← Chapters

လေချိုင့်၀ှမ်းတောင်ကြား၌ ဆိုင်းအင် ဝင်ကာ နှလုံးကြွေ မီးတောက်အား ပိုင်ဆိုင်ရရှိခြင်း

Vol. 16 Ch. 156

လေချိုင့်၀ှမ်းတောင်ကြား၌ ဆိုင်းအင် ဝင်ကာ နှလုံးကြွေ မီးတောက်အား ပိုင်ဆိုင်ရရှိခြင်း

Vol. 16 Ch. 156

“နတ်ဆိုးကျောက်တုံး ပြည်ထောင်စုဆိုတာ ဘယ်လိုအဆင့်အတန်းမှာ မို့လို့လဲ။” ဝူယွမ်က စိတ်ထဲ၌ မေးခွန်းထုတ်မိလိုက်သည်။ ဤနေရာသက ရှေးဟောင်းစစ်မြေပြင်ဖြစ်ပြီး အားလုံးက အသက်လုတိုက်ခိုက်ယှဉ်ပြိုင်ရန် ရောက်ရှိနေကြခြင်းသာ ဖြစ်၏။ မည်သူက ပြည်ထောင်စုအရှိန်အဝါကို ဂရုစိုက်နေမည်နည်း။ ဤမျှကြီးမားသော တိုက်ပွဲကြီးတွင် ထူးချွန်ပြောင်မြောက်လိုပါက ပြည်ထောင်စုအသီးသီးမှ ပြိုင်ဘက်ပေါင်းစုံကို ချေမှုန်းပစ်ရမည်သာ ဖြစ်သည်။

ဤငနုံငအအချို့က သူတို့ပြည်ထောင်စု၏ ဂုဏ်သတင်းကို အသုံးပြုပြီး သူ့ကို ဖိအားပေးချင်နေကြသည်။ ဝူယွမ်ကတော့ ထိုအကွက်မျိုးကို ကြောက်ရွံ့မနေပေ။ ထို့အပြင် သူ့တွင် ထိုအရာများကို ဂရုမစိုက်ဘဲနေနိုင်သည့် အင်အားအလုံအလောက် ရှိပြီးသား ဖြစ်သည်။

ကြီးမားလှသော ယွမ်စွမ်းအင် လက်ဝါးကြီးတစ်ခုက ထိုလူငါးဦးထံသို့ ပြင်းထန်စွာ ဆင်းသက်လာသည်။ သူတို့၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားပြီး အလျင်အမြန် ရှောင်တိမ်းရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့၏ ပတ်ဝန်းကျင်တစ်ခုလုံးက မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ချိပ်ပိတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။ လူတိုင်းက ကြီးမားသော ဆွဲငင်အား ဖိနှိပ်မှုကို ခံစားလိုက်ရပြီး လေပေါ်သို့ ပျံသန်း၍ပင် မရနိုင်တော့ပေ။

ဝူယွမ်က တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် “ခမ်းနားသော တောင်ကိုယ်ခန္ဓာ”၏ ဆွဲငင်အား ဖိနှိပ်မှုကိုပါ တခါတည်း ထုတ်ဖော်လိုက်ရာ သူတို့အတွက် ထွက်ပြေးလွတ်မြောက်ရန် လမ်းစမရှိတော့ချေ။

“မလုပ်ပါနဲ့။”

သူတို့ထဲမှ အချို့က မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်ကြသည်။

“ဘုန်း။”

သို့သော်လည်း ယွမ်စွမ်းအင် လက်ဝါးကြီးက ညှာတာမှုကင်းမဲ့စွာဖြင့် ဖိချေလိုက်လေသည်။ ပိန်လှီနေသော လူတစ်ယောက်သာလျှင် ဆွဲငင်အား ဖိနှိပ်မှုမှ ရုန်းထွက်ပြီး လက်ဝါးကြီး၏ တိုက်ခိုက်မှုစက်ကွင်းမှ လွတ်မြောက်သွားခဲ့သည်။

သွေးအိုင်များ စီးဆင်းလာပြီး လက်နှစ်ဖက်ပြတ်နေသော နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူအပါအဝင် ကျန်လေးဦးစလုံးမှာ အသားစိုင်၊ အသားပြားများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

“မင်း... မင်းက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ။”

