← Chapters

လင်းမျိုးနွယ်စု ဘဏ္ဍာတိုက်၊ ကြီးမားသော အောင်မြင်မှု

Vol. 14 Ch. 137

လင်းမျိုးနွယ်စု ဘဏ္ဍာတိုက်၊ ကြီးမားသော အောင်မြင်မှု

Vol. 14 Ch. 137

ဝူယွမ်နှင့် လင်းတုန်တို့က ပိုင်ယွမ်နှင့် ရှောင်ယန်တို့ကို စီးနင်းလျက် ခန့်ညားထည်ဝါသော လင်းမြို့တော်ဆီသို့ ဝင်ရောက်လာခဲ့ကြသည်။ ခြေလှမ်းတိုင်းက လင်းမျိုးနွယ်စု၏ အိမ်တော်သို့ တည့်တည့် ဦးတည်နေပြီး အလျင်စလိုဟန် မရှိ၊ တည်ငြိမ်သောအရှိန်ဖြင့်သာ သွားနေခဲ့ကြသည်။

မြို့သူမြို့သားတို့က နတ်ဆိုးကျားကြီးကို စီးနင်းလာသော ကြောက်မက်ဖွယ်ကောင်းသည့် လူငယ်နှစ်ဦးအား အံ့ဩတုန်လှုပ်ဖွယ် မျက်လုံးများဖြင့် စူးစမ်းကြည့်နေကြသည်။ ထိုသူတို့နှစ်ဦးထံမှ ထွက်ပေါ်လာသော ယွမ်စွမ်းအင်၏ အရှိန်အဝါသည် ထင်ရှားလွန်းသဖြင့် လမ်းသွားလမ်းလာများ အလိုလို လျင်မြန်စွာ လမ်းဖယ်ပေးနေကြရသည်။ မကြာမီပင် အချို့သော သူများက သူတို့အား မှတ်မိသွားကြပြီး အနီးနားရှိလူများနှင့် စတင်တီးတိုး ဆွေးနွေးကြတော့သည်။

ထိုလူငယ်နှစ်ဦး၏ အကြောင်းကက လင်းမြို့တော်တစ်ခွင်လုံး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူအများစုက သူတို့အား ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြသော်လည်း သူတို့၏ ကြီးမားသော ဂုဏ်သတင်းကို ကြားဖူးနေကြပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် မဟာယန်ပြည်နယ်၌ ဝူယွမ်နှင့် လင်းတုန်ကို မသိသူ မရှိသလောက်ပင်။ ဤကျော်ကြားမှုက အထွတ်အထိပ်က အခြားသူတို့ကို တက်နင်းလာပြီး ရရှိလာသော ကျော်ကြားမှုမျိုး ဖြစ်သည်။

ချင်ရှီ၊ ဝမ်ယန်၊ လင်းလန်တျန်း။ ဤသုံးဦးအား မဟာယန်ပြည်နယ်၏ အထင်ကရ ပုဂ္ဂိုလ်များ၊ လူငယ် မျိုးဆက်၏ ဂုဏ်ပြုခံရသော သားတော်များ၊ ဧကရာဇ်မြို့တော်ရှိ လူငယ်သခင်သုံးဦး ဆိုသည့် သတ်မှတ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း ဤမျှလောက် ထူးချွန်သော ပုဂ္ဂိုလ်များက ဝူယွမ်နှင့် လင်းတုန်တို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ လူငယ်သခင်သုံးဦး သေဆုံးခြင်းက မဟာယန်ပြည်နယ် တစ်ခွင်လုံးကို အကြီးအကျယ် တုန်လှုပ်ချောက်ချားစေ ခဲ့သည်။ သူတို့အား သတ်ဖြတ်သူများဖြစ်သော ဝူယွမ်နှင့် လင်းတုန်တို့၏ ဂုဏ်သတင်းသည်လည်း သဘာဝအလျောက် မြင့်တက်လာခဲ့သည်။ လူငယ်သခင်သုံးဦးကို သိသူတိုင်က ယခုအခါ ဝူယွမ်နှင့် လင်းတုန်ကိုပါ သိရှိနေကြပြီ ဖြစ်သည်။

လင်းမျိုးနွယ်စု စံအိမ်တော်။

မျိုးနွယ်စုအစည်းအဝေးကို သုံးရက်ကြာပြီးနောက် ကျင်းပရမည်ဖြစ်သောကြောင့် မျိုးနွယ်စု၏ အဆင့်မြင့် အဖွဲ့ဝင်များအားလုံး အရေးကိစ္စအမျိုးမျိုး ဆွေးနွေးရန်အတွက် ပင်မခန်းမ၌ စုဝေးလျက်ရှိသည်။ ကံအားလျော်စွာပင် မျိုးနွယ်စုခေါင်းဆောင်သည်လည်း ယနေ့တွင် တက်ရောက်နေ ခဲ့သည်။

ရုတ်တရက် လူငယ်တပည့်တစ်ဦးက အပြေးအလွှား ဝင်ရောက်လာကာ- “မျိုးနွယ်စုခေါင်းဆောင်၊ အကြီးအကဲတို့၊ ဝူယွမ်နဲ့ လင်းတုန်တို့ မြို့ထဲကို ရောက်လာပြီး မျိုးနွယ်စု အိမ်တော်ဘက်ကို ဦးတည်လာနေပါတယ်” ထိုလူငယ်က အထိတ်တလန့် လျှောက်တင်လိုက်လေသည်။

ဤနှစ်ဦး၏ နာမည်များကို ကြားသည်နှင့် ခန်းမထဲရှိ လူတိုင်း မျက်နှာများ ချက်ချင်းတင်းမာသွားကြသည်။ ဝူယွမ်နှင့် လင်းတုန်တို့က ယခုအခါ မျိုးနွယ်စုကြီးလေးစုထဲမှ လင်း၊ ဝမ်နှင့် ချင်တို့အတွက် ဖြေရှင်းရမည့် အကြီးမားဆုံး အရှက်ရစရာတစ်ခု ဖြစ်လာခဲ့သည်။

