သိုင်းသခင်၊ သိုင်းတာအို၏ မဟာကပ်ဘေး.....
Vol. 27 Ch. 384
“သခင်၊ ဒါဘာလဲ?”
ပိုင်ချီ၏ လေသံတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
ဘယ်လောက်တောင် ခန့်ညားလိုက်တဲ့ ပလ္လင်လဲ..... သူမလို နတ်ဆိုးဝံပုလွေတစ်ကောင်ပင် တစ်ချက်ကြည့်ရုံဖြင့် သဘောကျမိနေပေသည်။
သူမ၏ အသံက မူလင်းလော့ကို နိုးထလာစေသည်။ သူမ မျက်လုံးများ ဖွင့်လိုက်ပြီး ချင်းယွမ်နတ်ဘုရားပလ္လင်ကို အံ့ဩတကြီး ကြည့်နေခဲ့သည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.....
“ဒါက ငါ့ရဲ့ မှော်ပစ္စည်းတွေထဲက တစ်ခုပါ....ဒါကို အစက ငါ့ရဲ့ စိတ်ဝိဉာဉ်ထဲမှာ ဝှက်ထားခဲ့တာ၊.... ဒါပေမဲ့ မကြာသေးမီက ငါ့ရဲ့ကျင့်ကြံမှု တိုးတက်လာတဲ့အတွက် ထုတ်ယူနိုင်ခဲ့တာ.....”
ပိုင်ချီနှင့် မူလင်းလော့တို့ သံသယမရှိပေ။ ကောင်းကင်တရားရုံးနှင့် ထျန်းကျင်း တစ်ခုလုံးက တာအိုဘိုးဘေးဟာ အင်မော်တယ်နတ်ဘုရားအားလုံး၏ ဘိုးဘေးပြန်လည်ဝင်စားသူဖြစ်ကြောင်း သိကြသည်။ ဤအချက်က ကျန်းချန်ရှန်းအား ပြဿနာများစွာကို ရှင်းလင်းနိုင်စေသည်၊
အထူးသဖြင့် ရှင်သန်မှု ဆုလာဘ်များနှင့် ပတ်သက်၍ ဖြစ်သည်။
ကျန်းချန်ရှန်း ကန့်သတ်ချက်ကို ပြုပြင်ပြောင်းလဲရန် အာရုံစိုက်နေချိန်တွင် ပိုင်ချီနှင့် မူလင်းလော့တို့ စကားစမြည် စတင်ပြောဆိုကြသည်။ ၎င်းတို့ စကားပြောနေရင်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေရှိ အခြေအနေများကို ဆွေးနွေးနေကြ၏။
မကြာသေးမီက၊ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် သိုင်းပညာ ဆွေးနွေးပွဲတစ်ခု စတင်ခဲ့သည်။ ဆွေးနွေးပွဲတွင် ယုံကြည်သူများက ၎င်းတို့၏ အပြင်းထန်ဆုံးဟု ယုံကြည်သော သိုင်းပညာ နည်းစနစ်ကို ရွေးချယ်ရန် တိုင်ပင်ခဲ့ကြသည်။ ရွေးချယ်မှု၏ အကွာအဝေးက အများပြည်သူ လေ့လာရန် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် ရှိရမည်ဖြစ်ပြီး၊ ၎င်းသည် နယ်မြေထဲသို့ သိုင်းပညာ နည်းစနစ် အမြောက်အမြား ဝင်ရောက်လာစေရန်ရည်ရွယ်ထားခြင်းဖြစ်သည်။
ဤအရာအားလုံးကို ဦးဆောင်သူမှာ ကျိဝူကျွင်း ဖြစ်သည်။ သူမက လူသားတို့၏ မွေးရာပါ ယှဉ်ပြိုင်လိုစိတ်ကို အခွင့်ကောင်း ယူလိုက်ခြင်းပင်.... လက်ရှိအပြင်းထန်ဆုံး သိုင်းပညာ နည်းစနစ်က ယဲ့ကျန်းနှင့် တိုင်ရှီးချန်တို့ လှူဒါန်းခဲ့သည့် နည်းစနစ်များ မဟုတ်ပေ။ ၎င်းတို့၏ နည်းစနစ်များက အလွန်နက်နဲသောကြောင့် လူအနည်းငယ်သာ လေ့လာနိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ နည်းစနစ်များက ၎င်းတို့၏ ခွန်အားကို ခေတ္တမျှပင် မပြသနိုင်ခဲ့ပေ။
လက်ရှိတွင် ကွမ်းတုံးယု၏ နည်းစနစ်များက လူကြိုက်အများဆုံး ဖြစ်နေဆဲဖြစ်သည်။
