လင်းမြို့သို့ရောက်ရှိခြင်း
Vol. 14 Ch. 136
မဟာရှေးဟောင်းကျောက်တိုင် အတွင်း။ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် ကြီးကျယ်ခမ်းနားမှုတို့သာ ကြီးစိုးနေခဲ့သည်။
ဝူယွမ်က မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ လုံချန်းနှင့် အခြားသူများကို ခေါ်ဆောင်ကာ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ ကျောက်တိုင်ကြီး၏ ရှေးဟောင်းအရှိန်အဝါက လုံးချန်အပေါ်သို့ ကျရောက်နေခဲ့ကာ အတော်လေးစိတ်ဖိစီးနေခဲ့သည်။
ယခုအခါ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် ရှေ့ရှိ ကျောက်ပြားခင်းထားသော ကွင်းပြင်ကို ပြန်လည်ခင်းကျင်းထားပြီးပီ ဖြစ်သည်။ ဝူယွမ်က မြေအောက်နန်းတော်၏ လျှို့ဝှက်ချက်များကို တစ်ဖန်ပြန်လည် ဖုံးအုပ်ထားကာ မြေအောက်နန်းတော်သို့ ဆင်းသက်ရာ လျှို့ဝှက်လမ်းကြောင်းတစ်ခုကိုသာ ချန်ထားခဲ့သည်။ အတွင်း၌ ဖုံးကွယ်ထားသော ဂိုဏ်း၏ အဖိုးတန် ရတနာများကို လူမြင်ကွင်းတွင် အမြဲတမ်း ဖွင့်ပြထားရန် မသင့်တော်ပေ။
တစ်ချိန်တည်းမှာပင် လင်းတုန်က နန်းတော်အောက်ဘက်တွင် တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက်ပြုလုပ်နေပြီး ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ဖြည်းဖြည်းခြုါး အာရုံစိုက် သန့်စင်နေသည်။ ဤသည်မှာ လုံးဝအနှောင့်အယှက် မပေးသင့်သော အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဘဲ ဖြစ်သည်။
“ဝေါင်း… ဝေါင်း…ဝေါင်း”
ချင်းတန်နှင့် ရင်းနှီးကျွမ်းဝင်သော လင်းမျိုးနွယ်စုဝင်များကို လေထဲတွင် ဝဲပျံလာသည်ကို မြင်လိုက်ရသောအခါ ရှောင်ယန်က စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာအားရမှုတို့ဖြင့် မထိန်းနိုင်ဘဲ နှုတ်ဆက်လိုက်သည်။ လျှို့ဝှက်လမ်းကြောင်း၏ ထွက်ပေါက်ကို စောင့်ကြပ်နေသည့် ရှောင်ယန်က ယခုအခါ ပျော်ရွှင်စွာ ပျံသန်းလာကာ သူချစ်မြတ်နိုးရသော ချင်းတန်ကို ခွေးကလေးတစ်ကောင်လို ပွတ်သပ်လျှက် သူ၏ချစ်ခင်မှုကို ပြသနေသည်။
“ဝိုး! ရှောင်ယန်၊ မင်း ဘာလို့များ ဒီလောက် ပြောင်းလဲသွားရတာလဲ”
ချင်းတန်က ရှောင်ယန်၏ ဦးခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးနေစဉ် လင်းကျန့်ထျန့်နှင့် အခြားသူများသည်လည်း ရှောင်ယန်၏ သိသိသာသာ ပြောင်းလဲမှုကို စူးစမ်းလိုစိတ်ဖြင့် အံ့ဩစွာ ကြည့်ရှုနေကြသည်။ သူ ထွက်ခွာသွားစဉ်က ပုံစံနှင့် နှိုင်းယှဉ်ပါက ယခုလက်ရှိ ရှောင်ယန်က ပို၍ပင် ခန့်ညားထည်ဝါလာသည်။ လျှပ်စီးတောင်ပံတစ်စုံက သူ့ကိုယ်ပေါ်တွင် ပေါ်ထွက်နေပြီး ကျောက်သလင်းကြေးခွံများက ဖုံးလွှမ်းလျက်ရှိသည်။ သူ၏ မြွေပါအမြီးသည်လည်း မြွေပါအမြီးအဆင့်ကို ကျော်လွန်ကာ နဂါးအမြီးဟုပင် ခေါ်ဆိုနိုင်လောက်အောင် ဖြစ်လာခဲ့သည်။
သူသည် ကိုယ်ခန္ဓာကျမ်း၏ ‘ခိုင်မာ’ စာလုံးကို ကျင့်ကြံအားထုတ်ထားသောကြောင့် သူ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာ အလွန်တောင့်တင်းခိုင်မာလျက်ရှိသည်။ ပုံပန်းသဏ္ဌာန်အရဆိုလျှင် သူ၏ အမဖြစ်သူ ပိုင်ယွမ်ထက်ပင် ပိုမိုပြင်းထန်သော ခြိမ်းခြောက်အင်အားကို ထုတ်လွှတ်နေသည်။ လက်ရှိ ရှောင်ယန်က ကူးပြောင်းခြင်းအဆင့် ခွန်အားကိုပါ ပိုင်ဆိုင်ထားလေသည်။
“လင်းတုန်က ဒီအောက်မှာ ဆက်ပြီး တံခါးပိတ် ကျင့်ကြံနေတုန်းပဲ။ အခု အချိန်က အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီမို့ အနှောင့်အယှက်ပေးလို့ မရသေးဘူး။ သူ မကြာခင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတော့မှာပါ။ သူ ထွက်လာရင် သူ့ရဲ့ ခွန်အားက ကျွန်တော့်ထက် မနိမ့်လောက် တော့ဘူး” ဝူယွမ်က ပြုံးရယ်လျက် ကျောက်ပြားကွင်းပြင်အောက်ရှိ နေရာကို လက်ညှိုးထိုးပြကာ လင်းကျန့်ထျန့်နှင့် အခြားသူများကို ပြောပြလိုက်သည်။ သူ၏ စကားသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှု မျှော်လင့်ချက်တို့နှင့် ပြည့်နှက်နေသည်။
“ယွမ်အာ၊ မင်းရဲ့ လက်ရှိ ခွန်အားက ဘယ်အဆင့်ကို ရောက်နေပြီလဲ” လုံချန်းက တံတွေးမျိုချရင်း အံ့ဩတုန်လှုပ်သော မျက်လုံးများဖြင့် သိလိုစိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။
“ကူးပြောင်းခြင်းအဆင့် အလယ်အလတ်ပါ၊ မကြာသေးခင်ကဘဲ ကျွန်တော် ကောင်းကင်အဆောင်သခင်အဖြစ် ထိုးဖောက်သွားနိုင်ခဲ့ပြီ။ သာမန် နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတွေတောင် ကျွန်တော့်ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး” ဝူယွမ်က သူ၏ မွေးစားဖခင်အား လျှို့ဝှက်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
“ကောင်းကင်အဆောင်သခင်၊ နိဗ္ဗာန်အဆင့်”
လုံချန်းနှင့် အခြားသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ တစ်ချိန်တုန်းက ဖန်တီးခြင်းနယ်ပယ်ရဲ့ အဆင့် သုံးဆင့်ဆိုသည်မှာ သူတို့အတွက် လုံးဝမမှီနိုင်သော စိတ်ကူးယဉ် အဆင့်များသာ ဖြစ်ခဲ့ဖူးသည်။ ယခုမူကား တစ်နှစ်ခန့်သာ ကြာမြင့်ပြီးနောက် ဝူယွမ်၏ ခွန်အားက ကူးပြောင်းခြင်းအဆင့်ကိုပင် ကျော်လွန်ကာ သူတို့ လုံးဝမသိရှိနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပီဖြစ်သည်။