“သူတို့က လင်းမြို့ကို လာဖို့ သတ္တိရှိသေးတယ်ပေါ့။ မျိုးနွယ်စုခေါင်းဆောင်၊ အခုက သူတို့ကို သတ်ပြီး လင်းလန်တျန်းအတွက် လက်စားချေဖို့ အကောင်းဆုံးအချိန်ပါပဲ” ဟူ၍ အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ဦးက ဒေါသတကြီးဖြင့် မုန်းတီးစွာ ချက်ချင်းပြောဆိုလိုက်သည်။ သူက လင်းလန်တျန်း၏ နောက်လိုက်အဖွဲ့မှဖြစ်ပြီး လင်းလန်တျန်း၏ သေဆုံးမှုက သူတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

“ဟဲဟဲ၊ သူတို့နှစ်ယောက်ကို သတ်ဖို့က ပြောရတာက လွယ်တယ်။ မင်းမှာ အရည်အချင်းရှိရင် သွားသတ်လိုက်လေ” အခြားတစ်စုံတစ်ဦးကလည်း လှောင်ပြောင်လိုက်သည်။

ပင်မခန်းမက ချက်ချင်းပင် အငြင်းပွားမှုများဖြင့် ပေါက်ကွဲသွားတော့သည်။

“ငါတို့ လင်းမျိုးနွယ်စုလို ဂုဏ်သိက္ခာရှိတဲ့သူတွေကို ဒီလိုပဲ စော်ကားခွင့်ပေးရမှာလား”

“လင်းလန်တျန်းက အလကား သေသွားတာလား”

“စော်ကားတာလား၊ အဲဒါမျိုး ငါမထင်ဘူး။”

“အလကား သေသွားတာတဲ့လား၊ သူနဲ့ ထိုက်တန်တာကို သူရတယ်လို့ဘဲ ထင်တယ်။”

“ဝူယွမ်နဲ့ လင်းတုန်တို့က အရင်ကလို မဟုတ်တော့ဘူး။ သူတို့က မဟာရှေးဟောင်းကျောက်တိုင်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်၊ ယင်ရုပ်သေးဂိုဏ်းကို ဖျက်ဆီးခဲ့တယ်၊ ပြီးတော့ ၀မ့်လွန်ပြည်နယ်ကိုပါ စည်းလုံးခဲ့တယ်။ ဒီကိစ္စက မဟာယန်မင်းဆက်တစ်လျှောက်လုံး ပျံ့နှံ့နေပြီ”

“မဟာရှေးဟောင်းကျောက်တိုင်ထဲက ဂိုဏ်းဘဏ္ဍာတိုက်က ဘယ်လောက်ချမ်းသာလဲဆိုတာ လူတိုင်းသိကြမှာပါ။ နိဗ္ဗာန်ဆေးလုံးတွေက တောင်လို ပုံနေတယ်တဲ့။ ဒီကာလပတ်လုံး သိုင်းပညာ ကျင့်ကြံပြီးနောက် ဝူယွမ်နဲ့ လင်းတုန်တို့ရဲ့ ခွန်အားက နိဗ္ဗာန်အဆင့်ကို မရောက်သေးရင်တောင် ဖန်တီးခြင်းအဆင့်အတွင်းမှာ သူတို့ကို ရင်ဆိုင်နိုင်မယ့်သူ ဘယ်သူရှိလဲဆိုတာ ငါ မတွေးတတ်တော့ဘူး။”

“ပြီးတော့ အဲဒီ မဟာရှေးဟောင်းကျောက်တိုင်ထဲမှာ နိဗ္ဗာန်အဆင့် အရိုးစု အစောင့်အကြပ် တစ်ယောက်လည်း ရှိနေသေးတယ်လေ”

“သူတို့ကို သတ်မယ်တဲ့လား၊ ဘာနဲ့လဲ ငါတို့ လင်းမျိုးနွယ်စုတစ်ခုလုံးကို စတေးရင်တောင် အောင်မြင်ချင်မှ အောင်မြင်လိမ့်မယ်”

“ဒါ့အပြင် လင်းတုန်က ငါတို့ လင်းမျိုးနွယ်စုရဲ့ အဖွဲ့ဝင်ပဲ။ အတိအကြ ပြောရရင် သူ ဘာအမှားမှ မလုပ်ခဲ့ဘူး”

“လင်းလန်တျန်း ဘာကြောင့် အသတ်ခံရတယ်ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိကြမှာပါ”

“ဒီနှစ်တွေအတွင်းမှာ လင်းလန်တျန်းက သူ့ရဲ့ အရည်အချင်းကို အားကိုးပြီး မျိုးနွယ်စုခွဲက လူတွေကို ဆက်တိုက် ဖိနှိပ်ခဲ့တယ်။ မျိုးနွယ်စုဝင်ချင်းတွေကို ဂရုမစိုက်ဘဲ ရက်စက်စွာ ဖိနှိပ်ခဲ့တယ်။ ဒီလိုပါရမီရှင်မျိုးက သေသင့်တယ်။ သူမရှိတာ ပိုကောင်းတယ်”

လင်းလန်တျန်း သေဆုံးပြီးသည်နှင့် သူ့ကို ဆန့်ကျင်သူများက ချက်ချင်းပင် မတ်တတ်ရပ်ကာ လင်းလန်တျန်း၏ အတိတ်က လုပ်ရပ်များနှင့် မျိုးနွယ်စု ခွဲများအပေါ် သူပြုခဲ့သော ပြစ်ဒဏ်များ ပြန်ပြောပြသူ အများအပြား ပေါ်လာခဲ့သည်။ မျိုးနွယ်စု၏ အနာဂတ်ကို အမှန်တကယ် စဉ်းစားသူများ အားလုံးကတော့ ဘာမှ၀င်မပြောဘဲ အကြီးအကျယ် တွေးတောနေကြသည်။ လူအများစုက လင်းလန်တျန်းနေရာတွင် လင်းတုန်ကို လင်းမျိုးနွယ်စု၏ အနာဂတ်အဖြစ် အစားထိုး ထောက်ခံရန် အကြံပြုကြသည်။

