← Chapters

စစ်တုရင်နယ်ရုပ်၊ ပြန်လည်ရှင်သန်ခြင်း စွမ်းအား.....

Vol. 27 Ch. 388

စစ်တုရင်နယ်ရုပ်၊ ပြန်လည်ရှင်သန်ခြင်း စွမ်းအား.....

Vol. 27 Ch. 388

ခွန်းလွန်လွင်ပြင်ကြီးက လုံလောက်အောင် ကျယ်ပြောသော်လည်း ကျန်းချန်ရှန်းအနေဖြင့် ပိုမိုအစွမ်းထက်လာရန်နှင့် သိုင်းနတ်ဘုရားနယ်မြေကိုပင် ကျော်တက်နိုင်ရန်အတွက် ရွှမ်ဟွမ်မဟာကမ္ဘာ တွင် နယ်ရုပ်များ ချထားရန် လိုအပ်သည်။ ခွန်းလွန်လွင်ပြင်ရှိ ယုံကြည်သူများက သူ၏ ကံတရားအရှိန်အဝါကို ရရှိထားကြသော်လည်း ရွှမ်ဟွမ်မဟာကမ္ဘာတွင် အခြေခံ မရှိကြသဖြင့် ထိုသို့သွားရောက်ရန် မသင့်တော်ကြပေ။

မီးတောက်အရှင်တစ်ဦးတည်းသာ ဤတာဝန်ကို လုပ်ဆောင်နိုင်သည်။

မီးတောက်အရှင်သည် ကျန်းချန်ရှန်း၏ ကံတရားအရှိန်အဝါနှင့် ပေါင်းစပ်ခြင်း မရှိသေးသလို ရွှမ်ဟွမ်မဟာကမ္ဘာ၏ အထက်တန်းလွှာမျိုးနွယ်စုဝင်လည်း ဖြစ်သည်။ သူသည် ကျန်းချန်ရှန်းအတွက် ပိုမိုများပြားသော ယုံကြည်သူများကို စည်းရုံးပေးနိုင်မည့် နယ်ရုပ်ကောင်းတစ်ရုပ် ဖြစ်ရန် အလွန်ပင် သင့်တော်လှသည်။

တာအိုဘိုးဘေးက သူ့ကို အခွင့်အရေးပေးရန် ဆန္ဒရှိကြောင်း ကြားလိုက်ရသောအခါ မီးတောက်အရှင် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ ချက်ချင်းပင် သဘောတူလိုက်ပြီး သူနှင့် သူ၏ ယန်မျိုးနွယ်စုကို အခွင့်အရေးပေးသည့်အတွက် တာအိုဘိုးဘေးကို ကျေးဇူးတင်လိုက်သည်။

သူ ထျန်းကျင်းသို့ ပထမဆုံး စရောက်စဉ်က ကောင်းကင်တရားရုံးနှင့် ထိတွေ့ပြီး ထွက်ပြေးရန် အခွင့်အရေးရှာရန်သာ ရည်ရွယ်ခဲ့သည်။ ထျန်းကျင်းတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် တာအိုဘိုးဘေးအပေါ် နားလည်မှုများ နက်ရှိုင်းလာခဲ့ပြီး ခွန်းလွန်လွင်ပြင်တွင် နေထိုင်ရခြင်းမှာ မဆိုးလှဟုပင် ခံစားလာရသည်။

နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း အခမ်းအနားကို သူ၏ မျက်စိဖြင့် မြင်တွေ့လိုက်ရသောအခါ လုံးဝ ယုံကြည်သွားခဲ့သည်။

သူသည် ရွှမ်ဟွမ်မဟာကမ္ဘာမှ ပါလာသော မာနများကို ဘေးဖယ်ထားလိုက်ပြီး တာအိုဘိုးဘေးအပေါ် တောင့်တမှုများဖြင့် အစားထိုးလိုက်သည်။

ချန်မျိုးနွယ်စုနှင့် တိုင်ရှီးမျိုးနွယ်စုမှ လူများ ဘာကြောင့် တာအိုဘိုးဘေးအတွက် အလုပ်အကျွေးပြုချင်နေကြသလဲဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။

ယခင်က စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ စတင်ဝင်ရောက်ခဲ့စဉ်က သူ၏ နားလည်မှုများ တစ်ဖန် ပြိုလဲသွားခဲ့ပြီး လုံးဝ ရူးသွပ်မတတ် ဖြစ်ခဲ့ရသည်။ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေထဲသို့ အချိန်တိုအတွင်းသာ ဝင်ရောက်ခဲ့ရသော်လည်း ဤအရာမှာ ကြီးမားသော အခွင့်အရေးဖြစ်ကြောင်းသိရှိထားသည်။

စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေထဲသို့ လူများ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ သူတို့၏ ဆက်သွယ်မှုများနှင့် သိုင်းပညာအခြေခံများမှာ အတိုင်းအဆမရှိ တိုးတက်လာပေလိမ့်မည်။ အကယ်၍ ယန်မျိုးနွယ်စုသာ ဤအခွင့်အရေးကို လက်လွတ်လိုက်ရပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

“မင်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေထဲကို ဝင်ချင်ရင် ငါ့အပေါ် သစ္စာရှိရမယ်၊ ငါ့ကို ယုံကြည်ရမယ်။ မင်းမှာ စိတ်ရင်းအမှန်ရှိရင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေထဲကို သဘာဝအတိုင်း ရောက်သွားလိမ့်မယ်။ မင်းလုပ်ရမှာကတော့ မသိမသာ နေထိုင်ပြီး အင်မော်တယ်တာအိုကို ပြန့်ပွားအောင် လုပ်ဖို့ပဲ၊ ဒါမှ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေအတွက် လူတွေ ပိုပြီး စည်းရုံးနိုင်မှာ။ မင်း ကောင်းကောင်းလုပ်နိုင်ရင် အနာဂတ်မှာ ယန်မျိုးနွယ်စုအတွက် နတ်ဘုရားစစ်စစ် ရာထူးတစ်ခု ငါ ချန်ထားပေးမယ်၊ ပြီးတော့ ရွေးချယ်ခံရတဲ့သူကို ထာဝရအသက်ရှင်ခွင့် ပေးမယ်။”

ကျန်းချန်ရှန်းက မဟာတာအိုမူလနတ်ပလ္လင်ပေါ်တွင် ထိုင်လျက် အေးဆေးစွာ ပြောလိုက်သော်လည်း မီးတောက်အရှင်မှာမူ မအေးဆေးနိုင်ပေ။

တာအိုဘိုးဘေးက အခြားသူများ၏ သစ္စာရှိမှုကို မည်သို့ တိုင်းတာသနည်းဆိုသည်ကို သူ နားမလည်နိုင်သလို လူများစွာကို အိပ်မက်တစ်ခုထဲသို့ မည်သို့ ဆွဲခေါ်နိုင်သနည်းဆိုသည်ကိုလည်း ပို၍ပင် နားမလည်နိုင်ပေ။ သူ နားမလည်နိုင်ခြင်းမှာ သူတို့၏ နယ်ပယ်ချင်း အလွန်ပင် ကွာခြားနေသောကြောင့် ဖြစ်ကြောင်း သူ သိသည်။

တာအိုဘိုးဘေးက သေချာပေါက် အင်မော်တယ်အားလုံး၏ ဘိုးဘေးပင် ဖြစ်ပေလိမ့်မည်!

“မင်း အဆင်သင့်ဖြစ်ပြီဆိုရင် ငါ မင်းကို အဆုံးမဲ့လေဟာနယ်ရဲ့ အစွန်းဆီ ပို့ပေးမယ်၊ အဲဒီကနေ မင်းဘာသာမင်း ပြန်သွားလို့ရတယ်။”

“တာအိုဘိုးဘေး... ကျွန်တော့်ကို နာရီဝက်လောက် အချိန်ပေးပါ။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို ရှင်းပြပြီး ဧကရာဇ်ကျန်းရှုကို ကူညီဖို့ မှာကြားခဲ့ပါရစေ။”

“ကောင်းပြီ။”

ကျန်းချန်ရှန်း နတ်ပလ္လင်နှင့်အတူ ပျောက်ကွယ်သွားပြီး မီးတောက်အရှင်မှာလည်း တိမ်တိုက်များပေါ်မှ ခုန်ဆင်းသွားခဲ့သည်။

တစ်ရက်ကြာပြီးနောက်...

