← Chapters

စနစ်သစ်အောက်တွင် ပေါ်ထွန်းလာသောဂိုဏ်း

Vol. 14 Ch. 134

စနစ်သစ်အောက်တွင် ပေါ်ထွန်းလာသောဂိုဏ်း

Vol. 14 Ch. 134

သိုင်းမဟာမိတ်မြို့တော် မြို့တံခါးဝတွင်...

မုလဲ့နှင့် ဝူကျောင်းတို့သည် လက်ဝါးတစ်ချက်ဖြင့် သူတို့ကို သွေးအန်စေခဲ့သော လီနင်အင်္ကျီဟောင်းဝတ် အဖိုးကြီးကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ရင်ဆိုင်နေကြသည်။ နှစ်ဦးစလုံး ရင်ဘတ်ကိုကိုင်ပြီး နှုတ်ခမ်းထောင့်မှ သွေးတစက်စက် ယိုစိမ့်နေသည်။

အစောက ထိုအဖိုးကြီး၏ တိုက်ကွက်တစ်ခုတည်းကပင် သူတို့ကို သွေးအန်စေခဲ့သည်။ သူ၏ကြောက်မက်ဖွယ် စွမ်းအားသည် ကူးပြောင်းခြင်းအဆင့် တွင်ရှိသူများနှင့် နှိုင်းယှဉ်၍မရအောင် မြင့်မားလွန်းသည်။

အဖိုးကြီးက သူတို့ကို မထီမဲ့မြင်ပြုလျက် သူတို့အား ပြင်းထန်သော ဖိနှိပ်မှုစွမ်းအားတစ်ခုဖြင့် ဖုံးလွှမ်းလိုက်သည်။

“မင်းတို့က ကိုးကောင်းကင်တိုင်ချင်းကိုတောင် မကြားဖူးကြဘူးလား”

ဤအောက်အဆင့်မင်းဆက်များထဲတွင်၊ ဝမ့်လွန်ပြည်နယ်ကဲ့သို့သော ကျေးလက်ဒေသမှလူများက ရေကန်ထဲက ဖားများသဖွယ်ပင်။ သူတို့သည် ကိုးကောင်းကင်တိုင်ချင်း၏ အမည်ကို မကြားဖူးကြပေ။

ထိုလီနင်အင်္ကျီ အဖိုးကြီး မာချင်းက ကိုးကောင်းကင်တိုင်ချင်း၏ လေကြောင်းကြည့်ရှုသူ တစ်ဦးဖြစ်ပြီး၊ မင်းဆက်အသီးသီးသို့ ခရီးလှည့်လည်၍ ကိုးကောင်းကင်တိုင်ချင်း အတွက် ပါရမီရှင်တပည့်သားများ ရှာဖွေရန် အထူးတာဝန်ပေးခံထားရသူ ဖြစ်သည်။

အရှေ့ရွှမ်ဒေသတွင်၊ အခြားမင်းဆက်အားလုံးထက် မြင့်မားစွာရပ်တည်နေသော ကိုးကောင်းကင်တိုင်ချင်းကဲ့သို့သော အထူးဂိုဏ်းကြီးများအတွက်၊ သူတို့၏ တပည့်သားရွေးချယ်ရေးနည်းလမ်းများမှာ ပြည်ထောင်တစ်ရာတိုက်ပွဲမှ ရွေးချယ်ခြင်းအပြင် နောက်တစ်နည်းက ဤလေကြောင်းကြည့်ရှုသူများက သာမန်လူထုထဲတွင် ရှာဖွေခြင်းပင် ဖြစ်သည်။

သူတို့က အရည်အချင်းပြည့်မီသော ပါရမီရှင်များကို တွေ့ရှိပြီး ဂိုဏ်းမှအောင်မြင်စွာ လက်ခံလျှင်၊ ဂိုဏ်းထံမှ သင့်လျော်သော ဆုလာဘ်များ ရရှိကြသည်။

ထိုအရာက လုပ်ငန်းခွင်အေဂျင်စီတစ်ခုနှင့် ဆင်တူသည်။

သူတို့သည် ဂိုဏ်း၏ တရားဝင်တပည့်သားများတောင် မဟုတ်ကြပေ။

ထိုသို့သော အထူးဂိုဏ်းကြီးများအတွက်၊ ပြည်ထောင်တစ်ရာတိုက်ပွဲအတွင်း စုဆောင်းရွေးချယ်လိုက်သော တပည့်သားအသစ်များ အားလုံး နိဗ္ဗာန်အဆင့် အထက်ရှိသူများ ဖြစ်ကြပြီး၊ မာချင်းက အသက်ကြီးနေပီ ဖြစ်သော်လည်း နိဗ္ဗာန်အဆင့်၌သာ ရှိနေသေးသည်။

သူသည် လုပ်သက်ရင့် ဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။

မာချင်း ခရီးလှည့်လည်ရန် တာဝန်ပေးထားသည့် နယ်မြေက မဟာယန်မင်းဆက် နှင့် မဟာချင်းမင်းဆက်နယ်စပ်ရှိ ပြည်နယ်များကို ဖြတ်သန်းသွားလာရသည်။

ထိုသို့သော လေကြောင်းကြည့်ရှုသူများသည် အင်အားကြီးဂိုဏ်းများ၏ နောက်ခံပံ့ပိုးမှုရှိသဖြင့် အမြဲတမ်းမာနထောင်လွှားကာ မောက်မာကြသည်။ ဂိုဏ်းအတွင်း အဆင့်အတန်းက အောက်ခြေတွင်ရှိသော်လည်း၊ မဟာာန်မင်းဆက်ကဲ့သို့ အောက်အဆင့်မင်းဆက်တစ်ခုသို့ ရောက်ရှိလာသောအခါ သူတို့က ကြီးမြတ်သူများအသွင်ဖြင့် ပေါ်လာတတ်ကြသည်။

ဂိုဏ်း၏အမည်ကို ဖော်ပြရုံမျှဖြင့် လူများက သူတို့အား အထူးဧည့်သည်များအဖြစ် ဆက်ဆံကြသည်။

သို့သော် ယနေ့တွင် မာချင်း၏ ဟန်ပြမှုက မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိလူများက ကိုးကောင်းကင်တိုင်ချင်း နန်းတော်၏အကြောင်းကို မသိထားကြသောကြောင့် ဖြစ်သည်။

“ငါရထားတဲ့ သတင်းအရ။ မဟာရှေးဟောင်းကျောက်တိုင်က သိုင်းမဟာမိတ်မြို့ထဲမှာ ရှိတယ်။ ငါရှာနေတဲ့အရာက မဟာရှေးဟောင်း ကျောက်တိုင်ထဲမှာ ရှိတယ်။ မင်းတို့နှစ်ယောက် ငါ့ကိုဖုံးကွယ်ဖို့ ကြံနေတာလား”

မာချင်းက အေးစက်စွာ ပြောလိုက်သည်။

“အရှင်... မဟာရှေးဟောင်းကျောက်တိုင်ကို လူတစ်ယောက်က ပိုင်ထားပြီ။ အရှင်ဝင်ဖို့ မသင့်တော်ဘူး ထင်ပါတယ်”

မုလဲ့က သွေးများကိုသုတ်ရင်း သတိထားပြီး ပြောလိုက်သည်။

“ငါ့ကို ဘယ်လိုလုပ်ရမယ်ဆိုတာ လာသွန်သင်နေတာလား” မာချင်းက မုလဲ့ကို စူးစိုက်ကြည့်လိုက်သည်။

