မဟာယန်မင်းဆက်မှ ထွက်ခွာခြင်း၊ ခရီးသစ်တစ်ခု
Vol. 15 Ch. 145
[ကမ္ဘာဦးသစ်ပင်မျိုးစေ့ - ဟင်းလင်းပြင်မှ စွမ်းအင်များကို စုပ်ယူနိုင်ခြင်း၊ စကြာဝဠာစည်းမျဉ်းများကို ထုတ်လုပ်နိုင်ခြင်းနှင့် သေးငယ်သောကမ္ဘာတစ်ခုအတွင်း စိုက်ပျိုးလိုက်သည့်အခါ ကမ္ဘာ့သစ်ပင် ကြီးထွားလာသည်နှင့်အမျှ ထိုသေးငယ်သောကမ္ဘာ၏ နယ်ပယ်ကို အဆက်မပြတ် တိုးချဲ့ပေးနိုင်ခြင်း၊ တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်ခြင်း၊ ဝိညာဉ်စွမ်းအင်ကို မွေးဖွားပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရှိသည်။]
ဝူယွမ်၏ ခေါင်းတစ်ခုလုံး ဆူညံနေပြီး၊ သူက ကမ္ဘာဦးသစ်ပင်မျိုးစေ့အပေါ် လက်ရှိခံစားချက်များကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ပေ။
ဤကမ္ဘာ့ဦးသစ်ပင်က မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ပုံဖော် တွေးကြည့်နိုင်သည်။ မဟာရှေးဟောင်းကျောက်တိုင် နယ်မြေတွင် သေးငယ်သောကမ္ဘာ၏ ပုံစံမူလအစ တစ်ခု ရှိနေသော်လည်း၊ ကျောက်တိုင်က သီးခြားကမ္ဘာတစ်ခုကို အပြည့်အဝ ဖွဲ့စည်းနိုင်ခြင်း မရှိသေးဘဲ၊ နယ်မြေအတွင်းရှိ စွမ်းအင်များကို ထိန်းသိမ်းရန် ကောင်းကင်နှင့် မြေကြီးမှ ပြင်ပစွမ်းအင်များ လိုအပ်နေဆဲဖြစ်သည်။
သို့သော်၊ ကမ္ဘာဦးသစ်ပင် ရှိလာပါက အခြေအနေက ကွာခြားသွားမည်ဖြစ်သည်။ ကမ္ဘာဦးသစ်ပင် ကြီးထွားလာသည်နှင့် ရှေးဟောင်းကျောက်တိုင်က ကိုယ့်အားကိုယ်ကိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော်၊ ကမ္ဘာဦးသစ်ပင်က သေးငယ်သော ကမ္ဘာတစ်ခု၏ စက်ခေါင်းကြီးသဖွယ် ဖြစ်သည်ဟုပင် ပြောနိုင်သည်။
“ဒုန်း… ဒုန်း!”
ထိုအချိန်တွင် အောက်ဘက်ရှိ သန့်စင် ဝိညာဉ်ရေကန်က ပြင်းထန်စွာ တုန်ခါလာသည်။ ရှေးဟောင်း ကောင်းကင်မိကျောင်း၏ အရိုးများ အထောက်အပံ့ မရှိတော့သည့်အတွက် ကန်က ပြိုလဲစပြုလာခဲ့သည်။
“အစ်ကိုကြီး၊ မြန်မြန်လုပ်ူွားအောင်”
လင်းတုန်က သူ၏ ယွမ်စွမ်းအင် အကာအကွယ်ကို ဖွင့်ပြီးသား ဖြစ်သည်။
“အင်း!”
နှစ်ယောက်စလုံး အပေါ်သို့ အပြေးအလွှား တက်လာခဲ့သည်။ ဤအချိန်တွင် မိုလင်းနှင့် အခြားနှစ်ယောက်က သန့်စင် ဝိညာဉ်ရေကန် ထဲမှ ထွက်နှင့်ပြီးသား ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ။ သန့်စင် ဝိညာဉ်ရေကန်က ဘာလို့ ရုတ်တရက် ပြိုလဲသွားရတာလဲ။ စွမ်းအင်တွေကလည်း လျင်မြန်စွာ ယိုစီးထွက်နေပုံရတယ်”
မြေပြင်ပေါ်ရှိ မိုကျင့်ထျန်း နှင့် အကြီးအကဲများက မျက်နှာပေါ်တွင် အံ့အားသင့်ရိပ်များဖြင့် ကြောင်အမ်းလျက်ရှိပြီး၊ သူတို့အားလုံး ဤပြောင်းလဲမှုက အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင် ဖြစ်နေကြသည်။
ဤ သန့်စင် ဝိညာဉ်ရေကန်က နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ဖြစ်ပေါ်လာပုံက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်၍ အဖြေမပေါ်သော ပုစ္ဆာတစ်ရပ်သဖွယ် ဖြစ်ခဲ့သည်။
“ဒါ ဝူယွမ်နဲ့ ဆက်စပ်နေလိမ့်မယ်”
လင်းဖန်က ပြောလိုက်သည်။