မူလင်းလော့သည်လည်း အဆုံးစွန်သော နည်းစနစ်တစ်ခုကို ပံ့ပိုးရန် ပြင်ဆင်နေပြီး ပိုင်ချီက သူမအတွက် မဲပေးရန် လူများကို ရှာဖွေပေးမည်ဟု ကတိပေးခဲ့သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။
ကျန်းချန်ရှန်းက ချင်းယွမ်နတ်ဘုရားပလ္လင်ကို ၎င်းအား သခင်အဖြစ် အသိအမှတ်ပြုစေရန် အောင်မြင်စွာ ပြုလုပ်ပြီးချိန်တွင် ပိုင်ချီနှင့် မူလင်းလော့တို့ကတော် အိပ်မက်ဘုံသို့ ဝင်ရောက်ခဲ့ကြသည်။
ကျန်းချန်ရှန်း နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်ပြီး ပလ္လင်ကို ပေါ့ပေါ့ပါးပါး မှီလိုက်တော့ ပြောမပြနိုင်သော သက်တောင့်သက်သာ ခံစားမှုတစ်ခုကိုခံစားလိုက်ရသည်။ ပလ္လင်ပေါ်တွင် ထိုင်ရင်း ဖော်မပြနိုင်အောင် လန်းဆန်းမှုကို ခံစားနေရသည်။
အရေးအကြီးဆုံးမှာ၊ ဤပလ္လင်၏ ကန့်သတ်ချက်များ အားလုံးကို ကိုယ်ပိုင် လက်မောင်းကဲ့သို့ပင် အလွယ်တကူ ထိန်းချုပ်နိုင်သည်။
သူ့အဖြစ်က အသစ်စက်စက် ကစားစရာတစ်ခု ရရှိခဲ့သကဲ့သို့ ဖြစ်နေသည်။ထို့ကြောင့် ပုလ္လင်ကိုအသုံးပြုရန် နည်းလမ်းမျိုးစုံကို စမ်းကြည့်ခဲ့သည်။နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်ပြီး ဒြပ်စင်ငါးပါး ပြောင်းလဲခြင်း နည်းစနစ်ကိုပင် အသုံးပြုခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ အသုံးပြုရ အလွန် ချောမွေ့သည်ဟုပင် ခံစားရပြီး စွမ်းရည် မြှင့်တင်ပေးသည့် အာနိသင်ပင် ရှိသည်။ ပလ္လင်ပေါ်တွင် နည်းစနစ်ကို အသုံးပြုနေစဉ်၊ အရှိန် ပို၍ပင် မြန်ဆန်ခဲ့သည်။
ကျန်းချန်ရှန်း တိမ်ပင်လယ်အပေါ်၌ ပေါ်လာပြီး နတ်ဘုရားပလ္လင်၏ နောက်ကွယ်ရှိ အလင်းဘောလုံး ကိုးလုံးကလည်း အလင်းရောင်တမျိုးစီဖြင့် တောက်ပနေသည်။ အောက်ခြေကို တိမ်များဖြင့် ဝန်းရံထားပြီး နေနတ်ဘုရားအလင်းများ ၎င်း၏ ဘေးတွင် ပျံဝဲနေသည်။ ဤမြင်ကွင်းက တောက်ပသော နေလုံး သူ့ကို ဝန်းရံထားသကဲ့သို့ ဖြစ်နေပြီး သူ၏ စစ်မှန်သော ပုံပန်းသဏ္ဌာန်ကို ဖုံးအုပ်ထားဆဲ ဖြစ်သည်။
ထျန်ရှန်းဓမ္မပညာရပ်ကိုသုံးကြည့်ပြန်တော့လဲ နတ်ဘုရားပလ္လင်က ဆန္ဒအလျောက်ပင် ချဲ့ထွင်နိုင်နေပြန်သည်။
ယခုအချိန်တွင် ခွန်းလွန်လွင်ပြင်ကြီးက အလွန်ကျယ်ဝန်းပြီး လူမနေသော နေရာများစွာ ရှိသည်။
အချိန်အတော်ကြာ လှုပ်ရှားပြီးနောက် နောက်ဆုံးတွင် ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်ရောက်လာသည်။
ထို့နောက် နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်ပြီး ကျင့်ကြံခဲ့သည်။ နတ်ဘုရားပလ္လင်က ၎င်း၏ ကျင့်ကြံမှုကိုလည်း ကူညီနိုင်သည်ကို သူ တွေ့ရှိခဲ့သည်။
ကောင်းကင် ၃၃ လွှာ၊ခရမ်းရောင်တိမ်တိုက်နန်းတော်နှင့် မဟနတ်ဘုရားပလ္လင်...အာနိသင် သုံးခု ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံမှု အလွန်ချောမွေ့သွားသည်!
