ခေါင်းဆောင်၊ ဝူယွမ်
Vol. 15 Ch. 143
ဝူယွမ်၏ လက်အတွင်းမှ မိုးကြိုးဓားသွားက ကောင်းကင်သို့ တန်းတန်းမတ်မတ် ထိုးထွက်သွားခဲ့သည်။ ဓားသွားပေါ်ရှိ မိုးကြိုးရူန်း များက ကောင်းကင်ထက်မှ နတ်မိုးကြိုးများ၏ စွမ်းအားနှင့် ဆက်သွယ်သွားသည်ကဲ့သို့ မိုးကုပ်စက်ဝိုင်းအထိ ရောက်ရှိသွားကာ ဧရာမ၊ တောက်ပသော ဓားရောင်ခြည်ကြီးတစ်ခု ပုံပေါ်လာသည်။
ထိုသို့သော ကြောက်မက်ဖွယ် ဓားအရှိန်အဝါကြောင့် နောက်မှ လိုက်လာကြသည့် မိုကျင်းထျန်းနှင့် အခြားသူများဧ။ါ မျက်နှာသွင်ပြင်များ လုံးဝပြောင်းလဲသွားကြရသည်။ သူတို့အားလုံး ကျောထဲတွင် စိမ့်ခနဲ ခံစားလိုက်ရပြီး ဝူယွမ်၏ စွမ်းအားမှာ သူတို့စိတ်ကူးထားသည်ထက် များစွာ သာလွန်နေကြောင်း ခံစားလိုက်ကြရသည်။
နိဗ္ဗာန်အဆင့် အဆင့်တစ် တွင် ရှိနေသော မိုကျင်းထျန်းပင် ထိုဧရာမ ဓားရောင်ခြည်ကို မြင်သောအခါ အန္တရာယ်ကို ခံစားလိုက်ရသည်။
ဝူယွမ်၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် သူခံနိုင်ရည်ရှိမည်ဟု ယုံကြည်မှုမရှိချေ။
ထိုအချိန်တွင် ဝမ်လေ၏ စိတ်ပျက်အားငယ်မှုကို စိတ်ကူးကြည့် နိုင်ပေသည်။
ကောင်းကင်ဓား၏ ဖမ်းချုပ်ခြင်းကို ခံရသောအခါ သူထွက်ပြေးရန် လမ်းစလုံးဝ မရှိတော့ေချ။
ဝမ်လေ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးနီရောင်အလင်းများ လွှမ်းခြုံကာ တဟုန်ထိုးထွက်လာပြီး သူ၏ နိဗ္ဗာန်စွမ်းအင်ကို အပြင်းအထန် တွန်းအားပေးကာ သူ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်သည်။
နိဗ္ဗာန်ရွှေခန္ဓာ။
ထိုနိဗ္ဗာန်စွမ်းအင်ဖြင့် သူ့ပတ်ပတ်လည်တွင် ထူထဲသော ရွှေရောင်စွမ်းအင် အကာအရံတစ်ခုကို ပုံဖော်လိုက်သည်။
“ချစ်က်”
မိုးကြိုးများ တဟုန်ထိုး ကျရောက်လာပြီး ကောင်းကင်ယံတစ်လျှောက် မိုးကြိုးချိန်းသံများ ပဲ့တင်ထပ်လာသည်။ မှောင်မိုက်သော တိမ်တိုက်များ အုံ့ဆိုင်းနေပြီး မိုးကြိုးရူန်းများဖြင့် လှုံ့ဆော်ထားသော စွမ်းအားက အပေါ်ဘက်တွင် ပြင်ဆင်နေပြီး ပေါက်ကွဲထွက်လာရန် စောင့်တော့သည်။
“ကောင်းကင်မိုးကြိုး၊ ဖြတ်ချ”
ဝူယွမ်က အော်ဟစ်လိုက်ပြီး ကောင်းကင် မိုးကြိုးဝိညာဉ်ဓားက ချက်ချင်း လှုပ်ရှားသွားသည်။ ဓား၏ အရှိန်က လျှပ်စီးလက်သကဲ့သို့ ဖြစ်ပြီး ဧရာမ ဓားရောင်ခြည်ကြီးက ၀မ်လေရှေ့တွင် တစ်ခဏချင်း ပေါ်လာခဲ့သည်။
ပေပေါင်းရာချီ ရှည်လျားသော မိုးကြိုးဓားသွားက ဝမ်လေ၏ နိဗ္ဗာန်ရွှေခန္ဓာကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ကလန့်။
ရွှေလုံးကြီးတစ်ခုကို နှစ်ပိုင်းပိုင်းလိုက်သကဲ့သို့ တချွင်ချွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။
ဧကရာဇ်မြို့တော်အပြင်ဘက် မြေပြင်ပေါ်တွင် မယုံနိုင်လောက်အောင် ကျယ်ပြန့်သော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။ အက်ကွဲကြောင်း၏ ဘေးနှစ်ဖက်ရှိ သစ်ပင်ပန်းမန်များ ညှိုးနွမ်းသွားကြပြီး ၎င်းတို့၏ အသက်ဓာတ်ကို မိုးကြိုးက ခိုးယူသွားခဲ့သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းကို ဝူယွမ်က တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဖန်တီးလိုက်ကာ သူ့ စွမ်းအားကို သက်သေပြလိုက်သည်။
ဝမ်လေ သေဆုံးသွားခဲ့ လေပြီ။
မိုကျင်းထျန်း နှင့် အခြားသူများ၏ မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုများသာ ကျန်ရစ်ခဲ့တော့သည်။
နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတစ်ဦးက ဝူယွမ်၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ခဲ့ချေ။