“မဝံ့ရဲပါဘူး၊ မဝံ့ရဲပါဘူး”

နိဗ္ဗာန်အဆင့် လူတစ်ဦး၏ ပြင်းထန်သော ဖိနှိပ်စွမ်းအားသည် ချက်ချင်းပင် မုလေ့၏ကိုယ်ခန္ဓာကို ကိုင်းညွှတ်သွားစေပြီး အသက်ပင် မှန်အောင် မရှူနိုင်တော့ပေ။

“ဝူယွမ် ဘယ်တော့လာမလဲ” မုလဲ့စိတ်ထဲ အော်ဟစ်လိုက်သည်... “အနာဂတ်သားလေး၊ မြန်မြန်ပေါ်လာပါ၊ မဟုတ်ရင် ယောက္ခမကြီး ဒူးထောက်ရတော့မယ်။”

မာချင်းသည် မဟာရှေးဟောင်းကျောက်တိုင်ကို မည်သူပိုင်ဆိုင် ထားသည်ကို ဂရုမစိုက်ပေ။ သူလိုချင်သည်မှာ ကျောက်တိုင်အတွင်း စုံစမ်းစစ်ဆေး၍ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ရှာဖွေရန်သာ ဖြစ်သည်။

မဟာယန်မင်းဆက်ကဲ့သို့ အောက်ဆင့်မင်းဆက်တွင်၊ သူကြောက်ရမည့် လူမရှိပေ။ ယန်ဘုရင်ကိုပင် သူ့မျက်လုံးထဲ မထည့်ပေ။

ထို့ကြောင့် မာချင်းက သူရှုံးနိမ့်နိုင်တာကို ထည့်တောင် မစဉ်းစားခဲ့ချေ။

ဝါးမျိုခြင်းဘိုးဘေးအဆောင်အတွက်၊ သူက တောင်တန်းမြစ်ချောင်းများကို ဖြတ်သန်း၍ မိုင်ထောင်ချီခရီး ဆက်လာကာ ဝမ့်လွန်ပြည်နယ်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ လွယ်လွယ်ကူကူ စွန့်လွှတ်လိုက်၍မရပေ။ ထို့အပြင်၊ ဝါးမျိုခြင်းဘိုးဘေးအဆောင် ကဲ့သို့သော နတ်ပစ္စည်းတစ်ခုကို ရရှိဖို့အတွက်ဆိုလျှင် အချို့သောအန္တရာယ်များကို ရင်ဆိုင်ရလျှင်တောင် အလွန်တန်သည်။

ခိုင်မာသည့် ဂိုဏ်းကြီးတစ်ခု၏ ဝန်ထမ်းတစ်ဦးအနေဖြင့်၊ မာချင်းတွင် အခြေခံ ကျင့်ဝတ်များ ရှိပြီး ယေဘူယျအားဖြင့် မည်သူ့ကိုမျှ အကြောင်းမဲ့ အသေသတ်ခြင်းမျိုး မလုပ်ပေ။ မုလဲ့တို့ နှစ်ဦးက ပူးပေါင်းဆောင်ရွက်မှုမရှိသည်ကို မြင်သောအခါ၊ သူက သူတို့ကိုကျော်၍ မြို့ထဲတွင် ရှာဖွေရန်သာ ဆုံးဖြတ်လိုက်သည်။

မဟာရှေးဟောင်းကျောက်တိုင်ကြီးက ကြီးမားလွန်းသဖြင့်၊ သေချာပေါက် ဖုံးကွယ်ထား၍မရနိုင်ပေ။

“ဝှစ်...”

လေတိုက်ခတ်သံတစ်ခု ထွက်လာပြီး အဖြူရောင်အရိပ်တစ်ခုသည် လျှပ်စီးလက်သကဲ့သို့ ရောက်ရှိလာသည်။

ဝူယွမ် ရောက်လာလေပြီ။

သူက မုချန်ချန်ကို ကျားပေါ်မှချကာ လေထဲကိုဖြတ်၍ မာချင်းထံသို့ ချဉ်းကပ်လာသည်။

သူက ဝူကျောင်းနှင့် မုလဲ့တို့ကို ကြည့်လိုက်သောအခါ သူတို့၏ ရှုပ်ထွေးနေသော ယွမ်စွမ်းအင် နှင့် နှုတ်ခမ်းထောင့်ရှိ သွေးစွန်းများကို မြင်လိုက်ရသည်။ သူ၏အကြည့်များက အေးဆေး တည်ငြိမ်နေပြီး မာကျင်းကို အကဲဖြတ် လေ့လာလိုက်သည်။

“မင်းက သူတို့ကိုထိခိုက်အောင်လုပ်ခဲ့တာလား”

မာကျင်းသည် အလွန်အမင်း စိတ်ရှုပ်သွားသည်။ အခုရောက်သည့်လူက ဤမျှငယ်ရွယ်နေမည်ဟု သူမမျှော်လင့်ထားပေ။ သို့သော် သူလျစ်လျူရှု ထား၍မရပေ။ သူ ဝူယွမ်ထံမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင် လှိုင်းများကို ခံစားမိနေသည်။ ထိုစွမ်းအင်က ကောင်းကင်ဆောင်သခင် တစ်ဦးတွင်သာ ရှိနိုင်သော လှိုင်းများဖြစ်ပြီး၊ သူ့ကို ခြိမ်းခြောက်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။

“ဟုတ်တယ်၊ သူတို့က ငါ့လမ်းကိုပိတ်ပြီး မြို့ထဲမဝင်ခွင့်ပေးဘူး၊ ဒါကြောင့် နည်းနည်းလေး သင်ခန်းစာပေးလိုက်တာ”

မာချင်းက ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။ အမှန်တကယ်တော့ သူအတော်လေး ထိန်းချုပ်ခဲ့သည်။ နိဗ္ဗာန်အဆင့် စွမ်းအားရှင် တစ်ဦးကို မရိုမသေပြုခြင်းက ကူးပြောင်းခြင်းအဆင့်မှာ ရှိနေသူအတွက် ပြစ်ဒဏ်ကြီးဘဲဖြစ်သည်။ သို့သော် ယခုအခါ၊ မာချင်းက ဝူယွမ်အပေါ် ပို၍ စိတ်ဝင်စားလာသည်။ သူ၏မျက်လုံးများတွင် အလင်းတစ်ချက် လက်လာကာ ပြုံးရီလျက်-

“မင်းက ကောင်းကင်ဆောင်သခင်အဆင့်ကို မကြာခင်ကမှ ရောက်အောင် တက်နိုင်ခဲ့တာ မဟုတ်လား ငယ်ငယ်လေးနဲ့ ဒီလောက်ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်နိုင်တယ်ဆိုတော့၊ မင်းဟာ ရှားပါးတဲ့ ပါရမီရှင်ပဲ”

“ဟဲဟဲ၊ ငါဘယ်သူလဲဆိုတာ မင်းသိလား?း။ ငါက ကိုးကောင်းကင်တိုင်ချင်းရဲ့ လေကြောင်းကြည့်ရှုသူ တစ်ယောက်ပါ။ မင်းရဲ့ပါရမီက အလွန်ကောင်းတယ်လို့ ငါမြင်တယ်။ ငါမင်းကို တိုင်ချင်းကိုယ်စားလှယ် ခန်းမကို ခေါ်သွားနိုင်တယ်။ ဒါဟာ မင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းချီးတစ်ခုပဲ”

