် သဘောရှိသည်။

“ငါ အဆင့် ဆက်တက်တော့မယ်ထင်တယ်” ဝူယွမ်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

ဝိညာဉ်စွမ်းအင်များ ပိုပို စုစည်းလာသည်နှင့်အမျှ နီဝမ်နယ်ပယ်အတွင်းရှိ ကမ္ဘာငယ်ထဲတွင် ဝိညာဉ်စွမ်းအင်များက မိုးကြိုးလက်သကဲ့သို့ မှုန်ဝါးစွာဖြင့် စုစည်းလာပြီး ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားကလည်း ပုံရိပ်ယောင် မှုန်ဝါး၀ါးမှ ပုံသဏ္ဍာန် အစစ်အမှန် အဖြစ် စုစည်းလာခဲ့သည်၊ ဤပုံရိပ်က ဝူယွမ်၏ ဝိညာဉ်ကိုယ်ထည်ဖြစ်ပြီး ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားနှင့် ပြီးပြည့်စုံစွာ တစ်ထပ်တည်းဖြစ်နေခဲ့သည်။

ထိုလက္ခဏာက ကောင်းကင်အဆောင်သခင် အဆင့်သို့ တိုးမြှင့်ခြင်းဘဲဖြစ်သည်။

အလွန်မြန်လွန်းလေသည်။

ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားနှင့် ပေါင်းစပ်ခြင်းက ဝူယွမ်အား အလယ်အလတ်အဆင့် ဝိညာဉ်အဆောင်သခင်မှ ကောင်းကင်အဆောင်သခင်အဆင့်သို့ တိုက်ရိုက် ရောက်ရှိစေခဲ့သည်။

ထို့အပြင် သာမန် ကောင်းကင်အဆောင်သခင်များ စုစည်းသော ဝိညာဉ်ကိုယ်ထည်များက အရိပ်အယောင်မျှသာဖြစ်သည်။ ယခု ဝူယွမ်က ကမ္ဘာဦးဝိညာဉ်သန္ဓေဖြစ်သော ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားကို သူ၏ ဝိညာဉ်ကိုယ်ထည်အဖြစ် တိုက်ရိုက်အသုံးပြုလိုက်သဖြင့် သာမန်ဝိညာဉ်ကိုယ်ထည်ထက် ပို၍ ခိုင်မာပြီး အင်အားကြီးမားသည်။

ဤသန္ဓေသားဖြင့်ဆိုလျှင် ဝူယွမ်၏ နီဝမ်နယ်ပယ်တွင် ကမ္ဘာဦးဝိညာဉ်တစ်ပါး စိုးမိုးနေမည်ဖြစ်သည်။ အဆင့်မြင့် ကောင်းကင်အဆောင်သခင်များကို ထား ကောင်းကင်အဆင့် အထက်အဆောင်သခင်များပင် ဝူယွမ်၏ နီဝမ်နယ်ပယ် အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ကောင်းကင်အဆောင်သခင်တစ်ဦးက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို လှုပ်ရှားစေနိုင်စွမ်း ရှိပြီဖြစ်ကာ ဝိညာဉ်အဆောင်သခင်ထက် အများကြီးပို အင်အားကြီးမားလှသည်။

ဝိညာဉ်လှိုင်းများက သူ၏ နီဝမ်နယ်ပယ်မှ အဆက်မပြတ် ထွက်လာပြီး ကျောက်တိုင်အတွင်းရှိ အာကာသ၊ ဖန်တီးခြင်းကျောက်တိုင် ပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်လေးကို တုန်ခါစေသည်။

ဂိုဏ်းသားများအား ပစ္စည်းသယ်ယူရန် ညွှန်ကြားနေသော လင်းတုန်က ရုတ်တရက် ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် ရှေ့မှ လာသော ဝိညာဉ်လှိုင်းများကို ခံစားမိပြီး အလွန်တုန်လှုပ်သွားသည်။

“ဒါက... အစ်ကိုကြီးရဲ့ ဝိညာဉ်စွမ်းအင်က နောက်တစ်ကြိမ် အားပြင်းလာတာလား”

ရှောင်တျောင်းက “ကျစ်ကျစ်၊ ဒီလှိုင်းတွေအရဆို အစ်ကိုကြီးက ကောင်းကင်အဆောင်သခင် အဆင့်ကို ရောက်သွားပြီဘဲ”

“ကောင်းကင်အဆောင်သခင်ဆိုတာ နိဗ္ဗာန်အဆင့်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားရှင်ကြီးတွေဘဲ။ အစ်ကိုကြီးက အရမ်းမြန်တာပဲ”

လင်းတုန်သည် အားကျစိတ်များပြည့်နှက်သွားကာ အနည်းငယ် စိတ်ဓာတ်ကျသွားပြီး အစ်ကိုကြီးနောက် လိုက်ရန် ပို၍ခက်ခဲလာသည်ကို ခံစားနေရသည်။

“ဘာဖြစ်နေတာလဲ?”

“ဒီစွမ်းအင်က အရမ်းကြီးတာပဲ”

...အတွင်းသို့ ဝင်ရောက်လာကြသော တပည့်များက နားမလည်နိုင်ဖြစ်ကာ ဝူယွမ်ထံမှ လွှမ်းခြုံလာသော ဝိညာဉ်စွမ်းအင်ကြောင့် ခြောက်လှန့်ခံလိုက်ရကြသည်။

လင်းတုန် ။ “အားလုံး၊ စိတ်မပူကြပါနဲ့။ ဒါက ဂိုဏ်းချုပ်ကြီး ကောင်းကင်အဆောင်သခင် အဆင့်တက်ရာကနေ ဖြစ်ပေါ်လာတဲ့ ဝိညာဉ်လှိုင်းတွေပါ”

လူများအားလုံး စိတ်ငြိမ်သက်သွားကြသော်လည်း ကောင်းကင်အဆောင်သခင်ဆိုသည်မှာ အဘယ်နည်း၊ ဂိုဏ်းချုပ်ကြီးသည် အဘယ်မျှလောက် အံ့သြဖွယ်ကောင်းသနည်းကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

