← Chapters

ဟွမ်ပူယင်း ရှုံးနိမ့်ခြင်း

Vol. 15 Ch. 141

ဟွမ်ပူယင်း ရှုံးနိမ့်ခြင်း

Vol. 15 Ch. 141

ဝူယွမ်၏ စွမ်းအား အစစ်အမှန်ကို သိရှိသူ အနည်းငယ်သာ ရှိသည်။

ဝမ်လေ၊ ချင်ချွမ်၊ မော့ကျင်းထျန်းတို့သာမက လင်းဖန်ပါ ဝူယွမ်က အင်အားကြီးသည်ဟု ထင်မြင်ကြသော်လည်း သူ၏ စွမ်းအားအတိုင်းအတာကို တိတိကျကျ မစမ်းသပ်ဖူးသောကြောင့် သတိထား နေကြသည်။

သို့ရာတွင် သူတို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုက မဟာရှေးဟောင်းကျောက်တိုင်နေရာအတွင်းမှ နက်နဲဆန်းကြယ်သော နိဗ္ဗာန်အဆင့် အရိုးစု အစောင့်အရှောက်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။

ဝမ်လေနှင့် ချင်ချွမ်တို့က ဝူယွမ်ကို ပူးပေါင်းကြံစည်ပြီး ခြိမ်းခြောက်ငွေညှစ်ရန် ရဲရဲဝံ့ဝံ့ ကြိုးပမ်းရခြင်းမှာ ထိုနိဗ္ဗာန်အဆင့်အရိုးစို သူတို့ ထိန်းချုပ်နိုင်သည်ဟု ယုံကြည်ထားသောကြောင့်ပင်။

သူတို့က အတွင်းသို့ ဝင်ရောက်ခဲ့ဖူးသူများထံမှ ထိုအရိုးစုအစောင့်အရှောက်၏ စွမ်းအားကို ကြားဖူးရုံမျှသာ ရှိသေးပြီး လက်တွေ့ မကြုံတွေ့ခဲ့ဖူးသောကြောင့် နိဗ္ဗာန်အဆင့်ရောက်ပြီး ဖြစ်သည့် သူတို့သည်လည်း ထိုအရိုးစုနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု မှားယွင်းစွာ ယူဆထားခြင်း ဖြစ်သည်။

ဝူယွမ် ထုတ်ဖော်ပြသသည့် ကျင့်ကြံခြင်းအဆင့်က ကူးပြောင်းခြင်းအဆင့် အလယ်အလတ်နှင့် အထွတ်အထိပ်ကြား၌သာ ရှိနေသေးကာ ဝမ်ကျုံးနှင့် မော့လင်တို့ကဲ့သို့ ထူးချွန်ပြောင်မြောက်သည့် လူငယ်ပါရမီရှင်များနှင့် အတူတူပင်ဖြစ်နေသည်။

အင်အားကြီးလူငယ်များ တစ်ဦးပြီးတစ်ဦး လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားကြသည်။

ဝူယွမ်၏ ပုံရိပ်သည်လည်း ခရမ်းရောင် လျှပ်စီးပမာ လက်ယာဘက်ရှိ နဝမမြောက်လမ်းကြောင်းအတွင်းသို့ တိုးဝင်သွားခဲ့သည်။

လမ်းကြောင်းအတွင်းမှ အလင်းရောင်က ချက်ချင်း အနည်းငယ် မှေးမှိန်သွားသည်။ ဝူယွမ်၏ မျက်လုံးရှေ့၌ ပေါ်လာသည်မှာ အလွန်နက်ရှိုင်းပြီး ကျယ်ဝန်းလှကာ အနက်ရှိုင်းဆုံးအပိုင်းဆီသို့ ဦးတည်နေသည့် လမ်းကြောင်းတစ်ခုဘဲ ဖြစ်သည်။

မျိုးစေ့ရွေးချယ်ပွဲ၏ စည်းမျဉ်းများက ရိုးရှင်းလှသည်။

စုစုပေါင်း စစ်ဆေးရေးဂိတ် သုံးခု ရှိပြီး ဝင်ရောက်လိုက်သည့် လမ်းကြောင်းများက ပေါင်းစည်းသွားမည်ဖြစ်သည်။ ပထမဆုံး လူသုံးဦး တိုက်ခိုက်ရမည့် လမ်းကြောင်းသုံးခု ပေါင်းဆုံပြီး အနိုင်ရသူ တစ်ဦး ထွက်ပေါ်လာမည်။ အောက်ပိုင်းသို့ ဆက်သွားပါက လမ်းကြောင်းနှစ်ခု ထပ်မံပေါင်းစည်းပြီး အနိုင်ရသူ ဆက်လက်သွားမည်။ ထို့နောက် တတိယတိုက်ပွဲတွင် လမ်းကြောင်းမှ အောင်မြင်စွာ ထွက်ပေါ်လာသူက နေရာတစ်နေရာကို အောင်အောင်မြင်မြင် ရရှိမည်ဖြစ်သည်။

၀ူယွမ်က လမ်းကြောင်းအတွင်း မိနစ်အနည်းငယ်ကြာ လျှောက်ပြီးနောက် သံတံခါးတစ်ခုရှေ့သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ ထိုသံတံခါးက ပထမဆုံး စစ်ဆေးရေးဂိတ်ဖြစ်ပြီး လူသုံးဦး ဆုံစည်းရာနေရာ ဖြစ်သည်။

ဝူယွမ်က တုံ့ဆိုင်းမနေတော့ပေ။ သူက လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ရာ ခရမ်းရွှေရောင် ယွမ်စွမ်းအင်များ လက်သီးများကြား၌ တောက်ပလာခဲ့သည်။

ဒုန်း။

သံတံခါးက ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အစအနများ ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။

