← Chapters

သားရဲလှိုင်းလုံးက ကာကွယ်ရေးမဟုတ်ဘူး။ သတ်ဖြတ်ပွဲနဲ့ သားရဲအမြူအတေ ရိတ်သိမ်းပွဲသက်သက်ပဲ

Vol. 15 Ch. 148

သားရဲလှိုင်းလုံးက ကာကွယ်ရေးမဟုတ်ဘူး။ သတ်ဖြတ်ပွဲနဲ့ သားရဲအမြူအတေ ရိတ်သိမ်းပွဲသက်သက်ပဲ

Vol. 15 Ch. 148

(မင်းဆက်အစား ပြည်ထောင်လို့ ပြောင်းလဲအသုံးပြုသွားမည်)

ဝူယွမ်သည် အခန်းထဲမှ ထွက်လာကာ စိတ်လက်ပေါ့ပါး လန်းဆန်းနေသည်။

“နတ်ရည်ခန္ဓာက တကယ့်ကို လန်းဆန်းစေတာပဲ။”

“ဒါက ဂျူနီယာညီမလေးရဲ့ မွေးရာပါ ဆွဲဆောင်မှု ခန္ဓာကိုယ်ထက်တောင် ပိုကောင်းသေးတယ်”

ဝူယွမ်က နှုတ်ခမ်းကို သပ်လိုက်ပြီး အရသာခံလိုက်သည်။

ထိုအရာက ကျင့်ကြံခြင်းကိရိယာ မဟုတ်ပေမယ့် အဲဒီအရာထက်တောင် ပိုကောင်းနေသေးသည်။ ကျန်းယွဲ့က စုံတွဲကျင့်ကြံခြင်းအတွက် အကောင်းဆုံးလက်တွဲဖော်လို့ ပြောရင်လည်း မမှားပေ။

သူမ၏ စွမ်းအားကို အသုံးပြုပြီး သူ၏ ဒန်တျန်းကို ဖြည့်တင်းလိုက်သည်။ ဒီလိုလုပ်ခြင်းက သူမအတွက် ဘာဆိုးကျိုးမှ မရှိစေသည့်အပြင် သူမအတွက်ပါ အလွန်အကျိုးရှိစေသော လုပ်ရပ်တစ်ခု ဖြစ်သည်။

သာမန်လူတစ်ယောက်သာ ကျန်းယွဲ့ကို ပိုင်ဆိုင်ခဲ့လျှင် ဝူယွမ်လောက် သူမ၏ နတ်ရည်ခန္ဓာ စွမ်းအားကို ထိရောက်စွာ အသုံးချနိုင်မည် မဟုတ်ပေ။ ဝူယွမ်၏ ကစဉ့်ကလျားအဆောင် သန္ဓေသား ပေါ်ရှိ ဝါးမျိုခြင်းရူန်း ကြောင့်သာ ဒီစွမ်းအားကို ပြီးပြည့်စုံစွာ ဝါးမျိုပြီး မိမိပိုင်စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ခြေလက်များကို ဆန့်တန်းပြီးနောက် ဝူယွမ် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

“ယွဲ့အာ... ဘယ်လိုနေလဲ။ မင်းခန္ဓာကိုယ်ထဲက စွမ်းအားတွေ အရင်ကလို ဖောင်းပွမနေတော့ဘူးလို့ ခံစားရလား”

ဝူယွမ် ကုတင်နားသို့ လျှောက်သွားပြီး ဂရုတစိုက် မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့... အခု အများကြီး သက်သာသွားပါပြီ။ ယွဲ့အာ့ ခန္ဓာကိုယ်က အများကြီး ပေါ့ပါးသွားသလိုပဲ။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဝူယွမ်”

ကျန်းယွဲ့က ခေါင်းညိတ်ရင်း မျက်လွှာချကာ ရှက်သွေးဖြာလျက် ပြောလိုက်သည်။

“ဘာကို ကျေးဇူးတင်တာလဲ။ ငါကသာ မင်းကို ကျေးဇူးတင်ရမှာ။ မင်းရဲ့အကူအညီသာ မပါရင် ငါ ကူပြောင်းခြင်းအဆင့် အထွတ်အထိပ်ကို ဒီလောက်လွယ်လွယ် တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ မင်းကမှ ငါ့ကို တကယ် ကူညီပေးခဲ့တာပါ”

“အစ်ကိုကြီးဝူယွမ်ကို ကူညီခွင့်ရတာ ယွဲ့အာ့အတွက် ဂုဏ်ယူစရာပါဘဲ။ အစ်ကိုကြီးဝူယွမ် နောက်ထပ် အကူအညီလိုရင်လည်း ပြောဖို့ ဝန်မလေးနဲ့။ အခုဆိုရင် သိန်းငှက်သိုင်းခန်းမ တစ်ခုလုံးက အစ်ကိုကြီးဝူယွမ်နောက်ကို လိုက်နေကြတာလေ။ အစ်ကိုကြီးဝူယွမ် စွမ်းအားကြီးမှ ယွဲ့အာတို့ ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုကို ရနိုင်မှာ”

သူမက ဝူယွမ်၏ စွမ်းအားတိုးတက်စေရန် ကူညီလိုစိတ်သက်သက်ဖြင့် ဖြောင့်မတ်သော စကားလုံးများကို သုံးကာ ပြောဆိုလိုက်သည်။ အခြား ကိုယ်ကျိုးစီးပွား အတွက် ရည်ရွယ်ချက်များ မရှိသယောင်ပင်။

