← Chapters

ဝူယွမ် - “ခင်ဗျား ရောက်လာပြီပဲ၊ ငါ ခင်ဗျားကို စောင့်နေတာ ကြာလှပြီ”

Vol. 16 Ch. 157

ဝူယွမ် - “ခင်ဗျား ရောက်လာပြီပဲ၊ ငါ ခင်ဗျားကို စောင့်နေတာ ကြာလှပြီ”

Vol. 16 Ch. 157

ဝူယွမ် ထွက်လာသည်ကို မြင်သည်နှင့် လင်းတုန်နှင့် အခြားသူများမှာ ဝန်းရံလာကြသည်။

“အစ်ကိုကြီး၊ ရှေးဟောင်းသော့ကို ရခဲ့ပြီလား” လင်းတုန်က မျက်လုံးများ အရောင်တောက်လျက် မေးလိုက်သည်။

“အင်း” ဝူယွမ်က ခေါင်းငြိမ့်ပြသည်။

“ဟင်း... ခရီးစဉ်က အလကားပဲ။ ငါကတော့ ယန်မြို့ကို ခက်ခက်ခဲခဲ လာခဲ့တာ၊ ကျန်ရစ်နေတဲ့ ရှေးဟောင်းသော့ကို ရမလားလို့ မျှော်လင့်ခဲ့တာပေါ့။ ဒါပေမဲ့ မင်းတို့နဲ့ တိုးလိမ့်မယ်လို့ တစ်ခါမှ မထင်ထားမိဘူး” အနီရောင်ဝတ် အမျိုးသမီးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

သူမရရှိထားသော သတင်းများအရ ရှေးဟောင်းသော့ စုစုပေါင်း လေးခုရှိကာ ကျန်သည့် သုံးနေရာမှာ ကျင့်ကြံသူ အမြောက်အမြား သွားရောက်နေကြပြီဖြစ်ရာ သူမအနေဖြင့် ရွေးချယ်စရာမရှိဘဲ ဤယန်မြို့သို့ လာခဲ့ရခြင်းဖြစ်သည်။

ဤနေရာတွင် အဆင့်မြင့်ပြည်ထောင်စု အနည်းငယ်သာရှိပြီး အင်အားအကြီးဆုံးဖြစ်သည့် နတ်ဆိုးကျောက်တုံးပြည်ထောင်စု ကပင် ထိပ်သီးပုဂ္ဂိုလ်များကို စေလွှတ်ထားခြင်းမရှိသဖြင့် သူမအတွက် အလွယ်ကူဆုံးဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် မဟာယန်ပြည်ထောင်စုက ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

“ငါ့နာမည်က မုဟုန်လင်းပါ၊ ငါတို့ သူငယ်ချင်းတွေ လုပ်ကြတာပေါ့။ နောင်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးရှိကောင်း ရှိနိုင်တာပဲ” မုဟုန်လင်းက ဝူယွမ်ကို ကြည့်ကာ စတင်နှုတ်ဆက်လိုက်သည်။

သူမက ဝူယွမ်နှင့် တကယ်ပင် ရင်းနှီးကျွမ်းဝင်လိုခြင်းဖြစ်သည်။ သူပြသခဲ့သည့် အစွမ်းနှင့် ပထမအဆင့် အရိုးဝိညာဉ် အဆောင်ရုပ်သေးတို့မှာ အဆင့်မြင့်ပြည်ထောင်စုမှ လူအများစုထက်ပင် ပိုအင်အားကြီးမားနေသည်။ သူက ဤပြည်ထောင်တစ်ရာတိုက်ပွဲတွင် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်မည့် အလားအလာအရှိဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ရှေးဟောင်းစစ်တလင်း၏ အတွင်းပိုင်းသို့ရောက်သောအခါ ထောင်လွှားနေသော ထိုလူများ ဝူယွမ်နှင့် တွေ့ဆုံချိန်တွင် မည်သို့သော မျက်နှာပေးမျိုး ဖြစ်သွားမည်ကို သူမ စိတ်ထဲမှ မြင်ယောင်နေမိသည်။ ထိုလူများအနေဖြင့် ယနေ့ နတ်ဆိုးကျောက်တုံးပြည်ထောင်စုတို့ကဲ့သို့ ဝူယွမ်၏လက်ထဲတွင် အရှုံးနှင့် ရင်ဆိုင်ရသည်ကို သူမ အလွန်မြင်ချင်နေမိသည်။

