ပြဿနာရှာလာသော ချင်နှင့်၀မ် မျိုးနွယ်စုနှစ်စု
Vol. 14 Ch. 140
ဟွမ်ပူမျိုးနွယ်စုမှာ ခေါင်းဆောင်အပါအဝင် လူငယ်နှစ်ဦး ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
“သူ့ကို အဲဒီလို ရင်းရင်းနှီးနှီး မခေါ်စမ်းပါနဲ့၊ ချင်းကျူက နင့်ကို စိတ်မဝင်စားဘူး”
ဟွမ်ပူကျင်းက အနည်းငယ် မျက်မှောင်ကြုံ့လိုက်မိပြီး သူမဘေးနားရှိ လူငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။ ဤမာနကြီးလှသော ညီအစ်ကိုဝမ်းကွဲကို သူမ အမှန်တကယ် စိတ်ပျက်နေမိကာ သူမ၏ မျက်နှာပေါ်တွင် မကျေနပ်ဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
အနက်ရောင်ဝတ်စုံနှင့် ထိုလူငယ်လေးက ဟွမ်ပူကျင်းကို ဒေါသတကြီး စိုက်ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်ပြီး သူ၏ လေသံတွင် အနိုင်ယူလိုစိတ် ပြင်းပြသော ခံစားချက်များ ပါဝင်နေသည်။
“နောင်တစ်ချိန် ပြည်ထောင်တစ်ရာတိုက်ပွဲမှာ ငါ့ကိုယ်ငါ သေချာပေါက် ထင်ရှားကျော်ကြားအောင် လုပ်ပြမယ်။ အဲဒီအခါကျရင် မဟာဂိုဏ်းကြီးတစ်ခုက ငါ့ကို မုချ လက်ခံမှာဘဲ၊ အဲဒီအချိန်ကျရင် ချင်းကျူကို လိုက်ဖို့ ငါ အရည်အချင်းပြည့်မီပြီ”
“အနည်းဆုံးတော့နင် မျိုးစေ့ရွေးချယ်ပွဲကို အရင် အောင်မြင်အောင် လုပ်ပါအုံး” ဟွမ်ပူကျင်းက မျက်လုံးလှန်၍ မထီမဲ့မြင် ပြန်ပြောလျုက်သည်။
ဟွမ်ပူယင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်ကာ “ဟားဟား၊ မျိုးစေ့ရွေးချယ်ပွဲဆိုတာ ဘာများ ခက်လို့လဲ။ ငါ့ရဲ့ အရည်အချင်း၊ စွမ်းရည်နဲ့ဆိုရင် ဝူယွမ်ကို တွေ့ရင်တောင် ငါ အနိုင်ချေမှုန်းနိုင်တယ်” မိမိကိုယ်ကို ယုံကြည်မှု အပြည့်အ၀နှင့် ပြောဆိုနေခဲ့သည်။
သူက ဟွမ်ပူမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး စွမ်းရည်ဖြစ်သည့် မှောင်မည်းအရိပ် ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ့ထက် အဆင့်များစွာ မြင့်မားသော ရန်သူပင် သူ့လက်ထဲ ကျဆုံးနိုင်သည်။ ထိုအချက်ကဘဲ သူ့ကို အတော်လေး မာန်တက်စေခဲ့သည်။
ဟွမ်ပူကျင်းက သူ့ကို လျစ်လျူရှုထားလိုက်သည်။ တစ်ခါတစ်ရံတွင် သူမက ဤညီအစ်ကိုဝမ်းကွဲကို အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်ရသည်။ ထိုမျှ အစွမ်းထက်သော အရည်အချင်းကို ပိုင်ဆိုင်ထားပါလျက် အဘယ်ကြောင့် လူမိုက်တစ်ဦးကဲ့သို့ ပြုမူနေသည်ကို သူနားမလည်ပေ။
သူက ဝူယွမ်ကို ရှင်းပစ်ချင်သည်တဲ့လား။ လင်းလန်တျန်းကဲ့သို့သော အင်အားကြီးသူပင် ဝူယွမ်လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
လင်းဖန်၊ ဖုရီတောင် နှင့် အခြား ဂိုဏ်းအကြီးအကဲများကပင် ဝူယွမ်ကို အလွန်လေးစားစွာ ဆက်ဆံကြသည်။
ဟွမ်ပူယင်းအနေဖြင့် သူ၏ မှောင်မည်းအရိပ် စွမ်းရည်သက်သက်ဖြင့် ဝူယွမ်ကို ခြိမ်းခြောက်နိုင်မည်ဟု တွေးထင်နေခြင်းမှာ ရိုးရိုးသားသား ပြောရလျှင် မိုက်မဲမှုသက်သက်သာ ဖြစ်သည်။
“ဝမ်မျိုးနွယ်စုက လူတွေ ရောက်လာပြီ”
“ချင်မျိုးနွယ်စုက လူတွေလည်း ရောက်လာပြီ”
ရုတ်တရက် လူတစ်ဦးက အော်ဟစ်လိုက်သည်။ ရွှေရောင်အလင်းတန်းက ကောင်းကင်ယံကို ဖြတ်၍ လျင်မြန်စွာ ဖြတ်သန်းသွားကာ ပုံပန်းသဏ္ဌာန်လေးခု အတူတကွ ဆိုက်ရောက်လာခဲ့ကြသည်။
၀မ်နဲ့ချင် မျိုးနွယ်စုကို သက်လက်ပိုင်း အရွယ်အမျိုးသား နှစ်ဦးကဦးဆောင်လာခဲ့သည်။
တစ်ဦးမှာ လက်မောင်းဗလကြီးကာ၊ ကြမ်းတမ်းသော ပုံပန်းရှိသော်လည်း မျက်လုံးထဲမှ အံဩဖွယ ထက်မြက်မှုနှင့် မာန်မာနတို့ ထွက်ပေါ်နေကာ နိဗ္ဗာန်အဆင့် စွမ်းအား ပိုင်ဆိုင်ထားကြောင်း သိသာသည်။ သူက ဝမ်မျိုးနွယ်စု၏ ခေါင်းဆောင်၊ ဝမ်လေဘဲ ဖြစ်သည်။