ချန်မုက ဝူယွမ်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ ဤအခြေအနေက သူ၏ စိတ်ကူးယဉ်နိုင်စွမ်းကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။ ယခင်က သူက လင်းတုန်ကိုသာ ကြောက်ရွံ့ခဲ့ဖူးသည်။ သို့သော် ယခု ဝူယွမ် ထုတ်ဖော်တိုက်ခိုက်လိုက်သည့် စွမ်းအားက လင်းတုန်ထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ကွက်တစ်ခုတည်းဖြင့် ချက်ချင်းသတ်ဖြတ်နိုင်သော စွမ်းအားမျိုး သူကိုယ်တိုင်ပင် မပိုင်ဆိုင်ထားပေ။ ယခုပင်လျှင် သူက ဝူယွမ်၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ သူက သာမန် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ သူက နိဗ္ဗာန်အဆင့် အဆင့်တစ်ကို တက်လှမ်းရန် ကြိုးစားခဲ့ဖူးပြီး နိဗ္ဗာန်ကပ်ဘေးကို တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးသူဖြစ်သည်။ ထိုအဆင့်တက်လှမ်းခြင်းမှာ မအောင်မြင်ခဲ့သော်လည်း သာမန် နိဗ္ဗာန်အဆင့်များထက် များစွာသာလွန်သော အကျိုးကျေးဇူးများကို ရရှိထားသူဖြစ်သည်။

သို့သော် ဝူယွမ်က သူ့ကို ချက်ချင်းသတ်ဖြတ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် ဝူယွမ်၏ စွမ်းအားက အနည်းဆုံး နိဗ္ဗာန်အဆင့် အဆင့်တစ်သို့ ရောက်ရှိနေပြီ ဒါမှမဟုတ် ထိုအဆင့်နှင့် အလွန်နီးစပ်နေပြီဟု ဆိုနိုင်သည်။ နတ်ဆိုးကျောက်တုံး ပြည်ထောင်စု၏ အကြီးဆုံးတပည့်မှလွဲ၍ မည်သူမျှ ဤအဆင့်ကို မပိုင်ဆိုင်ပေ။ ဤအခြေအနေတွင် နတ်ဆိုးကျောက်တုံး ပြည်ထောင်စုဟူသော အမည်က ဝူယွမ်အပေါ် မဟန့်တားနိုင်ချေ။

“ဟဲဟဲ... မင်းက ငါ့လက်ကနေ လွတ်အောင်ပြေးနိုင်တယ်ဆိုတော့ စွမ်းအားအနည်းငယ်တော့ ရှိသားပဲ။”

ဝူယွမ်က အေးစက်စွာ ပြုံးရင်း ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကာ နောက်ထပ် ယွမ်စွမ်းအင် လက်ဝါးကြီးတစ်ခု ချန်မုထံသို့ ဦးတည်လာသည်။

“အသက်ချမ်းသာပေးပါ။”

ချန်မု၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများပြန်လာပြီး ခြေထောက်များ ပျော့ခွေကာ ဒူးထောက်လျက် အသနားခံလိုက်သည်။

“အသက်ချမ်းသာပေးရမယ် ဟုတ်လား။ မင်းကို အရှင်ထားထားရင် ငါ့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ။”

ဝူယွမ်က လက်ဝါးကို ရိုက်ချလိုက်သော်လည်း သူ့ကိုတစ်ခါတည်း မသတ်ဘဲ မြေကြီးပေါ်သို့ ဖိချထားလိုက်သည်။

“ကျွန်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ နိဗ္ဗာန်ဆေးလုံးတွေ ပေးပါ့မယ်။ နတ်ဆိုးကျောက်တုံး ပြည်ထောင်စုက ခင်ဗျားကို နိဗ္ဗာန်ဆေးလုံး ငါးသိန်း... မဟုတ်ဘူး... ရှစ်သိန်း ပေးပါလိမ့်မယ်။”

ချန်မုက တုန်ရီစွာဖြင့် အလျင်အမြန် ပြောဆိုလိုက်သည်။

“ဪ... ဟုတ်လား။ ဒါဆိုလည်း မင်းအသက်ကို ချမ်းသာပေးပြီး နတ်ဆိုးကျောက်တုံး ပြည်ထောင်စုက လာရွေးမယ့်အချိန်ကို စောင့်တာပေါ့။”

ဝူယွမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ မူရင်းဝတ္ထုထဲတွင် လင်းတုန်သည်လည်း နတ်ဆိုးကျောက်တုံး ပြည်ထောင်စုမှ လူများကို ပြန်ပေးဆွဲပြီး နိဗ္ဗာန်ဆေးလုံးများနှင့် လဲလှယ်ခဲ့ဖူးသည်ကို သူသတိရသွားသည်။ ရုတ်တရက် ပေါ်လာသော စိတ်ကူးအရ သူလည်း ထိုနည်းအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤကောင်က သူ့အတွက် ခြိမ်းခြောက်မှု မရှိတော့သလို သတ်လိုက်လျှင်လည်း ကြီးမားသော အကျိုးအမြတ်မရနိုင်ပေ။ နတ်ဆိုးကျောက်တုံး ပြည်ထောင်စုနှင့် ညှိနှိုင်းရန် အသုံးချခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။

