← Chapters

လင်းချင်းကျူ ပြောတဲ့ ဝူယွမ် ဆိုတာ သူလား

Vol. 14 Ch. 139

လင်းချင်းကျူ ပြောတဲ့ ဝူယွမ် ဆိုတာ သူလား

Vol. 14 Ch. 139

လင်းဖန်က လင်းတုန် ဘာမှမသိသေးသည်ကိုမြင်ပြီး လေးလေးနက်နက် ရှင်းပြလေသည်။

“မြင့်မြတ် ဝိညာဉ်ရေကန် ဆိုတာက ရှေးဟောင်းနတ်ဘုရား သားရဲတွေရဲ့ သွေးမျိုးဆက်ကနေ ဖြစ်တည်လာတာ။ အဲ့ဒီထဲမှာ ၀င်စိမ်လိုက်ရင် ခွန်အားတွေ တိုးတက်လာမယ့်အပြင် ကူးပြောင်းခြင်းအဆင့်ကမေ နိဗ္ဗာန်အဆင့်ကို ချိုးဖောက်၀င်ရောက်နိုင်မယ့် အခွင့်အလမ်းလည်း ပိုများလာစေတယ်”

ကူးပြောင်းခြင်းအဆင့်မှ နိဗ္ဗာန်အဆင့်သို့ တက်လှမ်းခြင်းက ကြီးမားသော စွန့်စားမှုကြီးတစ်ခုဖြစ်ပြီး ကျရှုံးပါက အသက်အန္တရာယ်ပင် ထိခိုက်နိုင်လေသည်။

ထို့ကြောင့် နိဗ္ဗာန်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အလမ်းကို တိုးမြင့်ပေးနိုင်စွမ်းရှိသော ဤရေကန်က ဝူယွမ် နှင့် လင်းတုန် တို့အတွက် အလွန်ဆွဲဆောင်မှုရှိနေခြင်း ဖြစ်သည်။

“ဒီရေကန်ကို မဟာယန်ပြည်ထောင်ရဲ့ ထိပ်သီးအင်အားကြီး အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပိုင်ဆိုင်ကြပေမယ့် စွမ်းအင်စုဆောင်းမှုက နှေးကွေးလွန်းတော့ အားလုံးခွဲဝေယူဖို့ မလုံလောက်ဘူး”

“ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ အင်အားကြီးအဖွဲ့အစည်းတွေက ဆွေးနွေးပြီးတဲ့နောက်မှာ ဒီရေကန်ကို မျိုးစေ့ရွေးချယ်ပွဲရဲ့ ဆုကြေးအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ထိပ်သီးအင်အားစုအသီးသီးက စေလွှတ်လိုက်တဲ့ လူငယ်ပါရမီရှင်တွေထဲကမှ နောက်ဆုံးအနိုင်ရတဲ့ လူငါးယောက်ပဲ ၀င်ခွင့်ရမှာ”

“မင်းတို့နှစ်ယောက်သာ ၀င်ပြိုင်ရင် နေရာနှစ်နေရာစာရဖို့က ပြဿနာရှိမယ်မထင်ဘူး”

လင်းတုန်က ခေါင်းညိတ်လိုက်ပြီး ဤနည်းလမ်းက အကောင်းဆုံး ခွဲဝေမှုဖြစ်ကြောင်း သူတွေးလိုက်မိသည်။

“ရွေးချယ်ခံရတဲ့ ဒီလူငါးယောက်က ဘာဆက်လုပ်ရမှာလဲ။ ခေါင်းဆောင်ပြောတဲ့ ပြည်ထောင်တစ်ရာတိုက်ပွဲ ဆိုတာ ၀င်ပြိုင်ရမှာလား”

ပြည်ထောင်တစ်ခုလုံးရှိ ထိပ်တန်းပါရမီရှင်များကို ဤမျှကြီးကျယ်စွာ စုစည်းပြိုင်ဆိုင်စေခြင်းက ရေကန်ထဲတွင် ‌ေရစိမ်ခွင့်တစ်ခုတည်းအတွက် မဖြစ်နိုင်ကြောင်း လင်းတုန် ရိပ်မိနေခဲ့သည်။

လင်းဖန်က ခေါင်းညိတ်ကာ လင်းတုန်၏အတွေးများကို ထောက်ခံလိုက်သည်။ “မှန်တယ်။ မြင့်မြတ်သော ဝိညာဉ်ရေကန်ထဲကနေ ထွက်လာပြီးတာနဲ့ အဲ့ဒီလူငါးယောက်က မဟာယန်ပြည်ထောင်ကို ကိုယ်စားပြုပြီး ပြည်ထောင်တစ်ရာတိုက်ပွဲ ဆီ သွားရောက်ယှဉ်ပြိုင်ရမှာ”

လင်းတုန်က ဝူယွမ်ကို လှမ်းကြည့်လိုက်သည်။ ဤကိစ္စအတွက် အစ်ကိုကြီးဖြစ်သူ ဝူယွမ်၏ ဆုံးဖြတ်ချက်ကို သူစောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ဝူယွမ်က သူ့ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ ခေါင်းဆောင်၊ ကျွန်တော် မျိုးစေ့ရွေးချယ်ပွဲမှာ လင်းမျိုးနွယ်စုကို ကိုယ်စားပြုပြီး ပါ၀င်ယှဉ်ပြိုင်ပါမယ်” လင်းတုန်က ဝူယွမ်ခေါင်းငြိမ့်ပြသည်နှင့် ချက်ချင်း သဘောတူလိုက်သည်။