နောက်တစ်ဦးမှာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများကို နောက်သို့ စုစည်းထားသဖြင့် အနည်းငယ် ကြော့ရှင်းနေပုံရသည်။ သူက ခေါက်ချိုးပန်ကာကို လက်ထဲတွင် ကိုင်ထားပြီး မျက်လုံးများက အနည်းငယ် ကျင်းမြှောင်းနေသော်လည်း သူ့မျက်ဝန်းနက်များတွင် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပါ၀င်နေသည်။
ထိုလူသည်လည်း နိဗ္ဗာန်အဆင့်တွင် ရှိပြီး ချင်မျိုးနွယ်စု၏ ခေါင်းဆောင်၊ ချင်ချွမ်ဘဲ ဖြစ်သည်။
ဝူယွမ်က သက်လက်ပိုင်း အမျိုးသားနှစ်ဦးကို ခဏျာ အကဲခတ်ပြီးနောက် သူတို့၏နောက်မှ ပါလာသည့် လူငယ်နှစ်ဦး ကို ကြည့်လိုက်သည်။
အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးက တည်ငြိမ်သော အမူအရာရှိကာ ရိုးရှင်းလွန်းပြီးသာမန်ပုံစံ ပေါက်နေကာ လင်းတုန်လက်ချက်ဖြင့် အသတ်ခံခဲ့ရသော ဝမ်ယန် နှင့် အနည်းငယ် ဆင်တူသည်။
သူက ဝမ်ယန်၏ အစ်ကိုကြီး ဝမ်ကျုံး ဖြစ်နိုင်သည်။
သူ၏ ဖခင်ကဲ့သို့ပင် ထက်မြက်မှုနှင့် လွှမ်းမိုးချုပ်ကိုင်လိုသော စိတ်ဓာတ်တို့က သူ့ထံမှ ပေါ်ထွက်နေပြီး သူက ကူးပြောင်းခြင်း အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ေနာက်ထပ် တစ်ယောက်ကတော့ အမျိုးသမီးဘဲဖြစ်သည်။ ထိုလူငယ်အမျိုးသမီးကို ပထမတစ်ချက်ကြည့်လိုက်ယုံနှင့် ချင်ရှီနှင့် ဆင်တူနေကာ သူမက ချင်ရှီ၏ အမျိုးသမီးပုံစံ ကဲ့သို့ဖြစ်သည်။ သူမ၏ ရင်သားကောက်ကြောင်းကသာ သူမသည် အမှန်တကယ် အမျိုးသမီးဖြစ်ကြောင်း သက်သေပြမနေခဲ့ပါက ချင်ရှီ ပြန်လည် အသက်ဝင်လာသည်ဟုပင် ဝူယွမ် ထင်မိမလို ဖြစ်ခဲ့သည်။
ပတ်ဝန်းကျင်မှ လူအများ၏ တီးတိုးစကားသံများအရ ဝူယွမ်က သူမ၏ မူလအမည်ကို သိလိုက်ရသည်- ချင်ရှီ၏ အစ်မကြီး ချင်ဖန်း ဘဲဖြစ်သည်။
မျိုးနွယ်စုနှစ်စု ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့၏ အကြည့်များက လူများ၏ ဗဟိုတွင် ဝန်းရံခံထားရသော ဝူယွမ်နှင့် လင်းတုန်ထံသို့ ချက်ချင်း ကျရောက်လာခဲ့သည်။
သူတို့ လေးဦးစလုံး၏ မျက်လုံးအကြည့်များထဲတွင် အအေးဓာတ်တစ်မျိုးနှင့် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တို့ ပါရှိနေသည်။ ချင်နဲ့၀မ် မျိုးနွယ်စုနှစ်ခုကတော့ ဝမ်ယန်နှင့် ချင်ရှီတို့၏ သေဆုံးမှုကို အလွယ်တကူ လျစ်လျူရှုထားမည် မဟုတ်ဘဲ ကလဲ့စားချေရန် ပြင်ဆင်လာပုံရသည်။
“ဝမ်မျိုးနွယ်စုနဲ့ ချင်မျိုးနွယ်စု ပူးပေါင်းပြီး လာတာက သူတို့ ကြိုတင်စီစဉ်ထားတယ်ဆိုတာ ပြနေတာဘဲ။ သူတို့ ဒါကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘဲ ဝမ်ယန်နဲ့ ချင်ရှီအတွက် ကလဲ့စားချေဖို့အထိပါ ရည်ရွယ်ပြီး အဖွဲ့ဖွဲ့လာတာလို့ ငါထင်တယ်။ မင်းတို့ သတိထားဖို့ လိုလိမ့်မယ်” လင်းဖန်က တီးတိုး သတိပေးလိုက်သည်။
“အစ်ကိုကြီး၊ သူတို့က အခုထိ မကျေနပ်သေးပုံဘဲ။ ပြဿနာ အရှုပ်အထွေးတွေကို ရှောင်ရှားဖို့ သူတို့အားလုံးကို ရှင်းပစ်လိုက်ရမလား”
လင်းတုန်သည်လည်း ထိုလူလေးဦး၏ အကြည့်များကို အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူ၏ အရှိန်အဝါက တည်ငြိမ်နေပြီး ဝူယွမ်ထံ ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်လိုက်သည်။
“သူတို့ ဘယ်လို ပြုမူမလဲဆိုတာကို စောင့်ကြည့်ရအောင်။ သူတို့ တကယ် ပြဿနာရှာလာရင်တော့ မြက်ပင်ကို ခုတ်ပြီး အမြစ်ကပါ ဆွဲနုတ်ရုံပဲ ရှိတော့မယ်” ဝူယွမ်က ခေါင်းညိတ်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။ သူ၏ အသံထဲတွင် မာန်ပါသောအဆုံးအဖြတ်တို့ ပါဝင်နေသည်။