နတ်ဆိုးကျောက်တုံး ပြည်ထောင်စုက ဤရှေးဟောင်းစစ်မြေပြင်တွင် အလွန်မောက်မာပြီး ဗိုလ်ကျစိုးမိုးလေ့ရှိသည်။ ယခု ဝူယွမ်ကို စော်ကားမိပြီဖြစ်သောကြောင့် သင်ခန်းစာ အပေးခံရမည်မှာ သဘာဝပင်ဖြစ်သည်။ ဝူယွမ်က ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ရူန်းတစ်ခုကို အသုံးပြု၍ ချန်မု၏ ယွမ်စွမ်းအင်ကို ပိတ်ဆို့လိုက်ပြီးနောက် မိုလင်းကို ကြိုးတုပ်ခိုင်းလိုက်သည်။

“ဟိုမှာ ရှေးဟောင်းသော့ပဲ။”

ထိုအချိန်တွင် အဆင့်မြင့်ပြည်ထောင်စုနှစ်ခုမှ ဟွာယွမ်နှင့် ဝူမိုတို့လည်း ရောက်ရှိလာကြသည်။ အလင်းအစုအဝေးကို မြင်လိုက်သည်နှင့် သူတို့က အံ့သြတကြီးဖြင့် ချက်ချင်း လုယူရန် လှုပ်ရှားလိုက်ကြသည်။ သို့သော် လင်းတုန်က သူတို့နှစ်ဦး၏ ရှေ့သို့ ရုတ်ချည်း ရောက်ရှိလာခဲ့သည်။ လင်းတုန်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ဟွာယွမ်တို့နှစ်ယောက်စလုံး စိတ်ဓာတ်များ ချက်ချင်း ကျဆင်းသွားတော့သည်။ သူတို့က ချက်ချင်း အသိဝင်လာကာ ခြေတစ်လှမ်းစီ နောက်ဆုတ်လိုက်ကြသည်။ မဟာယန်ပြည်ထောင်စု ရှိနေသမျှ ကာလပတ်လုံး သူတို့အလှည့် ရောက်နိုင်ဖို့မဖြစ်ပေ။

ရှေးဟောင်းသော့က မျက်စိရှေ့မှောက်တွင် ရှိနေသော်လည်း မည်သူမျှ မလှုပ်ရဲကြပေ။ အားလုံးက ဝူယွမ်နှင့် လင်းတုန်ကိုသာ ကြည့်နေကြပြီး သူတို့ ဘာကြောင့် မယူကြသေးသလဲဟုသာ တွေးတောနေကြသည်။

ရုတ်တရက် အနီရောင် အရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာပြီး အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ပင်မခန်းမဆောင်ထဲသို့ ရောက်ရှိလာသည်။ သူမ၏ လက်ထဲမှ အနီရောင်ဖဲကြိုးတစ်ခုသက အလင်းအစုအဝေးဆီသို့ ပျံသန်းသွားပြီး အတွင်းမှ သော့ကို လုယူရန် ကြိုးစားလိုက်သည်။ အနီရောင်ဖဲကြိုးသည် လျင်မြန်စွာ ပျံသန်းသွားပြီး ချက်ချင်း ပြန်ရောက်လာသည်။ သို့သော် အလင်းအစုအဝေးမှာတော့ ထိုနေရာတွင် ကျန်ရှိနေဆဲဖြစ်သည်။

ထိုအနီရောင်ဖဲကြိုးက မည်သည့်အရာကိုမျှ ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။

“ဘယ်သူလဲကွ။”

လင်းတုန်က အော်ဟစ်လိုက်ပြီး အနီရောင်ဖဲကြိုးပိုင်ရှင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ လူများ၏ အကြည့်များသည်လည်း ဖဲကြိုးနောက်သို့ လိုက်ပါသွားကာ ပင်မခန်းမဆောင်ရှိ တိုင်တစ်တိုင်ပေါ်တွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး လေထဲတွင် ရပ်နေတာကို တွေ့လိုက်ကြရသည်။ သူမက လှပသော မျက်ဝန်းများ၊ သေးသွယ်သောခန္ဓာနှင့်အတူ အလွန်အမင်း ချောမောလှပသည်။ အနီရောင်ဖဲကြိုးက သူမထံသို့ ပြန်ရောက်လာပြီး သွယ်လျသော ခါးလေးကို ရစ်ပတ်လိုက်ရာ လူတိုင်း အားကျရလောက်သည့် သူမ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ပြည့်ဖြိုးသော ရင်သားများကို ထင်ရှားပေါ်လွင်သွားစေသည်။

“ဒါက ရှေးဟောင်းသော့အစစ် မဟုတ်ဘူးပဲ။ ကံဆိုးလိုက်တာ။”

ထိုအမျိုးသမီးက နှုတ်ခမ်းဆူလျက် ညည်းတွားလိုက်သည်။

“ရင်သားသာကြီးပြီး ဦးနှောက်မရှိလိုက်တာ။ ဒါက ယန္တရားကို မောင်းနှင်တဲ့ သော့ပဲ။ တကယ်လို့သာ ရှေးဟောင်းသော့အစစ်ဆိုရင် မင်းလာယူဖို့ စောင့်နေမယ် ထင်နေတာလား။”

