← Chapters

ပိုင်ယွမ် လူသားအသွင်ပြောင်းလဲခြင်း။ သခင်၏စိတ်ကို အသိဆုံး အိမ်မွေးသားရဲ

Vol. 16 Ch. 160

ပိုင်ယွမ် လူသားအသွင်ပြောင်းလဲခြင်း။ သခင်၏စိတ်ကို အသိဆုံး အိမ်မွေးသားရဲ

Vol. 16 Ch. 160

လင်းတုန်က နှုတ်ခမ်းကိုစူကာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးတစ်ခုနှင့် လွဲချော်ခဲ့ရခြင်းကြောင့် သူက အစ်ကိုကြီး၏ ညွှန်ကြားချက်အတိုင်း တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေးလုပ်ရန်သာ တတ်နိုင်တော့သည်။

ယခုအခါ မဟာယန်ပြည်ထောင်စုမှ လူအားလုံး ရောက်ရှိလာကြပြီး မြင့်မားသော ကျောက်တိုင်နန်းဆောင်ထက်တွင် စုရုံးကာ နတ်ဆိုးကျောက်တုံးမြို့တစ်မြို့လုံးကို အထက်စီးမှ ငုံ့ကြည့်နေကြသည်။ နတ်ဆိုးကျောက်တုံးမြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေပြီး၊ နတ်ဆိုးကျောက်တုံးပြည်ထောင်စုကို ချေမှုန်းခဲ့သော ထိုလူက မည်သို့ ဆုံးဖြတ်မည်ကို လူတိုင်းက စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

နတ်ဆိုးကျောက်တုံးပြည်ထောင်စုနှင့် ရင်းနှီးသူများ ဒါမှမဟုတ် သစ္စာခံထားသူများက မဟာယန်ပြည်ထောင်စု၏ လက်စားချေမှုကို ကြောက်ရွံ့သဖြင့် ထောင့်ပေါင်းစုံတွင် တိတ်တဆိတ် ပုန်းအောင်းနေကြရသည်။ နတ်ဆိုးကျောက်တုံးပြည်ထောင်စု အဖွဲ့သားတို့၏ ရုပ်အလောင်းများက တစ်ခုပြီးတစ်ခု စီတန်းလျက်ရှိနေကာ ကြည့်ရှုသူတို့ကို ထိတ်လန့်တုန်လှုပ် စေလျက်ရှိသည်။

သို့သော် ဝူယွမ်က ထိုကဲ့သို့သော အသေးအမွှားလေးများကို လိုက်လံနှိမ်နင်းရန် စိတ်မဝင်စားပေ။ သူက မိုလင်းနှင့် အခြားသူများကို ခေါ်ယူ၍ မြို့ပြင်သို့ ရောက်ရှိနေသော နတ်ဆိုးကျောက်တုံး ပြည်ထောင်စု၏ အကြီးတန်းတပည့် ‘ရှီကွမ်’ အကြောင်းနှင့် မဟာ ရှေးဟောင်းနတ်နန်းတော် သတင်းများကို စုံစမ်းခိုင်းလိုက်သည်။

သိပ်မကြာမီ မိုလင်း ပြန်ရောက်လာပြီး သတင်းပို့လေသည်။ “ခေါင်းဆောင်… နတ်ဆိုးကျောက်တုံးပြည်ထောင်စုရဲ့ အကြီးတန်းတပည့် ရှီကွမ်းက ‘အဆင့်တစ် နိဗ္ဗာန်အဆင့်’ ကို ရောက်နေပြီး ‘အဆင့်နှစ် နိဗ္ဗာန်အဆင့်’ ကိုတောင် အချိန်မရွေး စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ သူက ရှေးဟောင်းအကြွင်းအကျန် နယ်မြေတစ်ခုမှာ နောက်ဆုံး ‘ရှေးဟောင်းသော့’ ကို ရဖို့ တိုက်ခိုက်နေရတာကြောင့် နတ်ဆိုးကျောက်တုံးမြို့ကို ချက်ချင်းပြန်လာနိုင်မှာ မဟုတ်ပါဘူး။ သူ အလုပ်ပြီးတာနဲ့ ရှေးဟောင်း နတ်နန်းတော်ကို တိုက်ရိုက်သွားလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထတယ်။ အခြားပြည်ထောင်စု အတော်များများလည်း အဲဒီကို ဦးတည်နေကြပြီ။ ကျွန်တော်တို့ ဒီကနေသွားရင် ဆယ်ရက်လောက် ကြာပါလိမ့်မယ်”

