← Chapters

ဆိုင်းအင်၀င်ခြင်း။ လက်ဖဝါးထဲက ကောင်းကင်ပုလင်း။ ကောင်းကင်အဆောင် ရှေးဟောင်းသစ်ပင်

Vol. 16 Ch. 151

ဆိုင်းအင်၀င်ခြင်း။ လက်ဖဝါးထဲက ကောင်းကင်ပုလင်း။ ကောင်းကင်အဆောင် ရှေးဟောင်းသစ်ပင်

Vol. 16 Ch. 151

ပထမဆုံးအကြိမ် ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်တိုက်ခိုက်ရသော်လည်း ဝူယွမ် ဘေးတွင်ရှိနေသောကြောင့် မိုလင်း မှာ ယုံကြည်မှု အပြည့်အဝ ရှိနေသည်။

သူတို့နှစ်ဦး၏ အရှိန်အဝါက ပြင်းထန်လွန်းလှရာ ကုန်သွယ်ရေး ဈေးကွက်ရှိ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်သွားသည်။

ကျင်းမုမှာ ယန်မြို့တွင် နာမည်ကျော်သူတစ်ဦးဖြစ်ရာ လူများစွာက သူ့ကိုသိကြသဖြင့် ဆူညံသံများဆီသို့ အာရုံစိုက်လိုက်ကြသည်။

“ဟားဟား၊ ကျင်းမုရေ၊ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်လေးက မင်းကို စိန်ခေါ်ရဲတယ်လား။ မင်းရဲ့ ဂုဏ်သတင်းက ယန်မြို့မှာ သိပ်မကြီးသေးဘူးနဲ့တူတယ်” ဟု လူအုပ်ထဲမှ အပြာရောင်ရှပ်အင်္ကျီဝတ်ထားသော အမျိုးသားတစ်ဦးက မှတ်ချက်ပြုလိုက်သည်။

“ပင်လယ်ကြေးခွံပြည်ထောင် က ဟိုင်ရှာပဲ။ ပွဲကောင်းတော့ ကြည့်ရတော့မယ်”

“သူနဲ့ ကျင်းမုက မကြာခင် မဟာမိတ်ဖွဲ့တော့မှာလေ။ ဘယ်ပြည်ထောင်ကမှန်း မသိတဲ့ ဒီလူကတော့ ကံဆိုးပြီ။ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် တစ်ယောက်တည်း ရင်ဆိုင်ရတာဆိုတော့ သေဖို့သေချာပြီ”

“သူ ဘာကြောင့် ဒီလောက် မာနထောင်လွှားရဲတာလဲ မသိဘူး။ သူ့နောက်မှာ အားကောင်းတဲ့ ကျောထောက်နောက်ခံများ ရှိနေတာလား”

ပတ်ဝန်းကျင်မှလူများ တိုးတိုးလေးပြောဆိုနေကြသည်။ မိုလင်း အတွက် အကောင်းမြင်သူ တစ်ဦးမှ မရှိပေ။

ဝူယွမ်မှာ အပြာရောင်ရှပ်အင်္ကျီဝတ် ဟိုင်ရှာဟုခေါ်သော ထိုလူကို လျစ်လျူရှုဟန်ဖြင့် ကြည့်လိုက်သော်လည်း စိတ်အနှောင့်အယှက် မဖြစ်ချေ။

စကားအနည်းငယ်ပြောသည်ကို ခွင့်လွှတ်နိုင်သော်လည်း မိုလင်း ၏ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ရဲပါက ဝူယွမ်က သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

“ညီအစ်ကို ဟိုင်ရှာ ပြောတာ မှန်ပါတယ်။ ဒါကြောင့် ဒီလို မသိနားမလည်တဲ့ လူတွေကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ”

ကျင်းမု၏ အသံမှာ လျစ်လျူရှုထားဟန်ရှိသည်။ ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လက်ကို ဆုပ်ကိုင်လိုက်ရာ ရဲရဲတောက်နီနေသော မီးသံချောင်းတစ်ချောင်း သူ့လက်ထဲတွင် ပေါ်လာသည်။

ထိုရဲရဲတောက်နီနေသော သံချောင်းတွင် ရှုပ်ထွေးလှသော ရူန်း များဖြင့် ဖုံးလွှမ်းနေပြီး ပူပြင်းသောအရှိန်အဝါများ သဲ့သဲ့ ထွက်ပေါ်နေသည်။

ထိုလက်နက်က အစကတည်းကပင် မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခုဖြစ်ပြီး အလွန်အားကောင်းသော ဝိညာဉ်ရတနာလက်နက် တစ်ခု ဖြစ်သည်။

ကျင်းမုသည် မြေပြင်ကို အားပါးတရ နင်းချလိုက်ပြီး ရုတ်တရက် ခုန်ထွက်သွားကာ သူ့လက်ထဲရှိ ရဲရဲတောက်နီနေသော သံချောင်းက မိုလင်း ကို ပတ်ပတ်လည်မှ ဝန်းရံသွားကာ ထက်ရှ၍ ပူလောင်သည့် သံချောင်းအရိပ်များကို ဖြစ်ပေါ်သွားသည်။

သံချောင်းအရိပ်များ ပျံ့နှံ့သွားသည်နှင့်အမျှ မမြင်ရသော စွမ်းအားသည် မြေပြင်ကို ပျက်စီးစေပြီး လေပြင်းများ တိုက်ခတ်ကာ ကြီးမားသော မြင်ကွင်းကို ဖန်တီးခဲ့သည်။

“အလင်း သန့်စင်စည် ထွက်လာခဲ့”