မီးတောက်အရှင် လေဟာနယ်ထဲတွင် ပျံဝဲနေရင်း သူ့ရှေ့မှ ကျယ်ပြောလှပသော ရွှမ်ဟွမ်မဟာကမ္ဘာကို ကြည့်လိုက်သည်။ တစ်ဘဝစာ ကြာသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ တာအိုနှလုံးသားကိုယ်ပွားကို ဘယ်မှာမှ မတွေ့ရတော့ပေ။

မီးတောက်အရှင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ငါ အောက်ဘုံ သွားတုန်းက စည်းစိမ်လေး နည်းနည်းပဲ ရချင်ခဲ့တာ။ အခုတော့ အမြတ်အစွန်း အကြီးကြီး ရလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

မီးတောက်အရှင် သူ့ဘာသာ ရယ်မောလိုက်သည်။ သိုင်းကမ္ဘာပြိုင်ပွဲအကြောင်း သူ ကြားစဉ်က ဖျက်ဆီးခံရမည့် ထိုသိုင်းကမ္ဘာများမှ ခွန်အားများကို သူ့ ကိုယ်ပိုင်အင်အားအဖြစ် ပြောင်းလဲရန် ဤအခွင့်အရေးကို အသုံးချချင်ခဲ့သည်။ သူသည် သတိကြီးသော စရိုက်ရှိသူဖြစ်၍ အင်အားကြီးသော ရန်သူများကို စိန်မခေါ်ခဲ့ပေ။ သို့သော် ထိုသို့ သတိကြီးလွန်းခြင်းကြောင့်ပင် တာအိုဘိုးဘေးနှင့် သူ ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ သူသာ မဟာကန္တာရသိုင်းကမ္ဘာသို့ ကြိုတင်ရောက်ရှိပြီး ၎င်းကို ဖျက်ဆီးရန် ကြိုးစားခဲ့ပါက မည်သို့ ဖြစ်သွားမည်နည်း။ သူ မတွေးရဲပေ။ တာအိုဘိုးဘေးက ရန်သူများအပေါ်တွင် ကြင်နာလိမ့်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။

“ဘာပဲဖြစ်ဖြစ်... ဒါဟာ ယန်မျိုးနွယ်စုအတွက် အခွင့်အရေးပဲ!”

မီးတောက်အရှင်၏ မျက်လုံးများမှာ ခိုင်မာနေပြီး ရွှမ်ဟွမ်မဟာကမ္ဘာဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။ သူ့အဖြစ်က ကျယ်ပြောလှသော စကြဝဠာထဲသို့ ပျံသန်းသွားသော ဖုန်မှုန့်လေးတစ်စနှင့် တူနေပြီး မကြာမီမှာပင် အရိပ်အယောင် ပျောက်ကွယ်သွားခဲ့သည်။

ပင်လယ်ထဲသို့ ကျသွားသော ဖုန်မှုန့်တစ်စသည် မပြောပလောက်သော်လည်း ၎င်းက ကြီးမားသော လှိုင်းလုံးကြီးများကို မဖန်တီးနိုင်ဟု မဆိုလိုပေ။

ကျန်းဇီယု ကောင်းကင်ဧကရာဇ် ဖြစ်လာကတည်းက ကောင်းကင်တရားရုံး၏ စည်းမျဉ်းများ ပိုမို တင်းကျပ်လာခဲ့သည်။ နောက်ဆုံးတွင် ကျန်းချန်ရှန်း ယခင်က ကိစ္စအဝဝကို ကိုယ်တိုင်စီမံခဲ့သလို ကျန်းဇီယု၏ မိဖုရားယန်သည်လည်း မိဖုရားခေါင်ကြီးဖြစ်လာခဲ့သည်။

မိဖုရားခေါင်ကြီးယန်သည်လည်း ရဲတင်းပြီး ပွင့်လင်းသူဖြစ်ရာ မူလင်းလော့ထံတွင် အကြံဉာဏ်များ မကြာခဏ တောင်းခံလေ့ရှိသည်။ ထိုအမျိုးသမီးနှစ်ဦးမှာ အလွန်ပင် ရင်းနှီးကြပြီး မူးလင်းလော့ကလည်း သူမကို ကူညီရန် ဆန္ဒရှိသည်။

နဝမငရဲမိစ္ဆာဘုရင် တိမ်ပင်လယ်ပေါ်တွင် ရပ်နေပြီး သူ၏ နောက်တွင် မိစ္ဆာကောင်းကင်စစ်သည် အုပ်စုတစ်စု ရှိနေသည်။ အဝေးမှ ကောင်းကင်မြစ်အောက်တွင် လေ့ကျင့်နေကြသော ကောင်းကင်စစ်သည် စစ်တပ်ကြီးကို ကြည့်ရင်း သူတို့အားလုံး မှင်တက်နေကြသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ပထမဆုံး စစ်သည်တစ်သိန်းမှာ သိုင်းဘုရင်နယ်ပယ်သို့ အားလုံး ရောက်ရှိနေကြပြီဖြစ်သည်။ နဝမငရဲမိစ္ဆာဘုရင်၏ အမြင်တွင် သူတို့က မသန်မာသော်လည်း ထိုစစ်သည်များ ဖွဲ့စည်းထားသော စစ်ဗျူဟာမှာ အလွန်ပင် အစွမ်းထက်လှသည်။