“ဒါဆို ဒီနေရာက ဘာတွေ ဖြစ်နေတာလဲ၊”
လုံချန်းက ဤလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောက်တိုင် နေရာကို ကြည့်ရင်း ထပ်မံမေးမြန်းလိုက်သည်။ သူက အကြီးအကျယ် ပြောင်းလဲသွားသော ဝူယွမ်ကို မြင်တွေ့ရသည်နှင့်အမျှ မေးခွန်းများစွာက သူ့ရင်ထဲတွင် ပြည့်နှက်နေခဲ့သည်။
“မွေးစားဖေဖေ၊ အလျင်မလိုပါနဲ့။ အတွင်းကို အရင်လာပါ ကျွန်တော် အေးအေးဆေးဆေး ရှင်းပြပါ့မယ်”
ဝူယွမ်က သူတို့ကို အနီးအနားရှိ ရှေးဟောင်းခန်းမတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ဤသည်မှာ ဝူယွမ်၏ ယာယီနန်းတော်ဖြစ်ပြီး ခန်းမထဲတွင် အိမ်တော်ထိန်းများ၊ အိမ်စေမလေးများ နှင့် အစေခံများစွာ ရှိနေသည်။ ထိုသူများက သူ၏ နေ့စဉ်ဘဝအတွက် အလုပ်အကျွေး ပြုကြရသည်။ ဝူယွမ်က ဂိုဏ်းချုပ်၏ နေထိုင်ရာနေရာသည် ဂုဏ်သိက္ခာ အနည်းငယ်တော့ ရှိသင့်သည်ဟု သူမြင်သောကြောင့် ထိုလူများ ထားထားခြင်း ဖြစ်လေသည်။
ထိုအချိန်မှာ လှပပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး အပြင်ဘက်မှ ဆူညံသံကို ကြားလိုက်ရသဖြင့် တံခါးဝမှ ထွက်ပေါ်လာခဲ့သည်။
ဝူယွမ်၏ မိသားစု ပြောင်းရွှေ့လာမည်ကို သိထားသော ကျန်းယွဲ့သည် စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေခဲ့ပြီး အခန်းများ သပ်ရပ်အောင် ပြင်ဆင်ထားခဲ့သည်။ လူတိုင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူမက အိမ်ရှင်မကောင်းတစ်ယောက်ကဲ့သို့ နွေးထွေးစွာ ထွက်လာပြီး နှုတ်ဆက်လိုက်သည်။
“အစ်ကိုကြီး ဝူယွမ်၊ ဒါက အစ်ကိုကြီးရဲ့ မိသားစုဝင်တွေလားရှင့်”
သူမက ယဉ်ကျေးစွာ အရိုအသေပြုလိုက်ရင်း ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည် “ဒီ ကျွန်မ၊ ကျန်းယွဲ့က အကြီးအကဲ အားလုံးကို နှုတ်ဆက်ပါတယ်ရှင့်”
လုံချန်းနှင့် အခြားသူများသည် ကျန်ရှစ်လို လှပသောအမျိုးသမီးက သူတို့ကို ယဉ်ကျေးစွာ စောင့်ဆိုင်းနေသည်ကို မြင်သောအခါ ဝူယွမ်ကို သိလိုစိတ်ဖြင့် ကြည့်မိကြသည်။
အထူးသဖြင့် ချင်းတန်လေး၏ မျက်နှာငယ်လေးတွင် ချက်ချင်းဆိုသလို သတိထားသည့် အမူအရာတစ်ခု ပေါ်ထွက်လာသည်။ သူမ၏ ထက်မြက်သော မျက်လုံးလေးများက ကျန်ယွဲ့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ မသိစိတ်မှ သူမကိုပြောနေသည်က သူမသည် ရန်သူတစ်ဦးကို ရှာတွေ့လေပြီ။
သို့သော် ဝူယွမ်က ကျန်းယွဲ့ကို မိတ်ဆက်ပေးဖို့ အချိန်မရသေးခင်မှာပင် နောက်ကွယ်မှ ချိုမြိန်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ မိသားစု ရောက်လာတာကို ဘာလို့ ကျွန်မကို အသိမပေးရတာလဲ။”
မုချန်ချန်က ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်စုံနှင့်အတူ ဓားပေါ်မှ ဆင်းသက်လာခဲ့သည်။ သူမ၏ မက်မောဖွယ်ကောင်းသော မျက်လုံးများက လူတိုင်းကို လှုပ်ရှားတက်ကြွပြီး ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။ တစ်ပြိုင်တည်း သူမ၏ မွေးရာပါ ဆွဲဆောင်မှု ကိုယ်ခန္ဓာ၏ မက်မောဖွယ် စွမ်းအားက အလိုလျောက် ထွက်ပေါ်လာခဲ့သည်။ သူမက လှပစွာ လမ်းလျှောက်လာပြီး သူမ၏ ခြေသလုံးဖြူဖြူနုနုလေးများကို စကတ်တိုလေးအောက်ကနေ မြင်နေရကာ သေးငယ်ပြီး သွားရည်ယိုစရာ ကောင်းလွန်းလှသည်။ သူမက ဆွဲဆောင်မှုရှိသော ခြေလှမ်းလေးများဖြင့် ေရှ့
လှမ်းလာခဲ့သည်။
လော့ချန်နှင့် အခြားသူများ၏ မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့ကြသည်။ ကျန်ယွဲ့၏ နူးညံ့သိမ်မွေ့သော အမူအရာနှင့် မတူဘဲ ဤမုချန်ချန်က ရဲရင့်ပြီး လွတ်လပ်သူဖြစ်သည်။ ထိုလောက် ဆွဲဆောင်မှုရှိသော အလှပဂေးကို မည်သူကမျှ ငြင်းပယ်နိုင်မည် မဟုတ်ပေ။
ချင်းတန် တစ်ယောက်သာ သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထားမိသည်... သူမ၏ စိတ်ထဲတွင်တော့ ရန်သူနှစ်ယောက် ရှိနေပြီဟု ပြောနေပုံရသည်။
မုချန်ချန်က ဂိုဏ်းချုပ်၏ နေထိုင်ရာနေရာ၌ သတင်းပေးများကို ထားရှိထားသည်။ တံခါးပေါက်၌ ဝူယွမ်တို့ ပေါ်လာသည်နှင့် မုချန်ချန်က သတင်းရကာ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းချုပ် နေထိုင်ရာနေရာကို မကြာခဏ လာရောက်လည်ပတ်သူများထဲတွင် ဤအမျိုးသမီးနှစ်ဦးက အများဆုံးဘဲ ဖြစ်သည်။
“ချန်ချန်၊ လူကြီးတွေ ရှိနေတယ်လေ၊ ပိုပြီး ယဉ်ကျေးပါဦး”
ဝူယွမ်က အနည်းငယ် တင်းမာသော လေသံဖြင့် ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်ကြောင့် လုံချန်း အခြားသူများ ရှင်းလင်းပြတ်သားသော တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရပြီး ဝူယွမ်က မုချန်ချန်၏ ဆွဲဆောင်မှုကြောင့် လမ်းမှားကို ရောက်ရှိသွားခြင်းမှ ကာကွယ်ပေးလိုက်သည်။ သူတို့၏ သိုင်းပညာ ကျင့်ကြံခြင်းအဆင့်က မမြင့်မား သေးသောကြောင့် မုချန်ချန်၏ လက်ရှိ ဆွဲဆောင်မှုကို သူတို့ မခုခံနိုင်သေးသည်ကို ဝူယွမ်က သိထားသည်။
“အိုး”
မုချန်ချန်သည် သူမ၏ ဆွဲဆောင်မှုကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး သူမ၏ အမူအရာသည် ပို၍ သိက္ခာရှိလာကာ အရမ်းကြီး လှုပ်ရှားရဲခြင်း မရှိတော့ပေ။
“ဒီ ကျွန်မ၊ မုချန်ချန်က ဦးလေးတွေနဲ့ ဘကြီးတို့ အားလုံးကို နှုတ်ဆက်ပါတယ်!”