အလင်း သန့်စင်စည်က မိုလင်း ၏ လက်ထဲတွင် ပေါ်လာပြီး တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်ကာ သူ့ကိုယ်သူ အလင်းတန်းများဖြင့် ဖုံးလွှမ်းထားလိုက်သည်။

“‌ေကာင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက်” တစ်ချိန်တည်းမှာပင် သူသည် အော်ဟစ်လိုက်ရာ ဧရာမဆင်ကြီးတစ်ကောင် လေထဲတွင် ပုံပေါ်လာပြီး အော်ဟစ်မြည်ဟီးကာ ကျင်းမုဆီသို့ ပြင်းထန်စွာ တိုက်ချလိုက်သည်။

ကျောက်တုံးများ ကွဲအက်သွားပြီး စစ်မြေပြင်က ချက်ချင်းပင် ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားသည်။

“ဒီကောင်၊ ငါတို့ သန့်ရှင်းစင်ကြယ်အလင်း ပြည်ထောင် ရဲ့ သိုင်းပညာရပ် နဲ့ ဝိညာဉ်ရတနာလက်နက် ကို သုံးနေတာပဲ”

ကျင်းမု ဒေါသထွက်သွားသည်။ “ကောင်းကင်ခွဲ အလင်းဆင်ရိုင်း တိုက်ကွပ် ကို မင်းလိုလူက ဒီလိုသုံးဖို့ မဟုတ်ဘူး”

သူသည်လည်း ဧရာမ ဆင်အရိပ်ကို ထုတ်လွှတ်လိုက်ရာ သူ၏ အရှိန်အဝါသည် မိုလင်း ၏ ဆင်အရိပ်ထက် များစွာ သာလွန်ပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“ နိဗ္ဗာန် ရွှေကိုယ်ငယ်”

မိုလင်း ၏ ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီးနောက် ရွှေရောင်အလင်းတန်းများက သူ၏လက်များပေါ်သို့ တက်လာသည်။

သူက လက်သီးဖြင့် ထိုးလိုက်ရာ သူ့ဆီသို့လာနေသော ဧရာမဆင်ကြီးကို ပေါက်ကွဲစေလိုက်သည်။

“ဘယ်လိုဖြစ်နိုင်တာလဲ။ အဲဒါ နိဗ္ဗာန် ရွှေကိုယ် ပဲ”

“အဲဒါ နိဗ္ဗာန် ရွှေကိုယ် မဟုတ်ဘူး။ ကိုယ်ခန္ဓာ သန်မာစေတဲ့ သိုင်းပညာရပ် သက်သက်ပဲ”

“ဒီ သိုင်းပညာရပ်က အရမ်းကို ပုံမှန်မဟုတ်ဘူး။ နိဗ္ဗာန် ရွှေကိုယ် ကိုတောင် အတုယူနိုင်တယ်”

“သူ ကျင်းမုကို စိန်ခေါ်ရဲတာ အံ့ဩစရာမဟုတ်ပါဘူး။ သူ့မှာ ၀ှက်ဖဲရှိတယ်ဆိုတာ ငါသိနေတယ်”

ပတ်ဝန်းကျင်မှလူများ အံ့ဩတကြီး ပြောဆိုဆွေးနွေးကြသည်။

ကျင်းမု၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာနေခဲ့သည်။

“ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး”

“သန့်စင်မီးတောင်ဖြတ်ပိုင်းခြင်း သံချောင်း”

သူ အေးစက်စက် အော်ဟစ်သံကို ထုတ်လွှတ်လိုက်ပြီး သူ့လက်ထဲရှိ ရဲရဲတောက်နီနေသော သံချောင်းက ရုတ်တရက် ကြီးမားလာကာ မီးတောက်နေသော နတ်ဆိုးသားရဲ ၏ အရိပ်တစ်ခု ထိုမှ ထွက်ပေါ်လာပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“ဟဲဟဲ၊ မင်း ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး”

မိုလင်း က လှောင်ပြောင်လိုက်သည်။ သူ၏ လှပသော မျက်နှာက အလေးအနက်ထားမှုများဖြင့် ပြည့်နှက်နေကာ ရွှေရောင်အလင်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး သူ့အား လုံးဝ ဖုံးအုပ်ထားလိုက်သည်။

ဗုံး!

သံချောင်းအရိပ်က ကျရောက်လာပြီး ယွမ်စွမ်းအင် များ ဒေါသတကြီး ပေါက်ကွဲထွက်လာသည်။

သူက ရွှေရောင်အလင်းတန်းများကြားမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

“ဒါက ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ရဲ့ စွမ်းအားလား။ ဘာမှ ထူးခြားတာ မရှိပါဘူး” ဟု မိုလင်း က သဲ့သဲ့လေး ပြုံးကာ ပြောလိုက်သည်။

ထို့နောက် သူက ယွမ်စွမ်းအင် ဆင်ကြီးတစ်ကောင်ကို ထပ်မံ စုစည်းလိုက်ပြီး ကျင်းမုဆီသို့ တိုက်ခိုက်လိုက်လေသည်။

ပတ်ဝန်းကျင်မှ လူများအားလုံး အံ့အားသင့်သွားထဲ့ကြသည်။ ကျင်းမုက ပြိုင်ဘက်၏ ခုခံမှုကို မဖြိုခွဲနိုင်ချေ။ မိုလင်း ၏ ကိုယ်ခန္ဓာ သန်မာစေသော သိုင်းပညာရပ် မှာ အလွန်အားကောင်းပြီး မည်သူမျှ မချိုးဖျက်နိုင်လုနီးပါး ဖြစ်နေသည်။