ထိုစဉ် အပြင်ဘက်မှ လူတစ်ယောက်၀င်လာပြီး သတင်းပို့လိုက်သည်။ “ခေါင်းဆောင်... ကောင်းကင်ဓားကျောင်းတော်က လူတစ်ယောက် အစ်ကိုကြီး ဝူယွမ်ကို လာတွေ့ပါတယ်”

“အော်... မြန်မြန်ဖိတ်ခေါ်လိုက်” ဝူယွမ်နှင့် ကောင်းကင်ဓားကျောင်းတော်တို့၏ ဆက်ဆံရေးကို သိထားသော လင်းဖန်က အလျင်စလို ပြောလိုက်သည်။

“ညီလေး ဝူယွမ် မဟာယန်ပြည်နယ်ကို ရောက်နေမှန်း ကောင်းကင်ဓားကျောင်းတော်က သိသွားပြီး လာဖိတ်ခေါ်တာနေမှာ” လင်းဖန်က ရယ်မောကာ ပြောလိုက်သည်။

သူကိုယ်တိုင်ပင် ဝူယွမ်ကို မျက်နှာလိုမျက်နှာရ လုပ်နေရသည်ဖြစ်ရာ ဝူယွမ်နှင့် ဆက်ဆံရေးပိုကောင်းသော ကောင်းကင်ဓားကျောင်းတော်င ဤအခွင့်အရေးကောင်းကို လက်လွတ်ခံမည် မဟုတ်ပေ။

ဝူယွမ်က ပြုံးလိုက်သော်လည်း ဘာစကားှမဆိုပေ။ ကောင်းကင်ဓားကျောင်းတော်သို့ သွားရောက်လည်ပတ်ရန်မှာ သူ့မူလရည်မှန်းချက်များထဲမှ တစ်ခုဖြစ်ပြီး ယခုကဲ့သို့ တစ်ဖက်မှ ဦးစွာလာရောက်ဖိတ်ခေါ်ခြင်းက ဝူယွမ်အတွက် ပို၍ပင် အဆင်ပြေသည်။

ခဏအကြာတွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လက်ပိုင်းအရွယ် အကြီးအကဲကျန်း ၀င်ရောက်လာခဲ့သည်။

“မင်း မဟာယန်ပြည်နယ်ကို ရောက်နေပြီလို့ သတင်းကြားတာနဲ့ ကျောင်းအုပ်က ငါ့ကို ချက်ချင်းလွှတ်လိုက်တာ၊ ကျောင်းကို အလည်ပြန်လာခဲ့ပါဦးတဲ့” အကြီးအကဲကျန်းက သတိထား၍ လေးလေးစားစား ဖိတ်ခေါ်လိုက်သည်။

ယခု ဝူယွမ်ကို ရင်ဆိုင်ရသည့်အခါ မည်သည့် သဘောထားမျိုးဖြင့် ဆက်ဆံရမည်ကို သူ ဝေခွဲမရဖြစ်နေသည်။

“ဘာလို့ လူကိုယ်တိုင် အပင်ပန်းခံပြီး လာနေရတာလဲ။ ကျွန်တော် ကောင်းကင်ဓားကျောင်းတော်ကို လာမယ်လို့ ကတိပေးထားပြီးသားပဲကို” ဝူယွမ်က ပြုံးရယ်ကာ ပြောလိုက်သည်။

လူတစ်ယောက်၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်း မြင့်မားလာသောအခါ ပတ်ဝန်းကျင်မှလူများက ထိုသူအပေါ် ဆက်ဆံပုံများကို အသေးစိတ်ကအစ ဂရုစိုက်လာတတ်ကြစမြဲဖြစ်သည်။

“ကဲ... ဒီကကိစ္စတွေလည်း ပြီးသလောက်ရှိပါပြီ။ ခရီးထွက်ကြတာပေါ့။ ကောင်းကင်ဓားကျောင်းတော်နဲ့ ဧကရာဇ်မြို့တော်ကလည်း လမ်းကြုံနေတာပဲကို”

မျိုးစေ့ရွေးချယ်ပွဲ စတင်ရန် အချိန်သိပ်မလိုတော့သဖြင့် သူတို့နှစ်ဉှး ခရီးဆက်သင့်ပြီဖြစ်သည်။ ချက်ချင်းပင် လင်းဖန်နှင့် လင်းမျိုးနွယ်စုမှ အကြီးအကဲအချို့က ဝူယွမ်နှင့်အတူ လိုက်ပါထွက်ခွာလာခဲ့ကြသည်။

သုံးရက်ကြာပြီးနောက် သူတြို့ ကောင်းကင်ဓားမြို့တော်သို့ ရောက်ရှိလာကြသည်။

ကောင်းကင်ဓားကျောင်းတော်၏ ကျောင်းအုပ် ဖူရိတောင်း ကိုယ်တိုင် မြို့တံခါးမျှော်စင်၌ ဝူယွမ်ကို လာရောက်ကြိုဆိုလေသည်။

“ဟားဟား... ငါမင်းကို စောင့်နေတာကွ။ ငါတို့ ဂိုဏ်းခွဲလေးကနေ ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာမယ်လို့ ထင်ကို မထင်ထားဘူး” ဝူယွမ်ကို မြင်သည်နှင့် ဖူရိတောင်းက ရိုးသားပွင့်လင်းသော အပြုံးဖြင့် စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။