ကိုးကောင်းကင်တိုင်ချင်းကို ဖော်ပြလိုက်သောအခါ၊ မာချင်းတွင် မာနထောင်လွှားမှု ဟန်အမူအရာ တစ်ခု ပေါ်လာသည်။

ကိုးကောင်းကင်တိုင်ချင်းသို့ ခေါ်ဆောင်သွားခံရခြင်းက လူအများစုအတွက် တန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးတစ်ခုဖြစ်သည်။ လူပေါင်းများစွာက ထိုအခွင့်အ‌ေရးကို ရရှိရန် ခေါင်းကွဲသည်အထိ ကြိုးစားကြလိမ့်မည်။ ပြည်ထောင်တစ်ရာတိုက်ပွဲမှတစ်ဆင့် ဆိုလျှင် အသက်ကိုစွန့်၍ ပါဝင်သည့်တိုင် တိုင်ချင်းမှရွေးချယ်ခံရမည်ဟု အာမခံချက်မရှိပေ။

သို့သော် ဝူယွမ်ြ မလှုပ်မယှက် ဖြစ်နေသည်။ သူက ကိုးကောင်းကင်တိုင်ကျင်း၏ အားအကောင်းဆုံးတပည့်ကိုပင် အနိုင်ယူပြီးသားဖြစ်သည်။ လေကြောင်းကြည့်ရှုသူ၏ အကဲဖြတ်မှုလောက်ကို သူဂရုစိုက်မနေတော့ပေ။

ယခုအခါ လီနင်အင်္ကျီ၀တ် အဖိုးကြီးက သူ၏လူများကို ထိခိုက်စေခဲ့သည်။ ဝူယွမ်က သဘာဝအတိုင်း ပြန်လည်တုံ့ပြန်လိမ့်မည် ဖြစ်သည်။ သူက ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။ “ကောင်းချီးအကြောင်း အခုမပြောသေးဘူး၊ ဒါပေမယ့် မင်းမျက်နှာပေါ်မှာ မကောင်းတဲ့အရိပ်လေးတစ်ခု တွေ့နေရတယ်။ မင်းဒီနေ့ သွေးထွက်ဒဏ်ရာရမယ် ဆိုတာသေချာတယ်”

မာကျင်း - “ငယ်ငယ်ရွယ်ရွယ်နဲ့၊ တော်တော်မသိတတ်တာဘဲ”

“မင်းအခုပြောခဲ့တာကို ပြန်ရုပ်သိမ်းလိုက်၊ မင်းငယ်

သေးလို့ ဘာမှမသိတာလို့ ငါမှတ်ယူပြီး ဗွေမယူတော့ဘူး”

“မင်းက ကိုးကောင်းကင်တိုင်ချင်းရဲ့ အဆင့်အတန်းကို မသိဘူး။ သူ့နဲ့ယှဉ်ရင် မင်းရဲ့မဟာယန်မင်းဆက်က သူ့ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူး”

ဝူယွမ် - “ငါမသိတာမဟုတ်ဘူး၊ မင်းက ကိုယ့်ကိုယ်ကို အလွန်အမင်းယုံကြည်နေလို့။ ကိုးကောင်းကင်တိုင်ချင်း ဘယ်လောက်တန်ခိုးကြီးလဲဆိုတာ ငါမသိဘူးဆိုပေမယ့်၊ မင်းက သိပ်မကြီးကျယ်ဘူးဆိုတာတော့ ငါသိတယ်။ ကိုးကောင်းကင်တိုင်ချင်းက မင်းပြောသလို မြင့်မြတ်နေရင်တောင်၊ မင်းလိုစွမ်းအားနဲ့ဆိုရင် ဂိုဏ်းထဲမှာ သေးသေးလေးတစ်ကောင်၊ ဒါတင်မကသေး အိုဟောင်းနေတဲ့သေးသေးလေးတစ်ကောင်ပဲ ဖြစ်နေမှာဘဲ”

ဤလီနင်အင်္ကျီ၀တ် အဖိုးကြီးသည် နိဗ္ဗာအဆင့်စွမ်းအားသာ ရှိသည်။ သူသည် ဒယ်ရန်မင်းဆက်တွင် ဟန်ပြနိုင်သော်လည်း၊ ကိုးကောင်းကင်တိုင်ချင်းကဲ့သို့ အထူးဂိုဏ်းကြီးများ၏ အဆင့်အတန်းနှင့် ယှဉ်လျှင်၊ သူက လမ်းသွားလမ်းလာတစ်ဦးသာ ဖြစ်သည်။

သိထားရမည်မှာ ထိုအထူးဂိုဏ်းကြီးများက ပြည်ထောင်တစ်ရာတိုက်ပွဲအတွင်းမှ စုဆောင်းရွေးချယ်လိုက်သော တပည့်သားအသစ်များသည် အနည်းဆုံး နိဗ္ဗာန်အဆင့်အထက်ရှိပြီး၊ သူတို့အားလုံးက အလွန်ငယ်ရွယ်ကြသည်။

“ကောင်လေး၊ မင်းက ငါ့ကိုဒေါသထွက်အောင် လုပ်တာ အောင်မြင်တယ်။ မင်းရဲ့မသိနားမလည်မှုအတွက် မင်းတန်ဖိုး ပြန်ပေးဆပ်ရလိမ့်မယ်။ မင်းက ကောင်းကင်ဆောင်သခင် အဆင့်ကို မကြာခင်ကမှရောက်ခဲ့တာကို၊ ဒီလောက်ဝင့်ကြွား နေတာဘဲ။

မင်းက ဒီလောကကြီးရဲ့ ကျယ်ပြန့်မှုကို မသိဘူး။ မဟာယန်မင်းဆက်မှာတော့ မင်းဟာ အဓိကလူတစ်ယောက်လို့ ယူဆနိုင်ပေမယ့်၊ အထူးဂိုဏ်းကြီးတွေရဲ့ တကယ့်တပည့်သားတွေနဲ့ယှဉ်ရင် မင်းက သာမန်ပါရမီရှင် တစ်ယောက်ပဲ”

မာချင်းသည် အမျက်ထွက်သွားသည်။ ဝူယွမ်၏စကားက ချက်ကောင်းကိုထိမှန်သွားပြီး၊ ကိုးကောင်းကင်တိုင်ချင်းတွင်၊ သူက ငါးသေးသေးလေးတစ်ကောင်သာ ဖြစ်နေခဲ့သည်။

သို့သော် ကိုးကောင်းကင်တိုင်ချင်း၏ နာမည်ဖြင့် မင်းဆက်များကြား ခရီးသွားလာခြင်းသည် သူ့ကို ကိုယ့်ကိုယ်ကို ဆုံးရှုံးစေခဲ့ပြီး၊ သူသည် ကိုးကောင်းကင်တိုင်ချင်းကို ကိုယ်စားပြုနိုင်သည်ဟု ထင်ကာ မည်သူမျှ သူ့ကိုမထိခိုက်နိုင်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။

“ဒီနေ့ ငါမင်းကို သင်ပေးမယ်”