“တော်ပြီ၊ အားလုံး တိတ်ကြ” မျိုးနွယ်စုခေါင်းဆောင် လင်းဖန်က ငြင်းခုန်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။ “ခဲ့အာ၊ မင်း လူတွေကို ခေါ်ပြီး ဝင်ပေါက်မှာ သွားကြိုလိုက်ပါ၊ ဒီတစ်ခေါက် သူတို့ ဘာပြောချင်လဲဆိုတာ ကြည့်ရအောင်”

သူက လင်းခဲ့အာကို နှုတ်ဆက်ရန် စေလွှတ်ခြင်းသည် သူ၏ သဘောထားကို ဖော်ပြနေပြီးသားဖြစ်သည်။ သူက ထိုနှစ်ဦးအား စော်ကားလိုခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် လင်းခဲ့အာက ဝူယွမ်၊ လင်းတုန်တို့နှင့် အဆက်အသွယ် အများဆုံးရှိပြီး သူတို့ကို နားလည်သူဖြစ်သည်။

“လုံးဝ မလိုအပ်ရင် ဝူယွမ်ကို မစော်ကားပါနဲ့။ အားလုံးက ပိုကြီးတဲ့ အရေးကိစ္စအတွက် စဉ်းစားသင့်တယ်။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေကြောင့် မျိုးနွယ်စုရဲ့ အကျိုးစီးပွားကို လျစ်လျူမရှုမိစေနဲ့” လင်းဖန်က ခိုင်မာပြတ်သားစွာ အမိန့်ပေးလိုက်သည်။

သူက ချက်ချင်းဘဲ လင်းလန်တျန်းအတွက် လက်စားချေလိုသူများ၏ အတွေးများကို ဖယ်ရှားပစ်လိုက်သည်။ မဟာရှေးဟောင်းကျောက်တိုင်၏ ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းကို သူရှင်းရှင်းလင်းလင်း သိသည်။ ၎င်း၏ အမွေအနှစ်ကို ရရှိထားသည့် ဝူယွမ်နှင့် လင်းတုန်တို့က မြို့ထဲသို့ ပွင့်ပွင့်လင်းလင်း ဝင်ရောက်လာခြင်းသည် သူတို့တွင် လင်းမျိုးနွယ်စုကို မကြောက်ဘဲ ယုံကြည်မှု အပြည့်အ၀ ရှိနေကြောင်း ရှင်းလင်းစွာ ပြသနေသည်။ ဤအချိန်တွင် ထိုနှစ်ဦးကို ရင်ဆိုင်ခြင်းက လင်းမျိုးနွယ်စု၏ အကျိုးစီးပွားကိုသာ ထိခိုက်စေလိမ့်မည်။ နောက်ဆုံးတွင် ဝူယွမ်နှင့် လင်းတုန်တို့၌ ဘာအပြစ်မှ မရှိခဲ့ပေ။

ဝင်ပေါက်၌

ဝူယွမ်နှင့် လင်းတုန်တို့က နောက်ဆုံးတွင် လင်းမျိုးနွယ်စု အိမ်တော်ရှေ့သို့ ရောက်လာကြသည်။ လင်းခဲ့အာသည် ဒူးအထိရောက်သော အပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ အနက်ရောင် ခါးပတ်၀တ်ထား တာကြောင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ထင်းထင်းလင်းလင်း ပေါ်လွင်နေခဲ့သည်။ သူမ၏ တောက်ပပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းပြာများက ထိုနှစ်ဦးကို မြင်သောအခါ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။

“လူငယ်သခင်လေး ဝူယွမ်၊ လင်းတုန်၊ လင်းမျိုးနွယ်စုက ကြိုဆိုပါတယ်၊ ကျေးဇူးပြုပြီး ဝင်ကြပါ” လင်းခဲ့အာက သူမ၏ လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းကာ ထိုနှစ်ဦးအား စိတ်ရင်းဖြင့် အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

“မိန်းမပျို ခဲ့အာက ကျွန်တော်တို့ကို ကြိုစောင့်နေတာကိုး” ဝူယွမ်က အပြုံးလေးနဲ့ဘဲ အေးဆေး ပြောလိုက်သည်။ လင်းခဲ့အာက သူတို့ကို နှုတ်ဆက်ရန် ထွက်လာခြင်းကို ကြည့်လျှင်၊ လင်းမျိုးနွယ်စု၏ သဘောထားက အလွန်ကောင်းမွန်ပုံရပြီး လင်းလန်တျန်းကိစ္စကို ဆက်ဘက်မလိုက်တော့ရန် စီစဉ်ထားကြောင်း ဖော်ပြနေသည်။

လင်းခဲ့အာက “လူငယ်သခင်လေး ဝူယွမ်က အခုဆိုရင် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီလေ၊ ဒါကြောင့် ကျွန်မတို့ လင်းမျိုးနွယ်စုကလည်း သဘာဝအတိုင်း ပေါ့ဆရဲမှာ မဟုတ်ပါဘူး။ ဒါ့အပြင်၊ မဟာရှေးဟောင်းကျောက်တိုင်တုန်းက ကျွန်မ လူငယ်သခင်လေးကို ကျေးဇူးကြွေး တင်နေသေးတယ်။ အဲ့တုန်းက သခင်လေးကြောင့် ဖန်တီးခြင်းသိုင်းကျောက်တိုင်ကနေ နဝမအဆင့် သိုင်းပညာရပ်ကို ကျွန်မ ရခဲ့တာပါ။ လူငယ်သခင်လေး ကျွန်မတို့ လင်းမျိုးနွယ်စုကို လာတဲ့အတွက် ကျွန်မက ကောင်းကောင်း ဧည့်ခံမှရမှာပေါ့!” လင်းခဲ့အာက စကားလမ်းကြောင်းကို အကျိုးသင့်အကြောင်းသင့် လွှဲပြောင်းပြောဆိုလိုက်သည်။

အော်၊ တစ်ဖက်လူက လင်းလန်တျန်းကိစ္စကို တမင်တကာ ရှောင်ရှားနေသည်မှာ အမှန်ပင်။ ဝူယွမ်ကလည်း နေရင်းထိုင်ရင်း အတင်းအကြပ် ပြဿနာလိုက်ရှာနေမည် မဟုတ်ပေ။