ဝူယွမ်က သူ့ကို အကဲခတ်ကြည့်လိုက်သည်။ ‌ဖူရိ‌ေတာင်းက အသက် လေးငါးဆယ် အရွယ်ခန့်ရှိပြီး ကြွက်သားအဖုအထစ်များဖြင့် ပြည့်နက်‌ေနကာ သန်မာသော လက်မောင်းနှစ်ဖက်ကို ဖော်ကျူးထားသည့် လက်ပြတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ကျောကုန်းတွင်လည်း ကြီးမားသော အနက်ရောင်ဓားကြီးတစ်လက်ကို လွယ်ထားလေသည်။

သူ၏ ခွန်အားမှာ နိဗ္ဗာန်အဆင့် ခြေလှမ်း၀က် တွင် ရှိနေပြီး နက်ရှိုင်း၍ ရိုင်းစိုင်းသော အရှိန်အဝါမျိုး ထွက်ပေါ်နေကာ ကောင်းကင်ဓားကျောင်းတော်၏ လွှမ်းမိုးကြီးစိုးတတ်သော စတိုင်နှင့် အလွန်လိုက်ဖက်လှသည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်” ဝူယွမ်က လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

“ဟားဟား... ရပါတယ်ကွာ။ မင်းက အပြင်စည်းသိုင်းခန်းမမှာ ကြီးပြင်းလာခဲ့တာဆိုတော့ တိတိကျကျပြောရရင် ငါတို့ ကောင်းကင်ဓားကျောင်းတော်က မင်းကို ဘာမှ ထောက်ပံ့ပေးခဲ့တာ မဟုတ်ပါဘူး။ အခု မင်းက ငါတို့ဆီ လာလည်ပေးတာတင် ငါတို့ကျောင်းတော်အတွက် ကံကောင်းခြင်းကြီးပါဘဲ”

ဖူရိတောင်းက ကိုယ့်နေရာနဲ့ကိုယ်သာ နေကာ ဆက်ဆံရေးထူထောင်ရန် အတင်းအဓမ္မ မကြိုးစားခဲ့ပေ။

“ခေါင်းဆောင်လင်း နဲ့ ညီလေး ဝူယွမ်၊ အထဲ၀င်ပြီး ရေနွေးကြမ်းသောက်ကြတာပေါ့”

ကောင်းကင်ဓားကျောင်းတော်ထဲသို့ ရောက်သောအခါ ဝူယွမ်က လုံချန်း နှင့် အခြားသူများကို ခေါ်ထုတ်၍ သူ၏ ဆရာဟောင်းများနှင့် မိတ်ဆွေများကို သွားရောက်နှုတ်ဆက် ခွင့်ပေးလိုက်သည်။

“ညီလေး ဝူယွမ်၊ ငါ စကားကို ဝေ့ဝိုက်မနေတော့ဘူး။ ဒီတစ်ခေါက် မျိုးစေ့ရွေးချယ်ပွဲမှာ မင်း ငါတို့ ကောင်းကင်ဓားကျောင်းတော်ကို ကိုယ်စားပြုပြီး ၀င်ပြိုင်ပေးစေချင်တယ်”

“နောက်ပိုင်းနှစ်တွေမှာ ကောင်းကင်ဓားကျောင်းတော်က နည်းနည်း ကျဆင်းလာတယ်။ ဒီမျိုးဆက်သစ်တပည့်တွေထဲမှာ ကူးပြောင်းခြင်းအဆင့် ရောက်တဲ့သူ တစ်ယောက်မှ မရှိဘူး။ မျိုးစေ့ရွေးချယ်ပွဲ ၀င်ပြိုင်ရင်လည်း အရှက်ကွဲရုံပဲ ရှိမှာ”

“မင်းသာ သဘောတူမယ်ဆိုရင် ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ငါတို့ ဖြည့်ဆည်းပေးနိုင်သလောက် ဖြည့်ဆည်းပေးမယ်”

“ငါ့ရဲ့ ဂိုဏ်းချုပ်နေရာကို လိုချင်ရင်တောင် ချက်ချင်းဖယ်ပေးနိုင်တယ်”

ဖြောင့်မတ်သော စိတ်နေသဘောထားရှိသည့် ဖူရိတောင်းက ဝူယွမ်ကို ညီအစ်ကိုလို သဘောထားပြီး ရင်းနှီးစွာပြောဆိုရုံသာမက သူ၏ ရည်ရွယ်ချက်ကိုပါ ဒဲ့တိုးဖွင့်ပြောလိုက်လေသည်။

အမှန်စင်စစ် ဝူယွမ်၏ စွမ်းဆောင်ရည်များကို သူကြားသိထားပြီးဖြစ်သည်။ ဝူယွမ်၏ စရိုက်နှင့် ပုံစံက သူ့နှင့် အတော်လေး တူညီမှုရှိသဖြင့် ကောင်းကင်ဓားကျောင်းတော်က လိုအပ်နေသော ပါရမီရှင်မျိုး ဖြစ်နေသည်။

ဖူရိတောင်းက အမှန်တကယ်တွင် အလွန်ပါးနပ်သူဖြစ်သည်။ ဝူယွမ်၏ လက်ရှိအင်အားနှင့် အခြေခံအုတ်မြစ်အရ ဝူယွမ်က ကောင်းကင်ဓားကျောင်းတော်ကို မှီခိုရမည်မဟုတ်ဘဲ ကျောင်းတော်ကသာ ဝူယွမ်ကို မှီခိုရမည်ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။