“အဆင့်တက်ခြင်း၊ ကောင်းကင်အဆောင်သခင်”

သတင်းကြား၍ ရောက်လာကြသော မုလဲနှင့် သိုင်းမဟာမိတ်တို့လည်း စိတ်အတွင်း၌ တုန်လှုပ်မှုကို ထပ်မံမဖုံးနိုင်တော့ပေ။

သူတို့က ကောင်းကင်အဆောင်သခင်၏ အင်အားကို သိထားကြသည်၊ မဟာရန်မင်းဆက်တွင်ပင် ဒဏ္ဍာရီလာ နီးပါးဖြစ်သော တည်ရှိမှုတစ်ခုဖြစ်သည်။

အရင်က ကူးပြောင်းခြင်းအဆင့် အစောပိုင်း သာရှိသော ဝူယွမ်က ကူပြောင်းခြင်းအဆင့် အထွတ်အထိပ် တင်ရှားကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။ ယခုမူ သူ၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းကလည်း ကောင်းကင်အဆောင်သခင် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

သိုင်းပညာလမ်းစဉ် နှင့် အဆောင်လမ်းစဉ်ကို အတူတကွ အားထုတ်ကာ တိုးတက်နေခြင်းဖြစ်ပြီး။

သူ၏ ပါရမီနှင့် အလားအလာက အံ့ဖွယ်ကောင်းလွန်းလှသည်။

ဤအရာက ဝူယွမ်နောက်သို့ လိုက်ရန် သူတို့၏ ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာစေသည်။

ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားက တဖြည်းဖြည်း တည်ငြိမ်လာပြီး နောက်ဆုံးတွင် လှိုင်းထနေသော ဝိညာဉ်မုန်တိုင်းကို ရပ်တန့်လိုက်သည်။

ဝူယွမ်က ခပ်တင်းတင်း မှိတ်ထားသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများထဲမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်က အရာဝတ္ထုအဖြစ် စုစည်းလုနီးပါးဖြစ်ပြီး ထိုးဖောက်ထွက်လာကာ တိုက်ရိုက် မာကျောသော ကျောက်ပြားမြေပြင်၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ဝူယွမ် ထုတ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအင်က စွမ်းအား အလွန်တရာ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“သဘာဝဝိညာဉ်အဆောင်တွေက တကယ်ပဲ သန္ဓေသားထဲကို ကူးယူခံလိုက်ရတယ်”

ဝူယွမ်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မ်သည်။ ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားက ရူန်း များနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသည်။ ဝူယွမ်၏ သဘာဝဝိညာဉ်အဆောင် ငါးခုက သန္ဓေသားနှင့် လုံးဝ ပေါင်းစပ်သွားခဲ့သည်။

သန္ဓေသားက ရူန်းများကို ပြုစုပျိုးထောင်ပေးနိုင်ပြီး နတ်ဘုရားရူန်း သန္ဓေသားတစ်ခုကိုတောင် ဖွဲ့စည်းပေးနိုင် လောက်သည်။

နောက်ဆုံးတွင် ဖွဲ့စည်းလာမည့် ရူန်းများက ဘိုးဘေးအဆောင် နှင့် ယှဉ်နိုင်မလားဆိုတာ သူသိချင်နေသည်... ဝူယွမ်က သူ၏ နှလုံးသားတွင် မျှော်လင့်ချက်အချို့ကို ခံစားလိြက်ရသည်။ အမှန်စင်စစ် သူက ယခုအခါ မူလရူန်း လျှို့ဝှက်ချက်ထဲမှ ရူန်းအများအပြားကို ထိန်းချုပ်ထားနိုင်ပီ ဖြစ်သည်။ ဘိုးဘေးအဆောင်နှင့် နှိုင်းယှဉ်လျှင် တစ်ခုတည်းသော ကွာခြားချက်မှာ ရူန်းများ၏ သယ်ဆောင်သူပင် ဖြစ်သည်။

“အစ်ကိုကြီး”

လင်းတုန်က ဝူယွမ်ရှေ့တွင် ရပ်နေပြီဖြစ်ပြီး မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေလျက် သူ့အစ်ကိုကြီးအတွက် စိတ်ရင်းဖြင့် ဝမ်းသာနေခဲ့သည်။

“ဒီတစ်ချိန်လုံး အလုပ်များနေတယ်၊ အခုဆို ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ကြည့်ဖို့ အချိန်တန်ပြီ”

“အောက်ထပ်မှာ စကားပြောကြရအောင်”

ဝူယွမ်နှင့် လင်းတုန်တို့က ချီရှင် စောင့်ကြပ်နေသော မြေအောက်နန်းတော်ထဲသို့ ရောက်ရှိလာကြသည်။

“အစ်ကိုကြီး၊ ငါ စိတ်မရှည်တော့ဘူး။ မြန်မြန်ထုတ် ယူလိုက်ပါ” ရှောင်တျောင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဘိုးဘေးအဆောင်ကို ရပြီးတာ တစ်လကြာသွားပြီ၊ အစ်ကိုကြီးက တစ်ကယ်က်ု သည်းခံနိုင်စွမ်းရှိတာဘဲ”

သူသာဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် ချက်ချင်း သန့်စင်ဖို့ လုပ်မိလောက်သည်ဟု ရှောင်တျောင်းတွေးနေမိခဲ့သည်

သို့သော် ဝူယွမ်က ဤကာလအတွင်း အမှန်စင်စစ် လုပ်စရာများ များလွန်း နေခဲ့သည်။

ဝူယွမ်က ပြုံးရယ်လိုက်ပြီး သူ၏ ခါးတွင်ရှိသော သိုလှောင်အိတ် ထဲကို လက်ဖြင့် လှန် လျှော်ရှာဖွေလိုက်သည်။ အနက်ရောင် ရူန်းက သူ၏ လက်ဝါးထဲတွင် ပေါ်လာခဲ့သည်၊ ထို့နောက် ရူန်းထဲမှ အလင်းတန်းများ ထွက်လာပြီး အလင်းတန်းများသည် ရစ်ပတ်ကာ အနက်ရောင်အလင်းအစုအဝေးက ပေါ်လာသည်။

