လင်းတုန် - “အစ်ကိုကြီး၊ အစ်ကို့လက်က မြန်လွန်းတယ်ဗျာ”
Vol. 16 Ch. 159
လေချိုင့်ဝှမ်းအတွင်း ရှေးဟောင်းသော့ ယှဉ်ပြိုင်မှု ပြီးဆုံးသွားသည်နှင့်အမျှ ဝူယွမ်၊ လင်းတုန် နှင့် မဟာယန်ပြည်ထောင်စုတို့၏ ဂုဏ်သတင်းမှာ ရှေးဟောင်းစစ်မြေပြင်၏ အနောက်မြောက် ဒေသတစ်ခုလုံးတွင် ဟိုးလေး တကျော်ကျော် ဖြစ်သွားတော့သည်။
သူတို့၏ ကျော်ကြားမှုမှာ နတ်ဆိုးကျောက်တုံးပြည်ထောင်စုနှင့်ပင် ရင်ဘောင်တန်းနိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် ဝူယွမ်က နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှ ချန်မုကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းနှင့် ရှေးဟောင်းသော့ ဝူယွမ်၏ လက်ထဲသို့ ရောက်ရှိသွားသည့် သတင်းများမှာလည်း အနောက်မြောက်ဒေသတစ်ခွင် တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။
နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှာ တစ်ခဏချင်းအတွင်း လူအများ လှောင်ပြောင်စရာ အဖွဲ့အစည်းတစ်ခု ဖြစ်သွားခဲ့ရသည်။ လေချိုင့်ဝှမ်းတွင် ရှေးဟောင်းသော့ ပေါ်ထွက်လာသည်ကို အင်အားကြီးပြည်ထောင်စု အနည်းငယ်သာ သိရှိကြပြီး ထိုအထဲတွင် နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှာ အင်အားအကြီးဆုံး ဖြစ်သည်။ သို့သော်လည်း အဆင့်မြင့်ပြည်ထောင်စုများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် သူတို့ အသန်မာဆုံး ကျင့်ကြံသူ သုံးဦးကို မစေလွှတ်ဘဲ ချန်မုကိုသာ အဖွဲ့ဦးဆောင်သူအဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့မှာ ဝူယွမ်နှင့် တိုးကာ ရှေးဟောင်းသော့ကို မရရှိခဲ့သည့်အပြင် လူပါအဖမ်းခံလိုက်ရသဖြင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရလေသည်။
နတ်ဆိုးကျောက်တုံးမြို့က အနောက်မြောက်ဒေသ၏ ဗဟိုအနီးတွင် တည်ရှိပြီး ယန်မြို့တော်ထက် များစွာ ပိုမိုကြီးမားကျယ်ဝန်းသည်။ ဤနေရာတွင် နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှာ အကြွင်းမဲ့ အာဏာရှင်ဖြစ်ပြီး မည်သည့်ပြည်ထောင်စုကမျှ သယတို့ကို မဆန့်ကျင်ရဲပေ။ ထို့ကြောင့်ပင် မြို့အမည်ကို သူတို့၏ ပြည်ထောင်စုအမည်အဖြစ် မှည့်ခေါ်ထားခြင်း ဖြစ်သည်။
ထိုအချိန် နတ်ဆိုးကျောက်တုံးမြို့၏ အမြင့်ဆုံး ကျောက်တိုင်နန်းဆောင်အတွင်း၌ လေထုမှာ အသက်ရှူရ ခက်ခဲလောက်အောင် တင်းမာလေးလံနေခဲ့သည်။