“အို... ခင်ဗျားက ဂိုဏ်းချုပ်ရာထူးကိုတောင် စွန့်လွှတ်ရဲတယ်ပေါ့” ဝူယွမ် စိတ်၀င်စားသွားသည်။ ဒီဂိုဏ်းချုပ်က သူ ကျောင်းတော်ကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား။

“ဒါပေါ့... ညီလေး ဝူယွမ် လိုချင်ရင် အခုချက်ချင်း ပေးနိုင်တယ်။ မင်းလက်ထဲမှာဆိုရင် ကောင်းကင်ဓားကျောင်းတော်က ပိုပြီး ကြီးပွားတိုးတက်လာမယ်လို့ ငါယုံကြည်တယ်”

ပြောပြောဆိုဆိုနှင့်ပင် ဖူရိတောင်းသည် ကျောပေါ်မှ ကြီးမားသော အနက်ရောင် ရတနာဓားကြီးကို ဖြုတ်၍ ဝူယွမ်လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါက ကောင်းကင်ဓားကျောင်းတော်ရဲ့ အမွေဆက်ခံဓား၊ ‘ဓားသခင်’ ပဲ”

ဝူယွမ်က အားနာမနေဘဲ ဓားကို ယူကြည့်လိုက်သည်။ ဓားသွားက အလွန်ရှည်လျားပြီး ဓားတစ်ချောင်းလုံး နက်မှောင်ကာ ထက်ရှနေသည်။ ဓားထဲတွင် အနက်ရောင် ကျားဝိညာဉ်တစ်ခု ဟိန်းဟောက်နေသကဲ့သို့ ခံစားရပြီး ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုဓားက မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်ဖြစ်ကာ လင်းမျိုးနွယ်စုပိုင်ဆိုင်သော ရတနာများထက် မနိမ့်သော အလွန်စွမ်းအားကြီးသည့် လက်နက်ဖြစ်သည်။

“တကယ်ကို ပစ္စည်းကောင်းပဲ။ ဒါဆိုရင်တော့ ကျွန်တော် ယူလိုက်တော့မယ်။ ဒီနေ့ကစပြီး ခင်ဗျား နုတ်ထွက်လိုက်တော့... ကျွန်တော်က ကောင်းကင်ဓားကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ဘဲ”

ဝူယွမ်က ဓားကို သဘောကျစွာ ကြည့်ရင်း လှောင်ရိပ်သန်းသော လေသံဖြင့် ပြောလိုက်သည်။

သူသည် ကောင်းကင်ဓားကျောင်းတော်မှ လူများ၏ တုံ့ပြန်မှုကို စမ်းသပ်လိုခြင်းဖြစ်သည်။ သူတို့က သူ့ကို တကယ်လေးစားသလား၊ သို့မဟုတ် အကဲစမ်းပြီး မြှောက်ပင့်နေတာလား ဆိုသည်ကို သိလိုသည်။

“ညီလေး ဝူယွမ်၊ သဘောတူလိုက်ပြီနော်။ နောက်နောင် ကောင်းကင်ဓားကျောင်းတော်က မင်းအပေါ်မှာပဲ မူတည်တော့တယ်” ဖူရိတောင်းက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါ တွက်တာမှားသွားပြီ။ ဒီအဖိုးကြီးက ဂိုဏ်းချုပ်လုပ်ချင်ပုံ မရဘူး။ သူ နောက်နေတာမဟုတ်ဘူး...” ဝူယွမ်က ဖူရိတောင်း ချက်ချင်းလက်ခံလိုက်သဖြင့် အကျပ်ရိုက်သွားသည်။

ခန်းမကြီးထဲတွင် အကြီးအကဲကျန်းနှင့် အခြားအဆင့်မြင့် အကြီးအကဲများက ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြသည်။ ဂိုဏ်းချုပ်ရာထူးဆိုသည်မှာ ဒီလူနှစ်ယောက်ကြားတွင် ကလေးကစားစရာ အရုပ်ကဲ့သို့ ဖြစ်နေခဲ့သည်။

သူတို့ဂိုဏ်းချုပ်က ပုံမှန်မဟုတ်သည့် လူကြမ်းကြီးဆိုလျှင် ယခုတွေ့ရသော ဝူယွမ်ကလည်း သိပ်မကွာပေ။

ဝူယွမ်က တကယ်ကြီး လက်ခံလိုက်လိမ့်မည်ဟု မထင်ထားကြသော်လည်း မည်သူမှ ၀င်မပြောရဲကြချေ။ သူတို့အားလုံး ဝူယွမ်ကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်၏ အမွေအနှစ်ကို ရရှိထားပြီး ၀မ့်လွန်ပြည်နယ် တစ်ခုလုံးကို ပေါင်းစည်းနိုင်ခဲ့သူဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှစွမ်းဆောင်နိုင်သူ၏ အနာဂတ်မှာ အတိုင်းအဆမဲ့ဘဲ ဖြစ်သည်။

“ခင်ဗျားက တကယ်ကြီး စွန့်လွှတ်ရဲတာပဲ” ဝူယွမ်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် ဓားသခင် ကို ဖူရိ‌ေတာင်းဆီ ပြန်ပစ်ပေးလိုက်သည်။