အနက်ရောင်အလင်း အစုအဝေးက တိတ်ဆိတ်စွာ တည်ရှိနေပြီး အနက်ရောင်ချည်မျှင်ကဲ့သို့သော သွေးကြောများက ၎င်းကို ထူထပ်စွာ ဖုံးအုပ်ထားသည်။

ဝူယွမ်က အာရုံစိုက်၍ ကြည့်လိုက်ရာ အနက်ရောင်အလင်းအစုအဝေး၏ အနက်ဆုံးအပိုင်းတွင် ရှေးဟောင်းရူန်းတစ်ခုက အနက်ပေါက်ကြီးတစ်ခုနှင့်တူကာ တိတ်ဆိတ်စွာ မျောပါနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုရူန်းက အိပ်ပျော်နေသော ကောင်းကင်နဂါး တစ်ကောင်နှင့် တူသည်။

အလင်းအစုအဝေးအပေါ်တွင် မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ အရိပ်က နောက်တစ်ကြိမ် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီး စိတ်ခံစားမှုကင်းမဲ့သော သူ၏ ရှေးဟောင်းဆန်ဆန် အော်ဟစ်သံက ထွက်ပေါ်လာသည်။

“အသိအမှတ်ပြု မခံရတဲ့သူက ရှေးဟောင်းအဆောင်နဲ့ မထိုက်တန်တဲ့သူဘဲ”

ထိုအရာက မျက်လုံးနက်ပိုင်ရှင် အဖိုးကြီး ချန်ရစ်ခဲ့သော ပုံရိပ် တစ်ခုသာဖြစ်ပြီး ဤစကားတစ်ခွန်းကိုသာ ထပ်ကာထပ်ကာ ပြောနေသည်။

“ဆရာ”

ချီရှင်က ထိုပုံရိပ်ကို တွေ့ရသောအခါ စိတ်လှုပ်ရှားမှုနှင့် ဝမ်းနည်းမှုများ ရောစပ်ကာ ခေါ်လိုက်သည်။

ဝူယွမ်က မျက်လုံးနက်ပိုင်ရှင် အဖိုးအိုအား ရိုသေစွာ ဦးညွှတ်ပြီးနောက် လက်ဝါးကို လှည့်ကာ ချိတ်ပိတ်ဖြည်ရူန်း ကို ဖွင့်လိုက်သည်။ အလင်းတစ်တန်းက အနက်ရောင်ရူန်းထဲမှ တိုက်ရိုက် ထွက်လာကာ ပုံရိပ်ယောင်ကို အလင်းပေးလိုက်သည်။

ထိုအလင်းတန်းအောက်တွင် မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ ပုံရိပ်ယောင်က တဖြည်းဖြည်း ပြောင်းလဲလာသည်။ မူလက ဗလာဖြစ်နေသော မျက်လုံးများက တကယ်ပင် ဉာဏ်ပညာဖြင့် ပြည့်နှက်နေသော လက္ခဏာများ ပေါ်လာသညါ။

“ဘိုးဘေးအဆောင်တွေကို ကောင်းကင်နဲ့ မြေကြီးက စုစည်းပေးပြီး ကောင်းကင်နှင့် မြေကြီးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ဘိုးဘေးအဆောင်ရဲ့ အမွေဆက်ခံသူ၊ မင်းရဲ့ တာဝန်ကို မှတ်ထားပါ။ ကောင်းကင်နှင့် မြေကြီးရဲ့ ရှေးဟောင်း ကပ်ဘေးဒုက္ခ ကျရောက်ချိန် ရောက်လာသောအခါ ကောင်းကင်နဲ့ မြေကြီးကို ကာကွယ်စောင့်ရှောက်ရန် မင်းလိုအပ်လိမ့်မည်”

မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ အိုမင်းနေသောအသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ၊ ဤတစ်ကြိမ်တွင် စိတ်ခံစားမှုလှိုင်း အရိပ်အယောင်များ ပါဝင်လာသည်။

“ကောင်းကင်နှင့် မြေကြီးရဲ့ ရှေးဟောင်းကပ်ဘေးဒုက္ခ” လင်းတုန်နှင့် ရှောင်တျောင်းတို့သည် နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ သူတို့က ကမ္ဘာခြားနတ်ဆိုးများ၏ တည်ရှိမှုကို မသိကြသေးပေ။

ချီရှင်က ဂိုဏ်းကြီး ပျက်သုဉ်းခြင်းမြင်ကွင်းကို ပြန်သတိရကာ သူ၏ အရိုးမျက်လုံးများတွင် အမျက်ဒေါသမီးတောက်များ တောက်လောင်လာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်၊ “ရှေးတုန်... ကမ္ဘာပြင်ပက နတ်ဆိုးအုပ်စုတစ်ခုက... ကျွန်ုပ်တို့ ကမ္ဘာကြီးထဲကို ဝင်ရောက်ကျူးကျော် လာခဲ့တယ်... အဲ့ကျူးကျော်မှုက သက်ရှိသတ္တဝါတွေကို အကြီးအကျယ် ဒုက္ခရောက်စေခြ့တယ်။ ကျွန်ုပ်တို့ မဟာရှေးဟောင်းဂိုဏ်းကြီးကလည်း နတ်ဆိုးတွေရဲ့ လက်ချက်နဲ့ ပျက်သုဉ်းခဲ့ရတာဘံ၊ ဒီမြေအောက်နန်းတော်အောက်မှာ... နတ်ဆိုးဘုရင်တစ်ပါးကို ချိတ်ပိတ်ထားသည်”