သူက လင်းခဲ့အာနှင့်အတူ လင်းမျိုးနွယ်စု၏ ဂိတ်ဝကို ဝင်ရောက်ကာ ပင်မခန်းမဆီသို့ လိုက်ပါသွားသည်။

လင်းမျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးက ထိုနေရာတွင် ရှိနေကြသည်။ ဝူယွမ်နှင့် လင်းတုန်တို့ ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ မျိုးနွယ်စုခေါင်းဆောင် လင်းဖန်က သူ၏ အတွေ့အကြုံရင့်ကျက် နေဟန်ရသော မျက်လုံးများဖြင့် ဝူယွမ်အား ဂရုတစိုက် စစ်ဆေးကြည့်ရှုနေသည်။

“မျိုးနွယ်စုခေါင်းဆောင်၊ သူတို့ကို ခေါ်လာပါပြီ” လင်းခဲ့အာက ဘေးရှောင်ပေးလိုက်သည်။

လင်းဖန်က ဝူယွမ်တို့အတွက် ထိုင်ခုံနှစ်လုံးကို ကြိုတင်ပြင်ဆင်ထားသည်။

“ညီအစ်ကို ဝူယွမ်က၊ တစ်ကယ်ကို လူငယ် သူရဲကောင်းတစ်ယောက်ပါပဲ။ ကျွန်တော်တို့ လင်းမျိုးနွယ်စုရဲ့ ဧည့်သည်အဖြစ် လက်ခံရတာကိုက ကျွန်တော်တို့ ဂုဏ်တက်သလိုပါဘဲ။ ရှေ့ဆုံးခုံမှာ ထိုင်ပါ” ခရမ်းရောင်ဝတ်စုံ၀တ် အကြီးအဲကတစ်ဦးက ရှေ့ရှိ ဧည့်သည်တော်နေရာများကို လက်ညှိုးထိုးပြရင်း ကြော့ရှင်းစွာ ဖိတ်ခေါ်လိုက်သည်။

“ကျွန်တော်က လင်းမျိုးနွယ်စုရဲ့ မျိုးနွယ်စု အစည်းအဝေးအကြောင်း ကြားလို့ စိတ်လှုပ်ရှားပြီး လာကြည့်တာပါ။ ကျွန်တော်က လိုက်ပါလာတဲ့ ဧည့်သည်သက်သက်ပါဘဲ၊ အဓိက လူက သူတို့ပါ” ဝူယွမ်၏ အမူအရာက တည်ငြိမ်နေပြီး စကားပြောနေစဉ်တွင် သူ၏ ရင်ဘတ်ထဲတွင် ချိတ်ဆွဲထားသော သေးငယ်သည့် ရှေးဟောင်းကျောက်တိုင်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဒုန်း။

လင်းမျိုးနွယ်စုတစ်ခုလုံး တုန်ခါသွားပြီး ပင်မခန်းမ၏ လေထုထဲတွင် နယ်မြေတံခါးတစ်ခု ပေါ်လာသည်။

ထိုအရာကို မြင်သည်နှင့် လင်းမျိုးနွယ်စု၏ အဆင့်မြင့် အဖွဲ့ဝင်များအားလုံး မျက်လုံးပြူးသွားကြသည်။ ထိုအရာက မဟာရှေးဟောင်းကျောက်တိုင် ဘဲဖြစ်သည်။ သူတို့က သေးငယ်သော ရှေးဟောင်းကျောက်တိုင်နှင့် နယ်မြေတံခါးကို အကြီးအကျယ် စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေကြသည်။ သူတို့၏ လင်းမျိုးနွယ်စုပင်လျှင် မြေအဆင့် ဝိညာဉ်ရတနာလက်နက်များကိုသာ ပိုင်ဆိုင်ထားပြီး၊ ဤကဲ့သို့သော ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို တစ်ခါမျှ မမြင်ဖူးပေ။

အချို့သူများဆိုလျှင် မျက်လုံးများတွင် လောဘ၏ အရိပ်အယောင်တစ်ခု လျှပ်သွားခဲ့သည်။ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ရှေ့တွင် မည်သူမျှ တည်ငြိမ်စွာ မနေနိုင်တော့ပေ။ သူတို့၏ လင်းမျိုးနွယ်စုသာ ဤကဲ့သို့သော ရတနာအမွေအနှစ်ကို ရရှိပါက မဟာယန်မင်းဆက်တွင် နံပါတ်တစ် မျိုးနွယ်စု ဖြစ်လာမည်မှာ သေချာသည်။

“အဟမ်း အဟမ်း” မျိုးနွယ်စုခေါင်းဆောင် လင်းဖန်က နှစ်ကြိမ် ချောင်းဟန့်ကာ သူ၏ မျိုးနွယ်စုဝင်များကို ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရန် အသိပေးလိုက်သည်။ သူက ဝူယွမ်ထံမှ မည်သည့် ယွမ်စွမ်းအင် လှိုင်းထမှုကိုမှ မခံစားရချေ။ ထိုအရာကဘဲ သူအကြောက်ဆုံး အပိုင်းဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူပင်လျှင် ဝူယွမ်၏ ခွန်အားကို မသိနိုင်တာကြောင့် ဝူယွမ်က သူ့ထက် ပိုစွမ်းအားကြီးကြောင်း သက်သေပြနေသည်။

ဤအချိန်တွင် အစောကတည်းက ကြိုတင်ပြင်ဆင် ထားသော ယန်မြို့ မျိုးနွယ်စုခွဲမှ လင်းကျန်းတျန်းနှင့် အခြားသူများအားလုံး အတွင်းမှ ထွက်လာကြသည်။

ပင်မခန်းမက လင်းမျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ လင်းကျန်းထျန်းနှင့် အခြားသူများအားလုံး တစ်စက္ကန့်လေုက် ရပ်တန့်သွားကြသည်။ လင်းကျန်းတျန်က ရိုးရှင်းသော မျိုးနွယ်စုခွဲ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သဖြင့် မျိုးနွယ်စု အကြီးအကဲများစွာနှင့် တစ်ခန်းတည်းတွင် တစ်ခါမျှ အတူမရှိဖူးပေ။

