← Chapters

ကောင်းကင်အဆောင်သစ်ပင်နှင့် ရှေးဟောင်းသော့

Vol. 16 Ch. 155

ကောင်းကင်အဆောင်သစ်ပင်နှင့် ရှေးဟောင်းသော့

Vol. 16 Ch. 155

ဝူယွမ်က တောင်ထိပ်နှစ်ခုပေါ်တွင် အစွမ်းထက်သူများ ပုန်းအောင်းနေသည်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

သူတို့က နိဗ္ဗာန်အဆင့် ကျင့်ကြံသူများရှိသောကြောင့် မာန်မာနထောင်လွှားနေကြသည့် ရေခဲနက်ပြည်ထောင်စု၊ မဟာကျီးကန်းပြည်ထောင်စု တို့နှင့် မတူပေ။ ပုန်းအောင်းနေသူများထဲတွင် နိဗ္ဗာန်အဆင့် အရှိန်အဝါ သုံးခုရှိပြီး သူတို့အားလုံးမှာ ဟွာယွမ်နှင့် ဝူမိုတို့ထက် ပိုအင်အားကြီးမားကြသည်။

“ပြည်ထောင်တစ်ရာတိုက်ပွဲ ဆိုတာ အရည်အချင်းရှိသူတွေ စုဝေးရာပဲ။ အစွမ်းထက်သူတွေ ပေါများတော့ ငါပေါ့ဆလို့တော့ မရဘူး” ဝူယွမ် က စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်မိသည်။

ထိုအချိန်တွင် လင်းတုန် နှင့် ထိုလူနှစ်ဦးတို့က ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်း နစ်မြုပ်နေကြသည်။ တစ်ယောက်တည်းက နှစ်ယောက်ကို ပြန်တိုက်ခိုက်နေသော်လည်း အနည်းငယ်မျှပင် အားမနည်းဘဲ တောင့်ခံထားနိုင်သည်။ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်သို့ ထိုးဖောက်ပြီးနောက် သူ၏ ကိုယ်ခန္ဓာသန်မာမှုကို ပြည့်စုံသွားသည့် နိဗ္ဗာန်ရွှေကိုယ်ငယ် နှင့် ပေါင်းစပ်လိုက်သောအခါ သူ့၏ ကာကွယ်မှုစွမ်းအားက ဟွာယွမ်နှင့် ဝူမိုတို့ထက်ပင် သာလွန်နေသည်။

တစ်နည်းဆိုရသော် သူတို့နှစ်ဦးက လင်းတုန် အား ထိခိုက်မှုကြီးကြီးမားမား မပေးနိုင်သော်လည်း လင်းတုန် ကမူ သူတို့ကို အကြီးအကျယ် အထိနာစေခဲ့သည်။ မကြာမီပင် သူတို့နှစ်ဦးစလုံး လင်းတုန် ၏ လက်အောက်တွင် အရေးနိမ့်ခဲ့ရသည်။ ဝူယွမ် ဝင်ရောက်စွက်ဖက်ရန်ပင် မလိုအပ်ခဲ့ပေ။

“ချိုင့်ဝှမ်းထဲ ဝင်ကြစို့။ အချိန်မဆွဲကြနဲ့။ မင်းတို့အားလုံး နောက်က လိုက်ခဲ့ကြ” ဝူယွမ် က ဦးဆောင်ပြီး ကြီးမားသော တောင်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လိုက်သည်။

ယန်မြို့မှ လူများ ဝင်သွားပြီးနောက် ရှက်ရွံ့နေသော ဟွာယွမ်နှင့် ဝူမိုတို့သည်လည်း သူတို့၏ အင်အားစုများကို ဦးဆောင်ကာ နောက်မှ လိုက်ပါလာကြသည်။ ယခုတစ်ကြိမ်တွင် သူတို့က မျက်နှာပျက်ရုံသာမက အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။

လေချိုင့်ဝှမ်းအတွင်းရှိ ဧရိယာက အလွန်ကျယ်ဝန်းသောကြောင့် ယန်မြို့မှ လူအုပ်ကြီး ဝင်ရောက်လာသော်လည်း နေရာလွတ်များစွာ ရှိနေဆဲဖြစ်သည်။ သို့သော် ချိုင့်ဝှမ်းအတွင်း ပျံ့နှံ့နေသော မြူခိုးထူထပ်မှုက လူတိုင်း၏ အမြင်အာရုံကို ပြင်းထန်စွာ အနှောင့်အယှက်ပေးနေသည်။

ဤနေရာရှိ ယွမ်စွမ်းအင်က ပို၍ပင် ကြွယ်ဝနေပြီး ထိုမြူခိုးများအတွင်းတွင် အဆင့်မြင့် ဝိညာဉ်ဆေးပင်များ ကို ရှာဖွေတွေ့ရှိနိုင်သည်။ သို့သော် ထူထပ်သော မြူခိုးများထဲတွင် အစွမ်းထက်သော သားရဲများ ပုန်းအောင်းနေသောကြောင့် အန္တရာယ်များစွာလည်း ရှိနေသည်။ ထိုကိစ္စများက ဝူယွမ် အတွက် စိုးရိမ်စရာမ မဟုတ်တော့ပေ။ သူက သူတော်ကောင်းမဟုတ်ချေ။ လူတိုင်းကို လိုက်စိတ်ပူနေလို့မရချေ။