ထိုစစ်တပ်ကို ဦးဆောင်သူမှာ ကွမ်းတုံးယု ဖြစ်သည်။ သူသည် ကံတရားအစီအရင်တစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းကို ကျန်းချန်ရှန်းက ဒီရေပြောင်းလဲခြင်းကြယ်စင်အစီအရင်ဟု အမည်ပေးခဲ့သည်။ ၎င်းသည် ကောင်းကင်တရားရုံး၏ ကံတရားအရှိန်အဝါကို မရေမတွက်နိုင်သော ကြယ်စင်များအဖြစ် ပြောင်းလဲပြီး ကြီးမားသော သတ်ကွင်းအစီအရင်တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ကြယ်စင်တိုင်းမှာ အစီအရင်၏ မျက်လုံးများ ဖြစ်ကြပြီး အလွန်ပင် ရှုပ်ထွေးလှသည်။ တစ်ကြိမ် ပိတ်မိသွားပါက တစ်ဖက်လူ၏ ခွန်အားမှာ စစ်သည်များနှင့် စစ်သူကြီးများထက် အဆမတန် မသာလွန်ပါက လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

နဝမငရဲမိစ္ဆာဘုရင်က “လူသားတွေဟာ တကယ်ပဲ ကံကောင်းတဲ့ မျိုးနွယ်စုပဲ။ ဒီလို အစီအရင်မျိုးက တကယ်ကို အစွမ်းထက်တာပဲ။” ဟု ချီးကျူးလိုက်သည်။

ဒီရေပြောင်းလဲခြင်းကြယ်စင်အစီအရင်၏ အတိုင်းအတာမှာ အောက်ဘုံရှိ ထျန်းကျင်း နိုင်ငံတော်၏ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သည်။ ဤကဲ့သို့သော အစီအရင်ဖြင့် လူမျိုးနွယ်စု တစ်ခုလုံးကို ပိတ်လှောင်ရန်မှာ မခက်ခဲပေ။

မဟာသူတော်စင် လေးပါးလုံးတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။

တိချန်းမှာ ယခင် ဧကရာဇ်မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် အလွန်ပါရမီထူးပြီး ဧကရာဇ်မျိုးနွယ်စု၏ ထိပ်တန်း နတ်ဘုရားအတတ် ဆယ်မျိုးကို တတ်မြောက်ထားသည်။

ကျိဝူကျွင်းက မြင့်မြတ်သော မင်းဆက်ပြိုလဲပြီးနောက် တာအိုဘိုးဘေး၏ တိုက်ရိုက်တပည့် ဖြစ်လာခဲ့သည်။

သူမ၏ တိုက်ခိုက်ရေးပါရမီမှာ အလွန်မြင့်မားပြီး အားနည်းချက် အနည်းငယ်မျှပင် မရှိပေ။

ကွမ်းတုံးယုကတော့ သိုင်းပညာအပေါ် နားလည်မှု အရှိဆုံးသူ ဖြစ်သည်။ သူသည် ကိုယ်ပိုင် အဆင့်မြင့် နည်းပညာများကို ဖန်တီးနိုင်သည်။

ရှုထျန်းကျီကတော့ ထိတ်လန့်စရာအကောင်းဆုံးသူပင်.....

သူသည် တာအိုဘိုးဘေးနှင့် ရှိသော ဆက်ဆံရေးကို အသုံးချပြီး စစ်သေနာပတိချုပ် ရာထူးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသည်။ လောလောဆယ်တွင် နဝမငရဲမိစ္ဆာဘုရင်ပင် သူ့ကို ထိုးဖောက်မမြင်နိုင်သေးပေ။

နဝမငရဲဘုရင်သည် အစက တာအိုဘိုးဘေး၏ စွမ်းအားကို အသုံးချကာ အထက်ဘုံမှ မိစ္ဆာများကို ပေါင်းစည်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ စိတ်ပြောင်းသွားခဲ့ပြီ။ သူသည် မိစ္ဆာများကို ကောင်းကင်တရားရုံးထဲသို့ ဆွဲသွင်းချင်နေသည်။