ဝူယွမ်က စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်။

“ရှင်...”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ဝူယွမ်၏စကားကိုကြားပြီး ဒေါသထွက်လွန်းသဖြင့် ခန္ဓာကိုယ်ပင် တုန်ခါသွားခဲ့သည်။

“ဂလုန်း။”

ထိုအချိန်တွင် ပင်မခန်းမဆောင်တစ်ခုလုံး တုန်ခါသွားသကာ နံရံများထဲတွင် မြှုပ်နှံထားသော ကျောက်ရုပ်များက ရုတ်တရက် အသက်ဝင်လာကြပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ကြသည်။ ထိုကျောက်ရုပ်များထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များက နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးထက် မလျော့နည်းသောကြောင့် ခန်းမအအတွင်း ရှိနေသူအားလုံး မျက်နှာပျက်သွားကြသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ကျောက်ရုပ်အရေအတွက် အလွန်များပြားနေခြင်းပင်ဖြစ်သည်။

ကျောက်ရုပ်များက တစ်ရုပ်ပြီးတစ်ရုပ် ထွက်ပေါ်လာခဲ့သည်။

“ရှီး...”

အားလုံး အသက်ရှူမှားသွားကြသည်။ နံရံမှ ခုန်ထွက်လာသော ကျောက်ရုပ်ပေါင်း တစ်ဒါဇင်ကျော် ရှိနေသည်။ ဆိုလိုသည်မှာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် ရှိနေခြင်းပဲဖြစ်သည်။

“မြန်မြန် ဆုတ်ကြ။”

ဟွာယွမ်၊ မိုလင်းနှင့် အခြားသူများက ချက်ချင်း အော်ဟစ်လိုက်ကြသည်။ နိဗ္ဗာန်အဆင့် ကျောက်ရုပ် ဆယ်ခုကျော်ကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် အားလုံး စိတ်ပျက်အားငယ်သွားကြသည်။ သို့သော် သူတို့ လှည့်လိုက်သည်နှင့် တပြိုင်နက် ကျောက်ရုပ်နှစ်ခုက ပင်မခန်းမဆောင်၏ ဝင်ပေါက်သို့ ခုန်ဆင်းလာပြီး လမ်းကို လုံးဝပိတ်ဆို့ထားလိုက်လေသည်။

ယခုတော့ ထွက်ပြေးစရာလမ်း မရှိတော့ပေ။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမ၏ မိုက်မဲမှုကြောင့် ထောင်ချောက်မိသွားပြီကို သိလိုက်ရ၍ တုန်လှုပ်သွားသည်။

မဟာယန်ပြည်ထောင်စုမှ လူအများစုမှာ ဝင်ပေါက်တွင် စုဝေးနေကြရာ ယခုကဲ့သို့ နိဗ္ဗာန်အဆင့် ကျောက်ရုပ်များနှင့် ရင်ဆိုင်ရပါက အသေအပျောက် များပြားနိုင်သည်။ သူနှင့် လင်းတုန်တို့ မည်မျှပင် သန်မာစေကာမူ ဤကျောက်ရုပ်အားလုံးကို တပြိုင်နက်တည်း ဟန့်တားရန် မဖြစ်နိုင်ပေ။

ဝူယွမ်တွင် ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်မိကျောင်း အရိုးရုပ်သေးကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်ရသည်။

သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ပင်မခန်းမဆောင်အတွင်း အဖြူရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။

ကြီးမားလှသော ကောင်းကင်မိကျောင်း အရိုးရုပ်သေး၏ အရိုးခန္ဓာကိုယ်ကြီး ပေါ်လာသောအခါ ကျယ်ဝန်းသော ခန်းမဆောင်ကြီးသည်ပင် ကျဉ်းမြောင်းသွားသကဲ့သို့ ထင်ရသည်။ ကျောက်ရုပ်များက အရိုးရုပ်သေး ပေါ်လာတာကို မြင်သည်နှင့် ကြီးမားသော ကျောက်လက်သီးများဖြင့် အရိုးရုပ်သေးကို ပြင်းထန်စွာ ထိုးနှက်လိုက်ကြကာ လေထုသည် သူတို့၏ လက်သီးများအောက်တွင် ဖိသိပ်ခံရပြီး မမြင်နိုင်သော လေပြင်းများအဖြစ် အရိုးရုပ်သေးကို ရစ်ပတ်တိုက်ခိုက်လိုက်ကြသည်။

သို့သော် ယခုအခါ အရိုးရုပ်သေးက နိဗ္ဗာန်အဆင့် အဆင့်တစ် ကျင့်ကြံသူနှင့် ယှဉ်နိုင်သော အဆင့်တစ် ဝိညာဉ်ရုပ်သေး ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် ရုပ်၏ အရိုးစုများက အသက်ရှင်စဉ်က ဆန်းကြယ်ရှင်သန်ခြင်းအဆင့် အထက်တွင် ရှိခဲ့သောကြောင့် ဤနိဗ္ဗာန်အဆင့် ကျောက်ရုပ်များ၏ တိုက်ခိုက်မှုလောက်ဖြင့် မည်သို့မျှ မပျက်စီးနိုင်ပေ။