“အစ်ကိုကြီးရေ၊ ရှောင်တျောင်းရဲ့ နိဗ္ဗာန် ရွှေကိုယ်ငယ် က တကယ်ကောင်းတာဘဲ။ မိုလင်း က ကျင်းမုကို အနိုင်မယူနိုင်ပေမယ့် ကျင်းမုကလည်း နိဗ္ဗာန် ရွှေကိုယ်ငယ်ကို ဖြိုခွဲဖို့ ခက်နေတယ်။ တခြားတစ်ယောက် ထပ်ပေါင်းရင် ‌ေခြလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူကို နှိမ်နင်းဖို့ လုံလောက်တယ်”

လင်းတုန်က တိုက်ပွဲကိုကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။ သူက နိဗ္ဗာန် ရွှေကိုယ်ငယ် ကို အလွန်ကျေနပ်ပြီး သူတို့ထဲမှ ခုနစ်ဆယ်ကျော်က ဤသိုင်းပညာရပ် ကို သင်ယူထားကြ လေသည်။

“ညီအစ်ကို ဟိုင်ရှာ၊ သူ့ ရွှေကိုယ်ကို ဖြိုခွဲဖို့ ကူညီပါဦး။ နိဗ္ဗာန်ဆေးလုံး တစ်သောင်း ပေးမယ်” ဟု ကျင်းမုက ကူပေးရန် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“ဟဲဟဲ၊ သဘောတူပြီ။ ငါက သူ့ကိုယ်ခန္ဓာ သန်မာစေတဲ့ သိုင်းပညာရပ်ကို ပိုစိတ်ဝင်စားနေတာ”

ဟိုင်ရှာက ပြုံးပြီး ချက်ချင်း သဘောတူလိုက်သည်။ မိုလင်း ၏ နိဗ္ဗာန် ရွှေကိုယ်ငယ် ကို မြင်ပြီးနောက် သူလည်း သင်ယူချင်နေခဲ့သည်။

ကျင်းမု- “သူ့ကို သတ်လိုက်။ ပြီးရင် သူ့ရဲ့ သိုလှောင်အိတ် ကို ငါတို့ ခွဲယူကြမယ်”

“ကောင်းပြီလေ”

ဟိုင်ရှာက စတင်လှုပ်ရှားလိုက်ပြီး အပြာရောင် လက်ဝါးပုံစံတစ်ခုကို မိုလင်း ဆီသို့ ပစ်လွှတ်လိုက်သည်။

“သေချင်နေတာပဲ” ထိုမြင်ကွင်းကိုကြည့်ရင်း ဝူယွမ် က အေးစက်စွာ ပြောလိုက်သည်။

သူက လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ခရမ်းရွှေရောင် ဓားအလင်းက လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။

ရွှစ်!

ဓားအလင်းသည် လူအုပ်ကို ဖြတ်ကျော်သွားပြီး ဟိုင်ရှာ၏ ပခုံးကို တိုက်ရိုက် ထိမှန်သွားကာ လက်တစ်ဖက် ပြတ်သွားပြီး သွေးများ ပန်းထွက်လာသည်။

“အား”

ဟိုင်ရှာက သွေးများ အဆက်မပြတ်ထွက်နေသော ပခုံးကို ဖိကိုင်ရင်း အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက လူအုပ်ထဲကို ချက်ချင်း စစ်ဆေးလိုက်သည်။

သူက ဝူယွမ် ကို အမြန်ဘဲ ရှာဖွေတွေ့ရှိသွားပြီး ထိတ်လန့်တကြား ကြည့်ကာ “ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျား…” ဟု စကားမပြောနိုင် ဖြစ်နေသည်။

ထိုတိုက်ခိုက်မှုက သူ့ကို ထိတ်လန့်တကြား ဖြစ်စေခဲ့ကာ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားစေခဲ့သည်။

ဝူယွမ် ရှေ့မှ လူများက လျင်မြန်စွာ ရှောင်တိမ်းပေးလိုက်ကြသည်။ ဤလူက ရက်စက်ကြမ်းကြုတ်သူဖြစ်ကာ သူ မည်သို့ တိုက်ခိုက်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ကြသော်လည်း သူက ဟိုင်ရှာ၏ လက်မောင်းကို လှုပ်ရှားမှု တစ်ခုတည်းဖြင့် ဖြတ်တောက်ပစ်လိုက်နိုင်ခ!့သည်။

ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူဖြစ်သော ဟိုင်ရှာပင် သူ၏လက်မောင်းကို မဖြတ်မီ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။

ထိုသို့သော ခွန်အားမျိုးကို ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးက ထုတ်သုံးနိုင်မည် မဟုတ်ပေ။ ယန်မြို့သို့ ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး မည်သည့်အချိန်က ရောက်လာခဲ့သနည်း။

ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်ကြောင့် ကျင်းမုလည်း အံ့အားသင့်သွားသည်။ သူက ဟိုင်ရှာ၏ဘေးသို့ အလျင်အမြန်သွားကာ “ညီအစ်ကို ဟိုင်ရှာ၊ အဆင်ပြေရဲ့လား” ဟု မေးမြန်းရင်း စစ်ဆေးလိုက်သည်။

ကျင်းမုသည် ဝူယွမ် ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ “ခင်ဗျားက ဘယ်သူလဲ။ ဘယ်ပြည်ထောင် ကလဲ။ ဒီလောက် ရက်ရက်စက်စက် တိုက်ခိုက်ရဲတာ၊ ဟိုင်ရှာက ပင်လယ်အကြေးခွံပြည်ထောင်က ဆိုတာရော ခင်ဗျားသိရဲ့လား” ဟု ပြောလိုက်သည်။

“တခြားလူတွေ တိုက်ခိုက်နေတုန်း ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ” ဟု ဝူယွမ် က အေးအေးဆေးဆေး လျှောက်လာရင်း ပြန်ပြောလိုက်သည်။