နဝမငရဲဘုရင်၏ နောက်ကွယ်မှ မိစ္ဆာကျွမ်းကျင်သူများလည်း သက်ပြင်းချနေကြသည်။ အရင်က တာအိုဘိုးဘေး သူတို့ကို ဂရုစိုက်လွန်း၍ ရွေးချယ်ခဲ့သည်ဟု ထင်ခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာ ထိုသို့မဟုတ်ပေ။

ထိုစဉ် သူတို့၏ ရှေ့တွင် လူတစ်ဦး ပေါ်လာသည်။ ၎င်းမှာ ကောင်းကင်စစ်သူကြီး ကျန်းယဲ့ပင် ဖြစ်သည်။ ကျန်းယဲ့က သူ၏ ဆရာဖြစ်သူ နဝမငရဲမိစ္ဆာဘုရင်ကို တစ်ချက်ကြည့်ပြီး တည်ကြည်သော မျက်နှာဖြင့်.....

“ဒါက ခင်ဗျားတို့ ကောင်းကင်တရားရုံးကို ပထမဆုံးအကြိမ် လာတာပဲ၊ ဒါကြောင့် စည်းမျဉ်းတွေကို သိအောင်လုပ်ပြီး ကောင်းကင်တရားရုံးရဲ့ အခြေခံ စစ်ဗျူဟာတွေကို တတ်မြောက်ထားရမယ်။ ကျွန်တော် သင်ပေးမယ်!” ဟု ပြောလိုက်သည်။

နဝမငရဲမိစ္ဆာဘုရင်သည် အတိတ်က လူငယ်လေးတယောက် ယခုကဲ့သို့သော ပုံစံမျိုးအထိ ကြီးပြင်းလာသည်ကို မြင်ရသဖြင့် စိတ်လှုပ်ရှားသွားသည်။ တစ်ချိန်တည်းမှာပင် စိတ်သက်သာရာ ရသွားသည်။ ကျန်းယဲ့နှင့် ရင်ဆိုင်ရခြင်းမှာ အခြား မရင်းနှီးသော စစ်သူကြီးများနှင့် ရင်ဆိုင်ရခြင်းထက် ပိုကောင်းသည်။

ကောင်းကင်တရားရုံးတွင် သိုင်းဧကရာဇ်နယ်ပယ်ထက် များစွာ သာလွန်သော ကောင်းကင်စစ်သည် အချို့ ရှိကြောင်း သတင်းများ ထွက်နေသဖြင့် နဝမငရဲမိစ္ဆာဘုရင်သည်လည်း ကောင်းကင်စစ်သူကြီးများနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့ထဲတွင် ထိတ်လန့်စရာကောင်းသော ကျွမ်းကျင်သူအချို့ ပုန်းကွယ်နေသည်ဟု သူ ခံစားမိနေသည်။

အခြားတစ်ဖက်တွင်...

အတိုင်းအဆမရှိသော သမုဒ္ဒရာထဲရှိ ထျန်းကျန့်တောင်ပေါ်ရှိ ဂူအတွင်း၌...

ယဲ့ကျန်း မျက်လုံးဖွင့်လိုက်ပြီး စိတ်ဓာတ်ကျသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။ ယဲ့ဘိုးဘေးက လေထဲတွင် ဇောက်ထိုးတွဲလွဲခိုနေရင်း ပြုံးလျက် မေးလိုက်သည်။

“ဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ။”

ယဲ့ကျန်း တိတ်ဆိတ်နေခဲ့သည်။ သူ ဤကိစ္စကို ထုတ်မပြောနိုင်ပေ။ အင်မော်တယ်နတ်ဘုရား ဖြစ်လာမည့် ဒုတိယမြောက် အခွင့်အရေးကို လက်လွှတ်လိုက်ရသဖြင့် မပျော်မရွှင် ဖြစ်နေခြင်းဖြစ်သည်။ ကျန်းဇီယုနှင့် ဆက်ဆံရေး တည်ဆောက်ရန် မလွယ်ကူခဲ့သော်လည်း နောက်ဆုံးတွင် ထိုအခွင့်အရေးကို သူ အသုံးမချနိုင်ခဲ့ပေ။

ထိုခဏမှာပင် ဂူဝမှ ခြေသံများကို ကြားလိုက်ရကာ လူတစ်ဦး ဝင်လာခဲ့သည်။ ယဲ့ကျန်း ထိုသူကို တစ်ချက်ကြည့်လိုက်သော်လည်း ဂရုမစိုက်ပေ။ နှစ်များကြာလာသည်နှင့်အမျှ ထျန်းကျန့်တောင်သို့ လာရောက်လည်ပတ်သူ နည်းပါးသွားသော်လည်း နာမည်ဂုဏ်သတင်းကြောင့် လာရောက်သူများ ရှိနေဆဲ ဖြစ်သည်။