အခြား စွမ်းအားကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် ယခုကျင့်ကြံမှုက အပြည့်စုံဆုံး ဖြစ်သည်။ အင်မော်တယ် ကျင့်ကြံမှုက စိတ်ဝိဉာဉ်နှင့် ခန္ဓာကိုယ်ကို တစ်ချိန်တည်း ကျင့်ကြံခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် ပြင်ပ အရာဝတ္ထုများ၏ တိုးတက်မှုကိုလည်း လျစ်လျူရှုမည် မဟုတ်ပေ။ ပြည့်စုံသောကြောင့် ပို၍ ခက်ခဲပေသည်။
ကျန်းချန်ရှန်းကတော့ တစ်ယောက်တည်း ကျင့်ကြံခြင်းမှ အကျိုးအများဆုံး ရရှိခဲ့သည်။ ကမ္ဘာတစ်ခုလုံး ကျင့်ကြံသူများဖြင့် ပြည့်နေပါက၊ ကျင့်ကြံသူ ဂိုဏ်းများက စိတ်ဝိဉာဉ် စွမ်းအင်ကို စုဆောင်းရန် နည်းလမ်းများ ရှိလာမည်မှာ သေချာသည်။ ထိုအချိန်တွင်၊ ကျင့်ကြံခြင်း လောကသည် ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိဉာဉ် စွမ်းအင်အတွက် တိုက်ခိုက်ကြရမည်။
တစ်ယောက်တည်း ကျင့်ကြံခြင်းအပြင်ရှင်သန်မှု စနစ်သည်လည်း အကူအညီတစ်ခု ဖြစ်သည်။
ပိုမို အစွမ်းထက်လာမည့် လမ်းကြောင်းပေါ်တွင် အခွင့်အလမ်းများ ရှိရမည်။ တစ်ခါတစ်ရံတွင် ထိပ်ဆုံးသို့ ရောက်ရှိခြင်းသည် ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မှီခိုနေခြင်း မဟုတ်ပေ။
ထို့သို့တွေးရင်း ကျန်းချန်ရှန်း ကျင့်ကြံမှုတွင် နစ်မြုပ်နေတော့သည်။
အဓိကကျသည့်အန္တရာယ် မရှိတော့သဖြင့် တံခါးပိတ် ကျင့်ကြံမှုတွင် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ခဲ့သည်။
အဆုံးမဲ့အပြာရောင် ကောင်းကင်တွင် တိမ်ပင်လယ်များ အလွှာလိုက် ဝန်းရံလျက် ရှိသည်မှာ ခမ်းနားလွန်းလှသည်။
မြို့တစ်မြို့၏ အပေါ်တွင် လုရှန်ကျိုး ရပ်တန့်သွားပြီး လီချန်ဟိုင်အား ....