“ဒါ ကျွန်တော့်အမှားပါ။ ကျွန်တော် မဝင်စွက်ဖက်သင့်ပါဘူး။ ကျင်းမုရဲ့ ကိစ္စတွေမှာ ကျွန်တော် နောက်တခါ ဝင်မစွက်တော့ပါဘူး။ အစ်ကိုကြီးက စိတ်ထားကြီးကြီးနဲ့ ကျွန်တော့်အသက်ကို ချမ်းသာပေးပါလို့ မျှော်လင့်ပါတယ်”

ကျင်းမုလက်ကို ခါချလိုက်ပြီး ဟိုင်ရှာက ခွင့်လွှတ်ပေးရန် လျင်မြန်စွာ တောင်းပန်လိုက်သည်။

သူက ဝူယွမ် ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိပြီးဖြစ်၍ သူ့ကို ထပ်မံ စိတ်ဆိုးအောင် မလုပ်ရဲတော့ပေ။

ဝူယွမ်- “ဟဲဟဲ၊ ‘ဝင်မစွက်ဖက်ဘူး’ ဆိုရုံနဲ့ ပြီးသွားပြီလား။ ဒါဆိုရင် မင်းရဲ့လုပ်ရပ်အတွက် ပေးရတဲ့ တန်ဖိုးက အရမ်းကို ရိုးရှင်းလွန်းနေတယ်”

“ခင်ဗျား ဘာလိုချင်သေးတာလဲ။ ခင်ဗျားက ကျွန်တော့်လက်တစ်ဖက်ကို ဖြတ်လိုက်ပြီးပြီလေ။ ကျွန်တော် ပြောထားမယ်နော်၊ မိုးပျံတိမ်ပြည်ထောင် က လင်းကျီ က ကျွန်တော့် အစ်ကိုကြီးဘဲ။ သူ့ကိုတော့ ခင်ဗျား စိတ်ဆိုးအောင် လုပ်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်” ဝူယွမ် က လိုက်လျောမှုမရှိသည်ကို မြင်သောအခါ ဟိုင်ရှာသည် သူ့ကို ခြိမ်းခြောက်ရန် မျှော်လင့်ချက်ဖြင့် သူ့အစ်ကိုကြီး ကို ချက်ချင်း ထည့်ပြောလိုက်သည်။

“ငါ့ကို ခြိမ်းခြောက်နေတာလား”

ဝူယွမ် က လျစ်လျူရှုဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ “ဟဲဟဲ၊ လင်းကျီ လား။ မကြားဖူးဘူး”

“မိုးပျံတိမ်ပြည်ထောင် အကြောင်းကိုတောင် ခင်ဗျား မသိဘူးလား။ ခင်ဗျား ဝင်မစွက်ဖက်ဖို့ ကျွန်တော် အကြံပြုချင်တယ်…” ကျင်းမုသည်လည်း အနည်းငယ် ထိတ်လန့်သွားပြီး ဟိုင်ရှာကို သူ့နှင့် ချည်နှောင်ချင်သောကြောင့် ၀င်ပြောလိုက်သည်။

“မင်းက အစောကြီးကတည်းက သေသင့်နေတာ။ သန့်ရှင်းစင်ကြယ်အလင်း ပြည်ထောင် က ဒီနှစ် ပြည်ထောင်တစ်ရာတိုက်ပွဲ မှာ ပါဝင်ဖို့ မထိုက်တန်ဘူး” ဝူယွမ်က လေးလံ အကျင်းထောင်‌ေတာင်ထိပ် ကို ပစ်ချလိုက်ရာ ထိုမှောင်မိုက်သော တောင်ထိပ်က ကျင်းမုကို ဖိနှိပ်လိုက်သည်။

သူက ခုခံရန် ကြိုးစားနေသေးသော်လည်း ဝူယွမ် က လေးလံ တောင်ထိပ် ပေါ်တွင် သက်ရောက်လိုက်သော စွမ်းအားကို သူ လုံးဝ မခုခံနိုင်ခဲ့ချေ။

ကျင်းမု၊ သေဆုံးသွားပြီဖြစ်သည်။

ဟိုင်ရှာက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး ခြေထောက်များ ပျော့ခွေကာ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး သူက ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်သည်။ “သန့်ရှင်းစင်ကြယ်အလင်း ပြည်ထောင် နဲ့ ကျွန်တော် ဘာမှ မဆိုင်ပါဘူး။ ကျွန်တော့်ကို ချမ်းသာပေးပါ”

“မင်းက တကယ်ပဲ မင်းရဲ့ အမြီးကို ခါပြတတ်တာဘဲ။ ဒါပေမဲ့ ကိစ္စမရှိဘူး၊ မင်းရဲ့ နောက်ဘဝမှာ ပိုသတိထားပေါ့”

ဝူယွမ်သည် ကျင်းမု၏ သိုလှောင်အိတ် ကို သိမ်းယူလိုက်ပြီး လျစ်လျူရှုဟန်ဖြင့် ပြောလိြက်သည်။

ထို့နောက် နောက်ထပ် တောင်ထိပ်တစ်ခုဖြင့် ရိုက်ချလိုက်ပြီး ဟိုင်ရှာကိုပါ ဇာတ်သိမ်းပေးလိုက်ဩ်ာ

ကြည့်ရှုနေသူများ အားလုံး အံ့ဩတကြီး အသက်ပြင်းပြင်း ရှုလိုက်ကြရသည်။ အလွန် ပြင်းထန်ပြီး အဆုံးအဖြတ်ပေးနိုင်သော သတ်ဖြတ်မှုဖြစ်ကာ မညှာမတာ လုပ်ဆောင်ခြင်းဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူက ပြည်ထောင် နှစ်ခု၏ ခေါင်းဆောင်များကို သတ်ပစ်လိုက်သဖြင့် လူများက ဝူယွမ် ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို သိလိုစိတ် ပြင်းပြလာကြသည်။