မုချန်ချန်က အရိုအသေပေးပြီးနောက် မခံချင်စိတ်ဖြင့် ကျန်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ ကျန်းယွဲ့ကလည်း သူမကို ပြန်ကြည့်လိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။ မဟာရှေးဟောင်းကျောက်တိုင် အတွင်း၌ ဤအမျိုးသမီးနှစ်ဦးက အထင်ရှားဆုံး ဖြစ်သည်။ ဝူယွမ်နှင့် အနီးကပ် နေထိုင်ရခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ပြိုင်ဆိုင်စိတ်များ ဖြစ်ပေါ်လာသည်က ရှောင်လွှဲ၍ မရနိုင်တော့ပေ။
သူမက ဝူယွမ်၏ မိသားစုဝင်များကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူမ၏ အစ်ကိုကြီးလို ထူးချွန်ပြောင်မြောက်သော ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်သူဖြစ်ရာ ဤမိသားစုဝင်များသည်လည်း သာမန်ရိုးရိုးဖြစ်မည် မဟုတ်ဟု သူမ တွေးလိုက်သည်။ သို့သော် ကြည့်ပြီးပြီးခြင်း မုချန်ချန် စိတ်ပျက်သွားသည်။ ဤလူများ အားလုံး သာမန်များသာ ဖြစ်နေခဲ့သည်။
သို့သော် သူမ၏ အကြည့်က ဝူယွမ်၏ ဘေးနားမှ အသက်ငယ်ပြီး နူးညံ့လှပသော မျက်နှာပိုင်ရှင်ဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။ ဤကလေးမလေး၏ စိတ်ဓာတ်နှင့် ချစ်စဖွယ်ကောင်းမှုသည် သူမထက် သာလွန်သည်မဟုတ်လျှင်တောင် တစ်စက်လေးမှ မနိမ့်ပေ။
သို့သော် မုချန်ချန်က သူမ၏ အမူအရာကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး ချင်းတန်ကို ပြုံးပြလိုက်သည်။ မည်သူက သူငယ်ချင်းဖြစ်ပြီး မည်သူက ရန်သူဖြစ်သည်ကို မသိမှီတွင် ရမ်းပြီး မတွေးသင့်ပေ။
လုံချန်းနှင့် အခြားသူများက ရှက်ရွံ့သော အမူအရာများဖြင့် ဝူယွမ်ကို ကြည့်နေကြသည်။ ဤအမျိုးသမီးနှစ်ဦးနှင့် ဝူယွမ်တို့ကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိဟုပြောရင် အရူးတောင် ယုံမည် မဟုတ်ပေ။ လုံချန်းနှင့် လုံထန်တိုါ နှစ်ဦးစလုံး ကျေနပ်အားရသော အမူအရာများ ဖြစ်ပေါ်နေကာ ဝူယွမ်က အောင်မြင်မှု အတော်လေး ရရှိထားပြီဟု ခံစားလိုက်ရသည်။
လူတိုင်း အတွင်းထဲသို့ ဝင်သွားကြပြီး မုချန်ချန်နှင့် ကျန်းယွဲ့တို့က အိမ်ရှင်မများကဲ့သို့ လက်ဖက်ရည်နှင့် မုန့်များကို ချပေးပါ ဧည့်သည်များကို ဂရုတစိုက် ပြုစုကြသည်။ လှပသော အမျိုးသမီးနှစ်ဦး ရုတ်တရက် ဤမျှ စိတ်အားထက်သန်နေသောကြောင့် အခြေအနေက အနည်းငယ် ထူးဆန်းနေခဲ့သည်။
“ယွဲ့အာ၊ ချန်ချန်၊ မင်းတို့ရဲ့ အဖေတွေကို ငါနဲ့ လာတွေ့ဖို့ သွားပြောလိုက်ဦး။ သူတို့နဲ့ ဆွေးနွေးစရာတွေ ရှိတယ်”
ဝူယွမ်က သူတို့ကို လျင်မြန်စွာ ပထုတ်လိုက်သည်။ အမျိုးသမီးနှစ်ဦး ထွက်ခွာသွားပြီးနောက် ဝူယွမ်က ယန်မြို့မှ ထွက်ခွာပြီးနောက် သူနှင့် လင်းတုန်တို့၏ စွန့်စားခန်းများကို အသေးစိတ် ပြန်ပြောပြခဲ့သည်။
“ဒါကြောင့် မွေးစားဖေဖေ၊ ဘကြီး လင်း၊ ဒီနေရာက မဟာရှေးဟောင်းကျောက်တိုင်ရဲ့ ရှေးဟောင်းဂိုဏ်း တည်နေရာပါ။ ရှေးဟောင်းကျောက်တိုင် အာကာသ နေရာက တျန်းတုပြည်နယ်ထက်တောင် ပိုကျယ်ပြီး အခုဆိုရင် လူပေါင်း သုံးသောင်းကျော် ပြောင်းရွှေ့နေထိုင်နေကြပြီ”
လုံထန်၊ လင်းရှောင်နှင့် အခြား သက်လက်ပိုင်း လူများအားလုံး အလွန်တုန်လှုပ်သွားကြပြီး လင်းရှကဲ့သို့သော လူငယ်များကတော့ ဝူယွမ်ကို တန်ဖိုးထား လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။
“တစ်နှစ်ကျော်အတွင်းမှာ မင်းတို့နှစ်ယောက် ဒီလောက်တောင် နာမည်ကြီးလာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ မဟာရှေးဟောင်းဂိုဏ်းက မျိုးနွယ်စုကြီးလေးစုထက် နည်းနည်းမှ မနိမ့်ကျဘူး”