“နတ်ဆိုးတွေက... ပျောက်ကွယ်သွားတာ မဟုတ်ဘူး... သူတို့က ကမ္ဘာရဲ့ အမှောင်ထောင့်တွေမှာ ပုန်းအောင်းနေကြပြီး တစ်နေ့ကျရင်... သူတို့ ပြန်လည်ထကြွလာမှာသေချာတယ်။ အဲဒီအချိန်ကျရင်... နောက်ထပ် ကပ်ဘေးဒုက္ခကြီးတစ်ခု ဖြစ်လာမယ်”

ဝူယွမ်နှင့် လင်းတုန်တို့၏ မျက်နှာထားနှစ်ခုစလုံး တည်ကြည်လေးနက်လာခဲ့သည်။

အသိုက်လှန်လျှင် ဥမကျန်သကဲ့သို့ ဤကဲ့သို့သော ဘေးဒုက္ခတစ်ခုကို ရင်ဆိုင်ရသောအခါ မည်သူမျှ ဘေးကင်းသောသူ ဖြစ်နိုင်မည်မဟုတ်ပေ။

သူတို့က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို မယူခဲ့လျှင်တောင် နောင်တွင် နတ်ဆိုးများကို ရင်ဆိုင်ရမည်သာဖြစ်သည်။

စွမ်းအားကြီးမားသူတစ်ဦးက တာဝန်ပို၍ ကြီးမားသည်။

သူတို့သည် လှိုက်လှဲစွာ ခံစားနေစဉ်တွင် မျက်လုံးနက်ပိုင်ရှင် အဖိုးအို၏ ပုံရိပ်ယောင်က အနက်ရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ မျက်နှာပြင်ကို ဖုံးလွှမ်းထားသော အနက်ရောင် အလင်းအစုအဝေးက အလွှာလိုက် အလွှာလိုက် အရည်ပျော်လာသည်။

အနက်ရောင်အလင်းအစုအဝေး အလွှာလိုက် အလွှာလိုက် အရည်ပျော်သည်နှင့်အမျှ နောက်ဆုံးတွင် အနက်ပေါက်တစ်ခုကဲ့သို့ ရှေးဟောင်းရူန်းက အအေးဆုံးအပိုင်းအတွင်း ပုန်းကွယ်နေရာမှ လုံးဝထွက်ပေါ်လာပြီး သူတို့၏ အမြင်အာရုံအတွက် လုံး၀ရှင်းလင်းသွားခဲ့သည်။

ရှေးဟောင်းဆန်ပြီး ရှုပ်ထွေးသော ရူန်းတစ်ခုက လေထဲတွင် တိတ်တစိတ် မျောလွင့်နေသည်။ ထိုရူန်းက လူတစ်ဦး၏ ဦးခေါင်းအရွယ်ခန့်သာရှိပြီး ရူန်းအမှတ်အသားများက သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း မသွားဘဲ ဆက်တိုက် တွန့်ခေါက်လှုပ်ရှားနေသည်။

သို့သော် ရူန်း မည်သို့ပင်ပြောင်းလဲပါစေ ၎င်း၏ ပုံသဏ္ဍာန်က ဖြည်းဖြည်းချင်း လည်ပတ်နေသော အနက်ပေါက်တစ်ခုနှင့် တူပြီး ကောင်းကင်နှင့် မြေကြီးကို ဝါးမျိုနိုင်သော အာဏာရှင်ဆန်ဆန် ဝါးမျိုနိုင်စွမ်းအား အနည်းငယ်က အဆောင်မှတစ်ဆင့် စိမ့်ထွက်လာကာ ပတ်ဝန်းကျင် လေဟာနယ်ကို လှိုင်းထစေခဲ့သည်။

ဤသည်က အနက်ပေါက်တစ်ခုဖြင့် စုစည်းထားသော ကောင်းကင်နှင့် မြေကြီး၏ အဆောင်တစ်ခုဖြစ်သည်။

ချီရှင် ။ “အခြေအနေက ပြောင်းလဲသွားပြီ... နှုတ်ဆက်ပါတယ်၊ ဆရာ”

လင်းတုန် ။ “ငါ့ရဲ့ သဘာဝဝိညာဉ်အဆောင်က တုန်နေတယ်၊ ကြောက်နေတာဘဲ”

ရှောင်တျောင်း ။ “ကျစ်၊ ဒါက ဒဏ္ဍာရီလာ ဝါးမျိုခြင်းဘိုးဘေးအဆောင်လား၊ တကယ်ပဲ အံ့သြဖို့ကောင်းလိုက်တာ”

ဝူယွမ် ။ “ဒါဘဲ”

အားလုံး လှိုက်လှိုက်လှဲလှဲ ၀မ်းသာသလို ခံစားကြသည်။

စစ်မှန်သော ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို မြင်ရသောအခါ ဝူယွမ်က သူ၏ မူလရူန်း လျို့၀ှက်ချက်ထဲတွင် ဖော်ပြထားသော ဝါးမျိုခြင်းရူန်း နှင့် အမှန်တကယ် ဝါးမျိုခြင်းဘိုးဘေး အဆောင်ကြားတွင် ဤမျှကြီးမားသော ခြားနားချက် အဘယ်ကြောင့်ရှိသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

သူ၏ ရူန်းက သေနေပြီး၊ ဝိညာဉ်မရှိသလို အမှတ်အသားများက တောင့်တင်းပြီး စွမ်းအင် ချို့တဲ့ကာ ဝိညာဉ်စွမ်းအင်ကို လုံးဝမှီခိုအားထားပြီး ဖွင့်လှစ်ရသည်။ သို့သော် ဝါးမျိုခြင်းဘိုးဘေးအဆောင်က ကွာခြားသည်၊ ဘိုးဘေးအဆောင်က အမှန်တကယ် နတ်ပစ္စည်းတစ်ခုဖြစ်ပြီး ဝိညာဉ်ရှိကာ ကြီးမားသော စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။

ထိုအဆောင်က ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်မှ စုစည်းထားသော ရူန်းတစ်ခုဖြစ်သည်။

“အမ်~”