“ကောင်းပြီ၊ လူတိုင်း လေယန်ချိုင့်ဝှမ်း ထဲကို ဝင်ရောက်လာကြပြီ။ ရတနာ ရတာမရတာက မင်းတို့ရဲ့ ကံပေါ်မှာဘဲ မူတည်တယ်။”

“ငါတို့ ပိုနက်တဲ့နေရာကို ဆက်သွားတော့မယ်”

ထိုစကား ချန်ထားခဲ့ပြီးနောက် ဝူယွမ် နှင့် လင်းတုန် တို့က မဟာယန်ပြည်ထောင်စု မှ အင်အားစုများကို ဦးဆောင်ကာ ချိုင့်ဝှမ်း၏ အတွင်းပိုင်းသို့ ဆက်လက် နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။ စစ်မှန်သော ရတနာများအားလုံးက လေချိုင့်ဝှမ်း ၏ အနက်ဆုံးနေရာများတွင် ရှိနေခြင်းပင်။

ဝူယွမ်က သူတို့ကို အရှိန်ပြင်းပြင်းဖြင့် ဦးဆောင်ခဲ့ပြီး သူ၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်ဖြင့် ရှေ့မှနေ၍ လမ်းကြောင်းရှာဖွေနေခဲ့သည်။ ထူထပ်သော မြူခိုးများထဲတွင် ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် သားရဲများ နှင့် နိဗ္ဗာန်အဆင့် သားရဲများ ပင် ရှိနေသော်လည်း သူက ၎င်းတို့အားလုံးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ ဤအတောအတွင်း သူသည် ဝိညာဉ်ဆေးပင်များ ကိုလည်း ပေါ့ပေါ့ပါးပါး ကောက်ယူ စုဆောင်းရရှိခဲ့သည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးမှာ ရှေ့ရှိ မြူခိုးများ မှေးမှိန်သွားပြီး ကွေ့ကောက်နေသော ကျောက်လမ်းတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။ ထိုကျောက်လမ်းအတွင်း၌ မရေမတွက်နိုင်သော မိုးကြိုးစီးကြောင်းများ အဆက်မပြတ် လင်းလက်နေသည့် မိုးကြိုးအတားအဆီးတစ်ခု ထူထပ်စွာ ရှိနေပြီး မြေပြင်ပေါ်သို့ ရိုက်ခတ်ကာ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်နေသည်။

“မိုးကြိုး လှုပ်ရှားမှုတွေက အရမ်းအားကောင်းတာပဲ”

လျူယွမ်က ထွက်လာပြီး “အစ်ကို ဝူယွမ်၊ ဒါက လေချိုင့်ဝှမ်း ရဲ့ လေကျောက်တုံးတွေ ကနေ မိုးကြိုးကို စုပ်ယူပြီး ဖြစ်ပေါ်လာတဲ့ အတားအဆီးတစ်ခုပါ။ သူ့ရဲ့ စွမ်းအားက အရမ်းကို ပြင်းထန်တယ်။ ပုံမှန်ဆိုရင် လေချိုင့်ဝှမ်း ရဲ့ အထက် ကောင်းကင်မှာ မိုးကြိုးမုန်တိုင်းတွေ အမြဲရှိနေတယ်။ ဒီလို ရာသီဥတုအောက်မှာ ဒီမိုးကြိုးအတားအဆီးရဲ့ စွမ်းအားက အဆပေါင်းများစွာ တိုးလာပြီး နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတွေတောင် ဝင်ဖို့ ခက်ခဲစေတယ်”

သူတို့က ဤနေရာကို ကြိုတင်စူးစမ်းထားခဲ့ဖူးပြီး သတင်းအချက်အလက်များစွာကို စုဆောင်းထားခဲ့သည်။

ဝူယွမ် ခေါင်းညိတ်လိုက်သည်။ လက်ရှိ မိုးကြိုးစီးကြောင်းများပ ခြေလှမ်း၀က်နိဗ္ဗာန်အဆင့် ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်လောက်အောင် အားကောင်းနေသည်ကို သူလည်း ခံစားမိသည်။ ဆိုလိုသည်မှာ အနည်းဆုံး ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူများသာ ဤနေရာကို ဘေးကင်းစွာ ဖြတ်သန်းနိုင်လိမ့်မည်။

ဝူယွမ်က “မိုလင်း၊ မင်း ငါ့နောက်က လိုက်ခဲ့။ ညီနှစ် မင်း နောက်ဆုံးကနေ လိုက်လာပေး။ အားလုံး၊ နိဗ္ဗာန်ရွှေကိုယ်ငယ်ကို အသက်သွင်းကြ။ ဒီမိုးကြိုးအတားအဆီးကို အတူတူ ဖြတ်ကြမယ်”

“အားလုံးပဲ၊ ငါတို့အရင် သွားမယ်”