နန်းဆောင်အတွင်းရှိ ကျောက်သားပလ္လင်ပေါ်တွင် ဝတ်စုံဖြူဝတ်ဆင်ထားသူတစ်ဦး အေးစက်စွာ ထိုင်နေပြီး သူ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းများဖြင့် လက်တင်ခုံကို ခပ်မှန်မှန်လေး ခေါက်နေကာ တိတ်ဆိတ်နေသော ခန်းမအတွင်း၌ ထိုအသံသာ ပဲ့တင်ထပ်နေလေသည်။
“ဒီဝူယွမ်ဆိုတဲ့ကောင်က ဘယ်ကနေ ပေါ်လာတာလဲ။ မဟာယန်ပြည်ထောင်စုဆိုတာ အဆင့်နိမ့်ပြည်ထောင်စု မဟုတ်ဘူးလား။ အဆင့်နိမ့်ပြည်ထောင်စုကကောင်တွေက ငါတို့ကို ဘယ်တုန်းကတည်းက စိန်ခေါ်ရဲသွားတာလဲ”
“သူတို့အကြောင်း သတင်းရပြီလား”
ရှီရွှမ် မှာ ဒေါသထွက်နေပြီး အသံအက်အက်ဖြင့် မေးမြန်းလိုက်သည်။
သူသည် နတ်ဆိုးကျောက်တုံးပြည်ထောင်စု၏ ဒုတိယစီနီယာအစ်ကိုကြီး ဖြစ်ပြီး ဒုတိယမြောက် အင်အားအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ယခုအကြိမ်တွင် နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှာ အကြီးအကျယ် အရှက်ရခဲ့သဖြင့် ဝူယွမ်ဆိုသူကို သူ အစိမ်းလိုက်ဝါးစားချင်လောက်အောင် နာကျည်းနေမိသည်။
“စီနီယာအစ်ကိုကြီး ရှီရွှမ်၊ မဟာယန်ပြည်ထောင်စုက လူတွေက လေချိုင့်ဝှမ်းကနေ ထွက်မလာသေးဘူး။ သူတို့တွေ ကျွန်တော်တို့ပြည်ထောင်စုကို ကြောက်လို့ ပြည်ထောင်တစ်ရာတိုက်ပွဲ ပြီးတဲ့အထိ အောင်းနေမယ့်ပုံပဲ”
ရှီရွှမ်၏ အောက်တွင် ထိုင်နေသော လူအများအပြားမှာ နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှ ကျင့်ကြံသူများ ဖြစ်ကြပြီး ထိပ်ဆုံးတွင် ထိုင်နေသူက ဝင်ပြောလိုက်သည်။ ထိုသူမှာ မျက်နှာထား ကြမ်းတမ်းပြီး တြိဂံပုံစံ သူငယ်အိမ်ရှိသည့် လိန့်ရှိီဖြစ်ကာ တတိယမြောက် အင်အားအကြီးဆုံး ကျင့်ကြံသူဖြစ်သည်။
“မှန်တယ် ဒုတိယစီနီယာအစ်ကို။ ဝူယွမ်ဆိုတဲ့ကောင်က ငတွုး မဟုတ်ပါဘူး။ ငါတို့ပြည်ထောင်စုမှာ စီနီယာအစ်ကိုကြီးနဲ့ အစ်ကိုတို့လို အဆင့်တစ် နိဗ္ဗာန်အဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေတာကို သူသိမှာပဲ။ ဒါကြောင့် သူ လုံးဝထွက်ရဲမှာ မဟုတ်ဘူး”
“ဟွန်း... သူတို့သာ ထွက်လာရဲရင် အရင်က အဆင့်မြင့်ပြည်ထောင်စုတစ်ခုလိုပဲ တစ်ပြည်ထောင်စုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်”
နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှ လူများမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး မဟာယန်ပြည်ထောင်စုမှာ သူတို့ကို ကြောက်ရွံ့သဖြင့် ပုန်းအောင်းနေသည်ဟုသာ ယူဆနေကြသည်။
“မဟာယန်ပြည်ထောင်စုနဲ့ နီးစပ်တဲ့သူတွေကိုရော ဖမ်းမိပြီလား” ဟု ရှီရွှမ်က ထပ်မံမေးမြန်းလိုက်သည်။