ဝါးမျိုခြင်းဘိုးဘေးအဆောင် အနီးရှိ ဝူယွမ်က နီဝမ်နယ်ပယ် အတွင်းရှိ ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသား အလွန်ပြင်းထန်သော တုံ့ပြန်မှုရှိတာကို တွေ့ခဲ့ရသည်။

သူ၏ သဘာဝဝိညာဉ်အဆောင်က ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ မိတ္တူတစ်ခုကို ကူးယူထားပြီး ယခုအခါ ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားထဲသို့ ပေါင်းစပ်ဝင်ရောက် သွားပြီဖြစ်သည်။

ထို့‌ေကြာင့် ဝါးမျိုခြင်းဘိုးဘေး အဆောင်အပေါ် တုံ့ပြန်မှုရှိခြင်းက အံ့အားသင့်စရာမဟုတ်၊ လင်းတုန်တွင်လည်း ဆင်တူတုံ့ပြန်မှုရှိလောက်သည်။

သို့သော် ဝူယွမ်အား အံ့အားသင့်စေခဲ့သည်မှာ ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားက ရုတ်တရက် ကစဉ့်ကလျှားအရောင်များကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး ထိုအလင်းများက ဝူယွမ်၏ နီဝမ်နယ်ပယ်ထဲမှ တိုက်ရိုက်ထွက်လာကာ ဝါးမျိုခြင်းဘိုးဘေးအဆောင်ပေါ်သို့ တည့်တည့် ထိုးဖောက် အလင်းပေးလိုက်သည်။

ထို့နောက် ဝူယွမ်ပင် အံ့အားသင့်သွား ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကစဉ့်ကလျှားအလင်းက ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို စကင်ဖတ်နေသည့်အလား ရှိပြီး ၎င်း၏ အဆောင်၏ရူန်း နည်းနည်းခြင်းစီကို နီဝမ်နယ်ပယ်အတွင်း တိတ်ဆိတ်စွာ ထိုင်နေသော သန္ဓေသားပေါ်သို့ ကူးယူနေသည် ထင်ရသည်။

ဟုတ်ပေသည်။ ထိုအရာက ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို မိတ္တူကူးယူနေခြင်း ဖြစ်သည်။

ဝူယွမ်က အံ့အားသင့်သွားပြီး ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားက ဤနည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“အစ်ကိုကြီးက ဘာလုပ်နေတာလဲ”

ရှောင်တျောင်းက မသေမချာဖြစ်ကာ မေးလိုက်သည်။

သူတို့၏ မျှော်လင့်မထားသော အကြည့်များအောက်တွင်၊

သိပ်မကြာမီ ဝူယွမ်က ဘိုးဘေးအဆောင်တစ်ခုလုံးကို စကင်ဖတ်ပြီးစီးသွားသည်။

သူက ပြည့်စုံသော ဝါးမျိုခြင်းရူန်းတစ်ခုကို ရရှိခဲ့သည်၊ ထိုအရာက ဝူယွမ်၏ မူလရူန်း လျှို့ဝှက်ချက် ပျိုးထောင်ခြင်းကို တိုက်ရိုက် အဆင့်တော်တော်များများ တိုးတက်လာခဲ့သည်။

မူလက သူ၏ ဝါးမျိုခြင်းရူန်း ပျိုးထောင်ရာ၌ တစ်ရာခိုင်နှုန်းတောင် မရှိသော်လည်း ယခုသူက ပြည့်စုံသော ပုံစံကို ပိုင်ဆိုင်လာပြီဖြစ်သည်။

ဝူယွမ်က ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားမှ အံ့အားသင့်ဖွယ် ပြောင်းလဲမှုတစ်ခုကို ခံစားခဲ့ရသည်၊ သူက အတွင်းတွင် အထူးအင်အားတစ်ခု၊ ဝါးမျိုနိုင်စွမ်းအား ကိုခံစားလိုက်ရသည်။

ဂရုတစိုက် ခံစားကြည့်သောအခါ ဝူယွမ်က သန္ဓေသားပေါ်ရှိ ဝါးမျိုခြင်းရူန်းအားလုံးက သူ၏ ဒန်တျန်နေရာတွင် စုစည်းနေပြီး ဝါးမျိုခြင်းဘိုးဘေး အဆောင်ကဲ့သို့ပင် အသက်ဝင်ကာ စိတ်ဝိညာဉ်ရှိပြီး ပုံမှန် လမ်းကြောင်းမဟုတ်သော ရူန်းများဖြစ်ကာ ထိုနေရာတွင် အနက်ရောင် အပေါက်ငယ်တစ်ခုကို ဖွဲ့စည်းထားသည်ကို တွေ့ရှိခဲ့သည်။

ထိုအရာက ဝါးမျိုခြင်း ဘိုးဘေးအဆောင်၏ ပုံစံအသေးစားတစ်ခုဖြစ်သည်။

ထို့အပြင် ထိုအရာက ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားသည်။

ထိုအနက်ရောင်အပေါက်က ကောင်းကင်နှင့် မြေကြီး၏ အင်အားကို ဝါးမျိုစုပ်ယူပြီး သန္ဓေသားကို အာဟာရဖြည့်ပေးကာ ဝူယွမ်၏ စွမ်းအားကို မြှင့်တင်ပေးနေကာ အဆောင်နတ်ဘုရား သန္ဓေသားအဆင့်ထိ တိုးတက်နိုင်ဖွယ်ရှိသည်။

သန္ဓေသားပေါ်တွင် ဝါးမျိုခြင်းရူန်းများအပြင် စုစည်းရေး စွမ်းအား ရူန်းအချို့လည်း ရှိသေးသည်။ ထိုရူန်းက ဝူယွမ် သူ၏ သဘာဝဝိညာဉ်အဆောင်ကို အားထုတ်စဉ်က မူလရူန်း လျှို့ဝှက်ချက်အတိုင်း အားထုတ်ခဲ့သော စုစည်းရေး စွမ်းအား ရူန်းများဖြစ်သည်။ ယခု သဘာဝဝိညာဉ်အဆောင် သန္ဓေသားထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီ ဖြစ်သဖြင့် သူ၏ စုစည်းရေး စွမ်းအား ရူန်းများသည်လည်း သန္ဓေသားပေါ်တွင် ပေါ်လာပြီး အပေါ်နေရာတွင် သုံးပွင့်ဆိုင် စုစည်းတည်ရှိသည်။