ဝူယွမ်က သူမကို ဖွင့်မပြောတော့ပေ။

ခေတ်တစ်ခေတ်၏ ခေါင်းဆောင်ဖြစ်လာရန် ရည်မှန်းထားသော ယောက်ျားတစ်ယောက်အနေဖြင့် ဝူယွမ်က ကျယ်ပြန့်သော စိတ်ထားရှိပြီး မည်သည့်အရာကိုမဆို သည်းခံနိုင်စွမ်းရှိသည်။ သူ့စွမ်းအား တိုးတက်လာသရွေ့ သူများ ကျိန်ဆဲတာကို သူ ဂရုမစိုက်ပေ။

ထို့အပြင် ကျင့်ကြံခြင်းလမ်းစဉ်က အလွန်ကြမ်းတမ်းပြီး တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည် မဟုတ်ပါလား။ ဒီလောက်တော့ သူ ပျော်ပါးသင့်သည်။ ပျော်ရွှင်စရာကောင်းသော နည်းလမ်းဖြင့် စွမ်းအားမြှင့်တင်ရခြင်းကို ဘာကြောင့် ငြင်းပယ်ရမည်နည်း။

“ယွဲ့အာ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မင်း ပင်ပန်းသွားပြီ” ဝူယွမ်က သနားကြင်နာစွာ ပြောလိုက်သည်။

“အစ်ကိုကြီးဝူယွမ်... အဲဒီလို မပြောပါနဲ့။ ယွဲ့အာ မပင်ပန်းပါဘူး။ အစ်ကိုကြီးဝူယွမ် နောက်ကို လိုက်ရတာ ယွဲ့အာ အရမ်းပျော်ပါတယ်”

ဝူယွမ်က သူမ ပင်ပန်းနေသည်ဟု ထင်ပြီး နောက်နောင် အကူအညီ မတောင်းတော့မည်ကို စိုးရိမ်သဖြင့် ကျန်းယွဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။

ဝူယွမ်ဆီမှာ သူမကို ဖိအားပေးနိုင်တဲ့ ‘အရာ’ တချို့ ရှိနေတာကိုတော့ သူမ ဝန်ခံရမည်ဖြစ်သည်။ သို့သော် နတ်ရည်ခန္ဓာ ပိုင်ရှင်ဖြစ်သော သူမအတွက်တော့ ဒါက အသေးအဖွဲမျှသာဖြစ်သည်။

ဝူယွမ် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ ဒီလို နားလည်ပေးနိုင်သော အမျိုးသမီးမျိုးက ရှားပါးလှသည်။

“ယွဲ့အာ... မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားတယ်။ တိုက်ပွဲထဲမှာ အနားကပ်တိုက်ခိုက်ခံရပြီး တစ်ချက်တည်း အလဲထိုးခံရမှာကို ငါအကြောက်ဆုံးပဲ။ ငါ မင်းကို စွမ်းအားကြီးတဲ့ ကိုယ်ဖော့သိုင်းပညာ တစ်ခု သင်ပေးမယ်။ နောက်ဆို ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ အကွာအဝေးကို ထိန်းပြီး သူတို့ကို ပင်ပန်းအောင်လုပ်ဖို့ အာရုံစိုက်ပါ။ အဆင့်တူချင်းဆိုရင် ဘယ်သူမှ မင်းကို ခံနိုင်မှာ မဟုတ်ဘူး”

ဝူယွမ်က သူမ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြလိုက်သည်။ ယခုအချိန်တွင် ကျန်းယွဲ့သည်လည်း သူ့အတွက် ကြီးမားသော အကူအညီ ဖြစ်နေပြီဖြစ်ကာ သူမကို အတွေ့အကြုံရပြီး ကြီးထွားလာစေရန် အခွင့်အရေးပေးရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင်လည်း သင်ပေးရမည်။

ဝူယွမ်က သူမကို ရွှေချိုင့်ထဲက ငှက်ကလေးလို ကောင်းကောင်းမွန်မွန် ကာကွယ်ထားရန် စဉ်းစားခဲ့ဖူးသော်လည်း ထိုသို့လုပ်ခြင်းက သူမ၏ တိုးတက်မှုကို အထောက်အကူ မပြုပေ။ အခက်အခဲများနှင့် မကြုံတွေ့ရဘဲ ကျန်းယွဲ့က စစ်မှန်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် ခက်ခဲလိမ့်မည်။

တိုင်ချင်း ကောင်းကင်လှည့်ခြေလှမ်း။

ထိုအရာက ဝူယွမ် မာချင်း ဆီက ရထားတဲ့ ဖန်တီးခြင်းအဆင့် ကိုယ်ဖော့သိုင်းပညာဖြစ်သည်။ ဒီသိုင်းပညာကို ကျင့်ကြံပြီးပါက အဆင့်တူချင်းတိုက်ပွဲများတွင် လွယ်ကူစွာ လှုပ်ရှားသွားလာနိုင်မည် ဖြစ်သည်။

ဝူယွမ် ကိုယ်တိုင် သူမကို သိုင်းပညာ သင်ကြားပေးနေချိန်...