အလင်းရောင် တောက်ပလာသည်နှင့် ဝူယွမ်က အပြင်သို့ လှမ်းထွက်လာခဲ့သည်။ သံတံခါးအပြင်ဘက်က အလွန်ကျယ်ဝန်းသော ခန်းမဆောင်ကြီးဖြစ်ပြီး ထိုခန်းမက မြင့်မားသော်လည်း မျက်နှာကျက်မရှိဘဲ ပတ်ဝန်းကျင်၌ အနက်ရောင်သံရိုင်းများဖြင့် ပုံသွင်းထားသဖြင့် ဖိအားတစ်ခုကို ခံစားနေရစေသည်။

မိုကျင်းထျန်း၊ ဝမ်လေနှင့် အခြားသူများက လမ်းကြောင်းများ၏ အပေါ်မှနေ၍ ဤခန်းမများကို စောင့်ကြည့်နေကြသည်။

သူတို့အားလုံးက ဝူယွမ်ကို စိတ်ဝင်စားနေကြရာ ဝူယွမ် ခန်းမထဲသို့ ပေါ်လာသည်နှင့် သူတို့၏ အကြည့်များအားလုံး သူ့ဆီသို့ တညီတညွတ်တည်း ဦးတည်လာကြသည်။

ထိုခန်းမသို့ ဦးတည်သော အခြားသံတံခါးနှစ်ခုမှာ မပွင့်သေးသောကြောင့် ဝူယွမ်က ခန်းမထဲ၌ တိတ်ဆိတ်စွာ ရပ်နေရင်း စောင့်ဆိုင်းနေသည်။

တစ်မိနစ်ပင် မကြာလိုက်။

“ဒုန်း။ ဒုန်း။”

ပေါက်ကွဲသံ နှစ်ခုနှင့်အတူ တံဆိပ်ခတ်ထားသော သံတံခါးနှစ်ချပ် ကျိုးပဲ့သွားကာ အရပ်မြင့်မြင့် လူငယ်နှစ်ဦး ၎င်းတို့အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထိုသူနှစ်ဦးလုံး တူညီသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး တူညီသော ဂိုဏ်းတံဆိပ်ကို တပ်ဆင်ထားကြရာ ဂိုဏ်းတစ်ခုထဲမှ ဖြစ်ကြသည်ကို ပြသနေသည်။

ယေဘုယျအားဖြင့် မျိုးနွယ်စုတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါရမီရှင်က အများဆုံး နှစ်ဦးသာ ပါဝင်ရပြီး သူတို့က လမ်းကြောင်းများအတွင်းသို့ ကျပန်း ဝင်ရောက်ကြရသည်။ ထိုသို့ ပထမဆုံး စစ်ဆေးရေးဂိတ်၌ ဆုံဆည်းကြခြင်းမှာ ရှားပါးလှသည်။

လူသုံးဦး ယှဉ်ပြိုင်ရမည်။

ယခုအခါတွင် တူညီသော ဂိုဏ်းမှ နှစ်ဦး ပါလာသောကြောင့် သူတို့နှစ်ဦး ပူးပေါင်းကာ တတိယလူကို ဦးစွာ ဖယ်ရှားရန် ပစ်မှတ်ထားခံရသည့် နှစ်ယောက်တစ်ယောက် အခြေအနေ ဖြစ်လာသည်။

“အဲဒါ မဟာတောင်ထွတ်ဂိုဏ်းက တောင်ရွေ့စစ်သူကြီး နှစ်ပါးဖြစ်တဲ့ လုကွေနဲ့ ဟူလူ မဟုတ်လား။ ပထမဆုံး စစ်ဆေးရေးဂိတ်မှာ ဆုံမိကြတယ်ဆိုတော့။”

“ဟာဟာ၊ ဝူယွမ်က ဒီလိုအခြေအနေမျိုးနဲ့ တွေ့ရတာ တကယ် ကံဆိုးတာပဲ။”

“ကံဆိုးသူတွေက ကျန်တဲ့နှစ်ယောက် ဖြစ်မယ်လို့ ငါတော့ ထင်တယ်။”

အပေါ်စီးမှ ခန်းမကို ကြည့်နေကြသူများအားလုံး ချက်ချင်း စိတ်ဝင်စားသွားကြသည်။ သုံးယောက်အပြိုင် လွတ်လွတ်လပ်လပ် တိုက်ခိုက်ကြရမည်ဆိုပါက ဝူယွမ်အတွက် ပြဿနာမရှိဟု သူတို့ ယုံကြည်ကြသည်မှာ သံသယဖြစ်စရာမလို။ သို့သော် ယခုမူ နာမည်ကျော် တောင်ရွေ့စစ်သူကြီးနှစ်ပါးကို ရင်ဆိုင်ရမည်ဖြစ်သည်။ နှစ်ယောက်တစ်ယောက်တိုက်ပွဲကို သူ ရင်ဆိုင်နိုင်ပါ့မလား။

“ ဂိုဏ်းချုပ်ကြီး ယွဲ့၊ ဘယ်လို ထင်ပါသလဲ” တစ်စုံတစ်ဦးက မဟာတောင်ထွတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို လှမ်းမေးလိုက်သည်။

“သူတို့နှစ်ယောက်က ဆယ်နှစ်ကျော် သိကျွမ်းခဲ့ကြတာ၊ သူတို့ရဲ့ သိုင်းပညာရပ်တွေက တစ်ယောက်နဲ့တစ်ယောက် အားဖြည့်ပေးနိုင်တယ်။ ပူးပေါင်းတိုက်ခိုက်ရင် အထွတ်အထိပ် ကူးပြောင်းခြင်းအဆင့် ကိုတောင် အနိုင်ရမယ်လို့ သူတို့ ယုံကြည်ချက်ရှိတယ်။ ဒီတော့ အခွင့်အရေး အနည်းငယ်တော့ ရှိနိုင်ပါသေးတယ်။” မဟာတောင်ထွတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က လေးနက်သော အမူအရာဖြင့် ပြောသည်။