ထို့အပြင် ထိုအပေါ်ရှိ ရူန်းများက ဝါးမျိုခြင်းရူန်းများကဲ့သို့ပင် ဝိညာဉ်အရိပ်အယောင် အချို့အဝက်ကိုလည်း ပိုင်ဆိုင်ထားသည်။

စုစည်းရေး စွမ်းအားနှင့် ဝါးမျိုနိုင်စွမ်းအားတို့သက တစ်ခုနှင့်တစ်ခု အတူအတူတည်ရှိနေပမေဲ့ မတုံ့ပြန်ကြပေ။

ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားက ရူန်းပေါင်းများစွာကို လက်ခံနိုင်သည်ဟုပင် ထင်ရသည်။

ဝူယွမ်က ဤကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားကို အားထုတ်ရန် နည်းလမ်း အစစ်အမှန်ကို တွေ့ရှိခဲ့သည်။

မူလရူန်းအားလုံးကို သန္ဓေသားထဲသို့ ကူးယူနိုင်လျှင် မည်မျှ အင်အားကြီးမားလာမည်နည်း။

ဘိုးဘေးအဆောင်များ ပေါင်းစပ်ခြင်းကဲ့သို့ ဖြစ်လာမည်လား။

အရာအားလုံး ပေါင်းစပ်ပြီး ကစဉ့်ကလျှား ဘိုးဘေးအဆောင် ဖြစ်လာမည်လား။

ဤသည်က ရူန်းပျိုးထောင်ခြင်း လမ်းကြောင်းသစ်တစ်ခုဘဲ ဖြစ်သည်။

မူရင်းဇာတ်လမ်းတင် လင်းတုန်က ဘဘိုးဘေးကျောက်တုံး ကို အသုံးပြု၍ ဘိုးဘေးအဆောင် ရှစ်ခု၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းနိုင်ခဲ့သည်။

ယခု ဝူယွမ်က ပုံမှန် ကျင့်ကြံခြင်းလမ်းစဉ် မဟုတ်တော့ပေ။ သူက ကမ္ဘာဦး ကစဉ့်စလျှား သန္ဓေသားကို အသုံးပြု၍ မူလရူန်းအားလုံးကို လက်ခံနိုင်ပီဖြစ်သည်။

နောက်ပိုင်းတွင် သူသာ ဤမူလရူန်းအားလုံးကို ဘိုးဘေးအဆောင် အဆင့်အထိ ပျိုးထောင်‌နိုင်ခဲ့လျှင် ဘိုးဘေးအဆောင်များစွာ၏ စွမ်းအားက စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်အောင် ဖြစ်လာလိမ့်မည်။

ဤနည်းဖြင့် ဝူယွမ်က လင်းတုန်နှင့် ဘိုးဘေးအဆောင်၏ ကံကြမ္မာအတွက် ယှဉ်ပြိုင်ရန် မလိုအပ်တော့ဘဲ လင်းတုန်အား ဘိုးဘေးကျောက်တုံးနှင့် ဘိုးဘေးအဆောင်များ ပေါင်းစပ်သည့် လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းခွင့် ပေးလိုက်လို့ရသွားသည်။

ဝူယွမ်က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို လင်းတုန်ထံ ပေးအပ်ပြီး ပြောလိုက်သည်။

“ကောင်းပီ ငါ ပြီးသွားပြီ။ ဒီမှာ ယူလိုက်ပါ”

“အစ်ကိုကြီး၊ အစ်ကိုကြီးက ဘိုးဘေးအဆောင် မလိုအပ်ဘူးလား” လင်းတုန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

သူက အစ်ကိုကြီးနှင့် ဤကဲ့သို့သော နတ်ဆယပစ္စည်းတစ်ခုအတွက် ယှဉ်ပြိုင်ရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။

ရှောင်တျောင်းသည်လည်း ဝူယွမ်ကို ကြည့်ရင်း အစ်ကိုကြီးက ဘိုးဘေးအဆောင် အဆင့်ရှိသော နတ်ရတနာပစ္စည်းကိုပင် သူ၏ ညီအကိုထံ ပေးအပ်နိုင်မည်လားဟု စဉ်းစားနေမိသည်။

“ငါ ခုနက အသုံးပြုပြီးသွားပြီ” ဝူယွမ်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

သူတို့ ယုံကြည်စေရန်အတွက် ဝူယွမ်က သန္ဓေသားအတွင်းရှိ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ဖွင့်လိုက်သည်။ ချက်ချင်းပင် အင်အားပြင်းထန်သော ဝါးမျိုခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်နှင့် ထိုဆေးတောင်အပုံများမှ ထွက်လာသော ကြွယ်ဝသော စွမ်းအင်အားလုံးက ဝူယွမ်ဆီသို့ စီးဆင်းလာသည်။

၎င်းက ဝါးမျိုခြင်းစွမ်းအားတင်သာ မကဘဲ စုစည်းရေး စွမ်းအားကိုလည်း ပိုင်ဆိုင်ထားကာ ဝါးမျိုခြင်းအတွက် အင်အားကို စုစည်းပေးနိုင်သည်။

လက်ရှိအချိန်တွင် သူ၏ တစ်ကိုယ်တော် ဝါးမျိုခြင်းစွမ်းအားက ဝါးမျိုခြင်းဘိုးဘေး အဆောင်ကဲ့သို့ စွမ်းအား သိပ်မကြီးမားသေးသော်လည်း ဝူယွမ်၏ ကျင့်ကြံခြင်းအတွက် လုံလောက်ပြီဖြစ်သည်။

ထို့အပြင် ဤသန္ဓေသား၏ စွမ်းအားက ဝူယွမ် တိုးတက်လာတိုင်း ပို၍ အင်အားကြီးမားလာလိမ့်မည်။

“ဒါ...”