ဝူယွမ်က ခေါင်းညိတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ “ကောင်းပြီ… ဒါဆိုရင် နတ်ဆိုးကျောက်တုံးမြို့မှာ နှစ်ရက်လောက် အနားယူကြမယ်။ ခုနကရရှိထားတဲ့ တိုက်ပွဲအတွင်းက ပစ္စည်းတွေကို ခွဲဝေယူကြပြီး ဝိညာဉ်ရတနာလက်နက်တွေကို အမြန်ဆုံး သန့်စင်ကြပါ။ သုံးရက်မြောက်နေ့မှာ ရှေးဟောင်းနယ်မြေဆီကို ငါတို့ ထွက်ခွာကြမယ်”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်” မိုလင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ယခုတစ်ကြိမ် တိုက်ပွဲတွင် ရရှိသော ပစ္စည်းများက မနည်းလှပေ။ အဆင့်မြင့်ပြည်ထောင်စုတစ်ခုပီပီ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်များနှင့် ‘ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်’ များလည်း များစွာ ပါဝင်ပြီး နိဗ္ဗာန်ဆေးလုံး သုံးသန်းနီးပါးကိုလည်း သိမ်းဆည်းရရှိခဲ့သည်။ ဤပစ္စည်းများကြောင့် မဟာယန်ပြည်ထောင်စု အဖွဲ့သားများ၏ အစွမ်းက တစ်ရှိန်ထိုး တိုးတက်လာပြီး အများစုမှာ ‘၏ခြေလှမ်း၀က်နိဗ္ဗာန်အဆင့်’ သို့ ရောက်ရှိသွားကြသည်။

မိုလင်းနှင့် အခြားသူအနည်းငယ်မှာလည်း ခြေလှမ်း၀က်နိဗ္ဗာန်အဆင့်ကို ရောက်ရှိလာခဲ့ပြီး နိဗ္ဗာန်အဆင့်နှင့်ပင် နီးကပ်လာပီဖြစ်သည်။

သူတို့အားလုံးက အခုအချိန်ကို ဝူယွမ်ကို အပြည့်အ၀ ယုံကြည်လေးစား အားကြနေကြပီဖြစ်သည်။

လူတိုင်း မိမိတို့ကိုယ်ကိုယ် မြှင့်တင်ရန် ကြိုးစားနေချိန်တွင် ဝူယွမ်နှင့် လင်းတုန်တို့ကတောါ ‘မဟာရှေးဟောင်းကျောက်တိုင်’ အတွင်းသို့ ဝင်ရောက်ခဲ့လာကြသည်။ သူတို့က ပိုင်ယွမ်နှင့် ရှောင်ယန်တို့၏ အစွမ်းကို မြှင့်တင်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ရှောင်ယန်နှင့် ပိုင်ယွမ်တို့ နှစ်ကောင်စလုံးက အရင်ကတည်းက ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်ကို ရောက်ရှိနေတာ ကြာပီ ဖြစ်သော်လည်း နိဗ္ဗာန်အဆင့် တက်ဖို့ကတော့အနည်းငယ်လိုနေသေးသည်။

ထို့ကြောင့် ဝူယွမ်က ‘လက်ဖဝါးထဲကကောင်းကင်ပုလင်း’ ကို အသုံးကာ အစွမ်းထက်သော ‘လေဝိညာဉ်မြက်’ နှင့် ‘မီးငှက်ဂျင်ဆင်း’ တို့ကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးခဲ့သည်။ ထိုဆေးပင်များသည် နိဗ္ဗာန်အဆင့်ရှိသူများအတွက်ပင် အစွမ်းထက်လှရာ ပိုင်ယွမ်အတွက် နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရန် အကောင်းဆုံး အထောက်အပံ့ ဖြစ်လာသည်။