“မိန်းကလေးမု” ဝူယွမ်က လက်ချင်းယှက် နှုတ်ဆက်ကာ အသိအမှတ်ပြုလိုက်သည်။

ဤမုဟုန်လင်း၏ အစွမ်းမှာ အတော်လေး ကောင်းမွန်သည်။ သူမက နိဗ္ဗာန်အဆင့် အဆင့်တစ်သို့ မရောက်သေးသော်လည်း နိဗ္ဗာန်အဆင့်ရှိသူများထဲတွင်တော့ သူမ၏ခွန်အားက အလွန်ကြီးမားလှပေသည်။ နိဗ္ဗာန်ဘေးဒုက္ခကို ကျော်ဖြတ်ရာတွင် ကျရှုံးခဲ့သော ချန်မူထက်ပင် ပို၍ အစွမ်းထက်နေနိုင်သည်။ သူမကလည်း နိဗ္ဗာန်ဆေးလုံး ငါးသိန်းကျော်ကို အသုံးပြု၍ နိဗ္ဗာန်အဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်ပေလိမ့်မည်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ မိန်းကလေးစု တခြားကိစ္စ ရှိသေးလား။ ငါတို့နဲ့ အတူတူ ခရီးဆက်ချင်လို့လား” ဝူယွမ်က ခပ်အေးအေးပင် မေးလိုက်သည်။ သူ၏ အဓိပ္ပာယ်မှာ “မင်း ဘာလို့ မသွားသေးတာလဲ” ဟု ဆိုလိုခြင်းပင်။

မုဟုန်လင်း၏ နောက်ခံမှာ အလွန်တောင့်တင်းလှသဖြင့် ဝူယွမ်အနေဖြင့် လောလောဆယ်တွင် အလွန်အကျွံ ပတ်သက်ခြင်း မပြုလိုသေးပေ။ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စကိုမူ နောက်မှသာ စဉ်းစားမည်ဖြစ်သည်။ ယခုအချိန်တွင် သူရရှိထားသော ကောင်းကင်အဆောင် ရှေးဟောင်းသစ်ပင်နှင့် နှလုံးကြွေမီးတောက်တို့ကို အမြန်ဆုံး လေ့လာလိုစိတ်သာ ရှိတော့သည်။

မုဟုန်လင်း၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားသည်။ ဝူယွမ်က ဤမျှ တဲ့တိုး ပြောလိမ့်မည်ဟု သူမ မထင်ထားပေ။

“အတူတူ ခရီးသွားဖို့ မလိုပါဘူး၊ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ ရှေးဟောင်းရတနာတိုက် ပွင့်တဲ့အခါကြမှ ပြန်တွေ့ကြတာပေါ့။ ဪ... မေ့တော့မလို့၊ ရှေးဟောင်းသော့က တစ်ခုတည်း ရှိတာမဟုတ်ဘူးနော်၊ လေးခုရှိတာ။ သော့လေးခုလုံးစုမိမှသာ ရှေးဟောင်းရတနာတိုက်ကို ဖွင့်နိုင်မှာ၊ ဒါကြောင့် အဲဒီအချိန်ကျရင် ပြိုင်ဘက်တွေ အများကြီး ရှိလိမ့်မယ်။ ငါသိသလောက်တော့ အင်အားကြီးတဲ့ ပြည်ထောင်စုနှစ်ခုကလည်း ရှေးဟောင်းသော့တွေကို ရထားပြီးပြီ။ ရတနာတိုက်ထဲမှာ အကျိုးအမြတ်တစ်ခုခု ရချင်ရင် ငါတို့ ပူးပေါင်းမှ ဖြစ်မယ်”

ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး ရှေးဟောင်းသော့အတွက် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် သူမက အတင်းမပြောတော့ဘဲ ပြုံးလျက်ပင် နှုတ်ဆက်စကား ဆိုခဲ့သည်။ သူမက အခြားသော ရှေးဟောင်းသော့ပိုင်ဆိုင်သည့် အဆင့်မြင့်ပြည်ထောင်စုများနှင့် ပူး‌ေပါင်းရန် အဆင်မပြေလှသဖြင့် ဝူယွမ်နှင့် ပူးပေါင်းရန်သာ ကြိုးစားရခြင်း ဖြစ်သည်။

“ကောင်းပါပြီ၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးမု”

မုဟုန်လင်းက မျက်ခုံးကို ပင့်လိုက်ပြီးနောက် အနီရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကျောက်နန်းတော်အပြင်သို့ ပျံသန်းထွက်ခွာသွားသည်။

“ခေါင်းဆောင် ဝူယွမ်၊ ကျွန်တော်တို့လည်း အပြင်ထွက်ကြရအောင်။ ဒီနေ့ပြီးရင် လေချိုင့်၀ှမ်းတောင်ကြားရဲ့ လျှပ်စီးအတားအဆီးက ပိုပြီး အားကောင်းလာလိမ့်မယ်။ အဲဒီအချိန်ကျရင် သာမန်နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေတောင် ထွက်ဖို့ ခက်ခဲသွားလိမ့်မယ်” ဝူယွမ်က မထွက်သေးသည်ကို မြင်သောအခါ မိုတီက သတိပေးလိုက်သည်။

“မလိုပါဘူး၊ မင်းတို့ အရင်ထွက်နှင့်ကြ။ ဒီနေရာက ဝိညာဉ်စွမ်းအင်တွေက အတော်လေး ကြွယ်ဝတယ်၊ ငါတို့ပြည်ထောင်စုက လူတွေကို ဒီမှာ ခဏလောက် ကျင့်ကြံခိုင်းဖို့ စီစဉ်ထားတယ်။ ထွက်ဖို့အတွက်တော့ ငါ့မှာ နည်းလမ်းရှိပါတယ်” ဝူယွမ်က ငြင်းပယ်လိုက်သည်။

ဤလေချိုင့်၀ှမ်းတောင်ကြားက ပြင်ပထက် ကျင့်ကြံရန် ပိုမိုကောင်းမွန်သဖြင့် အလျင်စလို ထွက်သွားရန် မလိုပေ။ လျှပ်စီးအတားအဆီးမှာလည်း ဝူယွမ်အတွက် ပြဿနာမဟုတ်ပေ။ ထွက်ခွာဖို့ရာ နိဗ္ဗာန်အဆင့် အဆင့်တစ် စွမ်းအားလိုအပ်လျှင်ပင် သူက လူအားလုံးကို ခေါ်ထုတ်သွားနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

မိုတီနှင့် အခြားသူများမှာ မတတ်သာဘဲ အရင်ထွက်ခွာသွားကြရသည်။ ဝူယွမ် ဤနေရာတွင် ကျန်ရစ်ခြင်းမှာ မဟာယန်ပြည်ထောင်စု အဖွဲ့သားများအတွက် အကျိုးအမြတ်တစ်ခုခု ခွဲဝေပေးရန်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ သို့သော် ကံဆိုးသည်မှာ သူတို့က မဟာယန်ပြည်ထောင်စုမှ မဟုတ်ကြပေ။

တကယ်တော့ ဝူယွမ် ဤနေရာတွင် ကျန်ရစ်ရခြင်း၏ နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ရှေးဟောင်းစစ်တလင်းတွင် အထက်တန်းလွှာဂိုဏ်းကြီးများမှ ကျင့်ကြံသူများ တိတ်တဆိတ် စောင့်ကြည့်နေနိုင်သဖြင့် မဟာရှေးဟောင်းကျောက်တိုင်ကို လူသိရှင်ကြား အသုံးမပြုရဲခြင်းကြောင့်ဖြစ်သည်။ လေယန်တောင်ကြားမှာ ဆိတ်ငြိမ်သဖြင့် အလွန်ကောင်းမွန်သော နေရာတစ်ခုပင်။