“ခဏလောက် ဒီမှာနေ။ မင်း ငါ့နာမည်ကို သုံးပြီး သတင်းပို့နိုင်တယ်....” ဟုပြောလိုက်တော့ လီချန်ဟိုင် ခေါင်းညိတ်လိုက်သည်။ သူသည် မှိုင်တွေနေဆဲဖြစ်ပြီး ယခင် ကပ်ဘေးကြောင့် နလမထူနိုင်သေးပေ။
လုရှန်ကျိုးကတော့ မြို့လယ်ရှိ မြင့်မားသော တောင်တစ်ခုဆီသို့ ပျံသန်းသွားသည်။ တောင်သည် ခန့်ညားထည်ဝါပြီး တောင်ထိပ်၌ တောက်ပသော အလင်းဖြင့် တောက်ပနေသည်။ လုရှန်ကျိုး တောင်ထိပ်သို့ လျင်မြန်စွာ ပျံသန်းသွားပြီး ပျောက်ကွယ်သွားသည်။
မကြာမီ၊ လုရှန်ကျိုး တောက်ပသော ခန်းမထဲသို့ ခြေချလိုက်ပြီး ၎င်း၏ ဝတ်ရုံလေထဲတွင် လှုပ်ခါနေသည်။ ခြေလှမ်းများ၏ ရှေ့တွင် ရပ်တန့်သွားပြီး ၎င်း၏ ကျောကို မျက်နှာမူကာ တရားထိုင်နေသော ပုံရိပ်ကို မော့ကြည့်လိုက်ကာ.....
“သိုင်းသခင်၊ မစ်ရှင် မအောင်မြင်ခဲ့ဘူး... ကျွန်တော်တို့ အားလုံး ပျက်စီးခဲ့တယ်.... ကျွန်တော့်အပြင် တစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်....ကြီးမြတ်သော ကောင်းကင်သူတော်စင်ကြီး ငါးပါးလည်း သေဆုံးခဲ့တယ်....”
လုရှန်ကျိုးက အကျည်းတန်သော အမူအရာဖြင့် အစီရင်ခံလိုက်ပြီး လီချန်ဟိုင်အကြောင်းမပြောခဲ့ပေ။
သိုင်းသခင်၏ ကျယ်ပြန့်သော ကျောဘက်ရှိ အဝါရောင် ဝတ်ရုံပေါ်တွင် နဂါးရုပ်များ ချည်ထိုးထားသည်။ ရွှေရောင် နဂါး၏ ပုံရိပ်များက သူ့ကို ဝန်းရံထားပြီး စုစုပေါင်း ကိုးကောင် ရှိသည်။ သူ၏ ရှည်လျားသော အနက်ရောင်နှင့် အဖြူရောင် ဆံပင်များကလည်း လေထဲတွင် လှုပ်ခါနေသည်။
“ငါ သိပြီးသားပါ... ပြောစမ်း....ရန်သူက ဘယ်လို တည်ရှိမှုမျိုးလဲ?”
သိုင်းသခင်က ခေါင်းကိုပင် မလှည့်ကြည့်ဘဲ သူ၏ လေသံသည်လည်း အလွန် တည်ငြိမ်နေသည်။
ထိုအခါ လုရှန်ကျိုး ဘာကိုမှ မဖုံးကွယ်ဘဲ တိုက်ပွဲအကြောင်း အမှန်တိုင်း ပြောပြလိုက်တော့သည်။
သူ ထိုတိုက်ပွဲကို ပြန်ပြောင်း အမှတ်ရသောအခါ၊ သူ၏ အမူအရာသည်လည်း အလွန် အကျည်းတန်နေခဲ့သည်။
ဒါဟာ သေချာပေါက် အပြီးအပိုင် ရှုံးနိမ့်မှုပဲ!
စိတ်ပျက်အားငယ်မှုအပြင် ရှုပ်ထွေးမှုများသာ ပိုများနေခဲ့သည်။
တာအိုဘိုးဘေး၏ အဆုံးစွန်သော နည်းစနစ်များကို သူ နားမလည်နိုင်ခဲ့ပေ။ သူ့ကို ကျုံ့သွားစေပြီး တိုက်ခိုက်ရေး စွမ်းအားကို ဆုံးရှုံးစေမည့် နက်နဲသော အဆုံးစွန်သော နည်းစနစ်၊ လျှင်မြန်စွာ သိုင်းပညာရှင် သန်းပေါင်းများစွာကို သတ်ပစ်နိုင်သည့် အစွမ်းထက်သော နည်းစနစ်…
တာအိုဘိုးဘေးက တကယ်ပဲ ရှေးဟောင်းဂိုဏ်းမှ ဖြစ်ပါက ရှေးဟောင်း နည်းစနစ်များ၏ စွမ်းအားသည်ကား......