သူတို့သည် ဤလူငယ်အား အလွန်အမင်း အထင်သေးခဲ့ကြ မိဟန်ရသည်။
လူတိုင်း သတိမထားမိဘဲ တံတွေးမျိုချလိုက်ကြပြီး ယခင်က သူတို့၏ ရွေးချယ်မှုများအတွက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် သူတို့ထဲမှ မည်သူမျှ ဝူယွမ်ကို စော်ကားခြင်း မပြုခဲ့ကြချေ။
ဘုန်း။
ထိုအချိန်တွင် တစ်ဖက်တွင် လင်းတုန် သည်လည်း ချင်ချွမ်ကို လိုက်မီသွားခဲ့သည်။
ပိုတိကျစွာ ပြောရလျှင် သွေးဝိညာဉ်ရုပ်သေးက ချင်ချွမ်ကို လိုက်မှီကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သွေးဝိညာဉ်ရုပ်သေး၏ ကျောပေါ်တွင် စွမ်းအင်ပြည့်၀သော ဓားတန်ဆာကျောက်မျက် ဖွဲ့စည်းပုံကို သယ်ဆောင်ထားသည်။ ရုပ်သေး၏ စွမ်းအားက ဓားတန်ဆာကျောက် ဖွဲ့စည်းပုံထဲ တဟုန်ထိုးဝင်ရောက်သွားကာ မဟာရှေးဟောင်းဓားဖွဲ့စည်းခြင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ အစွမ်းထက်သော ဓားရောင်ခြည်များ ထွက်ပေါ်လာပြီး ချင်ချွမ်၏ ထွက်ပြေးရာလမ်းကြောင်းကို ဓားရောင်ခြည် ရာနှင့်ချီ၊ ထောင်နှင့်ချီ ထုတ်လွှတ်ကာ ချက်ချင်း ဖုံးအုပ်သွားသည်။
ထိုဓားရောင်ခြည်တစ်ခုစီက နိဗ္ဗာန်အဆင့်မှ တိုက်ခိုက်မှုတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။
ချင်ချွမ်က သူ၏ စွမ်းအားကို စုစည်းကာ ခုခံရုံသာ တတ်နိုင်တော့သည်။
ဤအချိန်တွင် လင်းတုန်က လိုက်မီလာခဲ့ပီဖြစ်သည်။ သူက အနက်ရောင်ေခါင်းအုံးတစ်ခုကို ထုတ်ယူကာ သူ၏ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်အားလုံးကို ထိုထဲသို့ လောင်းထည့်လိုက်ရာ ရှုပ်ထွေးပွေလီသော အနှစ်သာရစွမ်းအင် အစုအဝေးများ ပုံပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ နီ၀မ်နယ်ပယ်ထဲတွင် တိတ်တဆိတ် ပျံဝဲနေသော ဝါးမျိုခြင်းဘိုးဘေးအဆောင် သည်လည်း ရူန်းများ တဖျတ်ဖျတ်လင်းလက်လာသည်။ သူ၏ ခေါင်းပေါ်တွင် ဧရာမ လေပွေကြီးတစ်ခု ပုံပေါ်လာပြီး အဆုံးမရှိသော ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်များ သူ့ထဲသို့ စီးဝင်လာခဲ့သည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဤမျှ အရူးအမူး လှုပ်ရှားစေခြင်းက သာမန်ခန္ဓာကိုယ် ဆိုလျှင် လွန်ခဲ့သည့်အချိန်ကတည်းက ပေါက်ကွဲစေခဲ့မည် ဖြစ်သည်။ နိဗ္ဗာန်ရွှေခန္ဓာပိုင်ဆိုင်သူ မည်သူမျှ ထိုသို့ ပြုလုပ်ရန် မရဲဝံ့သော်လည်း လင်းတုန်ကတော့ လုပ်ရဲလေသည်။
လင်းတုန်၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသောအလင်းများ ပေါ်လာပြီး တောက်ပသော လျှပ်စီးများ လင်းလက်ကာ မဟာနေမိုးကြိုး ယွမ်စွမ်းအင်က သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ သူ၏ အရေပြားမှ ရွှေရောင်အလင်းများ ခပ်မှိန်မှိန် ထွက်ပေါ်လာပြီး ရွှေခေါင်းလောင်းကိုယ်ခန္ဓာ၏ အခြေခံစွမ်းအားကို အပြည့်အဝ အသက်သွင်းလိုက်သည်။
ဤသည်မှာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူကို ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်၍ သူ လုံးဝ ထိန်ချန်မထားရဲပေ။
“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း”
လင်းတုန်၏ အသံက တိမ်တိုက်များကြားမှ ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့သည်။ သူက သူ၏ လက်ဖဝါးကို ဆန့်တန်းလိုက်ပြီး အနှစ်သာရစွမ်းအင်ကို လေထဲတွင် စဉ်ဆက်မပြတ် တဟုန်ထိုး စီးဆင်းစေကာ ရှုပ်ထွေးသည့် အရောင်အသွေးရှိ ရှေးဟောင်း၊ ဧရာမ လက်ချောင်းကြီးများ ပေါ်လာခဲ့သည်။