ထို လေဝိညာဉ်မြက်နှင့် မီးငှက်ဂျင်ဆင်း နှစ်မျိုးစာလုံးက နိဗ္ဗာန်အဆင့် တက်လှမ်းရာတွင် ကြီးမားသောအကြိုးကျေးဇူးများရှိသည်။

“ဝေါင်း”

ပိုင်ယွမ်က အသံနှိမ့် ဟိန်းဟောက်ကာ ဝူယွမ်အား စိတ်မပူရန် အချက်ပြလိုက်သည်။ သူမက နိဗ္ဗာန်အဆင့်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရန် ယုံကြည်ချက်အပြည့်ရှိနေပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း နိဗ္ဗာန်စွမ်းအင်၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။ ပိုင်ယွမ်သည်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကျမ်းကို ကျင့်ကြံထားသူဖြစ်ရာ ဝူယွမ်က သူမအတွက် နိဗ္ဗာန်ဆေးလုံး တစ်သန်းကို စတင်ပြင်ဆင်ပေးလိုက်သည်။

ပိုင်ယွမ်က ‘ကိုယ်ခန္ဓာကျမ်း’ ကိုလည်း လေ့ကျင့်ထားသဖြင့် သူမ၏ ကြံ့ခိုင်မှုက သာမန်သားရဲများထက် အဆပေါင်းများစွာ သာလွန်သဖြင့် နိဗ္ဗာန်ဆေးလုံးတစ်သန်းကို ချက်ချင်း ဝါးမျိုးလိုက်နိုင်သည်။ သို့သော် ပိုင်ယွမ်က ဝူယွမ်တို့နှစ်ဦးကဲ့သို့ ကိုယ်ခန္ဓာ ကျမ်းကို အဆင့်မြင့်တဲ့အထိ လေ့ကျင့်မထားနိုင် သေးတာကြောင့် ဝူယွမ်နှ င့် လင်းတုန်လို နိဗ္ဗာန်ဆေးလုံး သန်းတစ်ရာအထိတော့ မ‌တောင့်ခံနိုင်သေးပေ။

ပထမတစ်သုတ်ကုန်သွားသည်နှင့် ဝူယွမ်က ပိုင်ယွမ်ခံနိုင်သေးသည်ကို သိပြီး ချက်ချင်းဘဲ အစီအရင်အတွင်းသို့ နိဗ္ဗာန်ဆေးလုံး ဆယ်သန်း‌ကျော် လောက်ကို ပစ်ထည့်ပေးလိုက်သည်။ စွမ်းအင်များကို ဝါးမျိုရင်း ပိုင်ယွမ်၏ ခန္ဓာကိုယ်မှ ‘ဖြူစင်သောကျားဖြူ’ သွေးမျိုးဆက် အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်လာကာ ရှေးဟောင်းကျောက်တိုင်ထဲရှိ ‌ရှောင်ယန် နှင့် အခြားသားရဲများအားလုံး မြေပြင်ပေါ်၌၀ပ်သွား ကြသည်။

ရှောင်တျောင်းက ပိုင်ယွမ်၏ သွေးမျိုးဆက် အစွမ်းကို ကြည့်ကာ အံ့အားသင့်လျက် ရှိနေခဲ့သည်။ “အစ်ကိုကြီး… ပိုင်ယွမ်ရဲ့ သွေးမျိုးဆက်က ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ။ သားရဲနယ်မြေက အားအကောင်းဆုံး ကျားမျိုးနွယ်စု သုံးခုမှာတောင် ဒီလောက် ပြင်းထန်တဲ့ ဖိအားမျိုးကို ကျွန်တော် မခံစားခဲ့ဖူးဘူး”