“ယန်မြို့ မျိုးနွယ်စုခွဲ၊ လင်းကျန်းတျန်းက ဆွေမျိုးသားချင်း တွေအားလုံးနဲ့အတူ မျိုးနွယ်စုခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

“မြန်မြန် ထပါ၊ မြန်မြန် ထပါ၊ ငါတို့အားလုံးက မိသားစုဝင်တွေပဲကို”

အားလုံး နေရာယူပြီးကာ အလာဘ သလာဘ စကားအချို့ ပြောပြီးနောက် ဝူယွမ်ထံ ပြန်လှည့်လာသည်။

“ညီအစ်ကို ဝူယွမ်၊ဒီတစ်ခါ ကျွန်တော်တို့ မဟာယန်ပြည်နယ်က လင်းမျိုးနွယ်စု အစည်းအဝေးကို လာရောက်လည်ပတ်တာအပြင် တခြားကိစ္စတွေရော ရှိသေးလား” လင်းမျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက မေးလိုက်သည်။ သူတို့အားလုံးက ဝူယွမ်၏ သဘောထားကို အလွန်စိုးရိမ်နေကြပြီး သူက မျိုးနွယ်စုကြီးသုံးစုကို ဆက်လက် ဒုက္ခပေးဦးမည်လားဟု တွေးတောနေကြသည်။

“အော်၊ ကျွန်တော့် မွေးစားဖခင်ရဲ့ ကောင်းကင်ဓားကျောင်းတော်ကိုလည်း သွားရောက်လည်ပတ်ဖို့ လိုသေးတယ်။ တခြားကိစ္စတွေကတော့ ကျွန်တော့်ကို ဒုက္ခပေးဖို့ ကြိုးစားတဲ့သူ ရှိမရှိအပေါ်ပဲ မူတည်ပါတယ်” ဝူယွမ်က ပြုံးရိပ်ဖြင့် ပြောလိုက်သည်။

သူ၏ စကားများက ရှင်းလင်းပြတ်သားသည်။ ‘ငါ ဒုက္ခရှာဖို့ လာတာမဟုတ်ဘူး၊ ငါ့ကို တော့လာမနှောက်ယှက်ကြနဲ့’ ဟု ပြောလိုက်သည့်အတိုင်းပင်။

“ဟားဟား၊ ကောင်းကင်ဓားကျောင်းတော်ကတော့ ဝူယွမ်လို တပည့်တစ်ယောက် ရှိတဲ့အတွက် အရမ်းပျော်နေမှာ သေချာတယ်” ဝူယွမ်၏ သဘောထားကို လက်ခံရရှိပြီးနောက် လင်းမျိုးနွယ်စုဝင် အများစု သက်ပြင်းချလိုက်ကြသည်။

ထို့နောက် သူတို့က လင်းကျန်းတျန်တို့ကို လင်းမျိုးနွယ်စု အိမ်တော်မှာဘဲ နေရာချထား ပေးလိုက်ကြသည်။ ဤကာလအတွင်း လင်းမျိုးနွယ်စုက လင်းကျန်းတျန်း၊ လင်းတုန်နှင့် အခြားသူများမှတစ်ဆင့် ဝူယွမ်နှင့် မဟာရှေးဟောင်းဂိုဏ်းအကြောင်းကို စဉ်ဆက်မပြတ် မေးမြန်းခဲ့ကြသည်။ ဝူယွမ်က သူတို့ကို တမင်ဖုံးကွယ်ရန် မတောင်းဆိုခဲ့သောကြောင့် လင်းမျိုးနွယ်စုက မဟာရှေးဟောင်းဂိုဏ်းအကြောင်းနှင့် အချို့သောအရာများကို သိရှိခဲ့ကြသည်။ ဝူယွမ်က မျိုးနွယ်စုကြီးလေးစုထက် မနိမ့်သော အင်အားစုကို အမှန်တကယ် စုစည်းနိုင်ခဲ့ခြင်းကြောင့် သူတို့ လုံးဝ တုန်လှုပ်သွားခဲ့ကြသည်။

ဒါ့အပြင် ဤဂိုဏ်းက စတင်နေပြီဖြစ်ပြီး၊ ရှေးဟောင်းဂိုဏ်း၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားကာ၊ အနာဂတ်တွင် အင်အားကြီးမားလာပြီး ထွန်းကားလာမည်မှာ သေချာပေါက်ဘဲဖြစ်သည်။ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် တစ်ခုတည်းမှာပင် သိုင်းပညာရပ်မြောက်မြားစွာ ပါဝင်ပြီး၊ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များသည်လည်း အတော်လေး များပြားလှ‌သည်။ ဝူယွမ်၏ ဂိုဏ်းက မဟာယန်မင်းဆက်အထက်တွင် ရပ်တည်နေသော ဂိုဏ်းကြီးများနှင့် ယှဉ်ပြိုင်လာနိုင်ဖွယ်ရှိသည်။

လင်းမျိုးနွယ်စု၏ လျှို့ဝှက်ဆွေးနွေးမှုအပြီးတွင် သူတို့က ဝူယွမ်၏ ဂိုဏ်းသည် အလားအလာရှိသော ဂိုဏ်းတစ်ခုဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ လင်းမျိုးနွယ်စုသာ ဤဆက်သွယ်မှုကို ထူထောင်နိုင်ပါက သူတို့လည်း ၎င်းနှင့်အတူ အရှိန်အဟုန်မြှင့်ပြီး တိုးတက်သွားနိုင် ပေသည်။ ယန်မြို့ မျိုးနွယ်စုခွဲ၏ ဆက်သွယ်မှုဖြင့် သူတို့အတွက် လူအချို့ကို အတွင်းသို့ ပို့ဆောင်ရန် မခက်ခဲသင့်ပေ။