လင်းကျန့်တျန်က အားကျစွာဖြင့် အလေးအနက် ပြောလိုက်သည်။
“ယွမ်အာ၊ မင်း အဖေ့ကို တကယ် အံအားသင့်စေတာပဲ။ ငါ့မှာတော့ ပြဿနာ မရှိပါဘူး။ ယွမ်အာကို ဂိုဏ်းတည်ဆောက်ဖို့ ကူညီပေးရတာ ဒီအဘိုးကြီး လုပ်နိုင်တဲ့ နောက်ဆုံး အကူညီဘဲ”
ဝူယွမ်နှင့် လင်းတုန်တို့ ဤမျှ အောင်မြင်လာခြင်းကို သူတို့၏ မိသားစုဝင်များက ဝမ်းမြောက်ဝမ်းသာ လက်ခံကြသည်မှာ ထုံးစံပင်။ ဝူယွမ်နှင့် လင်းတုန်တို့ တည်ထောင်ထားသည်က အင်ပါယာနှင့် ညီမျှပြီး သူတို့၏ ကိုယ်ပိုင်ဂိုဏ်းအဖြစ် သတ်မှတ်ထားကြသည်။
“ဂိုဏ်းချုပ်”
မုလဲ့နှင့် ကျန်းလဲ့တို့ နှစ်ဦးစလုံး ရောက်ရှိလာကြသည်။ ဝူယွမ်က သူတို့ကို တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပေးပြီးနောက် သူတို့၏ မိသားစုနှစ်ခုအတွက် အစီအစဉ်များ ဆွေးနွေးခဲ့သည်။
သုံးရက်ကြာပြီးနောက်။ ရှေးဟောင်း ဂူဗိမ္မာန်မှ လူတိုင်း ရှေးဟောင်းကျောက်တိုင် အတွင်းသို့ ပြောင်းရွှေ့လာကြသည်။ သင်္ချိုင်းပိုင်ရှင်၏ ခေါင်းတလားနှင့် ဘိုးဘေးဗိမာန်ပြားများကို မုချန်ချန် တည်ထောင်ထားသည့် ပျော်ဖွယ် စုစည်းမှုခန်းမသို့ ပြောင်းရွှေ့ကာ တည်ထောင်သူဘိုးဘေးအဖြစ် ကိုးကွယ်ပသကြသည်။
ထို့နောက် ဝူယွမ်က ယန်မြို့သို့ သွားရောက်ကာ ေရွှတစ်သောင်းကုန်သည်အသင်း၊ အဆောင်သခင်အသင်းနှင့် မြို့၀န်အိမ်တော်တို့နှင့် အစဉ်လိုက် တွေ့ဆုံခဲ့သည်။ ဤမိသားစု သုံးခုသည် အရင်က သူ့အပေါ် မေတ္တာတရားနှင့် ကျေးဇူးတရားများ ရှိခဲ့ဖူးသည်။ ယခု သူ တိုးတက်လာပြီဖြစ်ရာ သူ့ကို ကူညီခဲ့သူများကို ပြန်ဂရုစိုက်ပေးရမည်ဟု သူ ခံစားနေရသည်။
ဝူယွမ်၏ အဆိုပြုချက်ကို ထိုမိသားစု သုံးခုက လုံးဝ မစဉ်းစားဘဲ ချက်ချင်း လက်ခံခဲ့ကြသည်။ နောက်ဆုံးတွင် ဤကမ္ဘာက သိုင်းပညာ ကျင့်ကြံခြင်းလမ်း၌ ပိုမို တိုးတက်ရန်အတွက်သာ ဖြစ်သည်။ အရင်က နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဂူသင်္ချိုင်းအတွက် လူတိုင်း အသက်စွန့် တိုက်ခိုက်ခဲ့ကြသည်။ ယခု ဝူယွမ်က သူတို့ကို အခွင့်အရေးတစ်ခု ပေးနိုင်သည်။ ရှေးဟောင်းဂိုဏ်းတစ်ခု၏ အမွေအနှစ်ကို ပေးနိုင်သည်။ ၎င်းသည် မည်မျှ ရှားပါးသော ကံကောင်းခြင်း ဖြစ်သနည်း။ သူတို့ ငြင်းပယ်စရာ အကြောင်းမရှိပေ။
ရွှေတစ်သောင်းကုန်သည်အသင်းက တစ်သင်းလုံး ပြောင်းရွှေ့လာကြသည်။ ယန်ရွှမ်းကလည်း ဝိညာဉ်အဆောင်သခင် မျှော်စင်မှ တပည့်များကို ဦးဆောင်ကာ ပူးပေါင်းခဲ့သည်။ ဇီယွဲ့ ဖခင်ဖြစ်သူ မြို့၀န်သည်လည်း ရိုးရိုးရှင်းရှင်းပင် ရာထူးမှ နုတ်ထွက်လိုက်သည်။
အင်အားစုကြီး သုံးခုမှ လူပေါင်း တစ်သောင်းနီးပါး ထပ်မံ ပူးပေါင်းလာခဲ့ကြသည်။
ဤသို့သော ရှည်ကြာစွာ စောင့်မျှော်ခဲ့ရသော ပြန်လည်ဆုံဆည်းမှုအပြီးတွင် အပျော်ဆုံးလူကတော့ ရွှမ်စု ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ သိုင်းပညာ ကျင့်ကြံခြင်း ထိပ်ဆုံးကို ရောက်ရှိပြီး အဆောင်သခင်အဖြစ် အောင်မြင်ပါက သူမကို ပြန်လာပြီး အကြွေးဆပ်မည်ဟု ဝူယွမ်က အရင်တုန်းက ကတိပေးခဲ့ဖူးသည်။
သတ္တိရှိသော အမျိုးသမီးတစ်ဦးဖြစ်သည့် ရွှမ်ဆုက ဤနေ့အထိ အိမ်ထောင်မပြုဘဲ နေခဲ့ပြီး အရင်ကလည်း အိမ်ထောင်ပြုရန် အစီအစဉ် မရှိခဲ့ပေ။ သူမက ထိုမောင်လေး ဝူယွမ်အပေါ်တွင်သာ ထူးခြားသော နှစ်သက်တွယ်တာမှုမျိုး ရှိခဲ့သည်။ မူလက သူမ မျှော်လင့်ဖို့တောင် မရဲခဲ့သော်လည်း ယခုမူ ဝူယွမ်က လျင်မြန်စွာ တိုးတက်လာပြီး ၀မ့်လွန်ပြည်နယ်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ သူ ထိပ်ဆုံးကို မရောက်သေးသော်လည်း ဤပန်းတိုင်က ရောက်ဖို့ရာ သိပ်မလိုတော့ဟု ထင်ရသည်။