မြို့တော်၏ ပင်မခန်းမရင်ပြင်တွင် လင်းတုန်၊ မိုလင်း နှင့် အခြားသူများကဘတင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။

သူတို့၏ အလယ်ဗဟိုတွင် ကျောက်စိမ်းဆင်ဖြူရုပ်တု တစ်ခုရှိသည်။ ဝိညာဉ်စွမ်းအင် လှိုင်းမျာက ကျောက်စိမ်းဆင်ဖြူထဲသို့ စူးစမ်းဝင်ရောက်ကာ ၎င်းအတွင်းရှိ ဖန်တီးခြင်းအဆင့် သိုင်းပညာ ဖြစ်သော ဆင်ဖြူတော် ကောင်းကင်ခွဲတိုက်ခိုက်မှု ကို လေ့လာနေကြသည်။

လေထုထဲတွင် အလွန်သိပ်သည်းသော မီးနီရောင်စွမ်းအင်များ ပြည့်နှက်နေကာ ဤနေရာရှိ နိဗ္ဗာန်စွမ်းအင်က အခြားနေရာများထက် အဆများစွာ ပိုမိုသိပ်သည်းနေသည်။ အကြောင်းမှာ ဝူယွမ်က ဤနေရာတွင် ကောင်းကင်နှင့် မြေကြီးမှ နိဗ္ဗာန်စွမ်များကို စုစည်းပေးသည့် ဝိညာဉ်စုစည်းရေး အစီအရင်ကို တည်ဆောက်ထားသောကြောင့် ဖြစ်သည်။

အစီအရင်အတွင်းတွင် သူတို့က နိဗ္ဗာန်စွမ်ူအင်များကို စုပ်ယူရင်း သိုင်းပညာကို ကျင့်ကြံနေကြသည်။ ထိုအကျိုးသက်ရောက်မှုက အခြားသူများ ဆယ်ရက်ကြာ ကျင့်ကြံမှရသည့် ရလဒ်ထက် ဆယ်ဆ ပိုကောင်းသည်။

မဟာယန်ပြည်ထောင် မှ ပါရမီရှင် လူငယ်တစ်သိုက်က များစွာသော အကျိုးကျေးဇူးများကို ရရှိပြီး သူတို့၏ စွမ်းအားများသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။

ဤကဲ့သို့ ကောင်းမွန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်နှင့် နိဗ္ဗာန်ဆေးလုံး ထောက်ပံ့မှုတို့ကြောင့် တစ်ရက်အတွင်းမှာပင် လူအများအပြားသည် ကူးပြောင်းခြင်းအဆင့် အလယ်အလ်သို့ ချိုးဖျက်ဝင်ရောက် နိုင်ခဲ့ကြသည်။

ကူးပြောင်းခြင်းအဆင့် အလယ်အလတ် ရှိနေပြီးသား လင်းတုန်၊ မိုလင်းနှင့် အခြားသူများသည်လည်း အထွတ်အထိပ်သို့ ချိုးဖျက်ဝင်ရောက်ရန် အရိပ်အယောင်များ ပြသနေကြပြီ ဖြစ်သည်။

မြို့ထဲတွင် စုဝေးနေကြသော အခြားပြည်ထောင်မှ လူများက ထိုမြင်ကွင်းကို အားကျစိတ်ဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်ကြပြီး မိမိအဖွဲ့သားများကို ဤမျှကောင်းမွန်စွာ ဦးဆောင်နိုင်သော မဟာယန်ပြည်ထောင်၏ ခေါင်းဆောင်ကို အလွန်လေးစားနေကြသည်။

မြို့ထဲသို့ ဝင်ရောက်လာချိန်မှစ၍ ယခုထိ မဟာယန်ပြည်ထောင်မှ မည်သူတစ်ဦးတစ်ယောက်မျှ မာနထောင်လွှားခြင်း၊ ဗိုလ်ကျခြင်းများ မရှိခဲ့ပေ။ သူတို့အားလုံး ဗဟိုခန်းမတွင် တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။

ဒါက အခြားပြည်ထောင်များအတွက် သတင်းကောင်း ဖြစ်နေပြီး အနည်းဆုံးတော့ သူတို့ အနိုင်ကျင့် မခံရတော့ပေ။ ထိုသို့သော ပြည်ထောင်မျိုးကို လိုလားတောင့်တမိခြင်း စိတ်များသာ ရှိတော့သည်။

ရင်ပြင်တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ မိုလင်းက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

“ညီအစ်ကိုတို့... ဒီ ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက် သိုင်းပညာက နားလည်သဘောပေါက်ဖို့ နည်းနည်း ခက်ခဲတာ အမှန်ပဲ။ သင်ယူပြီးတဲ့ ညီအစ်ကိုတွေ ရှိကြလား။ အားလုံးကို ရှင်းပြပြီး လက်တွေ့သရုပ်ပြပေးနိုင်မလား။ ဒီ ရှေးဟောင်းစစ်မြေပြင် မှာ အချိန်က တန်ဖိုးရှိတယ်။ ငါတို့အားလုံး ဒီသိုင်းပညာတစ်ခုတည်းကို အတူတူ ကျင့်ကြံနေကြမှတော့ ကျင့်ကြံခြင်းဆိုင်ရာ အမြင်တွေနဲ့ အတွေ့အကြုံတွေကို ဘာလို့ မျှဝေမယူကြမှာလဲ။ ဒါမှ လူတိုင်း ဒီသိုင်းပညာကို မြန်မြန်တတ်မြောက်ပြီး ငါတို့အဖွဲ့ရဲ့ စွမ်းအားကို လျင်လျင်မြန်မြန် မြှင့်တင်နိုင်မှာပေါ့”