မာချင်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ပြင်းထန်သော နိဗ္ဗာန်ယွမ်စွမ်းအားသည် သူ၏ကိုယ်ခန္ဓာမှ လှိုင်းထလာသည်။ သူက အဝေး ဝူယွမ်ကို လက်ဝါးဖြင့် ဆွဲယူလိုက်သည်။

မာကျင်း၏ ဆွဲယူမှုကျဆင်းလာသည်နှင့် တပြိုင်နက်၊ ဝူယွမ်အနီးရှိ ကောင်းကင်မြေကြီးယွမ်စွမ်းအင်သည် ချက်ချင်းပင် ခိုင်မာသွားပြီး၊ ကောင်းကင်မြေကြီးယွမ်စွမ်းအင်မှ တည်ဆောက်ထားသော ယွမ်စွမ်းအင်လှောင်ချိုင့်တစ်ခုကို တိုက်ရိုက်ဖွဲ့စည်းလိုက်ကာ၊ ဝူယွမ်၏ကိုယ်ခန္ဓာကို အပြည့်အဝ ချည်နှောင်လိုက်သည်။

နိဗ္ဗာန်အဆင့်နှင့်အထက်ရှိသူများသည် ကူးပြောင်းခြင်းအဆင့်ရှိသူများကို အလွယ်တစ်ကူ နှိမ်နှင်းနိုင်သည့် အဓိကအကြောင်းရင်းမှာ သူတို့သည် ကောင်းကင်မြေကြီး၏စွမ်းအားကို လှုံ့ဆော်နိုင်သောကြောင့် ဖြစ်သည်။

ဝူယွမ်ကို ထိန်းချုပ်ပြီးနောက်၊ မာချင်းသည် နှုတ်ခမ်းထောင့်တွင် ပြုံးရီလျက် ဝူယွမ်ကို လက်ဝါးတစ်ချက်ဖြင့် ထိုးနှက်ရန် ပြင်လိုက်သည်။

“ဒါပဲလား”

ဝူယွမ်က ဂရုမစိုက်သကဲ့သို့ နှုတ်ခမ်းကို ကွေးလိုက်ပြီး။ ချက်ချင်းပင်၊ သူ၏ကိုယ်ခန္ဓာမှ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာကာ၊ အာဏာရှင်သွေးများပ ဖြည်းညှင်းစွာ လည်ပတ်ကာ၊ ခရမ်းရောင်ရွှေရောင်အလင်းတန်းများ သူ၏လက်သီးပေါ်တွင် စုဝေးလာသည်။

ဒေါင်၊

လက်သီးတစ်ချက်ဖြင့်၊ ခရမ်းရွှေရောင်အလင်းက ပေါက်ကွဲထွက်လာပြီး၊ ယွမ်စွမ်းအင်လှောင်ချိုင့်က ချက်ချင်းပင် ပြိုကွဲသွားသည်။

ဝူယွမ်က သူ၏ဝိညာဉ်စွမ်းအင်ကိုပင် အသုံးမပြုရသေးပေ။ သူ၏ကိုယ်ခန္ဓာ၏ခွန်အားတစ်ခုတည်းကပင် ပြိုင်ဘက်ကို ရင်ဆိုင်ဖြေရှင်းရန် လုံလောက်နေပြီဖြစ်သည်။

“ကိုယ်ခန္ဓာစွမ်းအား ဘယ်လောက်တောင် ကြီးမားလိုက်သလဲ”

မာချင်း အံ့အားသင့်သွားခဲ့သည်။ ဝူယွမ်က ဝိညာဉ်စွမ်းအင်တွင်သာ ထူးချွန်သည်ဟု သူထင်ခဲ့သော်လည်း၊ သူ၏ကိုယ်ခန္ဓာကပါ ဤမျှသန်မာမည်ဟု မမျှော်လင့်ထားပေ။

“ဟမ်၊ မင်းမှာ အချို့လှည့်ကွက်တွေရှိတယ်၊ ဒါပေမယ့် မလုံလောက်ဘူး”

မာချင်းက နောက်ထပ်တံဆိပ်တစ်ခုဖွဲ့ကာ၊ မီးလျှံနိဗ္ဗာန်စွမ်းအားများ လှိုင်းထလာသည်။ ကြီးမားသော ကြာပန်းလက်ဝါးတစ်ခုက ကောင်းကင်မှဆင်းသက်လာပြီး ဝူယွမ်ကို ဖိနှိပ်လိုက်သည်။

“တိုင်ချင်းကောင်းကင်ဝါးမျိုလက်ဝါး” မာချင်း၏ ကြွေးကြော်သံ ထွက်ပေါ်လာလေသည်။

ထိုလက်ဝါးတစ်ခု၏ စွမ်းအားလှိုင်းကို ကြည့်ယုံနှင့် ဖန်တီးခြင်း အဆင့်သိုင်းပညာရပ် တစ်ခုဖြစ်ကြောင်း၊ သာမန်အဆင့်နိမ့် ပညာရပ်တစ်ခုမဟုတ်ကြောင်း ဖော်ပြနေသည်။

“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း “တစ်ချောင်း၊ ကောင်းကင်မြေကြီး”

“နှစ်ချောင်း၊ တောင်နဲ့မြစ်ချောင်း၊ ချိုးဖဲ့”

ဝူယွမ်၏ ခရမ်းရွှေရောင်ယွမ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ သူက ပြင်းထန်သောသိုင်းပညာရပ်များကို ချက်ချင်းထုတ်လွှတ်ကာ၊ တိုက်ကွက်နှစ်ခု ဆက်တိုက်ထုတ်လိုက်ပြီး တိုက်ခိုက်လိုက်သည်။

မုလဲ့နှင့် ဝူကျောင်းတို့သည် ပတ်ဝန်းကျင်ရှိလူများကို ရှင်းပြီးသားဖြစ်ကာ၊ အရှိန်ကုန် ဆုတ်ခွာသွားပြီး ဝူယွမ်တို့ နှစ်ဦးအတွက် တိုက်ပွဲကွင်းပြင်ကို ချန်လှပ်ပေးထား ခဲ့သည်။

ထိတ်လန့်ဖွယ်ယွမ်စွမ်းအင် လှိုင်းတိုက်ခတ်မှုက ယင်ရုပ်သေးမြို့ တိုက်ပွဲတုန်းကထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလေသည်။

ခရမ်းရွှေရောင် လက်ချောင်းကြီးနှစ်ချောင်းက ကြာပန်းလက်ဝါးကြီးနှင့် ထိတ်တိုက်တွေ့သွားသည်။ တဒိန်းဒိန်းမြည်သံများ ဖြစ်ပေါ်သွားပြီး၊ မြို့တံခါးအပြင်ဘက်ရှိ ကွင်းပြင်တစ်ခုလုံး ပြင်းထန်သောလေပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး၊ ခိုင်ခံ့သောမြို့ရိုး‌တောင် တိုက်ပွဲစွမ်းအားကြောင့် တိုက်ရိုက်ပြိုကျသွားသည်။

“မင်းကို ငါလျှော့တွက်မိခဲ့သလိုပဲ”

“ဒီဓားကိုယူလိုက်”