ကောင်းကင်မိကျောင်း အရိုးရုပ်သေး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ကျောက်ရုပ်တစ်ဒါဇင်ကျော်ကို ထိပ်တိုက်ရင်ဆိုင် ဟန့်တားထားလိုက်သည်။ ဝူယွမ်ကတော့ ဝင်ပေါက်ရှိ ကျောက်ရုပ်နှစ်ခုကို ရှင်းလင်းရန် လှည့်လိုက်သည်။ သူက လေးလံထောင်တောင်ထိပ်ကို ထုတ်ပြီး ကျောက်ရုပ်နှစ်ခုကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ၎င်းတို့မှာ ခန်းမဆောင်အပြင်ဘက်သို့ လွင့်စင်သွားပြီး လမ်းပွင့်သွားတော့သည်။

“ညီနှစ်... သူတို့ကို ခန်းမအပြင် အရင်ခေါ်ထုတ်သွားပြီး ငါ့ကို အပြင်မှာ စောင့်နေလိုက်။”

ဝူယွမ်က လင်းတုန်နှင့် အခြားသူများကို ထွက်ခွာခိုင်းလိုက်ပြီး သူကတော့ ကျောက်ရုပ်များကို ဆက်လက်ရှင်းလင်းရန် ခန်းမဆောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ယခု ပင်မခန်းမဆောင်ထဲတွင် သူနှင့် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသာ ကျန်ရစ်တော့သည်။

“ရှင်က အနက်ရှိုင်းဆုံး ဖုံးကွယ်ထားနိုင်တဲ့သူ ဖြစ်နေမယ်လို့ မထင်ထားမိဘူး။ မောင်လေးက မမကို တကယ်အံ့သြစေတာပဲ။ သာမန် နိဗ္ဗာန်အဆင့်တွေကို ကျော်လွန်တဲ့ တိုက်ခိုက်စွမ်းရည် ရှိရုံတင်မကဘူး။ ဒီလောက်စွမ်းအားကြီးတဲ့ အဆင့်တစ် အရိုးဝိညာဉ်ရုပ်သေးကိုပါ ပိုင်ဆိုင်ထားတာပဲ။”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက အံ့သြတကြီး ရေရွတ်လိုက်သည်။ ကောင်းကင်မိကျောင်း အရိုးရုပ်သေးက ကျောက်ရုပ်များကို ဟန့်တားထားပေးသောကြောင့် သူမအပေါ် ဖိအားမရှိတော့ပေ။

“အသက်ကြီးတာနဲ့ပဲ အစ်မကြီးလို လုပ်လို့ရမယ် မထင်နဲ့။ ငါလည်း မငယ်တော့ဘူး။ ငါ့ကို ‘မောင်လေး’ လို့ နောက်တစ်ခါ ထပ်ခေါ်ရင် မင်းကို ကြမ်းပြင်မှာ ဖိပြီး ရိုက်ပစ်မယ်ဆိုတာ ယုံထားလိုက်။”

ဝူယွမ်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။ ဝူယွမ်သည် လေချိုင့်၀ှမ်းတောင်ကြား အပြင်ဘက်၌ ရှိစဉ်ကတည်းက ဤအမျိုးသမီးကို သတိထားမိခဲ့သည်။ သူမက အနက်ရှိုင်းဆုံး ပုန်းအောင်းနေသူဖြစ်ကာ မူရင်းဝတ္ထုတွင် လင်းတုန်လက်ထဲမှ ရှေးဟောင်းသော့ကို လုယူနိုင်လုနီးပါး ဖြစ်ခဲ့သူမှာလည်း သူမပင်ဖြစ်သည်။

“အို... မောင်လေးက တကယ် ရက်စက်တာပဲ။ မမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေးက မောင်လေးရဲ့ နှိပ်စက်မှုကို ခံနိုင်မှာ မဟုတ်ဘူးနော်...”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ညုတုတု‌ေလသံဖြင့် ပြောလိုက်သည်။

“တော်တော့... တော်တော့... ရပ်လိုက်တော့။ ငါ့ကို လာမမြှူဆွယ်နဲ့။ မင်းက ဘယ်လိုလူမျိုးလဲဆိုတာ ငါသိပြီးသား။ မင်း ဘာပဲပြောပြော ရှေးဟောင်းသော့ကို ငါပေးမှာ မဟုတ်ဘူး။”