အတိတ်က ရှေးဟောင်း သိုင်းပညာကို စက်ဆုပ်ခဲ့သော်လည်း တာအိုဘိုးဘေး၏ ခွန်အားက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
“ဒီလိုဆိုရင်၊ သူဟာ တကယ်ပဲ ပုံမှန်မဟုတ်တဲ့သူပေါ့....ဒါဟာ အဲ့ဒီ ရှေးဟောင်းဂိုဏ်းတွေနဲ့ အတူတူပဲ..... မဟုတ်ရင် သူတို့က သိုင်းနတ်ဘုရားနယ်မြေနဲ့ ဘာလို့ ဆန့်ကျင်ဘက် လုပ်ချင်တာလဲ? သူတို့က သိုင်းနတ်ဘုရားနယ်မြေက ရှာဖွေတွေ့ရှိမှာကိုတောင် ကြောက်နေကြတာလေ....”
သိုင်းသခင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူသည် သိုင်းပညာရှင် သန်းပေါင်းများစွာ သေဆုံးခြင်းကို လုံးဝ ဂရုမစိုက်ပေ။
လုရှန်ကျိုး အံ့အားသင့်စွာဖြင့် မေးလိုက်သည်က....“ရှေးဟောင်းဂိုဏ်းတွေလိုပဲ၊ သိုင်းပညာနဲ့ ရှေးဟောင်း သိုင်းပညာအပြင် အခြား ကျင့်ကြံမှုစနစ်တွေ ရှိသေးလား?”
“အင်း....ရှေးခေတ် မတိုင်ခင်က ရှေးဟောင်း သိုင်းပညာ ခေတ်ပဲ.... ရှေးဟောင်း သိုင်းပညာခေါတ် မတိုင်ခင်က အခြား စနစ်တွေ မရှိဘူးလို့ ပြောနိုင်မလား? ဒါက အဟောင်းနဲ့ အသစ်ရဲ့ အပြောင်းအလဲပဲ... သိုင်းတာအို စနစ်က အပြင်းထန်ဆုံးပဲ....” ဟု သိုင်းသခင် ဖြေကြားခဲ့ပြီး လုရှန်ကျိုး၏ မျက်လုံးများက နားထောင်ရင်း တောက်ပလာခဲ့သည်။
သိုင်းတာအို စနစ်က တကယ်ပဲ အပြင်းထန်ဆုံးလား?
တာအိုဘိုးဘေး၏ စွမ်းအားကို ရင်ဆိုင်ရမှသာ သိရှိနိုင်သည်။
သူသည် တာအိုဘိုးဘေး၏ စစ်မှန်သော ခွန်အားကို မမြင်ရသေးဟုသာ ခံစားခဲ့ရသည်။ တာအိုဘိုးဘေး သူ့ကို ပြောခဲ့သည့် စကားများကို သူ သတိရလိုက်မိသည်။
သူ ခွန်အားကိုသာ လိုက်စားမည်ဆိုပါက…
“ဒီအကြောင်းကို ထပ်စဉ်းစားနေစရာ မလိုတော့ဘူး....သိုင်းနတ်ဘုရားနယ်မြေရဲ့ ပြည်တွင်း စမ်းသပ်မှုအတွက် ပြင်ဆင်ပါ....ကောင်းကင်တရားရုံးရဲ့ တာအိုဘိုးဘေး ကိစ္စကို သိုင်းနတ်ဘုရားနယ်မြေက ဖြေရှင်းလိမ့်မယ်.... မင်း ကျရှုံးကတည်းက သိုင်းနတ်ဘုရားနယ်မြေက အာရုံခံမိပြီးသား....နောက်တစ်ခုကတော့၊ နတ်ဘုရား ပြစ်ဒဏ်ပေးရေး တပ်မတော်က ရွှမ်ဟွမ် မဟာလောကကို ရှင်းလင်းပစ်လိမ့်မယ်.... သူ့နဲ့ ဒါမှမဟုတ် ကောင်းကင်တရားရုံးနဲ့ ပတ်သက်တဲ့ ဘာမဆို ရှင်းပစ်လိမ့်မယ်...”