“‌ေခါင်းဆောင်” မိုလင်း က လျှောက်လာပြီး ခေါ်လိုက်သည်။

“အင်း၊ မဆိုးဘူး”

ဝူယွမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်း ဖော်ပြလိုက်သည်။

ထို့နောက် သူက သိုလှောင်အိတ် နှစ်ခုလုံးကို မိုလင်း ထံ ပစ်ပေးလိုက်သည်။ မိုလင်းက အဖွဲ့ အတွက် အဖိုးတန်ပစ္စည်းများအားလုံးကိုခွဲပေးရန် တာဝန်ယူထားသည်။

“ကျင်းမုရဲ့ သံချောင်းက မုချန်ချန် အတွက် အတော်လေး သင့်တော်လိမ့်မယ်။ သူ့ကို ပေးဖို့ မမေ့နဲ့”

“ဟုတ်ကဲ့ပါ၊ ခေါင်း‌ေဆာင်”

…【ဒင်၊ ယန်မြို့သို့ ရောက်ရှိလာပြီ။ ဆိုင်းအင်၀င်မှာလား】

ကုန်သွယ်ရေး ဈေးကွက်မှ ထွက်ခွာပြီးနောက် ဝူယွမ်က နောက်ဆုံးတွင် စနစ်၏ သတိပေးချက်ကို ရရှိခဲ့သည်။

“ဆိုင်းအင် ၀င်မယ်”

【ဆိုင်းအင်၀င်ကြီး အောင်မြင်ပါသည်။ ဆုလာဘ် ရရှိသည်- လက်ဖဝါးထဲက ကောင်းကင်ပုလင်း!】

【လက်ဖဝါးထဲက ကောင်းကင်ပုလင်း- ကစဉ်စလျား အခြေအနေမှ မွေးဖွားလာသော ကောင်းကင်အဆင့်ပစ္စည်းတစ်ခု၊ လရောင်ကို စုပ်ယူနိုင်ခြင်း၊ အစိမ်းရောင်အရည်ကို စုစည်းနိုင်ခြင်းနှင့် ဝိညာဉ်ဆေးပင် များ၏ ကြီးထွားမှုကို အရှိန်မြှင့်နိုင်စွမ်းရှိခြင်း၊ စသည့်အကျိုးသက်‌ေရာက်မှုများ ရှိသည်။】

လက်ဖဝါးထဲက ကောင်းကင်ပုလင်း။

ဤစကားလုံးသုံးလုံးက ဝူယွမ် ၏ စိတ်ထဲတွင် ပေါက်ကွဲထွက်လာပြီး သူ၏မျက်လုံးများကို ချက်ချင်း တောက်ပလာစေသည်။

သူသည် ဤရတနာကို သိထားသည်။ ထိုအရာ အခြား ကျင့်ကြံခြင်းလောက မှ ဇာတ်လိုက်၏ ရွှေလက်ချောင်း ရတနာဘဲဖြစ်သည်။

“လက်ဖဝါးထဲက ကောင်းကင်ပုလင်း နဲ့ ကျောက်လက်ဖွဲ့ က အတော်လေးကိုက်ညီတယ်” ဟု ဝူယွမ် စဉ်းစားသည်။

ဤနတ်ဘုရားပစ္စည်းနှစ်ခုတွင် တစ်ခုက ဝိညာဉ်ဆေးပင် များ၏ ကြီးထွားမှုကို အရှိန်မြှင့်နိုင်ပြီး နောက်တစ်ခုက ဝိညာဉ်ဆေးပင် များကို ဝိညာဉ်ဆေးလုံး များအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။

ဤရတနာနှစ်ခုဖြင့် ဝူယွမ်ြ ဝိညာဉ်ဆေးပင် နှင့် ဝိညာဉ်ဆေးလုံး လက်ကားရောင်းချသူအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားနိုင်သည်။

သို့သော် ဝူယွမ်က ယခုအခါ လက်ဖဝါးထဲက ကောင်းကင်ပုလင်း ကို အကောင်းဆုံး အသုံးပြုနိုင်မည့် နည်းလမ်းကို စဉ်းစား နေသည်။

ဟုတ်ပေသည်။ ယခင်ဆိုင်းအင်၀င်ရာမှ ရရှိသော ကမ္ဘာဦးသစ်ပင်ကို ဝူယွမ် သတိရသွားသည်။

“ကမ္ဘာဦးသစ်ပင် ရဲ့ ကြီးထွားမှုက လက်ဖဝါးထဲက ကောင်းကင်ပုလင်း ကို လုံးဝလိုအပ်တယ်”

ကမ္ဘာ့သစ်ပင်ြ အကန့်အသတ်မရှိ ကြီးထွားနိုင်ပြီး သူ၏ ကြီးထွားမှုသံသရာသည်လည်း မယုံနိုင်လောက်အောင် ရှည်လျားသည်။ ပုံမှန် စွမ်းအင်စုပ်ယူမှုဖြင့် ကြီးထွားစေပါက ကမ္ဘာငယ် တစ်ခုကို ထောက်ပံ့နိုင်သည့်အဆင့်အထိ ကြီးထွားရန် အနည်းဆုံး နှစ်တစ်ရာကြာမည်ဖြစ်သည်။

ယခု လက်ဖဝါးထဲက ကောင်းကင်ပုလင်း ဖြင့် ကမ္ဘာဦးသစ်ပင်ကို အရှိန်မြှင့်နိုင်ပြီဖြစ်သည်။