ချင်ရှီနှင့် ဝမ်ယန်တို့မှာ သြဇာကြီးမားသော မျိုးနွယ်စုများမှ ဆင်းသက်လာသည့် အဖျက်သမား သခင်လေးနှစ်ဦးသာ ဖြစ်သည်။ ၎င်းတို့က ဝူယွမ်ကို စတင် စိန်ခေါ်ခဲ့ကြသောကြောင့် ဝူယွမ်က သူတို့ကို သတ်ပစ်လိုက်သည်။ ထိုမျှ ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ သူတို့၏ မျိုးနွယ်စုနှစ်စုသာ ဆက်လက်၍ မိုက်မဲစွာ ပြုမူနေပါက ဝူယွမ်က သူတို့အားလုံးကို သုတ်သင်ရှင်းလင်းရန် အင်အားအချို့ အသုံးပြုရမည်ကို နှမျောနေမည် မဟုတ်ပေ။
ဝမ်လေနှင့် ချင်ချွမ်တို့က ဝူယွမ်တို့ဆီ လျှောက်လာကြပြီး သူတို့၏ ခြေသံများက နန်းတော်ကြမ်းပြင်ပေါ်တွင် ပဲ့တင်ထပ်လာသည်။ “ဝူယွမ်၊ မင်း ငါ့သား ယန်အာကို သတ်ခဲ့တယ်။ ဒီအဖိုးကြီးကို ရှင်းပြချက်တစ်ခု ပေးဖို့ မသင့်ဘူးလား”
“ငါ့သား ရှီအာကိုရောပဲ။ ဝူယွမ်၊ လင်းတုန်၊ မင်းတို့နှစ်ဦးစလုံး ရှင်းပြချက် ပေးကိုပေးရမယ်”
နန်းတော်အတွင်းရှိ လူအားလုံး တိတ်ဆိတ်သွားကြပြီး ထိုနှစ်ဖက်ကို အချို့က စူးစမ်းလိုစိတ်၊ အချို့က မျှော်လင့်ချက်ဖြင့်ပင် စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက အဖြစ်အပျက်အပေါ် လုံး၀ အာရုံစိုက်နေကြသည်။
နောက်ဆုံးတွင် ဝမ်မျိုးနွယ်စုနှင့် ချင်မျိုးနွယ်စုတို့က လှုပ်ရှားမှု စတင်တော့မည် ဖြစ်သည်။
ယခင်က ဝူယွမ် ဝမ့်လွန်ပြည်နယ်သို ရောက်ရှိလာစဉ်က အရည်အချင်းရှိသော လူငယ်မျိုးဆက်များ ဆုံးရှုံးခဲ့ရသည့် မျိုးနွယ်စုသုံးစုက ဝူယွမ်အပေါ် မည်သို့ တုံ့ပြန်မည်ကို လူအများက တွေးတောခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲ လင်းမျိုးနွယ်စုက ချက်ချင်း အလျှော့ပေးလိုက်ပြီး ဝူယွမ်နှင့် မဟာမိတ်ပါ ဖွဲ့ခဲ့သည်။
ဤအရာက ဝမ်မျိုးနွယ်စုနှင့် ချင်မျိုးနွယ်စုတို့ကို အလွန် အခြေပျက်သွားစေခဲ့သည်။
ရွေးချယ်စရာမရှိသည့်အဆုံး မျိုးနွယ်စုနှစ်စုက တိုင်ပင်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မျိုးစေ့ရွေးချယ်ပွဲအတွင်း ဝူယွမ်ကို အခက်တွေ့စေရန် မျှော်လင့်ခဲ့ကြသည်။
“ရှင်းပြချက်လား”
ဝူယွမ်က နှုတ်ခမ်း မဲ့ကာ လှောင်ပြုံးဖြင့် ပြန်ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်သော သရော်ပြုံးတစ်ခု ပေါ်နေသည်။
“သူတို့နှစ်ဦးစလုံးကို သူတို့ရဲ့ နောက်ထပ် ဘဝမှာ ပိုပြီး သတိထားဖို့ ငါ ရှင်းပြပြီးသားပါ”
ဝမ်လေက ဒေါသတကြီး လက်သီးဆုပ်လိုက်ပြီး ချင်ချွမ်သည်လည်း သူ၏ ခေါက်ချိုးပန်ကာကို ပို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီး သူတို့၏ အသက်ရှူသံများ မြန်ဆန်လာသည်။
ဝမ်ကျုံးက ရုတ်တရက် သွေးနီရောင် လှံရှည်တစ်ခုကို ထုတ်ယူကာ ဝူယွမ်ကို ချိန်ရွယ်လျက် “ဝူယွမ်၊ မင်း တကယ်ပဲ ငါတို့ မျိုးနွယ်စုနှစ်စုကို အလွယ်တကူ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား” ဟု ကြိမ်းမောင်းလိုက်သည်။
“ဟုတ်တယ်၊ ငါ ထင်တယ်”
ဝူယွမ်က အလေးအနက် ခေါင်းညိတ်လိုက်သည်။ သူ၏ အသံက လုံးဝ လေးနက်ပြီး တည်ကြည်နေသည်။
သြူ စိတ်ထဲတွင် အလွန် မထီမဲ့မြင် ပြုနေသည်။ ရှေးဟောင်းကျောက်တိုင်အနီးတွင် မျိုးနွယ်စုသုံးစု၏ သူ့အပေါ်ထားသည့် သဘောထားမှာ ရှင်းလင်းသည်။ ဝူယွမ် အမှန်တကယ် အင်အားအချို့ မပိုင်ဆိုင်ခဲ့လျှင် ထိုနေရာတွင် သွေးစွန်းရမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။
လေထုက ချက်ချင်း တင်းမာလာခဲ့သည်။ ဝူယွမ်က ဝမ်နှင့် ချင်မျိုးနွယ်စုတို့၏ ခြိမ်းခြောက်မှုများကို လုံးဝ ဂရုမစိုက်ဘဲ ရှိနေသည်။ မျိုးနွယ်စုနှစ်စုကလည်း ဝူယွမ်က ဤမျှ ခေါင်းအာလိမ့်မည်ဟု မျှော်လင့်မထားကြပေ။