ဝူယွမ်က ၀ိညာဉ်စုစည်းမှု အစီအရင်တစ်ခုကို တည်ဆောက်ပြီး လူတိုင်းကို အမြန်ဆုံး ကျင့်ကြံရန် တိုက်တွန်းလိုက်သည်။ ကျောက်နန်းတော်အတွင်းမှ ရရှိခဲ့သော နိဗ္ဗာန်ဆေးလုံးများကို မိုလင်နှင့် အခြား ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသူများကို ပေးဝေကာ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်သို့ ရောက်အောင် ကူညီပေးခဲ့သည်။

ထို့နောက် ဝူယွမ်က ရှေးဟောင်းကျောက်တိုင်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ နှလုံးကြွေမီးတောက်ကို ထုတ်ယူ၍ စတင် သန့်စင်လေတော့သည်။

ဖောက်ထွင်းမြင်ရပြီး အရောင်အဆင်းမရှိသော မီးတောက်တစ်ခု ဝူယွမ်၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။ နှလုံးကြွေမီးတောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝူယွမ်၏ ခန္ဓာကိုယ်အတွင်း၌ စိတ်မရှည်မှုများဖြင့် ပြည့်နှက်နေကာ နှလုံးသားအတွင်းမှ မီးတောက်များ စတင်လောင်မြိုက်ကာ အတွင်းမှ အပြင်သို့ အလွန်အမင်း ပူလောင်လာစေသည်။

နှလုံးသားထဲမှ စတင်၍ လောင်ကျွမ်းတော့မည့်အလား ခံစားနေရ၏။ နှလုံးကြွေမီးတောက်ဆိုသည်မှာ နှလုံးသားအတွင်းမှ ပေါက်ဖွားလာသော မီးတောက်ဘဲ ဖြစ်သည်။

ဝူယွမ်က သူ၏ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ကို ထုတ်ဖော်ကာ ဤမီးတောက်ကို စတင်သန့်စင်လိုက်သည်။ သူက ထူးဆန်းသော ရတနာများကို သန့်စင်ရာတွင် အစိမ်းသက်သက် ဖြစ်နေခြင်း မဟုတ်ပေ။ သူ၏ ယွမ်ဒန်မှာ အစွမ်းထက်သော ကြယ်ယွမ်ဒန်ဖြစ်ပြီး နီဝမ်နယ်ပယ်တွင် ရှေးဦး ကစဉ်ကလျားသန္ဓေသား ရှိနေသည့်အပြင် ခန္ဓာကိုယ်ထဲမှာလည်း အာဏာရှင်သွေး ရှိနေသည်။ ထိုမျှ အားကောင်းသော အခြေခံနှင့် ပါရမီတို့ကြောင့် ဤထူးဆန်းသော မီးတောက်လေးကို နှိမ်နင်းရန်မှာ ခက်ခဲသောကိစ္စ မဟုတ်ပေ။

ဒါက အဆင့် ဆယ့်လေး ရှိသော ထူးဆန်းသော မီးတောက်သာဖြစ်သည်။ အကယ်၍ ထိပ်တန်းဆယ်ခုအတွင်းဆိုလျှင် ဝူယွမ်အတွက် အန္တရာယ်ရှိနိုင်သော်လည်း ယခုမူ အနည်းငယ် ခက်ခဲရုံမျှသာ ရှိသည်။

မျှော်လင့်ထားသည့်အတိုင်း တစ်ရက်အကြာတွင် နှလုံးကြွေမီးတောက်က ဝူယွမ်၏ လက်အောက်တွင် အညံ့ခံသွားပြီး သူ၏ ဒန်တျန်အတွင်းသို့ ငြိမ်သက်စွာ ဝင်ရောက်သွားသည်။ မီးတောက်င ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ဝူယွမ်မှာ မိမိ၏ ခန္ဓာကိုယ်၊ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးနေသည့် နှလုံးသားမီးလှိုင်းများကို ခံစားလိုက်ရသည်။