ထိုသို့ပြောပြီးနောက် သူက လူအုပ်ကို ဦးဆောင်ကာ အတားအဆီးအတွင်းသို့ ဝင်ရောက်လိုက်သည်။

မိုတီနှင့် အခြားသူများက တံတွေးမျိုချလိုက်ကြသည်။ သူတို့က ဤမိုးကြိုးအတားအဆီး၏ အစွမ်းထက်ပုံကို မြင်ခဲ့ရပြီး ဝူယွမ်ကတော့ မဟာယန်ပြည်ထောင်စု မှ လူအားလုံးကို ဦးဆောင်၍ ဖြတ်သန်းရန် ပြင်ဆင်နေပီဖြစ်သည်။

ဝူယွမ် နှင့် လင်းတုန် တို့က အရှေ့နှင့်အနောက်မှ အသီးသီး ဦးဆောင်ကာ အလယ်တွင်ရှိသော လူတိုင်းက နိဗ္ဗာန်ရွှေကိုယ်ငယ် ကို အသက်သွင်းထားကြကာ သူတို့အား ရိုက်ခတ်လာသော မိုးကြိုးစွမ်းအင်အားလုံးကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

ဝူယွမ် နှင့် လင်းတုန် တို့က‌ေတာ့ မိုးကြိုးစွမ်းအင်နှင့် မစိမ်းကြတော့ပေ။ သူတို့သည် ယခင်ကတည်းက ၎င်းကို တွေ့ကြုံခံစားခဲ့ဖူးသည်။ ချီဖန်တီးခြင်းအဆင့် ကတည်းက သူတို့က မိုးကြိုး သူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ဆွဲသွင်းရန် ရဲဝံ့ခဲ့ကြသည်။ ယခုအချိန်တွင်မူ ပြောစရာပင် မလိုတော့ချေ။ ဝူယွမ်က ဤနေရာတွင် မိုးကြိုးဆွဲဆောင်သည့် အစီအရင်တစ်ခု ထားရှိကာ မိုးကြိုးဒဏ်ရေများ ပိုမိုရရှိနိုင်မလားဟု စမ်းကြည့်ချင်စိတ်ပင် ရှိနေခဲ့သည်။

သိပ်မကြာမီပင် သူတို့က အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြသည်။

လျူယွမ်၊ မိုတီနှင့် အခြားသူများမှာမူ သူတို့၏ ပြည်ထောင်စုများ မှ ခြေလှမ်း၀က်နိဗ္ဗာန်အဆင့် ကျင့်ကြံသူများကိုသာ ဦးဆောင်၍ ဖြတ်သန်းနိုင်ခဲ့ပြီး ကျန်လူများက ထိုနေရာတွင် ရပ်တန့်နေခဲ့ကြရသည်။

“ရောက်ပြီ”

ဝူယွမ် ၏ အကြည့်က ရှေ့သို့ စူးစိုက်သွားသည်။ ထိုနေရာတွင် ဧရာမ အတွင်းချိုင့်ဝှမ်းတစ်ခု ရှိနေပြီး ဗဟိုချက်တွင် အလွန်ကျယ်ပြန့်သော ကျောက်ခန်းမကြီးတစ်ခု တိတ်ဆိတ်စွာ တည်ရှိနေသည်။ ကျောက်ခန်းမက ရှေးဟောင်းအရှိန် အဝါများဖြင့် ပြည့်နှက်နေပြီး အနည်းငယ် ပျက်စီးနေပုံရသည်။ ရှေးဟောင်းသော့မှာ ၎င်းအတွင်း၌ ရှိနေခြင်းပင်။

ထိုကျောက်ခန်းမကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် လင်းလက်တောက်ပလာသည်။

“သွားကြစို့”

သူတို့က ကျောက်ခန်းမသို့ ပထမဆုံး ရောက်ရှိသူများ ဖြစ်ကြသည်။

ကျောက်ခန်းမထဲသို့ ဝင်ရောက်လိုက်သောအခါ အလွန်ကျယ်ဝန်းပြီး စင်္ကြံလမ်းများက ရှုပ်ထွေးကာ အတွင်းပိုင်းထိ ရှည်လျားစွာ ရှိနေသည်ကို မြင်လိုက်ကြရသည်။ ဝူယွမ် နှင့် လင်းတုန် တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့ ပထမဆုံး ရှေးဟောင်းဂူသင်္ချိုင်း ထဲသို့ ဝင်ရောက်ခဲ့စဉ်က အချိန်ကို ပြန်ပြောင်းသတိရမိသွားကြသည်။

“လင်းတုန်၊ မိုလင်း၊ ငါတို့ သုံးယောက်က အဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်ပြီး လမ်းကြောင်းသုံးမျိုးခွဲပြီး ရှာဖွေမယ်၊ ပြီးရင် အတွင်းပိုင်းမှာ ပြန်စုမယ်” ဝူယွမ်က အဖွဲ့ခွဲရှာရန် ချက်ချင်း စီစဉ်လိုက်သည်။