သူတွေးနိုင်သည့် တစ်ခုတည်းသောအရာက ပြောင်းလဲမှုများအားလုံး ဝူယွမ်၊ လင်းတုန်တို့နှင့် ဆက်နွှယ်နေခြင်း ဖြစ်သည်။
“သူတို့ ထွက်လာပြီ”
ထိုအချိန်တွင် လူတိုင်း ဝိုင်းအုံလာကြသည်။ မိုလင်းနှင့် အခြားနှစ်ယောက်နှင့် မတူဘဲ၊ ဝူယွမ်နှင့် လင်းတုန်တို့ကတော့ ရေအောက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဝူယွမ်၊ သန့်စင် ဝိညာဉ်ရေကန်မှာ ဘာတွေဖြစ်နေတာလဲ” ဟု မိုကျင့်ထျန်းက မေးမြန်းသော်လည်း သူ၏လေယူလေသိမ်းတွင် အပြစ်တင်သည့် အငွေ့အသက် လုံးဝမပါပေ။
“ဒါ ကျွန်တော်တို့နဲ့ တကယ်ပဲ ဆက်စပ်နေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ သန့်စင် ဝိညာဉ်ရေကန် အောက်မှာ ရှေးဟောင်းနတ်သားရဲ ရဲ့ အရိုးစုတစ်ခု ရှိတယ်။ ဒီကန် ဖြစ်ပေါ်လာတာကလည်း အဲဒီအရိုးစုနဲ့ ဆက်စပ်နေတာပါ။ အဲဒီအရိုးစုက ကျွန်တော့်အတွက် အလွန်အသုံးဝင်တာမို့ ကျွန်ေတာ် ယူလိုက်မိတယ်။ ဒါကြောင့် နောင်ဆိုရင် ဒီကန်က အကျိုးသက်ရောက်မှု ရှိတော့မှာ မဟုတ်ဘူး။ တကယ်ကို စိတ်မကောင်းပါဘူး”
ဝူယွမ်က အမှန်တရားကို ချက်ချင်းဘဲ ပြောပြလိုက်သည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။
အကြီးအကဲ အမျိုးမျိုးတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ မဟာယန်မင်းဆက် အတွက် သန့်စင် ဝိညာဉ်ရေကန်က အလွန်တန်ဖိုးရှိသည့် အရာဖြစ်ပြီး၊ သူ၏ရေထဲတွင် စုဆောင်းထားသော စွမ်းအင်များက ကျင့်ကြံသူများကို နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်သည်။
သို့သော် ဤကိစ္စကို ပြုလုပ်သူမှာ ဝူယွမ်ဖြစ်နေသည်။ သူတို့က ဝူယွမ်ကို မတိုက်နိုင်သောကြောင့် ဘာမှပြောရန် ခက်ခဲသည်။
လူအတော်များများက မိုကျင့်ထျန်းကို ကြည့်နေကြပြီး သူ၏ သဘောထားကို ကြားလိုနေကြသည်။
မိုကျင့်ထျန်းက - “ဒီ သန့်စင် ဝိညာဉ်ရေကန် ကို မူလက ပြည်ထောင်တစ်ရာတိုက်ပွဲ မှာ ပါဝင်မယ့် မင်းတို့အတွက် ပြင်ဆင်ထားတာပါ။ အခု ဝူယွမ် ကနေ တစ်ခုခု ရသွားတယ်ဆိုတာကလည်း သူ့ရဲ့ ကံကောင်းခြင်းပါပဲ။ အဲ့အတွက် ပြောစရာမရှိပါဘူး။ အဲဒီအရိုးစုက အောက်မှာရှိနေတာ၊ ဘယ်သူသိလို့လဲ၊ သူ စွမ်းဆောင်နိုင်လို့ သူယူသွားတာဘဲ ယူပါစေ”
သူက တစ်ချိန်က ရေအောက်ဆင်း၍ စူးစမ်းရန် ကြိုးစားခဲ့ဖူးသော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော နတ်သားရဲ၏ ဖိအားကို မခံနိုင်သည့်အတွက် လက်လျှော့ခဲ့ရသည်။
ယခုအခါ ကန်အောက်မှ ကံကောင်းခြင်းကို ဝူယွမ်က ရယူနိုင်ခဲ့ခြင်းသည် ဝူယွမ်တွင် ထိုသို့စွမ်းအားရှိသည်ကို ပြသနေခြင်းပင် ဖြစ်သည်။
“ဟုတ်ပါတယ်၊ ဟုတ်တယ်။ ရတနာဆိုတာ စွမ်းဆောင်နိုင်သူနဲ့ ထိုင်တန်သူတွေအတွက်ဘဲ။”
“ကျွန်တော်တို့ အရင်တုန်းက စူးစမ်းခဲ့ဖူးတယ်။ ကန်အောက်ကို ငုပ်ဆင်းနိုင်တဲ့သူ ဘယ်သူမှမရှိကြဘူး”
... လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြပေမဲ့။ ကန့်ကွက်သူ တစ်ဦးမှ မရှိပေ။
ကံကောင်းခြင်းကို ဝူယွမ်က ယူသွားပြီးပြီ ဖြစ်သောကြောင့်၊ ဘာမှထပ်ပြောစရာ မရှိတော့ပေ။