ဝူယွမ်က သူမ၏ စကားကို ပြတ်သားစွာ ဖြတ်ပြောလိုက်သည်။

“ဒီလောက်စွမ်းအားကြီးတဲ့ အရိုးဝိညာဉ်ရုပ်သေး ရှိနေမှတော့ မမက ဘယ်လိုလုပ် လုယူနိုင်မှာလဲ။ အဲ့ဒီ ရှေးဟောင်းသော့က မောင်လေးအပိုင်ပါပဲ။ မမက မောင်လေးရဲ့ စွမ်းရည်ပြတာကို ကြည့်ချင်လို့နဲ့ မိတ်ဆွေဖွဲ့ချင်လို့ နေခဲ့တာပါ။”

ထိုအမျိုးသမီးက တိုးညှင်းစွာ ပြောလိုက်သည်။

“မိတ်ဆွေဖွဲ့တာက ရှေးဟောင်းသော့ ရပြီးမှ လုပ်လို့ရတယ်။ အခု မင်းမသွားရင် ငါယဉ်ကျေးနေမှာ မဟုတ်တော့ဘူး။”

ဝူယွမ်က ဂရုမစိုက်သလို ပြောလိုက်သည်။

“ရက်စက်လိုက်တာ။ ဒါဆိုလည်း မမ သွားတော့မယ်။ အပြင်မှာ စောင့်နေမယ်နော်။ မြန်မြန်ထွက်လာခဲ့။”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက နှုတ်ခမ်းစူလျက် ခန်းမဆောင်အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။ ထိုအချိန်ကြမှ ဝူယွမ်က ကျောက်ရုပ်များကို စတင်လေ့လာလိုက်သည်။ ခဏကြာသောအခါ ကျောက်ရုပ် ခုနစ်ခု၊ ရှစ်ခုခန့်ကို အရိုးရုပ်သေးက ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

ယခုအခါ ဤကျောက်ရုပ်များကို ဖျက်ဆီးရန် ယန္တရားရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ဝူယွမ်အတွက် သိပ်မထူးခြားတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်မိကျောင်း အရိုးရုပ်သေးက အင်အားသုံး၍ အကုန်ဖျက်ဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ရှေးဟောင်းသော့အစစ်ကို မတွေ့ရသေးသောကြောင့် ဝူယွမ်က သေချာ ဆက်လက်လေ့လာနေသည်။

သူ၏ အကြည့်က ပင်မခန်းမဆောင်၏ အလယ်ဗဟိုရှိ နံရံတစ်ခုပေါ်သို့ ရောက်သွားသည်။ ထိုနေရာတွင် ကျောက်ရုပ်တစ်ခုကို မြှုပ်နှံထားသည်။ ဤကျောက်ရုပ်က အခြားကျောက်ရုပ်များနှင့် မတူပေ။ အခြားကျောက်ရုပ်များက ဘေးတိုက်အနေအထား အမျိုးမျိုးဖြင့် ရှိနေကြသော်လည်း ဤတစ်ခုက ခန်းမဆောင်ကို မျက်နှာမူ၍ အပေါ်စီးမှ ကြည့်နေသောကြောင့်ဖြစ်သည်။ သို့သော် မည်သည့်အနေအထားဖြင့် ရှိနေသည်ဖြစ်စေ ဤကျောက်ရုပ်အားလုံးက လူတစ်ယောက်တည်းကို ပုံဖော်ထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အလယ်ဗဟိုရှိ ကျောက်ရုပ်မှလွဲ၍ ကျန်ကျောက်ရုပ်များအားလုံး လှုပ်ရှားနေကြသည်။ ဝူယွမ်က ထိုကျောက်ရုပ်ကို သေချာ ကြည့်လိုက်ရာ ခန်းမဆောင်အတွင်းရှိ တိုက်ပွဲကို ငြိမ်သက်စွာ ထိုင်ကြည့်နေသကဲ့သို့ ရှိသည်။ ဧကရာဇ်တစ်ပါးသဖွယ် အမူအရာက ဝူယွမ်ကို အလွန် စိတ်မကြည်မလင် ဖြစ်စေခဲ့သည်။

အဓိက ယန္တရားက ထိုနေရာတွင် ရှိနေကြောင်း ဝူယွမ် သိလိုက်ပြီး သူက မဆိုင်းမတွပင် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ခရမ်းရွှေရောင် လက်သီးချက်က အလယ်ဗဟိုကျောက်ရုပ်ကို ထိမှန်သွားကာ ပြင်းထန်သော လက်သီးချက်အောက်တွင် ကျောက်ရုပ်ပေါ်၌ အက်ကြောင်းများ ချက်ချင်းပေါ်လာပြီး “ဘုန်း” ခနဲ ပေါက်ကွဲထွက်သွားခဲ့သည်။

ကျောက်စများ လွင့်စင်သွားချိန်တွင် အလင်းအစုအဝေးတစ်ခက ကျောက်ရုပ်ထဲမှ ရုတ်တရက် ပျံထွက်လာသည်။ ထိုအလင်းအစုအဝေး ပေါ်လာသည်နှင့် တပြိုင်နက် ခန်းမဆောင်အတွင်း မပျက်စီးဘဲ ကျန်ရှိနေသော ကျောက်ရုပ်များအားလုံး ရုတ်တရက် ရပ်တန့်သွားပြီး ရုပ်တုများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားကြသည်။