“ဟုတ်တယ်... ဟုတ်တယ်။ ငါတို့တွေ အများကြီး ရှိတာပဲ။ တစ်သီးပုဂ္ဂလခွဲပြီး ကျင့်ကြံနေလို့ မဖြစ်ဘူး။ အတူတူ ကျင့်ကြံကြမယ်ဆိုမှတော့ လျှို့ဝှက်ချက် ထားစရာမလိုဘူး။ ကျင့်ကြံခြင်းဆိုတာ ပြင်ပလူတွေကို ရင်ဆိုင်ဖို့ပဲလေ”

လူအများစုက မိုလင်း၏ အကြံဉာဏ်ကို သဘောတူကြသည်။ အများစုမှာ ဖန်တီးခြင်းအဆင့် အလယ်အလတ် သိုင်းပညာကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်ရာ စတင်ရန် အနည်းငယ် ခက်ခဲနေပြီး ကျင့်ကြံခြင်း၏ သော့ချက်ကို ရှာမတွေ့ ဖြစ်နေကြသည်။

ထိုအချိန်တွင် ဝူယွမ် ရောက်ရှိလာပြီး မိုလင်၏ အကြံပြုချက်ကို ကြားသောအခါ သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

ဒါက ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်သည့် လက္ခဏာပင်။ ဒီအဆင့်ထိ တွေးခေါ်နိုင်တာဟာ အလွန် ချီးကျူးစရာ ကောင်းသည်။

ပုံမှန်အားဖြင့် ‘သိုင်းပညာရပ်ကို ပြင်ပလူအား မသင်ကြားရ’ ဟူသော မူဝါဒကြောင့် လူအများစုက တစ်ကိုယ်တော် စူးစမ်းလေ့လာ ကျင့်ကြံလေ့ရှိကြသည်။

ဝူယွမ်က ထွက်ပေါ်လာပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ မိုလင်း ပြောတာ မှန်တယ်။ ငါတို့က အခု တစ်သားတည်း ဖြစ်နေပြီ။ ဘုံတိုးတက်ရေး စိတ်ကူးရှိရမယ်။ အဖွဲ့သားတွေ အားလုံး သန်မာလာမှ ပြဿနာတွေကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်မှာ”

“ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

အားလုံးက အလျင်အမြန် မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ နှုတ်ဆက်လိုက်ကြသည်။

“တခမ်းတနားတွေ လုပ်စရာမလိုပါဘူး။ ငါလည်း ဒီသိုင်းပညာကို လေ့လာကြည့်ပြီးပြီ။ အားလုံးအတွက် အရင်ဆုံး သရုပ်ပြပေးမယ်”

ဝူယွမ် ချက်ချင်းပင် လေပေါ်သို့ ပျံတက်သွားကာ ယွမ်စွမ်းအင် များ ပေါက်ကွဲထွက်လာပြီး လေထဲတွင် ဧရာမဆင်ကြီးတစ်ကောင် ပုံဖော်ကာ အဝေးရှိ ကျောက်တိုင်တစ်ခုပေါ်သို့ ပြိုကျပျက်စီးစေမည့်အရှိန်ဖြင့် ဝင်ဆောင့်လိုက်သည်။

“ဒီသိုင်းပညာရဲ့ အဓိကသော့ချက်က အရှိန်အဟုန်မှာ ရှိတယ်လို့ ငါထင်တယ်။ အရာအားလုံးကို ချေမှုန်းပြီး ဖယ်ရှားပစ်မယ့် ဆင်ဖြူတော်ရဲ့ အငွေ့အသက်ကို ပုံဖော်ရမယ်...”

ဝူယွမ်က သူ၏ ထိုးထွင်းသိမြင်မှုများကို တစ်ခုချင်း ရှင်းပြသည်။

“ဪ... အဲဒီလိုကိုး။ ခေါင်းဆောင်က တကယ့် သိုင်းပညာပါရမီရှင်ပါပဲ။ ခေါင်းဆောင် ရှင်းပြမှ ကျွန်တော် နားလည်တော့တယ်”

“ငါ့ကို ချီးကျူးဖို့ မလောကြနဲ့ဦး။ ငါက ပိုကောင်းတဲ့ အမြင်တွေ ထွက်လာအောင် လမ်းစဖွင့်ပေးရုံ သက်သက်ဘဲ။ သိုင်းပညာနဲ့ ပတ်သက်ရင် လင်းတုန်ကမှ စစ်မှန်တဲ့ သိုင်းပညာပါရမီရှင်။ နောက်ဆို မင်းတို့အားလုံး သူ့ဆီကနေ သင်ယူကြ။ ဒုတိယညီလေး... မင်း သိုင်းပညာရပ် ကျင့်ကြံတဲ့အခါ သူတို့ကိုလည်း သင်ပေးလိုက်ပါဦး” ဝူယွမ်က လင်းတုန်ကို ကြည့်ကာ ပြောလိုက်သည်။

ကျောက်လက်ဖွဲ့၏ တိုက်ရိုက်လမ်းညွှန်မှုနှင့် ပြန်လည်မွမ်းမံမှု နည်းစနစ်များကြောင့် မည်သူမျှ လင်းတုန်ထက် သိုင်းပညာတစ်ခုကို ပိုမြန်မြန်နှင့် ပိုပြီးပြည့်စုံစွာ မသင်ယူနိုင်ပေ။

“ဟုတ်ကဲ့... အစ်ကိုကြီး”

လင်းတုန် မတ်တတ်ရပ်လိုက်ပြီး ဘာမှ အထွေအထူး ပြောမနေတော့ဘဲ လိုရင်းကို တန်းပြောလိုက်သည်။ “အစ်ကိုကြီး ပြောတာ မှန်တယ်။ အဲဒီအခြေခံပေါ်မှာ ကျွန်တော် နောက်ထပ် အချက်နှစ်ချက် ထပ်ဖြည့်ချင်ပါတယ်။ ပထမအချက်က ဧရာမဆင်ကြီးကို ပုံဖော် စုစည်းခြင်း...”