အချိန်က မည်သူ့ကိုမှ မစောင့်ဆိုင်းပေ။ အဆင့်မြင့် ပြည်ထောင်စုများမှ လူများ မကြာမီ လိုက်မီလာတော့မည်ဖြစ်သည်။ သူတို့ သုံးဦးက အဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်ကာ စင်္ကြံလမ်းတစ်ခုကို ရွေးချယ်ပြီး အတွင်းပိုင်းသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။

ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင် ကို ထုတ်လွှတ်ပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းကို ခံစားရသည့် စင်္ကြံလမ်းိာ ဦးတည်သွားခဲ့သည်။ ယခုအခါ ကောင်းကင်အဆောင်သခင် တစ်ဦး ဖြစ်နေပြီဖြစ်၍ သူ၏ ဝိညာဉ်စွမ်းအင်က အစွမ်းထက် နေပီဖြစ်ကာ ဝိညာဉ်စွမ်းအင် နှင့် သက်ဆိုင်သော မည်သည့်ရတနာကိုမဆို သူ ခံစားသိရှိနိုင်သည်။ ဤကျောက်ခန်းမအတွင်း၌ သူ၏ ဝိညာဉ်စွမ်းအင် မှ ထိုသို့ ပြင်းထန်သည့် တုံ့ပြန်မှုကို ဖြစ်စေနိုင်သည့် တစ်ခုတည်းသော အရာမှာ ဒဏ္ဍာရီလာ ကောင်းကင်အဆောင်သစ်ပင် ဖြစ်ဖို့ရာများသည်။

ဝူယွမ် ဝင်ရောက်ပြီး မကြာမီတွင် ထူးဆန်းသည့် အနက်ရောင် အရိပ်ငါးခုလည်း ကျောက်ခန်းမရှေ့တွင် ပေါ်လာခဲ့သည်။ သူတို့က ရှုပ်ထွေးနေသော စင်္ကြံလမ်းများကို လေ့လာကြည့်ပြီးနောက် တစ်ခုစီကို ရွေးချယ်ကာ အတွင်းသို့ ပြေးဝင်သွားကြသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသော ပုံရိပ်များထဲမှ တစ်ဦးက ဝူယွမ် သွားရာလမ်းကို လိုက်သွားခဲ့သည်။

ဝူယွမ်က အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းကို ခံစားရသည့် နေရာသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သု အခန်းများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ပြင်းထန်သော ယွမ်စွမ်းအင် လှုပ်ရှားမှုများ ရှိနေသရွေ့ ဝူယွမ် သည် ရှာဖွေရန် လူတစ်ဦးနှစ်ဦးကို ချန်ထားခဲ့သည်။ ထိုအရာက လူအများအပြားရှိခြင်း၏ အားသာချက်ဖြစ်ပြီး သူတို့ကို အပြည့်အဝ အသုံးချနိုင်သည်။

သိပ်မကြာမီပင် ဝူယွမ်က ကျယ်ဝန်းသော သိုလှောင်ခန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာပြီး ရပ်တန့်လိုက်သည်။ ထိုစွမ်းအင်လှိုင်း ရင်းမြစ်က ဤနေရာမှ ဖြစ်သည်။ သူက အတွင်းသို့ ဝင်သွားပြီး သိုလှောင်ခန်း၏ အလယ်ဗဟိုတွင် ညှိုးခြောက်နေသော အဝါရောင် ပျိုးပင်လေးတစ်ခုကို တွေ့လိုက်ရသည်။ အပင်၏ အကိုင်းအခက်များက များပြားလှပြီး သဘာဝအတိုင်း ဖြစ်ပေါ်လာသော နက်နဲဆန်းကြယ်သည့် ရူန်းများ ကဲ့သို့ ဖြစ်နေသည်။ ပင်စည်ပေါ်တွင် ထူးခြားသည့် စွမ်းအားတစ်ခု ရှိနေပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားနှင့် ဆက်သွယ်နိုင်သည်။

ကောင်းကင်အဆောင်သစ်ပင်။

ဝူယွမ်က နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး ကြွယ်ဝသော ရနံ့ကို ရှူရှိုက်လိုက်သည်။ ကောင်းကင်အဆောင်သစ်ပင် အပြင် ဤနေရာတွင် အခြားသော ဝိညာဉ်ဆေးပင်များ များစွာလည်း ရှိနေသေးသည်။ ၎င်းတို့ထဲမှ အများစုမှာ မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးပင်များ ဖြစ်ပြီး နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူများအတွက်ပင် အတော်လေး အကျိုးပြုသည်။ ဤနေရာက ဝိညာဉ်ဆေးပင်များ အတွက် သိုလှောင်ခန်း ဖြစ်မှန်းသိသာဩ်။

ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင် ကို အမျှင်လိုက် ခွဲထုတ်ကာ ကောင်းကင်အဆောင်သစ်ပင် မှလွဲ၍ ကျန်သော ဝိညာဉ်ဆေးပင်များ အားလုံးကို သူ့ဆီသို့ ဆွဲယူပြီး သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ဝူယွမ်က ကောင်းကင်အဆောင်သစ်ပင် ကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်သည်။ သူက ကောင်းကင်အဆောင်သစ်ပင်ကို ချက်ချက်းသွား မယူခဲ့ပေ။ ယခုကဲ့သို့ ကောင်းကင်နှင့် မြေကြီး၊ ရတနာက ရရှိရန် မလွယ်ကူပေ။ မလာမီက ရှောင်တျောင်း က ကောင်းကင်အဆောင်သစ်ပင် တွင် ကောင်းကင်အဆောင်အဆိပ် ပါဝင်ပြီး နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူများပင် ထိတွေ့မိပါက ဒုက္ခရောက်နိုင်ကြောင်း ပြောပြခဲ့သည်။