ယန္တရား ပျက်စီးသွားပြီဖြစ်ကာ ဝူယွမ်က ကောင်းကင်မိကျောင်း အရိုးရုပ်သေးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ပျံထွက်လာသော အလင်းအစုအဝေးကို ကြည့်လိုက်ရာ ယခင် ခန်းမဆောင်အတွင်းရှိခဲ့သော မှုန်ဝါးဝါး အလင်းအစုအဝေးနှင့် တူညီနေပြီး ယခုအခါ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီဖြစ်သည်။

အလင်းအစုအဝေးက လှုပ်ရှားသွားပြီး အတွင်း၌ သေသပ်လှပသော ရှေးဟောင်းသော့တစ်ခု ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကာ စိတ်နှလုံးကို တုန်လှုပ်စေသော ထူးဆန်းသည့် လှိုင်းဂယက်များ ထုတ်လွှင့်နေသည်။ ဝူယွမ်က ချက်ချင်းဘဲ ပျံသန်းသွားပြီး လှမ်းဖမ်းလိုက်သည်။

ဝူယွမ်၏ လက်ဝါးနှင့် အလင်းအစုအဝေး ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ရုတ်တရက် တုန်ခါသွားပြီး ပြင်းထန်သော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။ အလင်းတန်းတစ်ခုက အလင်းအစုအဝေးမှ ထွက်ပေါ်လာပြီး ဝူယွမ်ကို လျင်မြန်စွာ လွှမ်းခြုံလိုက်သည်။ နောက်တစ်ခဏတွင် ဝူယွမ်၏ ပုံရိပ်က ပင်မခန်းမဆောင်အတွင်းမှ ဆန်းကြယ်စွာ ပျောက်ကွယ်သွားလေတော့သည်။

ဤအလင်းအစုအဝေးက တယ်လီပို့ လုပ်ဆောင်ပေးသည့် နေရာတစ်ခုပဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့် ခဏတာအတွင်း ဝူယွမ်က စိတ်အာရုံ၏ နက်ရှိုင်းသော နေရာမှ မူးဝေမှုကို ခံစားလိုက်ရပြီး မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားသည်။ သို့သော် ဤပြောင်းလဲမှုက သူ၏ မျှော်လင့်ထားချက်အတွင်း၌သာ ရှိသည်။

မကြာမီ ဝူယွမ်က တည်ငြိမ်သွားပြီး မျက်စိရှေ့မှ အမှောင်ထုနေရာ ရုတ်တရက် ကွဲကြေသွားကာ မှိန်ဖျဖျ အလင်းရောင်ဖြင့် အစားထိုးလိုက်ကာ မြင်ကွင်းသစ်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ၎င်းက အနက်ရောင်ကျောက်တုံးများ ခင်းကျင်းထားပြီး ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေသော အလွန်ကျယ်ဝန်းသည့် ရင်ပြင်တစ်ခုဘဲဖြစ်သည်။

သူ၏ အကြည့်က ရင်ပြင်အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုထံသို့ ချက်ချင်း ရောက်သွားကာ ထိုပုံရိပ်တွင် အသက်စွမ်းအင် မရှိတော့ဘဲ အရိုးစုသာ ကျန်တော့သည်။ ဝူယွမ်က ညင်သာစွာ ခုန်ဆင်းလိုက်ပြီး အရိုးစုရှေ့သို့ ရောက်သွားသည်။ အသက်စွမ်းအင် ကင်းမဲ့နေသည်မှလွဲ၍ ထိုအရိုးစုက သက်ရှိလူတစ်ယောက်ကဲ့သို့ အလွန်ပြည့်စုံနေသည်။ အရိုးစု၏ ပုံပန်းသဏ္ဍာန်က စောစောက ပင်မခန်းမဆောင်ရှိ ကျောက်ရုပ်များနှင့် အတူတူပင်ဖြစ်သည်။

“သူက ဒါတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူပဲ။”

ဝူယွမ် သက်ပြင်းချလိုက်မိသည်။ ဤမျှ စေ့စပ်သေချာသော အစီအမံများ ဖန်တီးခဲ့ခြင်းမှာ အတော်ပင် ပင်ပန်းခက်ခဲပေလိမ့်မည်။ ဝူယွမ်က အရိုးစု၏ လက်များကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ လက်ထဲတွင် အဝါရောင် ရှေးဟောင်းသော့တစ်ခု ရှိနေသည်။

အစစ်အမှန် ရှေးဟောင်းသော့ကို နောက်ဆုံးတော့ တွေ့ပြီ။

လက်ဝါးနှစ်ဖက်စာခန့် အရွယ်အစားရှိသော ဤသော့က သစ်သားမဟုတ်၊ သတ္တုလည်းမဟုတ်သော ထူးခြားသည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်။ သော့အပေါ်တွင် ထူးဆန်းသော ပုံစံများ ဖုံးလွှမ်းထားပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခု ခပ်ရေးရေး ထွက်ပေါ်နေသည်။