ဝူယွမ် ထွက်ခွာသွားပြီး တစ်နှစ်ကျော်အတွင်းတွင် ရွှမ်ဆုက ဝူယွမ်နှင့် တစ်သက်လုံး လွဲချော်သွားမည်ကို စိုးရိမ်ပြီး ညပေါင်းများစွာ အိပ်မပျော်ခဲ့ပေ။ ယခုတော့ သူတို့ ပြန်လည်ဆုံဆည်းကြပြီဖြစ်ရာ သူမက ဝူယွမ်၏ ဘေးနားတွင် အမြဲတမ်း နေနိုင်တော့မည်ဖြစ်သည်။ ဤကောင်းမွန်သော အခွင့်အရေးမျိုးကို ရွှမ်စုက လက်လွှတ်မခံတော့ချေ။ နောက်ထပ် နောင်တရစရာ တစ်ခု ဖြစ်သွားရန် သူ့ကိုယ်သူ ခွင့်မပြုနိုင်ပေ။ ရွှေတစ်သောင်းကုန်သည်အသင်းက ဝူယွမ်နောက် မလိုက်ခဲ့လျှင်တောင် သူမက လိုက်သွားမည်သာ ဖြစ်သည်။ အခြားနည်းလမ်း မရှိပေ၊ အလှအပက မှေးမှိန်သွားတတ်သည်၊ သူမ စောင့်မနေနိုင်တော့ပေ၊ စောင့်ရန်လည်း မတတ်နိုင်တော့ပေ။ ဤတစ်ကြိမ်တွင် ရွှမ်စုသည် သူမဘက်မှစ၍ လုပ်ဆောင်ချင်သည့် အတွေးများ ရှိနေခဲ့သည်။
အလားတူပင် ဇီယွဲ့တွင်လည်း ဤဆရာတူမောင်လေးအပေါ် မသင့်လျှော်သည့် အတွေးများ ရှိနေခဲ့သည်။ ဝူယွမ် ထွက်ခွာသွားသည့်နှစ်က သူမ၏ နှလုံးသားထဲတွင် နောင်တများ ခံစားခဲ့ရပြီး တစ်နှစ်ကျော်လောက် စိတ်ဓာတ်ကျခဲ့ရသည်။ သူမ၏ နှလုံးသားထဲတွင် ဝူယွမ်ကို အကောင်းဆုံး စံနှုန်းအဖြစ် ထားရှိထားသောကြောင့် ယန်မြို့တွင် သူမ အလေးထားစရာ မည်သူမျှ မရှိတော့ပေ။ ဤတစ်ကြိမ်တွင်တော့ သူမကလည်း ရဲရဲတင်းတင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ရှေးဟောင်းကျောက်တိုင် အာကာသ အတွင်းက ပို၍ စည်ကားလာခဲ့သည်။ ဂိုဏ်းချုပ်အနေဖြင့် ဝူယွမ်က တကယ်ကို အလုပ်များနေခဲ့သည်။ အဓိကနှင့် အသေးအဖွဲ ကိစ္စရပ်များ အားလုံးနီးပါး သူ့၏ ဆုံးဖြတ်ချက်ကို လိုအပ်နေသည်။ ရုတ်တရက် လူပေါင်း လေးသောင်းကျော်၏ ဘဝကို စီမံခန့်ခွဲရသောအခါ ဝူယွမ်က သူဌေးများ အဘယ်ကြောင့် အတွင်းရေးမှူးများ လိုအပ်သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူ တစ်ယောက်တည်း အားလုံးကို မကိုင်တွယ်နိုင်ပေ။ ဝူယွမ်သည်လည်း ကျင့်ကြံရန် လိုအပ်နေသောကြောင့် အချို့ကိစ္စများကို လျစ်လျူရှုမိနိုင်သည်။
သူက အကူအညီပေးမည့်သူ တစ်ဦးကို အရေးတစ်ကြီး လိုအပ်နေခဲ့သည်။ ဤအကူအညီပေးမည့်သူက၊ အတွင်းရေးမှူး၏ အလုပ်ကို လုပ်ဆောင်ရမည်။ သူ့ကို နေ့စဉ် အလုပ်များနှင့် လူတွေ့ဆုံရန် ကိစ္စများကို စုဆောင်း၊ စစ်ထုတ်ပြီး စီစဉ်ပေးရမည်။ ပြီးလျှင် အချို့ကိစ္စများတွင် သူ့ကိုယ်စား ဆုံးထြတ်နိုင်ရမည်။
ဂိုဏ်း အတွင်းရေးမှူး ရာထူးအတွက် ဝူယွမ်က ရွှမ်ဆုကို ချက်ချင်း သတိရလိုက်သည်။ သူမတွင် အတွင်းရေးမှူး နေရာအတွက် ထိရောက်သော အရည်အချင်းများ အားလုံးနီးပါး ရှိနေသည်ဟု သူ ခံစားရသည်။ သူမက အသင့်တော်ဆုံး ဖြစ်နိုင်သည်ဟု ဝူယွမ်ခံစားရကာ ရွှမ်ဆုကို ချက်ချင်း ရှာလိုက်သည်။
“အစ်မ ရွှမ်ဆု၊ ဂိုဏ်းမှာ ကိစ္စတွေ အရမ်းများနေတယ်။ အစ်မ ကျွန်တော့်ကို ကူညီပေးပါလား”
“ဟဲဟဲ၊ ဂိုဏ်းချုပ်၊ ကျွန်မကို ဘာလုပ်စေချင်လဲ၊ စီစဉ်လိုက်ပါ။ အခု ကျွန်မက ဂိုဏ်းချုပ်ရဲ့လူပါ၊ ဒါကြောင့် အမိန့်အတိုင်း လုပ်ပါ့မယ်”
ရွှမ်ဆုက တခစ်ခစ် ရယ်ရင်း ပြောလိုက်သည်။ သူမ၏ စွမ်းရည်နှင့် ဝူယွမ်က သူမကို သေချာပေါက် လိုအပ်လိမ့်မည်ဟု သူမ ယုံကြည်ထားသည်။ သိုင်းပညာရပ် ကျင့်ကြံခြင်းတွင် သူမ မတော်သော်လည်း ရွှမ်ဆုက ဝန်ထမ်းရေးရာ ကိစ္စများ ကိုင်တွယ်ရာတွင် သူမ၌ အစွမ်းအချို့ ရှိသည်ဟု ခံစားမိသည်။
“ကျွန်တော် အစ်မအတွက် ရာထူးတစ်ခု စီစဉ်ပေးချင်တယ်။ အဓိကက... ကျွန်တော့်ကို အဓိက ကူညီပေးရမှာ။ ဒါက ဒီလိုပါ...”