ဤသို့ မီးတောက်ဖြင့် သန့်စင်ခြင်းက သူ၏ ခွန်အားကို တစ်စစ တိုးတက်လာစေခဲ့သည်။ မြန်ဆန်လှသည် မဟုတ်သော်လည်း အချိန်တိုင်းတွင် တိုးတက်နေခြင်းဖြစ်ကာ ကျင့်ကြံနေစရာ မလိုဘဲ အဆင့်တက်နေသည့် သဘောပင်။

ဤခံစားချက်မှာ အလွန်ပင် ထူးကဲလှသည်။ နှလုံးကြွေမီးတောက်ကို သန့်စင်ပြီးနောက်တွင် မီးတောက်၏ လောင်မြိုက်မှုမှာ နာကျင်ခြင်းမရှိတော့ဘဲ နွေးထွေးသော ခံစားမှုကိုသာ ပေးစွမ်းတော့သည်။

“ကျင့်ကြံခြင်းရဲ့ လှည့်ကွက်လို့ လူသိများတဲ့ ထူးဆန်းတဲ့ မီးတောက်ဆိုတဲ့အတိုင်း တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ” ဝူယွမ်က စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

တစ်ယောက်တည်း ခံစားရသည်ထက် အားလုံးနှင့်အတူ ခံစားရသည်က ပိုကောင်းပေမည်။ ဝူယွမ်က နှလုံးကြွေမီးတောက်၏ အကျိုးကျေးဇူးကို လူအများအပြား တစ်ပြိုင်နက် ခံစားနိုင်အောင် လုပ်ဖို့ပြင်လိုက်သည်။

သူသည် လူတိုင်းကျင့်ကြံနေသော ဝိညာဉ်စုစည်းမှု အစီအရင်ဆီသို့ ရောက်လာခဲ့ပြီး သူတို့၏ ကျင့်ကြံနှုန်းမှာ အလွန်နှေးကွေးနေသဖြင့် ဝူယွမ်က အရှိန်မြှင့်ပေးရန် ဆုံးဖြတ်လိုက်သည်။

“အားလုံး အပြင်ထွက်ခဲ့ကြ၊ ငါ အစီအရင်ကို အားမြှင့်ပေးမယ်” ဟု ဝူယွမ်က ပြောလိုက်သည်။ လူတိုင်း အပြင်ရောက်သောအခါ သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ဖောက်ထွင်းမြင်နိုင်သော အရောင်မဲ့ မီးတောက်လေး လေးခု ထွက်ပေါ်လာသည်။ ထိုမီးတောက်လေးခုမှာ အစီအရင်ကို နေရာလေးခုအဖြစ် ခွဲခြားလိုက်သည်။

“ကဲ၊ အထဲဝင်ပြီး ကျင့်ကြံလို့ရပြီ။ ဒီသုံးနေရာက ကူးပြောင်းခြင်းအဆင့် အလယ်အလတ်၊ အထွတ်အထိပ်နဲ့ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ရှိသူတွေအတွက်ပဲ။ နောက်ဆုံးတစ်ခုကိုတော့ လင်းတုန် တစ်ယောက်တည်း ဝင်ရမယ်”

“အထဲရောက်တာနဲ့ မင်းတို့ ခန္ဓာကိုယ်ထဲမှာ မီးတောက်တွေ လောင်လာလိမ့်မယ်။ မင်းတို့ လုပ်ရမှာက အဲဒီမီးတောက်တွေကို သုံးပြီး ခန္ဓာကိုယ်၊ ယွမ်စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ဖို့ပဲ။ ဒါက ကျင့်ကြံနှုန်းကို အများကြီး မြန်စေလိမ့်မယ်။ ဒါပေမဲ့ သတိထားနော်၊ နေရာမှားဝင်မိရင် မီးလောင်ပြီး သေသွားနိုင်တယ်”