ဆရာလုပ်ချင်ကြတာ လူတိုင်း၏ မသိစိတ်မှ အကျင့်ဖြစ်ကာ လင်းတုန်က သင်ပြပေးရင်း အရှိန်ရလာသည်။ သူက တစ်ဆင့်ချင်း ခွဲခြမ်းစိတ်ဖြာပြီး ကျင့်ကြံခြင်း လျှို့ဝှက်ချက် အားလုံးကို လူတိုင်းထံ လျင်မြန်စွာ မျှဝေပေးလိုက်သည်။

လင်းတုန်၏ စကားများကို နားထောင်ပြီးနောက် လူအများအပြား ဉာဏ်အလင်ူပွင့်သွားကြပြီး ချက်ချင်းပင် ဧရာမဆင်ကြီး ပုံသဏ္ဌာန်ကို ဖန်တီးနိုင်လာကြသည်။

ဝူယွမ်က ပြုံးလိုက်မိသည်။ ဒီအရှိန်အဟုန်အတိုင်းဆိုရင် လူတိုင်း လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့သည်။

တစ်ချိန်လုံး ကျင့်ကြံခြင်းများ ဆက်လက်လုပ်ဆောင်နေကြပြီး ဝူယွမ်က ဒီစုရပ်မှာ နှစ်ရက်၊ သုံးရက်လောက် နေဖို့ စီစဉ်ထားသည်။ ပထမအချက်က လူတိုင်းကို ရှေးဟောင်းစစ်မြေပြင်ရဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးစေဖို့ ဖြစ်ပြီး၊ ဒုတိယအချက်က ယန်မြို့တော်ရဲ့ အခြေအနေကို စုံစမ်းဖို့ ဖြစ်သည်။

နောက်တစ်နေ့ ညအချိန်။

ဝူယွမ်က ကျန်းယွဲ့နှင့် သိုင်းပညာအကြောင်း ဆွေးနွေးရန် ပြင်ဆင်နေချိန်...

မိုလင်းက အလျင်စလို ပြေးဝင်လာပြီး သတင်းပို့လိုက်သည်။

“ခေါင်းဆောင်... မြို့ထဲကို အခုလေးတင် ဝင်လာတဲ့လူတွေ ပြောပြချက်အရ သားရဲလှိုင်းတစ်ခုက ကျွန်တော်တို့ စုရပ်ကို တိုက်ခိုက်လာနေတယ်တဲ့။ အကောင်အရေအတွက်က တော်တော်များမယ့်ပုံပဲ”

“ အေး ”

ဝူယွမ်၏ မျက်နှာထား တည်ကြည်သွားသည်။ သားရဲလှိုင်း ဆိုသည်မှာ ဤရှေးဟောင်းစစ်မြေပြင်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်တစ်ခု ဖြစ်သည်။ ညဘက်တွင် မရေမတွက်နိုင်သော နတ်ဆိုးသားရဲ များ စုဝေးကာ ကျိုင်းကောင်များပမာ ဝင်ရောက်စီးနင်းကြခြင်း ဖြစ်ပြီး သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း အားလုံး ကြေမွ ပျက်စီးသွားလေ့ရှိသည်။

လွန်ခဲ့သော ရက်အနည်းငယ်က အသေးစား သားရဲလှိုင်း အချို့ လာရောက်တိုက်ခိုက်ခဲ့သော်လည်း အလွယ်တကူပင် မောင်းထုတ်နိုင်ခဲ့သည်။

“မြို့ထဲမှာ သတင်းဖြန့်လိုက်။ မြို့ထဲက လူတိုင်းကို သားရဲလှိုင်းကို ခုခံဖို့ မြို့ရိုးဆီ သွားခိုင်းပါ။ ကာကွယ်ရေး အစီအရင်တွေကိုတော့ မင်းပဲ စီစဉ်လိုက်ပါ”

ဝူယွမ်က ဤကိစ္စကို မိုလင်းအား လွှဲအပ်လိုက်ပြီး မဟာယန်ပြည်ထောင်မှ လူများကို စုစည်းရန် ရင်ပြင်သို့ ထွက်လာခဲ့သည်။

“သားရဲလှိုင်းလုံး ရောက်လာပြီ။ ဒီတစ်ခါ အတိုင်းအတာက တော်တော်ကြီးမားလိမ့်မယ်။ မင်းတို့အားလုံး တိုက်ပွဲမှာ ပါဝင်ရမယ်။ အဖွဲ့ငယ်လေးတွေ ဖွဲ့ပြီး တိုက်ခိုက်ကြ။ သားရဲလှိုင်းထဲမှာ မင်းတို့ရဲ့ သိုင်းပညာရပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ယူကြ။ မှတ်ထားပါ... နတ်ဆိုးသားရဲတွေကို သတ်နေရင်းနဲ့ ကိုယ့်အဖွဲ့သားတွေကို ကာကွယ်ဖို့လည်း မမေ့ကြနဲ့။