မီးတောက်အရှင်ကို ပို့ဆောင်ပြီးနောက် ကျန်းချန်ရှန်း တံခါးပိတ်ကျင့်ကြံခြင်းကို ပြန်လည်စတင်ခဲ့သည်။ နောက်လာမည့် နှစ်အနည်းငယ်အတွင်း ထျန်းကျင်းတွင် သိုင်းဧကရာဇ်များ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာသဖြင့် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။ တာအိုဘိုးဘေးထံမှ လူတစ်ဦးကို ကောင်းကင်မြေပြင်ဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိစေနိုင်သည့် ဆေးလုံးများကို ဧကရာဇ်မင်း ရရှိထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ထိုသတင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျိုးနွယ်စုများကြားတွင် ဆူညံသွားခဲ့သည်။ နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း အခမ်းအနားအတွက် ကျန်းဇီယုက ထျန်းကျင်း၏ အသန်မာဆုံး သိုင်းပညာရှင်များကို ခေါ်ဆောင်သွားခဲ့သည်ကို မျိုးနွယ်စုများ သိရှိထားသော်လည်း ဧကရာဇ်အသစ်တပါးက အချိန်တိုအတွင်း သိုင်းဧကရာဇ်များစွာကို ဖန်တီးနိုင်သည်မှာ သေချာပေါက် တာအိုဘိုးဘေးနှင့် ပတ်သက်နေပေလိမ့်မည်။

ခဏအတွင်းမှာပင် မျိုးနွယ်စုများစွာ ထျန်းကျင်းသို့ ရောက်ရှိလာကြပြီး ကျန်းရှု၏ ဂုဏ်သိက္ခာ ထိုးတက်သွားခဲ့သည်။

ထို့အပြင် သူသည် ဝတ်ဖြူတော်အစောင့်တပ်ကို အသုံးပြု၍ ဤကိစ္စကို လူသိရှင်ကြား ကြေညာခိုင်းခဲ့သူ ဖြစ်သည်။ သူ့အဘိုးကို အားကိုးရခြင်းအတွက် ရှက်ရွံ့ခြင်း မရှိဘဲ ဤကိစ္စကို အခွင့်ကောင်းယူ အသုံးချခဲ့သည်။

အချိန်တွေ ကုန်ဆုံးသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်အမွေနှစ် ခေတ် ၂၁ နှစ်သို့ ရောက်ရှိလာခဲ့သည်။ ကျန်းချန်ရှန်းက နှစ်ဆန်းပိုင်းတွင် ကျင့်ကြံခြင်းကို အဆုံးသတ်ခဲ့ပြီး ကျန်းဇီယုနှင့် မိဖုရားခေါင်ကြီးယန်တို့၏ လုပ်ဆောင်ချက်များကို မူလင်းလော့ ပြောပြနေသည်ကို နားထောင်နေခဲ့သည်။

“အချိန်တွေ ကုန်တာ မြန်လိုက်တာ။ မသိလိုက်မသိဘာသာနဲ့ ငါတောင် အခုဆို အသက် ၉၀၀ ကျော်နေပြီ။”

ကျန်းချန်ရှန်း စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

သူ ကျန်းဇီယုကို အပြည့်အဝ ယုံကြည်ပြီး ကျန်းဇီယုကလည်း သူ့ကို စိတ်မပျက်စေခဲ့ပေ။ ကောင်းကင်တရားရုံး ပိုမို စနစ်တကျ ရှိလာခဲ့သည်။ ကျန်းဇီယုကလည်း စည်းမျဉ်းသစ်များစွာကို ထုတ်ပြန်ခဲ့သည်။ နဂါးနန်းတော်မှ နဂါးမင်းကြီး သုံးပါးသည်လည်း ကောင်းကင်တရားရုံး၏ ကံတရားအရှိန်အဝါကို တရားဝင် လက်ခံခဲ့ကြပြီး လင်းရှောင်နန်းတော်ထဲသို့ ဝင်ထွက်နိုင်ခဲ့ကြပြီ ဖြစ်သည်။

