← Chapters

မသေမျိုးမိစ္ဆာနှင့် မန္တန်များ......

Vol. 27 Ch. 391

မသေမျိုးမိစ္ဆာနှင့် မန္တန်များ......

Vol. 27 Ch. 391

ကျန်းချန်ရှန်း မဟာတာအိုမျက်လုံး၏ နတ်ဘုရားစွမ်းအားကို အသုံးပြု၍ ဝိဉာဉ်အရိုးစုဧကရီကို လွှမ်းခြုံကာ သူမ၏ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။

အစပိုင်းတွင် ဝိဉာဉ်အရိုးစုဧကရီဘက်က ခုခံနေသေးသော်လည်း မကြာမီမှာပင် ငြိမ်သက်သွားခဲ့သည်။ ကျန်းချန်ရှန်း၏ အသိစိတ် အဆုံးမဲ့သော မှတ်ဉာဏ်ဝဲဂယက်ထဲသို့ ကျဆင်းသွားတော့သည်။

သတ်ဖြတ်ခြင်း!

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း!

မှတ်ဉာဏ်အားလုံးသည် သတ်ဖြတ်ခြင်းများသာ ဖြစ်နေသည်! ဝိဉာဉ်အရိုးစုဧကရီသည် တစ်ချိန်လုံး သတ်ဖြတ်ခြင်းလမ်းပေါ်မှာသာ ရှိနေခဲ့သည်။ သူမက အလွန်အသက်ကြီးလှပြီဖြစ်ပြီး စီးတော်သားရဲများကိုလည်း အကြိမ်ကြိမ်လဲလှယ်ခဲ့ဖူးသည်။ ထို့ကြောင့် တိုက်ပွဲတွင် သူမ၏ စီးတော်သားရဲကို မဆိုင်းမတွ စွန့်ခွာနိုင်ခဲ့ခြင်းဖြစ်သည်။

ဝိဉာဉ်အရိုးစုဧကရီ၏ မှတ်ဉာဏ်များက များပြားလွန်းသဖြင့် ကျန်းချန်ရှန်းအနေဖြင့် အချိန်တိုအတွင်း အကုန်မဖတ်နိုင်ပေ။ ထို့ကြောင့် သတ်ဖြတ်ခြင်းမှတ်ဉာဏ်များကို ကျော်ဖြတ်ကာ သူမမှတ်ဉာဏ်၏ အရင်းအမြစ်ကို ရှာဖွေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သွေးစွန်းသော မှတ်ဉာဏ်များကို ဖြတ်ကျော်ကာ အရင်းအမြစ်သို့ ရောက်ရှိသွားသည်။

သွေးရောင်ကောင်းကင်အောက်တွင် အာကာသမှ ဥက္ကာခဲများစွာ မီးခိုးများဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုပေါ်သို့ ကျရောက်နေသည်။ ကျယ်ပြောလှသော မြို့ကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးနေပြီး ငိုကြွေးသံများ ကောင်းကင်နှင့်မြေပြင်အနှံ့ ပဲ့တင်ထပ်နေသည်။

တောင်ထိပ်တစ်ခုပေါ်တွင် ဝတ်စုံဖြူဝတ် အမျိုးသမီးတစ်ဦးက ဒဏ်ရာများကို ကုသရန် တရားထိုင်နေသည်။ သူမ၏ ဖြူစင်သော ဝတ်စုံတွင် သွေးများ စွန်းထင်နေသော်လည်း သူမ၏ အလှတရားမှာ ပျက်ပြယ်မသွားပေ။

သံချပ်ကာဝတ် အမျိုးသားတစ်ဦး သူမအနားသို့ ရောက်လာပြီး အော်ဟစ်လိုက်သည်။

"ပြေးတော့! ကမ္ဘာကြီး ပျက်စီးသွားပြီ။ ငါတို့ မတားနိုင်တော့ဘူး!"

အမျိုးသမီးက မျက်မှောင်ကြုတ်ကာ.....

"အစ်ကို... လောကသုံးထောင်လုံး စစ်မီးတောက်နေတာပဲ။ ဘယ်ကို ပြေးရမှာလဲ?" ဟု မေးလိုက်သည်။

သံချပ်ကာဝတ် အမျိုးသားက သူမကို အတင်းတွန်းလွှတ်ရင်း ဒေါသတကြီးဖြင့်.....

"အရင်ဆုံး လွတ်အောင်ပြေးစမ်းပါ။ ငါ မင်းအပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို မမေ့နဲ့! မင်းက ထျန်းရွှီရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ...သိုင်းနတ်ဘုရား

နယ်မြေကို သွားရှာပါ!"