ဝူယွမ်၏ ညွှန်ကြားချက်ကို ကြားသောအခါ လူတိုင်း အံ့ဩသွားကြသည်။ သူတို့က မိမိတို့ အဆင့်နှင့် ကိုက်ညီသော နေရာများသို့ ဝင်ရောက်ကာ စတင်ကျင့်ကြံကြည့်ကြသည်။

ဝူယွမ်မှာ ချက်ချင်း ထွက်မသွားသေးပေ။ နှလုံးကြွေမီးတောက်နှင့် ပထမဆုံး အကြိမ် ကျင့်ကြံခြင်းဖြစ်၍ ပြဿနာတစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ အစပိုင်းမှာတော့ မလွယ်ကူလှပေ။ အထဲဝင်လိုက်သည်နှင့် လူတိုင်း မျက်နှာများ ပျက်သွားကြသည်။ ထူးဆန်းသော မီးတောက်နှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်း စိတ်လှုပ်ရှားလာကြပြီး စိတ်လှုပ်ရှားလေလေ မီးတောက်က ပိုပြင်းလေလေ ဖြစ်လာသည်။

သိပ်မကြာမီပင် တစ်ဦးမှာ ထိန်းချုပ်မှု လွတ်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး မီးစွဲသွားသည်။ ဝူယွမ်က ချက်ချင်း ရှေ့တိုးကာ မီးတောက်ကို ထိန်းချုပ်ပေးလိုက်ရသည်။

“အာ... အစ်ကိုကြီး၊ ကျွန်မ မခံစားနိုင်တော့ဘူး။ အရမ်းပူတယ်၊ တစ်ကိုယ်လုံး လောင်နေသလိုပဲ” မုချန်ချန်က ဝေဒနာ ခံစားနေရသော အသံဖြင့် ပြောလိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများမှာ ရမ္မက်ဇောများဖြင့် ပြည့်နှက်ကာ ဝူယွမ်ကို စိုက်ကြည့်နေသည်။

နှလုံးကြွေမီးတောက်က သူမအတွင်းမှ ရာဂစိတ်ကို နှိုးဆွလိုက်ခြင်းဖြစ်သည်။ မုချန်ချန်က ပျော်ဖွယ်ဂိုဏ်း၏ ပညာရပ်များကို ကျင့်ကြံထားသူဖြစ်ရာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အလွန်အမင်း များပြားလှသော ယင်စွမ်းအင်များကို ထိန်းချုပ်ထားရသည်။ ယခု နှလုံးသားမီးတောက်နှင့် တွေ့သောအခါ ထိုစွမ်းအင်များမှာ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။

ဝူယွမ်၏ မျက်နှာ အရိပ်အယောင် ပြောင်းသွားပြီး “ဒါ မလွယ်ဘူးပဲ” ဟု စဉ်းစားလိုက်မိသည်။ သူက မုချန်ချန်ကို ဆွဲဖက်ကာ အနီးဆုံး ကျောက်ခန်းအတွင်းသို့ ခေါ်ဆောင်သွားသည်။ “လာခဲ့၊ အခန်းထဲသွားရအောင်၊ ငါ မင်းကို တည်ငြိမ်သွားအောင် ကူညီပေးမယ်”

ခေတ္တအကြာတွင် နှစ်ဦးသား အခန်းထဲမှ ပြန်ထွက်လာသည်။ မုချန်ချန်၏ နှလုံးသားမီးတောက် ငြိမ်ကျသွားသော်လည်း သူမ၏ မျက်နှာမှာမူ အလွန်နီမြန်းနေဆဲပင်။ မုချန်ချန်၏ ထူးခြားသော အခြေအနေကြောင့် ဝူယွမ်အနေဖြင့် သူမကို တည်ငြိမ်စေရန် အထူးနည်းလမ်းကိုသာ အသုံးပြုခဲ့ရသည်။ (ဒီနေရာက အထူးနည်းလမ်းဆိုတာက ချင်းတန်ကို ယင်ဒန် ဖွဲ့စည်းဖို့ ကူညီပေးတုန်းကသုံးခဲ့တဲ့ နည်းလမ်းပါ)