ကောင်းကင်ဓားကျောင်းတော်ကို သူ သဘောကျသွားပြီဖြစ်သည်။ အထူးသဖြင့် ဂိုဏ်းချုပ်ကို ဖြစ်သည်။

ဝူယွမ်က အလေးအနက် ပြောလိုက်သည်။ “ကျွန်တော် ဂိုဏ်းချုပ်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကောင်းကင်ဓားကျောင်းတော် တစ်ခုလုံးက ကျွန်တော် အသစ်တည်ထောင်ထားတဲ့ မဟာရှေးဟောင်းဂိုဏ်း အောက်ကို ပူးပေါင်း ၀င်ရောက်ရမယ်။ ပြီးတော့ မဟာရှေးဟောင်းကျောက်တိုင် ထဲကို ၀င်ရမယ်။ အဲ့ဒီအချိန်ကစပြီး ခင်ဗျားတို့ရဲ့ ကံကြမ္မာက ကျွန်တော်နဲ့ တစ်သားတည်းဖြစ်သွားပြီ။ ရွေးချယ်ကြပါ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဒါက နောက်ပြောင်နေခြင်း မဟုတ်တော့ပေ။ ဝူယွမ်က သူတို့ကို အလေးအနက် ရွေးချယ်ခိုင်းနေခြင်း ဖြစ်သည်။

ဒါက ဂိုဏ်းတစ်ခုလုံး၏ ကံကြမ္မာကို ဝူယွမ်အပေါ် လောင်းကြေးထပ်လိုက်ခြင်းနှင့် တူညီလေသည်။ အတူတကွ တိုးတက်မလား၊ ဒါမှမဟုတ် ပျက်စီးမလား။

ကောင်းကင်ဓားကျောင်းတော်တွင် အကြီးအကဲကြီး ရှစ်ဦးရှိသည်။

ဖူရိတောင်း၏ မျက်နှာထား တည်ကြည်သွားလေသည်။ သူက အကြီးအကဲရှစ်ဦးကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လက်မြှောက်ပြီး မဲခွဲကြတာပေါ့။ ထက်ဝက်ကျော်က သဘောတူရင် ညီလေး ဝူယွမ် စီစဉ်တဲ့အတိုင်း မဟာရှေးဟောင်းဂိုဏ်းထဲကို ၀င်ကြမယ်။ သဘောတူတဲ့သူတွေ လက်မြှောက်ကြပါ”

သူသည် အမြဲတမ်း ပြတ်သားသူဖြစ်သည်။ ပြောပြီးသည်နှင့် သူကိုယ်တိုင် ချက်ချင်း လက်မြှောက်လိုက်သည်။

ကျန်သော အကြီးအကဲများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီးနောက် တချို့က စတင်၍ လက်မြှောက်လာကြသည်။

သုံးယောက်၊ လေးယောက်၊ ငါးယောက်။ ထက်ဝက်ကျော်သွားပြီ။

ဖူရိတောင်းက ချက်ချင်း ဆိုလိုက်သည်။ “ကောင်းပြီ၊ အရေအတွက်က ပြည့်သွားပြီ။ ဒီအတိုင်းဘဲ ဆုံးဖြတ်လိုက်ကြတာပေါ့”

သူပြောလိုက်သည်နှင့် တဝက်တပျက် လက်မြှောက်ထားသော ကျန်သုံးယောက်မှာ လက်ပြန်ရုတ်သွားကြသည်။

“ဂိုဏ်းချုပ် ဝူယွမ် ကို ဂါရဝပြုပါတယ်” ဖူရိတောင်းက ချက်ချင်းပင် လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

သူ၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လွန်းရာ ဤအခိုက်အတန့်ကို စောင့်မျှော်နေသည့်နှယ်။

ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင် ရှေ့မှောက်တွင် မျိုးနွယ်စုကြီးသုံးခုကို ချေမှုန်းပြီး ၀မ့်လွန်ပြည်နယ် ကို ပေါင်းစည်းလိုက်သည်ဟု ကြားသိရကတည်းက ဖူရိတောင်းက ဝူယွမ်ကို ပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်နောက်ကို လိုက်တာက အန္တရာယ်များပေမယ့် ရလာမယ့် အကျိုးကျေးဇူးကလည်း ကြီးမားပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ ရွေးချယ်မှု မှန်ကန်ကြောင်းနဲ့ ဒီနေ့ဆုံးဖြတ်ချက်အတွက် နောင်တရစရာ မရှိစေရဘူးဆိုတာ ကျွန်တော် သက်သေပြမယ်”

ဝူယွမ်က အလေးအနက် ကတိပေးလိုက်သည်။ ကောင်းကင်ဓားကျောင်းတော်၏ ယုံကြည်မှုက သူ့ကို စိတ်ထိသွားစေသည်။ တစ်ဖက်လူက မဟာရှေးဟောင်းဂိုဏ်း၏ အမွေအနှစ်ကို မက်မော၍ ဖြစ်စေကာမူ၊ ဂိုဏ်းတစ်ခုလုံးကို သူ့လက်ထဲ ပုံအပ်ရဲသော သတ္တိကို သူ လေးစားရပေမည်။