သိုင်းသခင်၏ စကားများက လုရှန်ကျိုး၏ အသိစိတ်ကို လက်တွေ့ဘဝသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။
လုရှန်ကျိုးက တာအိုဘိုးဘေး၏ အခြားစကားများနှင့် နိမ့်ကျလောကရှိ ဝမ်းနည်းဖွယ်ရာများကို စဉ်းစားမိသည်။ ဤ ဘေးဆိုးတွင် လူများများ သေဆုံးလိမ့်မည်ကို သူ သိသည်။
ထိုအတွေးနှင့်အတူ လုရှန်ကျိုး လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။
“တာအိုဘိုးဘေးက မင်းကို ဘာလို့ လွှတ်ပေးလိုက်တာလဲ?”
သိုင်းသခင် ရုတ်တရက် မေးလိုက်သဖြင့် လုရှန်ကျိုး လှည့်ကြည့်လိုက်တော့ သိုင်းသခင် ထရပ်နေပြီး သူ့ကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နဂါးကိုးကောင် ရစ်ပတ်ထားသော သိုင်းသခင်၏ မျက်နှာတွင် အေးစက်သော အမူအရာ ရှိပြီး ၎င်း၏ မျက်ခုံးများကြားတွင် လူသတ်လိုသော ရာဂအငွေ့အသက်များ ရှိသည်။
သူ၏ မျက်လုံးအစုံ ကျားရဲကဲ့သို့ စူးရှပြီး လုရှန်ကျိုးကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့အမူအရာက ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေပြီး လုရှန်ကျိုး မျက်မှောင်ကြုတ်သွားသည်။
လုရှန်ကျိုးက လေးနက်သော လေသံဖြင့်.....
“သူ ဘာလို့ ကျွန်တော့်ကို လွှတ်ပေးလိုက်တယ်ဆိုတာ ဘယ်လိုသိမလဲ? ခင်ဗျား ကျွန်တော့်ကို မယုံဘူးလို့ မပြောပါနဲ့....”
သိုင်းသခင်၏ ရှေ့မှောက်တွင်ပင် လုရှန်ကျိုး အလွန် ခေါင်းမာနေသည်။ သူသည် သိုင်းနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန် အခြားသူများကို တောင်းပန်ရမည့်သူ မဟုတ်ပေ!
သိုင်းသခင်က သူ့ကို မထီမဲ့မြင်ဟန်ဖြင့်
ကြည့်ပြီး ပြောလိုက်သည်က....
“ငါ မင်းအတွက် စိုးရိမ်လို့ပါ....မင်း မသိဘူးဆိုလဲ ကိစ္စမရှိဘူး....အနာဂတ်မှာ သိုင်းနတ်ဘုရားနယ်မြေကနေ မထွက်သွားပါနဲ့တော့!”
“ဟွန့်!”
လုရှန်ကျိုး နှာခေါင်းရှုံ့လိုက်ပြီး ဝတ်ရုံကိုဟန်ပါပါ ခါလိုက်ကာ ထွက်သွားသည်။
အချိန်တွေ ကုန်ဆုံးသွားပြန်ချေပြီ.....
နှစ် ၃၀ လျင်မြန်စွာ ကုန်လွန်ခဲ့ကာ
တင်းထျန်းခေတ် ၂၇၉ ခုနှစ်တွင်.....
လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း ကျန်းချန်ရှန်း ကျင့်ကြံနေခဲ့သည်။
တစ်နေ့တွင်၊ ချန်းလီ သူ့ကို လာရောက် တွေ့ဆုံခဲ့ပြီး တစ်စုံတစ်ဦးသည် ကောင်းကင်တရားရုံးကို ကျူးကျော်ခဲ့သည်ဟု သတင်းပို့ခဲ့သည်။
ထိုသူသည် မိုပုနီပင်ဖြစ်သည်!
သူသည် ခွန်းလွန်လွင်ပြင်မှ ထွက်ခွာလိုခဲ့သော်လည်း ချန်မျိုးနွယ်စုက သူ့ကို တားဆီးခဲ့သည်။ ထို့နောက် ခွန်းလွန်လွင်ပြင်တစ်ဝိုက် လှည့်လည်သွားလာရင်း ပို၍ ပို၍ စိတ်ပျက်လာခဲ့သည်။ နောက်ဆုံးတွင်၊ ကောင်းကင်တရားရုံးကို တိုက်ခိုက်ခဲ့ပြီး တိုင်ရှီးချန်ထံတွင် ဖမ်းမိခဲ့သည်။
လက်ရှိတွင် မိုပုနီကို အကျဉ်းချထားခဲ့သည်။
“ငါ နားလည်ပြီ....စည်းမျဉ်းတွေအတိုင်းဆက်လုပ်ပါ...”