ဝူယွမ်နှင့်အဖွဲ့မှာ လေချိုင့်ဝှမ်းအတွင်း အောင်းနေသဖြင့် နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှာ ဝူယွမ်တို့ ထွက်လာစေရန် ခြိမ်းခြောက်သည့်အနေဖြင့် သူတို့နှင့် ရင်းနှီးသူများကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
“မိုတီနဲ့တန်ရွှမ်တို့ကိုတော့ ဖမ်းမိထားပါတယ် နောက်ထပ်လူတွေအတွက်ကတော့
လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူလွှတ်ထားပါတယ်။ ခန့်မှန်းထားရသလောက် ဒီနေ့ပဲ နတ်ဆိုးကျောက်တုံးမြို့ကို ပြန်ရောက်လာပါလိမ့်မယ်”
စကားပင် မဆုံးသေးမီ လူတစ်ယောက်မှာ အလန့်တကြား ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။
“မကောင်းတော့ဘူး၊ ဒုတိယစီနီယာအစ်ကိုကြီး မကောင်းတော့ဘူး။ ဝူယွမ်က မဟာယန်ပြည်ထောင်စုကလူတွေကို ဦးဆောင်ပြီး နတ်ဆိုးကျောက်တုံးမြို့ကို ချီတက်လာနေပြီ”
“ဘာလို့ ပျာယာခတ်နေတာလဲ။ လာတာ ပိုတောင်ကောင်းသေးတယ်။ ရှာစရာမလိုတော့ဘဲ သူတို့ဘာသာ သေတွင်းထဲ လာတိုးတာပဲ” ဟု လိန်ရှီက ဟိန်းဟောက်လိုက်သည်။
“သတိထားကြ”
ရှီရွှမ်က ရုတ်တရက် အော်ဟစ်လိုက်ပြီး အသင့်ပြင်လိုက်သည်။ သူ၏ လက်ချောင်းများမှာ အဆောင်သခင် တစ်ဦးကဲ့သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ယွမ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအားများမှာ သူ့ကို ဗဟိုပြု၍ လည်ပတ်နေပြီး ခဏအတွင်းမှာပင် ကျောက်တိုင်နန်းဆောင်အထက်တွင် ကြီးမားလှသော တောင်တန်းကြီးတစ်ခု ပေါ်လာခဲ့သည်။
“နတ်ဆိုးတံဆိပ် တောင်ဖြိုလက်သီး”
ထိုအချိန်ရောက်မှ နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှ လူများမှာ သတိဝင်လာကြသည်။ ပြင်းထန်လှသော ဖိအားကြီးကြောင့် နှလုံးသားများပင် တုန်လှုပ်သွားကြကာ ကောင်းကင်ယံထက်တွင် ဧရာမ အနက်ရောင်တောင်ကြီးတစ်ခု ကျဆင်းလာနေသည်ကို သူတို့ မြင်လိုက်ကြရသည်။
ရှီရွှမ်၏ လက်သီးချက်မှာ အနက်ရောင်တောင်ကြီးနှင့် ထိပ်တိုက်တွေ့သွားသော်လည်း ထိုတောင်ကြီးကို မတားဆီးနိုင်ခဲ့ပေ။
“မြန်မြန်... နန်းဆောင်ထဲက ထွက်ကြ”
ရှီရွှမ်က အော်ဟစ်လိုက်ပြီး အနက်ရောင်တောင်ကြီးကို အစွမ်းကုန် တောင့်ခံထားပေးခဲ့သည်။ လိန့်ရှီနှင့် အခြားလူများမှာလည်း မျက်နှာပျက်သွားကာ နန်းဆောင်အတွင်းမှ အမြန်ဆုံး ထွက်ပြေးလိုက်ကြရသည်။ ရှီရွှမ်မှာ သွေးတစ်လုပ်အန်လိုက်ရပြီး နောက်ဆုံးမှ ရုန်းထွက်နိုင်ခဲ့သည်။
ဝုန်း...။