ပြောပြီးသည်နှင့် သူက ကောင်းကင်ကို လက်သီးဖြင့် ထိုးလိုက်ရာ အာကာသထဲတွင် အနက်ရောင် အပေါက်ကြီးတစ်ခု ပေါ်လာသည်။ ထိုအမျိုးသားက သူမကို နှုတ်ဆက်ကာ စစ်မြေပြင်သို့ ပြန်ဝင်သွားသည်။

"ညီမလေး... တောင်းပန်ပါတယ်။ နောက်ဆို ငါတို့ မင်းကို မကာကွယ်ပေးနိုင်တော့ဘူး။ မင်း တစ်ယောက်တည်း ရင်ဆိုင်ရတော့မယ်။ တောင့်မခံနိုင်ရင် လက်လျှော့လိုက်ပါ။ ငါတို့ အောက်မှာ စောင့်နေမယ်။"

ထိုအမျိုးသမီးသည်လည်း ဇွတ်မလုပ်ဘဲ အနက်ရောင်အပေါက်ထဲသို့ ခုန်ဝင်သွားတော့သည်။

ပုံရိပ်များ ပြောင်းလဲသွားပြန်သည်....

ကြယ်တာရာများအောက်ရှိ ရင်ပြင်တစ်ခုတွင် ဝတ်စုံဖြူဝတ် အမျိုးသမီးနှင့် အမျိုးသား လေးဦးတို့ ဘေးချင်းယှဉ်ကာ ဒူးထောက်နေကြသည်။ သူတို့ရှေ့တွင် တာအိုဝတ်ရုံဝတ် အဘိုးအိုတစ်ဦး ရပ်နေသည်။

"ကပ်ဘေးကြီး ဆိုက်ရောက်လာလို့ လောကသုံးထောင်ရဲ့ တဝက်ကျော် ပျက်စီးသွားပြီ။ သိုင်းတာအိုမှာ မျှော်လင့်ချက် မရှိတော့ဘူး။ ငါက မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်မှာ ဖြစ်ပေမဲ့ မင်းတို့ရဲ့ အသက်တွေနဲ့ ရင်းရလိမ့်မယ်။ ငါ မင်းတို့ကို တားမြစ်ထားတဲ့ စွမ်းအားတွေ ပေးပြီး မိစ္ဆာမျိုးနွယ်ကို သွားသတ်ခိုင်းမယ်။ ဒါက ရှင်သန်နိုင်ခြေ ၁၀ ရာခိုင်နှုန်းပဲ ရှိတဲ့ ရွေးချယ်မှုပဲ။ မင်းတို့ အဆင်သင့်ဖြစ်ရဲ့လား?"

"ကျွန်တော်/ကျွန်မတို့ အဆင်သင့်ပါပဲ!"

သူတို့ ငါးဦးလုံး ညီညာစွာ ဖြေလိုက်ကြသည်။

ထိုမှတ်ဉာဏ်လည်း ကြေမွသွားပြန်သည်။ နောက်တစ်ခဏတွင် ထိုအမျိုးသမီး သွေးကန်တစ်ခုထဲ၌ ရှိနေသည်။ သူမ၏ ခန္ဓာကိုယ်မှ အရေပြားများ ကွာကျကုန်ပြီး အရိုးများ ပေါ်ထွက်လာသည်။ ပြင်းထန်လှသော ဝေဒနာကြောင့် သူမ အော်ဟစ်နေရသည်။ သွေးကန်ထဲမှ သွေးလက်တံများက သူမကို ရစ်ပတ်ကာ ကန်ထဲသို့ ဆွဲချသွားသည်။

နန်းတော်တံခါးဝတွင် တာအိုဝတ်ရုံဝတ် အဘိုးအိုက တည်ငြိမ်စွာ စောင့်နေသည်။ ခဏအကြာတွင် တံခါးပွင့်လာပြီး သွေးရောင်အရိုးစု ငါးခု ထွက်လာသည်။

"မင်းတို့ အောင်မြင်သွားပြီ။ အခုကစပြီး လူသားမျိုးနွယ်နဲ့ သိုင်းတာအိုကို ကယ်တင်ဖို့က မင်းတို့အပေါ်မှာပဲ မူတည်တော့တယ်!"