ဝူယွမ်က ရှေးဟောင်းသော့ကို ကောက်ယူလိုက်ပြီး သေချာ စစ်ဆေးကြည့်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို ရှေးဟောင်းသော့အတွင်းသို့ စီးဆင်းစေလိုက်သည်။ ချက်ချင်းဆိုသလို ထူးဆန်းသော ခံစားချက်တစ်ခု ရရှိလိုက်ပြီး ဤနေရာလွှတ်ကို ထိန်းချုပ်နိုင်သည့် အာရုံတစ်ခု ရရှိလာသည်။

“ဒါက ရှေးဟောင်းသော့ရဲ့ ကိုယ်ပိုင်ကမ္ဘာပဲ။”

သူရောက်ရှိနေသော နေရာက ရှေးဟောင်းသော့၏ အတွင်းကမ္ဘာဖြစ်ကြောင်း ဝူယွမ် ချက်ချင်း နားလည်လိုက်သည်။ “မဟာရှေးဟောင်း ကျောက်တိုင်” ကဲ့သို့ပင် ဤရှေးဟောင်းသော့သည်လည်း ကိုယ်ပိုင်နေရာလွှတ် ပါရှိသော ဝိညာဉ်ရတနာလက်နက် တစ်ခုဖြစ်သည်။ ဂိုဏ်းကြီးများမှ ပစ္စည်းများက အမှန်တကယ်ပင် ကွဲပြားခြားနားလှသည်။ သာမန်သော့တစ်ချောင်းကပင် စွမ်းအားကြီးသော လုပ်ဆောင်ချက်များကို ပိုင်ဆိုင်ထားသည်။

[ဒင်! လေချိုင့်၀ှမ်းတောင်ကြားသို့ ရောက်ရှိပါပြီ။ ဆိုင်းအင် ဝင်လိုပါသလား။]

ထိုအချိန်တွင် စနစ် ၏ အချက်ပေးသံ ထွက်ပေါ်လာသည်။

“ဆိုင်းအင် ဝင်မယ်။”

[ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် : နှလုံးကြွေ မီးတောက် ]

[နှစ်လုံးကြွေ မီးတောက် : ကောင်းကင်ဘုံနှင့်စစ်ပြိုင်ခြင်းBtthထဲရှိ ထူးခြားမီးတောက်များစာရင်း တွင် အဆင့် ဆယ့်လေး ဝင်သော မီးတောက်ဖြစ်သည်။ မီးတောက်ကို သန့်စင်နိုင်သူများက နှလုံးကြွေမီးတောက်၏ အဆက်မပြတ် သန့်စင်ပေးမှုကို ခံယူနိုင်ပြီး ကျင့်ကြံခြင်းအဆင့် တက်နှုန်းကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။]

“ဆိုင်းအင် ဝင်ရုံနဲ့ ဒီရတနာကို ရမယ်လို့ မထင်ထားမိဘူး။ တကယ့်ကို အံ့သြစရာပဲ။”

လင်းတုန်နှင့် ဆင်တူသော ဘဝအတွေ့အကြုံရှိသည့် လူငယ်တစ်ယောက်ကို တွေးမိရင်း ဝူယွမ် မရယ်ဘဲ မနေနိုင်တော့ပေ။ ရှေးဟောင်းသော့ကို ရရှိပြီးနောက် ဝူယွမ်က ငြိမ်သက်စွာ ထိုင်နေသော အရိုးစုကို ကြည့်ကာ ပြုံးလိုက်သည်။ ဤလူက ဉာဏ်များသော လူအိုကြီးတစ်ယောက်ဖြစ်ကြောင်း သူသိထားသည်။ သေဆုံးပြီးသည့်တိုင်အောင် သူ၏ အလောင်းထဲတွင် လှည့်ကွက်တစ်ခု ကျန်ရှိနေသေးသည်။ ထိုလှည့်ကွက်က နောက်လူများကို ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

သို့သော် ဝူယွမ်က သူ့ကို ရှင်းလင်းရန် အဆင်သင့်မဖြစ်သေးပေ။ လောလောဆယ် ဤသော့ကမ္ဘာထဲတွင်ပင် ဆက်ထား ထားရပေဦီးမည်။ အချိန်ရကာမှ သူ့ကိစ္စကို ဖြေရှင်းရမည်ဖြစ်သည်။

ဝူယွမ်က ထိုနေရာလွတ်မှ ထွက်ခွာလာပြီး လင်းတုန်တို့နှင့် ပြန်လည်ဆုံစည်းရန် အပြင်သို့ ထွက်လာခဲ့သည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည်လည်း သူ့ကို စောင့်မျှော်နေဆဲဖြစ်သည်။

All Chapters