ဝူယွမ်က အပင်ကို ဂရုတစိုက် လေ့လာကြည့်ရှုနေခဲ့သည်။ အပင်၏ အကိုင်းအခက်များပေါ်တွင် စိမ်းစိုသော အလွှာတစ်ခု ရှိနေပြီး ငါးညှီနံ့ကဲ့သို့ အနံ့တတစ်ခု ခပ်ပါးပါး ထွက်ပေါ်နေသည်။ ဝိညာဉ်ဆေးပင်များတွင် အဆင့်က အတိုင်းအတာတစ်ခုအထိ ရောက်လာပါက ဝိညာဉ်အသိရှိတတ်သည်။ ရုတ်တရက် ယူလိုက်ပါက သူ၏ တိုက်ခိုက်မှုကို လှုံ့ဆော်မိပြီး ကောင်းကင်အဆောင်အဆိပ် ကို ထုတ်လွှတ်လိမ့်မည်ဖြစ်သည်။ ဤအဆိပ်အမျိုးအစားက ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ ဝိညာဉ်စွမ်းအင် ကို ထိခိုက်စေနိုင်သည်။

ဝူယွမ်က အဆိပ်နှင့် မထိချင်ပေ။ ကောင်းကင်အဆောင်အဆိပ်ကို ခုခံနိုင်မယ်လို့ သူယုံကြည်သော်လည်း ၎င်းက ပြဿနာအချို့ကို ဖြစ်စေနိုင်ပြီး ရတနာရှာဖွေရာတွင် သူ၏ အရှိန်အဟုန်ကို ထိခိုက်စေနိုင်သည်။

သူ၏ အကြည့်က သစ်ပင်ပင်စည်၏ အလယ်ဗဟိုသို့ စူးစိုက်သွားသည်။ ထိုနေရာတွင် အလွန်ထူးခြားသော ရူန်း ပုံသဏ္ဌာန်ကို ဖန်တီးထားပြီး ထို ရူန်း အတွင်း၌ မှေးမှိန်သော အလင်းရောင်တစ်ခု တိုးဝင်နေပုံရသည်။ ထိုအရာက ကောင်းကင်အဆောင်သစ်ပင် ၏ အဓိက အနှစ်သာရဖြစ်ပြီး သူ၏ ထူးခြားသော စွမ်းအင်အားလုံးက ဤ ရူန်း တစ်ခုတည်းတွင် စုစည်းနေခြင်းဖြစ်သည်။

သို့သော် ဤအနှစ်သာရမှ ရူန်း ကို အတင်းအကျပ် ယူလိုက်ပါက ဤ ကောင်းကင်အဆောင်သစ်ပင်က ပျက်စီးသွားလိမ့်မည်၊ ထိုကိစ္စက ဝူယွမ် မလိုချင်သည့် အရာ ဖြစ်သည်။ သူက အပင်ကို မပျက်စီးဘဲ ယူဆောင်သွားကာ နောက်ပိုင်းတွင် လက်ဖဝါးထဲက ကောင်းကင်ပုလင်း မှ အရည်ကို အသုံးပြု၍ ကောင်းကင်အဆောင်သစ်ပင်များကို ပိုစိုက်ပျိုးရန် လိုအပ်သည်။ သူသည် အပင်ကို အရင်ဆုံး ချိတ်ပိတ်ကာ မဟာရှေးဟောင်းကျောက်တိုင် အာကာသထဲတွင် သိမ်းဆည်းထားပြီး နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း သုတေသနပြုကာ စိုက်ပျိုးရန် စီစဉ်ထားခဲ့သည်။

ဝိညာဉ်စွမ်းအင် အမျှင်များ ထွက်ပေါ်လာပြီး ဝူယွမ်က လေထဲတွင် ရှေးကျသော ချိတ်ပိတ် ရူန်းများ ကို ပုံဖော်လိုက်သည်။ ဤခ်ျတ်ပိတ် ရူန်းများက ကောင်းကင်အဆောင်သစ်ပင် ပေါ်သို့ ဖိဆင်းသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ဝိညာဉ်သစ်ပင် ၏ အကိုင်းအခက်များက ရုတ်တရက် ဆန့်ထွက်လာပြီး ဝူယွမ် ကို တိုက်ခိုက်ခဲ့သည်။ အကိုင်းအခက်များကြားမှ စိမ်းစိုသော အလင်းတန်းများ စီးဆင်းလာပြီး ဝူယွမ် ဆီသို့ ပစ်ခတ်လာသည်။