“ပထမလက်ချောင်း - ကောင်းကင်နှင့် မြေကြီးကို ဖမ်းချုပ်ခြင်း၊ ဒုတိယလက်ချောင်း - တောင်နှင့် မြစ်များကို ချေမွခြင်း၊ တတိယလက်ချောင်း - သက်ရှိများကို ဖျက်ဆီးခြင်း၊ စတုတ္ထလက်ချောင်း - ကောင်းကင်ယံကို ချိုးဖျက်ခြင်း၊ ပဉ္စမလက်ချောင်း - စကြဝဠာကို ရွှေ့လျားခြင်း”
လင်းတုန်၏ အော်ဟစ်သံငါးကြိမ်ပြီးနောက်တွင် ဧရာမ လက်ချောင်းကြီးငါးချောင်း တစ်ခုပြီးတစ်ခု ပေါ်လာသည်။ လင်းတုန်က ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်ကို စုပ်ယူရန် ဝါးမျိုခြင်းဘိုးဘေး အဆောင်ကို အားကိုးကာ စွမ်းအားအပြည့် ထုတ်လွှတ်လိုက်ပြီး လက်ချောင်းနည်းစနစ် ငါးခုလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
ထိုဧရာမ လက်ချောင်းကြီးငါးချောင်းက အလွန်ကြီးမားကြပြီး တစ်ခုစီတွင် ထူးဆန်း၍ ရှေးဟောင်းပုံစံများဖြင့် အလှဆင်ထားကာ ဖျက်ဆီးခြင်း၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း၏ နည်းစနစ်ငါးခု၏ စွမ်းအားများ တဖြည်းဖြည်း တိုးလာခဲ့ပြီး လက်ချောင်းတစ်ခုစီက နောက်တစ်ခုထက် ပို၍ အစွမ်းထက်သည်။ ပထမလက်ချောင်းနှစ်ခုက ဖန်ဆင်းခြင်းအဆင့် သိုင်းပညာရပ် အဆင့်နိမိါနှင့် ညီမျှပြီး တတိယနှင့် စတုတ္ထသည် အလယ်အလတ်အဆင့်ဖြစ်ကာ ပဉ္စမလက်ချောင်းက အဆင့်မြင့်ဖြစ်သည်။
အဆင့်မြင့် ဖန်ဆင်းခြင်းအဆင့် သိုင်းပညာရပ်က ဧကရာဇ်မျိုးနွယ်စု၌ပင် ရှိချင်မှ ရှိနိုင်မည့် အရာဖြစ်သည်။
ထိုသို့သော အစွမ်းထက် သိုင်းပညာရပ်ကို ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်တွင်ရှိသော လင်းတုန်က ထုတ်ဖော်လိုက်ပြီး သူက အလွန်အမင်း အစွမ်းထက်သော ပေါင်းစပ်စွမ်းအား၊ အနှစ်သာရစွမ်းအင်ဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုကြောက်မက်ဖွယ် အရှိန်အဝါကို စိတ်ကူးကြည့်နိုင်သည်။
“လင်းတုန် မင်း ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ”
ချင်ချွမ်၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ ခေါက်ချိုးယက်တောင်က သူ့လက်ထဲတွင် တုန်ရီနေသည်။ ကောင်းကင်ယံရှိ ထူထဲသော ဧရာမ လက်ချောင်းကြီးငါးချောင်းကို ကြည့်ရင်း သူ၏ ခန္ဓာကိုယ် အေးခဲလာခဲ့သည်။ ထိုစွမ်းအားက သူခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်နေခဲ့ပီဖြစ်သည်။
ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် တွင်ရှိသော လူငယ်တစ်ဦးက ဤမျှ အစွမ်းထက်သော တိုက်ခိုက်မှုကို မည်သို့ ဖန်တီးနိုင်သည်ကို သူ နားမလည်နိုင်ခဲ့ချေ။
“အို ဘုရားရေ ဒါ လင်းတုန်ရဲ့ စွမ်းအားအစစ်အမှန်လား”
“ငါတို့အားလုံး သူ့ကို အထင်သေးခဲ့ကြတာဘဲ။ ဝူယွမ်ရဲ့ ထူးချွန်မှုက လင်းတုန်ရဲ့ တောက်ပမှုကို ငါတို့ကို လျစ်လျူရှုမိစေခဲ့တယ်။”
“ဒီနှစ်ယောက်က ငါတို့ မဟာယန်မင်းဆက် သမိုင်းတစ်လျှောက်မှာ အတော်ဆုံး လူငယ်မျိုးဆက် ဖြစ်လာနိုင်တယ်”
...မိုကျင်းထျန် ဟွမ်ပူယင်း၊ လင်းဖန် နှင့် ထိပ်တန်းမျိုးနွယ်စုများမှ အခြားသော ခေါင်းဆောင်ကြီးများက သူတို့၏ ရင်ထဲတွင် စွမ်းအားမဲ့မှုကို ခံစားလိုက်ရသည်။
သူတို့ ဝန်ခံပေရမည်။ သူတို့ အိုမင်းလာပြီဖြစ်သည်။
နောက်လှိုင်းက ရှေ့လှိုင်းကို တွန်းပို့နေလေပြီ။
ယနေ့တွင် လူငယ်မျိုးဆက် ကျင့်ကြံသူများက သူတို့ထက် မည်သည့်နည်းနှင့်မျှ အားမနည်းတော့ပေ။