အခြားသူဆိုလျှင် သူ ဝမ်းသာသင့်သည်။ အကယ်၍ အခြားသူများနှင့် တွေ့ပါက သူတို့ထဲမှ တစ်ဦးဦးက အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ရည သေချာသည်။

သို့သော် ယခု ဝူယွမ်နှင့် ရင်ဆိုင်တွေ့ရသောအခါ အခွင့်အရေးမှာ အတော်လေး ပါးလွှာသွားခဲ့သည်။

ခန်းမဆောင်အတွင်း၌။

ဝူယွမ်ကို မြင်ဘိုက်သည်နှင့် လုကွေနှင့် ဟူဝူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် ခါးသက်သော အပြုံးတစ်ချက် ပေါ်လာသည်။

လုကွေက “ဝူယွမ်ညီအစ်ကို၊ မင်းနဲ့ တွေ့ရတာ တကယ်ပဲ ကံမကောင်းဘူးလို့ ပြောရမလားဘဲ။” ဟု ဆိုသည်။

လုကွေ၏ မျက်နှာပေါ်တွင် ဓားဒဏ်ရာတစ်ခုရှိနေ၍ ကြမ်းတမ်းပုံရသော်လည်း ဝူယွမ်ကိုမူ အလွန်နူးညံ့ပြီး လေးစားမှုရှိသည်။

မဝင်ရောက်မီကပင် သူတို့က ဝူယွမ်နှင့် စကားပြောဖူးပြီး ခင်မင်ရင်းနှီးခဲ့ကြသည်။

“ကျွန်တော်လည်း မင်းတို့နှစ်ယောက်လုံးနဲ့ တစ်ချိန်တည်း တွေ့မယ်လို့ မထင်ထားခဲ့ဘူး။ ပြောစရာမလိုတော့ပါဘူး၊ မင်းတို့နှစ်ယောက်လုံး ပေါင်းပြီး တိုက်ခိုက်ပါ။ ကျွန်တော့်ကို ဖယ်ရှားနိုင်မလားဆိုတာ မင်းတို့ရဲ့ စွမ်းရည်အပေါ်ဘဲ မူတည်တယ်။”

ဝူယွမ်သည် ခါးသက်သော အပြုံးဖြင့် ပြောလိုက်သည်။ ဤလမ်းကြောင်းသည် မူရင်းဇာတ်လမ်းအရ လင်းတုန် ပိုင်ဆိုင်ခဲ့ရမည်ဖြစ်သော်လည်း ယခုမူ သူက ကြားဖြတ်ယူခဲ့ခြင်းဖြစ်သည်။

“ဒါဆို ကျွန်တော်တို့ ညီအစ်ကိုတွေက ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး၊ ဝူယွမ်ညီအစ်ကို သတိထားပါနော်။”

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးထံမှ ယွမ်စွမ်းအင်များ လှိုင်းထလာပြီး သူတို့၏ အရှိန်အဝါများက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

ယခုအချိန်တွင် မည်သူမှ နောက်ဆုတ်ရန် မတတ်နိုင်တော့ပေ။

ထို့အပြင် ဝူယွမ်အပေါ် သူတို့၏ လေးစားမှုက သူ၏ ခွန်အားကြောင့် ဖြစ်သည်။ ဝူယွမ်သာ သူတို့နှစ်ဦးကို နိုင်အောင်မတိုက်နိုင်ပါက သူင နာမည်ခံသက်သက်သာ ဖြစ်နေမည်ဖြစ်ပြီး သူတို့၏ လေးစားမှုနှင့် မထိုက်တန်တော့ပေ။

လုကွေနှင့် သူ၏အဖော်က ရုတ်တရက် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူတို့၏ လက်ထဲတွင် ဧရာမ အနက်ရောင် သံတူကြီးနှစ်ချောင်း ပေါ်လာသည်။

ဒုတ်။

သံတူကြီးများ လှုပ်ရှားလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များက တစ်ပြိုင်နက်တည်း ချက်ချင်း ရှေ့သို့ လျင်မြန်စွာ တိုး၀င်လာပြီး တစ်ယောက်က ဘယ်ဘက်၊ တစ်ယောက်က ညာဘက်သို့ ကွေးညွတ်သော ပုံစံဖြင့် ရွေ့လျားနေကြသည်။ သူတို့၏ လက်ထဲမှ လေးလံသော သံတူများက အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာကာ လျှပ်စီးကဲ့သို့ လျှင်မြန်သော အရှိန်ဖြင့် ဝူယွမ်ဆီသို့ ရိုက်ခတ်လာခဲ့သည်။

ထို စွမ်းအားဖြင့် ဖန်တီးလိုက်သည့် ဖိအားကို ကူးပြောင်းခြင်း အလယ်အလတ် ကျင့်ကြံသူပင် တဲ့ထိုး ရင်ဆိုင်တိုက်ခိုက်ရန် မရဲဝံ့ပေ။

ဝူယွမ်က ငြိမ်သက်စွာသာ ရပ်နေခဲ့ပြီး ခရမ်းရွှေရောင် ယွမ်စွမ်းအင်က သူ၏ လက်သီးများအတွင်းသို့ အဆက်မပြတ် စီးဝင်လာသည်။ ထို့နောက် သိုင်းပညာရပ်ကို အသုံးမပြုဘဲ လက်နှစ်ဖက်ဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်ပြီး သံတူများကို လက်ချည်းသက်သက်ဖြင့် ရင်ဆိုင်လိုက်သည်။