လင်းတုန်နှင့် ရှောင်တျောင်းတို့ အံ့အားသင့်သွားကြသည်။ အစ်ကိုကြီးက တကယ်ပဲ အရာရာကို လုပ်နိုင်စွမ်းရှိသည်။

ဝါးမျိုခြင်းဘိုးဘေးအဆောင်ကဲ့သို့သော နတ်ပစ္စည်းတစ်ခုကိုပင် ကူးယူနိုင်သည်။

“ကောင်းပီ၊ ငြင်းဆန်မနေနဲ့။ မင်း အင်အားကြီးလာမှသာ ငါ့နောက် လိုက်နိုင်လိမ့်မယ်။

နောက်ပြီး နောက်ပိုင်းကျရင် ဘာမှန်းမသိတဲ့ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရမှာဆိုတော့ ငါတို့အားလုံး အဆင်သင့်ဖြစ်ထားဖို့ လိုတယ်။

နှစ်ယောက်စလုံး အင်အားကြီးလာမှသာ ငါတို့ ညီအကိုတွေ တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး အတူတကွ တိုက်ပွဲဝင်နိုင်မှာ”

ဝူယွမ်က စိတ်ထားပြည့်ဝစွာ ပြောလိုက်သည်။

သူ့က လင်းတုန်အပေါ် စစ်မှန်သော ချစ်ခင်မှုရှိပြီး ယခုအခါ သူတို့က အဖွဲ့တစ်ခုဖြစ်နေပီဖြစ်သည်။ သူက ဝါးမျိုခြင်းစွမ်းအား ရရှိပြီးသောကြောင့် ဘိုးဘေးအဆောင်ကို တစ်ဦးတည်း သိမ်းပိုက်ထားရန် မလိုအပ်တော့ပေ။

ထို့အပြင် သု ဘိုးဘေးအဆောင်ကို ယူလျှင် ဘိုးဘေးကျောက်ကိုလည်း သိမ်းပိုက်ရမည်မှာ သေချာပြီး ဤအရာက လင်းတုန်ထံမှ အရာအားလုံးကို လုယူသည်နှင့် အတူတူဖြစ်လိမ့်မည်။

ဤကဲ့သို့သော ကောင်းမွန်သည့် ညီအကိုရင်းချာ ဆက်ဆံရေးကို စွန့်လွှတ်လိုက်ပါက နောက်ပိုင်း အထွတ်အထိပ် စွမ်းအားရှင်တစ်ဦး ဖြစ်လာလျှင်တောင် ဘာအဓိပ္ပါယ်မှ ရှိမည်မဟုတ်တော့ပေ။

အရေးအကြီးဆုံးမှာ ဘိုးဘေးအဆောင်ကို လင်းတုန်ထံ ပေးအပ်ခြင်းက အလဟဿ မဖြစ်စေရန်ဖြစ်သည်။ လင်းတုန်က ဘိုးဘေးအဆောင်၏ အင်အားကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ပြီး ထိုအရာနှင့်အတူ လာသည့် တာဝန်ကိုလည်း ထမ်းဆောင်နိုင်စွမ်းရှိသည်။

သူတို့ ညီအကိုနှစ်ယောက်လုံး အစွမ်းထက်နေမှသာ နတ်ဆ်ုးများကို ရင်ဆိုင်ရသောအခါ ပို၍ လုံခြုံစေမည်ဖြစ်သည်။

“ဟုတ်ကဲ့၊ အစ်ကိုကြီး”

လင်းတုန်က နက်ရှိုင်းစွာ စိတ်လှုပ်ရှား၊ စိတ်ခံစားလိုက်ရပြီး အစ်ကိုကြီး၏ နက်နဲသော ရည်ရွယ်ချက်ကို နားလည်သွားသည်။

သူက လူပိုတစ်ယောက်မဟုတ်၊ အစ်ကိုကြီးက သူ့ကို လိုအပ်နေဿးသည်။

ဤလိုအပ်ချက်အတွက် လင်းတုန်က မိမိကို အစ်ကိုကြီးက စိတ်မပျက်စေရဟု စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။

သူကလည်း ဘိုးဘေးအဆောင်ကို ရရှိပြီး အစ်ကိုကြီးကဲ့သို့ အင်အားကြီးမားလာရမည်ဟု ယုံကြည်ထားသည်။

မျက်လုံးများထဲတွင် နွေးထွေးမှု အပြည့်ဖြင့် လင်းတုန်က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို လက်ခံလိုက်သည်။

ဘေးနားတွင် ရပ်နေသော ရှောင်တျောင်းသည်လည်း နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားလိုက်ရပြီး အစ်ကိုကြီး၏ စိတ်ထားကြီးမှုကို လေးစားသွားခဲ့သည်။

အစ်ကိုကြီးကဲ့သို့သော ညီအကိုတစ်ယောက် ရှိနေသဖြင့် သူ၏ သားရဲဘ၀တွင် သေခြင်းတရားကိုပင် နောင်တမရတော့ပေ။

ဝူယွမ် ။ “နောက်တစ်ခုက၊ ဒီမှာ စိတ်ချလက်ချနဲ့ ဘိုးဘေးအဆောင်ကို သန့်စင်နိုင်တယ်”

ရှောင်တျောင်း ။ “ညီနှစ်၊ ဘိုးဘေးအဆောင်ကို သန့်စင်တာင အန္တရာယ်များတယ်၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကတော့ ပိုပြီး အန္တရာယ်များတယ်။ တစ်ခုခု မှားယွင်းရင် မင်းရဲ့ ဝိညာဉ် ဝါးမျိုခံရပြီး၊ မင်းကို ထာဝရပျက်စီးခြင်းထဲ ကျရောက်စေနိုင်တယ်”