အောက်သို့ ကျဆင်းလာသော ရှေးဟောင်း ဧရာမ လက်ချောင်းကြီးငါးချောင်းကို ရင်ဆိုင်ရသောအခါ ချင်ချွမ်က ခုခံရန် သတ္တိကို လုံးဝ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ သူက ထွက်ပြေးချင်သော်လည်း သွေးနီရောင် ပုံရိပ်တစ်ခုက သူ၏ လမ်းကို ပိတ်ဆို့ထားနှင့်ပြီး ဖြစ်သည်။
သွားများကို ကြိတ်၍ ချင်ချွမ်က သူ၏ နိဗ္ဗာန်ရွှေခန္ဓာကို စုစည်းလိုက်သည်။
ဘုန်း ဘုန်း ဘုန်း။
ဧရာမ လက်ချောင်းကြီးများက နောက်ဆုံးတွင် ဖိချလာခဲ့သည်။
ချင်ချွမ်ကို ဗဟိုပြု၍ မြေပြင်ပေါ်တွင် မယုံနိုင်လောက်အောင် ကြီးမားသော လက်ချောင်းပုံရိပ်ကြီးငါးခု ပေါ်လာခဲ့သည်။
ပုံရိပ်အလယ်တွင် ပြားသွားသော ရုပ်အလောင်းတစ်လောင်းက မှောက်လျက်သား လဲလျောင်းနေပြီး မျက်လုံးများမှာ နောင်တမရဘဲ ပြူးကျယ်နေကာ အသက်ရှင်နေသည့် အရိပ်အယောင်ပင် မရှိတော့ချေ။
ချင်ချွမ် သေဆုံးပြီ။
ဝူယွမ် နှင့် လင်းတုန်တို့ နှစ်ဦးစလုံးက နိဗ္ဗာန်အဆင့် ကျင့်ကြံသူများကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။ ထိုမြင်ကွင်းက လက်ရှိ ခေါင်းဆောင်ကြီးများအားလုံးကို လုံးဝ အံ့အားသင့်စေခဲ့သည်။
ဝူယွမ်က လင်ယွမ်ဓားကို သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လေ ၏ ခန္ဓာကိုယ်မှ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်သည်။
သူ ဖွင့်ကြည့်လိုက်သောအခါ ဝိညာဉ်ရတနာလက်နက် အချို့နှင့် အခြားပစ္စည်းများအပြင် နိဗ္ဗာန်ဆေးလုံရှစ်သောင်း တိတိ ပါသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်တွင် လင်းတုန်သည်လည်း အလားတူ လုပ်ဆောင်ခဲ့ပြီး ချင်ချွမ်၏ သိုလှောင်အိတ်မှ နိဗ္ဗာန်ဆေးလုံး ငါးသောင်းကို ရရှိခဲ့သည်။
ဝူယွမ် နှင့် လင်းတုန်တို့က ပြန်လှည့်လာကာ အခြားသူများနှင့် တွေ့စုံလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် လင်း၊ ကျောင်းအုပ် ဖူ ဝမ်မျိုးနွယ်စုနဲ့ ချင်မျိုးနွယ်စုရဲ့ အင်အားစုတွေကို ရှင်းလင်းရေး အလုပ်ကို ခင်ဗျားတို့နှစ်ယောက်ကို လွှဲပေးလိုက်မယ်။ သူတို့ရဲ့ မျိုးနွယ်စုရတနာတိုက်တွေကို ကျွန်တော့်ဆီ ပြန်ယူလာပေးပါ။ မျိုးနွယ်စုခေါင်းဆောင် လင်း၊ ကျန်တာကိုတော့ ခင်ဗျား သင့်လျော်သလို စီစဉ်နိုင်တယ်။”
ဝူယွမ်က အားလုံးကို ငုံ့ကြည့်လိုက်ပြီး လင်းဖန်နှင့် ဖူရိတောင်း တို့ကို အေးဆေးတည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။
“ပြဿနာမရှိပါဘူး၊ ဂိုဏ်းချုပ်!”
“ညီလေး ဝူယွမ် စိတ်ချပါ။ ကျွန်တော်တို့ လင်းမျိုးနွယ်စုက ဒီကိစ္စသေးသေးလေးတွေကို ဆောင်ရွက်ပေးပါ့မယ်။”
သူတို့နှစ်ဦးစလုံးက ဝူယွမ် ဤသို့သော အမိန့်ပေးသည့် လေသံဖြင့် အမိန့်ပေးသည်ကို ကန့်ကွက်ခြင်းမရှိချေ။
ယခု ဝမ်လေယနှင့် ချင်ချွမ်တို့ သေဆုံးသွားပြီဖြစ်ရာ မျိုးနွယ်စုကြီးနှစ်ခုက ခေါင်းဆောင်မဲ့ ဖြစ်သွားခဲ့သည်။ သူတို့က ချင်ချွမ်တို့၏ အိမ်များကို ဝင်ရောက်စီးနင်းခွင့် ရသကဲ့သို့ ဖြစ်ပြီး အကျိုးကျေးဇူးများမှာ တိုင်းတာ၍ မရနိုင်ချေ။ ဝူယွမ်က သူတို့၏ လင်းမျိုးနွယ်စုကို အခွင့်အရေးပေးနေကြောင်း လင်းဖန်က သေချာပေါက် နားလည်နေခဲ့သည်။
မိုကျင်းထျန်း အပါအဝင် အခြားသော မျိုးနွယ်စုများမှ လူများအားလုံး အနည်းငယ် မနာလိုသော အကြည့်များဖြင့် လင်းဖန်ကို ကြည့်လိုက်ကြသည်။
မျိုးနွယ်စုကြီးနှစ်ခုကို သိမ်းပိုက်ပြီးနောက် လင်းမျိုးနွယ်စုက ဧကရာဇ်မျိုးနွယ်စု မှလွဲ၍ မဟာယန်မင်းဆက်၏ အရေးအကြီးဆုံး အင်အားကြီးဖြစ်လာရန် အခွင့်အရေးရမည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ ဧကရာဇ်မျိုးနွယ်စုကိုပင် ခြိမ်းခြောက်လာနိုင်ဖွယ် ရှိသည်။