မာကျင်းသည် ကြီးမားသော အစိမ်းရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ ယင်းမှ တောက်ပသောအစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး၊ ထိုအလင်းများက အလွန်ထိတ်လန့်ဖွယ်ကောင်းကာ သာမန်ဝိညာဉ်ရတနာလက်နက် တစ်ခုမဟုတ်ကြောင်း ရှင်းနေသည်။ သူ၏ယွမ်စွမ်းအင်များ လှိုင်းထလာပြီး၊ လက်နှစ်ဖက်ဖြင့် ပြင်းထန်သော ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဟင်၊ ဒီဓားရဲ့စွမ်းအား၊ မြေကမ္ဘာဆင့်ဝိညာဉ်ရတနာလက်နက် ဖြစ်နေမလား”

ဝူကျောင်းက တံတွေးမျိုချလိုက်မိသည်။ မြေကမ္ဘာဆင့် ဝိညာဉ်ရတနာလက်နက်က အဆင့်မြင့်ဝိညာဉ်ရတနာ လက်နက်ထက် ပို၍အားကောင်းသော လက်နက်တစ်ခုဖြစ်သည်။

“ဟဲဟဲ”

“မြေကမ္ဘာဆင့်ဝိညာဉ်ရတနာလက်နက်ဟုတ်လား၊ ခင်ဗျားတစ်ယောက်တည်းပဲ ရှိတယ်ထင်နေလား”

ဝူယွမ်က သူ၏သိုလှောင်အိတ် ထဲမှ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ခေါ်ယူလိုက်ကာ ယွမ်စွမ်းအင်များ စုဝေးလိုက်ပြီး၊ မဟာရှေးဟောင်းဧကရာဇ်ကျမ်း မှ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“မဟာရှေးဟောင်း အဆုံးစွန်ဖြတ်တောက်ခြင်းဓား”

“မြင့်မားတိမ်တိုက်၊ အဆုံးစွန်ဖြတ်တောက်”

ဓားသွားက အတိုင်းအဆမရှိ ကြီးမားလာပြီး၊ ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးလုနီးပါးဖြစ်ကာ၊ ကောင်းကင်သို့ တည့်တည့်ထိုးတက်သွားသည်။ ခရမ်းရောင်ရွှေရောင် ဓားအလင်းတန်းတစ်ခုက မာချင်းထံသို့ ရုပ်တရက် ရောက်ရှိလာပြီး သူ့မြင်ကွင်းတစ်ခုလုံး ဓားအလင်းတန်း တစ်ခုလုံးပြည့်နက်သွားသည်။

ဤသည်က ဝူယွမ်၏ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ပထမဆုံးတိုက်ပွဲဖြစ်သော်လည်း၊ လီနင်အင်္ကျီ၀တ် အဖိုးကြီး၏စွမ်းအားက သွေးဝိညာဉ်ရုပ်သေး ချိတ်ပိတ်အစီအရင် ဖြေလျှော့ခံရချိန်ကထက် အနည်းငယ်သာ ပိုအားကောင်းသဖြင့် ဝူယွမ်က စွမ်းအားအပြည့်အသုံးပြုရန်တောင် မလိုအပ်ပေ။

“ကလန့်”

အစိမ်းရောင်ဓားအလင်းတန်းက ချက်ချင်းပင် နှစ်ပိုင်းကွဲသွားပြီး၊ ဝူယွမ်၏ဓားအလင်းတန်းက ၎င်း၏အရှိန်ကိုဆက်လက်ထိန်းကာ၊ မာချင်းဆီကို တိုး၀င်လာသည်။

“ နက်ပြာရောင် နက်နဲသံချပ်ကာ ”

မာချင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊ အစိမ်းရောင်သံချပ်တစ်ခုက ချက်ချင်းပင် သူ၏ကိုယ်ခန္ဓာပေါ်တွင် ပေါ်လာသည်။ သံချပ်ကာက အဆင့်မြင့်ဝိညာဉ်ရတနာ လက်နက် ကာကွယ်ရေးသံချပ်ကာ တစ်ခုဖြစ်သည်။

သို့သော်၊ ဝူယွမ်၏ဓားအလင်းတန်းကို ဤမျှလွယ်လွယ်ကူကူ ကာကွယ်နိုင်မည် မဟုတ်ပေ။ မိုးကြိုးဝိညာဉ်ကောင်းကင်ဓား၏ အကြီးမားဆုံး အာသာချက်မှာ ထိုးဖောက်စွမ်းအားဖြစ်သည်။

ဂျွတ်!

မာချင်း၏အစိမ်းရောင်သံချပ်ကာက ဓားအလင်းတန်းဖြင့် တိုက်ခိုက်ခံရပြီး၊ နှစ်ပိုင်းကွဲသွားသည်။

နောက်ဆုံး မာချင်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ယွမ်စွမ်းအင် လှိုင်းများထလာကာ၊ ချက်ချင်းပင် ယွမ်စွမ်းအင်အကာအရံများစွာကို ဖွဲ့စည်းလိုက်သည်။ သူ၏ကိုယ်ခန္ဓာမှလည်း မီးလျှံအလင်းများစွာ ထွက်ပေါ်လာသည်။

နိဗ္ဗာန်အဆင့် ကျင့်ကြံသူများက နိဗ္ဗာန်ကိုယ်ခန္ဓာ တစ်ခုကို ပိုင်ဆိုင်ထားကြသည်။ နိဗ္ဗာန်ကိုယ်ခန္ဓာက သူတို့၏ထူးခြားသော လက္ခဏာများထဲမှ တစ်ခုဖြစ်ပြီး၊ သူတို့၏ကိုယ်ခန္ဓာများက ကူး ပြောင်းခြင်းအဆင့် ကျင့်ကြံသူများ နှိုင်းယှဉ်၍မရအောင် ခိုင်မာလွန်းသည်။

သို့သော် ဝူယွမ်၏ဓားအလင်းတန်း တစ်လက်မချင်း တိုက်စားရင်း ရှေ့ဆက်လာနေပြီး။ နောက်ဆုံးတွင် သူ၏နိဗ္ဗာန်ကိုယ်ခန္ဓာကို ဖောက်ထွင်းသွားသည်။

နောက်ဆုံးတွင်၊ ထိတ်လန့်ဖွယ်ဓားစွမ်းအားများ ပျောက်ကွယ်သွားသည်။

သို့သော်၊ ပျောက်ကွယ်သွာသည်က ဓားအလင်းတန်းသာဖြစ်သည်။ ဝူယွမ်၏လက်ထဲရှိ အတိုင်းအဆမရှိချဲ့ထွင်ထားသော မိုးကြိုးဝိညာဉ်ကောင်းကင်ဓား၏ ငွေရောင်နှင့် ခရမ်းရောင်တောက်နေသော ဓားသွားအဖျားက သူ၏လည်ပင်းပေါ်တွင် ဖိထားပြီးဖြစ်သည်။ မာကျင်း၏နိဗ္ဗာန်ကိုယ်ခန္ဓာ ပျက်စီးသွားပြီးနောက်၊ ဓားသွားအဖျားက သူ၏လည်ပင်းအရေပြားကို ဖြတ်သန်းသွားပြီး၊ လတ်ဆတ်သောသွေးတစ်စက် ထွက်လာသည်။

ထိုနာကျင်မှု၊ မိုးကြိုးကြောင့် အနည်းငယ် ထုံကျင်သွားသည့်ခံစားချက်က မာချင်းကို ချက်ချင်းတောင့်တင်းသွားစေပြီး၊ တစ်စက်လေးတောင် မလှုပ်ရဲတော့ပေ။ ချွေးသီးချွေးပေါက်ကြီးများ သူ၏နဖူးမှ စီးကျလာသည်။

“မင်းငါ့ကိုသတ်လို့မရဘူး။ ငါက ကိုးကောင်းကင်တိုင်ချင်းက၊ ငါ...”