ကံကောင်းသည်မှာ သူမ၏ အခြေခံက ထိခိုက်မှုမရှိခဲ့ပေ။ ထိုမျှမက မုချန်ချန်က အကျိုးကျေးဇူးများ ရရှိသွားကာ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် တိုက်ရိုက် ရောက်ရှိသွားသည်။ သို့သော်လည်း နှလုံးကြွေမီးတောက်ဖြင့် သန့်စင်သည့် နည်းလမ်းမှာ သူမနှင့် မကိုက်ညီသေးပေ။ သူမ နှလုံးကြွေမီးတောက်ကို လုံးဝအသုံးမပြုနိုင်ခြင်း မဟုတ်ဘဲ ဝူယွမ်ကို ကြားခံအဖြစ် အသုံးပြုရန် လိုအပ်နေခြင်း ဖြစ်သည်။

လူတိုင်းက နှလုံးကြွေမီးတောက်နှင့် ကျင့်ကြံသည့် နည်းလမ်းကို အမြန်ဘဲ အသားကျသွားကြပြီး ကျင့်ကြံနှုန်းမှာလည်း သိသိသာသာ တိုးတက်လာသည်။

ထို့နောက် ဝူယွမ်ြ ရှေးဟောင်းကျောက်တိုင်အတွင်း ဆေးဖက်ဝင် အပင်များကို စိုက်ပျိုးရန် ပြင်ဆင်လိုက်သည်။ ယခုတွင် ကမ္ဘာဦးသစ်ပင်မှာ ပိုမိုသန်မာလာပြီး ဝိညာဉ်စွမ်းအင်များ အလွန်ကြွယ်ဝသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်။ သူက ကောင်းကင်အဆောင် ရှေးဟောင်းသစ်ပင်ကို ကမ္ဘာဦးသစ်ပင်၏ ဘေးတွင် စိုက်ပျိုးလိုက်သည်။

ဝူယွမ်က လက်ဖဝါးထဲက ကောင်းကင်ပုလင်းမှ အစိမ်းရောင် အရည်အချို့ကို လောင်းထည့်လိုက်ရာ သစ်ပင်မှာ ချက်ချင်း လန်းဆန်းလာပြီး နှစ်ဆခန့် မြင့်တက်လာကာ သစ်ပင်ပင်စည်ရှိ အဆောင်ပုံစံများမှာလည်း ပိုမိုလှပဆန်းကြယ်လာခဲ့သည်။

ဤသစ်ပင်တွင်လည်း ကိုယ်ပိုင် အသိစိတ်ရှိရာ ဝူယွမ်က အတင်းအကျပ် အသုံးမပြုဘဲ ရေရှည် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ ဝိညာဉ်အမှတ်အသားများကို ထည့်သွင်းပြီးနောက် သစ်ပင်မှာ ဝူယွမ်အပေါ် သံယောဇဉ်ရှိလာပြီး အဆောင်များကို ထုတ်ယူခွင့် ပေးလိုက်တော့သည်။

“ငါ ဒီသစ်ပင်အဆောင်ကို အရင်ဆုံး စုပ်ယူကြည့်မယ်”

ဝူယွမ်ြ အဆောင်ကို ကိုင်ဆောင်ကာ ရှေးဟောင်းသော့အတွင်းရှိ နယ်မြေထဲသို့ ဝင်ရောက်သွားသည်။ ကျောက်နန်းတော်ပိုင်ရှင်၏ ရုပ်အလောင်းမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ဝူယွမ်က ထိုအလောင်းကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ဘေးတွင်ထိုင်ကာ ကျင့်ကြံလေသည်။ ထိုအလောင်းအတွင်း၌ မကောင်းသောအရာတစ်ခု ရှိနေသည်ကို သူ သိသော်လည်း မကြောက်ပေ။ သူက ထိုအရာကို အစာအဖြစ် အသုံးချရန် တမင်တကာ ဤနေရာတွင် ကျင့်ကြံခြင်းဖြစ်သည်။