ထိုအဖိုးကြီးများ၏ မနာလိုသော အကြည့်များကို ခံစားရသောအခါ လင်းဖန်က သူ၏ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းမြောက်မှုများ ပေါ်ပေါက်လာခဲ့သည်။ ကံကောင်းစွာဖြင့် ထိုအချိန်က သူ ဉာဏ်ကောင်းခဲ့ပြီး မောက်မာခြင်းမရှိခဲ့ချေ။ ဝူယွမ်နှင့် ပြန်လည်သင့်မြတ်ရုံသာမက သူ့ကို ဆွဲဆောင်ရန်လည်း ရွေးချယ်ခဲ့သည်။
“အစ်ကိုကြီး ဒါက ချင်ချွမ်ရဲ့ သိုလှောင်အိတ်ပါ၊ နိဗ္ဗာန်ဆေးလုံး ငါးသောင်း ပါတယ်”
လင်းတုန် ပြန်ရောက်လာပြီး သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ သူက သိုလှောင်အိတ်ကို လက်နှစ်ဖက်ဖြင့် ဝူယွမ်အား ပေးလိုက်သည်။
“အင်း၊ မင်းပဲ သိမ်းထားလိုက်ပါ” ဝူယွမ်က ခေါင်းညိတ်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် မိုကျင်းထျန်း နှင့် အခြားသူများသည် လင်းတုန် ဘေးရှိ သွေးရောင်ပုံရိပ်ကို သတိထားမိသွားကာ ကြည့်လိုက်ကြသည်။
ဤသွေးရောင်ပုံရိပ်မှ သူတို့အားလုံးက ပြင်းထန်ပြီး ဖိနှိပ်သော အရှိန်အဝါကို ခံစားလိုက်ရပြီး အသက်ရှူဖို့ပင် ကြောက်ရွံ့နေကြသည်။
သွေးဝိညာဉ်ရုပ်သေး၊ ပထမတန်းစား သွေးဝိညာဉ်ရုပ်သေး ဘဲဖြစ်သည်။ ထိုရုပ်သေးက နိဗ္ဗာန်အဆင့် အဆင့်တစ်မှ ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။
မိုကျင်းထျန်း ၏ နှုတ်ခမ်းများ ခြောက်သွေ့လာသည်။ ဧကရာဇ်မျိုးနွယ်စု၏ ကြောက်မက်ဖွယ် ကျားကြီးက နောက်ဆုံးတွင် စိတ်မချမ်းမြေ့စရာ အခိုက်အတန့်ကို ရောက်ရှရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူက ထိုသွေးဝိညာဉ်ရုပ်သေးနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သိထားသည်။
သူက မဟာယန်မင်းဆက်၏ အကြွင်းမဲ့ အုပ်စိုးရှင် မဟုတ်တော့ပေ။
ဝူယွမ်က သူ၏ လက်ဖြင့် ဝေ့ယမ်းလိုက်ရာ လင်းတုန်ဘေးတွင် ရပ်နေသော သွေးဝိညာဉ်ရုပ်သေး က သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူ၏ ရင်ဘတ်ပေါ်ရှိ မဟာရှေးဟောင်းကျောက်တိုင် ထဲသို့ ဝင်ရောက်သွားသည်။
“ဘုရင်မင်းမြတ် နဲ့ အားလုံးဘဲ၊ ကျွန်တော်ပြောချင်တာ တစ်ခုက ကျွန်တော်တို့ မဟာယန်မင်းဆက်ကို ကိုယ်စားပြုပြီး ပြည်ထောင်တစ်ရာတိုက်ပွဲ မှာ ပါဝင်ရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့မှာ ငါးယောက်ပဲ ရှိတယ်။ အဲ့အတွက် ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်။ မျိုးစေ့ရွေးချယ်ပွဲမှာ ပါဝင်ခဲ့တဲ့ လူအားလုံးကို ရှေးဟောင်းစစ်မြေပြင်ကို ခေါ်သွားမယ်”
ဝူယွမ်က မင်းဆက်၏ အငယ်ဆုံးသော ပါရမီရှင်များအုပ်စုကို ကြည့်လိုက်ပြီး ကြီးမားသော လွှမ်းမိုးမှုဖြင့် ပြောလိုက်သည်-
“သူတို့ကို ကျွန်တော့်နောက်ကို လိုက်စေပြီး မဟာယန်မင်းဆက်နဲ့ သက်ဆိုင်တဲ့ ခမ်းနားထည်ဝါတဲ့ ခေတ်တစ်ခုကို ဖန်တီးကြရအောင်”
“ဘာ၊ လူတိုင်း ပါဝင်မယ်!”
“လူငယ်ပါရမီရှင် အားလုံး ရှေးဟောင်းစစ်မြေပြင်ကို ဝင်မယ်၊ ဒါ အရမ်း ရူးသွပ်ရာ ကျနေပြီ!
“ငါတို့မှာ လူအယောက်ခြောက်ဆယ် ရှိတယ်။ အားလုံး ရှေးဟောင်းစစ်မြေပြင်ကို ဦးတည်နေတယ်ဆိုရင် ဒီအရေအတွက်က အလယ်အလတ် မင်းဆက်အချို့ထက်တောင် ကျော်လွန်နေပြီး အဆင့်မြင့် မင်းဆက်တွေနဲ့တောင် နီးစပ်နေပြီ။”
“ကောင်းလိုက်တာ၊ ဒါဆို ငါတို့အားလုံး အထူးဂိုဏ်းတစ်ခုက ရွေးချယ်ခံရဖို့ အခွင့်အရေး ရှိတယ်ပေါ့။”
“ကျွန်တော်တို့ အစ်ကိုကြီး ဝူယွမ်နောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်!”