မာချင်းက တုန်တုန်ရီရီပြောသော်လည်း၊ ဝူယွမ်၏ ဘာကိုမှဂရုမစိုက်ဟန်ရသည့် အကြည့်က သူ့ကိုချက်ချင်း ဆိတ်ငြိမ်သွားစေသည်။

“ငါပြောခဲ့တယ်၊ မင်းဒီနေ့ သွေးထွက်ဒဏ်ရာ ရမယ်ဆိုတာ”

ဝူယွမ်က လက်ထဲရှိ ကောင်းကင်ဓားကို လှည့်လိုက်ပြီး၊ ဓားသွားမှ ဓားမျက်နှာပြင်ဘက်သို့ ပြောင်းသွားကာ၊ မာချင်းကို ကောင်းကင်မှ ပြုတ်ကြအောင် ရိုက်ချလိုက်သည်။

ထပ်!

မာချင်းက မြေပြင်ပေါ်သို့ ကျသွားပြီး၊ ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

“စိတ်မပူပါနဲ့၊ ငါမင်းကိုမသတ်ဘူး”

ဝူယွမ်က မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ပြန်သိမ်းလိုက်ပြီး၊ သူ၏အသံတွင် တည်ကြည်မှုများ အပြည့်ရှိကာ။ မာချင်းအား အားတက်လာစေသည်။

သူက ငါးသေးသေးလေး တစ်ကောင်သာဖြစ်သော်လည်း၊ ကိုးကောင်းကင်တိုက်ချင်းရဲ့ အလုပ်သမားအဖြစ် ယူဆထားရသောကြောင့်၊ ဝူယွမ်က ဤမျှကြမ်းကြမ်းတမ်းတမ်း လုပ်လို့ မဖြစ်ပေ။

ထို့အပြင်၊ မာချင်းလုပ်ခဲ့သည်မှာ လွန်လွန်ကျူးကျူးမဟုတ်ပေ။ သူသည် လူတစ်ဦးကို ထိခိုက်စေခဲ့ခြင်းသာ ဖြစ်သည်။ ယခုအခါ ဝူယွမ်က သူ့ကိုသွေးအန်စေခဲ့ပြီဖြစ်သဖြင့်၊ ၎င်းကို မုလဲ့နှင့် သိုင်းမဟာမိတ်အဖွဲ့အတွက် ပြန်လည်ပေးဆပ်ခြင်းအဖြစ် မှတ်ယူနိုင်သည်။

ထို့နောက် ဝူယွမ်က လက်ဆန့်ကာ မာချင်း၏ သိုလှောင်အိတ်ကို ဆွဲယူလိုက်ပြီး၊ မုလဲ့ထံသို့ ပစ်ပေးလိုက်ကာ-

“အထဲမှာ ဘယ်လိုရတနာတွေရှိလဲကြည့်၊ ပြီးရင် ဂိုဏ်းရဲ့ဘဏ္ဍာတိုက်ထဲ ထည့်လိုက်”

“ဟုတ်ကဲ့ ဂိုဏ်းသခင်” မုလဲ့ ဝမ်းသာသွားကာ ချက်ချင်းဖမ်းယူလိုက်သည်။ ဤသည်မှာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူ တစ်ဦး၏ သိုလှောင်အိတ်ဖြစ်သည်။

မာချင်း၏ပါးစပ်သည် တဖျပ်ဖျပ်လှုပ်သွားသော်လည်း၊ စကားမပြောရဲပေ။

“မင်းမဟာရှေဟောင်း ကျောက်တိုင်ထဲကို၀င်ချင်တာမလား ငါ့နောက်လိုက်လာစမ်းပါ” ဝူယွမ်သည် မြေပြင်ပေါ်သို့ဆင်းကာ၊ ပိုင်ယွမ်ကို တစ်ဖန်ပြန်စီးလိုက်ပြီး၊ မာချင်းအား ပြောလိုက်သည်။

မာချင်းသည် မြေပြင်ပေါ်မှထလာကာ၊ ပါးစပ်ထဲမှသွေးကို သုတ်လိုက်သည်။ သူသည် နည်းနည်းလေး စိတ်ရှုပ်နေကာ ဝူယွမ်ဘာလုပ်မည်ကို နားမလည်ပေ။

ဝူယွမ်သည် သူ့ကို သိုင်းမဟာမိတ်ဌာနချုပ်၏ ရင်ပြင်သို့ခေါ်သွားသည်။ မဟာရှေးဟောင်းကျောက်တိုင်သည် ထိုနေရာတွင် စိုက်ထူထားသည်။

နေရာကူးပြောင်းတံခါးရှစ်ခုသည် ဖွင့်လျက်ရှိပြီး၊ တပည့်သားပေါင်းများစွာသည် ကြီးမားသောပစ္စည်းပမာဏများကို အတွင်းသို့ သယ်ဆောင်နေကြသည်။

နောက်ဆုံးတွင် မဟာဝမ့်ကျောက်တိုင်ကို မြင်လိုက်ရသောအခါ၊ မာချင်း၏မျက်လုံးများ ပြောင်လက်တောက်ပလာပြီး၊ အံ့အားသင့်မှုတစ်ခု ဖြတ်သန်းသွားသည်။

သူ၏အမြင်အရ မဟာရှေးဟောင်းကျောက်တိုင်က အလွန်အံ့အားသင့်ဖွယ်ကောင်းသော ဝိညာဉ်ရတနာလက်နက်တစ်ခုဖြစ်ကြောင်း၊ အနည်းဆုံး ကောင်းကင်အဆင့်မှာရှိကြောင်း သူသဘောပေါက်သွားသည်။

ထို့အပြင်၊ ၎င်းသည် မိမိကိုယ်ပိုင်နေရာပါရှိသော အလွန်ရှားပါးသည့် ဝိညာဉ်ရတနာလက်နက်တစ်ခုဖြစ်သည်။

“ပြော၊ မင်းမဟာရှေးဟောင်း ကျောက်တိုင်ထဲမှာ ဘာကိုရှာနေတာလဲ?”

ဝူယွမ်က အေးဆေးတည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်သည်။

ဤအေးဆေးတည်ငြိမ်သောအသံသည် မာချင်းအား အခြားအတွေးများ မတွေးနိုင်စေရန် လုပ်ဆောင်လိုက်သည်။ အရင်က၊ ဝူယွမ်၏စွမ်းအားက သူ၏ကိုယ်ခန္ဓာနှင့် သိုင်းပညာရပ်များတွင်သာရှိပြီး၊ အပြင်ပန်းအားဖြင့် ကူးပြောင်းခြင်းအဆင့် အစောပိုင်းအဆင့် တွင်သာရှိသည်။ သူ၏တကယ့် ကောင်းကင်အဆောင်သခင် စွမ်းအားကို မပြရသေးပေ။

ဤမျှငယ်ရွယ်သော်လည်း၊ သူ၏စွမ်းအားက နက်ရှိုင်းမှုရှိပေသညါ။

မာချင်းသည် ဝူယွမ်အပေါ် စိတ်ထဲတွင်းမှ ကြောက်ရွံ့မှုတစ်ခု ဖွံ့ဖြိုးလာခဲ့သည်။

“ငါ...”