ဝူယွမ်က အတွင်းရေးမှူး၏ လုပ်ငန်းဆောင်တာများကို ရွှမ်ဆုကို ချက်ချင်း ရှင်းပြလိုက်သည်။
“စိတ်မပူပါနဲ့ ဂိုဏ်းချုပ်။ တခြားကိစ္စတွေတော့ မပြောလိုပါဘူး၊ ဒါပေမဲ့ ဒီကိစ္စတွေအတွက်တော့ ကျွန်မ၊ အစ်မကြီးက သေချာပေါက် အရည်အချင်း ပြည့်မီပါတယ်”
ရွှမ်ဆုက နားထောင်ကြည့်ပြီးနောက် ယုံကြည်မှုရှိစွာ ပြောလိုက်ပြီး သူမ လုပ်ဆောင်တော့မည့် အလုပ်အတွက် အလွန် ပျော်ရွှင်နေခဲ့သည်။
“ရှေးဟောင်းကျောက်တိုင် အာကာသအတွင်းမှာ အစ်မက ကျွန်တော့်ဘေးမှာ နေရမယ်။ ကျွန်တော် ကိစ္စတွေကို ဘယ်လို ကိုင်တွယ်တယ်ဆိုတာ မှတ်ထားပါ။ နောင်တစ်ချိန် ကျွန်တော် ထွက်သွားရင် အချို့ကိစ္စတွေမှာ အစ်မက ကျွန်တော့်ကိုယ်စား ဆုံးဖြတ်ချက်တွေ ချပေးရမယ်”
ထို့နောက် ဝူယွမ်က ရာထူးခန့်အပ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။ ယင်-ယန် ခန်းမ၊ သိုင်းပညာရပ်ခန်းမနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ခန်းမတို့ကို မုချန်ချန်၊ ဝူစီနှင့် မုလဲ့တို့က အစောပိုင်းက သူသတ်မှတ်ထားတဲ့အတိုင်း အသီးသီး စီမံခန့်ခွဲခဲ့ကြသည်။ ယခုအခါ အဆောင်သခင်ခန်းမကို ထပ်ပေါင်းထည့်လိုက်ပြီး ယန်ရွှမ်းက စီမံခန့်ခွဲခဲ့သည်။
ကျန်ယွဲ့၏ ကျောင်းတော်ခန်းမကိုတော့ သိုင်းပညာ ကျောင်းတော်နှင့် အဆောင်အနုပညာ ကျောင်းတော်ဟူ၍ နှစ်ပိုင်း ပိုင်းခြားလိုက်သည်။ သိုင်းပညာ ကျောင်းတော်ကို ကျန်ယွဲ့က ဆက်လက် စီမံခန့်ခွဲပြီး ဇီယွဲ့ကတော့ အဆောင်အနုပညာ ကျောင်းတော်ကို စီမံခန့်ခွဲသည်။
ကျင့်ကြံသူများအပြင် သာမန်လူများလည်း ရှိနေသေးသည်။ လူပေါင်း ထောင်ပေါင်းများစွာက လူ့အဖွဲ့အစည်းငယ်လေး တစ်ခုကို ဖွဲ့စည်းထားခဲ့သည်။ ထို့ကြောင့် စီးပွားရေးစနစ်နှင့် နိုင်ငံရေးစနစ်သည်လည်း မရှိမဖြစ် လိုအပ်သည်။ ရှားဝမ်ကျင့်နှင့် မြို့၀န်ရှိီတို့၏ အခန်းကဏ္ဍများ ပေါ်လွင်လာပြီး ၎င်းတို့သည် ဤနေရာတွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှုစနစ်ကို ထူထောင်ကာ ေန့စဥ်ဘဝ၏ စည်းမျဉ်းကို ထိန်းသိမ်းရန် တာဝန်ယူထားခဲ့ကြသည်။
တည်ဆောက်ရေး လုပ်ငန်းအားလုံး စည်းကမ်းတကျ ဆက်လက်လည်ပတ်နေပြီး လူတိုင်း နေ့တိုင်း အလုပ်များနေကြသည်။ ဝူယွမ်၏ ခေတ်မီသော အတွေးအခေါ်အောက်တွင် အဆင့်မြင့် စီမံခန့်ခွဲမှု နည်းလမ်းများစွာက အမြန်ဘဲ ရလဒ်များ ပြသခဲ့သည်။ တစ်လကြာပြီးနောက် ဂိုဏ်း၏ စည်းမျဉ်းများ အမျိုးမျိုးကို အခြေခံအားဖြင့် စတင် ချမှတ် ပြီးစီးခဲ့သည်။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုက မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဝူယွမ်၏ ခေါင်းဆောင်မှုအောက်တွင် လူတိုင်းက အနာဂတ်အတွက် မျှော်လင့်ချက်များ အပြည့် ကြီးပွားလာခဲ့ကြသည်။ အထူးသဖြင့် မုချန်ချန်၊ ကျန်းယွဲ့၊ ဇီယွဲ့၊ ရွှမ်ဆုနှင့် အခြား အမျိုးသမီးများက အထူးတက်ကြွ နေကြပြီး နေ့တိုင်း စိတ်အားထက်သန်မှု အပြည့်နှင့် စွမ်းဆောင်ရည်တွင် တစ်ဦးနှင့်တစ်ဦး ကျော်လွန်ရန် ပြင်းပြသော ဆန္ဒများ ရှိနေကြသည်။
ချင်းတန်ကတော့ ဝူယွမ်၏ နောက်တွင် နေ့တိုင်း ပျင်းရိစွာ လိုက်နေခဲ့သည်။ ကံမကောင်းစွာဖြင့် သူမက အလွန်ငယ်လွန်းသောကြောင့် မည်သူကမှ သူမကို ပြိုင်ဘက်အဖြစ် မသတ်မှတ်ကြပေ။ ညီမလေးက ယှဉ်ပြိုင်နိုင်စွမ်း မရှိဟု ထင်နေကြဟန် ရသည်။
ဒါပေမဲ့ ချင်းတန်က ရွမ်ဆုတို့ အတွေးကို သတိမထားမိသည့်ပုံပင်။ နေ့တိုင်း သူမသက ဝူယွမ်၏ လက်ကို မာနတကြီး ဆုပ်ကိုင်ထားပြီး အခြားသူများကို ကြွားလုံးထုတ်ကာ သူမက အလွန် အစွမ်းထက်သည်ဟု ထင်နေသည်။ ဂိုဏ်း၏ လေထုက အတော်လေး ပျော်ရွှင်စရာ ကောင်းနေခဲ့သည်။
ချင်းတန်သည် သူမ၏ ဆရာနှင့် တွေ့ရန် လူလစ်ရင်လစ်သလို ခိုးထွက်နေဆဲဖြစ်သည်။ ဝူယွမ်ကလည်း ဤအကြောင်းကို မထုတ်ဖော်ခဲ့ပေ။ အဖိုးကြီး ပိုရွှမ်က ချင်းတန်ကို မတွေ့ရလျှင် အတင်း ဝင်လာမည်ကို စိုးရိမ်သောကြောင့် သူက အပြင်ဘက်ကို ဦးတည်သော နေရာလွှဲပြောင်းတံခါးပေါက်ကို တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် သူက အလွန် စိတ်ပူပန်နေခဲ့သည်။ အဖိုးကြီး ပိုရွှမ် မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေခြင်း ဖြစ်သည်။ ဤသူက နတ်ဆိုးယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ချင်းတန်လို ပါရမီရှင်တစ်ဦးကို တွေ့သောအခါ သူမကို သေချာပေါက် လက်လွှတ်မည် မဟုတ်ပေ။ ဤကိုယ်ခန္ဓာဖွဲ့စည်းပုံက အမှောင်ထုခန်းမက လိုချင်တပ်မက်သော အစွမ်းထက်သည့် ကိုယ်ခန္ဓာ တစ်ခုပင်။ ချင်းတန်သာ သူ့နောက် လိုက်ပါသွားလျှင် နောင်တွင် အမှောင်ထုခန်းမကို အမွေဆက်ခံပြီး ဘုရင်မ ဖြစ်လာမည်ဖြစ်သည်ာ