သူတို့က ဝူယွမ်ကို ထိုအရိုးစု ပြန်အန်ထုတ်ပေးရန် တောင်းဆိုလို့ ရမည်လား။ ထိုအရာက လုံး၀ မဖြစ်နိုင်သည့်အရာပေ။
ဝူယွမ်က ညင်သာစွာ ပြုံးပြလိုက်သည်။ ကိုယ်သာ အင်အား လုံလုံ လောက်လောက် ကြီးမားပါက ဘာဘဲလုပ်လုပ် လောကတစ်ခုလုံးက ကိုယ့်ကို ပြုံးပြလိမ့်မည် ဖြစ်သည်။
“နားလည်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နတ်သားရဲရဲ့ အရိုးစုကို ယူသွားခဲ့ပေမယ့် ဒီနေရာက လုံးဝအသုံးမဝင်တော့တာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ နဂါးသွေးကြောတစ်ခု ရှိပုံရပြီး ယွမ်စွမ်းအင် ကို ကြွယ်ဝစေတယ်။ ကျွန်တော်သာ ဒီယဇ်ပလ္လင်ပေါ်မှာ ဝိညာဉ်စုစည်းရေး ဖွဲ့စည်းမှု ကို စီစဉ်ပေးခဲ့မယ်ဆိုရင်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို ပြန်လည်စုစည်းပြီး အားကောင်းတဲ့ စွမ်းအင်အရည် အဖြစ် ပေါင်းစပ်ပေးနိုင်ပါတယ်။ အကျိုးသက်ရောက်မှုကလည်း သန့်စင် ဝိညာဥ်ရေကန်ထက် အများကြီး မညံ့စေရဘူးလို့ ကျွန်တော်အာမခံတယ်။”
ဝူယွမ်က ဖြည်းညင်းစွာ ပြောပြီးနောက် ယဇ်ပလ္လင်ပေါ်သို့ ပျံတက်သွားကာ၊ ကျောက်စိမ်းပြားများကို ထုတ်ယူပြီး ဝိညာဉ်စုစည်းရေး ရူန်းများကို လျင်မြန်စွာ ထွင်းထုကာ အစီအရင်ကို စတင်ဖန်တီးခဲ့သည်။
လူတိုင်းက ဝူယွမ်ကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။ အစီအရင်က ရှုပ်ထွေးသော်လည်း ဝူယွမ်က ချောမွေ့လွယ်ကူစွာ လုပ်ဆောင်နေသည်။ တစ်နာရီခန့်ကြာပြီးနောက် ကြီးမားသော စုစည်းဝိညာဉ်ဖွဲ့စည်းမှု တစ်ခု ဖွဲ့စည်းလိုက်သည်။ ယဇ်ပလ္လင်အထက်တွင် ဧရာမ ဝဲကတော့တစ်ခု ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင် ကို အဆက်မပြတ် စုပ်ယူကာ အောက်ရှိကန်ထဲသို့ ထိုးသွင်းပေးလိုက်သည်။
အစီအရင်မဇ စုဆောင်းသည့် ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်က မိုကျင့်ထျန်းနှင့် အခြားသူများကိုပင် တုန်လှုပ်ချောက်ချားစေခဲ့သည်။
သူတို့သည် ဝူယွမ်က ခွန်အားကြီးမားသည့်အပြင် အစီအရင်ပညာ၌ ထိုမျှ ကြောက်မက်ဖွယ် အောင်မြင်မှုများ ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
“ကောင်းပြီ။ ဒီလို စုဆောင်းတဲ့နှုန်းနဲ့ဆိုရင် ဝိညာဉ်စုစည်းရေး အစီအရင် ကို တစ်နှစ်တစ်ခါလောက် သုံးနိုင်လိမ့်မယ်။ ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေ အဆင့် ကျော်ဖြတ်ဖို့အတွက် အလွန်အထောက်အကူ ဖြစ်သင့်တယ်။”
“သန့်စင် ဝိညာဉ်ရေကန်လို လိုမျိုး နှစ်နှစ်ဆယ်လောက် စုစည်းမယ်ဆိုရင်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ယွမ်စွမ်းအင် က အလွန်အမင်း စေးကပ်လာပြီး အကျိုးသက်ရောက်မှုက သန့်စင် ဝိညာဉ်ရေကန်ထက် မညံ့ဘူးဆိုတာ သေချာပါတယ်။”
ဝူယွမ်က လက်ခုပ်တီးပြီး မှတ်ချက်ပြုလိုက်သည်။
ဤအကျိုးသက်ရောက်မှုက မိုကျင့်ထျန်းနှင့် အခြားသူများ၏ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။
ရှေးဟောင်းနတ်သားရဲ၏ သွေးအစီအနှစ်စွမ်းအား မရှိတော့ခြင်းမှလွဲ၍ ၎င်းက သန့်စင် ဝိညာဉ်ရေကန်ထက် နည်းနည်းလေးမှ နိမ့်ကျခြင်း မရှိပေ။
…..
သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲသို့ ဝင်ရောက်သွားသည်။
နယ်မြေတစ်ဝိုက် လှည့်လည်ကြည့်ရှုပြီးနောက် သူက ကျောက်တိုင် ဝိညာဉ်နှင့် ဆက်သွယ်ကာ ကမ္ဘာဦးသစ်ပင်မျိုးစေ့ ကို စိုက်ပျိုးရန် အဓိကနေရာတစ်ခုကို ရှာဖွေခဲ့သည်။
ကမ္ဘာဦးသစ်ပင်မျိုးစေ့က မြေပေါ်သို့ ကျလာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေကာ မျက်စိဖြင့် မြင်သာသော အရှိန်ဖြင့် ကြီးထွားလာခဲ့ကာ တစ်နာရီပင် မကြာလိုက်ဘဲ ကြီးမားသော သစ်ပင်ကြီးတစ်ပင် ဖြစ်လာခဲ့သည်။
သစ်ပင်၏ အကိုင်းအခက်များနှင့် အရွက်များက စိမ်းလန်းစိုပြေပြီး သစ်ပင်၏အရိပ်က ဖန်တီးခြင်း မဟာရှေးဟောင်းကျောက်တိုင် ပတ်ဝန်းကျင် မိုင်ပေါင်းများစွာကို လွှမ်းခြုံထားသည်။
ကမ္ဘာ့ဦးသစ်ပင်က ဆက်လက်ကြီးထွားနေပြီး မြေအောက်ရှိ အမြစ်များသည်လည်း အဆက်မပြတ် ပျံ့နှံ့နေသည်။
ထိုသစ်ပင်က မည်သည့်စွမ်းအားမျိုးကိုမဆို စုပ်ယူပြီး ကြီးထွားနိုင်သည်။
“သခင်၊ ကျွန်တော် အတွင်းထဲကို ဝင်ချင်တယ်။ ဒီနေရာက ကျွန်တော့်အတွက် ပိုသင့်တော်ပုံရတယ်”
ရုတ်တရက်၊ ကျောက်တိုင် ဝိညာဉ်က ဝူယွမ်ထံသို့ သတင်းစကား ပေးပို့လာသည်၊ ကျောက်တိုင် ဝိညာဉ်က ကမ္ဘာဦးသစ်ပင် ထဲသို့ ဝင်ရောက်လိုနေခြင်း ဖြစ်သည်။
“အော်”
ကျောက်တိုင်ဝိညာဉ်သာ ကမ္ဘာဦးသစ်ပင် နှင့် ပေါင်းစပ်လိုက်လျှင် မည်ကဲ့သို့သော တုံ့ပြန်မှု ဖြစ်ပေါ်လာမည်ကို တွေးတောရင်း ဝူယွမ် အနည်းငယ် အံ့အားသင့်သွားသည်။
ယခုအချိန်တွင် ကမ္ဘာဦးသစ်ပင်က အခုမှ စတင်ပေါက်ဖွားလာခြင်းဖြစ်ပြီး ဝိညာဉ် မရှိဘဲ ဝေဝါးနေသည့် အခြေအနေတွင်သာ ရှိနေသေးသည်။ ကျောက်တိုင် ဝိညာဉ်နှင့် ပေါင်းစပ်မှုက သစ်ပင် ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်သင့်ပြီး၊ ၎င်းတို့နှစ်ခုစလုံး မဟာရှေးဟောင်းကျောက်တိုင် နယ်မြေရှိ အရေးအကြီးဆုံး အရာနှစ်ခု ဖြစ်လာနိုင်သင့်သည်။
“အင်း၊ သွားလေ”
ဝူယွမ်က ခေါင်းညိတ် သဘောတူလိုက်သည်။ ထို့နောက် ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် မှ အဖြူရောင်အလင်း ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ကမ္ဘာဦးသစ်ပင် ထဲသို့ ဝင်ရောက်သွားသည်။
“ဝိုး၊ အရမ်း သက်သောင့်သက်သာရှိလိုက်တာ၊ သခင်။ ကျွန်တော့်ရဲ့ စွမ်းအားတွေ ပြန်လည်ကောင်းမွန်လာတာကို ခံစားရတယ်” ကျောက်တိုင် ဝိညာဉ်က ကမ္ဘာ့သစ်ပင် ထဲသို့ ဝင်ရောက်လိုက် သည်နှင့် တစ်ပြိုင်နက် အလွန်တက်ကြွလာပြီး အပြုသဘော ဆောင်သော တုံ့ပြန်ချက်ကို ပေးပို့ခဲ့သည်။
ဝူယွမ်က ရှေးဟောင်းကျောက်တိုင် ဝိညာဉ် တစ်ဖြည်းဖြည်း ပိုအားကောင်းလာတာကို ခံစားနေရသည်။
ရုတ်တရက်၊ သစ်ပင်အမြစ်များ အောက်မှ အမည်းရောင် အငွေ့အငွေ့အသက် တစ်ခု ပေါ်ထွက်လာပြီး ကမ္ဘာ့သစ်ပင် ပတ်ပတ်လည်တွင် ရစ်ဝဲလာသည်။
“သခင်၊ ဒါ နတ်ဆိုး အငွေ့တွေ” ကျောက်လက်ဖွဲ့ နယ်မြေ စောင့်ရှောက်သူ သည် အနည်းငယ် ထိတ်လန့်တကြား ဖြစ်နေသော အသံဖြင့် ဝူယွမ်ထံ သတင်းစကား ပေးပို့လိုက်သည်။
“မဟုတ်သေးပါဘူး။ ကမ္ဘာ့သစ်ပင် ရဲ့ အမြစ်တွေက အဆင့်ကိုး နတ်ဆိုးဘုရင် ရဲ့ ချိတ်ပိတ်ထားတာကို ဖောက်ထွင်း သွားတာများလား”
ဝူယွမ်က အဆင့်ကိုး နတ်ဆိုးဘုရင်၏ ချိတ်ပိတ်အစီအရင်ကို အလျင်အမြန် သွားရောက်စစ်ဆေးလိုက်သည်။ အစီအရင် တစ်ခုလုံးကို သူ၏ ဝိညာဉ်စွမ်းအင် ဖြင့် စူးစမ်းလိုက်ရာ ကမ္ဘာ့သစ်ပင် ၏ အမြစ်တစ်ခုက ချိတ်ပိတ်အစီအရင် ကို ဖောက်ထွင်းဝင်ရောက်နေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။ သို့သော် အစီအရင် မပျက်စီးသေးဘဲ၊ နတ်ဆိုးဓာတ်ငွေ့ အငွေ့အသက်များသာ ယိုစိမ့်ထွက်နေခြင်း ဖြစ်သည်။