...ချက်ချင်းဆိုသလို ထိပ်တန်းမျိုးနွယ်စုကြီးများမှ လူများ အလွန်စိတ်၀င်စား လာကြသည်။ ခေါင်းဆောင်ကြီးများနှင့် လူငယ်ပါရမီရှင်များ နှစ်ဖွဲ့စလုံးက ဝူယွမ်၏ အဆိုပြုချက်ကြောင့် တုန်လှုပ်သွားကြသော်လည်း တစ်ချိန်တည်းမှာပင် ဤအဆိုပြုချက်က အလွန် ဆွဲဆောင်မှုရှိခဲ့သည်။
အထူးသဖြင့် မူလက မျှော်လင့်ချက်မရှိဟု ထင်ခဲ့ကြသော လူငယ်ပါရမီရှင်များက ချက်ချင်းပင် တိုက်ပွဲ၀င်စိတ်ဓာတ် အပြည့် ဖြစ်လာခဲ့သည်။
ဝူယွမ်နှင့် လင်းတုန်တို့ ပြသခဲ့သော ခွန်အားကို ထောက်ပါက သူတို့နောက်သို့ လိုက်ခြင်းက ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို အောင်မြင်ရန် ကြီးမားသော မျှော်လင့်ချက်ကို ပေးနိုင်သည်။
ပြည်ထောင်တစ်ရာတိုက်ပွဲတွင် ပါဝင်သူအရေအတွက်ကို ကန့်သတ်ထားခြင်းမရှိချေ။ မဟာယန်မင်းဆက်၏ ပါဝင်ခွင့်ကို အဓိက ကန့်သတ်ထားသည်မှာ မင်းဆက်၏ ခွန်အားဘဲ ဖြစ်သည်။
ရှေးဟောင်းစစ်မြေပြင်သို့ သွားရန်အတွက် လေဟာနယ်လမ်းကြောင်း လိုအပ်သော်လည်း မဟာယန်မင်းဆက်၏ လေဟာနယ်လမ်းကြောင်းက သေးငယ်သော တစ်ခုသာဖြစ်၍ လူများစွာကို တစ်ပြိုင်နက် သယ်ယူပို့ဆောင်ရန် မတတ်နိုင်သည့်အပြင် နိဗ္ဗာန်ဆေးလုံး အမြောက်အမြားလည်း လိုအပ်သည်။
သို့သော် ဤအရာများက ဝူယွမ်အတွက် ပြဿနာမရှိချေ။
မဟာရှေးဟောင်းကျောက်တိုင်က ဤပြဿနာကို ကောင်းစွာ ဖြေရှင်းပေးနိုင်သည်။
ရှေးဟောင်းကျောက်တိုင်က ပိတ်နိုင်၊ ဖွင့်နိုင်သော အာကာသလောက တစ်ခုဖြစ်သည်။ ပိတ်လိုက်သောအခါ သာမန် ဝိညာဉ်ရတနာလက်နက်နှင့် မခြားနားဘဲ ကူးပြောင်းခြင်း လုပ်ရန် မခက်ခဲပေ။
မိုကျင်းထျန်း၏ မျက်လုံးများ တောက်ပလာပြီး အနည်းငယ် စိတ်လှုပ်ရှားကာ ထိုကိစ္စကို သေသေချာချာ စဉ်းစားမနေနိုင်ခဲ့ချေ။
ဤသူများက ဝူယွမ်နောက်သို့ လိုက်၍ ထိုရှေးဟောင်းစစ်မြေပြင် သို့ သွားပါက မဟာယန်မင်းဆက်အတွက် ကောင်းသောအရာ ဖြစ်မည်မှာ သေချာပေသည်။
လူတစ်ဦးတိုးတိုင်း အထူးဂိုဏ်းတစ်ခုက တန်ဖိုးထားခံရဖို့ အခွင့်အရေး တစ်ခု တိုးလာခြင်းဖြစ်သည်။ မည်သူပင် ဖြစ်ပါစေ၊ ဂိုဏ်းတစ်ခုက လက်ခံလိုက်သည်နှင့် မဟာယန်မင်းဆက်အတွက် ဆုလာဘ်များ ရှားပါးတော့မည် မဟုတ်ပေ။
ထို့အပြင် ရှေးဟောင်းစစ်မြေပြင်သို့ မဝင်ရောက်မီကပင် နိဗ္ဗာန်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော ဝူယွမ်နှင့် လင်းတုန်တို့ ပါရမီရှင်နှစ်ဦးက သူတို့ကြီးထွားလာချိန်တွင် ဤလူများကို ကာကွယ်ပေးရန် လုံလောက်မည်ဖြစ်သည်။ ဤပါရမီရှင်အုပ်စုက အဆုံးအထိ ရောက်ရှိသွားနိုင်ခြေ အလွန်များသည်။
လူ ဒါဇင်ပေါင်းများစွာကို အထူးဂိုဏ်းများက တန်ဖိုးထားပါက မဟာယန်မင်းဆက်က အလယ်အလတ် သို့မဟုတ် အဆင့်မြင့်မင်းဆက်အဖြစ် ခုန်တက်လာနိုင်မည် ဖြစ်သည်။
ဤသည်မှာ လက်လွတ်မခံသင့်သော ရွှေအခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။
မိုကျင်းထျန်းက လေသံကို နူးညံ့အောင် ကြိုးစားကာ နက်နက်ရှိုင်းရှိုင်း အသက်ရှူသွင်းလိုက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည် “ညီလေး ဝူယွမ် ပါဝင်သူ ငါးဆယ်ရှစ်ယောက် ကျန်ပါသေးတယ်။ သေဆုံးသွားတဲ့ ဝမ်ကျုံး နဲ့ ချင်မျိုးနွယ်စု က ချင်တျန်းက လွဲရင်ပေါ့။ သူတို့အားလုံးက ကူးပြောင်းခြင်းအဆင့် အစောပိုင်းမှာ ရှိနေကြပါတယ်။”