သို့သော် ဝူယွမ်က ထိုအရာကို အနည်းငယ် မလိုချင်ခဲ့ပေ။ ချင်းတန် လိုက်သွားပါက သူမ၏ ခရီးလမ်းက ချောမွေ့မည် မဟုတ်ဘဲ ဒုက္ခများစွာ ခံစားရလိမ့်မည်။ သူက အခု ချင်းတန်ကို ကာကွယ်ပေးနိုင်စွမ်း ရှိနေပြီဖြစ်ရာ သူမ ရုန်းကန်ရန် မလိုဘဲ သက်တောင့်သက်သာ နေထိုင်နိုင်ပီဖြစ်သည်။
“ချင်းတန် ဘာရွေးမလဲဆိုတာ အဲဒီကျမှ ကြည့်တာပေါ့”
ဝူယွမ်က သက်ပြင်းချလိုက်သည်။
နောက်ထပ် တစ်လ ကုန်လွန်သွားခဲ့သည်။ ယခုဆိုလျှင် ဂိုဏ်း၏ ကိစ္စရပ်များက ဝူယွမ်၏ တိုက်ရိုက် ပါဝင်ပတ်သက်မှု မလိုအပ်တော့ပေ။ ရွှမ်စုက အားလုံးကို အပြစ်အနာအဆာ မရှိအောင် စီစဉ်နိုင်နေပြီဖြစ်ပြီး။ ၎င်းက အတွင်းရေးမှူးတစ်ဦးက ကိစ္စအားလုံးကို ကိုင်တွယ်ပေးနေသကဲ့သို့ ဖြစ်နေသည်။ စနစ်ကို ထူထောင်ပြီးပြီဖြစ်ရာ နောင်တွင် လူတွေ ဘယ်လောက်များများ ထပ်ဝင်လာပါစေ စိုးရိမ်စရာ မလိုတော့ပေ။
ဝူယွမ်က နောက်ဆုံးတွင် သိုင်းပညာ ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်ခဲ့ပီဖြစ်ပြီး ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်ရန် ပြင်ဆင်နေသည်။
နောက်ထပ် တစ်လကြာပြီးနောက် နောက်ဆုံးတွင် မြေအောက်နန်းတော်မှာ လှုပ်ရှားမှု ရှိလာခဲ့သည်။
လင်းတုန်သည် ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။ သူ၏ သိုင်းပညာ ကျင့်ကြံခြင်း အဆင့်ကလည်း ကူးပြောင်းခြင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားပြီး အဆင့်မြင့် ဝိညာဉ်အဆောင်သခင်အဖြစ်သို့ တစ်ဟုန်ထိုး ခုန်တက်သွားခဲ့သည်။
သူက တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာလာခြင်း သူ၏ မိသားစုဝင်များ ရှေးဟောင်းကျောက်တိုင် အတွင်း ရောက်ရှိနေသည်ကို မြင်သောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်။
“အချိန်ကို ရေတွက်ကြည့်ရရင် လင်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုပွဲက နောက်ထပ် တစ်လပဲ ကျန်တော့တယ်။ အဘိုး၊ ကျွန်တော်တို့ သွားတက်ကြဦးမလား”
လင်းတုန်က စတင် မေးမြန်းခဲ့သည်။ မျိုးနွယ်စုပွဲကို တက်ရောက်ပြီး အတွင်း မျိုးနွယ်စုသို့ တိုးမြှင့်ခံရရန်က လင်းကျန့်တျန့်၏ တစ်သက်တာ အိပ်မက် ဖြစ်ခဲ့သည်။
လင်းတုန်က မျိုးနွယ်စုအပေါ် မည်သည့် ရင်းနှီးမှုမှ မခံစားရပေ။ သူ့အဘိုးနှင့် အဖေကြောင့်သာ မဟုတ်လျှင် သူက လင်းမျိုးနွယ်စုဝင်တစ်ဦးပါဟုတောင် ပြောချင်မည် မဟုတ်ပေ။ ဒါ့အပြင် လင်းလန်တျန်း သေဆုံးသွားပြီးနောက် လင်းတုန်က လင်းမျိုးနွယ်စုထဲ ဝင်ရန် စိတ်အားထက်သန်မှု လျော့နည်းလာသည်။ အရင်က မျိုးနွယ်စုပွဲကို တက်ရောက်ခြင်း၏ သူ၏ အကြီးမားဆုံး ဆန္ဒမှာ လင်းလန်တျန်းကို အနိုင်ယူရန်သာ ဖြစ်သည်။
လင်းကျန့်တျန့်က အတွေးထဲတွင် နစ်မြုပ်နေခဲ့သည်။ တစ်ချိန်တုန်းက သူ အတွင်း မျိုးနွယ်စုကို ပြန်ဖို့ရာ အတော်လေး စိတ်အားထက်သန်ခဲ့သည်။ သို့သော် ယခုမူ သူ ထိုစိတ်ဆန္ဒမျိုး မရှိတော့ပေ။ မဟာရှေးဟောင်းဂိုဏ်းတွင် အခုနေထိုင်ရသော ဘဝက မျိုးနွယ်စုတွင် နေထိုင်ရသည်ထက် အရာရာတိုင်းတွင် ပိုကောင်းသည်။ သူ့အတွက်သာမက မျိုးနွယ်စုဝင်များပါ ပိုပျော်ရွှင်သော ဘဝကို ရရှိကြသည်။
“သွားမလား၊ မသွားဘူးလားဆိုတာ ငါ့အတွက် အရေးမကြီးတော့ဘူး။ အနာဂတ်က မင်းတို့ လူငယ်တွေနဲ့ဘဲ သက်ဆိုင်တယ်။ တုန်အာ၊ မင်း ဘဲဆုံးဖြတ်လိုက်ပါ”
လင်းကျန့်တျန့်နှင့် မတူဘဲ လုံချန်ကတော့ သူ့ကို တစ်ချိန်က ပြုစုပျိုးထောင်ပေးခဲ့သော ကောင်းကင်ဓားကျောင်းတော်အပေါ် ကျေးဇူးတင်နေခဲ့သည်။ ကောင်းကင်ဓားကျောင်းတော်က သူတို့၏လူများကို အတော်လေး ကာကွယ်ပေးခဲ့သည်။ လင်းမျိုးနွယ်စုလိုမျိုး လင်းလန်တျန်းကဲ့သို့သော တပည့်မျိုးက သူတို့၏ ကိုယ်ပိုင်လူတွေကိုတောင် ရက်စက်ပြီး သွေးအေးတာမျိုး မရှိခဲ့ပေ။
“ယွမ်အာ၊ ငါ ကောင်းကင်ဓားကျောင်းတော်ကို သွားကြည့်ချင်တယ်” ဟု လုံချန်းက ပြောသည်။
“အွမ်း၊ မွေးစားဖေဖေ၊ ကျွန်တော်လည်း အဲဒီကို သွားဖို့ စီစဉ်ထားတယ်”
ဝူယွမ်က လင်းတုန်ကို အကြံပေးလိုက်သည် “ညီနှစ်၊ လင်းလန်တျန်းကို သတ်ဖို့က မလွယ်ကူခဲ့ဘူး။ အခု လင်းမျိုးနွယ်စုမှာ မင်းကို ဆန့်ကျင်မယ့်သူ မရှိတော့ဘူး။ နှစ်ပေါင်းများစွာ မျိုးနွယ်စုရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ရပြီးနောက် မျိုးနွယ်စုဆီက အကျိုးကျေးဇူးတချို့ ရယူဖို့ အချိန်တန်ပြီ။ ဘယ်လိုလုပ် မသွားဘဲ နေရမှာလဲ”
“အဲဒါ မှန်တယ်။ အစ်ကိုကြီး ပြောတာ အဓိပ္ပာယ်ရှိတယ်။ လင်းလန်တျန်းက မျိုးနွယ်စု တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဘူး။ လင်းလန်တျန်း တစ်ယောက်ကြောင့် လင်းမျိုးနွယ်စုဝင် အားလုံးကို ငါ မမုန်းနိုင်ဘူး”