ကျန်းချန်ရှန်း၏ အသံ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ ထွက်ပေါ်လာသည်။ ချန်းလီ ထိုစကားကိုကြားသောအခါ ချက်ချင်း သက်ပြင်းချလိုက်သည်။
တာအိုဘိုးဘေးနှင့်မိုပုနီ ဆက်စပ်နေမည်ကို ကြောက်ရွံ့ခဲ့သည်။ မိုပုနီသာ တာအိုဘိုးဘေးနှင့်သိကျွမ်းခဲ့လျှင် အပြစ်ပြုမိရာကျနေပေလိမ့်မည်။
ချန်းလီ ဦးညွှတ်ပြီး ထွက်ခွာသွားသည်နှင့် ပိုင်ချီ စိတ်ဝင်စားလာပြီး မိုပုနီကို သွားတွေ့ရန် ခိုးထွက်သွားသည်။
ကျန်းချန်ရှန်းကတော့ အဆုံးအထိ မျက်လုံး မဖွင့်ဘဲ ကျင့်ကြံမှုတွင်သာ အာရုံစိုက်နေခဲ့သည်။
တာအိုစိတ်ဝိဉာဉ်ကိုယ်ပွား ပြန်လာစဉ်က သူ တွေ့ဆုံခဲ့သော အဖြူရောင် ဝတ်ရုံဝတ်ထားသူက သူ့ကို အရေးတကြီး ခံစားမှု ပေးခဲ့သည်။ထို့ကြောင့် အချိန်ကို အကောင်းဆုံး အသုံးချပြီး ကျင့်ကြံရမည်။
အခြားတစ်ဖက်တွင်မူ....
ထျန်းကျန်းတောင်၊ ဂူအတွင်း၌....
ယဲ့ကျန်း မြေပြင်ပေါ်တွင် ထိုင်နေပြီး သူ့ကို နိီဗားရားအခိုးငွေ့များ ဝန်းရံထားသည်။ ယဲ့ဘိုးဘေးက ၎င်း၏ ဘေးတွင် ပျံဝဲနေပြီး သူ၏ အမူအရာသည်လည်း အဆက်မပြတ် ပြောင်းလဲနေသည်။
အချိန်အတော်ကြာပြီးနောက်.....
ယဲ့ကျန်း မျက်လုံး ဖွင့်လိုက်ပြီး မသန့်ရှင်းသော လေကို ရှိုက်ထုတ်လိုက်သည်။ထို့နောက် သက်ပြင်းချပြီး.....
“ဘယ်လောက်တောင် အာဏာပြင်းလိုက်တဲ့ နီဗားရားပညာရပ်လဲ... အစ်ကိုရှန်ခုံး အဲ့ဒီတုန်းက ရွှမ်ဟွမ် မဟာလောကကို လွှမ်းမိုးနိုင်ခဲ့တာ အံသြနေစရာမလိုတော့ဘူး.... ကျုပ်သာ နီဗားရားပညာရပ်ကို ကျွမ်းကျင်ရင်၊ နယ်ပယ်တွေ အနှံ့ ရှင်းလင်းဖို့ မခက်ခဲတော့ဘူး။”
နီဗားရားပညာရပ်၏ နီဗားရားတစ်ခုစီကို ဖြတ်သန်းခြင်းသည် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို တိုးတက်စေနိုင်သည်။ နီဗားရားကိုးခု ပြီးနောက်၊ သူ၏ ခွန်အားသည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိလာလိမ့်မည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက် ယဲ့ကျန်း၏ ပိုမို အစွမ်းထက်လာသည့် အရှိန်က ယခင်ကထက် များစွာ ပိုမြန်သည်ဟု ခံစားခဲ့ရသည်။ သူသည် တာအိုဘိုးဘေးကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ပြီး သူ့ကို အခွင့်အရေး ပေးနေသည်ဟုပင် ယုံကြည်ခဲ့သည်။
ယဲ့ကျန်းက ယဲ့ဘိုးဘေးကို လှည့်ကြည့်ပြီး.....