သူသည် ဤပြိုင်ပွဲဝင်များ၏ အခြေခံ အချက်အလက်ကို ဝူယွမ် အား ရိုးသားစွာ အစီရင်ခံခဲ့ပြီး သူ၏ သဘောထားက အားလုံးကို ရှင်းပြနေခဲ့သည်။
“ငါတို့ ဧကရာဇ်မျိုးနွယ်စုက ညီလေး ဝူယွမ်ရဲ့ စီစဉ်မှုတွေကို အပြည့်အဝ လိုက်နာဖို့ ဆန္ဒရှိပါတယ်”
မိုကျင်းထျန်းက မန်နေဂျာတစ်ဦးကဲ့သို့ ထိပ်တန်းမျိုးနွယ်စု အသီးသီးမှ ခေါင်းဆောင်ကြီးများကို တိုက်ရိုက်ရင်ဆိုင်ပြီး “အားလုံးပဲ၊ ကိုယ့်သဘောထားကို ပြောပါ။ ဘယ်မိသားစုမဆို သူတို့ရဲ့ တပည့်တွေကို မသွားစေချင်ရင် အခု ပြောနိုင်ပါတယ်” ဟု ပြောလိုက်သည်။
“ဘုရင်မင်းမြတ်၊ ဘာတွေ ပြောနေတာလဲ။ ဒီလိုအခွင့်အရေးကို လက်လွတ်ခံဖို့ ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ”
“ဟုတ်ပါတယ်။ အစ်ကိုကြီး ဝူယွမ် နောက်ကို လိုက်ရင် သေချာပေါက် အလားအလာကောင်းတဲ့ အနာဂတ်ဆီ ရောက်လိမ့်မယ်။ ဒါက သူတို့ရဲ့ ကံကြမ္မာနဲ့ ကံကောင်းခြင်းပဲလေ။”
“ကျွန်တော်တို့ ဆန္ဒရှိပါတယ်”
...တစ်ဦးပြီးတစ်ဦး သူတို့၏ သဘောထားများကို ဖော်ပြလာကြသည်။ ကောင်းမှုကုသိုလ်များကို မီးလျှံဧကရာဇ် တစ်ဦးတည်းက လက်ဝါးကြီးအုပ်၍ မရနိုင်ချေ။
“ကောင်းပြီ။ အားလုံး ကန့်ကွက်စရာ မရှိဘူးဆိုရင် ငါပြောတာကို နားထောင်ကြပါ။ ငါ မင်းတို့ကို ရှေးဟောင်းစစ်မြေပြင်ထဲ ခေါ်သွားမယ်။ လုပ်ဆောင်ချက် အားလုံးအတွက် ငါ့ရဲ့ အမိန့်ကို နာခံရမယ်၊ တစ်ခြားအတွေး မရှိရဘူး။ မင်းတို့ တစ်ဦးချင်းစီတိုင်း နိဗ္ဗာန်အဆင့်ကို ရောက်ဖို့ အခွင့်အရေး ရမယ်လို့ ငါ အာမခံနိုင်တယ်”
ဝူယွမ်၏ စကားများက တိုက်ရိုက်ကျလွန်းသည်။ သူ့စကား နာခံသရွေ့ ကျန်တာကို သူတာဝန်ယူမည်ဖြစ်သည်။
သူဤဆုံးဖြတ်ချက်ကို ချရခြင်းအကြောင်းရင်းမှာ ဝူယွမ် ကိုယ်တိုင်လည်း ပါရမီရှင်များကို စုဆောင်း၍ ပြုစုပျိုးထောင် လိုသောကြောင့်ပင် ဖြစ်သည်။
မဟာရှေးဟောင်းဂိုဏ်း အဖွဲ့ဝင်အများစုမှာ လက်ရှိတွင် တစ်စုံတစ်ဦးနှင့် ဆက်စပ်နေပြီး စစ်မှန်သော ပါရမီရှင်များ များများစားစား မရှိကြပေ။ လူအများစုမှာ ကူးပြောင်းခြင်း အဆင့် အထိသာ ကျင့်ကြံနိုင်ကြပြီး ၎င်းသည်ပင် သူတို့အတွက် ကောင်းနေပြီဖြစ်သည်။ ဤအဆင့် ခွန်အားက ဝူယွမ်၏ အနာဂတ်အစီအစဉ် များအတွက် အသုံးမဝင်ပေ။
နောင်တွင် သူတို့က အဆုံးမရှိသော ကမ္ဘာခြားနတ်ဆိုးများနှင့် ရင်ဆိုင်ရလိမ့်မည်။ နိဗ္ဗာန်အဆင့်အထက်ရှိ ကျင့်ကြံသူများသာ ကြီးကျယ်သောစစ်ပွဲ၏ စင်မြင့်ပေါ်သို့ ခြေလှမ်းနိုင်မည်ဖြစ်ပြီး အခြားသူများမှာမူ စစ်ပွဲသားကောင်များသာ ဖြစ်သွားကြပေမည်။
ပြီးတော့ မျိုးစေ့ရွေးချယ်ပွဲတွင် ပါဝင်သူများက မဟာယန်မင်းဆက် လူငယ်မျိုးဆက်၏ အစွမ်းအထက်ဆုံးနှင့် အတော်ဆုံးအုပ်စုကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနေခဲ့သည်။
သူတို့ကို အရင်းအမြစ်များ ပေးလိုက်သည်နှင့် နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရန် ပြဿနာမရှိနိုင်ချေ။ ထိုသို့သော ပါရမီရှိသော တပည့်များကို သူ၏ တံခါးဝသို့ ပို့ဆောင်ပေးသည်ကို မယူဘဲနေပါက မိုက်မဲရာ ရောက်ပေလိမ့်မည်။