လင်းတုန်ကလည်း ခေါင်းညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့၏ ဘိုးဘေးများ၊ သူ၏ ဇာစ်မြစ်များက လင်းမျိုးနွယ်စု၌ ရှိနေဆဲပင်။ သူ့၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် အတွင်း မျိုးနွယ်စုကို ပြန်သွားသောအခါ လင်းမျိုးနွယ်စုက သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ဖြစ်လိမ့်မည်ဟု သူ ယုံကြည်သည်။
“ကောင်းပြီ၊ အခုပဲ မဟာယန်ပြည်နယ်ကို ထွက်ခွာကြစို့”
မဟာယန်ပြည်နယ်ကို ဧကရာဇ်ပြည်နယ်ဟုလည်း ခေါ်ဆိုကြပြီး မဟာယန်မင်းဆက်၏ အစည်ကားဆုံး ပြည်နယ်ဘဲ ဖြစ်သည်။ မဟာယန်ပြည်နယ်၏ ဧကရာဇ်မြို့တော်က ကြီးများကျယ်ပြန့်သော နေရာ၌ရှိပြီး ပြည်နယ်၏ ဗဟိုချက်လည်း ဖြစ်သည်။ ဤနေရာက အစွမ်းထက် ပုဂ္ဂိုလ်များ အများဆုံး စုစည်းရာနေရာဖြစ်ပြီး ၀မ့်လွန်ပြည်နယ်၏ အစစ်အမှန် ထိပ်တန်း အင်အားကြီးသူများ အားလုံး ဤနေရာတွင် ရှိကြသည်။ ဤကမ္ဘာတွင် အာဏာကို ဧကရာဇ်၏ အခွင့်အာဏာနှင့် အပြည့်အဝ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ တော်ဝင်မိသားစုက ရိုးရိုးရှင်းရှင်းပင် အတော်လေး အစွမ်းထက်သော အင်အားစုကြီးတစ်ခုသာ ဖြစ်သည်။
မဟာယန်ပြည်နယ်တွင် မြို့ကြီးများစွာ ရှိပြီး အခြေခံအားဖြင့် ထိပ်တန်း အင်အားကြီး တစ်ခုက မြို့တစ်မြို့ကို သိမ်းပိုက်ထားသည်။ အကြီးဆုံးကတော့ ထုံးစံအတိုင်း ဧကရာဇ်တည်ရှိရာ ဧကရာဇ်မြို့ဘဲဖြစ်သည်။ ဒုတိယကတော့ လင်းမျိုးနွယ်စု တည်ရှိရာ လင်းမြို့ ဖြစ်သည်။ မျိုးနွယ်စုကြီးလေးစုထဲတွင် လင်းမြို့က ဧကရာဇ်မြို့နှင့် ယှဉ်ပြိုင်နိုင်ပြီး မဟာယန်ပြည်နယ်ရှိ လင်းမျိုးနွယ်စု၏ မြင့်မားသော အဆင့်အတန်းကို ပြသနေသည်။ နောက်ထပ်ကတော့ ဝမ်မြို့၊ ဟွမ်ပူမြို့နှင့် ချင်မြို့တို့ ဖြစ်ကြသည်။
ကောင်းကင်ဓားကျောင်းတော်တွင် ကောင်းကင်ဓားမြို့ ရှိသော်လည်း ဧကရာဇ်မြို့နှင့် မျိုးနွယ်စုကြီးလေးစု၏ မြို့များနှင့်တော့ ယှဉ်လို့မရပေ။ ထိပ်တန်း အင်အားစုကြီးများထဲတွင် အလယ်အလတ်သာ သတ်မှတ်နိုင်သည်။
လင်းမြို့နှင့် ကောင်းကင်ဓားမြို့က မတူညီသော ဦးတည်ရာ နှစ်ခုမှာ ရှိပြီး အတော်လေး ဝေးကွာသည်။ မဟာယန်ပြည်နယ်ကို ရောက်ရှိပြီးနောက် လင်းမျိုးနွယ်စု၏ မျိုးနွယ်စုပြိုင်ပွဲစတင်ရန် သုံးရက်သာ ကျန်တော့သည်။ ဝူယွမ်က လင်းတုန်နှင့် အခြားသူများကို အရင်ဆုံး လင်းမျိုးနွယ်စု၏ မျိုးနွယ်စုပြိုင်ပွဲကို လိုက်ပို့ပြီးမှ ကောင်းကင်ဓားကျောင်းတော်ကို သွားရောက်ရန်အပြင် အခြား ရွေးချယ်စရာ မရှိတော့ပေ။
သူက ချင်ရှီ၊ ဝမ်ယန်နှင့် လင်းလန်တျန်းတို့ကို သတ်ခဲ့သောကြောင့် လင်းတုန်နှင့် အခြားသူများ မျိုးနွယ်စုပွဲကို တစ်ယောက်တည်း တက်ရောက်ခိုင်းရန် ဝူယွမ်က စိတ်မချချေ။ အင်အားစုကြီး သုံးခု၏ မျိုးနွယ်စုခေါင်းဆောင်များက နိဗ္ဗာန်အဆင့် ခွန်အားဖြင့် လင်းတုန်ကို အမှန်တကယ် တိုက်ခိုက်လာပါက လင်းတုန်က အခုအချိန်မှာ သူတို့ကို မခုခံနိုင်သေးပေ။
လူတိုင်းမျှော်လင့်နေကြသော လင်းမျိုးနွယ်စုပြိုင်ပွဲက စတင်တော့မည်ဖြစ်သည်။ လင်းမြို့တွင် လူအသွားအလာ များလာပြီး ဝူယွမ်နှင့် လင်းတုန်တို့၏ နာမည်များက ဤလအနည်းငယ်အတွင်း မဟာယန်ပြည်မယ် တစ်ဝှမ်းလုံးကို ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤအချိန်အတွင်း၌ ဝူယွမ်နှင့် လင်းတုန်တို့က အချိန်အတော်များများ တံခါးပိတ် ကျင့်ကြံနေခဲ့ကြပြီး ပေါ်မလာခဲ့ကြပေ။ ဒါကြောင့် သူတို့ ပြန်ပေါ်လာမည့်အပေါ် လူများက အလွန် သိချင်စိတ်ပြင်းပြ နေပြီး မျှော်လင့်နေကြသည်။
လင်းတုန်က လင်းမျိုးနွယ်စု၏ မျိုးနွယ်စုခွဲမှ လာသည်ကို လူတိုင်း သိကြပြီး လင်းမျိုးနွယ်စုပြိုင်ပွဲလို ခမ်းနားသော ပွဲအတွက် သူ သေချာပေါက် လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
နောက်ဆုံးတွင် ဝူယွမ်နှင့် ယန်မြို့မှ လင်းမျိုးနွယ်စုဝင်များ လင်းမြို့၌ ပေါ်လာသည့် သတင်းရလိုက်ပြီး ဤသတင်းက လျင်မြန်စွာ ပျံ့နှံ့သွားကာ မျိုးနွယ်စုကြီးလေးစုကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသလို ဧကရာဇ်မြို့နှင့် တခြား အင်အားစြကြီးများကြားတွင်ပါ ဂယက်ရိုက်သွားစေခဲ့သည်။
မျက်လုံးအားလုံး လင်းမြို့ကို ဦးတည်လာကြသည်။
လူအတော်များများ သိလိုစိတ် ပြင်းပြနေကြပြီး လင်းမျိုးနွယ်စု ပြိုင်ပွဲကို မျှော်လင့်နေခဲ့ကြသည်။ ဤတစ်ကြိမ်တွင် ဝူယွမ်နှင့် လင်းတုန်တို့က မည်သို့သော မုန်တိုင်းမျိုးကို ဖန်တီးဦးမလဲဆိုတာ သိချင်နေခဲ့ကြသည်။