ပြင်းထန်လှသော အသံကြီးနှင့်အတူ မြင့်မားလှသော ကျောက်တိုင်နန်းဆောင်ကြီးမှာ အနက်ရောင်တောင်ကြီးအောက်တွင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“မင်းက ဘယ်သူလဲ”
ရှီရွှမ်မှာ လေထဲတွင် ဝဲပျံနေရင်း တုန်လှုပ်စွာ မေးလိုက်သည်။ သူ၏ အကြည့်မှာ တောင်ထိပ်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ဆီသို့ ရောက်သွားသည်။
“မင်းတို့အားလုံး ငါ့ကို စောင့်နေတာ မဟုတ်ဘူးလား။ အခု ငါကိုယ်တိုင် ပေါ်လာတာကိုတောင် မမှတ်မိဘူးဆိုတော့ ရယ်စရာကြီးပဲ” ဝူယွမ်က ခနဲ့ပြုံးဖြင့် ပြောလိုက်သည်။
“မင်းက ဝူယွမ်ပဲ” ရှီရွှမ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြိုင်ဘက်မှာ သူထင်ထားသည်ထက် အင်အားပိုကြီးမားနေသည်။
“တကယ်တော့ မင်းတို့ဆီက လျော်ကြေးနည်းနည်းယူပြီး လူပြန်ထုတ်ပေးဖို့ပဲ စဉ်းစားထားတာ။ ဒါပေမဲ့ မင်းတို့ရဲ့ လုပ်ရပ်တွေက ငါ့ကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဒါကြောင့် စိတ်ပြောင်းသွားပြီ။ မင်းတို့ရဲ့ နတ်ဆိုးကျောက်တုံးပြည်ထောင်စုကို ဒီပြည်ထောင်တစ်ရာတိုက်ပွဲကနေ စောစောစီးစီး အနားယူခိုင်းလိုက်တော့မယ်”
ဝူယွမ်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
ဝူယွမ်မှာ လေချိုင့်ဝှမ်းမှ ထွက်လာပြီးနောက် ရန်မြို့တော်သို့ ရောက်သောအခါ နတ်ဆိုးကျောက်တုံးပြည်ထောင်စုက သူနှင့် ရင်းနှီးသည့် မိုတီနှင့် တန်ရွမ် တို့ကို ဖမ်းဆီးထားကြောင်း ကြားသိခဲ့ရသည်။ ထိုသတင်းက ဝူယွမ်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
လောကကြီးတွင် အပြစ်ရှိသူကိုသာ အပြစ်ပေးရမည်ဖြစ်ပြီး အပြစ်မရှိသော ဘေးလူကို ဆွဲမထည့်ရဟူသော ခံယူချက်ရှိသည့် ဝူယွမ်အတွက် ဤလုပ်ရပ်မှာ ခွင့်မလွှတ်နိုင်စရာပင်။ ထို့ကြောင့် သူက ပိုင်ယွမ်ကို စီးနင်းကာ နတ်ဆိုးကျောက်တုံးမြို့သို့ အမြန်ဆုံး လာခဲ့ခြင်းဖြစ်ပြီး လင်းတုန်ကိုမူ နောက်မှ လိုက်လာရန် မှာကြားခဲ့သည်။
“မင်း တစ်ယောက်တည်းနဲ့ ငါတို့ ပြည်ထောင်စုတစ်ခုလုံးကို ယှဉ်နိုင်မယ် ထင်နေတာလား”
ရှီရွှမ်က နောက်သို့ ဆုတ်လိုက်ပြီး သူ၏ အဖွဲ့သားများနှင့် ပူးပေါင်းလိုက်သည်။ နတ်ဆိုးကျောက်တုံးပြည်ထောင်စုတွင် ပြည်ထောင်တစ်ရာ တိုက်ပွဲအတွင်း ပါဝင်သူ တစ်ရာကျော်ရှိပြီး အားလုံးမှာ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်များ ဖြစ်ကြသည်။ အဆင့်တစ် နိဗ္ဗာန်အဆင့် တစ်ဦး၊ နိဗ္ဗာန်အဆင့် ပညာရှင် တစ်ဆယ်ကျော်နှင့် ကျန်လူများမှာလည်း ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်များ ဖြစ်သဖြင့် ဤအုပ်စုအင်အားမှာ လျှော့တွက်၍မရပေ။