“ပိုင်ယွမ်က သူမရဲ့ ဘိုးဘေးသွေးမျိုးဆက်ကို နိုးထစေခဲ့တာ ဖြစ်မှာပါ” ဝူယွမ်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။

သူက သူ့တွင် အကူအညီပေးနိုင်သည့် စနစ် ရှိနေသည်ကိုမူ ရှောင်တျောင်းအား မည်သို့မှ မပြောပြနိုင်ပေ။

ပိုင်ယွမ်၏ အရှိန်အဝါမှာ ပိုအားကောင်းလာပြီး သွေးနီရောင် အလင်းတန်းများက နိဗ္ဗာန်စွမ်းအင်များကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။ သူမက ဝါးမျိုခြင်းဘိုးဘေးအဆောင်ကဲ့သို့ အရာမျိုး မရှိသော်လည်း စုပ်ယူမှု အရှိန်မှာ ဝူယွမ်တို့ထက် မနိမ့်ကြပေ။ သာမန် သာရဲပုံစံမှ ကျော်လွန်ရန် နိဗ္ဗာန်အဆင့်က သားရဲများအတွက် အလွန်အရေးကြီးသော အပြောင်းအလဲတစ်ခုပင် ဖြစ်သည်။

ရှောင်တျောင်းက ဝူယွမ်အား ရှင်းပြလိုက်လေသည်။ “သားရဲတွေအတွက် နိဗ္ဗာန်အဆင့်ဆိုတာ အသစ်တစ်ဖန် မွေးဖွားခြင်းပဲ။ သွေးမျိုးဆက် အားကောင်းလေလေ အဆင့်တက်ရတာ ချောမွေ့လေလေပဲ။ အောင်မြင်သွားရင်တော့ သူတို့ရဲ့ အသိဉာဏ်က အဆမတန် မြင့်မားသွားပြီး သာမန်သားရဲဘဝကနေ လုံးဝ လွတ်မြောက်သွားလိမ့်မယ်။”

ဝူယွမ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သားရဲအချို့မှာ နိဗ္ဗာန်အဆင့်သို့ ရောက်လျှင် လူသားအသွင်သို့ စောစီးစွာ ပြောင်းလဲနိုင်သည်ကို သူ သိရှိထားပြီးသား ဖြစ်သည်။ ပိုင်ယွမ်က ဆေးလုံးပေါင်း ဆယ်သန်းကျော်ကို စုပ်ယူပြီးနောက်တွင်မှ သူမ၏ အရှိန်အဝါမှာ ငြိမ်သက်သွားပြီး ရွှေရောင်နိဗ္ဗာန်ခန္ဓာကိုယ်တစ်ခု ပေါ်ပေါက်လာသည်။

သို့သော် ဝူယွမ် အံ့အားသင့်သွားရသည်မှာ ပိုင်ယွမ်၏ကိုယ်မှ ‘နိဗ္ဗာန်မီးတောက်’ များပါ တစ်ဆက်တည်း ပေါက်ကွဲထွက်လာခြင်းပင်။ သူမက ‘နိဗ္ဗာန်ဘေးဒုက္ခ’ ကိုပါ တိုက်ရိုက်ရင်ဆိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဝူယွမ်က တွန့်ဆုတ်မနေ တွန့်ဆုတ်မနေတော့ဘဲ နိဗ္ဗာန်ဆေးလုံး သန်းနှစ်ဆယ်ကို အစီအရင်ထဲ ထပ်ထည့်ပေး‌လိုက် တော့သည်။

ပိုင်ယွမ်က နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရုံသာမက ‘နိဗ္ဗာန်ဘေးဒုက္ခ’ ကိုပါ ဆက်လက် ရင်ဆိုင်ခဲ့သည်။ ဝူယွမ်က သူမအတွက် နိဗ္ဗာန်ဆေးလုံး သန်းပေါင်းနှစ်ဆယ်ကို ထပ်မံ ဖြည့်တင်းပေးခဲ့သည်။ နိဗ္ဗာန်မီးတောက်များ၏ လောင်မြိုက်မှုကို ခံယူပြီးနောက် ပိုင်ယွမ်၏ ခန္ဓာကိုယ်က အံ့ဩဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့သည်။