လက်ရှိတွင် ကျန်းဇီယုက ငရဲဘုံနှင့် ချိတ်ဆက်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေသည်။ ကောင်းကင်တရားရုံးကို တည်ထောင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကောင်းကင်စည်းမျဉ်းကို ချိုးဖောက်သော နတ်ဘုရားများ ရှိနေဆဲ ဖြစ်သည်။ အမှားကျူးလွန်သော နတ်ဘုရားများကို အပြစ်ပေးရန် ငရဲဘုံ၏ စွမ်းအားကို အသုံးပြုချင်နေသည်။

ခဏမျှ စကားပြောပြီးနောက် ကျန်းချန်ရှန်း၏ သိစိတ်က စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင်လည်း ကောင်းကင် ၃၃ လွှာနှင့် ခရမ်းရောင်တိမ်တိုက်နန်းတော်ရှိနေသည်။ ၎င်းကို ကျန်းချန်ရှန်းက သူ၏ စိတ်ကူးဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

ဤနေရာမှာ ကောင်းကင်တရားရုံးက စောင့်ကြပ်နေသော ကန့်သတ်နယ်မြေ ဖြစ်သဖြင့် ယုံကြည်သူများ မဆင်မခြင် ဝင်ရောက်ခြင်း မပြုဝံ့ကြပေ။

ထိုစဉ် မီးတောက်အရှင် ခရမ်းရောင်တိမ်တိုက်နန်းတော် ရှေ့တွင် စောင့်ဆိုင်းနေသည်။ မီးတောက်အရှင်က ရွှမ်ဟွမ်မဟာကမ္ဘာသို့ ထွက်ခွာသွားခဲ့သော်လည်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ ရှိနေသဖြင့် သူ တစ်ခါမျှ ထွက်မသွားခဲ့ဖူးသလို ခံစားနေရသည်။

သူသည် နှစ်ပေါင်း ၂၀ ကြာပြီးနောက် ယန်မျိုးနွယ်စုသို့ ပြန်ရောက်သွားခဲ့သည်။ သူ့ထံတွင် ကျန်းချန်ရှန်းကို တင်ပြရန် သတင်းများ ရှိနေသဖြင့် ဤနေရာတွင် အကြာကြီး စောင့်နေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာလည်း ကျန်းချန်ရှန်း ကျင့်ကြံရာမှ နိုးထလာရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။

“ဘာကိစ္စလဲ။”

တာအိုဘိုးဘေး၏ အသံ ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်းမှ ထွက်ပေါ်လာသည်။ မီးတောက်အရှင် တုန်လှုပ်သွားပြီး ချက်ချင်း သတိဝင်လာခဲ့သည်။ သူ စောင့်နေရသည်မှာ ရက်အတော်ကြာပြီဖြစ်၍ မိန်းမောနေခြင်း ဖြစ်သည်။

“တာအိုဘိုးဘေး... ရွှမ်ဟွမ်မဟာကမ္ဘာမှာ ကိစ္စကြီးတစ်ခု ဖြစ်နေပါပြီ!” ဟု မီးတောက်အရှင်က အလျင်အမြန် ပြောလိုက်သည်။

ထို့နောက် အချိန်မဆွဲဘဲ အသေးစိတ်ကို ဆက်လက်ရှင်းပြခဲ့သည်။

“နတ်ဘုရားအပြစ်ပေးရေးတပ်မတော်က ရှေးဟောင်းဂိုဏ်းတွေနဲ့ ကောင်းကင်တရားရုံးကို ရှင်းလင်းဖို့ ကြိုးစားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ရှေးဟောင်းဂိုဏ်းတွေဘက်က ပြန်လည်ပုန်ကန်ခဲ့ကြပါတယ်။ ကမ္ဘာများစွာဟာ ရှေးဟောင်းဂိုဏ်းတွေရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပြီး သိုင်းနတ်ဘုရားနယ်မြေရဲ့ အုပ်ချုပ်မှုကို တော်လှန်ပုန်ကန်နေကြပါပြီ။ အထက်တန်းလွှာ မျိုးနွယ်စုတွေနဲ့ ကံတရားမင်းဆက်တွေဟာလည်း ဒီရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ ရန်ငြိုးဟောင်းတွေကို ရှင်းနေကြပါတယ်။ ရွှမ်ဟွမ်မဟာကမ္ဘာ တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေပါပြီ။”