မာကျင်းသည် မသေမချာဖြစ်နေသည်။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် မနှစ်သက်ပေ။ ဝါးမျိုခြင်းဘိုးဘေးအဆောင်က သူအလိုရှိသည့်ရတနာ၊ သူမြင့်တက်လာနိုင်မည့် မျှော်လင့်ချက်ဖြစ်သော်လည်း၊ ယခုထိ မတွေ့ရှိရသေးပေ။

“နောက်တစ်ခါမေးလို့ မဖြေရင်၊ ဒီလိုဆို မင်းရဲ့မှတ်ဉာဏ်တွေကို တိုက်ရိုက်ရှာဖွေမယ်” ဝူယွမ်က အေးစက်စွာပြောသည်။

မာချင်း၏ကိုယ်ခန္ဓာ တုန်ရီသွားသည်။ ဝူယွမ်၏စကားကို သူမယုံကြည်ခြင်း မရှိပေ။

“ငါရှာနေတာက ဝါးမျို... ဝါးမျိုခြင်းဘိုးဘေးအဆောင်”

“ဝါးမျိုခြင်းဘိုးဘေးအဆောင်လား” ဝူယွမ် ပြုံးရီလိုက်သည်။ ဝါးမျိုခြင်းဘိုးဘေးအဆောင် တည်ရှိမှုကို မငြင်းပယ်ဘဲ၊ မာချင်းကို ပြန်မေးမြန်းလိုက်သည်၊ “မင်း ဝါးမျိုခြင်းဘိုးဘေးအဆောင်အကြောင်း ဘယ်ကကြားတာလဲ မင်း သိတဲ့အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်းပြောပြ”

“မဟာချင်းမင်းဆက်က စိမ်းပြာရောင်သစ်သားဂိုဏ်း လို့ခေါ်တဲ့ ဂိုဏ်းသေးသေးလေးကနေ သတင်းရခဲ့တာ။ မဟာရှေးဟောင်းကျောက်တိုင်ဖွင့်တိုင်း သူတို့အတွင်းကိုဝင်တယ်။ သူတို့ထဲက တပည့်သားတစ်ယောက်က လူသေကောင်တစ်ခုထဲမှာ မြင်ခဲ့ရတဲ့မြင်ကွင်း ကိုပြောပြခဲ့သည်။ ရှေးဟောင်းဂိုဏ်းပျက်စီးသွားတဲ့မြင်ကွင်း။ အတွင်းမှာ အမည်းရောင်ရှေးဟောင်းရူန်း တစ်ခုပေါ်လာပြီး စစ်ပွဲကိုအဆုံးသတ်လိုက်တယ်တဲ့။ သူက ဘယ်သူလဲ ငါလဲမသိဘူး၊ ဒါပေမယ့် သူ့ဖော်ပြချက်ကနေ ဝါးမျိုခြင်းဘိုးဘေးအဆောင်ဖြစ်မယ်လို့ ငါခန့်မှန်းလိုက်မိတယ်”

မာကျင်းက ပြန်ပြောပြဘိုက်သည်။ သူကအရင်က ဤသည်မှာ သူ၏အခွင့်အရေးဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်၊ မည်သူမျှ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကဲ့သို့သော နာမည်ကျော်ရတနာက မဟာယန်မင်းဆက်ကဲ့သို့ သေးငယ်သောနေရာတစ်ခုတွင် ပေါ်လာမည်ဟု စဉ်းစားမည်မဟုတ်သောကြောင့် ဖြစ်သည်။

“ဒီလိုလား” ရှေးခေတ်မှ ထိုမြင်ကွင်းများကို သူတစ်ဦးတည်းကသာ မြင်ခဲ့သည် မဟုတ်ပေ။

ဝူယွမ်သည် ဝါးမျိုခြင်းဘိုးဘေးအဆောင်ကဲ့သို့သော ရတနာတစ်ခု၏သတင်းကို သူတို့မည်သို့ရရှိခဲ့သည်ကို တွေးနေခဲ့သည်။ သိထားရမည်မှာ၊ ဤသတင်း၏ အကြောင်းအရာ အနည်းငယ်ပျံ့နှံ့သွားပါက၊ သူကဲ့သို့သော နိဗ္ဗာန်အဆင့်တစ် ကျင့်ကြံသူ တစ်ဦးတည်း ပါဝင်၍မရနိုင်သော အရှုပ်တော်ပုံတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။

ယခုအခါ မာကျင်းသည် ဝါးမျိုခြင်းဘိုးဘေးအဆောင်နှင့် မဟာဝမ့်ကျောက်တိုင်ကြားဆက်နွယ်မှုကို သိသွားပြီဖြစ်သဖြင့်၊ သူ့ကို ဤအတိုင်းပြန်ခွင့်ပြု၍မရပေ။

“မင်းဒီ မဟာရှေးဟောင်း ကျောက်တိုင်ကို ဘယ်လိုထင်လဲ”

ဝူယွမ်က ကျောက်တိုင်ကို ထောက်ပြကာ မေးမြန်းလိုက်သည်။

မာချင်းက စိတ်ရှုပ်သွားသော်လည်း၊ ရိုးသားစွာဖြေဆိုလိုက်သည်။

“ကြီးကျယ်ခမ်းနားတယ်၊ အလွန်အားကောင်းတယ်”

“ကောင်းပြီ၊ ကျေနပ်ရင်ပြီးပြီ။ မင်းက အခုကစပြီး အတွင်းမှာနေမယ်!” ဝူယွမ် ခေါင်းညိတ်လိုက်သည်။

“အား...”

မာချင်း အငိုက်မိသွားသည်။ ဤသည်မှာ သူ့ကိုအကျဉ်းချထားရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။

“အရှင်၊ ကျွန်တော်က ကိုးကောင်းကင်တိုင်ချင်းကနေ၊ ကျွန်တော်ဂိုဏ်းရဲ့တာဝန်တစ်ခုကို ပြီးအောင်လုပ်ရဦးမယ်။ ဒီမှာနေဖို့ မဖြစ်နိုင်ဘူးထင်ပါတယ်” သူက နူးညံ့စွာပြောလိုက်သည်။

ကိုးကောင်းကင်တိုင်ချင်း၏နာမည်ကို အသုံးပြု၍ ဝူယွမ်ကို ခြိမ်းခြောက်ရန် သူကြိုးစားကြည့်လိုက်သည်။

“ဒီလိုဆို သေပြီး မင်းရဲ့ဝိညာဉ်က မင်းရဲ့ကိုးကောင်းကင်တိုင်ချင်းကို ပြန်သွားရမယ်၊ ဒါမှမဟုတ် ဒီမှာ ငါ့အတွက်နာနာခံပြီး အလုပ်လုပ်ရမယ်!” ဝူယွမ်က အေးဆေးတည်ငြိမ်သောအသံဖြင့် ပြောသည်။

အလုပ်လုပ်ရမည်ဆိုပါက၊ မည်သည့်နေရာတွင်ဖြစ်စေ ကွာခြားမှုမရှိဟု သူခံစားမိသည်။

“ရွေးချယ်ပါ”

မာကျင်းက တစ်ဖန်ပြန်၍ တံတွေူမျိုချလိုက်မိသည်။ ဤငယ်ရွယ်သူတွင် ပြင်းထန်သောစိတ်ထားရှိသည်။