အချိန်အတော်ကြာ ဖြတ်သန်းပြီးနောက် အစီအရင်အတွင်းမှ မြူခိုးများ လွင့်ပြယ်သွားချိန်တွင် ဝူယွမ်က ရှေ့တွင် ထိုင်နေသော ဖြူစင်သည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။။ သို့သော် ထိုအရာမှာ ကျား၏ အမွေးအမှင်များမဟုတ်ဘဲ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွတ်သော အမျိုးသမီးတစ်ဦး၏ ကျောပြင်ဖြစ်နေခဲ့သည်။ ငွေရောင်ဆံနွယ်များက ခါးအထိ ဝဲကျနေပြီး ဦးခေါင်းပေါ်တွင်မူ ချစ်စဖွယ်ကောင်းသော ဖြူဖွေးသည့် နားရွက်ကြီးနှစ်ခု ရှိနေသည်။

ယခင်ကကဲ့သို့ အမွေးအမှင်များနှင့် မဟုတ်တော့ဘဲ၊ ဆီးနှင်းကဲ့သို့ ဖြူစင်ချောမွတ်သော အသားအရေနှင့် လူသားမိန်းကလေးတစ်ဦး၏ ကျောပြင်ကို ဝူယွမ် မြင်လိုက်ရကာ ခါးအထိ ရှည်လျားသော ငွေရောင်ဆံနွယ်များနှင့် ခေါင်းပေါ်ရှိ ချစ်စဖွယ် ဖြူဖွေးသော နားရွက်ကြီးနှစ်ဖက်က သူမ၏ သရုပ်မှန်ကို ဖော်ပြနေသည်။

ဝူယွမ်က တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။ ဤလှပလှသော ကျောပြင်က သူ၏ စိတ်အာရုံကို အတော်လေး နှောင့်ယှက်သွားနိုင်ခဲ့သည်။ ပိုင်ယွမ် လူသားအသွင်ပြောင်းမည်ကို သူ ကြိုတင်သိထားသော်လည်း ယခုကဲ့သို့ လက်တွေ့မြင်လိုက်ရချိန်တွင်မူ ရင်ခုန်သံများ မြန်လာခဲ့သည်။

“သ… သခင်” ပိုင်ယွမ်သက ဝူယွမ်ဘက်သို့ လှည့်ကာ မတ်တပ်ရပ်လိုက်သည်။ သူမ၏ အသံက ညင်သာပြီး မျက်နှာ‌ေပါ်တွင် ရှက်သွေးဖြန်းနေသော အမူအရာဖြစ်နေသည်။ သူမက လူသားအသွင် ပြောင်းလဲခဲ့သော်လည်း ကျားဖြူ၏ လက္ခဏာ အချို့ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ဝူယွမ်က ‌ပိုင်ယွမ်ကို မြင်သည်နှင့် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ပိုင်ယွမ်၏ ရုပ်သွင်သက သူ၏ စိတ်ကူးထဲက အလှပဆုံးအရာများကို စုစည်းထားသကဲ့သို့ ဖြစ်နေသည်။ လင်းချင်းကျူ၏ မြင့်မြတ်မှု၊ မုချန်ချန်၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းနှင့် ချင်းတန်၏ ချိုသာသော အသံတို့ ပေါင်းစပ်ထားသည့်အလားပင်။ ပိုင်ယွမ်၏အလှက လုံး၀ ပြီးပြည့်စုံကာ သူ့အိမ်မက်ထဲက နတ်သမီးလေးတစ်ပါး လက်တွေ့ဖြစ်ပေါ်လာသည်ဟုပင် ထင်ရလောက်သည်။