ဂျစ်၊ခရက်စ်

တိုးညင်းသောအသံ နှစ်ခု ထွက်ပေါ်လာပြီး လုကွေနှင့် သူ့အဖော်တို့၏ လက်ထဲမှ သံတူကြီးများ လေထဲသို့ ပစ်ထုတ်ခံလိုက်ရရုံမက သူတို့၏ ကိုယ်ခန္ဓာများပါ နောက်သို့ ပြင်းထန်စွာ ပစ်လွှင့်ခံလိုက်ရသည်။

ဝူယွမ်က သူ၏ ကိုယ်ခန္ဓာစွမ်းအား သပ်သပ်ဖြင့် သူတို့နှစ်ဦးပေါင်းတိုက်ခိုက်မှုကို အလွယ်တကူ ဟန့်တားလိုက်ခြင်းပင်။

“နတ်ဆိုးတောင် ကိုယ်ခန္ဓာ”

လုကွေနှင့် သူ့အဖော်တို့က တစ်ဖန် အော်ဟစ်လိုက်ရာ သူတို့၏ ကိုယ်ခန္ဓာများ ချက်ချင်း အဆများပေါင်းစွာ ပိုမိုကြီးထွားလာပြီး ကြွက်သားများက ဧရာမ သားရဲကြီးများကဲ့သို့ ဖောင်းကားလာသည်။

အနက်ရောင် အလင်းတန်းများက သူတို့ပတ်လည်တွင် လည်ပတ်လျက်ရှိကာ သိပ်သည်းလာပြီး အားပြင်း စွမ်းအင်များ ပျံ့နှံ့နေသည်။ ဤနှစ်ဦးက သူတို့၏ အစွမ်းအထက်ဆုံး ဝှက်ဖွဲကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

“ကိုယ်ခန္ဓာက မဆိုးဘူး၊ ဒါပေမဲ့ တိုးတက်ဖို့ လိုနေသေးတယ်။”

ဝူယွမ်က သူတို့နှစ်ဦး၏ မြင့်တက်လာသော ကိုယ်ခန္ဓာစွမ်းအားကို ကြည့်လိုက်သည်။ ထိုပညာရပ်က လင်းတုန် ကျင့်ကြံသည့် နတ်ဆိုးမျောက်၀ံအသွင်ပြောင်းခြင်းနှင့် အနည်းငယ် ဆင်တူသော်လည်း ကိုယ်ခန္ဓာကျမ်းကဲ့သို့ ကိုယ်ခန္ဓာ၏ မူလအလားအလာကို တိုက်ရိုက် မြှင့်တင်ပေးသည်နှင့် မတူဘဲ ခွန်အားကို ခဏတာမျှသာ မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။

“တောင်တူ။”

သူတို့၏ မျက်လုံးချင်း ဆုံလိုက်ကြပြီး နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြကာ မြေပြင်ကို ပြင်းထန်စွာ နင်းခြေလိုက်ရင်း တောင်ငယ်နှစ်လုံးပမာ မြေပြင်မှ ထိုးထွက်လာခဲ့သည်။ သူတို့အောက်ရှိ အနက်ရောင်သံရိုင်း ကြမ်းခင်းများက သံမှုန့်၊ဖုန်မှုန့်များအဖြစ် ကြေမွသွားရသည်။

သူတို့၏ လက်ထဲရှိ သံတူကြီးများ ပိုမိုကြီးထွားလာပြီးနောက် သူတို့သည် သံတူနှစ်ချောင်းကို ဝှေ့ယမ်းကာ ရှေ့ရှိ လေဟာနယ်ကို ပြင်းထန်စွာ ရိုက်ချလိုက်ကြသည်။

သံတူနှစ်ချောင်းက လေဟာနယ်၌ တိုက်မိသွားပြီး ရုတ်တရက် တိုးထွက်လာသော ယွမ်စွမ်းအင်ကြောင့် ခန်းမတစ်ခုလုံး အပြင်းအထန် တုန်ခါသွားခဲ့သည်။ ခမ်းနားကြီးကျယ်သော အနက်ရောင်အလင်းတန်းနှစ်ခုက သံတူများ ရိုက်ခတ်သည့်နေရာမှ တောင်တစ်ခုပမာ ထွက်ပေါ်လာပြီး သိပ်သည်းသော အနက်ရောင်၊ တူရိုက်ချက်အလင်းများဖြင့် ဝူယွမ်ပေါ်သို့ ပြင်းထန်စွာ ဖိအားပေးနေသည့် ဧရာမတောင်ကြီးတစ်လုံးကို ဝိုးတဝါး ပုံဖော်နေသည်။

သူတို့က သူတို့နှစ်ဦး၏ အစွမ်းအထက်ဆုံး ပေါင်းစပ်စွမ်းအားဖြစ်ပြီး ကူးပြောင်းခြင်း အထွတ်အထိပ် ကျင့်ကြံသူပင် ဖိအားကို ခံစားရမည်ဖြစ်သည်။

“မဟာရှေးဟောင်း ကောင်းကင်ဖမ်း လက်ချောင်း၊ လက်ချောင်းနှစ်ချောင်းဖြင့် တောင်နှင့်မြစ်များကို ဖျက်ဆီးခြင်း။”

ဝူယွမ်က အစောက နေရာတွင်သာ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး တောင်ကဲ့သို့ကြီးမားသော သံတူကြီးနှစ်ခု၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူက လက်ချောင်းနှစ်ချောင်းကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ခရမ်းရွှေရောင် ယွမ်စွမ်းအင်က ဝူယွမ်၏ ကိုယ်ခန္ဓာမှ ရုတ်တရက် တိုးထွက်လာပြီး သူ့အထက်တွင် ရှေးဟောင်းအရှိန်အဝါရှိပြီး တောက်ပသော ဧရာမ ခရမ်းရွှေရောင် လက်ချောင်းကြီးနှစ်ချောင်းကို ချက်ချင်း ပုံဖော်လိုက်သည်။