တန်ပြန်ခုခံ၍မရပါက၊ လှဲအိပ်ပြီး ခံစားလိုက်ယုံပင်။

သူသည် အသက်ရှူသံပြင်းပြင်းရှူလိုက်ပြီး၊ ကိုယ်ကိုင်းကာ-

“မာချင်း ဂိုဏ်းသခင်ကို ကန်တော့ပါတယ်” ဟု ပြောလိုက်သည်။

အကြီးအကဲ မာချင်းသည် အလွန်လိမ္မာပါးနပ်ပြီး၊ အခြေအနေနှင့်လိုက်လျောညီထွေရှိအောင် နေတတ်သည်။ ၎င်းသည် သူဤမျှကြာအောင်ရှင်သန်နိုင်ခဲ့သည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

“ကောင်းပြီ၊ စိတ်မပူပါနဲ့၊ ငါ့နောက်လိုက်ရင် မင်းကို မတရားမခံစားစေရဘူး၊ ပြီးတော့ ငါဟာ တစ်နည်းအားဖြင့် ကိုးကောင်းကင်တိုင်ချင်းက လူတစ်ဝက်ပဲ”

“တစ်ဝက်လား

တစ်ဝက်ဆိုက ဘာကိုဆိုလိုတာလဲ”

မာကျင်းက တစ်ဖန်စိတ်ရှုပ် သွားပြန်သည်။ ဤငယ်ရွယ်သူနှင့် ဆက်ဆံရသည်မှာ အနည်းငယ်ခက်ခဲသည်...

ဝူယွမ်သည် မာကျင်းကို မဟာရှေးဟောင်း ကျောက်တိုင်အတွင်းသို့ ခေါ်ဆောင်သွားသည်။ ဝင်ရောက်ပြီးနောက်၊ သူက ကျောက်တိုင်ဝိညာဉ်အား သူ၏ကိုယ်ခန္ဓာထဲတွင် အမှတ်အသားတစ်ခု ထည့်သွင်းစေခဲ့သည်။ ဤနည်းဖြင့် မာချင်းသည် ထွက်ပြေးရန်ကြိုးစားပါက၊ ဝူယွမ်က ချက်ချင်းသိရှိပြီး၊ သူက မဟာရှေးဟောင်းကျောက်တိုင်၏ တံဆိပ်ကြောင့် ပယ်ရှားခံရလိမ့်မည်။

“လူတိုင်းကို သတိထားရမယ်”

ဝူယွမ်သည် သူ့ကို အပြည့်အဝယုံကြည်ခြင်း မရှိသေးပေ။

ဝူယွမ်သည် သူ့ကို ကျောက်တိုင်နေရာ၏ အနောက်ဘက်အပိုင်းတွင် ထားရှိခဲ့သည်။ ဤနယ်မြေက ကျောက်တိုင်နေရာ၏ အခက်ခဲဆုံးသော ပတ်ဝန်းကျင်ဖြစ်သည့် တောင်တန်းကြီးများနှင့် တောင်စွယ်များ ထူထပ်သော ဒေသတစ်ခု ဖြစ်ပြီး။ အရိုးစားယင်လေ အခင်းအကျင်းသည် မူလအားဖြင့် ဤနယ်မြေတွင် တည်ရှိခဲ့သည်။

မဟာနတ်ဆိုးဂိတ် ပြောင်းရွှေ့ဝင်ရောက်ပြီးနောက်၊ သူတို့သည် ဤနယ်မြေတွင်နေထိုင်ကာ ကိုယ်ခန္ဓာတည်ဆောက်ရေးခန်းမ ကို တည်ထောင်မည် ဖြစ်သည်။

ဤပတ်ဝန်းကျင်တွင် ဂိုဏ်းတစ်ခုတည်ထောင်ရန် လူအင်အားနှင့် အရင်းအမြစ်များ အလွန်အမင်းလိုအပ်မည်ဖြစ်ပြီး၊ လက်တွေ့အားဖြင့် တောင်များကို ညီညာစေကာ ခန်းမများတည်ဆောက်ရမည် ဖြစ်သည်။

ဝူယွမ်သည် မာကျင်းအား ဤကြီးကျယ်သော အနောက်ဘက်ဖွံ့ဖြိုးရေးတွင် ပါဝင်ရန် တာဝန်ပေးအပ်ခဲ့သည်။

“မင်းဒီမှာ မုလဲ့နဲ့ပူးပေါင်းပြီး ကိုယ်ခန္ဓာတည်ဆောက်ရေးခန်းမ တည်ထောင်ရမယ်။ အဲဒါပြီးသွားရင် မင်းရဲ့သိုလှောင်အိတ်ကို ပြန်ပေးမယ်”

ဝူယွမ်က ကတိပေးလိုက်သည်။

ပြိုင်ဘက်က နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး၊ အစပြုနေဆဲဖြစ်သော ဂိုဏ်းအတွက်၊ သူက ရှားပါးသော ပါရမီရှင်တစ်ဦးဖြစ်သည်။

မာကျင်းကိစ္စကို စီစဉ်ပြီးနောက်၊ ဝူယွမ်သည် ထွက်ခွာသွားခဲ့သည်။

လက်ရှိတွင်၊ မဟာရှေးဟောင်းကျောက်တိုင်က ပြန်လည်တည်ဆောက်မှုအခြေအနေတစ်ခုတွင် ရှိနေပြီး၊ လုပ်ငန်းများ အပြည့်အဝဆောင်ရွက်လျက် ရှိသည်။

ဝူယွမ်ကဘသူ၏ယခင်ဘဝမှ ခေတ်မီကျောင်းစနစ်ကို အခြေခံ၍ ဂိုဏ်းကို တည်ထောင်နေခြင်း ဖြစ်သည်။

မုလဲ့၏ ကိုယ်ခန္ဓာတည်ဆောက်ရေးခန်းမအပြင်၊ မုချန်ချန်၏ ယင်းယန်းခန်းမ ဝူစီ၏ သိုင်းပညာရပ်ခန်းမ ကျန်းယွဲ့အတွက် ကျောင်းခန်းမနှင့် အခြားခန်းမများလည်း ရှိနေသည်။

ဝူယွမ်၏ ဒီဇိုင်းအရ၊ ကျောင်းခန်းမ၏လုပ်ဆောင်ချက်က မူလတန်းနှင့်အလယ်တန်းကျောင်းများနှင့် ညီမျှပြီး၊ အသိဉာဏ်ဖွင့်ပေးခြင်း၊ သိုင်းပညာစွမ်းရည်၊ နှင့် အခြေခံစာပညာရေးတို့ကို တာဝန်ယူထားသည်။

ကိုယ်ခန္ဓာတည်ဆောက်ရေးခန်းမ၊ ယင်ယန်ခန်းမ၊ နှင့် သိုင်းပညာရပ်ခန်းမ တို့က တက္ကသိုလ်များ၏ အထူးပြုအခန်းကဏ္ဍများနှင့် ညီမျှပြီး၊ ကျောင်းခန်းမ၏တပည့်သားများအား သူတို့ထူးချွန်သည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ လေ့ကျင့်ခွင့်ပြုသည်။

ဤအရာအားလုံးက ပြီးပြည့်စုံအောင်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ ဝူယွမ်က ၎င်းတို့အတွက် မျှော်လင့်ချက်အပြည့်ဖြင့် ရှိနေသည်။

All Chapters