“အဟန့်... အဟန့်...” ဝူယွမ်က ချောင်းဟန့်ကာ မျက်နှာလွှဲလိုက်ပြီး သူ၏ သိုလှောင်အိတ် ထဲမှ ဝတ်ရုံအကြီးကြီးတစ်ခုကို ထုတ်ယူကာ ပိုင်ယွမ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်သည်။

“ပိုင်ယွမ်… မင်း ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ”ဝူယွမ်က အနည်းငယ် နေရခက်နေသည့် အမူရာဖြင့် မေးလိုက်သည်။ ပုံမှန်အားဖြင့် သားရဲများက သူတို့သခင်၏ ပုံစံအတိုင်း ပြောင်းလဲတတ်ကြသော်လည်း ပိုင်ယွမ်ကမူ သူ့ပုံစံနှင့် လုံးဝ မတူပေ။ ပြောင်းလဲမှု ဖြစ်စဉ်အတွင်း တစ်ခုခုများ မှားသွားသလားဟုပင် သူစိုးရိမ်မိသွားသည်။

“သခင်က ဒီလိုပုံစံကို ကြိုက်မယ်လို့ ကျွန်မ ထင်လို့ပါ။ ကျွန်မ သခင့်ကို အမြဲ စောင့်ကြည့်နေတာ။ သခင်က ကျန်းယွဲ့ရဲ့ ကိုယ်လုံးကို ကြည့်တတ်တယ်... မုချန်ချန်ရဲ့ မျက်လုံးတွေကိုလည်း ကြည့်တယ်... လင်းချင်းကျူကို မြင်ရင်လည်း မျက်တောင်မခတ်တမ်း ကြည့်နေတတ်တာလေ။” ပိုင်ယွမ်က ရိုးသားစွာဘဲ ဖြေလိုက်သည်။ သူမသည် ဝူယွမ်၏ နေ့စဉ် အမူအရာများကို စောင့်ကြည့်ခဲ့ပြီး ဝူယွမ် မည်သည့်အလှအပမျိုးကို သဘောကျသည်ကို ကောင်းစွာ နားလည်ထားခြင်း ဖြစ်သည်။

“တော်ပြီ... တော်ပြီ... ရပ်လိုက်တော့”

ဝူယွမ်က အလျင်အမြန်ပင် တားဆီးလိုက်ရသည်။ “ငါက အဲ့ဒီလိုလူ မဟုတ်ပါဘူး... လျှောက်မပြောနဲ့... ငါ မကြည့်ဖူးပါဘူး”

“နေပါဦး... မင်းရဲ့ အသံက ဘာလို့ တစ်မျိုးကြီး ဖြစ်နေတာလဲ” ဝူယွမ်က သူ့ခေါင်းသူ ပြန်စမ်းရင်း ပိုင်ယွမ်၏အသံကို သတိထားမိလိုက်သည်။ ပိုင်ယွမ်၏ လိုလီ လိုလဆန်ဆန် အသံလေးမှာ ချင်းတန်၏ အသံနေအသံထားနှင့် အတော်လေး ဆင်တူနေခြင်းပင်။

“မင်းက ဒီလောက်တောင် ပြောင်းလဲနိုင်တာကို ဘာလို့ အကုန်လုံး မပြောင်းလဲပစ်တာလဲ၊ ဘာလို့ နားရွက်တွေ ကျန်နေသေးတာလဲ” ဝူယွမ်က အရမ်းသိချင်သွားကာ ဆက်မေးလိုက်သည်။ ပိုင်ယွမ်၏ အစွမ်းအစအရ လူသားအသွင်ကို အပြည့်အဝ ပြောင်းလဲနိုင်စွမ်း ရှိနေသည်ကို သူ သိပြီးသားဖြစ်သည်။