“ဟက်... လူများတာက မင်းတို့အတွက် အားသာချက် မဟုတ်ပါဘူး”
ဝူယွမ်က လှောင်ပြောင်လိုက်ပြီး လေးလံ အကျဉ်းထောင်တောင်ထိပ် ကို နောက်တစ်ကြိမ် နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှ ကျင့်ကြံသူများဆီသို့ ပစ်လွှတ်လိုက်ပြန်သည်။
“စစ်ဗျူဟာခင်းကြ”
ရှီရွှမ်က အမိန့်ပေးလိုက်သည်နှင့် နိဗ္ဗာန်အဆင့် ပညာရှင်များမှာ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ယွမ်စွမ်းအင်များကို ထုတ်ဖော်လိုက်ကြသည်။ စုစည်းလိုက်သော စွမ်းအားများမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားသော လက်ဝါးရိပ်အဖြစ် ပြောင်းလဲသွားပြီး ဝူယွမ်၏ တောင်ကြီးကို ခုခံလိုက်သည်။
ရှီရွှမ်မှာလည်း လက်ချောင်းကို ဆန့်ထုတ်ကာ ဝူယွမ်အား ချိန်ရွယ်လိုက်သည်။
“ဝရဇိန် ကောင်းကင်ခွဲ လက်ချောင်း”
ရွှေရောင်အလင်းတန်းများမှာ ရှီရွှမ်၏ လက်ချောင်းမှတစ်ဆင့် တိုးထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ဤသိုင်းပညာရပ်မှာ အဆင့်မြင့် ဖန်တီးခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ဝူယွမ်၏ မျက်နှာပေါ်တွင်မူ အထင်အမြင်သေးသည့် အရိပ်အယောင်များသာ ရှိနေခဲ့သည်။ သူက အကျဉ်းထောင်တောင်ထိပ်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်ရာ တောင်ကြီးမှာ ပိုမိုလေးလံသွားပြီး လူတစ်ရာနီးပါး၏ ပူးပေါင်းတိုက်ကွက်ကို အလွယ်တကူပင် ချေဖျက်ပစ်လိုက်သည်။
ဝူယွမ်က ရှီရွှမ်အား လှမ်းကြည့်ကာ ပြောလိုက်သည်။ “လက်ချောင်းချင်း ယှဉ်ချင်တာလား။ ငါ့မှာလည်း ရှိတယ်။ ဘယ်သူ့လက်ချောင်းက ပိုမာမလဲ ကြည့်ကြတာပေါ့”
ဝူယွမ်၏ အထက်တွင် ရှေးဟောင်းဆန်သော ခရမ်းရွှေရောင် လက်ချောင်းကြီးတစ်ခု ပေါ်ပေါက်လာခဉညသည်။
“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း ပဉ္စမလက်ချောင်း၊ စကြာ၀ဠာကို လှုပ်ခါစေခြင်း”
ဧရာမ လက်ချောင်းကြီး နှစ်ခုမှာ လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ဝူယွမ်၏ ခရမ်းရွှေရောင် လက်ချောင်းမှာ ရှီရွှမ်၏ ရွှေရောင်လက်ချောင်းကို အမှုန့်ကြိတ်ပစ်လိုက်သည်။ ဝူယွမ်မှာ ထိုပေါက်ကွဲမှုအတွင်း ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး မိုးကြိုးနှင့် လေမုန်တိုင်းများကို ဖန်တီးလိုက်သည်။
“လေမိုးကြိုးလက်ဝါး”