【ဒင်၊ ဆိုင်းအင်၀င်မည့်နေရာ အသစ်ပြောင်းလဲသွားပါပြီ။ နောက်ထပ် ဆိုင်းအင်၀င်ရမည့်နေရာ- လေချိုင့်ဝှမ်းတောင်ကြား】

… ညဘက်ရောသောအခါ ဝူယွမ်က လက်ဖဝါး ကောင်းကင်ပုလင်း ကို ထုတ်ယူလိုက်သည်။ ထိုအရာက သေးငယ်သော အစိမ်းရောင်ပုလင်းလေးဖြစ်သည်။ သူက ဝန်းထဲသို့ ရောက်လာပြီး လရောင်ကျရောက်လာသောအခါ လက်ဖဝါးထဲက ကောင်းကင်ပုလင်းက လရောင်အောက်တွင် အစိမ်းရောင် သဲ့သဲ့လေး တောက်ပလာပြီး လ၏ အနှစ်သာရကို ပုလင်းထဲသို့ စုပ်ယူလိုက်သည်။

တစ်ညတာ ကုန်ဆုံးသွားပြီးနောက် ပုလင်းငယ်လေးထဲတွင် ကြည်လင်သော အစိမ်းရောင်အရည်များ ပေါ်လာသည်။

ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင် အတွင်းသို့ ချက်ချင်းဝင်ရောက်ပြီး အစိမ်းရောင်အရည်များကို ကမ္ဘာဦးသစ်ပင် ၏ အမြစ်များပေါ်သို့ လောင်းချလိုက်သည်။

ရုတ်တရက် ကမ္ဘာဦးသစ်ပင်က တုန်ခါသွားသည်။ ပင်စည်က သိသိသာသာ ထူလာပြီး ကြီးလာသည်။ အမြစ်များက မြေအောက်သို့ ပျံ့နှံ့သွားပြီး အရွက်များသည် တရှဲရှဲ မြည်ကာ အရွက်သစ်များ အများအပြား ပေါက်လာသည်။

“ဝိုး၊ သခင်၊ ဒါက ဘယ်လို ဝိညာဉ်အရည် မျိုးလဲ။ ကျွန်တော် အစွမ်းထက်တဲ့ အသက်စွမ်းအင်ကို ခံစားရပြီး ကမ္ဘာဦးသစ်ပင် က မြန်မြန်ဆန်ဆန် ကြီးထွားနေတယ်”

ကမ္ဘာဦးသစ်ပင် အတွင်း၌ နေထိုင်သော ကျောက်တိုင်ဝိညာဉ် က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကမ္ဘာဦးသစ်ပင် ကြီးထွားလာသည်နှင့်အမျှ ၎င်းသည်လည်း အကျိုးကျေးဇူးရရှိခဲ့သည်။ ကမ္ဘာဦးသစ်ပင် ၏ စွမ်းအင်က သူ့ကို ပိုမိုကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးပြီး သူ၏ စွမ်းအားကို လျင်မြန်စွာ ကြီးထွားလာစေသည်။

ဝူယွမ်- “မင်း ကြိုက်သရွေ့ပေါ့။ ဒီနေ့ကစပြီး နေ့တိုင်း ရရှိမှာပါ။ ကမ္ဘာဦးသစ်ပင် က မကြာခင် မဟာရှေးဟောင်းကျောက်တိုင် နေရာတစ်ခုလုံးကို လွှမ်းခြုံနိုင်မယ်လို့ ငါယုံကြည်တယ်”

မဟာရှေးဟောင်းကျောက်တိုင် နေရာတစ်ဝိုက်ကို ခဏလောက် လျှောက်ကြည့်ပြီးနောက် ဌာနအားလုံးက စနစ်တကျ လည်ပတ်နေပြီး ထူးခြားသည့်အရာ တစ်ခုမှ မရှိပေ။

ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင် နေရာမှ ထွက်လာသည်။

လင်းတုန်က သူ့ကို စောင့်နေနှင့်ပြီးဖြစ်သည်။ “အစ်ကိုကြီး၊ သံမဏိပြည်ထောင်က လူတွေက အစ်ကိုကြီး နဲ့ တွေ့ချင်နေကြတယ်။ သူတို့က ကျွန်တော်တို့နဲ့ ပူးပေါင်းချင်တယ်တဲ့”

“အိုး၊ ငါ့ကို သူတို့ဆီ ခေါ်သွားပါ”

အဓိကခန်းမထဲသို့ လျှောက်ဝင်လာရာ အသားညိုညို လူငယ်တစ်ဦးသည် ထိုနေရာတွင် စောင့်ဆိုင်းနေနှင့်ပြီဖြစ်သည်။ ဝူယွမ် ကို မြင်သောအခါ သူသည် ချက်ချင်း သတိထားမိပြီး အရိုအသေပေးကာ “ကျွန်တော်က သံမဏိပြည်ထောင် က မိုတီ ပါ။ အကြီးအကဲဝူ ကို ဂါရဝပြုပါတယ်” ဟု ပြောသည်။

ဝူယွမ်- “မင်းက ငါတို့နဲ့ ပူးပေါင်းချင်တယ်လို့ ကြားတယ်။ ငါ့ကို ပြောပြပါဦး”

“ကျွန်တော် ဘယ်လိုလုပ် ပူးပေါင်းမှုအကြောင်း ပြောရဲပါ့မလဲ။ မနေ့က ကုန်သွယ်ရေး ဈေးကွက်မှာ ခေါင်းဆောင်ဝူ ရဲ့ ခွန်အားကို ကျွန်တော် ကိုယ်တိုင် တွေ့ခဲ့ရတော့ အံ့ဩချီးကျူးမိပါတယ်။ ကျွန်တော့်ရဲ့ နည်းပါးတဲ့ ခွန်အားလေးနဲ့ ခေါင်းဆောင်ဝူ နဲ့ ပူးပေါင်းဖို့ ဘယ်လို အရည်အချင်း ပြည့်မီနိုင်ပါ့မလဲ”