မဟာရှေးဟောင်းကျောက်တိုင်င လင်းလက်လာပြီး ကြီးမားသော လေဟာနယ်တံခါးပေါက်တစ်ခု ခန်းမဆောင်ရှေ့တွင် ပေါ်လာသည်။ “ဂိုဏ်းတစ်ခုလုံးကို အသိပေးလိုက်ပါ။ လိုက်ချင်တဲ့သူတွေအနေနဲ့ ဒီတံခါးပေါက်ထဲကို ၀င်ဖို့ သုံးရက်အချိန်ရမယ်”

ပြောပြီးသည်နှင့် ဝူယွမ်က အဆင့်ကိုး နတ်ဆိုးဘုရင် ၏ အတားအဆီးချိတ်ပိတ်ခြင်း အစီအရင် ကို ဆက်လက် ပြည့်စုံအောင် လုပ်ဆောင်ရန် ရှေးဟောင်းကျောက်တိုင် အာကာသ ထဲသို့ တန်းတန်းမတ်မတ် ၀င်ရောက်သွားလေသည်။

နောက်ထပ် သုံးရက် ကုန်ဆုံးသွားခဲ့သည်။

ကောင်းကင်ဓားကျောင်းတော် တစ်ခုလုံးမှ လူပေါင်း သုံးထောင်နီးပါးက ရှေးဟောင်းကျောက်တိုင် အာကာသ ထဲသို့ ရွှေ့ပြောင်းလာကြသည်။ ထိုအရေအတွက်က ကောင်းကင်ဓားမြို့တော်မှ လူအကုန်နီးပါး ပါလာသည်ဟုပင် ဆိုနိုင်သည်။

ကောင်းကင်ဓားကျောင်းတော်သားများက ဓားသိုင်းပညာကို လေ့ကျင့်ကြသူများဖြစ်သဖြင့် ဝူယွမ်က သူတို့အတွက် သီးသန့် ကောင်းကင်ဓားခန်းမဆောင် တစ်ခုတည်ထောင် ပေးလိုက်သည်။

ယခုအခါ ကျောက်တိုင်ထဲတွင် လူဦးရေ တစ်သိန်းကျော်သွားပြီဖြစ်ပြီး လူများဖြင့် စည်ကားကာ အသက်၀င်လာခဲ့ပြီဖြစ်သည်။

ဝူယွမ်က ဖန်ဆင်းခြင်း ရှေးဟောင်းကျောက်တိုင် ရှိရာနေရာတွင် မဟာရှေးဟောင်းမြို့တော် တစ်ခု တည်ထောင်ရန် စဉ်းစားလိုက်မိပြီး ဤတာဝန်ကို ခန်းမဆောင်မှူးအသီးသီးထံ လွှဲပြောင်းပေးအပ်ခဲ့ကာ သူနှင့် လင်းတုန်မှာမူ ဧကရာဇ်မြို့တော်သို့ ထွက်ခွာလာခဲ့ကြသည်။

ဧကရာဇ်မြို့တော်က မဟာယန်ပြည်ထောင်၏ ဂုဏ်အရှိဆုံး မြို့တော်ဖြစ်သည်။ အပေါ်ယံတွင် တော်၀င်မိသားစုက မဟာယန်ပြည်ထောင်၏ အုပ်စိုးသူအဖြစ် လူသိများကြပြီး ဧကရာဇ်မြို့တော်က မဟာယန်ပြည်ထောင်အတွင်း အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး တည်ရှိမှုကြီး ဖြစ်လေသည်။

မြို့တော်က မဟာယန်ပြည်နယ်၏ အရှေ့ဘက်တွင် တည်ရှိပြီး ကောင်းကင်ဓား မြို့တော်မှဆိုလျှင် တစ်ရက်ခရီးသာ သွားရသည်။

ဖူရိတောင်း၊ ဝူယွမ်၊ လင်းဖန် နှင့် လင်းတုန်။ ထိုလေးဦးတို့က ဧကရာဇ်မြို့တော်သို့ ရောက်ရှိလာပြီး နန်းတော်သို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။

မျိုးစေ့ရွေးချယ်ပွဲကို နန်းတော်အတွင်း ကျင်းပမည်ဖြစ်ပြီး သူတို့ရောက်သွားချိန်တွင် အင်အားစုအတော်များများ ရောက်ရှိနေကြပြီ ဖြစ်သည်။

“ဟိုနေရာက မျိုးစေ့ရွေးချယ်ပွဲ ကျင်းပမယ့်နေရာပဲ” လင်းဖန်က ရှေ့ရှိ နန်းဆောင်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

ဝူယွမ်နှင့် လင်းတုန်လည်း လင်းဖန်ညွှန်ပြရာနေရာကို လှမ်းကြည့်လိုက်ကြသည်။ အလွန်ကျယ်ဝန်း ခမ်းနားသော နန်းဆောင်ကြီးဖြစ်သော်လည်း နန်းဆောင်ပတ်လည်တွင် အတွင်းဘက်သို့ ဦးတည်နေသော လမ်းကြောင်းပေါင်း ဒါဇင်များစွာ ရှိနေကာ ကြည့်ရတာ အတော်လေး ထူးဆန်းနေသည်။

“မျိုးစေ့ရွေးချယ်ပွဲရဲ့ စည်းမျဉ်းတွေက ရိုးရှင်းတယ်။ ပြိုင်ပွဲ၀င်တွေအားလုံး မဲအရင်နှိုက်ရမယ်။ ပြိုင်ဘက်ကို မဲနှိုက်ရတာ မဟုတ်ဘဲ နန်းဆောင်ထဲ၀င်ဖို့ လမ်းကြောင်းနံပါတ်ကို မဲနှိုက်ရမှာ”