ဝူယွမ်က အဆက်မပြတ် ရှောင်တိမ်းနေပြီး တစ်ချိန်တည်းမှာပင် သစ်ပင်အတွင်းသို့ ချိတ်ပိတ် ရူန်းများ ကို တိုက်ရိုက်သွင်းခဲ့သည်။ သိပ်မကြာမီတွင် ကောင်းကင်အဆောင်သစ်ပင်က နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ စစ်မှန်သော ကောင်းကင်အဆောင်သခင် ၏ ဝိညာဉ်စွမ်းအင် တံဆိပ်ခတ်မှုနှင့် ရင်ဆိုင်ရသောအခါ ၎င်းသည် မာန်မာန ဆက်မထောင်လွှားနိုင်တော့ပေ။

“မင်းဟာ အခုကစပြီး ငါ့ရဲ့ အခြေခံ မျိုးစေ့ ဖြစ်သွားပြီ” ဟု ဝူယွမ် က ပြုံးရယ်ကာ ပြောလိုက်ပြီး ကောင်းကင်အဆောင်သစ်ပင် ကို လှမ်းယူလိုက်သည်။

“ဟမ်၊ ကောင်းကင်အဆောင်သစ်ပင်၊ ပစ္စည်းကောင်းပဲ”

ရုတ်တရက် အနက်ရောင်ပုံရိပ်တစ်ခု တံခါးဝတွင် ပေါ်လာပြီး ကောင်းကင်အဆောင်သစ်ပင် ကို အံ့သြသင့်စွာ ကြည့်လိုက်သည်။

သူက ဝူယွမ် ကို လုံးဝ လျစ်လျူရှုထားပြီးသူ၏ အစွမ်းထက်သော နိဗ္ဗာန်အဆင့် အရှိန်အဝါကို ပြသကာ မောက်မာစွာဖြင့် ပြောလိုက်သည်။

“ထွက်သွား။ ဒါက မင်းပိုင်ဆိုင်ဖို့ အရည်အချင်းရှိတဲ့ အရာမဟုတ်ဘူး”

ဝူယွမ် က ရယ်မောလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးဘဲ ပြောလိုက်သည်၊ “ဟဲဟဲ... မင်း ရောက်လာတာ အချိန်ကိုက်ပဲ”

ဒီလူက စောစောလည်း မလာ၊ နောက်ကျလည်း မလာဘဲ သူက ကောင်းကင်အဆောင်သစ်ပင် ကို ချိတ်ပိတ်ပြီးကာမှ ပေါ်လာပြီး အသီးခူးဖို့ ကြိုးစားနေခြင်းပင်။

“မင်း ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့။ မင်းက မင်းကိုယ်မင်း နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ပြီး အနိုင်ယူခဲ့တဲ့ သူလို့ ထင်နေလား” အနက်ရောင်ဝတ်စုံဝတ်ထားသူ၏ မျက်နှာက မည်းမှောင်သွားပြီး မထီမဲ့မြင်ပြုသည့် လေသံဖြင့် ပြုံးလိုက်သည်။

သူသည် လေချိုင့်ဝှမ်း အပြင်ဘက်တွင် ရှိစဉ်က ယန်မြို့မှ လူများကို ဂရုစိုက်စောင့်ကြည့်ခဲ့သည်။ နှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သော ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူမှလွဲ၍ သူ၏ အာရုံစိုက်မှုနှင့် ထိုက်တန်သော အခြား အစွမ်းထက် ကျင့်ကြံသူများကို မတွေ့ခဲ့ရပေ။ ယခုလူက ထိုသူ မဟုတ်သည့်အတွက် သူ၏ ရှေ့တွင် မာန်မာန ထောင်လွှားပိုင်ခွင့် မရှိပေ။

“ဟမ်... ငါက သူ မဟုတ်တာ သေချာပါတယ်။ ငါက သူ့ရဲ့ အစ်ကိုကြီး ပဲ” ဝူယွမ်က ရယ်မောလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်ထားသူအား ပြုံးပြုံးလေး ကြည့်လိုက်သည်။

“ ကြီးကြီးကျယ်ကျယ်‌ေတွ” အနက်ရောင်ဝတ်စုံဝတ်ထားသူသက ဝူယွမ် နှင့် အငြင်းမပွားလိုဘဲ မထီမဲ့မြင်ပြုလိုက်သည်။ သူက သူ၏ ဘယ်ဘက်လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ အမှောင်ထု လက်ဝါးပုံစံတစ်ခု ဝူယွမ် ဆီသို့ တိုး၀င်သွားသည်။ သူ၏ ညာလက်ကတော့ ယွမ်စွမ်းအင် လက်ကြီးတစ်ဖက်ကို တိုက်ရိုက် စုစည်းလိုက်ပြီး ကောင်းကင်အဆောင်သစ်ပင် ကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။

“လက်တွေ များနေတာလား”

ဘန်း... ဓားသံမြည်ဟည်းသံနှင့်အတူ တောက်ပသော လျှပ်စီးများ လင်းလက်နေသည့် ဓားရှည်တစ်ချောင်း ဝူယွမ် ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ရှပ် ရှပ်

ဝူယွမ်က လျင်မြန်စွာ လွှဲရမ်းပြီး နှစ်ချက် ခုတ်ချလိုက်သည်။

ထက်ရှသော ဓားအလင်းတန်းများ ချက်ချင်း ထွက်သွားကာ အနက်ရောင်ဝတ်စုံဝတ်ထားသူ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ သို့သော် ဓားအလင်းတန်းနှစ်ခုက အနက်ရောင်ဝတ်စုံဝတ်ထားသူ၏ ဘယ်ဘက်လက်နှင့် ညာဘက်လက်ကို ဖြတ်သွားခဲ့ပြီး ဖြစ်သည်။

ဝှစ်... ဝှစ်...