ထိုလက်ချောင်းများက လုကွေ့နှင့် သူ့အဖော်တို့၏ တောင်တူတိုက်ခိုက်မှုကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။

ဒုန်း။

ထိတ်တိုက်တွေ့မှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး ယွမ်စွမ်းအင်မုန်တိုင်းတစ်ခု ထိုနေရာမှ အကြမ်းဖက်စွာ တိုက်ခတ်လာခဲ့သည်။

ဧရာမ သံတူများမှာ နက်ရှိုင်းသော ခန်းမအတွင်းမှ တိုက်ရိုက် ပစ်ထုတ်ခြင်းခံလိုက်ရသည်။

ဘုန်း။ ဘုန်း။

လုကွေနှင့် ဟူလူတို့လည်း လေထဲသို့ လွင့်စင်သွားကာ သံနံရံကို ပြင်းထန်စွာ တိုက်မိပြီး မြေပြင်ပေါ်၌ ဒူးထောက်လဲကျသွားကြသည်။ သူတို့နှစ်ဦးစလုံး သွေးတစ်ပွက် အန်လိုက်ကြရပြီး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြရသည်။

“အဟွတ် အဟွတ်၊ ဝူယွမ်ညီအစ်ကို၊ မင်း အနိုင်ရသွားပြီ။”

လုကွေ့က နှုတ်ခမ်းများ တုန်ယင်လျက် စိတ်ဓာတ်ကျသော အမူအရာဖြင့် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး တော်ပါတယ်။ မင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက မင်းတို့ရဲ့ အဆင့်ထက် မြင့်တဲ့ တိုက်ခိုက်နိုင်စွမ်းကို ရရှိစေတယ်။ မင်းတို့ သဘောတူရင် ငါ့နောက်ကို လိုက်ခဲ့လို့ ရတယ်။”

ဝူယွမ်က သူတို့နှစ်ဦးကို လေးစားမိသည်။ သူတို့နှစ်ဦးလုံးတွင် ကိုယ်ခန္ဓာကျင့်ကြံမှု၌ ကြီးမားသော ပါရမီရှိပြီး သူ၏ ပုံစံနှင့် ကိုက်ညီသော အလွန်အားကောင်းသည့် စွမ်းအား-အမျိုးအစား တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။

ထို့ကြောင့် သူက သူတို့ကို စုဆောင်းရန် ရည်ရွယ်ချက်ရှိခဲ့ခြင်း ဖြစ်သည်။

“ဝူယွမ်ညီအစ်ကိုရဲ့ ကျွန်တော်တို့အပေါ် တန်ဖိုးထားမှုကို ကျေးဇူးတင်ပါတယ်။” သူတို့နှစ်ဦးစလု့း အကြည့်ချင်း စုံသွားပြီး တစ်ဦးနှင့်တစ်ဦး မျက်လုံးများထဲတွင် ပျော်ရွှင်မှုကို မြင်တွေ့လိုက်ရသည်။

ဝူယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ကြေးတံခါးကို ဖွင့်ကာ ပိုနက်ရှိုင်းသော လမ်းကြောင်းသို့ လျှောက်လှမ်းသွားခဲ့သည်။

ရှည်လျားသော လမ်းကြောင်းကို ဖြတ်သန်းပြီးနောက် သူက ယခင်ခန်းမထက် နှစ်ဆပိုကြီးသော ဧရာမခန်းမဆောင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ခန်းမအတွင်း၌ ကြီးမားသော ကျောက်တိုင်ကြီးများသည် ကောင်းကင်ကို ထောက်မထားသည့်တိုင်များပမာ ရပ်တည်နေကြသည်။

ထိုအချိန်တွင် ခန်းမက တိတ်ဆိတ်လျက်ရှိသည်။ ဝူယွမ်က ထိုနေရာတွင် ခဏလမ်းလျောက်လာပြီးနောက် ခန်းမ၏ အလယ်ဗဟို၌ ပေါ်လာခဲ့ပြီး ထိုနေရာက ဗလာနတ္တိ ဖြစ်ကာ ငြိမ်သက်နေသည်။

ဝူယွမ်၏ အကြည့်က ထိုနေရာသို့ ဦးတည်သော အခြားလမ်းကြောင်းဆီသို့ ပြောင်းသွားသော်လည်း မှောင်မိုက်နေသော လမ်းကြောင်းက ရှင်းလင်းမှုမရှိသေးပေ။

ကြည့်ရသည်မှာ အခြားတစ်ဦး မရောက်သေးပုံရသည်။

ဝူယွမ်က မူရင်းဇာတ်လမ်းတွင် လင်းတုန်၏ ဒုတိယစစ်ဆေးရေးဂိတ်မှ ပြိုင်ဘက် မည်သူဖြစ်သည်ကို ပြန်အမှတ်ရလိုက်သည်။

“အရိပ်ဓားမြောင်၊ ဟွမ်ပူယင်းဘဲ။”

သူသာဖြစ်ပါက လွန်ခဲ့သည့်မိနစ်အနည်းငယ်ကတည်းက ရောက်ရှိနေသင့်ပြီဖြစ်သည်။

ဝူယွမ်က သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိကို အသက်သွင်းလိုက်ရာ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်က သူ၏ မျက်စိသူငယ်အိမ်အတွင်းသို့ စီးဝင်သွားသည်။ သူ၏ အကြည့်က ခန်းမအတွင်းရှိ အရိပ်များပေါ်သို့ ဝေ့ဝဲသွားသည်။