“ကမ္ဘာ့မှာရှိတဲ့ ဘိုးဘေးအဆောင် ရှစ်ခု အားလုံးထဲမှာ တစ်ခုချင်းစီမှာ အံ့ဖွယ်စွမ်းရည်တွေ ရှိတယ်။ ငါ အရင်က အလွန်စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို မြင်ဖူးတယ်၊ သူက မီးဘိုးဘေးအဆောင်ကို သန့်စင်ချင်တာ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ မီးဘိုးဘေးအဆောင်ရဲ့ စွမ်းအင် ကောင်းကင်နဲ့ မြေကြီး မီးစွမ်းအင် လက်ချက်နဲ့ မီးလောင်ကျွမ်းသွားရတယ်”

“ဟုတ်တယ်၊ အန္တရာယ်များလေ၊ အကျိုးကျေးဇူးကြီးလေဘဲ။ မင်းသာ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို တကယ် သန့်စင်နိုင်မယ်ဆိုရင် မင်းရဲ့ အနာဂတ် အလားအလာဟာ မယုံနိုင်လောက်အောင် ကြီးမားလာလိမ့်မယါ”

ဝူယွမ်က ခဏလောက် တွေးတောပြီး သတိပေးလိုက်သည်။ “ရှောင်တျောင်း ပြောတာမှန်တယ်၊ ညီနှစ် ဒီအကြောင်းကို သေချာစဉ်းစားဖို့လိုတယ်။ လိုချင်ရင် မတွန့်ဆုတ်နဲ့။ ဘိုးဘေးအဆောင်ကိုသန့်စင်ဖို့ စိတ်ဆုံးဖြတ်ချက် ဖြတ်သားဖို့နဲ့ သတ္တိ ရှိရမယ်၊ ”

လင်းတုန် ။ “ဒီဘိုးဘေးအဆောင်ကို ဒီလောက် အကြာကြီး ကြိုးစားပြီးမဇ တွေ့ခဲ့ရတာ၊ အလွယ်တကူ စွန့်လွှတ်လိုက်ရမှာလား။ အစ်ကိုကြီး၊ ညီသုံး စိတ်ချပါ၊ ငါ သေချာပေါက် မင်းတို့ကို စိတ်မပျက်စေရဘူး”

လင်းတုန်၏ စရိုက်က ခိုင်မာပြီး အမြဲတမ်း မတွန့်ဆုတ်သော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။ သူက ဆုံးဖြတ်ချက်ချရာတွင် ရဲရင့်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အစ်ကိုကြီး၏ စကားများက သူ့ကို လှုပ်ရှားစေခဲ့ပြီး အစ်ကိုကြီးနောက် လိုက်ရန် စိတ်ဆုံးဖြတ်ချက်ချကာ သူနှင့်အတူ ရင်ဆိုင်တိုက်ခိုက်ရန် ကတိပြုလိုက်သည်။

ဝူယွမ်က ခေါင်းညိတ်ကာ “အင်း၊ အရမ်းကောင်းတယ်”

ထိုအချိန်တွင် မုချန်ချန်က ရုတ်တရက် အထက်မှ ပေါ်လာပြီး ဝူယွမ်ကို အော်ခေါ်လိုက်သည်။

“အစ်ကိုကြီး အရေးကြီးကိစ္စဖြစ်နေပြီ”

ဝူယွမ်က အပေါ်ကို ချက်ချင်း ‌ေမာ့ကြည့်လိုက်ကာ၊ “ငါ အပေါ်ကို ချက်ချင်းတက်လာမယ်”

ထို့နောက် သူက သူ့ညီနှစ်ယောက်ထံသို့ လှည့်ကာ ပြောလိုက်သည်၊

“လက်ရှိမှာ ဘိုးဘေးအဆောင်ကို သန့်စင်တာက အရေးအကြီးဆုံးပဲ။ ရှောင်တျောင်း၊ မင်း ဒီမှာနေပြီး ညီနှစ်ကို ကူညီပေးလိုက်ပါ။ ချီရှင်၊ မင်းက သူ့ကို စောင့်ရှောက်ပေးပါ။ ငါ အပေါ်ကို တက်လိုက်အုံးမယ်မယ်”

“ပိုင်ယွမ်၊ သွားကြရအောင်”

ဝူယွမ်က ပိုင်ယွမ်ပေါ်တွင် စီးရင်း ပျံတက်သွားသည်။

“ဘာဖြစ်သွားတာလဲ”

မုချန်ချန်က စိုးရိမ်စွာဖြင့် ပြောသည်၊ “အပြင်ဘက်မှာ အထည်ကြမ်း၀တ်ဆင်ထားတဲ့ အဖိုးကြီးတစ်ယောက် ရောက်လာတယ်၊ သူက သူ့ကိုယ်သူ ကိုးကောင်းကင်တိုင်ချင်းနန်းတော်ကလို့ ပြောတယ်၊ သူက အရမ်းကြောက်စရာကောင်းတယ်၊ အဖေနဲ့ သိုင်းမဟာမိတ် ခေါင်းဆောင်ဝူကျောင်းတောင် သူ့ရဲ့ လှုပ်ရှားမှုတစ်ခုနဲ့ပဲ ရှုံးနိမ့်သွားကြတယ်။ သူတို့တွေက အခု အချိန်ဆွဲနေကြတယ်”

“ အထည်ကြမ်း၀တ်ဆင်ထားတဲ့ အဖိုးအို၊ ကိုးကောင်းကင် တိုင်ချင်းနန်းတော်လား”

ဝူယွမ်က နှုတ်ခမ်းထောင့်တွင် ပြုံးရယ်လိုက်ပြီး အချို့ကိစ္စပ်များကို ပြန်သတိရသွားကာ မဆိုးရိမ်တော့ပေ။ ဝူယွမ်က မုချန်ချန်ကို ရင်ခွင်ထဲဆွဲထည့်လိုက်ပြီးနောက်။

“သွားကြရအောင်၊ ငါတို့ အပြင်ကို ထွက်ပြီး သူ့ကို သွားတွေ့ကြမယ်”

All Chapters