အားလုံး သတိထားကြပါ။ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး သားရဲလှိုင်းထဲ တစ်ကိုယ်တည်း ဝင်မတိုးမိစေနဲ့။ ဒီ ရှေးဟောင်းစစ်မြေပြင်က နတ်ဆိုးသားရဲတွေက မဟာယန်ပြည်ထောင်က ကောင်တွေထက် ပိုပြီး ရက်စက်ကြမ်းကြုတ်တယ်။ ဖန်တီးခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတောင် အထဲမှာ ပိတ်မိသွားရင် သေချာပေါက် သေမှာပဲ။ သားရဲလှိုင်းလုံးက အရမ်းကြီးမားရင် နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတွေတောင် သေဆုံးနိုင်တယ်။

ဒါပေမဲ့ ငါရှိနေသရွေ့ စိတ်ပူစရာ မလိုဘူး။ တခြားသူတွေအတွက် သားရဲလှိုင်းက ဘေးအန္တရာယ် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငါတို့အတွက်တော့ ဒါက အကောင်းဆုံး အရင်းအမြစ်ပဲ။

နတ်ဆိုးသားရဲတွေကို လုံလုံလောက်လောက် သတ်နိုင်သရွေ့ ငါတို့မှာ နိဗ္ဗာန်ဆေးလုံး ပြတ်လပ်မှာ မဟုတ်တော့ဘူး”

ဝူယွမ် ပြောပြီးသည်နှင့် လူတိုင်းကို ဦးဆောင်ကာ မြို့ရိုးဆီသို့ ထွက်လာခဲ့သည်။

ထိုမြို့ရိုးက ပျက်စီးယိုယွင်းနေပြီး နေရာအနှံ့ အပေါက်အပြဲများ ရှိနေသဖြင့် သားရဲလှိုင်းလုံးကို အပြည့်အဝ တားဆီးနိုင်မည် မဟုတ်ပေ။

သူတို့က မြို့ပြင် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအဝေးမှ အမှောင်ထုထဲတွင် သွေးရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်နေသည်ကို မြင်လိုက်ရပြီး ကျောချမ်းဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံလာသည်။

ဂရော... ဂရား...

ခဏအကြာတွင် ထိုသွေးရောင်အလင်းတန်းများ ပိုမိုထင်ရှားလာပြီး မြေပြင်သည်လည်း စတင် တုန်ခါလာကာ မြို့တစ်မြို့လုံး အနည်းငယ် လှုပ်ခါနေသကဲ့သို့ပင်။

လူရိပ်များ မြို့ရိုးပေါ်သို့ ပျံတက်လာကြပြီး မဟာယန်ပြည်ထောင်မှ လူများနှင့် တစ်တန်းတည်း ရပ်လိုက်ကြသည်။

မိုလင်း၏ လမ်းညွှန်မှုအောက်တွင် မြို့ထဲရှိ လူတစ်ထောင်ကျော် အားလုံး တိုက်ပွဲဝင်ရန် ထွက်လာကြသည်။

သားရဲလှိုင်းလုံးအောက်တွင် မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ မြို့ကျသွားလျှင် လူတိုင်း သားရဲလှိုင်း၏ ဝါးမျိုခြင်းကို ခံရမည်ဆိုသည်ကို အားလုံး နားလည်ထားကြသည်။

ဘုန်း...

သွေးရောင်အလင်းများက သူတို့၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မိုးကုပ်စက်ဝိုင်းအထိ ပြန့်နှံ့သွားခ!့သည်။ ထိုသွေးရောင်အလင်းများက မရေမတွက်နိုင်သော သွေးရောင်မျက်လုံးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များက ကောင်းကင်သို့ ထိုးတက်နေကာ သွေးရောင်လကိုပင် ပိုမိုနီရဲသွားစေသယောင် ရှိသည်။ မြို့ပြင်တွင် နတ်ဆိုးသားရဲ မည်မျှ စုဝေးနေသည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်း အသက်ရှူမှားသွားပြီး လက်ထဲမှ ဝိညာဉ်ရတနာလက်နက် များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ကြသည်။

သားရဲလှိုင်း နီးကပ်လာသည်နှင့်အမျှ လေထုထဲတွင် အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်လာသည်။

ဂါး...

နတ်ဆိုးသားရဲများ၏ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး အဆုံးမဲ့ သားရဲလှိုင်းလုံးထဲတွင် ကူးပြောင်းခြင်းအဆင့် အထွတ်အထိတ်နှင့် ယှဉ်နိုင်သော စွမ်းအားကြီး အရှိန်အဝါများ ပါဝင်နေသည်။

သားရဲလှိုင်းလုံး၏ ဖိအားကြောင့် အချို့လူများက နောက်ဆုတ်ချင်စိတ် ပေါက်လာကြသည်။

ထိုအချိန်တွင် ဝူယွမ်က လေထဲသို့ ပျံတက်သွားပြီး လက်မောင်းကို မြှောက်ကာ အော်ပြောလိုက်သည်။

“အားလုံးပဲ... ငါတို့ မဟာယန်ပြည်ထောင်နဲ့ အတူတကွ ရပ်တည်ကြ။ ငါတို့ နောက်မဆုတ်သရွေ့ ဘယ်သူမှ နောက်ဆုတ်ခွင့် မရှိဘူး။ အခု မြို့ကျသွားရင် လူတွေ သေကုန်လိမ့်မယ်။ သားရဲလှိုင်းလုံးကို တားဆီးနိုင်မှသာ ငါတို့ အသက်ရှင်နိုင်မှာ။ အသက်ကို နှမြောပြီး သေမှာကြောက်လို့ နောက်မှာ ပုန်းအောင်းနေတဲ့ကောင် ဘယ်သူမဆို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သတ်ပစ်မယ်”