“သခင်က ပိုင်ယွမ်ရဲ့ နားရွက်ကလေးတွေကို ပွတ်ပေးရတာ ဝါသနာပါတာ မဟုတ်လား... ဒါကြောင့် သခင်ပွတ်လို့ရအောင် ချန်ထားပေးတာလေ” ပိုင်ယွမ်က အပြစ်ကင်းစင်စွာဖြင့် မျက်တောင်လေး ခတ်ကာ ဖြေရှာသည်။ သူမတွင် မကောင်းသော အကြံအစည်မရှိပေ။ သူမ၏ သခင်ဖြစ်သူက သူမကို ပို၍ ချစ်ခင်မြတ်နိုးစေရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဝူယွမ်မှာ စကားပင် ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားရသည်။ သူ၏ ပါးပြင်နှစ်ဖက်မှာလည်း ရှက်သွေးဖြာကာ နီမြန်းလာတော့သည်။ သူ၏ သေးငယ်သော အကျင့်လေးများကို အပြစ်ကင်းစင်လှသည့် ကျားပေါက်မလေးက အကုန်အစင် သတိထားမိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပေ။

သူက လူတွေကို အမြဲတမ်း သတိထား နေခဲ့ပေမဲ့... ကျားတစ်ကောင်ကို သတိထားဖို့တော့ မေ့နေခဲ့လေသည်။

ဝူယွမ် စိတ်ထဲမှ ရှက်ရှက်ဖြင့် တွေးနေမိသည်။ “အခုလို ပုံစံမျိုးနဲ့သာ ပိုင်ယွမ်ကို အပြင်ထုတ်သွားရင် လူတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ။ ငါ့ရဲ့ ‘လူကြီးလူကောင်း’ ပုံရိပ်တွေ အကုန်ပျက်စီးပြီး ကာမဂုဏ် လိုက်စားသူတစ်ယောက်လို့ ထင်ကုန်ကြတော့မှာပေါ့။ နောက်ပြီး ‘အိမ်မွေးတိရစ္ဆာန်က သခင်နဲ့တူတယ်’ ဆိုတဲ့ စကားအရ ငါ့စိတ်ဓာတ်ကိုပါ အကဲဖြတ်ခံရတော့မှာ မဟုတ်လား။”

ဝူယွမ်က မိမိ၏ လျှို့ဝှက်ချက်များကို အိမ်မွေးသားရဲလေးက သိရှိနေသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

“သခင် ပိုင်ယွမ် တစ်ခုခု မှားသွားလို့လား… သခင် မကြိုက်ဘူးလားဟင်” ပိုင်ယွမ်က မျက်နှာငယ်လေးဖြင့် ကောက်ကာငင်ကာ မေးလိုက်သည်။

ပိုင်ယွမ်၏ မျက်နှာလေးမှာ ညှိုးငယ်သွားပြီး သူမ တစ်ခုခု မှားယွင်းသွားပြီဟု ထင်ကာ ဝူယွမ်ကိုပင် မကြည့်ရဲတော့ပေ။ ထိုကဲ့သို့ အသံချိုချိုလေးနှင့် ဝမ်းနည်းပူဆွေးနေသည့် ချစ်စဖွယ် မျက်နှာလေးကို ကြည့်ပြီး ဝူယွမ်မှာ မည်သို့မျှ စိတ်မဆိုးနိုင်တော့ပေ။

တကယ်တော့ သူက စိတ်ဆိုးနေခြင်း မဟုတ်ဘဲ သူ၏ အတွင်းစိတ် အစစ်အမှန်ကို ရုတ်တရက် ဖော်ထုတ်ခံလိုက်ရသဖြင့် ရှက်ရွံ့နေခြင်းသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော သူ၏ စိတ်ကူးယဉ်မှုများကို ပိုင်ယွမ်က အကုန်အစင် လှန်လှော်ပြသ လိုက်သကဲ့သို့ ဖြစ်နေသည်။

ဝူယွမ်က ရှေ့သို့ အမြန်တိုးလာပြီး ပိုင်ယွမ်၏ နားရွက်အိအိလေးများကို အသာအယာ ဆုပ်ကိုင် ပွတ်သပ်ပေးလိုက်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။ “ဒါမင်းအပစ် မဟုတ်ပါဘူး… သခင်ဖြစ်တဲ့ ငါ့ရဲ့အပြစ်တွေပါ”

All Chapters