တောက်ပသော ဓားအလင်းတန်းများက သူ၏ ပခုံးများကို ဖြတ်တောက်လိုက်ရာ လက်နှစ်ဖက်စလုံး ပြုတ်ကျသွားခဲ့ပြီး သွေးများ ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့သည်။

“အား...”

အနက်ရောင်ဝတ်စုံဝတ်ထားသူက အော်ဟစ်လိုက်ပြီး သူ၏ အသံသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

သူက သိုလှောင်ခန်းထဲမှ ထွက်ပြေးပြီး စင်္ကြံလမ်း၏ အဝေးဆုံးသို့ ထွက်ပြေးသွားသည်။

ဝူယွမ်က သူ့နြော် လိုက်မသွားခဲ့ပေ။ မဟာရှေးဟောင်းကျောက်တိုင်က အာကာသတံခါးတစ်ခုကို ဖန်တီးပေးပြီး ကောင်းကင်အဆောင်သစ်ပင် ကို အတွင်းသို့ အရင် ယူသွားလိုက်သည်။

မုချန်ချန်က ထိတ်လန့်တကြား လျှောက်လာပြီး “အစ်ကိုကြီး၊ သွေးတွေနဲ့ အနက်ရောင်လူတစ်ယောက် ခုနက ပြေးသွားတယ်” ဟု ပြောလိုက်လေသည်။

“ကိစ္စမရှိဘူး။ ရတနာတွေ ဆက်ရှာကြစို့”

အခန်းထဲမှ ထွက်ခွာလာပြီးနောက် ဝူယွမ်က မုချန်ချန် နှင့် အခြားသူများကို ဦးဆောင်ကာ ရှေ့သို့ ဆက်လက် ရှာဖွေခဲ့သည်။ နောက်ထပ် အခန်းများထဲတွင် သူတို့က နိဗ္ဗာန်ဆေးလုံးများ ကို ပိုတွေ့ရှိခဲ့ကြသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက်

“အစ်ကိုကြီး”

“ခေါင်းဆောင်”

ဝူယွမ်က အတွင်းပိုင်းရှိ အနက်ဆုံးနေရာတွင် လင်းတုန်၊ မိုလင်းတို့နှင့် ပြန်တွေ့ခဲ့သည်။ လူတိုင်း၏ မျက်နှာများပေါ်တွင် အပြုံးများ ရှိနေပြီး သူတို့၏ ရိတ်သိမ်းမှုသည်လည်း အတော်လေး များပြားကြောင်း ဖော်ပြနေသည်။ ခဏတာ စကားပြောပြီးနောက် သူတို့ထဲမှ မည်သူမျှ ရှေးဟောင်းသော့ ကို မတွေ့ရသေးကြောင်း သိသွားကြသည်။

လင်းတုန် “ရှေ့မှာ အဓိက ခန်းမကြီး ရှိတယ်။ ရှေးဟောင်းသော့ က အတွင်းမှာ ရှိမယ်ထင်တယ်”

“သွားကြစို့”

မဆိုင်းမတွဘဲ အဖွဲ့လိုက် လျှောက်သွားကြပြီး ကျယ်ပြန့်သော စင်္ကြံလမ်းကို ဖြတ်ကာ ပင်မခန်းမသို့ ရောက်လာကြသည်။ ပင်မခန်းမက ဈေးပလာဇာကဲ့သို့ ရှိပြီး ရှေ့ကကျောက်ခန်းများထက် အများကြီး ပို၍ ကျယ်ဝန်းသည်။

“အဲဒါ ရှေးဟောင်းသော့ ပဲ”

လင်းတုန်က အထိတ်တလန့်ဖြစ်သွားပြီး ပင်မခန်းမ၏ အနက်ဆုံးနေရာကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် အလင်းတန်းတစ်ခု ပျံဝဲနေပြီး ထိုအလင်းတန်းအတွင်း၌ ထူးခြားသော သော့ပုံသဏ္ဌာန် အရာဝတ္ထုတစ်ခုက ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

မဟာယန်ပြည်ထောင်စုမှ လူတိုင်း၏ မျက်လုံးများ လင်းလက်သွားပြီး အထူးသဖြင့် ကျောက်လက်ဖွဲ့ ထဲရှိ ရှောင်တျောင်းက စိတ်လှုပ်ရှားစွာ သူ့ကိုယ်ကို လှည့်ပတ်လိုက်သည်။

“အစ်ကိုကြီး၊ သော့ကိုသွား ယူကြစို့” လင်းတုန် က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ခဏ”