တကယ်ပင်၊ အရိပ်တစ်ခုအတွင်း၌ ဝိညာဉ်စွမ်းအင်အရိပ် သဏ္ဌာန်တစ်ခုကို သူ မြင်လိုက်ရသည်။

“မင်း ဘာလို့ အမှောင်ထဲမှာ ပုန်းနေတာလဲ။ ကြွက်တစ်ကောင်လား။”

ဝူယွမ်က ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်ရာ သူ၏ အသံက ခန်းမထဲ၌ ပဲ့တင်ထပ်သွားသည်။

သို့သော်လည်း ဟွမ်ပုယင်းက တိတ်ဆိတ်နေဆဲပင်။

“ဟဲ ဟဲ။”

ဝူယွမ်က အေးစက်သော ရယ်မောပြီး တိုက်ခိုက်ရန်ပြင်လိုက်သည်။ သူက ထိုနေရာ၌ တစ်ဖက်လူနှင့် ကြောင်နဲ့ကြွက်အတိုင်း ကစားနေရန် စိတ်မဝင်စားပေ။

ဟူးရှူးရှူး... ဝူယွမ်၏ လက်ဖဝါးမှ နဂါးချည်မျှင်သလင်းများ ထွက်ပေါ်လာပြီး ထိုအရိပ်နေရာကို အလျင်အမြန် ဖုံးအုပ်သွားသည်။

အရိပ်က ရုတ်တရက် တုန်ခါသွားပြီး ခန်းမနံရံများတစ်လျှောက် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ သူက အမှောင်ထဲ၌ မွေးဖွားလာသူပမာ အရိပ်များအတွင်း အလွန်လိုက်ရောညီထွေဖြစ်နေကာ ဝူယွမ်၏ နဂါးချည်မျှင်သလင်း ဆယ်ချောင်းကျော်ကို အလွယ်တကူ ရှောင်တိမ်းသွားခဲ့သည်။

“မင်း ငါ့ကို ရှာတွေ့တယ်ဆိုဦးတော့၊ ဒါပေမဲ့ ဘာဖြစ်လဲ။ မင်း ငါ့ကို ဘာမှ မလုပ်နိုင်သေးပါဘူး။” ဟွမ်ပုယင်း၏ အသံက အံ့အားသင့် နေဟန်ရသော်လည်း ယုံကြည်ချက် အနည်းငယ်ပါ၀င်နေသည်။

“ပုံရိပ်ယောင်။”

ဟွမ်ပုယင်း စကားပြောပြီးနောက် သူ၏ အရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် ဝူယွမ်ပတ်ပတ်လည်ရှိ ဧရာမ ကျောက်တိုင်တစ်ဒါဇင်ကျော်၏ အရိပ်များက တစ်ပြိုင်နက်တည်း လှုပ်ရှားလာကာ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် သူ့ဆီသို့ တိုး၀င်လာသည့် ပုံသဏ္ဌာန်တစ်ဒါဇင်ကျော်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

စုစုပေါင်း ပုံသဏ္ဌာန်ဆယ့်လေးခုက ဟွမ်ပုယင်း၏ မှောင်မိုက်ပြီး ထက်ရှသောအရှိန်အဝါကို သယ်ဆောင်လာခဲ့သည်။

ပုံတူပွား ဆယ့်လေးခုက ဝူယွမ်ကို တိုက်ခိုက်နေကြခြင်းပင်။

အပေါ်စီးမှ ဤမြင်ကွင်းကို မြင်တွေ့ရသူများအားလုံး အလွန်အံ့အားသင့်သွားကြပြီး ဟွမ်ပုမျိုးနွယ်စုတွင် ထိုမျှ အစွမ်းထက်သည့် လျှို့ဝှက်သိုင်းပညာရပ် ပိုင်ဆိုင်သည်ကို သူတို့ လုံးဝ မသိရှိခဲ့ကြပေ။ မော့ကျင်းထျန်းကဲ့သို့သော အင်အားကြီးသူများပင် ဟွမ်ပုယင်း၏ မူရင်းကိုယ်ခန္ဓာကို ချက်ချင်း မခွဲခြားနိုင်ခဲ့ကြပေ။

“ယင်းအာရဲ့ ကျင့်ကြံမှုအဆင့်က ဝူယွမ်လောက် မမြင့်ဘူးဆိုပေမဲ့ သူ့ရဲ့ နည်းလမ်းတွေက ထူးဆန်းတယ်။ သက ဒီ ပုန်းကွယ်လုပ်ကြံမှု သိုင်းပညာရပ်ကို သုံးပြီး အလယ်အလတ် ကျင့်ကြံသူကို သတ်ပစ်ဖူးတယ်။ တကယ်လို့ သူသာ မထင်မှတ်ဘဲ ဝူယွမ်ကို အနိုင်ယူနိုင်မယ်ဆိုရင်...။”

ဟွမ်ပုမျိုးနွယ်စု၏ ခေါင်းဆောင် ဟွမ်ပုလုံက မျှော်လင့်ချက်အနည်းငယ်ဖြင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

“မျက်လှည့်ပညာလား။” ဝူယွမ်က နှုတ်ခမ်းကို မဲ့လိုက်သည်။

သူသည် ထိုအရိပ်ဆယ့်လေးခုကို လုံးဝ လျစ်လျူရှုလိုက်သည်။ သူ၏ လက်ရှိ အဆောင်သခင်အဆင့် ဝိညာဉ်စွမ်းအင်နှင့် စွမ်းအားပြင်းနတ်ဆိုးမျက်စိတို့ကို ပေါင်းစပ်လိုက်ရာ ထိုအရိပ်များကို အလွယ်တကူ ထိုးဖောက် မြင်နိုင်ခဲ့သည်။