စကားများက ဤအဆင့်ထိ ရောက်ရှိလာပြီဖြစ်သောကြောင့် ဝမ်နှင့် ချင်မျိုးနွယ်စုတို့သာ အရေးယူဆောင်ရွက်မှု မလုပ်ပါက သူတို့ မျက်နှာပျက်ရတော့မည် ဖြစ်သည်။
“ဝူယွမ်၊ မင်း ငါတို့နှစ်ယောက်ကို ရင်ဆိုင်နိုင်မယ်လို့ ထင်တာလား။ မင်းရဲ့ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် အဆင့်လေးနဲ့ ကောင်းကင်ကို ဆန့်ကျင်နိုင်မယ်လို့ ငါ မထင်ဘူး။ နိဗ္ဗာန်အဆင့်ရဲ့ စွမ်းအားကို မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
ဝမ်လေက ချက်ချင်းပင် အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ နိဗ္ဗာန်အဆင့် ဖိအားကြောင့် လက်ရှိ လူငယ်မျိုးဆက်အားလုံးသည် အသက်ရှုကျပ်သလို ခံစားလိုက်ကြရသည်။
“ဝမ်လေ၊ မင်းက ငါတို့ ကောင်းကင်ဓားကျောင်းတော်မှာ လူမရှိဘူးလို့ ထင်နေတာလား” ဖူရီတောင်းက သူ၏ နောက်ကျောမှ ခန့်ညားသော ဓားကို ချက်ချင်း ချွတ်လိုက်ပြီး ဝမ်လေကို ပြင်းထန်ပြှး၊ လွှမ်းမိုးချုပ်ကိုင်သော အရှိန်အဝါဖြင့် ရင်ဆိုင်လိုက်သည်။ သူ၏ အသံက မာန်အပြည့်ဖြစ်ကာ ကျယ်လောင်ေနသည်။
“ဟမ့်” ချင်ချွမ်သည်လည်း ရှေ့သို့ တက်လာကာ ၀မ်လေနှင့်အတူ သူ၏ အစွမ်းထက်သော အရှိန်အဝါဖြင့် ဖုရိတောင်းကို ဖိအားပေးလိုက်သည်။
“ညီလေး ဝမ်လေ၊ ညီလေး ချင်ချွမ်၊ ရန်ငြိုးကို ပြေငြိမ်းအောင် လုပ်တာက ရန်ငြိုးဖန်တီးတာထက် ပိုကောင်းပါတယ်။ အထူးသဖြင့် မင်းတို့ရဲ့ သားတွေက ဝူယွမ်ကို အရင် စော်ကားခဲ့တာဘဲလေ” လင်းဖန်သည်လည်း ဖူရီတောင်းနှင့်အတူ ရပ်တည်ရင်း အကူအညီမဲ့စွာ ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် တစ်ဦးနှင့် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ သုံးဦးတို့၏ စုပေါင်းအရှိန်အဝါကြောင့် ထိုနေရာတစ်ခုလုံးက အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ဝမ်လေက “လင်းဖန်၊ မင်း အဖိုးကြီး လိပ်အိုကြီး၊ ဒီကိစ္စကနေ ဖယ်နေစမ်းပါ။ မင်း လင်းလန်တျန်းအတွက် လက်စားမချေတာ ထားပါတော့၊ ဒါပေမဲ့ သူ့ကို သတ်တဲ့သူကို ဒီလောက်တောင် ကြင်နာစွာ ဆက်ဆံရဲတယ်ပေါ့။ လင်းမျိုးနွယ်စုတစ်ခုလုံးမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာမှာကို မင်း မကြောက်ဘူးလား” ဟု ကြိမ်းမောင်းလိုက်ပြီး သူ၏ မျက်လုံးများက စူးရှနေခဲ့သည်။
ချင်ရှီက “ငါ မင်းတို့ နှစ်ယောက်လုံးကို ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ အကြံပေးတယ်။ ဒါက ငါတို့ မျိုးနွယ်စုနှစ်စုနဲ့ ဝူယွမ်၊ လင်းတုန်တို့ ကြားက ရန်ငြိုးပါ။ မင်းတို့ ဆက်ပြီး ဝင်ပါဖို့ အတင်းအကျပ် လုပ်မယ်ဆိုရင် ငါတို့ မျိုးနွယ်စုနှစ်စုရဲ့ ရန်သူတွေ ဖြစ်လာလိမ့်မယ်”
ဝူယွမ်က စိတ်အေးလက်အေး ရှိနေကာ စိုးရိမ်ပူပန်မှု နည်းနည်းမှမရှိဘဲ အဖိုးကြီးလေးဦး၏ အငြင်းပွားမှုကို တိတ်တဆိတ် ေစာင့်ကြည့်နေခဲ့သည်။ သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်နေချေ။
ဝမ်နှင့် ချင်မျိုးနွယ်စုတို့က ဝူယွမ်ကို သတ်ပစ်ရန်အတွက် အကြွင်းမဲ့ ယုံကြည်မှုနှင့် ခွန်အား ရှိခဲ့လျှင် သူတို့က ကြာမြင့်စွာကတည်းက လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သည်။ သူတို့က ကလဲ့စားချေရန်အတွက် ယခုအချိန်အထိ ဆွဲဆန့်နေမည် မဟုတ်ပေ။
“ဝမ်ယန်နဲ့ ချင်ရှီတို့က ငါ့ကို အရင်သတ်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲ့တော့ ငါလည်း ထိုင်နေပြီး အသတ်ခံနေမှာ မဟုတ်ဘူး။ ငါ သူတို့ကို သတ်ခဲ့ပြီးပြီ။ မင်းတို့ မျိုးနွယ်စုနှစ်စု တကယ်ပဲ ကလဲ့စားချေချင်ရင်တော့ ရှေ့ဆက်ပြီး လှုပ်ရှားလိုက်ပါ။ ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာတွေကို စဉ်းစားပါ။ တစ်ကြိမ် လုပ်ဆောင်လိုက်တာနဲ့ နောက်ပြန်လှည့်စရာ နေရာ ရှိတော့မှာ မဟုတ်ဘူး”