မိုတီက ကျိုးနွံစွာ ပြောလိုက်သည်။

“အကြီးအကဲဝူ ရန်မြို့ကို အခုမှ ရောက်ဖူးတာဆိုတော့ ရှေးဟောင်းသော့ကို လာရှာတာဘဲ ဖြစ်ရမယ်။ ဒီတစ်ကြိမ် ရှေးဟောင်းသော့အတွက် ပြိုင်ဆိုင်မှုက အရမ်း ပြင်းထန်မှာ သေချာတယ်။ ယန်မြို့မှာတောင် အလယ်အလတ် ပြည်ထောင် တွေ အများကြီးရှိပြီး ပိုမြင့်တဲ့ ပြည်ထောင် တွေတောင် တိတ်တဆိတ် ရှိနေနိုင်ပါတယ်။

ကျွန်တော်တို့ သံမဏိပြည်ထောင် ရဲ့ ခွန်အားက မလုံလောက်ဘူးဆိုတာ သဘာဝပါပဲ။ ဒါကြောင့် အကြီးအကဲဝူ ရဲ့ မဟာယန်ပြည်ထောင်နောက်ကို လိုက်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်တဲ့နေရာတိုင်းမှာ အမိန့်ပေးနိုင်ပြီး ခေါင်းဆောင်ဝူ ကျွန်တော်တို့ကို အကူအညီပေးနိုင်ဖို့ဘဲ မျှော်လင့်ပါတယ်”

သူ၏ ဆိုလိုရင်းမှာ ရှင်းသည်။ သူက မဟာယန်ပြည်ထောင် ၏ လက်အောက်ခံ ဖြစ်ချင်နေသည်။

မိုလင်း က လျစ်လျူရှုသည့်ဟန်ဖြင့် “မင်းရဲ့ သံမဏိပြည်ထောင် က အလယ်အလတ် ပြည်ထောင်ဘဲ။ ငါတို့လို နိမ့်ကျတဲ့ ပြည်ထောင်လေး ဆီက အကာအကွယ်ကို လိုအပ်နေသေးသလား”

“အစ်ကိုကြီး မိုလင်းက နောက်နေပါပီ။ ရှေးဟောင်းစစ်မြေပြင် မှာ အဆင့်မြင့် ပြည်ထောင်၊ အဆင့်နိမ့် ပြည်ထောင် ဆိုတာ မရှိပါဘူး။ ခွန်အားကသာ ဘုရင်ပါပဲ။ ပြီးတော့ အစ်ကိုကြီး တို့က မတူဘူး။ အဆင့်မြင့် ပြည်ထောင်တောင် အစ်ကိုကြီး တို့ထက် ပိုသန်မာမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်”

“ကောင်းပြီ၊ ဒါပေမဲ့ ပထမဆုံးအနေနဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲဆိုတာ ငါ့ကို ပြောပြပါဦး။ ရှေးဟောင်းသော့က ဘယ်မှာလဲ” ဝူယွမ်က သူတို့၏ အဓိပ္ပာယ်မဲ့ စကားဝိုင်းကို ဖြတ်တောက်ပြီး မေးလိုက်သည်။

“လက်ရှိ အချက်အလက်တွေအရ ရှေးဟောင်းသော့ကို ယန်မြို့မြောက်ဘက်ရှိ မိုးကြိုးကျောက်တောင်တန်း မှာ ဖုံးကွယ်ထားပါတယ်။

ဒါပေမဲ့ အဲဒီ တောင်တန်း မှာ နတ်ဆိုးသားရဲ တွေ အများကြီးရှိပြီး ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် နဲ့ နိဗ္ဗာန်အဆင့် နတ်ဆိုးသားရဲ တွေတောင် အများကြီးရှိတယ်လို့ ပြောကြတယ်။

တောင်တန်း ရဲ့ အနက်ရှိုင်းဆုံးနေရာက မိုးကြိုးမီးတောင် ဖြစ်ပြီး အဲဒါက ရှေးဟောင်း ကျင့်ကြံသူတစ်ဦးရဲ့ ကျင့်ကြံတဲ့နေရာ ဖြစ်ခဲ့ဖူးပါတယ်။

ဒီ ရှေးဟောင်းကျင့်ကြံသူက ရှေးဟောင်းဘဏ္ဍာတိုက် ရဲ့ အစောင့်အရှောက် တစ်ဦးပါ။ သူက ရှေးဟောင်းသော့ကို ပိုင်ဆိုင်ခဲ့ဖူးတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အလွန်ကျွမ်းကျင်တဲ့ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးက မိုးကြိုးမီးတောင် ထဲကို လျှို့ဝှက်ဝင်ရောက်ခဲ့တယ်။

သူ ဖော်ထုတ်ခဲ့တဲ့ အချက်အလက်တွေအရ မိုးကြိုးမီးတောင် ထဲမှာ ရှားပါး ဝိညာဉ်ရတနာလက်နက် တွေ၊ သိုင်းပညာရပ် တွေ၊ ဝိညာဉ်ဆေးပင် တွေ၊ ဝိညာဉ်ရတနာလက်နက် တွေ စတဲ့ အဖိုးတန်ပစ္စည်းတွေ အများကြီး ရှိတယ်။

သူက ကောင်းကင်အဆောင် ရှေးဟောင်းသစ်ပင် ကိုတောင် မြင်ခဲ့ရတယ်လို့ပြောတယ်”