“သိုင်းနတ်ဘုရားနယ်မြေအတွင်းမှာလည်း ပုန်ကန်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သိုင်းနတ်ဘုရားသူတော်စင် လုရှန်ကျိုး နဲ့ နောက်ထပ် သိုင်းအရှင်သခင် တစ်ယောက်ဖြစ်တဲ့ တုကူးဝမ်ထျန်းတို့ဟာ မြို့တော်ကြီးတစ်ခုမှာ သောင်းကျန်းခဲ့ကြပါတယ်။ လောလောဆယ် အခြေအနေအသေးစိတ်ကိုတော့ ကျွန်တော် မသိရသေးပါဘူး။”

မီးတောက်အရှင် အလျင်အမြန် ပြောလိုက်ရာ ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်းရှိ ကျန်းချန်ရှန်း အံ့အားသင့်သွားခဲ့သည်။

ရှေးဟောင်းဂိုဏ်းတွေနဲ့ လုရှန်ကျိုးက ဘာလို့ သိုင်းနတ်ဘုရားနယ်မြေနဲ့ တိုက်ပွဲဖြစ်နေကြတာလဲ......

ကျန်းချန်ရှန်း၏ အမြင်တွင် ရှေးဟောင်းဂိုဏ်းများသည် ရွှမ်ဟွမ်မဟာကမ္ဘာ၏ တောကြိုအုံကြားတွင်သာ ကပ်၍ ရှင်သန်နိုင်ကြသော်လည်း ယခုအခါ ဤမျှလောက်သော ပရမ်းပတာမှုများကို ဖန်တီးနိုင်နေသည်။ အဆုံးမဲ့လေဟာနယ်ထဲရှိ ရှေးဟောင်းဂိုဏ်းများမှာ ထင်သလောက် အားမနည်းပုံရသည်။

လုရှန်ကျိုးသာ မြို့တော်ကြီးတစ်ခုတွင် သောင်းကျန်းခဲ့သည်ဆိုပါက ထိုသူ သံသယဝင်ခံလိုက်ရခြင်းလား။ ကျန်းချန်ရှန်း လုရှန်ကျိုးထံတွင် မှတ်ဉာဏ်တစ်ခု ချန်ထားခဲ့သော်လည်း လုရှန်ကျိုးကတော့ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေထဲသို့ မဝင်ရောက်သေးပေ၊ ဆိုလိုသည်မှာ လုရှန်ကျိုးက သူ၏ ဘက်တော်သား မဟုတ်သေးပေ။

ဤသည်မှာ ဝိဉာဉ်စွမ်းအင်ကမ္ဘာမှ ကုချန်နှင့် ယဲ့ဘိုးဘေးတို့ ပြောခဲ့သော သိုင်းတာအိုကပ်ဘေးပင် ဖြစ်နေမလား။

“ကောင်းပြီ... ငါ ဒါတွေကို သိပြီ။ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ဒီအတိုင်း ဆက်လုပ်ပါ။”

ကျန်းချန်ရှန်း၏ အသံ လွင့်ပျံထွက်ပေါ်လာသည်။ သူ၏ လေသံမှာ အေးစက်သော်လည်း မီးတောက်အရှင်ကို အလွန်ပင် ပျော်ရွှင်သွားစေခဲ့သည်။

မီးတောက်အရှင်က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး “မကြာသေးခင်က ရှင်ပြန်ထမြောက်လာသူတွေစတင် ပေါ်ပေါက်လာပါပြီ။ အရင်ကလည်း ခွန်းလွန်လွင်ပြင်မှာ ရှင်ပြန်ထမြောက်လာသူတွေ ရှိခဲ့ဖူးပါတယ်။ တာအိုဘိုးဘေး... မပေါ့ဆပါနဲ့။ ဒီလူတွေဟာ အတိတ်တုန်းက ဘေးဒုက္ခတွေ ဖန်တီးခဲ့ကြတာပါ။” ဟု ပြောလိုက်သည်။

မီးတောက်အရှင်ပြောနေသည်က လူဝင်စားခြင်းမျိုးနွယ်စုကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ခွန်းလွန်လွင်ပြင်တွင် ခွန်အားများကို စုဆောင်းနေသော ရှင်ပြန်ထမြောက်လာသည့် သိုင်းဧကရာဇ် အုပ်စုတစ်စု ရှိနေသည်။ သို့သော် သူတို့မှာ အလွန်ပင် ငြိမ်သက်နေကြပြီး ပြဿနာမရှာကြသဖြင့် ကျန်းချန်ရှန်း ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ထိုသူတို့ကို ဂူ (Gu - ပိုးကောင်) များကဲ့သို့ပင် မွေးမြူထားချင်နေသေးသည်။

All Chapters