ဝူယွမ်သည် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ နှစ်ဦးကို လျစ်လျူရှုထားဆဲဖြစ်ပြီး လုံး၀ဂရုမစိုက်သော လေသံဖြင့် ကြေညာလိုက်သည်။ သူ၏ လေသံက စမ်းကြည့်လေ ဆိုသည့် စိန်ခေါ်ခုများအပြည့်နှင့်ပင်။
“မင်း” ဝမ်လေနှင့် ချင်ရှီတို ဒေါသထွက်သွားကြပြီး ကလဲ့စားမချေဘံ မနေနိုင်လောက်အောင် ဖြစ်လာကာ သူတို့၏ ခန္ဓာကိုယ်များပင် တုန်ယင်လာခဲ့သည်။
“ချလပ်”
ဤအခိုက်အတန့်တွင် ခေါင်းလောင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လက်နက်အပြည့်အစုံဖြင့် ပြင်ဆင်ထားသော အဆင့်မြင့် တပ်ဖွဲ့များက နန်းတော်၏ လေးဘက်လေးလံကို ချက်ချင်း ဝန်းရံလာကြပြီး ပွဲကျင်းပရာနေရာကို လုံးဝ ပိတ်ဆို့လိုက်သည်။
“ဟားဟား၊ အနှစ်နှစ်ဆယ်ကြာ မတွေ့ရတာတောင်၊ မင်းတို့အားလုံးက အရင်ကလို ခန့်ညားထည်ဝါနေဆဲဘဲ”
ကြည်လင်၊ ရွှင်လန်းသော ရယ်မောသံတစ်ခုက ဝင်ပေါက်မှ ထွက်ပေါ်လာပြီးနောက် လူအများအပြား အုပ်စုလိုက် ဝင်ရောက်လာကြသည်။ ၎င်းတို့ကို ဦးဆောင်လာသူမှာ ဆံပင် အဖြူအမည်း ရောနေသော သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူက နဂါးပုံပါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မမြင်ရသော ခိုင်မာသည့် မြင့်မြတ်ခြင်း ခံစားချက်ကို ထုတ်လွှတ်နေသည်။
ထိုသို့သော ရာထူးမြင့်မားမှုမှ လာသော အရှိန်အဝါသက လင်းဖန်၊ ဝမ်လေနှင့် အခြား မျိုးနွယ်စုခေါင်းဆောင်များ၏ အရှိန်အဝါထက် များစွာ ပိုမို ခန့်ညားထည်ဝါသည်။
သူကား မဟာယန်မင်းဆက်၏ အုပ်စိုးရှင်၊ ဧကရာဇ်၊ မိုကျင့်ထျန်းဘဲ ဖြစ်သည်။
“ဧကရာဇ်မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က တကယ်ပဲ ပိုပြီး ခိုင်မာတယ်။ ဒီ မိုကျင့်ထျန်းက နိဗ္ဗာန်အဆင့် စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ပြီးလောက်ပြီ”
ဝူယွမ်၏ အကြည့်က အနည်းငယ် ပိုမိုလေးနက်လာသည်။ မိုကျင့်ထျန်းထံမှ သူက သိမ်မွေ့သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ နိဗ္ဗာန်အဆင့် အဆင့်တစ် ကျွမ်းကျင်သူတစ်ဦးက နောက်ဆုံးတွင် သူ့အား ဖိအားအချို့ ပေးလာပီ ဖြစ်သည်။
ရှေ့ကလူများကဲ့သို့ လူငယ်တစ်ဦးက မိုကျင့်ထျန်းနောက်မှ ကပ်၍ လိုက်ပါလာသည်။
ဝူယွမ်၏ အကြည့်က မိုကျင့်ထျန်းကို ကျော်လွန်သွားကာ ထိုလူငယ်ကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများ လင်းလက်လာသည်။ သူက ကြည့်ကြည့်ခြင်း အလွန် ချောမောလှပသော လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။
ဟုတ်ပါသည်။ အလွန် လှပသည်။
သူက အစိမ်းရောင်ဝတ်ရုံနှင့် အလွန်ပင် ခန့်ညားချောမောသော ပုံပန်းရှိသည်။ ယခင်က မိန်းမလိုလို ချင်ရှီပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။
သူ၏ မျက်နှာသွင်ပြင်နှင့် ရုပ်ရည်က ကျန်းရွှယ်နှင့် မုချန်ချန် ကဲ့သို့သော ရင်သပ်ရှုမောဖွယ် အမျိုးသမီးများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
သူက လက်ရှိတွင် ဝူယွမ်၏ ဆွဲဆောင်နိုင်စွမ်းကို ခြိမ်းခြောက်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ထိုအခိုက်အတန့်တွင် လူတိုင်း လက်အုပ်ချီ၍ ဂါရဝပြုလိုက်ကြသည်။
“အို၊ မင်းတို့အားလုံး ဘာတွေ ဖြစ်နေကြတာလဲ။ မင်းတို့ အချင်းချင်း စပြီး တိုက်ခိုက်ကြမယ်ဆိုရင် ငါ့ရဲ့ နန်းတော်ကြီး ပြိုကျကုန်လိမ့်မယ်”
နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူ လေးဦးတို့သည် တိုက်ခိုက်တော့မည့် အခြေအနေကို မြင်သောအခါ မိုကျင့်ထျန်း၏ အမူအရာက လေးနက်လာပြီး သူ၏ အသံတွင် သတိပေးမှုအရိပ်အယောင်များ ပါဝင်သည်။
“တစ်ခုခု ရှိရင် ဆွေးနွေးလို့ရပါတယ်။ ဓားတွေ၊ လှံတွေနဲ့ ဖြေရှင်းဖို့ မလိုပါဘူး”
“အရှင်မင်းကြီး၊ ဒီ ဝူယွမ်က ကျွန်တော့်သား ဝမ်ယန်ကို သတ်ခဲ့တယ်၊ ချင်မျိုးနွယ်စုက ချင်ရှီကိုလည်း သတ်ခဲ့တယ်။ ကျွန်တော်တို့ ဒီကိစ္စကို လုံးဝ လက်ခံနိုင်စရာ မရှိဘူး၊ ဝူယွမ်က အပြစ်ဒဏ်ကို ခံရမှ ရမယ်”
ဝမ်လက ဝူယွမ်နှင့် အခြားသူများကို ဖိအားပေးရန်အတွက် မိုကျင့်ထျန်းကို အသုံးချလိုသော မျှော်လင့်ချက်ဖြင့် သူ့အား လှည့်၍ ပြောလိုက်သည်။
“အို၊ မျိုးနွယ်စုခေါင်းဆောင် နှစ်ဦးက ဘာကို ဆိုလိုချင်တာလဲ”
မိုကျင့်ထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သူသည် ဤကိစ္စကို သဘာဝအတိုင်း သိထားသော်လည်း ဤမျိုးနွယ်စုနှစ်စုက အချိန်အတော်ကြာမှ ကလဲ့စားချေရန် စဉ်းစားကြသဖြင့် သူတို့၏ အစီအစဉ်သည် မည်သို့ဖြစ်မည်ကို သူ သိချင်နေမိသည်။
“ကျွန်တော့်သားကလည်း အရင်ဆုံး အမှားလုပ်ခဲ့တာမို့ အပြစ်အားလုံးက ဝူယွမ်ပေါ်မှာပဲ ရှိတာ မဟုတ်ပါဘူး။ နိဗ္ဗာန်ဆေးလုံးတွေနဲ့ လျော်ကြေးပေးရုံပါဘဲ” ဝမ်လေက အခွင့်ကောင်းယူပြီး သူ၏ စိတ်ကူးကို ထုတ်ဖော်ပြောဆိုလိုက်သည်။
သူတို့က ဝူယွမ်ကို သတိထားနေကြသော်လည်း သူ့ကို အလွယ်တကူ လက်လွှတ်မပေးလိုသောကြောင့် သူ့ထံမှ နိဗ္ဗာန်ဆေးလုံးအချို့ကို အတင်းအဓမ္မ ရယူလိုကြခြင်း ဖြစ်သည်။
ယခုအခါ မဟာယန်မင်းဆက်တစ်ခုလုံးက ဝူယွမ်သည် မဟာရှေးဟောင်းကျောက်တိုင်ကို ရရှိထားကြောင်း သိရှိထားကြပြီး ထိုကျောက်တိုင်အတွင်း၌ ဆေးလုံးတောင်များ ရှိနေသည်ကိုလည်း သိထားကြသည်။
လက်ရှိ နန်းတော်ထဲရှိ လူတိုင်း ဝမ်လေကို ထူးဆန်းစွာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် လောဘအရိပ်အယောင်များ ပေါ်လာခဲ့သည်။
“အော် ဒီလိုလား၊ ဒါသူစောင့်နေတဲ့ သူရဲ့စီမံကိမ်းကြီးပေါ့” ဝူယွမ်မှာ မရယ်မိဘဲ မနေနိုင်ခဲ့။
“အမ်… ညီလေး ဝမ်လေက လျော်ကြေးအနေနဲ့ နိဗ္ဗာန်ဆေးလုံး ဘယ်နှစ်လုံး လိုချင်တာလဲ။ တစ်သောင်းလား” မိုကျင့်ထျန်းက မေးမြန်းမိလိုက်သည်။
“ဟားဟား၊ အရှင်မင်းကြီးက နောက်နေတာပါ။ ဝမ်ယန်က ကျွန်တော့်ရဲ့ သွေးသားရင်း သားအရင်းပါ”
ဝမ်လေက လက်နှစ်ချောင်းကို ကန့်လန့်ဖြတ် မြှောက်လိုက်ပြီး “ကျွန်တော် တစ်သိန်း လိုချင်ပါတယ်” ဟု အားမာန်အပြည့်ဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး၊ ဒီအဖိုးကြီးက တကယ်ပဲ ရဲတင်းလွန်းတယ်။ နိဗ္ဗာန်ဆေးလုံး တစ်သိန်းတောင် တောင်းရဲတယ်” လင်းတုန်က ဒေါသတကြီး ပြောလိုက်သည်။ သူ၏ မျက်နှာက ဒေါသကြောင့် ရဲရဲနီနေပီဖြစ်သည်။
“စိတ်မလှုပ်ရှားပါနဲ့။ ငါ ပေးမပေးဆိုတာ ငါ့ရဲ့ သဘောတူညီချက်အပေါ် မှာဘဲမူတည်တယ်” ဝူယွမ်က လင်းတုန်၏ ပခုံးကို ပုတ်ကာ စိတ်လျှော့ခိုင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် မိုကျင့်ထျန်းနှင့် အခြားသူများအားလုံးက ဝူယွမ်ကို ကြည့်နေကြသည်။
“ဝူယွမ်၊ မင်း နိဗ္ဗာန်ဆေးလုံး နှစ်သိန်း ထုတ်ပေးသရွေ့ ငါ့ရဲ့ ဝမ်မျိုးနွယ်စုနဲ့ ချင်မျိုးနွယ်စုတို့က မင်း ငါ့သားနဲ့ ချင်ရှီကို သတ်ခဲ့တဲ့ ကိစ္စကို လွှတ်ပေးလိုက်မယ်” ဝမ်လေက ကျယ်လောင်စွာ ကြေညာလိုက်သည်။
“မင်းတို့ ရပ်တော့မှာ မဟုတ်ဘူးလား။ အဖိုးကြီး၊ တစ်ယောက်တည်း ပြဇာတ်ခင်းရတာ တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းနေတာလား”
ဝူယွမ်သည် ဝမ်လေးကို မထီမဲ့မြင် ကြည့်ကာ နှုတ်ခမ်းကို မဲ့လိုက်သည်။ သူ၏ အသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