မိုတီက သူသိသမျှ အချက်အလက်အားလုံးကို ပြောပြပြီး အဆုံးတွင် ကောင်းကင်အဆောင် ရှေးဟောင်းသစ်ပင် ကို အလေးထား ပြောပြလိြက်သည်။

“‌ေကာင်းကင်အဆောင် ရှေးဟောင်းသစ်ပင် လား” လင်းတုန် က အံ့ဩစွာ မေးလိုက်သည်။

မိုတီ- “ဟုတ်ပါတယ်။ အဲဒါက အဆောင်သခင် တွေအတွက် အလွန်တန်ဖိုးရှိတဲ့ ဝိညာဉ်ဆေးပင် ပါ။ အဆင့်မြင့် ဝိညာဉ်အဆောင်သခင် တစ်ဦးက ရရှိရင်၊ အဲဒါကို သန့်စင်နိုင်သရွေ့ ကောင်းကင်အဆောင်သခင် အဆင့်ကို တိုက်ရိုက် တိုးမြှင့်နိုင်ပါတယ်”

“တကယ်ပဲ ဒီလို ဆန်းကြယ်တဲ့ ဝိညာဉ်‌ေဆးပင် ရှိတာလား” လင်းတုန် ၏ မျက်လုံးများ တောက်ပလာသည်။ သူက လက်ရှိတွင် အဆင့်မြင့် ဝိညာဉ်အဆောင်သခင် အဆင့်တွင် ရှိနေသည်။

လင်းတုန်က ဝူယွမ် ၏ တုံ့ပြန်မှုကို သိချင်သဖြင့် သူ့ အစ်ကိုကြီး ကို ကြည့်လိုက်သည်။

ဝူယွမ် ၏ မျက်လုံးများလည်း တောက်ပလာသည်။ သူက ကောင်းကင်အဆောင်သခင် ဖြစ်နေပြီဖြစ်သောကြောင့် ကောင်းကင်အဆောင် ရှေးဟောင်းသစ်ပင်က သူ့အတွက် သိပ်စိတ်ဝင်စားစရာ မကောင်းသော်လည်း၊ သူက လက်ဖဝါးထဲက ကောင်းကင်ပုလင်း ကို ဆိုင်းအင်၀င်ပြီး ရရှိခဲ့သောကြောင့် ၎င်းကို သူ့အတွက် အသုံးဝင်သည့်အဆင့်အထိ လုံးဝ ကျင့်ကြံ နိုင်ပြီဖြစ်သည်။

“ကောင်းပြီ၊ မင်းရဲ့ အချက်အလက်က ငါတို့အတွက် အသုံးဝင်တယ်။ မင်းလိုအပ်ရင် ငါတို့ရဲ့ မဟာယန်ပြည်ထောင် က မင်းကို အကူအညီပေးနိုင်ပါတယ်” ဟု ဝူယွမ် က ကတိပေးလိုက်သည်။ တက်ကြွစွာ စေတနာပြသလာသည့် ပြည်ထောင် တစ်ခုကို ငြင်းပယ်စရာ အကြောင်းမရှိပေ။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဝူ” ဟု မိုတီက စိတ်လှုပ်ရှားစွာ ပြောလိြက်သည်။ တကယ်တော့ သူပေးခဲ့သော အချက်အလက်များသည် ယန်မြို့တွင် လျှို့ဝှက်ချက် မဟုတ်တော့ပေ။

“ဒါနဲ့ ခေါင်းဆောင်ဝူ။ မိုးပျံတိမ်ပြည်ထောင် ကို သတိထားသင့်တယ်။ သူတို့ရဲ့ ခေါင်းဆောင်ကို လင်းကျီ လို့ခေါ်တယ်။ သူလည်း ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် မှာ ရှိနေပေမယ့် ကျင်းမုနဲ့ ဟိုင်ရှာထက် အများကြီး ပိုသန်မာတယ်။ သူက ဟိုင်ရှာနဲ့ ဆက်စပ်မှုအချို့ရှိပြီး မိုးကြိုးကျောက်တောင်တန်း ကို သွားရင် သူ့ကို တွေ့ရနိုင်တယ်”

“နားလည်ပြီ”

ဝူယွမ်က ခပ်ပါးပါး ခေါင်းညိတ်လိုက်ပြီး ဂရုစိုက်ပုံမရချေ။

သူ၏ ပြိုင်ဘက်များက အလယ်အလတ် ပြည်ထောင် များ မဟုတ်ဘဲ အဆင့်မြင့် ပြည်ထောင် များနှင့် ပိုမိုအားကောင်းသော အဆင့်မြင့် အထူးပြည်ထောင် များပင် ဖြစ်သည်။

ထိုလင်းကျီက မိုတီ၏ မျက်လုံးထဲတွင် အစွမ်းထက်ကောင်း ထက်နိုင်သော်လည်း၊

ဝူယွမ် အတွက်မူ မလုံလောက်ချေ။

“ငါ အလွန်အကျွံ စဉ်းစားမိသွားတာ ပဲ” ဟု မိုတီက တွေးရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ဝူယွမ် ၏ စွမ်းအားက မည်မျှရှိသည်ကို သူ မပြောနိုင်သော်လည်း ‌ေခြလှမ်း၀က် နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူများကို သူ အလေးထားခြင်းမရှိသည်ကို သူသိသွားသည်။

“ငါးရက်ကြာပြီးရင် ယန်မြို့က အင်အားစုတွေဟာ မိုးကြိုးကျောက်တောင်တန်း ကို ဝင်ဖို့ စုရုံးကြမှာပါ။ အဲဒီအခါကျရင် မဟာယန်ပြည်ထောင် နဲ့အတူ ခရီးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”

မိုတီသည် လက်ချင်းယှက်ကာ “ကျွန်တော်

All Chapters