“ဘိုးဘေး... ဘာလို့ ဘာမှ မပြောတာလဲ? ဒီ နှစ်အနည်းငယ်အတွင်း ဘာတွေ စဉ်းစားနေတာလဲ?”
ယဲ့ဘိုးဘေးက သူ့နောက်ကို အမြဲတမ်း လိုက်ပါခဲ့သည်။ သို့သော်သူ့တွင် စိတ်ဝိဉာဉ်သာ ရှိသောကြောင့် သာမန်နေ့များတွင် အလွန် အထီးကျန်ပြီး သူ့ကို အမြဲတမ်း စကားပြောပေးတတ်သည်။ သို့သော် ယဲ့ကျန်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေကို ရရှိခဲ့သည့်အချိန်မှစ၍ ယဲ့ဘိုးဘေးကိုလျစ်လျူရှုလာခဲ့မိသည်။
ယဲ့ဘိုးဘေးက သူ့ကို ဖြည်းညင်းစွာ ကြည့်ပြီး ....
“မကြာသေးမီက၊ ငါ စိတ်မငြိမ်မသက် ဖြစ်နေတယ်။ တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မယ်လို့ ခံစားရတယ်.... ဒီ ခံစားချက်က လွန်ခဲ့တဲ့ နှစ်သန်း ၂ သန်းက ကပ်ဘေးကို သတိရစေတယ်…”
ယဲ့ကျန်း ထိုစကားကြားသောအခါမျက်မှောင်ကြုတ်သွားသည်။
လွန်ခဲ့သော နှစ်သန်း ၂ သန်းက ရှေးဟောင်းဂိုဏ်းများက အောက်ဘုံရှိ ကောင်းကင်မြစ်၏ မူလအစကို ဖျက်ဆီးခဲ့သည်။ ထို့နောက် နှစ်များတစ်လျှောက် ဖျက်ဆီးခံရပြီးနောက် ရှေးဟောင်းဂိုဏ်းများ လျင်မြန်စွာ အားကောင်းလာပြီး ရွှမ်ဟွမ် မဟာလောကကို တိုက်ခိုက်ခဲ့သည်။ ၎င်းကို သိုင်းတာအို၏ မဟာကပ်ဘေးဟု လူသိများသည်။
ထိုကပ်ဘေးတွင် သေဆုံးသူ အရေအတွက်ကို လုံးဝ တွက်ချက်၍ မရနိုင်ပေ။ သိုင်းနတ်ဘုရားနယ်မြေပင် ချိုးဖောက်ခံခဲ့ရသည်။ သို့သော် နောက်ဆုံးတွင်၊ ရှေးဟောင်းဂိုဏ်းများ ကျရှုံးခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ယနေ့တိုင်အောင် မှောင်ရိပ်များထဲတွင်သာ ပုန်းအောင်းနေနိုင်ပြီး လမ်းပေါ်ရှိ ကြွက်များသဖွယ် ဖြစ်လာခဲ့သည်။
ယဲ့ကျန်းကလည်း စူးစမ်းလိုစိတ်ဖြင့် မေးသည်။
“တာအိုဘိုးဘေးက ရွှမ်ဟွမ် မဟာလောကကို စစ်ပွဲ စတင်တော့မယ်လို့ ထင်သလား?”
သူသည် ရွှမ်ဟွမ် မဟာလောကမှ လာသော်လည်း ယဲ့ကလန် ဖျက်ဆီးခံရပြီးနောက် ၎င်းအပေါ် ကောင်းသော အထင်အမြင် မရှိပေ။
ယဲ့ဘိုးဘေးက...... “ခွန်းလွန်လွင်ပြင်ရဲ့ လက်ရှိ တိုးတက်မှုအရ၊ ဒါဟာ သိုင်းတာအိုကပ်ဘေး ဖြစ်ပေါ်လာတာထက် အများကြီး ပိုပါတယ်.....ငါ စိုးရိမ်တာက တာအိုဘိုးဘေး ပေါ်ထွက်လာတာနဲ့၊ သိုင်းနတ်ဘုရားနယ်မြေရဲ့ အားနည်းချက်ကို မြင်နိူင်တဲ့အတွက် အဲ့ဒီ ရှေးဟောင်း တည်ရှိမှုတွေကို မှောင်ရိပ်ထဲကနေ ဆွဲထုတ်လာလိမ့်မယ်.....”