“ဒီလမ်းကြောင်းတွေက နန်းဆောင်ထဲမှာ ရှုပ်ထွေးပွေလီ၊ ယှက်နွယ်နေပေမယ့် နောက်ဆုံးမှာတော့ လမ်းကြောင်းငါးခုကပဲ နောက်ဆုံးခန်းမဆောင်ကြီးဆီ ရောက်သွားမှာ။ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ကျော်ဖြတ်ပြီး အဲ့ဒီလမ်းကြောင်းငါးခုကနေ ထွက်လာနိုင်တဲ့ လူငါးယောက်ကဘဲ ပြည်ထောင်တစ်ရာတိုက်ပွဲ ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိလိမ့်မယ်”

လင်းဖန်က ပြိုင်ပွဲစည်းမျဉ်းကို ရှင်းပြလိုက်သည်။ ဤနေရာငါးနေရာအတွက် ထိပ်သီးအင်အားစုများက သူတို့၏ အတော်ဆုံးတပည့်များကို စေလွှတ်၍ ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။

သို့သော် ဝူယွမ်အတွက်မူ ဤနေရာကိစ္စက ဟာသတစ်ခုလို ဖြစ်နေသည်။

မဟာရှေးဟောင်းကျောက်တိုင် ရှိနေသရွေ့ ဝူယွမ်က လူတစ်ယောက်တည်းမက စစ်တပ်တစ်တပ်လုံးကိုပါ သယ်ဆောင်သွားနိုင်စွမ်း ရှိသည်။

“ညီလေး ဝူယွမ်၊ ငါသတိပေးရဦးမယ်။ အဲ့ဒီ အထူးဂိုဏ်းကြီးတွေက ပြည်ထောင်တစ်ရာတိုက်ပွဲ ကို ကျင်းပတာ တပည့်ကောင်းတွေ ရွေးချယ်ဖို့ဆိုတော့ ပါ၀င်ယှဉ်ပြိုင်တဲ့သူတွေအတွက် သတ်မှတ်ချက်တချို့ ရှိတယ်”

“အခြေခံအကျဆုံး အချက်ကတော့ မျိုးဆက်သစ် လူငယ်ပါရမီရှင်တွေ ဖြစ်ရမယ်”

“မင်းဆီမှာ မဟာရှေးဟောင်းကျောက်တိုင် ရှိလို့ လူအများကြီး ခေါ်သွားနိုင်ပေမယ့် ဟိုရောက်ရင် အကုန်ထုတ်မပြနဲ့ဦး”

“အနည်းဆုံးတော့ ဖူရိတောင်း လို လူကြီးပိုင်းတွေကို ထုတ်မပြနဲ့။ ဒါမှ ဟိုအထူးဂိုဏ်းကြီးတွေ သတိမထားမိဘဲ မလိုအပ်တဲ့ ပြဿနာတွေကနေ ကင်းဝေးမှာ”

လင်းဖန်က ဝူယွမ်၏ အကြံကို ရိပ်မိပီုး သတိပေးလိုက်လေသည်။

မဟာယန်ပြည်ထောင်ကဲ့သို့ နေရာကျဉ်းကျဉ်းလေးတွင် မဟာရှေးဟောင်းကျောက်တိုင်ကို ပိုင်ဆိုင်ထားသော ဝူယွမ်က ကြောက်စရာကောင်းသူ ဖြစ်နိုင်သော်လည်း အထူးဂိုဏ်းကြီးများ၏ မျက်လုံးထဲတွင်မူ ဝူယွမ်၏ အခြေခံအုတ်မြစ်က ဘာမှမဟုတ်သေးပေ။

“သဘောပေါက်ပါပြီ။ ကျွန်တော် သတိထားပါ့မယ်” ဝူယွမ်က လင်းဖန်၏အကြံပေးချက်ကို အလေးအနက်ထားပြီး ခေါင်းညိတ်ပြလိုက်သည်။

“မဟာယန်ပြည်ထောင်ရဲ့ အားအကြီးဆုံး အင်အားစုတွေက တော်၀င်မိသားစုနဲ့ မျိုးနွယ်စုကြီးလေးခု အပြင် ထျန်းလော့ဂိုဏ်း၊ လူရိုင်းဘုရင်ဂိုဏ်း နဲ့ မဟာသောကတောင်ကြား ဆိုတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းဘဲ”

“မျိုးစေ့ရွေးချယ်ပွဲ အနိုင်ရသူတွေက အမြဲတမ်းလိုလို ဒီအင်အားစုတွေကဘဲ ဖြစ်လေ့ရှိတယ်”

လင်းဖန် ပြောနေစဉ်မှာပင် အင်အားစုအ‌ေတာ်များများက သူတို့ကို သတိထားမိသွားကြသည်။

ဝူယွမ်နှင့် လင်းတုန်က ယခုအခါ မဟာယန်ပြည်ထောင်၏ ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်နေကြပြီဖြစ်သည်။ မည်သူမျှ သူတို့ကို လျှော့မတွက်ရဲကြပေ။

ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးက အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို ခေါ်ဆောင်၍ ဝူယွမ်တို့ဆီ လျှောက်လာသည်။

ဝူယွမ်ကို မြင်သည်နှင့် ထိုလူငယ်က လက်သီးဆုပ်၍ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ “ကျွန်တော်က တုယွမ် ပါ။ ညီအစ်ကိုနှစ်ယောက်ကို တွေ့ရတာ ဝမ်းသာပါတယ်”