အရိပ်ဆယ့်လေးခုစလုံးက ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်များသာ ဖြစ်ကြပြီး ဟွမ်ပူယင်း အစစ်က သူ၏ နောက်ကျောသို့ ရောက်ရှိနေပြီဖြစ်သည်။

“မင်းက အထူးအဆန်း မဟုတ်ပါဘူး၊ ရိုင်းစိုင်းတဲ့လူ သာသာဘဲ။ မင်းမှာ အင်အားပဲ ရှိတာ။ ငါ့မျက်စိထဲမှာတော့ မင်းက တစ်စက်လေးတောင် တန်ဖိုးမရှိဘူး။”

ဝူယွမ်၏ ခေါင်းအထက်တွင် ပုံသဏ္ဌာန်တစ်ခု ထူးဆန်းစွာ ပေါ်လာသည်။

သူက ဟွမ်ပုယင်းဘဲ ဖြစ်သည်။ သူက လက်ကို ဆုပ်လိုက်ရာ အရိပ်တစ်ခု သူ၏ လက်ဖဝါးမှ လျင်မြန်စွာ ဆန့်ထွက်လာပြီး အလွန်ထူးဆန်းသော မီးခိုးရောင် အပ်-များအဖြစ်သို့ ပြောင်းလဲသွားကာ ဝူယွမ်၏ အသက်အန္တရာယ်ရှိသော ဦးနှောက်အမှတ်ဆီသို့ တည့်တည့်ချိန်ရွယ်ပြီး ပြင်းထန်စွာ ထိုးစိုက်ချလိုက်သည်။

ဝူယွမ်က အန္တရာယ်နီးကပ်နေသည်ကို မသိရှိသည့်အလား လက်များကို နောက်သို့ ပစ်ကာ သူ့နေရာတွင် ရပ်နေဆဲ။

ဟွမ်ပုယင်း၏ မီးခိုးရောင် အပ်က ဝူယွမ်၏ ဦးခေါင်းကို တိကျစွာ ထိုးဖောက်ဝင်ရောက်သွားပြီး တစ်ချိန်တည်းမှာပင် ပတ်ပတ်လည်မှ အရိပ်ဆယ့်လေးခုစလုံး ပြိုကွဲသွားသည်။

ဟွမ်ပူယင်းက မထိန်းနိုင်ဘဲ ၀မ်းသာအားရ ပြုံးလိုက်မိသည်။

“ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ။ ဝူယွမ်ကို ဟွမ်ပူယင်းက ထိုးစိုက်လိုက်တာ။”

“ဘာတွေလဲ ဒီလို ထူးဆန်းတဲ့ အရိပ်တိုက်ခိုက်မှုမျိုး၊ အရိပ်ဆယ့်လေးခုစလုံးက အတုတွေဘဲ။”

“ဝူယွမ်က ဟွမ်ပုယင်းလက်ထဲမှာ အရှုံးပေးရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။”

အပေါ်စီးမှ ဤမြင်ကွင်းကို ကြည့်နေကြသူများအားလုံး အလွန်အံ့သြသွားကြပြီး မျက်နှာအမူအရာများ အမျိုးမျိုး ပြောင်းလဲနေကြသည်။

ဟွမ်ပုယင်း၏ အရိပ်တိုက်ခိုက်မှုက ထူးဆန်းပြီး ခုခံရန် ခက်ခဲသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဝူယွမ်က ဤမျှလောက်ဖြင့် အရှုံးပေးသွားရသည်လား။ ဝူယွမ် ယခင်က ပြသခဲ့သည့် စွမ်းအားကို ထောက်ရှုပြီး သူတို့က ဤမြင်ကွင်းကို ယုံရခက်နေခဲ့သည်။

“မဟုတ်ဘူး၊ အဲဒါ မမှန်ဘူး၊ ဟွမ်ပုယင်းရဲ့ ခန္ဓာကိုယ် တုန်ယင်နေတယ်။”

မိုကျင်းထျန်း၏ မျက်စိသူငယ်အိမ် ကျုံ့သွားပြီး သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဟွမ်ပုယင်းက ပုံမှန်မဟုတ်မှန်း သူ သတိပြုမိလိုက်သည်။

“မင်း... ဘယ်လို ဖြစ်နိုင်မှာလဲ။”

ဟွမ်ပုယင်း၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။ ဝူယွမ်၏ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွားသော မီးခိုးရောင် အပ်က အမှန်တကယ်ပင် အလင်းမျှင်များအဖြစ် ပြောင်းလဲသွားပြီး ဝူယွမ်၏ ဦးခေါင်းအထက်တွင် ဖြစ်ပေါ်လာသော အနက်ရောင် ဝါးမျိုခြင်းဝဲက စုပ်ယူလိုက်ခြင်းဖြစ်သည်။

ဝါးမျိုခြင်း။

ဝူယွမ်၏ နီဝမ်နယ်ပယ်အတွင်း၌ ငြိမ်သက်စွာ ထိုင်နေသော မူလရူန်း လျှို့ဝှက်ချက်ထဲက ဝါးမျိုခြင်းရူန်းတစ်ခုလုံးက သူ၏ ဒန်တျန်ထဲ၌ လင်းထိန်နေသည်။ သူ၏ ဝိညာဉ်စွမ်းအင်က ဦးခေါင်းထိပ်၌ စုဝေးလာကာ ဟွမ်ပုယင်း၏ စွမ်းအားကို ရက်စက်စွာ ဝါးမျိုနေသည်။

စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အရိပ်ဓားမြောင်သည်လည်း လျင်မြန်စွာ ပျော်ဝင်သွားပြီး ဟွမ်ပုယင်း၏ အတွင်းပိုင်း ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်ပင် ဝူယွမ်၏ အတင်းအကျပ် စုပ်ယူဝါးမျိုခြင်းကို ခံနေရသည်။