“ဒါက ပြဿနာတတ်လာနိုင်တယ် မဟုတ်ဘူးလား”
ဝူယွမ် စိုးရိမ်နေမိသည်။ နတ်ဆိုးအငွေ့အသပ် အနည်းငယ်မျှက ပြဿနာမရှိသော်လည်း အဆင့်ကိုးနတ်ဆ်ုးဘုရင် ချိတ်ပိတ်ခံထားရခြင်းမှ လွတ်မြောက်သွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
“သခင်၊ စိတ်မပူပါနဲ့။ သူက နတ်ဆိုးအငွေ့ ကို စုပ်ယူနိုင်တယ်”
ထိုအချိန်တွင် ကျောက်တိုင် ဝိညာဉ်က သူ့ထံ နောက်ထပ် သတင်းစကားတစ်ခုကို ထပ်မံပေးပို့လိုက်သည်။
ဝူယွမ်က မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့ပြီး ကမ္ဘာဦးသစ်ပင် ပတ်ပတ်လည်ရှိ နတ်ဆိုးဓာတ်ငွေ့ ကို သစ်ပင်က စုပ်ယူနေကာ သစ်ပင်၏ အာဟာရအဖြစ် ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။
ကမ္ဘာ့ဦးသစ်ပင်က စွမ်းအင်အားလုံးကို စုပ်ယူနိုင်ပြီး လေဟာနယ်ထဲ မှ စွမ်းအင်များကိုပင် ဆွဲယူကာ သန့်စင်သော ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
နတ်ဆိုးအငွေ့အသက် သည်ပင် ကမ္ဘာ့သစ်ပင် ၏ ဝါးမျိုခြင်း မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဝူယွမ်က ခဏတာ စောင့်ကြည့်ပြီးနောက် စိုးရိမ်မှု မရှိတော့ပေ။
ကမ္ဘာဦးသစ်ပင်၏ ထိုအမြစ်တစ်ပိုင်းက နတ်ဆိုးဘုရင် ၏ ချိတ်ပိတ်အစီအရင် ထဲသို့ ထိုးသွင်းထားသော ပိုက်ကဲ့သို့ ဖြစ်နေပြီး နတ်ဆိုး စွမ်းအင်ကို စုပ်ယူကာ မိမိကိုယ်ကို အားဖြည့်နေခဲ့သည်ာ
ရုတ်တရက် ဝူယွမ်က သူ၏ သိုလှောင်အိတ် ထဲမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
မှိန်ပျပျ၊ မထင်ရှားသော အသက်ရှင်သန်နေသည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
သူ၏ ဝိညာဉ်စွမ်းအင်က အတွင်းသို့ စူးစမ်းလိုက်ရာ ၎င်းသည် ရွှေဥလေး ဖြစ်နေခဲ့သည်။
ဝူယွမ် မြူဆိုင်းတောထဲရှိ ယန်အာရုံအရည် ကန်အောက်ခြေမှ ရရှိခဲ့သည့် ရွှေဥက အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် နောက်ဆုံး တုံ့ပြန်မှု ပြသလာပီ ဖြစ်သည်။
ဒါ ကမ္ဘာဦးသစ်ပင် ကြောင့်များလား။
ဝူယွမ်က လုံး၀ သံသယဖြစ်မပေ။ သူက ရွှေဥ ကို ထုတ်ယူကာ ကမ္ဘာဦးသစ်ပင် အနီးတွင် ထားလိုက်သည်။
သေချာသည်မှာ ရွှေဥ အတွင်းရှိ အသက်ရှင်သန်မှုလှိုင်း လှုပ်ရှားမှုများ ပြန်ပေါ်လာခဲ့သည်။
ဥလေးက ကမ္ဘာဦးသစ်ပင် အနီးတွင် နေရသည်ကို အလွန်ကြိုက်နှစ်သက်ပုံရသည်။
“ခဏ၊ ဥဆိုရင် သစ်ပင်ပေါ်မှာ ထားရမှာပေါ့”
ဝူယွမ်က ကမ္ဘာဦးသစ်ပင် ပေါ်သို့ ခုန်တက်ကာ အကိုင်းအခက်များကြားတွင် ကြီးမားသော ငှက်သိုက်တစ်ခုကို တည်ဆောက်ပြီးနောက် ရွှေဥ ကို အတွင်း၌ ထည့်ထားလိုက်သည်။
“သခင်၊ ဒီဟာကြီးက ဘာလဲ”
ကျောက်တိုင် ဝိညာဉ်က အလွန်သိချင်စိတ်ပြင်းပြကာ စိတ်ချင်းဆက်သွယ်ပြီး မေးမြန်းလိုက်သည်။
“ဒါ ဘယ်လိုဥမျိုးလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ သူက ရိုးရိုးဥတော့ မဟုတ်ဘူး။ ဒီအချိန်ကစပြီး သူ့ကို သစ်ပင်ပေါ်မှာပဲ ထားခဲ့မယ်၊ မင်းက ကူပြီး စောင့်ရှောက်ပေးပါ။ သူ့ကို ဥဖောက်ပေးနိုင်ရင် အကောင်းဆုံးပဲ”
ဝူယွမ်က ကျောက်တိုင် ဝိညာဉ်ကို ပြောလိုက်သည်။
“ကောင်းပြီ သခင်၊ သူက ဒီနေ့ကစပြီး ကျွန်တော့်ရဲ့ အဖော်ဖြစ်လာပြီ”
ကျောက်တိုင် ဝိညာဉ်က အလွန်ပျော်ရွှင်နေပြီး ဥအတွင်းမှ အသက်ဓာတ်ကို ခံစားနိုင်သည်။