ဝူယွမ်က ပြတ်သားစွာ ပြောဆိုလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့၏ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းစွမ်းအားကို လူတိုင်းမြင်အောင် ထုတ်ဖော်ပြသလိုက်သည်။

တကယ်တော့ သူ ဒီလိုလုပ်ရတာ မြို့ထဲက လူတွေကို ကယ်တင်ဖို့ဘဲဖြစ်သည်။ တကယ်လို့ သူတို့ သားရဲလှိုင်းလုံးကို မနိုင်ဘူးဆိုလျှင်တောင် သူက မဟာရှေးဟောင်းကျောက်တိုင်ကို ဆင့်ခေါ်ပြီး မဟာယန်ပြည်ထောင်က လူတွေကို အထဲထည့်ထားလို့ ရသေးသည်။

သို့သော် ရှေးဟောင်းစစ်မြေပြင်ကို လာခြင်းက လေ့ကျင့်ရန် ဖြစ်ပြီး မဟာရှေးဟောင်းကျောက်တိုင်ကို အလွန်အကျွံ အားကိုး၍ မဖြစ်ပေ။

ဒါက အစပဲ ရှိသေးသည်။ ဒီအခက်အခဲလေးကိုတောင် မကျော်ဖြတ်နိုင်လျှင် ဝူယွမ်က လူတိုင်းကို ရှေ့ဆက်ခေါ်သွားဖို့ ဆိုတာ အိမ်မက်သက်သက်သာ ဖြစ်သည်။

ထို့အပြင် လူအုပ်ကို ဟန့်တားပြီး အုပ်ချုပ်နိုင်ခြင်းကလည်း သူ့အာဏာရှင် ဆန်သောစရိုက်၏ အားသာချက်ဘဲဖြစ်သည်။

ဝူယွမ်၏ စကားကို ကြားပြီးနောက် လူများ၏ စိတ်ဓာတ်ခွန်အား သိသိသာသာ တည်ငြိမ်သွားသည်။

“လင်းတုန်၊ မိုလင်း၊ ဝူစီ... မင်းတို့က လူတွေကို ဦးဆောင်ပြီး ကျန်တဲ့ မြို့ရိုးသုံးဖက်ကို သွားကာကွယ်ကြ”

ဝူယွမ် ချက်ချင်းပင် စီစဉ်ညွှန်ကြားလိုက်သည်။

ထိုအချိန်တွင် သားရဲလှိုင်းလုံးက နောက်ဆုံး၌ ရောက်ရှိလာခဲ့ပြီး အမျိုးမျိုးသော နတ်ဆိုးသားရဲများဖြင်ပ ပြည့်နှက်နေသည်။

“အကျင်းထောင်တောင်ထိပ် … ဖိနှိပ်စမ်း”

အနက်ရောင် တောင်ငယ်လေးတစ်ခု ဝူယွမ်၏ လက်ထဲတွင် ပေါ်လာပြီး သူက ကောင်းကင်သို့ ပစ်တင်လိုက်ရာ တောင်ငယ်လေးက ချက်ချင်းပင် ဧရာမတောင်ထွတ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ပြေးဝင်လာသော နတ်ဆိုးသားရဲ အုပ်စုပေါ်သို့ ပြိုကျသွားသည်။

ခဏအတွင်းမှာပင် နတ်ဆိုးသားရဲ ရာပေါင်းများစွာု အသားများကြေမွကာ သေဆုံးသွားကြသည်။

ဒါက မြို့ရိုးပေါ်ရှိ လူများကို မှင်သက်သွားစေပြီး သူတို့၏ ယုံကြည်မှုကို များစွာ တိုးပွားစေခဲ့သည်။ အားလုံးက သူတို့၏ သိုင်းပညာရပ်များကို ထုတ်ဖော်ကာ ဝိညာဉ်ရတနာလက်နက် များကို ဝှေ့ယမ်းပြီး နတ်ဆိုးသားရဲများကို ဖိနှိပ်တိုက်ခိုက်ကြတော့သည်။

“ပိုင်ယွမ်... မင်းလည်း ကိုယ်လက်လှုပ်ရှားဖို့ အချိန်တန်ပြီ”

ဝူယွမ်က သူ့ရင်ခွင်ထဲတွင် ကွေးနေသော အကောင်ငယ်လေးကို ပစ်ထုတ်လိုက်သည်။ ပိုင်ယွမ်က မကျေနပ်သော မျက်နှာထားဖြင့် မြေပြင်ပေါ်သို့ ကျလာပြီး အလင်းရောင်တစ်ချက် လက်သွားကာ ချက်ချင်းပင် ခမ်းနားထည်ဝါသော ကျားဖြူကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

“ဝေါင်း..”