ဆံပင်ဖြူအဘိုးအိုကလည်း ဝူယွမ်ကို ခေါင်းညိတ်ပြလိုက်သည်။

“ဒါက ထျန်းလော့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လျှူလော် ပါ။ သူ့ဘေးက တပည့်ကတော့ ဒီမျိုးဆက်ရဲ့ ကောင်းကင်လော်ဂိုဏ်းမှာ အထူးချွန်ဆုံး ‘အဖြူရောင်ဝတ် ထျန်းလော့ဓား’ တုယွမ် ပဲ”

“ဒီလူငယ်ရဲ့ ခွန်အားက တော်တော်လေး ကောင်းမွန်တယ်။ နေရာတစ်နေရာရဖို့ အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ” ဖူရိတောင်းက ဝူယွမ်ထံ အသံဖြင့် သတင်းစကားပါးလိုက်သည်။

“ဂိုဏ်းချုပ်လျှူကို ဂါရဝပြုပါတယ်”

ဝူယွမ်ကလည်း ယဉ်ကျေးစွာ တုံ့ပြန်လိုက်ပြီး အဖြူရောင်ဝတ် လူငယ်ကို အာရုံစိုက်လိုက်သည်။ သူက ရုပ်ရည်ချောမောပြီး ထူးခြားသော ကိုယ်နေဟန်ထားရှိကာ သာမန်မျက်စိဖြင့် မမြင်နိုင်သော ထက်ရှသည့် ဓားအရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

ထိုဓားအရှိန်အဝါကို သူက တမင်ထုတ်လွှတ်နေခြင်း မဟုတ်ဘဲ သူ၏ ဓားသိုင်းပညာက အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေသောကြောင့် အလိုအလျောက် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အလွန်စွမ်းအားကြီးမားပြီး လင်းလန်တျန်းထက် နည်းနည်းမှ မလျော့နည်းပေ။

“ညီအစ်ကို တု က သိပ်ယဉ်ကျေးလွန်းနေပါပြီ”

“အစ်ကိုကြီး ဝူယွမ်က လူသားတွေကြားက နဂါးတစ်ကောင်၊ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လို့ သတင်းသဲ့သဲ့ ကြားထားတာ။ ဒီနေ့ လူကိုယ်တိုင် တွေ့ရတော့မှ ကောလဟာလတွေက တကယ်မှန်တာပဲ” တုယွမ်က ဝူယွမ်ကို မြှောက်ပင့်လိုသော လေသံဖြင့် ထပ်ပြောလိုက်သည်။

“ခန့်မှန်းရခက်လိုက်တာ... အဆင့်ချင်း လုံး၀မတူဘူး။” တုယွမ် တံတွေးမျိုချလိုက်မိသည်။ ဝူယွမ်သည် ရေကန်ပမာ တည်ငြိမ်နေသည်ဟု ခံစားရသော်လည်း ထိုတည်ငြိမ်မှုကပင် သူ့အား မယုံနိုင်လောက်အောင် ကြီးမားသော ဖိအားကို ပေးစွမ်းနေသည်။

နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနေသော သူ့ဆရာပင်လျှင် ဤမျှ ကြောက်မက်ဖွယ် မကောင်းပေ။

ထို့နောက် အခြား လူငယ်ပါရမီရှင်များစွာကလည်း ဝူယွမ်ကို လာရောက်နှုတ်ဆက်ကြသည်။

သူတို့အားလုံးက တုယွမ် ကဲ့သို့ပင် မိတ်ဖွဲ့လိုကြပြီး ဝူယွမ်အမြင်တွင် အထင်ကြီးစရာကောင်းသော ပုံရိပ်တစ်ခု ချန်ထားခဲ့လိုကြသည်။

ဝူယွမ်၏ ယခင်စွမ်းဆောင်ရည်များကို ကြည့်ခြင်းအားဖြင့် သူက မျိုးစေ့ရွေးချယ်ပွဲတွင် နေရာတစ်နေရာ သေချာပေါက် ရရှိမည်မှာ သံသယ၀င်စရာ မလိုပေ။

ယခုအချိန်တွင် ဝူယွမ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားပါက သူတို့လည်း ပြည်ထောင်တစ်ရာတိုက်ပွဲ အတွက် ရွေးချယ်ခံရလျှင် ဝူယွမ်၏ နောက်လိုက်အဖြစ် ဝူယွမ့် အကာအကွယ်ကို ရရှိနိုင်ပေမည်။

၀မ်မိသားစုနှင့် ချင်မိသားစုတို့သာ ဘေးတစ်ဖက်တွင် စုရုံးနေကာ ဝူယွမ်ကို မည်သို့ရင်ဆိုင်ရမည်မသိတော့ဘဲ တုန်လှုပ်နေကြသည်။

ဟွမ်ဖူမိသားစု ဘက်တွင်မူ လူတစ်ယောက်က လူတစ်ယောက်ကအမှောင်ရိပ်ထဲတွင် ပုန်းအောင်းရင်း ဒေါသတကြီးဖြင့် ဝူယွမ်ကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။

“ချင်းကျူပြောတဲ့ ဝူယွမ် ဆိုတာ သူလား။ တောက်... ကြည့်ရတာ သူက တော်တော်စွမ်းမယ့်ပုံဘဲ”

All Chapters