ထိုအချိန် ငှက်သိုက်အနီးတွင် စိမ်းလန်းသော အရွက်အချို့ ထွက်ပေါ်လာပြီး ရွှေဥ ကို အပြည့်အဝ ဖုံးအုပ်လိုက်သည်။
မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲတွင် ထိုမျှကြီးမားသော သစ်ပင်ကြီးတစ်ပင် ရုတ်တရက် ပေါ်လာသည်ကို လူအားလုံး တွေ့သွားကြပြီး အံ့အားသင့်ခဲ့ကြသည်။
သို့သော် ဝူယွမ်ြ ထိုအပင်က အသက်အပင် ဖြစ်ကြောင်း၊ အပင်၏တည်ရှိမှုက သူတို့ကို ကူညီနိုင်ကြောင်း၊ ထို့ကြောင့် အပင်ကို တန်ဖိုးထားသင့်ကြောင်းနှင့် မည်သူမျှ အသက်ပင် ကို ထိခိုက်အောင် မလုပ်သင့်ကြောင်းသာ ပြောပြခဲ့ပြီး အများကြီး ရှင်းပြခြင်းမပြုပေ။
ထို့နောက် ဝူယွမ်က ကောင်းကင်မိကျောင်း အရိုးရုပ်သေး ကို ပြုပြင်မွမ်းမံရန် စတင်ခဲ့သည်။
ကံကောင်းထောက်မစွာနှင့်၊ ဝမ် နှင့် ချင် မျိုးနွယ်စုများဦ၏ ဘဏ္ဍာတိုက်များကို လုယက်သိမ်းပိုက်ခဲ့သောကြောင့် ဝူယွမ်က အရိုးရုပ်သေး များ ပြုပြင်မွမ်းမံရာတွင် လိုအပ်သည့် ပစ္စည်းများ အများအပြားကို ရရှိထားပြီးသားဖြစ်သည်။
ချီရှင်း နှင့် ရှောင်တျောင်း တို့၏ အကူအညီဖြင့်၊ နိဗ္ဗာန်ဆေးလုံး သန်းပေါင်းများစွာနှင့် များပြားလှသော ပစ္စည်းများကို အသုံးပြု၍ကာ ဝူယွမ်က အရိုးရုပ်သေး ကို ကနဦး ပြုပြင်မွမ်းမံရာတွင် နောက်ဆုံး၌ အောင်မြင်ခဲ့သည်။
ထိုအချိန်မှစ၍ သူက နိဗ္ဗာန်အဆင့် အဆင့်တစ်နှင့် နှိုင်းယှဉ်နိုင်သည့် ကောင်းကင်မိကျောင်း အရိုးရုပ်သေး ကို ရရှိခဲ့သည်။
ဤအရိုးရုပ်သေးက ဝိညာဉ်အသိစိတ် မရှိသေးသည့်အပြင် သွေးဝိညာဉ်ရုပ်သေး ကဲ့သို့ ဉာဏ်ရည်ထက်မြက်ခြင်း လည်း မရှိပေ။
ရုပ်သေး၏ စွမ်းအားက အဓိကအားဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်း ကောင်းကင်မိကျောင်း သွေးမျိုးဆက် အပြင်၊ မွေးရာပါ ဝိညာဉ်ရတနာလက်နက် ဖြစ်သည့် ကောင်းကင်မိကျောင်းအရိုးလှံ မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ဤကောင်းကင်မိကျောင်း အရိုးရုပ်သေး ကို အဆင့်မြှင့်ဆက်တင်နိုင်သေးသည်။ အဆင့်မြှင့်တင်ရာတွင် နိဗ္ဗာန်ဆေးလုံး များအပြင် နတ်ဆိုးသားရဲ၏ သွေးအစီအနှစ်များလည်း လိုအပ်သည်။
ပြုပြင်မွမ်းမံပြီးနောက် ကောင်းကင်မိကျောင်း အရိုးရုပ်သေးက တောင်ငယ်လေးကဲ့သို့ ဧရာမကြီးမားနေသည့် ပုံသဏ္ဌာန်မျိုး မရှိတော့ပေ။ အရိုးများကို ကျုံ့နိုင်ပြီး တိုက်ပွဲအတွက် လိုအပ်သည့်အခါမှ မူလအခြေအနေသို့ ပြန်ပြောင်းနိုင်ပီဖြစ်သည်။
ဤကာလအတွင်း ဝူယွမ်က အလွန်အလုပ်များနေခဲ့သည်။ မဟာရှေးဟောင်းကျောက်တိုင် နယ်မြေရှိ ကိစ္စရပ်များစွာက သူ့အပေါ်တွင် မူတည်နေသေးသည်။
အသစ်ဝင်လာသော ပါရမီရှင် လူငယ်များအား သူတို့၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်နိုင်ရန်နှင့် လာမည့် ပြည်ထောင်တစ်ရာတိုက်ပွဲ အတွက် ပြင်ဆင်နိုင်ရန် ကူညီဖို့ရာအတွက် ဝူယွမ်က သူတို့တစ်ဦးစီအား ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် ထဲသို့ ဝင်ရောက်ကာ သိုင်းပညာရပ် များ ရယူရန် အခွင့်အရေးတစ်ကြိမ် ပေးခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ဝူယွမ်က ကျောက်တိုင် ဝိညာဉ်ကို အခက်အခဲကို လျှော့ချရန် ညွှန်ကြားခဲ့သည်။ကျောက်တိုင် ဝိညာဉ် ဝိညာဉ်နှင့် ဆက်သွယ်ရန် မလိုအပ်တော့ဘဲ ကြယ်တာရာကောင်းကင် ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိနိုင်ရုံဖြင့် ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် များကို ရယူနိုင်မည် ဖြစ်သည်။