ပိုင်ယွမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ပြင်းထန်သော အသံလှိုင်းများကြောင့် နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာ မူးမေ့သွားကြသည်။

မြို့ရိုးပေါ်မှနေ၍ သူမက အသံလှိုင်းများ၊ အလင်းလှိုင်းများနှင့် လေဓားချက်များကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။

ထို ကျယ်ပြန့်သော တိုက်ခိုက်မှုများက နတ်ဆိုးသားရဲ ရာပေါင်းများစွာကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်နိုင်သည်။

ပိုင်ယွမ်က ကူးပြောင်းခြင်း အဆင့်အလယ်အလတ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူမ၏ မွေးရာပါ နတ်စွမ်းရည်ဖြင့် မည်သည့်သားရဲ အုပ်စုလိုက်ကိုမဆို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ကူပြောင်းခြင်းအဆင့် အထွတ်အထိပ် သားရဲများပင် သူမ၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲလိမ့်မည်။

ဝူယွမ်နှင့် ပိုင်ယွမ်တို့၏ လွှမ်းမိုးနိုင်သော တိုက်ခိုက်စွမ်းရည်ကြောင့် နတ်ဆိုးသားရဲများ အရေအတွက် များပြားပြီး ပြင်းထန်သော အရှိန်အဟုန်ဖြင့် လာသော်လည်း မြို့ရိုးကို ချက်ချင်း မဖောက်ထွက်နိုင်ကြဘဲ ဒါက လူတိုင်းကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားသည်။

ယွမ်စွမ်းအင်များ ထွက်ပေါ်လာပြီး အမျိုးမျိုးသော တောက်ပသည့် သိုင်းပညာရပ် အလင်းရောင်များက မြို့ရိုးပတ်ဝန်းကျင်ကို လင်းထိန်စေကာ တိုက်ပွဲက အလွန်ပြင်းထန်လာခဲ့သည်။

ဝင်တိုက်လာသော နတ်ဆိုးသားရဲများ၏ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး မည်သည့် အသိစိတ်မှ မရှိကြတော့ပေ။

“ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက်”

“ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက်”

...အော်သံများ ပဲ့တင်ထပ်သွားပြီး လေထဲတွင် ယွမ်စွမ်းအင် ဆင်ကြီး ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ဖြစ်ပေါ်လာသည်။ မဟာယန်ပြည်ထောင်မှ လူတိုင်းနီးပါးသည် ဖန်တီးခြင်းအဆင့် အလယ်အလတ် သိုင်းပညာကို ထုတ်ဖော်နေကြခြင်း ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

ထိုဧရာမဆင်ကြီးများက သားရဲလှိုင်းလုံးထဲသို့ ကြမ်းကြမ်းတမ်းတမ်း ဝင်ဆောင့်ကြသည်။ ပြင်းထန်သော ယွမ်စွမ်းအင်များ လှိုင်းထသွားပြီး ရာနှင့်ချီသော၊ ထောင်နှင့်ချီသော နတ်ဆိုးသားရဲများသည် ဤ ဖန်ဆင်းရှင်အဆင့် သိုင်းပညာ၏ စွမ်းအားကြောင့် တုန်ခါပြီး သေဆုံးကုန်ကြသည်။

အခြားပြည်ထောင်မှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျက် မှင်သက်နေကြသည်။ သားရဲလှိုင်းလုံး ကာကွယ်ရေးတိုက်ပွဲက မဟာယန်ပြည်ထောင်မှ လူများ၏ သရုပ်ပြပွဲတစ်ခု ဖြစ်လာသယောင်ပင်။

ဖန်တီးခြင်းအဆင့် အလယ်အလတ် သိုင်းပညာရပ်။

အချို့သော အဆင့်နိမ့်ပြည်ထောင်များက ပြည်ထောင်တစ်ခုလုံး၏ အရင်းအမြစ်များကို ပေါင်းစည်းလျှင်ပင် ထိုသိုင်းပညာမျိုး တစ်ခုရဖို့ မလွယ်ကူပေ။

ပိုရယ်စရာကောင်းသည်မှာ ဤသိုင်းပညာရ လွန်ခဲ့သော ရက်အနည်းငယ်က သုတ်သင်ခံလိုက်ရသော သန့်ရှင်းစင်ကြယ် အလင်းပြည်ထောင် မှ လာခြင်းဖြစ်ပြီး၊ ထိုပြည်ထောင်မှ လီရှန်း တစ်ယောက်တည်းသာ သင်ယူခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ အခုတော့ မဟာယန်ပြည်ထောင်မှ လူတိုင်းက ဒါကို အသုံးပြုနေကြသည်။

မြေကြီးလိုပင် ပေါများနေသယောင် ဖြစ်နေသည်။

ထိုမြင်ကွင်းက တကယ့်ကို မျက်စိကျိန်းလောက်အောင် တောက်ပလွန်းလေသည်။

သန့်ရှင်းစင်ကြယ် ပြည်ထောင်က လူတွေသာ ထိုမြင်ကွင်းကို မြင်လိုက်ရင် ဘယ်လို ခံစားရမလဲ မသိနိုင်ပေ။

သူတို့ အလွန်တန်ဖိုးထားသော သိုင်းပညာကို အခြားသူ၏ လက်ထဲတွင် လူတိုင်းက သင်ယူနေကြသည်။

ထိုလူများမှာ မနာလို ဖြစ်မိကြသော်လည်း တစ်ချိန်တည်းမှာပင် အားကျမိကြသည်။

မဟာယန်ပြည်ထောင်၏ ဦးဆောင်မှုအောက်တွင် မြို့ကို ကာကွယ်ခြင်းက ထင်ထားသလောက် မခက်ခဲပေ။

အဲဒီအစား အမဲလိုက်ပွဲ တစ်ခု ဖြစ်လာသည်။

ဝူယွမ်က နေရာအနှံ့ ပြန့်ကျဲနေသော နတ်ဆိုးသားရဲ အလောင်းများကို ကြည့်လိုက်သည်။ “အဲဒါတွေအားလုံးက သားရဲ အမြူအ‌ေတတွေဘဲ... ကြီးမားတဲ့ ရိတ်သိမ်းပွဲကြီးတစ်ခု ငါတွေ့ပီ”

All Chapters