သစ်ပင်အဆောင်မှ စိမ်းစိုသော စွမ်းအင်များကို ဝါးမျိုခြင်းရူန်း အကူအညီဖြင့် သူ၏ နီဝမ်နယ်ပယ်အတွင်းသို့ စုပ်ယူလိုက်သည်။ ကစဉ်ကလျားသန္ဓေသားမှာ ထိုစွမ်းအင်များကို အကုန်အစင် စုပ်ယူကာ ဆန်းကြယ်သော အဆောင်ပုံစံများ ပေါ်ထွက်လာသည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်မှာ ပြည့်ဝလုနီးပါး ဖြစ်လာသော်လည်း အဆင့်တစ် ကောင်းကင်အဆောင်သခင် အဆင့်သို့ ရောက်ရန် အနည်းငယ် လိုအပ်နေသေးသည်။

ထိုအချိန်တွင် ဝူယွမ်၏ ဝိညာဉ်စွမ်းအင် လှိုင်းထမှုကြောင့် ဘေးရှိ ရုပ်အလောင်းမှာ တုန်ခါလာခဲ့သည်။

ဝှစ်…

ဝူယွမ် ထတော့မည့်အချိန်တွင် အေးစက်သော လေပြင်းတစ်ခု တိုက်ခတ်လာကာ ရုပ်အလောင်းမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ထူးဆန်းသော မီးခိုးရောင် အလင်းတန်းတစ်ခုက ဝူယွမ်၏ စိတ်အတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသဖြင့် ဝူယွမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားသည်။

“မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ကိုပေးစမ်း၊ ငါ မင်းကို အတိုင်းအဆမရှိတဲ့ စွမ်းအားတွေ ပေးမယ်” ထူးဆန်းသော အသံတစ်ခုက ဝူယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ဝူယွမ်၏ နီဝမ်နယ်ပယ်အတွင်း၌ မီးခိုးရောင် စွမ်းအားများ ရူးသွပ်စွာ လှိုင်းထလာပြီး ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များကို ဖျက်ဆီးရန် ကြိုးစားနေသည်။ သို့သော် ဝူယွမ်၏ ဝိညာဉ်စွမ်းအင်မှာ ကစဉ်ကလိားသန္ဓေသားနှင့် ပေါင်းစည်းထားပြီး ဖြစ်ရာ မည်မျှပင် ပြင်းထန်သော မုန်တိုင်းဖြစ်စေကာမူ သန္ဓေသားကို အနည်းငယ်မျှ မလှုပ်ရှားစေနိုင်ပေ။

“ဒါ ဘာဖြစ်တာလဲ။ မင်းဆီက အဲ့အရာက ဘာကြီးလဲ” အနက်ရောင်အငွေ့က အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။ သူက ကစဉ်ကလျားသန္ဓေသားက ဘာလဲဆိုသည်ကို မသိသလို သူ၏ ဝိညာဉ်စွမ်းအင်များမှာလည်း ဝူယွမ်၏ နီဝမ်နယ်ပယ်အတွင်း၌ လုံးဝအသုံးမဝင် ဖြစ်နေသည်။

သူလုံး၀ ကြောင်အသွားသည်။ သာမန်လူများ၏ နီဝမ်နယ်ပယ်မှာ ဝိညာဉ်စွမ်းအင်များသာ ရှိပြီး ဗလာဖြစ်နေတတ်သော်လည်း ဤလူ၏ နီဝမ်နယ်ပယ်တွင်မူ ထူးဆန်းသော အရာတစ်ခု ရှိနေခြံသည်။

ဝူယွမ်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ခဗျား ရောက်လာပြီပဲ၊ ငါ ခင်ဗျားကို စောင့်နေတာ ကြာလှပြီ”

All Chapters