“ပုန်းခိုရတာကို မင်း ကြိုက်တယ် မဟုတ်လား။”

ဝူယွမ်သည် မထီမဲ့မြင် ပြုံးလိုက်သည်။ ပြိုင်ဘက်၏ ဝိညာဉ်စွမ်းအင်က အလယ်အလတ် ဝိညာဉ်အဆောင်သခင်အဆင့်သာ ရှိသော်လည်း သူ၏ ဝိညာဉ်စွမ်းအင်ကို ယွမ်စွမ်းအင်နှင့် ပေါင်းစပ်၍ ပုံစံပြောင်းလဲထားသည့် အတွက် အရိပ်အဖြစ် ပြောင်းလဲနိုင်သော ဤစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းဖြစ်ကာ အနည်းငယ် ထူးခြားနေသည်။

“မင်းက ကောင်းကင်အဆောင်သခင်လား။”

ဝူယွမ်၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရသောအခါ ဟွမ်ပုယင်း၏ ရင်ထဲ၌ နက်ရှိုင်းသော ရှုံးနိမ့်မှုခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

အမြဲတမ်း မိမိကိုယ်ကို အထင်ကြီးပြီး အလွန်မောက်မာခဲ့သော ဟွမ်ပုယင်းက အမြဲတမ်း မိမိထက် ပို အစွမ်းထက်ပြီး ပို အားကောင်းသူများ ရှိသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

သူက ယခင်က လူအိုကြီးတစ်ဦးထံမှ ဝိညာဉ်စွမ်းအင် နည်းစနစ်ကို အမွေဆက်ခံခွင့်ရခဲ့ပြီး ထိုအရာက သူ့အား ဤအသက်အရွယ်၌ ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စေခဲ့သည်။ ထို့ကြောင့် သူက မဟာယန်မင်းဆက်၏ လူငယ်မျိုးဆက်ကို မထီမဲ့မြင် ပြုနိုင်သည်ဟု မူလက ထင်မှတ်ထားခဲ့သည်။

သို့သော် သူက ဝူယွမ်၏ ယွမ်စွမ်းအင်က သူ့ထက် မြင့်မားနေရုံသာမက ဝိညာဉ်စွမ်းအင်ပါ သူ့ထက် များစွာ သာလွန်နေသည်ကို မမျှော်လင့်ထားခဲ့ပေ။

ဟွမ်ပုယင်း၏ ကိုယ်ရောစိတ်ပါ ပြင်းထန်စွာ ထိခိုက်သွားခဲ့သည်။ သူက တစ်ကိုယ်တည်း ရေရွတ်လိုက််မိသည်။

“ဒါကြောင့် လင်းချင်းကျူက မင်းကို သတိထားမိခဲ့တာလား ဝူယွမ်။ မင်းနဲ့ လင်းချင်းကျူရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။”

“လင်းချင်းကျူက မင်း ခေါ်နိုင်တဲ့ နာမည်မျိုးလား။”

ဝူယွမ်သည် နဂါးချည်မျှင်သလင်းနှစ်ချောင်းကို ပစ်ထုတ်လိုက်ပြီး သူ၏ ပါးစပ်ကို ပိတ်ဆို့လိုက်သည်။

“ဒီလူက သူ့ကို ရင်းရင်းနှီးနှီး ခေါ်နေတာ၊ မသိတဲ့သူဆိုရင် လင်းချင်းကျူနဲ့ အရမ်းရင်းနှီးနေတယ် ထင်သွားမှာပေါ့။” တစ်ဆက်တည်း ဝူယွမ်စိတ်ထဲမှ တွေးလိုက််မိသည်။

ဟွမ်ပုယင်းက ဝူယွမ်ကို ပြင်းထန်သော သိလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။ သူက လင်းချင်းကျူကို လျှို့ဝှက်စွာ သဘောကျနေပြီး သူနှင့် လက်ထပ်ပေါင်းသင်းရမည်ဟု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ဖူးသည်။

လင်းချင်းကျူက အထက်ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးဖြစ်ပြီး သူ့အတွက် မျှော်လင့်ချက်မရှိ၊ နောက်ယောင်ခံလိုက်ရန်ပင် အခွင့်အရေးမရှိသည်ကို သူသိထားသည်။

လုံးဝ စိတ်ကူးယဉ် အတွေးများ သက်သက်သာ။

သို့သော် သူ မပိုင်ဆိုင်ရပါက အခြားမည်သူကိုမျှလည်း ပိုင်ဆိုင်စေလိုစိတ် မရှိပေ။

လင်းချင်းကျူက ဝူယွမ်ကို အရင်က ဘာကြောင့် ပြောဆိုခဲ့ဖူးလဲ၊ သူတို့နှစ်ဦးကြားမှာ တစ်ခုခု ရှိနေသလားဆိုတာ သူ သိချင်နေသည်။

ဝူယွမ်က အဖြေကို အသည်းအသန် လိုချင်နေသော သူ့မျက်လုံးများကို ကြည့်လိုက်ပြီးနောက် လင်းချင်းကျူနှင့် သူ၏ အရင် အချိန်များကို မအောင့်မေ့ဘဲ မနေနိုင်တော့ပေ။ စွဲလန်းမှု အရိပ်အယောင်တစ်ခု၊ သူ၏ မျက်လုံးများတွင် ‌ပြန်ပေါ်လာကာ၊ သူ၏ လည်ချောင်း လှုပ်ရှားသွားပြီး မယုံနိုင်လောက်အောင် နူးညံ့သော လေသံဖြင့် ဆိုလိုက်သည်။

“လင်းချင်းကျူနဲ့ ငါက ခွဲခြားမရတဲ့ စိတ်တူကိုယ်တူ၊ ရင်းနှီးတဲ့ မိတ်‌ဆွေတွေဘဲ”

All Chapters