“မူလက သူတို့ကို သတ်ပြီးရင် မင်းတို့ မျိုးနွယ်စုနှစ်စုကို ငါ ထပ်ပြီး လိုက်လံနှောင့်ယှက်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ မျက်နှာပြောင်တိုက်မှုက အရမ်းလွန်လာပြီ အဲဒီလိုဆိုရင်တော့ ငါ ရိုင်းပြတာကို အပြစ်မတင်နဲ့။ မင်းတို့ မျိုးနွယ်စုနှစ်စုက ငါ့ကို တောင်းပန်ဖို့အတွက် နိဗ္ဗာန်ဆေးလုံး နှစ်သိန်းစီ ထုတ်ပေးနိုင်ရင် ငါ မင်းတို့ကို ခွင့်လွှတ်ပေးမယ်။ မဟုတ်ရင်တော့ သုတ်သင်ခံရဖို့သာ စောင့်နေပေတော့”
“မာနကြီးလိုက်တာ၊ ဝူယွမ်၊ မင်းလို ငနဲလေးက မျိုးနွယ်စုတစ်ခုလုံးကို ရှင်းပစ်နိုင်မယ်လို့ ထင်နေတာလား” ဝမ်လေနှင့် ချင်ရှီတို့က ဒေါသတကြီး ဝူယွမ်ကို လက်ညှိုးထိုးလိုက်ကြသည်။
တစ်ဆက်တည်းမှာဘဲ ဝမ်လေးနှင့် ချင်ရှီတို့၏ ကိုယ်တွင်းမှ ယွမ်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းမှလည်း မိုးခြိမ်းသံများ တစ်ဆက်တည်း ပေါက်ကွဲထွက်လာပြီး သူ၏ နီ၀မ်နယ်ပယ်အောက်ရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက ပျံသန်းထွက်လာရန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။
“ရပ်ကြ”
“ဒုန်း”
မိုကျင့်ထျန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
အစွမ်းထက်သော အင်အားတစ်ခုက ထိုနှစ်ဦး၏ အရှိန်အဝါများကို ဖယ်ရှားပစ်လိုက်ပြီး နိဗ္ဗာန်အဆင့် ပထမစမ်းသတ်မှုကို ကျော်ဖြတ်ပြီးထားသော ကျင့်ကြံသူ၏ စွမ်းအားကို ပြသလိုက်သဖြင့် လက်ရှိ လူတိုင်း မဆင်မခြင် ပြုလုပ်ရန် ကြောက်ရွံ့သွားကြသည်။
“မင်းတို့အားလုံးကြားက ပဋိပက္ခကို ဒီဘုရင်ရဲ့ စကားအနည်းငယ်နဲ့ ငြိမ်းသတ်နိုင်မှာ မဟုတ်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ဒါက ဧကရာဇ်နန်းတော်ဘဲ၊ ဘယ်လို ရန်ငြိုးမဆို နန်းတော်က ထွက်ခွာပြီးမှ ဖြေရှင်းသင့်တယ်”
“အခုလောလောဆယ်တော့ အားလုံး ခဏလောက်သည်းခံကြပါ။ မျိုးစေ့ရွေးချယ်ပွဲကို အရင်ပြီးအောင် လုပ်ကြရအောင်”
မိုကျင့်ထျန်းက အသံခပ်နက်နက်ဖြင့် ပြောလိုက်သည်။ သူက ဝူယွမ် ထုတ်လွှတ်တော့မည့် အစွမ်းထက်သော အင်အားကို သတိထားမိလိုက်ပြီး ဝူယွမ်က အပေါ်ယံတွင် မြင်ရသလောက် မရိုးရှင်းဘဲ ဤနှစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှိနေသည်ကို နားလည်လိုက်သည်။
ထိုသို့သောအခြေအနေမျိုးတွင် မိုကျင့်ထျန်းက ဝင်ရောက်ပတ်သက်လိုခြင်း မရှိပေ။
သူက ဝမ်လေ၊ ချင်ချွမ်တို့နှင့် အနည်းငယ် ရင်းနှီးသော်လည်း သူတို့၏ လက်နက်အဖြစ် အသုံးချခံရသည် အထိတော့ မဟုတ်ပေ။
ဝူယွမ်၏ ဝှက်ဖဲက လျှို့ဝှက်ဆန်းကြယ်နေပြီး သူ့ကိုယ်တိုင်ပင်လျှင် အလွန်သတိထားနေရသည်။
“အရှင်မင်းကြီးက ပြောလာပြီဆိုတော့ မျိုးစေ့ရွေးချယ်ပွဲပြီးမှ သူ့ကို ရှင်းမယ်။ ဒါပေမဲါ သူသာ မျိုးစေ့ရွေးချယ်ပွဲကို အောင်မြင်သွားပြီးမှ ငါတို့ သူ့ကို သတ်လိုက်ရင် ပြည်ထောင်တစ်ရာတိုက်ပွဲမှာ ပါဝင်မယ့် လူတစ်ယောက် လျော့သွားမှာကိုတော့ စိုးရိမ်ရတယ်”
ဝမ်လေက အေးစက်စွာ ပြောလိုက်သည်။
“အဖေ စိတ်မပူပါနဲ့။ သူသာ ကျွန်တော့်ကို တွေ့ရင် ရှေ့ဆက်တက်ဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူး” ဝမ်ကျုံးက သူ၏ သွေးနီရောင် လှံရှည်ကို လှုပ်ယမ်းလိုက်ပြီး ပြောလိုက်သည်။ သူ၏ အသံတွင် မာန်မာနများ ပြည့်နှက်နေသည်။
ထိုလှံရှည်က ဝမ်မျိုးနွယ်စု၏ သွေးနတ်ဆိုးအသူရာလှံ ဖြစ်ပြီး အလွန်အစွမ်းထက်သော မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်တစ်ခု ဖြစ်သည်။