အဘိုးအိုက ပြောလိုက်သည်။ ထိုအရိုးစုငါးခုထဲတွင် ဝိဉာဉ်အရိုးစုဧကရီလည်း ပါဝင်သည်။ အရိုးစုကြီးတစ်ခုက "ကပ်ဘေးကြီး ပြီးသွားရင် ကျွန်တော်တို့ ပြန်လာလို့ ရမလား?" ဟု မေးရာ၊ အဘိုးအိုက "ရတာပေါ့" ဟု ပြန်ဖြေခဲ့သည်။

သို့သော် ထိုစကားမှာ လိမ်ညာမှုသာ ဖြစ်ခဲ့သည်။

ကျန်းချန်ရှန်း ထိုအဘိုးအို၏ အမည်ကို မှတ်သားထားလိုက်သည်။ သူ၏ အမည်မှာ ကောင်းကင်သူတော်စင်နီဗားရား ဖြစ်သည်။

သူမ၏ နောက်ပိုင်း မှတ်ဉာဏ်များသည်လည်း သတ်ဖြတ်ခြင်းများသာ ဖြစ်သည်။ သူတို့ ငါးဦးတည်း မိစ္ဆာမျိုးနွယ်ကို နှစ်တစ်ထောင်တိုင်တိုင် သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် သုံးဦးသာ ကျန်တော့သည်။ သူတို့ မိစ္ဆာများကို အကုန်သတ်ပြီးနောက် ရွမ်ဟွမ်မဟာလောကသို့ ပြန်လာခဲ့ကြသည်။

သို့သော် သူတို့ ပြန်ရောက်ချိန်တွင် ကောင်းကင်သူတော်စင်နီဗားနားက သူတို့ကို လက်မခံခဲ့ပေ။

"မင်းတို့ မသေချင်သေးရင် ပြန်သွားကြတော့.... သိုင်းနတ်ဘုရားနယ်မြေမှာ မင်းတို့လို တည်ရှိမှုမျိုး မရှိဘူး!" ဟု ဆိုကာ သူတို့ကို လေဟာနယ်ထဲသို့ လွှင့်ပစ်လိုက်သည်။

ဝိဉာဉ်အရိုးစုဧကရီက အစပိုင်းတွင် သစ္စာဖောက်ခံရသည်ဟု ခံစားရသော်လည်း၊ နောက်ပိုင်းတွင် သူမ သိလိုက်ရသည်မှာ ဤသို့ မသေမျိုးစွမ်းအားကို ရယူပြီးပါက လူသားပုံစံ ပြန်မရနိုင်တော့ဘဲ မည်သူကမျှ လက်မခံနိုင်သည့် မိစ္ဆာ ဖြစ်သွားခြင်းပင်။

ထိုအချိန်မှစ၍ သူမ လူတိုင်းကို မုန်းတီးကာ သိုင်းနတ်ဘုရားနယ်မြေကို ပို၍ပင် မုန်းတီးသွားတော့သည်။

ကျန်းချန်ရှန်း သူမကို သနားသော်လည်း လက်မခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ လက်တွင် သွေးများစွာ စွန်းထင်နေပြီး ကံကြမ္မာဆိုးများ အလွန်ကြီးမားနေသောကြောင့် ဖြစ်သည်။

သို့သော် သူမကို သိုင်းနတ်ဘုရားနယ်မြေကို တိုက်ခိုက်ရန် လက်နက်တစ်ခုအဖြစ် အသုံးချနိုင်ပေသည်။

ကျန်းချန်ရှန်းက ဆုလာဘ်အဖြစ် ရရှိထားသော အင်မော်တယ်သတ်ဓားမြှောင်ပျံ၏ မှတ်ဉာဏ်များကို ဆက်ခံလိုက်သည်။

၎င်းသည် ကျင့်ကြံခြင်းလောက၏ ထိပ်တန်းသတ်ဖြတ်ရေး မှော်ရတနာဖြစ်သည်။ထိုဓားပျံက နိယာမများနှင့် ကံကြမ္မာများကို ဖြတ်တောက်နိုင်ပြီး ဟင်းလင်းပြင်နှင့် အချိန်ကိုပါ ဖြတ်ကျော်ကာ ရန်သူကို ပြန်လည်အသက်မရှင်နိုင်အောင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ဤဓားမြှောင်ပျံကို အသုံးပြုရန်အတွက် မန္တန်တစ်ခု လိုအပ်သည်။ မူရင်းပုံပြင်များတွင် "ကလေးလေး... လှည့်ပတ်လိုက်စမ်း" ဟု အသုံးပြုကြသော်လည်း ကျန်းချန်ရှန်းက မိမိစိတ်ကြိုက် မန္တန်ကို သတ်မှတ်နိုင်သည်။

ကျန်းချန်ရှန်း လက်ထဲတွင် အနီရောင် ဘူးသီးခြောက်ပုံစံ မှော်ရတနာကို ကိုင်ထားရင်း တွေးလိုက်မိသည်။

"ငါ ဘယ်လို မန္တန်မျိုး သုံးရမလဲ?"

All Chapters