သူတိုက်ရိုက်ပေးနိုင်ပေမဲ့ သူတို့ကို တိုက်ရိုက်ပေး၍ မရပေ။ ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် တည်ရှိမှု၏ ရည်ရွယ်ချက်မှာ လူများကို ရှေးဟောင်းကျောက်တိုင် ထဲသို့ ဝင်ရောက်စေပြီး မိမိတို့နှင့် သင့်လျော်သော သိုင်းပညာရပ် များကို ကိုယ်တိုင် ရှာဖွေစေရန် ဖြစ်သည်။
ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် များက ဤပါရမီရှင်များအတွက် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ဘဲသည်။
မဟာယန်မင်းဆက် တွင် ဧကရာဇ်မျိုးနွယ်၊ မျိုးနွယ်စုကြီးလေးခု နှင့် ဂိုဏ်းကြီးသုံးခုသာ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် များကို ပိုင်ဆိုင်သည်။
ဝင်ရောက်လာခဲ့သူ လူပေါင်း ခြောက်ဆယ်ကျော်အနက် သုံးပုံနှစ်ပုံနီးပါး ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် များကို ရရှိခဲ့ကြပြီး၊ အညံ့ဆုံးသူများပင် နဝမအဆင့် သိုင်းပညာရပ် ကို ရရှိခဲ့သည်။
ထိုပညာရပ်များအပြင် ဝူယွမ်က ဝမ် နှင့် ချင် မျိုးနွယ်စုများ မှ ရရှိသော ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် အားလုံးကို ဤပါရမီရှင်များအား ကျင့်ကြံရန် ပံ့ပိုးပေးခဲ့သည်။
ထို့ကြောင့် လူတိုင်းက အနည်းဆုံး ဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရပ် တစ်ခုကို သင်ယူနိုင်ခဲ့ကြသည်။
ဝူယွမ်၏ လုပ်ရပ်များက ပါရမီရှင်များ အားလုံး၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ကြပြီး၊ ခေါင်းဆောင်တစ်ဦး၏ သတ္တိနှင့် ဆွဲဆောင်မှု အရည်အချင်းကို အပြည့်အဝ ဖော်ပြနေခဲ့သည်။
သူတို့သာ ထိုသို့သော ခေါင်းဆောင်နောက်ကို လိုက်ရလျှင် ကျော်ကြားမှု မရမည်ကို ဘာကြောင့် စိုးရိမ်ရမည်နည်း။
လူတိုင်းက ဝူယွမ်အပေါ် ယုံကြည်မှု အပြည့်ရှိလာကြပြီး သူ့အမိန့်တိုင်းကို ပိုလိုက်နာရန် စိတ်ပိုင်းဖြတ်ထားကြသည်။
မဟာရှေးဟောင်းကျောက်တိုင် ၏ ပတ်ဝန်းကျင်က ပိုမိုကောင်းမွန်လာပြီး အသက်ဓာတ်များဖြင့် ပြည့်နှက်လာသည်။ အတွင်းရှိ လူများသည်လည်း မျှော်လင့်ချက်များ အပြည့်ရှိနေကြပြီး နေ့တိုင်း စွမ်းအင်အပြည့်ဖြင့် နေထိုင်ကြကာ အရာအားလုံး စနစ်တစ်ကြ ဖွံ့ဖြိုးတိုးတက်နေသည်။
ငါးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် ရှေးဟောင်းစစ်မြေပြင် သို့ သွားရောက်ရမည့်အချိန် ရောက်ရှိလာပီဖြစ်သည်။
ဒင်၊ ဆိုင်းအင်ဝင်ရောက်ခြင်း နေရာ အသစ်ပြင်ဆင် ပြီးပါပြီ။ နော ထပ်နေရာ - ရှေးဟောင်းစစ်မြေပြင်၊ ယန်မြို့။
မဟာရှေးဟောင်းကျောက်တိုင် နယ်မြေမှ ထွက်ခွာလာပြီးနောက် ဝူယွမ်က စနစ်အသိပေးချက်ကို လက်ခံရရှိခဲ့သည်။
…
ဧကရာဇ်နန်းတော် နက်ရှိုင်းသော နေရာတွင် မီတာထောင်ချီမြင့်မားသော ခမ်းနားထည်ဝါသည့် တောင်တစ်လုံးသက တိမ်တိုက်များကို ထိုးဖောက်လျက် တည်ရှိနေသည်။ ဤတောင်ကို မဟာယန်မင်းဆက် တွင် နိဗ္ဗာန်စစ်ပွဲတောင်ထိပ် ဟု လူသိများကာ ရှေးဟောင်းစစ်မြေပြင် သို့ ဦးတည်သည့် တယ်လီပို့ လမ်းကြောင်းတစ်ခု ရှိသောကြောင့် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ခံထားရသည်။
ဝူယွမ်က ဤနေရာသို့ တစ်ဦးတည်း ရောက်ရှိလာသည်။ ဝူယွမ်ရောက်သောအခါ မိုကျင့်ထျန်း နှင့် အခြားသူများက စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။