အမှောင်ရိပ်ထဲမှ ပွဲကို ကြည့်နေသော ဟွမ်ပူယင်းက “ဟားဟား၊ ဒီ ဝူယွမ်ကတော့ သွားပြီ။ ဝမ်မျိုးနွယ်စုနဲ့ ချင်မျိုးနွယ်စုနှစ်ခုစလုံးကို စိန်ခေါ်လိုက်တာ၊ နိဗ္ဗာန်အဆင့် ကျင့်ကြံသူ နှစ်ဦးနဲ့ဆိုရင် လင်းဖန်နဲ့ ဖူရီတောင်းပ သူ့ကို ကာကွယ်ပေးထားရင်တောင် တားနိုင်မှာ မဟုတ်ဘူး” ဟု ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။
“ဒါက သေချာပေါက် အဲလို ဖြစ်လာမှာ မဟုတ်ဘူး။ နင် ဝူယွမ်ကို လုံးဝ နားမလည်သေးဘူး” ဟွမ်ပူကျင်း၏ နီရဲသော နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး ဟွမ်ပူယင်း၏စကားကို ပြန်လည် ချေပလိုက်သည်။
“တော်လောက်ပြီ။ မင်းတို့ ဒီကိစ္စတွေကို စိုးရိမ်နေစရာ မလိုဘူး။ မျိုးစေ့ရွေးချယ်ပွဲကို အရင် ဆက်လက် လုပ်ဆောင်ကြရအောင်”
မိုကျင့်ထျန်း၏ အမူအရာက အနည်းငယ် စိတ်ပျက်နေပုံရသည်။ သူ၏ အဆင့်တစ် ဗ္ဗာန်အဆင့် ခွန်အားဖြင့်ပင် ဤလူများကို နှိမ်နင်းနိုင်ခြင်း မရှိပေ။
မဟာယန်မင်းဆက်၏ အဖွဲ့အစည်းအသီးသီက ၎င်းတို့၏ ပွင့်လင်းစွာ နှင့် လျှို့ဝှက်စွာ ပုန်ကန်မှုများကြောင့် စည်းလုံးနိုင်ခြင်း မရှိသေးပေ။
မျိုးစေ့ရွေးချယ်ပွဲတွက် ပါဝင်သူအားလုံး ရှေ့သို့ တက်လှမ်းလာကြသည်။သူတို့အားလုံးက အရေအတွက်အားဖြင့် ဆယ်ဂဏန်းကျော် ရှိသော လူငယ် ပါရမီရှင်များ ဖြစ်ကြသည်။
မိုကျင့်ထျန်းက အသံကျယ်လောင်စွာဖြင့် “အနှစ်နှစ်ဆယ်တစ်ကြိမ် ကျင်းပတဲ့ မျိုးစေ့ရွေးချယ်ပွဲမှာ စည်းမျဉ်းတွေ အများကြီးရှိတယ်။ မင်းတို့အားလုံးက ပါဝင်မယ့် လူငယ်တွေကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးသားလို့ ငါ ယူဆတယ်။ ဒါကြောင့် ဒီဘုရင်က စကားများများ မပြောနေတော့ဘူး။ ငါတို့ရှေ့က နန်းတော်က မျိုးစေ့ရွေးချယ်ပွဲအတွက် ကျင်းပရာနေရာဘဲ ပတ်ပတ်လည်မှာ လမ်းကြောင်းမျိုးစုံ ရှိတယ်။ ခဏနေရင် လူတိုင်း မဲနှိုက်ပြီး သူတို့ရဲ့ မဲပြားပေါ်က နံပါတ်တွေအတိုင်း လမ်းကြောင်းထဲ ဝင်ရလိမ့်မယ်”
မိုကျင့်ထျန်းက လိုအပ်သည်ထက် ပိုသော ပုံမှန်လုပ်ထုံးလုပ်နည်းများ မလုပ်နေဘဲ တိုက်ရိုက်နှင့် ထိရောက်စွာ ပြောဆိုခဲ့သည်။ သူ၏ အသံ ကျဆင်းသည်လာနှင့်တစ်ပြိုင်နက် သူက သူ၏ လက်ဖဝါးဖြင့် ဆွဲယူလိုက်ရာ သိမ်မွေ့သောအလင်းရောင်ဖြင့် ဖုံးအုပ်ထားသော ဝါးစည်းတစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
“မျိုးစေ့ရွေးချယ်ပွဲမှာ ပါဝင်မယ့်သူအားလုံး မဲစနှိုက်ကြပါ”
မိုကျင့်ထျန်းက အော်ဟစ်လိုက်ပြီး တစ်ပြိုက်နက် သူ၏ လက်ထဲရှိ ၀ါးပြားများကို အလင်းရောင်ဖြင့် ဖုံးအုပ်ကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
ဝါးပြားများ မြင့်တက်လာသည်နှင့်အမျှ ခန်းမတစ်ခုလုံးတွင် “ဖျပ်” “ဖျပ်” ဟူသော အသံများ ချက်ချင်း ပဲ့တင်ထပ်လာသည်။
တစ်ယောက်ပြီးတစ်ယောက် ထိုဝါးပြားများကို လိုက်လံ ဖမ်းစည်းလိုက်ကြသည်။
လင်းတုန်သက ပထမဆုံး ဖမ်းမိသူ ဖြစ်ပြီး ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
“ညာဘက် တစ်”
ဝူယွမ်က သူ၏ လက်ဖဝါးဖြင့် တံဆိပ်တစ်ခုဖန်တီးကာ တစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်ပြီးနောက် သူ၏ လက်ဖဝါးကို လှန်လိုက်သည်။
“ဘယ်ဘက် ကိုး”
“တော်လိုက်တာ အစ်ကိုကြီးက၊ အခု ငါတို့ရဲ့ လမ်းကြောင်းတွေ ဝေးကွာနေတော့ အချင်းချင်း မဆုံနိုင်တော့ဘူးပေါ့” လင်းတုန်က ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရမှုများ ထင်ဟပ်နေသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းက သူတို့၏ လမ်းကြောင်းနံပါတ်များကို ရရှိခဲ့ကြပြီ ဖြစ်သည်။
မိုကျင့်ထျန်းက ထပ်မံ၍ “မျိုးစေ့ရွေးချယ်ပွဲ စပါပြီ။ ဝင်ကြ” ဟု ကျယ်လောင်စွာ ပြောလိုက်လေသည်။