“မင်း... မင်းက ကောင်းကင်အဆောင်သခင်လား” ရှီရွှမ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း ဝူယွမ်၏ လက်ဝါးပုံရိပ်မှာ သူ့ထံသို့ ရောက်ရှိလာပြီဖြစ်ကာ။ သူ၏ နီဝမ်နယ်ပယ် အတွင်းရှိ ကစဉ်ကလျားသန္ဓေသားမှ စွမ်းအားများမှာ လက်ဝါးရိပ်အတွင်းသို့ စီးဝင်သွားပြီး ရှီရွှမ်၏ ရွှေရောင်ချပ်ဝတ်ကို ဖောက်ထွင်းသွားတော့သည်။
“အားလုံးပြီးသွားပီ”
ဝူယွမ်က အကျဉ်းထောင်တောင်ထိပ်ကို ထပ်မံနင်းချလိုက်ရာ ပြင်းထန်လှသော ဆွဲငင်အားနှင့် ဖိအားများကြောင့် အောက်တွင် ရှိနေသော နတ်ဆိုးကျောက်တုံးပြည်ထောင်စုမှ ကျင့်ကြံသူ တစ်ရာနီးပါးမှာ အသားပြားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ လိန်ရှီကဲ့သို့သော အဆင့်တစ် နိဗ္ဗာန်အဆင့် ကျင့်ကြံသူများပင် ဝူယွမ်၏ ခြေဖဝါးအောက်တွင် ပုရွက်ဆိတ်များကဲ့သို့ သေဆုံးသွားခဲ့ရလေသည်။
နတ်ဆိုးကျောက်တုံးမြို့တစ်ခုလုံး တိတ်ဆိတ်သွားပြှး လူတိုင်းမှာ ကောင်းကင်ယံမှ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကို ကြောက်ရွံ့စွာ ငေးကြည့်နေမိကြသည်။ နတ်ဆိုးကျောက်တုံးပြည်ထောင်စု တစ်ခုလုံးမှာ ဝူယွမ်တစ်ယောက်တည်း၏ လက်ချက်ဖြင့် ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။
“ဝေါင်း...”
ပိုင်ယွမ်မှာ ဝူယွမ်၏ ဘေးသို့ ပြေးလာပြီး ဝူယွမ်က တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်သဖြင့် သူ ဝင်ပါခွင့်မရလိုက်သောကြောင့် မကျေမနပ်ဖြင့် အသံပြုလိုက်သည်။
“ခေါင်းဆောင်ဝူ... ကျွန်တော်တို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ”
တိုက်ပွဲပြီးသွားပြီးနောက် မိုတီနှင့် တန်ရွှမ်တို့မှာ ဝူယွမ်ထံသို့ ရောက်လာပြီး ကျေးဇူးတင်စကားများ ပြောလိုက်ကြသည်။ တန်ရွှမ်း၏ မျက်ဝန်းများထဲတွင်မူ ဝူယွမ်ကို ကြည့်ကာ ကြည်နူးမှုများ ပြည့်နှက်နေသည်။ သူမအတွက် ဝူယွမ်က ဤမျှ အင်အားကြီးသော ပြည်ထောင်စုတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဟု သူမက ယူဆကာ ရင်ခုန်နေမိသော်လည်း ဝူယွမ်ကမူ သူမ၏ အမူအရာကို နည်းနည်းလေးတောင် သတိမထားမိပေ။
ထိုအချိန်တွင် ကောင်းကင်ယံမှနေ၍ မီးခိုးရောင် အရိပ်တစ်ခု လျင်မြန်စွာ ရောက်ရှိလာသည်။
“အစ်ကိုကြီး”
လင်းတုန်မှာ မြေပြင်ပေါ်ရှိ အလောင်းပုံများနှင့် ပျက်စီးနေသော စစ်မြေပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အစ်ကို့လက်က မြန်လွန်းတယ်ဗျာ”
ဝူယွမ်က ပြုံးလိုက်ရင်း “မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ လာ... တိုက်ပွဲမြေပြင်ကို သိမ်းကြရအောင်”