သူတို့ရှေ့တွင် ကြီးမားလှသော ကျောက်တုံးကျောက်ဆောင်ကြီး တစ်ခု ရှိသည်။ ဤကြီးမားသော ကျောက်တုံးများပေါ်တွင် နက်နဲဆန်းကြယ်သော ရူန်း များစွာကို ထွင်းထုထားပြီး၊ ဤံဩထွယ် စွမ်းအင်လှိုင်းများက အတွင်းမှ အဆက်မပြတ် ထုတ်လွှတ်နေကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင် ကို ဆူပွက်စေတော့မည့် လက္ခဏာများ ပြသနေသည်။
မိုကျင့်ထျန်းက ဝူယွမ်ကို မြင်သောအခါ ထပ်မံ သတိပေးလိုက်သည်။ “ရှေးဟောင်းစစ်မြေပြင်က အရှေ့ယွမ်ဒေသ က အထက်တန်းစားဂိုဏ်းကြီးတွေ က ဖွင့်ထားတဲ့ နယ်မြေတစ်ခုဘဲ။ အဲဒီနယ်မြေမှာ ကြွယ်ဝတဲ့ နိဗ္ဗာန်စွမ်းအင် တွေ ရှိတယ်။ အဲဒီနေရာမှာ ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေတောင် ကောင်းကင်နဲ့ မြေကြီးရဲ့ ယွမ်စွမ်းအင် ထဲကနေ နိဗ္ဗာန်စွမ်းအင် ကို သန့်စင်ပြီး နိဗ္ဗာန်ဆေးလုံး တွေကို စုစည်းနိုင်ပါတယ်။”
“မင်း ဝင်ရောက်ပြီးတဲ့အခါကြရင် အခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်ထားရမယ်။ နိဗ္ဗာန်ဆေးလုံး တွေကို အမြန် စုဆောင်းပြီး လူတိုင်း နိဗ္ဗာန်အဆင့်ကို ဖောက်ထွက်ဖို့ ကြိုးစားရမယ်။ နိဗ္ဗာန်အဆင့် ကို ဝင်ရောက်နိုင်မှသာ အဆင့်မြင့် အထူးဂိုဏ်းကြီးတွေ ရဲ့ သတိထားမှုကို ခံရဖို့ ဖြစ်နိုင်ခြေရှိတယ်။”
သူတို့အားလုံး ဤတစ်ကြိမ်တွင် မျှော်လင့်ချက်များအားလုံးကို ဝူယွမ်အပေါ် ထားရှိခဲ့ကြသည်။ သူတို့၏ ဧကရာဇ်မျိုးနွယ် မှပင် ယခုမျိုးဆက်၏ အထူးချွန်ဆုံး ပါရမီရှင် လူငယ်လေးဦးကို စေလွှတ်ခဲ့သည်။
ဝူယွမ်က “အားလုံး စိတ်ချပါ။ တခြားကိစ္စတွေ ဘေးဖယ်ထား၊ သူတို့အားလုံး နိဗ္ဗာန်အဆင့် ကို ဖောက်ထွက်ဖို့ရာ လုံလောက်တဲ့ နိဗ္ဗာန်ဆေးလုံး တွေကို ကျွန်တော် ဝူယွမ်က အာမခံပါတယ်။ ဒါပေမဲ့ သူတို့ ဖောက်ထွက်နိုင်မလားဆိုတာကတော့ သူတို့ တစ်ဦးချင်းစီရဲ့ ကံကြမ္မာေပါ်ဘဲ မူတည်တယ်”
“ဒီအချိန်ကစပြီး ဝူယွမ်ညီအစ်ကို ကိုပဲ အားကိုးရတော့မယ်” လူတိုင်း လက်ချင်းယှက်၍ ပြောလိုက်ကြသည်။
ဝူယွမ်ကလည်း အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
“စကြစို့”
မိုကျင့်ထျန်းက လက်လှမ်းလိုက်၍ သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူလိုက်သည်။ သူတို့က တယ်လီပို့ဖို့ အတွက် လိုအပ်သော နိဗ္ဗာန်ဆေးလုံး များကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
သူ့လက်ချောင်း ထိပ်မှနေ၍ ပြင်းထန်သော စွမ်းအင်လှိုင်းများကို သယ်ဆောင်လာသော နိဗ္ဗာန်ဆေးလုံး အမြောက်အမြား ထွက်ပေါ်လာပြီး ကြီးမားသော ရှေးဟောင်းကျောက်တုံး အစီအရင်ကြီး ထဲသို့ အားလုံး ဝင်ရောက်သွားသည်။
နိဗ္ဗာန်ဆေးလုံး ထောင်ပေါင်းများစွာ ရုတ်တရက် ဝင်ရောက်လာသည်နှင့်အမျှ ကြီးမားသော ကျောက်တုံး အစီအရင်က ချက်ချင်းပင် တုန်ခါသွားသည်။ အစီအရင် ပေါ်တွင် ထွင်းထုထားသော ရူန်း များသည်လည်း ဤအချိန်တွင် တောက်ပသော အလင်းတန်းများ ပေါ်ထွက်လာပြီး၊ အလင်းတန်းတိုင် တစ်ခုက ကျောက်တုံးအစီအရင် အလယ်ဗဟိုမှ ဖြည်းညင်းစွာ ပျံ့နှံ့လာခဲ့သည်။
အလင်းတန်းတိုင် ပေါ်လာသည်ကို မြင်သောအခါ ဝူယွမ်က တုံ့ဆိုင်းမနေဘဲ ပျံသန်းကာ အလင်းတန်းတိုင် ထဲသို့ ဝင်ရောက်လိုက်သည်။
ထိုအချိန်တွင် အလင်းတန်းတိုင်က တောက်ပသော ရောင်ခြည်များ ထုတ်လွှတ်လိုက်ပြီး၊ လောင်ကျွမ်းနေသော နေမင်းသဖွယ် ဖြစ်လာကာ အချိန်အတော်ကြာပြီးနောက် ၎င်းသည် ဖြည်းညင်းစွာ မှေးမှိန်သွားသည်။
အလင်းတန်းတိုင် မှေးမှိန်သွားသည်နှင့်အမျှ ဝူယွမ်၏ ပုံရိပ်သည်လည်း လုံး