သုံးရက်ကြာပြီးနောက်။

လင်းမျိုးနွယ်စု၏ မျိုးနွယ်စုအစည်းအဝေးကို ကျင်းပခဲ့ပြီး အဓိက အင်အားစုအားလုံးြ အရေးကြီးသူများကို စေလွှတ်ခဲ့ကြသည်။ ဝူယွမ်အတွက် အံ့အားသင့်စရာမှာ ဝမ်မျိုးနွယ်စုနှင့် ချင်မျိုးနွယ်စုတို့က အလွန်ယဉ်ကျေးနေကြပြီး ဒုက္ခပေးရန် မခုန်ထွက်လာတာကြောင့် တစ်စုံတစ်ဦးမျှ မသေဆုံးခဲ့ပေ။

ဝူယွမ်နှင့် မျိုးနွယ်စုခေါင်းဆောင် လင်းဖန်တို့က အမြင့်ဆုံးနေရာများတွင် ထိုင်လျက် မျိုးနွယ်စုပြိုင်ပွဲကို ကြည့်နေကြသည်။ ဤထိုင်ခုံစီစဉ်မှုက လင်းမျိုးနွယ်စု၏ ဝူယွမ်အပေါ် သဘောထားကို ရှင်းလင်းစွာ သက်သေပြနေသည်။

ဝမ်နှင့် ချင်မျိုးနွယ်စုတို့ကတော့ တိတ်တိတ်လေး စောင့်ကြည့်နေကြပြီး လင်းမျိုးနွယ်စုက ဦးဆောင်ကာ ဝူယွမ်၏ စွမ်းအင် အတိမ်အနက် စမ်းသပ်ကြည့်တာကို လိုလားခဲ့ကြသည်။ သို့သော်လည်း လင်းမျိုးနွယ်စုက တိုက်ရိုက် လက်နက်ချလိုက် သည်ကိုတော့ သူတို့ မသိခဲ့ကြပေ။

“ဒီ လင်းဖန်က တကယ်ကို လိပ်အိုကြီးတစ်ကောင်ဘဲ၊ အရမ်းသည်းခံနိုင်တာပဘဲ။ ဝူယွမ်က သူ့ လင်းမျိုးနွယ်စုရဲ့ ပါရမီရှင် လင်းလန်တျန်းကို သတ်ခဲ့တာတောင် သူက သူ့နဲ့အတူ စကားပြောပြီး ရယ်မောနိုင်သေးတယ်!”

“ဂုဏ်သိက္ခာရှိတဲ့ လင်းမျိုးနွယ်စုတဲ့လား၊ ဘယ်လောက်တောင် ယောက်ျားမပီသလိုက်သလဲ၊ လူကြောက်တွေပဲ”

“ကျစ်ကျစ်၊ ဝူယွမ်က ၀မ့်လွန်ပြည်နယ်မှာ သူ့ရဲ့ အစွမ်းအစတွေကို ထုတ်ပြနေတာကို ငါတို့ ဒီအတိုင်းဘဲ ထိုင်ကြည့်နေရတော့မှာလား”

ဝမ်မျိုးနွယ်စုနှင့် ချင်မျိုးနွယ်စုမှ လူများက လင်းမျိုးနွယ်စုကို ဆက်တိုက် တီးတိုး ဝေဖန်နေကြသည်။ လင်းမျိုးနွယ်စုက ဝူယွမ်ကို မထိရဲသောကြောင့် သူတို့လည်း သဘာဝအတိုင်း သွားမထိရဲကြပေ။ သူတို့က စိတ်မချမ်းမြေ့ဖြစ်ပြီး ဒေါသထွက်သော်လည်း သည်းခံရုံသာ ရှိသည်။ ဝူယွမ်ကို ယခု ကိုင်တွယ်ဖြေရှင်းခြင်းက မသေချာဘဲ ကြီးမားသော အဖိုးအခကို ပေးရမည်ဖြစ်ပြီး၊ သူတို့၏ မျိုးနွယ်စု လုံး၀ပျောက်သွားသည်အထိ ဖြစ်နိုင်ကြောင်း လူတိုင်း သိထားကြသည်။

မျိုးနွယ်စုပြိုင်ပွဲက ချောချောမွေ့မွေ့ပြီး ရှေ့ဆက်သွားနေသည်။ မျိုးနွယ်စုကြီးလေးစု၏ ခေါင်းဆောင်ဖြစ်သည့် လင်းမျိုးနွယ်စုက ၎င်း၏ ဂုဏ်သတင်းနှင့်အညီ မျိုးနွယ်စုခွဲ ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာပင် ရှိသော ကြီးမားသော အင်အားစုကြီးတစ်ခုဖြစ်သည်။ ပြိုင်ပွဲစင်မြင့်တိုင်းတွင် လူငယ် မျိုးနွယ်စုတပည့်များက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ယှဉ်ပြိုင်နေကြသည်။ ယန်မြို့ မျိုးနွယ်စုခွဲကို ကိုယ်စားပြုသော လင်းတုန်နှင့် ချင်းတန်တို့ကတော့ ပြိုင်ဘက်များကို တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူ အနိုင်ယူခဲ့ကြသည်။

ညနေပိုင်းတွင်တော့ မျိုးနွယ်စုပြိုင်ပွဲ ပြီးစီးသွားခဲ့သည်။

“မျိုးနွယ်စုပြိုင်ပွဲရဲ့ ချန်ပီယံက လင်းတုန်ဘဲဖြစ်ပါတယ်” ပွဲပြီး‌ေနာက် ကြီးကြပ်သူ အကြီးအကဲက ချက်ချင်း ကြေညာလိုက်သည်။

လင်းတုန်၏ အောင်ပွဲက သံသယဖြစ်ဖွယ် မရှိပေ။ လူငယ် မျိုးဆက်ကို မပြောနှင့်၊ မျိုးနွယ်စုခေါင်းဆောင် လင်းဖန်အပါအဝင် လင်းမျိုးနွယ်စု တစ်ခုလုံးပင် တစ်ယောက်ချင်းဆိုလျှင် လင်းတုန်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