“ကျွန်တော်တို့ အစ်ကိုကြီး ဝူယွမ်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ဆန္ဒရှိပါတယ်”
လူငယ်ပါရမီရှင်များထဲမှ တစ်ဦးက ချက်ချင်း ထွက်၍ ပြောလိုက်သည်။
သူက အစိမ်းရောင်၀တ်စုံ ၀တ်ထားကာ ‘လှပသော’ မိုလင်းဘဲ ဖြစ်သည်။ သူက “အားလုံးပဲ၊ အစ်ကိုကြီး ဝူယွမ်က ကျွန်တော်တို့ကို ကူညီပေးဖို့ ဆန္ဒရှိနေတယ်။ ဒါက ကျွန်တော်တို့ရဲ့ အခွင့်အရေးဘဲ။ ရှေးဟောင်းစစ်မြေပြင်ထဲ ဝင်တာနဲ့ ကျွန်တော်တို့အားလုံး တစ်စုတစ်စည်းတည်း ဖြစ်သွားရမယ်။ ဒါပေမယ့် ကျွန်တော်တို့က မျိုးနွယ်စုအသီးသီးက လာကြတာမလို့ အရေအတွက်များပြီး စည်းကမ်းမဲ့နေတဲ့အတွက် မဟာယန်မဟာမိတ်အဖွဲ့ ကို ဖွဲ့စည်းပြီး အစ်ကိုကြီး ဝူယွမ်ကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် ဂုဏ်ပြုဖို့ အဆိုပြုချင် ပါတယ်”
“အားလုံးပဲ၊ ဘယ်လိုထင်လဲ”
“သဘောတူတယ်”
“သဘောတူတယ်”
...လူငယ်စွမ်းအားရှင်များ အားလုံး ပါဝင်ပြောဆိုလာကြပြီး တစ်ဦးစီတိုင်းတွင် တိုက်ပွဲ၀င်စိတ်ဓာတ်နှင့် ကြီးမားသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့ကာ လူငယ်သဘာဝ စိတ်အားထက်သန်မှုများ ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။
“မိုလင်း၊ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”
မိုလင်းက ဝူယွမ် ရှေ့တွင် ဒူးတစ်ဖက် ထောက်ကာ လေးစားစွာ ပြောလိုက်သည်။
သူ ဦးဆောင်သွားသည်နှင့် လူငယ်ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး နောက်မှ လိုက်လာကြသည်။
“တူယွမ်၊ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်!ဂါရဝပြုပါတယ်”
“မန်ရှန်၊ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”
...ဝူယွမ်ရှေ့တွင် ယခင်က မောက်မာပြီး စည်းကမ်းမရှိခဲ့သော ပါရမီရှင်များ အားလုံး ခေါင်းငုံ့ခဲ့ကြရသည်။
မူလက မာနကြီးပြီး ဝူယွမ်ကို သူ၏ ချစ်ပြိုင်ဘက်ဟု ထင်ခဲ့သော ဟွမ်ပူယင်း သည်လည်း ဤအချိန်တွင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
ဝူယွမ်၏ လွှမ်းမိုးချုပ်ကိုင်သော ခွန်အားကို ခုလေးတင် ပြသလိုက်ခြင်းက သူ့ကို အလွန် အထင်ကြီးစေခဲ့သည်။ “ဟွမ်ပူယင်း၊ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”
ဝူယွမ်က တိတ်တဆိတ်သာ စောင့်ကြည့်နေပြီး သူတို့ကို မတားမြစ်ခဲ့ပေ။ အခြား ပါရမီရှင်များက သူ့ကို ရိုသေလေးစားစွာ ကြည့်နေကြသည်။ ဤခံစားချက်က တကယ်ပင် ကောင်းမွန်ကြောင်း သူဝန်ခံရပေမည်။
သူက လှပသော မိုလင်း အားပို၍ပင် ကျေးဇူးတင်မဆုံး ဖြစ်နေခဲ့သည်။
ဧကရာဇ်မျိုးနွယ်စုမှ လူတစ်ဦးဖြစ်သည်နှင့်အညီ အလွန်ဆင်ခြင်တုံတရားရှိသည်။
ဝူယွမ် “ကောင်းပါပြီ၊ အားလုံး ထနိုင်ပါပြီ။ ဒီနေ့ကစပြီး ငါတို့အားလုံး ညီအစ်ကိုတွေဘဲ၊ အတူတကွ တိုးတက်ပြီး အတူတစ်ကွ ဆုတ်ခွာမယ်၊ အခက်အခဲတွေကို အတူမျှဝေကြမယ်”
လူတိုင်းက သံပြိုင်ပြောလိုက်သည်- “အတူတကွ တိုးတက်ပြီး အတူတစ်ကွ ဆုတ်ခွာမယ်၊ အခက်အခဲတွေကို အတူမျှဝေမယ်”