ဝူယွမ်က သူတို့ကို တားထားလိုက်သည်။

သူသည် အလေးအနက်ဖြင့် “ဒါက ဒီလောက်မရိုးရှင်းဘူး”

တကယ်တော့ သူက မူရင်းဇာတ်လမ်းကို သိထားသည်။ ဤအရာက စစ်မှန်သော ရှေးဟောင်းသော့ မဟုတ်ပေ။

“အဲဒါက ရှေးဟောင်းသော့ မဟုတ်ဘူးလား”

လူတိုင်းသည် ရှုပ်ထွေးသွားကြသည်။

ကျောက်လက်ဖွဲ့ ထဲရှိ ရှောင်တျောင်းက ဝူယွမ် ၏ စကားကို ကြားပြီးနောက် ချက်ချင်းပင် သတိဝင်လာပြီး သူ၏ ဝိညာဉ်စွမ်းအင် ကို အလင်းတန်းထဲသို့ အလျှင်အမြန် ထည့်သွင်း စစ်ဆေးလိုက်သည်။

“ဟင်၊ ဒါက တကယ် သော့မဟုတ်ဘူး။ အစ်ကိုကြီး၊ အစ်ကိုနှစ်၊ သတိထားကြ။ အဲဒါက ယန္တရားတစ်ခုကို စတင်ဖို့ အစပျိုးပေးတဲ့ အရာပဲ။ ဒီပင်မခန်းမမှာ ထောင်ချောက်တွေ သေချာပေါက် ရှိတယ်”

ရှောင်တျောင်း က ဒေါသတကြီး သတိပေးလိုက်သည်။

“အား၊ အစ်ကို ဝူယွမ်၊ မင်းက တကယ်ကို တစ်လှမ်းစော ရောက်လာခဲ့တာပဲ” ထိုအချိန်တွင် လျူယွမ်နှင့် လင်းကျိတို့လည်း ရောက်ရှိလာခဲ့သည်။

ဝှစ်... ဝှစ်... ဝှစ်... လေတိုးသံများ ထွက်ပေါ်လာပြီး သူတို့၏ အနောက်မှနေ၍ အနက်ရောင် ပုံရိပ်ငါးခု ပင်မခန်းမထဲသို့ အလျင်အမြန် ပြေးဝင်လာသည်။ သူတို့ထဲမှ တစ်ဦးမှာ လက်မရှိသူဘဲ ဖြစ်သည်။ သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ အကြည့်များက ပင်မခန်းမ၏ အနက်ဆုံးနေရာရှိ အလင်းတန်းဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။

“ဒါက ရှေးဟောင်းသော့ ပဲ”

သူတို့၏ မျက်လုံးများထဲတွင် လောဘများ ပြည့်နှက်နေခဲ့သည်။

သို့သော် သူတို့က ချက်ချင်းပင် သတိထားသွားကြသည်။ ဤနေရာတွင် လူအတော်လေး များနေသည်။

သူတို့ ပေါ်လာမှုက ဝူယွမ် နှင့် အခြားသူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

လက်မရှိသူက သူ၏ ခြေထောက်ဖြင့် ဝူယွမ် ကို ညွှန်ပြပြီး ခပ်အက်အက် အသံဖြင့် ပြောလိုက်သည် -

“စီနီယာအစ်ကို မူ၊ ဒါက ကျွန်တော့်ရဲ့ လက်တွေကို ဖြတ်ပြီး ကောင်းကင်အဆောင်သစ်ပင်ကို ခိုးယူသွားတဲ့ ကောင်ပဲ”

စီနီယာအစ်ကိုမူ ဆိုသူက ခန္ဓာကိုယ် ပိန်ချုံးနေပြီး ပါးနပ်သော မျက်လုံးများဖြင့် ဝူယွမ် ကို ကြည့်လိုက်ပြီး သူက အေးစက်စွာ ပြောလိုက်သည်၊ “မင်း ငါတို့ နတ်ဆိုးကျောက်တုံးပြည်ထောင်စု က ပစ္စည်းကို ခိုးယူရဲပြီး ငါတို့လူတွေကို တိုက်ခိုက်ရဲတယ်ပေါ့။ ကောင်းပြီ၊ မင်းမှာ သတ္တိ အတော်လေး ရှိတာပဲ”

“နတ်ဆိုးကျောက်တုံးပြည်ထောင်စု”

ဤနာမည်ကို ကြားသောအခါ လျူယွမ်နှင့် လင်းကျိတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။ သူတို့အားလုံး ဤပြည်ထောင်စု ၏ ဂုဏ်သတင်းကို ကြောက်ရွံ့ကြကြောင်း သိသာသည်။

“ဟဲဟဲ၊ ငါ့ရဲ့ သတ္တိက မင်းတို့ ထင်ထားတာထက် ပိုကြီးတယ်” ဝူယွမ်က မထီမဲ့မြင်ပြုသည့် လေသံဖြင့်ပြောပြီး ပြုံးပြလိုက်သည်။

ထို့နောက် သူက ချက်ချင်းဘဲ လက်ဝါးတစ်ချက်ဖြင့် အနက်၀တ်လူငါးဦးကို ရိုက်ချလိုက်သည်။

All Chapters