“လင်းတုန်ရဲ့ အောင်မြင်မှုတွေက ညီအစ်ကို ဝူယွမ်ရဲ့ လမ်းညွှန်မှုတွေ အများကြီးပါတယ်။ လင်းမျိုးနွယ်စုကိုယ်စား လင်းတုန်လို ထူးချွန်တဲ့ လူငယ်တစ်ဦးကို ပေးတဲ့အတွက် ညီအစ်ကို ဝူယွမ်ကို ကျေးဇူးတင်ပါတယ်” လင်းဖန်က လင်းတုန်၏ ခွန်အားကို မြင်သောအခါ စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေပြီး လင်းလန်တျန်း၏ ရှုံးနိမ့်မှုက မတရားခံရတာ မဟုတ်ကြောင်း သိသွားကာ လင်းတုန်က လင်းမျိုးနွယ်စု၏ လေးလံသော တာဝန်ကို အမှန်တကယ် ထမ်းဆောင်နိုင်ကြောင်း သိလိုက်ရသည်။

“မျိုးနွယ်စုခေါင်းဆောင် လင်း၊ ချီးမွမ်းလွန်းနေပါပီ။ လင်းတုန်နဲ့ ကျွန်တော်က ညီအစ်ကိုတွေပါ၊ လင်းတုန်ရဲ့ လက်ရှိခွန်အားက သူ့ရဲ့ လုံ့လဝီရိယရှိရှိ ကျင့်ကြံခြင်း ရလဒ်ပါဘဲ” ဝူယွမ်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ သူ မရှိရင်တောင် လင်းတုန်က ဒီအဆင့်ကို ရောက်လာမှာပဲဆိုတာ သူသိထားသည်။

လင်းဖန်က “ထုံးစံအတိုင်း မျိုးနွယ်စုပြိုင်ပွဲရဲ့ ချန်ပီယံက ကျွန်တော်တို့ လင်းမျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ထဲက ရတနာတစ်ခုကို ရွေးချယ်နိုင်တယ်။ ဒီတစ်ခါ ကျွန်တော်တို့ လင်းမျိုးနွယ်စုက ညီအစ်ကို ဝူယွမ်ကို နည်းမျိုးစုံနဲ့ စော်ကားခဲ့မိတယ်။ ကျွန်တော်တို့ရဲ့ တောင်းပန်မှုကို ပြသဖို့အတွက် ညီအစ်ကို ဝူယွမ်က ဒီတစ်ခါ လင်းတုန်နဲ့အတူ ကျွန်တော်တို့ လင်းမျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ထဲကို ဝင်ပြီး ရတနာတစ်ခုကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။ ဒါကို ကျွန်တော့်ရဲ့ လင်းမျိုးနွယ်စုကိုယ်စား တောင်းပန်ခြင်းအဖြစ် သတ်မှတ်ပေးပါ။ ပြီးတော့ ညီအစ်ကို ဝူယွမ်နဲ့ အနာဂတ်မှာ ပျော်ရွှင်စွာ မိတ်ဆွေဖွဲ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လင်းဖန်က ထူးခြားသော ကမ်းလှမ်းချက်ကို ပြုလုပ်လိုက်သည်။

“ဒီလိုဆိုရင်…” ဝူယွမ် နည်းနည်း အံ့သြသွားခဲ့သည်။ လင်းဖန်က ဒီလောက် အမြော်အမြင်ရှိလိမ့်မယ်လို့ သူ မထင်ခဲ့ပေ။ လင်းလန်တျန်းကြောင့် ဖြစ်ခဲ့သည့် ပဋိပက္ခကို သူ အမှန်တကယ် ဖြေရှင်းချင်ပုံရသည်။

“ကျွန်တော်တို့ လင်းမျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်က မဟာရှေးဟောင်းကျောက်တိုင်ရဲ့ ရတနာတွေနဲ့ မယှဉ်နိုင်ပေမယ့် ကောင်းမွန်တဲ့ ရတနာအချို့တော့ ရှိပါတယ်။ ညီအစ်ကို ဝူယွမ် ငြင်းဆန်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”

“ဒါဆိုရင် ကျွန်တော် ယဉ်ကျေးတော့မှာ မဟုတ်ဘူး” ဝူယွမ်က လက်ချင်းယှက် အရိုအသေပေးလိုက်သည်။ လင်းမျိုးနွယ်စုက ငြိမ်းချမ်းရေးယူချင်နေသဖြင်ါ သူ ကန့်ကွက်စရာ မရှိပေ။

ထို့နောက် ဝူယွမ်နှင့် လင်းတုန်တို့က ရတနာများ ရွေးချယ်ရန်အတွက် လင်းမျိုးနွယ်စု၏ ဘဏ္ဍာတိုက်ထဲသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။

လင်းမျိုးနွယ်စုက ဘဏ္ဍာတိုက်ကို လုံခြုံစွာ စောင့်ကြပ်ထားပြီး၊ အနောက်ဘက် တောင်ရှိ ကျောက်ဂူတစ်ခုတွင် တည်ရှိကာ အစွမ်းထက်သော အတားအဆီး အစီအရင်များဖြင့် ကာကွယ်ထားသည်။ မျိုးနွယ်စုအတွင်းရှိ အမြင်ကျဉ်းသူများ‌ကြောင်း ဝူယွမ်ဆီ ခက်ခက်ခဲခဲ ရရှိထားသော အထင်အမြင်ကောင်းကို မပျက်စီးစေရန်အတွက် လင်းဖန်ကိုယ်တိုင် သူတို့ကို အတွင်းသို့ လိုက်ပါပို့ဆောင်ခဲ့သည်။

“ဒါက လင်းမျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ရှိတဲ့ နေရာပေါ့” ဝူယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက သူ၏ လက်ကို သူ့ရှေ့တွင် ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ မျက်လုံးများတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု လျှပ်သွားခဲ့သည်။ အတွင်းရှိ အစှအရင်များက ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း အကျိုးသက်ရောက်မှု ရှိပြီး ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်က အပြင်ဘက်ထက် အဆများစွား။ ၎င်းက အတွင်းရှိ ရတနာများသည် ၎င်းတို့၏ ယွမ်စွမ်းအင်ကို မဆုံးရှုံးစေဘဲ အသုံးမဝင်ဖြစ်မသွား စေရန် ကာကွယ်ပေးထားသည်။

သူတို့ရှေ့တွင် အလင်းမျက်နှာပြင်များ စုဝေးနေပြီး၊ အတွင်း၌ တောက်ပနေသော အလင်းအစုအဝေးများကို သူတို့ မြင်ရကာ တစ်ခုချင်းစီက ဝိညာဉ်ရတနာလက်နက်တစ်ခုကို ဖုံးအုပ်ထားသည်။ သို့သော်လည်း အမြင့်ဆုံး အဆင့်မှာ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်သာ ဖြစ်ပြီး သူတို့ကို စိတ်၀င်စားလာအောင် မလုပ်နိုင်မှန်း ထင်ရှားသည်။

“ရှားပါး ပစ္စည်းတွေ အများကြီးဘဲ” ဝူယွမ်၏ အကြည့်က ဝိညာဉ်ရတနာလက်နက်များပေါ်တွင် မဟုတ်ဘဲ ပြန့်ကျဲနေသော ပစ္စည်းများပေါ်တွင်သာ ပို၍ အာရုံစူးစိုက်နေသည်။

လင်းမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုကြီးများ၏ စုဆောင်းမှုက နက်ရှိုင်းလွန်းသည်။ ဝူယွမ်က အစီအရင် ဖွဲ့စည်းပုံများ တည်ဆောက်ရန်အတွက် အသုံးပြုလို့သော တန်ဖိုးရှိ ရှားပါး ရတနာ ပစ္စည်းများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။

သူက နန်းတော်ကိုးပါး တံဆိပ်ခတ်ခြင်း အတားအဆီးကို မြှင့်တင်ရန်အတွက် ပစ္စည်းများကို ရှာဖွေရမည့်အရေးကို စိုးရိမ်နေခဲ့ပြီး၊ အခုတော့ လင်းမျိုးနွယ်စု ဘဏ္ဍာတိုက်ထဲတွင် အများအပြား ရှိနေခဲ့သည်။ “ကောင်းပြီ၊ ကောင်းပြီ… လင်းမျိုးနွယ်စု၏ ဘဏ္ဍာတိုက်ကို ငါ အမှန်တကယ် အထင်သေးခဲ့မိပုံရတယ်။” ဝူယွမ်က စိတ်လှုပ်ရှားမှု အနည်းငယ်ကို ခံစားလိုက်ရသည်။

မဟာရှေးဟောင်း ကျောက်တိုင်ထဲတွင် ဆေးလုံးများမှလွဲ၍ မဟာရှေးဟောင်းဂိုဏ်းရှိ ဝိညာဉ်ရတနာလက်နက်ကဲ့သို့သော အခြားရတနာများအားလုံး ပျက်စီးသွားခဲ့သည်။ အချို့ကို တွေ့ရှိရလျှင်တောင် ၎င်းတို့အားလုံးက နတ်ဆိုးစွမ်းအင်ဖြင့် သံချေးတက်နေပြီး ပြန်လည်အသုံးပြုနိုင်ခြင်း မရှိတော့ပေ။ ထိုရှေးဟောင်းစစ်ပွဲက အလွန် ဝမ်းနည်းဖွယ် ကောင်းလွန်းလှသည်။ ဝိညာဉ်ရတနာလက်နက်များပင် ဂိုဏ်းတပည့်သားများနှင့်အတူ ပျက်စီးခဲ့ရသည်။

ယခု ဤနေရာရှိ ပစ္စည်းများပေါ်တွင် ဖုန်မှုန့်များ စုပုံနေပြီး လင်းမျိုးနွယ်စုက ထိုပစ္စည်းများကို သိပ်မသုံးကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ဝူယွမ်က သူလိုအပ်သော ပစ္စည်းများအားလုံးကို အမြန် ကောက်ယူလိုက်သည်။

“အစ်ကိုကြီး၊ ပစ္စည်းတွေ စုဆောင်းဖို့ ဒီကို လာတာလား” လင်းတုန်က သူ့ အစ်ကိုကြီးကို ထူးဆန်းစွာ ကြည့်လိုက်သည်။

လင်းတုန်က မေးမြန်းလိုက်သည်။ “အစ်ကိုကြီး၊ မျိုးနွယ်စုခေါင်းဆောင်က ရတနာတစ်ခုပဲ ရွေးခွင့်ပေးတာ မဟုတ်ဘူးလား”

“ဒီ ပစ္စည်းတွေ ငါ့အတွက် အသုံးဝင်တယ်။ စိတ်မပူပါနဲ့၊ ငါ သူ့ကို နောက်မှ ပြန်လဲပေးလိုက်ပါ့မယ်။ သူ သဘောတူမယ်လို့ ငါယုံကြည်တယ်” ဝူယွမ်က အပြုံးလေးနဲ့ဘဲ ပြောလိုက်သည်။ “အတွင်းကို ပိုနက်နက် ဝင်ရအောင်။ ပစ္စည်းကောင်းတွေ အားလုံးက အတွင်းမှာ ရှိတယ်”

ဝူယွမ်က အပြင်ဘက် ဧရိယာကို နှံ့နှံ့စပ်စပ် ရှာဖွေပြီးပီ ဖြစ်ပြီး၊ တိုက်ထဲရှိ ရတနာ ငါးပုံတစ်ပုံနီးပါးကို ယူသွားခဲ့ရာ စုစုပေါင်း သုံးရာကျော်လောက်ရှိပြီး များပြားလွန်းလှသည်။

သူတို့ ရှေ့ဆက် လျှောက်သွားသည်နှင့် လင်းတုန်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည် “အင်း၊ အစ်ကိုကြီး၊ ကြည့်ပါဦး၊ အဲဒါတွေက မြေအဆင့် ဝိညာဉ်ရတနာလက်နက်တွေ”

“ငါ မြင်တယ်” ဝူယွမ်က ပြုံးလိုက်သည်။ လင်းမျိုးနွယ်စု၏ ဘဏ္ဍာတိုက်တွင် ရတနာ အတော်လေးရှိမှန်း သူသိသွားခဲ့သည်။

All Chapters